Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၂)
ဝမ်ပေါက်စလေး အိပ်ယာကနိုးပြီ၊ ခုမှဥကအကောင်ပေါက်စလေး အတောင်ညောင်းလို့ အတောင်လေးတွေ ဖြန့်နေသလို ၊ပျင်းကြောတွေဆန့်၊ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ သန်းဝေးပြီး၊ ဘေးဘီဝဲယာကို လိုက်ကြည့်နေပါပြီ။ ဘုရားတရားသာ တထားကြပေတော့။
မိုးလင်းလို့ အိပ်ယာ နိုးတာနဲ့ ကြညိကြည်သာသာထလာတယ်မရှိ တစ်ယောက်ယောက်ကို အမြဲပြဿနာရှာပြီးမှ အိပ်ယာထတတ်တာ ဝမ်ပေါက်စလေးရဲ့အကျငိ့။
"ဒါကဘာကြီးလဲ အရည်သွေးနိမ့်တဲ့ ပစ္စည်းတွေကြောင့် အာ့လိုပဲခေါင်းအမြဲကိုက်နေရတယ်''
သူဆွဲဆွဲဆောင့်လွန်းလို့ ရှည်ထွက်နေတဲ့ ခြေအိတ်ကို ကိုင်ပြီးပြောနေတာပါ။အာ့လိုပဲ မနက်အိပ်ယာ ထကာစဆို အရေးမပါတာကလည်း သူ့အတွက် အရေးကြီးချင်ကြီးနေတတ်ပြန်တယ်။
"အမလေး ငါပြောဖို့လည်း ထားပါအုံး ဝမ်ရိပေါ်...ငါ့မျိုးရိုးနာမည်ပါပြောင်းပစ်ချင်နေပြီ...မင်းနဲ့အမျိုးမတော်ချင်တော့ဘူး''
"ဖိုးဖိုးကလည်း''
"မင်းလာခဲ့''
ဖိုးဖိုးနဲ့ စကားစစ် မထိုးအား...ဘေးကရပ်နေတဲ့ကောင်လေးကို လက်ယပ်ခေါ်နေတာပါ။
"ဒါ မလျော်ထားရ သေးဘူးမှတ်လား''
"သခင်လေးအခန်းထဲမှာ ရှိသမျှအကုန် လျော်ပီးသားတေကြီးထည့်ထားတာပါ''
"မီးပူတော့ တိုက်မထားဘူးမှတ်လား''
"အဲဒါတော့....
အေးလေ လျော်တာမီးပူတိုက်တာ သူ့အလုပ်မှမဟုတ်တာ သူဖြေတတ်မလား။
ကောင်လေးက အိုးနင်းခွက်နင်းနဲ့ မဖြေနိုင်တော့ပါဘူး။ခေါင်းလေးကုတ်နေတာ... ဝမ်ရိပေါ်ရစ်သမျှ ဘယ်သူဖြေနိုင်ဖူးလို့လဲ။
"သွားအခါ ငါးဆယ် ဒိုက်ထိုးမလား ၊အလုပ်ထွက်မလား''
"ဗျာ..ထိုး. ထိုးပါ့မယ်''
ဝမ်အိမ်တော်ကနေဘယ်သူမှ အလုပ်မထွက်ချင်ကြဘူး။ ဝမ်ရိပေါ် ရစ်တယ် ဆိုးတယ် ဆိုပေမယ့် လစာကောင်းတယ်လေ။ သူ့ဒဏ်ခံနိုင်ဖို့ ဝမ်ဖိုးဖိုးခမျာ လစာတွေ ပိုပေးထားရတာပါ။
ဝမ်ဖိူးဖိုးက သူ့မြေးကို မနက်စာစားဖို့ အောက်ထပ်ခေါ်သွားရင်း ကောင်လေးကိုလှည့်အချက်ပြရတယ် ဆက်မလုပ်တော့ဖို့ပေါ့ ။မြေးရဲ့ ပခုံးလေးကို ဖက်ရင်း.သိပ်မဆိုးဖို့ ချော့နေရတယ်။ မကြာခင် ပေါက်ကွဲအားပြင်း ဗုံးတစ်လုံးနဲ့တူတဲ့စကားတွေ ပြောတော့မှာမို့ ကြိုပြီး အချိုသပ်ထားရတာ။
ရှောင်ကျန့်က စီးပွားရေးသမားမို့ သူ့ကမ်းလှမ်းချက်ကို မငြင်းနိုင်ဘူး ။လက်ခံပါမယ် ပြောထားတာမို့ ဒီနေ့မြေးကိုခေါ်သွားပြီး.တွေ့ပေးရမယ် မြေးလက်ခံမှဖြစ်မယ်လေ။
"ဒါက ဘာကြီးလဲ တီကောင်နဲ့တူလိုက်တာ မစားချင်တော့ဘူး''
ဝမ်ရိပေါ်ဆီက ဒါက ဘာကြီးလဲဆိုတဲ့အသံကြားရင် ဝမ်အိမ်တော်က အလုပ်သမားတွေ နေစရာမရှိတော့...ဝမ်းဖိုးဖိုးလည်း ခေါင်းကိုက်ရပြီ။
"မြေး...ဖိုးဖိုးမနက်စာစားနေတယ်လေ ဖိုးဖိုးအစားပျက်အောင်လုပ်မလို့လား။ မြေးနန်းကြီးသုပ်စားချင်တယ်ဆိုလို့ လုပ်ထားပေးတာလေ...ဖိုးဖိုးမစားပဲ ရပ်လိုက်ရမလား''
"ဟငိ့အင်း...စားပါ ရိပေါ်မပြောတော့ဘူးနော်''
ကမ္ဘာပေါ်မှာ သူအရေးစိုက်တာ၊ သူလူထင်တာ သူ့ဖိုးဖိုးတစ်ယောက်ပဲရှိတယ်ရယ်။ဖိုးဖိုးအစားပျက်မှာစိုးလို့ ငြိမ်ငြိမ်လေးစားနေတော့လည်း ဝမ်ကျိုးချန်တစ်ယောက် မြေးငယ်ကိုအချစ်ပိုရပြန်တယ်။
အဲဒါလေးတွေနဲ့ပဲ ဖိုးဖိုးရဲ့အသဲစွဲ မြေးချစ်လေးဖြစ်နေရတာ။ သမီးငယ်ဘက်ကမြေးတွေကို ရှိတယ်တောင် မထင်မိဘူးရယ်။
*****************
ရှောင်ကျန့်ရုံးခန်းထဲ ဝင်လာတဲ့ကောင်လေးကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေမိတယ်။ တီရှပ်အဝါလေးကို ကာကီရောင်ဘောင်းဘီဒူးဖုံးလေးနဲ့ တွဲဖက်ပြီး ပေါ့ပေါ့ပါးပါးလေး ဝတ်ထားကာ အမွှေး အမျှင်မရှိတဲ့ ခြေသလုံးလေးက ဖွေးနုလို့။
ဂုတ်နားအညီရောက်နေတဲ့ ရွှေရောင်ဆံပင် လိမ်ကောက်ကောက်လေးတွေကြားက ပါးဖောင်းဖောင်းလေးက ဆွဲလိမ်ချင်စရာလေး... ချစ်စရာကောင်းလိုက်တာကွာ ။(ရုပ်ကလေးမြင်ပြီးပစ်ကြွေနေတဲ့ ကိုကို့အတွက်မတွေးရဲတော့ဘူး)
"ထိုင်..ကောင်လေး''
သူ့ရုံးခန်းကို ပတ်ပတ်လည်လှည့်ကြည့် စပ်စုနေသူလေးကို ထိုင်ပြီးမုန့်စားခိုင်းရတယ်။ စကားနားထောင်ပြီး ထိုင်နေပေမယ့် ရောက်တည်းက စကားတစ်ခွန်းမှ မပြောသေးတော့ သူကပဲအဖက်လုပ်ဖို့ စကားစရတယ်။
"စကားလေးဘာလေး ပြန်ပြောအုံးလေး''
ရှောင်ကျန့်ပြောလိုက်တော့ ပြုံးပြုံးလေးနဲ့ နှုတ်ခမ်းလေးကိုစုချွန်ပြီး ပြောလာတဲ့ တစ်ခွန်းတည်းသောစကားက....
"ဦး ''
ဖွီး.....သောက်လက်စကော်ဖီတွေ သီးကုန်ပြီ။ ပြောမယ့်ပြောတော့ ဦးတဲ့ သူ့အသက်အဲလောက်လဲ မကြီးသေးပဲ။
"ဦးက... ညစ်ပတ်တာ....ရော...ရော...တစ်သျှူး''
အဟင်း...သူ့စကားတစ်ခွန်းနဲ့တင် ကမ္ဘာပျက်သွာတဲ့ ရှေ့ကဘဲကြီးကို ကြည့်ပြီးရယ်ချင်တာ။
"မင်း...ငါ့အသက်အဲဲလောက်မကြီးသေးပါဘူး''
ရိပေါ်ပြန်ပြောမလို့ပြင်တုန်း ဖိုးဖိုးအခန်းထဲဝင်လာတာတွေ့တော့ ဝမ်ဖိုးဖိုးခါးပြေးဖက်လိုက်တယ်။
"ဖိုးဖိုး...ရိပေါ်လည်းလိုက်ချင်တယ်...ရိပေါ်ကိုမထားခဲ့ပါနဲ့''
ငိုမဲ့မဲ့လေးဖြစ်နေတဲ့ မြေးငယ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ သူ့မိဘတွေဆုံးပြီးတည်းက မငိုတော့တဲ့သူလေး။သူ့မြေးလေးမျက်ရည်မကျဖို့ဆို ဖိုးဖိုးကလည်း အကုန်လိုက်လျောပြီးသား ဖြစ်နေတတ်တယ်။ သမီးငယ်မိသားစုကို အိမ်ပေါ်ကနှင်ချမိတဲ့ထိပဲ။ ဒီတခါတော့ ဖိုးဖိုးစိတ်တင်းမှရတော့မယ် ဒီလိုမှမလုပ်ရင် မြေးငယ်ရှေ့ရေး မတွေးရဲစရာပဲ။
"ကောင်းပြီလေ...မြေးငယ်မှဖိုးဖိုးနဲ့ မခွဲနိုင်ဘူးဆို ဖိုးဖိုးဆေးကုမသွားတော့ဘူး...ဟုတ်ပြီလား''
ဖိုးဖိုးစကားကြားတော့ ... မနက်စာကော်ဖီဝိုင်းမှာ ဖိုးဖိုးပြောတာတွေ ပြန်တွေးမိပြီး ရိပေါ်ကိုယ်လေး ဆတ်ကနဲတုန်သွားတယ်။
ဖိုးဖိုးကျန်းမာရေး မကောင်းလို့ ကနေဒါက မြေးရဲ့ ဖွားလေးဆီဆေးသွားကုမယ် ရိပေါ်နေခဲ့ရမယ်တဲ့။ ရိပေါ်လိုက်လာရင်ဆေးကုနိုင်မှာ မဟုတ်ပဲရောဂါပိုတိုးမယ်တဲ့လေ။ ဝမ်အိမ်တော်မှာလဲနေခဲ့လို့မရ စိတ်မချနိုင်ပါဘူးတဲ့။ မြေးငယ်စကားနားမထောင်လို့...ရှောင်ကျန့်ကလှမ်းတိုင်ရင် ဆေးမကုပဲချက်ချင်းပြန်လာပြီး အသေခံလိုက်မယ်တဲ့။
"ဟင့်အင်း...ဟင့်အင်း...ဖိုးဖိုးသွားပါ ရိပေါ်နေခဲ့ပါ့မယ်...ရိပေါ်ကနေခဲ့ပေမယ့် ဒီလူကြီးက လက်ခံအုံးမှ''
ရှောင်ကျန့်ဘက်လက်ညှိုးထိုးလို့ အခြေနေပြောင်းမလား သွေးတိုးစမ်းတယ်။
"ကျွန်တော်လက်ခံပါတယ်''
မြန်လိုက်တာ ဘယ်တည်းကညှိထားကြတယ် မသိဘူး။ ရိပေါ်ကိုဘာထင်နေတာလဲမသိဘူး၊ ဒီလူကြီးလက်မခံအောင် ပညာပြမလို့ ဖိုးဖိုးထက်စောလာခဲ့ပေမယ့် ဘာမှမလုပ်လိုက်ရသေးခင် ဖိုးဖိုးရောက်လာလို့ ခင်ဗျားကံကောင်းသွားတာကို လက်ခံမယ်ဆိုတော့ ကံဆိုးချင်နေပြီထင်တယ်။
"ကဲညနေ မြေးငယ်ကိုပို့လိုက်မယ် ဖိုးဖိုးအားကိုးမယ်နော် Mr.ရှောင်ကျန့်''
"ရှောင်ကျန့်လို့ပဲ ခေါ်ပါဖိုးဖိုး...စိတ်ချပါကျွန်တော် စောင့်ရှောက်ပါ့မယ်''
အမယ်ရိပေါ် ကိုရှေ့ထားပြီး အပေးယူတည့်နေကြတာ။
"မြေး ညနေတည်းကသွားရမယ်နော် မြေးကိုမြင်နေရရင် ဖိုးဖိုးသွားနိုင်မယ်မထင်ဘူး''
ကဲ...ချည်ပြီးတုပ်ပြီးပဲ ဝမ်ရိပေါ်မင်းဘာတတ်နိုင်ေသးလဲလို့ပြောပြီး အော်အော်သာ ငိုပစ်လိုက်ချင်တယ်။ ဒါ ဒီရှေ့ကဘဲကြီး လောကွတ်ချော်နေလို့ မခေါ်ထားနိုင်ဘူး ငြင်းလိုက်ရင်ရတာကို ဟွန်း။
®
ရှောင်ကျန့်အိမ်ရှေ့မှာ ခြေစုံရပ်နေမိတယ် သူဒီအိမ်မှာ မနေချင်ဘူးရယ်။ ရှောင်ကျန့်ကိုယ်တိုင်လာခေါ်ပြီး တအိမ်လုံးကိုလိုက်ပြလို့ ကြိုက်တဲ့အခန်းရွေးစေတယ်။ ရိပေါ်တို့ ဝမ်အိမ်တော်လောက်တော့ မခမ်းနားဘူးရယ်။ လိုကိကြညိ့ပြီး အကောင်းဆုံးထင်တဲ့အခန်းကို ရွေးလိုက်တယ်။
"အာ...ဒါကိုယ့်အခန်းလေ''
"မရဘူး ဒီအခန်းပဲလိုချင်တယ်''
သူကဧည်သည်ပဲ ဦးစားပေးရမှာပေါ့ တွေးပြီး အခန်းကဖယ်ပေးဖို့ စဥ်းစားမိပေမယိ့ မဖြစ်ဖူးရယ် ဝမ်ဖိုးဖိုးမှာထားတာတွေက ရှိသေးတယ်။ သူကသွန်သင်ဆုံးမရမယ့်သူလေ ခုတည်းကအရှုံးပေးလို့ ဖြစ်မနေဘူး။
"မရဘူးလေ ကိုယ့်အခန်းပါဆို''
"ရတာမရတာမသိဘူး...ရိပေါ်အိပ်ချင်ပြီအိပ်ပြီ''
ပြောချင်တာပြောပြီး သူ့ကုတင်ပေါ်တက်အိပ်နေတဲ့ ကလေး ဆွဲချလို့လည်းမဖြစ်ဘူး၊ အလျော့ပေးလို့လည်းမရ...ဘာလုပ်ရပါ့။
"ကိုယ်ကလည်းဖယ်မပေးနိုင်ဘူး...မင်းနေနိုင်ရင် အဲဒီဘက်ခြမ်းမှာအိပ် ကိုယ်ဒီဘက်ခြမ်းမှာအိပ်မှာ''
ဘာ...ဆိုပြီး ငေါက်ကနဲထထိုင်တာ...ရှောင်ကျန့် လန့်ပြီး နောက်ဆုတ်မိတဲ့ထိ ။ ပြီးတော့မှ သူ့မျက်နှာပေါ်က ညစ်ကျယ်ကျယ်အပြုံးနဲ့အတူ ဖက်လုံးကိုဆွဲချလို့ ကုတင်အလယ်မှာ ထားလိုက်တယ်။
"ဖက်လုံးဒီဘက်စည်းကျော်မလာနဲ့ ရိပေါ်ကသူများနဲ့ မအိပ်တတ်ဖူး၊ အသားလာမထိမိစေနဲ့...အော် ရိပေါ်ကအိပ်ရေးတော့ဆိုတယ်...မတော်ကန်ချမိရင် တာဝန်မယူဘူး''
ဘာ...သူများအိမ်ပေါ်တက်နေပြီး..အခန်းလည်းအပိုင်စီးထားသေး။..ကန်ချတတ်သေးသတဲ့ ကြားလို့မှကောင်းကြသေးရဲ့လား။
ဝမ်ချိုချိုလေး တဲ့ တစက်မှမချိုဘူးနော် ...သူဆိုးချင်တိုင်းဆိုးနေတော့တာပဲ.... Titelကြညိ့ပြီး မင်းတို့လည်း ဂျင်းထည့်ခံလိုက်ရပြီမှတ်လား...အင်းလေ..မင်းတို့အတွက်တော့ ချိုချင်လည်းချိုမှာပေါ့...ငါ့အတွက်တော့ မီးခဲလေး...အာ့လိုပြောလို့ ငါမလိုချင်ဘူးထင်ပြီး ocမယ် မကြံနဲ့နော်... သူကငါ့အပိုင်။
Zawgyi
ဝမ္ခ်ိဳခ်ိဳေလး
(အပိုင္း.၂)
ဝမ္ေပါက္စေလး အိပ္ယာကနိုးၿပီ၊ ခုမွဥကအေကာင္ေပါက္စေလး အေတာင္ေညာင္းလို႔ အေတာင္ေလးေတြ ျဖန့္ေနသလို ၊ပ်င္းေၾကာေတြဆန့္၊ မ်က္လုံးေလး ေပကလပ္ေပကလပ္နဲ႕ သန္းေဝးၿပီး၊ ေဘးဘီဝဲယာကို လိုက္ၾကည့္ေနပါၿပီ။ ဘုရားတရားသာ တထားၾကေပေတာ့။
မိုးလင္းလို႔ အိပ္ယာ နိုးတာနဲ႕ ၾကညိၾကည္သာသာထလာတယ္မရွိ တစ္ေယာက္ေယာက္ကို အၿမဲျပႆနာရွာၿပီးမွ အိပ္ယာထတတ္တာ ဝမ္ေပါက္စေလးရဲ႕အက်ငိ့။
"ဒါကဘာႀကီးလဲ အရည္ေသြးနိမ့္တဲ့ ပစၥည္းေတြေၾကာင့္ အာ့လိုပဲေခါင္းအၿမဲကိုက္ေနရတယ္''
သူဆြဲဆြဲေဆာင့္လြန္းလို႔ ရွည္ထြက္ေနတဲ့ ေျခအိတ္ကို ကိုင္ၿပီးေျပာေနတာပါ။အာ့လိုပဲ မနက္အိပ္ယာ ထကာစဆို အေရးမပါတာကလည္း သူ႕အတြက္ အေရးႀကီးခ်င္ႀကီးေနတတ္ျပန္တယ္။
"အမေလး ငါေျပာဖို႔လည္း ထားပါအုံး ဝမ္ရိေပၚ...ငါ့မ်ိဳးရိုးနာမည္ပါေျပာင္းပစ္ခ်င္ေနၿပီ...မင္းနဲ႕အမ်ိဳးမေတာ္ခ်င္ေတာ့ဘူး''
"ဖိုးဖိုးကလည္း''
"မင္းလာခဲ့''
ဖိုးဖိုးနဲ႕ စကားစစ္ မထိုးအား...ေဘးကရပ္ေနတဲ့ေကာင္ေလးကို လက္ယပ္ေခၚေနတာပါ။
"ဒါ မေလ်ာ္ထားရ ေသးဘူးမွတ္လား''
"သခင္ေလးအခန္းထဲမွာ ရွိသမွ်အကုန္ ေလ်ာ္ပီးသားေတႀကီးထည့္ထားတာပါ''
"မီးပူေတာ့ တိုက္မထားဘူးမွတ္လား''
"အဲဒါေတာ့....
ေအးေလ ေလ်ာ္တာမီးပူတိုက္တာ သူ႕အလုပ္မွမဟုတ္တာ သူေျဖတတ္မလား။
ေကာင္ေလးက အိုးနင္းခြက္နင္းနဲ႕ မေျဖနိုင္ေတာ့ပါဘူး။ေခါင္းေလးကုတ္ေနတာ... ဝမ္ရိေပၚရစ္သမွ် ဘယ္သူေျဖနိုင္ဖူးလို႔လဲ။
"သြားအခါ ငါးဆယ္ ဒိုက္ထိုးမလား ၊အလုပ္ထြက္မလား''
"ဗ်ာ..ထိုး. ထိုးပါ့မယ္''
ဝမ္အိမ္ေတာ္ကေနဘယ္သူမွ အလုပ္မထြက္ခ်င္ၾကဘူး။ ဝမ္ရိေပၚ ရစ္တယ္ ဆိုးတယ္ ဆိုေပမယ့္ လစာေကာင္းတယ္ေလ။ သူ႕ဒဏ္ခံနိုင္ဖို႔ ဝမ္ဖိုးဖိုးခမ်ာ လစာေတြ ပိုေပးထားရတာပါ။
ဝမ္ဖိူးဖိုးက သူ႕ေျမးကို မနက္စာစားဖို႔ ေအာက္ထပ္ေခၚသြားရင္း ေကာင္ေလးကိုလွည့္အခ်က္ျပရတယ္ ဆက္မလုပ္ေတာ့ဖို႔ေပါ့ ။ေျမးရဲ႕ ပခုံးေလးကို ဖက္ရင္း.သိပ္မဆိုးဖို႔ ေခ်ာ့ေနရတယ္။ မၾကာခင္ ေပါက္ကြဲအားျပင္း ဗုံးတစ္လုံးနဲ႕တူတဲ့စကားေတြ ေျပာေတာ့မွာမို႔ ႀကိဳၿပီး အခ်ိဳသပ္ထားရတာ။
ေရွာင္က်န့္က စီးပြားေရးသမားမို႔ သူ႕ကမ္းလွမ္းခ်က္ကို မျငင္းနိုင္ဘူး ။လက္ခံပါမယ္ ေျပာထားတာမို႔ ဒီေန႕ေျမးကိုေခၚသြားၿပီး.ေတြ႕ေပးရမယ္ ေျမးလက္ခံမွျဖစ္မယ္ေလ။
"ဒါက ဘာႀကီးလဲ တီေကာင္နဲ႕တူလိုက္တာ မစားခ်င္ေတာ့ဘူး''
ဝမ္ရိေပၚဆီက ဒါက ဘာႀကီးလဲဆိုတဲ့အသံၾကားရင္ ဝမ္အိမ္ေတာ္က အလုပ္သမားေတြ ေနစရာမရွိေတာ့...ဝမ္းဖိုးဖိုးလည္း ေခါင္းကိုက္ရၿပီ။
"ေျမး...ဖိုးဖိုးမနက္စာစားေနတယ္ေလ ဖိုးဖိုးအစားပ်က္ေအာင္လုပ္မလို႔လား။ ေျမးနန္းႀကီးသုပ္စားခ်င္တယ္ဆိုလို႔ လုပ္ထားေပးတာေလ...ဖိုးဖိုးမစားပဲ ရပ္လိုက္ရမလား''
"ဟငိ့အင္း...စားပါ ရိေပၚမေျပာေတာ့ဘူးေနာ္''
ကမၻာေပၚမွာ သူအေရးစိုက္တာ၊ သူလူထင္တာ သူ႕ဖိုးဖိုးတစ္ေယာက္ပဲရွိတယ္ရယ္။ဖိုးဖိုးအစားပ်က္မွာစိုးလို႔ ၿငိမ္ၿငိမ္ေလးစားေနေတာ့လည္း ဝမ္က်ိဳးခ်န္တစ္ေယာက္ ေျမးငယ္ကိုအခ်စ္ပိုရျပန္တယ္။
အဲဒါေလးေတြနဲ႕ပဲ ဖိုးဖိုးရဲ႕အသဲစြဲ ေျမးခ်စ္ေလးျဖစ္ေနရတာ။ သမီးငယ္ဘက္ကေျမးေတြကို ရွိတယ္ေတာင္ မထင္မိဘူးရယ္။
*****************
ေရွာင္က်န့္႐ုံးခန္းထဲ ဝင္လာတဲ့ေကာင္ေလးကို ေျခဆုံးေခါင္းဆုံးလိုက္ၾကည့္ေနမိတယ္။ တီရွပ္အဝါေလးကို ကာကီေရာင္ေဘာင္းဘီဒူးဖုံးေလးနဲ႕ တြဲဖက္ၿပီး ေပါ့ေပါ့ပါးပါးေလး ဝတ္ထားကာ အေမႊး အမွ်င္မရွိတဲ့ ေျခသလုံးေလးက ေဖြးႏုလို႔။
ဂုတ္နားအညီေရာက္ေနတဲ့ ေ႐ႊေရာင္ဆံပင္ လိမ္ေကာက္ေကာက္ေလးေတြၾကားက ပါးေဖာင္းေဖာင္းေလးက ဆြဲလိမ္ခ်င္စရာေလး... ခ်စ္စရာေကာင္းလိုက္တာကြာ ။(႐ုပ္ကေလးျမင္ၿပီးပစ္ေႂကြေနတဲ့ ကိုကို႔အတြက္မေတြးရဲေတာ့ဘူး)
"ထိုင္..ေကာင္ေလး''
သူ႕႐ုံးခန္းကို ပတ္ပတ္လည္လွည့္ၾကည့္ စပ္စုေနသူေလးကို ထိုင္ၿပီးမုန့္စားခိုင္းရတယ္။ စကားနားေထာင္ၿပီး ထိုင္ေနေပမယ့္ ေရာက္တည္းက စကားတစ္ခြန္းမွ မေျပာေသးေတာ့ သူကပဲအဖက္လုပ္ဖို႔ စကားစရတယ္။
"စကားေလးဘာေလး ျပန္ေျပာအုံးေလး''
ေရွာင္က်န့္ေျပာလိုက္ေတာ့ ၿပဳံးၿပဳံးေလးနဲ႕ ႏႈတ္ခမ္းေလးကိုစုခြၽန္ၿပီး ေျပာလာတဲ့ တစ္ခြန္းတည္းေသာစကားက....
"ဦး ''
ဖြီး.....ေသာက္လက္စေကာ္ဖီေတြ သီးကုန္ၿပီ။ ေျပာမယ့္ေျပာေတာ့ ဦးတဲ့ သူ႕အသက္အဲေလာက္လဲ မႀကီးေသးပဲ။
"ဦးက... ညစ္ပတ္တာ....ေရာ...ေရာ...တစ္သ်ႉး''
အဟင္း...သူ႕စကားတစ္ခြန္းနဲ႕တင္ ကမၻာပ်က္သြာတဲ့ ေရွ႕ကဘဲႀကီးကို ၾကည့္ၿပီးရယ္ခ်င္တာ။
"မင္း...ငါ့အသက္အဲဲေလာက္မႀကီးေသးပါဘူး''
ရိေပၚျပန္ေျပာမလို႔ျပင္တုန္း ဖိုးဖိုးအခန္းထဲဝင္လာတာေတြ႕ေတာ့ ဝမ္ဖိုးဖိုးခါးေျပးဖက္လိုက္တယ္။
"ဖိုးဖိုး...ရိေပၚလည္းလိုက္ခ်င္တယ္...ရိေပၚကိုမထားခဲ့ပါနဲ႕''
ငိုမဲ့မဲ့ေလးျဖစ္ေနတဲ့ ေျမးငယ္ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိ သူ႕မိဘေတြဆုံးၿပီးတည္းက မငိုေတာ့တဲ့သူေလး။သူ႕ေျမးေလးမ်က္ရည္မက်ဖိဳ႕ဆို ဖိုးဖိုးကလည္း အကုန္လိုက္ေလ်ာၿပီးသား ျဖစ္ေနတတ္တယ္။ သမီးငယ္မိသားစုကို အိမ္ေပၚကႏွင္ခ်မိတဲ့ထိပဲ။ ဒီတခါေတာ့ ဖိုးဖိုးစိတ္တင္းမွရေတာ့မယ္ ဒီလိုမွမလုပ္ရင္ ေျမးငယ္ေရွ႕ေရး မေတြးရဲစရာပဲ။
"ေကာင္းၿပီေလ...ေျမးငယ္မွဖိုးဖိုးနဲ႕ မခြဲနိုင္ဘူးဆို ဖိုးဖိုးေဆးကုမသြားေတာ့ဘူး...ဟုတ္ၿပီလား''
ဖိုးဖိုးစကားၾကားေတာ့ ... မနက္စာေကာ္ဖီဝိုင္းမွာ ဖိုးဖိုးေျပာတာေတြ ျပန္ေတြးမိၿပီး ရိေပၚကိုယ္ေလး ဆတ္ကနဲတုန္သြားတယ္။
ဖိုးဖိုးက်န္းမာေရး မေကာင္းလို႔ ကေနဒါက ေျမးရဲ႕ ဖြားေလးဆီေဆးသြားကုမယ္ ရိေပၚေနခဲ့ရမယ္တဲ့။ ရိေပၚလိုက္လာရင္ေဆးကုနိုင္မွာ မဟုတ္ပဲေရာဂါပိုတိုးမယ္တဲ့ေလ။ ဝမ္အိမ္ေတာ္မွာလဲေနခဲ့လို႔မရ စိတ္မခ်နိဳင္ပါဘူးတဲ့။ ေျမးငယ္စကားနားမေထာင္လို႔...ေရွာင္က်န့္ကလွမ္းတိုင္ရင္ ေဆးမကုပဲခ်က္ခ်င္းျပန္လာၿပီး အေသခံလိုက္မယ္တဲ့။
"ဟင့္အင္း...ဟင့္အင္း...ဖိုးဖိုးသြားပါ ရိေပၚေနခဲ့ပါ့မယ္...ရိေပၚကေနခဲ့ေပမယ့္ ဒီလူႀကီးက လက္ခံအုံးမွ''
ေရွာင္က်န့္ဘက္လက္ညွိုးထိုးလို႔ အေျခေနေျပာင္းမလား ေသြးတိုးစမ္းတယ္။
"ကြၽန္ေတာ္လက္ခံပါတယ္''
ျမန္လိုက္တာ ဘယ္တည္းကညွိထားၾကတယ္ မသိဘူး။ ရိေပၚကိုဘာထင္ေနတာလဲမသိဘူး၊ ဒီလူႀကီးလက္မခံေအာင္ ပညာျပမလို႔ ဖိုးဖိုးထက္ေစာလာခဲ့ေပမယ့္ ဘာမွမလုပ္လိုက္ရေသးခင္ ဖိုးဖိုးေရာက္လာလို႔ ခင္ဗ်ားကံေကာင္းသြားတာကို လက္ခံမယ္ဆိုေတာ့ ကံဆိုးခ်င္ေနၿပီထင္တယ္။
"ကဲညေန ေျမးငယ္ကိုပို႔လိုက္မယ္ ဖိုးဖိုးအားကိုးမယ္ေနာ္ Mr.ေရွာင္က်န့္''
"ေရွာင္က်န့္လို႔ပဲ ေခၚပါဖိုးဖိုး...စိတ္ခ်ပါကြၽန္ေတာ္ ေစာင့္ေရွာက္ပါ့မယ္''
အမယ္ရိေပၚ ကိုေရွ႕ထားၿပီး အေပးယူတည့္ေနၾကတာ။
"ေျမး ညေနတည္းကသြားရမယ္ေနာ္ ေျမးကိုျမင္ေနရရင္ ဖိုးဖိုးသြားနိုင္မယ္မထင္ဘူး''
ကဲ...ခ်ည္ၿပီးတုပ္ၿပီးပဲ ဝမ္ရိေပၚမင္းဘာတတ္နိုင္ေသးလဲလို႔ေျပာၿပီး ေအာ္ေအာ္သာ ငိုပစ္လိုက္ခ်င္တယ္။ ဒါ ဒီေရွ႕ကဘဲႀကီး ေလာကြတ္ေခ်ာ္ေနလို႔ မေခၚထားနိုင္ဘူး ျငင္းလိုက္ရင္ရတာကို ဟြန္း။
®
ေရွာင္က်န့္အိမ္ေရွ႕မွာ ေျခစုံရပ္ေနမိတယ္ သူဒီအိမ္မွာ မေနခ်င္ဘူးရယ္။ ေရွာင္က်န့္ကိုယ္တိုင္လာေခၚၿပီး တအိမ္လုံးကိုလိုက္ျပလို႔ ႀကိဳက္တဲ့အခန္းေ႐ြးေစတယ္။ ရိေပၚတို႔ ဝမ္အိမ္ေတာ္ေလာက္ေတာ့ မခမ္းနားဘူးရယ္။ လိုကိၾကညိ့ၿပီး အေကာင္းဆုံးထင္တဲ့အခန္းကို ေ႐ြးလိုက္တယ္။
"အာ...ဒါကိုယ့္အခန္းေလ''
"မရဘူး ဒီအခန္းပဲလိုခ်င္တယ္''
သူကဧည္သည္ပဲ ဦးစားေပးရမွာေပါ့ ေတြးၿပီး အခန္းကဖယ္ေပးဖို႔ စဥ္းစားမိေပမယိ့ မျဖစ္ဖူးရယ္ ဝမ္ဖိုးဖိုးမွာထားတာေတြက ရွိေသးတယ္။ သူကသြန္သင္ဆုံးမရမယ့္သူေလ ခုတည္းကအရႈံးေပးလို႔ ျဖစ္မေနဘူး။
"မရဘူးေလ ကိုယ့္အခန္းပါဆို''
"ရတာမရတာမသိဘူး...ရိေပၚအိပ္ခ်င္ၿပီအိပ္ၿပီ''
ေျပာခ်င္တာေျပာၿပီး သူ႕ကုတင္ေပၚတက္အိပ္ေနတဲ့ ကေလး ဆြဲခ်လိဳ႕လည္းမျဖစ္ဘူး၊ အေလ်ာ့ေပးလို႔လည္းမရ...ဘာလုပ္ရပါ့။
"ကိုယ္ကလည္းဖယ္မေပးနိုင္ဘူး...မင္းေနနိုင္ရင္ အဲဒီဘက္ျခမ္းမွာအိပ္ ကိုယ္ဒီဘက္ျခမ္းမွာအိပ္မွာ''
ဘာ...ဆိုၿပီး ေငါက္ကနဲထထိုင္တာ...ေရွာင္က်န့္ လန့္ၿပီး ေနာက္ဆုတ္မိတဲ့ထိ ။ ၿပီးေတာ့မွ သူ႕မ်က္ႏွာေပၚက ညစ္က်ယ္က်ယ္အၿပဳံးနဲ႕အတူ ဖက္လုံးကိုဆြဲခ်လိဳ႕ ကုတင္အလယ္မွာ ထားလိုက္တယ္။
"ဖက္လုံးဒီဘက္စည္းေက်ာ္မလာနဲ႕ ရိေပၚကသူမ်ားနဲ႕ မအိပ္တတ္ဖူး၊ အသားလာမထိမိေစနဲ႕...ေအာ္ ရိေပၚကအိပ္ေရးေတာ့ဆိုတယ္...မေတာ္ကန္ခ်မိရင္ တာဝန္မယူဘူး''
ဘာ...သူမ်ားအိမ္ေပၚတက္ေနၿပီး..အခန္းလည္းအပိုင္စီးထားေသး။..ကန္ခ်တတ္ေသးသတဲ့ ၾကားလို႔မွေကာင္းၾကေသးရဲ႕လား။
ဝမ္ခ်ိဳခ်ိဳေလး တဲ့ တစက္မွမခ်ိဳဘူးေနာ္ ...သူဆိုးခ်င္တိုင္းဆိုးေနေတာ့တာပဲ.... Titelၾကညိ့ၿပီး မင္းတို႔လည္း ဂ်င္းထည့္ခံလိုက္ရၿပီမွတ္လား...အင္းေလ..မင္းတို႔အတြက္ေတာ့ ခ်ိဳခ်င္လည္းခ်ိဳမွာေပါ့...ငါ့အတြက္ေတာ့ မီးခဲေလး...အာ့လိုေျပာလို႔ ငါမလိုခ်င္ဘူးထင္ၿပီး ocမယ္ မႀကံနဲ႕ေနာ္... သူကငါ့အပိုင္။