ဝမ်ချိုချိုလေး
By hninsattmahar
102K 8.6K 634
စိတ်ကူးရသလောက်ချိုချင်ပါတယ် More
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
စျေးဗန်း
အပိုင်း.၂၈ (ဇာတ်သိမ်းပိုင်း)
ep.10
3.5K 314 17
By hninsattmahar
Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၁၀)
"ဟျောင့် ဟျောင့် မင်းမွေးနေ့မှာ ဘယ်ပျောက်နေတာလဲ ငါတို့ကို ပလစ်ထားတယ်နော်''
"ပလစ်ခံရတယ်ဆိုမှ မင်းတို့အရေးမပါလို့ပေါ့ကွာ... ဟား...ဟား.''
"မင်း...သေပေတော့''
သူငယ်ချင်းတွေနဲ့ စနောက်ရင်း ဦးcompanyရောက်လာခဲ့တယ်။ ဝမ်နင်နဲ့စစ်ကျွေးက ကောင်တာက ကောင်မလေးတွေငမ်းမယ်ဆိုပြီး ထွက်သွားပြီ သူကတော့ ဦးဆီသွားမယ်ပြင်တုန်း ဝမ်ချောင်နဲ့တွေ့တယ်။
"ဘာလာလုပ်တာလဲ ဒီနေရာမလာနဲ့ပြောထားတယ်လေ''
"မင်းဆီလာတာမဟုတ်ဘူး အစ်ကိုဆီလာတာ မင်း​ကြောင့်ငါတို့သားမိ အိမ်ပေါ်ကနှင်ချခံရတာ ကျေနပ်တယ်မထင်နဲ့ အကြွေးပြန်ဆပ်အုံးမှာ''
"ဘာလာလုပ်တာလဲဆိုတော့ အစ်ကိုနဲ့ညစာစားဖို့လာတာလေ''
ဟိုကငြင်းလိုက်တာကိုတော့ ချန်လှပ်ထားရင်းပေါ့။
အစ်ကို အစ်ကိုဆိုတာဘယ်သူ့ကိုပြောတာလဲ ။ဦးတော့မဟုတ်လောက်ပါဘူးနော်။
"မင်းဦးရဲ့ မက်မွန်သီးလေးက လုံးကစ်နေတာပဲ ငါကိုင်ကြည့်ချင်တယ် ရမလား''
"ဘာကွ.. မင်း..''
ခွပ်
ဝမ်ချောင်မျက်နှာလည်ထွက်သွားတော့ တအံ့တသြရပ်ကြည့်နေတဲ့ ရှောင်ကျန့်ကို တွေ့တာမို့ ရိပေါ်ကိုပြန်မလုပ်ပဲ အသာလေးငြိမ်နေလိုက်တယ်။
သူတို့ပြဿနာဖြစ်နေတာမြင်တော့ ဝမ်နင်နဲ့စစ်ကျွေးက ရိပေါ်ကိုလာဆွဲခေါ်တယ်။
ရှောင်ကျန့်က အားနာပြီးဝမ်ချောင်ဘာဖြစ်သွားသေးလဲ သွားမေးတယ်။
"ရပါတယ်ဗျာ ဘာမှမဖြစ်လောက်ပါဘူး...ကျွန်တော်က မင်းဦးမှာ မက်မွန်ခြံရှိတယ်ဆိုလို့ လိုက်ကြည့်လို့ရမလားမေးမိတာ...မကြိုက်ရင်လည်း ပါးစပ်ကပြောလို့ရရဲ့သားနဲ့''
ဝမ်ချောင်က နှုတ်ခမ်းထောင့်ကသွေးကို လက်နဲ့သုတ်ရင်းပြီးဖြေရင်း ရှောင်ကျန့်ကို ကြည့်တယ်။ ရှောင်ကျန့်က မေးနေတာကသူ့ကို မျက်လုံးက သူငယ်ချင်းနှစ်ယောက်ကြားရုန်းကန်နေတဲ့ ရိပေါ်ဆီမှာ။ခနကြာတော့ ဝမ်ချောင်ဘက်လှည့်လာပြီ...
"ပေါက်စအစား ကျွန်တော်ကပဲ တောင်းပန်ပါတယ်ဗျာ ကျွန်တော်ဆုံးမလိုက်ပါ့မယ်''
"ဒါနဲ့ဟို ညစာစားဖို့ပြောထားတာလေ''
"ကျွန်တော်ကပဲလိုက်ကျွေးပါ့မယ် တောင်းပန်တဲ့အနေနဲ့''
ဝမ်ချောင်နဲ့စကားပြောပြီး ရှောင်ကျန့်ကရိပေါ်ဆီသွားတော့ ဝမ်ချောင်ပါကပ်လိုက်လာတယ်။
"ပေါက်စ မင်းနဲ့အိမ်ကြမှပြောမယ်''
"ညီလေး အစ်ကိုနဲ့ညစာသွားစားမလို့ လိုက်အုံးမလား''
ဝမ်ချောင်စကားအဆုံးမှာ ရိပေါ်တစ်ယောက်ဆွံအကျန်ခဲ့တယ်။ဦးက သူ့ကိုညစာတောင်လိုက်ကျွေးအုံးမယ် သူ့ကိုထထိုးမယ်ထင်နေတာ စိတ်မဆိုးဘူးပေါ့ ..ဘာလဲဦးကပါသဘောကျနေတာလား။
&&&
ရှောင်ကျန့်က ရိပေါ်ကိုဆုံးမမယ်လို့ တွေးထားပေမယ့် ရိပေါ်ကအိမ်ပြန်မလာ။ အခန်းထဲဟိုလျှောက်ဒီလျှောက်နဲ့ ညနက်ပေမယ့်ပြန်မလာ။ တညလုံးပြန်မလာပဲတော့ မနေဘူးပါပဲ သူကဘယ်လောက်ပဲ ဆုံးမချင်အုံးတော့ ဆုံးမခံရမယိ့သူကရှိအုံးမှလေ ဒီလောက်ဆိုးသွမ်းနေတာ ပစ်ထားအုံးမှ။
"ဝမ်နင်လား''
"ရိပေါ် မင်းလူကြီးဆီကဖုန်း''
ဆက်ပြောလို့ ရိပေါ်က အချက်ပြလာတယ်။
"ဟုတ်ကဲ့ ပြောပါ''
"ဝမ်ရိပေါ်ကိုပြောလိုက်... နေအုံးသူဘာလုပ်နေလဲ ခုဘယ်မှာလဲ''
"ကလပ်မှာ...သောက် အဲ''
ဝမ်နင် သူ့ပါးစပ်အမြန်ပိတ်လိုက်မိတယ် မူးမူးနဲ့ဘာလို့အမှန်တွေသွားပြောမိပါလိမ့်။
"ညနက်ထိမနေရဆိုတဲ့ ငါ့စည်းကမ်းကိုလည်း ဖောက်ဖျက်တယ်၊ညနက်မှသောက်ပြီး အိမ်ပြန်မလာနဲ့လို့ပြောလိုက်''
"ဗျာ ဟုတ် ဟုတ်''
ဒီညက ရိပေါ်အကြီးအကျယ်ရစ်တဲ့ညပါပဲ။သူ့ဦးအိမ်ပြန်မလာခိုင်းတာနဲ့ ဝမ်နင်နဲ့စစ်ကျွေးကိုလည်း အိမ်မပြန်ခိုင်းပဲ သူ့နားအဖော်ပြုစေတယ်။
ဝမ်ချောင်နဲ့ကောင်မလေးတွဲကနေတဲ့ဆီ လျှောက်သွားတာမြင်တော့ စစ်ကျွေးတို့ လိုက်ဆွဲရတယ်။
"ငါ့ကို မတားနဲ့ ဦးကငါဘာမှမလုပ်ပဲ အိမ်ပြန်မလာနဲ့တောင် ပြောခံရတာသူ့ကြောင့်လေ တခုခုပြန်မလုပ်ရရင် ငါဒေါသထွက်လို့ သေလိမ့်မယ်''
စစ်ကျွေးတို့ ဆွဲထားတာ လွှတ်ပေးလိုက်တာနဲ့
ကနေတဲ့ ကောင်မလေးရဲ့လက်ကိုဆွဲလို့ လိပ်စာကဒ်လေးထည့်ပေးပြီး ဖုန်းဆက်ဆိုတဲ့အမူအရာလေး လုပ်ပြပြီး လက်လေးပြလှညိ့ထွက်လာတယ်။
ဝမ်ချောင်က ဒေါသတွေအရမ်းထွက်လာပြီး ကောင်မလေးလက်ထဲကကဒ်ကို ဆွဲယူဆုတ်ဖြဲပစ်တယ်။ပြီးတော့ ဒေါသတကြီးရိပေါ်ဆီလျှောက်လာတော့ ဝမ်နင်နဲ့စစ်ကျွေးက ရိပေါ်ရှေ့က ပိတ်ရပ်လိုထားတယ်။ သုံး​ယောက် တစ်ယောက်အခြေနေ ဖြစ် နေမှန်းသိတော့ လှည့်ပြန်သွားတယ် ရိပေါ်ကိုထိရင် ဒီကလေးနှစ်ယောက်က တကယ်လုပ်မှာဆိုတာ မပြောပဲသိနေစေတဲ့ အတွေ့အကြုံတွေရှေ့မှာ အများကြီးကြုံဖူးတယ်လေ။
"တို့ကို ဖုန်းနံပတ်ပြန်ပေးလေ''
ခနကြာတော့ ရိပေါ်တို့သောက်နေတဲ့နားကို ဝမ်ချောင်ကောင်မလေးက ရောက်လာပြီး ဖုန်းနံပတ်ထပ်တောင်းတယ်။ ရိပေါ်ကငြင်းမယ်ပြင်ပြီးမှ အပြင်လာပြန်ဝင်လာပုံရတယ် ဝမ်ချောင်က သူတို့ကိုမြင်သွားပြီး ကြည့်နေတာမြင်တော့ ကောင်မလေး
ဖုန်းနံပတ်ပြန်တောင်းထားလိုက်တယ်။
ကောင်မလေးကလိပ်စာကဒ်လေးပေးပြီး လှည့်ထွက်သွားတော့ ရိပေါ်ကကဒ်လေးမြှောက်ပြီး လှည့်ပတ်ကစားရင်း ဝမ်ချောင်ကိုသောက်ဂရုမစိုက်တဲ့ မျက်နှာထားနဲ့ ခပ်ချေချေ ပြန်ကြညိ့ပေးလိုက်တယ်။
ဝမ်ချောင်က ဒေါသတွေအလိပ်လိုက်ထွက်ပြီး နံရံကိုလက်သီးနဲ့ထိုးလို့ လှည့်ထွက်သွားတယ် ။ကျေနပ်သွားပုံရတဲ့ ရိပေါ်ကလည်း ကလပ်ကပြန်လာခဲ့တယ် အိမ်ပြန်တာတော့ မဟုတ်ဘူးပေါ့။
"စစ်ကျွေးကြည့်စမ်း ကြယ်လေးတွေအရမ်းလှတယ်''
ရိပေါ်ပြောတာလည်း တကယ်ဟုတ်ပါတယ်
ဒီလိုညဘက်မြက်ခင်းပေါ်မှာ လှဲအိပ်ပြီးကြယ်လေးတွေကြည့်ရတာ တကယ်ကိုလှတယ်။အနက်ရောင် ဗြောင်စကြီးပေါ်မှာ အဖြူပွင့်လေးတွေတွဲလောင်ဆွဲထားသလို အရမ်းကြည့်ကောင်းတယ်။
"အင်း''
"အာ့ဆို လှတဲ့ကြယ်ဘယ်နှစ်လုံးရှိလဲ''
ရိပေါ်တို့ရစ်ပြီ ဒါမျိုးဘယ်ရမလဲ ပေါင်းလာတာကြာပြီလေ ဒီလောက်လေးမှ မရှောင်တတ်ရင် စစ်ကျွေးဘယ်ဟုတ်တော့မလဲ။
"အကုန်လှတယ်လေ''
"အကုန်လှရင် အကုန်လုံးကိုရေလိုက်''
ဘာ ဒီလောက်များတာ ဘယ်လိုလုပ်ရေမလဲ။ ပြန်ပြောမလို့ အားခဲပြီး ရိပေါ်ဘက်လှည့်ကြည့်တော့ ရိပေါ်ကမျက်နှာလေးအိုချထားပြီး သူ့ကဦးအောင်ပြောလာတယ်။
"ဦးကြောင့် ငါအရမ်းခံစားရတယ် ဒီရင်ဘတ်ထဲက တစစ်စစ်နဲ့နာတယ်... မင်းကြယ်လေးတွေရေတွက်နေတဲ့ အသံသာကြားနေရရင် အဲဒီအသံလေးမှာ စီးမျောပြီး ငါခံစားနေရတာတွေ သက်သာမယ်ထင်လို့ ပြောတာပါကွာ''
စကားပြောပြီး ရိပေါ်က အိုချထားတဲ့ မျက်နှာလေးကို တဖက်စောင်းပြီး မျက်လုံးလေးမှိတ်သွားတယ်။
ခနအကြာမှာပဲ ကောင်ကင်ကြီးဆီ လက်ညှိုးတထိုးထိုးနဲ့ ကြယ်တွေရေတွက်နေသံကြားလာရတယ်။
ဝမ်နင်ကလည်း ရင်ဘတ်ပေါ်လက်ကလေးတင်ပြီး စစ်ကျွေးရေသလိုစိတ်ထဲက လိုက်ရေနေတယ်။
F**k ပဲ ဒီနေ့မှကြယ်တွေဘာလို့ ဒီလောက်စုံနေတာလဲ ဟိုနေရာ ဒီနေရာ ဖြောက်တောက်လောက်လေးဆို တော်ရောပေါ့...ဒီနေ့ကြယ်တွေအရမ်းလှတယ်လို့ ထောက်ခံချင်အုံးလေ
ရေတွက်ရင်း ခနခနမှားလို့ အစကပြန်ပြန်ရေနေရတဲ့ စစ်ကျွေးဆီက ညည့်းညူးသံထွက်လာတယ်။
"ကြယ်တွေကို သိပ်မုန်းတယ်''
"တစ်ထောင် တစ်ဆယ့် ရှစ်''
"တစ်ထောင့်သုံးရာ ခုနှစ်ဆယ့် ဘယ်လောက်ရောက်သွားပြီ ငါအစကပြန်ရေမယ်''
စစ်ကျွေးဘေးကနှစ်ကောင်ဆီက ပြန်စာမလာ သူပါသာဒေါသတွေဖြစ် စိတ်တွေလောနေပြီး အစကပြန်ရေနေပြန်တယ်။
"ကိုးရာ ခုနှစ်ဆယ့် ရှစ်...
ကိုးရာ ခုနှစ်ဆယ့် ဆယ့် ဘယ်လောက်...ဟာငါမောပြီကွာ တော်ပြီ... ရိပေါ်... ရိပေါ်''
ရိပေါ်ဆီက အသံမထွက်လို့ကြည့်လိုက်တော့ အိပ်ပျော်နေပြီ သေချာနားထောင်ကြည့်ရင် ဟောက်သံလေးတောင် ထွက်လို့ ။သူကသာ ကြယ်တွေရေနေတဲ့အသံကြောင့်မကြားရတာ။
စိတ်ကတိုတိုနဲ့ ရိပေါ်ကို လှုပ်နှိုးလိုက်တော့ ဝမ်နင်ပါနိုးလာတယ်။ဒေါသထွက်ထွက်နဲ့ နှစ်ကောင်သားမျက်နှာရှေ့ လက်သီးတရွယ်ရွယ်နဲ့ တကယ်ကြလည်း မလုပ်ရက်။ စစ်ကျွေးစိတ်ဆိုးနေမှန်းသိလို့ ရိပေါ်က စစ်ကျွေးကိုဘာမှပြန်မပြောပဲ ဝမ်နင်ဘက်မျက်နှာငယ်လေးနဲ့ လှည့်ကြည့်တယ်။
"ဝမ်နင် ငါစိတ်မကောင်းဖြစ်နေတာ မင်းသိတယ်မှတ်လား''
ဘုရားရေ စစ်ကျွေးပြီးရင် ငါ့အလှည့်လား ကြိုကန်ထားမှ။
"ငါ..ငါ...အိမ်ကိုဖုန်းဆက်လိုက်အုံးမယ် ညနေကသေချာမပြောလိုက်ရလို့''
"အေးပြီးရင် တလက်စတည်း ဦးဆီပါဆက်လိုက်''
"အော် အေး အဲဒါဆို မင်းဦးဆီအရင်ဆက်လိုက်မယ်လေ သိပ်ညနက်ရင်မကောင်းဘူး အားနာစရာ ဘာပြောပေးရမလဲ''
"မင်း ဦးကိုကြိုက်နေတာလား''
"ဟာ မကြိုက်ပါဘူး ကြိုက် ကြိုက် စရာလား''
"အေး မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်းပြောလိုက်ပေါ့ကွာ''
ရိပေါ်စကားကြောင့် ဝမ်နင်မျက်စိလည်သွားတယ်။
"ဟင် မဟုတ်သေးဘူးလေ ဘာလို့ငါကပြောရမှာလဲ''
"ဒါဆိုကြိုက်နေတာလား''
"မကြိုက်ဘူးလေ''
"အေးလေ အာ့ဆိုမကြိုက်ဘူးလို့ပြောလိုက်လေ''
ပြောရင်းလည်နေလို့ ဝမ်နင်ငိုချင်လာတယ်။
"မဟုတ်သေးဘူးလေ ဗလိုင်းကြီးမကြိုက်ဘူးလို့ သွားပြောလို့ရမလားကွ''
"ဒါဆိုမင်းကြိုက်နေလို့ပေါ့''
"မကြိုက်ပါဘူးဆိုကွာ''
"မကြိုက်ရင်ပြောလေ''
"ပြောမယ်ကွာ ပြောမယ် ဟုတ်ပြီလား''
ငိုသံပါကြီးနဲ့ ဝမ်နင်က ရိပေါ်ဘက်လှည့်ပြောပြီး ရှောင်ကျန့်ဆီ ဖုန်းဆက်လိုက်တယ်။ဖုန်းဝင်သွားတော့ လည်ချောင်းကိုလက်နဲ့ ဖြစ်ညှစ်လို့ အသံဖျက်တယ်။
"အဟမ်း ကျွန်တော်ကတော့ သွင်းကုန်ထုတ်ကုန်company က .....
"ဝမ်နင် မင်းcompany နောက်မှ​ကြော်ငြာပါ့လား ရိပေါ်အဆင်ပြေလား''
"ဟမ် ကျွန်တော်မှန်းသိတာလား''
ဝမ်နင်က စိတ်ညစ်သလိုပုံစံနဲ့ ရိပေါ်ဘက်လှည့်ကြည့်တော့ ရိပေါ်က ဆက်ပြောလို့ အချက်ပြနေတယ်။
"မင်းဖုန်းနဲ့ဆက်တာပဲ မင်းအသံမှန်း မသိစရာရှိလို့လား ဘာပြောစရာရှိလို့လဲ''
"ပြောစရာက...ပြောစရာက...ကျွန်တော်ခင်ဗျားကို မကြိုက်ဘူး''
တဖက်ကပြောပြီး ဖြတ်ကနဲဖုန်းချသွားပေမယ့် ရှောင်ကျန့်က ကြောင်တောင်တောင်နဲ့ ဖုန်းကိုပြူးပြဲကြည့်နေမိတယ်။တစ်မိနစ်လောက်အကြာမှ အသံထွက်လာနိုင်တယ်။
"သူဘာပြောသွားတာလဲ''
မနက်ရောက်တော့ ရိပေါ်သူငယ်ချင်းနှစ်ယောက်က
မျက်ကွင်းညိုလေးတွေနဲ့ ရိပေါ်ကိုပြန်လာပို့တယ်။ တကယ်ဆို အိပ်ယာပြောင်းမအိပ်တတ်တဲ့ ငါ့ကလေးကအိပ်ပျက်ပြီး မျက်ကွင်းညိုရမှာ မဟုတ်ဘူးလား ။ ရိပေါ်ကတောင် လန်းဆန်းနေသေးတယ် ။
ဟိုနှစ်ကောင်က မျောက်နာလေးတွေလားကျလို့ ။
အထူးသဖြငိ့ ဟိုကောင် ဝမ်နင်ဆိုတဲ့ကောင် ရှောင်ကျန့်နဲ့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေသလိုပဲ။
အော်...သတိရပြီ ညကဘာပြောတာလည်း ကြုံတုန်း.သေချာမေးရမယ်။
"ဝမ်နင် ညကဖုန်းဆက်ပြီးပြောတာ...
"ဗျာ..''
ရှောင်ကျန့်စကားမဆုံးသေး တစ္ဆေ သရဲတွေ့သလို ထိတ်ထိတ်လန့်လန့်နဲ့ ရိပေါ်ကို ရှောင်ကျန့်ရှေ့ပစ်တွန်းလို့ ထွက်ပြေးသွားကြ တယ်။
___________________________________
Zawgyi
ဝမ္ခ်ိဳခ်ိဳေလး
(အပိုင်း.၁၀)
"မင်း...သေပေတော့''
"ဘာကွ.. မင်း..''
ခွပ်
&&&
"ဝမ်နင်လား''
"ဟုတ်ကဲ့ ပြောပါ''
"ကလပ်မှာ...သောက် အဲ''
"ဗျာ ဟုတ် ဟုတ်''
"အင်း''
"အကုန်လှတယ်လေ''
"တစ်ထောင် တစ်ဆယ့် ရှစ်''
"ဒါဆိုကြိုက်နေတာလား''
"မကြိုက်ဘူးလေ''
"မကြိုက်ပါဘူးဆိုကွာ''
"မကြိုက်ရင်ပြောလေ''
"သူဘာပြောသွားတာလဲ''
"ဗျာ..''
ရှောင်ကျန့်စကားမဆုံးသေး တစ်ဆေ သရဲတွေ့သလို ထိတ်ထိတ်လန့်လန့်နဲ့ ရိပေါ်ကို ရှောင်ကျန့်ရှေ့ပစ်တွန်းလို့ ထွက်ပြေးသွားကြ တယ်။
Continue Reading
You'll Also Like
66.6K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
65.8K 5K 29
234K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ