《Zawgyi》
အပိုင္း - ၁၆၈
[ကိုယ္တို႔ အတူတူ အိုမင္းသြားၾကရမွာပါ-၁]
ခ်န္းစီႏ်န္ဟာ သူ ဧည့္သည္ခန္းတြင္ မအိပ္ႏိုင္ပါေၾကာင္း သံုးႀကိမ္တိုင္တိုင္ အေလးအနက္ ေျပာၿပီးတဲ့ေနာက္မွာောတ့ ခ်င္းစုယြဲ႕မွာ သူ႔ကို ဘာဆိုဘာမွ မေျပာႏိုင္ပါေတာ့ေခ်။
သူက ခ်င္းစုယြဲ႕ မည္သို႔ျပန္တံု႔ျပန္မည္ကို ေစာင့္မေနေတာ့ပဲ ဆိတ္ဆိတ္ေနျခင္းက သေဘာတူျခင္းဟုသာ မွတ္ယူလိုက္ပါ၏။
ခ်န္းစီႏ်န္က ကားစက္ႏွိဳးလိုက္တဲ့အခါမွာပဲ ခ်င္းစုယြဲ႕က သတိေပးလိုက္သည္။
"ရွင့္ ကားကိုေရာ?!"
"လက္ေထာက္ဝမ္ကို လႊဲထားလိုက္မယ္"
ဟက္ ... ေကာင္းသားပဲ ...
ေပ်ာ္သလိုသာ လုပ္ေနလိုက္
ခ်င္းစုယြဲ႕က ထိုင္ခံုေပၚမွာ သက္ေတာင့္သက္သာ ျပန္ျပင္ထိုင္လိုက္ရင္း ျပတင္းေပါက္အျပင္ကိုၾကည့္လ်က္ စိတ္ေတြပ်ံ႕လြင့္ေနသည္။ ဒီေန႔ ေမာ့ေပရဲ႕သေဘာထားအရ သူ အင္တာဗ်ဴးအစီအစဥ္ကို လက္မခံေလာက္ေပ။ သူမ ဒီညတြင္ အစီအစဥ္အတြက္ ျပန္လည္စီစဥ္ရမည္နဲ႔တူသည္။
ခ်င္းစုယြဲ႕က အေတြးထဲနစ္ေနၿပီး ကားေမာင္းေနတဲ့ ခ်န္းစီႏ်န္မွာ စိတ္မပါတပါျဖင့္ ေမာင္းေနကာ လမ္းကိုမၾကည့္ပဲ သူမဘက္သို႔ မၾကာခဏ လွည့္ၾကည့္လာေလ၏။
သူၾကည့္ေနတာကို ေနာက္ဆံုး သူမ သတိျပဳမိသြားေတာ့ သူမက လူလည္က်ၿပီး ေမးလိုက္သည္။
"ရွင္ ဘာလို႔ ကၽြန္မကို ဒီလိုၾကည့္ေနတာလဲ?"
ဘယ္လိုအေျခအေနႀကီးပါလိမ့္? သူေျပာမွာလား မေျပာဘူးလား?
ခ်န္းစီႏ်န္က ေအးေအးလူလူျဖင့္ ကားစတီယာတိုင္ကို ဆုပ္ကိုင္လ်က္ဆိုသည္။
"ကိုယ္ ဘာလို႔ ရွန္ဝမ္းယန္႔နဲ႔ ေတြ႕တာလဲဆိုေတာ့ သူက ဟိုတေလာက ရွီရွီနဲ႔ ေတြ႕ခဲ့လို႔"
ခ်င္းစုယြဲ႕က မ်က္ေမွာင္တြန္႔သြားသည္။
ခ်န္းစီႏ်န္က ထိုအမူအယာ အေသးစိတ္ေလးေတြကအစ အကဲခတ္မိေလကာ ျပံဳးမိေလသည္။
"မင္း ကိုယ့္ကို ေျပာစရာတစ္ခုခု ရွိေနလား?"
ခ်င္းစုယြဲ႕က သူ႔ကို နက္ရွိုင္းစြာၾကည့္ေနကာ ခ်င့္ခ်ိန္စဥ္းစားေနမိသည္။
ခ်န္းစီႏ်န္ရဲ႕ ႏႈန္ခမ္းေထာင့္စြန္းေလးေတြက မဆိုစေလာက္ေလး ေကာ့တက္သြား၏။
"ကိုယ္ မင္းကို အျမဲတမ္း ေမးခ်င္ေနခဲ့တာ ရွိတယ္"
ခ်င္းစုယြဲ႕က သူဘာေမးေတာ့မည္ဆိုတာကို ခန္႔မွန္းႏိုင္ေလသျဖင့္ အရင္ေျပာလိုက္သည္။
"ကၽြန္မ အေၾကာင္းလား?"
"အင္း"
"ကိုယ္ သိပ္မေသခ်ာလို႔ မင္းကို ေမးသင့္လားဆိုတာ စဥ္းစားေနခဲ့တာ ... ကိုယ္ ေမးလိုက္ရင္ မင္း ဘယ္လို တံု႔ျပန္မွာလဲဆိုၿပီး? အဲ့တာေၾကာင့္ ကိုယ္မေမးျဖစ္ခဲ့တာ ေတာ္ေတာ္ၾကာၿပီ"
ခ်န္းစီႏ်န္က ဆက္ေျပာ၏။
"ရွီရွီ အခ်ဳပ္ထဲေရာက္တုန္းက ကိုယ္ လက္ေထာက္ဝမ္ကို အဲဒီေနရာက ဗီဒီယိုေတြအားလံုးကို စုေဆာင္းခိုင္းထားခဲ့တာ ... ေနာက္ ကိုယ္ ရွီရွီေျပာခဲ့တာေတြကိုေတြ႕ေတာ့ ေတာ္ေတာ္ေလးအံ့ဩၿပီး လန္႔သြားတာ ... ကိုယ္မင္းကို တမင္ဖံုးကြယ္ထားတာ မဟုတ္ပါဘူး ဒါေပမယ့္ သူမင္းကို ေျပာခဲ့တာေတြကို ကိုယ္လည္းသိတယ္"
ခ်င္းစုယြဲ႕ရဲ႕အၾကည့္က ေျပာင္းလဲသြားသည္။ အဲ့တာဆိုရင္ ငါ ရွီရွီနဲ႔ ေနာက္ဆံုးတစ္ေခါက္ ေတြ႕ခဲ့တုန္းက အစီအစဥ္ ရိုက္ကူးထားခဲ့တာကို အဲဒီေခါင္းေဆာင္က သူ႔ကိုလည္း ေကာ္ပီပို႔ခဲ့တာလား?
"ဘာလို႔လဲ? ရွင္ ကၽြန္မကို မယံုလို႔လား ဒါမွမဟုတ္ရင္ဘာလဲ?"
ခ်န္းစီႏ်န္က ရွင္းျပ၏။
"ရွီရွီ႕ရဲ႕ အျပဳအမူေတြ အမ်ားစုက ယံုခ်င္စရာမေကာင္းဘူး ... ဒါေပမယ့္ သူမင္းကိုေတြ႕တိုင္း ပိုၿပီး ေဒါသထြက္လာတတ္တယ္ ... ေနာက္ၿပီးေတာ့ သူက မင္းကိုပဲ ပစ္မွတ္ထားေနတာေလ ... ကိုယ္က မင္းအတြက္ စိုးရိမ္မိလို႔ပါ"
ခ်င္းစုယြဲ႕က ေခါင္းယမ္းသည္။
"အဲ့တာဆို ရွင္ဒီေန႔ ရွန္ဝမ္းယန္႔နဲ႔ ေတြ႕တာက ကၽြန္မက နဂိုခ်င္းစုယြဲ႕မဟုတ္ဘူးဆိုတာ ရွီရွီက သိေနလို႔လား?"
"ဟုတ္တယ္"
"ဟုတ္ပါတယ္ ... ကၽြန္မက သူ မဟုတ္ဘူး ... ဒါေပမယ့္ ကၽြန္မရွင့္ကို ေျပာမျပခဲ့တာက ဒီကိစၥက ရယ္ခ်င္စရာႀကီး ျဖစ္ေနလို႔ပါ ... ကၽြန္မက တျခားကမၻာမွာေနတယ္ ... ေနာက္ၿပီး ဒီကမၻာမွာ ကၽြန္မသိတဲ့သူေတြကလည္း ဒီကမၻာကို ကူးေျပာင္းမေရာက္ရွိလာခင္ ကၽြန္မ ဖတ္ခဲ့တဲ့စာအုပ္ထဲကသူေတြ ျဖစ္ေနတယ္ .... ကၽြန္မက ေလွကားေပၚက မေတာ္တဆ ျပဳတ္က်ၿပီးေတာ့ ေခါင္းကိုထိခိုက္မိသြားတယ္ .. ႏိုးလည္းႏိုးလာေရာ ကၽြန္မက ဒီကမၻာကို ေရာက္ေနၿပီ ...ခ်န္းစီႏ်န္ .. ကၽြန္မက ဒီကမၻာမွာရွိတဲ့ ရွင္တို႔အေၾကာင္းေတြအကုန္ သိတယ္ ... ဒီစာအုပ္က ဘယ္လိုဆက္ျဖစ္မလဲ ဆိုတာကိုေရာေပါ့ ... အဲ့တာေၾကာင့္မလို႔ ဟိုးအစတုန္းက ရွင့္ကိုေရွာင္ဖို႔ ႀကိဳးစားခဲ့တာပါ"
ကၽြန္မ ရွင္နဲ႔ ေဝးေဝးေနဖို႔ ႀကိဳးစားခ်ိန္တုန္းက ကၽြန္မကိုယ္ကၽြန္မ ေသလမ္းပို႔မိမွာ စိုးရိမ္ခဲ့မိတာ တစ္ခုထဲေၾကာင့္ပါပဲ။
ခ်န္းစီႏ်န္က သူမကိုဆက္ေျပာဖို႔ အၾကည့္ျဖင့္ေျပာေလ၏။
"ရွီရွီ ဘယ္အခ်ိန္ထဲက စာေရးသူျဖစ္ေနမွန္း ကၽြန္မလည္း မသိခဲ့ဘူး ... ဒီကမၻာမွာ ကၽြန္မတစ္ေယာက္ထဲ ခ်င္းစုယြဲ႕ရဲ႕ ခႏၶာကိုယ္ထဲကို ကူးေျပာင္းလာတာ မဟုတ္ဘူး ... သူလည္းကၽြန္မလိုပဲ ... သူက ဒီစာအုပ္ကိုေရးခဲ့တာ .. ဒါေပမယ့္ သူဘာျဖစ္လို႔ ဒီလိုျဖစ္သြားမွန္း ကၽြန္မလည္း မသိဘူး ... ေတြးၾကည့္ရင္ ျဖစ္ႏိုင္ေခ် တစ္ခုကေတာ့ ကၽြန္မ ဒီကမၻာကို ေရာက္လာတာေၾကာင့္ျဖစ္မယ္ ... သူက ကၽြန္မကိုသိေနၿပီး အဆံုးမရွိေအာင္ မုန္းတီးေနတာ ... အဲ့လိုမွမဟုတ္ရင္ ဘာလို႔ အရံဇာတ္ေကာင္က ကၽြန္မနာမည္ႀကီး ျဖစ္ေနမွာလဲ? သူက ကၽြန္မကို ဇာတ္သိမ္းမလွပဲ အဆံုးသတ္သြားဖို႔အထိေတာင္ မုန္းတီးေနတာ"
ခ်န္းစီႏ်န္က သူမတို႔ႏွစ္ဦးေျပာခဲ့တဲ့ စကားေတြအရ တခ်ိဳ႕တေလကို ခန္႔မွန္းႏိုင္ေပမယ့္ သူမကိုယ္တိုင္ ဝန္ခံေတာ့လည္း အနည္းငယ္ ထူးဆန္ေနေသး၏။
"အဲ့တာဆို စာအုပ္ရဲ႕ဇာတ္သိမ္းက ဘာလဲ?"
ခ်င္းစုယြဲ႕က ျပံဳးလိုက္သည္။
"ရွင္နဲ႔ ရွန္ဝမ္းယန္႔နဲ႔ ေပါင္းသြားတယ္ ... ဒါေပမယ့္ ရွင့္ရဲ႕ပထမဆံုးရင္ေသြးက ခ်င္းစုယြဲ႕ေၾကာင့္ မေတာ္တဆ ပ်က္က်သြားတာမလို႔ ရွင္စိတ္ဆိုးၿပီး ခ်င္းမိသားစုကို ဖ်က္စီးလိုက္တယ္ ... အဲဒီမွာ ခ်င္းစုယြဲ႕က အမွိဳက္လိုေကာင္နဲ႔ လက္ထပ္သြားၿပီး ေနာက္ဆံုး အဲဒီလူေဖာက္ျပန္တာကို ေတြ႕သြားတဲ့ေနမွာပဲ သူမ အသတ္ခံလိုက္ရတာ"
နည္းနည္း ေတြးၾကည့္ၿပီးေတာ့ ခ်န္းစီႏ်န္က နားလည္သြားေလ၏။
"အဲ့တာဆို လင္းေဟြ႕က သူေနာက္ဆံုး ဇာတ္သိမ္းမွာ လက္ထပ္ရတဲ့သူေပါ့?"
ခ်င္းစုယြဲ႕က ေခါင္းညိတ္ျပ၏။
ခ်န္းစီႏ်န္က ဆက္ေျပာစရာ မရွိေတာ့သျဖင့္ ေရွ႕သို႔သာ စိုက္ၾကည့္ေနသည္။
သူတို႔ ဒီကိစၥကို ေဆြးေႏြးမွေတာ့ တခါထဲ အၿပီးျပတ္ ေျပာၾကတာေကာင္းသည္။ ခ်င္းစုယြဲ႕က ဆက္ေျပာလိုက္၏။
"ဝတၳဳထဲက အခ်ိန္က ရွင္လက္ထပ္ၿပီး ၂ႏွစ္အၾကာမွာ ရပ္သြားတာ ...ရွင္ ရွန္ဝမ္းယန္႔နဲ႔ လက္ထပ္ၿပီး ကေလးတစ္ေယာက္ရတဲ့အထိေလ"
ခ်န္းစီႏ်န္က ႏႈတ္ဆိတ္ေနျမဲ။
သူမက ဆက္ေျပာလိုက္သည္။
"ရွီရွီေျပာတာ ဘယ္ဟာအမွန္ ဘယ္ဟာအမွားလဲေတာ့ မသိဘူး ... သူေျပာတဲ့အတိုင္းဆိုရင္ ဒီကမၻာက ရွင္လက္ထပ္ၿပီး ၂ႏွစ္အၾကာမွာ ရပ္သြားမွာ ... အဲ့ေတာ့ ကၽြန္မတို႔မွာ ေပ်ာ္ဖို႔အခ်ိန္ ၂ႏွစ္ပဲ က်န္ေတာ့တယ္လို႔ ဆိုလိုတာမလား?"
"အဲ့လိုျဖစ္လာမွာ မဟုတ္ပါဘူး"
ခ်န္းစီႏ်န္က အခို္င္အမာေျပာ၏။
"ဒီကမၻာက တကယ္အစစ္အမွန္ တည္ရွိပါတယ္"
31.7.2020
*******************
《Unicode》
အပိုင်း - ၁၆၈
[ကိုယ်တို့ အတူတူ အိုမင်းသွားကြရမှာပါ-၁]
ချန်းစီနျန်ဟာ သူ ဧည့်သည်ခန်းတွင် မအိပ်နိုင်ပါကြောင်း သုံးကြိမ်တိုင်တိုင် အလေးအနက် ပြောပြီးတဲ့နောက်မှာတော့ ချင်းစုယွဲ့မှာ သူ့ကို ဘာဆိုဘာမှ မပြောနိုင်ပါတော့ချေ။
သူက ချင်းစုယွဲ့ မည်သို့ပြန်တုံ့ပြန်မည်ကို စောင့်မနေတော့ပဲ ဆိတ်ဆိတ်နေခြင်းက သဘောတူခြင်းဟုသာ မှတ်ယူလိုက်ပါ၏။
ချန်းစီနျန်က ကားစက်နှိုးလိုက်တဲ့အခါမှာပဲ ချင်းစုယွဲ့က သတိပေးလိုက်သည်။
"ရှင့် ကားကိုရော?!"
"လက်ထောက်ဝမ်ကို လွှဲထားလိုက်မယ်"
ဟက် ... ကောင်းသားပဲ ...
ပျော်သလိုသာ လုပ်နေလိုက်
ချင်းစုယွဲ့က ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ပြန်ပြင်ထိုင်လိုက်ရင်း ပြတင်းပေါက်အပြင်ကိုကြည့်လျက် စိတ်တွေပျံ့လွင့်နေသည်။ ဒီနေ့ မော့ပေရဲ့သဘောထားအရ သူ အင်တာဗျူးအစီအစဉ်ကို လက်မခံလောက်ပေ။ သူမ ဒီညတွင် အစီအစဉ်အတွက် ပြန်လည်စီစဉ်ရမည်နဲ့တူသည်။
ချင်းစုယွဲ့က အတွေးထဲနစ်နေပြီး ကားမောင်းနေတဲ့ ချန်းစီနျန်မှာ စိတ်မပါတပါဖြင့် မောင်းနေကာ လမ်းကိုမကြည့်ပဲ သူမဘက်သို့ မကြာခဏ လှည့်ကြည့်လာလေ၏။
သူကြည့်နေတာကို နောက်ဆုံး သူမ သတိပြုမိသွားတော့ သူမက လူလည်ကျပြီး မေးလိုက်သည်။
"ရှင် ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ?"
ဘယ်လိုအခြေအနေကြီးပါလိမ့်? သူပြောမှာလား မပြောဘူးလား?
ချန်းစီနျန်က အေးအေးလူလူဖြင့် ကားစတီယာတိုင်ကို ဆုပ်ကိုင်လျက်ဆိုသည်။
"ကိုယ် ဘာလို့ ရှန်ဝမ်းယန့်နဲ့ တွေ့တာလဲဆိုတော့ သူက ဟိုတလောက ရှီရှီနဲ့ တွေ့ခဲ့လို့"
ချင်းစုယွဲ့က မျက်မှောင်တွန့်သွားသည်။
ချန်းစီနျန်က ထိုအမူအယာ အသေးစိတ်လေးတွေကအစ အကဲခတ်မိလေကာ ပြုံးမိလေသည်။
"မင်း ကိုယ့်ကို ပြောစရာတစ်ခုခု ရှိနေလား?"
ချင်းစုယွဲ့က သူ့ကို နက်ရှိုင်းစွာကြည့်နေကာ ချင့်ချိန်စဉ်းစားနေမိသည်။
ချန်းစီနျန်ရဲ့ နှုန်ခမ်းထောင့်စွန်းလေးတွေက မဆိုစလောက်လေး ကော့တက်သွား၏။
"ကိုယ် မင်းကို အမြဲတမ်း မေးချင်နေခဲ့တာ ရှိတယ်"
ချင်းစုယွဲ့က သူဘာမေးတော့မည်ဆိုတာကို ခန့်မှန်းနိုင်လေသဖြင့် အရင်ပြောလိုက်သည်။
"ကျွန်မ အကြောင်းလား?"
"အင်း"
"ကိုယ် သိပ်မသေချာလို့ မင်းကို မေးသင့်လားဆိုတာ စဉ်းစားနေခဲ့တာ ... ကိုယ် မေးလိုက်ရင် မင်း ဘယ်လို တုံ့ပြန်မှာလဲဆိုပြီး? အဲ့တာကြောင့် ကိုယ်မမေးဖြစ်ခဲ့တာ တော်တော်ကြာပြီ"
ချန်းစီနျန်က ဆက်ပြော၏။
"ရှီရှီ အချုပ်ထဲရောက်တုန်းက ကိုယ် လက်ထောက်ဝမ်ကို အဲဒီနေရာက ဗီဒီယိုတွေအားလုံးကို စုဆောင်းခိုင်းထားခဲ့တာ ... နောက် ကိုယ် ရှီရှီပြောခဲ့တာတွေကိုတွေ့တော့ တော်တော်လေးအံ့ဩပြီး လန့်သွားတာ ... ကိုယ်မင်းကို တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး ဒါပေမယ့် သူမင်းကို ပြောခဲ့တာတွေကို ကိုယ်လည်းသိတယ်"
ချင်းစုယွဲ့ရဲ့အကြည့်က ပြောင်းလဲသွားသည်။ အဲ့တာဆိုရင် ငါ ရှီရှီနဲ့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက အစီအစဉ် ရိုက်ကူးထားခဲ့တာကို အဲဒီခေါင်းဆောင်က သူ့ကိုလည်း ကော်ပီပို့ခဲ့တာလား?
"ဘာလို့လဲ? ရှင် ကျွန်မကို မယုံလို့လား ဒါမှမဟုတ်ရင်ဘာလဲ?"
ချန်းစီနျန်က ရှင်းပြ၏။
"ရှီရှီ့ရဲ့ အပြုအမူတွေ အများစုက ယုံချင်စရာမကောင်းဘူး ... ဒါပေမယ့် သူမင်းကိုတွေ့တိုင်း ပိုပြီး ဒေါသထွက်လာတတ်တယ် ... နောက်ပြီးတော့ သူက မင်းကိုပဲ ပစ်မှတ်ထားနေတာလေ ... ကိုယ်က မင်းအတွက် စိုးရိမ်မိလို့ပါ"
ချင်းစုယွဲ့က ခေါင်းယမ်းသည်။
"အဲ့တာဆို ရှင်ဒီနေ့ ရှန်ဝမ်းယန့်နဲ့ တွေ့တာက ကျွန်မက နဂိုချင်းစုယွဲ့မဟုတ်ဘူးဆိုတာ ရှီရှီက သိနေလို့လား?"
"ဟုတ်တယ်"
"ဟုတ်ပါတယ် ... ကျွန်မက သူ မဟုတ်ဘူး ... ဒါပေမယ့် ကျွန်မရှင့်ကို ပြောမပြခဲ့တာက ဒီကိစ္စက ရယ်ချင်စရာကြီး ဖြစ်နေလို့ပါ ... ကျွန်မက တခြားကမ္ဘာမှာနေတယ် ... နောက်ပြီး ဒီကမ္ဘာမှာ ကျွန်မသိတဲ့သူတွေကလည်း ဒီကမ္ဘာကို ကူးပြောင်းမရောက်ရှိလာခင် ကျွန်မ ဖတ်ခဲ့တဲ့စာအုပ်ထဲကသူတွေ ဖြစ်နေတယ် .... ကျွန်မက လှေကားပေါ်က မတော်တဆ ပြုတ်ကျပြီးတော့ ခေါင်းကိုထိခိုက်မိသွားတယ် .. နိုးလည်းနိုးလာရော ကျွန်မက ဒီကမ္ဘာကို ရောက်နေပြီ ...ချန်းစီနျန် .. ကျွန်မက ဒီကမ္ဘာမှာရှိတဲ့ ရှင်တို့အကြောင်းတွေအကုန် သိတယ် ... ဒီစာအုပ်က ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကိုရောပေါ့ ... အဲ့တာကြောင့်မလို့ ဟိုးအစတုန်းက ရှင့်ကိုရှောင်ဖို့ ကြိုးစားခဲ့တာပါ"
ကျွန်မ ရှင်နဲ့ ဝေးဝေးနေဖို့ ကြိုးစားချိန်တုန်းက ကျွန်မကိုယ်ကျွန်မ သေလမ်းပို့မိမှာ စိုးရိမ်ခဲ့မိတာ တစ်ခုထဲကြောင့်ပါပဲ။
ချန်းစီနျန်က သူမကိုဆက်ပြောဖို့ အကြည့်ဖြင့်ပြောလေ၏။
"ရှီရှီ ဘယ်အချိန်ထဲက စာရေးသူဖြစ်နေမှန်း ကျွန်မလည်း မသိခဲ့ဘူး ... ဒီကမ္ဘာမှာ ကျွန်မတစ်ယောက်ထဲ ချင်းစုယွဲ့ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာတာ မဟုတ်ဘူး ... သူလည်းကျွန်မလိုပဲ ... သူက ဒီစာအုပ်ကိုရေးခဲ့တာ .. ဒါပေမယ့် သူဘာဖြစ်လို့ ဒီလိုဖြစ်သွားမှန်း ကျွန်မလည်း မသိဘူး ... တွေးကြည့်ရင် ဖြစ်နိုင်ချေ တစ်ခုကတော့ ကျွန်မ ဒီကမ္ဘာကို ရောက်လာတာကြောင့်ဖြစ်မယ် ... သူက ကျွန်မကိုသိနေပြီး အဆုံးမရှိအောင် မုန်းတီးနေတာ ... အဲ့လိုမှမဟုတ်ရင် ဘာလို့ အရံဇာတ်ကောင်က ကျွန်မနာမည်ကြီး ဖြစ်နေမှာလဲ? သူက ကျွန်မကို ဇာတ်သိမ်းမလှပဲ အဆုံးသတ်သွားဖို့အထိတောင် မုန်းတီးနေတာ"
ချန်းစီနျန်က သူမတို့နှစ်ဦးပြောခဲ့တဲ့ စကားတွေအရ တချို့တလေကို ခန့်မှန်းနိုင်ပေမယ့် သူမကိုယ်တိုင် ဝန်ခံတော့လည်း အနည်းငယ် ထူးဆန်နေသေး၏။
"အဲ့တာဆို စာအုပ်ရဲ့ဇာတ်သိမ်းက ဘာလဲ?"
ချင်းစုယွဲ့က ပြုံးလိုက်သည်။
"ရှင်နဲ့ ရှန်ဝမ်းယန့်နဲ့ ပေါင်းသွားတယ် ... ဒါပေမယ့် ရှင့်ရဲ့ပထမဆုံးရင်သွေးက ချင်းစုယွဲ့ကြောင့် မတော်တဆ ပျက်ကျသွားတာမလို့ ရှင်စိတ်ဆိုးပြီး ချင်းမိသားစုကို ဖျက်စီးလိုက်တယ် ... အဲဒီမှာ ချင်းစုယွဲ့က အမှိုက်လိုကောင်နဲ့ လက်ထပ်သွားပြီး နောက်ဆုံး အဲဒီလူဖောက်ပြန်တာကို တွေ့သွားတဲ့နေမှာပဲ သူမ အသတ်ခံလိုက်ရတာ"
နည်းနည်း တွေးကြည့်ပြီးတော့ ချန်းစီနျန်က နားလည်သွားလေ၏။
"အဲ့တာဆို လင်းဟွေ့က သူနောက်ဆုံး ဇာတ်သိမ်းမှာ လက်ထပ်ရတဲ့သူပေါ့?"
ချင်းစုယွဲ့က ခေါင်းညိတ်ပြ၏။
ချန်းစီနျန်က ဆက်ပြောစရာ မရှိတော့သဖြင့် ရှေ့သို့သာ စိုက်ကြည့်နေသည်။
သူတို့ ဒီကိစ္စကို ဆွေးနွေးမှတော့ တခါထဲ အပြီးပြတ် ပြောကြတာကောင်းသည်။ ချင်းစုယွဲ့က ဆက်ပြောလိုက်၏။
"ဝတ္ထုထဲက အချိန်က ရှင်လက်ထပ်ပြီး ၂နှစ်အကြာမှာ ရပ်သွားတာ ...ရှင် ရှန်ဝမ်းယန့်နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်ရတဲ့အထိလေ"
ချန်းစီနျန်က နှုတ်ဆိတ်နေမြဲ။
သူမက ဆက်ပြောလိုက်သည်။
"ရှီရှီပြောတာ ဘယ်ဟာအမှန် ဘယ်ဟာအမှားလဲတော့ မသိဘူး ... သူပြောတဲ့အတိုင်းဆိုရင် ဒီကမ္ဘာက ရှင်လက်ထပ်ပြီး ၂နှစ်အကြာမှာ ရပ်သွားမှာ ... အဲ့တော့ ကျွန်မတို့မှာ ပျော်ဖို့အချိန် ၂နှစ်ပဲ ကျန်တော့တယ်လို့ ဆိုလိုတာမလား?"
"အဲ့လိုဖြစ်လာမှာ မဟုတ်ပါဘူး"
ချန်းစီနျန်က အခိုင်အမာပြော၏။
"ဒီကမ္ဘာက တကယ်အစစ်အမှန် တည်ရှိပါတယ်"
31.7.2020
******************