(Zawgyi)
"ကူစူးလန္?!"
အႀကီးအက်ယ္ Shock ရသြားႁပီးေနာက္မွာေတာ့ ေခါင္းေအးေအးထားႁပီး စဥ္းစားဖို႔ဆံုးျဖတ္လို္က္တယ္။
'ေအးေလ ငါက ယြင္႐ွစ္ပုက်ိက်ဴး (တိမ္လႊာနန္းၿမိဳင္ကို) ေရာက္ေနတယ္ဆိုတာ ျဖစ္မွမျဖစ္ႏိုင္တာ"
"အင္း ဟုတ္တယ္။ တစ္ခုခုမ်ားမွတ္မိလို႔လား"
လန္စစ္ေကြၽး ဆိုတဲ့တစ္ေယာက္ကေတာ့ ေပ်ာ္ရႊင္သြားပံုနဲ႔ အားတက္သေရာေမးလာေလတယ္။ သူျပံဳးေနတာၾကည့္ရတာ စိတ္ခ်မ္းသာစရာ။
'သူတို္႔က cosplayer ေတြမ်ားလား။ အင္း ဟုတ္တယ္ေလ အဲ့လိုပဲျဖစ္ရမယ္! ငါက ၀တၱဳထဲကိုေရာက္လာတာမျဖစ္ႏိုင္ဘူး! နင္ေတာ္တယ္ အား႐ွင္းေရ၊ ေသခ်ာစဥ္းစားႏိုင္လိုက္တယ္'
ကိုယ့္အေတြးကို သေဘာက်ေက်နပ္ျပီး သူတို႔ကိုေမးခြန္းတစ္ခုေမးဖို႔ဆံုးျဖတ္လိုက္တယ္။
"မင္းတို႔က cosplayer ေတြမလား! ၀တ္စံုေတြကအရမ္း မိုက္တယ္။ သ႐ုပ္ေဆာင္တာလည္း ပီျပင္ခ်က္ပဲကြာ။ ဟားဟား ငါအခုအိမ္ျပန္လို႔ရၿပီမလား"
"ေကာ့စ္ိ?? ပေလး??"
ကမာၻေပၚမွာမ႐ွိတဲ့ ၿဂိဳလ္သားစကားကိုၾကားလိုက္ရသလို 'i'm so confused' ဆိုတဲ့မ်က္ႏွာေပးနဲ႔ ကိုယ့္ကိုၾကည့္လာတဲ့ ႏွစ္ေယာက္ေၾကာင့္ ဆြံ႔အသြားရျပန္တယ္။
'wtf! ငါ့ကိုဘာလို႔ဒီလိုႂကီးၾကည့္ေနၾကတာတုန္း။ နင္တို႔ရဲ႕ prank ေတာ္ပါေတာ့ဟ။ ငါေလးကို မေနာက္ပါနဲ႔ေတာ့'
"စစ္ေကြၽး။ ဟန္ကြမ္ကြၽင္း ဒါမွမဟုတ္ ဇယ္၀ူကြၽင္း ကိုေျပာလိုက္ၾကရေအာင္။ ငါတို႔ရဲ႕ ဆရာတူညီေလး စိတ္ေဖာက္ျပန္သြားၿပီလို႔"
က်င့္ရီက လက္ေလ်ာ့လိုက္တဲ့ ေလသံနဲ႔ စစ္ေကြၽးကိုေျပာလာေလတယ္။ 'ငါတို႔ဘာမွမတတ္ႏိုင္ဘူး' ဆိုတဲ့ မ်က္ႏွာအမူအယာကအထင္းသားပဲ။ ကိုယ့္ကိုၾကည္ၿပီး ေခါင္းတခါခါလုပ္ေနတဲ့ က်င့္ရီကို စစ္ေကြၽးကေထာက္ခံသမႈနဲ႔ ေခါင္းၿငိမ့္တယ္။
"ေန-ေနၾကပါဦး။ ငါမ႐ူးဘူးဟ! ႐ူးေနတာက မင္းတို႔မဟုတ္ဖူးလား"
"အတိတ္ေမ့တဲ့အျပင္ သင္ထားဖူးသမ်ွေတြပါေမ့ကုန္တာပဲ။ အႀကီးေတြကိုေတာင္ ေလးစားသမႈမ႐ွိေတာ့ေလျခင္း။ အိုက္ယိုး ငါတို႔ရဲ႕ လိမၼာယဥ္ေက်းတဲ့ ဆရာတူညီေလး ဘာျဖစ္သြားရတာလဲကြာ"
ငိုသံႀကီးနဲ႔ ရင္ထုမနာေျပာေနတဲ့ လန္က်င့္ရီကို စတင္ႁပီးအျမင္ကတ္လာေလၿပီ။ အရမ္းကိုပီျပင္တဲ့ cosplayer ပဲ။
"ဒါနဲ႔ ငါ့ကိုဆရာတူညီေလး ဆိုၿပီးေခၚ ေခၚမေနနဲ႔။ ငါက မိန္း...."
ကိုယ့္ရင္ဘတ္ကိုပုတ္လိုက္တဲ့အခါ လစ္ဟာေနတဲ့ခံစားမႈႀကီးေၾကာင့္ အသည္းထဲကပါေအးသြားရတယ္။ ေက်ာနဲ႔ရင္မကြဲပဲ အေ၀းေျပးလမ္းမႀကီးျဖစ္ေနတဲ့ ကိုယ့္ရင္ဘတ္ကို မယံုႏိုင္စြာ အႀကိမ္ႀကိမ္စမ္းမိေနတယ္။ လန္စာသင္သားေတြရဲ႕ ဂိုဏ္း၀တ္စံုလို႔ထင္ရတဲ့ ၀တ္ရံု႐ွည္အျဖဴကို ၀တ္ဆင္ထားတဲ့ ကိုယ့္ကိုယ္မယံုႏိုင္စြာၾကည့္ေနမိတယ္။
အခန္းေထာင့္မွာ႐ွိတဲ့ ေၾကးမံုငယ္ေလးကိုအေျပးယူၿပီး ကိုယ့္မ်က္ႏွာကိုယ္ၾကည့္လိုက္တဲ့အခါ....
'အား ပါး ပါး ေခ်ာလိုက္တာဟဲ့။ အဆင္ေလး အဆင္ေလး! အမေလး အသားအရည္ေလးက ၀င္းမြတ္ေနတာပဲ။ ဒါတစ္ကယ္ပဲငါလား။ ငါ့မ်က္ႏွွာကဘာလို္ေျပာင္းသြားရတာလဲ။'
လန္ဂိုဏ္းသားအစ္ကိုႏွစ္ေယာက္ကေတာ့ စိတ္လြတ္သြားတဲ့သူတို္႔ရဲ႕ညီေလးကို ဘယ္လိုလုပ္ရမလဲလို႔ေခါင္းခ်င္းဆိုင္ေဆြးေနြးေနတာနဲ ့ပဲ ျပံဳးၿဖီးေနတဲ့ ငါေလးကို သတိမထားမိဘူးထင္တယ္။
'ငါအိပ္မက္မက္ေနတာျဖစ္မယ္'
ဒီ႐ူးေၾကာင္ေၾကာင္အေျခအေနႀကီးအတြက္ တစ္ျခား ယုတၱိ႐ွိတဲ့ ႐ွင္းလင္းခ်က္မ႐ွိေတာ့တာမို႔ အိပ္မက္လို႔ပဲသတ္မွတ္လိုက္တယ္။
'အင္း အိပ္မက္ကလြဲၿပီးတစ္ျခားဘာျဖစ္ႏို္င္မွာလဲ။ ဒီလိုေပါက္တတ္ကရေတြဆိုတာ ငါ့ အိပ္မက္ထဲမွာပဲျဖစ္ႏိုင္မွာေပါ့။ စာဖတ္ရင္း အိပ္ေပ်ာ္သြားတာေနမယ္။'
ဒါအိပ္မက္ထဲမွာပဲ ငါျပန္ႏိုးလာရင္အကုန္ေပ်ာက္သြားမွာဆိုတဲ့ အသိနဲ႔ ခုနကလွဲေနတဲ့ ကုတင္ေပၚကိုတက္လိုက္တယ္။
'အိပ္မက္ထဲမွာ တစ္ခုခုျဖစ္သြားရင္ ငါႏိုးလာမွာပဲမလား'
ကုတင္ေပၚကေန ခုန္ခ်ဖို႔ျပင္ေနတဲ့ အား႐ွင္းေလးကို က်င့္ရီကျမင္သြားေလရဲ႕။
"အားယန္ ဘာလုပ္ေနတာလဲ!"
"တာ့တာ လန္က်င့္ရီေရ! နင္တို႔အဆင္ေလးေတြကို ငမ္းခ်င္ေသးေပမဲ့ ငါဗိုက္ဆာေနၿပီ။ ဒီအိပ္မက္ႀကီးကေန ႏိုးထၿပီး တစ္ခုခုစားခ်င္ေသးတယ္။ ေနာက္မ်ားမွ ဆံုၾကေသးတာေပါ့"
လန္ အစ္ကိုေလးကိုႏႈတ္ဆက္ၿပီးတဲ့ေနာက္ ကုတင္ေပၚကေန ျမင့္ႏိုင္သမ်ွျမင့္ေအာင္ ခုန္လိုက္တယ္။ ေအာက္မွာေတာ့ စစ္ေကြၽးက အလန္႔တၾကားနဲ႔ ဖမ္းထိန္းဖို႔ႀကိဳးစားေနတာကို ေတြ႔ရတယ္။
______________
တိမ္လႊာနန္းၿမိဳင္၏အေဆာင္ငယ္ေလးတစ္ခုထဲမွ *၀ုန္း ဆိုသည့္ က်ယ္ေလာင္လွေသာ အသံက်ယ္ႀကီးေပၚထြက္လာေလသည္။ ထိုအသံထြက္ေပၚလာရာ အေဆာင္ငယ္ေလးအတြင္းကိုၾကည့္မည္ဆိုရင္ေတာ့....
ၾကမ္းျပင္ေပၚတြင္ ေခြးက်၀က္က်က်ထားေသာ အား႐ွင္းကိုေတြ႔ရမည္ျဖစ္ၿပီး အား႐ွင္းေဘးတြင္ေတာ့ သူ႔ကိုထူရန္ႀကိဳးစားေနသည့္လန္စစ္ေကြၽးႏွင့္ အေပါက္၀နားတြင္ ဗိုက္ႏွိပ္ရယ္ေနေသာ လန္က်င့္ရီကိုေတြ႔ရမည္ျဖစ္သည္။
"အားယန္ ဘာလို႔အဲ့လိုလုပ္ရတာလဲ။ တစ္ကယ္ပဲ စိတ္ေဖာက္ျပန္သြားၿပီလား"
လန္စစ္ေကြၽးက ဂ႐ုဏာေဒါသစြက္ေသာအသံျဖင့္ေျပာသည္။ သူ၏ ဆရာတူညီေလးကို အမွန္ပင္စိတ္ပူေနသည္ေလ။
"န-နာလိုက္တာ။ အားယိုးယိုး ခါးက်ဳိးၿပီလားမသိပါဘူး"
"နာမွာေပါ့ ကုတင္ေပၚကခုန္ခ်မွေတာ့ မနာပဲေနမလား ဟား ဟား ခံေပါ့ နည္းေသးတယ္ ဟားဟား"
နာက်င္ေနသည့္ အား႐ွင္းကိုကူဖို႔ေနေနသာသာ ရယ္လို႔ပင္မၿပီးေသးေသာ က်င့္ရီကို စစ္ေကြၽးကမ်က္ေစာင္းထိုးသည္။
"က်င့္ရီ အားယန္ကိုတြဲကူဦး။ ရယ္မေနနဲ႔။"
လဲက်ေနသည့္ ေကာင္ငယ္ေလးကို ႏွစ္ေယာက္သားတြဲၿပီးထူေပးလိုက္သည္။ ကုတင္ေပၚသို႔ေသခ်ာေနရာျပန္ခ်ေပးၿပီး တစ္ခါတည္းေစာင္ပါျခံဳေပးလိုက္သည္။
"အားယန္ ဒီမွာခဏေနခဲ့ဦး။ ဘယ္ကိုမွမသြားရဘူးေနာ္။ ဒီအခန္းထဲမွာပဲ ၿငိမ္ၿငိမ္ေလးေန။ အစ္ကိုတို႔ ဟန္ကြမ္ကြၽင္းကိုသြား႐ွာလိုက္ဦးမယ္။ ဘယ္ကိုမွမသြားဖူးလို႔ ကတိေပးပါ"
"မသြားဘူး။"
"လိမၼာတယ္ အားယန္။ ခဏေနခဲ့ဦးေနာ္"
မွာစရာ႐ွိသည္မ်ားကိုမွာသြားၿပီး ထြက္သြားေသာ စစ္ေကြၽးႏွင့္က်င့္ရီတို႔ကို အား႐ွင္းေငးၾကည့္ေနမိသည္။
'ဘာလို႔ နာရတာလဲ။ အိပ္မက္ထဲမွာဆိုမနာရဘူးေလ။ ဒါေပမဲ့ အားလံုးကတစ္ကယ္ျဖစ္ေနသလိုပဲ'
အား႐ွင္းတစ္ေယာက္ ေသခ်ာေစရန္ကိုယ့္ကိုယ္ကိုဆိတ္ဆြဲေနမိသည္။ ဘယ္ႏွႀကိမ္ပင္ ဆိတ္ပါေသာ္လည္း အား႐ွင္း၏လက္တြင္ လက္သည္းရာေလးမ်ားစြာက်န္ခဲ့သည့္တိုင္ နာက်င္ေနသည့္ ခံစားခ်က္က အတူတူပင္။
'ငါအိပ္မက္မက္ေနတာမဟုတ္ဖူးလား။ ဒါကတစ္ကယ္ျဖစ္ေနတာလား။ ဘာလဲ။ ဘာလို႔လဲ'
အား႐ွင္းတစ္ေယာက္ စိတ္ေတြ႐ႈပ္ေထြးလို႔လာေလၿပီ။ မ်က္လံုးထဲမွ မ်က္ရည္စတို႔က စီးက်ေတာ့မည့္ဆဲဆဲ။ ျဖစ္ပ်က္ေနသည့္အရာအားလံုးက ျမန္ဆန္လွသည္။ ႐ုတ္တရက္ဆန္သည္။ ဘာေၾကာင့္ဒီလိုေတြျဖစ္လာရတယ္ဆိုတာ အား႐ွင္းမသိ။ သူေနာက္ဆံုးမွတ္မိသည္က သူ႔အခန္းထဲတြင္ ဖုန္းထဲမွ ၀တၱဳဖတ္ေနသည္ပင္။
'ငါက ၀တၱဳထဲကိုေရာက္လာတာလား'
အား႐ွင္းေတြးမိသည္။ သူဖတ္ဖူးသည့္ fic မ်ားစြာထဲမွ အျဖစ္မ်ိဳးႏွင့္ ဆင္တူစြာ သူလည္းျဖစ္ေနေလၿပီ။
'မျဖစ္ႏိုင္ဘူး'
"မျဖစ္ႏိုင္ဘူး!!!!"
အား႐ွင္း က်ယ္ေလာင္စြာေအာ္မိသည္။
_____into the cultivation world___________
[Unicode]
"ကူစူးလန်?!"
အကြီးအကျယ် Shock ရသွားပြီးနောက်မှာတော့ ခေါင်းအေးအေးထားပြီး စဉ်းစားဖို့ဆုံးဖြတ်လိုက်တယ်။
'အေးလေ ငါက ယွင်ရှစ်ပုကျိကျူး (တိမ်လွှာနန်းမြိုင်ကို) ရောက်နေတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ"
"အင်း ဟုတ်တယ်။ တစ်ခုခုများမှတ်မိလို့လား"
လန်စစ်ကျွေး ဆိုတဲ့တစ်ယောက်ကတော့ ပျော်ရွှင်သွားပုံနဲ့ အားတက်သရောမေးလာလေတယ်။ သူပြုံးနေတာကြည့်ရတာ စိတ်ချမ်းသာစရာ။
'သူတို့်က cosplayer တွေများလား။ အင်း ဟုတ်တယ်လေ အဲ့လိုပဲဖြစ်ရမယ်! ငါက ဝတ္တုထဲကိုရောက်လာတာမဖြစ်နိုင်ဘူး! နင်တော်တယ် အားရှင်းရေ၊ သေချာစဉ်းစားနိုင်လိုက်တယ်'
ကိုယ့်အတွေးကို သဘောကျကျေနပ်ပြီး သူတို့ကိုမေးခွန်းတစ်ခုမေးဖို့ဆုံးဖြတ်လိုက်တယ်။
"မင်းတို့က cosplayer တွေမလား! ဝတ်စုံတွေကအရမ်း မိုက်တယ်။ သရုပ်ဆောင်တာလည်း ပီပြင်ချက်ပဲကွာ။ ဟားဟား ငါအခုအိမ်ပြန်လို့ရပြီမလား"
"ကော့စိ?? ပလေး??"
ကမ္ဘာပေါ်မှာမရှိတဲ့ ဂြိုလ်သားစကားကိုကြားလိုက်ရသလို 'i'm so confused' ဆိုတဲ့မျက်နှာပေးနဲ့ ကိုယ့်ကိုကြည့်လာတဲ့ နှစ်ယောက်ကြောင့် ဆွံ့အသွားရပြန်တယ်။
'wtf! ငါ့ကိုဘာလို့ဒီလိုကြီးကြည့်နေကြတာတုန်း။ နင်တို့ရဲ့ prank တော်ပါတော့ဟ။ ငါလေးကို မနောက်ပါနဲ့တော့'
"စစ်ကျွေး။ ဟန်ကွမ်ကျွင်း ဒါမှမဟုတ် ဇယ်ဝူကျွင်း ကိုပြောလိုက်ကြရအောင်။ ငါတို့ရဲ့ ဆရာတူညီလေး စိတ်ဖောက်ပြန်သွားပြီလို့"
ကျင့်ရီက လက်လျော့လိုက်တဲ့ လေသံနဲ့ စစ်ကျွေးကိုပြောလာလေတယ်။ 'ငါတို့ဘာမှမတတ်နိုင်ဘူး' ဆိုတဲ့ မျက်နှာအမူအယာကအထင်းသားပဲ။ ကိုယ့်ကိုကြည်ပြီး ခေါင်းတခါခါလုပ်နေတဲ့ ကျင့်ရီကို စစ်ကျွေးကထောက်ခံသမှုနဲ့ ခေါင်းငြိမ့်တယ်။
"နေ-နေကြပါဦး။ ငါမရူးဘူးဟ! ရူးနေတာက မင်းတို့မဟုတ်ဖူးလား"
"အတိတ်မေ့တဲ့အပြင် သင်ထားဖူးသမျှတွေပါမေ့ကုန်တာပဲ။ အကြီးတွေကိုတောင် လေးစားသမှုမရှိတော့လေခြင်း။ အိုက်ယိုး ငါတို့ရဲ့ လိမ္မာယဉ်ကျေးတဲ့ ဆရာတူညီလေး ဘာဖြစ်သွားရတာလဲကွာ"
ငိုသံကြီးနဲ့ ရင်ထုမနာပြောနေတဲ့ လန်ကျင့်ရီကို စတင်ပြီးအမြင်ကတ်လာလေပြီ။ အရမ်းကိုပီပြင်တဲ့ cosplayer ပဲ။
"ဒါနဲ့ ငါ့ကိုဆရာတူညီလေး ဆိုပြီးခေါ် ခေါ်မနေနဲ့။ ငါက မိန်း...."
ကိုယ့်ရင်ဘတ်ကိုပုတ်လိုက်တဲ့အခါ လစ်ဟာနေတဲ့ခံစားမှုကြီးကြောင့် အသည်းထဲကပါအေးသွားရတယ်။ ကျောနဲ့ရင်မကွဲပဲ အဝေးပြေးလမ်းမကြီးဖြစ်နေတဲ့ ကိုယ့်ရင်ဘတ်ကို မယုံနိုင်စွာ အကြိမ်ကြိမ်စမ်းမိနေတယ်။ လန်စာသင်သားတွေရဲ့ ဂိုဏ်းဝတ်စုံလို့ထင်ရတဲ့ ဝတ်ရုံရှည်အဖြူကို ဝတ်ဆင်ထားတဲ့ ကိုယ့်ကိုယ်မယုံနိုင်စွာကြည့်နေမိတယ်။
အခန်းထောင့်မှာရှိတဲ့ ကြေးမုံငယ်လေးကိုအပြေးယူပြီး ကိုယ့်မျက်နှာကိုယ်ကြည့်လိုက်တဲ့အခါ....
'အား ပါး ပါး ချောလိုက်တာဟဲ့။ အဆင်လေး အဆင်လေး! အမလေး အသားအရည်လေးက ဝင်းမွတ်နေတာပဲ။ ဒါတစ်ကယ်ပဲငါလား။ ငါ့မျက်နှာကဘာလိုပြောင်းသွားရတာလဲ။'
လန်ဂိုဏ်းသားအစ်ကိုနှစ်ယောက်ကတော့ စိတ်လွတ်သွားတဲ့သူတို့်ရဲ့ညီလေးကို ဘယ်လိုလုပ်ရမလဲလို့ခေါင်းချင်းဆိုင်ဆွေးတွေးနေတာတဲ့ပဲ ပြုံးဖြီးနေတဲ့ ငါလေးကို သတိမထားမိခဲ့ဘူး။
'ငါအိပ်မက်မက်နေတာဖြစ်မယ်'
ဒီရူးကြောင်ကြောင်အခြေအနေကြီးအတွက် တစ်ခြား ယုတ္တိရှိတဲ့ ရှင်းလင်းချက်မရှိတော့တာမို့ အိပ်မက်လို့ပဲသတ်မှတ်လိုက်တယ်။
'အင်း အိပ်မက်ကလွဲပြီးတစ်ခြားဘာဖြစ်နိုင်မှာလဲ။ ဒီလိုပေါက်တတ်ကရတွေဆိုတာ ငါ့ အိပ်မက်ထဲမှာပဲဖြစ်နိုင်မှာပေါ့။ စာဖတ်ရင်း အိပ်ပျော်သွားတာနေမယ်။'
ဒါအိပ်မက်ထဲမှာပဲ ငါပြန်နိုးလာရင်အကုန်ပျောက်သွားမှာဆိုတဲ့ အသိနဲ့ ခုနကလှဲနေတဲ့ ကုတင်ပေါ်ကိုတက်လိုက်တယ်။
'အိပ်မက်ထဲမှာ တစ်ခုခုဖြစ်သွားရင် ငါနိုးလာမှာပဲမလား'
ကုတင်ပေါ်ကနေ ခုန်ချဖို့ပြင်နေတဲ့ အားရှင်းလေးကို ကျင့်ရီကမြင်သွားလေရဲ့။
"အားယန် ဘာလုပ်နေတာလဲ!"
"တာ့တာ လန်ကျင့်ရီရေ! နင်တို့အဆင်လေးတွေကို ငမ်းချင်သေးပေမဲ့ ငါဗိုက်ဆာနေပြီ။ ဒီအိပ်မက်ကြီးကနေ နိုးထပြီး တစ်ခုခုစားချင်သေးတယ်။ နောက်များမှ ဆုံကြသေးတာပေါ့"
လန် အစ်ကိုလေးကိုနှုတ်ဆက်ပြီးတဲ့နောက် ကုတင်ပေါ်ကနေ မြင့်နိုင်သမျှမြင့်အောင် ခုန်လိုက်တယ်။ အောက်မှာတော့ စစ်ကျွေးက အလန့်တကြားနဲ့ ဖမ်းထိန်းဖို့ကြိုးစားနေတာကို တွေ့ရတယ်။
______________
တိမ်လွှာနန်းမြိုင်၏အဆောင်ငယ်လေးတစ်ခုထဲမှ *ဝုန်း ဆိုသည့် ကျယ်လောင်လှသော အသံကျယ်ကြီးပေါ်ထွက်လာလေသည်။ ထိုအသံထွက်ပေါ်လာရာ အဆောင်ငယ်လေးအတွင်းကိုကြည့်မည်ဆိုရင်တော့....
ကြမ်းပြင်ပေါ်တွင် ခွေးကျဝက်ကျကျထားသော အားရှင်းကိုတွေ့ရမည်ဖြစ်ပြီး အားရှင်းဘေးတွင်တော့ သူ့ကိုထူရန်ကြိုးစားနေသည့်လန်စစ်ကျွေးနှင့် အပေါက်ဝနားတွင် ဗိုက်နှိပ်ရယ်နေသော လန်ကျင့်ရီကိုတွေ့ရမည်ဖြစ်သည်။
"အားယန် ဘာလို့အဲ့လိုလုပ်ရတာလဲ။ တစ်ကယ်ပဲ စိတ်ဖောက်ပြန်သွားပြီလား"
လန်စစ်ကျွေးက ဂရုဏာဒေါသစွက်သောအသံဖြင့်ပြောသည်။ သူ၏ ဆရာတူညီလေးကို အမှန်ပင်စိတ်ပူနေသည်လေ။
"န-နာလိုက်တာ။ အားယိုးယိုး ခါးကျိုးပြီလားမသိပါဘူး"
"နာမှာပေါ့ ကုတင်ပေါ်ကခုန်ချမှတော့ မနာပဲနေမလား ဟား ဟား ခံပေါ့ နည်းသေးတယ် ဟားဟား"
နာကျင်နေသည့် အားရှင်းကိုကူဖို့နေနေသာသာ ရယ်လို့ပင်မပြီးသေးသော ကျင့်ရီကို စစ်ကျွေးကမျက်စောင်းထိုးသည်။
"ကျင့်ရီ အားယန်ကိုတွဲကူဦး။ ရယ်မနေနဲ့။"
လဲကျနေသည့် ကောင်ငယ်လေးကို နှစ်ယောက်သားတွဲပြီးထူပေးလိုက်သည်။ ကုတင်ပေါ်သို့သေချာနေရာပြန်ချပေးပြီး တစ်ခါတည်းစောင်ပါခြုံပေးလိုက်သည်။
"အားယန် ဒီမှာခဏနေခဲ့ဦး။ ဘယ်ကိုမှမသွားရဘူးနော်။ ဒီအခန်းထဲမှာပဲ ငြိမ်ငြိမ်လေးနေ။ အစ်ကိုတို့ ဟန်ကွမ်ကျွင်းကိုသွားရှာလိုက်ဦးမယ်။ ဘယ်ကိုမှမသွားဖူးလို့ ကတိပေးပါ"
"မသွားဘူး။"
"လိမ္မာတယ် အားယန်။ ခဏနေခဲ့ဦးနော်"
မှာစရာရှိသည်များကိုမှာသွားပြီး ထွက်သွားသော စစ်ကျွေးနှင့်ကျင့်ရီတို့ကို အားရှင်းငေးကြည့်နေမိသည်။
'ဘာလို့ နာရတာလဲ။ အိပ်မက်ထဲမှာဆိုမနာရဘူးလေ။ ဒါပေမဲ့ အားလုံးကတစ်ကယ်ဖြစ်နေသလိုပဲ'
အားရှင်းတစ်ယောက် သေချာစေရန်ကိုယ့်ကိုယ်ကိုဆိတ်ဆွဲနေမိသည်။ ဘယ်နှကြိမ်ပင် ဆိတ်ပါသော်လည်း အားရှင်း၏လက်တွင် လက်သည်းရာလေးများစွာကျန်ခဲ့သည့်တိုင် နာကျင်နေသည့် ခံစားချက်က အတူတူပင်။
'ငါအိပ်မက်မက်နေတာမဟုတ်ဖူးလား။ ဒါကတစ်ကယ်ဖြစ်နေတာလား။ ဘာလဲ။ ဘာလို့လဲ'
အားရှင်းတစ်ယောက် စိတ်တွေရှုပ်ထွေးလို့လာလေပြီ။ မျက်လုံးထဲမှ မျက်ရည်စတို့က စီးကျတော့မည့်ဆဲဆဲ။ ဖြစ်ပျက်နေသည့်အရာအားလုံးက မြန်ဆန်လှသည်။ ရုတ်တရက်ဆန်သည်။ ဘာကြောင့်ဒီလိုတွေဖြစ်လာရတယ်ဆိုတာ အားရှင်းမသိ။ သူနောက်ဆုံးမှတ်မိသည်က သူ့အခန်းထဲတွင် ဖုန်းထဲမှ ဝတ္တုဖတ်နေသည်ပင်။
'ငါက ဝတ္တုထဲကိုရောက်လာတာလား'
အားရှင်းတွေးမိသည်။ သူဖတ်ဖူးသည့် fic များစွာထဲမှ အဖြစ်မျိုးနှင့် ဆင်တူစွာ သူလည်းဖြစ်နေလေပြီ။
'မဖြစ်နိုင်ဘူး'
"မဖြစ်နိုင်ဘူး!!!!"
အားရှင်း ကျယ်လောင်စွာအော်မိသည်။
_____into the cultivation world___________