《Zawgyi》
အပိုင္း - ၁၆၃
[ခါးနာတယ္ - ၂]
သူမတို႔သာ ေနာက္တစ္ေၾကာ့ ထပ္သြားမိပါက ဒီညေတာ့ အိပ္ရာထဲက ထြက္ႏို္င္ေတာ့မွာ မဟုတ္ဘူးဆိုတာ ခ်င္းစုယြဲ႕က ခံစားမိေန၏။
ခ်န္းစီႏ်န္ဟာ ေရခ်ိဳးၿပီးေတာ့ ေရခ်ိဳးခန္းဝတ္ရံုဝတ္လ်က္ ထြက္လာကာ ေစာင္ေအာက္မွာ ျမဳပ္ဝင္ေနသည့္ ခ်င္းစုယြဲ႕ကို ေတြ႕လိုက္ရေလသည္။ သူမရဲ႕ ပါးျပင္ေလးေတြမွာ ေရေႏြးေႏြးျဖင့္ ခ်ိဳးထားေသာေၾကာင့္ ပန္းေရာင္သန္းေနဆဲျဖစ္ကာ ေတာ္ေတာ္ေလး ဆြဲေဆာင္မႈရွိလွေလသည္။ သူက ထိုနားသို႔ ေရာက္သြားလ်က္ ေစာင္ကိုဖယ္ကာ အိပ္ရာထဲဝင္လိုက္ေတာ့သည္။
ခ်င္းစုယြဲ႕ဟာ သူမရဲ႕ေျခသလံုးကို လာေရာက္ပြတ္သပ္ေနပါသည့္ သူ႔ရဲ႕ေျခေထာက္ရွည္ရွည္ေတြကို သိရွိခံစားမိသြားကာ အတန္ငယ္ စိတ္ဆိုးလ်က္ သူ႔ကိုေဘးသို႔ ကန္ခ်လိုက္ေတာ့၏။
"လာမရႈပ္နဲ႔ေတာ့! ကၽြန္မ ပင္ပန္းေနၿပီ"
ခ်န္းစီႏ်န္က သူမကိုရင္ခြင္ထဲ ထည့္ထားလိုက္ၿပီး သူမရဲ႕နဖူးေလးကိုနမ္းကာ ျပံဳးလ်က္ ေရရြတ္လိုက္သည္။
"ကိုယ့္ဇနီးက သက္လံုမေကာင္းဘူးပဲ"
"ေဝးေဝးသြား!"
ခ်င္းစုယြဲ႕က သူ႔ကို တြန္းလႊတ္ေလ၏။
"ရွင္ နည္းနည္းေလးေတာင္ မေအာင့္အီးႏိုင္ဘူးလား?"
"ကိုယ္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ေနတာပဲေလ"
ခ်န္းစီႏ်န္က ေျပာင္ေျပာင္တင္းတင္းပင္ ေျပာေလသည္။
ခ်င္းစုယြဲ႕က မ်က္ဝန္းကို အနည္းငယ္ဖြင့္၍ သူ႔ကိုၾကည့္လိုက္သည္။ သူမ ေတာ္ေတာ္ေလး သကၤာမကင္းျဖစ္ေန၏။ ခ်င္းစုယြဲ႕မွာ သူ႔လက္အား သူမခါးေပၚတြင္ တင္ထားလ်က္ ညင္သာတိုးတိတ္စြာ ေျပာေလသည္။
"ကၽြန္မ ခါးနာေနတယ္"
ခ်န္းစီႏ်န္က သူမ ဘာလိုခ်င္လဲဆိုတာ သိသျဖင့္ သူမရဲ႕ခါးအား စတင္ႏွိပ္နယ္ေပးေလသည္။
"ခ်န္းကေတာ္ ... စိတ္ေက်နပ္မႈ ရွိရဲ႕လားခင္ဗ်?"
ခ်င္းစုယြဲ႕က သက္ျပင္းခ်လ်က္ ေခါင္းညိတ္ျပသည္။
"အဆင္ေျပပါတယ္"
ခ်န္းစီႏ်န္က သူမကို စားသံုးၿပီးသြားေတာ့ သူ႔ဆႏၵ ျပည့္သြားခဲ့ေလၿပီ။ သူက သူမအား ႏွိပ္နယ္ေပးသည့္ ဝန္ေဆာင္မႈေပးဖို႔လည္း မေမ့ခဲ့ပဲ ၿပီးေတာ့ ေအာက္ထပ္သို႔ သူကိုယ္တိုင္ ဆင္းကာ စားစရာျပင္ေပးၿပီးေတာ့ ပ်င္းစရာေကာင္းသည့္ တီဗြီအစီအစဥ္အား ၾကည့္ေနၾကရင္းႏွင့္ သူက သူမကို ဖက္ကိုင္ထားေလ၏။
ခ်န္းစီႏ်န္က ဒီညကို ဒီမွာပဲေနေတာ့ဖို႔ တိုက္တြန္းေတာ့ သူမလည္း စဥ္းစားၾကည့္လိုက္ၿပီး သေဘာတူလိုက္၏။ သူမက တကယ္ကို ပ်င္းရိသြားကာ မျပန္ခ်င္ေတာ့ေပ။ အဲ့တာေၾကာင့္မလို႔ ခ်င္းစုယြဲ႕က ပိုင္နဥ္းကို ဖုန္းဆက္လိုက္ၿပီး သူမ ျပန္မလာေတာ့ေၾကာင္း ေျပာျပလိုက္၏။
ပိုင္နဥ္းမွာ အံ့ဩမိသြားသည္။
"သမီး ... အလုပ္က ဒီည အခ်ိန္ပိုဆင္းေနရတာလား?"
ခ်င္းစုယြဲ႕မွာ ထိုအေမးေၾကာင့္ ရွက္ရြံ႕သြားမိသည္။ သူမက ခဏေလာက္ တံု႔ဆိုင္းေနၿပီးေတာ့မွ အမွန္အတိုင္း ေျပာလိုက္ေတာ့ေလသည္။
"မာမား ... သမီး အခ်ိန္ပိုမလုပ္ရပါဘူး ... ခ်န္းစီႏ်န္နဲ႔ ရွိေနတာ"
ပိုင္နဥ္းက ထိုသို႔ၾကားလိုက္ရေတာ့ တိတ္ဆိတ္သြားေသးသည္။
"ေဩာ္ ... ဟုတ္ၿပီ"
ခ်င္းစုယြဲ႕ ဖုန္းခ်လိုက္ေတာ့ ခ်န္းစီႏ်န္ကျပံဳးေနကာ သူမအား သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္သည္။
"သူတို႔လည္း ဒီအရြယ္ကေနပဲ ျဖတ္သန္းခဲ့ၾကရတာပါပဲ ... နားလည္ၾကမွာပါ"
ခ်င္းစုယြဲ႕က သူ႔အား စူးရဲစြာ စိုက္ၾကည့္လိုက္သည္။
"ရွင္ ကၽြန္မကို ဒီည တစ္ခုခု လုပ္ရဲလုပ္ၾကည့္ေနာ္ .. ကၽြန္မ မနက္ျဖန္ အလုပ္သြားစရာ ရွိေသးတယ္"
ခ်န္းစီႏ်န္က တဲ့တိုးပဲ ျပန္ေျဖပါ၏။
"ဟုတ္ၿပီေလ"
ခ်င္းစုယြဲ႕ဟာ သူ႔ကို အဲ့ေလာက္ အရွက္ကင္းမဲ့လိုက္မည္ဟု မထင္ထားခဲ့ပဲ သူက တန္းၿပီးအိပ္ေတာ့မည္ကို ေတြ႕လိုက္ရေတာ့ သူမရဲ႕ သတိျဖင့္ေစာင့္ၾကပ္ ကာကြယ္ထားျခင္းကလည္း ေလ်ာ့ပါးသြားေလကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားမိေလေတာ့သည္။
ဒါေပါ့ အမွန္တရားကေတာ့ ခ်န္းစီႏ်န္က သူမထက္ ပိုၿပီး ဥာဏ္ေကာင္းေလ၏။ အျပင္မွာ ေမွာင္ေနဆဲပင္ျဖစ္ၿပီး ခ်င္းစုယြဲ႕မွာ သူ႔ရဲ႕ အဆက္မျပတ္ ေႏွာင့္ယွက္ေနမႈေၾကာင့္ ႏိုးလာရေတာ့သည္။
ခ်န္းစီႏ်န္က သူမရဲ႕လၽွာကို ကစားေနကာ သူ႔လက္ကေတာ့ သူမရဲ႕ေပါင္ေပၚသို႔ ေရြ႕လာေလ၏။
ခ်င္းစုယြဲ႕မွာ ေပါင္ကိုလာထိလၽွုင္ အယားတတ္ဆံုးပင္။ သူမက တအံ့တဩႏွင့္ ႏိုးလာရၿပီး သူမရဲ႕မ်က္ေတာင္ဖ်ားေတြ လႈပ္ခတ္လာခ်ိန္မွာေတာ့ ခ်န္းစီႏ်န္က ခ်က္ခ်င္းပင္ သူမကို ပိုၿပီး သည္းထန္စြာ နမ္းရွိုက္ေတာ့ေလသည္။
ခ်င္းစုယြဲ႕မွာ အသက္ရွဴလို႔ မရေတာ့သျဖင့္ သူ႔ရင္ဘတ္ကို လက္သီးျဖင့္ထုရသည္။
"အ..အြန္း..."
ခ်န္းစီႏ်န္က နမ္းလို႔မဝေသးေပမယ့္ သူမကို လႊတ္ေပးေလ၏။ သူက သူမကို ခိုင္ျမဲစြာ ဖက္ထားသည္ကို ေျဖေလ်ာ့ေပးလိုက္သည္ႏွင့္ ခ်င္းစုယြဲ႕က မပီဝိုးတဝါးသံျဖင့္ ေျပာလိုက္သည္။
"က်... ကၽြန္မ အသက္ရႉလို႔မရဘူး..."
ခ်န္းစီႏ်န္ရဲ႕အနမ္းက ေအာက္သို႔ေလၽွာသြားကာ သူမရဲ႕ ႏူးညံ့ေခ်ာမြတ္ေနသည့္ ညႇပ္ရိုးထံသို႔ ေရာက္ရွိသြားေတာ့လ်က္ ျပံဳးျဖဲျဖဲျဖင့္ဆိုသည္။
"ကိုယ္တို႔ မၾကာမၾကာနမ္းရင္ေတာ့ မင္း က်င့္သားရသြားမွာပါ"
ခ်င္းစုယြဲ႕မွာ ခက္ခက္ခဲခဲ ေမာ့ၾကည့္ရေလ၏။ သူမက သူ႔ပုခံုးအား တင္းက်ပ္စြာ ဆုပ္ကိုင္ထားလ်က္ ခဏနားသြားခ်ိန္မွာ ေျပာမိသည္။
"ရွင္ ကၽြန္မကို ကတိေပးထားတယ္ မဟုတ္ဘူးလား?"
"ဘာကိုလဲ?"
ခ်န္းစီႏ်န္က ရပ္တန္႔လိုက္လ်က္ သူမ၏ နားမလည္ႏိုင္ျဖစ္ေနေသာ ရုပ္ေလးအားၾကည့္ကာ ရယ္လိုက္သည္။
"အခုက ေနာက္တစ္ေန႔ ေရာက္သြားၿပီေလ"
သူက ခ်င္းစုယြဲ႕ရဲ႕ ညအိပ္ဝတ္စံုက ႀကိဳးအား ရုတ္တရက္ႀကီး ဆြဲျဖည္ခ်လိုက္ေတာ့ သူမရဲ႕အဝတ္အား လ်င္ျမန္စြာ ဖယ္ရွားၿပီး ျဖစ္ေလ၏။
ခ်င္းစုယြဲ႕မွာ သူ သူမအေပၚ က်ဴးေက်ာ္လာခ်ိန္မွာေတာ့ ပင့္သက္သာ ရႈိက္ႏိုင္ေတာ့ေလသည္။ သူက သူမရဲ႕ ႏူးညံ့ေခ်ာေမြ႕လွေသာ ေက်ာျပင္ေလးအား ငံု႔နမ္းလိုက္၏။ သူမမွာ မထိန္းႏိုင္ပဲ တုန္ရီလာကာ ညည္းညဴမိေတာ့သည္။
ေနာက္ဆံုးတြင္ေတာ့ ခ်င္းစုယြဲ႕မွာ အလုပ္ကို နာရီဝက္ေနာက္က်ၿပီး ေရာက္သြားေခ်ေတာ့သည္။ ဒါ့အျပင္ သူမရဲ႕ ေျခေထာက္ေတြမွာလည္း ေခြယိုင္ေနသည္ဟု ခံစားေနရေသးသည္။ ေန႔လည္စာစားခ်ိန္မွာေတာ့ ခ်န္းစီႏ်န္က ဖုန္းေခၚလာသည္။ ဒါေပမယ့္ သူမက ႏွစ္ခါေတာင္မေတြးပဲ ဖုန္းခ်ပစ္ေလ၏။
ခ်န္းစီႏ်န္ဟာ ဖုန္းေအာ္ပေရတာမွ အလိုေလ်ာက္ေျဖၾကားသံကို ၾကားလိုက္ရတဲ့အခါမွာ ေဒါသမထြက္မိပဲ သူမအား မက္ေဆ့ခ်္တစ္ေစာင္ ပို႔လိုက္ေလသည္။
ဟမ္ ... သူက သူမကို အရမ္းလည္း မၾကမ္းမိခဲ့ပဲနဲ႔ သူမက မ်က္လံုးထဲမွာ အရသာရွိၿပီး စားခ်င္စဖြယ္ျဖစ္ေနတာက .. သူ႔အျပစ္လား?
ပထမတစ္ႀကိမ္ၿပီးေတာ့ ခ်င္းစုယြဲ႕က ေမာပန္းေနကာ သူမရဲ႕ ျဖဴေဖ်ာ့ေဖ်ာ့ အသားအရည္က နီရဲၿပီး ရွက္ေသြးျဖာေနေတာ့ သူက မၾကည့္ပဲမေနႏိုင္ျဖစ္ေနရၿပီး မနားႏိုင္ေတာ့တာ ျဖစ္သည္။ သူက သူမကိုဖက္ကာ ေနာက္တစ္ႀကိမ္ ထပ္ယူခဲ့မိျပန္၏။
ေနာက္ဆံုးေတာ့ သူမက သူ႔ပုခံုးေတြကို ကိုက္ပစ္ခဲ့ေလသည္။
ခ်န္းစီႏ်န္က နာသြားတာေၾကာင့္ ညည္းမိလိုက္ေပမယ့္ ၎ေၾကာင့္ပဲ ပိုၿပီး စိတ္လႈပ္ရွားသြားကာ သူ႔ခြန္အားကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ အျပင္းအထန္ ဆာေလာင္လာေတာ့သည္မွာ သူမက ငိုယိုၿပီး အသနားခံလာသည္အထိ။
သူက မေဖာ္ျပႏိုင္ေလာက္တဲ့ အျဖစ္အပ်က္ေတြကို တစိမ့္စိမ့္ ျပန္ေတြးေနၿပီး သူ႔မ်က္ႏွာထက္ရွိ အျပံဳးႀကီးမွာလည္း ပိုၿပီး နက္ရွိုင္းလာေတာ့သည္။
ခ်င္းစုယြဲ႕ ေန႔လည္စာ စားေနတုန္းမွာပဲ သူ႔မက္ေဆ့ခ်္ကို ေတြ႕လိုက္သည္။ :
အားျပန္ျဖည့္ဖို႔အတြက္ အစားကိုေသခ်ာစားဖို႔ မေမ့နဲ႔ေနာ္
ခ်င္းစုယြဲ႕ဟာ "အားျပန္ျဖည့္"ဆိုတဲ့ စကားလံုးကို ေတြ႕လိုက္ရေတာ့ ခ်န္းစီႏ်န္တစ္ေယာက္ သူမရဲ႕အိပ္ရာေပၚက သက္လံုမေကာင္းသည္အား ဘယ္လိုေတာင္ မေက်မနပ္ေျပာခဲ့ပံုအား ျပန္သတိရမိသြားေတာ့သည္။ သူမရဲ႕နားရြက္ေတြမွာ နီရဲလို႔လာလ်က္ မက္ေဆ့ခ်္ကို ခ်က္ခ်င္း ပိတ္လိုက္၏။
ဒီအရွက္မရွိတဲ့ ႏွာဘူးကေတာ့!
26.7.2020
********************
《Unicode》
အပိုင်း - ၁၆၃
[ခါးနာတယ် - ၂]
သူမတို့သာ နောက်တစ်ကြော့ ထပ်သွားမိပါက ဒီညတော့ အိပ်ရာထဲက ထွက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ ချင်းစုယွဲ့က ခံစားမိနေ၏။
ချန်းစီနျန်ဟာ ရေချိုးပြီးတော့ ရေချိုးခန်းဝတ်ရုံဝတ်လျက် ထွက်လာကာ စောင်အောက်မှာ မြုပ်ဝင်နေသည့် ချင်းစုယွဲ့ကို တွေ့လိုက်ရလေသည်။ သူမရဲ့ ပါးပြင်လေးတွေမှာ ရေနွေးနွေးဖြင့် ချိုးထားသောကြောင့် ပန်းရောင်သန်းနေဆဲဖြစ်ကာ တော်တော်လေး ဆွဲဆောင်မှုရှိလှလေသည်။ သူက ထိုနားသို့ ရောက်သွားလျက် စောင်ကိုဖယ်ကာ အိပ်ရာထဲဝင်လိုက်တော့သည်။
ချင်းစုယွဲ့ဟာ သူမရဲ့ခြေသလုံးကို လာရောက်ပွတ်သပ်နေပါသည့် သူ့ရဲ့ခြေထောက်ရှည်ရှည်တွေကို သိရှိခံစားမိသွားကာ အတန်ငယ် စိတ်ဆိုးလျက် သူ့ကိုဘေးသို့ ကန်ချလိုက်တော့၏။
"လာမရှုပ်နဲ့တော့! ကျွန်မ ပင်ပန်းနေပြီ"
ချန်းစီနျန်က သူမကိုရင်ခွင်ထဲ ထည့်ထားလိုက်ပြီး သူမရဲ့နဖူးလေးကိုနမ်းကာ ပြုံးလျက် ရေရွတ်လိုက်သည်။
"ကိုယ့်ဇနီးက သက်လုံမကောင်းဘူးပဲ"
"ဝေးဝေးသွား!"
ချင်းစုယွဲ့က သူ့ကို တွန်းလွှတ်လေ၏။
"ရှင် နည်းနည်းလေးတောင် မအောင့်အီးနိုင်ဘူးလား?"
"ကိုယ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နေတာပဲလေ"
ချန်းစီနျန်က ပြောင်ပြောင်တင်းတင်းပင် ပြောလေသည်။
ချင်းစုယွဲ့က မျက်ဝန်းကို အနည်းငယ်ဖွင့်၍ သူ့ကိုကြည့်လိုက်သည်။ သူမ တော်တော်လေး သင်္ကာမကင်းဖြစ်နေ၏။ ချင်းစုယွဲ့မှာ သူ့လက်အား သူမခါးပေါ်တွင် တင်ထားလျက် ညင်သာတိုးတိတ်စွာ ပြောလေသည်။
"ကျွန်မ ခါးနာနေတယ်"
ချန်းစီနျန်က သူမ ဘာလိုချင်လဲဆိုတာ သိသဖြင့် သူမရဲ့ခါးအား စတင်နှိပ်နယ်ပေးလေသည်။
"ချန်းကတော် ... စိတ်ကျေနပ်မှု ရှိရဲ့လားခင်ဗျ?"
ချင်းစုယွဲ့က သက်ပြင်းချလျက် ခေါင်းညိတ်ပြသည်။
"အဆင်ပြေပါတယ်"
ချန်းစီနျန်က သူမကို စားသုံးပြီးသွားတော့ သူ့ဆန္ဒ ပြည့်သွားခဲ့လေပြီ။ သူက သူမအား နှိပ်နယ်ပေးသည့် ဝန်ဆောင်မှုပေးဖို့လည်း မမေ့ခဲ့ပဲ ပြီးတော့ အောက်ထပ်သို့ သူကိုယ်တိုင် ဆင်းကာ စားစရာပြင်ပေးပြီးတော့ ပျင်းစရာကောင်းသည့် တီဗွီအစီအစဉ်အား ကြည့်နေကြရင်းနှင့် သူက သူမကို ဖက်ကိုင်ထားလေ၏။
ချန်းစီနျန်က ဒီညကို ဒီမှာပဲနေတော့ဖို့ တိုက်တွန်းတော့ သူမလည်း စဉ်းစားကြည့်လိုက်ပြီး သဘောတူလိုက်၏။ သူမက တကယ်ကို ပျင်းရိသွားကာ မပြန်ချင်တော့ပေ။ အဲ့တာကြောင့်မလို့ ချင်းစုယွဲ့က ပိုင်နဉ်းကို ဖုန်းဆက်လိုက်ပြီး သူမ ပြန်မလာတော့ကြောင်း ပြောပြလိုက်၏။
ပိုင်နဉ်းမှာ အံ့ဩမိသွားသည်။
"သမီး ... အလုပ်က ဒီည အချိန်ပိုဆင်းနေရတာလား?"
ချင်းစုယွဲ့မှာ ထိုအမေးကြောင့် ရှက်ရွံ့သွားမိသည်။ သူမက ခဏလောက် တုံ့ဆိုင်းနေပြီးတော့မှ အမှန်အတိုင်း ပြောလိုက်တော့လေသည်။
"မာမား ... သမီး အချိန်ပိုမလုပ်ရပါဘူး ... ချန်းစီနျန်နဲ့ ရှိနေတာ"
ပိုင်နဉ်းက ထိုသို့ကြားလိုက်ရတော့ တိတ်ဆိတ်သွားသေးသည်။
"ေဩာ် ... ဟုတ်ပြီ"
ချင်းစုယွဲ့ ဖုန်းချလိုက်တော့ ချန်းစီနျန်ကပြုံးနေကာ သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"သူတို့လည်း ဒီအရွယ်ကနေပဲ ဖြတ်သန်းခဲ့ကြရတာပါပဲ ... နားလည်ကြမှာပါ"
ချင်းစုယွဲ့က သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ရှင် ကျွန်မကို ဒီည တစ်ခုခု လုပ်ရဲလုပ်ကြည့်နော် .. ကျွန်မ မနက်ဖြန် အလုပ်သွားစရာ ရှိသေးတယ်"
ချန်းစီနျန်က တဲ့တိုးပဲ ပြန်ဖြေပါ၏။
"ဟုတ်ပြီလေ"
ချင်းစုယွဲ့ဟာ သူ့ကို အဲ့လောက် အရှက်ကင်းမဲ့လိုက်မည်ဟု မထင်ထားခဲ့ပဲ သူက တန်းပြီးအိပ်တော့မည်ကို တွေ့လိုက်ရတော့ သူမရဲ့ သတိဖြင့်စောင့်ကြပ် ကာကွယ်ထားခြင်းကလည်း လျော့ပါးသွားလေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိလေတော့သည်။
ဒါပေါ့ အမှန်တရားကတော့ ချန်းစီနျန်က သူမထက် ပိုပြီး ဉာဏ်ကောင်းလေ၏။ အပြင်မှာ မှောင်နေဆဲပင်ဖြစ်ပြီး ချင်းစုယွဲ့မှာ သူ့ရဲ့ အဆက်မပြတ် နှောင့်ယှက်နေမှုကြောင့် နိုးလာရတော့သည်။
ချန်းစီနျန်က သူမရဲ့လျှာကို ကစားနေကာ သူ့လက်ကတော့ သူမရဲ့ပေါင်ပေါ်သို့ ရွေ့လာလေ၏။
ချင်းစုယွဲ့မှာ ပေါင်ကိုလာထိလျှုင် အယားတတ်ဆုံးပင်။ သူမက တအံ့တဩနှင့် နိုးလာရပြီး သူမရဲ့မျက်တောင်ဖျားတွေ လှုပ်ခတ်လာချိန်မှာတော့ ချန်းစီနျန်က ချက်ချင်းပင် သူမကို ပိုပြီး သည်းထန်စွာ နမ်းရှိုက်တော့လေသည်။
ချင်းစုယွဲ့မှာ အသက်ရှူလို့ မရတော့သဖြင့် သူ့ရင်ဘတ်ကို လက်သီးဖြင့်ထုရသည်။
"အ..အွန်း..."
ချန်းစီနျန်က နမ်းလို့မဝသေးပေမယ့် သူမကို လွှတ်ပေးလေ၏။ သူက သူမကို ခိုင်မြဲစွာ ဖက်ထားသည်ကို ဖြေလျော့ပေးလိုက်သည်နှင့် ချင်းစုယွဲ့က မပီဝိုးတဝါးသံဖြင့် ပြောလိုက်သည်။
"ကျ... ကျွန်မ အသက်ရှူလို့မရဘူး..."
ချန်းစီနျန်ရဲ့အနမ်းက အောက်သို့လျှောသွားကာ သူမရဲ့ နူးညံ့ချောမွတ်နေသည့် ညှပ်ရိုးထံသို့ ရောက်ရှိသွားတော့လျက် ပြုံးဖြဲဖြဲဖြင့်ဆိုသည်။
"ကိုယ်တို့ မကြာမကြာနမ်းရင်တော့ မင်း ကျင့်သားရသွားမှာပါ"
ချင်းစုယွဲ့မှာ ခက်ခက်ခဲခဲ မော့ကြည့်ရလေ၏။ သူမက သူ့ပုခုံးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ခဏနားသွားချိန်မှာ ပြောမိသည်။
"ရှင် ကျွန်မကို ကတိပေးထားတယ် မဟုတ်ဘူးလား?"
"ဘာကိုလဲ?"
ချန်းစီနျန်က ရပ်တန့်လိုက်လျက် သူမ၏ နားမလည်နိုင်ဖြစ်နေသော ရုပ်လေးအားကြည့်ကာ ရယ်လိုက်သည်။
"အခုက နောက်တစ်နေ့ ရောက်သွားပြီလေ"
သူက ချင်းစုယွဲ့ရဲ့ ညအိပ်ဝတ်စုံက ကြိုးအား ရုတ်တရက်ကြီး ဆွဲဖြည်ချလိုက်တော့ သူမရဲ့အဝတ်အား လျင်မြန်စွာ ဖယ်ရှားပြီး ဖြစ်လေ၏။
ချင်းစုယွဲ့မှာ သူ သူမအပေါ် ကျူးကျော်လာချိန်မှာတော့ ပင့်သက်သာ ရှိုက်နိုင်တော့လေသည်။ သူက သူမရဲ့ နူးညံ့ချောမွေ့လှသော ကျောပြင်လေးအား ငုံ့နမ်းလိုက်၏။ သူမမှာ မထိန်းနိုင်ပဲ တုန်ရီလာကာ ညည်းညူမိတော့သည်။
နောက်ဆုံးတွင်တော့ ချင်းစုယွဲ့မှာ အလုပ်ကို နာရီဝက်နောက်ကျပြီး ရောက်သွားချေတော့သည်။ ဒါ့အပြင် သူမရဲ့ ခြေထောက်တွေမှာလည်း ခွေယိုင်နေသည်ဟု ခံစားနေရသေးသည်။ နေ့လည်စာစားချိန်မှာတော့ ချန်းစီနျန်က ဖုန်းခေါ်လာသည်။ ဒါပေမယ့် သူမက နှစ်ခါတောင်မတွေးပဲ ဖုန်းချပစ်လေ၏။
ချန်းစီနျန်ဟာ ဖုန်းအော်ပရေတာမှ အလိုလျောက်ဖြေကြားသံကို ကြားလိုက်ရတဲ့အခါမှာ ဒေါသမထွက်မိပဲ သူမအား မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။
ဟမ် ... သူက သူမကို အရမ်းလည်း မကြမ်းမိခဲ့ပဲနဲ့ သူမက မျက်လုံးထဲမှာ အရသာရှိပြီး စားချင်စဖွယ်ဖြစ်နေတာက .. သူ့အပြစ်လား?
ပထမတစ်ကြိမ်ပြီးတော့ ချင်းစုယွဲ့က မောပန်းနေကာ သူမရဲ့ ဖြူဖျော့ဖျော့ အသားအရည်က နီရဲပြီး ရှက်သွေးဖြာနေတော့ သူက မကြည့်ပဲမနေနိုင်ဖြစ်နေရပြီး မနားနိုင်တော့တာ ဖြစ်သည်။ သူက သူမကိုဖက်ကာ နောက်တစ်ကြိမ် ထပ်ယူခဲ့မိပြန်၏။
နောက်ဆုံးတော့ သူမက သူ့ပုခုံးတွေကို ကိုက်ပစ်ခဲ့လေသည်။
ချန်းစီနျန်က နာသွားတာကြောင့် ညည်းမိလိုက်ပေမယ့် ၎င်းကြောင့်ပဲ ပိုပြီး စိတ်လှုပ်ရှားသွားကာ သူ့ခွန်အားကို မထိန်းချုပ်နိုင်တော့ပဲ အပြင်းအထန် ဆာလောင်လာတော့သည်မှာ သူမက ငိုယိုပြီး အသနားခံလာသည်အထိ။
သူက မဖော်ပြနိုင်လောက်တဲ့ အဖြစ်အပျက်တွေကို တစိမ့်စိမ့် ပြန်တွေးနေပြီး သူ့မျက်နှာထက်ရှိ အပြုံးကြီးမှာလည်း ပိုပြီး နက်ရှိုင်းလာတော့သည်။
ချင်းစုယွဲ့ နေ့လည်စာ စားနေတုန်းမှာပဲ သူ့မက်ဆေ့ချ်ကို တွေ့လိုက်သည်။ :
အားပြန်ဖြည့်ဖို့အတွက် အစားကိုသေချာစားဖို့ မမေ့နဲ့နော်
ချင်းစုယွဲ့ဟာ "အားပြန်ဖြည့်"ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတော့ ချန်းစီနျန်တစ်ယောက် သူမရဲ့အိပ်ရာပေါ်က သက်လုံမကောင်းသည်အား ဘယ်လိုတောင် မကျေမနပ် ပြောခဲ့ပုံကို ပြန်သတိရမိသွားတော့သည်။ သူမရဲ့နားရွက်တွေမှာ နီရဲလို့လာလျက် မက်ဆေ့ချ်ကို ချက်ချင်း ပိတ်လိုက်၏။
ဒီအရှက်မရှိတဲ့ နှာဘူးကတော့!
26.7.2020
****************