ဘာလိုလိုနဲ႔ ကေလးနဲ႔လမ္းခြဲခဲ့တာ ႏွစ္လပင္ရွိခဲ့ၿပီး။ ကေလးကို တရားစြဲဖို႔ ကၽြန္ေတာ္ အခ်ိန္အမ်ားႀကီး ဆြဲထားခဲ့သလို ၊ ထိုအခ်ိန္အတြင္းမွာလည္း ကေလးအတြက္ ကၽြန္ေတာ္လုပ္နိုင္တဲ့ဘက္ကေန အကူအညီေပးနိုင္ဖို႔ ႀကိဳးစားခဲ့တယ္။
ကၽြန္ေတာ့္ကို မ က ခဏခဏေျပာတယ္။ သူအခုရက္ပိုင္း က်န္းမာေရး အေျခအေန အရမ္းဆိုးလာတယ္တဲ့ ။ မအတြက္ စိတ္ေတာ့ မေကာင္းေပမဲ့ ဒါကကၽြန္ေတာ့္ ႀကိဳးစားမႈရဲ့ရလဒ္ တစ္ခုဆိုတာ ကၽြန္ေတာ္ သိပါတယ္။
ကၽြန္ေတာ္ မ ေသာက္မဲ့ ကင္ဆာေဆးေတြကို အျခား ဒိတ္ကုန္တဲ့ ေဆးေတြနဲ႔ လဲခဲ့တာကို မ မသိဘူး။ ကၽြန္ေတာ္ ကေလးကိုေထာင္ထဲထည့္မဲ့အစား ေထာင္ထဲမွာကၽြန္ေတာ္ပဲ ၀င္ေနလိုက္မယ္ ဆိုတာလည္း မ မသိဘူး။
ေတာင္းပန္ပါတယ္။ အရာအားလုံးက ကၽြန္ေတာ့္ကိုခ်စ္မိရင္းမွ စခဲ့တဲ့ျပသနာမလို႔ အားလုံးထဲမွာမွ ျပသနာအရင္းခံျဖစ္တဲ့ ကၽြန္ေတာ္ကသာ အျပစ္ရွိဆုံးသူပဲမလား။
ကြၽန္ေတာ္သူ႔ကို မခ်စ္ဘူးလို႔ ကေလးက ထင္ေနတယ္ .... ။ျဖစ္နိုင္ရင္ ဒီလူ႔ရင္ထဲက သိမ္းထားတဲ့အခ်စ္ေတြကို ကေလးျမင္ေအာင္ ျပခဲ့ခ်င္ပါေသးတယ္ ။
ေတာင္းပန္ပါတယ္ ...အခ်စ္ဆုံးေရ ။ ကိုယ္မင္းကို သိပ္ခ်စ္ခဲ့ပါတယ္ ....ကိုယ္အသက္္ တစ္ခါရႉ လိုက္တိုင္းမွာေပါ့ ။
.................................................................................................................................
"ေမာင္ ......႐ုံးခ်ိန္း ေနာက္က်ေတာ့မယ္ေလ။ မၿပီးေသးဘူးလား ? ။"
"ၿပီးၿပီး မ ။"
ဟု ဆိုကာ ေရွာင္က်န႔္က အကၤ်ီအနက္ suit အားၾကယ္သီးတပ္ရင္း မမွိတ္မသုန္မ်က္ႏွာႏွင့္ ဆင္းလာေသာေၾကာင့္ လင္းက ေရွာင္က်န႔္ကို မ်က္ခုံးႏွစ္ဖက္အား တြန႔္ေခါက္၍ ျကည့္လိုက္ ေလသည္။
"ေမာင္ ! ဘာျဖစ္ေနတာလဲ ? ....မေပ်ာ္ရႊင္တဲ့
ပုံစံနဲ႔ ။"
ဟုဆိုကာ လင္းက အသံမာမာႏွင့္ေမးေတာ့ ထိုအခါမွ ေရွာင္က်န႔္က အေတြးနယ္မွ သတိ၀င္လာၿပီး ......
"ဟမ္ ! ဘာမွ မျဖစ္ပါဘူး ။ ဒီတိုင္း...ဒီအတိုင္းေလးပဲ ေနသိပ္မေကာင္းခ်င္
လို႔ပါ ။" ဟုဆိုရင္း သက္ျပင္းတစ္ခ်က္ အသာခိုးခ်၍ ေျပာလိုက္ေလသည္။
....................................................................................................................................
"ေ၀...... ကေလး မင္းလာ? ။"
"ကၽြန္ေတာ့္ ဖုန္းကိုဆက္ၿပီး ကၽြန္ေတာ္လားလို႔ ေမးေတာ့ ခင္ဗ်ားကို ကၽြန္ေတာ္ ဘယ္လိုျပန္ေျဖေပးရမွာလဲ ? ။"
"အာ ..... ကိုယ္ေတာင္းပန္ပါတယ္ ။ ကိုယ္ ကေလးအသံကို ၾကားခ်င္လို႔ပါ ။ ၿပီးေတာ့ ကေလးကိုလည္း သတိရလို႔ ။"
"ေတာ္ပါေတာ့ဗ်ာ .....ခင္ဗ်ားက ကိုယ္တိုင္ ေထာင္ခ်မဲ့ လင္ငယ္ရဲ့ ေထာင္နန္းစံခါနီးအသံကို ေလွာင္ခ်င္ရင္ ေလွာင္ခ်င္တယ္လို႔ ေျပာလိုက္
စမ္းပါ ။ "
ေရွာင္က်န႔္ တစ္ေယာက္ အသက္ရႉသံပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားသည္။ ရင္ဘတ္ထဲကိုလည္း ျမားအစင္းေပါင္းမ်ားစြာ တစ္ခ်ိန္ထဲျဖတ္၀င္သြားသလို ဆက္ခနဲ႔ႏွင့္ ႏွလုံးသားက နာက်င္သြားသည္။ႏွစ္သိမ့္နိုင္စြမ္းေတြ ကင္းမဲ့သည္အထိ စကားလုံးေတြ ေပ်ာက္ရွကုန္သည္။
"ေတာင္းပန္ပါတယ္ ။ ကိုယ္ မင္းကိုပဲ သိပ္ခ်စ္ခဲ့ပါတယ္ ။"
"ၾကားရတာေတာ့ နားေထာင္လို႔ ေကာင္းပါတယ္ ။ ဒါေပမဲ့ အဲ့စကားေတြက ကၽြန္ေတာ့္ႏွလုံးသားကို ပ်ားရည္ေလာင္းၿပီး ခါခ်ဥ္အုံနဲ႔ ကိုက္ခိုင္း
သလိုပဲ ......တဆစ္ဆစ္နဲ႔ နာတယ္ ။
ကြၽန္ေတာ္ ခင္ဗ်ားကို သိမ္မုန္းတယ္ ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ရဲ့ ေရစက္ ဒီေနရာမွာပဲ ျဖတ္က်တာေပါ့ ။ ႏႈတ္ဆက္ပါတယ္ လူႀကီးေရ ။"
တစ္ဖက္က ဖုန္းခ်သြားမွ ေရွာင္က်န႔္လည္း လက္ထဲမွ ဖုန္းအားအသက္မဲ့စြာ ခ်မိေလသည္။
ယ
"ဟင္အင္း....ႏႈတ္မဆက္ခ်င္ဘူး ။ကေလးအနားမွာ အရိပ္လိုေတာ့ တြယ္ကပ္ခ်င္ေနေသးတယ္ ။"
...............................................................................................................................................
ကားေပၚမွ အနက္ေရာင္၀တ္စုံကို ၀တ္ဆင္ထားတဲ့ လူႏွစ္ေယာက္ ။ ေလးလံေသာ အေတြးကိုယ္စီႏွင့္ တရားခြင္သို႔ ခ်ိန္းဆိုထားျခင္းေၾကာင့္ သြာေနၾကျခင္း ျဖစ္သည္။
"ေမာင္ .... မနဲ႔အတူ လိုက္ခဲ့ဖို႔က ေသခ်ာရဲ့လား? ။"
"ဟမ္ ! မကလည္း ခုလည္းအတူတူသြားေနတာပဲဟာ ။"
လင္းက မိမိေမးေသာ အေမးကို သတိမထားမိဘဲ ရိုးရိုးေလးေတြးကာ ေျဖလာေသာ ေရွာင္က်န႔္ေၾကာင့္ အ လိုက္ခ်ည္လား ဟူေသာ ပုံစံျဖင္ မ်က္လုံး တစ္ခ်က္ လွန္ၾကည့္လိုက္ၿပီး အဓိပၸါယ္ေဖာ္ရခက္ေသာ အျပဳံးေလးတစ္ပြင့္ ႏႈတ္ခမ္းဖ်ားတြင္ တပ္ဆင္ကာ ျပဳံးလိုက္ေလသည္။
"မ ဘာလို႔ရယ္ေနတာလဲဗ်ာ ။"
"ဪ ....တုံ႔းအတဲ့ ေမာင္က သူ႔ခ်စ္သူကို ကာကြယ္ခ်င္လို႔ မ ေနာက္လိုက္ခဲ့မယ္ဆိုတာႀကီးကို ေတြးမိသြားေတာ့ မယုံနိင္ဘဲ ရယ္ခ်င္မိသြားလို႔ပါ ။"
ဟူေသာ လင္း၏စကားအဆုံး အံ့ဩမႈမ်ားစြာျဖင့္ လွည့္ၾကည့္လာသူမွာ ေရွာင္က်န႔္ ။
အံ့ဩလြန္း၍ ကားကိုရပ္ကာ စကားေသခ်ာေျပာမည္လုပ္ေတာ့ ကားကိုမရပ္ခိုင္းဘဲ ဆက္ေမာင္းခိုင္းေသာ လင္း ။
"သိေနခဲ့တာလား? ။"
"အင္း ။"
"ဘယ္လို သိသြားတာလဲ ? ။ "
"သိတာေပါ့ ....ရီေပၚက မ ေၾကာင့္ ထိခိုက္တာ မဟုတ္ဘဲ မ ကိုေျခာက္တြန္းတဲ့အခါတိုင္းမွာ ေမာင္တိတ္ဆိတ္ေနရတဲ့ အေၾကာင္းအရင္းက မ ေၾကာင့္ မဟုတ္ဘဲ ရီေပၚကို မျပစ္မတင္ခ်င္လို႔ ဆိုတာကို မ သိပ္သိတာေပါ့ ။
ေနာက္ၿပီး ေမာင္ မ ဖမ္းခံရတဲ့ေန႔ေတြက ဂိုေထာင္ဆီကို ေမာင္လာခဲ့တယ္ဆိုတာ အိမ္ခန္းထဲမွာ က်န္ခဲ့တဲ့ ေမာင့္ဒိုင္ယာရီေလးက ေျပာျပေတာ့ မ သိတာေပါ့ ။
ခ်စ္ရတဲ့သူကို မတားႏိုင္ေတာ့ လို႔ ကိုယ္ကိုယ္တိုင္ လူဆိုးလုပ္ေနတယ္ဆိုတာလည္း မ သိပါတယ္။
ေသာက္လိုက္တဲ့ ကင္ဆာေဆးေတြကလည္း ခါတိုင္းနဲ႔မတူဘဲ တစ္မ်ိဳးေလး ျဖစ္ေနရတဲ့ အေၾကာင္းကိုလည္း စာအုပ္ထဲက ေမာင့္လက္ေရးေတြက ေျပာျပေနတယ္ ။
ေနာက္ဆုံးကေတာ့ ဒီလိုမ်ိဳးေသေၾကာင္း ႀကံစည္မႈမွာသာ မတို႔မေသခဲ့ရင္ မင္းကိုယ္တိုင္သက္ေသေတြေျပာင္းၿပီး ေထာင္ထဲအစား၀င္မယ္ဆိုတာပါ မ သိခဲ့ရတယ္ ။
ဟက္ ! ..အဆိုးဆုံးကေတာ့ ခ်စ္သူကိုေထာင္ထြက္တစ္ေယာက္ရဲ့ ေကာင္ေလးေတာ့ မလုပ္ေစခ်င္ဘူးတဲ့ ။
ဟား...ဟား..ဟား.....ေမာင္ရယ္ အဲ့ေလာက္႐ူးႏွမ္းရလား? ။ မ ဆိုတာ ရက္ပိုင္းအတြင္းေသေတာ့မယ့္ လူတစ္ေယာက္ ၊ ေမာင္က အသက္ရွင္ၿပီး ဆက္ေနရဉီးမွာ .....ဒါကို ဘာလို႔မ်ား ဒီလိုမစဉ္းစားဘဲ ေတြးႏိုင္ရတာလဲ ? ေမာင္ရယ္ ။"
လင္း၏စကားအဆုံး ေရွာင္က်န႔္ အခ်ိန္တစ္ေအာင့္ၾကာသည္အထိ ဆြံအေနခဲ့ေလသည္။
"ဒါဆို မ အကုန္သိေနလ်က္နဲ႔ ကၽြန္ေတာ္လုပ္ေနတာေတြကို ဒီတိုင္းထိုင္ၾကည့္ေနခဲ့တာလား ? ။"
"အင္း ။"
"အဲ့ဒါဆို ကၽြန္ေတာ္ တိုက္တဲ့ေဆးေတြကေရာ "
"ေသာက္ခဲ့တယ္ ။"
"ဘာလို႔လဲ ? ။"
ထိုအခါမွ လင္းတစ္ေယာက္ ေရွာင္က်န႔္ဘက္ကို မ်က္၀န္းေဆြးေဆြးေလးျဖင့္ ျပန္လွည့္
ၾကည့္လာၿပီး ........"
ခ်စ္လို႔ ....ေမာင့္ကိုစိတ္မဆင္းရဲေစခ်င္လို႔ " ဟုေျပာလာေလသည္။
ထိုအခါမွ ေရွာင္က်န႔္ပါးျပင္ထက္၌ မ်က္ရည္္မ်ားက်လာ၍ အသက္ကို ၀ေအာင္ လုရႉေနမိေလသည္။
"မငိုနဲ႔ေမာင္ ..... အရာအားလုံးကို မ သိသိႀကီးနဲ႔ လက္ခံခဲ့တာခ်ည္းပဲ ။ဒါေပမဲ့ ေမာင္ရွိေနရင္ ရီေပၚကို ဉပေဒပိုင္းနဲ႔ အျပစ္မေပးနိုင္မွန္းသိလို႔ လာကတည္းက သူ႔ကားကို ဘရိတ္ႀကိဳးျဖတ္ဖို႔ မွာထားၿပီးၿပီး ။ အခုေလာက္ဆိုရင္ေတာ့ သူရွီးနဲ႔ေတာင္ ေတြ႕ၿပီးေလာက္ေရာေပါ့ ။ "
"ဘယ္လို !! ။"
"ေနာက္ၿပီး ဒီကားလည္း ကားဘရိတ္ႀကိဳး ျဖတ္ထားတယ္မလား ? ။ ေကာင္းတယ္ ...အတူတူ ရွီးဆီသြားၾကတာေပါ့ ။"ဟုဆိုကာ အဓိပၸါယ္ ေဖာ္ရခက္ေသာ အျပဳံးမ်ားျဖင့္ ျပဳံးျပေနေသာ မ ၏ဒီတစ္ခါအျပဳံးသည္ ႏႈတ္ဆက္အျပဳံးျဖစ္ခဲ့တာကို ေရွာင္က်န႔္သတိမထားမိခင္ ေရွ႕မွလာေသာ ကားႀကီး၏ဒဏ္ကို အျပင္းအထန္ မခံရေစရန္လင္းက သူမ၏ကိုယ္ႏွင့္ ေရွာင္က်န႔္ကို ေပြ႕ဖက္ကာကြယ္ထားေပးေလသည္။
*သိပ္ခ်စ္ခဲ့တာ ေမာင့္ကိုပဲ ....ဟိုးအစကေန
အခုခ်ိန္ထိ ။*
*ေတာင္းပန္ပါတယ္ ။ မ ထက္ သူ႔ကို ပိုခ်စ္ခဲ့လို႔ ။*
*သိပ္မုန္းတယ္လို႔ ေျပာရတာဟာ သိပ္ခ်စ္ခဲ့လို႔ပါ ။*
ေပါ့သြားလားဟင္ ? ။
ေပါ့သြားလားဟင္ ? ။
[Unicode]
ဘာလိုလိုနဲ့ ကလေးနဲ့လမ်းခွဲခဲ့တာ နှစ်လပင်ရှိခဲ့ပြီး။ ကလေးကို တရားစွဲဖို့ ကျွန်တော် အချိန်အများကြီး ဆွဲထားခဲ့သလို ၊ ထိုအချိန်အတွင်းမှာလည်း ကလေးအတွက် ကျွန်တော်လုပ်နိုင်တဲ့ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။
ကျွန်တော့်ကို မ က ခဏခဏပြောတယ်။ သူအခုရက်ပိုင်း ကျန်းမာရေး အခြေအနေ အရမ်းဆိုးလာတယ်တဲ့ ။ မအတွက် စိတ်တော့ မကောင်းပေမဲ့ ဒါကကျွန်တော့် ကြိုးစားမှုရဲ့ရလဒ် တစ်ခုဆိုတာ ကျွန်တော် သိပါတယ်။
ကျွန်တော် မ သောက်မဲ့ ကင်ဆာဆေးတွေကို အခြား ဒိတ်ကုန်တဲ့ ဆေးတွေနဲ့ လဲခဲ့တာကို မ မသိဘူး။ ကျွန်တော် ကလေးကိုထောင်ထဲထည့်မဲ့အစား ထောင်ထဲမှာကျွန်တော်ပဲ ဝင်နေလိုက်မယ် ဆိုတာလည်း မ မသိဘူး။
တောင်းပန်ပါတယ်။ အရာအားလုံးက ကျွန်တော့်ကိုချစ်မိရင်းမှ စခဲ့တဲ့ပြသနာမလို့ အားလုံးထဲမှာမှ ပြသနာအရင်းခံဖြစ်တဲ့ ကျွန်တော်ကသာ အပြစ်ရှိဆုံးသူပဲမလား။
ကျွန်တော်သူ့ကို မချစ်ဘူးလို့ ကလေးက ထင်နေတယ် .... ။ဖြစ်နိုင်ရင် ဒီလူ့ရင်ထဲက သိမ်းထားတဲ့အချစ်တွေကို ကလေးမြင်အောင် ပြခဲ့ချင်ပါသေးတယ် ။
တောင်းပန်ပါတယ် ...အချစ်ဆုံးရေ ။ ကိုယ်မင်းကို သိပ်ချစ်ခဲ့ပါတယ် ....ကိုယ်အသက် တစ်ခါရှူ လိုက်တိုင်းမှာပေါ့ ။
.................................................................................................................................
"မောင် ......ရုံးချိန်း နောက်ကျတော့မယ်လေ။ မပြီးသေးဘူးလား ? ။"
"ပြီးပြီး မ ။"
ဟု ဆိုကာ ရှောင်ကျန့်က အင်္ကျီအနက် suit အားကြယ်သီးတပ်ရင်း မမှိတ်မသုန်မျက်နှာနှင့် ဆင်းလာသောကြောင့် လင်းက ရှောင်ကျန့်ကို မျက်ခုံးနှစ်ဖက်အား တွန့်ခေါက်၍ ကြည့်လိုက် လေသည်။
"မောင် ! ဘာဖြစ်နေတာလဲ ? ....မပျော်ရွှင်တဲ့
ပုံစံနဲ့ ။"
ဟုဆိုကာ လင်းက အသံမာမာနှင့်မေးတော့ ထိုအခါမှ ရှောင်ကျန့်က အတွေးနယ်မှ သတိဝင်လာပြီး ......
"ဟမ် ! ဘာမှ မဖြစ်ပါဘူး ။ ဒီတိုင်း...ဒီအတိုင်းလေးပဲ နေသိပ်မကောင်းချင်
လို့ပါ ။" ဟုဆိုရင်း သက်ပြင်းတစ်ချက် အသာခိုးချ၍ ပြောလိုက်လေသည်။
....................................................................................................................................
"ဝေ...... ကလေး မင်းလာ? ။"
"ကျွန်တော့် ဖုန်းကိုဆက်ပြီး ကျွန်တော်လားလို့ မေးတော့ ခင်ဗျားကို ကျွန်တော် ဘယ်လိုပြန်ဖြေပေးရမှာလဲ ? ။"
"အာ ..... ကိုယ်တောင်းပန်ပါတယ် ။ ကိုယ် ကလေးအသံကို ကြားချင်လို့ပါ ။ ပြီးတော့ ကလေးကိုလည်း သတိရလို့ ။"
"တော်ပါတော့ဗျာ .....ခင်ဗျားက ကိုယ်တိုင် ထောင်ချမဲ့ လင်ငယ်ရဲ့ ထောင်နန်းစံခါနီးအသံကို လှောင်ချင်ရင် လှောင်ချင်တယ်လို့ ပြောလိုက်
စမ်းပါ ။ "
ရှောင်ကျန့် တစ်ယောက် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ရင်ဘတ်ထဲကိုလည်း မြားအစင်းပေါင်းများစွာ တစ်ချိန်ထဲဖြတ်ဝင်သွားသလို ဆက်ခနဲ့နှင့် နှလုံးသားက နာကျင်သွားသည်။နှစ်သိမ့်နိုင်စွမ်းတွေ ကင်းမဲ့သည်အထိ စကားလုံးတွေ ပျောက်ရှကုန်သည်။
"တောင်းပန်ပါတယ် ။ ကိုယ် မင်းကိုပဲ သိပ်ချစ်ခဲ့ပါတယ် ။"
"ကြားရတာတော့ နားထောင်လို့ ကောင်းပါတယ် ။ ဒါပေမဲ့ အဲ့စကားတွေက ကျွန်တော့်နှလုံးသားကို ပျားရည်လောင်းပြီး ခါချဉ်အုံနဲ့ ကိုက်ခိုင်း
သလိုပဲ ......တဆစ်ဆစ်နဲ့ နာတယ် ။
ကျွန်တော် ခင်ဗျားကို သိမ်မုန်းတယ် ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရေစက် ဒီနေရာမှာပဲ ဖြတ်ကျတာပေါ့ ။ နှုတ်ဆက်ပါတယ် လူကြီးရေ ။"
တစ်ဖက်က ဖုန်းချသွားမှ ရှောင်ကျန့်လည်း လက်ထဲမှ ဖုန်းအားအသက်မဲ့စွာ ချမိလေသည်။
ယ
"ဟင်အင်း....နှုတ်မဆက်ချင်ဘူး ။ကလေးအနားမှာ အရိပ်လိုတော့ တွယ်ကပ်ချင်နေသေးတယ် ။"
...............................................................................................................................................
ကားပေါ်မှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် ။ လေးလံသော အတွေးကိုယ်စီနှင့် တရားခွင်သို့ ချိန်းဆိုထားခြင်းကြောင့် သွာနေကြခြင်း ဖြစ်သည်။
"မောင် .... မနဲ့အတူ လိုက်ခဲ့ဖို့က သေချာရဲ့လား? ။"
"ဟမ် ! မကလည်း ခုလည်းအတူတူသွားနေတာပဲဟာ ။"
လင်းက မိမိမေးသော အမေးကို သတိမထားမိဘဲ ရိုးရိုးလေးတွေးကာ ဖြေလာသော ရှောင်ကျန့်ကြောင့် အ လိုက်ချည်လား ဟူသော ပုံစံဖြင် မျက်လုံး တစ်ချက် လှန်ကြည့်လိုက်ပြီး အဓိပ္ပါယ်ဖော်ရခက်သော အပြုံးလေးတစ်ပွင့် နှုတ်ခမ်းဖျားတွင် တပ်ဆင်ကာ ပြုံးလိုက်လေသည်။
"မ ဘာလို့ရယ်နေတာလဲဗျာ ။"
"ဪ ....တုံ့းအတဲ့ မောင်က သူ့ချစ်သူကို ကာကွယ်ချင်လို့ မ နောက်လိုက်ခဲ့မယ်ဆိုတာကြီးကို တွေးမိသွားတော့ မယုံနိင်ဘဲ ရယ်ချင်မိသွားလို့ပါ ။"
ဟူသော လင်း၏စကားအဆုံး အံ့ဩမှုများစွာဖြင့် လှည့်ကြည့်လာသူမှာ ရှောင်ကျန့် ။
အံ့ဩလွန်း၍ ကားကိုရပ်ကာ စကားသေချာပြောမည်လုပ်တော့ ကားကိုမရပ်ခိုင်းဘဲ ဆက်မောင်းခိုင်းသော လင်း ။
"သိနေခဲ့တာလား? ။"
"အင်း ။"
"ဘယ်လို သိသွားတာလဲ ? ။ "
"သိတာပေါ့ ....ရီပေါ်က မ ကြောင့် ထိခိုက်တာ မဟုတ်ဘဲ မ ကိုခြောက်တွန်းတဲ့အခါတိုင်းမှာ မောင်တိတ်ဆိတ်နေရတဲ့ အကြောင်းအရင်းက မ ကြောင့် မဟုတ်ဘဲ ရီပေါ်ကို မပြစ်မတင်ချင်လို့ ဆိုတာကို မ သိပ်သိတာပေါ့ ။
နောက်ပြီး မောင် မ ဖမ်းခံရတဲ့နေ့တွေက ဂိုထောင်ဆီကို မောင်လာခဲ့တယ်ဆိုတာ အိမ်ခန်းထဲမှာ ကျန်ခဲ့တဲ့ မောင့်ဒိုင်ယာရီလေးက ပြောပြတော့ မ သိတာပေါ့ ။
ချစ်ရတဲ့သူကို မတားနိုင်တော့ လို့ ကိုယ်ကိုယ်တိုင် လူဆိုးလုပ်နေတယ်ဆိုတာလည်း မ သိပါတယ်။
သောက်လိုက်တဲ့ ကင်ဆာဆေးတွေကလည်း ခါတိုင်းနဲ့မတူဘဲ တစ်မျိုးလေး ဖြစ်နေရတဲ့ အကြောင်းကိုလည်း စာအုပ်ထဲက မောင့်လက်ရေးတွေက ပြောပြနေတယ် ။
နောက်ဆုံးကတော့ ဒီလိုမျိုးသေကြောင်း ကြံစည်မှုမှာသာ မတို့မသေခဲ့ရင် မင်းကိုယ်တိုင်သက်သေတွေပြောင်းပြီး ထောင်ထဲအစားဝင်မယ်ဆိုတာပါ မ သိခဲ့ရတယ် ။
ဟက် ! ..အဆိုးဆုံးကတော့ ချစ်သူကိုထောင်ထွက်တစ်ယောက်ရဲ့ ကောင်လေးတော့ မလုပ်စေချင်ဘူးတဲ့ ။
ဟား...ဟား..ဟား.....မောင်ရယ် အဲ့လောက်ရူးနှမ်းရလား? ။ မ ဆိုတာ ရက်ပိုင်းအတွင်းသေတော့မယ့် လူတစ်ယောက် ၊ မောင်က အသက်ရှင်ပြီး ဆက်နေရဉီးမှာ .....ဒါကို ဘာလို့များ ဒီလိုမစဉ်းစားဘဲ တွေးနိုင်ရတာလဲ ? မောင်ရယ် ။"
လင်း၏စကားအဆုံး ရှောင်ကျန့် အချိန်တစ်အောင့်ကြာသည်အထိ ဆွံအနေခဲ့လေသည်။
"ဒါဆို မ အကုန်သိနေလျက်နဲ့ ကျွန်တော်လုပ်နေတာတွေကို ဒီတိုင်းထိုင်ကြည့်နေခဲ့တာလား ? ။"
"အင်း ။"
"အဲ့ဒါဆို ကျွန်တော် တိုက်တဲ့ဆေးတွေကရော "
"သောက်ခဲ့တယ် ။"
"ဘာလို့လဲ ? ။"
ထိုအခါမှ လင်းတစ်ယောက် ရှောင်ကျန့်ဘက်ကို မျက်ဝန်းဆွေးဆွေးလေးဖြင့် ပြန်လှည့်
ကြည့်လာပြီး ........"
ချစ်လို့ ....မောင့်ကိုစိတ်မဆင်းရဲစေချင်လို့ " ဟုပြောလာလေသည်။
ထိုအခါမှ ရှောင်ကျန့်ပါးပြင်ထက်၌ မျက်ရည်များကျလာ၍ အသက်ကို ဝအောင် လုရှူနေမိလေသည်။
"မငိုနဲ့မောင် ..... အရာအားလုံးကို မ သိသိကြီးနဲ့ လက်ခံခဲ့တာချည်းပဲ ။ဒါပေမဲ့ မောင်ရှိနေရင် ရီပေါ်ကို ဉပဒေပိုင်းနဲ့ အပြစ်မပေးနိုင်မှန်းသိလို့ လာကတည်းက သူ့ကားကို ဘရိတ်ကြိုးဖြတ်ဖို့ မှာထားပြီးပြီး ။ အခုလောက်ဆိုရင်တော့ သူရှီးနဲ့တောင် တွေ့ပြီးလောက်ရောပေါ့ ။ "
"ဘယ်လို !! ။"
"နောက်ပြီး ဒီကားလည်း ကားဘရိတ်ကြိုး ဖြတ်ထားတယ်မလား ? ။ ကောင်းတယ် ...အတူတူ ရှီးဆီသွားကြတာပေါ့ ။"ဟုဆိုကာ အဓိပ္ပါယ် ဖော်ရခက်သော အပြုံးများဖြင့် ပြုံးပြနေသော မ ၏ဒီတစ်ခါအပြုံးသည် နှုတ်ဆက်အပြုံးဖြစ်ခဲ့တာကို ရှောင်ကျန့်သတိမထားမိခင် ရှေ့မှလာသော ကားကြီး၏ဒဏ်ကို အပြင်းအထန် မခံရစေရန်လင်းက သူမ၏ကိုယ်နှင့် ရှောင်ကျန့်ကို ပွေ့ဖက်ကာကွယ်ထားပေးလေသည်။
*သိပ်ချစ်ခဲ့တာ မောင့်ကိုပဲ ....ဟိုးအစကနေ
အခုချိန်ထိ ။*
*တောင်းပန်ပါတယ် ။ မ ထက် သူ့ကို ပိုချစ်ခဲ့လို့ ။*
*သိပ်မုန်းတယ်လို့ ပြောရတာဟာ သိပ်ချစ်ခဲ့လို့ပါ ။*
ပေါ့သွားလားဟင် ? ။