(Zawgyi)
Hoseok စိုးရိမ္စြာျဖင့္ ခုထက္ထိသတိမရေသးေသာ Yoongi ရဲ႕ေဘးတြင္ထိုင္ကာ လက္ေလးတစ္ဖက္ကိုဆုပ္ကိုင္ထားလိုက္သည္..။ ဆရာဝန္က စိုးရိမ္စရာမရွိပါဘူးလို႔ ေျပာသြားေပမယ့္ ခုထိသတိမရေသးတာကိုက Hoseok အတြက္ စိုးရိမ္စရာပင္။
ေက်းဇူးျပဳၿပီးငါ့ကိုမမုန္းလိုက္ပါနဲ႔ကြာ... မင္းရဲ႕အတၱမာနေတြၾကားမွာ ငါမြန္းၾကပ္လြန္းလို႔ မင္းနဲ႔ေဝးရာမွာေနခ်င္ခဲ့မိတာပါ..။ အခုမွငါသိတာက မင္းကိုငါခ်စ္ေနတုန္းပဲဆိုတာကို မင္းကိုငါလံုးဝလက္လႊတ္ အဆံုးရွံုးမခံခ်င္ဘူး Yoongi... ေတာင္းပန္ပါတယ္ကြာ..။
Hoseok စိတ္ထဲကေနဆုေတာင္းေနစဥ္ ရုတ္တရတ္ သူ႔လက္ဖဝါးထဲက Yoongi ရဲ႕လက္ကေလးလႈပ္သြားတာကို ခံစားလိုက္မိသည္..။
"Yeobo သတိရလာၿပီလားဟင္???"
Hoseok ၾကည့္ေနဆဲမွာပင္ Yoongi ရဲ႕မ်က္လံုးေလး ျဖည္းညႇင္းစြာပြင့္လာၿပီး မ်က္ေတာင္ရွည္မ်ားကို အသာအယာ ပုတ္ခတ္ပုတ္ခတ္လုပ္ေနေလသည္..။
"Yoongi ahh အဆင္ေျပရဲ႕လား ေခါင္းကိုက္ေနေသးလားဟင္"
Yoongi ရဲ႕နဖူးေလးေပၚ Hoseok လွမ္းစမ္းၾကည့္ရင္း စိုးရိမ္စြာေမးလိုက္စဥ္ Yoongi လက္တစ္ဖက္ေျမာက္တက္လာၿပီး Hoseok ရဲ႕လက္ကိုဖယ္ခ်ပစ္လိုက္သည္။ တဆက္တည္းမွာပင္ Hoseok ဆုပ္ကိုင္ထားဆဲ သူ႔ရဲ႕တျခားလက္တစ္ဖက္ကိုပါ ရုန္းထြက္လိုက္သည္..။ အားမပါေပမယ့္ Yoongi မႀကိဳက္မွန္းသိ၍ Hoseok အသာအယာလႊတ္ေပးလိုက္သည္။
"Waeyo??? ငါ့ကိုစိတ္ဆိုးေနတုန္းလား"
"ငါ့အသားကိုထိဖို႔မႀကိဳးစားနဲ႔ပါနဲ႔ Jung Hoseok"
ဒီလိုေျပာပံုဆိုပံုေတြနဲ႔ လွမ္းၾကည့္လိုက္တဲ့ အၾကည့္စူးစူးေတြက..။ Hoseok စိတ္ထဲထင့္ခနဲျဖစ္သြားၿပီးမွ ေသခ်ာေအာင္ Yoongi ကို ေမးၾကည့္လိုက္သည္..။
"Yeobo မင္း...မင္း အတိတ္ကိုျပန္သတိရသြားတာလား...??"
"ဟုတ္တယ္... ငါအကုန္လံုးကိုသတိရသြားၿပီ... မင္းရဲ႕ဘာမဟုတ္တဲ့ ငါးကန္အစုတ္အပဲ့ကိုခြဲမိလို႔ ငါ့ကိုကြာရွင္းဖို႔ ေျပာခဲ့တာကိုေရာ... ငါအတိတ္ေမ့ေနတုန္း Kim Seokjin ဆီမွာ ပစ္ထားတာကိုေရာ... အေမြမရမွာစိုးလို႔ ငါ့ကိုျပန္ေခၚတာေတြေရာ အကုန္မွတ္မိတယ္"
"မဟုတ္ဘူး... ငါ့ကိုအထင္မလြဲပါနဲ႔ ငါရွင္းျပတာကို နားေထာင္ေပးပါ Yeobo ရယ္"
"Shut up!!! ငါ့ကိုလည္း Yeobo လို႔မေခၚနဲ႔... ငါ့အခန္းထဲကေန အခုခ်က္ခ်င္း ထြက္သြားစမ္း... မင္းမ်က္ႏွာကို ငါမျမင္ခ်င္ဘူး"
Hoseok တစ္ခုခုေျပာဖို႔လုပ္လိုက္ေပမယ့္ Yoongi ေနေကာင္းကာစဆိုတာကို သတိရသြားၿပီး ဆက္ေျပာမေနေတာ့ပဲ အခန္းထဲကေန ထြက္လာခဲ့လိုက္သည္..။ သူေနေကာင္းရင္ေတာ့ ေသခ်ာရွင္းျပရမွာပဲ..။ အခြင့္အေရးေပးပါေစေတာ့ ဆုေတာင္းရတာေပါ့..။ Min Yoongi ဆိုတာဘယ္တုန္းကမွ သူတဖက္သားရဲ႕စိတ္ခံစားခ်က္ကို ေတြးေပးတတ္တဲ့သူမွ မဟုတ္တာ..။
သို႔ေသာ္ Hoseok ခုခ်ိန္ထိမသိခဲ့တာက မာနႀကီးေသာ အတၱႀကီးေသာ Yoongi ရဲ႕စိတ္အမွန္ကိုပါ..။ Hoseok ထြက္သြားေတာ့မွ အခန္းထဲတြင္တစ္ေယာက္တည္း ငိုေနေသာ Yoongi...။ တကယ္လို႔ Hoseok သာ မထြက္သြားပဲ အတင္းေထြးပိုက္ကာ ေတာင္းပန္မယ္ဆိုရင္ေတာ့.....။
Min Yoongi ရဲ႕ခံစားခ်က္အမွန္ကို မၾကည့္တတ္တဲ့ Jung Hoseok ကပဲမွားတာလား..။ ဘယ္ေတာ့မွပြင့္ပြင့္လင္းလင္းမေျပာပဲ မာနႀကီးခ်င္ေယာင္ ေဆာင္တတ္တဲ့ Min Yoongi ကပဲမွားခဲ့တာလား..။
--------------------
"ဘယ္လို...?? သူေဌး Min နဲ႔ သူေဌး Jung ကြာရွင္းေတာ့မယ္ ဟုတ္လား...??"
"ဟုတ္တယ္ယူေဂ်ာင္း... နင္အလုပ္မလာတဲ့ေန႔က ေတာ္ေတာ္ျပႆနာတက္သြားတာေလ"
"ဒါေပမယ့္ ကြာရွင္းတဲ့အထိကေတာ့ မလြန္လြန္းဘူးလား"
"အရင္တည္းကသူတို႔၂ေယာက္က ကြာရွင္းဖို႔ေျပာၿပီးသားေလ... ဒီၾကားထဲ သူေဌး Min ကအတိတ္ေမ့သြားလို႔ ပ်က္သြားရတာ.. အခုျပန္သတိရလာေတာ့ ျပန္စီစဥ္ၾကတာေပါ့"
"ဒါ ဒါဆို သူေဌး Min က အတိတ္ကိုျပန္သတိရသြားၿပီေပါ့"
"အင္း သတိရၿပီတဲ့.. ငါေတာ့သူေဌး၂ေယာက္ကို ခ်စ္ခ်စ္ခင္ခင္ပဲ ျမင္ခ်င္မိတယ္.. မကြာရွင္းေစခ်င္ဘူး.. ဒါေပမဲ့လည္း သူတို႔ၾကားမွာ ျပႆနာႀကီးႀကီးမားမားတစ္ခုေတာ့ ရိွေနပံုရတာပဲ"
အလုပ္ထဲမွစီနီယာ Unnie ရဲ႕စကားေၾကာင့္ ယူေဂ်ာင္းစိတ္ရႈပ္ေထြးသြားရသည္..။ သူတို႔၂ေယာက္ၾကားမွာ ဘာေတြအဲေလာက္ႀကီးမားတဲ့ ျပႆနာရွိေနရတာလဲ..။ အလုပ္အျပန္မွာ Yoongi နဲ႔သြားေတြ႕ဖို႔ ယူေဂ်ာင္းဆံုးျဖတ္လိုက္ေတာ့သည္...။
တိတ္ဆိတ္ေနေသာအိမ္ထဲ ယူေဂ်ာင္းေျခခ်မိေတာ့ ေၾကာက္ရြံ႕စိတ္က အလိုလိုဝင္ေရာက္လာသည္..။ Oppa ကဘယ္မွာလဲ..။ သူတို႔အိမ္မွာအစတည္းက အလုပ္သမားမရွိတာသိေသာ္လည္း အျမဲတမ္း Oppa နဲ႔အတူတူလာေနက်ဆိုေတာ့ ခုလိုအထီးက်န္ဆန္မေနပါ..။
ယူေဂ်ာင္းေျခလွမ္းက တျဖည္းျဖည္းနဲ႔အိမ္ေပၚထပ္သို႔ ေရာက္လာေလသည္..။ ဒီအခန္းက Oppa တို႔အခန္းပဲ...။ အခန္းထဲမွာေတာ့ ရွိေလာက္မယ္ထင္ပါတယ္...။
ယူေဂ်ာင္းတံခါးကိုေခါက္ၾကည့္ေတာ့ အထဲမွ ဘာတုန္႔ျပန္သံမွမၾကား...။ ေနာက္တစ္ႀကိမ္ ထပ္ေခါက္လိုက္ေတာ့မွ... Oppa ရဲ႕အသံခပ္မာမာ ကိုၾကားလိုက္ရသည္။
"ဘယ္သူလဲ အျပင္က"
"Oppa ကၽြန္မပါ... ယူေဂ်ာင္း"
"ဝင္ခဲ့.."
ယူေဂ်ာင္းတံခါးကိုတြန္းဖြင့္ကာဝင္သြားေတာ့ ျပတင္းေပါက္နားတြင္ထိုင္ကာ အျပင္ဘက္ကိုေငးေနေသာ Yoongi Oppa ကိုေတြ႕လိုက္ရသည္...။ ယူေဂ်ာင္းဝင္လာေတာ့မွ ေနာက္သို႔တျဖည္းျဖည္းခ်င္း လွည့္ၾကည့္လာသည္...။ အို..သူ႔ရဲ႕မ်က္လံုးအၾကည့္ေတြက ေအးစက္လိုက္တာ... သူ႔ကိုၾကည့္ေနမိတဲ့ ယူေဂ်ာင္း သိမ္ငယ္စိတ္ေတြ ေပၚလာကာ ေနရာမွာပင္ အလိုလိုက်ံဳ႕ဝင္ေပ်ာက္ကြယ္သြားခ်င္မိသည္။
"ဘာကိစၥနဲ႔ ငါ့ကိုလာေတြ႕ရတာလဲ.."
သူ႔ေမးခြန္းကိုၾကားမွ ယူေဂ်ာင္းအသိျပန္ဝင္သြားရသည္..။
"ဟို...ဟိုေလ Oppa ေနမေကာင္းဘူးဆိုလို႔ပါ... အဲဒါေၾကာင့္ လာၾကည့္တာ"
ယူေဂ်ာင္းအေျဖေၾကာင့္ Yoongi မ်က္ႏွာမွာမဲ့ျပံဳးတစ္ခု ေပၚလာသည္...။ ယူေဂ်ာင္းကေတာ့ အဓိပၸါယ္မဲ့ ေငးၾကည့္ေနမိျပန္သည္။ Yoongi ေခ်ာတာ အရင္တည္းက ယူေဂ်ာင္းသိေနေပမယ့္ ခုလိုဆြဲေဆာင္မႈရွိလြန္းတာကိုေတာ့ အခုမွသိတာ..။ ဒါေပမယ့္လည္း သူ႔အျပံဳး သူ႔စကားသံေတြက ေၾကာက္စရာေကာင္းလွပါသည္..။ လူတစ္ဖက္သားေျပာမယ့္ စကားေတြကိုေတာင္ ဆြံ႕အသြားေစခဲ့တာ..။
"ဒီကိစၥတစ္ခုတည္းနဲ႔ေတာ့ ဟုတ္မယ္မထင္ပါဘူး.. ငါနဲ႔ Jung Hoseok ကြာရွင္းမယ္ဆိုတဲ့ သတင္းေၾကာင့္မလား...??"
ယူေဂ်ာင္းအံ့ဩသြားရျပန္သည္..။ သူဘယ္လိုသိေနတာလဲ...။ အင္းေပါ့ေလ ထူးဆန္းေနစရာမွ မရွိတာ။ သူလိုအဖက္ဖက္မွာ ျပည့္စံုလြန္းေနသူက ဒီလိုအေသးအဖြဲ႕ကိစၥေလးကို ခန္႔မွန္းႏိုင္တာေပါ့...။
"ဟုတ္တယ္.. ငါတို႔ကြာရွင္းေတာ့မယ္.. အစတည္းက ကြာရွင္းဖို႔လုပ္ခဲ့ၿပီးသား.. ၾကားထဲမွာ ငါအတိတ္ေမ့တာနဲ႔ ျပႆနာေတြရႈပ္ေထြးသြားရတာ.. အခုေတာ့ ကြာရွင္းမယ့္ကိစၥ ျပန္စီစဥ္ၾကတာေပါ့"
"ဒါ...ဒါေပမယ့္ Oppa တို႔၂ေယာက္က အရမ္းခ်စ္ၾကတာမလား"
"မင္းတစ္ေယာက္တည္း အဲလိုျမင္တာပါ... ဟိုတယ္ဝန္ထမ္းေတြကေတာ့ ေပ်ာ္ေနၾကမွာေပါ့.. သူတို႔ရဲ႕သနားစရာ သူေဌး Jung က ခုဆိုရင္သူ႔ကို အႏိုင္က်င့္မယ့္သူမရွိေတာ့ဘူး ဆိုၿပီးေတာ့ေလ"
"Oppa ဘာလို႔အဲလိုထင္ေနရတာလဲ"
"ထင္ေနတာမွမဟုတ္တာ ျမင္ေနတာေလ... သူတို႔အားလံုး ငါ့ကိုမုန္းေနၾကတာ.. ပါတီပြဲမွာ အေအးခြက္ထဲကို ေဆးခတ္တဲ့အထိကို မုန္းေနၾကတာေလ"
"အရင္ကေတာ့ ဟုတ္ခ်င္ဟုတ္မွာပါ.. အခုကမမုန္းၾကေတာ့ပါဘူး.. Oppa တို႔ကြာရွင္းမယ္ဆိုလို႔ သူတို႔အားလံုး ဝမ္းနည္းေနၾကတာ..."
Yoongi အံ့အားသင့္သြားသလို စိတ္လည္းရႈပ္ေထြးသြားရသည္...။ မျဖစ္ႏိုင္ပါ..ဝန္ထမ္းေတြသူ႔ကို မုန္းေနၾကတာ သူအသိပဲကို...။ အတိတ္ေမ့ေနတုန္းကလည္း သူအလုပ္ေကာင္းေကာင္းမလုပ္ ခုမွအလုပ္စဝင္တဲ့ ယူေဂ်ာင္းကိုလည္း ရာထူးေတြတိုးေပးတာ သူတို႔မေက်မနပ္မျဖစ္ၾကဘူးလား..။
"Oppa...!!!"
"ေတာ္စမ္း မင္းေျပာတာကို ငါကယံုရမွာလား... ၿပီးေတာ့ ငါ့ကိုလည္း Oppa လို႔မေခၚနဲ႔... ငါကမင္းရဲ႕သူေဌးေလ.. ရိုရိုေသေသဆက္ဆံမွေပါ့"
ရုတ္တရတ္ေျပာင္းလဲသြားေသာ Yoongi ေၾကာင့္ ယူေဂ်ာင္းလန္႔သြားရသည္...။ ဟုတ္ေတာ့လည္း ဟုတ္တယ္... သူကသူေဌးပဲေလ..။
"ေကာင္းပါၿပီ သူေဌး Min... ကၽြန္မေနာက္ဆံုးအေနနဲ႔ တစ္ခုေတာ့ေျပာခ်င္ပါတယ္... သူေဌးမွန္ထဲက ကိုယ့္ရုပ္ကိုကိုယ္ၾကည့္ရင္ ကိုယ္မဲ့ျပရင္သူလည္းမဲ့ျပမယ္ ကိုယ္ျပံဳးျပရင္ သူလည္းျပံဳးျပမွာပဲေလ... အဲဒီေတာ့ သူေဌးလည္းလူေတြကို မွန္လိုသေဘာထားၿပီး ဆက္ဆံၾကည့္ပါ... တူေသာအက်ိဳးေပးလာမွာပါ"
"မင္းကငါ့ကိုျပန္ၿပီးဆံုးမေနတာလား... ခုထြက္သြားစမ္း...!!!"
ယူေဂ်ာင္းအရိုအေသေပးကာ Yoongi ေရွ႕မွအျမန္ဆံုးထြက္ခြာလာခဲ့သည္...။ အဲလိုစကားေတြေျပာဖို႔ သူမမွာ မနည္းအားေမြးလိုက္ရတာ...။ အရင္ကခပ္စြာစြာေကာင္မေလး အိုယူေဂ်ာင္းမဟုတ္ေတာ့သလိုပဲ...။ ငါေျပာတာေတြကို သူနားလည္လက္ခံႏိုင္ပါေစ..။
အခန္းထဲတြင္က်န္ခဲ့ေသာ Yoongi ကလည္း ယူေဂ်ာင္းထြက္သြားေတာ့မွ ေျခာက္ကပ္စြာရယ္ေမာလိုက္သည္...။ တူေသာအက်ိဳးေပးမယ္ ဟုတ္လား...။ လူေတြကိုတစ္ေယာက္မွ အယံုအၾကည္မရွိတာ...။ ငါနဲ႔အနီးကပ္ဆံုးေနတဲ့ Jung Hoseok ေတာင္ ငါ့ကိုသစၥာေဖာက္ေသးတာပဲ..။
ထိုအခ်ိန္တြင္ သူ႔ေဘးစာၾကည့္စားပြဲေပၚမွ စက္ကေလးက Fax တစ္ေစာင္ေရာက္လာေၾကာင္း တတီတီလွမ္းအခ်က္ျပေနေလသည္..။ Fax ကို လွမ္းယူၾကည့္ကာ Yoongi ျပံဳးလိုက္မိသည္..။ ေတြ႕ၾကၿပီေပါ့ Jung Hoseok ရယ္..။
---------------------
Seokjin အလုပ္ကျပန္လာစဥ္ လမ္းေဘးတေနရာတြင္ ေခါင္းငိုက္စိုက္ခ်ကာ လမ္းေလၽွာက္လာေသာ ယူေဂ်ာင္းကိုလွမ္းေတြ႕လိုက္ရ၍ ကားကိုရပ္ကာ လွမ္းေခၚလိုက္သည္..။
"ယူေဂ်ာင္း အိမ္ျပန္မွာလား... Oppa လိုက္ပို႔ေပးမယ္ေလ"
"Seokjin Oppa...!!! အဟင့္.."
ေဟာဗ်ာ လူၾကားထဲငိုေနျပန္ၿပီ..။ တျခားသူေတြက တမ်ိဳးထင္ကုန္ေတာ့မွာပဲ..။ Seokjin လည္း ကားေပၚကအျမန္ဆင္း၍ ယူေဂ်ာင္းကိုဆြဲေခၚကာ ကားေပၚတင္လိုက္ၿပီးမွ ကားကို ထိုေနရာမွ ေမာင္းထြက္လာခဲ့လိုက္သည္...။
လူရွင္းတဲ့ေနရာေရာက္မွ ကားကိုခဏရပ္ကာ ေဘးမွာငိုေနေသာယူေဂ်ာင္းကို လွမ္းေမးရေတာ့သည္။
"ဘာလို႔ငိုေနတာလဲ ယူေဂ်ာင္းရဲ႕.. Oppa ကိုေျပာျပေလ"
"Yoongi Oppa ကိုေၾကာက္လို႔.. ၿပီးေတာ့သနားလို႔"
"ဟမ္ ေၾကာက္တယ္?? သနားတယ္??? ဘယ္လိုႀကီးလဲ ယူေဂ်ာင္းရဲ႕"
Yoongi အေၾကာင္းဆိုေတာ့ Seokjin စိတ္ဝင္စားသြားတာေတာ့အမွန္ပင္...။
"သူ..သူ အတိတ္ကိုျပန္သတိရသြားၿပီ"
ေအာ္.. အတိတ္ကိုျပန္သတိရၿပီတဲ့လား..။ ေကာင္းတာေပါ့..။ ငါနဲ႔အရင္က ရန္ျဖစ္ခဲ့တာေတြကိုသိၿပီး ငါ့ကိုမုန္းႏိုင္သြားတာေပါ့..။
"သူေဌး Jung နဲ႔လည္း ကြာရွင္းၾကေတာ့မွာ"
"ဟင္ ဘယ္လိုျဖစ္တာလဲ.. သူတို႔၂ေယာက္က"
"ယူေဂ်ာင္းလည္း သိခ်င္လို႔ သြားေမးတာပဲ.. ဒါေပမယ့္အဲဒီ့ေမးခြန္းကို မေမးလိုက္ရပဲ သူေအာ္ထုတ္တာ ခံလိုက္ရတယ္ေလ.. သူ..သူအရမ္းေၾကာက္ဖို႔ေကာင္းတယ္.. သူ႔မ်က္လံုးအၾကည့္ေတြက စူးရဲၿပီးေအးစက္ေနလိုက္တာ"
ဟုတ္တယ္ေလ..အရင္က Seokjin နဲ႔ရန္ျဖစ္ေနက် Min Yoongi က ဒီလိုပံုစံပဲကို...။ စိတ္ထဲမွာေတာ့ တမ်ိဳးႀကီးခံစားလိုက္ရသည္...။ ဘာလဲႏွေမ်ာတာလား သူ႔ရဲ႕အတိတ္ေမ့ေနစဥ္က ခ်စ္စဖြယ္အမူအယာေလးေတြကုိေလ..။
"ေနပါဦးယူေဂ်ာင္းရဲ႕.. ေၾကာက္တာေတာ့ဟုတ္ပါၿပီ.. သနားတာကေရာဘာလို႔လဲ"
"သူ႔ရဲ႕အထီးက်န္မႈေတြကို ျမင္လိုက္ရလို႔ပါ.. သူကသူ႔ကိုလူတိုင္းက မုန္းေနၾကတယ္လို႔ထင္ေနတာေလ.. မုန္းေအာင္လည္း သူကိုယ္တိုင္လုပ္ခဲ့တာ"
ယူေဂ်ာင္းစကားေၾကာင့္ Seokjin နားလည္သလိုလိုရွိလာကာ ေခါင္းတဆတ္ဆတ္ညိတ္မိသည္။
သူကိုယ္တိုင္ေတာင္အရင္က Yoongi ကိုအဲလိုေျပာခဲ့ဖူးတာပဲကို..။
"Seokjin Oppa ကေရာ သူ႔ကိုအရင္ကမုန္းခဲ့တာလား"
"အရင္ကေတာ့ ဟုတ္တယ္"
ယူေဂ်ာင္းက Seokjin ကိုအကဲခတ္သလိုၾကည့္ေနသည္။ Seokjin ကေတာ့ သက္ျပင္းရွည္ႀကီးခ်လိုက္ၿပီးမွ.....
"ယူေဂ်ာင္းကို Oppa ျပန္လိုက္ပို႔ေပးမယ္ေနာ္"
"Oppa ခုနကစကားကို ဘာလို႔ဆံုးေအာင္မေျပာတာလဲ"
"ကိုယ္နဲ႔ သူနဲ႔ကဘာမွမဆိုင္ေတာ့ဘူးေလ.. သူ႔ကိုမုန္းေနခ်စ္ေနလို႔ေရာ ဘာထူးမွာလဲ... သူနဲ႔ထပ္ပတ္သတ္စရာအေၾကာင္းမွ မရွိေတာ့တာကို"
"အင္းေနာ္ ဒါလည္းဟုတ္တာပဲကို"
ယူေဂ်ာင္းႏႈတ္ဆိတ္သြားေတာ့မွ Seokjin လည္း ကားကိုေမာင္းထြက္ကာ ယူေဂ်ာင္းရဲ႕အိမ္အေရာက္ လိုက္ပို႔ေပးလိုက္သည္..။
ဟုတ္တယ္.. ငါတို႔၂ေယာက္က ဘယ္လိုမွပတ္သတ္မႈ မရွိေတာ့ဘူး..။ ဒါေပမယ့္ Min Yoongi ဆိုတဲ့နာမည္ၾကားရရင္ပဲ အခုန္ျမန္လာတဲ့ရင္ခုန္သံကိုေတာ့ ထိန္းခ်ဳပ္ဖို႔လိုအပ္ေသးတာေပါ့...။
--------------------------
Hoseok အိမ္ျပန္လာေတာ့ တအိမ္လံုး ေမွာင္မဲကာ တိတ္ဆိတ္ေန၍ မီးခလုတ္မ်ားလိုက္ဖြင့္လိုက္ေတာ့မွ အိမ္ေလးက အသက္ဝင္လာသလိုလို..။ ဟိုးအရင္တည္းက ဒီလိုပဲေနလာတာျဖစ္ေပမယ့္ ဒီ၃လအတြင္းမွာ ေျပာင္းလဲခဲ့တဲ့ အေျခအေနေလးတစ္ခုေၾကာင့္ ဒီလိုတိတ္ဆိတ္မႈနဲ႔ ျပန္ၿပီးအသားမက်သလိုျဖစ္ေနသည္..။
Yeobo ျပန္လာၿပီလားလို႔ ႀကိဳေနမယ့္အသံခ်ိဳခ်ိဳေလးတစ္ခုကို ေမၽွာ္ေနမိေပမယ့္ မျဖစ္ႏိုင္တာကို စိတ္ထဲကသိႏွင့္ေနသည္..။ Yoongi ေနေရာေကာင္းရဲ႕လား...။ အိမ္မွာေရာရွိေနပါ့မလား...။
"ျပန္လာၿပီလား Jung Hoseok"
အထက္စီးဆန္လြန္းေသာ ခပ္မာမာေလသံေပမယ့္ ခုလို အေရးတယူေမးျမန္းမႈေၾကာင့္ စိတ္ထဲလွိုက္ခနဲဝမ္းသာသြားရသည္..။ မင္းကိုငါအဲ့ေလာက္ထိ အေလးထားၿပီး ခ်စ္ခဲ့တာပါ Yoongi ရယ္..။
"Nae ျပန္လာပါၿပီ.. Yeobo ေနလို႔ေရာေကာင္းရဲ႕လားဟင္??"
Hoseok ရဲ႔ႏႈတ္က Yeobo လို႔ေခၚလိုက္လို႔ စိတ္ရႈပ္ေထြးသြားသလို အမူအယာမ်ိဳးျဖစ္သြားေပမယ့္ Yoongi ဘာမွေတာ့မေျပာပဲ ဆိုဖာေပၚတြင္ဝင္ထိုင္ကာ လက္ထဲကဖိုင္တစ္ခုကို စားပြဲေပၚပစ္တင္လိုက္သည္၊
"ဖတ္ၾကည့္"
Hoseok ဇေဝဇဝါျဖင့္ Yoongi ရဲ႕မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္ကာ ဖိုင္ကိုယူဖတ္ၾကည့္လိုက္သည္...။ အေရွ႕ဘက္ဆံုးစာမ်က္ႏွာမွာပင္ ေရးထားတာက Min Yoongi ရဲ႕ေသတမ္းစာတဲ့ေလ..။ Hoseok အံ့ဩစြာျဖင့္ Yoongi မ်က္ႏွာကိုလွမ္းၾကည့္ေတာ့ Yoongi က ဆက္ဖတ္ဆိုတဲ့သေဘာျဖင့္ ေမးဆတ္ျပေလသည္..။
"ေသဆံုးမႈကိုအတည္ယူၿပီး တစ္ႏွစ္ျပည့္လၽွင္ အေမရိကန္ႏိုင္ငံမွ Min Yoongi ရဲ႕ပိုင္ဆိုင္သမၽွကို လူမႈအဖြဲ႕အစည္းမ်ားကိုလွဴၿပီး ကိုရီးယားႏိုင္ငံမွ Min Yoongi ရဲ႕ပိုင္ဆိုင္သမၽွကိုေတာ့ အိမ္ေထာင္ဖက္ျဖစ္သူ Jung Hoseok အားအၿပီးတိုင္ လႊဲေျပာင္းေပးမည္"
Hoseok အံ့ဩထိတ္လန္႔စြာ ေသခ်ာေအာင္ေနာက္တေခါက္ထပ္ဖတ္ၾကည့္မိျပန္သည္။
"အဲဒါ ငါအေမရိကားမွာေနတုန္းက ေရးခဲ့တဲ့ေသတမ္းစာအစစ္ပဲ.. Video ထဲမွာက တမင္မင္းရဲ႕စိတ္ကို သိခ်င္လို႔ အမွန္မေျပာခဲ့တာ"
"Yeo..Yeobo...!!!"
"မင္းအရင္တည္းက ငါ့အေပၚမွာေကာင္းတာ ငါသိတာေပါ့ Hoseok ရယ္... ငါ့အေပၚမွာေကာင္းတဲ့သူဆို ငါမရက္စက္တတ္ပါဘူး... မင္းအတြက္ငါစီစဥ္ေပးခဲ့မွာပါ... ဒါေပမယ့္ မင္းကိုငါ ထုတ္မေျပာခဲ့ဘူးေလ.. အဲဒီ့ေတာ့ မထင္မွတ္စရာေတြ ျဖစ္ကုန္ေရာ.. မင္းဒီလိုေငြမက္တဲ့သူ ျဖစ္ေနမယ္ဆိုတာကို ငါလံုးဝမထင္ထားခဲ့ဘူး Hoseok"
"မဟုတ္ဘူး မင္းငါ့ကိုအထင္လြဲေနတာပါ... ငါ့ကိုရွင္းျပခြင့္ေပးပါ.. ငါ Video ကိုၾကည့္ၿပီး ထိတ္လန္႔သြားခဲ့တာမွန္ပါတယ္.. ဒါေပမယ့္ ခုခ်ိန္မွာ အဲဒီ့ေငြေတြထက္ မင္းကိုပဲပိုလိုခ်င္ေနတာပါ"
"ေတာ္စမ္းပါ.. ေသြးရူးေသြးတမ္းေတြ လာမေျပာနဲ႔.. ငါကအဲဒီ့ေငြေတြကို ပိုင္ဆိုင္တဲ့သူဆိုေတာ့ ငါ့ကိုလိုခ်င္တာ မဆန္းဘူးေလ"
"မင္းကိုလိုခ်င္တာ ေငြေၾကာင့္မဟုတ္ဘူး Yoongi...!!! မင္းကိုခ်စ္လို႔...!!"
Hoseok ရဲ႕စကားအဆံုးမွာ Yoongi က ဟားတိုက္ရယ္ေမာေနသည္။ သူရယ္ေမာေနပံုက ခံစားခ်က္မပါပဲ Hoseok ကို ေလွာင္ေျပာင္တဲ့သေဘာနဲ႔ ရယ္ေမာေနတာ..။ Hoseok ကိုယ္တိုင္ေတာင္ ၾကက္သီးေတြထလာတဲ့အထိ ေၾကာက္လန္႔သြားခဲ့သည္...။ ၿပီးေတာ့မွ Hoseok မ်က္ႏွာကို ေစ့ေစ့ၾကည့္ရင္း...
"ခ်စ္တယ္ဟုတ္လား... မင္းငါ့ကိုခ်စ္တယ္ေပါ့"
"ဟုတ္တယ္ ငါ့ဘဝမွာလူတစ္ေယာက္ကိုပဲ ခ်စ္ခဲ့ဖူးတာ... အဲဒီ့လူကမင္းပဲ Min Yoongi"
"Jung Hoseok က ဟာသေတြသိပ္ေျပာတာပဲ.. ငါ့တစ္ေယာက္တည္းကိုပဲ ခ်စ္ဖူးတာ ဟုတ္လား..?? ဒါဆို ငါအတိတ္ေမ့ေနတာသိရက္နဲ႔ Kim Seokjin ဆီမွာ ပစ္ထားတာဘာလို႔လဲ..?? အေမြေတြမရမွာစိုးလို႔ ငါ့ကိုျပန္လာေခၚတာကေရာ ဘာလို႔လဲ...?? ေျပာဦးေလ အဲဒါငါ့ကိုခ်စ္တာလို႔"
"ငါမွားခဲ့ပါတယ္.. ေတာင္းပန္ပါတယ္ Yoongi ahhh... ငါမင္းကိုေၾကာက္လို႔ မင္းေဘးနားကထြက္သြားဖို႔ ၾကိဳးစားခဲ့ဖူးတယ္... မင္းမရွိေတာ့ ငါ့ကိုယ္ငါေပ်ာ္ရႊင္သြားတယ္လို႔ ခံစားရဖူးတယ္.. ဒါေပမယ့္ေလ အခုဒါေတြအားလံုးကို ငါေနာင္တရပါၿပီ.. ငါ့ကိုအမွားျပင္ဆင္ခြင့္ေပးပါ.. ေနာက္ဆိုငါ့ေဘးကေန မင္းကိုထြက္သြားခြင့္မျပဳေတာ့ပါဘူး"
"မင္းမွားတာမွ ေတာ္ေတာ့္ကိုမွားေနတာပဲ Hoseok... မင္းအေနနဲ႔ အဲဒါကိုအခ်စ္လို႔ ေခါင္းစဥ္တပ္ထားတာကိုက မွားတာ... အဲဒါအခ်စ္မဟုတ္ဘူး တပ္မက္မႈပဲ"
Hoseok အလန္႔တၾကားနဲ႔ Yoongi ရဲ႕မ်က္ႏွာကိုေမာ့ၾကည့္မိသည္...။ Yoongi က အေဝးတစ္ေနရာကို ေငးစိုက္ၾကည့္ေနရင္း ဆက္ေျပာေနသည္။
"တန္ဖိုးႀကီးတဲ့ပစၥည္းတစ္ခုကို စေတြ႕ေတာ့ မင္းအရမ္းလိုခ်င္မယ္.. ပိုင္ဆိုင္ဖို႔လည္းၾကိဳးစားမယ္.. တကယ္တမ္းပိုင္ဆိုင္ေတာ့ စစပိုင္းမွာေတာ့ေပ်ာ္ရႊင္တယ္.. ၾကာလာေတာ့ ဒီပစၥည္းေလးက ေခတ္မမီေတာ့ဘူး.. ေဟာင္းလာမယ္.. အဲဒီ့အခါက်ေတာ့ မင္းၿငီးေငြ႕လာၿပီး ပစ္ထားမိေရာ.. ဒါေပမယ့္တျခားသူဆီမွာ အဲဒီပစၥည္းက တန္ဖိုးရွိေနတာျမင္ေတာ့ ျပန္လိုခ်င္လာေရာေလ"
"-----------------"
"မင္းမမွားပါဘူး Hoseok... ဒါမ်ိဳးေတြကျဖစ္တတ္ပါတယ္... ငါကလည္း အရင္ကေတာ္ေတာ္ေလးကို ဆိုးခဲ့တာကို"
"အခ်စ္မဟုတ္ဘူးလို႔မေျပာပါနဲ႔ Yoongi ရယ္.. ငါတို႔၆ႏွစ္လံုးေပါင္းလာၾကတာ အခ်စ္မရွိဘူးလို႔ေျပာႏိုင္လို႔လား"
"မင္းတကယ္ခ်စ္ရင္ ငါဘယ္ေလာက္ပဲဆိုးေနပါေစ ၿငီးေငြ႕မသြားဘူးေလ... ငါ့ကိုဘယ္ေတာ့မွစြန္႔ပစ္ဖို႔လည္း ႀကိဳးစားမွာမဟုတ္ဘူး... မင္းတကယ္မခ်စ္လို႔သာ ခုလိုလုပ္ခဲ့တာေပါ့"
"ေတာင္းပန္ပါတယ္ Yoongi ရာ.. ငါ့ကိုအခြင့္အေရးေပးပါ.. မင္းေျပာသလိုပဲ.. အရင္ကမခ်စ္ခဲ့ရင္ေတာင္မွ အခုငါမင္းကိုအရမ္းခ်စ္ေနမိပါၿပီ... ငါ့ဆီကမထြက္သြားပါနဲ႔"
"ေနာက္က်သြားၿပီ Hoseok"
ထိုအခ်ိန္ Yoongi ရဲ႕အခ်စ္ေတာ္ Holly ေလးက Yoongi ရဲ႕ေပါင္ေပၚခုန္တက္လာေလသည္..။ Yoongi ကလည္း အသာအယာေပြ႕ဖက္ကာ ယုယၾကင္နာစြာ ပြတ္သပ္ေပးေနတယ္။
"Hoseok မင္းသိလား... ေခြးေလးေတြက သူ႔ပိုင္ရွင္က သူ႔ကိုတစ္ခါစြန္႔ပစ္လိုက္ရင္ ဘယ္ေတာ့မွအဲဒီပိုင္ရွင္ဆီ ျပန္မလာတတ္ေတာ့တာကိုေလ.. ငါလည္းအဲဒီ့လိုပဲ.. မင္းငါ့ကို တစ္ခါစြန္႔ပစ္ၿပီးသြားၿပီေလ"
ေျပာၿပီးတာနဲ႔ Yoongi လည္း Holly ကိုေပြ႕ခ်ီကာ ေနရာမွ ထြက္သြားလိုက္ေတာ့သည္..။ Hoseok တစ္ေယာက္တည္းသာ ဧည့္ခန္းထဲကဆိုဖာေပၚတြင္ ငူငူႀကီးထိုင္ကာက်န္ခဲ့သည္..။
Yoongi ေျပာတာေတြက အကုန္မွန္ေနတာပဲေလ...ဘာေတြမ်ား အထြန္႔တက္ခြင့္ရွိေတာ့မွာလဲ...။ ေနာင္တဆိုတာ တကယ္ကိုေနာင္မွရတာေလ.. ျပင္ဆင္ခြင့္မရွိေတာ့တဲ့အမွားကို မွားခဲ့သူက ကၽြန္ေတာ္ Jung Hoseok ကိုယ္တိုင္ပဲေပါ့..။
------------------------
Seokjin ေစ်းဝယ္ရန္ Super Market ကားပါကင္တြင္ ကားရပ္လိုက္စဥ္ သူ႔မ်က္လံုးေထာင့္တြင္ ရိပ္ခနဲျမင္လိုက္ရေသာ ပံုရိပ္ေလးတစ္ခု...။ မစံုစမ္းရပဲၾကားေနရတဲ့ သူ႔သတင္းေတြေၾကာင့္ ခုခ်ိန္ထိ ေမ့ခ်င္ရက္နဲ႔ ေမ့ေဖ်ာက္လို႔မရေသးခဲ့တာ..။
ဟိုးအရင္စေတြ႕ကာစပံုစံအတိုင္း Idol တစ္ေယာက္လို စတိုင္က်စြာဝတ္ထားေသာ Min Yoongi... မျမင္ရရင္အေကာင္းသား။ ျမင္လိုက္ရေတာ့ လြမ္းတဲ့စိတ္က တဟုန္တိုးျမင့္တက္လာခဲ့ရသည္..။
Seokjin မသိစိတ္ရဲ႕လွံု႔ေဆာ္မႈေၾကာင့္ ကားေပၚမွအျမန္ေျပးဆင္းကာ ထြက္လုဆဲဆဲ အမိုးဖြင့္ၿပိဳင္ကားအနီေလးေရွ႕ ဝင္ရပ္လိုက္မိသည္။ သူ႔ကိုျမင္ေတာ့ Yoongi တုန္လႈပ္သြားသလိုျဖစ္သြားေပမယ့္ ခ်က္ခ်င္းမ်က္ႏွာကိုျပန္တင္းလိုက္သည္...။
"ဘယ္သူမ်ားလဲလို႔ ငါ့ရန္သူေတာ္ႀကီး Kim Seokjin ကိုး... ငါ့ကားေရွ႕ကဖယ္စမ္းပါ"
"မဖယ္ဘူး.. မင္းနဲ႔ငါစကားနည္းနည္းေျပာခ်င္တယ္"
"မင္းနဲ႔ငါဘာမွေျပာစရာ အေၾကာင္းမရွိဘူး.. မဖယ္ရင္ ငါတိုက္သတ္မွာေနာ္"
"လုပ္လိုက္ေလ Min Yoongi... မင္းလုပ္ရဲတာ ငါသိပါတယ္"
Yoongi ကားကိုစက္ႏွိုးၿပီး ေနာက္နည္းနည္းဆုတ္ၿပီးမွ Seokjin ေရွ႕သို႔တိုးထြက္လိုက္သည္။ Seokjin ကေတာ့မ်က္လံုးစံုမွိတ္ကာ ေစာင့္ေနလိုက္သည္..။ သို႔ေသာ္ ကားကသူ႔ကိုတိုက္မသြားပဲ ထိလုခါနီးမွာရပ္သြားၿပီးမွ ကားေပၚက Yoongi ေဒါသတႀကီးဆင္းလာသည္..။
"Shit!!! မင္းရူးေနတိုင္း ငါကသပ္သပ္မဲ့ေထာင္က်ရမယ္... ထြက္သြားစမ္းပါ"
Yoongi က ေျပာေျပာဆိုဆိုနဲ႔ Seokjin ရဲ႕ရင္ဘက္ကိုေဆာင့္တြန္းလိုက္စဥ္ Seokjin ကလည္း ထိုလက္ကေလးကိုဆြဲယူလိုက္ကာ က်န္လက္တစ္ဖက္နဲ႔ Yoongi ခါးကိုလွမ္းဖက္ရင္း နီးကပ္သြားေသာ Yoongi ရဲ႕ႏႈတ္ခမ္းေလးကို ငံု႔ကာနမ္းလိုက္သည္။
သူ႔စိတ္ကိုသူမထိန္းခ်ဳပ္ႏိုင္ပဲ လုပ္မိလုပ္ရာလုပ္မိေသာ Seokjin ႏူးညံ့လြန္းေသာႏႈတ္ခမ္းေလးရဲ႕အထိအေတြ႕နဲ႔ ခ်ိဳၿမိန္လြန္းတဲ့အနမ္းေလးမွာ ယစ္မူးသြားရသည္...။ Yoongi ကလည္း ရုတ္တရတ္မို႔ေၾကာင္သြားၿပီး Seokjin နမ္းတာကိုၿငိမ္ခံေနၿပီးမွ အသိျပန္ဝင္လာၿပီး အတင္းရုန္းကန္ထြက္ကာ Seokjin မ်က္ႏွာကို လက္သီးနဲ႔ထိုးလိုက္သည္။
"မင္းလိုေကာင္ကမ်ား ရာရာစစ ငါ့ကို"
Seokjin သူ႔ႏႈတ္ခမ္းေထာင့္ကစီးက်လာေသာ ေသြးမ်ားကိုသုတ္လိုက္ရင္း ေဒါသတႀကီးျဖစ္ေနေသာ Yoongi ကိုတိတ္ဆိတ္စြာၾကည့္ေနမိသည္..။ လြမ္းေနခဲ့တာ သူ႔ရဲ႕ခုလိုေဒါသတႀကီးလုပ္တတ္တဲ့ အျပဳအမူေတြကို.. တစ္ဖက္သားကိုရင္နာေအာင္ ေျပာတတ္တဲ့သူ႔စကားသံေတြကို..။ အနမ္းတစ္ခုကို လက္သီးတစ္ခ်က္လား... တန္ပါတယ္ေလ မင္းႏႈတ္ခမ္းေလးေတြရဲ႕ ခ်ိၿမိန္မႈကိုသိခဲ့ရတာေပါ့..။
"မင္းဘာလို႔ငါနဲ႔လာပတ္သတ္ျပန္တာလဲ...?? ငါ့ဆီကဘာလိုခ်င္လို႔လဲ...??"
"မင္း Jung Hoseok နဲ႔ကြာရွင္းၿပီး အေမရိကားကိုျပန္ေတာ့မယ္ဆို"
"အဲဒါမင္းနဲ႔ဘာဆိုင္လို႔လဲ??"
"မသြားပါနဲ႔ Yoongi... ငါနဲ႔ေနပါေနာ္"
Seokjin ရဲ႕စကားကို Yoongi က မယံုၾကည္သလို ေလွာင္ရယ္လိုက္ၿပီး...
"လာျပန္ၿပီေနာက္တစ္ေယာက္... ေျပာစမ္း ေငြဘယ္ေလာက္လိုခ်င္တာလဲ...??"
"ေတာ္စမ္း Min Yoongi...!!! မင္းေခါင္းထဲမွာ ပိုက္ဆံအျပင္ ဘာမွမရွိေတာ့ဘူးလား...??"
Yoongi အံ့အားသင့္စြာျဖင့္ ေဒါသထြက္ေနေသာ Seokjin ကိုလွမ္းၾကည့္မိၿပီးမွ ခ်က္ခ်င္းဟန္ေဆာင္လိုက္ျပန္သည္...။ ဒါကို Yoongi ရဲ႕ မ်က္ႏွာအရိပ္အကဲကိုၾကည့္ေနေသာ Seokjin က ေတြ႕လိုက္ရသည္..။
"မင္းက Money Lover ပဲေလ... မင္းေခါင္းထဲမွာေရာ ေငြအျပင္ဘာရွိေသးလို႔လဲ Kim Seokjin"
"ငါေငြကိုခ်စ္ရတာ ငါ့ရဲ႕အရြယ္မေရာက္ေသးတဲ့ တူေလး၃ေယာက္ေၾကာင့္ပါ... ဒါေပမယ့္ အဲဒီ့ေငြထက္ မင္းကိုပိုခ်စ္တာ မသိဘူးလား Money Eater ရဲ႕"
"အခုမွ မင္းဒီစကားထြက္လာတာပါ... ငါ့ေၾကာင့္မင္းဆံုးရွံုးရတဲ့ပိုက္ဆံေတြအကုန္လံုးကို Hoseok ျပန္ေပးခဲ့တာပဲမလား... ခ်စ္တယ္ဆိုတဲ့စကားကို လာမေျပာနဲ႔ Kim Seokjin... မင္းငါ့ကိုမုန္းလို႔ ကလဲ့စားေခ်ဖို႔ေခၚလာတာကို မင္းပါးစပ္ကေန မင္းကိုယ္တိုင္ဝန္ခံခဲ့တာေလ... ၿပီးေတာ့ မင္းငါ့ကိုကိုယ္ထိလက္ေရာက္ ႏွိပ္စက္ခဲ့တာေတြကေရာ"
"မင္းက်ေတာ့ ငါ့ကိုမလုပ္ခဲ့ဘူးလား...?? အတုန္႔အလွည့္ဆိုတာရွိတယ္ေလ... ငါကလဲ့စားေခ်ခဲ့တာမွန္တယ္... ဒါေပမယ့္ အဲဒီ့အေတာအတြင္း ငါတို႔ခ်စ္ခဲ့ၾကတယ္ေလ"
"ဘာ....!!! ခ်စ္ခဲ့ၾကတယ္ဟုတ္လား...?? မင္းငါ့ေခါင္းထဲရိုက္သြင္းခဲ့တဲ့ မင္းရဲ႕ရည္းစားဆိုတဲ့ေနရာတစ္ခုမွာ ငါဘာမွမသိပဲေနခဲ့ရတာေလ.. အဲဒါကိုခ်စ္ခဲ့ၾကတယ္လို႔ ေခါင္းစဥ္မတပ္နဲ႔"
"မင္းလိမ္ေနတာ Min Yoongi... ေလာကမွာအဆိုးဆံုးက ကိုယ့္ကိုကိုယ္လိမ္တာပဲ... မင္းဟန္ေဆာင္ေနတာကို ငါျမင္ေနရတယ္... နဂိုႏူးညံ့တဲ့မင္းရဲ႕စိတ္ကို အတၱေတြမာနေတြနဲ႔ ဖံုးထားခဲ့တယ္... ေက်းဇူးျပဳၿပီး ဟန္ေဆာင္တာေတြကို ခြာခ်လိုက္ပါ... မင္းရဲ႕စိတ္အရွိအတိုင္းကိုပဲ ငါျမင္ခ်င္တယ္"
"မင္းကငါ့အေၾကာင္းကို ဘာသိလို႔ ခုလိုေျပာေနရတာလဲ... ငါကအစတည္းကဒီပံုစံပဲေလ... မာနႀကီးတယ္ ေမာက္မာတယ္... အတိတ္ေမ့ေနတုန္းက ေခါင္းထိသြားလို႔သာ တစ္ခါမွမလုပ္ဖူးတာေတြ လုပ္ေနမိခဲ့တာ"
"အတိတ္ေမ့ေနတုန္းကပံုစံက မင္းရဲ႕ပံုစံအမွန္ပဲ Yoongi... မင္းက်န္တဲ့သူကို လိမ္ခ်င္လိမ္လို႔ရမယ္.. ငါ့ကိုမလိမ္နဲ႔.. ငါမင္းရဲ႕စိတ္အမွန္ကို သိေနတယ္.. ဘာလို႔လဲသိလား ငါတို႔၂ေယာက္ႏွလံုးသားခ်င္း နီးခဲ့လို႔ပဲ"
Yoongi ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ မ်က္ႏွာပ်က္ယြင္းလာသည္..။ ၆ႏွစ္လံုးလံုးေပါင္းလာတဲ့ Hoseok ေတာင္မသိခဲ့တဲ့ သူ႔ရဲ႕စိတ္အမွန္ကို ခဏေလးပဲပတ္သတ္မိတဲ့သူက သိႏိုင္တယ္တဲ့လား..။ ၿပီးေတာ့ သူေျပာတာလည္း အမွန္ေတြပဲေလ... ကိုယ္တိုင္ေတာင္မသိခဲ့တဲ့ ကိုယ့္စိတ္ရင္းအမွန္ကို သူကေထာက္ျပေနလိုက္တာ...။
Seokjin စကားကို Yoongi လက္ခံမိမလို ျဖစ္သြားၿပီးမွ ငုတ္လ်ိဳးေနေသာ သူ႔မာနက ရုတ္တရတ္ ျပန္ေပၚလာေလသည္...။
"အပိုေတြေလၽွာက္ေျပာမေနနဲ႔... ငါကမင္းေျပာတိုင္းရင္ခုန္မယ့္ ဆယ္ေက်ာ္သက္အရြယ္လည္းမဟုတ္ဘူး... မင္းနဲ႔ခုလိုေျပာေနရတာေတာင္ ငါ့အခ်ိန္ေတြကုန္လွၿပီ"
"Min Yoongi မင္းစိတ္က ေတာ္ေတာ္ကို အေမွာင္ဖံုးေနတာပဲ... မင္းစိတ္ကိုမင္းျမင္ေအာင္မၾကည့္သ၍ မင္းဘဝကခုလိုအထီးက်န္ေနမွာပဲ"
ထိုအခါ Yoongi မဲ့ျပံဳးတစ္ခ်က္ျပံဳးကာ Seokjin ကိုတြန္းတိုက္ၿပီး သူ႔ကားထဲျပန္ဝင္ထိုင္ကာ ေမာင္းထြက္သြားသည္။ Yoongi ရဲ႕ကားေနာက္ၿမီးကိုၾကည့္ရင္း Seokjin ေဆြးက်န္ခဲ့သည္..။ သူ႔စိတ္ကိုဘယ္လိုျပန္ျပဳျပင္ေပးရမလဲ...။
--------------------------------------
စားပြဲေပၚက ကြာရွင္းစာခ်ဳပ္ကို Hoseok အတန္ၾကာေအာင္ စိုက္ၾကည့္ေနမိသည္...။ အရင္ကေတာ့ သူအရမ္းကိုေမၽွာ္လင့္ခဲ့ရတာ အခုက်ေတာ့ ဘယ္လိုမွမေပ်ာ္ႏိုင္ခဲ့ပါ..။ ၾကာလာေတာ့ Yoongi က စိတ္မရွည္ေတာ့သလို စကားစလာသည္..။
"ဒီမယ္ Jung Hoseok လက္မွတ္ထိုးစရာရွိတာကို ထိုးစမ္းပါ.. မင္းကို ကိုရီးယားမွာရွိတဲ့ ငါ့ပိုင္ဆိုင္မႈေတြ အကုန္ေပးထားတာပဲကို"
"ငါကခုခ်ိန္မွာဒါေတြမမက္ပါဘူး... မင္းကိုပဲလိုခ်င္တာလို႔ေျပာရင္ မင္းမယံုဘူးမလား"
"သိပ္ေသခ်ာတာေပါ့... အဲဒါေၾကာင့္စာခ်ဳပ္မွာသာ လက္မွတ္ထိုးေပးပါေတာ့... ငါေလယာဥ္ေနာက္က်ေတာ့မယ္"
"ငါ့ကိုေနာက္ဆံုးအေနနဲ႔ ေမးခြန္းေလး၂ခုေျဖေပးပါလား"
Yoongi က တစ္ခ်က္ေစာင္းငဲ့ၾကည့္ရင္း သေဘာတူတဲ့အေနနဲ႔ ေခါင္းညိတ္ျပလိုက္သည္။
"နံပါတ္တစ္ေမးခြန္းက မင္းငါ့ကိုခ်စ္ခဲ့လား Yoongi...?? နည္းနည္းေလးျဖစ္ျဖစ္ေပါ့"
"ခ်စ္ခဲ့ပါတယ္..ဒါေပမယ့္အခုေတာ့လည္း ၿပီးသြားပါၿပီ.. ငါ့ရင္ထဲမွာမင္းအတြက္ ခ်စ္ျခင္းမုန္းျခင္းဆိုတာ မရွိေတာ့ဘူး"
Hoseok ရင္ထဲနာသြားေပမယ့္ ဘာမွဆက္မေျပာေတာ့..။ ဟုတ္ပါတယ္ေလ စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးရင္ ငါတို႔ကပတ္သတ္မႈမွမရွိေတာ့တာ...။
"ဒုတိယေမးခြန္းကဘာလဲ Hoseok...??"
"အင္း.. ငါသိထားတာက မင္းအေမရိကားကိုျပန္ဖို႔ လက္မွတ္၂ေစာင္ဝယ္ထားတယ္ဆို... အဲဒါေနာက္တစ္ေယာက္က ဘယ္သူလဲ... Seokjin လား"
"မဟုတ္ဘူး... မင္းတို႔၂ေယာက္လံုးက အတူတူပဲေလ... ငါကဘာလို႔ သူ႔ကိုေရြးခ်ယ္ရမွာလဲ"
"ဒါ..ဒါဆို လက္မွတ္ေနာက္တစ္ေစာင္က..???"
"အိုယူေဂ်ာင္းေလ"
"ဘာာာ အိုယူေဂ်ာင္း???"
Seokjin ရဲ႕ကားေလးက ေလဆိပ္ကိုမိုင္ကုန္ျမႇင့္ကာ ေမာင္းႏွင္လာခဲ့သည္..။ မနက္ကမွ Jungkook ဆီကၾကားခဲ့တဲ့သတင္းက Yoongi က ယူေဂ်ာင္းနဲ႔အတူတူ အေမရိကားကိုထြက္သြားၿပီး ဟိုမွာပဲ သူတို႔လက္ထပ္ၾကမယ္တဲ့ေလ...။
ေလဆိပ္ေရာက္တာနဲ႔ ကားကိုပါကင္မွာျဖစ္သလိုရပ္ၿပီး အတင္းေျပးဝင္ကာ Departure Hall ကိုလိုက္ရွာမိသည္...။ ထိုစဥ္သူ႔ေရွ႕မွ ေခါင္းငိုက္စိုက္ခ်ကာ ေလၽွာက္လာေသာ Jung Hoseok ကိုေတြ႕လိုက္ရသည္..။ Seokjin ဟန္ပင္မေဆာင္ႏိုင္ပဲ Hoseok ရဲ႕ပခံုး၂ဖက္ကို ဆြဲကိုင္ကာေမးလိုက္သည္..။
"Yoongi ေရာ... သူသြားျပီလား???"
"သြားၿပီေပါ့.. မင္းကဒီအခ်ိန္က်မွဘာလာလုပ္တာလဲ"
"သူ..သူတကယ္ပဲ ယူေဂ်ာင္းကိုေခၚသြားတာလား"
"Yahh မင္းကဘာျဖစ္ေနတာလဲ...?? အိုယူေဂ်ာင္းကိုႏွေမ်ာေနတာလား...??"
"ယူေဂ်ာင္းနဲ႔ငါက ဘာမွမဟုတ္ေတာ့ပါဘူး... ငါက Yoongi ကို... ဟာကြာာာ သူဒီလိုဘာလို႔လုပ္သြားတာလဲကြာ"
Seokjin ေယာက္ယက္ခတ္ေနတာကိုၾကည့္ရင္း Hoseok တစ္ခ်က္ျပံဳးလိုက္မိသည္..။
"ငါလည္းစိတ္မေကာင္းပါဘူး... ဒါေပမယ့္ Yoongi ေရြးလိုက္တဲ့သူက မင္းမဟုတ္တာကိုေတာ့ ငါအရမ္းေပ်ာ္တယ္"
"ဘာာ..!! ေပ်ာ္တယ္ေပါ့ ဟုတ္လား...?? ဒါေတြအကုန္လံုး မင္းေၾကာင့္ျဖစ္ရတာ"
"မင္းကပဲေျပာရေသးတယ္... မင္းသာငါ့ဆီကေန Yoongi ကိုမေခၚသြားခဲ့ရင္ ငါတို႔လည္း ကြာရွင္းျဖစ္မွာမဟုတ္ဘူး"
"မင္းကသာ Yoongi ကိုဂရုမစိုက္တာေလ"
"မင္းက်ေတာ့ေရာ......."
"မင္းကမွ........."
ေလဆိပ္ထဲမွာ Hoseok နဲ႔ Seokjin ရန္ျဖစ္ေနၾကေပမယ့္ ေလယာဥ္ေပၚက Yoongi နဲ႔ယူေဂ်ာင္းကေတာ့ သာသာယာယာပင္....
"Oppa ရယ္ ယူေဂ်ာင္းခုထိ အိမ္မက္မက္ေနတယ္လို႔ ထင္ေနမိတုန္းပဲ..."
ယူေဂ်ာင္းက Yoongi ရဲ႕လက္ေမာင္းတစ္ဖက္ကို ဆုပ္ကိုင္ရင္းေျပာေတာ့ Yoongi ကလည္း ျပံဳးေနရင္းေျပာလိုက္သည္...။
"အိပ္မက္မဟုတ္ပါဘူး... တကယ္ပဲကိုယ္တို႔ အေမရိကားကို သြားေနၾကၿပီေလ"
To Be Continued........
(Unicode)
Hoseok စိုးရိမ်စွာဖြင့် ခုထက်ထိသတိမရသေးသော Yoongi ရဲ့ဘေးတွင်ထိုင်ကာ လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်သည်..။ ဆရာဝန်က စိုးရိမ်စရာမရှိပါဘူးလို့ ပြောသွားပေမယ့် ခုထိသတိမရသေးတာကိုက Hoseok အတွက် စိုးရိမ်စရာပင်။
ကျေးဇူးပြုပြီးငါ့ကိုမမုန်းလိုက်ပါနဲ့ကွာ... မင်းရဲ့အတ္တမာနတွေကြားမှာ ငါမွန်းကြပ်လွန်းလို့ မင်းနဲ့ဝေးရာမှာနေချင်ခဲ့မိတာပါ..။ အခုမှငါသိတာက မင်းကိုငါချစ်နေတုန်းပဲဆိုတာကို မင်းကိုငါလုံးဝလက်လွှတ် အဆုံးရှုံးမခံချင်ဘူး Yoongi... တောင်းပန်ပါတယ်ကွာ..။
Hoseok စိတ်ထဲကနေဆုတောင်းနေစဉ် ရုတ်တရတ် သူ့လက်ဖဝါးထဲက Yoongi ရဲ့လက်ကလေးလှုပ်သွားတာကို ခံစားလိုက်မိသည်..။
"Yeobo သတိရလာပြီလားဟင်???"
Hoseok ကြည့်နေဆဲမှာပင် Yoongi ရဲ့မျက်လုံးလေး ဖြည်းညှင်းစွာပွင့်လာပြီး မျက်တောင်ရှည်များကို အသာအယာ ပုတ်ခတ်ပုတ်ခတ်လုပ်နေလေသည်..။
"Yoongi ahh အဆင်ပြေရဲ့လား ခေါင်းကိုက်နေသေးလားဟင်"
Yoongi ရဲ့နဖူးလေးပေါ် Hoseok လှမ်းစမ်းကြည့်ရင်း စိုးရိမ်စွာမေးလိုက်စဉ် Yoongi လက်တစ်ဖက်မြောက်တက်လာပြီး Hoseok ရဲ့လက်ကိုဖယ်ချပစ်လိုက်သည်။ တဆက်တည်းမှာပင် Hoseok ဆုပ်ကိုင်ထားဆဲ သူ့ရဲ့တခြားလက်တစ်ဖက်ကိုပါ ရုန်းထွက်လိုက်သည်..။ အားမပါပေမယ့် Yoongi မကြိုက်မှန်းသိ၍ Hoseok အသာအယာလွှတ်ပေးလိုက်သည်။
"Waeyo??? ငါ့ကိုစိတ်ဆိုးနေတုန်းလား"
"ငါ့အသားကိုထိဖို့မကြိုးစားနဲ့ပါနဲ့ Jung Hoseok"
ဒီလိုပြောပုံဆိုပုံတွေနဲ့ လှမ်းကြည့်လိုက်တဲ့ အကြည့်စူးစူးတွေက..။ Hoseok စိတ်ထဲထင့်ခနဲဖြစ်သွားပြီးမှ သေချာအောင် Yoongi ကို မေးကြည့်လိုက်သည်..။
"Yeobo မင်း...မင်း အတိတ်ကိုပြန်သတိရသွားတာလား...??"
"ဟုတ်တယ်... ငါအကုန်လုံးကိုသတိရသွားပြီ... မင်းရဲ့ဘာမဟုတ်တဲ့ ငါးကန်အစုတ်အပဲ့ကိုခွဲမိလို့ ငါ့ကိုကွာရှင်းဖို့ ပြောခဲ့တာကိုရော... ငါအတိတ်မေ့နေတုန်း Kim Seokjin ဆီမှာ ပစ်ထားတာကိုရော... အမွေမရမှာစိုးလို့ ငါ့ကိုပြန်ခေါ်တာတွေရော အကုန်မှတ်မိတယ်"
"မဟုတ်ဘူး... ငါ့ကိုအထင်မလွဲပါနဲ့ ငါရှင်းပြတာကို နားထောင်ပေးပါ Yeobo ရယ်"
"Shut up!!! ငါ့ကိုလည်း Yeobo လို့မခေါ်နဲ့... ငါ့အခန်းထဲကနေ အခုချက်ချင်း ထွက်သွားစမ်း... မင်းမျက်နှာကို ငါမမြင်ချင်ဘူး"
Hoseok တစ်ခုခုပြောဖို့လုပ်လိုက်ပေမယ့် Yoongi နေကောင်းကာစဆိုတာကို သတိရသွားပြီး ဆက်ပြောမနေတော့ပဲ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်..။ သူနေကောင်းရင်တော့ သေချာရှင်းပြရမှာပဲ..။ အခွင့်အရေးပေးပါစေတော့ ဆုတောင်းရတာပေါ့..။ Min Yoongi ဆိုတာဘယ်တုန်းကမှ သူတဖက်သားရဲ့စိတ်ခံစားချက်ကို တွေးပေးတတ်တဲ့သူမှ မဟုတ်တာ..။
သို့သော် Hoseok ခုချိန်ထိမသိခဲ့တာက မာနကြီးသော အတ္တကြီးသော Yoongi ရဲ့စိတ်အမှန်ကိုပါ..။ Hoseok ထွက်သွားတော့မှ အခန်းထဲတွင်တစ်ယောက်တည်း ငိုနေသော Yoongi...။ တကယ်လို့ Hoseok သာ မထွက်သွားပဲ အတင်းထွေးပိုက်ကာ တောင်းပန်မယ်ဆိုရင်တော့.....။
Min Yoongi ရဲ့ခံစားချက်အမှန်ကို မကြည့်တတ်တဲ့ Jung Hoseok ကပဲမှားတာလား..။ ဘယ်တော့မှပွင့်ပွင့်လင်းလင်းမပြောပဲ မာနကြီးချင်ယောင် ဆောင်တတ်တဲ့ Min Yoongi ကပဲမှားခဲ့တာလား..။
--------------------
"ဘယ်လို...?? သူဌေး Min နဲ့ သူဌေး Jung ကွာရှင်းတော့မယ် ဟုတ်လား...??"
"ဟုတ်တယ်ယူဂျောင်း... နင်အလုပ်မလာတဲ့နေ့က တော်တော်ပြဿနာတက်သွားတာလေ"
"ဒါပေမယ့် ကွာရှင်းတဲ့အထိကတော့ မလွန်လွန်းဘူးလား"
"အရင်တည်းကသူတို့၂ယောက်က ကွာရှင်းဖို့ပြောပြီးသားလေ... ဒီကြားထဲ သူဌေး Min ကအတိတ်မေ့သွားလို့ ပျက်သွားရတာ.. အခုပြန်သတိရလာတော့ ပြန်စီစဉ်ကြတာပေါ့"
"ဒါ ဒါဆို သူဌေး Min က အတိတ်ကိုပြန်သတိရသွားပြီပေါ့"
"အင်း သတိရပြီတဲ့.. ငါတော့သူဌေး၂ယောက်ကို ချစ်ချစ်ခင်ခင်ပဲ မြင်ချင်မိတယ်.. မကွာရှင်းစေချင်ဘူး.. ဒါပေမဲ့လည်း သူတို့ကြားမှာ ပြဿနာကြီးကြီးမားမားတစ်ခုတော့ ရှိနေပုံရတာပဲ"
အလုပ်ထဲမှစီနီယာ Unnie ရဲ့စကားကြောင့် ယူဂျောင်းစိတ်ရှုပ်ထွေးသွားရသည်..။ သူတို့၂ယောက်ကြားမှာ ဘာတွေအဲလောက်ကြီးမားတဲ့ ပြဿနာရှိနေရတာလဲ..။ အလုပ်အပြန်မှာ Yoongi နဲ့သွားတွေ့ဖို့ ယူဂျောင်းဆုံးဖြတ်လိုက်တော့သည်...။
တိတ်ဆိတ်နေသောအိမ်ထဲ ယူဂျောင်းခြေချမိတော့ ကြောက်ရွံ့စိတ်က အလိုလိုဝင်ရောက်လာသည်..။ Oppa ကဘယ်မှာလဲ..။ သူတို့အိမ်မှာအစတည်းက အလုပ်သမားမရှိတာသိသော်လည်း အမြဲတမ်း Oppa နဲ့အတူတူလာနေကျဆိုတော့ ခုလိုအထီးကျန်ဆန်မနေပါ..။
ယူဂျောင်းခြေလှမ်းက တဖြည်းဖြည်းနဲ့အိမ်ပေါ်ထပ်သို့ ရောက်လာလေသည်..။ ဒီအခန်းက Oppa တို့အခန်းပဲ...။ အခန်းထဲမှာတော့ ရှိလောက်မယ်ထင်ပါတယ်...။
ယူဂျောင်းတံခါးကိုခေါက်ကြည့်တော့ အထဲမှ ဘာတုန့်ပြန်သံမှမကြား...။ နောက်တစ်ကြိမ် ထပ်ခေါက်လိုက်တော့မှ... Oppa ရဲ့အသံခပ်မာမာ ကိုကြားလိုက်ရသည်။
"ဘယ်သူလဲ အပြင်က"
"Oppa ကျွန်မပါ... ယူဂျောင်း"
"ဝင်ခဲ့.."
ယူဂျောင်းတံခါးကိုတွန်းဖွင့်ကာဝင်သွားတော့ ပြတင်းပေါက်နားတွင်ထိုင်ကာ အပြင်ဘက်ကိုငေးနေသော Yoongi Oppa ကိုတွေ့လိုက်ရသည်...။ ယူဂျောင်းဝင်လာတော့မှ နောက်သို့တဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်...။ အို..သူ့ရဲ့မျက်လုံးအကြည့်တွေက အေးစက်လိုက်တာ... သူ့ကိုကြည့်နေမိတဲ့ ယူဂျောင်း သိမ်ငယ်စိတ်တွေ ပေါ်လာကာ နေရာမှာပင် အလိုလိုကျုံ့ဝင်ပျောက်ကွယ်သွားချင်မိသည်။
"ဘာကိစ္စနဲ့ ငါ့ကိုလာတွေ့ရတာလဲ.."
သူ့မေးခွန်းကိုကြားမှ ယူဂျောင်းအသိပြန်ဝင်သွားရသည်..။
"ဟို...ဟိုလေ Oppa နေမကောင်းဘူးဆိုလို့ပါ... အဲဒါကြောင့် လာကြည့်တာ"
ယူဂျောင်းအဖြေကြောင့် Yoongi မျက်နှာမှာမဲ့ပြုံးတစ်ခု ပေါ်လာသည်...။ ယူဂျောင်းကတော့ အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိပြန်သည်။ Yoongi ချောတာ အရင်တည်းက ယူဂျောင်းသိနေပေမယ့် ခုလိုဆွဲဆောင်မှုရှိလွန်းတာကိုတော့ အခုမှသိတာ..။ ဒါပေမယ့်လည်း သူ့အပြုံး သူ့စကားသံတွေက ကြောက်စရာကောင်းလှပါသည်..။ လူတစ်ဖက်သားပြောမယ့် စကားတွေကိုတောင် ဆွံ့အသွားစေခဲ့တာ..။
"ဒီကိစ္စတစ်ခုတည်းနဲ့တော့ ဟုတ်မယ်မထင်ပါဘူး.. ငါနဲ့ Jung Hoseok ကွာရှင်းမယ်ဆိုတဲ့ သတင်းကြောင့်မလား...??"
ယူဂျောင်းအံ့ဩသွားရပြန်သည်..။ သူဘယ်လိုသိနေတာလဲ...။ အင်းပေါ့လေ ထူးဆန်းနေစရာမှ မရှိတာ။ သူလိုအဖက်ဖက်မှာ ပြည့်စုံလွန်းနေသူက ဒီလိုအသေးအဖွဲ့ကိစ္စလေးကို ခန့်မှန်းနိုင်တာပေါ့...။
"ဟုတ်တယ်.. ငါတို့ကွာရှင်းတော့မယ်.. အစတည်းက ကွာရှင်းဖို့လုပ်ခဲ့ပြီးသား.. ကြားထဲမှာ ငါအတိတ်မေ့တာနဲ့ ပြဿနာတွေရှုပ်ထွေးသွားရတာ.. အခုတော့ ကွာရှင်းမယ့်ကိစ္စ ပြန်စီစဉ်ကြတာပေါ့"
"ဒါ...ဒါပေမယ့် Oppa တို့၂ယောက်က အရမ်းချစ်ကြတာမလား"
"မင်းတစ်ယောက်တည်း အဲလိုမြင်တာပါ... ဟိုတယ်ဝန်ထမ်းတွေကတော့ ပျော်နေကြမှာပေါ့.. သူတို့ရဲ့သနားစရာ သူဌေး Jung က ခုဆိုရင်သူ့ကို အနိုင်ကျင့်မယ့်သူမရှိတော့ဘူး ဆိုပြီးတော့လေ"
"Oppa ဘာလို့အဲလိုထင်နေရတာလဲ"
"ထင်နေတာမှမဟုတ်တာ မြင်နေတာလေ... သူတို့အားလုံး ငါ့ကိုမုန်းနေကြတာ.. ပါတီပွဲမှာ အအေးခွက်ထဲကို ဆေးခတ်တဲ့အထိကို မုန်းနေကြတာလေ"
"အရင်ကတော့ ဟုတ်ချင်ဟုတ်မှာပါ.. အခုကမမုန်းကြတော့ပါဘူး.. Oppa တို့ကွာရှင်းမယ်ဆိုလို့ သူတို့အားလုံး ဝမ်းနည်းနေကြတာ..."
Yoongi အံ့အားသင့်သွားသလို စိတ်လည်းရှုပ်ထွေးသွားရသည်...။ မဖြစ်နိုင်ပါ..ဝန်ထမ်းတွေသူ့ကို မုန်းနေကြတာ သူအသိပဲကို...။ အတိတ်မေ့နေတုန်းကလည်း သူအလုပ်ကောင်းကောင်းမလုပ် ခုမှအလုပ်စဝင်တဲ့ ယူဂျောင်းကိုလည်း ရာထူးတွေတိုးပေးတာ သူတို့မကျေမနပ်မဖြစ်ကြဘူးလား..။
"Oppa...!!!"
"တော်စမ်း မင်းပြောတာကို ငါကယုံရမှာလား... ပြီးတော့ ငါ့ကိုလည်း Oppa လို့မခေါ်နဲ့... ငါကမင်းရဲ့သူဌေးလေ.. ရိုရိုသေသေဆက်ဆံမှပေါ့"
ရုတ်တရတ်ပြောင်းလဲသွားသော Yoongi ကြောင့် ယူဂျောင်းလန့်သွားရသည်...။ ဟုတ်တော့လည်း ဟုတ်တယ်... သူကသူဌေးပဲလေ..။
"ကောင်းပါပြီ သူဌေး Min... ကျွန်မနောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ်... သူဌေးမှန်ထဲက ကိုယ့်ရုပ်ကိုကိုယ်ကြည့်ရင် ကိုယ်မဲ့ပြရင်သူလည်းမဲ့ပြမယ် ကိုယ်ပြုံးပြရင် သူလည်းပြုံးပြမှာပဲလေ... အဲဒီတော့ သူဌေးလည်းလူတွေကို မှန်လိုသဘောထားပြီး ဆက်ဆံကြည့်ပါ... တူသောအကျိုးပေးလာမှာပါ"
"မင်းကငါ့ကိုပြန်ပြီးဆုံးမနေတာလား... ခုထွက်သွားစမ်း...!!!"
ယူဂျောင်းအရိုအသေပေးကာ Yoongi ရှေ့မှအမြန်ဆုံးထွက်ခွာလာခဲ့သည်...။ အဲလိုစကားတွေပြောဖို့ သူမမှာ မနည်းအားမွေးလိုက်ရတာ...။ အရင်ကခပ်စွာစွာကောင်မလေး အိုယူဂျောင်းမဟုတ်တော့သလိုပဲ...။ ငါပြောတာတွေကို သူနားလည်လက်ခံနိုင်ပါစေ..။
အခန်းထဲတွင်ကျန်ခဲ့သော Yoongi ကလည်း ယူဂျောင်းထွက်သွားတော့မှ ခြောက်ကပ်စွာရယ်မောလိုက်သည်...။ တူသောအကျိုးပေးမယ် ဟုတ်လား...။ လူတွေကိုတစ်ယောက်မှ အယုံအကြည်မရှိတာ...။ ငါနဲ့အနီးကပ်ဆုံးနေတဲ့ Jung Hoseok တောင် ငါ့ကိုသစ္စာဖောက်သေးတာပဲ..။
ထိုအချိန်တွင် သူ့ဘေးစာကြည့်စားပွဲပေါ်မှ စက်ကလေးက Fax တစ်စောင်ရောက်လာကြောင်း တတီတီလှမ်းအချက်ပြနေလေသည်..။ Fax ကို လှမ်းယူကြည့်ကာ Yoongi ပြုံးလိုက်မိသည်..။ တွေ့ကြပြီပေါ့ Jung Hoseok ရယ်..။
---------------------
Seokjin အလုပ်ကပြန်လာစဉ် လမ်းဘေးတနေရာတွင် ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်လာသော ယူဂျောင်းကိုလှမ်းတွေ့လိုက်ရ၍ ကားကိုရပ်ကာ လှမ်းခေါ်လိုက်သည်..။
"ယူဂျောင်း အိမ်ပြန်မှာလား... Oppa လိုက်ပို့ပေးမယ်လေ"
"Seokjin Oppa...!!! အဟင့်.."
ဟောဗျာ လူကြားထဲငိုနေပြန်ပြီ..။ တခြားသူတွေက တမျိုးထင်ကုန်တော့မှာပဲ..။ Seokjin လည်း ကားပေါ်ကအမြန်ဆင်း၍ ယူဂျောင်းကိုဆွဲခေါ်ကာ ကားပေါ်တင်လိုက်ပြီးမှ ကားကို ထိုနေရာမှ မောင်းထွက်လာခဲ့လိုက်သည်...။
လူရှင်းတဲ့နေရာရောက်မှ ကားကိုခဏရပ်ကာ ဘေးမှာငိုနေသောယူဂျောင်းကို လှမ်းမေးရတော့သည်။
"ဘာလို့ငိုနေတာလဲ ယူဂျောင်းရဲ့.. Oppa ကိုပြောပြလေ"
"Yoongi Oppa ကိုကြောက်လို့.. ပြီးတော့သနားလို့"
"ဟမ် ကြောက်တယ်?? သနားတယ်??? ဘယ်လိုကြီးလဲ ယူဂျောင်းရဲ့"
Yoongi အကြောင်းဆိုတော့ Seokjin စိတ်ဝင်စားသွားတာတော့အမှန်ပင်...။
"သူ..သူ အတိတ်ကိုပြန်သတိရသွားပြီ"
အော်.. အတိတ်ကိုပြန်သတိရပြီတဲ့လား..။ ကောင်းတာပေါ့..။ ငါနဲ့အရင်က ရန်ဖြစ်ခဲ့တာတွေကိုသိပြီး ငါ့ကိုမုန်းနိုင်သွားတာပေါ့..။
"သူဌေး Jung နဲ့လည်း ကွာရှင်းကြတော့မှာ"
"ဟင် ဘယ်လိုဖြစ်တာလဲ.. သူတို့၂ယောက်က"
"ယူဂျောင်းလည်း သိချင်လို့ သွားမေးတာပဲ.. ဒါပေမယ့်အဲဒီ့မေးခွန်းကို မမေးလိုက်ရပဲ သူအော်ထုတ်တာ ခံလိုက်ရတယ်လေ.. သူ..သူအရမ်းကြောက်ဖို့ကောင်းတယ်.. သူ့မျက်လုံးအကြည့်တွေက စူးရဲပြီးအေးစက်နေလိုက်တာ"
ဟုတ်တယ်လေ..အရင်က Seokjin နဲ့ရန်ဖြစ်နေကျ Min Yoongi က ဒီလိုပုံစံပဲကို...။ စိတ်ထဲမှာတော့ တမျိုးကြီးခံစားလိုက်ရသည်...။ ဘာလဲနှမျောတာလား သူ့ရဲ့အတိတ်မေ့နေစဉ်က ချစ်စဖွယ်အမူအယာလေးတွေကိုလေ..။
"နေပါဦးယူဂျောင်းရဲ့.. ကြောက်တာတော့ဟုတ်ပါပြီ.. သနားတာကရောဘာလို့လဲ"
"သူ့ရဲ့အထီးကျန်မှုတွေကို မြင်လိုက်ရလို့ပါ.. သူကသူ့ကိုလူတိုင်းက မုန်းနေကြတယ်လို့ထင်နေတာလေ.. မုန်းအောင်လည်း သူကိုယ်တိုင်လုပ်ခဲ့တာ"
ယူဂျောင်းစကားကြောင့် Seokjin နားလည်သလိုလိုရှိလာကာ ခေါင်းတဆတ်ဆတ်ညိတ်မိသည်။
သူကိုယ်တိုင်တောင်အရင်က Yoongi ကိုအဲလိုပြောခဲ့ဖူးတာပဲကို..။
"Seokjin Oppa ကရော သူ့ကိုအရင်ကမုန်းခဲ့တာလား"
"အရင်ကတော့ ဟုတ်တယ်"
ယူဂျောင်းက Seokjin ကိုအကဲခတ်သလိုကြည့်နေသည်။ Seokjin ကတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီးမှ.....
"ယူဂျောင်းကို Oppa ပြန်လိုက်ပို့ပေးမယ်နော်"
"Oppa ခုနကစကားကို ဘာလို့ဆုံးအောင်မပြောတာလဲ"
"ကိုယ်နဲ့ သူနဲ့ကဘာမှမဆိုင်တော့ဘူးလေ.. သူ့ကိုမုန်းနေချစ်နေလို့ရော ဘာထူးမှာလဲ... သူနဲ့ထပ်ပတ်သတ်စရာအကြောင်းမှ မရှိတော့တာကို"
"အင်းနော် ဒါလည်းဟုတ်တာပဲကို"
ယူဂျောင်းနှုတ်ဆိတ်သွားတော့မှ Seokjin လည်း ကားကိုမောင်းထွက်ကာ ယူဂျောင်းရဲ့အိမ်အရောက် လိုက်ပို့ပေးလိုက်သည်..။
ဟုတ်တယ်.. ငါတို့၂ယောက်က ဘယ်လိုမှပတ်သတ်မှု မရှိတော့ဘူး..။ ဒါပေမယ့် Min Yoongi ဆိုတဲ့နာမည်ကြားရရင်ပဲ အခုန်မြန်လာတဲ့ရင်ခုန်သံကိုတော့ ထိန်းချုပ်ဖို့လိုအပ်သေးတာပေါ့...။
--------------------------
Hoseok အိမ်ပြန်လာတော့ တအိမ်လုံး မှောင်မဲကာ တိတ်ဆိတ်နေ၍ မီးခလုတ်များလိုက်ဖွင့်လိုက်တော့မှ အိမ်လေးက အသက်ဝင်လာသလိုလို..။ ဟိုးအရင်တည်းက ဒီလိုပဲနေလာတာဖြစ်ပေမယ့် ဒီ၃လအတွင်းမှာ ပြောင်းလဲခဲ့တဲ့ အခြေအနေလေးတစ်ခုကြောင့် ဒီလိုတိတ်ဆိတ်မှုနဲ့ ပြန်ပြီးအသားမကျသလိုဖြစ်နေသည်..။
Yeobo ပြန်လာပြီလားလို့ ကြိုနေမယ့်အသံချိုချိုလေးတစ်ခုကို မျှော်နေမိပေမယ့် မဖြစ်နိုင်တာကို စိတ်ထဲကသိနှင့်နေသည်..။ Yoongi နေရောကောင်းရဲ့လား...။ အိမ်မှာရောရှိနေပါ့မလား...။
"ပြန်လာပြီလား Jung Hoseok"
အထက်စီးဆန်လွန်းသော ခပ်မာမာလေသံပေမယ့် ခုလို အရေးတယူမေးမြန်းမှုကြောင့် စိတ်ထဲလှိုက်ခနဲဝမ်းသာသွားရသည်..။ မင်းကိုငါအဲ့လောက်ထိ အလေးထားပြီး ချစ်ခဲ့တာပါ Yoongi ရယ်..။
"Nae ပြန်လာပါပြီ.. Yeobo နေလို့ရောကောင်းရဲ့လားဟင်??"
Hoseok ရဲ့နှုတ်က Yeobo လို့ခေါ်လိုက်လို့ စိတ်ရှုပ်ထွေးသွားသလို အမူအယာမျိုးဖြစ်သွားပေမယ့် Yoongi ဘာမှတော့မပြောပဲ ဆိုဖာပေါ်တွင်ဝင်ထိုင်ကာ လက်ထဲကဖိုင်တစ်ခုကို စားပွဲပေါ်ပစ်တင်လိုက်သည်၊
"ဖတ်ကြည့်"
Hoseok ဇဝေဇဝါဖြင့် Yoongi ရဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ ဖိုင်ကိုယူဖတ်ကြည့်လိုက်သည်...။ အရှေ့ဘက်ဆုံးစာမျက်နှာမှာပင် ရေးထားတာက Min Yoongi ရဲ့သေတမ်းစာတဲ့လေ..။ Hoseok အံ့ဩစွာဖြင့် Yoongi မျက်နှာကိုလှမ်းကြည့်တော့ Yoongi က ဆက်ဖတ်ဆိုတဲ့သဘောဖြင့် မေးဆတ်ပြလေသည်..။
"သေဆုံးမှုကိုအတည်ယူပြီး တစ်နှစ်ပြည့်လျှင် အမေရိကန်နိုင်ငံမှ Min Yoongi ရဲ့ပိုင်ဆိုင်သမျှကို လူမှုအဖွဲ့အစည်းများကိုလှူပြီး ကိုရီးယားနိုင်ငံမှ Min Yoongi ရဲ့ပိုင်ဆိုင်သမျှကိုတော့ အိမ်ထောင်ဖက်ဖြစ်သူ Jung Hoseok အားအပြီးတိုင် လွှဲပြောင်းပေးမည်"
Hoseok အံ့ဩထိတ်လန့်စွာ သေချာအောင်နောက်တခေါက်ထပ်ဖတ်ကြည့်မိပြန်သည်။
"အဲဒါ ငါအမေရိကားမှာနေတုန်းက ရေးခဲ့တဲ့သေတမ်းစာအစစ်ပဲ.. Video ထဲမှာက တမင်မင်းရဲ့စိတ်ကို သိချင်လို့ အမှန်မပြောခဲ့တာ"
"Yeo..Yeobo...!!!"
"မင်းအရင်တည်းက ငါ့အပေါ်မှာကောင်းတာ ငါသိတာပေါ့ Hoseok ရယ်... ငါ့အပေါ်မှာကောင်းတဲ့သူဆို ငါမရက်စက်တတ်ပါဘူး... မင်းအတွက်ငါစီစဉ်ပေးခဲ့မှာပါ... ဒါပေမယ့် မင်းကိုငါ ထုတ်မပြောခဲ့ဘူးလေ.. အဲဒီ့တော့ မထင်မှတ်စရာတွေ ဖြစ်ကုန်ရော.. မင်းဒီလိုငွေမက်တဲ့သူ ဖြစ်နေမယ်ဆိုတာကို ငါလုံးဝမထင်ထားခဲ့ဘူး Hoseok"
"မဟုတ်ဘူး မင်းငါ့ကိုအထင်လွဲနေတာပါ... ငါ့ကိုရှင်းပြခွင့်ပေးပါ.. ငါ Video ကိုကြည့်ပြီး ထိတ်လန့်သွားခဲ့တာမှန်ပါတယ်.. ဒါပေမယ့် ခုချိန်မှာ အဲဒီ့ငွေတွေထက် မင်းကိုပဲပိုလိုချင်နေတာပါ"
"တော်စမ်းပါ.. သွေးရူးသွေးတမ်းတွေ လာမပြောနဲ့.. ငါကအဲဒီ့ငွေတွေကို ပိုင်ဆိုင်တဲ့သူဆိုတော့ ငါ့ကိုလိုချင်တာ မဆန်းဘူးလေ"
"မင်းကိုလိုချင်တာ ငွေကြောင့်မဟုတ်ဘူး Yoongi...!!! မင်းကိုချစ်လို့...!!"
Hoseok ရဲ့စကားအဆုံးမှာ Yoongi က ဟားတိုက်ရယ်မောနေသည်။ သူရယ်မောနေပုံက ခံစားချက်မပါပဲ Hoseok ကို လှောင်ပြောင်တဲ့သဘောနဲ့ ရယ်မောနေတာ..။ Hoseok ကိုယ်တိုင်တောင် ကြက်သီးတွေထလာတဲ့အထိ ကြောက်လန့်သွားခဲ့သည်...။ ပြီးတော့မှ Hoseok မျက်နှာကို စေ့စေ့ကြည့်ရင်း...
"ချစ်တယ်ဟုတ်လား... မင်းငါ့ကိုချစ်တယ်ပေါ့"
"ဟုတ်တယ် ငါ့ဘဝမှာလူတစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတာ... အဲဒီ့လူကမင်းပဲ Min Yoongi"
"Jung Hoseok က ဟာသတွေသိပ်ပြောတာပဲ.. ငါ့တစ်ယောက်တည်းကိုပဲ ချစ်ဖူးတာ ဟုတ်လား..?? ဒါဆို ငါအတိတ်မေ့နေတာသိရက်နဲ့ Kim Seokjin ဆီမှာ ပစ်ထားတာဘာလို့လဲ..?? အမွေတွေမရမှာစိုးလို့ ငါ့ကိုပြန်လာခေါ်တာကရော ဘာလို့လဲ...?? ပြောဦးလေ အဲဒါငါ့ကိုချစ်တာလို့"
"ငါမှားခဲ့ပါတယ်.. တောင်းပန်ပါတယ် Yoongi ahhh... ငါမင်းကိုကြောက်လို့ မင်းဘေးနားကထွက်သွားဖို့ ကြိုးစားခဲ့ဖူးတယ်... မင်းမရှိတော့ ငါ့ကိုယ်ငါပျော်ရွှင်သွားတယ်လို့ ခံစားရဖူးတယ်.. ဒါပေမယ့်လေ အခုဒါတွေအားလုံးကို ငါနောင်တရပါပြီ.. ငါ့ကိုအမှားပြင်ဆင်ခွင့်ပေးပါ.. နောက်ဆိုငါ့ဘေးကနေ မင်းကိုထွက်သွားခွင့်မပြုတော့ပါဘူး"
"မင်းမှားတာမှ တော်တော့်ကိုမှားနေတာပဲ Hoseok... မင်းအနေနဲ့ အဲဒါကိုအချစ်လို့ ခေါင်းစဉ်တပ်ထားတာကိုက မှားတာ... အဲဒါအချစ်မဟုတ်ဘူး တပ်မက်မှုပဲ"
Hoseok အလန့်တကြားနဲ့ Yoongi ရဲ့မျက်နှာကိုမော့ကြည့်မိသည်...။ Yoongi က အဝေးတစ်နေရာကို ငေးစိုက်ကြည့်နေရင်း ဆက်ပြောနေသည်။
"တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကို စတွေ့တော့ မင်းအရမ်းလိုချင်မယ်.. ပိုင်ဆိုင်ဖို့လည်းကြိုးစားမယ်.. တကယ်တမ်းပိုင်ဆိုင်တော့ စစပိုင်းမှာတော့ပျော်ရွှင်တယ်.. ကြာလာတော့ ဒီပစ္စည်းလေးက ခေတ်မမီတော့ဘူး.. ဟောင်းလာမယ်.. အဲဒီ့အခါကျတော့ မင်းငြီးငွေ့လာပြီး ပစ်ထားမိရော.. ဒါပေမယ့်တခြားသူဆီမှာ အဲဒီပစ္စည်းက တန်ဖိုးရှိနေတာမြင်တော့ ပြန်လိုချင်လာရောလေ"
"-----------------"
"မင်းမမှားပါဘူး Hoseok... ဒါမျိုးတွေကဖြစ်တတ်ပါတယ်... ငါကလည်း အရင်ကတော်တော်လေးကို ဆိုးခဲ့တာကို"
"အချစ်မဟုတ်ဘူးလို့မပြောပါနဲ့ Yoongi ရယ်.. ငါတို့၆နှစ်လုံးပေါင်းလာကြတာ အချစ်မရှိဘူးလို့ပြောနိုင်လို့လား"
"မင်းတကယ်ချစ်ရင် ငါဘယ်လောက်ပဲဆိုးနေပါစေ ငြီးငွေ့မသွားဘူးလေ... ငါ့ကိုဘယ်တော့မှစွန့်ပစ်ဖို့လည်း ကြိုးစားမှာမဟုတ်ဘူး... မင်းတကယ်မချစ်လို့သာ ခုလိုလုပ်ခဲ့တာပေါ့"
"တောင်းပန်ပါတယ် Yoongi ရာ.. ငါ့ကိုအခွင့်အရေးပေးပါ.. မင်းပြောသလိုပဲ.. အရင်ကမချစ်ခဲ့ရင်တောင်မှ အခုငါမင်းကိုအရမ်းချစ်နေမိပါပြီ... ငါ့ဆီကမထွက်သွားပါနဲ့"
"နောက်ကျသွားပြီ Hoseok"
ထိုအချိန် Yoongi ရဲ့အချစ်တော် Holly လေးက Yoongi ရဲ့ပေါင်ပေါ်ခုန်တက်လာလေသည်..။ Yoongi ကလည်း အသာအယာပွေ့ဖက်ကာ ယုယကြင်နာစွာ ပွတ်သပ်ပေးနေတယ်။
"Hoseok မင်းသိလား... ခွေးလေးတွေက သူ့ပိုင်ရှင်က သူ့ကိုတစ်ခါစွန့်ပစ်လိုက်ရင် ဘယ်တော့မှအဲဒီပိုင်ရှင်ဆီ ပြန်မလာတတ်တော့တာကိုလေ.. ငါလည်းအဲဒီ့လိုပဲ.. မင်းငါ့ကို တစ်ခါစွန့်ပစ်ပြီးသွားပြီလေ"
ပြောပြီးတာနဲ့ Yoongi လည်း Holly ကိုပွေ့ချီကာ နေရာမှ ထွက်သွားလိုက်တော့သည်..။ Hoseok တစ်ယောက်တည်းသာ ဧည့်ခန်းထဲကဆိုဖာပေါ်တွင် ငူငူကြီးထိုင်ကာကျန်ခဲ့သည်..။
Yoongi ပြောတာတွေက အကုန်မှန်နေတာပဲလေ...ဘာတွေများ အထွန့်တက်ခွင့်ရှိတော့မှာလဲ...။ နောင်တဆိုတာ တကယ်ကိုနောင်မှရတာလေ.. ပြင်ဆင်ခွင့်မရှိတော့တဲ့အမှားကို မှားခဲ့သူက ကျွန်တော် Jung Hoseok ကိုယ်တိုင်ပဲပေါ့..။
------------------------
Seokjin ဈေးဝယ်ရန် Super Market ကားပါကင်တွင် ကားရပ်လိုက်စဉ် သူ့မျက်လုံးထောင့်တွင် ရိပ်ခနဲမြင်လိုက်ရသော ပုံရိပ်လေးတစ်ခု...။ မစုံစမ်းရပဲကြားနေရတဲ့ သူ့သတင်းတွေကြောင့် ခုချိန်ထိ မေ့ချင်ရက်နဲ့ မေ့ဖျောက်လို့မရသေးခဲ့တာ..။
ဟိုးအရင်စတွေ့ကာစပုံစံအတိုင်း Idol တစ်ယောက်လို စတိုင်ကျစွာဝတ်ထားသော Min Yoongi... မမြင်ရရင်အကောင်းသား။ မြင်လိုက်ရတော့ လွမ်းတဲ့စိတ်က တဟုန်တိုးမြင့်တက်လာခဲ့ရသည်..။
Seokjin မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် ကားပေါ်မှအမြန်ပြေးဆင်းကာ ထွက်လုဆဲဆဲ အမိုးဖွင့်ပြိုင်ကားအနီလေးရှေ့ ဝင်ရပ်လိုက်မိသည်။ သူ့ကိုမြင်တော့ Yoongi တုန်လှုပ်သွားသလိုဖြစ်သွားပေမယ့် ချက်ချင်းမျက်နှာကိုပြန်တင်းလိုက်သည်...။
"ဘယ်သူများလဲလို့ ငါ့ရန်သူတော်ကြီး Kim Seokjin ကိုး... ငါ့ကားရှေ့ကဖယ်စမ်းပါ"
"မဖယ်ဘူး.. မင်းနဲ့ငါစကားနည်းနည်းပြောချင်တယ်"
"မင်းနဲ့ငါဘာမှပြောစရာ အကြောင်းမရှိဘူး.. မဖယ်ရင် ငါတိုက်သတ်မှာနော်"
"လုပ်လိုက်လေ Min Yoongi... မင်းလုပ်ရဲတာ ငါသိပါတယ်"
Yoongi ကားကိုစက်နှိုးပြီး နောက်နည်းနည်းဆုတ်ပြီးမှ Seokjin ရှေ့သို့တိုးထွက်လိုက်သည်။ Seokjin ကတော့မျက်လုံးစုံမှိတ်ကာ စောင့်နေလိုက်သည်..။ သို့သော် ကားကသူ့ကိုတိုက်မသွားပဲ ထိလုခါနီးမှာရပ်သွားပြီးမှ ကားပေါ်က Yoongi ဒေါသတကြီးဆင်းလာသည်..။
"Shit!!! မင်းရူးနေတိုင်း ငါကသပ်သပ်မဲ့ထောင်ကျရမယ်... ထွက်သွားစမ်းပါ"
Yoongi က ပြောပြောဆိုဆိုနဲ့ Seokjin ရဲ့ရင်ဘက်ကိုဆောင့်တွန်းလိုက်စဉ် Seokjin ကလည်း ထိုလက်ကလေးကိုဆွဲယူလိုက်ကာ ကျန်လက်တစ်ဖက်နဲ့ Yoongi ခါးကိုလှမ်းဖက်ရင်း နီးကပ်သွားသော Yoongi ရဲ့နှုတ်ခမ်းလေးကို ငုံ့ကာနမ်းလိုက်သည်။
သူ့စိတ်ကိုသူမထိန်းချုပ်နိုင်ပဲ လုပ်မိလုပ်ရာလုပ်မိသော Seokjin နူးညံ့လွန်းသောနှုတ်ခမ်းလေးရဲ့အထိအတွေ့နဲ့ ချိုမြိန်လွန်းတဲ့အနမ်းလေးမှာ ယစ်မူးသွားရသည်...။ Yoongi ကလည်း ရုတ်တရတ်မို့ကြောင်သွားပြီး Seokjin နမ်းတာကိုငြိမ်ခံနေပြီးမှ အသိပြန်ဝင်လာပြီး အတင်းရုန်းကန်ထွက်ကာ Seokjin မျက်နှာကို လက်သီးနဲ့ထိုးလိုက်သည်။
"မင်းလိုကောင်ကများ ရာရာစစ ငါ့ကို"
Seokjin သူ့နှုတ်ခမ်းထောင့်ကစီးကျလာသော သွေးများကိုသုတ်လိုက်ရင်း ဒေါသတကြီးဖြစ်နေသော Yoongi ကိုတိတ်ဆိတ်စွာကြည့်နေမိသည်..။ လွမ်းနေခဲ့တာ သူ့ရဲ့ခုလိုဒေါသတကြီးလုပ်တတ်တဲ့ အပြုအမူတွေကို.. တစ်ဖက်သားကိုရင်နာအောင် ပြောတတ်တဲ့သူ့စကားသံတွေကို..။ အနမ်းတစ်ခုကို လက်သီးတစ်ချက်လား... တန်ပါတယ်လေ မင်းနှုတ်ခမ်းလေးတွေရဲ့ ချိမြိန်မှုကိုသိခဲ့ရတာပေါ့..။
"မင်းဘာလို့ငါနဲ့လာပတ်သတ်ပြန်တာလဲ...?? ငါ့ဆီကဘာလိုချင်လို့လဲ...??"
"မင်း Jung Hoseok နဲ့ကွာရှင်းပြီး အမေရိကားကိုပြန်တော့မယ်ဆို"
"အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ??"
"မသွားပါနဲ့ Yoongi... ငါနဲ့နေပါနော်"
Seokjin ရဲ့စကားကို Yoongi က မယုံကြည်သလို လှောင်ရယ်လိုက်ပြီး...
"လာပြန်ပြီနောက်တစ်ယောက်... ပြောစမ်း ငွေဘယ်လောက်လိုချင်တာလဲ...??"
"တော်စမ်း Min Yoongi...!!! မင်းခေါင်းထဲမှာ ပိုက်ဆံအပြင် ဘာမှမရှိတော့ဘူးလား...??"
Yoongi အံ့အားသင့်စွာဖြင့် ဒေါသထွက်နေသော Seokjin ကိုလှမ်းကြည့်မိပြီးမှ ချက်ချင်းဟန်ဆောင်လိုက်ပြန်သည်...။ ဒါကို Yoongi ရဲ့ မျက်နှာအရိပ်အကဲကိုကြည့်နေသော Seokjin က တွေ့လိုက်ရသည်..။
"မင်းက Money Lover ပဲလေ... မင်းခေါင်းထဲမှာရော ငွေအပြင်ဘာရှိသေးလို့လဲ Kim Seokjin"
"ငါငွေကိုချစ်ရတာ ငါ့ရဲ့အရွယ်မရောက်သေးတဲ့ တူလေး၃ယောက်ကြောင့်ပါ... ဒါပေမယ့် အဲဒီ့ငွေထက် မင်းကိုပိုချစ်တာ မသိဘူးလား Money Eater ရဲ့"
"အခုမှ မင်းဒီစကားထွက်လာတာပါ... ငါ့ကြောင့်မင်းဆုံးရှုံးရတဲ့ပိုက်ဆံတွေအကုန်လုံးကို Hoseok ပြန်ပေးခဲ့တာပဲမလား... ချစ်တယ်ဆိုတဲ့စကားကို လာမပြောနဲ့ Kim Seokjin... မင်းငါ့ကိုမုန်းလို့ ကလဲ့စားချေဖို့ခေါ်လာတာကို မင်းပါးစပ်ကနေ မင်းကိုယ်တိုင်ဝန်ခံခဲ့တာလေ... ပြီးတော့ မင်းငါ့ကိုကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တာတွေကရော"
"မင်းကျတော့ ငါ့ကိုမလုပ်ခဲ့ဘူးလား...?? အတုန့်အလှည့်ဆိုတာရှိတယ်လေ... ငါကလဲ့စားချေခဲ့တာမှန်တယ်... ဒါပေမယ့် အဲဒီ့အတောအတွင်း ငါတို့ချစ်ခဲ့ကြတယ်လေ"
"ဘာ....!!! ချစ်ခဲ့ကြတယ်ဟုတ်လား...?? မင်းငါ့ခေါင်းထဲရိုက်သွင်းခဲ့တဲ့ မင်းရဲ့ရည်းစားဆိုတဲ့နေရာတစ်ခုမှာ ငါဘာမှမသိပဲနေခဲ့ရတာလေ.. အဲဒါကိုချစ်ခဲ့ကြတယ်လို့ ခေါင်းစဉ်မတပ်နဲ့"
"မင်းလိမ်နေတာ Min Yoongi... လောကမှာအဆိုးဆုံးက ကိုယ့်ကိုကိုယ်လိမ်တာပဲ... မင်းဟန်ဆောင်နေတာကို ငါမြင်နေရတယ်... နဂိုနူးညံ့တဲ့မင်းရဲ့စိတ်ကို အတ္တတွေမာနတွေနဲ့ ဖုံးထားခဲ့တယ်... ကျေးဇူးပြုပြီး ဟန်ဆောင်တာတွေကို ခွာချလိုက်ပါ... မင်းရဲ့စိတ်အရှိအတိုင်းကိုပဲ ငါမြင်ချင်တယ်"
"မင်းကငါ့အကြောင်းကို ဘာသိလို့ ခုလိုပြောနေရတာလဲ... ငါကအစတည်းကဒီပုံစံပဲလေ... မာနကြီးတယ် မောက်မာတယ်... အတိတ်မေ့နေတုန်းက ခေါင်းထိသွားလို့သာ တစ်ခါမှမလုပ်ဖူးတာတွေ လုပ်နေမိခဲ့တာ"
"အတိတ်မေ့နေတုန်းကပုံစံက မင်းရဲ့ပုံစံအမှန်ပဲ Yoongi... မင်းကျန်တဲ့သူကို လိမ်ချင်လိမ်လို့ရမယ်.. ငါ့ကိုမလိမ်နဲ့.. ငါမင်းရဲ့စိတ်အမှန်ကို သိနေတယ်.. ဘာလို့လဲသိလား ငါတို့၂ယောက်နှလုံးသားချင်း နီးခဲ့လို့ပဲ"
Yoongi ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းလာသည်..။ ၆နှစ်လုံးလုံးပေါင်းလာတဲ့ Hoseok တောင်မသိခဲ့တဲ့ သူ့ရဲ့စိတ်အမှန်ကို ခဏလေးပဲပတ်သတ်မိတဲ့သူက သိနိုင်တယ်တဲ့လား..။ ပြီးတော့ သူပြောတာလည်း အမှန်တွေပဲလေ... ကိုယ်တိုင်တောင်မသိခဲ့တဲ့ ကိုယ့်စိတ်ရင်းအမှန်ကို သူကထောက်ပြနေလိုက်တာ...။
Seokjin စကားကို Yoongi လက်ခံမိမလို ဖြစ်သွားပြီးမှ ငုတ်လျိုးနေသော သူ့မာနက ရုတ်တရတ် ပြန်ပေါ်လာလေသည်...။
"အပိုတွေလျှောက်ပြောမနေနဲ့... ငါကမင်းပြောတိုင်းရင်ခုန်မယ့် ဆယ်ကျော်သက်အရွယ်လည်းမဟုတ်ဘူး... မင်းနဲ့ခုလိုပြောနေရတာတောင် ငါ့အချိန်တွေကုန်လှပြီ"
"Min Yoongi မင်းစိတ်က တော်တော်ကို အမှောင်ဖုံးနေတာပဲ... မင်းစိတ်ကိုမင်းမြင်အောင်မကြည့်သ၍ မင်းဘဝကခုလိုအထီးကျန်နေမှာပဲ"
ထိုအခါ Yoongi မဲ့ပြုံးတစ်ချက်ပြုံးကာ Seokjin ကိုတွန်းတိုက်ပြီး သူ့ကားထဲပြန်ဝင်ထိုင်ကာ မောင်းထွက်သွားသည်။ Yoongi ရဲ့ကားနောက်မြီးကိုကြည့်ရင်း Seokjin ဆွေးကျန်ခဲ့သည်..။ သူ့စိတ်ကိုဘယ်လိုပြန်ပြုပြင်ပေးရမလဲ...။
--------------------------------------
စားပွဲပေါ်က ကွာရှင်းစာချုပ်ကို Hoseok အတန်ကြာအောင် စိုက်ကြည့်နေမိသည်...။ အရင်ကတော့ သူအရမ်းကိုမျှော်လင့်ခဲ့ရတာ အခုကျတော့ ဘယ်လိုမှမပျော်နိုင်ခဲ့ပါ..။ ကြာလာတော့ Yoongi က စိတ်မရှည်တော့သလို စကားစလာသည်..။
"ဒီမယ် Jung Hoseok လက်မှတ်ထိုးစရာရှိတာကို ထိုးစမ်းပါ.. မင်းကို ကိုရီးယားမှာရှိတဲ့ ငါ့ပိုင်ဆိုင်မှုတွေ အကုန်ပေးထားတာပဲကို"
"ငါကခုချိန်မှာဒါတွေမမက်ပါဘူး... မင်းကိုပဲလိုချင်တာလို့ပြောရင် မင်းမယုံဘူးမလား"
"သိပ်သေချာတာပေါ့... အဲဒါကြောင့်စာချုပ်မှာသာ လက်မှတ်ထိုးပေးပါတော့... ငါလေယာဉ်နောက်ကျတော့မယ်"
"ငါ့ကိုနောက်ဆုံးအနေနဲ့ မေးခွန်းလေး၂ခုဖြေပေးပါလား"
Yoongi က တစ်ချက်စောင်းငဲ့ကြည့်ရင်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်သည်။
"နံပါတ်တစ်မေးခွန်းက မင်းငါ့ကိုချစ်ခဲ့လား Yoongi...?? နည်းနည်းလေးဖြစ်ဖြစ်ပေါ့"
"ချစ်ခဲ့ပါတယ်..ဒါပေမယ့်အခုတော့လည်း ပြီးသွားပါပြီ.. ငါ့ရင်ထဲမှာမင်းအတွက် ချစ်ခြင်းမုန်းခြင်းဆိုတာ မရှိတော့ဘူး"
Hoseok ရင်ထဲနာသွားပေမယ့် ဘာမှဆက်မပြောတော့..။ ဟုတ်ပါတယ်လေ စာချုပ်မှာလက်မှတ်ထိုးပြီးရင် ငါတို့ကပတ်သတ်မှုမှမရှိတော့တာ...။
"ဒုတိယမေးခွန်းကဘာလဲ Hoseok...??"
"အင်း.. ငါသိထားတာက မင်းအမေရိကားကိုပြန်ဖို့ လက်မှတ်၂စောင်ဝယ်ထားတယ်ဆို... အဲဒါနောက်တစ်ယောက်က ဘယ်သူလဲ... Seokjin လား"
"မဟုတ်ဘူး... မင်းတို့၂ယောက်လုံးက အတူတူပဲလေ... ငါကဘာလို့ သူ့ကိုရွေးချယ်ရမှာလဲ"
"ဒါ..ဒါဆို လက်မှတ်နောက်တစ်စောင်က..???"
"အိုယူဂျောင်းလေ"
"ဘာာာ အိုယူဂျောင်း???"
Seokjin ရဲ့ကားလေးက လေဆိပ်ကိုမိုင်ကုန်မြှင့်ကာ မောင်းနှင်လာခဲ့သည်..။ မနက်ကမှ Jungkook ဆီကကြားခဲ့တဲ့သတင်းက Yoongi က ယူဂျောင်းနဲ့အတူတူ အမေရိကားကိုထွက်သွားပြီး ဟိုမှာပဲ သူတို့လက်ထပ်ကြမယ်တဲ့လေ...။
လေဆိပ်ရောက်တာနဲ့ ကားကိုပါကင်မှာဖြစ်သလိုရပ်ပြီး အတင်းပြေးဝင်ကာ Departure Hall ကိုလိုက်ရှာမိသည်...။ ထိုစဉ်သူ့ရှေ့မှ ခေါင်းငိုက်စိုက်ချကာ လျှောက်လာသော Jung Hoseok ကိုတွေ့လိုက်ရသည်..။ Seokjin ဟန်ပင်မဆောင်နိုင်ပဲ Hoseok ရဲ့ပခုံး၂ဖက်ကို ဆွဲကိုင်ကာမေးလိုက်သည်..။
"Yoongi ရော... သူသွားပြီလား???"
"သွားပြီပေါ့.. မင်းကဒီအချိန်ကျမှဘာလာလုပ်တာလဲ"
"သူ..သူတကယ်ပဲ ယူဂျောင်းကိုခေါ်သွားတာလား"
"Yahh မင်းကဘာဖြစ်နေတာလဲ...?? အိုယူဂျောင်းကိုနှမျောနေတာလား...??"
"ယူဂျောင်းနဲ့ငါက ဘာမှမဟုတ်တော့ပါဘူး... ငါက Yoongi ကို... ဟာကွာာာ သူဒီလိုဘာလို့လုပ်သွားတာလဲကွာ"
Seokjin ယောက်ယက်ခတ်နေတာကိုကြည့်ရင်း Hoseok တစ်ချက်ပြုံးလိုက်မိသည်..။
"ငါလည်းစိတ်မကောင်းပါဘူး... ဒါပေမယ့် Yoongi ရွေးလိုက်တဲ့သူက မင်းမဟုတ်တာကိုတော့ ငါအရမ်းပျော်တယ်"
"ဘာာ..!! ပျော်တယ်ပေါ့ ဟုတ်လား...?? ဒါတွေအကုန်လုံး မင်းကြောင့်ဖြစ်ရတာ"
"မင်းကပဲပြောရသေးတယ်... မင်းသာငါ့ဆီကနေ Yoongi ကိုမခေါ်သွားခဲ့ရင် ငါတို့လည်း ကွာရှင်းဖြစ်မှာမဟုတ်ဘူး"
"မင်းကသာ Yoongi ကိုဂရုမစိုက်တာလေ"
"မင်းကျတော့ရော......."
"မင်းကမှ........."
လေဆိပ်ထဲမှာ Hoseok နဲ့ Seokjin ရန်ဖြစ်နေကြပေမယ့် လေယာဉ်ပေါ်က Yoongi နဲ့ယူဂျောင်းကတော့ သာသာယာယာပင်....
"Oppa ရယ် ယူဂျောင်းခုထိ အိမ်မက်မက်နေတယ်လို့ ထင်နေမိတုန်းပဲ..."
ယူဂျောင်းက Yoongi ရဲ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ရင်းပြောတော့ Yoongi ကလည်း ပြုံးနေရင်းပြောလိုက်သည်...။
"အိပ်မက်မဟုတ်ပါဘူး... တကယ်ပဲကိုယ်တို့ အမေရိကားကို သွားနေကြပြီလေ"
To Be Continued........