Till My Last Day {နောက်ဆုံး...

By Jonquil__Mei

430K 24.3K 1.8K

(UNICODE//ZAWGYI) #🚨Abuse Type ပါနော်🚨# Mature Onပါ။🚨 ဒီ fic ထဲမှာပါတဲ့အကြောင်းအရာအားလုံးက MEI ရဲ့စိတ်ကူး... More

Chapter[1]
Chapter[2]
Chapter[3]
Chapter[4]
Chapter[5] 🚨🔞
Chapter[6]
Chapter[7]
Chapter[8]
Chapter[9]
Chapter[10] 🚨🔞🚨
Chapter[11]
Chapter[12]
💛Character introduction💛
💛Attention Please💛
Chapter[13]
Chapter[13] Zawgyi
Chapter[14]
Chapter[15]
Sorry
💛Zayy Bann💛
Chapter[16]
Chapter[17]
Chapter [18]
Chapter[19]
Chapter[20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
💛Announcement 💛
Chapter [25]
Chapter [26]
Chapter [28]
Chapter [29]
Chapter [30]
😭💛

Chapter [27]

7K 499 45
By Jonquil__Mei

#UNICODE

" ချစ်တယ် "

မှူးသခင်သည် မင်းစေလိုရာ၏မျက်နှာအနားသို့တိုးကပ်လာရင်းပင် ရီဝေဝေအကြည့်များဖြင့် ပြောလေသည်။

ထိုအချိန်တွင် မင်းစေလိုရာ၏သွေးကြောများ သည်ခန္ဓာကိုယ်ထဲတွင်မရှိတော့သည့်အခြေအနေမျိုးပင်ခံစားနေရပြီး သူ၏မျက်နှာရှေ့တွင် မျက်လုံးရီဝေဝေလေးနှင့် ပန်းရောင်လှိုင်းလေးပြေးနေသကဲ့သို့ဖြစ်နေသော ပါးလေးနှစ်ဖက်ကိုဆွဲနမ်းချင်သည့်စိတ်ဆန္ဒတို့က ဆူပွက်နေသည်ကိုတော့ မှူးသခင်တစ်ယောက်မသိခဲ့ပါလေ။

" ချစ် တယ် လို့ "

မင်းစေလိုရာနှင့်မှူးသခင်တို့အကြည့်ချင်းဆုံမိနေရင်းမှပင် အမူးသမားလေးမှူးသခင်သည် မင်းစေလိုရာ၏မျက်နှာအနားသို့ပို၍တိုးလာပြန်သည်။ထို့နောက် စိတ်မရှည်သည့်လေသံလေးဖြင့် ဆူဆူအောင့်အောင့်ပင်ပြောဆိုလာသည်။

မင်းစေလိုရာသည် သူ့အားဂျိုကြည့်ကြည့်ပြီး ဆူပုတ်ပုတ်ဖြစ်နေသည့်မှူးသခင်အားကြည့်ရင်းပင် သူ၏သည်းခံနိုင်စွမ်းတို့ကမရှိလာတော့သည်။ထို့အတွက်ကြောင့် မင်းစေလိုရာသည်မှူးသခင်၏မေးစေ့လေးအား မိမိလက်တစ်ဖက်ဖြင့်ကိုင်လိုက်ပြီး မိမိ၏နှုတ်ခမ်းနှင့် မှူးသခင်၏နှုတ်ခမ်းတို့ကိုတွေ့ဆုံစေလိုက်သည်။

ပထမဆုံးအနေနှင့် မှူးသခင်၏ အပေါ်နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးဖြင့်စုပ်ယူလိုက်သည်။ထို့နောက် အောက်နှုတ်ခမ်းလေးကိုပါတစ်လှည့်ပြန်၍နူးညံ့စွာ စုပ်ယူလေသည်။

မင်းစေလိုရာသည် မှူးသခင်၏နှုတ်ခမ်းလေးအားအပေါ်တစ်လှည့် အောက်တစ်လှည့်ဖြင့်နူးညံ့စွာစုပ်ယူနေရင်းပင် မှူးသခင်ဆီမှအနမ်းများသည် မထင်မှတ်ဘဲနဲ့ပြန်၍တုန့်ပြန်လာကြသည်။

နူးညံ့ညံ့လေးဖြင့်အနမ်းတို့ကိုတုန့်ပြန်နေသည့်မှူးသခင်ကို မင်းစေလိုရာသည်သူ၏အနမ်းမိုးများကိုအသည်းအသန်ပင်ရွာချစေသည်။ထို့နောက် မင်းစေလိုရာသည်နမ်းနေရင်းမှပင် မှူးသခင်၏နှုတ်ခမ်းဆီမှရုတ်တရက်ခွာလိုက်လေသည်။

နမ်းနေရာမှ ရုတ်တရက်မထိတွေ့တော့သောမင်းစေလိုရာအား မှူးသခင်သည်ရီဝေဝေမျက်လုံးများနှင့် မကျေနပ်ဟန်ရှိ
သောမျက်နှာထားလေးနှင့်ကြည့်လေသည်။

" အွန့်...ပြွတ်စ်...ပြွတ်စ် "

မင်းစေလိုရာသည် မိမိနမ်းထားသည့်အတွက် မှူးသခင်၏နှုတ်ခမ်းလေးမှာ စိုစိုဖူးဖူးလေးပင်ဖြစ်နေပြီး မိမိအားအလိုမကျသည့်ရုပ်လေးဖြင့်ကြည့်လာသည့် မှူးသခင်ကို အသည်းယားလာလေပြန်သည်။

ထို့သို့ အသည်းယားလာသည့်အတွက် မင်းစေလိုရာသည် မှူးသခင်၏ပါးပြင်လေးအားအုပ်ကိုင်၍ပင် သိပ်မနူးညံ့သောအနမ်းတို့ဖြင့်ရုတ်တရက်ဆွဲနမ်းလိုက်ပြန်လေသည်။

မိမိ၏နှုတ်ခမ်းအား မနမ်းတတ်နမ်းတတ်နှင့်ပြန်တုန့်ပြန်နေသော မှူးသခင်ကြောင့်ပင် မင်းစေလိုရာ၏စိတ်များအစိုးမရတော့ပေ။

ထို့ကြောင့် မှူးသခင်၏ပါးပြင်လေးအားမိမိ၏လက်တစ်ဖက်ဖြင့်ပွတ်ဆွဲရင်းပင် မှူးသခင်၏အောက်နှုတ်ခမ်းလေးအားခပ်ဆဆကိုက်ပေးလိုက်သည်။

ခပ်ဆဆကိုက်လိုက်သဖြင့် မှူးသခင်၏နှုတ်ခမ်းလေးကအနည်းငယ်မျှပွင့်ဟလာသည်နှင့်တစ်ပြိုင်နက် မင်းစေလိုရာသည်သူ၏လျှာအား မှူးသခင်၏ခံတွင်းထဲသို့ပင်ဝင်ရောက်လိုက်စေသည်။

မိမိ၏လျှာအား မှူးသခင်၏ခံတွင်းလေးထဲတွင်မွှေလိုက်ပြီးနောက်တွင် မင်းစေလိုရာသည်မိမိ၏လျှာကို မှူးသခင်၏လျှာလေးနှင့်အတူ ရစ်ပတ်စေလိုက်သည်။

" အွန်း "

မိနစ်အတော်ကြာသည်အထိ မင်းစေလိုရာသည်မှူးသခင်အားအနမ်းများဖြင့်နစ်မွန်းစေသည့်အတွက်ကြောင့် အမူးသမားလေးမှူးသခင်သည်အသက်ရှူကျပ်လာသည့်ဟန်နှင့် မိမိ၏ရင်ဘတ်ကိုသူ၏လက်လေးတို့ဖြင့်တွန်းလာလေသည်။

" အွန်း...အင်း...ပြွတ်စ် "

အမူးသမားလေး၏နှုတ်ခမ်းကို အားပိုထည့်ပြီးနမ်းလိုက်ပြီးနောက် နှုတ်ခမ်းနှစ်ခုအားခွာခါနီးတွင် မင်းစေလိုရာသည်အသံထွက်အောင်ပင်နောက်ဆုံးအနေနှင့်နမ်းလိုက်သည်။ပြီးမှ မိမိနှုတ်ခမ်းနှင့်မှူးသခင်၏နှုတ်ခမ်းလေးကို ခွာစေလိုက်သည်။

ထိုသို့ခွာလိုက်ပြီးသည့်နောက်တွင် မင်းစေလိုရာနှင့်မှူးသခင်တို့၏နှုတ်ခမ်းနှစ်ခုစလုံးအား ဆက်နွယ်နေသော ငွေရောင်ကြိုးမျှင်လေးတစ်ကြောင်းထွက်ပေါ်လာလေသည်။

မင်းစေလိုရာတစ်ယောက် အနမ်းတို့ဖြင့်မွတ်သိပ်ခံထားရသည့်မှူးသခင်၏မျက်နှာလေးအားကြည့်လိုက်သောအခါ နှုတ်ခမ်းလေးသည်ဖူးဖူးယောင်ယောင်လေးဖြစ်နေပြီး နှုတ်ခမ်း၏ထောင့်စွန်းလေးတွင်ငွေရောင်ကြိုးမျှင်ပြတ်လေးတစ်ခုလည်းတည်ရှိနေသည်။

ထို့ကြောင့် မှူးသခင်၏နှုတ်ခမ်းထောင့်စွန်းလေးရှိငွေရောင်ကြိုးမျှင်လေးကို မင်းစေလိုရာသည်သူ၏လက်မဖြင့် နှုတ်ခမ်း၏ဒီဘက်ထောင့်စွန်းမှဟိုးဘက်ထောင့်စွန်းအထိ အသာအယာပင်ဆွဲပွတ်ပေးလိုက်သည်။

နှုတ်ခမ်းလေးအားအသာအယာဆွဲပွတ်ပေးလိုက်ပြီးသည့်နောက်တွင် အမူးသမားလေးသည် မိမိအားရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့သွားလေသည်။

" အဟမ်း..ကျွန်တော်ဘယ်သူလဲသိလား။ "

မင်းစေလိုရာသည် အမူးသမားလေးမှူးသခင်အားကြည့်ရင်းပင် အသည်းယားလာသည့်အတွက် ခပ်တည်တည်ပင် စလိုက်လေသည်။

" ဟွန်...မင်း စေ လို ရာ မဟုတ်ဘူးလား။ "

မှူးသခင်သည် သူ့အားခပ်တည်တည်ဖြင့်မေးလာသည့်သူအား မျက်မှောင်ကြုတ်ကာပင် အသံလေးလေးပင်ပင်ဖြင့်မေးသည်။

" မဟုတ်ဘူး။ ခင်ဗျားကောင်လေး "

မင်းစေလိုရာသည် မှူးသခင်အားမိမိရင်ခွင်ထဲသို့ဝင်ရောက်စေပြီး ထိုစကားအားအသံခပ်ဆတ်ဆတ်ဖြင့်ပြောလိုက်လေသည်။

" ငါ့ ကောင် လေး "

မှူးသခင်သည် မင်းစေလိုရာ၏ရင်ခွင်ထဲမှ ကိုယ်သင်းနံ့များကိုရှူရှိုက်ပြီးမှ တစ်လုံးချင်းစီပြောပြီးမှ ငြိမ်ကျသွားသည်။

" အဟက် "

မင်းစေလိုရာသည် မိမိရင်ခွင်ထဲတွင်ပါးအပ်ပြီး ငြိမ်ကြသွားသည့်အတွက်အမူးသမားလေးမှူးသခင်အိပ်ပျော်သွားပြီဖြစ်ကြောင်းကိုသိရှိလိုက်သောကြောင့် သဘောတကျပင်အသံထွက်အောင်ရီမိ
လေသည်။

ထို့နောက် မင်းစေလိုရာသည် သူ၏ရင်ခွင်ထဲရှိမှူးသခင်အားအသာအယာဆွဲခွာ၍ ကုတင်ပေါ်သို့ဖြည်းဖြည်းချင်းလှဲစေလိုက်သည်။

" ပြွတ်စ် "

မင်းစေလိုရာသည်လည်း မှူးသခင်အားဖက်လျက်အနေအထားဖြင့်လှဲလိုက်ပြီးနောက်တွင် မှူးသခင်၏နှုတ်ခမ်းဖူးဖူးလေးအား နူးညံစွာဖြင့်နမ်းရှိုက်လေသည်။

နှစ်မိနစ်ခန့်လောက် နမ်းရှိုက်၍ မှူးသခင်အားရင်ခွင်ထဲသို့ထည့်ဖက်လိုက်ရင်းပင် မင်းစေလိုရာတစ်ယောက်အိပ်စက်ခြင်းဆီသို့ရောက်သွားသည်။

ထိုညတွင် စံအိမ်ကြီးရှိကောင်လေးနှစ်ယောက်၏အိမ်မက်လေးတို့မှာ လွန်စွာပင်လှပနေသည်မှာ ဧကန်အမှန်ပင်ဖြစ်လိမ့်မည်။

////////////

သာယာလှသောမနက်ခင်းတစ်ခု၌ စံအိမ်ကြီး၏အပေါ်ထပ်အိပ်ခန်းထဲတွင် စံအိမ်ကြီး၏သခင်လေးသည် အိပ်ပျော်နေသောကောင်လေးတစ်ယောက်ကိုရင်ခွင်ထဲထည့်ထားရင်းပင် သူကိုယ်တိုင်ပါအိပ်စက်နေလေသည်။

" တိ တီ တိ "

ထိုအချိန်တွင် အိပ်ရာဘေးရှိစားပွဲလေးတွင် တင်ထားသည့်နှိုးစက်နာရီမှပင် မတိုးမလျသောနှိုးစက်သံတို့က အိပ်ခန်းတစ်ခုလုံးရှိလေလှိုင်းများထံသို့ပြန့်နှံ့သွားသည်။

နှိုးစက်သံကြောင့် အအိပ်ဆတ်သော စံအိမ်ကြီး၏သခင်လေးဖြစ်သူမင်းစေလိုရာတစ်ယောက် နိုးလာလေတော့သည်။

မင်းစေလိုရာသည် သူနိုးလာသောအခါတွင် သူ၏လက်မောင်းအားဖိအိပ်ပြီးရင်ခွင်ထဲပါဝင်အိပ်နေသည့်မှူးသခင်ကို သတိထားမိသွားသည်။

ထို့အတွက်ကြောင့် ကလေးတစ်ယောက်လိုအပြစ်ကင်းစွာအိပ်စက်နေသောမှူးသခင်အားကြည့်ရင်းပင် မင်းစေလိုရာတစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးမိလေသည်။

" ပြွတ်စ် "

ထို့နောက်တွင် မှူးသခင်၏နှုတ်ခမ်းလေးအားတစ်ချက်နမ်းလိုက်ပြီးမှ မင်းစေလိုရာတစ်ယောက်အိပ်ရာထဲမှပင်ထသွားလေသည်။

မင်းစေလိုရာတစ်ယောက် သွားတိုက်၊မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့မှူးသခင်အတွက်လိုအပ်သည့်အစားအ
သောက်များကို စီစဉ်ညွှန်ကြားပေးပြီးမှ သူ၏အိပ်ခန်းထဲသို့ပင် ပြန်လာခဲ့သည်။

မိမိအိပ်ခန်းထဲသို့ရောက်လာသည့်တိုင်အောင် ကုတင်ပေါ်ရှိကွေးကွေးလေးအိပ်ပျော်နေသောကောင်လေးမှာ ယခုအချိန်ထိမနိုးလာသေးပေ။

မင်းစေလိုရာလည်း အရင်ဆုံးမနေ့ကဝယ်လာခဲ့သည့်လက်ကောက်အားသတိရသွားသည့်အတွက် လက်ကောက်ဘူးကိုသွားယူပြီးမှ အိပ်ပျော်နေသောကောင်လေးဆီသို့လျှောက်လာခဲ့သည်။

လက်ကောက်ဘူးထဲရှိအနည်းငယ်မျှ
size သေးသောလက်ကောက်ငယ်ကို မှူးသခင်၏ညာဘက်လက်ကောက်ဝတ်တွင်ဝတ်စေလိုက်ပြီးနောက် ကြိုးနှစ်ချောင်းအားညီညာစွာညှိပေးနေသည်။

ထိုသို့ညှိပေးပြီးနောက်တွင် မင်းစေလိုရာသည်ဘူးထဲမှ ကျန်ရှိနေသည့် size ကြီးသည့်လက်ကောင်ကို သူ၏ဘယ်ဘက်လက်တွင်ဝတ်ထားစေသည်။

ထိုသို့ဝတ်ပြီးသည့်နောက်တွင် အိပ်ခန်းထဲရှိ Sofa ကြီးပေါ်တွင် မှူးသခင်နိုးလာမည့်အချိန်ကို ဖုန်းသုံးရင်းပင်စောင့်နေလိုက်သည်။

မင်းစေလိုရာ ထိုလက်ကောက်နှစ်ကွင်းအားဘယ်ဘက်လက်နှင့်ညာဘက်လက်မတူညီစွာဝတ်ရသည့်အကြောင်းရင်း၏အဓိပ္ပာယ်ကို သူကိုယ်တိုင်သာသိပေလိမ့်မည်။

သို့ရာတွင် မနက်ဆယ်နာရီထိုးခါနီးလောက်၌အိပ်ရာပေါ်ရှိမှူးသခင်မှာ သူ၏ခေါင်းလေးအားကိုင်ရင်းပင် နိုးလာလေသည်။

မှူးသခင်တစ်ယောက် ထုံထုံထိုင်းထိုင်းဖြစ်နေသည့်အတွက်သူ၏ဦးခေါင်းအားကိုင်ရင်းပင် ပတ်ဝန်းကျင်တစ်ခွင်လုံးကိုအမြင်မှုန်ဝါးဝါးဖြင့်ထထိုင်၍ကြည့်သည်။

မြင်ကွင်း၏အဆုံးတွင် sofa ပေါ်တွင်ခြေချိတ်ထိုင်နေပြီးဖုန်းသုံးနေသောမင်းစေလိုရာကိုမြင်လိုက်သည့်အတွက် မှူးသခင်၏မျက်လုံးအစုံတို့မှာအနည်းငယ်ပြူးကျယ်သွားလေသည်။

" ခင်ဗျားက တော်တော်အအိပ်ကြီးတာပဲ။ "

မင်းစေလိုရာသည် ကုတင်ပေါ်တွင်မိမိအားကြောင်တောင်တောင်နှင့်ကြည့်နေသည့် မှူးသခင်အားအသံခပ်ဆတ်ဆတ်ဖြင့် အပြစ်တင်သောပုံစံမျိုးဖြင့်ပြောလိုက်သည်။

" ဟို...ငါ..ငါကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ။ "

မှူးသခင်သည် သူ၏စိတ်ထဲတွင်မိမိအိမ်သို့ပြန်ရောက်သည်ဟုထင်ထားသော်လည်း မင်းစေလိုရာ၏အိပ်ခန်းထဲသို့ပင်ရောက်နေသည့်အတွက်ကြောင့် အသံထစ်အအလေးဖြင့် မိမိကိုယ်ကိုမိမိလက်ညိုးပြန်ထိုးရင်းပင်မေးသည်။

" ကိုယ့်ဘာသာကိုယ်ပြန်စဉ်းစားလေ။ "

မင်းစေလိုရာလည်း မှူးသခင်အားအသံမာမာနှင့်ပင်ပိတ်ဟောက်လိုက်ပြီး အခန်းထဲမှပင်ထွက်သွားလေသည်။

မှူးသခင်လည်း သူ့အားပိတ်ဟောက်ပြီးအခန်းထဲမှထွက်သွားသည့်မင်းစေလိုရာအား နားမလည်သည့်အကြည့်ဖြင့်ကြည့်ပြီး မနေ့ညကအဖြစ်အပျက်များကိုပြန်စဉ်းစားကြည့်သည်။

သို့သော် မှူးသခင်တယောက်သူမည်မျှပင် စဉ်းစားသော်လည်း မင်းစေလိုရာအားမိမိအနားရှိထိုင်ခုံတွင်လာထိုင်ခိုင်းသည်အထိပဲ စဉ်းစားလို့ရလေသည်။

သို့ရာတွင် မှူးသခင်တစ်ယောက်စဉ်းစားရင်းပင်အိပ်ရာမှထလိုက်ပြီး ရေချိုးခန်းဆီသို့သာသွားလိုက်သည်။

ထို့နောက် မှူးသခင်သည်ဘေစင်ရှိ Auto ရေပိုက်ကောက်လေးတွင် ရေများကိုလက်ခုံထဲသို့ခံယူပြီးမျက်နှာအား အစိုဓာတ်ပေးလိုက်လေသည်။

မျက်နှာသစ်လိုက်ပြီးနောက်တွင် မှူးသခင်၏ဦးနှောက်ထဲတွင် ပုံရိပ်တချို့နှင့်အသံတို့က တစတစပင်ပေါ်လာလေသည်။

" အိမ်ပြန်မယ်လေ "

" ချစ်တယ်လို့ "

" ခင်ဗျားကောင်လေး "

ထိုအသံများနှင့်အတူ မင်းစေလိုရာနှင့်နမ်းရှိုက်မိသည့်ပုံရိပ်တချို့ကပါ မှူးသခင်၏စိတ်အာရုံထဲတွင်ပေါ်လာလေတော့သည်။

" မဖြစ်နိုင်တာ။ "

မှူးသခင်သည် သူ၏ခရမ်းချဉ်သီးကဲ့သို့နီရဲတက်လာသောမျက်နှာအား အရှေ့တည့်တည့်တွင်ရှိသောမှန်ကိုကြည့်ရင်းပင် မျက်နှာအားတစ်ဖန်ပြန်လည်၍ရေဖြင့်သစ်ပြန်လေသည်။

မျက်နှာသစ်ရင်းနှင့်မှ မိမိ၏ညာဘက်လက်ကောက်ဝတ်တွင် တစ်စုံတစ်ခုပတ်ထားသည့်ခံစားမှုမျိုးကိုခံစားမိလိုက်သဖြင့် ညာဘက်လက်ကောက်ဝတ်အားကြည့်လိုက်ရာတွင် မနေ့ကရူပါနှင့်တွေ့သည့်ဆိုင်တွင် လိုချင်မိသောလက်ကောက်အညိုရင့်ရောင်လေးပင်ဖြစ်နေသည်။

ထို့နောက် မှူးသခင်တစ်ယောက် ရေချိုးခန်းထဲမှပင် အလန့်တကြားဖြင့်မြန်မြန်ထွက်လိုက်သည့်အချိန်တွင် အစားအသောက်များကိုသယ်လာသည့်အိမ်စေကောင်မလေးတို့နှင့်အတူ မင်းစေလိုရာကိုပါတွေ့မြင်လေသည်။

" လာစား "

အိမ်စေကောင်မလေးများသည်အစားအ
သောက်ပန်းကန်တို့အား sofa များရှေ့ရှိ ဖန်စားပွဲကြီးပေါ်တွင်ချထားလိုက်ပြီးမှ အိပ်ခန်းထဲမှပင်ပြန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် sofa ပေါ်တွင်ခြေချိတ်ထိုင်နေသည့်မင်းစေလိုရာဆီမှ အသံခပ်မာမာဖြင့်ပြောလာသည်။

25 July 2020

A/N-ယူတို့မှာ မင်းစေလိုရာလို'ပြွတ်စ်' ပေးမယ့်ကောင်လေးမျိုးမရှိဘူးမလား။😗
.
.
.
အခုတော့အချိုလေးတွေစားထားနော်။နောက်မှ.....🌝













#ZAWGYI

" ခ်စ္တယ္ "

မွူးသခင္သည္ မင္းေစလိုရာ၏မ်က္ႏွာအနားသို႔တိုးကပ္လာရင္းပင္ ရီေဝေဝအၾကည့္မ်ားျဖင့္ ေျပာေလသည္။

ထိုအခ်ိန္တြင္ မင္းေစလိုရာ၏ေသြးေၾကာမ်ား သည္ခႏၶာကိုယ္ထဲတြင္မရွိေတာ့သည့္အေျခအေနမ်ိဳးပင္ခံစားေနရၿပီး သူ၏မ်က္ႏွာေရွ႕တြင္ မ်က္လုံးရီေဝေဝေလးႏွင့္ ပန္းေရာင္လိွုင္းေလးေျပးေနသကဲ့သို႔ျဖစ္ေနေသာ ပါးေလးႏွစ္ဖက္ကိုဆြဲနမ္းခ်င္သည့္စိတ္ဆႏၵတို႔က ဆူပြက္ေနသည္ကိုေတာ့ မွူးသခင္တစ္ေယာက္မသိခဲ့ပါေလ။

" ခ်စ္ တယ္ လို႔ "

မင္းေစလိုရာႏွင့္မွူးသခင္တို႔အၾကည့္ခ်င္းဆုံမိေနရင္းမွပင္ အမူးသမားေလးမွူးသခင္သည္ မင္းေစလိုရာ၏မ်က္ႏွာအနားသို႔ပို၍တိုးလာျပန္သည္။ထို႔ေနာက္ စိတ္မရွည္သည့္ေလသံေလးျဖင့္ ဆူဆူေအာင့္ေအာင့္ပင္ေျပာဆိုလာသည္။

မင္းေစလိုရာသည္ သူ႔အားဂ်ိဳၾကည့္ၾကည့္ၿပီး ဆူပုတ္ပုတ္ျဖစ္ေနသည့္မွူးသခင္အားၾကည့္ရင္းပင္ သူ၏သည္းခံနိုင္စြမ္းတို႔ကမရွိလာေတာ့သည္။ထို႔အတြက္ေၾကာင့္ မင္းေစလိုရာသည္မွူးသခင္၏ေမးေစ့ေလးအား မိမိလက္တစ္ဖက္ျဖင့္ကိုင္လိုက္ၿပီး မိမိ၏ႏွုတ္ခမ္းႏွင့္ မွူးသခင္၏ႏွုတ္ခမ္းတို႔ကိုေတြ႕ဆုံေစလိုက္သည္။

ပထမဆုံးအေနႏွင့္ မွူးသခင္၏ အေပၚႏွုတ္ခမ္းေလးကို ႏူးႏူးညံ့ညံ့ေလးျဖင့္စုပ္ယူလိုက္သည္။ထို႔ေနာက္ ေအာက္ႏွုတ္ခမ္းေလးကိုပါတစ္လွည့္ျပန္၍ႏူးညံ့စြာ စုပ္ယူေလသည္။

မင္းေစလိုရာသည္ မွူးသခင္၏ႏွုတ္ခမ္းေလးအားအေပၚတစ္လွည့္ ေအာက္တစ္လွည့္ျဖင့္ႏူးညံ့စြာစုပ္ယူေနရင္းပင္ မွူးသခင္ဆီမွအနမ္းမ်ားသည္ မထင္မွတ္ဘဲနဲ႔ျပန္၍တုန႔္ျပန္လာၾကသည္။

ႏူးညံ့ညံ့ေလးျဖင့္အနမ္းတို႔ကိုတုန႔္ျပန္ေနသည့္မွူးသခင္ကို မင္းေစလိုရာသည္သူ၏အနမ္းမိုးမ်ားကိုအသည္းအသန္ပင္ရြာခ်ေစသည္။ထို႔ေနာက္ မင္းေစလိုရာသည္နမ္းေနရင္းမွပင္ မွူးသခင္၏ႏွုတ္ခမ္းဆီမွ႐ုတ္တရက္ခြာလိုက္ေလသည္။

နမ္းေနရာမွ ႐ုတ္တရက္မထိေတြ႕ေတာ့ေသာမင္းေစလိုရာအား မွူးသခင္သည္ရီေဝေဝမ်က္လုံးမ်ားႏွင့္ မေက်နပ္ဟန္ရွိ
ေသာမ်က္ႏွာထားေလးႏွင့္ၾကည့္ေလသည္။

" အြန႔္...ႁပြတ္စ္...ႁပြတ္စ္ "

မင္းေစလိုရာသည္ မိမိနမ္းထားသည့္အတြက္ မွူးသခင္၏ႏွုတ္ခမ္းေလးမွာ စိုစိုဖူးဖူးေလးပင္ျဖစ္ေနၿပီး မိမိအားအလိုမက်သည့္႐ုပ္ေလးျဖင့္ၾကည့္လာသည့္ မွူးသခင္ကို အသည္းယားလာေလျပန္သည္။

ထို႔သို႔ အသည္းယားလာသည့္အတြက္ မင္းေစလိုရာသည္ မွူးသခင္၏ပါးျပင္ေလးအားအုပ္ကိုင္၍ပင္ သိပ္မႏူးညံ့ေသာအနမ္းတို႔ျဖင့္႐ုတ္တရက္ဆြဲနမ္းလိုက္ျပန္ေလသည္။

မိမိ၏ႏွုတ္ခမ္းအား မနမ္းတတ္နမ္းတတ္ႏွင့္ျပန္တုန႔္ျပန္ေနေသာ မွူးသခင္ေၾကာင့္ပင္ မင္းေစလိုရာ၏စိတ္မ်ားအစိုးမရေတာ့ေပ။

ထို႔ေၾကာင့္ မွူးသခင္၏ပါးျပင္ေလးအားမိမိ၏လက္တစ္ဖက္ျဖင့္ပြတ္ဆြဲရင္းပင္ မွူးသခင္၏ေအာက္ႏွုတ္ခမ္းေလးအားခပ္ဆဆကိုက္ေပးလိုက္သည္။

ခပ္ဆဆကိုက္လိုက္သျဖင့္ မွူးသခင္၏ႏွုတ္ခမ္းေလးကအနည္းငယ္မၽွပြင့္ဟလာသည္ႏွင့္တစ္ၿပိဳင္နက္ မင္းေစလိုရာသည္သူ၏လၽွာအား မွူးသခင္၏ခံတြင္းထဲသို႔ပင္ဝင္ေရာက္လိုက္ေစသည္။

မိမိ၏လၽွာအား မွူးသခင္၏ခံတြင္းေလးထဲတြင္ေမႊလိုက္ၿပီးေနာက္တြင္ မင္းေစလိုရာသည္မိမိ၏လၽွာကို မွူးသခင္၏လၽွာေလးႏွင့္အတူ ရစ္ပတ္ေစလိုက္သည္။

" အြန္း "

မိနစ္အေတာ္ၾကာသည္အထိ မင္းေစလိုရာသည္မွူးသခင္အားအနမ္းမ်ားျဖင့္နစ္မြန္းေစသည့္အတြက္ေၾကာင့္ အမူးသမားေလးမွူးသခင္သည္အသက္ရွူက်ပ္လာသည့္ဟန္ႏွင့္ မိမိ၏ရင္ဘတ္ကိုသူ၏လက္ေလးတို႔ျဖင့္တြန္းလာေလသည္။

" အြန္း...အင္း...ႁပြတ္စ္ "

အမူးသမားေလး၏ႏွုတ္ခမ္းကို အားပိုထည့္ၿပီးနမ္းလိုက္ၿပီးေနာက္ ႏွုတ္ခမ္းႏွစ္ခုအားခြာခါနီးတြင္ မင္းေစလိုရာသည္အသံထြက္ေအာင္ပင္ေနာက္ဆုံးအေနႏွင့္နမ္းလိုက္သည္။ၿပီးမွ မိမိႏွုတ္ခမ္းႏွင့္မွူးသခင္၏ႏွုတ္ခမ္းေလးကို ခြာေစလိုက္သည္။

ထိုသို႔ခြာလိုက္ၿပီးသည့္ေနာက္တြင္ မင္းေစလိုရာႏွင့္မွူးသခင္တို႔၏ႏွုတ္ခမ္းႏွစ္ခုစလုံးအား ဆက္ႏြယ္ေနေသာ ေငြေရာင္ႀကိဳးမၽွင္ေလးတစ္ေၾကာင္းထြက္ေပၚလာေလသည္။

မင္းေစလိုရာတစ္ေယာက္ အနမ္းတို႔ျဖင့္မြတ္သိပ္ခံထားရသည့္မွူးသခင္၏မ်က္ႏွာေလးအားၾကည့္လိုက္ေသာအခါ ႏွုတ္ခမ္းေလးသည္ဖူးဖူးေယာင္ေယာင္ေလးျဖစ္ေနၿပီး ႏွုတ္ခမ္း၏ေထာင့္စြန္းေလးတြင္ေငြေရာင္ႀကိဳးမၽွင္ျပတ္ေလးတစ္ခုလည္းတည္ရွိေနသည္။

ထို႔ေၾကာင့္ မွူးသခင္၏ႏွုတ္ခမ္းေထာင့္စြန္းေလးရွိေငြေရာင္ႀကိဳးမၽွင္ေလးကို မင္းေစလိုရာသည္သူ၏လက္မျဖင့္ ႏွုတ္ခမ္း၏ဒီဘက္ေထာင့္စြန္းမွဟိုးဘက္ေထာင့္စြန္းအထိ အသာအယာပင္ဆြဲပြတ္ေပးလိုက္သည္။

ႏွုတ္ခမ္းေလးအားအသာအယာဆြဲပြတ္ေပးလိုက္ၿပီးသည့္ေနာက္တြင္ အမူးသမားေလးသည္ မိမိအားရွက္ျပဳံးေလးျပဳံးၿပီး ေခါင္းငုံ႔သြားေလသည္။

" အဟမ္း..ကၽြန္ေတာ္ဘယ္သူလဲသိလား။ "

မင္းေစလိုရာသည္ အမူးသမားေလးမွူးသခင္အားၾကည့္ရင္းပင္ အသည္းယားလာသည့္အတြက္ ခပ္တည္တည္ပင္ စလိုက္ေလသည္။

" ဟြန္...မင္း ေစ လို ရာ မဟုတ္ဘူးလား။ "

မွူးသခင္သည္ သူ႔အားခပ္တည္တည္ျဖင့္ေမးလာသည့္သူအား မ်က္ေမွာင္ၾကဳတ္ကာပင္ အသံေလးေလးပင္ပင္ျဖင့္ေမးသည္။

" မဟုတ္ဘူး။ ခင္ဗ်ားေကာင္ေလး "

မင္းေစလိုရာသည္ မွူးသခင္အားမိမိရင္ခြင္ထဲသို႔ဝင္ေရာက္ေစၿပီး ထိုစကားအားအသံခပ္ဆတ္ဆတ္ျဖင့္ေျပာလိုက္ေလသည္။

" ငါ့ ေကာင္ ေလး "

မွူးသခင္သည္ မင္းေစလိုရာ၏ရင္ခြင္ထဲမွ ကိုယ္သင္းနံ႔မ်ားကိုရွူရွိုက္ၿပီးမွ တစ္လုံးခ်င္းစီေျပာၿပီးမွ ၿငိမ္က်သြားသည္။

" အဟက္ "

မင္းေစလိုရာသည္ မိမိရင္ခြင္ထဲတြင္ပါးအပ္ၿပီး ၿငိမ္ၾကသြားသည့္အတြက္အမူးသမားေလးမွူးသခင္အိပ္ေပ်ာ္သြားၿပီျဖစ္ေၾကာင္းကိုသိရွိလိုက္ေသာေၾကာင့္ သေဘာတက်ပင္အသံထြက္ေအာင္ရီမိ
ေလသည္။

ထို႔ေနာက္ မင္းေစလိုရာသည္ သူ၏ရင္ခြင္ထဲရွိမွူးသခင္အားအသာအယာဆြဲခြာ၍ ကုတင္ေပၚသို႔ျဖည္းျဖည္းခ်င္းလွဲေစလိုက္သည္။

" ႁပြတ္စ္ "

မင္းေစလိုရာသည္လည္း မွူးသခင္အားဖက္လ်က္အေနအထားျဖင့္လွဲလိုက္ၿပီးေနာက္တြင္ မွူးသခင္၏ႏွုတ္ခမ္းဖူးဖူးေလးအား ႏူးညံစြာျဖင့္နမ္းရိွုက္ေလသည္။

ႏွစ္မိနစ္ခန႔္ေလာက္ နမ္းရွိုက္၍ မွူးသခင္အားရင္ခြင္ထဲသို႔ထည့္ဖက္လိုက္ရင္းပင္ မင္းေစလိုရာတစ္ေယာက္အိပ္စက္ျခင္းဆီသို႔ေရာက္သြားသည္။

ထိုညတြင္ စံအိမ္ႀကီးရွိေကာင္ေလးႏွစ္ေယာက္၏အိမ္မက္ေလးတို႔မွာ လြန္စြာပင္လွပေနသည္မွာ ဧကန္အမွန္ပင္ျဖစ္လိမ့္မည္။

////////////

သာယာလွေသာမနက္ခင္းတစ္ခု၌ စံအိမ္ႀကီး၏အေပၚထပ္အိပ္ခန္းထဲတြင္ စံအိမ္ႀကီး၏သခင္ေလးသည္ အိပ္ေပ်ာ္ေနေသာေကာင္ေလးတစ္ေယာက္ကိုရင္ခြင္ထဲထည့္ထားရင္းပင္ သူကိုယ္တိုင္ပါအိပ္စက္ေနေလသည္။

" တိ တီ တိ "

ထိုအခ်ိန္တြင္ အိပ္ရာေဘးရွိစားပြဲေလးတြင္ တင္ထားသည့္နိွုးစက္နာရီမွပင္ မတိုးမလ်ေသာႏွိုးစက္သံတို႔က အိပ္ခန္းတစ္ခုလုံးရွိေလလိွုင္းမ်ားထံသို႔ျပန႔္ႏွံ့သြားသည္။

ႏွိုးစက္သံေၾကာင့္ အအိပ္ဆတ္ေသာ စံအိမ္ႀကီး၏သခင္ေလးျဖစ္သူမင္းေစလိုရာတစ္ေယာက္ နိုးလာေလေတာ့သည္။

မင္းေစလိုရာသည္ သူနိုးလာေသာအခါတြင္ သူ၏လက္ေမာင္းအားဖိအိပ္ၿပီးရင္ခြင္ထဲပါဝင္အိပ္ေနသည့္မွူးသခင္ကို သတိထားမိသြားသည္။

ထို႔အတြက္ေၾကာင့္ ကေလးတစ္ေယာက္လိုအျပစ္ကင္းစြာအိပ္စက္ေနေသာမွူးသခင္အားၾကည့္ရင္းပင္ မင္းေစလိုရာတစ္ေယာက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ျပဳံးမိေလသည္။

" ႁပြတ္စ္ "

ထို႔ေနာက္တြင္ မွူးသခင္၏ႏွုတ္ခမ္းေလးအားတစ္ခ်က္နမ္းလိုက္ၿပီးမွ မင္းေစလိုရာတစ္ေယာက္အိပ္ရာထဲမွပင္ထသြားေလသည္။

မင္းေစလိုရာတစ္ေယာက္ သြားတိုက္၊မ်က္ႏွာသစ္ၿပီးေနာက္ ေအာက္ထပ္သို႔မွူးသခင္အတြက္လိုအပ္သည့္အစားအ
ေသာက္မ်ားကို စီစဥ္ညႊန္ၾကားေပးၿပီးမွ သူ၏အိပ္ခန္းထဲသို႔ပင္ ျပန္လာခဲ့သည္။

မိမိအိပ္ခန္းထဲသို႔ေရာက္လာသည့္တိုင္ေအာင္ ကုတင္ေပၚရွိေကြးေကြးေလးအိပ္ေပ်ာ္ေနေသာေကာင္ေလးမွာ ယခုအခ်ိန္ထိမနိုးလာေသးေပ။

မင္းေစလိုရာလည္း အရင္ဆုံးမေန႔ကဝယ္လာခဲ့သည့္လက္ေကာက္အားသတိရသြားသည့္အတြက္ လက္ေကာက္ဘူးကိုသြားယူၿပီးမွ အိပ္ေပ်ာ္ေနေသာေကာင္ေလးဆီသို႔ေလၽွာက္လာခဲ့သည္။

လက္ေကာက္ဘူးထဲရွိအနည္းငယ္မၽွ
size ေသးေသာလက္ေကာက္ငယ္ကို မွူးသခင္၏ညာဘက္လက္ေကာက္ဝတ္တြင္ဝတ္ေစလိုက္ၿပီးေနာက္ ႀကိဳးႏွစ္ေခ်ာင္းအားညီညာစြာညႇိေပးေနသည္။

ထိုသို႔ညႇိေပးၿပီးေနာက္တြင္ မင္းေစလိုရာသည္ဘူးထဲမွ က်န္ရွိေနသည့္ size ႀကီးသည့္လက္ေကာင္ကို သူ၏ဘယ္ဘက္လက္တြင္ဝတ္ထားေစသည္။

ထိုသို႔ဝတ္ၿပီးသည့္ေနာက္တြင္ အိပ္ခန္းထဲရွိ Sofa ႀကီးေပၚတြင္ မွူးသခင္နိုးလာမည့္အခ်ိန္ကို ဖုန္းသုံးရင္းပင္ေစာင့္ေနလိုက္သည္။

မင္းေစလိုရာ ထိုလက္ေကာက္ႏွစ္ကြင္းအားဘယ္ဘက္လက္ႏွင့္ညာဘက္လက္မတူညီစြာဝတ္ရသည့္အေၾကာင္းရင္း၏အဓိပၸာယ္ကို သူကိုယ္တိုင္သာသိေပလိမ့္မည္။

သို႔ရာတြင္ မနက္ဆယ္နာရီထိုးခါနီးေလာက္၌အိပ္ရာေပၚရွိမွူးသခင္မွာ သူ၏ေခါင္းေလးအားကိုင္ရင္းပင္ နိုးလာေလသည္။

မွူးသခင္တစ္ေယာက္ ထုံထုံထိုင္းထိုင္းျဖစ္ေနသည့္အတြက္သူ၏ဦးေခါင္းအားကိုင္ရင္းပင္ ပတ္ဝန္းက်င္တစ္ခြင္လုံးကိုအျမင္မွုန္ဝါးဝါးျဖင့္ထထိုင္၍ၾကည့္သည္။

ျမင္ကြင္း၏အဆုံးတြင္ sofa ေပၚတြင္ေျခခ်ိတ္ထိုင္ေနၿပီးဖုန္းသုံးေနေသာမင္းေစလိုရာကိုျမင္လိုက္သည့္အတြက္ မွူးသခင္၏မ်က္လုံးအစုံတို႔မွာအနည္းငယ္ျပဴးက်ယ္သြားေလသည္။

" ခင္ဗ်ားက ေတာ္ေတာ္အအိပ္ႀကီးတာပဲ။ "

မင္းေစလိုရာသည္ ကုတင္ေပၚတြင္မိမိအားေၾကာင္ေတာင္ေတာင္ႏွင့္ၾကည့္ေနသည့္ မွူးသခင္အားအသံခပ္ဆတ္ဆတ္ျဖင့္ အျပစ္တင္ေသာပုံစံမ်ိဳးျဖင့္ေျပာလိုက္သည္။

" ဟို...ငါ..ငါကဘယ္လိုလုပ္ၿပီးဒီကိုေရာက္ေနတာလဲ။ "

မွူးသခင္သည္ သူ၏စိတ္ထဲတြင္မိမိအိမ္သို႔ျပန္ေရာက္သည္ဟုထင္ထားေသာ္လည္း မင္းေစလိုရာ၏အိပ္ခန္းထဲသို႔ပင္ေရာက္ေနသည့္အတြက္ေၾကာင့္ အသံထစ္အအေလးျဖင့္ မိမိကိုယ္ကိုမိမိလက္ညိဳးျပန္ထိုးရင္းပင္ေမးသည္။

" ကိုယ့္ဘာသာကိုယ္ျပန္စဥ္းစားေလ။ "

မင္းေစလိုရာလည္း မွူးသခင္အားအသံမာမာႏွင့္ပင္ပိတ္ေဟာက္လိုက္ၿပီး အခန္းထဲမွပင္ထြက္သြားေလသည္။

မွူးသခင္လည္း သူ႔အားပိတ္ေဟာက္ၿပီးအခန္းထဲမွထြက္သြားသည့္မင္းေစလိုရာအား နားမလည္သည့္အၾကည့္ျဖင့္ၾကည့္ၿပီး မေန႔ညကအျဖစ္အပ်က္မ်ားကိုျပန္စဥ္းစားၾကည့္သည္။

သို႔ေသာ္ မွူးသခင္တေယာက္သူမည္မၽွပင္ စဥ္းစားေသာ္လည္း မင္းေစလိုရာအားမိမိအနားရွိထိုင္ခုံတြင္လာထိုင္ခိုင္းသည္အထိပဲ စဥ္းစားလို႔ရေလသည္။

သို႔ရာတြင္ မွူးသခင္တစ္ေယာက္စဥ္းစားရင္းပင္အိပ္ရာမွထလိုက္ၿပီး ေရခ်ိဳးခန္းဆီသို႔သာသြားလိုက္သည္။

ထို႔ေနာက္ မွူးသခင္သည္ေဘစင္ရွိ Auto ေရပိုက္ေကာက္ေလးတြင္ ေရမ်ားကိုလက္ခုံထဲသို႔ခံယူၿပီးမ်က္ႏွာအား အစိုဓာတ္ေပးလိုက္ေလသည္။

မ်က္ႏွာသစ္လိုက္ၿပီးေနာက္တြင္ မွူးသခင္၏ဦးေႏွာက္ထဲတြင္ ပုံရိပ္တခ်ိဳ႕ႏွင့္အသံတို႔က တစတစပင္ေပၚလာေလသည္။

" အိမ္ျပန္မယ္ေလ "

" ခ်စ္တယ္လို႔ "

" ခင္ဗ်ားေကာင္ေလး "

ထိုအသံမ်ားႏွင့္အတူ မင္းေစလိုရာႏွင့္နမ္းရွိုက္မိသည့္ပုံရိပ္တခ်ိဳ႕ကပါ မွူးသခင္၏စိတ္အာ႐ုံထဲတြင္ေပၚလာေလေတာ့သည္။

" မျဖစ္နိုင္တာ။ "

မွူးသခင္သည္ သူ၏ခရမ္းခ်ဥ္သီးကဲ့သို႔နီရဲတက္လာေသာမ်က္ႏွာအား အေရွ႕တည့္တည့္တြင္ရွိေသာမွန္ကိုၾကည့္ရင္းပင္ မ်က္ႏွာအားတစ္ဖန္ျပန္လည္၍ေရျဖင့္သစ္ျပန္ေလသည္။

မ်က္ႏွာသစ္ရင္းႏွင့္မွ မိမိ၏ညာဘက္လက္ေကာက္ဝတ္တြင္ တစ္စုံတစ္ခုပတ္ထားသည့္ခံစားမွုမ်ိဳးကိုခံစားမိလိုက္သျဖင့္ ညာဘက္လက္ေကာက္ဝတ္အားၾကည့္လိုက္ရာတြင္ မေန႔က႐ူပါႏွင့္ေတြ႕သည့္ဆိုင္တြင္ လိုခ်င္မိေသာလက္ေကာက္အညိဳရင့္ေရာင္ေလးပင္ျဖစ္ေနသည္။

ထို႔ေနာက္ မွူးသခင္တစ္ေယာက္ ေရခ်ိဳးခန္းထဲမွပင္ အလန႔္တၾကားျဖင့္ျမန္ျမန္ထြက္လိုက္သည့္အခ်ိန္တြင္ အစားအေသာက္မ်ားကိုသယ္လာသည့္အိမ္ေစေကာင္မေလးတို႔ႏွင့္အတူ မင္းေစလိုရာကိုပါေတြ႕ျမင္ေလသည္။

" လာစား "

အိမ္ေစေကာင္မေလးမ်ားသည္အစားအ
ေသာက္ပန္းကန္တို႔အား sofa မ်ားေရွ႕ရွိ ဖန္စားပြဲႀကီးေပၚတြင္ခ်ထားလိုက္ၿပီးမွ အိပ္ခန္းထဲမွပင္ျပန္ထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ sofa ေပၚတြင္ေျခခ်ိတ္ထိုင္ေနသည့္မင္းေစလိုရာဆီမွ အသံခပ္မာမာျဖင့္ေျပာလာသည္။

25 July 2020

A/N-ယူတို႔မွာ မင္းေစလိုရာလို'ႁပြတ္စ္' ေပးမယ့္ေကာင္ေလးမ်ိဳးမရွိဘူးမလား။😗
.
.
.
အခုေတာ့အခ်ိဳေလးေတြစားထားေနာ္။ေနာက္မွ.....🌝

Continue Reading

You'll Also Like

283K 4K 30
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1M 54.1K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
3.9M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
391K 22.3K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...