ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 3 (unicode)

13.4K 1.6K 64
By melieee2

Chapter 3;ရေသန့်တစ်ပုလင်းဝယ်ပြီးတော့ တစ်ဝက်မော့သောက်ပြီးလွှတ်ပစ်ခဲ့တဲ့ သခင်လေးက ယခု ဆိုင်အပြင်ဘက်ရှိလမ်းမထက် မှောက်လျက်လဲလျောင်းနေပါတယ်။


ကြမ်းပြင်ထက်တွင် ပြန့်ကျဲနေတဲ့ဆံပင်များ
နှင့်ပြောင်လက်နေသည့် ကတုံးပိုင်ရှင်သည် ကုမြောင်ဖြစ်နေ၏။ကောင်မလေးက ဆံပင်တွေ အကုန် ရိတ်လိုက်သည့်အခါ သူမပုံစံက မိန်းကလေးလို့ပြောရန်ခက်လှသည်။လက်ရှိတွင်သူမကယောကျာ်းလေးဝတ်အနွေးထည်အပြာမှိုင်းမှိုင်းကိုဝတ်ထားပြီး၊ မျက်လုံးများကြောင့်မဟုတ်လျှင် ကျန်ချန် သူ့ကိုကုမြောင်မှန်း သိမည်မဟုတ်ချေ။

ကုဖေးသည် နှုတ်ခမ်းထက်တွင် စီးကရက်ကို
ခဲထားပြီး၊လက်ထဲတွင်လည်း ဆံပင်ညှပ်စက်ကိုကိုင်၍ ကုမြောင်နောက်မှာရပ်နေ၏။သူက ကျန်ချန်ကိုတွေ့သွားတဲ့အခါ အံ့သြတကြီးနှင့်ကြည့်လာပြီး သူ့လက်ထဲမှာရှိနေသည့်ဆံပင်ညှပ်စက်ကလုံးဝရပ်တန့်သွားသည်။

ကုဖေးသည် ယခင်နေ့နှင့် လုံးဝမတူသည့်ပုံစံမျိုးဝတ်ဆင်ထားသည်။အားကစားခေါင်းစွပ်
အင်္ကျီနှင့်ဘောင်းဘီရှည်ကိုသာဝတ်ဆင်ထားသည့်အတွက်ကြောင့် သူပုံစံကပေါ့ပေါ့ပါးပါးနှင့်သက်တောင့်သက်သာ ရှိနေသည်။

သူ့ ရုပ်ရည်သွင်ပြင်,အဝတ်စားနှင့်ပင်ကိုယ်စရိုက်ကြောင့်၊ကုဖေးက တခြားသူငယ်ချင်းလေးယောက်အလယ်တွင် ထင်းလင်းနေပြီး
ဆွဲဆောင်မှုရှိသည်။ လူတွေကြားမှာတောင်
သူ့မျက်နှာသည်ထင်ထင်ရှားရှားကွဲထွက်နေ
လျှက်ရှိ၏။

သူ့တစ်ကိုယ်လုံးတွင် " ငါ ဘုရင် " ဆိုသည့် အရှိန်အဝါမျိုးတောက်ပနေသည်။

ကျန်ချန်၏ရုပ်ရည်သည် လူဆိုးတစ်ယောက်လို့မထင်ရပေ။ သူ့၏ဆိုးသွမ်းသည့်ပင်ကိုယ်အကျင့်စရိုက်ကို သူကိုယ်တိုင်လည်းမနှစ်မြို့ပေမယ့်၊ပုံမှန်ထက်ပို၍အနည်းငယ်ဆိုးသွမ်းခြင်းမျိုးဟုယူဆခဲ့တာဖြစ်သည်။အခုလက်ရှိအခြေအနေတွင်,ကျန်ချန်သည်ရေသန့်ဘူးကိုအေးအေးဆေးဆေးနှင့်ဝယ်ယူနေတာကြောင့်သူ့ပုံစံကအန္တရာယ်မရှိသည့်ပုံပေါက်နေ၏။

ကုန်တိုက်အသေးစားပုံစံခင်းကျင်းထားသည့် ကုန်ပစ္စည်း အမျိုးမျိုးရရှိနိုင်သော စတိုးဆိုင်အတွင်းရှိ လူအားလုံး၏မျက်နှာတွေပေါ်တွင်
ရေးသားထားတဲ့ "မင်း ရန်ဖြစ်ချင်တာလား"
ဆိုသည့် အသံတိတ်အမူအယာများကြောင့် ကျန်ချန် စိတ်ကျဥ်းကျပ်လာတယ်။

ကုဖေးနှုတ်ခမ်းထက်တွင် ခဲထားတဲ့စီးကရက်ဆီမှပြာမှုန့်တွေသည် ကုမြောင်ခေါင်းပေါ်သို့ တလွှားလွှားကျဆင်းလာသည်။ ကုမြောင်က ပြာမှုန့်တွေကိုဖယ်ဖို့ သူ့မခေါင်းသူမပွတ်သပ်လိုက်၏။

ဤလူတွေ၏ အကြည့်တွေကို ကျန်ချန် အာရုံမစိုက်ဘဲနေလိုက်တယ်။ဟိုအရင်ကတည်းက သူက ပြသာနာကြီးတွေကိုတောင်မကြောက်
ခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး၊ ယခုလိုမျိုး စိတ်ရောကိုယ်ပါတပြိုင်တည်းပင်ပန်းနေချိန်များတွင် "မင်းဘာကြည့်တာလဲ"ဆိုသည့် အကြည့်စူးစူးတွေကို သူကြောက်နေမှာမဟုတ်ပေ။

ရေသန့်ဘူးတွေစီထားသည့်စင်တန်းရှေ့သို့ ကျန်ချန် လျှောက်သွားပြီး သတ္ထုဆားရည် ရေဗူးတစ်ဘူးကို လှမ်းယူလိုက်တယ်။

ထို့နောက် ကုဖေးလျှောက်လာသည့်မျက်နှာ
ချင်းဆိုင်စင်သို့ သူ လှမ်းကြည့်လိုက်တယ်။
စင်ပေါ်တွင်ရေသန့်ဘူးနှစ်ဘူးလွတ်နေသည့် နေရာမှ တစ်ယောက်နှင့်တစ်ယောက် အသံတိတ်ကြည့်ပြီးနောက်တွင် ကုဖေးက စကားအရင်စပြောလာသည်။
"ကြိုဆိုပါတယ်။"

ကျန်ချန် ပြန်မေးလိုက်တယ်။
" မင်းရဲ့ မိသားစုဆိုင်လား ?။"

ကုဖေးက "အင်း"လို့ခေါင်းညိတ်ပြလာ၏။

"သြော်,တိုက်ဆိုင်လိုက်တာ!။"
ကုဖေးကအသံတိတ်သွား၏။ကျန်ချန်လည်း စကားထပ်မပြောချင်တာကြောင့် လက်ထဲမှာကိုင်ထားသည့်ရေသန့်ဘူးကိုအရှေ့အနောက် လွဲယမ်း၍ငွေရှင်းကောင်တာဆီလျှောက်သွားလိုက်တယ်။

လူတစ်ယောက်သည် ကောင်တာနောက်သို့ လျှောက်လာပြီး လက်တစ်ဖက်ကိုစားပွဲပေါ်
တွင် ထောက်ပြီးသူ့ကိုကြည့်လာသည်။
"နှစ်ယွမ်ကျတယ်။"

ကျန်ချန်သူ့ကိုကြည့်လိုက်တယ်။'ပူရှစ်ဟောင်နျောင်'လေးယောက်သည် နေရာမှာရပ်နေကြဆဲဖြစ်ပြီး၊ ယခုတစ်ယောက်ကကုဖေးဘေးမှာ ရပ်နေခဲ့တဲ့လူဖြစ်သည်။

သူ စတိုးဆိုင်အတွင်းသို့ဝင်လာလာချင်းတွင် မီးအလင်းရောင်မှိန်သောကြောင့်တစ်ခြားသူတွေကို ကျန်ချန်ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရချေ။အလင်းရောင်အောက်တွင် သူက မိန်းမပျိုလေးအလား လှပ လွန်းသည်ကို ကျန်ချန်တွေ့လိုက်ရ၏။သူ့ရဲ့ရှည်လျားပြီးသေးသွယ်နေသောမျက်ဝန်း၊မျက်နှာအစိတ်အပိုင်းတွေကြောင့် သူက ကုဖေးထက်၊ ကုမြောင်၏အမ
လို့  ထင်ရစေ၏။

ကျန်ချန် အိပ်ကပ်ထဲမှ ဆယ်ယွမ်ကိုထုတ်ပြီး ကောင်တာပေါ်တင်ပေးလိုက်တယ်။ထိုလူက ပိုက်ဆံကိုယူသွားပြီး ၊ခေါင်းငုံ့၍ ငွေရှင်းစက်ကိုတွက်ချက်နေရင်း ပြန်ကြည့်လာသည်။
"တာ့ဖေး, သူငယ်ချင်းလား?။ ငါ မင်းကို
အရင်ကမမြင်ဖူးပါဘူး။"

"မဟုတ်ဘူး ။"
ကျန်ချန် ဆေးကို ထက်ပိုင်းချိုးပြီး ရေနှင့် တစ်ကျိုက်တည်းမော့သောက်လိုက်တယ်။

"မဟုတ်ဘူးလား ?။"
ထိုလူ့အကြည့်တွေသည် သူ့ပခုံးကိုကျော်၍
အနောက်သို့ လှမ်းကြည့်ပြီးမှ၊ သူ့အကြည့် တွေကကောင်တာဆီပြန်ရောက်သွားသည်။
"Oh...!"

ကျန်ချန်ကဆေးသောက်ပြီးနောက်၊ တစ်ဝက်
ကျန်နေသေးသည့် ရေဘူးကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး ဆိုင်အပြင်ပြန်ထွက်ဖို့ပြင်
လိုက်တယ်။

ဒါပေမဲ့, ထိုလူ့အသံက ပျံ့လွင့်လာသည်။
"ဟေး, တကယ်ဆို ဘူးအသေးပဲ ဝယ်သင့်တယ်။ ဖြုန်းတီးလိုက်တာ။"

"ငါ မေ့သွားလို့။"
ကျန်ချန် သူ့ကိုနောက်ပြန်လှည့်ကြည့်မနေတော့ပဲ ပြန်ဖြေလိုက်တယ်။

ငါ ဘာလို့ဘူးအသေး မဝယ်ခဲ့လိုက်တာလဲ။
ကြည့်ရတာ,သူ့တစ်ကိုယ်လုံး တစ်ဆစ်ဆစ်ကိုက်နေသည့်အပြင်၊ခေါင်းလည်းမူးဝေနေခြင်းကြောင့်ဖြစ်နိုင်၏။ဆိုင်ဝင်ပေါက် လှေ
ကားရှေ့တွင် ကျန်ချန်မတ်တပ်ရပ်မိသည်။
စတိုးဆိုင်ဝင်ပြီးနောက်တွင် ဘယ်ကို ဆက်သွားသင့်မှန်းသူတကယ်မသိဘူး။

သူ အိမ်ပြန်သင့်လား?။ဘာကြောင့်ပြန်သင့်တာလဲ?။ လီပေါင်ကော်ဆီလား ဒါမှမဟုတ်
သူ့အိမ်သစ်ဆီလား?။

လီပေါင်ကော်၏ဟောက်သံနှင့်အိမ်အတွင်းရှိ စူးရှရှအနံ့အသက်တွေအကြောင်းကို စဥ်းစားမိသည့်အခါ သူ အသက်ရှုမဝ ဖြစ်လာတယ်။  တဖြည်းဖြည်းနှင့်သူ့အာရုံမှာရွှေအိုရောင်ပန်းခင်းသဖွယ် အမှောင်ထု ချဥ်းနင်း ဝင်ရောက်
လာသည်။

ကျန်ချန်သည် မတ်တတ်ပင်ကောင်းကောင်း
မရပ်နိုင်တော့ပဲ၊ ဂျုံအိတ်တစ်အိတ်သဖွယ်မြေကြီးပေါ်ပြိုလဲသွား၏။

.

ကုမြောင်သည် ခေါင်းကိုပွတ်သပ်ပြီး စကိတ်နှင့်အတူဆိုင်တံခါးဆီလျှောက်သွားချိန်တွင်၊ကုဖေးက ထိုင်ခုံပေါ်မှာတင်ထားသည့်အနွေးအင်္ကျီနှင့်"ဦးထုပ် "ယူသွားဖို့ပြောလာသည်။ထို့နောက်,ကုဖေးကအနွေးအင်္ကျီထဲမှပန်းပွင့် သေးသေးလေးများပါတဲ့ အစိမ်းရောင် သိုးမွှေး ဦးထုပ်တစ်လုံးကို သူမခေါင်းပေါ်လှမ်းပစ်ပေးလာ၏။

ကုမြောင်ကဦးထုပ်ကိုလှမ်းဖမ်းပြီးခေါင်းပေါ်တွင် အရင်ဆောင်းပြီးမှ၊ကုဖေးကို ခေါင်းငြိမ့်အသိအမှတ်ပြု၍ သူ့စကိတ်နှင့်အတူတူ ဆိုင်အပြင်ဘက်သို့ထွက်သွား၏။မကြာခင်မှာဘဲ သူမက ဆိုင်အတွင်းသို့ပြန်ဝင်လာပြီးငွေရှင်းကောင်တာကို လက်ဖဝါးနှင့် ကြိမ်ဖန်များစွာ ပုတ်လာသည်။

"ဘာဖြစ်လို့လဲ?။ "
လီယန်က ကောင်တာကိုမှီပြီး သူမဦးထုပ်ကို ကိုင်၍ ကုဖေးကို လှမ်းကြည့်လာတယ်။
"မင်း သူ့ကို ဘာလို့အစိမ်းရောင်သိုးမွှေး
ဦးထုပ်ထိုးပေးရတာလဲ?။"

"အဲ့အရောင်က သူကိုယ်တိုင်ရွေးထားတာ။" ကုဖေး ဆံပင်ညှပ်စက်ကိုသိမ်းဆည်းရင်းနှင့် ပြန်ဖြေလိုက်သည်။ထို့နောက် သူ ကုမြောင်ကို လှည့်ကြည့်လိုက်တယ်။
"ဘာဖြစ်လို့လဲ?။"

ကုမြောင်က ဆိုင်တံခါးဆီသို့ လက်ညိုးထိုးပြလာသည်။

"ခွေးရှိလို့လား?။"
ကုဖေး ဆိုင်တံခါးဆီလျှောက်သွားပြီး၊ လိုက်
ကာကိုမလိုက်တယ်။ အစောပိုင်းက ရေသန့်ဘူးကြီးတစ်ဘူးဝယ်၍တစ်ဝက်မော့သောက်ပြီးလွှင့်ပစ်ခဲ့တဲ့ သခင်လေးသည်အပြင်ဘက်လမ်းမပေါ်တွင် မှောက်လျက်သား လဲကျနေပြီး၊ မျက်နှာတစ်ခုလုံး မြေကြီးနှင့်ဖိကပ်နေလျှက်ရှိသည်။

ကုဖေး ဆိုင်အပြင်ဘက်သို့ထွက်သွားပြီး၊ သူကို ခြေထောက်နှင့်လှုပ်နှိုးလိုက်တယ်။ ထိုလူ့နာမည်ကိုသူမသိတာကြောင့်အဆင်ပြေသလို မေးလိုက်တယ်။
"မင်း အဆင်ပြေလား?။"

ထိုသခင်လေးက နည်းနည်းမျှမလှုပ်ရှားလာသည်ကိုမြင်သည့်အခါ ၊မြေကြီးပေါ်မှောက်လျက်သားလဲနေခြင်းကြောင့် နှာတံသာပေါ်သည့်မျက်နှာကို ကြည့်ဖို့ ကုဖေးရှေ့သို့ကိုင်းညွှတ်လိုက်တယ်။ထိုသခင်လေး၏ခေါင်းကို ဂရုတစိုက်နှင့် သူ ထိကြည့်လိုက်သည့်အခါ၊အသက်ရှုနေသေးသည့်အတွက်ကြောင့် သူ
စတိုးဆိုင်ဘက်သို့ လှမ်းကြည့်ပြီး အော်ခေါ်လိုက်တယ်။
"တစ်ယောက်ယောက် လာခဲ့ဦး။"

လီယန်က အရင်ပြေးထွက်လာသည်။ သူက
သူတို့အခြေအနေကိုမြင်သောအခါအလန့်တကြားနှင့်ကြည့်လာ၏။
"သူ ဓားထိုးခံရတာလား?။ "

"မင်းပဲ သူ့ကို ဓားနဲ့ထိုး။"
ထို သခင်လေး၏ မျက်နှာကို သူမတော်တဆထိမိသွားသည့်ခိုက်တွင် သူ့လက်က ပြင်းထန်သည့် အပူရှိန်ကို ကုဖေးခံစားမိလိုက်တယ်။။
"သူ့မှာ အဖျားရှိနေတယ်။"

"နေမကောင်းရင်မေ့လဲကြတယ်လား?။"
လီယန်က သူ့နောက်မှလိုက်လာသည့်လူတွေကို အံ့သြတကြီးလှည့်ကြည့်လိုက်သည်။
"ငါတို့ 120 ကို ခေါ်ရမှာလား?။"

"စိုးရိမ်နေလည်း အပိုပဲ။ "
လျိုဖန်း ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့် လိုက်တယ်။
"စိုးရိမ်တတ်လွန်းတဲ့အန်တီကြီးတွေက ရဲတွေကိုတိုင်ပြီးလောက်ပြီ။ ပြီးရင် ငါတို့ လုပ်လိုက်တယ်လို့ပြောကြမယ်။ ငါ မနေ့ကမှ လွတ်လာတာနော်။"

ကုဖေး ဖြတ်ပြောလိုက်တယ်။
"သူ့ကို ဆိုင်ထဲအရင်သွင်းရအောင်။"

လျိုဖန်းက ပြန်မေးလာ၏။
"ဆိုင်ထဲသွင်းမယ်?။မင်းနဲ့ အသိလား?။"

"သူ မင်းကို အထဲသွင်းလို့ပြောရင်သွင်းလိုက် ပေါ့။တာ့ဖေးက သူ့ကိုမသိရင် အခုလိုအသား ထိပါ့မလား?။"
လီယန်က ဝင်ပြောလာသည်။
"အန်တီကြီးတွေ ရဲတိုင်ရင်တောင် ၊ရဲတွေက မင်းကို မေးခွန်းတွေဘာတွေမမေးတော့ဘူးလို့ ထင်နေတာလား?။"

"သူက နေမကောင်းဖြစ်ပြီးမူးလဲသွားတာ။မင်းတို့ အဖေနဲ့အမေ ကို အားနာတတ်သေးရင် ဒရာမာတွေခင်းမနေကြနဲ့တော့။"
ကုဖေး သခင်လေးကိုကြည့်နေရင်းနှင့်ပြောလိုက်တယ်။
"မြန်မြန်လုပ်!။"

ထိုအခါမှ သူတို့အားလုံးအနားသို့ ရောက်လာကြပြီး သခင်လေးကို ဆိုင်ထဲ သယ်သွား၏။ထိုသခင်လေးကို ကုဖေးပုံမှန်အနားယူလေ့ရှိသည့် အခန်းထဲမှာထားလိုက်ကြသည်။

သူတို့အားလုံးအခန်းအပြင်ထွက်သည့်အခါ လီယန်က စကားပြောလာ၏။
"ငါတောင် တစ်ခါမှအဲ့အိပ်ယာပေါ်မှာမအိပ်ရသေးဘူး။ အခုကျ နေမကောင်းတဲ့ ကောင်က ဦးသွားပြီ။"

ကုဖေး ပြန်ဖြေလိုက်တယ်။
"မင်း အပြင်ထွက်ပြီး မျက်နှာတစ်ခုလုံးပြားသွားတဲ့အထိလဲကျသွားမယ်ဆိုရင် ၊ငါမင်းအတွက် ချက်ချင်း အိပ်ယာ လုပ်ပေးမယ်။"

လီယန်က တစ်ခွန်းမကျန်ချေပလာသည်။
"အရှက်ကိုမရှိဘူး။ "

"မင်း ဖြစ်စေချင်တဲ့ အတိုင်းပဲလေ။"
ကုဖေး သူ့ကို တွန်းထုတ်လိုက်တယ်။
"ထွက်တော့!။"

"ဟေး....,"
လီယန်က ထွက်သွားဖို့ငြင်းဆန်နေပြီး အသံတိုးတိုးနှင့်ပြောလာ၏။
"သူက မင်းသူငယ်ချင်း မဟုတ်ဘူးလို့ပြောခဲ့တယ်မလား။"

"အင်း။"
အခန်းတံခါးကိုပြန်မပိတ်ခင် ကုဖေး သူ့ကို အားနှင့်အပြင်ဆွဲထုတ်လိုက်တယ်။
"မနေ့က အားမြောင်ကို ရှာတွေ့ခဲ့တဲ့တစ်ယောက်က သူပဲ။ "

"သူက အားမြောင်ကို ရှာတွေ့ခဲ့တဲ့လူလား?။"
လီယန်က အံ့အားသင့်သွားသည်။
"တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာကြီး..!"

ကုဖေး သူ့ကိုလျစ်လျူရှုပြီး၊ကောင်တာ နောက်တွင် ထိုင်၍ ဖုန်းထဲမှဂိမ်းကိုဆော့
နေလိုက်တယ်။

လီယန်က ကောင်တာကိုမှီပြီးဆက်ပြောလာသည်။
"သူကတော်တော်ချောတယ်နော်။ "

ကုဖေး သူ့ကိုတစ်ချက်မော့ကြည့်ပြီး၊ဝေးဝေးသို့ရွေ့၍စကားပြောခြင်းအမှုကိုရပ်လိုက်၏။

ထိုအခိုက်တွင်, ကုမြောင်က ကုဖေးဆီ လျှောက်လာပြီး လက်ဖြန့်ပြလာသည်။

"သွားစား, ကြည့််စမ်း....ဒီနှစ်လအတွင်း မင်းဖောင်းကားလာလိုက်တာ ။မင်းနဲ့ ဘယ်သူမှ ကစားချင်တော့မှာ မဟုတ်ဘူး။"
ကုဖေး ဆယ်ယွမ်ထုတ်ပြီး သူမလက်ထဲ
ထည့်ပေးလိုက်တယ်။
"မင်းမျက်နှာက အရမ်းဖောင်းနေပြီ။"

ကုမြောင်က သူ့အပြောကို စိတ်မဝင်စားပေ။ သူမကပိုက်ဆံကိုယူပြီး အိပ်ကပ်ထဲသို့ထည့်
၍ စကိတ်နှင့်အပြင်သို့ထွက်သွားသည်။

လီယန်က သက်ပြင်းချလာ၏။
" သူ ဝဝပိန်ပိန်အရေးမကြီးဘူး။သူ့ရဲ့ ကတုံးကေကြောင့် အတူတူကစားမဲ့သူမရှိတာ။"

"ကတုံးကေကြောင့်မဟုတ်လည်း သူနဲ့ အတူကစားမဲ့သူရှိမှာ မဟုတ်ဘူး။"
ကုဖေးက ဂိမ်းဆော့နေရင်း ပြောလိုက်၏။
"သူ ငယ်ငယ်တည်းက သူငယ်ချင်းမရှိတာ။ ဆွံ့အနေတဲ့သူနဲ့ဘယ်သူကဆော့ချင်မှာလဲ?။"

"အဲ့လိုမပြောနဲ့။ "
လျိုဖန်းက စကားဖြတ်ပြောလာသည်။
"သူက တကယ်ဆွံ့အနေတဲ့သူမှ မဟုတ်ဘူး၊သူ စကားမပြောချင်တာပဲရှိတယ်။အရမ်းစိုးရိမ်စရာမရှိဘူး။"

"ဒါပေမဲ့ အနာဂတ်မှာလည်း ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင်ကော။"
လီယန်က သက်ပြင်းထပ်ချလာသည်။
"ကျောင်းကအရေးမကြီးဘူး ။သူ မသွားချင်ရင်မသွားလို့ရတယ်။ ဒါပေမဲ့ ,တာ့ဖေး တစ် ယောက်တည်းပဲစကားပြောနေမယ်ဆိုရင်..
နောက်ပိုင်းကျ......"

ကုဖေး သူ့စကားကိုကြားဖြတ်ပြောလိုက်တယ်။
"မင်းရဲ့စိုးရိမ်စိတ်ကြောင့်ကမ္ဘာကြီးကိုမဖျက်
စီးနဲ့။ ငြိိမ်းချမ်းရေးအတွက်ပဲ အစီရင်ခံစာပဲသွားရေးနေစမ်းပါ။"

"Fuck!"
လီယန်ကစားပွဲကိုရိုက်ပြီး လျိုဖန်းဘေးနားရှိ ခုံကိုဆွဲယူပြီး ထိုင်ချလိုက်တယ်။

ဆိုင်လေးက တစ်ဖန် တိတ်ဆိတ် သွားသည်။
လျိုဖန်းနှင့်အခြားလူတွေက အပူပေးစက်နားတွင် မျှော်လင့်ချက်မဲ့နေသာမျက်လုံးများနှင့် ထိုင်နေကြ၏။သူတို့အားလုံးမျက်နှာပေါ်တွင် အရှုံးသမားတွေဟုချိတ်ဆွဲထား၏။ သူတို့ထဲမှ သုံးယောက်က လိုက်ကာကိုမတင်ပြီး ဆိုင်အပြင်ဘက်သို့ ငေးကြည့်နေကြသည်။

ကုဖေး စားပွဲကို လက်နှင့် ခေါက်လိုက်တယ်။
" မင်းတို့လည်း သွားတော့လေ။"

လီယန်က မေးလာသည်။
"မင်းက ဘယ်သွားမလို့လဲ။"

"အခန်းထဲ သွားမလို့။"

"ငါမပြန်ချင်ဘူး။"
လီယန်က အညောင်းအညာဆန့်လာသည်။ "အပြင်မှာအရမ်းအေးတယ်။ပြီးတော့ သွားစရာနေရာမရှိဘူး။ "

ကုဖေး စိီးကရက်ကိုနှုတ်ခမ်းမှာတေ့လိုက်တယ်။
"ဒါပေမဲ့ မင်းတို့က ဆိုင်ကိုလာတဲ့လူတိုင်းကို နှင်ထုတ်နေတာလေ။"

"မင်းအတွက်, ဒီနေရာကိုလာတဲ့လူတွေဆိုရင်ဆွဲထုတ်သင့်ရင်ဆွဲထုတ်ရမှာပဲလေ။"
လီယန်က ရယ်မောလာသည်။
"တစ်ယောက်မှမလွတ်စေရဘူးလို့ ငါကျိန်တယ်။"

"မြန်မြန်,လစ်ကြစမ်းပါ။စိတ်ရှုပ်ဖို့ကောင်းတယ် ။"

"ထွက်သွား,ထွက်သွား,ထွက်သွားချည်းပဲ။"
လီယန် တောက်ခေါက်ပြီး တစ်ခြားတစ်ခုံကို
ကန်လိုက်သည်။
"အရှင်ကု ,မင်းက ရူးနေပြီ။မင်းက ဓားတစ်လက်ကိုယူပြီး အားလုံးကိုဖြတ်ပစ်ချင်တယ်
ပေါ့လေ။"

ကျန်သည့်လူတွေက ထွက်သွားချင်တဲ့ ဆန္ဒ မျိုးမရှိသော်လည်း သူတို့အားလုံးကအကျီကိုယ်စီဝတ်ပြီး တိတ်တဆိတ်ထွက်သွားကြသည်။

နောက်ဆုံးတွင်,လီယန်က သူတို့အနောက်မှလိုက်သွားခဲ့သည်။ဒါပေမဲ့, သူကအပြင်သို့
မထွက်ခင် ပြန်လှည့်ပြီးပြောလာ၏။
"အထဲမှာနောက်တစ်ယောက်ကျန်သေးတယ် လေ။မင်း သူ့ကို မောင်းမထုတ်ဘူးလား ?။"

ကုဖေး သူ့ကိုပြန်ကြည့်လိုက်တယ်။သူ့ဖက်က ဘာမှမပြောသည့်အခါလီယန်ကလိုက်ကာကို မတင်ပြီး အပြင်သို့ထွက်သွားခဲ့သည်။

...

သူ ဆေးလိပ်သောက်ပြီး နာရီကိုကြည့်လိုက်သည့်အခါ၊ ထိုသခင်လေးမေ့လဲနေသည်မှာ မိနစ်နှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည်။အဖျားရှိန်ကြောင့် မေ့လဲသွားလျှင် သတိပြန်ရသင့်ပြီဖြစ်၏။

ကုဖေး အခန်းတံခါးကို တွန်းဖွင့်ပြီး အထဲဝင်ကြည့်လိုက်တယ်။သခင်လေးမနှိုးသေးချေ။
သူ့မျက်လုံးတွေကမှေးမှိတ်နေဆဲရှိသည်။

"ဟေး ,"
ကုဖေး သူ့ကို တွန်းကြည့်လိုက်တယ်။
"ဒီမှာ မသေသွားနဲ့နော် ။ "

သခင်လေးက ဘာမှ မတုံ့ပြန်လာသည့်အခါ၊ကုဖေး သူ့ကိုအချိန်အကြာကြီးစိုက်ကြည့်နေမိသည်။

ထိုသခင်ငယ်လေး၏မျက်နှာသည် ရွံ့တွေနှင့်ပေကျံနေလျှင်တောင် ချောမောမှုကိုမဖုံးထားနိုင်ပေ။ ကော့ညွှတ်နေသည့် မျက်တောင်တွေနှင့်မျက်လုံးထောင့်စွန်းဟာအထက်စီးဆန်ပြီး မာနကြီးသည့်ပုံပေါက်နေသည်။ထိုမျက်ဝန်းများဖြင့်တစ်ခြားသူကိုအထင်သေးပြီးကြည့်
တတ်သော်လည်း၊သူ့ရုပ်ရည်ကပြေပြစ်ပြီးကြည့်ကောင်းလွန်းနေပြန်သည်။ ထို့ကြောင့် သူတို့စတွေ့ခဲ့သည့်နေ့က ကျန်ချန်တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေသည့် အထက်တန်းဆန်သည့် အရှိန်အဝါတွေကို သူ လုံးဝ သဘောမတွေ့ခဲ့သော်လည်း ၊အရှိန်အဝါတွေဆီမှ သိမ့်မွေ့ပြီးပါးနပ်မှုတစ်မျိုးရှိနေမှုကို သူခံစားမိခဲ့သည်။

ကုဖေးက ကုတင်စွန်းမှာထိုင်ပြီး၊ သူ့ကိုအချိန်အတန်ကြာအောင် ကြည့်ပြီးသည့်နောက်တွင် မတ်တပ်ထရပ်ပြီး ၊ထိုသခင်လေးအင်္ကျီအိပ်ကပ်ကိုရှာကြည့်သည့်အခါ ပိုက်ဆံအိတ်တစ်အိတ်ထွက်လာ၏။ထိုသူ့ပိုက်ဆံအိတ်ထဲတွင် မှတ်ပုံတင်ကဒ်နှင့် အခြားအဖွဲ့ဝင်ကဒ်များကို
တစ်စုတစ်စည်းတည်း ထည့်ထားသည်။

ကျန်ချန်..........

သူ ပိုက်ဆံအိတ်ကို ပြန်ချလိုက်ပြီး သခင်ငယ် လေး၏ နားရွက်နားမှာ အသံပြုလိုက်တယ်။
" ဟေး...,"

"အင်း.....,"
နောက်ဆုံးတွင်, ကျန်ချန်ကနိုးလာခဲ့သည်။ နေမကောင်းဖြစ်နေသည့်အတွက်ကြောင့်  ညည်းလိုက်သည့်အခါ သူ့အသံက နူးညံ့နေ၏။

ကုဖေး ရုတ်တရက်ကုတင်ကိုကန်ပြီး သူ့ကို ကျောခိုင်း၍ အခန်း အပြင်ဘက်သို့ လှည့်ထွက်လာမိသည်။
...

သူဘာဖြစ်သွားမှန်း ကျန်ချန်မသိလိုက်ချေ။

သူ့မျက်လုံးဖွင့်ကြည့်ချိန်တွင် သူ့မှတ်ဥာဏ်တွေက ပျောက်ဆုံးနေ၏။
"ငါဘယ်သူလဲ....., ဘယ်ရောက်နေတာလဲ။"

အချိန်တစ်ချို့ ကုန်ဆုံးပြီးနောက်တွင်၊ သူက
နှင်းအရည်ပျော်ထားတာကြောင့်ညစ်ပတ်နေသည့်လမ်းမပေါ်သို့ မျက်နှာအပ်လျက်သား
နှင့်လဲကျသွားသည့်အဖြစ်ကိုသတိရလာ၏။

ငါက တကယ်မေ့လဲသွားတယ်.....?

ငါ့ဘဝမှာ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ တစ်ခါမှ တောင် မတွေးဖူးဘူး.......

ယခုလက်ရှိ သူရောက်နေသောအခန်းသည်
လီပေါင်ကော်က သူ့ကိုပေးထားသည့်အခန်းထက်ပင် ပိုပြီးသန့်ရှင်းသပ်ရပ်နေ၏။

ငါဘယ်သူလဲ ..? ကျန်ချန်။

အခုဘယ်နေရာလဲ....? မသိဘူး။

ကျန်ချန် ဂွမ်းကပ်စောင်ကိုဖယ်လိုက်ပြီးအခန်း တံခါးဆီသို့ လျှောက်သွားလိုက်
တယ်။

သူ့ရှေ့တွင်အတန်းလိုက်ဖြစ်နေသည့် အစား
အသောက်တွေခင်းကျင်းထားသော စင်တန်း သုံးတန်းကို မြင်သည့်အခါ ၊သူက ကုဖေးတို့ဆိုင်မှာရှိနေသေးကြောင်းကို နားလည်သွား
သည်။

"မင်းနိုးလာပြီလား။"
ကုဖေးကကျောမှီထိုင်ခုံပေါ်မှာထိုင်နေပြီး သူ့ကိုမော့ကြည့်လာ၏။ ထို့နောက် သူက ခေါင်းငုံ့သွားပြီး ဂိမ်းဆက်ဆော့နေသည်။

"အင်း။"
ကျန်ချန် အကျီပေါ်က ရွံ့ခြောက်တွေကို ခါချလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ။"

"ရတယ် , မင်းကို အထဲကို ခေါ်လာတဲ့သူက ငါမဟုတ်ဘူး။"

"Oh!"
ကျန်ချန် အခန်းငယ်လေးကို တစ်ချက်ပြန်
လှည့်ကြည့်လိုက်တယ်။
"မင်းရဲ့စောင် ညစ်ပတ်သွားပြီ။"

"အနောက်ဖက်မှာရေကန်ရှိတယ်။ ညစ်ပတ်ရင် သွားလျှော်လိုက်.....။"

"ဘာ..?"
ကျန်ချန် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ သူ့မှာ ကုဖေး၏စကားကို ပြန်လည်ချေပဖို့ရန်လမ်းမရှိပေ။

ကုဖေးက ဖုန်းကိုချပြီး သူ့မျက်နှာကိုကြည့်လာသည်။
"မင်း မလျှော်ချင်တာကို,ဘာကိစ္စမေးနေလဲ။"

ကျန်ချန် သူ့ကို ပြန်ကြည့်လိုက်တယ်။

အစတုန်းက, သူ့ကို ဆိုင်ထဲခေါ်လာပေးသည့်
အတွက် သူ ကုဖေးကို ကျေးဇူးတင်နေခဲ့၏။ဒါပေမဲ့, ကုဖေး၏သဘောထားသည် သူ့ကို ကျေးဇူးတင်ဖို့ခက်အောင်လုပ်နေ၏။သူက
ခုလေးတင်မှ သတိလည်လာခြင်းကြောင့် ဒေါသထွက်လို့ မဖြစ်ချေ။

သူတို့ တစ်ယောက်ကိုတစ်ယောက် အပြိုင် စိုက်ကြည့်ပြီးနောက်တွင် ကုဖေးက ခေါင်းပြန်ငုံ့သွားပြီး ဖုန်းဆက်ဆော့နေ၏။

ကျန်ချန်လည်း သူ့ကိုလျစ်လျူရှုပြီး ဆိုင်အပြင်ဘက်သို့ ထွက်လာလိုက်တယ်။

ဆိုင်အပြင်ဘက်တွင် နေ့အလင်းရောင်သည်
တောက်ပနေပြီး မြောက်ပြန်လေညင်းတသွင်
သွင်နှင့် တိုက်ခတ်နေသည်။ သို့သော်လည်း အပြင်ဘက်ရှိရာသီဥတုကအေးနေဆဲဖြစ်၏။

သူ့ခေါင်းက နောက်တစ်ကြိမ် ဆိုးဆိုးရွားရွား ကိုက်လာပြန်သည်။ကျန်ချန်လည်း အိပ်ကပ်ထဲမှ နှင်းလျောစီးဦးထုပ်ကိုထုတ်ပြီး ၊ခေါင်းပေါ်မှာဆောင်းလိုက်တယ်။သူဖုန်းထဲမှအချိန်ကို .ကြည့်လိုက်သည့်အခါ သူ မေ့လဲသွားတဲ့အချိန်နှင့်အိပ်ပျော်သွားချိန်က အကြမ်းအား
ဖြင့် နာရီဝက်မျှကြာသည်ကိုတွေ့လိုက်ရ၏။

အရမ်းမကြာဘူးပဲ......

ဆိုင်တံခါးရှေ့တွင်မတ်တပ်ရပ်နေရာမှကျန်ချန် လမ်းတစ်ဖက်သို့ မျှော်ကြည့်လိုက်ပြီး ၊ အေးအေးဆေးဆေးနှင့်လမ်းဆက်လျှောက်
ဖို့ရန်ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့,သူ ရှာဖွေနေသည့်လမ်းဆုံသို့ရောက်လာသည့်အခါ၊
သူ အိမ်သို့ခြေဦးလှည့်ပြန်လာဖြစ်ခဲ့သည်။

သူ အိမ်မပြန်ချင်ဘူး။လီပေါင်ကော်ဟောက်သံကို သူနားမထောင်ချင်ဘူး။ဒါပေမယ့်,သူ့အဝတ်အစားတွေကို လဲဖို့လိုအပ်နေသည်။

နှင်းတောထဲသို့ဖြတ်လျှောက်လာနေရင်းနှင့်အထီးကျန်မှုကို သူ ခံစားမိလာတယ်။

အတိတ်တုန်းကလည်း , ယခုလိုမျိုးအပြင်မှာလေလွင့်နေခဲ့သည့်ရက်တွေ သူ့ဆီမှာရှိခဲ့၏။ အိမ် မပြန်ဖြစ်တဲ့ ရက်တွေတောင် ရှိခဲ့သည်။ဒါပေမဲ့,ယခုလိုမျိုး အထီးကျန်တဲ့ခံစားချက်ကို သူမခံစားခဲ့ရချေ။

ဘာကြောင့်မှန်း, သူမသိဘူး။

မိဘဆီမှစွန့်ပစ်ခံရမှုနှင့်အိမ်ပေါ်မှ နှင်ချခံရမှုတို့က သန်မာလှတဲ့ သူ့စိတ်ကို ပြိုလဲသွားစေခြင်းကြောင့်ဖြစ်နိုင်၏။ဒါမှမဟုတ်သူလက်ရှိနေရသည့် ပတ်ဝန်းကျင်ကစိမ်းပြီး၊စုတ်ပြတ်နေသည့်အတွက်ကြောင့်ဖြစ်နိုင်၏။ ထို့အပြင် သူ့ဘေးနားတွင် သူငယ်ချင်းတွေတစ်ယောက်မှမရှိခြင်းကြောင့်ဖြစ်နိုင်သလို ....သူအဖျားရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထိုအခိုက်တွင် သူ့ဖုန်းက အသံမြည်လာ၏။သူ အိပ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်လိုက်အခါ၊ ယွီရှင်းက သူ့ဆီသို့ မက်ဆေ့ချ်တစ်စောင် ပို့ထား၏။

-ငါနောင်တရတယ်...

ကျန်ချန်သက်ပြင်းချပြီး စာပြန်ပို့လိုက်တယ်။

-သန်မာရဲရင့်တဲ့သူတွေရဲ့စကားလုံးတွေက ပြတ်ပြတ်သားသားပဲဖြစ်သင့်တယ်..

ယွီရှင်းက သူ့ဆီ စာမပြန်တော့ချေ။သူမက ဆုံးရှုံးသွားတဲ့အခွင့်အရေးအတွက် စိတ်ဆိုးနေမယ်။ဒါမှမဟုတ်နောက်ထပ်ပိုကောင်းတဲ့အခွင့်အရေးကိုရဖို့ မီးလိုပူတဲ့မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားအုံးမလားဆိုတာ ၊ဘယ်သူ
မှမသိနိုင်ပေ။

သူ ဖုန်းကိုပိတ်ပြီးအိပ်ကပ်ထဲပြန်ထည့်၍
သူ့နှာတံကို ခပ်ဖွဖွလေးထိကြည့်မိသည်။

သူ့မှာ ထိုကဲ့သို့လုပ်ဖို့ ရည်ရွယ်ချက်မျိိုးမရှိသော်လည်း သူနှာတံဆီက စပ်ဖျင်းဖျင်းနှင့် နာကျင်မှုကိုသူခံစားမိ၏။သူလဲကျသွားချိန်တုန်းကသူ့နှာခေါင်းနှင့်မြေကြီးကိုအနမ်းပေး
လိုက်ရသည့်အတွက်ကြောင့် ဒဏ်ရာရသွားခြင်းဖြစ်နိုင့၏။

ကျစ်........

သူ့နှာရိုးကိုဂရုတစိုက်နှင့်ဖိကြည့်လိုက်ပြီး၊နှာရိုးမကျိုးသွားကြောင်း သေချာမှ သူ့လက်ကို အိပ်ကပ်ထဲသို့ပြန်ထည့်လိုက်တယ်။

သူ လမ်းအနည်းငယ် ဆက်လျှောက်လာပြီး
နောက်တွင် လမ်းကြားကျဥ်းကျဥ်းလေးကို တွေ့လိုက်ရသည်။ထိုလမ်းကြားလေးသည် သူရှာနေသည့်လမ်းကြားလေးပင်။

သူအတွေးတွေဆီမှ ရုန်းမထွက်နိုင်သေးခင်၊အစိမ်းရောင်ခေါင်းတစ်လုံးက လမ်းထောင့်ချွန်းမှ လေအလျင်လိုမျိုးပျံထွက်လာ၏။

ကျန်ချန် လှမ်းမြင်လိုက်ရသည့် အစိမ်းခေါင်း
နှင့်လူကစကိတ်ကိုအရှိန်နှင့်စီးနေတဲ့ကုမြောင်ဖြစ်နေသည်။ သူမက သူ့ဘေးနားကနေ ကပ်သီလေး ပွတ်တိုက်ပြီး ဖြတ်ကျော်သွားသည်။ သူမစကိတ်အရှိန်ကအရမ်းမြန်လွန်းနေသည့်အတွက် သူမမျက်နှာကိုပင်  ကောင်းကောင်း
မမြင်လိုက်ရပေ။

သြော်,စကိတ်စီးတဲ့ကောင်မလေးပဲ..

ကျန်ချန် သူမကိုကျောခိုင်းလိုက်ပြီး၊ သူမလို ငယ်ရွယ်သည့် ကောင်မလေးတစ်ယောက်အတွက် ဆံပင်အပြောင်ရိတ်ခံရခြင်းသည်
မတရားဘူးဟူ၍ သူ တွေးလိုက်မိသည်။

ဟိုတစ်ယောက်က သူမအကိုအရင်းဟုတ်မဟုတ်ဆိုတာဘယ်သူလဲ?။သူမကဆံပင်
တွေဖရိုဖရဲဖြစ်သွားသည်အထိအညှပ်ခံရ
တာကြောင့်၊ဆံပင်တိဖို့ရန်ဆံပင်ညှပ်ဆရာ
ရှာဖို့ ခက်ခဲနေလို့လား..? ?

လက်ရှိအချိန်က တစ်နှစ်တာ၏အအေးဆုံးအချိန်ဖြစ်ပြီး၊ အစိမ်းရောင်ဦးထုပ်ပါလျှင်
ပင် အအေးဓာတ်ကအတူတူမျှဖြစ်သည်။

သူ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ့အမြင်အာရုံတွေက ဝေဝါးသွားသည်။ မဟုတ်ဘူး, ကုမြောင်ကသေးငယ်သည့်အစက်အပျောက်လေးမျှကျန်သည့်အထိ မြန်မြန် ပျံသန်းသွား
၏။

သူ့ခေါင်းပြန်မလှည့်ရသေးခင် ၊ လမ်းကြားလေးထဲမှ နောက်ထပ် စက်ဘီးသုံးစီးထွက်လာသည်။

စက်ဘီးတွေကလမ်းမကြီးနှင့်အရိုက်ခံရများ
လွန်း၍ လက်ကိုင်တွေနှင့်စက်ဘီးဂွေတွေပင် တချွင်ချွင်မြည်နေသည်။ ဘီးလုံးတွေတောင်ခွေခေါက်နေပေမဲ့လည်း တကယ်ကို အရှိန်မြန်မြန်နှင့်သွားနေကြသေး၏။

စက်ဘီး ပေါ်က တစ်ယောက်က အော်ပြောလာသည်။
"Fuck,သူကအရမ်းမြန်လွန်းတယ်။"

ထိုစကားနောက်ကွယ်မှအဓိပ္ပါယ်ကိုကြားရသည့်အခါ ကျန်ချန်  အေးခဲသွားတယ်။

ကုမြောင်က အနိုင်ကျင့်ခံရပြန်ပြီလား?။ဖ

သူ့ကိုယ်တိုင်လည်း စိတ်မရွှင်လန်းနေသော
ကြောင့် သူများကိုသနားနေဖို့အချိန်မရှိပေ။

ဒီမြို့က ဘယ်လောက်တောင် စိတ်ကုန်ဖို့ ကောင်းတဲ့နေရာကြီးလဲ......!

ကျန်ချန် အိမ်အသစ်သို့ပြန်ရောက်ချိန်တွင် လီပေါင်ကော်က ဟောက်သံမထွက်ပဲအိပ်
ပျော်နေ၏။ဒါပေမဲ့,ကျန်ချန် အခန်းထဲဝင်လိုက်သည်နှင့် တပြိုင်နက် သူက အဆက်
မပြတ်ချောင်းဆိုးလာသည်။မနားတမ်းဆိုးနေသည့် ချောင်းဆိုသံများသည် ထိုသူ့၏ အဆုတ်နှင့်နှလုံးကိုဆုတ်ဖြဲနေတဲ့အလား
ထင်ရစေသည်။

ကျန်ချန်အနေနှင့် ဘာမှ မကူညီနိုင်သော်ငြား
လီပေါင်ကော်ကိုသွားကြည့်လိုက်သေးသည်။
လီပေါင်ကော်က မျက်လုံးမှိပြီး သက်တောင့်သက်သာနှင့် အိပ်ပျော်နေဆဲဖြစ်သည်။

ချောင်းဆိုးရင်းနှင့်တောင်အိပ်ပျော်နိုင်သည့်အစွမ်းက ကျန်ချန်တွင်လည်းမရှိပေ။ သူဆိုလျှင် ချောင်းဆိုးသည်နှင့်သေချာပေါက်အိပ်ယာမှနိုးလိမ့်မည်။

လီပေါင်ကော်၏အစွမ်းက အံ့သြစရာပဲ။

သူအဝတ်အစားလဲပြီးနောက်တွင်၊ခရီးဆောင်အိတ်ထဲမှမျက်နှာသုတ်ပဝါထုတ်လိုက်တယ်။ ထိုမျက်နှာသုတ်ပဝါကို ရေစွတ်ပြီး သူ့ရဲ့ညစ်ပေနေသည့် မျက်နှာကို သန့်ရှင်းလိုက်သည်။

အားလုံးပြီးသွားသည့်နောက်တွင် သူအိပ်ယာပေါ်မှာ ထိုင်ချလိုက်တယ်။

သူ ဘာဆက်လုပ်ရမှန်း မသိတော့ချေ။

ဘေးအခန်းတွင်အိပ်ပျော်နေတဲ့လီပေါင်ကော်
၏ ချောင်းဆိုးသံက ခဏမျှတိတ်သွားသော်
လည်း အဆက်မပြတ်ဆိုးလာပြန်၏။

လက်ရှိတွင် ခံစားနေရသည့် သူ့ခံစားချက်တွေကို စကားလုံးနှင့်ပင် ဖော်ပြလို့တောင်
မရနိုင်ချေ။အဲ့ဒီလူက သူ့အဖေရင်းဖြစ်ပြီး
သူ့ကိုယ်ထဲတွင်လည်း ထိုလူ၏သွေးတွေ
စီးဆင်းနေလျှက်ရှိသည်။

သူက ဒီလိုမျိုး မိသားစုအသိုင်းအဝိုင်းထဲမှာ မွေးဖွားလာခြင်းဖြစ်ပေမယ့်၊အခြားမိသားစုဝင်တွေနှင့်မတွေ့ဖူးသေးချေ။ လီပေါင်ကော်
ကို သတိထားရမယ့်လူ ဆိုပြီး အက္ခရာကြီးကြီးနှင့်တောင် သူ့စိတ်ထဲမှာရေးထွင်းပြီးပြီဖြစ်သည်။

ပြသာနာများကိုတွေးတောခြင်းမှ ရှောင်ကြဥ်ဖို့ သူ့ကိုယ်သူ အခွင့်အရေးပေးခဲ့သော်လည်း၊ အိမ်အတွင်းအပြင် ယိုယွင်းပျက်စီးနေသည့် အခြေအနေများကို သူ့မျက်လုံးနှင့်ကိုယ်တိုင် မြင်တွေ့နေ၏။ သူ မမြင်ချင်လျှင်တောင် သူလုပ်နိုင်တဲ့အရာဘာမှမရှိပေ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူအဖေနှင့် အမေဆီမှသူ့ကိုမွေးစားထားသည်အကြောင်း
ကိုသိခဲ့ရသည်။ အရိုးထဲထိစွဲနေပြီးသားဖြစ်သည့် ဂရုစိုက်မှုတွေ၊ကြင်နာစွာကျွေးမွေးခဲ့မှုတွေနှင့်ယှဥ်လိုက်လျှင်ထိုကိစ္စကအသေးအဖွဲ
မျှဖြစ်သည်။အဲ့အချိန်တုန်းက အဖေနှင့်အမေအပေါ်မှာ သူ ဘယ်လိုပြန်ပြောခဲ့လဲဆိုတာကိုတောင် သူ မမှတ်မိတော့ဘူး။ဒါပေမဲ့,လက်ရှိတော့ ထိုစကားလုံး တစ်လုံးချင်စီတိုင်းသည် သူ့မျက်နှာကိုဖြတ်ရိုက်နေသည့်အလား။

သူ့ညီရဲ့ပင်ကိုယ်စရိုက်အကြောင်းကိုပြောရလျှင်၊သူ့ညီလေးကစကားကိုပြတ်ပြတ်သားသားပြောပြီး၊စာအုပ်ဖတ်ခြင်းကိုနှစ်ခြိုက်တဲ့သူဖြစ်၏။သူ စကားအများကြီးမပြောလျှင်
တောင် သူတို့ညီအစ်ကိုနှစ်ယောက်ကလုံးဝ
မတူညီကြပေ။

အိမ်နီနားချင်းတွေက သူတို့ကိုမိသားစုတစ်ခုတည်းမှမဟုတ်ဘူးလို့တောင်ပြောခဲ့ကြသည်။

ဟုတ်တယ်, သူက မိသားစုနှင့်သဟဇာတ
မဖြစ်ခဲ့ဘူး။

လီပေါင်ကော်သည် ချောင်းတဟွတ်ဟွတ်ဆိုးနေပြန်သည်။ အဆက်မပြတ်နှင့် ဆိုးနေသည့်ချောင်းကြောင့်အိပ်ယာနိုးလာပုံရသည်။သူ့ရဲ့ဆဲဆိုနေသံကိုပင် ကျန်ချန် ကြားနေရတယ်။

မကြာခင်, ထိုလူကြီး၏ဟောက်သံကပြန်ထွက်လာသည်။

သူ့တစ်ကိုယ်လုံးပူကျစ်နေသောကြောင့် ကျန်ချန် မတ်တပ်ထရပ်ပြီး အပြင်ထွက်ဖို့ရန် ဧည့်ခန်းထဲကို သော့ယူလိုက်တယ်။သူ ဆေးရုံကိုသွားပြီးဆေးစစ်ကြည့်ဖို့လို၏။သူ့တစ်ကိုယ်လုံး အဖျားဒဏ်ကြောင့် နွမ်းနယ်မှုကိုခံစားမိနေသည်။

....

ကုဖေးကဆိုင်နားတွင်စိုက်ထားသည့် ပန်းပင်တွေနားတွင် ဆောင့်ကြောင့်ထိုင်၍ ကုမြောင် စကိတ်စီးတာကိုကြည့်နေသည်။သူမစကိတ်ကို သုံးကြိမ်မြောက်စီးပြီးနောက်တွင် သူမ၏
မျက်နှာက အအေးဒဏ်ကြောင့် နီရဲလာ၏။

လေးကြိမ်မြောက် သူမစကိတ်စီးပြီးချိန်တွင် သူမကို ရပ်တန့်ဖို့ ကုဖေး လက်ပြလိုက်တယ်။ ထိုအခါ သူမကစကိတ်အရှိန်ကိုလျော့ပြီး သူ့ရှေ့သို့ရောက်သည်အထိဖြည်းဖြည်းလှိမ့်လာသည်။

ကုဖေး ပြောလိုက်တယ်။
"အိမ်ပြန်ပြီးထမင်းစားရမယ့်အချိန်ရောက်ပြီ။ မင်းရဲ့ပစ္စည်းတွေသွားသိမ်းတော့။"

ကုမြောင်က စကိတ်ကိုယူပြီး ဆိုင်ထဲသို့ဝင်သွား၏။

ကုဖေးစီးကရက်ဖွာ၍နေ့လည်စာဘာစားသင့်လဲဆိုတာကိုစဥ်းစားနေချိန်တွင်၊ ကုမြောင်၏ ကြောက်လန့်တကြား အော်သံက ဆိုင်အပြင်
သို့ ထွက်လာ၏။

ကုဖေး စီးကရက်ကိုပစ်ချပြီး ဆိုင်ထဲသို့
အမြန်ပြေးဝင်သွားလိုက်တယ်။

ကုမြောင်၏အော်သံကရေချိုးခန်းထဲမှထွက်လာခြင်းဖြစ်သည်။ သူ အခန်းထဲ ဝင်သွားပြီး ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန်တွင်
ကုမြောင်ကမျက်လုံးမှိပြီး လက်ဆေးကန်ရှေ့ တွင် မရပ်မနားနှင့် အော်ဟစ်နေသည်ကိုမြင်လိုက်ရ၏။

ကုဖေး ရေဘုံပိုင်ခေါင်းကိုပိတ်ပြီး၊ သူမကိုချီ
၍ရေချိုးခန်းထဲမှထွက်လာပြီး၊ သူမနောက်
ကျောကိုခပ်ဖွဖွ ပုတ်ပေးလိုက်တယ်။
"ရှုး ,စိတ်ငြိမ်ငြိမ်ထားနော်၊ဘာရေမှမရှိဘူး။ဘာရေမှမရှိဘူးနော်။"

ထိုအခါမှ ကုမြောင်၏အော်သံက တိတ်ဆိတ်သွားပြီး၊ သူမက သူ့လည်တိုင်ကိုဖက်၍ ပခုံးထက်တွင် မှီပြီးတိုးတိုးလေးနှင့်ပြောလာ၏။
" ဗိုက်ဆာတယ်။"

"အတူတူပဲ။"
ကုဖေး၏လက်တစ်ဖက်က သူမ၏လက်ကိုတွဲလိုက်ပြီး၊ကျန်လက်တစ်ဖက်တွင် စကိတ်ကိုကိုင်လိုက်သည်။
" သွားစားကြမယ်။"

#photo

Continue Reading

You'll Also Like

531K 29.5K 22
(Zawgyi+Unicode) When a new Empress is appear...... The own who owns the characters-Xin Bao Er Original author-Luxiufer (Luxiufer's fanfiction 1)
923K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
252K 15.3K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...
65.5K 3.5K 15
*many couples *many characters ^ Are you ready to read? ^