Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 82

26.2K 4.2K 446
By MikkyLay1

#Unicode

မင်းယွီတစ်ယောက် လှပတဲ့ပန်းခင်းကြီးထဲမှာ ပျော်ရွှင်စွာဖြင့်ပန်းတွေချိုးနေပြီး အချိန်ကုန်မှန်းမသိကုန်သွားလေတော့တယ် ….

" ဆရာကတော် ပြန်ရအောင် "

ပန်းစည်းတွေ အခေါက်ခေါက် ရွာထဲကို ပို့ပြီးပြီမို့ နောက်ဆုံး ကိုပါလာတဲ့ခြင်းထောင်းလေးထဲထည့်ကာ သူတို့အားလုံး ပြန်လာခဲ့ကြလေတယ် … အိမ်ရောက်တော့ ပန်းတွေနဲ့အမျိုးသမီးအုပ်စုကို မင်းယွီအိမ်မှာစုစေပြီး ပန်းထုံးနည်း သင်ပေးလေတော့တယ် …

မြို့မှာက ဇာတွေဖဲသားတွေရှိတာကြောင့် ပန်းအလှစည်းဖို့ အဆင်သင့်ပေမဲ့ ခုရွာလေးမှာက ဇာတွေဖဲကြိုးတွေမရှိ၍ မင်းယွီ သစ်ရွက်တွေကိုအစားထိုးကာ အလှဆုံးပြင်ဆင်ပေးလေတော့တယ် …

အရင်က ပန်းတွေကို တစ်နေရာထည်းစုထုံးကာ စင်ပေါ်မှာ တင်ထားလေ့ရှိ၍ မင်းယွီလုပ်ထားတဲ့ပန်းစည်းလေးတွေကို အိမ်အနှံ့အတွင်းအပြင် အလှဆင်ပြထားတော့ လူတွေအားလုံး အံ့ဩကုန်ကြတယ် … အားလုံးစိတ်ဝင်စားလာကြပြီး  မင်းယွီကို ပန်းစဉ်းပြင်ခိုင်းရင်း တိုက်တိုက်ဝန်းဝန်းနဲ့ အိမ်လေးထဲမှာ လူတွေပြည့်လာကြတယ် …

" ဆရာကတော် ကျွန်မကိုလဲ ပြင်ပေးပါ "

" ဆရာကတော် ဒါမျိုးလေး ပြင်ပေးပါ "

" ကျွန်မလဲလုပ်ကြည့်ချင်တယ် "

ရွာလေးက အိမ်ခြေ ၂၀ ကျော်လေးပဲရှိတာမို့ မင်းယွီအဖို့ ကူညီရန်မခက်ခဲဘူး … အားလုံးကလဲ ဝိုင်းဝန်းကူညီပေးနေတာမို့ ညနေမဆောင်းခင်မှာ ရွာလေးတစ်ခုလုံး ပန်းတွေနဲ့အလှဆင်ခြင်း ပြီးမြောက်သွားလေတယ်  … အိမ်ရှေ့က စင်လေးတွေပေါ်မှာ ပန်းများ လှပစွာစီချယ်ထားပြီး ရာသီထွက်သီးနှံတွေကို စင်အတွင်းဘက်မှာထားထားကာ ပူဇော်ကတော့ရန်အရန်သင့်ပြင်ထားကြတယ် …

မြို့ပေါ်မှာတော့ ခုချိန်ဆို လှပဆုံးသောပန်းများနှင့် အလှမီးလုံးများ ချိတ်ဆွဲလျှက် မနက်ဖြန်ပွဲတော်ကို စည်းကြိုနေကြလိမ့်မယ် … တောရွာလေးမှာတော့ မီးမရရှိ၍ မီးပုံများကို အိမ်တိုင်း ပျိုးကာညရဲ့အမှောင်ထုကို ဝါမျိုစေလောက်တဲ့ထိ အလင်းရောင် ရရှိထားစေတယ် …

လုယီလေးက ဂိုယောင်းနဲ့အတူ ထိုင်နေပြီး အရည်ရွှမ်းတဲ့အသီးလေးတစ်လုံးကိုစားနေတယ် … ဂိုယောင်းကတော့ သူတတ်မြောက်တဲ့ လက်မှုပညာလေးနဲ့ ဝါးနှီးခြင်းလေးတစ်ခုကို ရက်လုပ်ပြီး အထဲမှာ လုယီလေးစားဖို့ အသီးတွေအစုံထည့်ပေးကာ အနားသို့ယူဆောင်လာခဲ့တယ်  …

" သခင်လေး … ဒီမှာ သခင်လေးအတွက် အသီးတွေ "

လုယီလေးက အစားအစာတွေထဲမှာ အသီးကိုအကြိုက်ဆုံးမို့ ဂိုယောင်ပေးတဲ့ခြင်းလေးကို အားရဝမ်းသာ ယူဆောင်ကာ ပျော်ရွှင်စွာနဲ့ အသီးတွေကို စားနေလေတော့တယ် …

" ကိုကို … YiYiတွက် သီးသီးတွေ ရှိသေးလား "

ခြင်းထဲကဟာတွေပင်ကုန်အောင်မစားရသေး နောက်ထပ်အသီးတွေကိုလိုချင်နေတဲ့လုယီလေးကို ဂိုယောင်းက အဝေးတစ်နေရာက ယာခင်းလေးထံညွှန်ပြလိုက်ပြီး …

" အဲ့ထဲမှာ အများကြီးကျန်သေးတယ် …

ကျွန်တော်တို့ယာခင်းထဲမှာ သီးနှံမျိုးစုံ စိုက်ပျိုးထားတာမို့ သခင်လေးအတွက် ကုန်သွားမှာပူစရာမလိုဘူး "

လုယီလေးက သဘောကျစွာပြုံးရယ်သွားပြီး ဂိုယောင်းနဲ့ပျော်ရွှင်စွာ စကားဆိုရင်း အိမ်ရှေ့က ခုံလေးပေါ်မှာ ထိုင်နေကြလေတယ် …

နောက်ဖေးမှာ ဖန်းဂူတစ်ယောက် ညနေစာအတွက် ပြင်ဆင်ချင်သော်လဲ မင်းယွီက ခွင့်မပြုပဲ အားလုံးစားဖို့ သူကိုယ်တိုင်ပဲ ပြင်နေတယ် …

" ယွီလေး … ကို့လက်ရာက မကောင်းလို့လား "

" မဟုတ်ပါဘူး …

ဒီည ရွာလူကြီးတို့မိသားစုကိုလဲဖိတ်ထားတော့ ကျွန်တော်ကိုယ်တိုင် ကြွေးချင်လို့ပါ "

" ကိုလဲ ကူပေး … "

" လုယီ …

ဟုတ်သားပဲ လုယီလေးအပြင်မှာတစ်ယောက်ထည်း …

ကျွန်တော်ချက်နေတခိုက် သွားထိန်းပေးပါလား "

ထိုအခါမှ ဖန်းဂူ အတင်းချက်ကူမယ်လုပ်နေတာကို ရပ်လိုက်ပြီး …

" ကောင်းပြီ … အကူညီလိုရင် ခေါ်လိုက် "

ပြောပြီးနောက် ထွက်သွားလေတယ် …

မင်းယွီအလိမ်မာနည်းကိုသုံးပြီး ဖန်းဂူကိုအဝေးရောက်အောင်ပို့ပြီးမှ ကောင်းမွန်သော ညနေစာကို ချက်ပြုတ်ရတော့တယ် … အားလုံးပြီးသွားတော့ ဟင်းပွဲတွေကို ရှန်ဝေနဲ့ ချူးရှန့်က ကူပြီး ခင်းပေးကြတယ် …

ခုတလော ဖန်းဂူရဲ့စောင့်ကြည့်မှုကြောင့် ရှန်ဝေ ချူးရှန့်အနားကို မကပ်ရဲသလို ချူးရှန့်လဲ အရင်ကလောက် အလုပ်တွေမလုပ်ရတော့ပဲ အခန်းထဲမှာပဲ အောင်းနေခဲ့ရတယ် …

" သခင်လေး … အဆင်သင့်ဖြစ်ပြီ "

ထမင်းပွဲမှာ ရွာလူကြီးတူအရီးနဲ့ဂိုယောင်းရယ် မင်းယွီနဲ့ရှန်ဝေရယ်ထိုင်နေကြပြီး ချူးရှန့်က လုယီနဲ့ဖန်းဂူကို ခေါ်လာခဲ့လေတယ် …

ဖန်းဂူလိုလူမျိုးအတွက် သာမန်ထမင်းဝိုင်းက လက်သင့်မခံနိုင်ပေမဲ့ ခုအချိန်မှာ နေသားကျလာခဲ့ပြီ …

လူတွေနဲ့ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း အကျိုးရလဒ်တွေကို နားလည်လာပြီမို့ ဖန်းဂူအရင်ကလို နေရထိုင်ရ ခက်ခဲခြင်းမျိုးမရှိတော့ဘူး …

လူစုံသွားတော့ စားသောက်ရန်ပြင်ဆင်လေတော့တယ် … ဖန်းဂူပေါင်ပေါ်မှာ လုယီလေးထိုင်နေပြီး ဖန်းဂူက မင်းယွီနဘေးမှာ ဝင်ထိုင်လိုက်တယ် … ပန်းကန်လုံးနဲ့တူကို ချပေးထားပေမဲ့ ဖန်းဂူ မကိုင်ပဲ ထိုင်နေမြဲ …

ဖန်းဂူမစားတော့ ရွာလူကြီးတို့မိသားစုလဲ ငြိမ်နေကြတယ် … ထိုအခါမှ မင်းယွီက အားလုံးရဲ့ပန်းကန်ထဲကို ထည့်ပေးပြီး …

" စားကြပါ ဘာလို့ငြိမ်နေကြတာလဲ …

ကျွန်တော့လက်ရာကိုမကြိုက်လို့လား "

" မဟုတ်ပါဘူး ဆရာကတော်ရဲ့ …

သခင်လေးကမစားတော့ ကျွန်တော်တို့ … "

" အားလုံး စားကြ … ကျွန်တော့ကိုမစောင့်နဲ့ "

ဖန်းဂူစကားကြားတော့မှ ရွာလူကြီးလဲ သူကအကြီးမို့ စပြီးစားလိုက်တယ် … မင်းယွီရဲ့လက်ရာက ကောင်းမှန်းသိတာမို့ ပြောစရာစကားမရှိလိုလောက်အောင် ပြည့်စုံနေတယ် …

ဒီနေ့ မင်းယွီရဲ့ စိတ်သဘောထားကောင်းမွန်ကာ တစ်ရွာလုံးကိုကူညီပြီး ရွာကိစ္စနဲ့အလုပ်ရှုတ်နေတဲ့ ရွာလူကြီးမိသားစုကိုလဲ ညစာခေါ်ကြွေးတဲ့အတွက် သူတို့ခများ ကျေးဇူးတင်မဆုံးပေ …

မင်းယွီလဲ အပြုံးပန်းများဝေဆာလျှက် ကျေနပ်မှုအပြည့်နဲ့ ညနေစာကို စတင်စားသုံးကြလေတော့တယ် …

မင်းယွီက တူနဲ့အသားတစ်ချို့ကိုကော်ယူပြီး လုယီလေးကို ခွန့်ကြွေးလိုက်တယ် … ထိုအခါမှ တိတ်ဆိတ်စွာ ထိုင်နေတဲ့ ဖန်းဂူက …

" ကို့လဲ ခွန့်ကြွေ "

မင်းယွီအနည်းငယ်ကြောင်အမ်းသွားပေမဲ့ ရုပ်တည်ကြီးနဲ့ပြောလာတဲ့ဖန်းဂူကိုကြည့်ပြီး ငြင်းရခက်သွားတယ် …

သို့ပေမဲ့ အနားကလူတွေကိုကြည့်မိတော့ အရင်လိုသူတို့ကြီးပဲမဟုတ်တာမို့ ဖန်းဂူအနားတိုးတိုးလေးကပ်ကာ ပြောလိုက်ရတယ် …

" ကို့ဘာသာစားလို့မရဘူးလား …

ရွာလူကြီးလဲရှိနေတယ် … ပြီးတော့ ကလေးတွေရောပဲ "

" ကို့ကို ကြွေးမှာလား မကြွေးဘူးလား "

ဖန်းဂူအကြည့်တွေက နူးညံ့ပေမဲ့ တစ်ခါတစ်ရံသူဆိုးသွမ်းတာက မင်းယွီကို နေရထိုင်ရခက်စေတယ် …

အရင်ကလို တည်ငြိမ်ပြီး ရင့်ကျက်တဲ့လူအဖြစ် ပြန်မြင်ချင်ပေမဲ့ အမှောင်ဘက်ကို ပြန်ရောက်မှာလဲ ကြောက်မိပြန်တယ် …

နောက်ဆုံး မင်းယွီ ဝေခွဲမရတော့ပဲ ညနေစာကို ဖန်းဂူတစ်လှည့် လုယီလေးကိုတစ်လှည့် ခွန့်ကြွေလိုက်ရတော့တယ် …

အနားကလူတွေကတော့ ဗွေမယူတဲ့အပြင် အားလုံးက ကြည်နူးစွာကြည့်ရင်း ဝမ်းမြောက်နေကြလေတယ်… ချူးရှန့်ဆိုလျှင် သူ့သခင်ရဲ့ ပြောင်းလဲသွားပုံ ကိုကြည့်ပြီး ဝမ်းသာမဆုံးနိုင်ဘူး …

အမြဲတစ်သီးတစ်သန့်နဲ့ ယခင်ကလို အသက်မဲ့စွာ ဘဝကိုအေးဆက်စွာဖြစ်သန်းလာခဲ့ရပုံတွေကို မေ့ပျောက်ပြီး  ဘဝသစ်မှာ စိတ်သစ်လူသစ်နဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်နေပုံကိုကြည့်ပြီး ကျေနပ်နေလေတယ် …

စားသောက်ပွဲပြီးသွားတော့ ပွဲတော်ကိုကြိုဆိုတဲ့အနေနဲ့ အိမ်ရှေ့မှာမီးပုံများတည်ကာ တစ်ရွာလုံးကို အလင်းများ ဖုံးလွှမ်းသွားစေတယ် … တောင်ကုန်းပုပေါ်ကနေ မြို့တော်ဘက်ကိုကြည့်လိုက်လျှင် သာမန်မီးရောင်များထက်လင်းကာ အရောင်စုံညီနေလိမ့်မယ် …

အလှမ်းဝေးကွာလှတဲ့ တောင်ကုန်းပုလေးပေါ်ကရွာလေးကို မြို့ပေါ်က လူတွေမမြင်နိုင်ကြပေမဲ့ ရွာပေါ်ကလူတွေကတော့ ထိုအချိန်မျိုးဆို ရောင်စုံမီးတွေထွန်းလင်းနေတဲ့ အဝေးကမြို့လေးအား ငေးမောကာ ကြည့်ရှူ့နေကြလေတယ် …

လုယီလေးက ဂိုယောင်းနဲ့အတူ ရွာသူတွေဘေးမှာထိုင်ရင်း အသီးတွေကိုစားနေတယ် … မင်းယွီက ရွာသူတွေဘေးမှာထိုင်ကာ စကားတွေပြောရင်းပျော်ရွှင်နေလေရဲ့ … ဖန်းဂူနဲ့ချူးရှန် ရှန်ဝေတို့က ရွာလူကြီးနဲ့အတူ ရွာဓလေ့ရဲ့အကြောင်းအရာတချို့ကို နားထောင်နေကြလေတယ် …

" ဒီအချိန်အခါက အားလုံးအတွက် ပျော်ရွှင်ရဆုံး ပွဲတော်တွေထဲကတစ်ခုအပါအဝင်ပေါ့ …

မနှစ်ကဆိုရင် ဒီလောက်ထိလူမစုံတော့ ပွဲကပျော်စရာသိပ်မကောင်းခဲ့ဘူး …

ဒီနှစ်လေးက သခင်လေးတို့မိသားစုရောဆိုတော့ မေ့မရနိုင်တဲ့ ပွဲရက်လေးဖြစ်နေတော့မှာပဲ …

အားလုံးရဲ့ နှလုံးသားထဲမှာ အမြဲသတိရနေကြတော့မှာ "

ဖန်းဂူ ဘယ်ပွဲတော်ကိုမှမဆင်နွှဲဘူးသလို သူ့ဘဝဟာ တိုက်ခိုက်မှုတွေနဲ့သာ ကျင်လည်လာခဲ့၍ ခုလိုလှပတဲ့ညချမ်းအချိန်လေးကိုမြင်တွေ့ရတော့ နှလုံးအိမ်ထဲကနေ စိတ်ချမ်းမြေ့မှုများရရှိကာ အားလုံးရဲ့အချစ်ကိုပါ ရရှိလိုက်ရတော့ ဘဝရဲ့အေးချမ်းမှုဆိုတာကို တွေ့ရှိသွားလေတယ် …

ကို့စိတ်အရာအားလုံးကိုလွှတ်ချကာ ဒီလိုနေရာမျိုးမှာ ထာဝရနေထိုင်ခွင့်ရရင်ဘယ်လောက်ကောင်းမလဲ တွေးလိုက်ပြန်တော့ မပြီးဆုံးသေးတဲ့ကိစ္စတွေက သူ့အား သတိပေးနေသယောင် …

လဟာ ကွယ်ပျောက်နေပြီး ကောင်းကင်ယံမှာ ကြယ်တွေကလွဲပြီး ဘယ်အရာမှရှိမနေပေ … ပွဲတော်ရက်က ဘာကြောင့် လကွယ်ညမှာရွေးလုပ်လဲမသိပေမဲ့ ထိုအမှောင်ကိုဖြိုခွင်းဖို့ ရောင်စုံမီးတွေထွန်းညှိ မီးပုံတွေတည်ထားတာကတော့ သဘာဝကျပါပေတယ် …

ခုတော့ ရွာထဲကမီးရောင်တွေလဲ တဖြေးဖြေးကွယ်ပျောက်သွားသလို မြို့ပေါ်ကမီးတွေဟာလဲ ထက်ဝက်လောက်က ငြိမ်သွားလေပြီ …

မင်းယွီတို့စကားဝိုင်းလေးက ဆူညံနေဆဲဖြစ်သလို အားလုံးရဲ့အလယ်မှာ ပြုံးနေတဲ့ မင်းယွီကိုမြင်ရတော့ ဖန်းဂူရှေ့ဆက်လျှောက်မဲ့ ဘဝခရီးလမ်းကို စဉ်းစားမိသွားပြန်တယ် …

ဒီမှာဘယ်လောက်ပဲပျော်နေပါစေ ဧည့်သည်ဆိုတာ ပြန်ရစမြဲပဲ … နောက်ထက်လျှောက်မဲ့လမ်းက ကြမ်းတမ်းမလား ဆိုတာ ဘယ်သူမှမသိနိုင်ဘူး …

ဖန်းဂူတိတ်ဆိတ်နေတော့ ရွာလူကြီးနဲ့ချူးရှန့် စကားပြောနေတာကိုရပ်သွားပြီး အတွေးပေါင်းများစွာနဲ့ မီးပုံရဲ့အလင်တွေထင်ဟပ်နေတဲ့ လှပဆုံးသောမျက်နှာလေးကို ငေးမောနေတဲ့ ဖန်းဂူအား ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကြလေတယ်  …

ထိုစဉ် လုယီလေးက မျက်လုံးပွတ်ခါဖြင့် ဖန်းဂူထံလျှောက်လာပြီး …

" ဒယ်ဒီ … YiYi အိပ်ချင်တယ် "

အချိန်က ၉ နာရီခွဲပြီမို့ ကလေးတစ်ယောက်ရဲ့အိပ်ချိန်ကိုကျော်လွန်နေလေပြီ … ဖန်းဂူ ပျော်ရွှင်နေတဲ့မင်းယွီကိုလဲ မနှောက်ယှက်ချင်၍ သားလေးကို သူအနား ဆွဲခေါ်လိုက်တယ် … ထိုအခါ လုယီလေးက ဖန်းဂူ အင်္ကျိကိုဆွဲလိုက်ပြီး …

" YiYi ဒယ်ဒီတို့နဲ့အိပ်မယ် …

YiYiနဲ့ပါပါးကို ခွဲမထားပါနဲ့ "

ဖန်းဂူရုတ်တရပ် နှလုံးအိမ်လေးလှုပ်ခါသွားလေတယ် … ဒီမြင်ကွင်းလေးက သူ့ဘဝနဲ့တူညီနေတဲ့အပြင် ကျွန်ပေါ်မှာနေခဲ့စဉ်က သူ့ဒယ်ဒီကို အတူတူအိပ်ဖို့ ပြောခဲ့တဲ့အချိန်လေးနဲ့ တူညီနေတယ် …

လုယီလေးရဲ့အကြည့်တွေက ဝမ်းနည်းမှုတို့ ပါရှိနေပြီး သူ့ကိုပြစ်မထားဖို့ တောင်းဆိုနေသယောင် … ကလေးတစ်ယောက်အတွက် ညအမှောင်ထဲမှာ အိပ်ဆက်လျှင် မိဘရဲ့နွေးထွေးမှုက အလူံခြုံဆုံးဆိုတာ ဖန်းဂူအသိဆုံး … သူလဲအမြဲမျှော်လင့်ခဲ့ရတာမို့ …

သူငယ်ငယ်က မခင်နဲ့ဖခင် ကျွန်းကိုပြန်လာတိုင်း သူ့ကိုခွဲမထားဖို့ အတူနေချင်တယ်ဆိုပြီးပြောခဲ့ပေမဲ့ အချိန်တန်တော့ အဖွာရဲ့ရင်ခွင်ကလွဲပြီး ဘယ်သူမှသူ့ကိုမိဘရဲ့နွေးထွေမှုဆိုတာမပေးခဲ့ကြဘူး …

သားလေးရဲ့အဖြစ်က သူ့ဘဝနဲ့တူနေတော့ ဖန်းဂူရုတ်တရပ် လုယီလေးကို ရင်ခွင်ထဲဆွဲပွေ့ကာ တင်းနေအောင်ပွေ့ဖက်ထားမိလေတော့တယ် …

" အတူနေရမှာပေါ့ …

သားရယ် ဒယ်ဒီရယ် ပါပါးရယ် အတူနေကြမယ် "

" YiYiကို ထပ်ပြီးခွဲထားမှာလားဟင် "

" မခွဲထားတော့ဘူး …

သားကဒယ်ဒီနဲ့ပါပါးအနားမှာပဲအမြဲနေရမယ် …

သားလေးကိုတစ်ယောက်ထည်းပြစ်မထားတော့ဘူး …

လုယီလေး ဒယ်ဒီကိုမမုန်းဘူးမဟုတ်လား "

ရုတ်တရပ်နွေးထွေးမှုလေးကိုခံစားလိုက်ရတော့ လုယီလက်သေးသေးလေးတွေက ဖန်းဂူပခုံးကိုဖက်သွယ်လိုက်ပြီး …

" YiYi ပျော်တယ် …

ဒယ်ဒီကYiYi ရဲ့ဒယ်ဒီ …

YiYiနဲ့ပါပါးကို အများကြီးချစ်ပေး "

ချူးရှန့် လုယီလေး သခင်ဖြစ်သူအပေါ်ခင်သွယ်ကာဖခင်မှန်းသိပြီးနွေးထွေးစွာဆက်ဆံတာကိုမြင်ရတော့ မျက်ရည်များပင်ဝဲမိလာတယ် …

ဖန်းဂူ လုယီလေးကိုပွေ့ချီလိုက်ပြီး မင်းယွီကိုတစ်ချက်ကြည့်ကာ ပျော်နေတာကိုမနှောက်ယှက်ချင်၍ ချူးရှန့်ကိုမှာခဲ့ပြီး အခန်းလေးထဲသွားနှင့်လေတော့တယ် …

လုယီလေးက ဖခင်နဲ့အတူ အိပ်ရမှာမို့ ပြုံးပျော်နေပြီး သူ့အတွက်အိပ်ယာခင်းပေးပြီးသွားတော့ ကုတင်ပေါ်ဝင်လှဲကာ သူ့ရဲ့ဘေးမှာ လာထိုင်နေတဲ့ ဖန်းဂူ လက်လေးကို ဆွဲလိုက်တယ် …

တစ်စုံတစ်ခုကို ပူဆာချင်နေတဲ့ လုယီလေးကိုမြင်ရတော့ ဖန်းဂူနူးညံ့သောလေသံလေးနဲ့မေးကြည့်လိုက်တယ် …

" လုယီလေးက ဘာလိုချင်သေးလို့လဲ "

" ဒယ်ဒီ … YiYi ကို ပုံပုံပြောပြ "

" ပုံပြင်လား … ဒယ်ဒီမှမပြောတတ်တာ "

" YiYi ငါးကြီးအကြောင်းသိချင်တယ် …

ဒယ်ဒီငါးကြီးပုံပုံပြောပြ "

ဖန်းဂူက ကလေးတွေနဲ့ နေလေ့မရှိသလို သူကိုယ်တိုင်ကလဲ ကလေးဆိုပြီး မချွဲဖူးခဲ့တော့ လုယီလေးတောင်းဆိုမှုကိုလက်ခံဖို့ အကြာကြီး စဉ်းစားလိုက်ရတယ် .…

အရင်အချိန်က ပုံပြင်စာအုပ်ဖတ်ပြရတာမို့မခဲရင်းပေမဲ့ ကိုယ်တိုင်ဖန်တီးပြီး ကလေးငယ်စိတ်ဝင်စားအောင်ပြောပြဖို့က အတွေ့အကြံမရှိတဲ့ သူ့အတွက် ခဲရင်းလှတယ် … လုယီလေးက စိတ်မရှည်တော့ပဲ …

" ဒယ်ဒီက YiYi ကိုချစ်ဘူးလား "

" လုယီလေးကို ချစ်တာပေါ့ "

" ဒါဆို ဒယ်ဒီငါးကြီးပုံပုံပြောပြ …

YiYiကိုချစ်ရင်ပြောပြ "

ဘယ်တုန်းကမှ အခက်မခဲမရှိဖူးခဲ့တဲ့ Lion ဟာ သားလေးစိတ်ဝင်စားလာမည့် အိပ်ယာဝင်ပုံပြင်ပြောပြရန် စဉ်းစားရာ၌ လူသတ်ဖို့ထက်ပင်အဆတစ်ရာလောက် ခက်ခဲနေခဲ့တယ် …

နောက်ဆုံး ဖန်းဂူ လုယီဘေးဝင်လှဲလိုက်ပြီး သားလေးခေါင်းကို သူ့ရဲ့လက်မောင်းပေါ်တင်ကာ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြောပြရလေတော့တယ် …

" ငါးကြီးပုံပြင်ပြောပြတော့မယ် သေချာနားထောင်နော် "

" ဟုတ် "

လုယီလေးက စိတ်ဝင်တစားငြိမ်သက်စွာနားထောင်နေမှန်းသိလိုက်ရတော့ ဖန်းဂူစတင်ပြောပြလေတော့တယ် …

" ဟိုးရှေးအခါက ပင်လယ်ပြင်ကြီးထဲမှာ ကူးခပ်နေကြတဲ့ ငါးမိသားစု ၃ ကောင်ရှိကြတယ် …

ငါးဖေဖေကြီးနဲ့ ငါးမေမေကြီးက အစားအစာရရှိဖို့ သွားရှာဖွေမယ်ဆိုပြီး ငါးသေးသေးလေးကို သူတို့ရဲ့ရေလယ်က အိမ်လေးထဲမှာတစ်ယောက်ထည်းထားခဲ့တယ် …

ငါးသေးသေးလေးက အသက်ကြီးပြီဖြစ်တဲ့ငါးအဖွားအိုကြီးနဲ့အတူ နေထိုင်ခဲ့ရရှာတယ် "

" ဒါဆို ငါးသေးသေးလေးက မာမားနဲ့ဒယ်ဒီကိုလွမ်းနေဘူးလား "

" လွမ်းတာပေါ့ … သူ့မိဘတွေပြန်လာတော့ ငါးလေးပျော်မြူးပြီးခုန်ကနေရှာတယ်လေ …

ဒါပေမဲ့ ငါးမေမေနဲ့ဖေဖေက လောဘမတတ်နိုင်ပဲ ထပ်ပြီးအစားရှာဖို့ထွက်သွားပြန်တယ် …

ငါးလေးက အစားတွေနဲ့အသက်ရှင်နိုင်ပေမဲ့ မိဘတွေရဲ့စွန့်ပြစ်မှုကြောင့် စိတ်ဒုက္ခရောက်သွားရှာတယ် …

နောက်ဆုံး သူ့ကိုစောင့်ရှောက်ပေးတဲ့အဖွားဆုံးသွားတော့ ငါလေးရင်ကွဲနာကျသွားတယ် "

" ဒါဆို ငါးငါးက သေသွားတာလားဟင် "

" မသေပါဘူး … ငါးလေးကကြံ့ခိုင်တယ် …

အဖွားဆုံးသွားလို့ဝမ်းနည်းပေမဲ့ သူ့ကိုပြစ်သွားတဲ့ မိဘတွေကိုအချိန်ပြည့်မျှော်နေခဲ့တာ "

" ပြန်လာခေါ်လားဟင် "

" အင်း … ပြန်ခေါ်သွားတယ် …

ဒါပေမဲ့ အဖွားကတော့ လိုက်မလာနိုင်ခဲ့ဘူး …

ငါးလေးကို ထာဝရပြစ်ခွာသွားပြီ …

သူကိုဂရုစိုက်ပေးတဲ့သူမရှိတော့ဘူး "

" YiYiသနားလိုက်တာ … ငါးငါးလေးငိုနေမှာ …

ဒယ်ဒီ ငါးငါးလေးကဘယ်မှာလဲဟင် "

" လုယီလေးက ဘာလုပ်မလို့လဲ "

" YiYi ဖက်ထားမို့ … ငါးငါးလေးကို ဘယ်သူမှဂရုမစိုက်လဲ YiYiဂရုစိုက်ပေးမယ် "

စကားတတ်လွန်းပြီး စိတ်နှလုံးသားဖြူစင်လွန်းတဲ့သားလေးကိုကြည့်ပြီး ဖန်းဂူကြည်နူးမဆုံးတော့ပေ …

" ခု ငါးလေးက အကြီးကြီးဖြစ်သွားပြီ …

ပြီးတော့ သူ့မှာ ချစ်စရာကောင်းတဲ့မိသားစုလေးရှိသွားပြီ … နောက်ထပ်ချစ်စရာကောင်းတဲ့ငါးသေးသေးလေးနဲ့ချစ်စရာကောင်းတဲ့ငါအဖော်လေးနဲ့အတူနေတယ် …

ငါးလေးအထီးမကျန်တော့ဘူး … လုယီလေးလဲအိပ်တော့ "

အဆုံးသတ်လေးက ပျော်ရွှင်စရာကောင်းနေတာမို့ လုယီလေး ပြုံးသွားပြီး ဖန်းဂူရင်ခွင်ထဲခေါင်းကပ်ကာ အိပ်ပျော်သွားလေတော့တယ် … သားလေးအိပ်ပျော်သွားတော့မှ ဖန်းဂူ လုယီနှဖူးလေးကို နမ်းလိုက်ပြီး သူ့ရဲ့ရင်ခွင်ထဲကသားလေးကို ဖက်သွယ်ကာ အိပ်ဆက်လိုက်လေတော့တယ် …

အားလုံးတိတ်ဆိတ်သွားတော့မှ တံခါးပွင့်သံထွက်ပေါ်လာပြီး ခြေသံတစ်စုံက ကုတင်လေးထံဦးတည်ကာ သားလေးကိုပွေ့ဖက်ကာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ဖန်းဂူကို ငေးကြည့်နေလေတယ် …

မင်းယွီ ဖန်းဂူနဲ့လုယီပြန်သွားကတည်းက အနောက်ကတစ်ပါတည်းပါလာပေမဲ့ ဖန်းဂူ သားလေးကိုဘယ်လိုသိပ်မလဲသိချင်၍ အပြင်ကနေ ချောင်းကြည့်နေတာဖြစ်ပြီး ဖန်းဂူရဲ့ငါးလေးပုံပြင်ကိုလဲ အစဆုံးကြားသွားခဲ့တယ် …

အထီးကျန်နေခဲ့ရှာတဲ့ငါးလေးက ခုချိန်မှာ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်နိုင်ပြီဆိုတဲ့စကားက မင်းယွီအချစ်တွေကို ပို၌ နိုးထစေခဲ့ပြီး အရင်ကထက်ပိုပြီး ဖန်းဂူအပေါ်ဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်လေတယ် …

မင်းယွီကုတင်ပေါ်တက်ကာ သားလေးနဲ့ဖန်းဂူအပေါ် ဆောင်လွှမ်းခြုံကြီးနောက် ဖန်းဂူရဲ့ ပါးလေးကို ကုန်းကာ နမ်းလိုက်ပြီး သားအဖ ၂ ယောက်ကို ဖက်ထားကာ ဝင်လှဲလိုက်လေတယ် …

နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ဖန်းဂူမျက်နှာက တည်ကြည်ကာချောမောလွန်းလှပြီး မင်းယွီအတော်ကြာ အကြည့်မလွှဲနိုင်ခဲ့ဘူး … နောက်ဆုံးအခန်းထဲကမီးငြိမ်းသွားပြီး အားလုံးအမှောင်ကျသွားတော့မှ မင်းယွီလဲ အိပ်ဆက်လိုက်လေတော့တယ် …

ထိုညက လုယီလေး မင်းယွီတို့အခန်းမှာအိပ်ရပြီး ချူးရှန့်တို့အခန်းမှာတော့ ရှန်ဝေကကြမ်းပြင်မှာအိပ်ကာ ချူးရှန့်က ကုတင်ပေါ်မှာအိပ်ပြီး ရှည်လျှားတဲ့ညကိုဖြတ်သန်းရင်း မနက်ဖြန် ပန်းပွဲတော်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေရလေတော့တယ် …

.

.

.

.

To Be Continued

( တကယ်ပါကွယ် အရှည်ကြီးရေးပါမယ်ဆိုမှ ရာသီဥတုကကို့ဘက်မှာရှိမနေဘူး … စိတ်ဆိုးလဲခံရမှာပဲ ဒီညတော့ဒီလောက်လေးပဲတင်ပေးနိုင်တော့တယ် … fb accကျပြီး ရေးနေရင်းတန်းလန်းပျက်သွားတယ် … fb ကပို့စ်လဲတင်မရဘူး ၃ ရက်ပိတ်သွားတယ် …

Fic နဲ့ပတ်သပ်ပြီးပြောရမယ်ဆိုရင် ၃ ပိုင်းခွဲထားပါတယ်နော် … S1 ကပြီးသွားပြီ အဲ့ဒါက ဘီတာ အယ်ဖာ အိုမီဂါတွေအကြောင်းပါသလို တိုက်ပွဲတွေကိုဖြေရှင်းတဲ့အပိုင်း …

S2 လေးက ဘီတာ အိုမီဂါ အယ်ဖာတွေအကြောင်းသိပ်မပါပဲ ဖန်းဂူရဲ့ပြောင်းလဲသွားတဲ့ပုံစံအသစ်နဲ့ မိသားစုလေးကိုရရှိတဲ့အပိုင်းလေး … ခု S2 က ရွာလေးကနေပြန်သွားပြီးရင် ဇာတ်သိမ်းတော့မှာပါ … ရွာလေးကနေ အပြီးတိုင် နှုတ်ဆက်ထွက်ခွာခြင်းနဲ့ပေါ့ …

S3 လေးက ဖန်းဂူရဲ့ရိုနေမှုတွေနဲ့ မိသားစုကိုစောင့်ရှောက်ပုံ နှစ်ဖက်မိဘတွေသဘောတူညီအောင်ကြိုးစားပြီး ဇာတ်လမ်းတစ်ခုလုံးရဲ့မြှုတ်ကွက်တွေကိုဖော်ထုပ်ပြီး အပြီးသတ်ရမဲ့ နောက်ဆုံးခန်းလေးပါ … ဒါကြောင့်မို့ ဆက်လက်အားပေးဖို့မျှော်လင့်ရင်း ဒီနေ့တော့ ဒီလောက်လေးနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ် … 🙆‍♀️

ဒါဒါလေးတွေရဲ့ Starနဲ့အားဆေးမန့်လေးတွေကိုမျှော်လင့်ရင်း … 🥰 တစ်ပတ်သာပင်ပန်းမှုတွေကို မေ့ပျောက်သွားချင်တယ် 💕 ဝေါ်အိုက်နီ🙆‍♀️💕 )


( ကို့ယွကျားပြောသလိုပဲ 💁🧛‍♀️ )

#Zawgyi

မင္းယြီတစ္ေယာက္ လွပတဲ့ပန္းခင္းႀကီးထဲမွာ ေပ်ာ္႐ႊင္စြာျဖင့္ပန္းေတြခ်ိဳးေနၿပီး အခ်ိန္ကုန္မွန္းမသိကုန္သြားေလေတာ့တယ္ ….

" ဆရာကေတာ္ ျပန္ရေအာင္ "

ပန္းစည္းေတြ အေခါက္ေခါက္ ႐ြာထဲကို ပို႔ၿပီးၿပီမို႔ ​ေနာက္ဆုံး ကိုပါလာတဲ့ျခင္းေထာင္းေလးထဲထည့္ကာ သူတို႔အားလုံး ျပန္လာခဲ့ၾကေလတယ္ … အိမ္ေရာက္ေတာ့ ပန္းေတြနဲ႕အမ်ိဳးသမီးအုပ္စုကို မင္းယြီအိမ္မွာစုေစၿပီး ပန္းထုံးနည္း သင္ေပးေလေတာ့တယ္ …

ၿမိဳ႕မွာက ဇာေတြဖဲသားေတြရွိတာေၾကာင့္ ပန္းအလွစည္းဖို႔ အဆင္သင့္ေပမဲ့ ခု႐ြာေလးမွာက ဇာေတြဖဲႀကိဳးေတြမရွိ၍ မင္းယြီ သစ္႐ြက္ေတြကိုအစားထိုးကာ အလွဆုံးျပင္ဆင္ေပးေလေတာ့တယ္ …

အရင္က ပန္းေတြကို တစ္ေနရာထည္းစုထုံးကာ စင္ေပၚမွာ တင္ထားေလ့ရွိ၍ မင္းယြီလုပ္ထားတဲ့ပန္းစည္းေလးေတြကို အိမ္အႏွံ႕အတြင္းအျပင္ အလွဆင္ျပထားေတာ့ လူေတြအားလုံး အံ့ဩကုန္ၾကတယ္ … အားလုံးစိတ္ဝင္စားလာၾကၿပီး  မင္းယြီကို ပန္းစဥ္းျပင္ခိုင္းရင္း တိုက္တိုက္ဝန္းဝန္းနဲ႕ အိမ္ေလးထဲမွာ လူေတြျပည့္လာၾကတယ္ …

" ဆရာကေတာ္ ကြၽန္မကိုလဲ ျပင္ေပးပါ "

" ဆရာကေတာ္ ဒါမ်ိဳးေလး ျပင္ေပးပါ "

" ကြၽန္မလဲလုပ္ၾကည့္ခ်င္တယ္ "

႐ြာေလးက အိမ္ေျခ ၂၀ ေက်ာ္ေလးပဲရွိတာမို႔ မင္းယြီအဖို႔ ကူညီရန္မခက္ခဲဘူး … အားလုံးကလဲ ဝိုင္းဝန္းကူညီေပးေနတာမို႔ ညေနမေဆာင္းခင္မွာ ႐ြာေလးတစ္ခုလုံး ပန္းေတြနဲ႕အလွဆင္ျခင္း ၿပီးေျမာက္သြား​ေလတယ္  … အိမ္ေရွ႕က စင္ေလးေတြေပၚမွာ ပန္းမ်ား လွပစြာစီခ်ယ္ထားၿပီး ရာသီထြက္သီးႏွံေတြကို စင္အတြင္းဘက္မွာထားထားကာ ပူေဇာ္ကေတာ့ရန္အရန္သင့္ျပင္ထားၾကတယ္ …

ၿမိဳ႕ေပၚမွာေတာ့ ခုခ်ိန္ဆို လွပဆုံးေသာပန္းမ်ားႏွင့္ အလွမီးလုံးမ်ား ခ်ိတ္ဆြဲလွ်က္ မနက္ျဖန္ပြဲေတာ္ကို စည္းႀကိဳေနၾကလိမ့္မယ္ … ေတာ႐ြာေလးမွာေတာ့ မီးမရရွိ၍ မီးပုံမ်ားကို အိမ္တိုင္း ပ်ိဳးကာညရဲ႕အေမွာင္ထုကို ဝါမ်ိဳေစေလာက္တဲ့ထိ အလင္းေရာင္ ရရွိထားေစတယ္ …

လုယီေလးက ဂိုေယာင္းနဲ႕အတူ ထိုင္ေနၿပီး အရည္႐ႊမ္းတဲ့အသီးေလးတစ္လုံးကိုစားေနတယ္ … ဂိုေယာင္းကေတာ့ သူတတ္ေျမာက္တဲ့ လက္မႈပညာေလးနဲ႕ ဝါးႏွီးျခင္းေလးတစ္ခုကို ရက္လုပ္ၿပီး အထဲမွာ လုယီေလးစားဖို႔ အသီးေတြအစုံထည့္ေပးကာ အနားသို႔ယူေဆာင္လာခဲ့တယ္  …

" သခင္ေလး … ဒီမွာ သခင္ေလးအတြက္ အသီးေတြ "

လုယီေလးက အစားအစာေတြထဲမွာ အသီးကိုအႀကိဳက္ဆုံးမို႔ ဂိုေယာင္ေပးတဲ့ျခင္းေလးကို အားရဝမ္းသာ ယူေဆာင္ကာ ေပ်ာ္႐ႊင္စြာနဲ႕ အသီးေတြကို စားေနေလေတာ့တယ္ …

" ကိုကို … YiYiတြက္ သီးသီးေတြ ရွိေသးလား "

ျခင္းထဲကဟာေတြပင္ကုန္ေအာင္မစားရေသး ေနာက္ထပ္အသီးေတြကိုလိုခ်င္ေနတဲ့လုယီေလးကို ဂိုေယာင္းက အေဝးတစ္ေနရာက ယာခင္းေလးထံၫႊန္ျပလိုက္ၿပီး …

" အဲ့ထဲမွာ အမ်ားႀကီးက်န္ေသးတယ္ …

ကြၽန္ေတာ္တို႔ယာခင္းထဲမွာ သီးႏွံမ်ိဳးစုံ စိုက္ပ်ိဳးထားတာမို႔ သခင္ေလးအတြက္ ကုန္သြားမွာပူစရာမလိုဘူး "

လုယီေလးက သေဘာက်စြာၿပဳံးရယ္သြားၿပီး ဂိုေယာင္းနဲ႕ေပ်ာ္႐ႊင္စြာ စကားဆိုရင္း အိမ္ေရွ႕က ခုံေလးေပၚမွာ ထိုင္ေနၾကေလတယ္ …

ေနာက္ေဖးမွာ ဖန္းဂူတစ္ေယာက္ ညေနစာအတြက္ ျပင္ဆင္ခ်င္ေသာ္လဲ မင္းယြီက ခြင့္မျပဳပဲ အားလုံးစားဖို႔ သူကိုယ္တိုင္ပဲ ျပင္ေနတယ္ …

" ယြီေလး … ကို႔လက္ရာက မေကာင္းလို႔လား "

" မဟုတ္ပါဘူး …

ဒီည ႐ြာလူႀကီးတို႔မိသားစုကိုလဲဖိတ္ထားေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ ေႂကြးခ်င္လို႔ပါ "

" ကိုလဲ ကူေပး … "

" လုယီ …

ဟုတ္သားပဲ လုယီေလးအျပင္မွာတစ္ေယာက္ထည္း …

ကြၽန္ေတာ္ခ်က္ေနတခိုက္ သြားထိန္းေပးပါလား "

ထိုအခါမွ ဖန္းဂူ အတင္းခ်က္ကူမယ္လုပ္ေနတာကို ရပ္လိုက္ၿပီး …

" ေကာင္းၿပီ … အကူညီလိုရင္ ေခၚလိုက္ "

ေျပာၿပီးေနာက္ ထြက္သြားေလတယ္ …

မင္းယြီအလိမ္မာနည္းကိုသုံးၿပီး ဖန္းဂူကိုအေဝးေရာက္ေအာင္ပို႔ၿပီးမွ ေကာင္းမြန္ေသာ ညေနစာကို ခ်က္ျပဳတ္ရေတာ့တယ္ … အားလုံးၿပီးသြားေတာ့ ဟင္းပြဲေတြကို ရွန္ေဝနဲ႕ ခ်ဴးရွန႔္က ကူၿပီး ခင္းေပးၾကတယ္ …

ခုတေလာ ဖန္းဂူရဲ႕ေစာင့္ၾကည့္မႈေၾကာင့္ ရွန္ေဝ ခ်ဴးရွန႔္အနားကို မကပ္ရဲသလို ခ်ဴးရွန႔္လဲ အရင္ကေလာက္ အလုပ္ေတြမလုပ္ရေတာ့ပဲ အခန္းထဲမွာပဲ ေအာင္းေနခဲ့ရတယ္ …

" သခင္ေလး … အဆင္သင့္ျဖစ္ၿပီ "

ထမင္းပြဲမွာ ႐ြာလူႀကီးတူအရီးနဲ႕ဂိုေယာင္းရယ္ မင္းယြီနဲ႕ရွန္ေဝရယ္ထိုင္ေနၾကၿပီး ခ်ဴးရွန႔္က လုယီနဲ႕ဖန္းဂူကို ေခၚလာခဲ့ေလတယ္ …

ဖန္းဂူလိုလူမ်ိဳးအတြက္ သာမန္ထမင္းဝိုင္းက လက္သင့္မခံနိုင္ေပမဲ့ ခုအခ်ိန္မွာ ေနသားက်လာခဲ့ၿပီ …

လူေတြနဲ႕ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ျခင္း အက်ိဳးရလဒ္ေတြကို နားလည္လာၿပီမို႔ ဖန္းဂူအရင္ကလို ေနရထိုင္ရ ခက္ခဲျခင္းမ်ိဳးမရွိေတာ့ဘူး …

လူစုံသြားေတာ့ စားေသာက္ရန္ျပင္ဆင္ေလေတာ့တယ္ … ဖန္းဂူေပါင္ေပၚမွာ လုယီေလးထိုင္ေနၿပီး ဖန္းဂူက မင္းယြီနေဘးမွာ ဝင္ထိုင္လိုက္တယ္ … ပန္းကန္လုံးနဲ႕တူကို ခ်ေပးထားေပမဲ့ ဖန္းဂူ မကိုင္ပဲ ထိုင္ေနၿမဲ …

ဖန္းဂူမစားေတာ့ ႐ြာလူႀကီးတို႔မိသားစုလဲ ၿငိမ္ေနၾကတယ္ … ထိုအခါမွ မင္းယြီက အားလုံးရဲ႕ပန္းကန္ထဲကို ထည့္ေပးၿပီး …

" စားၾကပါ ဘာလို႔ၿငိမ္ေနၾကတာလဲ …

ကြၽန္ေတာ့လက္ရာကိုမႀကိဳက္လို႔လား "

" မဟုတ္ပါဘူး ဆရာကေတာ္ရဲ႕ …

သခင္ေလးကမစားေတာ့ ကြၽန္ေတာ္တို႔ … "

" အားလုံး စားၾက … ကြၽန္ေတာ့ကိုမေစာင့္နဲ႕ "

ဖန္းဂူစကားၾကားေတာ့မွ ႐ြာလူႀကီးလဲ သူကအႀကီးမို႔ စၿပီးစားလိုက္တယ္ … မင္းယြီရဲ႕လက္ရာက ေကာင္းမွန္းသိတာမို႔ ေျပာစရာစကားမရွိလိုေလာက္ေအာင္ ျပည့္စုံေနတယ္ …

ဒီေန႕ မင္းယြီရဲ႕ စိတ္သေဘာထားေကာင္းမြန္ကာ တစ္႐ြာလုံးကိုကူညီၿပီး ႐ြာကိစၥနဲ႕အလုပ္ရႈတ္ေနတဲ့ ႐ြာလူႀကီးမိသားစုကိုလဲ ညစာေခၚေႂကြးတဲ့အတြက္ သူတို႔ခမ်ား ေက်းဇူးတင္မဆုံးေပ …

မင္းယြီလဲ အၿပဳံးပန္းမ်ားေဝဆာလွ်က္ ေက်နပ္မႈအျပည့္နဲ႕ ညေနစာကို စတင္စားသုံးၾကေလေတာ့တယ္ …

မင္းယြီက တူနဲ႕အသားတစ္ခ်ိဳ႕ကိုေကာ္ယူၿပီး လုယီေလးကို ခြန႔္ေႂကြးလိုက္တယ္ … ထိုအခါမွ တိတ္ဆိတ္စြာ ထိုင္ေနတဲ့ ဖန္းဂူက …

" ကို႔လဲ ခြန႔္ေႂကြ "

မင္းယြီအနည္းငယ္ေၾကာင္အမ္းသြားေပမဲ့ ႐ုပ္တည္ႀကီးနဲ႕ေျပာလာတဲ့ဖန္းဂူကိုၾကည့္ၿပီး ျငင္းရခက္သြားတယ္ …

သို႔ေပမဲ့ အနားကလူေတြကိုၾကည့္မိေတာ့ အရင္လိုသူတို႔ႀကီးပဲမဟုတ္တာမို႔ ဖန္းဂူအနားတိုးတိုးေလးကပ္ကာ ေျပာလိုက္ရတယ္ …

" ကို႔ဘာသာစားလို႔မရဘူးလား …

႐ြာလူႀကီးလဲရွိေနတယ္ … ၿပီးေတာ့ ကေလးေတြေရာပဲ "

" ကို႔ကို ေႂကြးမွာလား မေႂကြးဘူးလား "

ဖန္းဂူအၾကည့္ေတြက ႏူးညံ့ေပမဲ့ တစ္ခါတစ္ရံသူဆိုးသြမ္းတာက မင္းယြီကို ေနရထိုင္ရခက္ေစတယ္ …

အရင္ကလို တည္ၿငိမ္ၿပီး ရင့္က်က္တဲ့လူအျဖစ္ ျပန္ျမင္ခ်င္ေပမဲ့ အေမွာင္ဘက္ကို ျပန္ေရာက္မွာလဲ ေၾကာက္မိျပန္တယ္ …

ေနာက္ဆုံး မင္းယြီ ေဝခြဲမရေတာ့ပဲ ညေနစာကို ဖန္းဂူတစ္လွည့္ လုယီေလးကိုတစ္လွည့္ ခြန႔္ေႂကြလိုက္ရေတာ့တယ္ …

အနားကလူေတြကေတာ့ ေဗြမယူတဲ့အျပင္ အားလုံးက ၾကည္ႏူးစြာၾကည့္ရင္း ဝမ္းေျမာက္ေနၾကေလတယ္… ခ်ဴးရွန႔္ဆိုလွ်င္ သူ႕သခင္ရဲ႕ ေျပာင္းလဲသြားပုံ ကိုၾကည့္ၿပီး ဝမ္းသာမဆုံးနိုင္ဘူး …

အၿမဲတစ္သီးတစ္သန႔္နဲ႕ ယခင္ကလို အသက္မဲ့စြာ ဘဝကိုေအးဆက္စြာျဖစ္သန္းလာခဲ့ရပုံေတြကို ေမ့ေပ်ာက္ၿပီး  ဘဝသစ္မွာ စိတ္သစ္လူသစ္နဲ႕ မိသားစုေလးနဲ႕အတူ ေပ်ာ္႐ႊင္ေနပုံကိုၾကည့္ၿပီး ေက်နပ္ေနေလတယ္ …

စားေသာက္ပြဲၿပီးသြားေတာ့ ပြဲေတာ္ကိုႀကိဳဆိုတဲ့အေနနဲ႕ အိမ္ေရွ႕မွာမီးပုံမ်ားတည္ကာ တစ္႐ြာလုံးကို အလင္းမ်ား ဖုံးလႊမ္းသြားေစတယ္ … ေတာင္ကုန္းပုေပၚကေန ၿမိဳ႕ေတာ္ဘက္ကိုၾကည့္လိုက္လွ်င္ သာမန္မီးေရာင္မ်ားထက္လင္းကာ အေရာင္စုံညီေနလိမ့္မယ္ …

အလွမ္းေဝးကြာလွတဲ့ ေတာင္ကုန္းပုေလးေပၚက႐ြာေလးကို ၿမိဳ႕ေပၚက လူေတြမျမင္နိုင္ၾကေပမဲ့ ႐ြာေပၚကလူေတြကေတာ့ ထိုအခ်ိန္မ်ိဳးဆို ေရာင္စုံမီးေတြထြန္းလင္းေနတဲ့ အေဝးကၿမိဳ႕ေလးအား ေငးေမာကာ ၾကည့္ရႉ႕ေနၾကေလတယ္ …

လုယီေလးက ဂိုေယာင္းနဲ႕အတူ ႐ြာသူေတြေဘးမွာထိုင္ရင္း အသီးေတြကိုစားေနတယ္ … မင္းယြီက ႐ြာသူေတြေဘးမွာထိုင္ကာ စကား​ေတြေျပာရင္းေပ်ာ္႐ႊင္ေနေလရဲ႕ … ဖန္းဂူနဲ႕ခ်ဴးရွန္ ရွန္ေဝတို႔က ႐ြာလူႀကီးနဲ႕အတူ ႐ြာဓေလ့ရဲ႕အေၾကာင္းအရာတခ်ိဳ႕ကို နားေထာင္ေနၾကေလတယ္ …

" ဒီအခ်ိန္အခါက အားလုံးအတြက္ ေပ်ာ္႐ႊင္ရဆုံး ပြဲေတာ္ေတြထဲကတစ္ခုအပါအဝင္ေပါ့ …

မႏွစ္ကဆိုရင္ ဒီေလာက္ထိလူမစုံေတာ့ ပြဲကေပ်ာ္စရာသိပ္မေကာင္းခဲ့ဘူး …

ဒီႏွစ္ေလးက သခင္ေလးတို႔မိသားစုေရာဆိုေတာ့ ေမ့မရနိုင္တဲ့ ပြဲရက္ေလးျဖစ္ေနေတာ့မွာပဲ …

အားလုံးရဲ႕ ႏွလုံးသားထဲမွာ အၿမဲသတိရေနၾကေတာ့မွာ "

ဖန္းဂူ ဘယ္ပြဲေတာ္ကိုမွမဆင္ႏႊဲဘူးသလို သူ႕ဘဝဟာ တိုက္ခိုက္မႈေတြနဲ႕သာ က်င္လည္လာခဲ့၍ ခုလိုလွပတဲ့ညခ်မ္းအခ်ိန္ေလးကိုျမင္ေတြ႕ရေတာ့ ႏွလုံးအိမ္ထဲကေန စိတ္ခ်မ္းေျမ့မႈမ်ားရရွိကာ အားလုံးရဲ႕အခ်စ္ကိုပါ ရရွိလိုက္ရေတာ့ ဘဝရဲ႕ေအးခ်မ္းမႈဆိုတာကို ေတြ႕ရွိသြားေလတယ္ …

ကို႔စိတ္အရာအားလုံးကိုလႊတ္ခ်ကာ ဒီလိုေနရာမ်ိဳးမွာ ထာဝရေနထိုင္ခြင့္ရရင္ဘယ္ေလာက္ေကာင္းမလဲ ေတြးလိုက္ျပန္ေတာ့ မၿပီးဆုံးေသးတဲ့ကိစၥေတြက သူ႕အား သတိေပးေနသေယာင္ …

လဟာ ကြယ္ေပ်ာက္ေနၿပီး ေကာင္းကင္ယံမွာ ၾကယ္ေတြကလြဲၿပီး ဘယ္အရာမွရွိမေနေပ … ပြဲေတာ္ရက္က ဘာေၾကာင့္ လကြယ္ညမွာေ႐ြးလုပ္လဲမသိေပမဲ့ ထိုအေမွာင္ကိုၿဖိဳခြင္းဖို႔ ေရာင္စုံမီးေတြထြန္းညွိ မီးပုံေတြတည္ထားတာကေတာ့ သဘာဝက်ပါေပတယ္ …

ခုေတာ့ ႐ြာထဲကမီးေရာင္ေတြလဲ တေျဖးေျဖးကြယ္ေပ်ာက္သြားသလို ၿမိဳ႕ေပၚကမီးေတြဟာလဲ ထက္ဝက္ေလာက္က ၿငိမ္သြားေလၿပီ …

မင္းယြီတို႔စကားဝိုင္းေလးက ဆူညံေနဆဲျဖစ္သလို အားလုံးရဲ႕အလယ္မွာ ၿပဳံးေနတဲ့ မင္းယြီကိုျမင္ရေတာ့ ဖန္းဂူေရွ႕ဆက္ေလွ်ာက္မဲ့ ဘဝခရီးလမ္းကို စဥ္းစားမိသြားျပန္တယ္ …

ဒီမွာဘယ္ေလာက္ပဲေပ်ာ္ေနပါေစ ဧည့္သည္ဆိုတာ ျပန္ရစၿမဲပဲ … ေနာက္ထက္ေလွ်ာက္မဲ့လမ္းက ၾကမ္းတမ္းမလား ဆိုတာ ဘယ္သူမွမသိနိုင္ဘူး …

ဖန္းဂူတိတ္ဆိတ္ေနေတာ့ ႐ြာလူႀကီးနဲ႕ခ်ဴးရွန႔္ စကားေျပာေနတာကိုရပ္သြားၿပီး အေတြးေပါင္းမ်ားစြာနဲ႕ မီးပုံရဲ႕အလင္ေတြထင္ဟပ္ေနတဲ့ လွပဆုံးေသာမ်က္ႏွာေလးကို ေငးေမာေနတဲ့ ဖန္းဂူအား ၾကည့္လိုက္ၿပီး တိတ္ဆိတ္သြားၾကေလတယ္  …

ထိုစဥ္ လုယီေလးက မ်က္လုံးပြတ္ခါျဖင့္ ဖန္းဂူထံေလွ်ာက္လာၿပီး …

" ဒယ္ဒီ … YiYi အိပ္ခ်င္တယ္ "

အခ်ိန္က ၉ နာရီခြဲၿပီမို႔ ကေလးတစ္ေယာက္ရဲ႕အိပ္ခ်ိန္ကိုေက်ာ္လြန္ေနေလၿပီ … ဖန္းဂူ ေပ်ာ္႐ႊင္ေနတဲ့မင္းယြီကိုလဲ မေႏွာက္ယွက္ခ်င္၍ သားေလးကို သူအနား ဆြဲေခၚလိုက္တယ္ … ထိုအခါ လုယီေလးက ဖန္းဂူ အကၤ်ိကိုဆြဲလိုက္ၿပီး …

" YiYi ဒယ္ဒီတို႔နဲ႕အိပ္မယ္ …

YiYiနဲ႕ပါပါးကို ခြဲမထားပါနဲ႕ "

ဖန္းဂူ႐ုတ္တရပ္ ႏွလုံးအိမ္ေလးလႈပ္ခါသြားေလတယ္ … ဒီျမင္ကြင္းေလးက သူ႕ဘဝနဲ႕တူညီေနတဲ့အျပင္ ကြၽန္ေပၚမွာေနခဲ့စဥ္က သူ႕ဒယ္ဒီကို အတူတူအိပ္ဖို႔ ေျပာခဲ့တဲ့အခ်ိန္ေလးနဲ႕ တူညီေနတယ္ …

လုယီေလးရဲ႕အၾကည့္ေတြက ဝမ္းနည္းမႈတို႔ ပါရွိေနၿပီး သူ႕ကိုျပစ္မထားဖို႔ ေတာင္းဆိုေနသေယာင္ … ကေလးတစ္ေယာက္အတြက္ ညအေမွာင္ထဲမွာ အိပ္ဆက္လွ်င္ မိဘရဲ႕ေႏြးေထြးမႈက အလူံၿခဳံဆုံးဆိုတာ ဖန္းဂူအသိဆုံး … သူလဲအၿမဲေမွ်ာ္လင့္ခဲ့ရတာမို႔ …

သူငယ္ငယ္က မခင္နဲ႕ဖခင္ ကြၽန္းကိုျပန္လာတိုင္း သူ႕ကိုခြဲမထားဖို႔ အတူေနခ်င္တယ္ဆိုၿပီးေျပာခဲ့ေပမဲ့ အခ်ိန္တန္ေတာ့ အဖြာရဲ႕ရင္ခြင္ကလြဲၿပီး ဘယ္သူမွသူ႕ကိုမိဘရဲ႕ေႏြးေထြမႈဆိုတာမေပးခဲ့ၾကဘူး …

သားေလးရဲ႕အျဖစ္က သူ႕ဘဝနဲ႕တူေနေတာ့ ဖန္းဂူ႐ုတ္တရပ္ လုယီေလးကို ရင္ခြင္ထဲဆြဲေပြ႕ကာ တင္းေနေအာင္ေပြ႕ဖက္ထားမိေလေတာ့တယ္ …

" အတူေနရမွာေပါ့ …

သားရယ္ ဒယ္ဒီရယ္ ပါပါးရယ္ အတူေနၾကမယ္ "

" YiYiကို ထပ္ၿပီးခြဲထားမွာလားဟင္ "

" မခြဲထားေတာ့ဘူး …

သားကဒယ္ဒီနဲ႕ပါပါးအနားမွာပဲအၿမဲေနရမယ္ …

သားေလးကိုတစ္ေယာက္ထည္းျပစ္မထားေတာ့ဘူး …

လုယီေလး ဒယ္ဒီကိုမမုန္းဘူးမဟုတ္လား "

႐ုတ္တရပ္ေႏြးေထြးမႈေလးကိုခံစားလိုက္ရေတာ့ လုယီလက္ေသးေသးေလးေတြက ဖန္းဂူပခုံးကိုဖက္သြယ္လိုက္ၿပီး …

" YiYi ေပ်ာ္တယ္ …

ဒယ္ဒီကYiYi ရဲ႕ဒယ္ဒီ …

YiYiနဲ႕ပါပါးကို အမ်ားႀကီးခ်စ္ေပး "

ခ်ဴးရွန႔္ လုယီေလး သခင္ျဖစ္သူအေပၚခင္သြယ္ကာဖခင္မွန္းသိၿပီးေႏြးေထြးစြာဆက္ဆံတာကိုျမင္ရေတာ့ မ်က္ရည္မ်ားပင္ဝဲမိလာတယ္ …

ဖန္းဂူ လုယီေလးကိုေပြ႕ခ်ီလိုက္ၿပီး မင္းယြီကိုတစ္ခ်က္ၾကည့္ကာ ေပ်ာ္ေနတာကိုမေႏွာက္ယွက္ခ်င္၍ ခ်ဴးရွန႔္ကိုမွာခဲ့ၿပီး အခန္းေလးထဲသြားႏွင့္ေလေတာ့တယ္ …

လုယီေလးက ဖခင္နဲ႕အတူ အိပ္ရမွာမို႔ ၿပဳံးေပ်ာ္ေနၿပီး သူ႕အတြက္အိပ္ယာခင္းေပးၿပီးသြားေတာ့ ကုတင္ေပၚဝင္လွဲကာ သူ႕ရဲ႕ေဘးမွာ လာထိုင္ေနတဲ့ ဖန္းဂူ လက္ေလးကို ဆြဲလိုက္တယ္ …

တစ္စုံတစ္ခုကို ပူဆာခ်င္ေနတဲ့ လုယီေလးကိုျမင္ရေတာ့ ဖန္းဂူႏူးညံ့ေသာေလသံေလးနဲ႕ေမးၾကည့္လိုက္တယ္ …

" လုယီေလးက ဘာလိုခ်င္ေသးလို႔လဲ "

" ဒယ္ဒီ … YiYi ကို ပုံပုံေျပာျပ "

" ပုံျပင္လား … ဒယ္ဒီမွမေျပာတတ္တာ "

" YiYi ငါးႀကီးအေၾကာင္းသိခ်င္တယ္ …

ဒယ္ဒီငါးႀကီးပုံပုံေျပာျပ "

ဖန္းဂူက ကေလးေတြနဲ႕ ေနေလ့မရွိသလို သူကိုယ္တိုင္ကလဲ ကေလးဆိုၿပီး မခြၽဲဖူးခဲ့ေတာ့ လုယီေလးေတာင္းဆိုမႈကိုလက္ခံဖို႔ အၾကာႀကီး စဥ္းစားလိုက္ရတယ္ .…

အရင္အခ်ိန္က ပုံျပင္စာအုပ္ဖတ္ျပရတာမို႔မခဲရင္းေပမဲ့ ကိုယ္တိုင္ဖန္တီးၿပီး ကေလးငယ္စိတ္ဝင္စားေအာင္ေျပာျပဖို႔က အေတြ႕အႀကံမရွိတဲ့ သူ႕အတြက္ ခဲရင္းလွတယ္ … လုယီေလးက စိတ္မရွည္ေတာ့ပဲ …

" ဒယ္ဒီက YiYi ကိုခ်စ္ဘူးလား "

" လုယီေလးကို ခ်စ္တာေပါ့ "

" ဒါဆို ဒယ္ဒီငါးႀကီးပုံပုံေျပာျပ …

YiYiကိုခ်စ္ရင္ေျပာျပ "

ဘယ္တုန္းကမွ အခက္မခဲမရွိဖူးခဲ့တဲ့ Lion ဟာ သားေလးစိတ္ဝင္စားလာမည့္ အိပ္ယာဝင္ပုံျပင္ေျပာျပရန္ စဥ္းစားရာ၌ လူသတ္ဖို႔ထက္ပင္အဆတစ္ရာေလာက္ ခက္ခဲေနခဲ့တယ္ …

ေနာက္ဆုံး ဖန္းဂူ လုယီေဘးဝင္လွဲလိုက္ၿပီး သားေလးေခါင္းကို သူ႕ရဲ႕လက္ေမာင္းေပၚတင္ကာ အတတ္နိုင္ဆုံး ႀကိဳးစားၿပီး ေျပာျပရေလေတာ့တယ္ …

" ငါးႀကီးပုံျပင္ေျပာျပေတာ့မယ္ ေသခ်ာနားေထာင္ေနာ္ "

" ဟုတ္ "

လုယီေလးက စိတ္ဝင္တစားၿငိမ္သက္စြာနားေထာင္ေနမွန္းသိလိုက္ရေတာ့ ဖန္းဂူစတင္ေျပာျပေလေတာ့တယ္ …

" ဟိုးေရွးအခါက ပင္လယ္ျပင္ႀကီးထဲမွာ ကူးခပ္ေနၾကတဲ့ ငါးမိသားစု ၃ ေကာင္ရွိၾကတယ္ …

ငါးေဖေဖႀကီးနဲ႕ ငါးေမေမႀကီးက အစားအစာရရွိဖို႔ သြားရွာေဖြမယ္ဆိုၿပီး ငါးေသးေသးေလးကို သူတို႔ရဲ႕ေရလယ္က အိမ္ေလးထဲမွာတစ္ေယာက္ထည္းထားခဲ့တယ္ …

ငါးေသးေသးေလးက အသက္ႀကီးၿပီျဖစ္တဲ့ငါးအဖြားအိုႀကီးနဲ႕အတူ ေနထိုင္ခဲ့ရရွာတယ္ "

" ဒါဆို ငါးေသးေသးေလးက မာမားနဲ႕ဒယ္ဒီကိုလြမ္းေနဘူးလား "

" လြမ္းတာေပါ့ … သူ႕မိဘေတြျပန္လာေတာ့ ငါးေလးေပ်ာ္ျမဴးၿပီးခုန္ကေနရွာတယ္ေလ …

ဒါေပမဲ့ ငါးေမေမနဲ႕ေဖေဖက ေလာဘမတတ္နိုင္ပဲ ထပ္ၿပီးအစားရွာဖို႔ထြက္သြားျပန္တယ္ …

ငါးေလးက အစား​ေတြနဲ႕အသက္ရွင္နိုင္ေပမဲ့ မိဘေတြရဲ႕စြန႔္ျပစ္မႈေၾကာင့္ စိတ္ဒုကၡေရာက္သြားရွာတယ္ …

ေနာက္ဆုံး သူ႕ကိုေစာင့္ေရွာက္ေပးတဲ့အဖြားဆုံးသြားေတာ့ ငါေလးရင္ကြဲနာက်သြားတယ္ "

" ဒါဆို ငါးငါးက ေသသြားတာလားဟင္ "

" မေသပါဘူး … ငါးေလးကႀကံ့ခိုင္တယ္ …

အဖြားဆုံးသြားလို႔ဝမ္းနည္းေပမဲ့ သူ႕ကိုျပစ္သြားတဲ့ မိဘေတြကိုအခ်ိန္ျပည့္ေမွ်ာ္ေနခဲ့တာ "

" ျပန္လာေခၚလားဟင္ "

" အင္း … ျပန္ေခၚသြားတယ္ …

ဒါေပမဲ့ အဖြားကေတာ့ လိုက္မလာနိုင္ခဲ့ဘူး …

ငါးေလးကို ထာဝရျပစ္ခြာသြားၿပီ …

သူကိုဂ႐ုစိုက္ေပးတဲ့သူမရွိေတာ့ဘူး "

" YiYiသနားလိုက္တာ … ငါးငါးေလးငိုေနမွာ …

ဒယ္ဒီ ငါးငါးေလးကဘယ္မွာလဲဟင္ "

" လုယီေလးက ဘာလုပ္မလို႔လဲ "

" YiYi ဖက္ထားမို႔ … ငါးငါးေလးကို ဘယ္သူမွဂ႐ုမစိုက္လဲ YiYiဂ႐ုစိုက္ေပးမယ္ "

စကားတတ္လြန္းၿပီး စိတ္ႏွလုံးသားျဖဴစင္လြန္းတဲ့သားေလးကိုၾကည့္ၿပီး ဖန္းဂူၾကည္ႏူးမဆုံးေတာ့ေပ …

" ခု ငါးေလးက အႀကီးႀကီးျဖစ္သြားၿပီ …

ၿပီးေတာ့ သူ႕မွာ ခ်စ္စရာေကာင္းတဲ့မိသားစုေလးရွိသြားၿပီ … ေနာက္ထပ္ခ်စ္စရာေကာင္းတဲ့ငါးေသးေသးေလးနဲ႕ခ်စ္စရာေကာင္းတဲ့ငါအေဖာ္ေလးနဲ႕အတူေနတယ္ …

ငါးေလးအထီးမက်န္ေတာ့ဘူး … လုယီေလးလဲအိပ္ေတာ့ "

အဆုံးသတ္ေလးက ေပ်ာ္႐ႊင္စရာေကာင္းေနတာမို႔ လုယီေလး ၿပဳံးသြားၿပီး ဖန္းဂူရင္ခြင္ထဲေခါင္းကပ္ကာ အိပ္ေပ်ာ္သြားေလေတာ့တယ္ … သားေလးအိပ္ေပ်ာ္သြားေတာ့မွ ဖန္းဂူ လုယီႏွဖူးေလးကို နမ္းလိုက္ၿပီး သူ႕ရဲ႕ရင္ခြင္ထဲကသားေလးကို ဖက္သြယ္ကာ အိပ္ဆက္လိုက္ေလေတာ့တယ္ …

အားလုံးတိတ္ဆိတ္သြားေတာ့မွ တံခါးပြင့္သံထြက္ေပၚလာၿပီး ေျခသံတစ္စုံက ကုတင္ေလးထံဦးတည္ကာ သားေလးကိုေပြ႕ဖက္ကာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ ဖန္းဂူကို ေငးၾကည့္ေနေလတယ္ …

မင္းယြီ ဖန္းဂူနဲ႕လုယီျပန္သြားကတည္းက အေနာက္ကတစ္ပါတည္းပါလာေပမဲ့ ဖန္းဂူ သားေလးကိုဘယ္လိုသိပ္မလဲသိခ်င္၍ အျပင္ကေန ေခ်ာင္းၾကည့္ေနတာျဖစ္ၿပီး ဖန္းဂူရဲ႕ငါးေလးပုံျပင္ကိုလဲ အစဆုံးၾကားသြားခဲ့တယ္ …

အထီးက်န္ေနခဲ့ရွာတဲ့ငါးေလးက ခုခ်ိန္မွာ ေပ်ာ္႐ႊင္စရာမိသားစုေလးကိုပိုင္ဆိုင္နိုင္ၿပီဆိုတဲ့စကားက မင္းယြီအခ်စ္ေတြကို ပို၌ နိုးထေစခဲ့ၿပီး အရင္ကထက္ပိုၿပီး ဖန္းဂူအေပၚဂ႐ုစိုက္ေပးဖို႔ ဆုံးျဖတ္လိုက္ေလတယ္ …

မင္းယြီကုတင္ေပၚတက္ကာ သားေလးနဲ႕ဖန္းဂူအေပၚ ေဆာင္လႊမ္းၿခဳံႀကီးေနာက္ ဖန္းဂူရဲ႕ ပါးေလးကို ကုန္းကာ နမ္းလိုက္ၿပီး သားအဖ ၂ ေယာက္ကို ဖက္ထားကာ ဝင္လွဲလိုက္ေလတယ္ …

ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ဖန္းဂူမ်က္ႏွာက တည္ၾကည္ကာေခ်ာေမာလြန္းလွၿပီး မင္းယြီအေတာ္ၾကာ အၾကည့္မလႊဲနိုင္ခဲ့ဘူး … ေနာက္ဆုံးအခန္းထဲကမီးၿငိမ္းသြားၿပီး အားလုံးအေမွာင္က်သြားေတာ့မွ မင္းယြီလဲ အိပ္ဆက္လိုက္ေလေတာ့တယ္ …

ထိုညက လုယီေလး မင္းယြီတို႔အခန္းမွာအိပ္ရၿပီး ခ်ဴးရွန႔္တို႔အခန္းမွာေတာ့ ရွန္ေဝကၾကမ္းျပင္မွာအိပ္ကာ ခ်ဴးရွန႔္က ကုတင္ေပၚမွာအိပ္ၿပီး ရွည္လွ်ားတဲ့ညကိုျဖတ္သန္းရင္း မနက္ျဖန္ ပန္းပြဲေတာ္ကို ရင္ခုန္စြာနဲ​့ ေစာင့္ေမွ်ာ္ေနရေလေတာ့တယ္ …

.

.

.

.

To Be Continued

( တကယ္ပါကြယ္ အရွည္ႀကီးေရးပါမယ္ဆိုမွ ရာသီဥတုကကို႔ဘက္မွာရွိမေနဘူး … စိတ္ဆိုးလဲခံရမွာပဲ ဒီညေတာ့ဒီေလာက္ေလးပဲတင္ေပးနိုင္ေတာ့တယ္ … fb accက်ၿပီး ေရးေနရင္းတန္းလန္းပ်က္သြားတယ္ … fb ကပို႔စ္လဲတင္မရဘူး ၃ ရက္ပိတ္သြားတယ္ …

Fic နဲ႕ပတ္သပ္ၿပီးေျပာရမယ္ဆိုရင္ ၃ ပိုင္းခြဲထားပါတယ္ေနာ္ … S1 ကၿပီးသြားၿပီ အဲ့ဒါက ဘီတာ အယ္ဖာ အိုမီဂါေတြအေၾကာင္းပါသလို တိုက္ပြဲေတြကိုေျဖရွင္းတဲ့အပိုင္း …

S2 ေလးက ဘီတာ အိုမီဂါ အယ္ဖာေတြအေၾကာင္းသိပ္မပါပဲ ဖန္းဂူရဲ႕ေျပာင္းလဲသြားတဲ့ပုံစံအသစ္နဲ႕ မိသားစုေလးကိုရရွိတဲ့အပိုင္းေလး … ခု S2 က ႐ြာေလးကေနျပန္သြားၿပီးရင္ ဇာတ္သိမ္းေတာ့မွာပါ … ႐ြာေလးကေန အၿပီးတိုင္ ႏႈတ္ဆက္ထြက္ခြာျခင္းနဲ႕ေပါ့ …

S3 ေလးက ဖန္းဂူရဲ႕ရိုေနမႈေတြနဲ႕ မိသားစုကိုေစာင့္ေရွာက္ပုံ ႏွစ္ဖက္မိဘေတြသေဘာတူညီေအာင္ႀကိဳးစားၿပီး ဇာတ္လမ္းတစ္ခုလုံးရဲ႕ျမႇုတ္ကြက္ေတြကိုေဖာ္ထုပ္ၿပီး အၿပီးသတ္ရမဲ့ ေနာက္ဆုံးခန္းေလးပါ … ဒါေၾကာင့္မို႔ ဆက္လက္အားေပးဖို႔ေမွ်ာ္လင့္ရင္း ဒီေန႕ေတာ့ ဒီေလာက္ေလးနဲ႕ပဲ ႏႈတ္ဆက္ခဲ့ပါတယ္ … 🙆‍♀️

ဒါဒါေလးေတြရဲ႕ Starနဲ႕အားေဆးမန႔္ေလးေတြကိုေမွ်ာ္လင့္ရင္း … 🥰 တစ္ပတ္သာပင္ပန္းမႈေတြကို ေမ့ေပ်ာက္သြားခ်င္တယ္ 💕 ေဝၚအိုက္နီ🙆‍♀️💕 )


( ကို႔ယြက်ားေျပာသလိုပဲ 💁🧛‍♀️ )

Continue Reading

You'll Also Like

167K 17.4K 109
ဘာသာပြန်သူ - စွဲညို့အသင်း
315K 25.4K 29
Mini Story Uni Life Style Sweet Romance
1.1M 14.9K 23
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
210K 5.5K 58
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...