ဝမ်ချိုချိုလေး
By hninsattmahar
103K 8.6K 635
စိတ်ကူးရသလောက်ချိုချင်ပါတယ် More
ep.1
ep.2
ep.3
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
စျေးဗန်း
အပိုင်း.၂၈ (ဇာတ်သိမ်းပိုင်း)
ep.4
4.1K 369 14
By hninsattmahar
Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၄)
​ ရှောင်ကျန့် နိုးလာတဲ့အချိန် သူ့ရှေ့မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မျက်နှာနုနုလေးကို မြင်နေရမယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့။ သူ့ရှေ့ကမျက်နှာ​လေးကို ထိကြည့်ဖို့ လက်လှမ်းလိုက်ပြီးမှ ညကကန်ချမခံရဘူးဆိုတာ သတိရသွားပြီးပြုံးမိတယ်။ ဖက်အိပ်ခံရမှာကြောက်လို့ထင်တယ် ဝမ်ပေါက်စလေးတော့... သူကြောက်တာလည်းရှိသေးသားပဲ...ဟား...ဟား..။
မနိုးသေးတဲ့ ဝမ်ပေါက်စကို မနှိုးတော့ပဲ company သွားဖို့ပြင်ဆင်လိုက်တယ်။ရုတ်တရက် တံခါးခေါက်သံကြားလို့ ထူးဆန်းနေမိတယ်..သူ့အခန်းတံခါးလာခေါက်မယိ့သူမှ မရှိတာ။ သွားဖွငိ့ကြည့်လိုက်မိတော့...
"ယေး....''
ရှောင်ကျန့်တို့အခန်းထဲ ပြေးဝင်လာတဲ့ကောင်လေးနှစ်ယောက်။ဘာတေလား။အိပ်နေတဲ့ ဝမ်ပေါက်စလေးကို အတင်းလှုပ်နှိုးနေကြတယ်။
"မင်းတို့က ဘာတွေလဲ''
"ဦး...ရိပေါ်သူငယ်ချင်းတွေပါ ကျောင်းတက်ဖို့ လာနှိုးခိုင်းထားတာ''
ဝမ်ပေါက်စက မနည်းအားယူဖွငိ့ထားရတဲ့ မျက်လုံးလေးတွေပွတ်သပ်ပြီး ပြောလာတယ်။မဖြစ်ဘူး ဒီကောင်လေးနဲ့စကားပြောမှရတော့မယ် ရှောင်ကျန့်အခန်းထဲ ဒီလိုသူစိမ်းတွေ ဝရုန်းသုန်းကား ဝင်ထွက်နေတာမကြိုက်ဘူး။
"သူလည်းနိုးပြီမှတ်လား မင်းတို့အပြင်ကစောင့် ပေါက်စမင်းလည်းထတော့''
သူငယ်ချင်းတွေထွက်သွားမှ အိပ်ချင်စိတ်မပြေသေးတဲ့ ဝမ်ပေါက်စကို ဆတ်ကနဲကောက်ချီလိုက်တယ်။
"ဟာ ဟေ့လူကြီးဘာလုပ်တာလဲ ဖယ်...လွှတ် လွှတ်ပေး''
ရေချိုးခန်းထဲခေါ်သွားလိုက်ပြီးမှ ချပေးလိုက်တယ်။
"ကိုယ်ပြောစရာရှိလို့ နောက်ဆိုမင်းအိပ်ယာထတာ သူများမနှိုးခိုင်းနဲ့ ကိုယ်နှိုးပေးမယ် ကိုယိ့အခန်းထဲ သူစိမ်းတွေဝင်တာမကြိုက်ဘူး''
"သူစိမ်းမဟုတ်ဘူး ရိပေါ်သူငယ်ချငိးတွေ ကလေကချေတစ်ကောင်မှမပါဘူး သူဌေးသားတွေကြီးပဲ''
ကတ်ကတ်လန် ရန်တွေ့နေတဲ့ စွာစိလန်နှုတ်ခမ်းလေးကို ဆွဲပြီးဖြစ်ညှစ်ပစ်လိုက်တယ်။
"စကားနားထောင် နားမထောင်ရင် နောက်ပိုဆိုးမယ်''
နာသွားတဲ့နှုတ်ခမ်းလေးကို ကိုင်ရင်းပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့တဲ့ ဝမ်ပေါက်စကို ကျောခိုင်းပြီး လှည့်ထွက်လာခဲ့တယ် ရှောင်ကျန့်မျက်နှာက အပြုံးစစကိုတော့ မဖုံးနိုင်ပဲနဲ့ပေါ့။
&&&
ပြိုင်ကားနီလေးကို တံခါးမဖွငိ့ပဲ သုံးယောက်သားခုန်တက်သွားကြတာ ကြည့်ပြီးရှောငိကျန့် ခေါင်းရမ်းလိုကိမိတယ်။Hoody အဝါရောင်လေးကို ဂျင်းနက်ပြာလေးနဲ့တွဲဖက်ဝတ်ထားတဲ့ ဝမ်ပေါက်စက ထွက်သစ်စနေမင်းကြီးလို့ မနက်ခင်းကို လင်းဖြာနေစေတယ်။ ဒါလားကျောင်းတက်သွားကြတာ
ပုံစံတွေက မင်းသားရှုံးလို့။တစ်နေ့တော့
ဘောင်းဘီဒူးပြဲက ပေါ်နေတဲ့အသားကို ဆွဲဆိတ်လို့ အပစ်ပေးအုံးမယ်လို့ တေးထားလိုက်တယ်။
တစ်နေ့လုံးအလုပ်ထဲမှာ စိတ်မနစ်နိုင်ပဲ ရှောင်ကျန့်ဆွဲလိမ်ခဲ့တဲ့ ဝမ်ပေါက်စနှုတ်ခမ်းလေးပဲ မြင်ယောင်နေမိတယ်။မင်းသားရှုံးအောင်ဝတ်သွားတဲ့ ပေါက်ကစ ကျောင်းမှာဘယ်လောက်တောင်ကဲနေမလဲပါ သိချင်နေပြန်တယ်။
ရုံးစောဆင်းလာပြီး ဝမ်ပေါက်စလေးကျောင်းဘက်သွားဖို့စိတ်ကူးလိုက်တယ်။ သူ့မှာကားလည်းပါတယ် ၊ သူငယ်ချင်းတွေလည်းပါနေတာ ငါသွားရင်ကောလွှတ်မလားပဲ။ကားပါကင်ဆီလျှောက်နေတုန်း အိပ်ထဲကဖုန်းမြည်လာတယ်။
" ရှောင်ကျန့် မင်းဘယ်ချိန်ရုံးဆင်းမှာလဲ ငါတို့ညစာစားရအောင်''
"နောက်နေ့မှစားရအောင်ကွာ ငါအပြင်သွားနေတာ ငါ့ကလေးကျောင်းသွားကြိုမလို့''
​ ရှောငိ့ကျန့်စကားအဆုံး ကျန်းချန်က အူလှိုက်သည်းလှိုက်ကို ရယ်နေတော့တယ်။
"မင်း...ခါးနာပျောက်သွားပြီပေါ့ ဟုတ်လား ဒဏ်ရာအသစ်တောငိ့တနေပြီလား''
"မင်း''
ရှောင်ကျန့်စိတ်တိုတိုနဲ့ ဖုန်းချပစ်လိုက်တယ်။ ဒေါသထွက်ပေမယ့်လည်း ဘာပြန်ပြောရမှန်းမသိ သူကလည်းဒီကလေးနဲ့ မှဒဏ်ရာတွေပဲခနခနဖြစ်နေရတယ်လို့။
®
ရိပေါ်တို့သူငယ်ချင်းတွေ အတန်းပြီးတော့ ကားဆီလျှောက်လာရင်း စကားဖောင်ဖွဲ့နေကြတယ်။ ဝမ်နင်က ကလပ်သွားရန်စကားစတော့ စစ်ကျွေးကနှစ်ခါမခေါ်ရ။ ရိပေါ်လည်း မသွားတာကြာပြီဆိုတော့ ခေါင်းညိမ့်လိုက်တယ်။ သူ့ကားနားရောက်တော့ ရိပေါ် ကားဘေးလာရပ်နေတဲ့ လူကြီး။ ရိပေါ်ကားနားအမြဲလိုလိုစောင့်နေကြ ကောင်မလေးတွေက ရှောင်ကျန့်ဘေးမှာဝိုင်းနေတယ်။ ရုတ်တရက်စိတ်တွေတိုလာပြီး ကောင်မလေးတွေဝိုင်းနေတဲ့နား အတင်းတို့းလို့ ရှောင်ကျန့်လက်ကို ဆောင့်ဆွဲပစ်လိုက်တယ်။
"ဦး...ဒီကိုဘာလာလုပ်တာလဲ''
"ပေါက်စဆီလာ....
ရှောင်ကျန့်စကားကိုဆုံးအောင် နားမထောင်ပါပဲ ရိပေါ်က သူ့ကားတံခါးဖွင့်ပြီး လူကိုအတင်းထိုးထည့်နေတယ်။ သူ့စကားနားမထောင်ချင်ပဲ လူကိုဘာလို့လာမေးနေသေးလဲ ။
ရိပေါ်ကစူပုတ်ပုတ်ရုပ်နဲ့ ကားပေါ်တက်သွားပြီး လီဗာကိုတဗြီးဗြီးဖြဲလိုက်တော့ ကောင်မလေးတွေ လစ်ပြေးကုန်တယ်။
"ဟာဟိုကောင် သူ့လူကြှီးကားပေါ်တင်သွားပြီ clubသွားပါမယ်ဆိုမှ''
ရှောင်ကျန့်ဘေးမှာ ကားကိုတဝီဝီမြည်အောင် အရှိန်ကိုစွတ်လွှတ်နေတဲ့ ကောင်လေးကိုငေးကြည့်နေမိတယ်။ အမိုးဖွင့်ထားလို့ ကားထဲဝင်လာတဲ့လေတွေနဲ့အတူ ရိပေါ်ရဲ့ ရွှေရောင်ဆံနွယ်လိမ်ကောက်ကောက်လေးတွေ လေးမှာလွင့်ဝဲနေတာတမျိုးလေး ကြည့်ကောင်းနေတယ်။မျက်နှာတော်နုနုကတော့ မလိုက်ဖျက်စွာ စူပုတ်လို့ မျက်ခုံးတွေကြုံ မျက်မှောင်တွေတွန့်ချိုးနေတယ်။
"ပေါက်စ ကိုယ်တို့ခုဘယ်သွားနေတာလဲ''
"အိမ်ပြန်နေတာလေ ဦးကဘယ်သွားချင်လို့လဲ''
စွကလေး ငါ့ကိုနိပ်ကွပ်ပြန်ပြီ။
"ဟ မဟုတ်ဘူးလေ ကိုယ့်ကားမင်းတို့ကျောင်းမှာ ကျန်ခဲ့တယ်''
"Driver ပါတယ်မဟုတ်လား ပြန်လာခိုင်းလိုက်ပေါ့ ဘာတွေရှုပ်နေတာလဲ''
ထိပြန်ပြီငါပဲလား ။ယဥ်ကျေးမှုမရှိတဲ့ ဒီဟာလေးကို ယဥ်ကျေးလာအောင်သင်ပေးထားရအုံးမယ် နေနှင့်အုံးပေါ့။
"နေပါအုန်း မင်းကြညိ့ရတာ ဒေါသထွက်နေတဲ့ပုံပဲ ဘာဖြစ်လာတာလဲ ကားအရှိန်လျော့စမ်းပါ ''
ရိပေါ်က ကားကိုဘေးကလမ်းသွယ်ထဲ ကွေ့ချလိုက်ပြီး ရပ်လိုက်တယ်။ နေရာကိုပြင်ထိုင်လို့ ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။
"ဦးက ရိပေါ်ကျောင်းကို ဘာလာလုပ်တာလဲ''
"မင်းကို ကျောင်းလာကြိုတာလေ''
"နားစမ်းပါ အရေးမပါတာတွေ လုပ်ငန်းရှင်လူငယ်သူဌေးပေါက်စ ၊ခန့်ညားတယ် ၊ချောမောတယ်၊ ဒါတွေပြချင်လို့ ပြီးတော့ ကောင်မလေးလာရှာတာမှတ်လား''
"မင်း...''
သူဘဝမှာတစ်ခါမှ ဒီလောက်ဒေါသမဖြစ်ဖူးဘူး ။စိတ်ကတိုတိုနဲ့ ဝမ်ပေါက်စလေး မျက်နှာဆီလက်ရွယ်လိုက်မိတယ်။ မော့ကြညိ့လာတဲ့ ဝမ်ပေါက်စရဲ့မျက်နှာမှာ အံ့သြခြင်း အယုံနိုင်ခြင်းတွေနဲ့ငိုတော့မယိ့ ကလေးတစ်ယောက်လို ဝမ်းနည်းရိပ်တွေပါ ပါလာတယ်။
"ဆင်း ခင်ဗျား ကျွန်တော့်ကားပေါ်ကဆင်း''
သွားပြီ သူမှားသွားပြီ တကယ်လည်းမလုပ်ရက်ပဲ ဘာလို့များလက်က ရွယ်မိရတာလဲ။ ပေါက်စမျက်နှာက ဝမ်းနည်းရိပ်တွေပြည့်နေတယ်။ သူဒီတိုင်းမထားခဲ့နိုင်ပါဘူး ဒီကလေးတခုခုလျှောက်လုပ်မှဖြင့်။
"ကိုယ်မဆင်းနိုင်ဘူး...sorryကိုယ်မှားသွားတယ် ကိုယ်နဲ့အတူအိမ်ပြန်ကြရအောင်''
"မပြန်ဘူး clubသွားမလို့ ခင်ဗျားလို ဦးလေးကြီးနဲ်မဆိုင်တဲ့နေရာ လိုက်ချင်လိုက်ခဲ့ပေါ့''
ရှောင်ကျန့် တားတဲ့ စကားလုံးတွေကလည်း အရာမထင်ပါပဲ ဝမ်ပေါက်စက ဖုန်းထုတ်လို့ သူငယ်ချင်းတွေကို clubလာဖို့ ခေါ်နေပြီ။ ဘာတတ်နိုင်မလဲ ကိုယ်မှစိတ်မချတာ လိုက်သွားရုံပေါ့ ကြိုက်သလောက်မွှေတော့။
©
မီးရောင်စုံတွေကြားမှာ ဝမ်ပေါက်စက ကောင်မလေးတွေနဲ့ က နေတယ်။ ရိပေါ် နားကိုကပ်ပြီး သူ့ကိုယ်နဲ့မထိတထိ က နေတဲ့ကောင်မလေးတွေ အကုန်လုံးကို ဆွဲယူလွှင့်ပစ်လိူက်ချင်တယ်။မကြည့်ပဲ နေလို့ရပေမယ့် မကြညိ့ပဲကလည်း မနေနိုင်
တယောက်ထဲဘေးကထိုင်ကြည့်ရင်း ဒေါသတွေလိမ့်ထွက်နေရတယ်။
ရိပေါ်က သူ့ဘေးကကောင်မလေးတစ်ယောက်ကို စကားငုံ့ပြောနေတာတွေ့လိုက်ပြီး ကောင်မလေးနှစ်ယောက်သုံးယောက်က သူ့ဘေးရောက်လာတယ်။
အေးအေးဆေးဆေးထိုင်နေတဲ့ သူ့ကိုယ်ကိုလာထိတွေ့နေတယ်။
"လာမရှုပ်နဲ့ မင်းတို့ပါသာ အေးဆေးနေကြ''
တခစ်ခစ်နဲ့ ရယ်နေကြပြီး ပိုဆိုးလာတယ်။ ရှောင်ကျန့်ကိုလာပွတ်သပ်နေတဲ့ လက်တွေကြောင့်စိတ်ရှုပ်နေရာက ရိပေါ်ကိုကြည့်မိတော့ မချိုမချဥ်ပြုံးနေတာတွေ့လိုက်တယ်။
ရုတ်တရက်ဒေါသက မထိန်းနိူင်တော့ပဲ။ကောင်မလေးတွေကြား က နေတဲ့ ဝမ်ပေါက်စဆီသွားပြီး သူ့ကိုယ်လေးကို ဆောင့်ဆွဲလိုက်တယ်။ လှည့်ကြညိ့လာတဲ့မျက်နှာလေးကို ဆွဲမော့ပြီး နမ်းပစ်လိုက်တယ်။
အချိန်တွေရပ်တန့်သွားသလို၊ မီးရောင်စုံတွေပျောက်သွားသလို၊ ဘေးနားက က နေတဲ့လူတွေပျောက်သွားသလို၊ အသံတွေတိပ်ပြီး သူတို့နှစ်ယောက်ပဲ ရှိတော့လို၊ လောကကြီးငြိမ်ကျသွားတယ်။
သတိဝင်လာတော့ ရိပေါ်ကိုနမ်းနေတဲ့ ​ေရှ့ကလူကို ဆွဲထိုးပြီး ဆောင့်တွန်းပစ်လိုက်တယ်။
ရိပေါ်တွန်းလိုက်တဲ့အရှိန်ကြောင့် ကြမ်းပြင်ပေါ်ဖင်ထိုင်ရက်ကြသွားတဲ့လူကို ကြည့်ပြီး ရှက်တဲ့စိတ်တွေနဲ့ထူပူပြီး ထွက်ပြေးလာခဲ့မိတယ်။
သူ့နှုတိခမ်းလေး လက်နဲ့ပြန်စမ်းပြီး ရှောင်ကျနိ့ရှေ့က ပြေးထွက်သွားတဲ့ကောင်လေးနောက် လိုက်ဖို့ပြင်တော့ သူ့သူငယ်ချင်းတွေက ဆွဲထားကြတယ်။
"ဟာ ဘာလိုက်လုပ်အုံးမလို့ ဒါသူ့ရဲ့ first kissဗျ သူတစ်ခုခုဖြစ်ရင် ခင်ဗျားမလွယ်ဘူးမှတ်''
စစ်ကျွေးကကြိမ်းမောင်နေပြီး ဝမ်နင်ကအားနာသလိုကြည့်နေတယ်။ပြီးတော့ သူတို့သူငယ်ချင်းနောက်ပြေးလိုက်သွားကြတယ်။
@@@
ရှောင်ကျန့်အိမ်ပြန်ရောက်တဲ့ထိ အရင်ထွက်သွားတဲ့ ဝမ်ပေါက်စလေးက မရောက်သေး။ သူစိတ်ပူနေပြီ။ အိမ်ထဲမှာဟိုလျှောက် ဒီလျှောက်နဲ့ အချိန်တွေကုန်လာပေမယ့် ပြန်မလာတဲ့ကလေးကြောင့် စိတ်မကောင်းဖြစ်နေရတယ်။
သူ့ကိုစိတ်အတော်စိတ်ဆိုးသွားလို့ သူငယ်ချင်းတွေအိမ် သွားအိပ်နေတယ်ထင်ပါရဲ့။
ညနက်လာလို့ ပြန်မလာလောက်ဖူးအထင်နဲ့ အိပ်ယာဝင်ခဲ့ပေမယ့်။ အိပ်ယာပေါ်ရောက်တော့လည်း ဘေးကနေရာကြည့်ပြီး သတိတွေရနေမိတယ်။
ရိပေါ်သွားနေကြနေရာ၊ အပေါင်းသင်းတွေကြား ယောကျ်ားလေးချင်း နမ်းလိုက်တော့ အတော်ရှက်သွားတယ်ထင်တယ်။ ကိုယ်မှားသွားတယ် ပေါက်စရယ် ကိုယ်လည်းဒေါသထွက်ပြီး လုပ်လိုက်မိတာကလေးရယ်။
သူအတွေးထဲမျောနေတုန်း ဘေးကနေရာလေးအိကနဲ ဖြစ်သွားလို့လှည့်ကြညိ့မိတော့...
"ဟင် ပေါက်စ ပြန်ရောက်လာပြီလား ကိုယ်စိတ်ပူလိုက်ရတာကွာ...ဖြစ်ခဲ့သမျှတွက် ကိုယ်တောင်းပန်တယ်ကွာနော်''
"မလိုပါဘူး ရိပေါ်ကအရင်စမှားတဲ့သူပါ...''
ရှောင်ကျန့်စိတ်ပူနေတဲ့အချိန်း ဗြုန်းကနဲပြန်ရောက်
လာတဲ့ကောင်လေးကြောင့် ဆွဲဖက်ဟန်ပြင်မိတဲ့ လက်တွေကိုမနည်း ချုပ်ထိန်းလို့ တဖက်လှည့်အိပ်လိုက်ရတယ်။ မဟုတ်ရင်သူသိပ်ပျော်ပြီး ပြုံးဖြီးနေတဲ့မျက်နှာကို ပေါက်စမြင်သွားရင် ရှက်စရာလေ။
Zawgyi
ဝမ္ခ်ိဳခ်ိဳေလး
(အပိုင်း.၄)
"ယေး....''
"မင်းတို့က ဘာတွေလဲ''
&&&
"မင်း''
®
"ဦး...ဒီကိုဘာလာလုပ်တာလဲ''
"ပေါက်စဆီလာ....
"မင်း...''
"မပြန်ဘူး clubသွားမလို့ ခင်ဗျားလို ဦးလေးကြီးန်ဲမဆိုင်တဲ့နေရာ လိုက်ချင်လိုက်ခဲ့ပေါ့''
©
သတိဝင်လာတော့ ရိပေါ်ကိုနမ်းနေတဲ့ ​ရှေ့ကလူကို ဆွဲထိုးပြီး ဆောင့်တွန်းပစ်လိုက်တယ်။
@@@
Continue Reading
You'll Also Like
2.1M 89.5K 75
144K 17.5K 56
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...
32.6K 3.1K 21
Omegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??
434K 68.7K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)