ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 4 (zawgyi)

6.5K 556 36
By melieee2

Chapter 4;သူက သူ့အဖေရင်းကိုသတ်ခဲ့တယ်။

ကုဖေးသည် ဆိုင်ကယ်ကို စတိုးဆိုင်ရှေ့တွင်
ထိုးရပ်လိုက်၏။ကုမြောင်ကစကိတ်ကိုရင်ခွင်
ထဲမှာပိုက်၍ဆိုင်ကယ်နောက်ခုံမှာဝင်ထိုင်ပြီး ကုဖေး၏ခါးကိုဖက်ထားပြီး သူမမျက်နှာကို သူ့ကျောပေါ်မှာ ထိကပ်ထားသည်။

ကုဖေး သူမကို နောက်ပြန်လှည့်ကြည့်ပြီးပြောလိုက်တယ်။
"ငါ့ကို မင်းရဲ့မျက်နှာပြ။ "

ကုမြောင်က သူ့ကို မော့ကြည့်လာ၏။။

ကုဖေး ပြောလိုက်တယ်။
"မျက်ရည်တွေအခုထိရှိသေးတယ်။ပြောင်စင်အောင်သုတ်လိုက်။"

ထိုအခါ ကုမြောင်က မျက်လုံးများကို လက်နှစ်ဖက်ဖြင့်ဖိပွတ်လိုက်သည်။သူမကအင်္ကျီ
လက်ဖျားကိုသုံး၍နှာရည်ကိုသုတ်လိုက်၏။

"Ayyy....,"
ကုဖေး သက်ပြင်းချလိုက်မိတယ်။
"တကယ်လို့ မင်းသာယောက်ျားလေးဖြစ်ရင်ကြမ်းကြမ်းတမ်းတမ်းအမျိုးထဲပါနိုင်တယ်။"

ကုမြောင်က သူ့ကိုပြုံးပြလာပြီး၊သူ့ကျောပေါ်မှာ နောက်တစ်ကြိမ်မျက်နှာအပ်လာသည်။

ကုဖေးသည် ဆိုင်ကယ်ကိုမြို့လယ်ခေါင်မှာရှိ သည့် ဈေးဝယ်စင်တာဆီသို့ဦးတည်၍မောင်းနှင်လာ၏။သူကကုမြောင်အတွက်ကြောင့်နှင့် မြို့လယ်ခေါင်ရှိဆိုင်တစ်ဆိုင်မှာ ဘာဘီကျူးစားဖို့တွေးလိုက်မိတာဖြစ်၏။ဒီကောင်မလေးက တစ်ချို့ကိစ္စများတွင်တဇွတ်ထိုးဆန်တတ်သည့်အကျင့်လေးရှိပေမယ့်၊သူတို့တွေ အပြင်သွားသည့်အချိန်တိုင်း၊သူမကထိုစားသောက်
ဆိုင်မှာသာစားချင်လေ့ရှိသည်။

သေးငယ်တဲ့နယ်မြို့လေးတွင် နေထိုင်ရခြင်း
အဓိကအကျိုးကျေးဇူးသည် မြို့လယ်ခေါင်တစ်ခုတည်းရှိခြင်းဖြစ်သည်။အကယ်၍မင်မြို့ထဲရောက်လျှင်,မင်းလာခဲ့သောနေရာသို့
အချိန်တိုအတွင်းပြန်သွားလို့ရနိုင်သည်။

နေ့လည်ခင်းအချိန်ဖြစ်၍, သူတို့လာနေကြ စားသောက်ဆိုင်သည် လူစည်ကားလျှက်ရှိသည်။သူတို့ရောက်ချိန်တွင် ဆိုင်အတွင်းမှာ စားပွဲဝိုင်းအလွတ်တောင်မရှိတော့ချေ။

"ဒီနေ့ရော လဲလှယ်အစီအစဉ်ရှိသေးလား။"
ကုဖေး စားပွဲထိုးကိုမေးလိုက်တယ်။တစ်ခြားကူပွန်တွေကိုရှာရန် သူ့အိပ်ကပ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တယ်။ထို့နောက်ကုမြောင်ခေါင်းကို တစ်ချက်တောက်လိုက်ပြီး စကား
ပြောလိုက်တယ်။
"စားပွဲဝိုင်း အရင်သွားရှာထားလိုက်။"

ကုမြောင်ကစကိတ်ကိုကြမ်းပြင်မှာချပြီး ခြေ
ထောက်တစ်ဖက်ကိုစကိတ်ပေါ်တင်လိုက်ချိန်
တွင်သူမရဲ့စကိတ်ပေါ်သို့ ကုဖေးခြေထောက် တစ်ဖက်နှင့် အမြန်ဖိထားလိုက်တယ်။
"လမ်းလျှောက်ပြီးသွား။"

စားပွဲထိုးလေးက ဝင်မေးလာသည်။
"စကိတ်ကို ကောင်တာနောက်မှာသိမ်းထားပေးရမလားခင်ဗျ။"

ကုမြောင်သည် ချက်ချင်းပင် စားပွဲထိုးလေးကို ခေါင်းယမ်းပြလိုက်ပြီး၊ စကိတ်ကို ယူ၍ အစောစောကအတိုင်းသူမရင်ခွင်ထဲမှာပိုက်လိုက်သည်။

သူတို့နှစ်ယောက်စကားဝိုင်းကို ကုဖေးဝင်ပြောလိုက်တယ်။
"သူ့ပစ္စည်းသူသိမ်းနိုင်တယ်။"

ကုမြောင်က စကိတ်ကိုရင်ခွင်ထဲမှာ ပိုက်ပြီး ဆိုင်ထဲသို့ပြေးဝင်သွားသည်။
.....

ဖန်းကျိက တံတွေးမျိုချလာ၏။
"Fuck , မင်းပြောတာကို နားထောင်ပြီး ဗိုက်
ဆာလာပြီ။ ငါ မင်းဆီ မနက်ဖြန်ရောက်မယ်။
ငါရောက်ရင် ,မင်းငါ့ကိုဝယ်ကျွေးဖို့ပြင်ထား။ ဒီမှာက ဈေးနှုန်းချိုချိုနဲ့အစားအသောက်များများရဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။"

"နှစ်သစ်ကူးတုန်းက မင်းမိသားစုက မင်းကို
မုန့်ဖိုးပေးတယ် ,မဟုတ်ဘူးလား။"
ကျန်ချန် ဖုန်းကိုနားရွက်နှင့်ပခုံးကြားမှာ ညှပ်လိုက်တယ်။သူကလက်တစ်ဖက်ဖြင့်ပန်းကန်
ပြားကိုကိုင်ပြီး၊ကျန်လက်တစ်ဖက်နှင့်ညှပ်တူကိုကိုင်၍ သုံးထပ်သားနှင့်အမဲသားလွှာတို့ကို လှမ်းယူလိုက်သည်။သူက အသားကို ကြိုက်
နှစ်သက်သောကြောင့်၊အစားအသောက်တွေခင်းကျင်းထားသည့်တစ်ခြားအတန်းတွေဆီသို့ သွားစရာမလိုတော့ချေ။

"ဒီကိစ္စက မတူဘူးလေ။ "
ဖန်းကျိကမကျေနပ်တဲ့အသံနှင့်ပြောလာ၏။
"အရင်တစ်ပတ်က,ငါတို့ဘာဘီကျူးသွားစားဖို့စီစဉ်ပြီးသားမဟုတ်ဘူးလား။ပြီးတော့ တစ်ယောက်သောသူက ထွက်သွားခဲ့လို့၊အတူတူ သွားပြီးမစားလိုက်ရဘူးလေ။"

ကျန်ချန် လက်ထဲမှညှပ်တူကိုချပြီး ၊ အသားထပ်ယူဖို့နောက်ထပ်ပန်းကန်ပြားတစ်ချပ်ကို လှမ်းယူလိုက်တယ်။
"အေး ,မင်းဒီရောက်ရင် ဟိုတယ်တစ်ခုခုမှာပဲ တည်း။မင်းဘာသာမင်းအခန်းကြိုယူယူထားနော်။မင်းကိုလိုက်လုပ်ပေးဖို့ အားမရှိဘူး။"

"ငါက မင်းနေရာမှာအတူတူနေလည်းဖြစ်ပါတယ်။"

"မရဘူး , မင်းနေနိုင်မှာမဟုတ်ဘူး။"
ကျန်ချန်မျက်မှောင်ကျုံ့လိုက်တယ်။ပြီးတော့
လက်ရှိတိုက်ခန်းမှာအကြာကြီး နေဖို့ ဆန္ဒမျိုး သူ့မှာမရှိချေ။
"မင်း အခန်းကောင်းကောင်းတစ်ခုကြိုချိတ်ထားလိုက်။ငါလည်းလာနေမယ်။"

ဖန်းကျိက မေးလာသည်။
"မင်းနဲ့ မင်းရဲ့အဖေရင်း ဆက်ဆံရေးက အဆင်မပြေဘူးလား။"

ကျန်ချန် အသားပန်းကန်ကိုသယ်ပြီး ဘီယာပုလင်းယူဖို့ရန်နောက်တစ်နေရာသို့လျှောက်သွားလိုက်တယ်။
"အခုထိ ဘာအဆက်အဆံမှမရှိဘူး။အခြေ
အနေက ကောင်းလည်း မကောင်းဘူး၊ ဆိုးလည်းမဆိုးဘူး။"

သူ့စားပွဲဝိုင်းဆီသို့ ပြန်လျှောက်လာချိန်တွင် , ကျန်ချန် ကြက်သေသေသွားတယ်။

လေးယောက်စားပွဲတွင်, စကိတ်ကို ခုံတစ်လုံးပေါ်မှာတင်ထားပြီး၊တစ်ခြားခုံပေါ်တွင်အနွေး
ထည်အပြာအင်္ကျီနှင့်ကတုံးပေါက်စလေးတစ်ယောက် ဝင်ထိုင်နေ၏။စားပွဲခုံပေါ်တွင်လည်း
ပွင့်ဖတ်များပါသည့် ဆွယ်တာ ဦးထုပ်စိမ်းကို တင်ထားသည်။

ကျန်ချန် သူမကို အံ့သြတကြီးနှင့်ကြည့်လိုက်
တယ်။
"ကုမြောင်?။"

ကုမြောင်ကခေါင်းညိတ်လာ၏။သူမပုံစံသည်
အံအားသင့်သွားပုံမပေါ်ချေ။ သူမကခုံပေါ်က စကိတ်ကိုယူပြီး စားပွဲခုံအောက်တွင် ချလိုက်သည်။

"မင်း....,"
သူ့လက်ထဲမှပန်ကန်ပြားတွေကိုစားပွဲပေါ်တွင်ချနေစဉ်အတွင်း ကုမြောင်ကဘာဘီကျူးပန်း
ကန်ပြားများကိုမျှော်ပြီးကြည့်နေသည်ကို သူသတိထားလိုက်မိတယ်။ထို့ကြောင့်, သူ့မျက်
နှာရှေ့တွင်ကျန်ချန်လက်ဝှေ့ယမ်းလိုက်တယ်.
"ဒီကို ဘယ်သူနဲ့လာတာလဲ?။ "

ကုမြောင်ကမတ်တတ်ရပ်ပြီး ဆိုင်ဝင်ပေါက်သို့ လက်ညှိုးထိုးလာပြီး လက်ယမ်းပြနေ၏။

သူမ ညွှန်ပြနေသည့်နေရာကို ကျန်ချန်လှမ်းကြည့်သည့်အခါ၊ သူ့လိုမျိုး အံ့သြနေသည့် ကုဖေးကိုတွေ့လိုက်ရသည်။

ကုဖေးက သူတို့နားသို့လျှောက်လာ၏။။
"တစ်ခြားစားပွဲဝိုင်းသွားရအောင်။ဒီစားပွဲက
ဒီကကိုကို ယူထားပြီးပြီလေ။"

ကုမြောင်က ဘေးစားပွဲဝိုင်းတွေလိုက်ကြည့်ပြီး တံတွေးမျိုချလာသည်။ထို့နောက် သူမ က နေရာမှာမရွေ့ဘဲဆက်ထိုင်နေ၏။

ကုဖေးက ဆိုင်အတွင်းဘက်သို့ လက်ညိုးထိုးပြလာသည်။
"စားပွဲထိုးက တစ်ခြားဝိုင်းတွေ ရှိသေးတယ်လို့ ငါ့ကိုပြောတယ်။ငါတို့ ဟိုနေရာသွားကြမယ်လေ။ "

ကုမြောင်က နည်းနည်းမျှမထချေ။ သူမက
ကုဖေးကို မျက်နှာသေနှင့်စိုက်ကြည့်နေ၏။ ယခုချိန်ထိသူမဘာပြောချင်နေမှန်းကျန်ချန် နားမလည်နိုင်ဖြစ်နိုင်၏။

ထိုကဲ့သို့ မတိုးသာမဆုတ်သာအခြေအနေတွင် ကုဖေးက ကျန်ချန်ကိုလှည့်ကြည့်လာသည်။

"ဟင်?"
ကျန်ချန် သူ့ကိုပြန်ကြည့်လိုက်တယ်။

ကုဖေးက မေးလာ၏။
"မင်းက တစ်ယောက်တည်းလား?။"

ကျန်ချန် သူ့ကို "အင်း"လို့အသံပြုလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။

စားပွဲထိုးသည် သူတို့ဝိုင်းသို့ လျှောက်လာပြီး အသားကင်စက်ကို ဖွင့်၍ ဆီစက္ကူရွက်ကိုပင် အကင်စက်ပေါ်မှာဖြန့်ပေးလာသည်။ကျန်ချန်ဟင်းခတ် အမွှေးအကြိုင်များကို အသားပေါ်တွင် သုတ်လိမ်းပြီး အကင်စက်ပေါ်တင်လိုက်
တယ်။

ကုဖေး ခဏမျှတုံ့ဆိုင်းနေပြီး စကားပြောလာ
သည်။
"ဒါဖြင့်, ငါတို့......အတူတူထိုင်စားလို့ရလား။"

ကျန်ချန် သူ့ကိုမော့ကြည့်လိုက်တယ်။
"အိမ်မက်ထဲမှာစောင်လျှော်နေလိုက်။"

သို့သော်လည်း ကုမြောင်ကမျက်ဝန်းကြီးကြီးတွေနှင့်သူ့ကိုစိုက်ကြည့်လာသည်။သူမမျက်
ဝန်းများသည် သူ့ပါးစပ်ထဲမှ စကားလုံးထွက်လာမယ့်အရေးကိုခက်အောင်လုပ်နေ၏။ ထို့ကြောင့် ကျန်ချန် အသားကင်ပေါ်တွင်ဆော့စ်စမ်းနေရင်းကုဖေးကိုခေါင်းညိတ်လိုက်တယ်။

"ကျေးဇူး။ "
ကုဖေးကကုမြောင်ကိုလက်ညှိုးထိုး၍
"ဒီနေရာမှာပဲထိုင်ပြီး ငါ့ကိုစောင့်နေနော်။ငါ အသား သွားယူလိုက်အုံးမယ်။"

ကုမြောင်က ခေါင်းညိတ်လာ၏။

ကုဖေး ထွက်သွားပြီးသည့်နောက်တွင်၊ဆီစိမ်
စက္ကူပေါ်က အမဲသားလွှာကို ကျန်ချန် လှမ်းယူပြီး ကုမြောင်ကိုမေးလိုက်တယ်။
"ဝက်သုံးထပ်သားစားမလား,အမဲသားစား
မလား။"

ကုမြောင်က အမဲသားလွှာကိုလက်ညိုးထိုးပြလာသည်။

"သုံးထပ်သားလည်း အရသာရှိတယ်။သူတို့ကိုအကင်စက်ပေါ်တင်လိုက်ရင်အဆီကြောင့် တရှဲရှဲမြည်လာတာ။ငါဆို ငါးပန်ကန်ခြောက်ပန်းကန်ထိအသာလေးစားနိုင်တယ်။ "
ကျန်ချန် အသားကိုလှန်ပြီး ဆီအနည်းငယ် ထပ်သုတ်လိုက်တယ်။
"မင်း အစပ်စားနိုင်လား?။"

ကုမြောင်က ခေါင်းယမ်းလာသည်။

အမဲသားကျက်သည့်အခါ၊သူမပန်းကန်ပြားပေါ်သို့ အမဲကင်တစ်ချို့ ကျန်ချန် တင်ပေး
လိုက်တယ်။
" နည်းနည်း မြည်းကြည့်။"

ကုမြောင်က တုံ့ဆိုင်းသွားပြီး ကုဖေးရှိသည့်အရပ်ဆီလှည့်ကြည့်လိုက်သည်။

"အဆင်ပြေ......."
ကျန်ချန်စကားမဆုံးခင်ကုမြောင်ရဲ့နောက်စေ့
ပေါ်တွင် အနည်းဆုံး ငါးစီတီမီတာခန့် ရှည်တဲ့အမာရွတ်ကိုမြင်လိုက်ချိန်တွင် ဘာပြောရမှန်းမသိအောင် ထိတ်လန့်သွားတယ်။

ကုမြောင်ကကုဖေးကိုမမြင်သည့်အခါ၊သူ့ဆီ
ပြန်လှည့်လာပြီး အမဲသားကို ပါးစပ်အပြည့်သွပ်၍ပြုံးပြလာသည်။

ကျန်ချန်မေးလိုက်တယ်။
"သုံးထပ်သားစားကြည့်ချင်လား?။"

သူမက ခေါင်းညိတ်လာ၏။

သူမပန်းကန်ပြားထဲသို့သုံးထပ်သားထည့်ပေးနေစဉ် စားပွဲပေါ်မှာတင်ထားသော ဦးထုပ်ဟာ သူ့ခုံရှေ့သို့ရွေ့လာ၏။ ကျန်ချန် ကျစ်သပ်ပြီး မေးလိုက်တယ်။
"ဒီဦးထုပ် မင်းကိုဘယ်သူဝယ်ပေးတာလဲ။"

ကုမြောင်က စကားမပြောဆိုပဲနှင့်ခေါင်းငုံ့ပြီး အကင်ဆက်စားနေလျှက်ရှိသည်။

ကုမြောင်က သူသိတဲ့လူတွေထဲမှာ ယခုကဲ့သို့ ထူးဆန်းသည့်အပြုအမူတွေ နှင့် ပြုမူနေထိုင်သည့် ကောင်မလေးတစ်ယောက်ဖြစ်၏။

...

ကုဖေးသည် အသားပန်းကန်တစ်ချို့သယ်ပြီး သူတို့စားပွဲဆီပြန်ရောက်လာသည်။သူပထမတစ်ခေါက်ယူထားသည့် အသားပန်းကန်များ
ကနည်းသေးသည့်အတွက်၊ ကျန်ချန် အသားသုံးပန်ကန် ထပ်ယူလိုက်တယ်။သူက ဖန်းကျိနှင့် ဖုန်းပြောဆဲ မဟုတ်သောကြောင့် ပန်းကန် ၆ချပ်သယ်ရခြင်းက သူ့အတွက်ဘာပြသာနာမှမရှိချေ။ သူက သစ်သီးအနည်းငယ်ကို ထပ်ပြီးယူလာလိုက်၏။

လေးယောက် စားပွဲသည် အုတ်နံရံ ဘေးချင်းကပ်ရပ်ဖြစ်၏။ ကုမြောင်က အသားကင်အနံ့ပျံ့လွင့်သည့် အခြမ်းတွင်ထိုင်ပြီး ကျန်ချန်နှင့် အတူတူထိုင်ဖို့ ချီတုံချီချဖြစ်နေတဲ့ ကုဖေးက သူမနှင့်အတူတူအသားကင်စက်အရှေ့မှာ ဝင်ထိုင်နေသည်။

ကျန်ချန်ဆီမှာကုဖေးအတွက်အသားကင်ပေး
ဖို့ဆန္ဒမရှိပေ။ကုဖေးကလက်တစ်ဖက်ကိုဆန့်ပြီး၊ ကုမြောင်ခေါင်းကို တစ်ချက်တောက်လာသည်။
"မင်းသောက်ချင်တဲ့ဖျော်ရည်ရှိရင် သွားယူလေ။"

ကုမြောင်ကမတ်တပ်ရပ်ပြီး ဖျော်ရည်ကောင်
တာဆီလျှောက်သွားချိန်တွင်၊ကုဖေးကသူ့နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ပြန်ဝင်ထိုင်လာခဲ့သည်။ကျန်ချန် သူ့ကို တစ်ချက်မော့ကြည့်ပြီး သုံးထပ်သားနှင့်အမဲသားကိုဆက်ပြီး ကင်နေလိုက်တယ်။

ကုဖေးက သူ့ကို စကားစပြောလာသည်။
"မင်းက နေမကောင်းတာတောင် အဆီများတဲ့အသားတွေစားနေသေးတယ်နော်။"

"ဟင်။"
ကျန်ချန် သူ့ကို မော့ပြီးကြည့်လိုက်ချိန်တွင်
ကုဖေးက ဆန်ကိတ်အချို့ကင်နေ၏။
"မင်းသိတယ်?။"

"ငါ မင်းကို တရွတ်တိုက်ဆွဲခေါ်လာတုန်းကမင်းကိုယ်ကဒီလောက်ထိပူနေတာ။ငါဘယ်
လိုလုပ်ပြီးမသိရမှာလဲ ?။"

"တရွတ်တိုက် ဆွဲလာတယ်?။"
ကျန်ချန်၏အတွေးထဲ၌ ကုဖေးက သူ့ဆံပင်မှကိုင်ပြီး သဲအိတ် တစ်အိတ်လိုမျိုး ဆိုင်ထဲသို့ဆွဲသွားသည့်ပုံရိပ်ကို မြင်ယောင်လာသည်။

"မဟုတ်ရင် , ငါမင်းကို လက်မောင်းကြားမှာ ပွေ့ပြီးခေါ်သွားမယ်ထင်လို့လား?။"
ကုဖေးက ဝက်သနယ်ခြောက်တွေကို အကင်စက်ပေါ်မှာ တင်ကာ အနံ့အရသာအတွဲအစပ်ညီသည့် လေထုကို ဖန်တီးလိုက်၏။

ကျန်ချန် ဒီအခြေအနေကို ဘယ်လိုမျိုးတုံ့ပြန်ရမှန်း မသိတာကြောင့် အမဲသားကို ပါးစပ်ထဲသွပ်လိုက်သည်။ကုမြောင်က ဖျော်ရည်ယူပြီး ပြန်လာသည့်လမ်းတွင် ခွက်တစ်ချို့ကိုသယ်
လာ၏။သူမက အဖုံးဖွင့်ပြီးသားဘီယာလေးဘူးကို စားပွဲပေါ်မှာ တစ်ဘူးချင်း နေရာချပြီး လိမ္မော်သီးဖျော်ရည်ကတစ်ခွက်တည်းပါ၏။

ကျန်ချန် သူမကိုကြည့်လိုက်တယ်။
"အရမ်းတော်တယ်။ကြမ်းပြင်မှာ ဖျော်ရည်ဖိတ်မကျခဲ့ဘူးမလား?။"

ကုမြောင်ကခေါင်းယမ်းပြလာပြီး သူမနေရာတွင်သူမဝင်ထိုင်လိုက်သည်။ သူမကလိမ္မော်ဖျော်ရည်နှင့်ဘီယာတစ်ဘူးကို ကျန်ချန်ရှေ့သို့ တွန်းပေးလာသည်။

"ငါ မသောက်...,"
ကျန်ချန်သူမကိုလိမ္မော်ဖျော်ရည်ပြန်တွန်းပေး
ပြီး ပါးစပ်ဖွင့်တော့မည့် အချိန်တွင်၊ကုမြောင် သည်ဘီယာဘူးကိုယူပြီးသူမခွက်ထဲလောင်းထည့်နေသည်ကို မြင်လိုက်ရ၏။
"မင်း....,"

ကုမြောင်က ဘီယာခွက်ကိုတစ်ကျိုက်တည်း မော့သောက်ပြီးနောက်တွင် စိတ်ကျေနပ်သွားသည့်အသံထွက်လာသည်။သူမက ပါးစပ်ကို လက်ဖြင့် ဖိသုတ်ပစ်လိုက်၏။

ကုဖေးကို လှမ်းကြည့်လိုက်သည့်အခါ သူက သူမကို ကြည့်နေရမည့်အစား၊ အသားကင်
ကိုဆလပ်ရွက်နှင့် ထုပ်ဖို့အတွက်အလုပ်များလျှက်ရှိသည်ကို ကျန်ချန် မြင်လိုက်ရတယ်။

ကျန်ချန် မထိန်းနိုင်ပဲမေးလိုက်တယ်။
"သူက အရက်သောက်နိုင်တယ်ပေါ့?။"

ကုဖေးက အသားလိပ်ထားသည့် ဆလပ်ရွက်ထုပ်ကို ကျန်ချန်အရှေ့သို့ပို့ပေးလာသည်။
"အင်း, ဘာဘီကျူးစားတဲ့အချိန်ကျသောက်တယ်။ကျန်တဲ့အချိန်ဆို မသောက်ဘူး။ "

ကျန်ချန် ဆလပ်ထုပ်ကိုကြည့်လိုက်တယ်။
ကုဖေးကပြောစရာမလိုအောင် သူ့ကိုကူညီပေးလာသည်။ ငြင်းဆန်ဖို့မလိုတဲ့အတွက် ကျန်ချန် လက်ခံပြီးစားလိုက်တယ်။
"ကျေးဇူး။"

"အဆီများတဲ့အသားသက်သက်ချည်း
စားတာထက်ပိုကောင်းတယ်မလား?။"

"မဆိုးဘူး,ငါကြိုက်တယ်။"

ကုဖေးက အသားကို ဆလပ်ရွက်ထဲသို့ထည့်နေရင်းနှင့်ထပ်မေးလာသည်။
" မင်းရဲ့စကားပြောပုံကိုနားထောင်ကြည့်တာ,
နယ်ခံမဟုတ်ဘူးမလား။"

"အင်း , မဟုတ်ဘူး။ "

"လီပေါင်ကော် နဲ့ ဘာတော်တာလဲ?။"

ကျန်ချန် ထိတ်လန့်သွားတယ်။လီပေါင်ကော်ကိုဘယ်လိုလုပ်ပြီးသိတာလဲ။ထိုမေးခွန်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ကျန်ချန် အသားနှစ်ချပ်ကို အကင်စက်ပေါ်တင်လိုက်တယ်။
"မင်းအပူပါလို့လား?။"

ကုဖေးက သူ့ကို ကြည့်၍ပြုံးပြလာပြီး အသံတိတ်ဆိတ်သွားခဲ့သည်။သူက ဘီယာဘူးကို ယူပြီး သူ့ခွက်ထဲလောင်းထည့်ပြီးနောက်တွင် ကျန်ချန်ရှေ့ တွန်းပို့ပေးလာသည်။ထို့နောက် သူ့ခွက်သူမော့သောက်ပြီး အသားဆက်ကင်နေ၏။ အမှန်စင်စစ်တွင်, ကျန်ချန်က သူစိမ်းတွေနှင့်တစ်ဝိုင်းတည်းအတူတူ ပထမဆုံးစားဖူးခြင်းဖြစ်သည်။အစပိုင်းတွင် စိတ်ဝင်စားဖို့ကောင်းခဲ့သည့်စကားဝိုင်းက လုံးဝအသံတိတ်
ဆိတ်သွား၏။

သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် ကုဖေး
၏စကားသံကတိတ်ဆိတ်ပြီး၊သူ့ညီမ ဖြစ်သူ
ကုမြောင်ကလည်းတိတ်ဆိတ်နေသည်။ သူမက တစ်ယောက်တည်း ဘီယာသောက်လိုက် အကင်စားလိုက်နှင့် ပွဲတော်ကျင်းပနေ၏။

ဤကဲ့သို့အသံတိတ်ဆိတ်နေမှုအောက်တွင် ကျန်ချန် နောက်ထပ် အသားလေး ပန်းကန် စားလိုက်တယ်။ကုမြောင်ကအစားများများ စားနိုင်သည့်အတွက်ကုဖေးကသူမအတွက် နောက်ထပ်နှစ်ကြိမ်တိတိ အသားသွားယူခဲ့
ရသည်။

ကျန်ချန် စားပြီးချိန်တွင်၊ ကုမြောင်ကလည်း တူကိုချ၍ထိုင်ခုံကိုမှီထိုင်ပြီး ဗိုက်ကိုပွတ်နေ
လျှက်ရှိသည်။

ကုဖေးက သူမကိုလှမ်းမေးလိုက်တယ်။
"ဗိုက်ပြည့်ပြီလား?။"

သူမက ခေါင်းညိတ်ပြလာသည်။

ကျန်ချန် သူမကို လှမ်းပြောလိုက်တယ်။
"မင်းက မင်းအကိုထက်စားနိုင်တယ်။"

ကုဖေးက သူ့ကို ကြည့်လာ၏။
"မင်း ဘာနဲ့လာတာလဲ? ။ ငါမင်းကို လိုက်ပို့ပေးမယ်။မဟုတ်လည်း ငါတို့သွားရမဲ့နေရာက အတူတူပဲမလား။"

"ဆိုင်ကယ်နဲ့လား။"

ကုဖေးက ခေါင်းညိတ်လာ၏။
"အင်း။"

"ဘီယာသောက်ထားတာကို ဆိုက်ကယ်စီး
မလို့လား?။"

ကုဖေးကဘာမှမပြောပဲ သူ့ကိုရယ်သွမ်းသွေးသည့် မျက်ဝန်းတွေနှင့် စိုက်ကြည့်လာသည်။ ထို့နောက်သူကကုမြောင်ပုခုံးကိုပုတ်လာ၏။
" သွားကြမယ်။"

ကုဖေးနှင့်ကုမြောင် ထွက်သွားပြီးနောက်တွင်ကျန်ချန် မတ်တပ်ထရပ်ပြီးအသားနည်းနည်းနှင့် ဆလပ်ရွက်တစ်ခြင်းကိုထပ်ယူလိုက်၏။ ကုဖေး သူ့ကိုလုပ်ပေးခဲ့တဲ့ဆလပ်ရွက်အသားထုပ်သည် အဆီမများပဲလတ်ဆတ်ပြီးစားလို့လည်းကောင်းသည်။

သူ ဘာဘီကျူးစားပြီးသည့်အခါ၊အစာချေဖို့အတွက် လမ်းလျှောက်ပြီး အိမ်ပြန်သင့်တယ်လို့ ကျန်ချန်ခံစားလိုက်ရ၏။ ဒါပေမယ်,ဆိုင်အပြင်ဖက်တွင်ရာသီဥတုကအေးနေ၏။ ဆိုင်တံခါးလိုက်ကာကိုမပြီးအပြင်သို့ထွက်လာပြီး တက္ကစီတစ်စီးခေါ်ဖို့ရန် ကျန်ချန် အိပ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်တယ်။ ငါးမိနစ်ကြာသွားသည့်တိုင်အောင် အော်ဒါ လက်ခံမည့်သူတစ်ယောက်မျှ မရှိချေ။။

ထိုအစား ဖန်းကျိက သူ့ဆီဖုန်းခေါ် လာ၏။
"လက်မှတ်က ဂိတ်နှစ်ခုလုံးရှိတယ်။ဒါပေမဲ့ အချိန်ကအရမ်းကွာတယ်။ ငါ ဘယ်ဂိတ်က ဝယ်ရမှာလဲ?။"

"အရှေ့ဂိတ်,ငါလည်း အရှေ့ဂိတ်တစ်ခုပဲ
သိတယ်။ "

"ကောင်းပြီ,မနက်ဖြန်နေ့လည်လေးနာရီငါ့ကို လာကြိုလှည့်။ ပြီးကျ မင်းရဲ့လိပ်စာကိုလည်း ပို့ထားပေး။ငါ အဲ့ဒီနေရာနဲ့ နီးတဲ့ ဟိုတယ်တစ်
ခုခု ရှာကြည့်လိုက်မယ်။"

"အဲ့ပတ်ဝန်းကျင်မှာ ဘာမှမရှိလောက်ဘူး။"
ကျန်ချန် ထိုနေရာ အကြောင်းကိုပြန်စဉ်းစားကြည့်လိုက်တယ်။ဟိုတယ်နှင့်တူသည့်အရာ တစ်ခုမျှမရှိပေ။
"အဆင်ပြေတဲ့ဟိုတယ်တစ်ခုခုကိုရွေးလိုက်။ ဘာပဲဖြစ်ဖြစ်, မြို့ကအရမ်းကျယ်တာမဟုတ်ဘူး။"

သူ ဖန်းကျိနှင့်ဖုန်းပြောပြီးနောက်တွင်  တစ်စုံ
တစ်ယောက်ကတက္ကစီအော်ဒါကို လက်ခံလာသည်။သူကားထဲဝင်ထိုင်ပြီးသည့်တိုင်အောင် သူ့ခန္ဓာကိုယ်ကမသက်မသာခံစားနေရသည်။
ပတ်ဝန်းကျင်အသစ်နှင့်အသားမကျသေးတာကြောင့် ဖြစ်နိုင်၏။

ကျန်ချန် မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်
တယ်။ယခုရက်ပိုင်းသည်နှစ်သစ်ကူး ပွဲတော်ရက်ဖြစ်သောကြောင့် လမ်းမထက်၌လူများ ၊ကားများနှင့်ပြည့်ကျပ်လျှက်ရှိသည်။တက္ကစီမောင်းသမားသည် ကားကိုတစ်လှိမ့်ချင်းစိတ်
ရှည်ရှည်နှင့်မောင်းလိုက်၊ ဘရိတ်တစ်ခါ အုပ်လိုက်နှင့်မောင်းနေရ၏။အချိန်အားဖြင့်ဆယ်မိနစ်မျှကြာပြီးချိန်တွင်၊ သူ့အစာအိမ်က မအီ
မသာဖြစ်လာမှုကို ကျန်ချန်ခံစားမိလာသည်။

သူဆင်းရမည့်နေရာသည် မဝေးတော့ပေမယ့် နာရီဝက်ဆက်ပြီးမောင်းရမည်ဖြစ်၏။ဒါပေမဲ့ ကုဖေးတို့အိမ်လမ်းထိပ်ကို လှမ်းပြီးမြင်ရချိန်တွင် သူဆက်ပြီးမထိန်းထားနိုင်တော့ချေ။ သူ့အနေနှင့်စကားပြောဖို့အဆင်မပြေခြင်းကြောင့် သူ ကားတံခါးကိုအလောတကြီး ပုတ်လိုက်
တယ်။

တက္ကစီမောင်းသမားက မေးလာ၏။
"ဒီနေရာမှာဆင်းချင်တာလား။"

ကျန်ချန် ခေါင်းညိတ်ပြပြီး ကားတံခါးကို ဆက်တိုက်ပုတ်လိုက်တယ်။

သူ ကားထဲမှာအန်မိမည်ကိုစိုးရိမ်တာကြောင့်
ကားရပ်သွားသည်နှင့်တပြိုင်နက်တည်းကားတံခါးကိုအမြန်ဆွဲဖွင့်၍လမ်းတစ်ဖက်မှာရှိတဲ့ အမှိုက်ပုံးဆီတဟုန်ထိုးပြေးသွားလိုက်သည်။အူထဲအသဲထဲမှအစာတွေအားလုံးကုန်သွားတဲ့အထိအန်ထုတ်ပြီးသည့်နောက်ဆက်တွဲအနေနှင့် သူ့ခေါင်းကနာနာကျင်ကျင်ကိုက်လာ၏။သူ့ကိုယ်သူအမှီပြုနိုင်ဖို့အတွက်ကျန်ချန်အုတ်တံတိုင်းကိုလက်ဖြင့်ထောက်ပြီး အိပ်ကပ်ထဲမှ
လက်ကိုင်ပဝါကို ထုတ်လိုက်တယ်။ အိပ်ကပ်ထဲတွင် ဘာလက်ကိုင်ပဝါမှမရှိချေ။ သူ့ကိုယ်သူဒေါသထွက်ပြီး၊ခြေထောက်ကို မြှောက်၍
အုတ်တံတိုင်းကိုကန်ဖို့ရန်ပြင်နေသည့်အချိန်တွင် တစ်ရှုးတစ်ချို့ ကိုင်ထားတဲ့ လက်သေးသေးတစ်ဖက်က သူ့ဘေးမှရောက်လာသည်။

သူ ဘေးလူကိုလှမ်းမကြည့်နိုင်သေးခင် တစ်ရှုးကို အရင်လှမ်းယူပြီး ပါးစပ်ကိုသုတ်လိုက်တယ်။

ကမ္ဘာပေါ်မှာတိုက်ဆိုင်မှုတွေများလိုက်တာ!

သူ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ကုမြောင်က အစိမ်းရောင်ဦးထုပ်ကိုဝတ်ပြီး သူ့ဘေးမှာ မတ်တပ်ရပ်ကြည့်နေ၏။သူနှင့်ခြေသုံးလှမ်းအကွာတွင်ရပ်နေသည့်ကုဖေးကအဖြစ်ပျက်တစ်ခုလုံးကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။

"ကျေးဇူး ။"
ကျန်ချန် ခေါင်းညိတ်ပြလိုက်တယ်။အရှက်ရစရာအခြေအနေမှမလွတ်မြောက်နိုင်သေးတဲ့အတွက် သူ့ကိုယ်သူ ခပ်တိုးတိုး ဆဲရေးလိုက်သည်။

ထိုအခိုက်တွင် ကုမြောင်က သူ့လက်တစ်ဖက်ကို ဆွဲယူပြီး အားပေးချင်သည့်သဘောမျိုးဖြင့် ဆုပ်ကိုင်လာ၏။

"မလိုဘူး။"
ကျန်ချန် သူမလက်ကိုရုန်းလိုက်တယ်။

သို့သော်,ကုမြောင်က သူ့လက်ကိုထပ်ဆွဲလာသည်။

ကျန်ချန် ပြောလိုက်တယ်။
"တကယ်မလိုအပ်ဘူး။ ငါအဆင်ပြေတယ်။"

သူမကကျန်ချန်၏လက်ကို လွတ်သွားမှာဆိုးသည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။

"အားမြောင်,"
ကုဖေးက သူတို့နားလျှောက်လာသော်လည်း ကုမြောင်က သူ့လက်ကိုလွတ်ပေးဖို့ငြင်းဆန်
မြဲငြင်းဆန်နေ၏။

ကျန်ချန် သူမကိုဘယ်လိုပြောရမှန်း တကယ် မသိတော့ချေ။ စိတ်ရှုပ်စရာ အခြေအနေမျိုးတွင်သူ့ကိုယ်အပူရှိန်ကပြန်တက်လာခဲ့သည်။ကုမြောင်လက်ထဲမှ လွတ်ဖို့အားအနည်းငယ်သုံးပြီး ကျန်ချန်ရုန်းလိုက်တယ်။
"အကူအညီမလိုဘူးလို့ပြောခဲ့တယ်မဟုတ်ဘူးလား။ "

ကုမြောင်၏လက်တွေက လေထဲမှာတန့်သွားသည်။ ကျန်ချန် သူမကို ကြည့်ပြီး နောင်တရသွားသော်လည်း၊ရုတ်တရက် သူ့လည်ပင်းက တင်းကျပ်သွားမှုကို ခံစားလိုက်ရ၏။ ကုဖေးက သူ့အနောက်မှရပ်ပြီး သူ့အကျီ ကော်လံကို ဆွဲထားကြောင့် သူနောက်ပြန်လန်လဲကျတော့မလိုဖြစ်သွားခဲ့သည်။

"Fuck!"
ကျန်ချန် တံတောင်ဆစ်သုံးပြီး သူ့ကို ပြန်ရိုက်ဖို့ ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်တယ်။

သို့သော် ကုဖေးက အခြားလက်တစ်ဖက်နှင့် သူတံတောင်ဆစ်ကို ချုပ်ကိုင်ထားပြီး၊ အကျီကော်လံကို ဆွဲထားသောကြောင့် ကျန်ချန်မှာ ကုဖေးကိုမှီထားရုံမှလွဲ၍အခွင့်အရေးမရှိပေ။

ကုဖေးက အသံတိုးတိုး နှင့် သူ့နားရွက်နားမှာကပ်ပြောလာသည်။
"သူက မင်းကို တကယ်သဘောကျနေတယ်။
အခြားလူရဲ့ခံစားချက်ကိုနားမလည်သေးတာကြောင့် သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ ။"

'Fuck ,ငါရှင်သန်လာတဲ့အသက် ဆယ့်ခုနှစ်နှစ်လုံးလုံးမှာဒီလိုပုံစံမျိုးနဲ့တောင်းဆိုတာကို တစ်ခါမှ မမြင်ဖူးဘူး ' လို့ ကျန်ချန် ပြန်ပြောလိုက် ချင်သော်လည်း  စကားပြောဖို့ အခွင့်
မရချေ။ထို့ကြောင့် သူ့သွားကြားထဲမှ ထွက်လာသည့် အသံနှင့် စကားသုံးလုံးကိုသာဆိုလိုက်နိုင်၏။
"ငါ့ကိုလွှတ်။ "

ကုဖေးရဲ့လက်တွေကပြေလျော့သွား၏။

ကျန်ချန် အုတ်တံတိုင်းကိုမှီရပ်ပြီးအန်လိုက်သော်လည်း ဘာမှ ထွက်မလာတော့ပေ။ကုဖေးက သူ့ကို ရေသန့်တစ်ဘူး လှမ်းပေးလာသည့်အခါ၊သူ ရေသန့်ဘူးကိုဆွဲယူလိုက်ပြီး
မော့သောက်လိုက်တယ်။

သူ အဆင်ပြေသွားသည့်အခါ ကုမြောင်ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ငါ အဆင်ပြေတယ်။အကူအညီ မလိုဘူး။"

ထိုအခါမှ ကုမြောင်က ခေါင်းငြိမ့်ပြပြီး
ကုဖေးအနားသို့ လျှောက်သွားသည်။

"သွားတော့မယ်။ "
ရေတစ်ဝက်မျှကျန်သည့်ဘူးကို အမှိုက်ပုံးထဲပစ်ထည့်ပြီး၊ သူ့သွားရမည့် လမ်းထိပ်ဆီသို့ ကျန်ချန်လှည့်ထွက်လာခဲ့တယ်။

Fuckkkkk....!

လီပေါင်ကော်၏တိုက်ခန်းတံခါးကို ဖွင့်လိုက်သည်ခဏအတွင်း ဟင်းချက်နေသည့်အနံ့ကို ကျန်ချန် ရလိုက်၏။

လီပေါင်ကော်က မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်ပြီးတစ်ယောက်ယောက်ဆီဖုန်းခေါ်နေ၏။
ကျန်ချန် သူ့ကိုစကားပြောဖို့ လုပ်နေတုန်းမှာသူ့အိပ်ကပ်ထဲမှဖုန်းကအသံမြည်လာသည်။ကျန်ချန် ဖုန်းထုတ်ယူကြည့်လိုက်သည့်အခါ လီပေါင်ကော်၏ နံပါတ်ဖြစ်နေ၏။
"ခင်ဗျား....,"

သူ့ဖုန်းသံကိုကြားသည့်အခါလီပေါင်ကော်က အနောက်လှည့်ကြည့်ပြီးအသံကျယ်ကျယ်နှင့်အော်ပြောလာ၏။
"Yo..,မင်းဘယ်ကပြန်လာတာလဲ။ငါ မင်းဆီ ဖုန်းဆက်နေတာ။"

"အခု ပြန်ရောက်နေပြီပဲ။"
ကျန်ချန် တိုက်ခန်းတံခါးကို ပိတ်လိုက်တယ်။
"မကြားလိုက်ဘူးလား။"

လီပေါင်ကော်က သူ့နားရွက်သူထိုးပြလာ၏။
"ငါ့နားက ကောင်းကောင်းမကြားရတော့ဘူး။အသံလာတဲ့ဆီကိုအရင်လှည့်ကြည့်မှရှင်းရှင်း
လင်းလင်းကြားရတော့တာ။ "

"Ohhh.....!"

"မင်း ဘယ်သွားနေတာလဲ?။"
လီပေါင်ကော်က မီးဖိုချောင်ထဲသို့ ဝင်သွားပြီး စွတ်ပြုတ်အိုးတစ်အိုးကိုသယ်လာသည်။
" ငါ မင်းနဲ့နေ့လည်စာစားဖို့ စောင့်နေတာ။"

"ကျွန်တော်,"
ကျန်ချန် ဘာဘီကျူးစားလာခဲ့ခြင်းကြောင့်တုံ့ဆိုင်းသွား၏။
"ဆေးရုံသွားခဲ့တာ။ "

"ဆေးရုံ သွားခဲ့တယ်?။"
လီပေါင်ကော်က သူ့ကိုစိုက်ကြည့်ပြီး သူ့မျက်နှာကိုထိ၍ အော်မေးလာ၏။
"မင်း နေမကောင်းဘူးလား? ။ဘယ်နေရာက
နေမကောင်းလို့လဲ,အဖျားရှိလို့လား,နေရာအပြောင်းအလဲကြောင့်လား။"

"ကျွန်တော် ဆေးသောက်ပြီးပြီ။အရမ်းမဖျားတော့ဘူး။"
ဆေးလိပ်နံ့များမွန်ထူပြီး မည်းညစ်ကာအဝါရောင်သန်းနေသည့်လက်ကိုရှောင်ဖို့ကျန်ချန် နောက်ဆုတ်လိုက်တယ်။သူ သေချာပေါက် ထိုလက်ကို ရိုက်ထုတ်ခဲ့ခြင်းမလုပ်နိုင်ချေ။

"ငါ မင်းကိုပြောမယ်,နေမကောင်းရင် ဆေးရုံမသွားနဲ့။ ငါတို့နားမှာဆေးခန်းရှိတယ်။"
လီပေါင်ကော်က ဆက်ပြောလာသည်။
"လမ်းထိပ်ကို ကွေ့သွားလိုက်၊ သတိထား မိဖို့ မလွယ်ပေမဲ့, ဆေးခန်းက စူပါမားကတ်ဆိုင်ဘေးမှာရှိတယ်။"

"Oh.."
ကျန်ချန် စကားဖြတ်ပြောလိုက်တယ်။
" အဲ့ဆိုင်က ကုဖေးတို့ဆိုင်မလား။"

"မင်းက ကုဖေးကို သိတယ်လား?။"
လီပေါင်ကော်က သူ့ကိုအံ့သြတကြီးကြည့်
လာသည်။
"မင်း အခုမှရောက်တာကို သူနဲ့တောင် သိနေပြီလား?။"

"မသိပါဘူး။"
ကျန်ချန် သူ့ကိုအကုန်ရှင်းပြချင်စိတ်မရှိပေ။
"မနက်က အဲ့ဆိုင်မှာ ပစ္စည်းဝင်ဝယ်ခဲ့တယ်။"

"ငါမင်းကို ကြိုပြောထားမယ်, "
လီပေါင်ကော်ကအသံကိုမြှင့်ပြီးပြောလာ၏။သူ့အသံကအစကတည်းကကျယ်ပြီးသားဆိုသော်လည်း အခုကပိုကျယ်နေသည်။
"မင်း သူနဲ့မှာဝေးဝေးနေ။အဲ့ဒီကလေးက
မကောင်းသတင်းတွေနဲ့။"

"Oh..."
ကျန်ချန် အနွေးထည်ကို ချွတ်ပြီး အိပ်ခန်းထဲမှာ ထားလိုက်တယ်။

လီပေါင်ကော်သည်သူ့အမေးကိုစောင့်နေပေမဲ့အတန်ကြာသည်အထိ၊ သူဆီမှ ဘာတုံ့ပြန်မှုမှမကြားရသည့်အခါ အတင်းပြောချင်နေသည့်မျက်နှာနှင့် ကျန်ချန်နားသို့တိုးလာသည်။
"သူ့ရဲ့ မကောင်းသတင်းတွေကို မင်းမသိချင်ဘူးလား?။"

"ဘာမကောင်းသတင်းမလို့လဲ?။"
ကျန်ချန် ဒီလိုကိစ္စတွေကို စိတ်မဝင်စားပေမဲ့၊ လီပေါင်ကော်အတွက်ပူးပေါင်းပေးလိုက်၏။

"သူက သူ့အဖေရင်းကို သတ်ခဲ့တယ်။"
လီပေါင်ကော်က အနားကပ်ပြီးပြောလာတာကြောင့် သူ့တံတွေးက ကျန်ချန်မျက်နှာပေါ်သို့ စင်လာသည်။

ကျန်ချန် မြန်မြန်မတ်တပ်ထရပ်ပြီး တံတွေးစင်မှာကိုရှောင်တိမ်းလိုက်တယ်။ ထို့နောက် သူ့မျက်နှာပေါ်မှ တံတွေးများကိုသုတ်လိုက်
သည်။သူ ဒေါသများထွက်နေပေမယ့်လည်း
လီပေါင်ကော်စကားကိုပြန်မေးလိုက်တယ်။
" ဘယ်သူ့ကို သတ်တယ်?။"

"သူ့အဖေရင်းကို။သူက သူ့အဖေအရင်းကို ရေနစ်ပြီးသတ်ခဲ့တာ။"

လီပေါင်ကော၏မျက်နှာပေါ်က အမူအရာကို ကြည့်လျှင်၊သူ အတင်းပြောချင် စိတ်ရှိပါက
သူ့ကိုတစ်နေ့လုံးအတင်းထိုင်ပြောမည့်အသွင်
ရှိသည်။

ဒါပေါ့ ,ကျန်ချန် သူ့စကားတွေကိုမယုံပါဘူး။

ကျန်ချန် မျက်နှာဆိုင်ခုံမှာဝင်ထိုင်ပြီး မျက်ရိုး
ကို နှိပ်နယ်လိုက်တယ်။
"တကယ်လို့ သူ သူ့အဖေကိုသတ်ခဲ့တယ်ဆိုရင် ၊ ထောင်ထဲမှာရှိနေမှာမဟုတ်ဘူးလား။"

"အဲ့ကိစ္စက နှစ်ချီပြီးကြာခဲ့ပြီ။ဘယ်ထောင်က သူ့ကိုခေါ်ထားမှာလဲ?။ပြီးတော့မျက်မြင်သက်
သေလည်းမရှိဘူး။"

"ဘယ်သူမှမမြင်လိုက်ဘူးလား,အာ....။"
ကျန်ချန် ရယ်လိုက်မိသည်။

"ဒါပေမဲ့, လူတိုင်း အမှန်တရားကို သိတယ်။
ရဲတွေရောက်လာတဲ့အချိန်တုန်းက သူ့အဖေက ရေကန်ထဲမှာ။ဒါပေမဲ့ သူက ကျောက်တုံးပေါ်မှာရပ်နေတာ။ဒီအဖြစ်အပျက်ကြည့်ရင်, ဘယ်သူမဆို သူလုပ်တာမှန်း သိကြတယ်။
စားရအောင်။ဟင်းတွေက မင်းအကြိုက်နဲ့ သဟဇာတဖြစ်ရဲ့လား?။"

ကျန်ချန် ဘာမှမပြောဘဲ နံရိုးသားကိုယူစားလိုက်တယ်။

"အဲ့ဒါက သူ့ညီမ ကုမြောင်ကြောင့်လေ။"
လီပေါင်ကော်က ကျန်ချန် သူ့ကို မယုံမှန်းသိတာကြောင့် ထပ်ပြောလာ၏။
"သူ့အဖေက အဲ့ ကောင်မလေးကို ရိုက်တာ ခေါင်းထိသွားပြီး သွေးအများကြီးထွက်ပြီး
နောက်ပိုင်း ကောင်မလေးကစကားပြောနိုင်စွမ်း ဆုံးရှုံးသွားတာ။"

"အာ....,"
ကျန်ချန်သည် နံရိုးသားကိုကိုက်နေရင်းနှင့် ကုမြောင်ခေါင်းပေါ်မှ အမာရွတ် အကြောင်းကို ပြန်စဉ်းစားနေမိသည်။

.

Continue Reading

You'll Also Like

922K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
1.7M 257K 138
This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Cheng] Total Chapters - 115 chapters + 4 Ex...
42.3K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
8.7K 666 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင်းစာ​ရေးသူ၏ ခွင့်​ပြုချက်​ဖြင့်​ ဘ...