《Zawgyi》
အပိုင္း - ၁၆၉
[ကိုယ္တို႔ အတူတူ အိုမင္းသြားၾကရမွာပါ-၂]
"ကၽြန္မလည္း အဲ့လိုပဲ ေမၽွာ္လင့္ပါတယ္"
ခ်င္းစုယြဲ႕က ျပံဳးလိုက္သည္။
"ဒါေပမယ့္လည္း ကၽြန္မ ႏိုးလာတိုင္း တကယ္ႀကီး ဒီကမၻာမွာလား ဒါမွမဟုတ္ တျခားကမၻာမွာလား မေရမရာနဲ႔ အျမဲႏိုးလာတယ္ ... ကၽြန္မတို႔ ဘယ္ေတာ့မွ လက္မထပ္ပဲေနလိုက္ရင္ေရာ? အဲ့တာဆိုရင္ ဒီကမၻာႀကီးက ဘယ္ေတာ့မွ အဆံုးသတ္သြားမွာ မဟုတ္ဘူးမလား? ဒါေပမယ့္ ကၽြန္မ ရွင့္အေပၚ ဒီလို မလုပ္ခ်င္ဘူး ... ခ်န္းစီႏ်န္ ကၽြန္မေလ ရွင့္ေဘးမွာ တရားဝင္ဇနီးအျဖစ္ ရပ္တည္ခ်င္တယ္ .. ၂ ႏွစ္ပဲ ဆိုရင္ေတာင္ ကၽြန္မအတြက္ကေတာ့ ေကာင္းခ်ီးေပးခံရသလိုပါပဲ"
သူမ ေျပာတာကို ခ်န္းစီႏ်န္ ၾကားလိုက္ရေတာ့ ကားကရပ္သြားသည္။
"ေနာင္အနာဂတ္မွာ ဘာေတြပဲျဖစ္လာလာ မင္းနဲ႔ေတြ႕ၿပီးေတာ့ ခ်စ္ခြင့္ရခဲ့တာနဲ႔တင္ ကိုယ့္အတြက္ လံုေလာက္ေနပါၿပီ ... ကိုယ္တို႔ရဲ႕အနာဂတ္ကိုေတာ့ ဘုရားပဲ ဆံုးျဖတ္ေပးပါလိမ့္မယ္"
"ကိုယ္တို႔က အိုမင္းတဲ့အထိ အတူတူ ေနသြားၾကရမွာပါ"
ခ်န္းစီႏ်န္က သူမလက္ကိုဆြဲကာ သူ႔ရင္ခြင္ထဲမွာ ေပြ႕ဖက္လိုက္၏။
ထို႔ေနာက္သူမႏႈတ္ခမ္းေလးကို ငံု႔နမ္းကာ တီးတိုးေျပာသည္။
"ဒီကိစၥကို အမ်ားႀကီး ေတြးမေနနဲ႔ေတာ့"
ခ်င္းစုယြဲ႕က မ်က္ရည္တို႔စိုးလူးေနေသာ မ်က္ဝန္းေတြျဖင့္ ေမာ့ၾကည့္သည္။
"ရွင္ကၽြန္မကို စိတ္မပ်က္သြားရဘူးေနာ္?"
"ကိုယ္သာ စိတ္ပ်က္တယ္ဆိုရင္ မင္းကို အခုပဲ ျပန္ေပးလိုက္ရမလား?"
ခ်င္းစုယြဲ႕က သူ စေနသည္ဆိုတာသိသျဖင့္ ခ်က္ခ်င္း ျပန္ေျပာလိုက္၏။
"ဟင့္အင္း မရပါဘူးေနာ္ ... ဧၿပီလ ကၽြန္မတို႔ မဂၤလာေဆာင္ၿပီးတာနဲ႔ ရွင့္ကို ကပ္တြယ္ေနေတာ့မွာ! ရွင့္တစ္ဘဝလံုး ကၽြန္မကို စြန္႔ပစ္ဖို႔ ေတြးေတာင္ မေတြးနဲ႔"
"ဟုတ္ကဲ့ .. ခင္ဗ်ားက ေလးလံတဲ့ ဝန္ထုပ္ဝန္ပိုးႀကီး ျဖစ္ေနရင္ေတာင္ ကၽြန္ေတာ္က မလႊတ္ပစ္ပါဘူးခင္ဗ်ာ"
"ဘယ္လိုလုပ္ၿပီး ကၽြန္မက ေလးရမွာလဲ? ပိုဆိုးတာက ကၽြန္မက ဘယ္တုန္းက ရွင့္ကို စိုးရိမ္ေစရလို႔လဲ?"
ခ်န္းစီႏ်န္က သူမကိုၾကည့္သည္။
"မင္း အဲ့လိုထင္တယ္ေပါ့? ေန႔တိုင္းေန႔တိုင္း ကိုယ့္ကို စိတ္ပူရေအာင္ လုပ္ေနတာက ဘယ္သူလဲ?!"
ခ်င္းစုယြဲ႕က ဝန္မခံေပ။ သူမက တကယ့္ လူလြတ္တစ္ေယာက္။ ျမင္တဲ့အတိုင္းပဲ အလုပ္ႀကိဳးစားတယ္ ပိုက္ဆံရွာတယ္ ဘယ္မွာ စိတ္ပူေစရလို႔လဲ။
"အဲဒီလူက ကၽြန္မ မဟုတ္ပါဘူးေနာ္"
ခ်န္းစီႏ်န္က ညင္သာစြာ ရယ္လိုက္သည္။ သူမကို ဘာမွထပ္မေျပာေတာ့ပဲ မ်က္ႏွာေလးကိုကိုင္လ်က္ နမ္းလိုက္ေတာ့သည္။
တစ္ဖက္မွာေတာ့ ခ်င္းစုယြဲ႕ရဲ႕ကားထဲကို ဝင္သြားသည့္ ခ်န္းစီႏ်န္အား ေတြ႕လိုက္ရသူ ရွန္ဝမ္းယန္႔မွာ ေနရာတြင္သာ ရပ္ေနမိၿပီး ေတာ္ေတာ္ၾကာတဲ့အထိ မလႈပ္ရွားမိေပ။
"မင္း ျမင္ၿပီလား? သူတို႔က အရမ္းကို ရင္းနီးတဲ့ဆက္ဆံေရးရွိတယ္"
ေမာ့ေပရဲ႕ ဩရွရွအသံ ထြက္ေပၚလာ၏။
ရွန္ဝမ္းယန္႔ရဲ႕အၾကည့္က ထြက္သြားတဲ့ ကားထံတြင္သာ ရွိေန၏။ သူမက သိမ္ငယ္စြာ ရယ္ေမာလိုက္သည္။
"ရွင္ ကၽြန္မကို ေလွာင္ရယ္ဖို႔ လာတာလား?"
"မင္းက အဲ့လိုထင္တယ္ေပါ့?"
ေမာ့ေပက မ်က္ေမွာင္ကုပ္သြားသည္။
"မွားသြားလို႔လား? အစတုန္းက ကၽြန္မကိုယ္ကၽြန္မ ခ်န္းစီႏ်န္ရဲ႕ ခ်စ္သူလို႔ အရွက္မရွိစြာ ေတြးခဲ့မိတယ္ ... ဒါေပမယ့္ သူကေတာ့ ကၽြန္မကို ဒီလိုမေတြးခဲ့ဘူးဆိုတာ ကၽြန္မ မသိခဲ့ဘူး ... ကၽြန္မ ႏိုင္ငံျခားမွာရွိခဲ့တဲ့ ႏွစ္ေတြကို ျပန္ၾကည့္ရင္ ခ်င္းစုယြဲ႕က ကၽြန္မေနရာမွာ လံုးဝ အစားထိုးႏိုင္ခဲ့ၿပီ အကုန္လံုးက ကၽြန္မ အမွားပဲ"
ေမာ့ေပက သူ႔ကိုယ္သူ ရယ္မိ၏။
သူ ဘာလို႔ အစတုန္းက သူမထံမွာပဲ ေပ်ာ္ဝင္ေနၿပီး သူမကို ထက္ျမက္ၿပီး ထူးခၽြန္တဲ့သူလို႔ ထင္ေနခဲ့ရတာလဲ? အခုအခ်ိန္ထိ တကယ့္လက္ေတြ႕ဘဝကို မျမင္ႏိုင္တာက သူမ တစ္ေယာက္ထဲ ျဖစ္ေနေလသည္။
"ဝမ္းယန္႔ လက္လႊတ္လိုက္ပါေတာ့ ... ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ကို ခ်စ္တာ"
"ေတာ္ေတာ့!"
ရွန္ဝမ္းယန္႔က အသံက်ယ္လာကာ သူ႔ကိုေအာ္လိုက္သည္။
"ရွင္ ကၽြန္မကို သေဘာက်ေတာ့ေရာ ဘာျဖစ္လဲ?! ရွင့္စကားလံုးေတြနဲ႔ ကၽြန္မႏွလံုးသားကို ထပ္ခါထပ္ခါ နာက်င္ေအာင္ ထိုးႏွက္ႏိုင္မယ္လို႔ ထင္ေနတာလား .... ေမာ့ေပ ရွင္ဘာလို႔ ကၽြန္မကို အားလည္းမေပး နားလည္မေပးႏိုင္ရတာလဲ?! ကၽြန္မ ခ်န္းစီႏ်န္ကိုခ်စ္တယ္! ကၽြန္မက သူ႔ကို ကၽြန္မကိုယ္ကၽြန္မထက္ေတာင္ ပိုခ်စ္ေသးတယ္! ရွင္က မခ်စ္ေစခ်င္ရင္ေတာင္ ကၽြန္မသူ႔ကိုေမ့ပစ္ဖို႔ ရွင္ အခ်ိန္နည္းနည္းေပးသင့္တယ္ေလ .... ေမာ့ေပ ကၽြန္မကို ဖိအားမေပးပါနဲ႔ေတာ့! ကၽြန္မ ကြဲေၾကေတာ့မလို႔ ခံစားေနရတယ္! ကၽြန္မ သည္းမခံႏိုင္ေတာ့ဘူး!"
ေမာ့ေပက မ်က္လံုးေတြ နီရဲလာကာ ရွန္ဝမ္းယန္႔ကိုၾကည့္၏။ ထို႔ေနာက္ သူမကားထဲဝင္သြားကာ ထြက္သြားသည္အထိေပါ့။ သူမက အေဝးကို ထြက္သြားသလို သူ ခံစားလိုက္ရသည္။
ေမာ့ေပက ထိုေနရာမွာ အၾကာႀကီးရပ္ေနမိသည္မွာ သူ႔ဖုန္းျမည္လာသည္အထိပင္။ ေခၚဆိုလာသူက 'အသက္မျပည့္တဲ့ ကေလး'။
သူဖုန္းကိုင္လိုက္ေတာ့ ၾကည္လင္ခ်ိဳျမတဲ့အသံေလးက ေပ်ာ္႐ႊင္စြာ ထြက္ေပၚလာသည္။
"ေမာ့ေပ ေမာ့ေပ ဒီအဂၤလိပ္စာပိုဒ္ေလး နားမလည္လို႔ ကူၿပီး ဘာသာျပန္ေပးပါလား"
သူမက ေနာက္ဆုံးစကားလုံးေတြကို ေလသံေပ်ာ့ေလးျဖင့္ ေျပာလိုက္တာျဖစ္သည္။
ေမာ့ေပက အေတြးလြန္ေနရာမွ သတိျပန္ဝင္လာသည္။
"ဘာအေၾကာင္းလဲ"
တစ္ဖက္ကၿပဳံးကာ ခ်က္ခ်င္းပဲ အဂၤလိပ္လို သြက္လက္စြာ ႐ြတ္ျပလာသည္။
"The furthest distance in the world
Is not between life ah
But when I stand in front of you
Yet you don't know that
I love you."
ဖတ္ျပၿပီးေတာ့ သူမက အေလာတႀကီး ေမးလာ၏။
"အဲ့တာ ဘာအဓိပၸါယ္လဲ ေမာ့ေပ ... ျမန္ျမန္ဘာသာျပန္ေပး"
ေမာ့ေပက ၿပဳံးလိုက္သည္။
"ကိုယ္လည္း ေတာ္ေတာ္ေလး သိခ်င္မိတယ္ ... စာလုံး တစ္လုံးစီကိုေတာင္ အသံထြက္မွန္မွန္နဲ႔ ဖတ္ႏိုင္တဲ့သူက ဘယ္လိုလုပ္ၿပီး တ႐ုတ္လို အဓိပၸါယ္မသိဘူးဆိုတာ? မင္း တကယ္ နားမလည္ဘူးဆိုရင္ ကိုယ္ ေနာက္ဆို မင္းရဲ႕မိဘေတြနဲ႔ စကားေျပာၾကည့္ၿပီး မင္းအတြက္ အဂၤလိပ္ဆရာငွားဖို႔ ေျပာလိုက္မယ္"
တစ္ဖက္လူက အားေလ်ာ့သြားကာ သက္ျပင္းခ်လ်က္ မေက်မနပ္ ေျပာ၏။
"ေကာင္းၿပီေလ ဘာသာမျပန္ေပးခ်င္တာနဲ႔ သူမ်ားကို အဲ့လိုေျပာေပးစရာမလိုပါဘူး!"
ထို႔ေနာက္ သူျပန္ေျပာတာကို မေစာင့္ေတာ့ဘဲ သူမက စိတ္တိုစြာ ေျပာလိုက္သည္။
"ေမာ့ေပ ရွင့္ကို ထပ္မျမင္ခ်င္ေတာ့ဘူး! မုန္းစရာေကာင္းတဲ့လူႀကီး!"
ေမာ့ေပက က်သြားသည့္ဖုန္းကိုသာ ကယ္ရာမဲ့စြာ ၾကည့္ေနမိ၏။ ထိုသို႔ေျပာသြားေပမယ့္ ေနာက္ႏွစ္ရက္ေလာက္ဆို သူမက သူ႔ေရွ႕မွာ ေပ်ာ္႐ႊင္တက္ႂကြစြာျဖင့္ ထပ္ေပၚလာဦးမွာပင္။
အဲ့တာေၾကာင့္ ဘာစိတ္ပူစရာလိုလဲ?
ဘာလို႔ သူက ဂ႐ုစိုက္ေနရမွာလဲ
*************
ေမာ့ေပကို ရြတ္ျပတဲ့ စာပိုဒ္ေလးက အဂၤလိပ္စာပိုဒ္မို႔ အိုင္လည္း ဒီတိုင္းေလးပဲ ထည့္ေပးလိုက္ၾကပါတယ္။
ခြက္ကို သြားဘာသာျပန္ခိုင္းခ်င္ ျပန္ခိုင္းလို႔ရေအာင္ 😛
6.8.2020
***************
《Unicode》
အပိုင်း - ၁၆၉
[ကိုယ်တို့ အတူတူ အိုမင်းသွားကြရမှာပါ-၂]
"ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်"
ချင်းစုယွဲ့က ပြုံးလိုက်သည်။
"ဒါပေမယ့်လည်း ကျွန်မ နိုးလာတိုင်း တကယ်ကြီး ဒီကမ္ဘာမှာလား ဒါမှမဟုတ် တခြားကမ္ဘာမှာလား မရေမရာနဲ့ အမြဲနိုးလာတယ် ... ကျွန်မတို့ ဘယ်တော့မှ လက်မထပ်ပဲနေလိုက်ရင်ရော? အဲ့တာဆိုရင် ဒီကမ္ဘာကြီးက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘူးမလား? ဒါပေမယ့် ကျွန်မ ရှင့်အပေါ် ဒီလို မလုပ်ချင်ဘူး ... ချန်းစီနျန် ကျွန်မလေ ရှင့်ဘေးမှာ တရားဝင်ဇနီးအဖြစ် ရပ်တည်ချင်တယ် .. ၂ နှစ်ပဲ ဆိုရင်တောင် ကျွန်မအတွက်ကတော့ ကောင်းချီးပေးခံရသလိုပါပဲ"
သူမ ပြောတာကို ချန်းစီနျန် ကြားလိုက်ရတော့ ကားကရပ်သွားသည်။
"နောင်အနာဂတ်မှာ ဘာတွေပဲဖြစ်လာလာ မင်းနဲ့တွေ့ပြီးတော့ ချစ်ခွင့်ရခဲ့တာနဲ့တင် ကိုယ့်အတွက် လုံလောက်နေပါပြီ ... ကိုယ်တို့ရဲ့အနာဂတ်ကိုတော့ ဘုရားပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်"
"ကိုယ်တို့က အိုမင်းတဲ့အထိ အတူတူ နေသွားကြရမှာပါ"
ချန်းစီနျန်က သူမလက်ကိုဆွဲကာ သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်လိုက်၏။
ထို့နောက်သူမနှုတ်ခမ်းလေးကို ငုံ့နမ်းကာ တီးတိုးပြောသည်။
"ဒီကိစ္စကို အများကြီး တွေးမနေနဲ့တော့"
ချင်းစုယွဲ့က မျက်ရည်တို့စိုးလူးနေသော မျက်ဝန်းတွေဖြင့် မော့ကြည့်သည်။
"ရှင်ကျွန်မကို စိတ်မပျက်သွားရဘူးနော်?"
"ကိုယ်သာ စိတ်ပျက်တယ်ဆိုရင် မင်းကို အခုပဲ ပြန်ပေးလိုက်ရမလား?"
ချင်းစုယွဲ့က သူ စနေသည်ဆိုတာသိသဖြင့် ချက်ချင်း ပြန်ပြောလိုက်၏။
"ဟင့်အင်း မရပါဘူးနော် ... ဧပြီလ ကျွန်မတို့ မင်္ဂလာဆောင်ပြီးတာနဲ့ ရှင့်ကို ကပ်တွယ်နေတော့မှာ! ရှင့်တစ်ဘဝလုံး ကျွန်မကို စွန့်ပစ်ဖို့ တွေးတောင် မတွေးနဲ့"
"ဟုတ်ကဲ့ .. ခင်ဗျားက လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေရင်တောင် ကျွန်တော်က မလွှတ်ပစ်ပါဘူးခင်ဗျာ"
"ဘယ်လိုလုပ်ပြီး ကျွန်မက လေးရမှာလဲ? ပိုဆိုးတာက ကျွန်မက ဘယ်တုန်းက ရှင့်ကို စိုးရိမ်စေရလို့လဲ?"
ချန်းစီနျန်က သူမကိုကြည့်သည်။
"မင်း အဲ့လိုထင်တယ်ပေါ့? နေ့တိုင်းနေ့တိုင်း ကိုယ့်ကို စိတ်ပူရအောင် လုပ်နေတာက ဘယ်သူလဲ?!"
ချင်းစုယွဲ့က ဝန်မခံပေ။ သူမက တကယ့် လူလွတ်တစ်ယောက်။ မြင်တဲ့အတိုင်းပဲ အလုပ်ကြိုးစားတယ် ပိုက်ဆံရှာတယ် ဘယ်မှာ စိတ်ပူစေရလို့လဲ။
"အဲဒီလူက ကျွန်မ မဟုတ်ပါဘူးနော်"
ချန်းစီနျန်က ညင်သာစွာ ရယ်လိုက်သည်။ သူမကို ဘာမှထပ်မပြောတော့ပဲ မျက်နှာလေးကိုကိုင်လျက် နမ်းလိုက်တော့သည်။
တစ်ဖက်မှာတော့ ချင်းစုယွဲ့ရဲ့ကားထဲကို ဝင်သွားသည့် ချန်းစီနျန်အား တွေ့လိုက်ရသူ ရှန်ဝမ်းယန့်မှာ နေရာတွင်သာ ရပ်နေမိပြီး တော်တော်ကြာတဲ့အထိ မလှုပ်ရှားမိပေ။
"မင်း မြင်ပြီလား? သူတို့က အရမ်းကို ရင်းနီးတဲ့ဆက်ဆံရေးရှိတယ်"
မော့ပေရဲ့ ဩရှရှအသံ ထွက်ပေါ်လာ၏။
ရှန်ဝမ်းယန့်ရဲ့အကြည့်က ထွက်သွားတဲ့ ကားထံတွင်သာ ရှိနေ၏။ သူမက သိမ်ငယ်စွာ ရယ်မောလိုက်သည်။
"ရှင် ကျွန်မကို လှောင်ရယ်ဖို့ လာတာလား?"
"မင်းက အဲ့လိုထင်တယ်ပေါ့?"
မော့ပေက မျက်မှောင်ကုပ်သွားသည်။
"မှားသွားလို့လား? အစတုန်းက ကျွန်မကိုယ်ကျွန်မ ချန်းစီနျန်ရဲ့ ချစ်သူလို့ အရှက်မရှိစွာ တွေးခဲ့မိတယ် ... ဒါပေမယ့် သူကတော့ ကျွန်မကို ဒီလိုမတွေးခဲ့ဘူးဆိုတာ ကျွန်မ မသိခဲ့ဘူး ... ကျွန်မ နိုင်ငံခြားမှာရှိခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်ရင် ချင်းစုယွဲ့က ကျွန်မနေရာမှာ လုံးဝ အစားထိုးနိုင်ခဲ့ပြီ အကုန်လုံးက ကျွန်မ အမှားပဲ"
မော့ပေက သူ့ကိုယ်သူ ရယ်မိ၏။
သူ ဘာလို့ အစတုန်းက သူမထံမှာပဲ ပျော်ဝင်နေပြီး သူမကို ထက်မြက်ပြီး ထူးချွန်တဲ့သူလို့ ထင်နေခဲ့ရတာလဲ? အခုအချိန်ထိ တကယ့်လက်တွေ့ဘဝကို မမြင်နိုင်တာက သူမ တစ်ယောက်ထဲ ဖြစ်နေလေသည်။
"ဝမ်းယန့် လက်လွှတ်လိုက်ပါတော့ ... ချန်းစီနျန်က ချင်းစုယွဲ့ကို ချစ်တာ"
"တော်တော့!"
ရှန်ဝမ်းယန့်က အသံကျယ်လာကာ သူ့ကိုအော်လိုက်သည်။
"ရှင် ကျွန်မကို သဘောကျတော့ရော ဘာဖြစ်လဲ?! ရှင့်စကားလုံးတွေနဲ့ ကျွန်မနှလုံးသားကို ထပ်ခါထပ်ခါ နာကျင်အောင် ထိုးနှက်နိုင်မယ်လို့ ထင်နေတာလား .... မော့ပေ ရှင်ဘာလို့ ကျွန်မကို အားလည်းမပေး နားလည်မပေးနိုင်ရတာလဲ?! ကျွန်မ ချန်းစီနျန်ကိုချစ်တယ်! ကျွန်မက သူ့ကို ကျွန်မကိုယ်ကျွန်မထက်တောင် ပိုချစ်သေးတယ်! ရှင်က မချစ်စေချင်ရင်တောင် ကျွန်မသူ့ကိုမေ့ပစ်ဖို့ ရှင် အချိန်နည်းနည်းပေးသင့်တယ်လေ .... မော့ပေ ကျွန်မကို ဖိအားမပေးပါနဲ့တော့! ကျွန်မ ကွဲကြေတော့မလို့ ခံစားနေရတယ်! ကျွန်မ သည်းမခံနိုင်တော့ဘူး!"
မော့ပေက မျက်လုံးတွေ နီရဲလာကာ ရှန်ဝမ်းယန့်ကိုကြည့်၏။ ထို့နောက် သူမကားထဲဝင်သွားကာ ထွက်သွားသည်အထိပေါ့။ သူမက အဝေးကို ထွက်သွားသလို သူ ခံစားလိုက်ရသည်။
မော့ပေက ထိုနေရာမှာ အကြာကြီးရပ်နေမိသည်မှာ သူ့ဖုန်းမြည်လာသည်အထိပင်။ ခေါ်ဆိုလာသူက 'အသက်မပြည့်တဲ့ ကလေး'။
သူဖုန်းကိုင်လိုက်တော့ ကြည်လင်ချိုမြတဲ့အသံလေးက ပျော်ရွှင်စွာ ထွက်ပေါ်လာသည်။
"မော့ပေ မော့ပေ ဒီအင်္ဂလိပ်စာပိုဒ်လေး နားမလည်လို့ ကူပြီး ဘာသာပြန်ပေးပါလား"
သူမက နောက်ဆုံးစကားလုံးတွေကို လေသံပျော့လေးဖြင့် ပြောလိုက်တာဖြစ်သည်။
မော့ပေက အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်။
"ဘာအကြောင်းလဲ"
တစ်ဖက်ကပြုံးကာ ချက်ချင်းပဲ အင်္ဂလိပ်လို သွက်လက်စွာ ရွတ်ပြလာသည်။
"The furthest distance in the world
Is not between life ah
But when I stand in front of you
Yet you don't know that
I love you."
ဖတ်ပြပြီးတော့ သူမက အလောတကြီး မေးလာ၏။
"အဲ့တာ ဘာအဓိပ္ပါယ်လဲ မော့ပေ ... မြန်မြန်ဘာသာပြန်ပေး"
မော့ပေက ပြုံးလိုက်သည်။
"ကိုယ်လည်း တော်တော်လေး သိချင်မိတယ် ... စာလုံး တစ်လုံးစီကိုတောင် အသံထွက်မှန်မှန်နဲ့ ဖတ်နိုင်တဲ့သူက ဘယ်လိုလုပ်ပြီး တရုတ်လို အဓိပ္ပါယ်မသိဘူးဆိုတာ? မင်း တကယ် နားမလည်ဘူးဆိုရင် ကိုယ် နောက်ဆို မင်းရဲ့မိဘတွေနဲ့ စကားပြောကြည့်ပြီး မင်းအတွက် အင်္ဂလိပ်ဆရာငှားဖို့ ပြောလိုက်မယ်"
တစ်ဖက်လူက အားလျော့သွားကာ သက်ပြင်းချလျက် မကျေမနပ် ပြော၏။
"ကောင်းပြီလေ ဘာသာမပြန်ပေးချင်တာနဲ့ သူများကို အဲ့လိုပြောပေးစရာမလိုပါဘူး!"
ထို့နောက် သူပြန်ပြောတာကို မစောင့်တော့ဘဲ သူမက စိတ်တိုစွာ ပြောလိုက်သည်။
"မော့ပေ ရှင့်ကို ထပ်မမြင်ချင်တော့ဘူး! မုန်းစရာကောင်းတဲ့လူကြီး!"
မော့ပေက ကျသွားသည့်ဖုန်းကိုသာ ကယ်ရာမဲ့စွာ ကြည့်နေမိ၏။ ထိုသို့ပြောသွားပေမယ့် နောက်နှစ်ရက်လောက်ဆို သူမက သူ့ရှေ့မှာ ပျော်ရွှင်တက်ကြွစွာဖြင့် ထပ်ပေါ်လာဦးမှာပင်။
အဲ့တာကြောင့် ဘာစိတ်ပူစရာလိုလဲ?
ဘာလို့ သူက ဂရုစိုက်နေရမှာလဲ
*************
မော့ပေကို ရွတ်ပြတဲ့ စာပိုဒ်လေးက အင်္ဂလိပ်စာပိုဒ်မို့ အိုင်လည်း ဒီတိုင်းလေးပဲ ထည့်ပေးလိုက်ကြပါတယ်။
ခွက်ကို သွားဘာသာပြန်ခိုင်းချင် ပြန်ခိုင်းလို့ရအောင် 😛
6.8.2020
**********************