#Unicode
လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က …
" ဆေးလိပ် …
ဘာလို့ ဆေးလိပ် တစ်လိပ်မှ မရှိတာလဲ "
" သခင်လေး … အဲ့ဒါက ကုန်သွားပြီ "
ချူးရှန့်တစ်ယောက် အတွင်းရေးမှူးနေရာဝင်ကာ စာရင်းတွေတွက်ချက်ရတဲ့အပြင် သခင်ဖြစ်သူလုပ်ရမဲ့စာရွက်စာတန်းတွေကို စစ်ဆေးပေးရပြီး စက်ရုပ်တစ်ရုပ်ပမာ အလုပ်နဲ့လက်မပြတ် ဖြစ်နေ၏ …
မင်းယွီထွက်သွားပြီးနောက် အလုပ်ကိုလဲစိတ်မဝင်စား ထမင်းမစား ရေမသောက်ပဲ ဆေးလိပ်ပဲထိုင်သောက်နေတဲ့သခင်ဖြစ်သူကိုကြည့်ကာ ချူးရှန့် စိတ်ပူပန်လာမိလေတယ် …
သခင်သောက်တဲ့စီးကရက်က အထူးထုတ်လုပ်ထားတာဖြစ်ပြီး နေရာတကာမှာဝယ်လို့မရနိုင်တဲ့ ကုန်ပစ္စည်းတစ်မျိုးလဲဖြစ်တယ် …
" သခင်လေး … ကျွန်တော် သွားဝယ်လိုက်ရမလား "
" မင်းမဝယ်တော့ ငါကိုယ်တိုင် သွားဝယ်ရမှာလား "
" အာ ! "
အလုပ်ကိစ္စတွေကိုလဲ တာဝန်ပေးထားသေးတယ် ထမင်းစားချိန်တောင်မနားရသေးဘူး … ချူးရှန့် ဒီနေ့မှမသေရင် မသေနိုင်တော့ဘူး … ထိုစဉ် ကယ်တင်ရှင် ယာရှာရောက်လာလေတယ် …
" ယာရှာ … ငါ … "
ထိုစဉ် ခုံပေါ်မှာထိုင်နေတဲ့ဖန်းဂူက လက်ထဲက ဘောပင်နဲ့ ချူးရှန့်ထံ လှမ်းပြစ်လိုက်တော့ ဦးခေါင်းကိုမှန်သွားပြီး ချူးရှန့်အကူအညီတောင်းမဲ့အရေး ရပ်တန့်လိုက်ရတယ် …
" ဒီနယ်မြေရဲ့ နေရာတွေအကြောင်း မသိတဲ့သူကို ခိုင်းဖို့မစဉ်းစားနဲ့ …
မင်းကိုယ်တိုင်သွားဝယ် "
" ဟုတ်ကဲ့ "
ချူးရှန့် နာကျင်နေတဲ့ ဦးခေါင်းကိုပွတ်လျှက် အခန်းထဲကနေထွက်သွားလေတော့တယ် … ယာရှာက ချူးရှန့်လောက် စီးပွားရေးနယ်ပယ်မှာ မကြွမ်းကျင်ပေမဲ့ အတတ်နိုင်ဆုံး ကူညီပေးလေတယ် … ဒါပေမဲ့ သခင်ဖြစ်သူရဲ့ ခုပုံစံကို သူမအားမရသလို သူမသိတဲ့ သခင် Lion က သန်မာပြီး ဆုံးဖြတ်ချက် ပျက်သားတဲ့သူသာ ဖြစ်နေသင့်တယ် … တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နေတာမျိုး မရှိသင့်ဘူး …
တစ်နာရီခန့်ကြာတော့ …
ခွက်ပျံကြီးက လေပေါ်မှာ ဝဲပျံလာပြီး အခန်းထဲဝင်လာတဲ့ ချူးရှန့် နှဖူးကို အနမ်းပေးလိုက်လေတယ် …
' ခွမ်း '
" ဆေးလိပ်တစ်ဘူးသွားဝယ်တာ အဲ့လောက်ကြာရလား "
နှဖူးမှာ အာလူးသီးတစ်လုံးထွက်လာတော့ ချူးရှန့် ငိုမဲ့မဲ့နဲ့သာ ပြန်ဖြေနိုင်တော့တယ် …
" အဲ့ … အဲ့ဒါက သခင်သောက်တဲ့ ဆေးလိပ်က ပစ္စည်းပျက်သွားလို့ …
ပင်ရင်းကို သွားဝယ်နေတာနဲ့ကြာသွားတာ "
ချူးရှန့်က လက်ထဲက အဖြူရောင် ဆေးလိပ်ဘူးလေးကို ဖန်းဂူအရှေ့ မရဲသရဲ ချပေးလိုက်တယ် …
" အဲ့ဒါဆိုလဲ တစ်ဖာလောက်ဝယ်ခဲ့ပါလား …
ဘာလိုတစ်ဘူးထဲလဲ … မင်းမှာ ဦးနောက်မရှိဘူးလား "
ဘယ်အရာကိုမှ စိတ်အလိုမကျနိုင်တဲ့ သခင်ရဲ့ဒေါသကိုကြောက်ပြီး အားလုံး ငြိမ်ကုတ်နေကြလေတယ် … ဆေးလိပ်ဘူးထဲကနေ တစ်လိပ်ထုတ်လိုက်ပြီး …
" မီးချစ်က ဘယ်ရောက်သွားပြန်တာလဲ "
ထားနေကျနေရာမှာ မီးချစ်မရှိတော့ ထပ်မံအအော်ခံလိုက်ရပြန်တယ် … ချူးရှန့် မီးချစ်ဆောင်တတ်၍မှသော်သေးတယ် … နို့မို့ဆိုလျှက် တိုက်ခန်းတစ်ခုလုံး ပြိုကျလောက်အောင် တောင်းကျန်းနေလောက်ပြီ …
ခုချိန်မှာ သခင်လေးရဲ့စိတ်ကို တည်ငြိမ်အောင်ထိန်းနိုင်တာက ဆေးလိပ်တစ်မျိုးပဲရှိတော့တယ် … ဒါကလဲ အချိန်တိုင်းတော့ မဟုတ်ခဲ့ဘူး …
" ဒီကော်ဖီက ဘာအရသာကြီးလဲ ….
ငါ့ကိုရေတွေလာတိုက်နေတာလား "
' ခွပ် '
နောက်ထပ်အာလူးသီးတစ်ခု … ဒီတိုင်းသာ ရက်ပေါင်းများလာရင် ချူးရှန့်တစ်ကိုယ်လုံး ဖားပြုတ်တစ်ကောင်လို အဖုပေါင်းသောင်းခြောက်ထောင်နဲ့ဖြစ်တော့မယ် …
မင်းယွီလက် ခနလေးအပ်လိုက်ပါတယ် အကြိုက်တွေပါပြောင်းသွားပြီး အရင်ကဖျော်ပေးတဲ့သူရဲ့ လက်ရာက ရေဖြစ်သွားရောလား … ရက်စက်လိုက်တာ သခင်ရယ် …
" ငါ့အခန်းက ဘာလို့ဒီလောက် ရှုတ်ပွနေတာလဲ "
အလုပ်တွေဖိခိုင်နေပြီး သန့်ရှင်းရေးကို ဘယ်လိုလုပ် လုပ်နိုင်တော့မှာလဲလို့ …
" မိမစစ်ဖမစစ်ကောင်တွေ …
ငါ့အခန်းက ဘာလို့ဝက်ခြံနဲ့တူနေတာလဲ …
ခုချက်ချင်းရှင်းကြစမ်း "
မင်းယွီလဲမရှိ ချူးရှန့်ကလဲ ရုံးအလုပ်တွေနဲ့ရှုတ်နေချိန်မှာ ဖန်းဂူရဲ့သက်တော်စောင့်တွေဟာ အိမ်မှာ သန့်ရှင်းရေးသမားဖြစ်လို့သွားလေတယ် …
" တံမြတ်စည်းကော "
" ကြမ်းတိုက်တံတွေအကုန် သခင်လေးရိုက်ချိုးလို့ ကျိုးကုန်ပြီ … ဘယ်လိုလုပ်ရပါ့မလဲ "
" မီးဖိုချောင်ထဲမှာ ပန်းကန်အကောင်းတစ်လုံးမှမကျန်တော့ဘူး "
" အိမ်သာထဲက တစ်ရှူးလိပ် ဘယ်ရောက်သွားတာလဲ … အမြန်ယူလာခဲ့ "
" ရေချိုးခန်းတံခါးလဲ ပျက်နေပြီ … သခင်ရိုက်ချိုးထားတာလား "
" အဲကွင်းကလဲမအေးတော့သလိုပဲ … မီးခလုပ်တွေပျက်နေတာ … ထုခွဲထားတာလား "
မင်းယွီမရှိတော့တာက ဖန်းဂူကို အလွန်အင်အားကြီးတဲ့ မကောင်းဆိုးဝါးတစ်ယောင်အဖြစ်ပြောင်းသွားစေပြီး သူ့လက်အောက်က ကြမ်းတမ်းတဲ့ယောက်ျားကြီးတွေတောင် အိမ်ရှင်ထီး တွေဖြစ်ကုန်ကြတယ် …
အိမ်တစ်ခုလုံးအကောင်းမကျန်အောင် ရိုက်ချိုးပြီးနောက် ဖန်းဂူအနည်းငယ်စိတ်သက်သာယာ ရသွားဟန်ပေါ်တယ် … သက်တော်စောင့်တွေကတော့ တစ်အိမ်လုံး ပစ္စည်းတိုင်းကို အသစ်ပြန်လည်တပ်ဆင်နေရလေတော့တယ် …
တစ်ပတ်ပြီးတဲ့နောက်မှာတော့ အိမ်မှာတောင်းကျန်းပြီး ရုံးမှာထပ်မံ တောင်းကြမ်း ပြန်လေတော့တယ် …
" ဒီစာရင်းတွေက ပရမ်းပတာတွေ … ဘယ်ကောင်လုပ်ထားတာလဲ "
" အတွင်းရေးမှူးအသစ်ပါ "
" ဘယ်ကောင် အသစ်ခန့်လိုက်တာလဲ …
သေချင်လို့လား "
မနေ့တစ်နေ့ကပဲ ချူးရှန့်တစ်ယောက်ထဲ အလုပ်တွေ မနိုင်တော့လို့ မင်းယွီလဲ ပြန်မလာနိုင်ဘူးဆိုတာ သိနေ၍ ခန့်လိုက်ခြင်းပင် … တစ်ရက်တောင် မပြည့်သေးဘူး အထုတ်ခံလိုက်ရပြီ …
ယာရှာက ဆက်ပြီးကြည့်မနေနိုင်တော့ပဲ ဖန်းဂူထံလျှောက်လာကာ ဒေါသကြီးနေတဲ့သခင်ဖြစ်သူကို စိတ်ငြိမ်စေဖို့ စကားတစ်ခွန်းဆိုလိုက်တယ် …
" ထပ်ပြီး မပေါက်ကွဲတော့ဘူးဆိုရင် အားလုံးကို ပြောပြမယ် "
ဖန်းဂူရဲ့အဓိကရည်ရွယ်ချက်က အတိတ်ကိုပြန်သတိရဖို့ဖြစ်ပြီး အမှန်တရာကိုဖွင့်ပြောစေချင်၍ပင် … ချူးရှန့်က ငြင်းဆန်နေ၍ နေ့စဉ်မပျက် ပေါက်ကွဲနေခြင်း … ယာရှာကပြောပြမယ်ဆိုလာတော့ ဖန်းဂူတိတ်ဆိတ်သွားလေတယ် … သူ့ရဲ့စကားကို နားထောင်နေတာမြင်တော့ ယာရှာဖန်းဂူအရှေ့မှာ ထိုင်လိုက်တယ် …
" ဒါတွေအားလုံးရဲ့တရားခံက အဲ့ဒိအိုမီဂါပဲ …
သခင်လေးကို ကျရှုံးစေတဲ့သူ … သေမလိုဖြစ်ပြီး ခုလိုအရူးတစ်ပိုင်ဖြစ်အောင်လုပ်ခဲ့တာ အဲ့ဒိအိုမီဂါပဲ "
သူမအသံက အနည်းငယ်ဒေါသတွေ ပါနေသယောင် … ယာရှာက ဖန်းဂူကိုလေးစားပြီး သန်မာတဲ့အတွင် အမြဲယုံကြည့်မှုအပြည့်နဲ့ နောက်လိုက်လုပ်လာခဲ့တာ ၁၀ နှစ်မကတော့ဘူး … အဲ့လို ခင်္သြေ့တစ်ကောင်ကို လဲပြိုပြီး ခုလိုအတိတ်မေ့နေတဲ့လူတစ်ယောက် အမှောင်မှာ လှောင်ရယ်ခံရတဲ့လူတစ်ယောက်ဘဝပြောင်းလဲလိုက်တဲ့သူကို ခွင့်မလွှတ်နိုင်ဘူး …
အစက မိသားစုလေး ပျော်ရွှင်စေဖို့ ဆုတောင်းခဲ့ပေမဲ့ သူမမြင်လိုက်ရတာက အစော်ကားခံရပြီး ထားခဲ့ခံရတဲ့အပြင် ခုလိုအရူးတစ်ယောက်လို ပေါက်ကွဲနေခြင်းသာ … ဒါကြောင့် သူမစိတ်မထိန်းနိုင်ပဲ ဖွင့်ပြောလိုက်ခြင်းပင် … ထိုအခါ ချူးရှန့်က ပြေးလာပြီး …
" ယာရှာ … မင်းဘာတွေ ရှောက်ပြောနေတာလဲ "
" ငါပြောတာအမှန်တရားတွေပဲလေ …
သူသာ သခင်ဘက်ကိုကြည့်ပြီး စိတ်ချမ်းသာအောင်ထားခဲ့မယ်ဆိုရင် ငါဘာလုပ်ပေးရပေးရ မမှုဘူး …
ဒါပေမဲ့ သူ့ကိုအသက်ပေးခဲ့တဲ့လူကို မရွေးချယ်ပဲ ခုလိုအရူးတစ်ပိုင်းဖြစ်အောင် ဘာလို့ လုပ်သွားတာလဲ … ဒါက သူလွန်တာ မဟုတ်တော့ဘာလဲ "
" အားလုံးရှုတ်ကုန်ပြီ … ငါပဲရှင်းပြလိုက်မယ် …
မင်းတော်လိုက်တော့ "
ချုးရှန့်နဲ့ယာရှာ ရန်ဖြစ်နေစဉ် ဖန်းဂူအတွေးထဲမှာ ပုံရိပ်ထင်လာတဲ့မြင်ကွင်းတစ်ချို့ … အရာအားလုံးက ပျက်သားစွာဖြင့် … တဖြေးဖြေးမှတ်မိလာတဲ့မှတ်ဉာဏ်တွေက သူတို့ပထမဦးဆုံးစတွေ့ခဲ့တဲ့ ပါတနာရွေးပွဲနှင့် အဲ့ဒိနောက် အိမ်တော်မှာ ပိတ်လှောင်ထားခဲ့တဲ့အချိန်တွေ … ပွဲတစ်ခုကိုခေါ်လာပြီး လူဆိုးတွေနှောက်ယှက်နေတုန် ဝင်ကယ်ခဲ့တဲ့အချိန်တွေ အဲ့ဒိနောက် မှတ်ဉာဏ်တွေ ပျက်သောက်သွားပြန်တယ် …
ဒါဆို သေချာပြီ … သူတို့ရဲ့တွေ့ဆုံမှုက ကောင်းသောတွေ့ဆုံးခြင်းတော့မဖြစ်နိုင်ဘူး … ဖန်းဂူစိတ်မရှည်တော့တာနဲ့ ရန်ဖြစ်နေတဲ့ ၂ ယောက်ကို ခုံကို ဒုံးကနဲ့ရိုက်လိုက်ပြီး တားလိုက်တယ် …
" တော်တော့ … ချူးရှန့် ငါ့ကို အားလုံး ရှင်းပြ "
ချူးရှန့်လဲ ထိုအခါမှ စိန်ကိစ္စကနေ အိုမီဂါတစ်ယောက်ကိုဝယ်ယူခဲ့ပြီးနောက်ပိုင်း အန်းသားအဖ အရှုတ်တော်ပုံ အဲ့လက်လ်နဲ့ လက်နတ်ကိစ္စ မင်းယွီကလေးက သူ့ရဲ့ကလေးဖြစ်ပြီး မလိုချင်းကြောင်း ပြောခဲ့ဖူးတယ်ဆိုတာတွေ အရာရှိ ပတ်ဒိုမင်းနဲ့မင်းယွီဆက်ဆက်နေပုံ နောက်ဆုံး Lion အတုပေါ်လာပြီး ခြောက်ချပုံ နဂါအဖွဲ့ရဲ့ထောင်ခြောက်ကြောင့် ခုလိုအတိတ်မေ့ကာ မင်းယွီလဲ ဗိုက်တစ်လုံးနဲ့ပင်လယ်ထဲမှာ ပျောက်ဆုံးသွားကြောင်း အစဆုံး ရှင်းပြလေတော့တယ် …
အရာအားလုံးသိရှိသွားပြီးနောက် ထိုမျှလောင် ကြီးမားတဲ့ကိစ္စကြီးတစ်ခုကို မေ့ပျောက်နေတဲ့ ကိုယ့်ကိုယ်ကို မုန်းတီးမိသလို ဖုန်းကွယ်ထားတဲ့လူတွေကိုလဲ ဒေါသကြီးစွာဖြင့် ထပ်မံပေါက်ကွဲလေတော့တယ် …
" ယာရှာ … ငါတို့ပြောမိတာ မှားသွားပြီ "
" လွတ်အောင်ပြေးနိုင်ပါ့မလား "
အခန်းထဲကဝိုန်းဒိုင်းကြဲသံတွေကြောင့် ဝန်ထမ်းတစ်ချို့ ငလျှင်လှုပ်တာထင်ပြီး ထွက်ပင်ပြေးမိတော့မလိုပင် … နာရီဝက်ခန့်ကြာတော့မှ အရာအားလုံး တိတ်ဆိတ်သွားလေတော့တယ် …
ဂျွန်းထိုးမှောက်ခုံဖြစ်နေတဲ့ ရုံးခန်းထဲမှာ အရေးကြီးစာရွက်စာတန်းတွေ ရှိမနေ၍သော်သေးတယ် … သခင်ဖြစ်သူရဲ့ ထိုအမူအရာကို ၄ နှစ်လောက် မမြင်တွေ့ခဲ့ရ၍ ချူးရှန့်ရောယာရှာပါ မကြောက်ဘူးလို့ျပြာရင်လိမ်ရာကျကြလိမ့်မယ် …
အဆုံးသတ်၌ ဖန်းဂူ ခုံပေါ်မှာထိုင်လျှက် သူ့အိပ်ကပ်ထဲက ကစားကွင်းရဲ့အမှတ်တရ မိသားစုဓာတ်ပုံလေးကို ထုတ်ကြည့်လိုက်ပြီး သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ပုံလေးကို ထိတွေ့ကာ တိုးတိုးလေး ရေရွတ်လိုက်လေတော့တယ် …
" အစားကြီးလေးက ငါ့သားလေးတဲ့လား "
ဘီလူးဝင်စီးသလို ကြမ်းတမ်းပြီးတဲ့နောက် ဒီအပြုံက ချူးရှန့်တို့ကို မှင်သက်သွားစေတယ် … ဖန်းဂူ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အားလုံးကို ရှင်းလင်းစေဖို့ တစ်ခုချင်း ထပ်မံမေးမြန်ပြန်တယ် …
" ချူးရှန့် … ငါသူ့ကို ဘယ်လောက်ထိအနိုင်ကျင့်ခဲ့တာလဲ "
" ကျွန်တော်သိသလောက်တော့ သခင်လေးက အနှောင်အဖွဲ့တွေကို မုန်းတယ်ဆိုပြီး ကလေးကိုတောင် မယူဘူးငြင်းနေခဲ့တာလေ "
" ငါကလား "
" ဟုတ်တာပေါ့ … အစားကြီးလေးသာသိသွားရင် … "
" တော် … တော်တော့ … အဲ့အကြောင်းမပြောနဲ့တော့ …
ငါတို့မှာ ပျော်ရွှင်စရာ အမှတ်တရမျိုးရှိခဲ့ဖူးလား "
" ကျွန်တော် သိသလောက်တော့ မင်းယွီက အသက်ဆက်ရှင်ဖို့ သခင်လေးရဲ့ဘော်ဒီဂတ်ဖြစ်ခဲ့ဖူးတယ် …
သေနတ်ပြစ်လဲသင်ခဲ့ရတယ် … လူလဲသတ်ရတယ် …
ဒါပေမဲ့ သခင်လေးနဲ့ ၂ ယောက်အတူသွားတိုင်း ပြန်လာရင် ဖျားနေတတ်တယ် … ဘာတွေဖြစ်ခဲ့တာလဲတော့ ကျွန်တော်လဲမသိဘူး "
တကယ်ကို ကောင်းတဲ့အမှတ်တရတွေ မရှိခဲ့တာပါလား … ဒါပေမဲ့လဲ ဖန်းဂူ လက်မလျော့နိုင်သေးဘူး …
" ပတ်ဒိုမင်းက သူ့အဖေဆို … ငါတို့ ဘာတွေဆက်ဖြစ်ခဲ့သေးလဲ "
" သခင်သူ့ကို သတ်ဖို့အမိန့်ပေးခဲ့တယ် … ဒါပေမဲ့ မသေခဲ့ဘူး …
အဲ့ဒိစိတ်နဲ့ မင်းယွီအကြာကြီး နာကြင်ခဲ့ရတယ် "
မင်းယွီရဲ့မိခင် ဘာကြောင့် သူ့ကိုမုန်းလဲ မထူးဆန်တော့ပါဘူး … သူတို့ရဲ့ဆက်နွယ်မှုတွေက တောင်နဲ့မြောက်လို ဆန့်ကျင်ဘက်အရပ်မှာရှိနေကြတယ် …
" ငါသူ့အမေအပေါ် ဘာအမှားတွေလုပ်ခဲ့ဖူးသေးလဲ "
" ကြိုးနဲ့ချည်ဖမ်းပြီး … "
" တော် … တော်တော့ "
ဆက်ပြီးမေးနေလဲ ချူးရှန့်ပါစပ်က ကောင်းတဲ့အဖြေစကား ထက်ပြီးထွက်မလာနိုင်တော့ဘူး … အဆုံးသတ်မကောင်းခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြီး ပြင်ဆင်နိုင်ပါ့မလား … နောက်ဆုံး အကောင်းဆုံးဖြေရှင်းချက်ကို ရှာဖွေဖို့ စဉ်းစားကြည့်လိုက်တယ် …
၂ ရက်ခန့်ကြာတော့ ဖန်းဂူကို ပလောင်ဆူစေတဲ့သတင်းတစ်ခုက မင်းယွီနဲ့ ရှုယွမ်ကို မိဘတွေက လက်ထပ်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်း …
" ဒါက လုံးဝမဖြစ်နိုင်ဘူး … သူကငါ့ရဲ့အိုမီဂါ "
" သခင်လေးရယ် … မိတ်ဖက်လို့ပဲပြောလို့ရပေမဲ့ စာရွက်စာတန်းနဲ့ လက်ထပ်ထားတာမှမရှိသေးတာ …
သခင်လေးက သားကိုသာပိုင်ဆိုင်နိုင်လိမ့်မယ် …
သူတို့ဘက်က ခုလိုလုပ်တာလဲ အမှားလို့ပြောလို့မရဘူးလေ "
" ခုငါ ဘာလုပ်သင့်လဲ … အရာအားလုံကိုပြန်မှတ်မိတဲ့ထိစောင့်နေဖို့ အချိန်မရှိတော့ဘူး …
ငါသူ့ကို ဖမ်းခေါ်လာသင့်လား "
" အဲ့ဒိအကြံက ကောင်းတယ်လို့များထင်နေလား …
မင်းယွီလက်မခံရင်ဘယ်လိုလုပ်မှာလဲ "
" သူလက်ခံလာအောင် လုပ်မယ်ဆိုရင်ရော …
ပြီးတော့ ငါ့သားလေးလဲငါ့ကိုလက်ခံလာအောင်လုပ်ရမယ် …
ချူးရှန့် ငါ့ကို အကောင်းဆုံးအကြံပေးစမ်း "
ချူးရှန့် ခနမျှ စဉ်းစားပြီးနောက် …
" ကျွန်တော် စဉ်းစားမိသလောက်တော့ ယောက္ခမအိမ်သွားပြီး အရင်ကမှားခဲ့တာတွေအတွက် ပေးစပ်တဲ့သဘော လက်ခံလာအောင် ကြိုးစားကြည့်ရင်ရော …
အဲ့လိုဆို မင်းယွီလဲ အမြင်ကြည်လာမယ် … အစားကြီးလေးလဲ သခင်လေးအပေါ်ခင်သွယ်လာမယ် "
" ဒါပေမဲ့ ငါ့မှတ်ဉာဏ်ထဲမှာ သူ့အကြိုက်တွေကိုစဉ်းစားမရသေးဘူး …
အမှားလုပ်မိရင်ရော "
" လုယီလေးက ဉာဏ်များတဲ့ကလေး …
သူ့ဆီကနေ မင်းယွီရဲ့အလေ့အထတွေသင်ယူပြီး ကိုက်ညီအောင်နေရင် သူသခင်လေးကိုလက်ခံလာလိမ့်မယ် "
" အဲ့လိုဆိုဖြစ်လား … ငါခုပဲသွားမယ် "
" နေ … နေပါအုံး … ညသန်ခေါင်ကြီး …
ပြီးတော့ ဘာမှမပြင်မဆင်ရသေးဘူး "
" နောက်ကျလို့မဖြစ်ဘူး "
ဒီလိုနဲ့ ညသန်ခေါင်ကြီး သူများအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့လေတော့တယ် … ပြတင်းပေါက်ကနေပြီး အခန်းလေးထဲဝင်လာတော့ လုယီလေး နိုးနေတာကို တွေ့လိုက်ရတယ် …
" ဦးရေးကြီး "
ဖန်းဂူ လုယီလေးကိုပွေ့ချီလိုက်ပြီး မီးဖွင့်လိုက်တဲ့အခါ မင်းယွီကတော့ နှစ်ခြိုက်စွာ အိပ်မောကြနေတုန်းပင် …
လုယီလေးက မယုံကြည်နိုင်စွာဖြင့် ဖန်းဂူပါးလေးကို ဖစ်ကြည့်လိုက်တော့ လူအစစ်မှန်းသိသွားတဲ့အခါ လွန်စွာပျော်ရွှင်နေလေတော့တယ် …
" သားလေး "
ဖန်းဂူ ရင်ထဲအသဲထဲကနေ ချစ်ချင်းမေတ္တာအပြည့်နဲ့ ခေါ်လိုက်ခြင်းကြောင့် လုယီလေးအနည်းငယ်စွံ့အသွားကာ နောက်တော့မှ ပြုံးသွားပြီး …
" သူနယ်ချင်း "
ခုသေချာကြည့်မိတော့မှ သားလေးမှာ သူနဲ့တူတဲ့ မျက်ဝန်းတစ်စုံရှိနေပြီး နှုတ်ခမ်းလေးက သူ့ပါပါးနဲ့တူနေပြန်တယ် … ဆံပင်အရောင်က သူတို့မျိုးရိုးနဲ့တူပြီးနက်မှောင်လျှက် အသားအရေက ပါပါးဘက်တူပြီး ဂွမ်းမွေးလေးလို ဖြူနုနေတယ် … အငွေ့အသက်လေးကတော့ အယ်ဖာဟော်မုန်းဓာတ်ကပိုများနေတယ် … သားလေးက တကယ်ကို ချောမောလှပပြီး အင်းအားကြီးမားတဲ့ ခင်္သြေ့ပေါက်စလေးတစ်ကောင်လိုပဲ …
" သားလေး … ပါပါးက ဦးအကြောင်း ဘာတွေပြောသေးလဲ "
" ဟင့်အင် … ဒါပေမဲ့ ပါပါးခိုးပြီး ငိုနေတာ YiYi တွေ့တယ် "
ဖန်းဂူ ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ မင်းယွီကိုတစ်ချက်ကြည့်လိုက်တယ် … မတွေ့ရတဲ့ရက်အနည်းငယ်အတွင်းမှာ မျက်နှာလေး သိသိသာသာချောင်ကျသွားတယ် …
" သားလေး … ပါပါးငိုနေရင် ဘယ်လိုချော့ရလဲသိလား "
လုယီလေးက ခနမျှစဉ်းစားလိုက်ပြီးနောက် ဖန်းဂူပခုံးလေးကိုဖက်လိုက်ပြီး ခေါင်းလေးကို ဖွဖွလေးပုတ်ပေးကာ …
" YiYiက ပါပါငိုရင် ဒီလိုလေး လုပ်ပေးလိုက်တယ် …
အဲ့လိုဆို ပါပါကပြုံးသွားရော "
ဖန်းဂူ မနေနိုင်စွာ လုယီပါးလေးကိုဖစ်လိုက်ပြီး …
" သားလေးက လူလည်လေးပဲ "
" ဟီး "
လုယီလေးက အနေဆင်းရဲပေမဲ့ လူတွေအများကြီးရဲ့ ချစ်ခင်မှုကို ရရှိတဲ့အပြင် သူ့ထက်ပိုပြီး အရာအားလုံးတက်ကျွမ်းနေတယ် … ဖန်းဂူအသက် ၃၀ သာရှိပေမဲ့ ၃ နှစ်သားလေးလောက်တောင် လူတွေနဲ့ပတ်သပ်ရင် ဘယ်အရာကိုမှ ကိုက်ညီအောင် မလုပ်ဆောင်တတ်သေးဘူး …
" သားလေး … ဦးက ပါပါးရဲ့ ဂရုစိုက်မှုကို လိုချင်တယ်ဆို ဘယ်လိုပြုမူသင့်လဲ "
" သူနယ်ချင်းက ပါပါး YiYi ကို ဂရုစိုက်သလိုကိုပြောတာလား "
" အင်း … အဲ့လိုမျိုးဆိုရင်ရော "
" ဒါကလွယ်ပါတယ် … ပါပါးက YiYi ကို မျက်နှာသစ်ပေးတယ် ရေချိုးအဝတ်လဲပေးတယ် အစားလဲကြွေးတယ် ပြီးတော့ YiYi ပါးကို မနက်တိုင်း Kiss ပေးရတာ ပျော်တယ်တဲ့ …
ပြီးတော့ YiYi သူနယ်ချင်း ဦးရေးကြီးကိုလဲ အဲ့လိုလုပ်ပေးရင်ပျော်မှာ "
" တကယ်လား … သူ့ဂရုတစိုက်လုပ်ပေးတာကိုခံရင် သူတကယ်ပျော်မှာလား "
" အင်းပေါ့ … ပါပါးက လိမ်မာတဲ့သူတွေဆို ချစ်တယ်တဲ့ "
" လိမ်မာတဲ့သူ "
တစ်ဖက်တွင်တော့ ချူးရှန့် သခင်အဆင်ပြေစေဖို့ တစ်ညလုံး ဆုတောင်းနေမိတယ် … မနက်ပိုင်းကြားရမဲ့သတင်းက လူသတ်မှုမဟုတ်ရင်ရပါပြီ …
*
*
*
*
လှပတဲ့နံနက်ခင်းလေးမှာ ခြံအပြင်မှာပွင့်နေတဲ့ ပန်းခင်းကြီးရဲ့ရနံ့တွေက မွှေးကြိုင်လျှက် နံနက်ခင်းရဲ့အလှတွေကို လေပြေအေးနဲ့အတူ စီးကြိုနေတယ် … ဒီအိမ်လေးကို ပန်းအိမ်တော်ဟု နာမည်ပေးထားလေတယ် …
မနက်ခင်းရဲ့အလှအပတွေက တစ်စုံတစ်ယောက်ကြောင့် အေးခဲကုန်ကြတယ် … မင်းယွီရဲ့မိခင်ဆိုရင် မြင်မြင်ချင်း မေ့ပါလဲသွားလေတယ် … ဧည့်ခန်းထဲမှာ မဖိတ်ခေါ်ထားတဲ့ဧည့်သည်က အခန့်သားထိုင်နေပြီး သူ့ရဲ့အချစ်ဆုံးမြေးလေးကို ရင်ခွင်ထဲမှာပိုက်ထားတဲ့အပြင် ကလေးလက်ထဲမှာ သေနတ်တစ်လပ် ပေးကစားထားတယ် …
" အမလေး … သေကုန်တော့မှာပဲ … မင်းယွီ "
သူမက ခုမှဈေးကပြန်လာတာဖြစ်ပြီး ဈေးခြင်းတောင်းပါလက်က ပြုတ်ကျသွားလေတယ် … မင်းယွီနောက်ဖေးကနေ အမြန်ဆုံးပြေးထွက်လာတော့ ဖန်းဂူနဲ့ သူ့မိခင် မျက်နှာချင်းဆိုင်နေတာကို တွေ့လိုက်ရတော့ ထူပူသွားလေတယ် …
" Boss … အခန်းထဲမှာပဲနေဆိုတာကို ဘာကြောင့်ဆင်းလာတာလဲ "
" လုယီလေးက မနေချင်ဘူးဆိုလို့ "
" ပါပါး YiYi နဲ့သူနယ်ချင်း လူစိုးဖမ်းတိုင်းကချားမို့ ဆင်းလာတာ "
ထိုစဉ် လုယီလက်ထဲက သေနတ်ကိုမြင်သွားတော့ မင်းယွီမျက်ဝန်းလေးတွေပြူးကျယ်သွားလေတယ် … ဒါက ပင်လယ်ခရီးထွက်တုန်းက သူ့အတွက်ဆိုပြီး ပေးခဲ့တဲ့ လက်ဆောင်သေနတ်မဟုတ်လား …
" Boss … ဒါက "
ဖန်းဂူက လုယီလက်ထဲက သေနတ်ကိုယူလိုက်ပြီး …
" ဒါကမင်းဟာမဟုတ်လား …
ကိုပြန်ယူလာခဲ့တာ … အထဲမှာ ကျည်ထည့်မထားဘူး "
သူဘယ်လိုသိတာလဲ … မင်းယွီအံ့ဩမှင်သက်လျှက် သေနတ်ကိုတလှည့် ဖန်းဂူကိုတလှည့် ကြည့်နေမိလေတယ် … အနောက်က မိခင်ကိုပင် မေ့လျော့လျှက် …
" ဟဲ့ … အန္တရာယ်များတဲ့ပစ္စည်းကို ကစားစရာထင်နေလား …
နင် … နင်ငါ့မြေးကို သတ်ဖို့တွေးနေတာလား "
ထိုအခါမှ မင်းယွီအသိပြန်ဝင်လာပြီး ဖန်းဂူလက်ထဲကသေနတ်ကိုယူကာ မိခင်ဘက်ကိုလှည့်ပြီး ရှင်ပြလေတော့တယ် …
" ဒါကအရုပ်တစ်ခုပါ … ဘာမှမဖြစ်ပါဘူး …
ပြီးတော့ Boss က သားကိုအလုပ်မလာလို့ လာမေးတာ … ပြီးရင်ပြန်တော့မှာ "
" မပြန်ပါဘူး … ကိုဒီမှာနေဖို့ရောက်လာတာ "
သူ့ရဲ့ယုံကြည်မှုအပြည့်နဲ့စကားတစ်ခွန်းကြောင့် မိခင်ဖြစ်သူ လဲကြမလိုဖြစ်သွား၍ မင်းယွီအမြန် ထိန်းလိုက်ရလေတယ် …
ထိုအခါ လုယီလေးက ပျော်သွားပြီး …
" သူနယ်ချင်းက YiYi တို့နဲ့နေမာ "
" အင်း … မပျော်ဘူးလား "
" ပျော်တယ် ပျော်တယ် …
ပါပါး YiYiသူနယ်ချင်ဦးဦးနဲ့တူတူနေရတော့မယ် … YiYi တို့ခွဲရတော့ဘူး "
" အမလေး … ဘုရားကယ်ပါ …
ခုချက်ချင်းဖုန်းဆက် … ရှုယွမ်ကိုခုခေါ်လိုက် "
ခနကြာတော့ ကျန်းသားအမိ စစ်ကူရောက်လာလေတော့တယ် … ဖန်းဂူက ခုံပေါ်မှာ ထိုင်နေမြဲ … ကျန်းရှားမေ့က အလင်းရဲ့ဘက်တော်သားဖြစ်သည့်အလျှောက် သူမအသံက တည်ငြိမ်လျှက် ဒေါသမပါပဲ အေးအေးဆေးဆေးလေး ဖြေရှင်းလာတယ် …
" ဥက္ကဌရှန်ဖန်းဂူ …
ဒါက ရှန်ဟွှာရဲ့နယ်မြေမဟုတ်တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားဆွဲလို့ရတယ်ဆိုတာ သိမှာပါ "
ဖန်းဂူက အလေးမထားသည့်ဟန် ခုံပေါ်မှာမှီထားလျှက် ပြန်ဖြေလိုက်လေတယ် …
" ပိုင်နက်ကျူးလွန်မှုတဲ့လား …
ကို့မိတ်ဖက်အိမ်ကိုလာတာ ပိုင်နက်ကျူးလွန်မှုလို့ပြောနိုင်ရင် ကျနော့မှာလဲ ဖြေရှင်းဖို့ရှိတယ် …
သူကကျွန်တော့ မိတ်ဖက်ဖြစ်တဲ့အတွက် သူတို့သားအဖကို ကျွန်တော့အိမ်ကို ခေါ်သွားရလိမ့်မယ် "
ဖန်းဂူရဲ့ ပျက်သားလှတဲ့စကားလုံးတွေအောက်မှာ အရာအားလုံး တိတ်ဆိတ်သွားလေတယ် … မင်းယွီမျက်ဝန်းလေးတွေပြူးကျယ်လျှက် ဖန်းဂူထံ ကြည့်မိတော့ တချိန်က ရဲရင့်ပျက်သားလှတဲ့အရောင်အဝါတွေ ထင်ဟပ်နေသယောင် … သူ့အပေါ်စိမ်းကားနေသည့်ပုံမပေါ်တော့သလို ရင်ခွင်ထဲက သားလေးအပေါ် နွေးထွေးမှုအပြည့်နဲ့ ပွေ့ချီထားလျှက် …
ထိုအခါ ရှုယွမ်က ဝင်ပြောလာတယ် …
" ဖန်းဂူ … မင်းအတိတ်ကိုပြန်သတိရသွားပြီလား "
" အရာအားလုံးတော့ မဟုတ်ပါဘူး …
ဒါပေမဲ့ ငါ့မိတ်ဖက်နဲ့ ငါ့သားလေးဆိုတာ ငါသိတယ် "
ထိုအခါ မင်းယွီမိခင်က ပူပန်စွာနဲ့ ဝင်ပြောလာတယ် …
" ငါ့သားနဲ့မိတ်ဖက်ဆိုတာ ဘယ်လိုသက်သေပြမှာလဲ …
မင်းရဲ့စကားတစ်ခွန်းထည်းနဲ့ အားလုံးကို ချုပ်ကိုင်နိုင်မယ်လို့ထင်နေလား …
ငါ့သားနဲ့ငါ့မြေးလေးမှာ မင်းရဲ့သွေးသားပါဝင်မနေဘူး … ခုချက်ချင်းငါ့အိမ်ကထွက်သွား "
ထိုစဉ် အချိန်ကိုက်စွာပင် အထုပ်အပိုးတွေနဲ့ ချူးရှန့် ရောက်လာလေတယ် … ဖန်းဂူမှာကြားထားသည့်အတိုင်း အချက်အလက်တွေကို အားလုံးရှေ့ ချပြပြီး မင်းယွီကို အဖွဲ့အစည်းကနေ အိုမီဂါအဖြစ် တရားဝင်ဝယ်ယူထားသည့်အထောက်အထားနဲ့ လုယီရဲ့ DNA က ဖန်းဂူသွေးအပြည့်ပါကြောင်း စစ်ဆေးချက်တွေကို တင်ပြလိုက်လေတယ် …
ဒီလိုနဲ့ တရားဥပဒေရဲ့ ဘက်တော်သား ကျန်းသားအမိလဲ နှုတ်ပိတ်သွားသလို ဖန်းဂူဟာ တရားဝင်မပိုင်ဆိုင်ပေမဲ့ သက်ဆိုင်တဲ့အထောက်အထားရှိနေ၍ ဘယ်နည်းနဲ့မှ ကျူးကျော်မှုနဲ့ တရားဆွဲလို့ မရတော့ပေ …
" ဒီလိုဆိုရင် ကျွန်တော်က သူတို့ကို ခေါ်သွားဖို့ လုံလောက်ပြီလား "
" ထပ်ပြီး … ထပ်ပြီးဒုက္ခမပေးပါနဲ့တော့ …
ရှန်ဟွှာကလူတွေ ထပ်ပြီး ဒုက္ခမပေးကြပါနဲ့တော့ "
သူမအသံကတုန်ရီလျှက် သားလေးနဲ့မြေးလေးကို ဆုံးရှုံးရမှာကြောက်ပြီး သူမမျက်ဝန်းတွေက ဒေါသတွေအစား မျက်ရည်တွေဝင်ရောက်လာတယ် … မိခင်ငိုနေတာတွေ့ရတော့ မင်းယွီငြိမ်မနေနိုင်တော့ပေ … မိခင်အနားကိုပြေးသွားပြီး …
" မား … သားလေးဘာမှမဖြစ်ပါဘူး … စိတ်မပူနဲ့ "
အဆွေးဇာတ်ခင်းနေတဲ့သားအမိကိုမြင်တော့ ဖန်းဂူ ချောင်းအသာဟန့်လိုက်ပြီး …
" ကောင်းပြီ … အခွင့်အရေးတစ်ခုပေးမယ် …
မင်းတို့လက်ခံလာတဲ့ထိ ငါဒီမှာနေမယ် …
ဘယ်သူမှနှင်ထုတ်ခွင့်မရှိဘူး "
ဒီအခြေအနေက ဖန်းဂူက ထိန်းချုပ်ထားသလိုမျိုး ပြောင်းလဲသွားတယ် … မင်းယွီတို့ဘက်က တရားဥပဒေနဲ့ရင်ဆိုင်ရင်တောင် ကလေးရဲ့သွေးသားတော်စပ်သူ ဖခင်အယ်ဖာက မိခင်အိုမီဂါထက် ကလေးကိုပိုင်ဆိုင်ခွင့်ရှိတဲ့ တရားဥပဒေကြောင့် ဘာမှမတတ်နိုင်တော့ဘူး … ဒါပေမဲ့ စိတ်ဖောက်ပြီး ဖန်းဂူသောင်းကျမ်းရင်တော့တစ်မျိုးပေါ့ …
ဒီတိုင်း ရိုးရိုးနှင်ထုတ်လို့ မရနိုင်ဘူးဆိုတာ သိသွားတော့ ထိုအခွင့်အရေးကို လက်ခံလိုက်ပြီး မိဘတွေ အကြံတစ်မျိုး စဉ်းစားကြလေတယ် … မနက်ခင်းလေးက ဒီတိုင်း ပြီးဆုံးသွားပြီး နေ့လည်ထမင်းစားချိန်သို့ ရောက်လာခဲ့လေတယ် …
သူတို့က ရည်ရွယ်ချက်ရှိရှိ ရှုယွမ်ဘေးမှာ မင်းယွီကို ထိုင်စေပြီး ဖန်းဂူနဲ့လုယီကို တစ်ဖက်မှာထိုင်စေကာ ဒေါသဖြစ်စေမဲ့စကား စတင်ပြောလေတော့တယ် …
" ရှားမေ့ … သားလေးတို့ မင်္ဂလာပွဲကို အမြန်စီစဉ်မှဖြစ်တော့မယ် "
ဖန်းဂူရုတ်တရပ် ထရပ်ကာ အော်မိတော့မလိုပေမဲ့ မင်းယွီရဲ့အကြည့်တစ်ချက်အောက်မှာ ငြိမ်ကျသွားလေတယ် …
" မြေးလေးမွေးနေ့ပြီးသွားရင် တစ်ခါထည်း လက်ထပ်ပေးကြရအောင် …
ပြီးရင် ဒီနိုင်ငံကနေ ထွက်သွားပြီး တစ်အိုးတစ်အိမ်ထူထောင်ခိုင်းကြတာပေါ့ "
" ငါမင်းယွီရဲ့အဖေကို မြေးလေးမွေးနေ့မှာ ဖိတ်ထားတယ် …
သူတို့ သိပ်မကြာခင် ရောက်လာကြတော့မှာ "
ထိုလူက ပတ်ဒိုမင်းဆိုတာ ဖန်းဂူသိနေ၍ အတူမနေနိုင်ဘူးဆိုတာ သူတို့ရိပ်မိနေပုံပင် … တကယ်လဲ ဖန်းဂူ အတူနေနိုင်မှာမဟုတ်ဘူး … သူ့ရဲ့အမုန်းတရားတွေက ဆွဲကျန်နေဆဲမို့ …
ဖန်းဂူအဆင်မပြေတာကိုမြင်ရတော့ မင်းယွီလဲ ထမင်းဆက်မစားနိုင်တော့ပဲ ရပ်တန့်သွားတယ် … ရှုယွမ်က မင်းယွီ ဖန်းဂူကို ကြည့်နေတာမြင်ရတော့ အဆင်မပြေဘူးဆိုတာ သိနေ၍ မိသတွေရဲ့စကားဝိုင်းကို ရပ်တန့်စေလိုက်တယ် …
" မား … ဒါတွေက ထမင်းစားနေချိန်မှာ မပြောသင့်ဘူးလို့ထင်တယ် "
" ဒါဆို ထမင်းစားပြီးမှ ဆက်ပြောကြတာပေါ့ "
မင်းယွီမိခင်က မင်းယွီအားကြည့်ကာ ပြောလိုက်တယ် …
" သားလေး … ရှုယွမ်ကို ဟင်းတွေ ထည့်ပေးလိုက်လေ "
" ဟုတ်ကဲ့မား "
မင်းယွီ အသက်မဲ့စွာနဲ့ပဲ ဟင်းတွေကို ရှုယွမ်ထဲသို့ ထည့်ပေးနေမိတယ် … တစ်စုံတစ်ယောက်ရဲ့မျက်ဝန်းတွေက မီးတောက်တွေ ဟုန်းဟုန်တောက်တောက်နေမှာကို မကြည့်လဲပဲ ခန့်မှန့်လို့ရတယ် …
ထိုစဉ် လုယီလေးအသံ ထွက်ပေါ်လာလေတယ် …
" ပါပါး … YiYi ကိုခွန့်ကြွေး "
အစက မင်းယွီကို လုယီလေးကို ဂရုမစိုက်စေပဲ ဖန်းဂူနဲ့ပြစ်ထားဖို့စည်းစားထားပေမဲ့ သူမသွေးမအေးနိုင်ဘူး … မြေးလေးရဲ့တောင်းဆိုသံကိုကြားရတော့ ခေါ်ပြီး မင်းယွီကိုဂရုစိုက်စေချင်ပေမဲ့ ဖန်းဂူက သူ့လက်ထဲကသားလေးကို ခေါ်ယူခွင့်မပြု၍ မင်းယွီကိုယ်တိုင် လုယီနားသွားမှသာရလိမ့်မယ် …
ထိုသို့ဆိုတော့ မင်းယွီသူတို့အနားသွားဖို့ သူမဆီက ခွင့်ပြုချက်ရမှဖြစ်မှာ …
" မား "
သားကတစ်မျိုး မြေးကတစ်မျိုး သူမကို သနားစရာမျက်ဝန်းလေးတွေနဲ့ကြည့်နေတော့ နောက်ဆုံး သူအဂရုစိုက်ပေးဖို့ ခွင့်ပြုလိုက်ရလေတော့တယ် …
မင်းယွီ ဖန်းဂူနားရောက်သွားတော့ တစ်ချိန်လုံးမဲမှောင်နေတဲ့ မျက်နှာထားက ချက်ချင်းတောက်ပသွားပြီး ၂ ယောက်ထဲတစ်ကမ္ဘာထင်ကာ မိဘတွေကိုပင် ဂရုမစိုက်တော့ပဲ မင်းယွီ လုယီလေးကို ဂရုတစ်စိုက် ကြွေးမွေးနေတာကို စိုက်ကြည့်နေလေတယ် …
ထိုအခါ လုယီလေးက သွားသေးသေးလေးတွေနဲ့ ဝါးနေရင်း မပီကလာပီကလာနဲ့ ပြောလိုက်တယ် …
" ပါပါးမကောင်းဘူး … YiYi သူနယ်ချင်းကိုလဲမကြွေးဘူး "
ထိုအခါ အားလုံး မှင်သက်ကုန်ကြတယ် … လုယီလေးရဲ့ သွေးကစကားပြောပုံက သူတို့အား ခွဲထားဖို့ ခက်ခဲစေတယ် … ထိုအခါ မင်းယွီက …
" ဦးလေးမှာက လက်ပါတယ်လေ …
လုယီလေးစားတာကို ဘယ်လိုလုပ်ကြိုက်မှာလဲ "
ထိုအခါ ဖန်းဂူက နာနေတဲ့ သူ့ရဲ့ ညာလက်ကိုထောင်ပြလာပြီး …
" ကို တူမကိုင်နိုင်ဘူး … ခွင့်ကြွေး "
" …… "
မင်းယွီ ဘာလုပ်ရမည်မသိတော့ … တစ်ဖက်မှာလဲ မိဘတွေက ပြူးပြီး ကြောင်ကြည့်နေကြတယ် … သူတို့အမြင်မှာ ဖန်းဂူရဲ့ဒီပုံစံက အံ့ဩစရာဖြစ်နေလိမ့်မယ် … ဒါပေမဲ့ မင်းယွီအတွက်ကတော့ အထူးအဆန်းမဟုတ်တော့ဘူး …
" Boss က ဘာစားချင်တာလဲ "
" မင်းကြိုက်တာတွေကြွေ … မြည်းစမ်းကြည့်မယ် "
အစားအစာအများစုက ရှန်ဟွှာရဲ့လက်ယာနဲ့တော့မတူနေဘူး … ဒါကြောင့် မင်းယွီ သူကြိုက်တဲ့ စားကောင်းမယ် ထင်တဲ့ဟာလေးတွေကို ရွေးပြီး ခွင့်ကြွေးလိုက်တယ် …
" Boss ဒါက ကြက်သားကို အဆပ်ချက်ထားတာ "
ဖန်းဂူကအနည်းငယ်ဝါးလိုက်ပြီး …
" အင်း … နည်းနည်းဆပ်တယ် "
" ဒါက ဝက်ချဉ်စပ် "
" အင်း … ချဉ်တယ် "
ဖန်းဂူမျက်နှာက အနည်းငယ် ရှုံ့မဲ့ပေမဲ့ ပြုံးထားလျှက် …
" ဒါကတော့ အချိုလေး "
" အင်း … ကောင်းတယ် … ဒါမဆိုဘူး "
မင်းယွီကပြုံးသွားပြီး …
" Boss ကအချိုပဲကြိုက်တာကို ဘာလို့အဆပ်တွေကိုစားနေသေးလဲ "
" ဒါပေမဲ့ အားလုံးက ကောင်းပါတယ် …
မင်းခွင့်ကြွေးလို့ပိုစားကောင်းတယ် "
လုယီလေးက သူ့ပါပါနဲ့သူငယ်ချင်းတည့်နေတာကိုမြင်ရတော့ ပျော်ရွှင်နေလေတယ် … မင်းယွီမိဘတွေက အကြံမအောင်၍ ထပ်ပြီး မကြည့်နိုင်တော့တာနဲ့ ထသွားကြလေတော့တယ် … ဒီလိုနဲ့ ပန်းအိမ်တော်နဲ့ ရှန်သခင်လေးရဲ့နေ့ရက်တွေ စတင်လေတော့တယ် …
.
.
.
.
( ကလေး ၂ ယောက်ပေါင်းထိန်ရတဲ့ယွီလေးအစား ရင်လေး 🤣 ခင်္သြေ့ကြီးက သတိပြန်ရလဲ ချွဲနေအုံးမှာပဲ … ဘာမှလာမပြောနဲ့ လုယီထက် အဂူတစ်နှစ်ငယ်တယ် 🤪😂
ဟိုလေ ကို့ Fic လေးကို Library ထဲထည့်သိမ်ပေးကြတာမြင်ရတော့ ဝမ်းသာမဆုံးဘူး … ဒါပေမဲ့ အများစုက + Name တွေဖြစ်နေတယ် … တကယ်ဆို ဒီ Fic လေးက + ကိုဦးစားပေးထားတာမဟုတ်ပါဘူး … လက်ချိုးရေမှ အပိုင်း ၇၀ ကျော်ကို ၇ ခုပဲရှိပါသေးတယ် … ဒါတောင်အကြမ်းကြီးမဟုတ်ဘူး … ဆိုတော့ ကျေးဇူးပြုပြီး Name လှလှလေးတွေထဲသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ် … ကြိုက်တဲ့ Name လေးပေးပါ စိတ်မဆိုးဘူး + မဟုတ်ရင်ပြီးရော 🤗🤗
ဝင်ဖတ်ပြီးရင် Star လေးပေးသွားနော် … 🥰 အားလုံးကို ချစ်တယ် 🙆♀️💕😚 )
#Zawgyi
လြန္ခဲ့ေသာ တစ္ပတ္ေက်ာ္ခန႔္က …
" ေဆးလိပ္ …
ဘာလို႔ ေဆးလိပ္ တစ္လိပ္မွ မရွိတာလဲ "
" သခင္ေလး … အဲ့ဒါက ကုန္သြားၿပီ "
ခ်ဴးရွန႔္တစ္ေယာက္ အတြင္းေရးမႉးေနရာဝင္ကာ စာရင္းေတြတြက္ခ်က္ရတဲ့အျပင္ သခင္ျဖစ္သူလုပ္ရမဲ့စာ႐ြက္စာတန္းေတြကို စစ္ေဆးေပးရၿပီး စက္႐ုပ္တစ္႐ုပ္ပမာ အလုပ္နဲ႕လက္မျပတ္ ျဖစ္ေန၏ …
မင္းယြီထြက္သြားၿပီးေနာက္ အလုပ္ကိုလဲစိတ္မဝင္စား ထမင္းမစား ေရမေသာက္ပဲ ေဆးလိပ္ပဲထိုင္ေသာက္ေနတဲ့သခင္ျဖစ္သူကိုၾကည့္ကာ ခ်ဴးရွန႔္ စိတ္ပူပန္လာမိေလတယ္ …
သခင္ေသာက္တဲ့စီးကရက္က အထူးထုတ္လုပ္ထားတာျဖစ္ၿပီး ေနရာတကာမွာဝယ္လို႔မရနိုင္တဲ့ ကုန္ပစၥည္းတစ္မ်ိဳးလဲျဖစ္တယ္ …
" သခင္ေလး … ကြၽန္ေတာ္ သြားဝယ္လိုက္ရမလား "
" မင္းမဝယ္ေတာ့ ငါကိုယ္တိုင္ သြားဝယ္ရမွာလား "
" အာ ! "
အလုပ္ကိစၥေတြကိုလဲ တာဝန္ေပးထားေသးတယ္ ထမင္းစားခ်ိန္ေတာင္မနားရေသးဘူး … ခ်ဴးရွန႔္ ဒီေန႕မွမေသရင္ မေသနိုင္ေတာ့ဘူး … ထိုစဥ္ ကယ္တင္ရွင္ ယာရွာေရာက္လာေလတယ္ …
" ယာရွာ … ငါ … "
ထိုစဥ္ ခုံေပၚမွာထိုင္ေနတဲ့ဖန္းဂူက လက္ထဲက ေဘာပင္နဲ႕ ခ်ဴးရွန႔္ထံ လွမ္းျပစ္လိုက္ေတာ့ ဦးေခါင္းကိုမွန္သြားၿပီး ခ်ဴးရွန႔္အကူအညီေတာင္းမဲ့အေရး ရပ္တန႔္လိုက္ရတယ္ …
" ဒီနယ္ေျမရဲ႕ ေနရာေတြအေၾကာင္း မသိတဲ့သူကို ခိုင္းဖို႔မစဥ္းစားနဲ႕ …
မင္းကိုယ္တိုင္သြားဝယ္ "
" ဟုတ္ကဲ့ "
ခ်ဴးရွန႔္ နာက်င္ေနတဲ့ ဦးေခါင္းကိုပြတ္လွ်က္ အခန္းထဲကေနထြက္သြားေလေတာ့တယ္ … ယာရွာက ခ်ဴးရွန႔္ေလာက္ စီးပြားေရးနယ္ပယ္မွာ မႂကြမ္းက်င္ေပမဲ့ အတတ္နိုင္ဆုံး ကူညီေပးေလတယ္ … ဒါေပမဲ့ သခင္ျဖစ္သူရဲ႕ ခုပုံစံကို သူမအားမရသလို သူမသိတဲ့ သခင္ Lion က သန္မာၿပီး ဆုံးျဖတ္ခ်က္ ပ်က္သားတဲ့သူသာ ျဖစ္ေနသင့္တယ္ … တစ္စုံတစ္ေယာက္ေၾကာင့္ စိတ္ထိခိုက္ေနတာမ်ိဳး မရွိသင့္ဘူး …
တစ္နာရီခန႔္ၾကာေတာ့ …
ခြက္ပ်ံႀကီးက ေလေပၚမွာ ဝဲပ်ံလာၿပီး အခန္းထဲဝင္လာတဲ့ ခ်ဴးရွန႔္ ႏွဖူးကို အနမ္းေပးလိုက္ေလတယ္ …
' ခြမ္း '
" ေဆးလိပ္တစ္ဘူးသြားဝယ္တာ အဲ့ေလာက္ၾကာရလား "
ႏွဖူးမွာ အာလူးသီးတစ္လုံးထြက္လာေတာ့ ခ်ဴးရွန႔္ ငိုမဲ့မဲ့နဲ႕သာ ျပန္ေျဖနိုင္ေတာ့တယ္ …
" အဲ့ … အဲ့ဒါက သခင္ေသာက္တဲ့ ေဆးလိပ္က ပစၥည္းပ်က္သြားလို႔ …
ပင္ရင္းကို သြားဝယ္ေနတာနဲ႕ၾကာသြားတာ "
ခ်ဴးရွန႔္က လက္ထဲက အျဖဴေရာင္ ေဆးလိပ္ဘူးေလးကို ဖန္းဂူအေရွ႕ မရဲသရဲ ခ်ေပးလိုက္တယ္ …
" အဲ့ဒါဆိုလဲ တစ္ဖာေလာက္ဝယ္ခဲ့ပါလား …
ဘာလိုတစ္ဘူးထဲလဲ … မင္းမွာ ဦးေနာက္မရွိဘူးလား "
ဘယ္အရာကိုမွ စိတ္အလိုမက်နိဳင္တဲ့ သခင္ရဲ႕ေဒါသကိုေၾကာက္ၿပီး အားလုံး ၿငိမ္ကုတ္ေနၾကေလတယ္ … ေဆးလိပ္ဘူးထဲကေန တစ္လိပ္ထုတ္လိုက္ၿပီး …
" မီးခ်စ္က ဘယ္ေရာက္သြားျပန္တာလဲ "
ထားေနက်ေနရာမွာ မီးခ်စ္မရွိေတာ့ ထပ္မံအေအာ္ခံလိုက္ရျပန္တယ္ … ခ်ဴးရွန႔္ မီးခ်စ္ေဆာင္တတ္၍မွေသာ္ေသးတယ္ … နို႔မို႔ဆိုလွ်က္ တိုက္ခန္းတစ္ခုလုံး ၿပိဳက်ေလာက္ေအာင္ ေတာင္းက်န္းေနေလာက္ၿပီ …
ခုခ်ိန္မွာ သခင္ေလးရဲ႕စိတ္ကို တည္ၿငိမ္ေအာင္ထိန္းနိုင္တာက ေဆးလိပ္တစ္မ်ိဳးပဲရွိေတာ့တယ္ … ဒါကလဲ အခ်ိန္တိုင္းေတာ့ မဟုတ္ခဲ့ဘူး …
" ဒီေကာ္ဖီက ဘာအရသာႀကီးလဲ ….
ငါ့ကိုေရေတြလာတိုက္ေနတာလား "
' ခြပ္ '
ေနာက္ထပ္အာလူးသီးတစ္ခု … ဒီတိုင္းသာ ရက္ေပါင္းမ်ားလာရင္ ခ်ဴးရွန႔္တစ္ကိုယ္လုံး ဖားျပဳတ္တစ္ေကာင္လို အဖုေပါင္းေသာင္းေျခာက္ေထာင္နဲ႕ျဖစ္ေတာ့မယ္ …
မင္းယြီလက္ ခနေလးအပ္လိုက္ပါတယ္ အႀကိဳက္ေတြပါေျပာင္းသြားၿပီး အရင္ကေဖ်ာ္ေပးတဲ့သူရဲ႕ လက္ရာက ေရျဖစ္သြားေရာလား … ရက္စက္လိုက္တာ သခင္ရယ္ …
" ငါ့အခန္းက ဘာလို႔ဒီေလာက္ ရႈတ္ပြေနတာလဲ "
အလုပ္ေတြဖိခိုင္ေနၿပီး သန႔္ရွင္းေရးကို ဘယ္လိုလုပ္ လုပ္နိုင္ေတာ့မွာလဲလို႔ …
" မိမစစ္ဖမစစ္ေကာင္ေတြ …
ငါ့အခန္းက ဘာလို႔ဝက္ၿခံနဲ႕တူေနတာလဲ …
ခုခ်က္ခ်င္းရွင္းၾကစမ္း "
မင္းယြီလဲမရွိ ခ်ဴးရွန႔္ကလဲ ႐ုံးအလုပ္ေတြနဲ႕ရႈတ္ေနခ်ိန္မွာ ဖန္းဂူရဲ႕သက္ေတာ္ေစာင့္ေတြဟာ အိမ္မွာ သန႔္ရွင္းေရးသမားျဖစ္လို႔သြားေလတယ္ …
" တံျမတ္စည္းေကာ "
" ၾကမ္းတိုက္တံေတြအကုန္ သခင္ေလးရိုက္ခ်ိဳးလို႔ က်ိဳးကုန္ၿပီ … ဘယ္လိုလုပ္ရပါ့မလဲ "
" မီးဖိုေခ်ာင္ထဲမွာ ပန္းကန္အေကာင္းတစ္လုံးမွမက်န္ေတာ့ဘူး "
" အိမ္သာထဲက တစ္ရႉးလိပ္ ဘယ္ေရာက္သြားတာလဲ … အျမန္ယူလာခဲ့ "
" ေရခ်ိဳးခန္းတံခါးလဲ ပ်က္ေနၿပီ … သခင္ရိုက္ခ်ိဳးထားတာလား "
" အဲကြင္းကလဲမေအးေတာ့သလိုပဲ … မီးခလုပ္ေတြပ်က္ေနတာ … ထုခြဲထားတာလား "
မင္းယြီမရွိေတာ့တာက ဖန္းဂူကို အလြန္အင္အားႀကီးတဲ့ မေကာင္းဆိုးဝါးတစ္ေယာင္အျဖစ္ေျပာင္းသြားေစၿပီး သူ႕လက္ေအာက္က ၾကမ္းတမ္းတဲ့ေယာက္်ားႀကီးေတြေတာင္ အိမ္ရွင္ထီး ေတြျဖစ္ကုန္ၾကတယ္ …
အိမ္တစ္ခုလုံးအေကာင္းမက်န္ေအာင္ ရိုက္ခ်ိဳးၿပီးေနာက္ ဖန္းဂူအနည္းငယ္စိတ္သက္သာယာ ရသြားဟန္ေပၚတယ္ … သက္ေတာ္ေစာင့္ေတြကေတာ့ တစ္အိမ္လုံး ပစၥည္းတိုင္းကို အသစ္ျပန္လည္တပ္ဆင္ေနရေလေတာ့တယ္ …
တစ္ပတ္ၿပီးတဲ့ေနာက္မွာေတာ့ အိမ္မွာေတာင္းက်န္းၿပီး ႐ုံးမွာထပ္မံ ေတာင္းၾကမ္း ျပန္ေလေတာ့တယ္ …
" ဒီစာရင္းေတြက ပရမ္းပတာေတြ … ဘယ္ေကာင္လုပ္ထားတာလဲ "
" အတြင္းေရးမႉးအသစ္ပါ "
" ဘယ္ေကာင္ အသစ္ခန႔္လိုက္တာလဲ …
ေသခ်င္လို႔လား "
မေန႕တစ္ေန႕ကပဲ ခ်ဴးရွန႔္တစ္ေယာက္ထဲ အလုပ္ေတြ မနိုင္ေတာ့လို႔ မင္းယြီလဲ ျပန္မလာနိုင္ဘူးဆိုတာ သိေန၍ ခန႔္လိုက္ျခင္းပင္ … တစ္ရက္ေတာင္ မျပည့္ေသးဘူး အထုတ္ခံလိုက္ရၿပီ …
ယာရွာက ဆက္ၿပီးၾကည့္မေနနိုင္ေတာ့ပဲ ဖန္းဂူထံေလွ်ာက္လာကာ ေဒါသႀကီးေနတဲ့သခင္ျဖစ္သူကို စိတ္ၿငိမ္ေစဖို႔ စကားတစ္ခြန္းဆိုလိုက္တယ္ …
" ထပ္ၿပီး မေပါက္ကြဲေတာ့ဘူးဆိုရင္ အားလုံးကို ေျပာျပမယ္ "
ဖန္းဂူရဲ႕အဓိကရည္႐ြယ္ခ်က္က အတိတ္ကိုျပန္သတိရဖို႔ျဖစ္ၿပီး အမွန္တရာကိုဖြင့္ေျပာေစခ်င္၍ပင္ … ခ်ဴးရွန႔္က ျငင္းဆန္ေန၍ ေန႕စဥ္မပ်က္ ေပါက္ကြဲေနျခင္း … ယာရွာကေျပာျပမယ္ဆိုလာေတာ့ ဖန္းဂူတိတ္ဆိတ္သြားေလတယ္ … သူ႕ရဲ႕စကားကို နားေထာင္ေနတာျမင္ေတာ့ ယာရွာဖန္းဂူအေရွ႕မွာ ထိုင္လိုက္တယ္ …
" ဒါေတြအားလုံးရဲ႕တရားခံက အဲ့ဒိအိုမီဂါပဲ …
သခင္ေလးကို က်ရႈံးေစတဲ့သူ … ေသမလိုျဖစ္ၿပီး ခုလိုအ႐ူးတစ္ပိုင္ျဖစ္ေအာင္လုပ္ခဲ့တာ အဲ့ဒိအိုမီဂါပဲ "
သူမအသံက အနည္းငယ္ေဒါသေတြ ပါေနသေယာင္ … ယာရွာက ဖန္းဂူကိုေလးစားၿပီး သန္မာတဲ့အတြင္ အၿမဲယုံၾကည့္မႈအျပည့္နဲ႕ ေနာက္လိုက္လုပ္လာခဲ့တာ ၁၀ ႏွစ္မကေတာ့ဘူး … အဲ့လို ျခေသၤ့တစ္ေကာင္ကို လဲၿပိဳၿပီး ခုလိုအတိတ္ေမ့ေနတဲ့လူတစ္ေယာက္ အေမွာင္မွာ ေလွာင္ရယ္ခံရတဲ့လူတစ္ေယာက္ဘဝေျပာင္းလဲလိုက္တဲ့သူကို ခြင့္မလႊတ္နိုင္ဘူး …
အစက မိသားစုေလး ေပ်ာ္႐ႊင္ေစဖို႔ ဆုေတာင္းခဲ့ေပမဲ့ သူမျမင္လိုက္ရတာက အေစာ္ကားခံရၿပီး ထားခဲ့ခံရတဲ့အျပင္ ခုလိုအ႐ူးတစ္ေယာက္လို ေပါက္ကြဲေနျခင္းသာ … ဒါေၾကာင့္ သူမစိတ္မထိန္းနိုင္ပဲ ဖြင့္ေျပာလိုက္ျခင္းပင္ … ထိုအခါ ခ်ဴးရွန႔္က ေျပးလာၿပီး …
" ယာရွာ … မင္းဘာေတြ ေရွာက္ေျပာေနတာလဲ "
" ငါေျပာတာအမွန္တရားေတြပဲေလ …
သူသာ သခင္ဘက္ကိုၾကည့္ၿပီး စိတ္ခ်မ္းသာေအာင္ထားခဲ့မယ္ဆိုရင္ ငါဘာလုပ္ေပးရေပးရ မမႈဘူး …
ဒါေပမဲ့ သူ႕ကိုအသက္ေပးခဲ့တဲ့လူကို မေ႐ြးခ်ယ္ပဲ ခုလိုအ႐ူးတစ္ပိုင္းျဖစ္ေအာင္ ဘာလို႔ လုပ္သြားတာလဲ … ဒါက သူလြန္တာ မဟုတ္ေတာ့ဘာလဲ "
" အားလုံးရႈတ္ကုန္ၿပီ … ငါပဲရွင္းျပလိုက္မယ္ …
မင္းေတာ္လိုက္ေတာ့ "
ခ်ဳးရွန႔္နဲ႕ယာရွာ ရန္ျဖစ္ေနစဥ္ ဖန္းဂူအေတြးထဲမွာ ပုံရိပ္ထင္လာတဲ့ျမင္ကြင္းတစ္ခ်ိဳ႕ … အရာအားလုံးက ပ်က္သားစြာျဖင့္ … တေျဖးေျဖးမွတ္မိလာတဲ့မွတ္ဉာဏ္ေတြက သူတို႔ပထမဦးဆုံးစေတြ႕ခဲ့တဲ့ ပါတနာေ႐ြးပြဲႏွင့္ အဲ့ဒိေနာက္ အိမ္ေတာ္မွာ ပိတ္ေလွာင္ထားခဲ့တဲ့အခ်ိန္ေတြ … ပြဲတစ္ခုကိုေခၚလာၿပီး လူဆိုးေတြေႏွာက္ယွက္ေနတုန္ ဝင္ကယ္ခဲ့တဲ့အခ်ိန္ေတြ အဲ့ဒိေနာက္ မွတ္ဉာဏ္ေတြ ပ်က္ေသာက္သြားျပန္တယ္ …
ဒါဆို ေသခ်ာၿပီ … သူတို႔ရဲ႕ေတြ႕ဆုံမႈက ေကာင္းေသာေတြ႕ဆုံးျခင္းေတာ့မျဖစ္နိုင္ဘူး … ဖန္းဂူစိတ္မရွည္ေတာ့တာနဲ႕ ရန္ျဖစ္ေနတဲ့ ၂ ေယာက္ကို ခုံကို ဒုံးကနဲ႕ရိုက္လိုက္ၿပီး တားလိုက္တယ္ …
" ေတာ္ေတာ့ … ခ်ဴးရွန႔္ ငါ့ကို အားလုံး ရွင္းျပ "
ခ်ဴးရွန႔္လဲ ထိုအခါမွ စိန္ကိစၥကေန အိုမီဂါတစ္ေယာက္ကိုဝယ္ယူခဲ့ၿပီးေနာက္ပိုင္း အန္းသားအဖ အရႈတ္ေတာ္ပုံ အဲ့လက္လ္နဲ႕ လက္နတ္ကိစၥ မင္းယြီကေလးက သူ႕ရဲ႕ကေလးျဖစ္ၿပီး မလိုခ်င္းေၾကာင္း ေျပာခဲ့ဖူးတယ္ဆိုတာေတြ အရာရွိ ပတ္ဒိုမင္းနဲ႕မင္းယြီဆက္ဆက္ေနပုံ ေနာက္ဆုံး Lion အတုေပၚလာၿပီး ေျခာက္ခ်ပဳံ နဂါအဖြဲ႕ရဲ႕ေထာင္ေျခာက္ေၾကာင့္ ခုလိုအတိတ္ေမ့ကာ မင္းယြီလဲ ဗိုက္တစ္လုံးနဲ႕ပင္လယ္ထဲမွာ ေပ်ာက္ဆုံးသြားေၾကာင္း အစဆုံး ရွင္းျပေလေတာ့တယ္ …
အရာအားလုံးသိရွိသြားၿပီးေနာက္ ထိုမွ်ေလာင္ ႀကီးမားတဲ့ကိစၥႀကီးတစ္ခုကို ေမ့ေပ်ာက္ေနတဲ့ ကိုယ့္ကိုယ္ကို မုန္းတီးမိသလို ဖုန္းကြယ္ထားတဲ့လူေတြကိုလဲ ေဒါသႀကီးစြာျဖင့္ ထပ္မံေပါက္ကြဲေလေတာ့တယ္ …
" ယာရွာ … ငါတို႔ေျပာမိတာ မွားသြားၿပီ "
" လြတ္ေအာင္ေျပးနိုင္ပါ့မလား "
အခန္းထဲကဝိုန္းဒိုင္းႀကဲသံေတြေၾကာင့္ ဝန္ထမ္းတစ္ခ်ိဳ႕ ငလွ်င္လႈပ္တာထင္ၿပီး ထြက္ပင္ေျပးမိေတာ့မလိုပင္ … နာရီဝက္ခန႔္ၾကာေတာ့မွ အရာအားလုံး တိတ္ဆိတ္သြားေလေတာ့တယ္ …
ဂြၽန္းထိုးေမွာက္ခုံျဖစ္ေနတဲ့ ႐ုံးခန္းထဲမွာ အေရးႀကီးစာ႐ြက္စာတန္းေတြ ရွိမေန၍ေသာ္ေသးတယ္ … သခင္ျဖစ္သူရဲ႕ ထိုအမူအရာကို ၄ ႏွစ္ေလာက္ မျမင္ေတြ႕ခဲ့ရ၍ ခ်ဴးရွန႔္ေရာယာရွာပါ မေၾကာက္ဘူးလို႔်ျပာရင္လိမ္ရာက်ၾကလိမ့္မယ္ …
အဆုံးသတ္၌ ဖန္းဂူ ခုံေပၚမွာထိုင္လွ်က္ သူ႕အိပ္ကပ္ထဲက ကစားကြင္းရဲ႕အမွတ္တရ မိသားစုဓာတ္ပုံေလးကို ထုတ္ၾကည့္လိုက္ၿပီး သူ႕ရဲ႕လက္ေခ်ာင္းေလးေတြနဲ႕ ပုံေလးကို ထိေတြ႕ကာ တိုးတိုးေလး ေရ႐ြတ္လိုက္ေလေတာ့တယ္ …
" အစားႀကီးေလးက ငါ့သားေလးတဲ့လား "
ဘီလူးဝင္စီးသလို ၾကမ္းတမ္းၿပီးတဲ့ေနာက္ ဒီအၿပဳံက ခ်ဴးရွန႔္တို႔ကို မွင္သက္သြားေစတယ္ … ဖန္းဂူ စိတ္ကိုတည္ၿငိမ္ေအာင္ထားလိုက္ၿပီး အားလုံးကို ရွင္းလင္းေစဖို႔ တစ္ခုခ်င္း ထပ္မံေမးျမန္ျပန္တယ္ …
" ခ်ဴးရွန႔္ … ငါသူ႕ကို ဘယ္ေလာက္ထိအနိုင္က်င့္ခဲ့တာလဲ "
" ကြၽန္ေတာ္သိသေလာက္ေတာ့ သခင္ေလးက အေႏွာင္အဖြဲ႕ေတြကို မုန္းတယ္ဆိုၿပီး ကေလးကိုေတာင္ မယူဘူးျငင္းေနခဲ့တာေလ "
" ငါကလား "
" ဟုတ္တာေပါ့ … အစားႀကီးေလးသာသိသြားရင္ … "
" ေတာ္ … ေတာ္ေတာ့ … အဲ့အေၾကာင္းမေျပာနဲ႕ေတာ့ …
ငါတို႔မွာ ေပ်ာ္႐ႊင္စရာ အမွတ္တရမ်ိဳးရွိခဲ့ဖူးလား "
" ကြၽန္ေတာ္ သိသေလာက္ေတာ့ မင္းယြီက အသက္ဆက္ရွင္ဖို႔ သခင္ေလးရဲ႕ေဘာ္ဒီဂတ္ျဖစ္ခဲ့ဖူးတယ္ …
ေသနတ္ျပစ္လဲသင္ခဲ့ရတယ္ … လူလဲသတ္ရတယ္ …
ဒါေပမဲ့ သခင္ေလးနဲ႕ ၂ ေယာက္အတူသြားတိုင္း ျပန္လာရင္ ဖ်ားေနတတ္တယ္ … ဘာေတြျဖစ္ခဲ့တာလဲေတာ့ ကြၽန္ေတာ္လဲမသိဘူး "
တကယ္ကို ေကာင္းတဲ့အမွတ္တရေတြ မရွိခဲ့တာပါလား … ဒါေပမဲ့လဲ ဖန္းဂူ လက္မေလ်ာ့နိုင္ေသးဘူး …
" ပတ္ဒိုမင္းက သူ႕အေဖဆို … ငါတို႔ ဘာေတြဆက္ျဖစ္ခဲ့ေသးလဲ "
" သခင္သူ႕ကို သတ္ဖို႔အမိန႔္ေပးခဲ့တယ္ … ဒါေပမဲ့ မေသခဲ့ဘူး …
အဲ့ဒိစိတ္နဲ႕ မင္းယြီအၾကာႀကီး နာၾကင္ခဲ့ရတယ္ "
မင္းယြီရဲ႕မိခင္ ဘာေၾကာင့္ သူ႕ကိုမုန္းလဲ မထူးဆန္ေတာ့ပါဘူး … သူတို႔ရဲ႕ဆက္ႏြယ္မႈေတြက ေတာင္နဲ႕ေျမာက္လို ဆန႔္က်င္ဘက္အရပ္မွာရွိေနၾကတယ္ …
" ငါသူ႕အေမအေပၚ ဘာအမွားေတြလုပ္ခဲ့ဖူးေသးလဲ "
" ႀကိဳးနဲ႕ခ်ည္ဖမ္းၿပီး … "
" ေတာ္ … ေတာ္ေတာ့ "
ဆက္ၿပီးေမးေနလဲ ခ်ဴးရွန႔္ပါစပ္က ေကာင္းတဲ့အေျဖစကား ထက္ၿပီးထြက္မလာနိုင္ေတာ့ဘူး … အဆုံးသတ္မေကာင္းခဲ့တဲ့ဇာတ္လမ္းတစ္ပုဒ္ကို ျပန္ၿပီး ျပင္ဆင္နိုင္ပါ့မလား … ေနာက္ဆုံး အေကာင္းဆုံးေျဖရွင္းခ်က္ကို ရွာေဖြဖို႔ စဥ္းစားၾကည့္လိုက္တယ္ …
၂ ရက္ခန႔္ၾကာေတာ့ ဖန္းဂူကို ပေလာင္ဆူေစတဲ့သတင္းတစ္ခုက မင္းယြီနဲ႕ ရႈယြမ္ကို မိဘေတြက လက္ထပ္ဖို႔စီစဥ္ေနတယ္ဆိုတဲ့သတင္း …
" ဒါက လုံးဝမျဖစ္နိုင္ဘူး … သူကငါ့ရဲ႕အိုမီဂါ "
" သခင္ေလးရယ္ … မိတ္ဖက္လို႔ပဲေျပာလို႔ရေပမဲ့ စာ႐ြက္စာတန္းနဲ႕ လက္ထပ္ထားတာမွမရွိေသးတာ …
သခင္ေလးက သားကိုသာပိုင္ဆိုင္နိုင္လိမ့္မယ္ …
သူတို႔ဘက္က ခုလိုလုပ္တာလဲ အမွားလို႔ေျပာလို႔မရဘူးေလ "
" ခုငါ ဘာလုပ္သင့္လဲ … အရာအားလုံကိုျပန္မွတ္မိတဲ့ထိေစာင့္ေနဖို႔ အခ်ိန္မရွိေတာ့ဘူး …
ငါသူ႕ကို ဖမ္းေခၚလာသင့္လား "
" အဲ့ဒိအႀကံက ေကာင္းတယ္လို႔မ်ားထင္ေနလား …
မင္းယြီလက္မခံရင္ဘယ္လိုလုပ္မွာလဲ "
" သူလက္ခံလာေအာင္ လုပ္မယ္ဆိုရင္ေရာ …
ၿပီးေတာ့ ငါ့သားေလးလဲငါ့ကိုလက္ခံလာေအာင္လုပ္ရမယ္ …
ခ်ဴးရွန႔္ ငါ့ကို အေကာင္းဆုံးအႀကံေပးစမ္း "
ခ်ဴးရွန႔္ ခနမွ် စဥ္းစားၿပီးေနာက္ …
" ကြၽန္ေတာ္ စဥ္းစားမိသေလာက္ေတာ့ ေယာကၡမအိမ္သြားၿပီး အရင္ကမွားခဲ့တာေတြအတြက္ ေပးစပ္တဲ့သေဘာ လက္ခံလာေအာင္ ႀကိဳးစားၾကည့္ရင္ေရာ …
အဲ့လိုဆို မင္းယြီလဲ အျမင္ၾကည္လာမယ္ … အစားႀကီးေလးလဲ သခင္ေလးအေပၚခင္သြယ္လာမယ္ "
" ဒါေပမဲ့ ငါ့မွတ္ဉာဏ္ထဲမွာ သူ႕အႀကိဳက္ေတြကိုစဥ္းစားမရေသးဘူး …
အမွားလုပ္မိရင္ေရာ "
" လုယီေလးက ဉာဏ္မ်ားတဲ့ကေလး …
သူ႕ဆီကေန မင္းယြီရဲ႕အေလ့အထေတြသင္ယူၿပီး ကိုက္ညီေအာင္ေနရင္ သူသခင္ေလးကိုလက္ခံလာလိမ့္မယ္ "
" အဲ့လိုဆိုျဖစ္လား … ငါခုပဲသြားမယ္ "
" ေန … ေနပါအုံး … ညသန္ေခါင္ႀကီး …
ၿပီးေတာ့ ဘာမွမျပင္မဆင္ရေသးဘူး "
" ေနာက္က်လိဳ႕မျဖစ္ဘူး "
ဒီလိုနဲ႕ ညသန္ေခါင္ႀကီး သူမ်ားအိမ္ထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ေလေတာ့တယ္ … ျပတင္းေပါက္ကေနၿပီး အခန္းေလးထဲဝင္လာေတာ့ လုယီေလး နိုးေနတာကို ေတြ႕လိုက္ရတယ္ …
" ဦးေရးႀကီး "
ဖန္းဂူ လုယီေလးကိုေပြ႕ခ်ီလိုက္ၿပီး မီးဖြင့္လိုက္တဲ့အခါ မင္းယြီကေတာ့ ႏွစ္ၿခိဳက္စြာ အိပ္ေမာၾကေနတုန္းပင္ …
လုယီေလးက မယုံၾကည္နိုင္စြာျဖင့္ ဖန္းဂူပါးေလးကို ဖစ္ၾကည့္လိုက္ေတာ့ လူအစစ္မွန္းသိသြားတဲ့အခါ လြန္စြာေပ်ာ္႐ႊင္ေနေလေတာ့တယ္ …
" သားေလး "
ဖန္းဂူ ရင္ထဲအသဲထဲကေန ခ်စ္ခ်င္းေမတၱာအျပည့္နဲ႕ ေခၚလိုက္ျခင္းေၾကာင့္ လုယီေလးအနည္းငယ္စြံ႕အသြားကာ ေနာက္ေတာ့မွ ၿပဳံးသြားၿပီး …
" သူနယ္ခ်င္း "
ခုေသခ်ာၾကည့္မိေတာ့မွ သားေလးမွာ သူနဲ႕တူတဲ့ မ်က္ဝန္းတစ္စုံရွိေနၿပီး ႏႈတ္ခမ္းေလးက သူ႕ပါပါးနဲ႕တူေနျပန္တယ္ … ဆံပင္အေရာင္က သူတို႔မ်ိဳးရိုးနဲ႕တူၿပီးနက္ေမွာင္လွ်က္ အသားအေရက ပါပါးဘက္တူၿပီး ဂြမ္းေမြးေလးလို ျဖဴႏုေနတယ္ … အေငြ႕အသက္ေလးကေတာ့ အယ္ဖာေဟာ္မုန္းဓာတ္ကပိုမ်ားေနတယ္ … သားေလးက တကယ္ကို ေခ်ာေမာလွပၿပီး အင္းအားႀကီးမားတဲ့ ျခေသၤ့ေပါက္စေလးတစ္ေကာင္လိုပဲ …
" သားေလး … ပါပါးက ဦးအေၾကာင္း ဘာေတြေျပာေသးလဲ "
" ဟင့္အင္ … ဒါေပမဲ့ ပါပါးခိုးၿပီး ငိုေနတာ YiYi ေတြ႕တယ္ "
ဖန္းဂူ ကုတင္ေပၚမွာ အိပ္ေမာက်ေနတဲ့ မင္းယြီကိုတစ္ခ်က္ၾကည့္လိုက္တယ္ … မေတြ႕ရတဲ့ရက္အနည္းငယ္အတြင္းမွာ မ်က္ႏွာေလး သိသိသာသာေခ်ာင္က်သြားတယ္ …
" သားေလး … ပါပါးငိုေနရင္ ဘယ္လိုေခ်ာ့ရလဲသိလား "
လုယီေလးက ခနမွ်စဥ္းစားလိုက္ၿပီးေနာက္ ဖန္းဂူပခုံးေလးကိုဖက္လိုက္ၿပီး ေခါင္းေလးကို ဖြဖြေလးပုတ္ေပးကာ …
" YiYiက ပါပါငိုရင္ ဒီလိုေလး လုပ္ေပးလိုက္တယ္ …
အဲ့လိုဆို ပါပါကၿပဳံးသြားေရာ "
ဖန္းဂူ မေနနိုင္စြာ လုယီပါးေလးကိုဖစ္လိုက္ၿပီး …
" သားေလးက လူလည္ေလးပဲ "
" ဟီး "
လုယီေလးက အေနဆင္းရဲေပမဲ့ လူေတြအမ်ားႀကီးရဲ႕ ခ်စ္ခင္မႈကို ရရွိတဲ့အျပင္ သူ႕ထက္ပိုၿပီး အရာအားလုံးတက္ကြၽမ္းေနတယ္ … ဖန္းဂူအသက္ ၃၀ သာရွိေပမဲ့ ၃ ႏွစ္သားေလးေလာက္ေတာင္ လူေတြနဲ႕ပတ္သပ္ရင္ ဘယ္အရာကိုမွ ကိုက္ညီေအာင္ မလုပ္ေဆာင္တတ္ေသးဘူး …
" သားေလး … ဦးက ပါပါးရဲ႕ ဂ႐ုစိုက္မႈကို လိုခ်င္တယ္ဆို ဘယ္လိုျပဳမူသင့္လဲ "
" သူနယ္ခ်င္းက ပါပါး YiYi ကို ဂ႐ုစိုက္သလိုကိုေျပာတာလား "
" အင္း … အဲ့လိုမ်ိဳးဆိုရင္ေရာ "
" ဒါကလြယ္ပါတယ္ … ပါပါးက YiYi ကို မ်က္ႏွာသစ္ေပးတယ္ ေရခ်ိဳးအဝတ္လဲေပးတယ္ အစားလဲေႂကြးတယ္ ၿပီးေတာ့ YiYi ပါးကို မနက္တိုင္း Kiss ေပးရတာ ေပ်ာ္တယ္တဲ့ …
ၿပီးေတာ့ YiYi သူနယ္ခ်င္း ဦးေရးႀကီးကိုလဲ အဲ့လိုလုပ္ေပးရင္ေပ်ာ္မွာ "
" တကယ္လား … သူ႕ဂ႐ုတစိုက္လုပ္ေပးတာကိုခံရင္ သူတကယ္ေပ်ာ္မွာလား "
" အင္းေပါ့ … ပါပါးက လိမ္မာတဲ့သူေတြဆို ခ်စ္တယ္တဲ့ "
" လိမ္မာတဲ့သူ "
တစ္ဖက္တြင္ေတာ့ ခ်ဴးရွန႔္ သခင္အဆင္ေျပေစဖို႔ တစ္ညလုံး ဆုေတာင္းေနမိတယ္ … မနက္ပိုင္းၾကားရမဲ့သတင္းက လူသတ္မႈမဟုတ္ရင္ရပါၿပီ …
*
*
*
*
လွပတဲ့နံနက္ခင္းေလးမွာ ၿခံအျပင္မွာပြင့္ေနတဲ့ ပန္းခင္းႀကီးရဲ႕ရနံ႕ေတြက ေမႊးႀကိဳင္လွ်က္ နံနက္ခင္းရဲ႕အလွေတြကို ေလေျပေအးနဲ႕အတူ စီးႀကိဳေနတယ္ … ဒီအိမ္ေလးကို ပန္းအိမ္ေတာ္ဟု နာမည္ေပးထားေလတယ္ …
မနက္ခင္းရဲ႕အလွအပေတြက တစ္စုံတစ္ေယာက္ေၾကာင့္ ေအးခဲကုန္ၾကတယ္ … မင္းယြီရဲ႕မိခင္ဆိုရင္ ျမင္ျမင္ခ်င္း ေမ့ပါလဲသြားေလတယ္ … ဧည့္ခန္းထဲမွာ မဖိတ္ေခၚထားတဲ့ဧည့္သည္က အခန႔္သားထိုင္ေနၿပီး သူ႕ရဲ႕အခ်စ္ဆုံးေျမးေလးကို ရင္ခြင္ထဲမွာပိုက္ထားတဲ့အျပင္ ကေလးလက္ထဲမွာ ေသနတ္တစ္လပ္ ေပးကစားထားတယ္ …
" အမေလး … ေသကုန္ေတာ့မွာပဲ … မင္းယြီ "
သူမက ခုမွေစ်းကျပန္လာတာျဖစ္ၿပီး ေစ်းျခင္းေတာင္းပါလက္က ျပဳတ္က်သြားေလတယ္ … မင္းယြီေနာက္ေဖးကေန အျမန္ဆုံးေျပးထြက္လာေတာ့ ဖန္းဂူနဲ႕ သူ႕မိခင္ မ်က္ႏွာခ်င္းဆိုင္ေနတာကို ေတြ႕လိုက္ရေတာ့ ထူပူသြားေလတယ္ …
" Boss … အခန္းထဲမွာပဲေနဆိုတာကို ဘာေၾကာင့္ဆင္းလာတာလဲ "
" လုယီေလးက မေနခ်င္ဘူးဆိုလို႔ "
" ပါပါး YiYi နဲ႕သူနယ္ခ်င္း လူစိုးဖမ္းတိုင္းကခ်ားမို႔ ဆင္းလာတာ "
ထိုစဥ္ လုယီလက္ထဲက ေသနတ္ကိုျမင္သြားေတာ့ မင္းယြီမ်က္ဝန္းေလးေတြျပဴးက်ယ္သြားေလတယ္ … ဒါက ပင္လယ္ခရီးထြက္တုန္းက သူ႕အတြက္ဆိုၿပီး ေပးခဲ့တဲ့ လက္ေဆာင္ေသနတ္မဟုတ္လား …
" Boss … ဒါက "
ဖန္းဂူက လုယီလက္ထဲက ေသနတ္ကိုယူလိုက္ၿပီး …
" ဒါကမင္းဟာမဟုတ္လား …
ကိုျပန္ယူလာခဲ့တာ … အထဲမွာ က်ည္ထည့္မထားဘူး "
သူဘယ္လိုသိတာလဲ … မင္းယြီအံ့ဩမွင္သက္လွ်က္ ေသနတ္ကိုတလွည့္ ဖန္းဂူကိုတလွည့္ ၾကည့္ေနမိေလတယ္ … အေနာက္က မိခင္ကိုပင္ ေမ့ေလ်ာ့လွ်က္ …
" ဟဲ့ … အႏၲရာယ္မ်ားတဲ့ပစၥည္းကို ကစားစရာထင္ေနလား …
နင္ … နင္ငါ့ေျမးကို သတ္ဖို႔ေတြးေနတာလား "
ထိုအခါမွ မင္းယြီအသိျပန္ဝင္လာၿပီး ဖန္းဂူလက္ထဲကေသနတ္ကိုယူကာ မိခင္ဘက္ကိုလွည့္ၿပီး ရွင္ျပေလေတာ့တယ္ …
" ဒါကအ႐ုပ္တစ္ခုပါ … ဘာမွမျဖစ္ပါဘူး …
ၿပီးေတာ့ Boss က သားကိုအလုပ္မလာလို႔ လာေမးတာ … ၿပီးရင္ျပန္ေတာ့မွာ "
" မျပန္ပါဘူး … ကိုဒီမွာေနဖို႔ေရာက္လာတာ "
သူ႕ရဲ႕ယုံၾကည္မႈအျပည့္နဲ႕စကားတစ္ခြန္းေၾကာင့္ မိခင္ျဖစ္သူ လဲၾကမလိုျဖစ္သြား၍ မင္းယြီအျမန္ ထိန္းလိုက္ရေလတယ္ …
ထိုအခါ လုယီေလးက ေပ်ာ္သြားၿပီး …
" သူနယ္ခ်င္းက YiYi တို႔နဲ႕ေနမာ "
" အင္း … မေပ်ာ္ဘူးလား "
" ေပ်ာ္တယ္ ေပ်ာ္တယ္ …
ပါပါး YiYiသူနယ္ခ်င္ဦးဦးနဲ႕တူတူေနရေတာ့မယ္ … YiYi တို႔ခြဲရေတာ့ဘူး "
" အမေလး … ဘုရားကယ္ပါ …
ခုခ်က္ခ်င္းဖုန္းဆက္ … ရႈယြမ္ကိုခုေခၚလိုက္ "
ခနၾကာေတာ့ က်န္းသားအမိ စစ္ကူေရာက္လာေလေတာ့တယ္ … ဖန္းဂူက ခုံေပၚမွာ ထိုင္ေနၿမဲ … က်န္းရွားေမ့က အလင္းရဲ႕ဘက္ေတာ္သားျဖစ္သည့္အေလွ်ာက္ သူမအသံက တည္ၿငိမ္လွ်က္ ေဒါသမပါပဲ ေအးေအးေဆးေဆးေလး ေျဖရွင္းလာတယ္ …
" ဥကၠဌရွန္ဖန္းဂူ …
ဒါက ရွန္ဟႊာရဲ႕နယ္ေျမမဟုတ္တဲ့အတြက္ ပိုင္နက္က်ဴးလြန္မႈနဲ႕ တရားဆြဲလို႔ရတယ္ဆိုတာ သိမွာပါ "
ဖန္းဂူက အေလးမထားသည့္ဟန္ ခုံေပၚမွာမွီထားလွ်က္ ျပန္ေျဖလိုက္ေလတယ္ …
" ပိုင္နက္က်ဴးလြန္မႈတဲ့လား …
ကို႔မိတ္ဖက္အိမ္ကိုလာတာ ပိုင္နက္က်ဴးလြန္မႈလို႔ေျပာနိုင္ရင္ က်ေနာ့မွာလဲ ေျဖရွင္းဖို႔ရွိတယ္ …
သူကကြၽန္ေတာ့ မိတ္ဖက္ျဖစ္တဲ့အတြက္ သူတို႔သားအဖကို ကြၽန္ေတာ့အိမ္ကို ေခၚသြားရလိမ့္မယ္ "
ဖန္းဂူရဲ႕ ပ်က္သားလွတဲ့စကားလုံးေတြေအာက္မွာ အရာအားလုံး တိတ္ဆိတ္သြားေလတယ္ … မင္းယြီမ်က္ဝန္းေလးေတြျပဴးက်ယ္လွ်က္ ဖန္းဂူထံ ၾကည့္မိေတာ့ တခ်ိန္က ရဲရင့္ပ်က္သားလွတဲ့အေရာင္အဝါေတြ ထင္ဟပ္ေနသေယာင္ … သူ႕အေပၚစိမ္းကားေနသည့္ပုံမေပၚေတာ့သလို ရင္ခြင္ထဲက သားေလးအေပၚ ေႏြးေထြးမႈအျပည့္နဲ႕ ေပြ႕ခ်ီထားလွ်က္ …
ထိုအခါ ရႈယြမ္က ဝင္ေျပာလာတယ္ …
" ဖန္းဂူ … မင္းအတိတ္ကိုျပန္သတိရသြားၿပီလား "
" အရာအားလုံးေတာ့ မဟုတ္ပါဘူး …
ဒါေပမဲ့ ငါ့မိတ္ဖက္နဲ႕ ငါ့သားေလးဆိုတာ ငါသိတယ္ "
ထိုအခါ မင္းယြီမိခင္က ပူပန္စြာနဲ႕ ဝင္ေျပာလာတယ္ …
" ငါ့သားနဲ႕မိတ္ဖက္ဆိုတာ ဘယ္လိုသက္ေသျပမွာလဲ …
မင္းရဲ႕စကားတစ္ခြန္းထည္းနဲ႕ အားလုံးကို ခ်ဳပ္ကိုင္နိုင္မယ္လို႔ထင္ေနလား …
ငါ့သားနဲ႕ငါ့ေျမးေလးမွာ မင္းရဲ႕ေသြးသားပါဝင္မေနဘူး … ခုခ်က္ခ်င္းငါ့အိမ္ကထြက္သြား "
ထိုစဥ္ အခ်ိန္ကိုက္စြာပင္ အထုပ္အပိုးေတြနဲ႕ ခ်ဴးရွန႔္ ေရာက္လာေလတယ္ … ဖန္းဂူမွာၾကားထားသည့္အတိုင္း အခ်က္အလက္ေတြကို အားလုံးေရွ႕ ခ်ျပၿပီး မင္းယြီကို အဖြဲ႕အစည္းကေန အိုမီဂါအျဖစ္ တရားဝင္ဝယ္ယူထားသည့္အေထာက္အထားနဲ႕ လုယီရဲ႕ DNA က ဖန္းဂူေသြးအျပည့္ပါေၾကာင္း စစ္ေဆးခ်က္ေတြကို တင္ျပလိုက္ေလတယ္ …
ဒီလိုနဲ႕ တရားဥပေဒရဲ႕ ဘက္ေတာ္သား က်န္းသားအမိလဲ ႏႈတ္ပိတ္သြားသလို ဖန္းဂူဟာ တရားဝင္မပိုင္ဆိုင္ေပမဲ့ သက္ဆိုင္တဲ့အေထာက္အထားရွိေန၍ ဘယ္နည္းနဲ႕မွ က်ဴးေက်ာ္မႈနဲ႕ တရားဆြဲလို႔ မရေတာ့ေပ …
" ဒီလိုဆိုရင္ ကြၽန္ေတာ္က သူတို႔ကို ေခၚသြားဖို႔ လုံေလာက္ၿပီလား "
" ထပ္ၿပီး … ထပ္ၿပီးဒုကၡမေပးပါနဲ႕ေတာ့ …
ရွန္ဟႊာကလူေတြ ထပ္ၿပီး ဒုကၡမေပးၾကပါနဲ႕ေတာ့ "
သူမအသံကတုန္ရီလွ်က္ သားေလးနဲ႕ေျမးေလးကို ဆုံးရႈံးရမွာေၾကာက္ၿပီး သူမမ်က္ဝန္းေတြက ေဒါသေတြအစား မ်က္ရည္ေတြဝင္ေရာက္လာတယ္ … မိခင္ငိုေနတာေတြ႕ရေတာ့ မင္းယြီၿငိမ္မေနနိုင္ေတာ့ေပ … မိခင္အနားကိုေျပးသြားၿပီး …
" မား … သားေလးဘာမွမျဖစ္ပါဘူး … စိတ္မပူနဲ႕ "
အေဆြးဇာတ္ခင္းေနတဲ့သားအမိကိုျမင္ေတာ့ ဖန္းဂူ ေခ်ာင္းအသာဟန႔္လိုက္ၿပီး …
" ေကာင္းၿပီ … အခြင့္အေရးတစ္ခုေပးမယ္ …
မင္းတို႔လက္ခံလာတဲ့ထိ ငါဒီမွာေနမယ္ …
ဘယ္သူမွႏွင္ထုတ္ခြင့္မရွိဘူး "
ဒီအေျခအေနက ဖန္းဂူက ထိန္းခ်ဳပ္ထားသလိုမ်ိဳး ေျပာင္းလဲသြားတယ္ … မင္းယြီတို႔ဘက္က တရားဥပေဒနဲ႕ရင္ဆိုင္ရင္ေတာင္ ကေလးရဲ႕ေသြးသားေတာ္စပ္သူ ဖခင္အယ္ဖာက မိခင္အိုမီဂါထက္ ကေလးကိုပိုင္ဆိုင္ခြင့္ရွိတဲ့ တရားဥပေဒေၾကာင့္ ဘာမွမတတ္နိုင္ေတာ့ဘူး … ဒါေပမဲ့ စိတ္ေဖာက္ၿပီး ဖန္းဂူေသာင္းက်မ္းရင္ေတာ့တစ္မ်ိဳးေပါ့ …
ဒီတိုင္း ရိုးရိုးႏွင္ထုတ္လို႔ မရနိုင္ဘူးဆိုတာ သိသြားေတာ့ ထိုအခြင့္အေရးကို လက္ခံလိုက္ၿပီး မိဘေတြ အႀကံတစ္မ်ိဳး စဥ္းစားၾကေလတယ္ … မနက္ခင္းေလးက ဒီတိုင္း ၿပီးဆုံးသြားၿပီး ေန႕လည္ထမင္းစားခ်ိန္သို႔ ေရာက္လာခဲ့ေလတယ္ …
သူတို႔က ရည္႐ြယ္ခ်က္ရွိရွိ ရႈယြမ္ေဘးမွာ မင္းယြီကို ထိုင္ေစၿပီး ဖန္းဂူနဲ႕လုယီကို တစ္ဖက္မွာထိုင္ေစကာ ေဒါသျဖစ္ေစမဲ့စကား စတင္ေျပာေလေတာ့တယ္ …
" ရွားေမ့ … သားေလးတို႔ မဂၤလာပြဲကို အျမန္စီစဥ္မွျဖစ္ေတာ့မယ္ "
ဖန္းဂူ႐ုတ္တရပ္ ထရပ္ကာ ေအာ္မိေတာ့မလိုေပမဲ့ မင္းယြီရဲ႕အၾကည့္တစ္ခ်က္ေအာက္မွာ ၿငိမ္က်သြားေလတယ္ …
" ေျမးေလးေမြးေန႕ၿပီးသြားရင္ တစ္ခါထည္း လက္ထပ္ေပးၾကရေအာင္ …
ၿပီးရင္ ဒီနိုင္ငံကေန ထြက္သြားၿပီး တစ္အိုးတစ္အိမ္ထူေထာင္ခိုင္းၾကတာေပါ့ "
" ငါမင္းယြီရဲ႕အေဖကို ေျမးေလးေမြးေန႕မွာ ဖိတ္ထားတယ္ …
သူတို႔ သိပ္မၾကာခင္ ေရာက္လာၾကေတာ့မွာ "
ထိုလူက ပတ္ဒိုမင္းဆိုတာ ဖန္းဂူသိေန၍ အတူမေနနိုင္ဘူးဆိုတာ သူတို႔ရိပ္မိေနပုံပင္ … တကယ္လဲ ဖန္းဂူ အတူေနနိုင္မွာမဟုတ္ဘူး … သူ႕ရဲ႕အမုန္းတရားေတြက ဆြဲက်န္ေနဆဲမို႔ …
ဖန္းဂူအဆင္မေျပတာကိုျမင္ရေတာ့ မင္းယြီလဲ ထမင္းဆက္မစားနိုင္ေတာ့ပဲ ရပ္တန႔္သြားတယ္ … ရႈယြမ္က မင္းယြီ ဖန္းဂူကို ၾကည့္ေနတာျမင္ရေတာ့ အဆင္မေျပဘူးဆိုတာ သိေန၍ မိသေတြရဲ႕စကားဝိုင္းကို ရပ္တန႔္ေစလိုက္တယ္ …
" မား … ဒါေတြက ထမင္းစားေနခ်ိန္မွာ မေျပာသင့္ဘူးလို႔ထင္တယ္ "
" ဒါဆို ထမင္းစားၿပီးမွ ဆက္ေျပာၾကတာေပါ့ "
မင္းယြီမိခင္က မင္းယြီအားၾကည့္ကာ ေျပာလိုက္တယ္ …
" သားေလး … ရႈယြမ္ကို ဟင္းေတြ ထည့္ေပးလိုက္ေလ "
" ဟုတ္ကဲ့မား "
မင္းယြီ အသက္မဲ့စြာနဲ႕ပဲ ဟင္းေတြကို ရႈယြမ္ထဲသို႔ ထည့္ေပးေနမိတယ္ … တစ္စုံတစ္ေယာက္ရဲ႕မ်က္ဝန္းေတြက မီးေတာက္ေတြ ဟုန္းဟုန္ေတာက္ေတာက္ေနမွာကို မၾကည့္လဲပဲ ခန႔္မွန႔္လို႔ရတယ္ …
ထိုစဥ္ လုယီေလးအသံ ထြက္ေပၚလာေလတယ္ …
" ပါပါး … YiYi ကိုခြန႔္ေႂကြး "
အစက မင္းယြီကို လုယီေလးကို ဂ႐ုမစိုက္ေစပဲ ဖန္းဂူနဲ႕ျပစ္ထားဖို႔စည္းစားထားေပမဲ့ သူမေသြးမေအးနိုင္ဘူး … ေျမးေလးရဲ႕ေတာင္းဆိုသံကိုၾကားရေတာ့ ေခၚၿပီး မင္းယြီကိုဂ႐ုစိုက္ေစခ်င္ေပမဲ့ ဖန္းဂူက သူ႕လက္ထဲကသားေလးကို ေခၚယူခြင့္မျပဳ၍ မင္းယြီကိုယ္တိုင္ လုယီနားသြားမွသာရလိမ့္မယ္ …
ထိုသို႔ဆိုေတာ့ မင္းယြီသူတို႔အနားသြားဖို႔ သူမဆီက ခြင့္ျပဳခ်က္ရမွျဖစ္မွာ …
" မား "
သားကတစ္မ်ိဳး ေျမးကတစ္မ်ိဳး သူမကို သနားစရာမ်က္ဝန္းေလးေတြနဲ႕ၾကည့္ေနေတာ့ ေနာက္ဆုံး သူအဂ႐ုစိုက္ေပးဖို႔ ခြင့္ျပဳလိုက္ရေလေတာ့တယ္ …
မင္းယြီ ဖန္းဂူနားေရာက္သြားေတာ့ တစ္ခ်ိန္လုံးမဲေမွာင္ေနတဲ့ မ်က္ႏွာထားက ခ်က္ခ်င္းေတာက္ပသြားၿပီး ၂ ေယာက္ထဲတစ္ကမာၻထင္ကာ မိဘေတြကိုပင္ ဂ႐ုမစိုက္ေတာ့ပဲ မင္းယြီ လုယီေလးကို ဂ႐ုတစ္စိုက္ ေႂကြးေမြးေနတာကို စိုက္ၾကည့္ေနေလတယ္ …
ထိုအခါ လုယီေလးက သြားေသးေသးေလးေတြနဲ႕ ဝါးေနရင္း မပီကလာပီကလာနဲ႕ ေျပာလိုက္တယ္ …
" ပါပါးမေကာင္းဘူး … YiYi သူနယ္ခ်င္းကိုလဲမေႂကြးဘူး "
ထိုအခါ အားလုံး မွင္သက္ကုန္ၾကတယ္ … လုယီေလးရဲ႕ ေသြးကစကားေျပာပုံက သူတို႔အား ခြဲထားဖို႔ ခက္ခဲေစတယ္ … ထိုအခါ မင္းယြီက …
" ဦးေလးမွာက လက္ပါတယ္ေလ …
လုယီေလးစားတာကို ဘယ္လိုလုပ္ႀကိဳက္မွာလဲ "
ထိုအခါ ဖန္းဂူက နာေနတဲ့ သူ႕ရဲ႕ ညာလက္ကိုေထာင္ျပလာၿပီး …
" ကို တူမကိုင္နိုင္ဘူး … ခြင့္ေႂကြး "
" …… "
မင္းယြီ ဘာလုပ္ရမည္မသိေတာ့ … တစ္ဖက္မွာလဲ မိဘေတြက ျပဴးၿပီး ေၾကာင္ၾကည့္ေနၾကတယ္ … သူတို႔အျမင္မွာ ဖန္းဂူရဲ႕ဒီပုံစံက အံ့ဩစရာျဖစ္ေနလိမ့္မယ္ … ဒါေပမဲ့ မင္းယြီအတြက္ကေတာ့ အထူးအဆန္းမဟုတ္ေတာ့ဘူး …
" Boss က ဘာစားခ်င္တာလဲ "
" မင္းႀကိဳက္တာေတြေႂကြ … ျမည္းစမ္းၾကည့္မယ္ "
အစားအစာအမ်ားစုက ရွန္ဟႊာရဲ႕လက္ယာနဲ႕ေတာ့မတူေနဘူး … ဒါေၾကာင့္ မင္းယြီ သူႀကိဳက္တဲ့ စားေကာင္းမယ္ ထင္တဲ့ဟာေလးေတြကို ေ႐ြးၿပီး ခြင့္ေႂကြးလိုက္တယ္ …
" Boss ဒါက ၾကက္သားကို အဆပ္ခ်က္ထားတာ "
ဖန္းဂူကအနည္းငယ္ဝါးလိုက္ၿပီး …
" အင္း … နည္းနည္းဆပ္တယ္ "
" ဒါက ဝက္ခ်ဥ္စပ္ "
" အင္း … ခ်ဥ္တယ္ "
ဖန္းဂူမ်က္ႏွာက အနည္းငယ္ ရႈံ႕မဲ့ေပမဲ့ ၿပဳံးထားလွ်က္ …
" ဒါကေတာ့ အခ်ိဳေလး "
" အင္း … ေကာင္းတယ္ … ဒါမဆိုဘူး "
မင္းယြီကၿပဳံးသြားၿပီး …
" Boss ကအခ်ိဳပဲႀကိဳက္တာကို ဘာလို႔အဆပ္ေတြကိုစားေနေသးလဲ "
" ဒါေပမဲ့ အားလုံးက ေကာင္းပါတယ္ …
မင္းခြင့္ေႂကြးလို႔ပိုစားေကာင္းတယ္ "
လုယီေလးက သူ႕ပါပါနဲ႕သူငယ္ခ်င္းတည့္ေနတာကိုျမင္ရေတာ့ ေပ်ာ္႐ႊင္ေနေလတယ္ … မင္းယြီမိဘေတြက အႀကံမေအာင္၍ ထပ္ၿပီး မၾကည့္နိုင္ေတာ့တာနဲ႕ ထသြားၾကေလေတာ့တယ္ … ဒီလိုနဲ႕ ပန္းအိမ္ေတာ္နဲ႕ ရွန္သခင္ေလးရဲ႕ေန႕ရက္ေတြ စတင္ေလေတာ့တယ္ …
.
.
.
.
( ကေလး ၂ ေယာက္ေပါင္းထိန္ရတဲ့ယြီေလးအစား ရင္ေလး 🤣 ျခေသၤ့ႀကီးက သတိျပန္ရလဲ ခြၽဲေနအုံးမွာပဲ … ဘာမွလာမေျပာနဲ႕ လုယီထက္ အဂူတစ္ႏွစ္ငယ္တယ္ 🤪😂
ဟိုေလ ကို႔ Fic ေလးကို Library ထဲထည့္သိမ္ေပးၾကတာျမင္ရေတာ့ ဝမ္းသာမဆုံးဘူး … ဒါေပမဲ့ အမ်ားစုက + Name ေတြျဖစ္ေနတယ္ … တကယ္ဆို ဒီ Fic ေလးက + ကိုဦးစားေပးထားတာမဟုတ္ပါဘူး … လက္ခ်ိဳးေရမွ အပိုင္း ၇၀ ေက်ာ္ကို ၇ ခုပဲရွိပါေသးတယ္ … ဒါေတာင္အၾကမ္းႀကီးမဟုတ္ဘူး … ဆိုေတာ့ ေက်းဇူးျပဳၿပီး Name လွလွေလးေတြထဲသိမ္းေပးဖို႔ ေမတၱာရပ္ခံပါတယ္ … ႀကိဳက္တဲ့ Name ေလးေပးပါ စိတ္မဆိုးဘူး + မဟုတ္ရင္ၿပီးေရာ 🤗🤗
ဝင္ဖတ္ၿပီးရင္ Star ေလးေပးသြားေနာ္ … 🥰 အားလုံးကို ခ်စ္တယ္ 🙆♀️💕😚 )