မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zaw...

By JuneRose15

7.6K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
အခန္း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ )
အခန္း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခန်း ( ၂ )
အခန္း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန္း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန္း ( ၄ ) Zawgyi
အခန်း ( ၅ )
အခန္း ( ၅ ) Zawgyi
အခန်း ( ၆ )
အခန္း ( ၆ ) Zawgyi
အခန်း ( ၇ )
အခန္း ( ၇ ) Zawgyi
HELLO!!!!
အခန်း ( ၈ )
အခန္း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခန်း ( ၉ )
အခန်း ( ၉ ) Zawgyi
အခန်း ( ၁၀ ) Zawgyi

အခန်း ( ၁၀ )

479 15 2
By JuneRose15


~~ ဟံသာဝတီ နန်းတွင်းရောက် မွေ့ကေသာ ~~


အဒေါကုန်း၏ သင်ပြပေးမှုကြောင့် ကေသာ နန်းတွင်းထဲဝင်နိုင်ဖို့အရေး ပြင်ဆင်ဖြစ်ခဲ့သည်။ အမောင် စောသံမုံကတော့ ဗညားနွဲ့အရှင့်သားရဲ့ သွေးသောက်ရဲမက် ကိစ္စတွေ လုပ်ကိုင်ရင်း၊ ကေသာ့ဆီ ခဏလာကြည့်ရင်းဖြင့် ကူးချည်သန်းချည် ပြုလုပ်နေလျက်.....။


ဗညားနွဲ့အရှင့်သားကို ငယ်စဥ်ကပင် ထိန်းကျောင်းပြုစုပေးခဲ့သည့် အဒေါကုန်းသည် နန်းတွင်းရေးရာ အမူအကျင့်တွေကို သင်ကြားပေးရာမှာ အထူး ကျွမ်းကျင်လှသည်။ ဆံထုံး ထုံးဖွဲ့အမှုအစ၊ ဝတ်စားဆင်ယင်မှု အလယ်၊ ပြောဆိုပြုမူပုံ အဆုံး..... ကေသာ့ကို စိတ်ရှည်လက်ရှည် သင်ပေးသည်သာ။


မိဘဆွေမျိုးဟူသည် မရှိတော့သော ကေသာ့အတွက်တော့ အဒေါကုန်းသည် မွေးစားအဖတစ်ယောက် ရသကဲ့သို့ပင်။ သူကလည်း ကေသာ့အပေါ် သမီးရင်းပမာ ချစ်ခင်လျက်၊ လိုအပ်သည်တို့ကို ဆုံးမသွန်သင်ပေးလျက်.....။ အမောင် စောသံမုံကတော့ ကေသာ့ဘဝမှာ အတွယ်တာရဆုံး ချစ်ဦးသူတစ်ယောက် ဖြစ်ခဲ့လေသည်။


" နန်းတွင်းသူ တစ်ယောက်ရဲ့ လေယူလေသိမ်းနဲ့တော့ တူလာပြီ။ အမူအရာလေးတွေ ဒီ့ထက်ပို သိမ်မွေ့သွားဖို့ပဲ လိုတော့တယ် သမီးကေသာ.... "

" ဟုတ်ကဲ့ပါ အ​ဒေါကုန်းး။ ကေသာ သေချာ ကြိုးစားပါ့မယ် "



ကေသာကား စိတ်မြန်လက်မြန်သမားမို့ စိတ်ဆတ်လေသည်။ ပြီးတော့ မိဘမဲ တစ်ကောင်ကြွက် အဖြစ်နဲ့ ကြီးပြင်းခဲ့ရသူမို့ ကိုယ့်အားကိုယ်ကိုးပြီး နေခဲ့ရသည့် အချိန်တွေက များလှသည်။ ဟံသာဝတီနန်းတွင်းသူတို့ကဲ့သို့ အိန္ဒြေတစ်ခွဲသားဖြင့် အိစိစိ မလုပ်တတ်။ ​အဒေါကုန်းခမျာ ကေသာ့အား နန်းတွင်းမိန်းမသူတွေနဲ့ တူအောင် မနည်း ပုံသွင်းပေးနေရသည်။ ​


အချိန်တစ်လခန့် အကြာမှာတော့ မွေ့ကေသာတစ်ယောက် နန်းတွင်းအပျိုတော်တစ်ယောက်ပမာ ဖြစ်နေလေပြီ။ အရင်လို တစ်ပတ်လျှိုဆံထုံး မဟုတ်တော့ဘဲ၊ တိမ်တောင်တက်၊ မြိတ်စို့၊ စုလည်း .... စသည့် ပွဲတက်ဆံထုံးတို့အား ထုံးဖွဲ့တတ်နေပြီ။ ပါးပြင်ပေါ်မှာလည်း အရင်လို သနပ်ခါးပါးကွက်ကျား အစား၊ သဘာဝ သစ်သီးသစ်ဖုတို့ဖြင့် ပြုလုပ်ထားသော မျက်နှာချေမှုန့်၊ ပါးနီ တို့ကို သုံးတတ်နေပြီ။


မနက်ဖြန်..... မနက်ဖြန် မနက်ဆိုလျှင် ကေသာ ဟံသာဝတီ နန်းတော်ထဲသို့ ဝင်ရောက်တော့မည်။ ချစ်သော အမောင်.... အမောင်စောသံမုံနှင့် အတူတူ ရှိနေနိုင်ဖို့ ကြိုးစားရပေမည်။ ကေသာ့အမိမှာ မီးတွင်းထဲမှာပင် ဆုံးသွားနှင့်ပြီး၊ ကျန်ရှိနေသည့် သံယောဇဉ် တွယ်စရာ အဖမှာလည်း ကေသာကလေးဘဝကတည်းကပင် အမိရှိရာကို လိုက်သွားခဲ့သည် မဟုတ်ပါလား။ အဖခေါင်းချသွားခဲ့သည့် ဒီအိမ်ကလေးကို ကေသာ ချစ်ပါသည်၊ လွမ်းနေမှာလည်း သေချာသည်။



ပန်းရနံ့ပေါင်းစုံတို့ မွှေးပျံ့နေသော ခြံဝန်းကလေးကို ရွာလူကြီးဆီမှာ အပ်ထာခဲ့ပြီး၊ရွာထဲမှ အလုပ်အကိုင် ရှားပါးသောပြီး ဆင်းရဲနွမ်းပါးသူတို့ကို ပန်းရောင်းချခွင့်ပေးခဲ့မိသည်။ ပန်းရောင်းရငွေထဲမှ ကေသာ့အတွက် တစ်ပြားတစ်ချပ်မှ အမြတ်အစွန်း မယူတော့ဘဲနှင့်၊ ရရှိလာသော အမြတ်ထဲမှ ၃ဖို့ ၁ဖို့ကို မော်ဓောစေတီ၏ ဝေယျာဝစ္စအတွက် အသုံးပြုဖို့ လှူဒါန်းပေးဖို့လည်း ပြောခဲ့ပြီးပြီ။ အိမ်နီးနားဝန်းကျင်မှ ကလေးသူငယ်များနှင့် ဆွေမျိုးသားချင်းသဖွယ် စောင့်ရှောက်ပေးကြသည့် အရီးမွေ့မယ်အိတို့ လူတစ်သိုက်ကိုလည်း ကေသာ အမြဲသတိရနေမှာပင်။



မနက် အရုဏ်တက်သည်နှင့် တစ်သက်လုံး နေထိုင်လာခဲ့သည့် ဒီအိမ်ကလေးနှင့် ဒီရေမြေ၊ ဒီပတ်ဝန်းကျင်ကို ခွဲခွာသွားရတော့မည်..... ပြီးလျှင် အရှုပ်အထွေးမျာလှသည့် နန်းတော်ထဲမှာ နန်းတွင်းသူတစ်ယောက်အဖြစ် ဆက်လက်ရှင်သန်ရတော့မယ့် အတွေးတွေကြောင့် ထိုညက ကေသာ အိပ်မပျော်နိုင်ခဲ့ပါချေ။ အိပ်ရာထဲမှာ ဟိုသည်လူးလှိမ့်ရင်းဖြင့်သာ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ ကေသာ့အခန်းအပြင်ဖက်၊ ဘုရားခန်းအရှေ့နားမှလည်း သက်ပြင်းချသံ ခပ်တိုးတိုးကို မကြာမကြာ ကြားနေရသည်။ အမောင် စေသံမုံလည်း အိပ်မပျော်ဘူး ထင်ပါသည်။


တဖြည်းဖြည်းနှင့် ရောင်နီလာပြီး လင်းကြက်တွန်တော့မည်။ အရင်ရက်တွေကတည်းက သိမ်းစရာ၊ ယူဆောင်စရာ ပစ္စည်းတွေ ထုတ်ပိုးထားပြီး ဖြစ်သဖြင့် ကေသာ့အနေနှင့် ထွေထွေထူးထူး လုပ်ဆောင်စရာ မရှိတော့ပါ။ နန်းတွင်းထဲကို ဝင်ရမှာမို့ အဒေါကုန်း မှာထာသည့်အတိုင်း ကသာတစ်ယောက် နန်းတွင်သူတစ်ယောက်ပမာ ဝတ်ဆင်ထုံးဖွဲ့နေမိသည်။ ကျေးတောသူ တစ်ယောက်ကဲ့သို့ ဝတ်ဆင်သွားလျှင် လူတွေ သတိထားမိကုန်ပြီး ပြဿနာတွေ ဖြစ်နိုင်သည်လေ။ နှုတ်ခမ်းဖူးဖူးမှာ အနီရောင် နှုတ်ခမ်းအဆီ ဆိုးအပြီးမှာတော့ နန်းတွင်းထဲ ယူဆောင်သွားမည့် ထန်းခေါက်ဖာငယ်လေးကို ပိုက်ရင်း ကေသာ အခန်းအပြင်သို့ ထွက်ခဲ့တော့သည်။


ဘုရားခန်းအရှေ့က ကွပ်ပျစ်မှာ ထိုင်နေသည့် အဒေါကုန်းနဲ့ စောသံမုံတို့က ကေသာ့ခြေသံ ခပ်ဖွဖွ ကြားရသဖြင့် လှည့် ကြည့်လိုက်မိကြသည်။ ကေသာ့ကိုမြင်တော့ စောသံမုံတစ်ယောက် သောက်လက်စ အကြမ်းရည်ခွက်ကို လွတ်ကျသွားတော့သည်။ နန်းတွင်းသူတို့ ဝတ်ဆင်တတ်သည့် ခါသာပိတ်နံ့သာရောင်၊ လည်တိုင်ကျော့ကျော့မှာ ပုလဲသွယ်သုံးကုံးနှင့် နှင်းဆီနီရောင် နှုတ်ခမ်းသားတို့ဖြင့်ကေသာသည် သိမ်မွေ့နူးညံ့လွန်းသည်၊ တစ်ပြိုင်တည်းမှာပင် ရဲရင့်တည်ကြည် နေပြန်သည်။ အနှီ အလှလေးကို မြင်လိုက်ပြီး စောသံမုံ သတိလက်လွတ် ဖြစ်သွားသည်မှာ မထူးဆန်းတော့ပြီ။



အဒေါကုန်းက ချောင်းတစ်ချက် ဆိုးလိုက်တော့ စောသံမုံခမျာ ရှက်ရယ်ရယ်တော့သည်။ အမြဲတစေ မျက်နှာထားတည်သလောက် အခုတော့ ရှက်သွားသော လူရိုးကြီးအမောင့်ကို ပြန်ကြည့်မိရင်း ကေသာလည်း ပြုံးမိပါသည်။ ချစ်သူနှစ်ယောက်သားကို သီးသန့်အချိန်ခဏပေးရန် အဒေါကုန်းက အိမ်အပြင်သို့ ထွက်နှင့်သည်။ " သိပ်မကြာစေနဲ့ဟေ့... " ဟုပြောကာ စောသံမုံအား ပုခုံးပုတ်ပြီး ရယ်ရင်း အိမ်အပြင်သွားတော့သည်။


" သိပ်လှတာပဲ ကေသာရယ်..... " လို့ အမောင်က ဆိုလာသည်။


" အို...... ကေသာ ရှက်ပါတယ် " လို့ ကေသာ ပြန်ပြောမိရင်း မျက်နှာပူလာမိသည်။

အမောင်က လက်ဆန့်ပေးလာတော့ ကေသာ သူ့ရင်ခွင်ထဲ ခိုဝင်မိခဲ့ပါသည်။ သူက ခပ်ဖွဖွ ဖက်ထားရင်း လက်ဖက်စိမ်းနံ့ သင်းပျံ့နေသော ကေသာ့ဆံနွယ်တွေကို ရှိုက်နမ်းသည်။ ကေသာမှာ အရပ်အနေတော်ပင်ဖြစ်သော်လည်း အမောင်က ကေသာ့ထက် ခေါင်းတစ်လုံးမျှ ပိုမြင့်သဖြင့် သူ့ရင်ခွင်ထဲရောက်နေသော ကေသာမှာ အကောင်သေးသလို ဖြစ်နေတော့သည်။ စောသံမုံက ကေသာ့ နှဖူး၊ ပြီးတော့ မျက်ခွံမို့မို့၊ ပါးပြင်အိအိလေးတွေကို ခပ်ဖွဖွ နမ်းပြန်သည်။ ထို့နောက် ကေသာ့ကို ခပ်တင်းတင်း ဖက်လိုက်ပြီးမှ လူချင်းပြန်ခွာလိုက်သည်။


" သွားကြစို့ အချစ်ရေ၊ အဒေါကုန်း စောင့်နေတော့မယ် " ဟုဆိုရင်း ကေသာ့လက်ကို ဆုပ်ကိုင်ပြီး အိမ်အပြင်ထွက်တော့သည်။ အိမ်တံခါးကို သေချာစေ့ပိတ်ရင်း ကေသာတစ်ယောက် အမောင်စောသံမုံနှင့်အတူ အဒေါကုန်းဆီသို့ သွားခဲ့သည်။ အဒေါကုန်းက သူ့ရဲ့ အနက်ရောင် မြင်းကြီး ဇက်ကြိုးကို ကိုင်ထားရင်း သူတို့ကို စောင့်နေသည်။ စောသံမုံရဲ့ မြင်းညိုညိုကြီးက သခင်ကိုတွေ့ရတော့ တစ်ချက် ဟီလိုက်ရင်း ခွာရှပ်နေသည်။ ခရီးထွက်ရမှာမို့ သခင်ကော၊ မြင်းတွေပါ တက်ကြွနေကြသည်။ မြင်းညိုကြီးပေါ် ကေသာ့ကို အသာပွေ့ချီတင်ပေးရင်း စောသံမုံက
အနောက်က ထိုင်လိုက်ပြီးမှ မြင်းနှစ်ကောင်နှင့် လူသုံးယောက်သား ရွှေနန်းတော်ရှိရာ အရပ်သို့ ခရီးဆက်ကြတော့သည်သာ။




အမိ၊ အဖနှင့် မော်ဓောစေတီတို့ကို ရည်မှန်းဦးခိုက်ရင်း ကေသာတစ်ယောက် အမောင့်နောက်သို့ လိုက်ခဲ့မိတော့သည်။ ခြံဝန်းငယ်နှင့် အိမ်ကလေးကိုတော့ ပြန်လှည့်မကြည့်ဖြစ်.....ပြန်ကြည့်မိလျှင် ကေသာ ငိုမိမှာ ကြောက်သောကြောင့်ပင်။ မြင်းလိမ္မာကြီး နှစ်ကောင်က အသော့နှင်သဖြင့် နေမစောင်းမီမှာပင် ရွှေမြို့တော်သို့ ကေသာတို့ ခြေချနိုင်ခဲ့သည်။ အဒေါကုန်းကတော့ အရှင့်သားဗညားနွဲ့ရဲ့ လူယုံကြီးမှန်း လူသိများလှသဖြင့် အခုလို နန်းတွင်းအပြင်ထွက်သည်ကို လူမသိစေရန် မြို့တော်သို့ မရောက်ခင်မှာပဲ ဦးခေါင်းပေါ်တွင် ပိုးချည်စအနက် ခြုံထားခဲ့သည်။ သို့ရာတွင် အမောင့် သွေးသောက်ဖော် မင်းယောဇာက နန်းတွင်းဂိတ်ဝနားမှ ဆီးကြိုပေးနေသဖြင့် နန်းတော်ထဲသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်ခဲ့ကြသည်။

နန်းတော်ဂိတ်တံခါးကို ဖြတ်ကျော်လာပြီးနောက် ရွှေပိန်းချထားသော နန်းဆောင်များ၊ သူ့နေရာနှင့်သူ စနစ်တကျ ကင်းလှည့်နေကြသော ရဲမက်များ၊ အရောင်အသွေးစုံလင်သည့် ပိုးထည်တို့ဖြင့် သွားလာလှုပ်ရှားနေကြသော မိဖုရားငယ်တို့နှင့် နန်းတွင်းသူများကို မြင်လိုက်ရတော့ ကေသာ အံ့အားသင့်နေမိသည်။ အမောင်က ရဲမက်လေးတစ်ယောက်ကို မြင်းများအား မြင်းဇောင်းထဲပို့ပြီး ပြုစုပေးပါရန် မှာရင်း ကေသာ့ကို မြင်းပေါ်မှ ပွေ့ပြီး ချပေးခဲ့သည်။


" ဘာမှ မစိုးရိမ်နဲ့နော် ကေသာလေး....။ အရှင့်သားနဲ့ မင်းသမီးရဲ့ အရိပ်အောက်မှာ လုံခြုံရပါစေ့မယ် " လို့ အမောင်က ကတိပေးရင်း ကေသာ့လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ထားခဲ့သည်။

ကေသာ့အတွက်တော့ ဒါက ပထမဆုံးအကြိမ် နန်းတော်ထဲသို့ ခြေချဖူးခြင်းပင်။
" သြော်........ ဒါက ဟံသာဝတီ နန်းတော်ကြီးပါလားးး " လို့တွေးရင်း အမောင် ခေါ်သွားရာ လမ်းကြောင်းအတိုင်း လက်တွဲမဖြုတ်ဘဲ ကေသာ လျှောက်လှမ်းနေခဲ့မိသည်................။

#မွေ့ကေသာ ပြန်လာပါပြီရှင်! 💛

By #JuneRose 🥀

22/ 8 / 20. Sat. 10:50 p.m


1690 words 🖋
.............................................................

AN// Juneငပျင်းလေးရဲ့ ကေသာ ပြန်လာပါပြီရှင့်။ ဒီအပိုင်းကို ၁လလောက် ကြာသွားတဲ့အတွက် အားနာ တောင်းပန်ပါရစေ😞😔😔။ ပြီးခဲ့တဲ့ July ၂၀ဖလောက်ကတည်းက တစ်ဝက်ရေးထားပြီး ဘယ်လိုမှ မုဒ်မဝင်တော့လို့ အခုဏလေးတင်မှ ကျန်တဲ့တစ်ဝက်ကို သေချာစဥ်းစားပြီး ဆက်ရေးထားတာပါ။ အခု ရေး - အခု တင် ပဲ ပြောပါတော့ရှန် 😅။ ကိုယ့် OCလေး views 1K ကျော်သွားတဲ့အတွက် တကယ့်ကို ကျေနပ်အားရပီတိဖြာနေပါတယ်လို့😁😌😌။ ကိုယ် စရေးတဲ့ အချိန်တုန်းက လူမသိ၊ သူမသိ ficကလေးက အခု စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးကြတဲ့သူတွေ ရှိလာတာကို ကျေးဇူးတင်ရပါတယ်ရှင့်❤။ လပ်ဖ် ဖျူ အောလ် ပါနော် 😄.... 😘😘😘😘😘😘😘😘။


နောက်ဆုံး မှာချင်တာလေး တစ်ခုက ကျန်းမာရေ ဂရုစိုက်ကြပါလို့။ Covid ကြီးက သိတော်မူကြတဲ့အတိုင်း ခုတစ်လောမှာ ကူးစက်မှုတွေများပြားနေတာမို့ မလိုအပ်ဘဲ လမ်း မများပါစေနဲ့။ လက်ကို မကြာခဏ ဆေးကြောပြီး အပြင်ထွက်တိုင်း maskတပ်ပါ။ handgel ဆောင်ပါ။ MOH က ထုတ်ပြန်ချက်တွေကို မျက်ချေမပြတ်စေဘဲ ဂရုစိုက်ကြပါ။ တတ်နိုင်သမျှ #stayathome ရင်း ကြိုးစားကြရအောင်ပါ လို့.......... ချစ်သော စာဖတ်သူတို့ရေ! ❤❤❤❤❤❤🥀

Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...