ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 7(Zawgyi)

5.1K 456 26
By melieee2

Chapter7; စားပွဲခုံကိုထပ်မတိုက်နဲ့။

ယင်းဖြစ်ရပ်ကြောင့် ကုဖေး၏မျက်ခုံးအစုံက ပင့်တက်သွားပြီး နားမှာတပ်ထားတဲ့ နားကြပ်ကိုဖြုတ်၍ ကျန်ချန်ကိုကြည့်လိုက်သည်။

ဤတစ်ယောက်သည်ရုပ်ချောပေမဲ့ဆက်ဆံဖို့ခက်ခဲသည့်သူမျိုးဖြစ်၏။သူက ယခုချိန်တွင်လူသစ်တစ်ယောက်ဖြစ်နေသေးသည့်အပြင်၊ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်၌၊သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေသင့်သည်။

သူ့ရှေ့မှာထိုင်သည့်လူကို ကုဖေးလှမ်းကြည့်လိုက်တယ်။ကျိုးကျင့်တစ်ယောက်ပါးစပ်အ
ဟောင်းသားနှင့် ရှော့ခ်ရနေပုံရသည်။အစောပိုင်းတုန်းက ကြက်ဥကို သူမစားမိလိုက်လျှင် ထိုပွင့်အာနေတဲ့ ပါးစပ်ပေါက်ထဲသို့ပစ်ထည့်
မိလောက်၏။

ဘာပဲဖြစ်ဖြစ်,ကျန်ချန်၏ ထိုကန်ချက်သည် တစ်စုံတစ်ယောက်ကိုရန်စလိုက်ခြင်းဖြစ်၏။ကျိုးကျင့်သည်ဆိုးဝါးလှသည့်အကျင့်စရိုက်များနှင့်ပျက်စီးတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့် မကောင်းသောနည်းလမ်းများကို အလွယ်တကူအသုံးချလာနိုင်သည်။သူ့အကြည့်များကိုညာဘက်သို့ရွေ့လိုက်သည့်အခါ အခြေအနေများက ရန်ပွဲဖြစ်တော့မည့်အလားပင်။

လောင်ရွှိက စာသင်ခုံကိုပုတ်လာသည်။
"ဘာဖြစ်တာလဲ?။ နောက်တန်းမှာ ဘာဖြစ်နေကြတာလဲ?။စာသင်ခန်းထဲမှာနော်,စာသင်ခန်းထဲရောက်နေတာ။ကုဖေး,မင်းဘာလုပ်ပြန်ပြီလဲ။"

ကုဖေး အံ့အားသင့်သွားသည့်အမူအရာ နှင့်သူ့ကိုယ်သူလက်ညိုးထိုးပြလိုက်မိသည်။
" ကျွန်တော်?။"

လောင်ရွှိ ထပ်ဆူငေါက်လာ၏။
"မင်း မဟုတ်ရင် ဘယ်သူလဲ?။အရမ်းပျင်းနေရင်လည်း မင်းသာသာမင်း မနက်စာစားနေ။"

ဘေးပတ်ပတ်လည်စားပွဲခုံတွေဆီမှ ကျောင်း
သားများ၏ရယ်သံများထွက်လာသည့်အခါ၊ကုဖေးကူကယ်ရာမဲ့စွာပင် ရယ်လိုက်မိတယ်။ထို့နောက် သူခေါင်းစောင်း၍ကျန်ချန်ကိုလှမ်း
ကြည့်လိုက်တယ်။

ထိုအခါ လောင်ရွှိက ပြောလာပြန်သည်။
"မင်း သူ့ကို ဘာသွားကြည့်တာလဲ။သူ့အဆင့်တွေနဲ့တင် မင်းတို့အားလုံးကို နောက်ကောက်ချန်ထားခဲ့လို့ရတယ်။"

တစ်တန်းလုံးက "အိုး...."ဟု သံပြိုင်ထွက်လာ
၏။
"ရွှယ်ပါ့....!"

"လောင်ရွှိက အခု အဓိကပြုစုပျိုးထောင်ရမဲ့မျိုးစေ့ကောင်းလေးကိုရသွားပြီပေါ့,အာ.....။"
ကုဖေးသက်ပြင်းချလိုက်မိတယ်။လောင်ရွှိဆိုတဲ့ဆရာက အလုပ်သင်အရည်အချင်းမျှသာရှိသောကြောင့်ဖရိုဖရဲဖြစ်နေသောအတန်းမျိုးကိုသင်ဖူးမှာမဟုတ်ချေ။သူ့၏စကားတစ်ခွန်း
နှင့် ကျန်ချန်ကိုစံနမူနာထားပြီး တစ်တန်းလုံးဆီမှ ခွဲထုတ်ပစ်သလိုဖြစ်သွား၏။

ထိုလောင်ရွှိက သူ့အမေ,သူ့ကိုတမင်ဒုက္ခပေး
ဖို့လွှတ်ပေးလိုက်သည့်သူလျှိုများလားဆိုတဲ့သံသဃနှင့် ကျန်ချန် သူ့ကို လှမ်းကြည့်လိုက်မိသည်။

ဒါပေမဲ့ ,တစ်ခြား ကျောင်းသားတွေ၏ရန်စမှုများကို သူကြောက်နေမှာမဟုတ်ချေ။အတန်းထဲသို့စပြီးဝင်လာချိန်တုန်းကကဲ့သို့ သူ့ဒေါသတွေကို ထိန်းချုပ်ထားမှာမဟုတ်ဘူး။ဒါပေမဲ့အတန်းပိုင်ဆရာတစ်ယောက်က ဖရိုဖရဲနိုင်
သည့်စာသင်ခန်းထဲမှာ သူ့အဆင့်တွေကိုချီး
ကျူးနေတာမျိုးမလိုချင်ပေ။

သူတို့ ပြောနေကြသည့် "ရွှယ်ပါ့" ဆိုသည့် စကားနှစ်လုံး၏စာလုံးတစ်လုံးချင်းစီတိုင်းတွင်လှောင်ပြောင်သရော်မှုတွေပါနေ၏။

"တော်လောက်ပြီ။ "
လောင်ရွှိက လည်ချောင်း ရှင်းလာသည်။
" သင်ခန်းစာ ပြန်ဆက်ရအောင်,.ဆရာတို့ဘယ်နားရောက်သွားပြီလဲ?။"

အစောပိုင်းတွင်, လောင်ရွှိသင်သည့် သင်ခန်း
စာများကို သူကောင်းကောင်းနားမထောင်ခဲ့ရတာဖြစ်ပြီး၊ယခုတွင်မူ သူ စာလိုက်နားထောင်ချင်စိတ်မရှိတော့ချေ။သူ စားပွဲပေါ်မှာမှောက်အိပ်ပြီး အိပ်ကပ်မှဖုန်းကိုထုတ်လိုက်တယ်။

အတိတ်တုန်းကဆိုလျှင် ,စာသင်ခန်းထဲတွင်ဖုန်းကိုသူခိုးလိုမျိုးသုံးရခြင်းဖြစ်သည်။ဖုန်းသံနှင့်မီဒီယာအသံကိုလည်း ကြိုပိတ်ထားဖို့ လိုအပ်သည်။ထို့နောက်နားကြပ်ကြိုးမတပ်ခင် နားကြပ်ကြိုးကို အကျီတီရှပ်အောက်မှာအရင်ဖုံးထားပြီးမှ တပ်ခဲ့ရခြင်းဖြစ်သည်။

သူတို့ အတန်းပိုင်ဆရာ၏ စားပွဲခုံအံဆွဲသည်အသိမ်းခံထားရသည့်ဖုန်းများနှင့်ပြည့်လျှံနေလျှက်ရှိသည်။အသိမ်းခံထားရသည့်ဖုန်းများနှင့်ဆိုလျှင် လမ်းမကြီးပေါ်တွင် second ဖုန်း
အရောင်းဆိုင်ပင် ဖွင့်လို့ရနေပြီဖြစ်၏။

ဒါပေမဲ့ စီကျုံးကျောင်းက ထူးဆန်းနေသည်။
ကျန်ချန် ကုဖေးကို လှည့်ကြည့်လိုက်မိတယ်။ ကုဖေးသည်ခုံဇောင်းအကန့်ပေါ်မှာ သူ့ဖုန်းကို တင်ထားပြီး နားကြပ်တပ်၍ထိုင်ခုံကိုကျောမှီထားပြီးလက်နှစ်ဖက်ပိုက်လျှက်သက်တောင့်သက်သာနှင့် ဗီဒီယိုကြည့်နေလျှက်ရှိသည်။

ကျန်ချန် စားပွဲခုံပေါ်မှာ မှောက်ပြီးအိပ်လိုက်တယ်။ လောင်ရွှိက ဗုဒ္ဓဆင်းတုတော်တွေနှင့်ပတ်သတ်သည့်သင်ခန်းစာကိုသင်နေပြီး၊သူ့ဘေးပတ်ပတ်လည်တွင်အမျှင်မပြတ်စကား
ပြောနေကြသောအသံများနှင့်ညံနေလျှက်ရှိသည်။ ဘယ်အခါမျှ အဆုံးမသတ်နိုင်သည့် စကားသံများသည် သူ့ကို ပျင်းရိလာအောင်လုပ်နေကြသည်။

တကယ်ပျင်းစရာကောင်းတယ်။

သူ ဖုန်းကိုကြည့်ပြီး ဖန်းကျိဆီသို့မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်တယ်။

-မြေးလေး။

-ဖိုးဖိုး,မင်းတို့ အခုဘာအတန်းချိန်လဲ...?

-ဘာသာရပ်နှင့်ရသစာပေချိန်,မင်းတို့ရော?

-အင်္ဂလိပ်ချိန်,လောင်ဗီကငါတို့ကိုရုတ်တရက် စာမေးပွဲထစစ်နေတယ်။ ငါတော့ သေပြီ။

-ဒါက ပုံမှန်စာမေးပွဲပဲမဟုတ်ဘူးလား?။
သေစရာ ဘာအကြောင်းရှိလို့လဲ..?။

-ငါမှ မေးခွန်းတိုင်းကိုမဖြေနိုင်တာ။ပြီးတော့ လောင်ဗီကပြောသေးတယ်။ငါတို့သာအဖြေကို လေးလေးနက်နက်စဉ်းစားကြမယ်ဆိုရင် အဖြေမှန်ရှာတွေ့နိုင်တယ်တဲ့။ငါ့အထင်တော့ သူ့မှာဖုံးကွယ်ထားတဲ့အစီအစဉ်ရှိနေလောက်
တယ်။

ဖန်းကျိသည် သူ့ဆီဓာတ်ပုံတစ်ပုံပို့လာသည်။
သူ ပို့လာသည့်ပုံကို ကြည့်ပြီး ကျန်ချန် သက်
ပြင်းချလိုက်တယ်။ထိုပုံသည်ပညာသားပါပါသည့်တြိဂံပုစ္ဆာများနှင့်multiplechoiceမေး
ခွန်းစာရွက်ဖြစ်၏။မေးခွန်းစာရွက်ကြည့်ရုံနှင့်နွေအားလပ်ရက်တစ်ပတ်လုံး ဖုန်းနှင့်တာ့တာပြထားရမည့်မေးခွန်းစာရွက်များဖြစ်ကြောင်းအတပ်ပြောနိုင်သည်။

သူ အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး မေးခွန်းစာရွက်များကိုအကြီးချဲ့ပြီးကြည့်လိုက်တယ်. ထို့နောက်မေးခွန်းများကိုကြည့်ပြီး စာအုပ်ထဲတွင်အဖြေတွေကိုချရေးလိုက်သည်။မေးခွန်း နှစ်ခု ဖြေပြီးချိန်တွင်၊ ဖန်းကျိသည် သူ့ထံသို့ နောက်သုံးပုံဆက်တိုက်ပို့လာ၏။ထိုပုံများကို ကြည့်ပြီး သူ ပြောစရာစကားမဲ့သွားတယ်။

Fuckkkkk !အဲ့ကောင်က multiple choice မေးခွန်းအားလုံးပို့မှာတော့မဟုတ်ဘူးမလား...

-ခဏစောင့်။

သူ ဖန်းကျိမက်ဆေ့ခ်ျ ပို့ပေးပြီးနောက်တွင် မေးခွန်းတွေကိုပြန်ကြည့်လိုက်တယ်။

တကယ်တမ်းတွင်,ထိုမေးခွန်းများသည်ခက်ခဲသည့်မေးခွန်းမဟုတ်တာကြောင့် သူအနေနှင့် အဖြေတွေကိုခန့်မှန်း၍ရ၏။ဒါပေမဲ့,ဖန်းကျိ ဘာကြောင့်အဖြေမထုတ်နိုင်မှန်း သူတကယ်နားမလည်နိုင်ဘူး။

သူ့ပတ်ဝန်းကျင်သည် ဆူညံနေဆဲဖြစ်သည်။လောင်ရွှိ၏သည်းခံနိုင်စွမ်းကို သူ လေးစားမိတယ်။ဘာပဲဖြစ်ဖြစ်,ဆရာတစ်ယောက်အနေနှင့် ဒီလိုမျိုးဖရိုဖရဲနိုင်သည့်အတန်းတစ်တန်းကိုတာဝန်ယူဖို့ဆိုလျှင် သူ့သည်းခံနိုင်စွမ်းက အတော်ကောင်းနေမှ တာဝန်ယူနိုင်လိမ့်မည်။

အရင်အထက်တန်းကျောင်းပထမနှစ်တုန်းက ဓာတုဗေဒဆရာမဆိုလျှင်သည်းခံနိုင်စွမ်းမရှိခဲ့တာကိုသူမှတ်မိနေသေးတယ်။အတန်းထဲ၌
တစ်ယောက်ယောက်၏ စကားပြောသံကြား
သည်နှင့်သူမကသူ့ကိုချက်ချင်းဆူလိမ့်မယ်။စကားပြောနေသည့်ကောင်မလေး၏အသံကို နားထောင်ရင်းနှင့်ကျန်ချန်အံ့သြလာမိတယ်။တကယ်ဆို, လောင်ရွှိက သူမကိုဆူခဲ့သင့်တာဖြစ်သည်။အကယ်၍လောင်ရွှိသူမကိုဆူလျှင်
အတန်းထဲမှာစာစိတ်မဝင်စား၊စကားများချင်နေသည့်သူဟာ သူမတစ်ယောက်တည်း ဖြစ်သွားပေလိမ့်မည်။

လောင်ရွှိက အံ့ဖွယ်ပဲ !

မေးခွန်းများဖြေပြီးနောက်တွင် သူ လောင်ရွှိကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။လောင်
ရွှိသည် အတန်းထဲမှာစကားပြောနေခြင်းကို အသာတကြည်ခွင့်ပြုပေးထား၏။သူသည်အတန်းထဲမှာလမ်းပတ်ပြီးမလျှောက်သည့်အပြင် ထိုင်နေရင်းနှင့် သင်ခန်းစာကို ဆက်သင်နေလျှက်ရှိသည်။

တီ..တီ...တီ...

ဖန်းကျိက တစ်မှတ်တန်မေးခွန်းများပို့သည့်အတွက်သူ့အနေနှင့်ဖြေဖို့ရန်အချိန်သိပ်မယူရလိုက်ချေ။သူတို့နှစ်ယောက်၏စကားပြော chat boxသို့အဖြေများပို့ပေးပြီးနောက်တွင်
သူ နာရီကိုကြည့်လိုက်တယ်။ အတန်းချိန်ပြီးဖို့မိနစ်အနည်းငယ်လိုသည်။ဖန်းကျိအတွက် ကူးဖို့ရန်လုံလောက်၏။နောက်ထပ်ပြသာနာအနေနှင့်ဖန်းကျိအပျင်းကြီးလွန်းသည့်အပြင် ကူးရေးဖို့ကိုတောင် ပျင်းနေလောက်သည်။

သူ ဖန်းကျိဆီမက်ဆေ့ခ်ျပို့ပေးပြီးနောက်တွင် Wechatထဲမှmoment sectionထဲသို့ သူဝင်လိုက်သည်။သူ့ရဲ့ချစ်လှစွာသောညီငယ်လေး ကျန်ယိကျွင်းက momentပေါ်တွင် မိသားစု ဓာတ်ပုံတစ်ပုံတင်ထား၏။သူ့နောက်ပါးတွင် မတ်တပ်ရပ်နေသည့်အဖေနှင့်အမေရှိနေပြီး သူတို့ မိသားစုသုံးယောက် ပျော်ရွှင်နေခဲ့ကြသည်။ထိုဓာတ်ပုံကို ကြည့်ပြီး ကျန်ချန် မွန်းကြပ်သလိုခံစားလာရ၏။ထူးဆန်းလှသည့် ခံစားချက်ဆီမှသူရှောင်ပြေးချင်လာမိသည်။

မိသားစုဝင်သုံးယောက်လုံးblockပြီးနောက်
တွင် ကျန်ချန်ဖုန်းကိုအိပ်ကပ်ထဲသို့ပြန်ထည့်လိုက်တယ်။သူ ခေါင်းမော့လိုက်သည့်အချိန်
၌တစ်စုံတစ်ရာသည်သူ့ခေါင်းပေါ်ကျလာ၏။ကျောက်ခဲကဲ့သို့အရာတစ်ခု သူ့ခေါင်းပေါ် သို့ ကျလာသည်ကို သူ သတိထားမိလိုက်တယ်။ထို့နောက် အုတ်တံတိုင်းအနံ့သင်းနေသည့် ဖုန်မှုန့်တွေကို သူ့စားပွဲပေါ်မှာမြင်လိုက်ရသည်။

သူ ဒေါသူပုန်ထပြီး အော်မေးလိုက်တယ်။
"ဘယ်ကောင်လဲ ?။"

သူ့စားပွဲခုံပေါ်တွင်ဖုန်မှုန့်များရှိနေပြီး၊သူ့ဘေး
ပတ်ပတ်လည်တွင်အဖြူရောင်အမှုန့်တွေ ပြန့်ကျဲနေ၏။ ကျန်ချန် သူကိုယ်သူတောင် သတိမထားမိလိုက်ခင်၊ ခေါင်းပေါ်မှ ဖုန်မှုန့်များကို ခါပြီးသည်နှင့်ကုဖေးကိုလှည့်ပြီးကြည့်လိုက်မိတယ်။

ကုဖေး၏ဖုန်းသည်စားပွဲခုံပေါ်မှာရှိနေပေမယ့် ထိုသူသည် ဖုန်းထဲကအကြောင်းအရာတွေကို မြင်နိုင်တော့မဟုတ်ပေ။သူဟာ အစောတည်းကပုံစံအတိုင်းလက်ပိုက်ပြီးထိုင်နေလျှက်သာရှိသော်လည်း သူ့မျက်နှာ နှင့်ခေါင်းတစ်ခုလုံးသည် ဖုန်မှုန့်များကပ်ညှိနေလျက်ရှိသည်။

ကုဖေး၏မျက်နှာအရောင်ကသိပ်ပြီးကောင်းမနေချေ။

သူ မျက်နှာကြက်ဆီမော့ပြီးကြည့်လိုက်သည့်အခါမျက်နှာကြက်ဆီမှတစ်လွှားလွှားကျလာသည့် ဖုန်မှုန့်များကို မြင်လိုက်ရသည်။ သူတို့စားပွဲခုံနှင့်ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျနေတာဖြစ်၏။

သြော်,အဆောက်အဦးအဟောင်းကြီးပဲ။

ထိုအခိုက်တွင် အတန်းချိန်ကုန်ဆုံးကြောင်း ခေါင်းလောင်းမြည်လာ၏။လောင်ရွှိသည် စာအုပ်ကို ပိတ်လိုက်ပြီး
"ဒီနေ့တော့ဒီလောက်ပဲ။မျက်နှာကြက်အမှုန်
ထပ်ကျပြန်ပြီလား?။ဒီနေ့ အတွက် သန့်ရှင်းရေးတာဝန်ကဘယ်သူ့အလှည့်လဲ?။တံမြက်
စည်းလှဲလိုက်ကြဦးနော်။"

လောင်ရွှိထွက်သွားပြီးစက္ကန့်ပိုင်းတွင်းမှာပင် ကျောင်းသားတွေက အနောက်တန်းသို့လှည့်ကြည့်ပြီး ရယ်မောလာကြသည်။ ထိုအခါမဘာတွေဖြစ်နေမှန်း ကျန်ချန် သဘောပေါက်သွား၏။ ကုဖေး၏ မှုန်သုန်နေသောမျက်နှာ၊ခေါင်းလောင်းမြည်ပြီးသည်နှင့်အတန်းသားများ၏ခေါင်းတွေအနောက်သို့လှည့်လာပြီး၊သူတို့မျက်နှာတွင်"ပွဲကြီးပွဲကောင်း စပြီ။"ဆိုသည့် အမူအရာတွေကို သူ အတိုင်းသားမြင်လိုက်ရတယ်။မျက်နှာကြက်သည်ဖုန့်မှုန်များ အမြဲတစေကျနေဖြစ်ပေမဲ့,ယခုတစ်ခေါက်မူ ထိုကဲ့သို့ ရိုးရိုးသားသား မဟုတ်တော့သည့်ပုံပေါ်သည်။

အကျီအိပ်ကပ်ထဲမှ လက်သုတ်ပဝါကိုထုတ်ပြီး စားပွဲခုံပေါ်မှဖုန်များကိုအရင်သုတ်လိုက်ခြင်းအားဖြင့်သူဒေါသတွေကိုထိန်းချုပ်ဖို့ရန် အကူအညီပေးရာရောက်သည်။

ကုဖေးက စားပွဲခုံကိုတွန်းပြီးမတ်တတ်ရပ်ကာ အနွေးထည်အကျီကိုဖုန်ခါပြီး ဝမ်ရွှိတို့ဖက်သို့ လှမ်းကြည့်လာသည်။

"Heyy, တာ့ဖေး စိတ်မရှိနဲ့နော်။"
ဝမ်ရွှိက ကုဖေးပခုံးပေါ် လက်တင်လာ၏။
"မုန့်ဆိုင်သွားရအောင်။ငါမင်းကို အအေးဝယ်တိုက်မယ်။"

သူ့ပခုံးပေါ်မှလက်ကို တွန်းဖယ်ပြီး အနောက်တံခါးမှအခန်းအပြင်သို့ ကုဖေးထွက်ခဲ့လိုက်တယ်။

ဝမ်ရွှိက လှေကားတစ်လျှောက်လုံး သူ့ဘေးနားမှာကပ်လိုက်လာ၏။
"တာ့ဖေး, တကယ် မတော်တဆပါ။"

"အင်း။"
သူ ဝမ်ရွှိနှင့် စကားအများကြီးမပြောချင်ဘူး။ သူ့မျက်လုံးများကအခုထိ ရှင်းရှင်းလင်းလင်း မြင်ရသေးသော်လည်းသူ့ခေါင်းပေါ်ရှိဖုန်တွေကြောင့် ကုဖေး စိတ်ရှုပ်နေသည်။

"ငါက"ဘန်းခနဲ "အသံမြည်အောင်ဆွဲထိုးပစ်လိုက်ချင်တာ။အဲ့ကောင်ကို ဘယ်သူ ဘာလဲ ဆိုတာကိုသိသွားအောင်ပြလိုက်မယ်။"
ဝမ်ရွှိက ဆက်ပြောလာ၏။
"ကျောင်းသားသစ်ကဘယ်လိုလုပ်ပထမဆုံးနေ့မှာတင် မောက်မာရဲရတာလဲ ?။ ငါတို့သာ သူ့ကို ကြိုပြီးမဆုံးမထားရင်, သူက ဒီနေရာရဲ့ကိုယ်ပိုင်စည်းမျဉ်းကို သိမှာမဟုတ်ဘူး။"

ကုဖေး သူ့ကိုဘာတစ်ခွန်းမှပြန်မပြောပဲနှင့် အဆောက်အဦးပထမထပ်သို့ ဆက်ဆင်းသွားလိုက်တယ်။

ဝမ်ရွှိက လှမ်းအော်လာသည်။
"Heyyy ,မုန့်ဆိုင်က ဟိုဖက်မှာလေ။မင်းက ဘယ်သွားနေတာလဲ?။"

"ရူးသွားပေါက်မလို့။"

"ဆရာတွေရဲ့သန့်စင်ခန်းထိ ရူးသွားပေါက်
မလို့လား?။ မဝေးလွန်းဘူးလား။"

"လူရှင်းလို့လေ။"

"ဒါဆို မင်း ရူးပေါက်နေတုန်း ငါ မစ်တီး သွားဝယ်လိုက်မယ်နော်။Assam milk tea ဆိုရင် အဆင်ပြေလား?။"

"မင်းဘာသာမင်းပဲ သောက်လိုက်တော့။"

"ဒါဆို Assam milk tea ပဲနော်။"

ကုဖေးသက်ပြင်းသာချလိုက်မိတယ်။သန့်စင်
ခန်းသည်အားကစားကွင်းဘေးမှာရှိပြီး ဆရာဆရာမများ၏ရုံးခန်းနှင့်လည်းနီးနီးလေးဖြစ်
သည်။ထို့ကြောင့်ကျောင်းသားအများစုသည်
မလာရဲကြပေ။ဆရာတွေလည်း သူတို့ရုံးခန်းထဲမှာသန့်စင်ခန်းသီးသန့်ရှိသောကြောင့်ဒီကို
သိပ်မလာကြသည့်အခါ သန့်စင်ခန်းက တိတ်
ဆိတ်နေ၏။အိပ်ကပ်ထဲမှစီးကရက်ကိုထုတ်
၍ မီးညှိပြီးနောက်တွင် သူ သန့်စင်ခန်းထဲသို့ဝင်လိုက်တယ်။သူ သန့်စင်ခန်းတံခါးဖွင့်ချိန်တွင် လောင်ရွှိကသန့်စင်ခန်းမှ ထွက်လာ၏။

"ရွှိကျုံး ,"
ကုဖေးက ပါးစပ်ထဲတွင်စီးကရက်ခဲထား၍
သူအသံက မပီမပြင်ဖြစ်နေ၏

လောင်ရွှိက သူ့ကို ကြည့်လာသည်။
"ဆရာများသန့်စင်ခန်းထိ ဆေးလိပ်သောက်
တယ်ပေါ့။ဘာလို့ပြသာနာရှာနေတာလဲ။"

ထို့နောက် လောင်ရွှိကအသံတိုးတိုးနှင့်သူ့ကို လက်ညှိုးထိုးပြီးဆက်ပြောလာသည်။
"မင်းက အာဏာပြချင်နေတာလား။ဘယ်သူ့ကိုလာပြီးဟန်ရေးပြနေတာလဲ။"

"ဆေးလိပ်သောက်ရုံနဲ့အာဏာပြတယ်ပေါ့။"
ကုဖေး ရယ်လိုက်ပြီး သန့်စင်ခန်းရေအိမ်ရှေ့တွင်မတ်တပ်ရပ်လိုက်တယ်။
"ရွှိကျုံးကိုအာဏာပြရမလား?။မကြောက်ဘူးလား?။"

"ငါ မင်းကို လေးစားပါတယ်။"
လောင်ရှီုက သူ့ဆေးလိပ်ကို ညွှန်ပြလာသည်။
"အခု လွှင့်ပစ်လိုက်စမ်း။"

ကုဖေးလည်းစီးကရက်ကိုအမှိုက်ပုံးထဲသို့လွှင့်ပစ်လိုက်သည်။ ထို့နောက် ဘောင်းဘီ ဇစ်ကို ဖွင့်ပြီး လောင်ရွှိကိုလှည့်ကြည့်လိုက်တယ်။
"ကျွန်တော်ရူးပေါက်တော့မလို့။"

ထိုအခါ လောင်ရွှိကသက်ပြင်းချပြီး သန့်စင်
ခန်းအပြင်သို့ ထွက်သွားသည်။

ကုဖေး ဘောင်းဘီဇစ်ကိုဖွင့်ပြီး ရူးပေါက်မလို့ လုပ်တုန်း လောင်ရွှိက လမ်းလျှောက်နေရာမှရပ်သွားပြီး လှမ်းပြောလာသည်။
"အစောတုန်းက ကျန်ချန်မလား ?။"

လောင်ရွှိအသံကျယ်ကျယ်သည်သန့်စင်ခန်းထဲမှာ ဟိန်းထွက်လာ၏။

"Fuckkkk!"
လောင်ရွှိအသံကြောင့်ကုဖေးလန့်ဖျပ်သွားပြီး
ရူးဖိနပ်ပေါ်သို့သေးပန်းမိတော့မလိုဖြစ်သွား
၏။
"လောင်ရွှိ ခဏလေး,"

သို့သော် လောင်ရွှိက ထွက်သွားပြီဖြစ်သည်။

ကုဖေး ဘောင်းဘီဇစ်ကိုပြန်ဆွဲတင်လိုက်ပြီး၊စီးကရက်တစ်လိပ်ကိုထုတ်၍ရေအိမ်သာ ကို ဖွင့်လိုက်တယ်။ ထို့နောက် ရေအိမ်သာတံခါးကို ပြန်ပိတ်ပြီး ရေအိမ်ပေါ်မှာ စီးကရက်ထိုင်သောက်နေမိသည်။သူ ဒီနေရာကိုကြိုက်ရတဲ့ အကြောင်းပြသည် တိတ်ဆိတ်ပြီး အနံ့ဆိုး သိပ်မရှိခြင်းကြောင့်ဖြစ်၏။

လောင်ရွှိက အရမ်းတက်ကြွသည့် ဆရာတစ်ယောက်ဖြစ်သည်။ကံဆိုးစွာပင် ထိုတက်ကြွမှုကအတန်းထဲမှာအလုပ်မဖြစ်ချေ။ကျောင်း
သားတစ်ယောက်မျှ သူစာသင်သည်ကို နား
ထောင်ချင် စိတ်မရှိကြပေ။ သူကသူ့ကျောင်း
သားတွေကိုတက်တက်ကြွကြွနှင့်သင်ပေးနေသော်လည်း ဘယ်သူမှပညာမယူကြပေ။

သူ့အစား ကုဖေးတောင် ပင်ပန်းဘာတယ်။

သူ စီးကရက်သောက်ပြီး အပြင်ပြန်ထွက်လာချိန်တွင် လောင်ရွှိကနှင်းကျနေသည့် အပြင်ဘက်မှာ သူ့ကိုမတ်တပ်ရပ်ပြီးစောင့်နေ၏။

အကျီကော်လံကို ဆွဲချရင် ကုဖေးမေးလိုက်တယ်။
"ဘာလို့ သူ့ကိုတစ်ခြားခုံမထိုင်ခိုင်းတာလဲ?။"

"ဘာလို့လဲ,မင်းကသူနဲ့ခုံချင်းကပ်ရပ်အတန်းဖော်မလုပ်ချင်လို့လား။သူငယ်ချင်းမလိုချင်
တာလား?။"
လောင်ရွှိက သူ့ကို ကြည့်လာသည်။
"ကုဖေး, အမြဲတမ်း တစ်ယောက်တည်း
နေတာက မင်းအတွက် မကောင်းဘူး။"

"ကျွန်တော့်ကို လာပြီးဝေဖန်မနေနဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကရွှိကျုံးပြောခဲ့တာကတစ်ကြိမ်ပဲမှန်ဖူးတယ်ဆိုတာကိုမေ့မနေနဲ့ဦး ။"

"အချိန်ကြာလိုက်တာ။ဒီနေ့မှပထမရက်ဘဲရှိသေးတယ်။"
လောင်ရွှိကရယ်ရယ်မောမောနှင့်စကားလမ်း
ကြောင်းလွဲ၍ဆက်ပြောလာသည်။
"ကျန်ချန်ရဲ့အဆင့်က တကယ်ကောင်းတယ်။ သူ့လိုလူမျိုးသာမင်းဘေးခုံမှာထိုင်ရင်၊မင်းဆီ
ကိုကောင်းတာတွေလွှမ်းမိုးလာလိမ့်မယ်။"

အဆင့်ကောင်းတယ်,ကောင်းမွန်တဲ့လွှမ်းမိုးမှု
.....

သူ့ဘေးနားရှိ ကျန်ချန်က စာသင်ချိန်တစ်ချိန်လုံးစားပွဲခုံပေါ်မှာမှောက်ပြီးဖုန်းသုံးနေတာကို သူ ပြန်စဉ်းစားမိသွားတယ်။လောင်ရွှိ ရဲ့ "သူ့အဆင့်တွေကကောင်းတယ်" ဆိုတဲ့ စကားကို လုံးဝမယုံကြည်နိုင်ဘူး။
"ကျွန်တော် အတန်းသွားတော့မယ်။"

"အင်း,အတန်းပြန်တော့။များများသင်ယူခဲ့နော် , များများလေး ။"

သူအတန်းထဲပြန်လာသည့်အခါ၊သူ့အတွက် Assam မစ်တီးဝယ်ထားသည့်ဝမ်ရွှိ၏ထိုင်ခုံဆီသို့ကုဖေးအရင်လျှောက်သွားလိုက်တယ်။

"ကျေးဇူးပဲ။"
ဝမ်ရွှိဆီမှ Assamဘူးကို ယူပြီး သူ့ထိုင်ခုံဆီသို့ လျှောက်လာလိုက်သည်။

ဒုတိယအတန်းချိန်က အင်္ဂလိပ်အချိန်ဖြစ်၏။
အင်္ဂလိပ်စာဆရာ၏ပင်ကိုစရိုက်သည် အသံ
ကျယ်ကျယ်နှင့်ပူညံပူညံ လုပ်တတ်တဲ့သူမျိုးဖြစ်သည်။သူကလောင်ရွှိကဲ့သို့ကျောင်းသားတွေနှင့် ရောရောထွေးထွေးမနေသည့်အပြင်၊ အမြဲတမ်းဆူငေါက်နေတဲ့သူဖြစ်သည်။ဘယ်ကိစ္စဖြစ်ဖြစ် သူတစ်ခါဆူလျှင် နာရီဝက်ကြာ
၏။ကျောင်းသားများနှင့်သူငြင်းခုန်ကြသည့်အခါတွင်လည်း ကျောင်းသားတွေက အမြီးကုပ်သွားကြစမြဲဖြစ်၏။ ထို့ကြောင့် သူ့အချိန်ဆိုလျှင်ရန်စရဲသည့်သူမရှိပဲအတန်းထဲအကုန်
ဝင်ကြရသည်။

သူ့စားပွဲခုံသည် ပုံမှန်အတိုင်းပြန်ဖြစ်နေ၏။ ကျန်ချန်ကသူ့စားပွဲကိုသန့်ရှင်းရေးလုပ်ပေးထားမယ့်သူ မဟုတ်ချေ။ ကုဖေး လမ်းဆက်လျှောက်လာချိန်တွင်၊သန့်ရှင်းရေးအဝတ်ကိုကိုင်ထားသည့် ရီကျင်း ကိုတွေ့လိုက်ရတယ်။
"ကျေးဇူး။"

"ရပါတယ် ,ဒီနေ့က ငါသန့်ရှင်းရေးတာဝန်ကျတဲ့ရက်မလို့ပါ။"
ရီကျင်းကပြောရင်းဆိုရင်း ဆံပင်ကို သပ်တင်
၍ပြုံးပြလာသည်။

သူ ထိုင်ခုံမှာဝင်ထိုင်ပြီးနောက်တွင် ကျန်ချန် ကိုလှည့်ကြည့်လိုက်မိတယ်။ ကျန်ချန်သည် ထိုင်ခုံကိုမှီထိုင်ပြီး ကျောက်သင်ပုန်း ကိုစိုက်ကြည့်နေ၏။ကုဖေးလည်းအစောပိုင်းကြည့်လို့မပြီးသေးသည့် ဇာတ်ကားကိုဆက်ကြည့်ဖို့ရန် ပြင်လိုက်သည်။

သူ့ဇာတ်ကားကအစသာရှိသေးသော်လည်း
ကျန်ချန်က ရုတ်တရက်ကြီးမတ်တပ်ထရပ်လာ၏။

သူကထိုင်ခုံကိုလက်တစ်ဖက်နှင့်တရွတ်တိုက်ဆွဲသွားပြီးကျန်တစ်ဖက်မှာလည်းဖုန်သုတ်တံကို ကိုင်ထားသည်။

ကုဖေး ဝမ်ရွှိကိုလှမ်းကြည့်လိုက်သည့်အခါ၊
ဝမ်ရွှိကဘေးခုံကလူနှင့် ရယ်ရယ်မြူးမြူးစကားပြောနေ၏။

ကုဖေး မျက်မှောင်ကြုတ်လိုက်မိတယ်။

ကျန်ချန်က တိုက်ရိုက်သွားရှင်းမှာလား...?
...

ထိုလူ့နာမည်သည် ဝမ်ရွှိဖြစ်ပြီး ၊ကုဖေး ပြီးလျှင် အတန်းထဲမှာ သူ မှတ်မိသည့် ဒုတိယလူလည်းဖြစ်သည်။

ဝမ်ရွှိထိုင်နေသည့်ခုံနေရာနှင့် သူနေရာသည်စားပွဲခုံတစ်ခုံစာခြားထားသေးသည်။ထို့ပြင်
အတန်းထဲတွင် စားပွဲခုံတွေနှင့်ထိုင်ခုံ တွေကို
ဗရမ်းဗတာ စီထားသည့်အတွက်ကြောင့်၊ သူ ဝမ်ရွှိနေရာထိထိုင်ခုံကိုတရွတ်ဆွဲသွားမယ်ဆိုလျှင် ဆရာတွေ၏စားပွဲကိုကျော်ပြီး ကွေ့ပတ်သွားရမှာဖြစ်၏။ ထိုကိစ္စက သူ့အတွက် ဒုက္ခများလွန်းတယ်။

ထို့ကြောင့် သူ့ထိုင်ခုံကိုလွှတ်ချလိုက်ပြီး၊  သူ့ရှေ့ခုံမှာထိုင်နေသည့် လူနှစ်ယောက်ကို ပြောလိုက်တယ်။
"ဖယ်ပေး။"

ထိုလူနှစ်ယောက်က သူ့ကိုအူလည်လည်နှင့် ကြည့်လာပေမယ့်လည်း၊မတ်တပ်ထရပ်ပြီး အနောက်သို့ဆုတ်သွားကြသည်။

သူတို့ထိုင်ခုံတစ်ခုံကို ကျန်ချန်ဆွဲယူလိုက်ချိန်
တွင်၊ ထိုင်ခုံ ပိုင်ရှင်ကလှမ်းမေးလာ၏။။
"မင်း ဘာလုပ်တာလဲ?။"

ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်တော့ ထိုလူကသူ့ကိုနှစ်မိနစ်မျှစိုက်ကြည့်ပြီးနောက်တွင် အသံတိတ်သွား၏။ တစ်တန်းလုံးကလည်း ထိပ်တိုက်ရန်ဖြစ်ကြတော့မှာလားဆိုပြီး သူ့ကို သိချင်စိတ်အပြည့်နှင့်ကြည့်နေကြသည်။

ဝမ်ရွှိ ဟန်နှင့်ပန်နှင့်မတ်တတ်ထရပ်လာ၏။
"Ohh ,မင်းက ငါ့ခေါင်းကို ရိုက်မလို့လား?။
လာလေ....လာ....ရွှယ်ပါ့လေးက အားလုံးကို အံ့အားသင့်စရာတွေပေးတော့မယ်။"

ကျန်ချန်ဘာစကားမှမပြောပဲ၊တရွတ်တိုက်ဆွဲလာခဲ့သည့်ထိုင်ခုံကို ဝမ်ရွှိအရှေ့တွင်ချိုင်းခနဲအသံမြည်အောင်ပစ်ချပြီး ခုံပေါ် ဖြည်းဖြည်းချင်းတက်လိုက်သည်။ထို့နောက် သူက လက်ထဲမှာကိုင်ထားသည့်ဖုန်သုတ်တံကိုအရှိန်ပြင်းပြင်းနှင့်မျက်နှာကြက်ဆီလှမ်းပစ်လိုက်တယ်. အထူးသဖြင့် ဝမ်ရွှိနေရာအပေါ်တည့်တည့်မှာရှိနေသည့်မျက်နှာကြက်ကိုချိန်ပြီးမှပစ်လိုက်
ခြင်းဖြစ်သည်။

ကျန်ချန် လက်မြောက်လာတဲ့အချိန်တည်းက ဝမ်ရွှိက သတိပြုမိလိုက်သော်လည်း သူလှည့်ထွက်ဖို့ပြင်ချိန်တွင် သူ့ခြေထောက် ပတ်ပတ်
လည်၌ထိုင်ခုံများနှင့်ပြည့်နေ၏။သူကထိုင်ခုံကို ကန်၍အပြင်ထွက်ဖို့လုပ်နေစဉ် ဖုန်သုတ်
တံနှင့် ဖုန်များက သူ့မျက်နှာပေါ်သို့ ကျဆင်းလာတာကြောင့် သူ့ဦးခေါင်းနှင့် စားပွဲခုံသည်အဖြူရောင်ဖုန်များနှင့် ဖုံးလွှမ်းသွားခဲ့သည်။

တစ်တန်းလုံး၏အသံတွေက တိတ်ဆိတ်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် ဖုန်မှုန့်တွေနှင့်ဝေးရာအနောက်သို့ဆုတ်လိုက်ကြသည်။

"Fuckkk,မင်း အယုတ်တမာကောင်။"
ဝမ်ရွှိက ဒေါသတကြီးနှင့် ထိုင်ခုံကို ကန်၍
အရှေ့တိုးလာ၏။

ကျန်ချန် တစ်စက်မှ မရှောင်တိမ်းပဲနှင့် နေရာမှာတင် ရပ်နေခဲ့သည်။ သူအနေနှင့် ဝမ်ရွှိကို အရှက်တကွဲဖြစ်သွားစေဖို့ မရည်ရွယ်သော်
လည်း ဝမ်ရွှိ၏နှာရိုးကို တစ်ချက်ပစ်ထိုးပြီး သွေးထွက်သံယိုဖြစ်စေလိုက်သည်။

ထိုအချိန်တွင် အခန်းအပြင်ဘက်မှ အော်ကြီး
ဟစ်ကျယ်ထွက်လာ၏။
"ဘာဖြစ်နေကြတာလဲ။"

မြေငလျှင်လှုပ်ခတ်သွားသကဲ့သို့အော်ဟစ်နေ
သည့်အသံမျိုးကို ကျန်ချန် အရင်က မကြားခဲ့ဘူးချေ။ ကောင်းကင်ထိအောင် အရှိန်အဟုန် နှင့်ဟိန်းထွက်လာသည့်အသံကြောင့် ဝမ်ရွှိကို ထိုးလိုက်ခြင်းထက်တောင် သူ လန့်သွား၏။

"အဲ့နေရာမှာဘာဖြစ်နေကြတာလဲ။မင်းတို့ဘာဖြစ်နေကြတာလဲ?။ "
သက်လတ်ပိုင်းအရွယ်ဆရာတစ်ဦးသည် သင်ကြားရေးတုတ်တံကို ကိုင်ပြီး ကျန်ချန် ကို မေးလာသည်။
"မင်းက ဘယ်အတန်းကလဲ?။ ဒီအတန်းမှာ ဘာလုပ်နေတာလဲ?။"

ကျန်ချန် ဘာမှ ပြန်မဖြေရသေးခင်မှာပင်
ထိုဆရာသည် ဝမ်ရွှိမျက်နှာဖက်သို့ လှည့်သွားသည်။

"မင်း, မင်းနားကန်းနေလား?။ခေါင်းလောင်းတီးနေပြီလေ။ မင်းက ကန်းနေတာလား?။ငါ့အသံကိုရောရှင်းရှင်းလင်းလင်းကြားလား?။ ကြားကြလား,ကြားကြလားလို့?။"

ထိုနောက် သူက ဝမ်ရွှိ၏အဖြေကိုပင် မစောင့်ပဲလူတိုင်းကို လက်ညိုးတစ်ထိုးထိုးနှင့် ငေါက်
ငမ်းလာသည်။
"မင်းတို့အားလုံးလည်း ပွဲကြီးပွဲကောင်း ကြည့်ဖို့ စောင့်နေကြတာမလား?။ငါ မင်းတို့အတွက်ပွဲလုပ်ပေးရမလား? ။ လက်ခုပ်တီးကြလေ,
ဖြောင်း..ဖြောင်း..ဖြောင်းဆိုပြီး တီးကြလေ။"

ထိုဆရာ၏ဆူပူသံက အဆုံးသတ်သွားသည့်အခါ အတန်း တစ်တန်းလုံးသည်တိတ်ဆိတ်သွားသည်။ဝမ်ရွှိက ဘာမှမပြောပဲ မတ်တတ်
ရပ်နေ၏။ထိုအချိန်တွင် ကျန်ချန် တစ်ခုခုကိုတွေးမိပြီး စိုးရိမ်သွားတယ်။မျက်နှာကြက်မှ ကျလာသည့် ဖုန်များ ထိုဆရာ၏ပါးစပ်ထဲသို့ အလုံးအရင်းနှင့်ဝင်သွားမည်မှာသေချာ၏။

"ကိုယ့်ခုံမှာကိုယ် သွားထိုင်ကြတော့လေ။"
ဆရာက ထပ်ပြီး အော်ငေါက်လာသည်။
"တစ်ယောက်ယောက် လာအခေါ်ကို စောင့်
နေတာလား?။ဘယ်သူ့ကို တံခါးအပြင်ဆွဲ
ထုတ်ပေးရမလဲ?။ ငါ ကိုယ်တိုင် အားလုံး ဆွဲထုတ်ရမလား?။"

အတန်းထဲတွင်ရယ်သံတိုးတိုးနှင့် စကားသံ
များထွက်လာတဲ့အခါ ကျန်ချန်လည်းကိုယ့်
ခုံကိုယ်သို့ ပြန်သွားလိုက်တယ်။

ထိုအခါ ဆရာက လှမ်းမေးလာသည်။
"မင်း,မင်းက ဘယ်အတန်းကလဲ.?။"

"ကျောင်းပြောင်းကျောင်းသား ရွှယ်ပါ့။"
လူတစ်ယောက်ကဝင်ဖြေလာ၏။

ဆရာက သူ့ကို အထက်အောက် သေချာ
ကြည့်လာသည်။
"ကိုယ့်ခုံကိုယ်သွားလေ။တစ်ယောက်ယောက် လာခေါ်ပေးဖို့စောင့်နေတာလား? ဟမ်.?။"

သူ့ရဲ့ဆူသံတွေကို မကြားချင်တာကြောင့်
ကျန်ချန် ကိုယ့်ခုံမှာကိုယ် မြန်မြန် ဝင်ထိုင်လိုက်တယ်။

"အတန်းစမယ်။"
ဆရာက စားပွဲကို ပုတ်လာသည်။
"Good morning everyone!"

အင်္ဂလိပ်အသံထွက်ကိုကြားလိုက်ရချိန်တွင် ကျန်ချန် ကြက်သေသေသွားပြီး၊မထိန်းချုပ်နိုင်စွာရယ်လိုက်မိသည်။

အတန်းစနေချိန်တွင် သူတို့ခုံရှေ့မှာထိုင်သည့်လူက သူတို့ စားပွဲကို သူ့ကိုယ်လုံးနှင့် နောက်တစ်ကြိမ်ပြီးတစ်ကြိမ်တိုက်လာ၏။ယခုတစ်ခေါက်တွင်မူ သူက ကုဖေးကို မဟုတ်ဘဲ ကျန်ချန်ကို စကားပြောလာခြင်းဖြစ်သည်။
"Heyyy ရွှယ်ပါ့,မင်းကအံ့သြစရာပဲ။ဝမ်ရွှိကို ဒီလိုမျိုး ရန်စဝံ့တယ်ပေါ့။"

ကျန်ချန်အသံတိတ်နေသည့်အခါ၊ ကုဖေးက ဝင်ပြောလိုက်တယ်။
"ပါးစပ်ပိတ်စမ်း။"

ရှေ့တန်းက လူက တိုးတိုးလေး ထပ်ပြော၏။
"ချီး, မင်းကို ပြောနေတာမှ မဟုတ်တာ။ "

"သြော်။"
ကုဖေးက ဖုန်းကို စားပွဲခုံပေါ်မှာ ပစ်တင်လိုက်သည်။

ထိုလူသည် ဆရာ ကိုတစ်ချက်လှမ်းကြည့်ပြီး
ကျန်ချန်ကိုနောက်ပြန်လှည့်ကြည့်၍ အလေး
အနက်အသံနှင့်ပြောလာ၏။
"မင်း ပြသာနာ ရှာမိပြီ။ဝမ်ရွှိက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူး။ငါတို့ကျောင်းမှာနောက်
ဖေးတံခါးပေါက်ရှိတယ်ဆိုတာ မင်းသိ......"

ကျန်ချန် သူ့စကားကို ဖြတ်ပြောလိုက်တယ်။
"မင်းနာမည် ဘာလဲ?။"

"ကျိုးကျင့်။"

"ကျေးဇူး။"
ကျန်ချန် သူ့ထိုင်ခုံကိုလက်ညှိုးထိုးလိုက်တယ်။
"စားပွဲခုံကို ထပ်မတိုက်နဲ့တော့။"

"Ohhh,"
ကျိုးကျင့် ထိတ်ထိတ်ပျာပျာနှင့်ခေါင်းငြိမ့်ပြလာသည်။

ကျန်ချန်လည်းပုံနှိပ်စာအုပ်ကိုဖွင့်ပြီးတော့သူ့အကြည့်တွေကို စာအုပ်စီပို့ထားလိုက်တယ်။

ထိုအခါကျိုးကျင့်၏မျက်နှာကတောင့်တောင့်ကြီးဖြစ်သွားပြီး အရှေ့သို့ ပြန်လှည့်သွား၏။

စာသင်နှစ်အစတွင် , သူ့အတွက် အံ့သြစရာ
ကောင်းတဲ့ကိစ္စတွေဖြစ်လိမ့်မယ်လို့ ကျန်ချန် မမျှော်လင့်မိထားဘူး။ သူ့ဆီမှာ နေ့တိုင်း ဒိုင်ယာရီရေးတတ်သည့်အကျင့်မရှိတာ အရမ်းဝမ်းနည်းစရာကောင်း၏။

သူနှင့်ဝမ်ရွှိ၏ရန်ပွဲပြီးပြီး ,မပြီးပြီး သူဂရုစိုက်
နေမှာမဟုတ်ဘူး။လောလောဆယ် wechat moments မှာတင်ထားသောနွေးထွေးလှတဲ့မိသားစုဓာတ်ပုံကြောင့် သူ စိတ်ဓာတ်ကျနေသေးသည်။

သူက လူတွေကို ဂရုမစိုက်သလို၊ လူတွေကလည်း သူ့ကို ဂရုစိုက်ပေ။

ဤအခြင်းအရာသည် သဘာဝဖြစ်သော်
လည်း ယခုတော့ မွန်းကြပ်နေမိသည်။

သူ ပုံနှိပ်စာအုပ်ကိုကြည့်နေရင်းနှင့် နွားနို့အနံ့
သင်းသင်းကိုရလိုက်၏။ရုတ်တရက်ဗိုက်ဆာသလိုခံစားလိုက်ရပြီး ,ယနေ့မနက်တွင် မနက်စာမစားရသေးတာကို သူသတိရသွားတယ်။

ကျန်ချန် ကုဖေးကိုလှည့်ကြည့်လိုက်တဲ့အခါ ကုဖေးက ဗီဒီယိုကြည့်နေရင်းနှင့်နို့ချိုချဉ်ကို အခွံခွာနေ၏။

သူနှင့်ကုဖေးအကြည့်ချင်းဆုံသွားပြီးနောက်၊ကုဖေးက ခဏတန့်သွားသည်။ထို့နောက်တွင် သူက အကျီအိပ်ကပ်ထဲသို့လက်နှိုက်လိုက်ပြီး နို့ချိုချဉ်တစ်ခုထုတ်၍ ကျန်ချန်၏စာအုပ်ပေါ် တင်ပေးလာသည်။

စာအုပ်ပေါ်မှနို့ချိုချဉ်ကို ကြည့်ပြီး ကျန်ချန် စိတ်ရှုပ်သွားတယ်။ဒါပေမဲ့ ကုဖေးဆီမှလွှင့်လာသောနို့ချောကလက်အနံ့သင်းသင်းလေးကြောင့် သူ့အစာအိမ်က အချက်ပြလာသည်။

ကျန်ချန်နှစ်မိနစ်မျှတုံ့ဆိုင်းနေပြီးနောက်တွင်၊ နို့ချိုချဉ်ကို ယူပြီးအခွံခွာလိုက်တယ်။ သူ့ကို အံ့အားသင့်သွားစေသည့်အချက်က ချိုချဉ်သည် နို့အရသာချိုချဉ်မဟုတ်ချေ။

သစ်သီးချိုချဉ် ဖြစ်နေ၏။

သူ  ကုဖေးကိုခေါင်းလှည့်ကြည့်လိုက်တယ်။

ကုဖေးသည် သူ့လက်ထဲမှသစ်သီးချိုချဉ်ကို ကြည့်ပြီး အိပ်ကပ်ဆီသို့ လက်ပြန်နှိုက်လိုက်ပြီး၊လက်ပြန်ထုတ်လာချိန်တွင်လက်တစ်ဆုပ်စာချိုချဉ်များကို ကျန်ချန်၏စားပွဲခုံပေါ်သို့ တင်ပေးလာသည်။ အိတ်ခွံရောင် အမျိုးမျိုး
နှင့် အရသာအမျိုးမျိုးပါဝင်နေသည့် ချိုချဉ်များသည် ကျန်ချန်ရှေ့သို့ရောက်လာ၏။

ကုဖေးက စကားပြောလာခဲ့သည်။
"ကိုယ့်ဘာသာရွေးယူလိုက်။"




Milk Candy

Assam Milk Tea

Photos Crd to English Translator 💗

Continue Reading

You'll Also Like

336K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်​ရှန့်​ဆိ...
457K 84.8K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
782K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
358K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...