Chapter 5;ကျန်ချန်တစ်ယောက်ထိတ်လန့်မှုကြောင့် သူ့မေးရိုးအဆစ်လွဲလုနီးနီးပင်။
ဖန်းကျိဖုန်းဆက်လာချိန်တွင် ကျန်ချန်သည် အိပ်ပျော်နေဆဲရှိ၏။ ဘေးမှာတင်ထားသည့် သူ့ဖုန်း၏မနားစတမ်းအသံမြည်နေမှုကြောင့် ကျန်ချန်အိပ်ချင်မူးတူးအသံနှင့်ဖုန်းဖြေလိုက်တယ်။
"ဟယ်လို...,"
ဖန်းကျိက ဖုန်းတစ်ဖက်မှပြောလာသည်။
"Fuck,ဒီလိုဖြစ်မယ်ဆိုတာ ငါသိတယ်။ အခု
ဘယ်အချိန်ရှိပြီလဲဆိုတာ မျက်လုံး ဖွင့်ကြည့်လိုက်ပါဦး။"
ကျန်ချန် အိပ်ချင်မူးတူးနှင့် ဖုန်းထဲမှနာရီကိုကြည့်ပေမယ့်ရှင်းရှင်းလင်းလင်းမမြင်ရပေ။
"လေးနာရီထိုးပြီလား?။"
"သုံးနာရီခွဲနေပြီ။ မင်းဒီလိုဖြစ်မယ်ဆိုတာ
သိလို့ ငါကြိုပြီးဖုန်းဆက်လိုက်တာ။"
"အဲ့အချိန်ရှိပြီလား။"
ကျန်ချန် အိပ်ရာပေါ်မှ ထထိုင်လိုက်တယ်။
"ငါ ခဏနေထွက်ခဲ့မယ်။မင်းကို ဘူတာရုံပေါက်မှာစောင့်နေမယ်။"
"ဘယ်အပေါက်လဲ?။"
"ဒီမြို့မှာကထွက်ပေါက်တစ်ခုပဲရှိတယ်။"
ညစ်ပေပြီးမှုန်ဝါးနေသည့်ပြတင်းပေါက်မှန်ကနေတစ်ဆင့်အပြင်ကိုလှမ်းကြည့်လိုက်မိ
သည့်အခါ ရာသီဥတုကသာယာနေသည်ကို
ကျန်ချန် မြင်လိုက်ရသည်။
"ငါ ဖုန်းချလိုက်တော့မယ်။"
ကျန်ချန်တစ်ယောက် အဝတ်အစား တွေကို ဝတ်ပြီးအိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည်။ သူ မနေ့နေလည်တည်းက ယခုအချိန်ထိတိုင် အောင်အိပ်ပျော်သွားခြင်းကြောင့်သူ့အိပ်ချိန်ကိုတွက်ကြည့်လျှင်၊ တစ်နေ့လုံးနီးနီး ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် သူလမ်းလျှောက်သည့်အခါ သူ့ကိုယ်သူလေပေါ်ပျံနေသလိုခံစားနေရ၏။
လီပေါင်ကော်သည်အိမ်မှာမရှိနေချေ။ ထိုလူ ဘယ်ထွက်သွားမှန်း သူလည်းမသိဘူး။ယခုလက်ရှိ သူနေနေရသည့်အိမ်ဟာ သူ့အတွက် စိမ်းသက်လွန်းနေသည်ဟု ကျန်ချန်ခံစားနေရသည်။ သူ့အမေက သူ့ကို မွေးစားထားတာပြန်ရုတ်သိမ်းသွားချိန်တွင် သူ လီပေါင်ကော်
တွေ့ချင်ခဲ့တောင်မဟုတ်ဘူး။ ဒါပေမဲ့, သူက
ဒီမြို့သို့ရောက်လာခဲ့ရ၏။လီပေါင်ကော်က သူ့ကို အနှောင့်အယှက်ပေးတာမျိုးတော့မရှိ
ပေ။အရင်တစ်ခါကသူပြောခဲ့ဖူးသလိုထိုသူက သူ့သားပြန်လာမှာကို မျှော်လင့်ထားပုံရသည်။
[သြော် ,ငါ့ကလေးရယ်]
သူဒီမြို့ကိုရောက်သည်မှာ နှစ်ရက်ကြာပြီဖြစ်သော်လည်း၊ သူ့ရဲ့ကြီးမြတ်လှသည့် အကိုနှင့် အမကို သူ မတွေ့ရသေးဘူး။ လက်ရှိမိသားစုဝင်တွေနှင့်အိမ်အကြောင်းကို သူ စိတ်ဝင်စား
မှုမရှိပေမယ့်၊သူအိပ်ရာနိုးလာချိန်တိုင်း အိမ်ထဲတွင်တစ်ယောက်တည်းဖြစ်နေသည့်အခါ
သူ အနည်းအကျဉ်းစိတ်ပျက်မိ၏။
သူနေသည့်တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်းသာမပါခဲ့လျှင်၊သူ ဒီတိုက်ခန်းကိုလွန်ခဲ့တဲ့ရာစုနှစ်တုန်းက တိုက်ခန်းတွေလို့ တွေးမိမည် ဖြစ်၏။တိုက်ခန်း အပြင် ပတ်ဝန်းကျင်သည် ဟောင်း
နွမ်းပျက်စီးနေပြီး လူနေဖို့မဖြစ်နိုင်တော့ချေ။
ထို့ကြောင့်, သူ ဖန်းကျိကို သူ့အိမ်မှာလိုက်ပြီး မနေခိုင်းခြင်းဖြစ်သည်။ သူ့ရဲ့အရင်အိပ်ခန်းက သန့်ရှင်းသပ်ရပ်ပြီး စန္ဒယားလည်း ရှိ၏။
အကယ်၍ ဖန်းကျိ အော်ဟစ်ချင် စိတ်ရှိလျှင်
စိတ်ရှိလက်ရှိနှစ်ရက်သုံးရက်ဆက်တိုက်မက အော်ဟစ်နေလို့ရ၏။သူ့ကိုဒီလို"အိမ်"မျိုးမှာ ကျန်ချန်မနေခိုင်းချင်ဘူး။ ဘူတာရုံပေါက်မှာ ဖန်းကျိအော်ဟစ်နေတာမှ ပိုကောင်းနေမည်ဖြစ်သည်။
"Fuckkkk!"
ဖန်းကျိက ခရီးဆောင်အိတ်နှင့် အိတ်ကြီးကြီးတစ်လုံးကို ဆွဲလာပြီး ခပ်တိုးတိုး ဆဲရေးလာသည်။ သူက သူ့ကို မြင်သွားသည့်အခါပူညံ
ပူညံလုပ်လာ၏။
"ငါ့အတွက်တော့ ,ဒီမြို့က မြို့လို့လက်ခံချင်စရာကိုမရှိဘူး။"
"ဒါဆို, အခုချက်ချင်းလှည့်ပြန်လိုက်တော့။"
ကျန်ချန် လက်မှတ်ဂိတ်ကိုညွှန်ပြလိုက်တယ်။
"မြန်မြန်,လက်မှတ်သွားဖြတ်တော့ ။"
"ငါတို့ရဲ့ညီအစ်ကို ဆက်ဆံရေးအတွက် ငါ့မှာ အဝေးကြီးကနေပစ္စည်းတွေသယ်လာပြီး မင်းဆီကိုတကူးတကလာခဲ့တာ။မင်းကနည်းနည်း
လေးမှ စိတ်မလှုပ်ရှားဘူးလား။"
"အိုး,အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။"
ကျန်ချန် သူ့ကို သရော်လိုက်တယ်။
ဖန်းကျိက သူ့ကိုစိုက်ကြည့်လာပြီးနောက်တွင်
လက်နှစ်ဖက်ကို ဆန့်တန်းပေးလာ၏။
"ငါမင်းကို အရမ်းလွမ်းနေတာ။"
သူ့အမူအရာကိုမြင်သည့်အခါကျန်ချန်လည်း သူ့ဆီသို့လျှောက်သွားပြီးပွေ့ဖက်လိုက်တယ်။
"ငါက မင်းကို စိတ်ထဲမှာမရှိဘူး။ "
ဖန်းကျိက သူ့ကို လွှတ်ပေးလာသည်။
"မင်းမှာ သူငယ်ချင်းကဘာလို့ငါတစ်ယောက်
တည်းပဲရှိလဲသိလား?။"
"အင်း။"
ကျန်ချန် ခေါင်းညိတ်ပြလိုက်တယ်။
"မင်းက အရမ်းတုံးလို့။"
ယခင်က သူ့မှာ သူငယ်ချင်းအပေါင်းအသင်းအများကြီး ရှိခဲ့သည်။ သူတို့တွေ အုပ်စုလိုက်လျှောက်လည်ဖူးခဲ့ကြသည်။ နောက်ပိုင်းတွင်အသေးအဖွဲကိစ္စလေးကြောင့်နှင့် အချင်းချင်း စိတ်ဝမ်းကွဲလာကြပြီး၊ ပြသာနာ ကြီးကြီးမားမားတွေဖြစ်လာခဲ့သည့်အခါ ငှက်တွေလိုမျိုး တကွဲတပြားပျံသန်းသွားကြ၏။သူငယ်ချင်း
ဟူ၍ ဖန်းကျိတစ်ယောက်သာကျန်တော့တာဖြစ်သည်။သူတို့နှစ်ယောက်က အလယ်တန်းကျောင်း တတိယနှစ်မှာ စသိခဲ့ကြတာဖြစ်ပြီး အထက်တန်း၌တစ်ခန်းတည်းအတူတူ တက်ခဲ့ကြသည်။သူတို့ရဲ့ခင်မင်မှုကသုံးနှစ်တောင်ရှိပြီဖြစ်သော်လည်း၊ ယခုအချိန်အထိ ရင်နှီးနေကြဆဲဖြစ်၏။သူ ဒီမြို့လေးကိုပြောင်းလာချိန်တုန်းက သူသတိအရဆုံးအရာက ဖန်းကျိ ဖြစ်သည်။
..
ဖန်းကျိက တက္ကစီသမားကိုမေးလိုက်သည်။
"ဆရာ, ဒီလိပ်စာကို သိလားဗျ?။"
တက္ကစီသမားသည် လိပ်စာကိုကြည့်ပြီး ပြန်ဖြေလာ၏။
"ဘာလို့မသိရမှာလဲ?။ ဒီဟိုတယ်ကဒီမြို့မှာ အကောင်းဆုံးဟိုတယ်ပဲလေ။"
ဖန်းကျိကို ကျန်ချန် လှမ်းကြည့်လိုက်တယ်။
"မင်းက တကယ် ဘယ်ဟာကို ရွေးရမလဲဆိုတာ သိတယ်နော်။ "
"ဒီအခန်းကဈေးအကြီးဆုံးအခန်းနော်။"
ဖန်းကျိက အိတ်ကပ်ထဲမှမီးခြစ်ကိုထုတ်ပြီး သူ့ကိုလှမ်းပေးလာသည်။
"ကြည့်လိုက်, မင်းကြိုက်ရဲ့လား?။"
ကျန်ချန် မီးခြစ်ကိုကြည့်လိုက်တယ်။အပြင်အဆင်ချောမွေ့သည့်မီးခြစ်ပုံက သူ့အကြိုက်ဖြစ်သည်။မီးခြစ်ရဲ့အောက်အနားတွင် စာလုံးနှစ်လုံးထွင်းထား၏။ ထိုစာလုံးများကို အနီး
ကပ်ပြီး သူ ကြည့်လိုက်တယ်။
"မီးခြစ်ပေါ်မှာ ဘာထွင်းထားတာလဲ။
'Police officer' ။"
[TN Police officer mean *Jingcha*]
"J.C, မင်းနာမည်ရဲ့အစစာလုံးလေ။မိုက်တယ် မလား?။"
"မိုက်တယ်။"
မီးခြစ်ကို ကျန်ချန် အိပ်ကပ်ထဲမှာသိမ်းလိုက်တယ်။
"မင်း ဒီမှာ ဘယ်နှစ်ရက်နေမှာလဲ?။"
ဖန်းကျိက သက်ပြင်းချလာသည်။
"နှစ်ရက်, ကျောင်းကမကြာခင်ပြန်ဖွင့်ပြီ။"
"ကျောင်းဖွင့်မယ့်ကိစ္စကို ဘာလို့သက်ပြင်းချနေတာလဲ။"
"အတန်းတက်ရတယ်။စာမေးပွဲဖြေရတယ်။ ဒီကြားထဲ အိမ်စာကလုပ်ရတယ်။ စိတ်ပျက်စရာပါပဲ။ငါလည်းမင်းလိုဖြစ်ချင်လိုက်တာ။စာခက်ခက်ခဲခဲလုပ်စရာမလိုပဲ TopTenအမြဲဝင်တယ်။ငါသာ အဲ့လိုတော်နေရင်သက်ပြင်း
ချနေမှာ မဟုတ်ဘူး။"
ကျန်ချန် သူ့ကို မျက်လုံးမှေးကျဉ်းပြီးကြည့်လိုက်တယ်။
"ငါ စာမကြိုးစားဘူးလို့ ,မင်းကိုဘယ်သူပြောလဲ။ ငါတစ်ယောက်တည်း ညမိုးချုပ်တဲ့အထိ
စာလုပ်နေတာမင်းမသိဘူးမလား။"
"ပြောချင်တဲ့အချက်ကအဲ့ဒါပဲ။ ငါ ဆယ်ရက်
ဆက်တိုက်ညလုံးပေါက်စာလုပ်တယ်။ ဘာမှအကျိုးမထူးလာဘူး။"
ဖန်းကျိက သက်ပြင်းချလာသည်။
"ငါ မင်းကိုဘာလို့အရမ်းလွမ်းနေမှန်း သိပြီ။ မင်းထွက်သွားရင် စာမေးပွဲခန်းထဲမှာ ငါ့ကို အဖြေပြမယ့်သူ မရှိတော့ဘူး။"
"ဒါဆို,ကျောင်းထွက်လိုက်တော့။"
ဖန်းကျိက သူ့ကို စိုက်ကြည့်လာသည်။
"အကြင်နာတရားထားစမ်းပါ။ "
ကျန်ချန် သူ့ကိုကြည့်ပြီး ရယ်လိုက်တယ်။
ဖန်းကျိက နယ်မြို့လေးကိုသဘောကျပုံမရသော်လည်း၊ဟိုတယ်ကို သဘောကျပုံရ၏။သူက ဟိုတယ်အခန်းထဲသို့ ဝင်ပြီး အိပ်ယာ ၊ ရေချိုးခန်းနှင့်အိမ်သာတွေကိုလိုက်ကြည့်ပြီး
စိတ်ကျေနပ်စွာ ရေရွတ်လာသည်။
"မဆိုးဘူး,မဆိုးဘူး။ "
"တစ်ခုခု သွားစားရအောင်။ "
ကျန်ချန် နာရီကိုတစ်ချက်ကြည့်လိုက်တယ်။
"အသားကင် စားမယ်မလား?။"
"အင်း။"
ဖန်းကျိက စကားပြောရင်းနှင့်ခရီးဆောင်အိတ်ကို ဖွင့်လာသည်။
"မင်းကို လက်ဆောင်ပေးစရာရှိတယ်။"
"ဟင်,"
ကျန်ချန် အိပ်ယာပေါ်မှထိုင်ပြီး သူ့ကိုကြည့်လိုက်တယ်။
"ဘာလဲဆိုတာ ခန့်မှန်းကြည့်။"
ဖန်းကျိက ခရီးဆောင်အိတ်ကိုဆွဲဖွင့်နေ၏။
ကျန်ချန် သူ့ခရီးဆောင်အိတ်ကိုလှမ်းကြည့်လိုက်သည့်အခါ ဗူးအသေးအကြီးအမျိုးမျိုးနှင့် ထုတ်ပိုးထားသည့် မုန့်ပဲသရေစာတွေကို တွေ့လိုက်ရသည်။
"သံဖြူပုလွေ?။"
"Fuck !"
ဖန်းကျိကရယ်မောလာပြီး၊ ခရီးဆောင်အိတ်အောက်ခြေတွင်ထည့်ထားသည့် ဗူးရှည်ရှည်လေးကို ဆွဲထုတ်လာသည်။
"ဒီလောက်ခန့်မှန်းရလွယ်တာလားဒါမှမဟုတ် ငါတို့စတွေ့တဲ့အချိန်ကို သတိရနေလို့လား?။"
"ခန့်မှန်းရလွယ်လွန်းတယ်။"
သူ့လက်ထဲမှဗူးလေးကို ကျန်ချန်လှမ်းယူပြီး အနက်ရောင်သံဖြူပုလွေကိုဖွင့်ကြည့်လိုက်တယ်။
"အရမ်းမိုက်တယ်။"
"Susato-D,ဟုတ်တယ်မလား။ ငါမှားမဝယ်ခဲ့မိဘူး,ဟုတ်တယ်ဟုတ်?။ မင်း အရင်တုန်းက တစ်ခုနဲ့ တစ်ပုံစံတည်းတူတယ်မလား?။ "
"တူတယ်။"
သံဖြူပုလွေကို ကျန်ချန် အစမ်းမှုတ်ကြည့်လိုက်တယ်။
"ကျေးဇူးပဲ။ "
"ဒါကို မချိုးပစ်နဲ့နော်။ ငါက မင်းအတွက် လက်ဆောင်ပေးတာ။"
"အင်း။"
ကျန်ချန်က ပုလွေကိုသိမ်းလိုက်တယ်။
သူဒေါသထွက်သည့် အချိန်တိုင်း ပစ္စည်းတွေ ရိုက်ချိုးတတ်သည့် အကျင့်မျိုး သူ့ဆီမှာမရှိချေ။ သူက သူ့ကိုယ်သူထိန်းချုပ်နိုင်သည့်သူဖြစ်သည်။ သူက လူတွေကို ရိုက်ရင်ချင်ရိုက်မယ်။.ပစ္စည်းတွေကို မရိုက်ချိုးတတ်ဘူး။ထိုအချိန်တုန်းက သူ ပုလွေကို ချိုးမိခြင်းသည် ၊ အဖေ့နှင့်ရန်ဖြစ်မရတာကြောင့် သူ့ဒေါသကို
ပုလွေအပေါ်မှာပုံချမိခဲ့တာဖြစ်သည်။
ညနေခင်း သူအိမ်မပြန်လာမည်အကြောင်းကို လီပေါင်ကော်ဆီမက်ဆေ့ခ်ျ ပို့လိုက်သင့်လားဆိုပြီး တုံ့ဆိုင်းနေပြီးမှတိုက်ရိုက်ဖုန်းခေါ်ဖို့ရန်ကျန်ချန် ဆုံးဖြတ်လိုက်တယ်။ အချိန်အတော်ကြာမှ လီပေါင်ကော်က ဖုန်းဖြေလာသည်။
"Heyyyy,"
အနောက်ဘက်မှ ကြားနေရသည့် အသံဗလံတွေကြောင့် လီပေါင်ကော်သည် မာကျောက် ဒါမှမဟုတ် ဖဲကစားနေပုံပေါ်သည်။ ကျန်ချန် ဆွံ့အသွားသည်။ သူ့အမေက လီပေါင်ကော် စရိုက်ကိုတကယ်သတိမမူမိဘူးလား။ဒါပေမဲ့ သူ့အမေစိတ်ထဲတွင်, ထိုအချက်ထက် သူ့ရဲ့တည်ရှိမှုကြောင့် မိသားစုပျက်စီးစေခဲ့တယ်ဆိုတဲ့ပြစ်ချက်နှင့် ယှဉ်လို့မရတာဖြစ်နိုင်၏။
" ကျွန်တော့် သူငယ်ချင်းတစ်ယောက်လာလို့ ,
ဟိုတယ်မှာ နေတော့မယ်။ဒီညအိမ်ပြန်မလာဘူး။"
"သူငယ်ချင်း လာလည်တယ်...ဟင်?"
လီပေါင်ကော်က ဖုန်းပြောနေရင်းနှင့်ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
"မင်းတို့တွေ ပျော်ကြမယ့်ကိစ္စကို ဘာလို့
ငါ့ဆီ ဖုန်းဆက်တာလဲ?။ငါကတစ်ခုခုဖြစ်
တာလားလို့။ "
"ကျွန်တော် ဖုန်းချလိုက်တော့မယ်။"
သို့သော်, လီပေါင်ကော်က ဘာမှမပြောပဲနှင့်သူ့ထက်အရင် ဖုန်းချသွားသည်။
"မင်းအဖေလား?။"
ဖန်းကျိက သူ့ကို ကြည့်လာသည်။
"သူက ဘယ်လိုလဲ?။"
"ငါ သေချာမသိဘူး။ဆေးလိပ်သောက်တယ်၊ ချောင်းဆိုးတယ်၊ ဖဲကစားတယ်။"
ဖန်းကျိက ဝေဖန်ထောက်ပြလာ၏။
"မင်းလည်း ဆေးလိပ်သောက်တယ်။ချောင်း
ဆိုးတယ်လေ။ ပြီးတော့ဘယ်သူက ချောင်းမဆိုးပဲနေနိုင်လို့လဲ။ "
"နားပူလိုက်တာ။"
ကျန်ချန် စကားဖြတ်ပြောလိုက်တယ်။
ဖန်းကျိက လက်တစ်ဖက် ယမ်းပြလာ၏။
"အသားကင် သွားစားရအောင်။"
အသားကင်စားခြင်းသည်အဆန်းမဟုတ်ပေမယ့်၊ ဖန်းကျိသည် စိတ်ကျေနပ်တဲ့အထိ စားသောက်နေလျက်ရှိသည်။ကျန်ချန်ကမနေ့ကအများကြီး စားထားတာကြောင့် နည်းနည်းပဲစားနိုင်သည်။ထို့ပြင် သူအဖျားရှိနေသေးတာကြောင့် ထိလွယ်ခိုက်လွယ်သည့် နူးနူးညံ့ညံ့ပန်းလေး ဖြစ်နေ၏။ သူတို့တွေ ဘာဘီကျူး ဆိုင်ထဲမှထွက်လာချိန်တွင် ကျန်ချန်ကနေလို့မကောင်းသလိုခံစားလာရသည်။
"မင်းဖျားနေတယ်မဟုတ်လား။"
ဖန်းကျိက ဆက်ပြောလာသည်။
"သုံးထပ်သားအရမ်းစားကောင်းတာတောင် မင်း နည်းနည်းလေးပဲစားတယ်။"
"မျက်လုံးကောင်းတယ်။"
ကျန်ချန်ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ သူမနေ့က ဖျားပြီး မူးလဲသွားတဲ့အကြောင်းကို ဖန်းကျိကိုပေးသိမှာမဟုတ်ပေ။
"လမ်းနည်းနည်းလျှောက်ရအောင်။"
ဖန်းကျိဗိုက်ကိုပွတ်သပ်လာသည်။
"ဒီနားမှာ ပျော်စရာတွေရှိလား။"
"မသိဘူး။"
ကျန်ချန် သေချာစဉ်းစားပြီးစာကြောင်းအချို့ကို ထပ်ထည့်ပြောလိုက်တယ်။
"ငါတကယ်မသိဘူး။"
"Heyyy, မင်းရဲ့ကျောင်းအသစ်ဘယ်မှာလဲ။"
ဖန်းကျိက ရုတ်တရက်မေးလာ၏။
" မင်း သွားမကြည့်ချင်ဘူးလား?။"
"အခုအချိန်ကြီး?။"
အကျီကော်လံကိုကျန်ချန်ဆွဲဆန့်လိုက်တယ်။
"ငါ မသွားချင်ဘူး။ "
"မနက်ဖြန်သွားမလား?။မနက်ဖြန်ကကျောင်း
ပိတ်ရက်ဆိုတော့ လူသိပ်ရှိမှာမဟုတ်ဘူး။"
ဖန်းကျိက သူ့ပခုံးပေါ် လက်တင်လာသည်။
"မင်း ကျောင်းပြောင်းဖို့လုပ်တုန်းကလည်းသွားမကြည့်ခဲ့ဘူးမလား?။"
" ငါ သွားသွားမသွားသွား မင်က ဘာလို့
သိချင်နေတာလဲ?။"
"ဟုတ်ပါပြီ။ မင်းသွားခဲ့ပါတယ်။"
ဖန်းကျိက စတင်ပြီးရယ်မောလာသည်။
ဘဝအသစ်၊ပတ်ဝန်းကျင်အသစ်သည် စိုးရိမ်
ပူပင်မှု နှင့်အနှောင့်အယှက်တွေသူ့ဆီ ဆောင်ကျဉ်းလာခဲ့သော်လည်း ဖန်းကျိကတော့သူ့ကို စိတ်သက်သာရာရစေသည်။နောက်ဆုံးတွင်မူ မရင်းနှီးသည့်ပတ်ဝန်းကျင်၍ သူနှင့်ရင်နှီးတဲ့
လူတစ်ယောက်က သူ့ဘေးမှာရှိနေ၏။
ထိုနေ့ညတွင်ကျန်ချန်တစ်ညလုံးအိပ်မပျော်ခဲ့ချေ။ သူတို့နှစ်ယောက်လုံး တစ်ညလုံး စကားထိုင်ပြောခဲ့ကြပြီး ဘာအကြောင်းအရာပြောခဲ့မှန်းမမှတ်မိကြတော့ဘူးဖြစ်သည်။ သူတို့တွေ အားကစားအကြောင်း ပြောခဲ့တာသေချာ၏။ ဒါပေမဲ့ သူတို့ဘာအကြောင်းကိုပြောခဲ့ခြင်းကမရေးမကြီးချေ။အရေးကြီးသည့်အချက်က သူနှင့်စကားပြောပေးမဲ့သူရှိနေ၏။
သူတို့နှစ်ယောက်သည် မနက်မိုးလင်းခါနီးကျမှအိပ်ပျော်ခဲ့ကြသည်။ သို့သော်လည်း အပြင်ဘက်တွင် ဆူညံနေသည့် ထရပ်ကားဟွန်းတီးသံကြောင့် မနက်၈နာရီကျော်တွင် ပြန်နိုးလာကြသည်။
"Fuck., ဒါက မြို့မဟုတ်ဘူးလား။"
ဖန်းကျိက စောင်ကို ဆွဲခြုံလိုက်၏။
"ဘယ်သယ်ယူပို့ဆောင်ရေးကားက ဟိုတယ်ရှေ့မှာရှိနေတာလဲ။"
"ငါလည်းမသိဘူး။"
ကျန်ချန်လည်း မျက်လုံးပြန်မှိတ်လိုက်တယ်။
ဖန်းကျိဆက်ပြောလာသည်။
"ဒီမှာ မနက်စာဝန်ဆောင်မှုရှိတယ်။မင်းသွားမယူချင်ဘူးလား။"
"မင်းဘာသာသွားယူ။အိပ်သွားပြီလား?။"
"အိပ်သွားပြီ။"
ဖန်းကျိ ပြုံးစိစိနှင့်ဆက်ပြောလာသည်။
"ဒီနေ့အတွက်အစီအစဉ်က?"
"ကျောင်းသွားကြည့်မယ်။အဲ့နေရာမှာ ပျော်စရာ တစ်ခုခုရှိမှာပါ။ဆောင်းလအလယ်ဆိုတော့ ရှိချင်မှလည်းရှိလိမ့်မယ်။"
"စိတ်မပူနဲ့။ ငါက စိတ်ပျော်ရွှင်မှုကိုဦးစားပေးတတ်တဲ့လူမဟုတ်ပါဘူး။ ငါက မင်းကိုတွေ့ဖို့လာခဲ့တာ။မင်းကိုအကြာကြီးတွေ့ရတာနဲ့တင် လုံလောက်နေပြီ။"
"ဒါဆို ငါပြန်အိပ်သွားရင်, မင်းက ခုံတစ်ခုံခုံပေါ်မှာထိုင်ပြီးမင်းစိတ်ကျေနပ်တဲ့အထိငါ့ကို အဝထိုင်ကြည့်နေ။"
"Heyyyy,"
ဖန်းကျိက သူ့အနားသို့တိုးလာသည်။
"လွန်ခဲ့တဲ့နှစ်ရက်က မင်း ဒီလောက်စကားသိပ်မပြောပါဘူး။"
ကျန်ချန် သူ့ကို ကြည့်လိုက်တယ်။
"ဘာကိုလဲ။"
"အခုမှ မင်းအရင်လိုစကားအများကြီးပြော
တာကိုပြန်ကြားရတော့တယ်။မင်းပြန်လာခဲ့မယ်မဟုတ်လား?။"
"ဖြစ်နိုင်ပါတယ်။"
ကျန်ချန် ခဏကြာသည်အထိ စဉ်းစားကြည့်သော်လည်း၊ သူ့တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး ပြောစရာစကားမရှိတော့ချေ.။
ကျောင်းတည်နေရာကို ဖုန်းမြေပုံထဲတွင် ရှာကြည့်သည့်အခါ လီပေါင်ကော်၏အိမ်နှင့်နီးနီးလေးဖြစ်၏။သူက ကျောင်းနှင့်ပတ်သတ်
၍စိတ်မဝင်စားသောကြောင့် လီပေါင်ကော်
ကို သူ မမေးခဲ့ခြင်းဖြစ်သည်။အမှန်တကယ်, ကျောင်းပြောင်းရွေ့ခြင်းအလုပ်က ဒုက္ခများ
၏။ထို့အပြင် သူ့အဖေနှင့်အမေက သူ့ကိုစွန့်
ပစ်ဖို့မလုပ်ခင်တည်းက ထိုကိစ္စတွေအားလုံးကြိုစီစဉ်ထားသည့်အတွက်ကြောင့် ကျောင်းကိစ္စနှင့်ပတ်သက်ပြီး သူ့ရဲ့စိတ်ဝင်စားမှုဟာပျောက်ဆုံးသွားခဲ့သည်။
သူ့အဖြစ်က သင့်တော်သည့်စိမ့်တောမြေကို
ရှာဖွေနေရသည့်ရွံ့ဗွက်အိုင်ကဲ့သို့အဆုံးသတ်သွားခဲ့၏။
ဖန်းကျိက ကျောင်းနေရာကိုရှာပြီးနောက်တွင် သူ့လက်ကိုဆွဲ၍ busကားပေါ်တက်သွား၏။
"Busကားပေါ်မှာ မြို့တစ်မြို့ရဲ့အစစ်အမှန်အရသာကိုမြင်ရတယ်ဆိုတာ မင်းသိလား။"
ကျန်ချန် သူ့ကို လှည့်ကြည့်လိုက်တယ်။
"အင်း.."
"ငါ့စကားတွေက ဒဿနိကအတွေးအခေါ်
နဲ့မတူဘူးလား။"
ဖန်းကျိက တစ်ယောက်တည်းမေးပြီး တစ်ယောက်တည်း ကျေနပ်နေသည်။
"အင်း...."
ကျန်ချန်သူ့ကိုဆက်ကြည့်လိုက်တယ်။ဒါပေမဲ့ ဖန်းကျိ သူ့ကို လှည့်ကြည့်လာသည့်အတွက်ကြောင့် ကျန်ချန် သူ့ပခုံးကိုပုတ်လိုက်တယ်။
"Ohh,ငါ့ကို ဒီစကားတွေကို ပထမဆုံးပြောဖူးတဲ့လူပဲ မင်းပဲရှိတယ်။"
..
Busကားပေါ်တွင်လူအများကြီးမရှိချေ။သေးငယ်လှသည့်မြို့လေးကသွားရလာရလွယ်ကူ
ပြီး၊ မြို့ကြီးပြကြီးတွေလို ပြွတ်သိပ် နေသည့်
လူတွေမရှိသောကြောင့် ကိုယ် သွားရမဲ့လမ်း
ကို တွန်းဝှေ့သွားစရာ မလိုအပ်ပေ။
"ငါတို့မြို့က busကားနဲ့ယှဉ်ရင် ဒီကbusကားတွေက ပိုသက်တောင့်သက်သာရှိတယ်နော်။"
ဖန်းကျိက စိတ်ကျေနပ်စွာပြောလာ၏။သူတို့တွေ busကားပေါ် ကဆင်းလာပြီးနောက်တွင် ဖန်းကျိက ဖုန်းထဲကမြေပုံကို ကြည့်နေသည်။
" စီကျုံးအထက်တန်းကျောင်းကိုရောက်ဖို့ နောက်ထပ် မီတာငါးရာလျှောက်ပြီး ,လမ်းထောင့်ချိုးကို ကွေ့လိုက်ရင်ရောက်ပြီတဲ့။"
"ငါတော့ မထင်ဘူး။"
ကျန်ချန် အကျီကော်လံကိုထပ်ပြီး ဆွဲဆန့်လိုက်တယ်။
"ငါတို့ပတ်ဝန်းကျင်ကိုလျှောက်ပတ်ကြည့်ပြီး သွားလည်းရတယ်။ မင်းရဲ့ လုပ်ဆောင်မှုတွေက. ...."
ဖန်းကျိက သူ့ဖုန်းကို ကျန်ချန်မျက်နှာရှေ့မှာ ထောင်လိုက်ပြီး ၊ ဖုန်းမျက်နှာပြင်ကိုနှိပ်လာသည်။
ကျန်ချန်မေးလိုက်တယ်။
"မင်း ဘာလုပ်တာလဲ။"
"ဓာတ်ပုံရိုက်နေတာ။
"ငါ ဒီရောက်ခဲ့မှန်းသိရင် သူ အော်လိမ့်မယ်။ ပြီးရင် ငိုယို ဒူးထောက်ပြီး မင်းဓာတ်ပုံပေးဖို့ ငါ့ကို တောင်းပန်လိမ့်မယ် ။ဒီနည်းလမ်းတွေကြောင့် သူက ငြင်းဖို့ခက်တဲ့ကောင်မလေး..."
"ပြီးရင် သူ မင်းကို ပိုက်ဆံပေးတယ်မလား။"
"ဟုတ်တယ်။"
ဖန်းကျိက ခေါင်းညိတ်လာသည်။
ကျန်ချန် သူ့မျက်နှာပေါ်မှာချိတ်ဆွဲထားတဲ့ အပြုံးကိုမြင်တော့ ဆဲရေးလိုက်တယ်။
"အရှက်ကိုမရှိဘူး။"
"မင်းတို့နှစ်ယောက်တကယ်ပြီးသွားပြီလား။ ငါ့အထင် သူက လှပါတယ်။"
"လှနေရုံနဲ့ အားလုံးပြီးတယ်လို့ မဆိုလိုဘူး။"
"သြော်,သူကမိန်းကလေးဖြစ်နေလို့စိတ်မဝင်
စားဘူး ,ဟုတ်တယ်မလား။"
ဖန်းကျိသည် သူ့မျက်နှာရှေ့မှာ ဖုန်းကင်မရာ
ထောင်ထားတာကြောင့် အင်တာဗျူးလုပ်နေတာနှင့်ပင် တူနေ၏။
ကျန်ချန် သူဘာမှမပြောဘဲစိုက်ကြည့်လိုက်တယ်။
"ငါ့အထင်, မင်း လက်တွဲဖော်ရှာမယ်ဆိုရင်
ပိုကောင်းတဲ့ မိန်းကလေးမျိုးရှာသင့်တယ်။ချစ်သူကောင်လေးထားရင် အရမ်းကြိုးစား
ရလိမ့်မယ်။ပြီးတော့ ပတ်ဝန်းကျင်မှာလည်းအဆင်မပြေနိုင်ဘူး။"
ဖန်းကျိကဖုန်းကိုအောက်သို့ချပြီး ဆက်ပြောလာသည်။
"အွန်လိုင်းပေါ်ကဖူဂျိုရှီမတွေကိုသွားမရှုပ်နဲ့။
သူတို့က အပြင်လောကမှာ တကွဲတပြားဆီရှိနေတာ။ အတူတူ ရှိနေကြတာမဟုတ်ဘူး။"
" ပူညံပူညံလုပ်နေတာကိုရပ်လိုက်။"
"ကျောင်းဖွင့်ရင် ငါမင်းကို မတွေ့ရတော့ဘူး။ ငါအများကြီး ပြောရသေးတာမဟုတ်ဘူး။"
ဖန်းကျိက သူ့ရင်ဘတ်သူ သနားစရာကောင်းအောင် ဖိပြီး ရေရွတ်လာသည်။
"ငါ့ရင်ဘတ်ထဲက စကားလုံးတွေပြည့်လျှံပြီး က ခွက် A ကနေ ခွက် Bတောင် ချိန်းသွားပြီ။"
[TN ကျောင်းပြန်ဖွင့်ရင် မတွေ့ရတော့တာမို့ ပြောစရာစကားတွေ များနေတာလို့ ပြောချင်တာ...]
ကျန်ချန် သူ့ကို သရော်လိုက်တယ်။
"မင်းပြန်ရင် အတွင်းခံတစ်စုံလက်ဆောင်
ထည့်ပေးလိုက်မယ်။ "
"ငါတို့ရောက်ပြီ။"
ဖန်းကျိက ခေါင်းဆတ်ပြလာသည်။
"စီကျုံးတဲ့,ငါတို့ အရင်ကျောင်းထက်ပိုကျယ်သားပဲ။"
ကျောင်းဂိတ် ဖွင့်ထားသည့် အတွက်ကြောင့် သူတို့တွေဂိတ်ပေါက်မှဖြတ်၍ကျောင်းထဲသို့ ဝင်ခဲ့ကြသည်။ဂိတ်စောင့်သည်သူတို့ကိုလှမ်းကြည့်ပေမယ့် ဘာမှမပြောချေ။
ထိုအခါ ဖန်းကျိ ပြောလာ၏။
"သူက ငါတို့စိတ်မဝင်စားဘူးလား?။"
"မင်း သူ့ဆီကစိတ်ဝင်စားမခံရလို့ဝမ်းနည်းနေတာလား?။"
ကျန်ချန် သူ့ကိုသင်္ကာမကင်းလှည့်ကြည့်လိုက်တယ်။
"အရူး။"
"လျှောက်ပတ်ကြည့်ရအောင်။"
ဖန်းကျိက လက်တစ်ဖက်ကို ဆန့်ပြီး သူ့ပခုံးကိုဖက်လာသည်။။
ကျန်ချန် ကျောင်းပတ်ဝန်းကျင်ကို လှည့်ကြည်လိုက်တယ်။
"ကျောင်းက.....တကယ်ကျယ်တယ်။"
"တကယ်တော့,ငါတို့ကျောင်းက မြို့လယ်မှာ ရှိနေလို့ မြေနေရာဈေးက အရမ်းမြင့်တယ်။ ဒါ့ကြောင့် ကျောင်းကို တိုးချဲ့ချင်ရင်တောင်
သူတို့တတ်နိုင်မှာမဟုတ်ဘူး။ ဒီကျောင်းက ကောင်းလိုက်တာ။ အားကစားကွင်းတွေက
အကျယ်ကြီးနေမှာ။ငါတို့သွားကြည့်မလား။"
"အင်း.."
ကျန်ချန် ခေါင်းညိတ်ပိုက်တယ်။
သူတို့တွေစိတ်အဝင်စားဆုံးသည် အားကစား ကွင်းဖြစ်သည်။အရင်ကျောင်းမှာအခန်းတွင်း ဘက်စကတ် ဘောကွင်းရှိသော်လည်း၊ ဘော
လုံးကွင်းက ကျောင်းအဆောက်အဦးအတွက် ရှင်းလင်းခံလိုက်ရ၏။ သူတို့တွေက ဘောလုံးကစားသမားတွေ မဟုတ်သော်လည်း ထိုကိစ္စနှင်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ခဲ့ကြသည်။
ဆန့်ကျင်ဘက်အနေနှင့် စီကျုံးကျောင်းတွင်
ရှိနေသည့် ဘောလုံးကွင်းက သူ့ကို စိတ်ချမ်း
သာစေသည်။ စီကျုံးကျောင်း ဘောလုံးကွင်း
သည် ကျယ်ဝန်းပြီး၊သူတို့နှစ်ယောက်ကိုပိုပြီးအံ့အားသင့်စေသည့်အကြောင်းအရင်းသည် အေးခဲနေသောနေ့မျိုးမှာ ဘောလုံးကန်နေတဲ့အဖွဲ့တွေရှိခြင်းဖြစ်၏။ထို့အပြင်ဘက်စကတ်
ဘောကစားကွင်းနှစ်ကွင်းနှင့်ကပ်လျှက်တွင် ဘောလီဘောကွင်းလည်း ရှိသည်။
ဖန်းကျိက သူ့လက်မောင်းကို တိုက်လာ၏။
"အဆောင်ထဲမှာလည်း တစ်ခုရှိသေးတယ်။ မင်းသွားကြည့်ချင်သေးလား?။"
ကျန်ချန် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး
သူ့ပခုံးကို ပြန်တိုက်လိုက်တယ်။
"သွားမယ်။"
စီကျုံးကျောင်းအားကစားရုံက အကျယ်ကြီးမဟုတ်ပေမယ့် ဘက်စကက်ဘော၊ ဘောလီဘောနှင့်ကြက်တောင်ရိုက်ကွင်းများရှိသည်။ ကျောင်းသားများကနေရာအလှည့်ကျကစား
ကျပုံပေါ်၏။ဘက်စကတ်ဘောကွင်းထဲတွင် ကစားနေကြသည့် အုပ်စုက လူစိမ်းများ ဝင်လာသည်ကို မြင်သည့်အခါ လှည့်ကြည့်လာကြသည်။
ဖန်းကျိက နေရာမှာတင်တန့်သွားသော်လည်း ကျန်ချန်ကမူအိပ်ကပ်ထဲတွင်လက်နှစ်ဖက်ကို
ထည့်ပြီးလူမရှိသောခုံတန်းလျားမှာထိုင်လိုက်
သည်။သူ ဘက်စကတ်ဘောမကစားဖြစ်တာ ကြာပြီဖြစ်၏။ ထိုသူတွေ ကစားနေသည်ကို အပျော်ကြည့်ဖို့ သူစီစဉ်ထားသည်။
ဖန်းကျိကသူ့ဘေးနားမှာဝင်ထိုင်ပြီး မေးလာ၏။
"ကျောင်းအားကစားအသင်း ထရိန်နင်ဆင်းနေရတာလား?။"
"မဟုတ်ဘူး။သူတို့တွေက ဝါသနာပါလို့ကစားနေကြတာ။"
"မင်း မကစားချင်ဘူးလား?။"
ဖန်းကျိကအပြုံးတစ်ပွင့်နှင့်မေးလာသည်။
"ငါတို့နှစ်ယောက်ပါရင် ရလောက်တယ်။"
ကျန်ချန် ခြေထောက်ကိုဆန့်ထုတ်ပြီး ဖန်းကျိကို လှုပ်ရမ်းပြလိုက်တယ်။သူကရိုးရိုးဖိနပ်ကို စီးလာခြင်းဖြစ်သည်။
"Heyyy,"
ဖန်းကျိက သူ့ပခုံးကို မှီလာသည်။
"ငါတို့ ဘယ်အချိန်မှဘက်စကတ်ဘောအတူပြန်ကစားရမလဲမသိဘူးနော်။"
"မင်းရဲ့ဒီအကျင့်ကိုမပြင်ဘူးလား။ဒီစကားတွေက မင်းနဲ့မလိုက်ဖက်ဘူး။"
ကျန်ချန် သူ့ကိုပြောနေချိန်တွင် ကစားသမား တစ်ယောက်က လှပတဲ့သုံးမှတ်တန်ဘောလုံးကို ခြင်းထဲသို့ပစ်ထည့်လိုက်သည်။"ကောင်း
လိုက်တဲ့ပစ်ချက်!" လို့ ကျန်ချန် ခပ်တိုးတိုး အော်လိုက်သည့်အခါ တစ်ဖက်လူကလည်း သူ့ကို ပြုံးပြလာပြီး အသိအမှတ်ပြုသည့် အမူအရာမျိုးလုပ်ပြလာ၏။
သူကိုယ်တိုင် ကွင်းထဲသို့ဝင်မကစားဖြစ်ပေမဲ့၊အခုလိုဘေးစည်းတွင်ဖန်းကျိနှင့်အတူသူများကစားနေကြသည်ကို ထိုင်ကြည့်ရတာလည်း သူ့ကိုစိတ်ချမ်းသာစေ၏။သူ့ရဲ့စိတ်ပျက်စရာ အခြေအနေအားလုံးကိုမေ့လျော့သွားသည်။ ယခုချိန်မှာ ထိုအကြောင်းတွေကို မစဉ်းစားမိ
သေးသော်လည်း၊ မနက်ဖြန် ဖန်းကျိပြန်သွားသည်နှင့် သူက နယ်သူနယ်သား ဘဝကိုပြန်ရောက်သွားမှာဖြစ်သည်။
သူ့အာရုံက ကစားနေသည့်ကွင်းထဲမှာသာ ရှိနေသည့်အတွက်ကြောင့် အားကစားရုံထဲသို့ ထပ်ဝင်လာသည့်လူတွေကိုကျန်ချန် သတိမ
ပြုမိလိုက်ချေ။အားကစားကွင်းထဲမှာကစား
နေကြသည့်လူတွေကရပ်သွားပြီးပျက်ယွင်းနေသည့် မျက်နှာအမူအရာများနှင့် တံခါးဝ
ဆီလှမ်းကြည့်နေတာကိုမြင်တော့မှ ကျန်ချန် သတိထားမိသွား၏။
ဖန်းကျိက စိတ်လှုပ်ရှားစွာပြောလာသည်။
"ငါ ဘာလို့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်လို့ ခံစားနေရတာလဲမသိဘူး။"
"ဘယ်လို...?"
ကျန်ချန် နားမလည်သည့်အမူအရာနှင့် ခေါင်းလှည့်ကြည့်လိုက်တယ်။
"ပွဲကြီးပွဲကောင်း.......?။"
ထိုအခိုက်တွင် တစ်,နှစ်,သုံး,လေး,ငါး,ခြောက်လူခြောက်ယောက်သည် အားကစားရုံထဲသို့ဝင်လာ၏။
ကျန်ချန် အံ့သြလွန်း၍ ပါးစပ်တောင်
ဟမိသွားတယ်။
ရှေ့ဆုံးမှလျှောက်လာသည့် လူလေးယောက်က ပူရှစ်ဟောင်နျောင်ဖြစ်ပြီး၊ သူတို့နောက်၌
ရေသန့်ဖို့ ပိုက်ဆံသိမ်းသည့်လူနှင့်၊အနောက်ဆုံးတစ်ယောက်ကဘက်စကတ်ဘောဦးထုပ်ဆောင်းထားသည့် ကုဖေး ဖြစ်နေ၏။ဦးထုပ်ကြောင့် ထိုသူ၏ခေါင်းပေါ်မှာဖော်ထားသည့် ဂီတသင်္ကေတနုတ်တွေကိုမမြင်ရချေ။
ကျန်ချန်ကိုယ်တိုင်တောင် ထိုမျက်နှာအားလုံး အလွတ်ရနေမိသည့် သူ့စွမ်းရည်ကို အံ့သြနေမိသည်။ အဖျားကြောင့် မျက်စိလည်အောင် လုပ်နေတာလား ဒါမှမဟုတ် သူကိုယ်တိုင်က
ဒီမျက်နှာတွေကို မှတ်မိနေတာလား.......
မရင်းနှီးသောပတ်ဝန်းကျင်နှင့်မရင်းနှီးသောကျောင်းတွင် သူတွေ့ဖူးသည့် မရင်းနှီးသော သူစိမ်းခြောက်ယောက်ရှိနေသည်။
တကယ်ကို အံ့သြစရာပဲ!
ဖန်းကျိ၏ရောဂါက သူ့ဆီကူးစက်သွားသည်လို့ ကျန်ချန်တွေးနေမိသည်။အားကစားရုံထဲသို့အေးအေးဆေးဆေးလှမ်းလာနေကြသည့် လူခြောက်ယောက်ကိုစိတ်ဝင်စားမှုအပြည့်နှင့် သူကြည့်နေမိတယ်။သူ့နားကတစ်ယောက်ကဘယ်အချိန်ပွဲကြီးပွဲကောင်းဖြစ်မလဲဆိုပြီး
စိတ်ဝင်တစားနှင့်ကြည့်နေသည်။
သူတို့၏အမူအရာတွေအရဆိုလျှင် သူတို့တွေက ဒီနေရာကိုကစားဖို့လာကြတာ ဖြစ်နိုင်၏။
ကုဖေးက အားကစား ဘောင်းဘီကိုဝတ်ထားပြီး ၊ဘက်စကက်ဘောဖိနပ်ကို စီးထားသည်။
သူ့လက်ထဲတွင်လည်း ဘက်စကတ်ဘောလုံး တစ်လုံးကိုင်ထား၏။
"တာ့ဖေး..."
ကွင်းထဲမှ တစ်ယောက်က လှမ်းအော်လာသည်။
ကုဖေးက "အင်း"လို့ ပြန်ဖြေလာ၏။
"ဒီကိုဘာလို့လာတာလဲ?။"
"ဘောလုံးကစားမလို့။"
ကုဖေးက တုံးတိအသံနှင့် ပြန်ဖြေလာသည်။
တစ်ဖက်လူက အတန်ကြာတုံ့ဆိုင်းသွား၏။
"မင်းတို့အားလုံးလား?။"
"အင်း,အိုနာကျိုးကန်းဖြစ်တဲ့သူတစ်ယောက်
မှမပါဘူး။"
ထိုသို့ ပြောပြီးသည့်နောက် ကုဖေးကအနွေး
ထည်အကျီကို ချွတ်ပြီး ခုံတန်းပေါ်မှာ တင်ဖို့လှည့်လာချိန်တွင်ခုံတန်းပေါ်မှာထိုင်နေသည့် ကျန်ချန်ကိုတွေ့သွား၏။ကုဖေးကသူ့တံတွေးနှင့်သူသီးသွားပြီး အတန်ကြာ ချောင်းဆိုးနေပြီးမှ သူ့ကိုပြန်ကြည့်လာသည်။
ကျန်ချန်က ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်လို့တွေးထားသော်လည်း၊ပွဲက မစရသေးခင်တွင် အဆုံးသတ်သွားသည်။ သူ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီးမှ ပြောလိုက်တယ်။
"တိုက်ဆိုင်လိုက်တာ!။"
"ကောင်းသောနံနက်ခင်းပါ။ "
ကုဖေးကလည်း ပြန်ပြောလာသည်။
"မင်းတို့က တစ်ဖွဲ့တည်းလား?။"
ကွင်းထဲကတစ်ဖက်လူက ဝင်မေးလာ၏။
"မဟုတ်ဘူး။"
ကုဖေးက ပြန်ဖြေလိုက်တယ်။
ကုဖေးတို့အဖွဲ့ခြောက်ယောက်၌ သုံးယောက်
သည်ကစားဖို့ပြင်ဆင်နေပြီးကျန်သုံးယောက်က ကျန်ချန်တို့ထိုင်နေတဲ့ ခုံတန်းနောက်မှာဝင်ထိုင်လာကြသည်။
သူ့ပိုက်ဆံကို ယူသွားသည့်တစ်ယောက်က ကျန်ချန်၏ဘေးမှာ ထိုင်ပြီး လက်ကမ်းလာသည်။
"ငါက လီယန်။"
"ကျန်ချန်.."
ကျန်ချန် သူ့လက်ကို ဖျတ်ခနဲပုတ်လိုက်ပြီးမှ ဖန်းကျိကိုညွှန်ပြလိုက်တယ်။
"ငါ့သူငယ်ချင်း ဖန်းကျိ။"
"မင်းတို့က စီကျုံး ကလား။ ငါအရင်တုန်းက မမြင်ဖူးဘူး။"
"ဟုတ်တယ်။"
ကျန်ချန် သူ့ကိုအများကြီး မရှင်းပြချင်ပေ။
"မင်းတို့အားလုံးလည်း စီကျုံးကလား?။"
သူ့နောက်ခုံမှာထိုင်နေသည့် လူနှစ်ယောက်က ထရယ်လာသည်။သူတို့ကဟားတိုက်လိုသည့်ရည်ရွယ်ချက်မရှိသော်လည်းသူတို့အသံတွေကလောင်ရယ်သံမျိုးပေါက်နေ၏။ လီယန်က နောက်တန်းမှလူတွေကိုလှည့်ကြည့်လိုက်ပြီး
"ငါတို့ပုံစံက ကျောင်းသားနဲ့တူလို့လား?။"
"မသိဘူးလေ။"
ကျန်ချန် နည်းနည်း စိတ်ရှုပ်သွားတယ်။
"ဘယ်သူ့မဆို အမဲဖျက်မဲ့အတိုင်း ကြည့်နေတာနဲ့ဘယ်တူပါ့မလဲ?။"
လီယန်က မျက်နှာအမူရာပျက်သွားပြီးတော့သူ့ကို လျစ်လျူရှု၍ ကွင်းထဲသို့ လှမ်းကြည့်
နေ၏။
နောက်ခုံတန်းမှာ ထိုင်နေသည့်လူတွေက သူတို့ကြားရှိအခြအနေကိုမသိသောကြောင့် လူ
တစ်ယောက်က ဝင်ပြောလာသည်။
"တာ့ဖေးက ဒုတိယနှစ်လေ။"
ကျန်ချန် "အိုး..."ဟုသာပြန်ဖြေလိုက်တယ်။
တိုက်ဆိုင်လိုက်တာ !
....
Susato-D က Brandname နော်