Happy House(U+Z)
By maylapyaepyae
22K 1.7K 199
bl x bl Uni " ချစ်ခြင်းရဲ့ယဥ်ကျေးမှု " Fic ရဲ့ season 2 ပါ။ Chan နဲ့ KS တို့ရဲ့ ပြသာနာလေးတွေ။ သူတို့ရဲ့ baby... More
Intro
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Hawaii's Album
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-18
Ch-19
Ch-20
Ch-21
Ch-23
Ch-22
Ch-24
Ch-25
Ch-26
🌺🌺🌺
Ch-27
Ch-28
Ch-29
🌺🌺🌺
Ch-30
Ch-31
Ch-32
Ch-33
Ch-34(Final)
ကျေးဇူးတင်လွှာ
ဈေးဗန်း(ေဈးဗန္း)
Ch-17
513 41 1
By maylapyaepyae
Uni
***မညီမျှခြင်းရဲ့နောက်မှာ မသိကိန်းရှိတယ် ညီမျှခြင်းရဲ့နောက်မှာအဖြေရှိတယ်တဲ့ ဒါဆိုရင် မင်းနဲ့ကိုယ်ရဲ့ပေါင်းစည်းခြင်းနောက်မှာ ဘာလို့အဖြေရှိမနေရတာလဲ..............
______________________________
ထိုနေ့ညက........
အင်း ထိုနေ့ညကလို့ပြောရတော့မည်။ Baek ရဲ့ ဆေးခပ်မှုက အကြီးအကျယ်အောင်မြင်သည်ဟု ပြောလို့ရအောင်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် 10 ယောက်လုံး နေ့လည် 12 နာရီမှ နိုးကြလေသည်။ တိုင်ပင်ထားသလားလို့ထင်ရအောင် တစ်ပြိုင်နက်နိုးလာကြသည်။ 10 ယောက်လုံးက မတိုင်ပင်ထားပေမဲ့တိုင်ပင်ထားသည့်တစ်ယောက်ကတော့ Byun Baekhyunပင်။ တစ်မနက်လုံး ထွက်မလာတဲ့ သူ့သူငယ်ချင်းတွေကြောင့် အခန်းထဲမှာ ၊စားသောက်ခန်းမှာ စသဖြင့်စားစရာမုန့်မျိုးစားကာ တခွီးခွီးရယ်နေသည်။ နေ့လယ်စာ စာတော့လည်း တစ်ယောက်တည်းရီနေလို့ ဝိုင်းဆဲတာခံရသည် ။ အဲ့တာလည်းမမှတ်။
" ​Baek မင်းလည်းရီနေ တစ်နေကုန်တော့မယ် အခုထိအရယ်မရပ်သေးဘူး ထွက်လာမဲ့ မင်းဗိုက်ထဲက ကလေးကိုတော့ ရင်လေးတယ်သိလား "
Chen က မနေနိုင်စွာပြောလာတော့
" ရင်လေးရအောင် မင်းကအတုတပ်ထားလို့လား "
" ဟာ ကြည့်စမ်း မင်းဗိုက်ထဲကကလေးကတော့ သေချာတယ် အရိုင်းတုံးလေးဖြစ်လာမှာ "
" မင်းတို့နဲ့ပေါင်းလို့လေ "
Baek  ရဲ့စွာတေးလန်မှုကို ဘယ်သုကမှခွန်းတုံ့မပြန်နိုင်။ အကုန်လုံးက Kai ကိုသာ လှည့်ကြည့်နေကြတော့သည်။ အကြည့်တွေရဲ့ အဓိပ္ပါယ်က မင်း ဘယ်လိုများ သည်းခံနေလဲ ဆိုတဲ့အဓိပ္ပါယ်နဲ့ မင်းသည်းခံနိုင်တာ အံ့သြတယ်ဆိုတဲ့ အဓိပ္ပါယ်တွေပင်။
ခနကြာတော့ ကိုယ့်အတွဲကိုယ်စီနဲ့ထွက်သွားကြသည်။ Baek နဲ့ Kai သာ ဟိုတယ်၌ကျန်ခဲ့တော့သည်။
__________________________
" ငယ် "
" ဟင် "
" ကို...."
" ဟေ့ယျောင်တွေ !!! "
" ဟာ မလုပ်နဲ့! "(both)
" ဆွဲခဲ့ကွာ ရေး...."
Chan တို့သူငယ်ချင်းတစ်သိုက်ကမ်းခြေမှာထိုင်ကာ ပင်လယ်ပြာကြီးကိုကြည့်နေရာမှာ ဘာစိတ်ကူးပေါက်မှန်းမသိ နေ့လည်ကြီးကို ရေထဲဆွဲချတန်းကစားနေကြသည်။ နောက်တော့ရုတ်တရပ် ပင်လယ်ကြီးကို ငေးနေတဲ့ Soo နဲ့ အခုမှရည်းစားစကား ပြန်ပြောဖို့ ချောင်းနေတဲ့ Chan ခမျာ သူတို့ဝိုင်းမတာခံရကာ ရေထဲသို့ရောက်သွားတော့သည်။ Chan  Soo ကိုပြောမဲ့စကားတွေ​ပျောကမရှသွားရသည်။ ကောင်းကျိုးမပေးတဲ့ကောင်တွေ ဟု စိတ်ထဲကကျိန်ဆဲကာ သူပါရေထဲကိုတွေ့သမျှသူကိုပစ်ချနေတော့သည်။ Soo လည်း Chan ဘက်က ဝင်ပါကာ သူပါရောပြီးဆွဲချနေသည်။ ခနကြာတော့ အကုန်လုံးမောမောနဲ့အရိပ်တွေအောက် ဝင်ကာနားကြတော့သည်။ သိပ်မကြာလိုက် Sehun ဆီက ဆော့ဖို့အကြံကထွက်လာပြန်သည်။ Game က သဲနပန်း ဆော့ကြမယ်ဆိုပဲ ။
Soo Chen Luhan Tao Suho တို့က နောက်တစ်ချီဖြစ်ပြီး Chan Xuimin Sehun Kris Yixing တို့က ပထမအချီဆော့ကြမည်။ အတွဲလိုက်ဆော့ကြတာမို့ နှစ်ယောက်လုံးနိုင်ဖို့လိုသည်။ နှစ်ချီမှာ နှစ်ယောက်လုံးက ကိုယ့်အချီမှာနိုင်ထားမှ နိုင်မည်ဖြစ်ပြီး နှစ်ယောက်လုံးရှုံးရင် အရှုံးသတ်မှတ်ကာ ရှုံးတဲ့အတွဲတွေက နိုင်တဲ့အတွဲက ခိုင်းတာကိုလုပ်ပေးရမည်။
စည်းမျဥ်းကိုအတိုချုံးသတ်မှတ်ကာ ပွဲကို စ,လိုက်ကြသည်။ ဘယ်သူနဲ့ပြိုင်ရမလဲ မဲချတော့ Chan နဲ့ Kris , Sehun နဲ့ Xuimin , yixing က ရှုံးတဲ့အတွဲက သူနဲ့ကစားရမည်။ အကုန်လုံးက အလှည့်ကျဆော့မည်ဖြစ်သည်။ ပထမဆုံး Chan နဲ့ Kris မှာ Chan နိုင်သည်။ Sehun နဲ့ Xuimin မှာ Xuimin နိုင်သည်။ Yixing နဲ့ Kris မှာ Yixing နိုင်သည်။
Tao က ပွဲကိုကြည့်ရင်းပြောလာသည်။
" သေချာတယ် Kris က ဘယ်သူ့ကိုမှနိုင်မှာမဟုတ်ဘူး "
အကုန်လုံးဝိုင်းရယ်ကြသည်။
(EXOShowtime ep4 ကို ကြည့်ကြည့်ပါ အဲ့တုန်းကရှုံးတဲ့ပုံနဲ့ဆင်လို့ 😁)
နောက်ဆုံးတော့ Tao ပြောသလို Kris ဗိုလ်ဆွဲလိုက်ရပါတယ်။ နောက်ဆုံးဆုပါ။ Yixing က ပထမဖြစ်ပြီး Chan နဲ့ Sehun က ဒုတိယနဲ့တတိယဖြစ်သွားသည်။ Xuimin က စတုထ္တနေရာအလိုလိုနေရင်းရသည်ပေါ့။
နောက်တစ်ပွဲမှာ Chen က ပထမ Suho နဲ့ Soo က ဒုတိယနဲ့တတိယ။ Luhan က စတုတ္ထဖြစ်ပြီး Tao က အလိုလိုနေရင်း နောက်ဆုံးသို့။
ပထမပွဲတုန်းက ကြည့်ရကောင်းသလောက် ဒုတိယပွဲက အူတက်အောင်ရယ်ရသည်။ Tao က မဆော့နိုင်တာမဟုတ်ဘဲ ခနခနချော်လဲခြင်းကြောင့် မဆော့နိုင်ဘဲ နောက်ဆုံးရောက်သွားရခြင်းဖြစ်သည်။ ပထမရတဲ့သူတောင် 5 ခါထက်မနည်းချောလဲပြီးမှနိုင်ထားတာ ကျန်တဲ့သူတွေဆိုပြောမနေနဲ့။ ထိုင်ကြည့်နေတဲ့ Chan တို့မှာ ရယ်ရလားမရရလား ဘေးနားက ရေမကုန်သေးတဲ့ရေဘူးတွေကသက်သေ။ ရေသောက်မယ်လုပ်ရင်း ချော်လဲတဲ့သူထိုင်ရယ်ရင်း။ နောက်ပြီးရေသောက်ရင်း ရေသီးတာလည်းခနခန။ ပွဲပြီးမှပဲ အရယ်ရပ်တော့သည်။ ဒါတောင် မျက်နှာပိုးက မသတ်နိုင်ကြသေး။
ပြိုင်ပွဲမှာဘယ်အတွဲကနိုင်တယ်ဆိုတာတောင် မပြောနိုင်ကြတော့။ နာရီကိုကြည့်တော့ ညနေ 5:30 ။ ဘယ်လောက်တောင်သောင်းကျန်းထားလဲ အနောက်ဘက်ကိုစောင်းနေတဲ့ နေဝန်းကြီးကိုကြည့်ပြီး သိနိုင်သည်။ အကုန်လုံးပင်ပန်းနေတာကြောင့် ကိုယ်စီကိုယ့်နေရာကိုထိုင်ကာ ပင်လယ်ကြီးပေါ်မှာရှိတဲ့နေမင်းကြီးအလှတရားကိုကြည့်ကာ အပန်းဖြေနေကြသည်။
" ဟူး မောလိုက်တာ "
" မော တုန်းလား ငယ် ရေသောက်အုံးမလား ရေခဲရေဆော့မသောက်နဲ့နော် နေပူကြီးဆိုတော့ ဖျားလိမ့်မယ် "
Soo က ပူလာတယ်ပြောတာကြောင့် Chan ပျာပျာသလဲပြောလာသည်။
" အပိုတွေက အရမ်း "
" သူ့ဘေးမှာ အစုံရှိတယ်လေ မင်းလုပ်ခိုင်းတာမဟုတ်ဘူးလား "
" အေးလေ တော်ရုံပဲ ကောင်းတယ် ငါ့သားရဲ့ "
" အလောက်လုပ်ပြလဲ သူ့ဆီက နောက်တစ်ကြိမ်အဖြေပြန်ရမှာမဟုတ်သေးဘူး "
" သိသင့်တယ် "
" That's right "
တစ်ယောက်တစ်ပေါက် ဘေးကနေ ဝိုင်းဖဲ့နေတာကြောင့် Chan ဆဲတော့သည်။
" $&%#&%%#&&##& "
" ဟာ ဒါလား Company 10 ခုရဲ့ Managing  Director "
" အေးလေ $ဆဲကလည်းသန်ပါ့ "
" မင်းကို ပြောရမှာ$သူတောင်းစားရဲ့"
" သေချင်နေတာ ​ေ-ွးသား "
" ဟား ဟား ဟား "
" ဘယ်ကတက်လာတဲ့စကားတွေလဲ "
" သင်စရာတောင်မလိုပါဘူးကွာ "
တစ်ယောက်တစ်ပေါက်​စကားတွေဝိုင်းပြောကြရင်း နေဝင်ချိန်ညနေခင်းကဆူညံနေသည်။ နောက်ဆုံးတော့လည်း ရေတောင်ပြန်မဆော့နိုင်ဘဲ မောမောနဲ့ကိုယ့်အခန်းကိုပြန်ကြလေတော့သည်။ ပုဇွန်ဆီရောင် ကောင်းကင်ကြီး ရဲ့အောက်မှာ နေမင်းကြီးနှင့်အတူအလင်းရောင်သည် လက်ပြနှုတ်ဆက်ရင်း............
____________________________
ကိန်းဂဏန်းတွေကဘဲ မှားနေတာလား ပုံသေနည်းတွေကဘဲ မှားနေတာလား ဘယ်လိုအမှားပဲဖြစ်ဖြစ် အဖြေမှန်မရနိုင်ဘူးမလား..........
T.B.C.
ရမရတော့မသိဘူး ထပ် UP လိုက်ပြီ။ fic နှစ်ပုဒ်ကို တစ်လှည့်ဆီသွားကြတာပေါ့
Zawgyi
______________________________
ထိုနေ့ညက........
__________________________
" ငယ် "
" ဟင် "
" ကို...."
" ဟေ့ယျောင်တွေ !!! "
" ဟာ မလုပ်နဲ့! "(both)
" ဆွဲခဲ့ကွာ ရေး...."
" ဟူး မောလိုက်တာ "
" အပိုတွေက အရမ်း "
" သိသင့်တယ် "
" That's right "
" $&%#&%%#&&##& "
" အေးလေ $ဆဲကလည်းသန်ပါ့ "
" သေချင်နေတာေ-ွးသား "
" ဟား ဟား ဟား "
____________________________
T.B.C.
Continue Reading
You'll Also Like
36.4K 5.5K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
290K 50K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
59.9K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
108K 18.5K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...