《Zawgyi》
အပိုင္း - ၁၇၀
[ဘယ္ေတာ့ လက္ထပ္မွတ္ပံုတင္မွာလဲ?-၁]
ဧၿပီလသို႔ ေရာက္ရွိခဲ့ေလၿပီ။ ခ်န္းစီႏ်န္ႏွင့္ ခ်င္းစုယြဲ႕တို႔၏ မဂၤလာပြဲကလည္း တျဖည္းျဖည္း နီးကပ္လာသည္။
ဧည့္သည္ေတြ ဖိတ္ၾကားဖို႔နဲ႔ အျခားေသာ လက္ထပ္ပြဲကိစၥေတြကို ခ်န္းစီႏ်န္နဲ႔ အျခားေသာ အႀကီးေတြက တာဝန္ယူသည္။ ခ်င္းစုယြဲ႕ လုပ္ရမွာက မဂၤလာဝတ္စံုေရြးဖို႔နဲ႔ ေန႔လည္မွာ ခ်န္းစီႏ်န္နဲ႔ မဂၤလာဓာတ္ပံု လွလွေလးေတြ ရိုက္ဖို႔သာ ရွိသည္။
သူတို႔ႏွစ္ေယာက္လံုးက ဓာတ္ပံုရိုက္ရတာ အရမ္း စိတ္မဝင္စားၾကသျဖင့္ ဝတ္စံုကို ပံုစံႏွစ္မ်ိဳးေလာက္သာ ေျပာင္းျဖစ္ၾကသည္။ တစ္မ်ိဳးက အျဖဴေရာင္အေနာက္တိုင္းဝတ္စံုႏွင့္ ေနာက္တစ္မ်ိဳးက က်က္သေရရွိကာ ခမ္းနားလွေသာ တရုတ္ရိုးရာမဂၤလာဝတ္စံုတို႔သာ ျဖစ္သည္။
ႏွစ္မ်ိဳးလံုးအား ခ်န္းစီႏ်န္က နာမည္ႀကီး ဒီဇိုင္နာေတြျဖင့္ အကုန္လံုးကို သီးသန္႔ခ်ဳပ္လုပ္ေစခဲ့ျခင္း ျဖစ္၏။ ဒီဇိုင္းေတြက ေခတ္မွီဆန္းသစ္သည့္အျပင္ တစ္ခ်ိန္ထဲမွာပဲ ခမ္းနားေက်ာ့ရွင္းေနျပန္သည္။
သူမရဲ႕ အလုပ္ေၾကာင့္ ခ်င္းစုယြဲ႕က ကင္မရာ မေၾကာက္တတ္ေပ။ သူတို႔ႏွစ္ေယာက္ရဲ႕ အထက္တန္းက်လွတဲ့ မ်က္ႏွာေလးေတြေၾကာင့္ ရိုက္ကြင္းက ဝန္ထမ္းေတြပင္ အာရံုစူးစိုက္ဆြဲေဆာင္ခံရသည္သာမက ဓာတ္ပံုဆရာကလည္း ခ်ီးက်ဴးမိေလသည္။
"တကယ့္ကို အျပစ္ေျပာစရာမရွိဘူး"
ဓာတ္ပံုဆရာက ရိုက္ၿပီးသြားတာေတာင္မွ သနားစဖြယ္ျဖင့္ ဆက္ေျဖာင္းျဖ၏။
"ဥကၠဌခ်န္းတို႔ဇနီးေမာင္ႏွံက တကယ္ႀကီး ဓာတ္ပံု ဆက္မရိုက္ေတာ့တာလားခင္ဗ်ာ? ... ႏွစ္ေယာက္လံုးက ခန္႔ညားၿပီး လွပေနၾကတာ! .... ဓာတ္ပံုနည္းနည္း ထပ္မရိုက္ရင္ ႏွေမ်ာစရာေကာင္းသြားမွာ"
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ကို ၾကည့္လိုက္သည္။ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ သူမ၏အျမင္ကို ေမးသည္မွန္း သိသျဖင့္ ေခါင္းခါျပလိုက္သည္။
"ထားလိုက္ပါေတာ့ .... ကၽြန္မ ပင္ပန္းေနလို႔"
ဒါကိုၾကားေတာ့ ခ်န္းစီႏ်န္က သူမကိုေပြ႕ဖက္ကာ သူ႔ကိုမွီထားေစသည္။
"ေကာင္းၿပီေလ ... သူတို႔ကို ရပ္ခိုင္းလိုက္ေတာ့မယ္ ... မင္းအနားယူဖို႔ ကိုယ္ အ္ိမ္ကိုျပန္လိုက္ပို႔ေပးမယ္"
တျခားသူေတြရဲ႕အၾကည့္ေအာက္မွာ သူမက တိတ္တိတ္ေလး သူ႔ခါးကို လိမ္ဆြဲလိုက္ၿပီး သူ႔ကို စူးရဲစြာ ၾကည့္လိုက္သည္။ ဟြန္႔ သူမက ခုထိ စိတ္ဆိုးေနဆဲပင္။ သူမ ဒီေန႔ အားမရွိတာက သူ႔ေၾကာင့္ေပ။
မေန႔ညက သူမလည္ပင္းမွာ အမွတ္ေတြ မခ်န္ခဲ့ဖို႔ အႀကိမ္ႀကိမ္ သတိေပးခဲ့ရာ သူက သတိရေပမယ့္ သူမကို ေကာင္းေကာင္းႀကီး စားသံုး၏။
ဒီေန႔ မဂၤလာဓာတ္ပံုရိုက္မွာကို သူက ညနက္တဲ့အထိ သူမကို ေႏွာင့္ယွက္သည္။ ခ်င္းစုယြဲ႕ ဒီေန႔မနက္ႏိုးလာေတာ့ အားနည္းကာ ယိုင္နဲ႔ေနေလ၏။
ခ်န္းစီႏ်န္က သူမ အဝတ္လဲဖို႔အတြက္ အဝတ္လဲခန္းထဲသို႔ ေခၚလာသည္။ သူမ မတက္ႂကြပဲ ျဖစ္ေနသည္ကိုေတြ႕ေတာ့ စိုးရိမ္တႀကီး ေမးလာသည္။
"ပင္ပန္းေနလို႔လား?"
ခ်င္းစုယြဲ႕က သူ႔ကို မ်က္ေစာင္းထိုး၏။
"ရွင္ေရာ?"
ခ်န္းစီႏ်န္က ျပံဳးလိုက္သည္။
"ခ်န္းကေတာ္က ကိုယ့္ကို ပိုႀကိဳးစားဖို႔ ဖိတ္ေခၚေနတာလား?"
ဒီလူကေတာ့...
ခ်င္းစုယြဲ႕က သူ႔ကို တြန္းလႊတ္လိုက္ေတာ့သည္။
"သြားေတာ့ ... ကၽြန္မအက်ႌလဲမလို႔"
"မင္းပဲ ပင္ပန္းတယ္ ေျပာတာ မဟုတ္ဘူးလား? ... ကိုယ္က ခ်န္းကေတာ္ကို ကူၿပီး အဝတ္လဲေပးမလို႔ေလ"
"ေက်းဇူးတင္ေပမယ့္ ရွင့္ကို အေႏွာင့္အယွက္ မေပးေတာ့ပါဘူး"
ခ်င္းစုယြဲ႕ဟာ ဒီဝံပုေလြပါးစပ္ထဲ တည့္တည့္သြားမတိုးရဲပါေခ်။ သူ႔ကိုသာ အက်ႌလဲေပးခြင့္ေပးလိုက္ရင္ သူမေတာ့ အဝတ္လဲခန္းထဲက အသက္ရွင္လ်က္ေတာင္ လမ္းေလၽွာက္ၿပီး ထြက္သြားႏိုင္ပါ့မလား?
သူမတို႔ႏွစ္ေယာက္ ပစၥည္းေတြထုပ္ပိုးၿပီး အျပန္လမ္းမွာ မာမားပိုင္နဥ္းက ဖုန္းဆက္၍ ညစာစားဖို႔ေခၚသျဖင့္ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ရဲ႕အျမင္ကို ေမးၾကည့္ရာ သူက သေဘာမတူစရာ မရွိသျဖင့္ လမ္းကိုေျပာင္းလ်က္ ခ်င္းမိသားစုအိမ္ေတာ္သို႔ ဦးတည္လိုက္ၾကသည္။
ခ်န္းစီႏ်န္ရဲ႕အိမ္မွာ ေနၿပီးတဲ့ညထဲက ခ်န္းစီႏ်န္ကလည္း သူမကို အခ်ိန္မေရြး လာေခၚဖို႔အဆင္ေျပသျဖင့္ ခ်င္းစုယြဲ႕က ထိုေနရာမွာပဲ အေနမ်ားေတာ့သည္။ လူႀကီးေတြ အားလံုးကလည္း သိၾကသျဖင့္ ဘာမွသိသိသာသာေတာ့မေျပာေပ။
ခ်င္းစုယြဲ႕မွာ ေရာက္ၿပီးထိုင္တာႏွင့္ မတတ္ႏိုင္ေတာ့ပဲ သမ္းေဝမိသြားသည္။ သူမ တကယ္ကို အိပ္ခ်င္ေနေလ၏။
ပိုင္နဥ္းက ခ်င္းစုယြဲ႕ကို လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေတြ႕ခဲ့တာ သူမက အဆင္ေျပေနေပမယ့္ အခုပင္ပန္းေနသည္ကိုေတြ႕ေတာ့ သနားစြာျဖင့္ ေမးမိသည္။
"သမီး အလုပ္အရမ္းမ်ားေနတာလား? ... မဂၤလာေဆာင္မယ့္ေန႔က နီးေနၿပီ ... ပင္ပန္းရင္ အလုပ္က မည္းနည္း အနားယူလိုက္ေလ"
သူမ ပင္ပန္းရသည့္ အေၾကာင္းျပခ်က္ကို ရသြားတဲ့ ခ်င္းစုယြဲ႕ကေတာ့ လ်င္လ်င္ျမန္ျမန္ပဲ ျပန္ေျဖေလ၏။
"အလုပ္က အဆင္ေျပပါတယ္ ... မာမား သမီး မေန႔ညက ေကာင္းေကာင္း အိပ္မေပ်ာ္လို႔ပါ ... အဲ့တာေၾကာင့္ နည္းနည္း ပိုပင္ပန္းေနတာ ... ဧၿပီလကုန္ခါနီးရင္ သမီး အခ်ိန္နည္းနည္းယူၿပီး မဂၤလာေဆာင္အတြက္ ျပင္ဆင္လိုက္ပါမယ္"
"သမီးအလုပ္က အေရးႀကီးတာမွန္ေပမယ့္ က်န္းမာေရးကလည္း အေရးႀကီးတယ္ေနာ္"
"သမီးသိပါၿပီ ... မာမား မစိုးရိမ္နဲ႔ေနာ္"
ခ်န္းစီႏ်န္က သူမလက္ကိုကိုင္ကာ ျပံဳးလိုက္ရင္း မာမားပိုင္နဥ္းကို အာမခံေပးလိုက္၏။
"မစိုးရိမ္ပါနဲ႔ မာမား ... ကၽြန္ေတာ္ သူ႔ကို ေသခ်ာ ဂရုစိုက္ေပးမွာပါ"
9.8.2020
*********************
《Unicode》
အပိုင်း - ၁၇၀
[ဘယ်တော့ လက်ထပ်မှတ်ပုံတင်မှာလဲ?-၁]
ဧပြီလသို့ ရောက်ရှိခဲ့လေပြီ။ ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့၏ မင်္ဂလာပွဲကလည်း တဖြည်းဖြည်း နီးကပ်လာသည်။
ဧည့်သည်တွေ ဖိတ်ကြားဖို့နဲ့ အခြားသော လက်ထပ်ပွဲကိစ္စတွေကို ချန်းစီနျန်နဲ့ အခြားသော အကြီးတွေက တာဝန်ယူသည်။ ချင်းစုယွဲ့ လုပ်ရမှာက မင်္ဂလာဝတ်စုံရွေးဖို့နဲ့ နေ့လည်မှာ ချန်းစီနျန်နဲ့ မင်္ဂလာဓာတ်ပုံ လှလှလေးတွေ ရိုက်ဖို့သာ ရှိသည်။
သူတို့နှစ်ယောက်လုံးက ဓာတ်ပုံရိုက်ရတာ အရမ်း စိတ်မဝင်စားကြသဖြင့် ဝတ်စုံကို ပုံစံနှစ်မျိုးလောက်သာ ပြောင်းဖြစ်ကြသည်။ တစ်မျိုးက အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် နောက်တစ်မျိုးက ကျက်သရေရှိကာ ခမ်းနားလှသော တရုတ်ရိုးရာမင်္ဂလာဝတ်စုံတို့သာ ဖြစ်သည်။
နှစ်မျိုးလုံးအား ချန်းစီနျန်က နာမည်ကြီး ဒီဇိုင်နာတွေဖြင့် အကုန်လုံးကို သီးသန့်ချုပ်လုပ်စေခဲ့ခြင်း ဖြစ်၏။ ဒီဇိုင်းတွေက ခေတ်မှီဆန်းသစ်သည့်အပြင် တစ်ချိန်ထဲမှာပဲ ခမ်းနားကျော့ရှင်းနေပြန်သည်။
သူမရဲ့ အလုပ်ကြောင့် ချင်းစုယွဲ့က ကင်မရာ မကြောက်တတ်ပေ။ သူတို့နှစ်ယောက်ရဲ့ အထက်တန်းကျလှတဲ့ မျက်နှာလေးတွေကြောင့် ရိုက်ကွင်းက ဝန်ထမ်းတွေပင် အာရုံစူးစိုက်ဆွဲဆောင်ခံရသည်သာမက ဓာတ်ပုံဆရာကလည်း ချီးကျူးမိလေသည်။
"တကယ့်ကို အပြစ်ပြောစရာမရှိဘူး"
ဓာတ်ပုံဆရာက ရိုက်ပြီးသွားတာတောင်မှ သနားစဖွယ်ဖြင့် ဆက်ဖြောင်းဖြ၏။
"ဥက္ကဌချန်းတို့ဇနီးမောင်နှံက တကယ်ကြီး ဓာတ်ပုံ ဆက်မရိုက်တော့တာလားခင်ဗျာ? ... နှစ်ယောက်လုံးက ခန့်ညားပြီး လှပနေကြတာ! .... ဓာတ်ပုံနည်းနည်း ထပ်မရိုက်ရင် နှမျောစရာကောင်းသွားမှာ"
ချန်းစီနျန်က ချင်းစုယွဲ့ကို ကြည့်လိုက်သည်။ ချင်းစုယွဲ့က ချန်းစီနျန် သူမ၏အမြင်ကို မေးသည်မှန်း သိသဖြင့် ခေါင်းခါပြလိုက်သည်။
"ထားလိုက်ပါတော့ .... ကျွန်မ ပင်ပန်းနေလို့"
ဒါကိုကြားတော့ ချန်းစီနျန်က သူမကိုပွေ့ဖက်ကာ သူ့ကိုမှီထားစေသည်။
"ကောင်းပြီလေ ... သူတို့ကို ရပ်ခိုင်းလိုက်တော့မယ် ... မင်းအနားယူဖို့ ကိုယ် အိမ်ကိုပြန်လိုက်ပို့ပေးမယ်"
တခြားသူတွေရဲ့အကြည့်အောက်မှာ သူမက တိတ်တိတ်လေး သူ့ခါးကို လိမ်ဆွဲလိုက်ပြီး သူ့ကို စူးရဲစွာ ကြည့်လိုက်သည်။ ဟွန့် သူမက ခုထိ စိတ်ဆိုးနေဆဲပင်။ သူမ ဒီနေ့ အားမရှိတာက သူ့ကြောင့်ပေ။
မနေ့ညက သူမလည်ပင်းမှာ အမှတ်တွေ မချန်ခဲ့ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ရာ သူက သတိရပေမယ့် သူမကို ကောင်းကောင်းကြီး စားသုံး၏။
ဒီနေ့ မင်္ဂလာဓာတ်ပုံရိုက်မှာကို သူက ညနက်တဲ့အထိ သူမကို နှောင့်ယှက်သည်။ ချင်းစုယွဲ့ ဒီနေ့မနက်နိုးလာတော့ အားနည်းကာ ယိုင်နဲ့နေလေ၏။
ချန်းစီနျန်က သူမ အဝတ်လဲဖို့အတွက် အဝတ်လဲခန်းထဲသို့ ခေါ်လာသည်။ သူမ မတက်ကြွပဲ ဖြစ်နေသည်ကိုတွေ့တော့ စိုးရိမ်တကြီး မေးလာသည်။
"ပင်ပန်းနေလို့လား?"
ချင်းစုယွဲ့က သူ့ကို မျက်စောင်းထိုး၏။
"ရှင်ရော?"
ချန်းစီနျန်က ပြုံးလိုက်သည်။
"ချန်းကတော်က ကိုယ့်ကို ပိုကြိုးစားဖို့ ဖိတ်ခေါ်နေတာလား?"
ဒီလူကတော့...
ချင်းစုယွဲ့က သူ့ကို တွန်းလွှတ်လိုက်တော့သည်။
"သွားတော့ ... ကျွန်မအင်္ကျီလဲမလို့"
"မင်းပဲ ပင်ပန်းတယ် ပြောတာ မဟုတ်ဘူးလား? ... ကိုယ်က ချန်းကတော်ကို ကူပြီး အင်္ကျီလဲပေးမလို့လေ"
"ကျေးဇူးတင်ပေမယ့် ရှင့်ကို အနှောင့်အယှက် မပေးတော့ပါဘူး"
ချင်းစုယွဲ့ဟာ ဒီဝံပုလွေပါးစပ်ထဲ တည့်တည့်သွားမတိုးရဲပါချေ။ သူ့ကိုသာ အင်္ကျီလဲပေးခွင့်ပေးလိုက်ရင် သူမတော့ အဝတ်လဲခန်းထဲက အသက်ရှင်လျက်တောင် လမ်းလျှောက်ပြီး ထွက်သွားနိုင်ပါ့မလား?
သူမတို့နှစ်ယောက် ပစ္စည်းတွေထုပ်ပိုးပြီး အပြန်လမ်းမှာ မာမားပိုင်နဉ်းက ဖုန်းဆက်၍ ညစာစားဖို့ခေါ်သဖြင့် ချင်းစုယွဲ့က ချန်းစီနျန်ရဲ့အမြင်ကို မေးကြည့်ရာ သူက သဘောမတူစရာ မရှိသဖြင့် လမ်းကိုပြောင်းလျက် ချင်းမိသားစုအိမ်တော်သို့ ဦးတည်လိုက်ကြသည်။
ချန်းစီနျန်ရဲ့အိမ်မှာ နေပြီးတဲ့ညထဲက ချန်းစီနျန်ကလည်း သူမကို အချိန်မရွေး လာခေါ်ဖို့အဆင်ပြေသဖြင့် ချင်းစုယွဲ့က ထိုနေရာမှာပဲ အနေများတော့သည်။ လူကြီးတွေ အားလုံးကလည်း သိကြသဖြင့် ဘာမှသိသိသာသာတော့မပြောပေ။
ချင်းစုယွဲ့မှာ ရောက်ပြီးထိုင်တာနှင့် မတတ်နိုင်တော့ပဲ သမ်းဝေမိသွားသည်။ သူမ တကယ်ကို အိပ်ချင်နေလေ၏။
ပိုင်နဉ်းက ချင်းစုယွဲ့ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့တာ သူမက အဆင်ပြေနေပေမယ့် အခုပင်ပန်းနေသည်ကိုတွေ့တော့ သနားစွာဖြင့် မေးမိသည်။
"သမီး အလုပ်အရမ်းများနေတာလား? ... မင်္ဂလာဆောင်မယ့်နေ့က နီးနေပြီ ... ပင်ပန်းရင် အလုပ်က မည်းနည်း အနားယူလိုက်လေ"
သူမ ပင်ပန်းရသည့် အကြောင်းပြချက်ကို ရသွားတဲ့ ချင်းစုယွဲ့ကတော့ လျင်လျင်မြန်မြန်ပဲ ပြန်ဖြေလေ၏။
"အလုပ်က အဆင်ပြေပါတယ် ... မာမား သမီး မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ပါ ... အဲ့တာကြောင့် နည်းနည်း ပိုပင်ပန်းနေတာ ... ဧပြီလကုန်ခါနီးရင် သမီး အချိန်နည်းနည်းယူပြီး မင်္ဂလာဆောင်အတွက် ပြင်ဆင်လိုက်ပါမယ်"
"သမီးအလုပ်က အရေးကြီးတာမှန်ပေမယ့် ကျန်းမာရေးကလည်း အရေးကြီးတယ်နော်"
"သမီးသိပါပြီ ... မာမား မစိုးရိမ်နဲ့နော်"
ချန်းစီနျန်က သူမလက်ကိုကိုင်ကာ ပြုံးလိုက်ရင်း မာမားပိုင်နဉ်းကို အာမခံပေးလိုက်၏။
"မစိုးရိမ်ပါနဲ့ မာမား ... ကျွန်တော် သူ့ကို သေချာ ဂရုစိုက်ပေးမှာပါ"
9.8.2020
********************