ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 2 ( Zawgyi)

8.4K 612 22
By melieee2

Chapter 2; ပူရှစ်ဟောင်နျောင် [ဌက်ကောင်း
မဟုတ်]

သူ့အမေစကားအတိုင်းဆိုလျှင်,လက်ရှိအခြေအနေကထူးဆန်းသကဲ့သို့ကျန်ချန်ခံစားရသည်။သူ့အတွေး
ရထားသည်ရှုပ်ထွေးနေ၍ အကုန်မေ့မေ့ပျောက်
ပျောက်ဖြစ်လာ၏။

လွန်ခဲ့တဲ့ဆယ်နှစ်စုကာလတွင် သူ့ဘဝမှာ မိဘအစုံ
အလင်နှင့်မိသားစုတစ်ခုရှိခဲ့သည်။ သူတို့ ရဲ့မိသား
စုဆက်ဆံရေးကသိပ်အကောင်းကြီးမဟုတ်ပေမယ့်
ဆိုးရွားနေတာမျိုးမဟုတ်ချေ။ အမေ နာမည်,ရှန်ယီကျင်း၊အဖေနာမည်,ကျန်းဝေ့၊ပြီးတော့သူ့မှာညီလေးတစ်ယောက်ရှိခဲ့၏။

ဒါပေမယ့်,သူမေ့နေပြီဖြစ်သော နာမည်တစ်ချို့နှင့်
လီပေါင်ကော်ရဲ့မိသားစုစာရင်းထဲတွင် ထည့်သွင်း
ခံခဲ့ရသည်။

သူ့ဦးနှောက်သည် ယခုအခါလုံးလုံးရှုပ်ထွေးနေ၏။

စင်စစ်တွင်  ,သူနှင့်သူမိသားစုကြားမှာဆက်ဆံရေးတင်းမာမှုများရှိခဲ့သည့်အပြင်၊သူ့မိဘတွေနှင့်သူတို့ညီအစ်ကို ကြားမှာ ရှိသော ဆက်ဆံရေးကို ' မီးညွှန့်မီးလျှံတစ်စကြောင့်နှင့် ကောက်ရိုးပုံတစ်ပုံလုံးမီးဆွဲလောင်နိုင်သကဲ့'သို့တငွေ့ငွေ့လောင်ကျွမ်းခဲ့သည်။သူသေချာပြန်စဉ်းစားကြည့်မိသည့်အခါ၊ညီအစ်ကိုချင်းစကားလုံးဝမပြောဖြစ်ခဲ့တာတစ်နှစ်ပင်ရှိတော့မည် ဖြစ်သည်။ အမြဲတမ်းသိမ်မွေ့ပြီးအေးချမ်းနေ
ခဲ့သည့်သူ့အမေပင်အေးချမ်းတည်ငြိမ်မှုပျောက်ဆုံးနေ၏။

သူ အလယ်တန်းကျောင်းသားဘဝအရွယ်မှစပြီး အထက်တန်းကျောင်းသားဘဝရောက်သည်အထိ
သူတို့မိသားစုဆက်ဆံရေးကတင်းမာနေဆဲဖြစ်၏။ထို့ကြောင့် ,မိဘများနှင့်မျက်နှာချင်းမဆိုင်ရအောင် အိမ်ကိုမပြန်ဖို့အထိတောင်သူစဉ်းစားခဲ့သည်။

ဒါပေမယ့်,  မိသားစုတစ်ဦးနှင့်တစ်ဦးမျက်နှာချင်း
မဆိုင်မိအောင်နေမယ်ဆိုသည့် သူ့ကလေးအတွေး
ကို သူ့မိဘနှစ်ယောက်ထဲမှ တစ်ဦးဖြစ်သူက လက်
တွေ့အကောင်အထည်ဖော်ပေးလာ၏။ သူ့ မျက်စိ
ရှေ့မှာတင်၊သူ့ဆုတောင်းများကအမှန်တကယ်ဖြစ်
လာခဲ့ချိန်တွင် ကျန်ချန်တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်တုန်းက သူ အရမ်းခြောက်ခြားသွားခဲ့တာဖြစ်၏။

"အမေဆီမှာ မင်းကို ပြောစရာစကားရှိတယ်။"
ဆိုပြီး သူမကသူ့အားထိုစကားများပြောခဲ့၏။
ထို့နောက် သူတို့မိသားစုကြား လအနည်းငယ်
ကြာဖြစ်ပွားခဲ့သည့်သွေးအေးစစ်ပွဲကရပ်တန့်
သွားခဲ့သည်။

ယခုအချိန်ထိတိုင်အောင် ထိုအဖြစ်အပျက် အားလုံးကို အိပ်မက် တစ်ခုလိုမျိုး ကျန်ချန်ခံစားနေရဆဲပင်။

ဒါပေမယ့်, သူ စိတ်သောကရောက်ပြီးမနေချင်။

........

လီပေါင်ကော်က သူ့ကိုလှည့်ကြည့်ပြီး စကား
ပြောလာ၏။
"အေးတယ်မဟုတ်လား?။ ဘယ်လိုလဲ , မင်း
အရင်နေခဲ့တဲ့မြို့ထက် ဒီမြို့က ပိုအေးတယ်
မလား? ။"

"အင်း။"
ကျန်ချန် face maskအောက်မှအသံပြုလိုက်၏။

"အိမ်ထဲရောက်ရင် နွေးသွားလိမ့်မယ်။"
လီပေါင်ကော်က အသံအော်ကျယ်အော်ကျယ်ပြောလာသည်။ကံမကောင်းစွာပင်,သူ အသံကျယ်ကျယ်အော်ပြီးပြောချိန်တိုင်း,သူ့တံတွေးတွေက သူ့မျက်နှာပေါ်သွားစင်၏။
"အဖေ မင်းအတွက်အခန်းတစ်ခန်းသန့်ရှင်း
ရေးလုပ်ပေးထားတယ်။ "

ကျန်ချန် face mask ကို ဆွဲတင်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ။"

"သားနဲ့အဖေကြားမှာ ကျေးဇူးတင်ဖို့လို,လို့လား။"
လီပေါင်ကော်ကချောင်းတစ်ချက်ဟန့်၍ပြုံးပြလာပြီး၊ ကျန်ချန်ရဲ့နောက်ကျောကို ရိုက်လားပုတ်လား လုပ်လာ၏။
"အဖေနဲ့ သားကြားမှာ ကျေးဇူးတင်စကား ပြောစရာမလိုဘူး။ "

ကျန်ချန်သည် ဘာမှမတုံ့ပြန်နိုင်ခင်၊လီပေါင်ကော်
၏ လက်ဝါးနှစ်ချက်က သူ့ကျောကုန်းပေါ်သို့အရှိန်
နှင့်ကျရောက်လာသည်။သူ့အဆုတ်သည် လေအေးများ ရှုရှိုက်ခဲ့ရသည့်အတွက်ကြောင့်ချောင်းဆိုးချင်နေခဲ့တာဖြစ်သည်။

လီပေါင်ကော်၏ရိုက်ချက်ကြောင့် ကျန်ချန် မြေကြီးပေါ်သို့လဲသွားပြီး မျက်ရည်များစီးကျလာသည်အထိ ချောင်းတဟွတ်ဟွတ်ဆိုးတော့၏။

"မင်းခန္ဓာကိုယ်ကသိပ်လည်းမသန်ပါ့လား။ "
လီပေါင်ကော်က သူ့ကိုငုံ့ကြည့်လာသည်။
"ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်သင့်တယ်။
ငါ မင်းအရွယ်တုန်းကဆို၊ တောဝက်ဝံတစ်ကောင်
လိုမျိုးသန်မာခဲ့တာ။"

သူ့စကားများကို ကျန်ချန်ကသဘောတူကြောင်း လက်မ ထောင်ပြလိုက်တဲ့အခါ၊လီပေါင်ကော်က
သူ့ကိုရယ်ကျဲကျဲနှင့်ကြည့်လာ၏။

"မင်း များများလေ့ကျင့်မှဖြစ်မယ်။ငါ့ကိုဂရုစိုက်ဖို့
က မင်းအပေါ်မူတည်သွားပြီ။"

ထိုစကားမျိုးကြားရချိန်တွင် ကျန်ချန်ခန္ဓာကိုယ်ကိုမတ်မတ်ပြန်ရပ်လိုက်ပြီး လီပေါင်ကော်အား ပြန်ကြည့်လိုက်သည်။

"သွားစို့။"
လီပေါင်ကော်က ပြောပြောဆိုဆိုနှင့်သူ့ ကျော
ကုန်းကိုအားနှင့်ထပ်ရိုက်ပြန်၏။

ကျန်ချန်ရဲ့မျက်ခုံးကတွန့်ချိုးသွားပြီးလီပေါင်ကော်ကို စိုက်ကြည့်လိုက်သည်။
" မရိုက်နဲ့။"

"ယို့? ?"
လီပေါင်ကော်က သူ့ကို ဘာမထီမျက်လုံးများဖြင့်
ပြန်ကြည့်လာသည်။
" ဘာပြောလိုက်တယ်?။"

ကျန်ချန် face mask ကို ဆွဲချွတ်ပြီး ထိုလူ့မျက်လုံးများတည့်တည့်စိုက်ကြည့်လိုက်၏။
" ကျွန်တော့် နောက်ကျောကိုမရိုက်နဲ့..!"

........

လီပေါင်ကော်၏အိမ်လမ်းသည် ဟောင်းနွမ်းစုတ်ပြတ်နေသောလမ်းကြားလေးတွင်ရှိပြီး၊
လမ်းတစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင် မျိုး
စုံစီတန်းနေလျှက်ရှိ၏။ လမ်းကြို လမ်းကြားတစ်လျှောက်လုံးစားသောက်ဆိုင်နှင့်အဝတ်
အစားဆိုင်များ အပြင်၊ နေ့စဉ် သုံးစွဲနေသည့် အသုံးအဆောင်ပစ္စည်းများရောင်းချနေသည့်
ဆိုင်ခန်းငယ် တွေမှစပြီး ဆိုင်ခန်းကြီးများနှင့်
ပြည့်နေသည်။

ကျန်ချန်ခေါင်းမော့ပြီးကြည့်လိုက်သည့်အခါအဆောက်အဦး အပြင်နံရံတွေပေါ်မှာ အတိုင်း
သားချိတ်ဆွဲထားတဲ့  လျှပ်စစ်ကြိုးသွယ်တန်း
များကိုမြင်လိုက်ရသည်။ အဆောက်အဦးနံရံ
တွေ၏ မူလအရောင်အသွေးကို မှန်းဆကြည့်
လို့မရတော့သည်အထိ၊အပြင် ကောင်းကင်က
အမှောင်ထုသည်းလာခြင်းကြောင့်,သို့မဟုတ်
အုတ်နံရံတွေ၏ အရောင်သည် အစတည်းက မွဲခြောက်ခြောက်အရောင်ဖြစ်နေခြင်းလားဆို
ပြီး ကျန်ချန် တွေးနေမိ၏။

သူ့နှလုံးသားတစ်ခုလုံးပြည့်ကျပ်နေတဲ့ခံစားချက်များနှင့်အတူလီပေါင်ကော်သွားနေသောစင်္ကြ့လမ်းအတိုင်း ကျန်ချန် အနောက်မှလိုက်လာခဲ့၏။သူတို့ကသစ်သီးဝလံအမျိုးမျိုးနှင့်ပစ္စည်းပုံများကိုဖြတ်ကျော်လာခဲ့ပြီးအဆောက်အဦးရဲ့ချောင်ကျနေတဲ့ပထမထပ်တိုက်ခန်းတံခါးရှေ့သို့ ရောက်လာသည့်
အချိန်တွင် လီပေါင်ကော်၏ခြေလှမ်းများတန့်သွား
၏။ လီပေါင်ကော်က တိုက်ခန်းတံခါးကိုဖွင့်ပြီးပြောလာသည်။
"ဒီပတ်ဝန်းကျင်က မင်း အရင်နေခဲ့တဲ့နေရာကို
ယှဉ်နိုင်မှာမဟုတ်ဘူး။ဒါပေမယ့်, မင်းရဲ့ပိုင်ဆိုင်
မှုက ဘယ်မှာလဲ။"

ကျန်ချန် သူ့ကို ဘာစကားတစ်ခွန်းမှမပြောပဲ၊ ကော်ရစ်တာမျက်နှာကြက်တွင်တပ်ဆင်ထားသော ပင့်ကူချည်မျှင်များ ယှက်နွယ်နေသည့်မီးချောင်းကိုကြည့်လိုက်သည်။ မီးချောင်းသည်သက်မဲ့ပစ္စည်းတစ်ခုဆို
ပေမယ့်၊ထိုမီးချောင်း၏မွန်းကြပ်မှုကို သူ ခံစားမိ၏။

"မင်းပိုင်ဆိုင်တဲ့အရာ ဘယ်မလဲ။"
လီပေါင်ကော်က တိုက်ခန်းတံခါးကို ဖွင့်ပြီး သူ့ကို
လှည့်ကြည့်သည်။ထို့နောက် သူကကျန်ချန်ရဲ့ပခုံးယကိုကြမ်း​ကြမ်းပုတ်လာ၏​။
"မင်း ပိုင်တဲ့အရာကလည်းငါ့အပိုင်။ဒါမျိုးကို အဖေ
နဲ့သားကြားမှာရှိတဲ့ ဆက်ဆံရေးလို့ခေါ်တယ်။"

ကျန်ချန် စိတ်အနှောင့်အယှက်ဖြစ်သွားသာည်။
"ကျွန်တော့်ကိုထပ်မရိုက်ဖို့ ကျွန်တော်ပြောခဲ့တယ်မဟုတ်လား။ "

"ယို့!"
လီပေါင်ကော် တိုက်ခန်းထဲသို့ဝင်သွားပြီး
မီးဖွင့်လိုက်သည်။
"မင်းက တကယ်ဆိုးသွမ်းနေပါ့လား။ငါမင်းကိုပြောမယ်။ မင်း အစ်ကိုနဲ့အစ်မတောင် ဒီလိုမျိုးမဆိုးသွမ်းရဲဘူး။ မင်းသာ ဒီအိမ်မှာကြီးပြင်းလာရင်၊ ငါမင်းကို ရိုက်နှက်ဆုံးမတယ် ။လာ......., မင်း ဒီအခန်းမှာအိပ်လို့ရတယ်။ ဒီအခန်းက အရင်က မင်းအစ်ကိုအခန်းပဲ။"

လီပေါင်ကော်ဆက်ပြောသောစကားများကို ကျန်ချန် ဆက် နားထောင် မနေတော့ဘဲ၊ ခရီးဆောင်အိတ်အားဆွဲ၍ အခန်းထဲ ဝင်လိုက်၏။တိုက်ခန်းသည် အိပ်ခန်းနှစ်ခန်းသာရှိတာကြောင့်၊ကျန်ချန် နည်းနည်း အံ့အား
သင့်မိ၏။ဤကဲ့သို့ ကျဉ်း​ကျဉ်းကျပ်ကျပ် တိုက်ခန်း
တွင်မိသားစုဝင်အများကြီး ဘယ်လိုနေကြတာလဲ။

သန့်ရှင်းလုပ်ထားကြောင်းပြောခဲ့သည့်အခန်းသည်
နည်းနည်းမျှမသန့်ရှင်းချေ။အခန်းအတွင်းထဲသို့ သူ သေချာဝင်မကြည့်ရသေးလျှင်တောင်အိပ်ခန်းတွင်းရှိလေထုထဲတွင် မှိုနံ့နှင့်အတူဖုန်မှုန့် အများအပြားရှိ
နေကြောင်း အနံ့အသက်နှင့်အတိအကျပြောနိုင်၏။

အခန်းထဲတွင်အိုဟောင်းနေသည့်မတ်တပ်ဗီဒို တစ်လုံး၊စာကြည့်စားပွဲခုံနှင့်အိပ်စင်ဘေးတွင်
ဗြုတ်စဖျင်းတောင်းအမှိုက်သရိုက်များကိုဖြစ်
သလို စုပုံထား၏။ ဒါပေမယ့်,အိပ်ယာခင်းနှင့်ခေါင်းအုံးကမူ အသစ်တိုင်းသန့်ရှင်းလျှက်ရှိသည်။

လီပေါင်ကော်က အခန်းအပြင်မှလှမ်းအော်၏။
"ပစ္စည်းတွေနေရာချပြီးရင်ပြန်ထွက်လာခဲ့ဦး။မနက်ဖြန်မှ စီစဉ်စရာရှိတာ စီစဉ်လို့ရတယ်။
ငါတို့သားအဖသွားသောက်ရအောင်။"

"ဘာသောက်မလို့လဲ?။"
ကျန်ချန် အိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ကြည့်သည့်အခါ ဆယ်နာရီထိုးတော့မည်ဖြစ်၏။

"အရက်လေ။"
လီပေါင်ကော် က သူ့ကိုကြည့်လာသည်။
"ငါတို့တစ်ယောက်ကိုတစ်ယောက်မတွေ့တာ
ဆယ်နှစ်ရှိပြီမဟုတ်လား။ တစ်ခွက်တစ်ဖလားသောက်ပြီး အခမ်းအနားနဲ့ကြိုဆိုရမှာပေါ့။"

ကျန်ချန် ပြောစရာစကားပျောက်ရှသွား၏။
" ဟင့်အင်း,ကျွန်တော် မသောက်တော့ဘူး။"

"မသောက်တော့ဘူး ?။"
လီပေါင်ကော်၏မျက်လုံးများကပြူးကျယ်ပြီး
သူ့ကို အံသြတကြီးနှင့် စက္ကန့် အနည်းငယ်ကြာ
အောင်စိုက်ကြည့်နေပြီးမှ အပြုံးတစ်ခုကြောင့်
သူ့မျက်လုံးက မှေးသွားသည်။
"မင်း အရင်ကတစ်ခါမှမသောက်ဖူးဘူးလို့ 
ငါ့ကိုမပြောနဲ့နော်။မင်းတို့ အထက်တန်း...."

ကျန်ချန် စကားဖြတ်ပြောလိုက်တယ်။
"ကျွန်တော် မသောက်တော့ဘူး။အိပ်ချင်​နေပြီ။"

"အိပ်ချင်ပြီလား။ "
လီပေါင်ကော်က ဇဝေဇဝါဖြစ်သွားပေမယ့်၊
တစ်ခြားမေးခွန်းတွေ ထပ်မေးရမည့်အစား၊
သူ့ရဲ့အသံသြသြကြီး နှင့် စကားလုံးတစ်ချို့
ကို ရေရွတ်ပြီးလှည့်ထွက်သွားခဲ့သည်။
"ကောင်းပြီ။ ကောင်းပြီ, မင်းအိပ်ချင်ရင်လည်း
အိပ်တော့။"

ကျန်ချန် တိုက်ခန်းတံခါးကိုပိတ်ပြီးအခန်းထဲသို့
ပြန်ဝင်လာခဲ့သည်။သူသည် မတ်တပ်ဗီရိုကြီးဆီမလျှောက်သွားခင်၊အခန်းအလယ်မှာငါးမိနစ်ခန့်
ငူငူငေါင်ငေါင်နှင့် မတ်တပ်ရပ်နေမိ၏။

ဗီရိုတံခါးအားဆွဲဖွင့်လိုက်သည်နှင့်ပြင်းထန်လှသော မှိုအနံ့အသက်များသည်သူ့ဆီအလုံးအရင်းနှင့်တိုက်
ခိုက်လာသည်။ဗီရို၏တစ်ဖက်အကန့်တွင် ဂွမ်းစောင်များ၊ဟောင်းနွမ်းနေသည့် ဂွမ်းကပ်အနွေးထည်ဂျက်ကတ်များအပြင်၊မျက်နှာသုတ်ပဝါတစ်ချို့က
ပန်းစွယ်ပန်းဖွားများသဖွယ် အစွယ်ပွားများထွက်နေ
သည်။

သူရဲ့လက်ရှိ စိတ်အခြေအနေကို စကားလုံးများနှင့်
ဖွင့်ပြောပြဖို့ရန်ခက်ခဲသည်။ဤအိမ်ကြီးနှင့်တစ်ခြားမိသားစုဝင်တွေကို အချိန်အကြာကြီးမတွေ့ခဲ့ရတာအား သူအကောင်းဖက်မှဖြည့်တွေးမိ၏။ သူ့ရဲ့ကိုယ်
ပိုင်အခန်းကို သူတကယ်လွမ်းမိသည်။

ကျန်ချန်သည် ခရီးဆောင်အိတ်ထဲမှအဝတ်အစားများကိုထုတ်ပြီးဗီရိုထဲမှာချိတ်၏။ ထို့နောက် ဗလာ
ကျင်းသွားသည့်ခရီးဆောင်အိတ်ကိုဗီရိုအောက်ဆုံး
၌သိမ်းဆည်းပြီး၊ဗီရိုတံခါးပြန်မပိတ်ခင် ရေမွှေးဖြင့် အကြိမ်ကြိမ်ဖြန်းလိုက်သည်။ သူ့အလုပ်အားလုံးပြီးသွားသည့်နောက်တွင်၊ ဗီရိုဘေးမှာခြေပစ်လက်ပစ်ထိုင်ချလိုက်၏။

ထိုအချိန်တွင်သူ့ဖုန်းကအသံမြည်လာပြီး၊ဖုန်းကို
လှမ်းကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်တွင် "အမေ" ဆိုသည့် နာမည်က နေရာယူထား၏။

ထိုနာမည်ကသူ့ကိုဖုန်းပြန်ဖြေဖို့တွန်းအားပေးနေ
လျှက်ရှိသည်။

ဖုန်းရဲ့အခြားတစ်ဖက်မှ သူ့အမေ့အသံထွက်လာ၏။
"မင် ရောက်ပြီလား။"

ကျန်ချန် "အင်း " လို့ပြန်ဖြေလိုက်တယ်။

"ဒီအိမ်လောက်တော့ အဲ့ဒီနေရာက ကောင်းမှာမဟုတ်ဘူး။နေသားကျသွားဖို့ မင်းအတွက် အချိန်နည်းနည်းလိုလိမ့်မယ်။"

"မလိုဘူး။"

သူ့အမေ့အသံက ခဏမျှတိတ်သွားသည်။
"အားချန်,မင်း ဝမ်းမနည်းဖို့ ငါမျှော်လင့်တယ်။"

"ကျွန်တော် ဝမ်းမနည်းပါဘူး။ "

သူ့အမေအသံက အနည်းငယ်ခက်ထန်လာသည်။
"ငါတို့ မင်းကိုပြီးခဲ့တဲ့ဆယ်နှစ်အတွင်းတစ်ခါမှ
မမျှမတမဆက်ဆံခဲ့ဘူး။အဖေရော၊ ငါ ရောက
မင်းကိုမွေးစားထားတဲ့အကြောင်း ပေးသိခဲ့ကြ
တာတောင်မဟုတ်ဘူး,မလား။"

"ဒါပေမဲ့,နောက်ဆုံးကျ ကျွန်တော်သိသွားရတာပဲ မဟုတ်လား?။ကျွန်တော်ကို နှင်ထုတ်လိုက်တာပဲလေ။"

"နှစ်သစ်ကူးတုန်းက မင်းအဖေ ဆေးရုံပေါ် တင်
လိုက်ရတာ မင်းကြောင့်ဆိုတာ မမေ့နဲ့။ တကယ်
ဆို သူဒီလိုမျိုးဖြစ်မှာ မဟုတ်ဘူး။ "

ကျန်ချန် သူ့အမေစကားကို ဘာမှမတုံ့ပြန်ဘဲနေ
လိုက်သည်။သူတကယ်နားမလည်နိုင်ပေ။

သူ့အဖေအဆုတ်ရောင်ရောဂါကြောင့်ဆေးရုံ
တက်ရခြင်းကို ဘာကိစ္စ သူ့ကြောင့်လို့ပဲပြော
နေရတာလဲ..!!

သူ့အမေ ထပ်ပြောနေသည့်စကားကို ကျန်ချန် ကောင်းကောင်းမကြားရတော့ပေ။သူမစကား
များကို သူ့နားမှလက်မခံတာကြောင့်၊ဦးနှောက်
ထဲသို့ဘာတစ်ခုမျှမဝင်ချေ။ ဤသည်မှာ သူ့ရဲ့အရည်အချင်းများထဲမှတစ်ခုဖြစ်၏။

ဖုန်းတစ်ဖက်ဆီမှ သူ့အမေအသံသည် ပိုပိုပြီး
ကျယ်လာ၏။ယခုလိုမျိုးသဘောထားကွဲလွဲ
နေသည့် ပတ်ဝန်းကျင်မျိုးကို သူလည်း မလို
အပ်​ပေ။ လက်ရှိတွင် သူ့တစ်ကိုယ်လုံးပင်ပန်း
နွမ်းနွယ်လာ၏။

ဖုန်းခေါ်ဆိုမှု အဆုံးသတ်သွားပြီဖြစ်ပေမယ့်၊
သူဘာစကားတစ်ခွန်းမှမမှတ်မိချေ။သူ့အမေ
ပြောခဲ့သည့် စကားများအပြင်၊ သူ ပြန်ပြောခဲ့
သည့်စကားများကိုလည်းမေ့ပျောက်သွား၏။

"ငါ ရေချိုးရမယ်။"
ကျန်ချန် မတ်တတ်ထရပ်လိုက်ပြီး အိပ်ခန်းတံခါး
ကို ဖွင့်လိုက်၏။ သူ ဧည့်ခန်းထဲလှမ်းကြည့်သည့်အခါ ဘယ်သူမျှမရှိပေ။

သူ လည်ချောင်းရှင်းတဲ့အနေနှင့်ချောင်းဟန့်လိုက်သော်လည်း ဘာတုန့်ပြန်မှုမျှ မကြားရပေ။

ကျန်ချန်ဧည့်ခန်းဆီလျှောက်သွားလိုက်တယ်။
လီပေါင်ကော်ကိုဘယ်လိုခေါ်သင့်မှန်း သူမသိ။
"ခင်ဗျား ဧည့်ခန်းထဲမှာလား?။"

တိုက်ခန်းကအလွန်ကျဉ်းတာကြောင့်ဧည့်ခန်းထဲ
မှ မတ်တပ်ရပ်ကြည့်ရုံနှင့် အိပ်ခန်းနှစ်ခန်းအပြင်၊မီးဖိုချောင်နှင့် ရေချိုးခန်းတံခါးများကို အလွယ်
တကူလှမ်းမြင်နိုင်သည်။နောက်ထပ်အိပ်ခန်းတွင်လည်း လီပေါင်ကော်မရှိပေ။

သူတကယ်ကဒ်ကစားဖို့အပြင်ထွက်သွားတာလား!။

သူ့ကို လမ်းဆုံမှာလာမခေါ်သေးခင်ကတည်း၊ ထိုသူက ဖဲကစားနေခဲ့တာဖြစ်နိုင်၏။

"လာပါ.. ..ဖဲကစားလိုက်ရအောင်...အချိန်တွေအများကြီးကျန်သေးတာပဲ...ဘာပဲဖြစ်ဖြစ်..."

ကျန်ချန် သီချင်းညည်းရင်း ရေချိုးခန်းတံခါးကို
ဆွဲဖွင့်လိုက်တယ်။

"လာပါ...ရေချိုးကြမယ် ..ဘာပဲဖြစ်ဖြစ်....."

ရေချိုးခန်းထဲတွင်ရေပူမရချေ။

"ဘာပဲဖြစ်ဖြစ် ..."

ကျန်ချန် သီချင်းဆက်ညည်းရင်း ရေချိုးခန်းနှင့်တွဲထားသည့်မီးဖိုချောင်ကိုဝေ့ကြည့်လိုက်၏။လျှပ်စစ်
နှင့်သွယ်ထားသည့် ရေဘုံပိုင်ကရေပူမကျပေ။

"ဘာပဲဖြစ်ဖြစ်......"

ကျန်ချန် သီချင်းကို ကောင်းကောင်းဆက်မဆိုနိုင်တော့​ချေ။ မီးဖိုချောင်တစ်ခန်းလုံး လိုက်စစ်ကြည့်
ပြီးနောက်၊ ရေပူမရသည့်အမှန်တရားကိုသူလက်ခံလိုက်ရ၏။ဒေါသကြောင့် ရေပိုင်ခေါင်းကို
ကျန်ချန်ရိုက်ချလိုက်တယ်။

"ငလူးတဲ့မှ!။"

တစ်နေ့လုံးပင်ပန်းလာခဲ့ခြင်းကြောင့်ရေမချိုးပဲနှင့်အိပ်ပျော်ဖို့သူ့အတွက်မဖြစ်နိုင်ပေ။

အဆုံးသတ်တွင်.... ရွေးချယ်စရာ မရှိတာကြောင့် အိပ်ခန်းဆီပြန်သွားလိုက်ရ၏။ထို့နောက်သိမ်းထားသည့် ရေပုံးအားထုတ်ပြီး ရေချိုးခန်းထဲသို့ယူသွားလိုက်သည်။ထိုဖြစ်စဉ် တစ်လျှောက်လုံး, သူသည် အတွင်းခံဘောင်းဘီတစ်ထည်တည်းဝတ်ထားခြင်း ဖြစ်၏။မီးဖိုချောင်နှင့်ရေချိုးခန်းအားခေါက်တုံ့ခေါက်ပြန် လုပ်ပြီးနောက်တွင် ကျန်ချန်
သူ့ကိုယ်သူတစ်ကိုယ်ရေသန့်ရှင်းရေး လုပ်လိုက်
သည်။

ရေချိုးခန်းထဲမှပြန်ထွက်လာချိန်၊ သူ့ခြေထောက်
ပေါ်ပိုးဟပ်တစ်ကောင်ဖြတ်ပြေးသွား၏။သူသည် ပိုးဟပ်ကိုရှောင်ဖို့ကြိုးစားရင်း၊ဦးခေါင်းနှင့်တံခါး
ဘောင်မိတ်ဆက်ပြီးသားဖြစ်သွားသည်။

သူသည်အိပ်ခန်းထဲသို့ပြန်ဝင်လာပြီး၊မီးသီးပိတ်၍ အိပ်ပျော်ဖို့အရေး သူ့ကိုယ်သူ တွန်းအားပေးလိုက်
၏။အခန်းထဲမှာလိုက်ကာတစ်ခုမျှမရှိသော်လည်း၊ညစ်ပတ်နေတဲ့ပြတင်းပေါက်မှန်တွေကြောင့်အပြင်ဘက်ရှိမြင်ကွင်းများအား ရှင်းရှင်းလင်းလင်းမမြင်ရပေ။

ကျန်ချန်သည် နာရီဝက်မျှကြာအောင်မျက်လုံးမှိတ်ထားကြည့်သော်လည်း ၊ သူ့မျက်လုံးများကအိပ်စက်ဖို့ငြင်းဆန်နေ၏။သူသည်စီးကရက်တစ်လိပ်သောက်ဖို့တွေးနေစဉ်၊ဖုန်းအသံမြည်လာသည်။

ကျန်ချန် ဖုန်းယူကြည့်သည့်အခါ ဖန်းကျိက
သူ့ဆီမက်ဆေ့ခ်ျတစ်စောင်ပို့ထား၏။

-Fuck! မင်းသွားလိုက်ပြီလား? ဘယ်တုန်းက
သွားတာလဲ?"

ကျန်ချန် စီးကရက်ကိုနှုတ်ခမ်းထက်တွင် တေ့ပြီး
ဖန်းကျိရဲ့ ဖုန်းနံပါတ်ကိုနိုပ်လိုက်သည်။ဆေးလိပ်သောက်ဖို့ပြတင်းပေါက်နားသို့လျှောက်သွားလိုက်
ပြီး ပြတင်းပေါက်တံခါးကိုဖွင့်ဖို့စဉ်းစားလိုက်၏။

ကံမကောင်းစွာပင်, ပြတင်းပေါက်တံခါးရွက်များ
ကဖုန်မှုန့်များနှင့်ကြပ်နေ၏။သူ ဆွံ့အနေချိန်တွင်
ဖန်းကျိက ဖုန်းကိုပြန်ဖြေလာသည်။ဒါပေမယ့်,ထို
တံခါးရွက်က တစ်စက်လေးမျှရွေ့မသွားပေ။

"ချန်အာ?။"
ဖန်းကျိ၏အသံက အလုပ်မှာဖုန်းခိုးပြောနေရသည့်အသံအလား တိုးနေ၏။

ကျန်ချန်သည် ပြတင်းပေါက်ကိုလက်ခလယ်
ထောင်ပြပြီး " Fuck" ဟု ခပ်တိုးတိုး ဆဲလိုက်
၏။ ထို့နောက် သူမျက်မှောင်ကြုတ်၍ ပြတင်း
ပေါက်ဖွင့်မဲ့အတွေးအား စွန့်လွှတ်လိုက်သည်။

"မင်း လက်ရှိအခြေအနေ?။"
ဖန်းကျိက ဆက်မေးသည်။
"ငါ ဒီနေ့မှမင်းထွက်သွားတဲ့အကြောင်းယွီရှင်းဆီကကြားခဲ့တာ။ မင်း ထွက်သွားရင် ကြိုပြောမယ်ဆိုပြီး ဘာလို့ဘာမှမပြောဘဲသွားခဲ့တာလဲ?။ ငါမင်းကိုပေး
ဖို့လက်ဆောင်တောင်ကြိုဝယ်ထားတာလေ!။"

"မင်း ငါ့ဆီ ပါဆယ်လှမ်းပို့လိုက်လို့ရတယ်။"
ကျန်ချန်သည်အနွေးထည်ပြန်ဝတ်ပြီး၊ စီးကရက်ကို နှုတ်ခမ်းထက်မှာတေ့၍ ဧည့်ခန်းဆီသို့ ထွက်လာ၏။သူသည်တိုက်ခန်းတံခါးအားဖွင့်ဖို့ပြင်လိုက်စဉ်၊သော့မရှိကြောင်းကို သတိရသွား၏။ထို့​ကြောင့်, သူ့အခန်းထဲက ပြတင်းပေါက်ကို ဖွင့်ရုံမှလွဲပြီး တစ်ခြား ရွေးချယ်စရာမရှိပေ။

သူ့စိတ်သည်အစကတည်းက မုန်တိုင်းထန်နေပြီးသားဖြစ်သော်လည်း နောက်ထပ်စိတ်ရှုပ်စရာများ
သူ့ဆီထပ်ပြီးရောက်လာ၏။သူ့ဒေါသတွေနှင့်စိတ်အနှောင့်အယှက်ဖြစ်မှုအားလုံးကို ပေါက်ကွဲပစ်ချင်လာသည်။

ဖန်းကျိက စကားဆက်ပြောလာ၏။
"မင်း အဲ့ဒီကိုရောက်ပြီလား?။"

ကျန်ချန် ပြတင်းပေါက်ဘောင်ကို မှီပြီး မှောင်မည်း
နေသည့်လမ်းကိုလှမ်းကြည့်လိုက်တယ်။
"အင်း။"

"မင်းရဲ့အဖေရင်းက ဘယ်လိုလဲ?။"

"မင်းမှာ တစ်ခြားမေးစရာမရှိဘူးလား။ ငါ
ဒီအကြောင်းတွေ မပြောချင်ဘူး။"

ဖန်းကျိက စိတ်ဆိုးသွားသည်။
"ချီး, မင်းကိုအဝေးပို့လိုက်တဲ့သူက ငါ မဟုတ်ဘူး။ ဘာလို့ မင်း အခုမှစိတ်တိုနေတာလဲ?။ မင်းအမေက မင်းကို 'စာချုပ်စာတမ်းနဲ့ မွေးစားထားတာ'လို့ ပြော
တဲ့အချိန်တုန်းကငြိမ်နေပြီး၊ ဘာ အခုမှဒေါသထွက်နေတာလဲ?။"

"ငါ သဘောထားကွဲလွဲမှုတွေဆက်ပြီးမဖြစ်
ချင်တော့ဘူး။ "
ကျန်ချန် စီးကရက်ငွေ့ကိုပါးစပ်အပြည့်စုပ်ယူပြီး မှုတ်ထုတ်လိုက်တယ်။ လမ်းကြားလေးထဲတွင် လူတစ်ယောက်မျှမရှိပေမယ့်၊ ရုတ်တရက် စကိတ်စီး
နေတဲ့သေးငယ်တဲ့အရိပ်လေးတစ်ရိပ်ကလမ်းမပေါ်
ထွက်လာ၏။ထိုအသေးလေးရဲ့စကိတ်အရှိန်ကလျှင်လွန်း၏။

"ကုမြောင်"လို့ခေါ်​သောကလေးလေးအား ကျန်ချန်
ပြန်စဉ်းစားမိသွားသည်။ဟောင်းနွမ်းစုတ်ချာနေတဲ့မြို့မှာရှိတဲ့လူတွေက စကိတ်စီးပြီးသွားလာနေကြတာလား!

ဖန်းကျိက ရုတ်တရက်နှင့်သူ့ကိုမေးလာသည်။
"ငါ အဲ့ကိုလာခဲ့ရမလား။"

"ဟင်?"

"ငါပြောချင်တာက ငါ မင်းဆီ လာလည်မယ်လို့။
ပြီးတော့ အခု ကျောင်းတွေလည်းမဖွင့်သေးဘူး
လေ။ ငါ မင်းအတွက်ဝယ်ထားတဲ့ ပစ္စည်းကို လူကိုယ်တိုင်လာပို့မယ်။ "

"မလာခဲ့နဲ့။ "

"ငါ့ကို ပြောရခက်အောင်မလုပ်နဲ့။ မင်းက
မင်းနေရာကို ဘယ်သူ့မှ မပြောပြချင်ဘူး
မလား။ အခုချိန်မှာ မင်း ငါ့ဆီက ဂရုစိုက်
မှုတွေလိုအပ်ရင် လိုအပ်မှာပေါ့။ငါ့ကို လာ
ခွင့်ပေး, ငါ မင်းကို နှစ်သိမ့်ပေးမယ်။"

ကျန်ချန် မေးလိုက်တယ်။
"ဘယ်လိုနှစ်သိမ့်မှာလဲ?။ မင်းရဲ့ပါးစပ်နဲ့လုပ်
ပေးမှာလား?။"

"Fuck ! အမှိုက်သရိုက် ကျန်ချန် ။အရှက်ရှိစမ်းပါ
.....အိုကေ?။"

ကျန်ချန်ပြောလိုက်တယ်။
"မင်းက ငါ့ကိုတွေ့ရဖို့အရမ်းတက်ကြွနေတာ။ငါက ဘာလို့ရှက်ရမှာလဲ?။ ငါက မင်းနဲ့အတူတူ ပူးပေါင်းဆောင်ရွက်ပေးမှာပါ။"

........

ကျန်ချန်သည် စီးကရက်ကိုလက်ကြားမှာညှပ်ပြီး အိပ်ခန်းထဲဝေ့ကြည့်သည့်အခါ ဆေးလိပ်ပြာများ
ဖုံးနေတဲ့သံဖြူဘူးတစ်ဘူးအားတွေ့လိုက်ရသည်။ဘူးအတွင်းမှာဘာရှိနေမှန်း သေချာမစဉ်းစားပဲနှင့်
ဖွင့်ကြည့်လိုက်သည့်အခါနှစ်ပေါင်းများစွာဂျိုးကပ်နေသောဆေးလိပ်မှိုနံ့တွေကြောင့် သူအန်မိမလိုဖြစ် ​သွား၏။

သူသည် သောက်လက်စစီးကရက်ကိုဘူးထဲသို့ပစ်
ထည့်ပြီး သံဗူးကို ပြန်ပိတ်လိုက်၏။

သူ စီးကရက်ထပ်သောက်ဖြစ်တော့မှာမဟုတ်ပေ။

ပတ်ဝန်းကျင်အသစ်ကြောင့် မျက်လုံးကြောင်နေလိမ့်
မည်လို့ထင်ခဲ့သော်လည်း၊သူအိပ်ယာပေါ်တွင် လှဲအိပ်ရုံနှင့်ပင်ပန်းနွမ်းနွယ်မှုများကသူ့ကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင်လုပ်နိုင်မှာ မဟုတ်ကြောင်းထင်ခဲ့
ပေမယ့်၊ မထင်ထားစွာ...တစ်နေ့တာပင်ပန်းထားသမျှ
ကြောင့် သူတကယ်ငိုက်မျဉ်းလာ၏။

စာမေးပွဲဖြေဖို့လဝက်အလိုမှ အသည်းအသန်
စာထကျက်ပြီးမနက်ခင်းကျအိပ်ငိုက်သကဲ့သို့
သူ အိပ်ပျော်သွားသည်။

အံ့သြဖို့ကောင်းအောင်ပင်,ထိုညတွင် သူ
လုံးဝအိပ်ပျော်သွား၏။

တစ်ညလုံး အိပ်မက်လေးတစ်ခုတောင်မှ
သူမမက်ခဲ့ပေ။

.......

မနက်ခင်းအိပ်ယာမှ နိုးလာချိန်တွင်၊ ကုန်တင်
ကုန်ချဆိပ်ကမ်းမှာအလုပ်လုပ်ရသည့်အလုပ်
သမားများကဲ့သို့သူ့တစ်ကိုယ်လုံးအထိမခံနိုင်
အောင် နာကျင်နေမှုကို ကျန်ချန် ခံစားလိုက်ရ
သည်။

အချိန်သိဖို့အတွက် သူဖုန်းယူပြီးကြည့်သည့်အခါ မနက်ခင်း ၈နာရီကျော်သာရှိသေး၏။

ကျန်ချန် အဝတ်အစားများကိုပြန်ဝတ်ပြီး အခန်းအပြင်ထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာရှိနေသည့်အရာအားလုံးသည် မနေ့ညကအတိုင်း ပုံမပျက်ရှိ
ပြီး၊ အခြားအိပ်ခန်းထဲရှိ အိပ်ယာက မနေ့ညကနှင့် အတူတူဖြစ်သည်။

လီပေါင်ကော်ကတစ်ညလုံးပြန်မလာဘူးလား?။

ကျန်ချန် မျက်မှောင်ကြုတ်လိုက်၏။ သူ မျက်နှာ
သစ် သန့်စင်ပြီးတဲ့အထိ စိတ်မသက်မသာဖြစ်နေသေးသည်။မနေ့ညက သူ့ သဘောထား ပြင်းထန်
သွား၏။လီပေါင်ကော်က သူ့အားမကောင်းသည့်ရည်ရွယ်ချက်မပါပဲနှင့် အတူတူသောက်ဖို့ရာဖိတ်
ခေါ်ခဲ့သော်လည်း သူပြင်းပြင်းထန်ထန်ငြင်းပယ်ခဲ့သည်။

ထို့ကြောင့်လီပေါင်ကော်က တစ်ညလုံးပြန်မလာ
တာမဟုတ်ဘူးမလား?။

သူ လီပေါင်ကော်ကိုဖုန်းဆက်ကြည့်ရန် ဖုန်းအားလှမ်းယူလိုက်၏။မနေ့ညက အတူတူ သောက်ဖို့
ငြင်းခဲ့ပေမယ့်၊ မနက်စာ အတူတူ စားဖို့အတွက်
ပြသာနာမရှိပေ။

သူ လီပေါင်ကော်ဆီသို့ ဖုန်းခေါ်နေချိန်မှာပင် တိုက်ခန်းတံခါးအပြင်မှဖုန်းမြည်သံအတူ နှင့်
တံခါးဖွင့်သံကိုကြားလိုက်ရသည်။ဖုန်းမြည်သံ
နှစ်ဆယ်စက္ကန့်အတွင်း တိုက်ခန်းတံခါးပွင့်လာ
သည်။

လီပေါင်ကော်ကတိုက်ခန်းထဲဝင်လာ၏။သူတစ်ကိုယ်လုံးကအေးစက်ပြီး သူ့မျက်နှာသည် ပင်ပန်းနွမ်းနွယ်မှုကြောင့် ဖြူဖပ်နေသည်။

"မင်း နိုးပြီလား?။"
လီပေါင်ကော်က ကျန်ချန်ကို မြင်သည့်အခါ အသံကျယ်ကျယ်မေးလာ၏။
"အစောကြီးနိုးတာလား။ မနေ့ညတုန်းက ကောင်းကောင်း အိပ်မပျော်လို့လား?။"

"အိပ်ပျော်ပါတယ်။"
လီပေါင်ကော်ဆီမှပြင်းထန်သောဆေးလိပ်နံ့များ
နှင့်အိုဟောင်းနေတဲ့အောက်ခံဆိုဖာ ရဲ့အနံ့ကဲ့သို့
အောက်သိုးသိုးအနံ့များအား ကျန်ချန် ကြိတ်မှိတ်သည်းခံလိုက်၏။

"မနက်စာ စားပြီးပြီလား?။ "
လီပေါင်ကော်တစ်ယောက် အနွေးအင်္ကျီကို
ချိတ်လိုက်သည့်အချိန်တွင်ပိုထူးဆန်းသည့်အနံ့အသက်တွေထွက်လာ၏။ တိုက်ခန်းက
ကျဉ်းလွန်း၍ လေထုတစ်ခုလုံး အောက်သိုး
သိုးအနံ့များနှင့်ပြည့်သွားသည်။

"မပြီးသေးဘူး။ကျွန်တော်တို့......."

လီပေါင်ကော်က စကားဖြတ်ပြောလာသည်။
"အပြင်ဘက်မှာ မနက်စာရောင်းတဲ့ဆိုင်အများကြီး
ရှိတယ် ။ ငါ ပင်ပန်းလာလို့ သွားနားတော့မယ်။ နေလည်ထိလည်း နိုးမှာ မဟုတ်လို့၊မင်းဘာသာမင်းပဲကြည့်စားလိုက်တော့။"

လီပေါင်ကော်က တစ်ခြားအိပ်ခန်းထဲသို့ဝင်သွား
ပြီး အဝတ်အစားများမချွတ်ဘဲနှင့် အိပ်ယာပေါ်
တက်သွားတာကိုကြည့်ပြီး ကျန်ချန် ဆွံ့အသွား၏။
"မနေ့ညက ဘာလုပ်ခဲ့တာလဲ?။"

"ဖဲကစားနေတာ။ ငါ့ကံကမကောင်းပေမယ့်
မနေ့ညကကံကောင်းနေတယ်။ မင်းကြောင့်
မလို့....... ငါ့ရဲ့သားက ငါ့ဆီကံကောင်းခြင်း
တွေ ယူဆောင်လာခဲ့တာ။"

လီပေါင်ကော်ကပျော်ရွှင်စွာဖြင့်စကားပြောနေရင်း မျက်လုံးမှိတ်သွား၏။

..........

ကျန်ချန် စားပွဲခုံပေါ်ကသော့တွဲကိုယူပြီး တိုက်ခန်းတံခါးကိုဖွင့်လိုက်တယ်။

သူ့စိုးရိမ်ပူပန်မှုများက အရမ်းညံ့သက်လွန်းကြောင်း
ခံစားရသည်။

နှင်းစဲသွားပြီဖြစ်သော်လည်းဆောင်လေအေးအေးသည် သူ့အရိုးဆီ ထိုးဖောက်ဝင်ရောက်လာ၏။

လမ်းမပေါ်တွင် လမ်းသွားလမ်းလာများနှင့်
ကားများသည်သွားလာနေကြပြီးဗြောက်အိုး
ဖောက်သည့်အသံများအားကြား​နေရသည်။

နေအလင်းရောင်လာသည်နှင့်ဟောင်းနွမ်းနေသည့် အဆောက်အဦးများကိုသူ ရှင်းရှင်းလင်းလင်း မြင်လာရသည်။

ကျန်ချန်သည် လမ်းမပေါ်တွင် ယောင်ယောင်
ဝါးဝါးနှင့်လျှောက်သွား​နေပြီးသည့်နောက်တွင် ဖက်ထုပ်ရောင်းသည့်ဆိုင်လေးတစ်ဆိုင်ထဲသို့
ဝင်လိုက်၏။

ဖက်ထုပ်ပြုတ်နှင့် အိစက်နေသည့် တို့ဖူးနွေး
တစ်ပန်းကန်စားပြီးသွားချိန်တွင် သူခံစားနေ
ရသည့်ဝေဒနာတွေက အနည်းငယ် လျော့ပါး
သွားခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် နောက်
ဆက်တွဲဝေဒနာများကို သူ မှတ်မိသွား၏။

သူ မနေ့ကတည်းကအအေးမိချင်သလိုဖြစ်
နေတာကြောင့် မနက်စာစားပြီးတာနှင့် အနီး
နားမှဆေးဆိုင်တစ်ဆိုင်ဝင်ပြီး ဆေးသေတ္ထာ
တစ်လုံး ဝယ်ဖို့ စဉ်းစားလိုက်သည်။

သူဆေးအချို့ဝယ်ပြီးနောက်တွင် လမ်းဘေးတစ်နေရာမှာရပ်နေရင်းဝေဝါးနေ၏။

' သူ အိမ်ပြန်သင့်လား?။'

သူအိမ်ပြန်လျှင် လီပေါင်ကော်က အိပ်ပျော်နေဆဲ
ဖြစ်
သည်။

သူသည် ဆေးဆိုင်ရှေ့တွင်အတန်ကြာအောင်ရပ်နေပြီးနောက်၊ဤနေရာတွင် ဘယ်အချိန်ထိဆက်နေဖြစ်မည်မှန်းမသေချာသေးသော်လည်း၊ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းကျင်အောင် အရင်လျှောက်ပတ်ကြည့်ဖို့ ကျန်ချန် ဆုံးဖြတ်လိုက်သည်။

ကျန်ချန်သည် လမ်းကြားလေးထဲမှလမ်းမကြီးဆီ
တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။ထို့နောက် မျက်နှာချင်းဆိုင်မှာရှိ နေသည့် လမ်းကြားလေးထဲ
သို့ ဆက်လျှောက်သွား၏။လမ်းကြောင်းတစ်ကြောတည်းဖြစ်တာကြောင့် သူ နောက်ပြန်လှည့်လည်း လမ်းပျောက်စရာအကြောင်းမရှိတော့ပေ။

လမ်းသွယ်တွင်,သီချင်းခွေဆိုင်တစ်ဆိုင်နှင့်အတွင်းဘက်တွင် ပန်းနုရောင် ခြယ်ထားသည့် ရေခဲမုန့်ဆိုင် တစ်ဆိုင်ကို သူမြင်လိုက်ရသည်။ ထိုနှစ်ဆိုင်မှလွဲပြီး၊ကျန်သည့် စတိုးဆိုင်တွေကသူလာခဲ့သည့်လမ်းကြားထဲမှာရှိနေသည့်ဆိုင်များနှင့်အတူတူဖြစ်၏။

ကုန်စုံဆိုင်ကဲ့သို့ဆိုင်သေးလေးတစ်ဆိုင်ကိုဖြတ်
လျှောက်လာခဲ့သော်၊ပစ္စည်း အမျိုးအစားအများ
အပြားခင်းကျင်း ထားသည့် ဆိုင်လေး တစ်ဆိုင်
ဖြစ်နေတာကြောင့် သူ့ခြေလှမ်းများရပ်တန့်သွား
၏။သူသည် ရေသန့်ဘူးတစ်ဘူးဝယ်ဖို့ ရည်ရွယ်
ချက်နှင့်ဆိုင်တံခါးကိုတွန်းဖွင့်ပြီး အထဲဝင်သွားလိုက်သည်။သောက်စရာရေရှိမှသာလျှင်သူဆေးသောက်ဖို့ အဆင်ပြေလိမ့်မည်။

ဆိုင်အတွင်းသို့ဝင်လိုက်သည်နှင့်တပြိုင်နက်
နွေးထွေးသောလေထုနှင့် လိမ္မော်နံ့သင်းသင်း
လေးက သူမျက်နှာပေါ်ကိုရိုက်ခတ်လာ၏။

သို့သော်, ဝင်ပေါက်မှာ ရပ်ပြီးပြီးချင်း
ကျန်ချန် နောက်ပြန်လှည့်ချင်မိသည်။

ငွေရှင်းကောင်တာရှေ့ရှိ နေရာကျဉ်းကျဉ်းတွင်လူလေးယောက်စုပြုံနေကာ၊ ထိုင်နေသည့်သူက
ထိုင်နေပြီး၊ထိုင်ခုံအားမှီတဲ့သူကမှီထား၏။

ဆိုင်ထဲသို့ သူဝင်လာသည့်အခါ စကားပြောနေသည့် လေးယောက်ကအသံတိတ်သွားပြီး သူတို့ခေါင်းလေးလုံးသည်တပြိုင်နက် သူ့ကိုမော့ကြည့်လာ၏။

သူတို့ရဲ့မျက်နှာအမူအရာနှင့် ကိုယ်အမူအရာကို
ကြည့်ရုံနှင့် သူတို့တစ်ဦးချင်းမျက်နှာပေါ်ရှိစာလုံး
များကို ကျန်ချန်မြင်ရသည်။

"ပူ,ရှစ်,ဟောင်,နျောင်။"

ကျန်ချန်သည် နောက်သို့ပြန်လှည့်ပြီး ဆိုင်ထဲမှထွက်
သွားရမည်လား၊အနီးရှိ စင်မှရေဘူးကိုယူရမည်လား
ချီတုံချတုံဖြစ်သွား၏။ငွေရှင်းကောင်တာရှေ့မှာပိတ်ထားတဲ့လူသုံးယောက်အား သူမျက်လုံးထောင့်စွန်းမှလှမ်းမြင်လိုက်၏။

ထိုသုံးယောက်အား သူ ရှင်းရှင်းလင်းလင်းမမြင်ရ
သည့်အတွက်ကြောင့်၊ ခေါင်းလှည့်ကြည့်လိုက်ချိန်
ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် ဆံပင်များအပြင်၊ပြောင်လက်နေသည့်ဦးခေါင်းတစ်ခေါင်းနှင့်ခပ်ကြီးကြီးမျက်ဝန်းတစ်စုံအား မြင်လိုက်ရ၏။

....

ကျန်းမာရေးဂရုစိုက်ကြပါ 💗

Continue Reading

You'll Also Like

401K 4.1K 20
Daddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်‌တွေ ဖတ်ပေးနော်.. ...Author/Writer by ivy🐻‍❄️...
546K 62.2K 64
Zawgyiသမားတွေအတွက်အောက်ဆွဲချပြီးဖတ်ကြည့်ပါနော် ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...
42.3K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
336K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်​ရှန့်​ဆိ...