[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၅၈ ..

10.1K 1K 11
By busy_pisi

《Zawgyi》

အပိုင္း - ၁၅၈
[ခ်န္းကေတာ္က ေဂ်ဝင္ေနတာလား?-၁]

အျပန္လမ္းမွာေတာ့ ခ်င္းစုယြဲ႕ဟာ ရွီရွီ႕ရဲ႕ စကားေတြကို ရုတ္တရက္ ျပန္သတိရသြားၿပီး စေနာက္ျခင္းတစ္ဝက္ျဖင့္ ခ်န္းစီႏ်န္ကို ေျပာေလ၏။
"အိုး ဟုတ္သားပဲ ... ကၽြန္မ ရွင့္ကို သတင္းေကာင္းေလး ေျပာျပဖို႔ ေမ့ေနတာ"

"ဘာကိုလဲ?"
ခ်န္းစီႏ်န္က သူ႔ေရွ႕တည့္တည့္ရွိ လမ္းကိုၾကည့္၍ ေမာင္းေနသျဖင့္ သူမအား မ်က္ဝန္းေထာင့္ကေနသာ ၾကည့္ႏိုင္ေလသည္။ သူမရဲ႕ က်ီစယ္လိုဟန္စြက္ေနသည့္ အျပံဳးႏွင့္ မ်က္ဝန္းေတာက္ေတာက္ေလးေတြကို ျမင္ေတာ့ သူမ တစ္ခုခု ေျပာေတာ့မည္ဆိုတာ သူသိလိုက္သည္။

ထင္ထားသည့္အတိုင္းပါေပ။ သူမက ေမးေစ့ကိုပြတ္လ်က္ အေတြးနက္ေနပါဟန္ျပဳ၏။
"ရွီမိန္းကေလးက ရွင့္ကိုေသြးေဆာင္ခ်င္ေနတာ ေသခ်ာတယ္ ... သူက ေတာ္ေတာ္ေလး ယံုၾကည္ခ်က္ရွိေနတဲ့ပံုေနာ္"

"ဟုတ္လား?"
ခ်န္းစီႏ်န္က အရမ္းႀကီး ဂရုစိုက္မေနေခ်။
"အဲ့ေတာ့ ခ်န္းကေတာ္က ေဂ်ဝင္ေနတာလား?"

"က့်န္မက ဘာလို႔ ေဂ်ဝင္ရမွာလဲ?"
ခ်င္းစုယြဲ႕က သေဘာထားႀကီးျမတ္စြာ ေျပာေလ၏။
"ရွင္ တကယ္ႀကီး သူ႔ရဲ႕ျဖားေယာင္းတာ ခံသြားရလို႔ကေတာ့ ကၽြန္မက ေသခ်ာေပါက္ ရွင့္ကို လႊင့္ပစ္လိုက္ၿပီး ရွင့္ထက္ခ်မ္းသာတဲ့ ငယ္ငယ္ရြယ္ရြယ္ ေကာင္ေလးတစ္ေယာက္ကို ရွာၿပီး ခ်က္ခ်င္း လက္ထပ္ပစ္မယ္!"

"ခ်န္းကေတာ္ကေတာ့ အလုပ္ေကာင္းေကာင္း မလုပ္ဘူးပဲ"
သူက သူမအား စူးရဲစြာ ၾကည့္လာေလသည္။

ခ်င္းစုယြဲ႕က မ်က္ေတာင္ တဖ်ပ္ဖ်ပ္ခပ္လိုက္သည္။ သူမက သူ႔အား ခံစားခ်က္ေတြအျပည့္ျဖင့္ ၾကည့္လ်က္ ခိုင္မာစြာ ေျပာေလ၏။
"အင္း ..  ကၽြန္မက ရွင္ ဘယ္ေတာ့မွ အဆင့္အတန္းမရွိတဲ့ လုပ္ရပ္ေတြကို မလုပ္ဘူးဆိုတာ ယံုၾကည္တယ္ေလ .. အဲ့တာေၾကာင့္မလို႔ ... ဥကၠဌခ်န္းရွင့္ ... ရွင့္ရဲ႕ ခ်န္းကေတာ္ကို စိတ္မပ်က္ပါေစနဲ႔!"

ခ်န္းစီႏ်န္က ျပံဳးသြားၿပီး ျပန္ေခ်ပ၏။
"မင္းက ကိုယ့္အေပၚမွာ အဲ့ေလာက္ထိ ယံုၾကည္ခ်က္ ရွိတာလား?"

"ဒါေပါ့ .. အဲ့တာေၾကာင့္မလို႔ ရွင္ ေကာင္းေကာင္းျပဳမူရမယ္"
ထိုသို႔ေျပာလိုက္ၿပီးေနာက္ ခ်င္းစုယြဲ႕ဟာ သူ႔ပုခံုးေပၚသို႔ ႀကီးေလးသည့္ တာဝန္ႀကီးကို အပ္ႏွင္းလိုက္သည့္ႏွယ္ သူမရဲ႕လက္ျဖင့္ ပုတ္လိုက္ေတာ့ေလသည္။

ခ်န္းစီႏ်န္က သူမအား ဖ်တ္ခနဲၾကည့္၍ ေခါင္းယမ္းမိ၏။ ထို႔ေနာက္ ကားေမာင္းရာတြင္သာ အာရံုစိုက္ထားလိုက္ေတာ့သည္။

ခ်န္းစီႏ်န္က ခ်င္းမိသားစုအိမ္ေတာ္ေရွ႕သို႔ ျပန္လိုက္ပို႔ေတာ့ ခ်င္းစုယြဲ႕ဟာ ထိုင္ခံုခါးပတ္ ျဖဳတ္လိုက္ကာ သူ႔ဘက္သို႔လွည့္၍ ႏႈတ္ဆက္လိုက္၏။

ခ်န္းစီႏ်န္ကေတာ့ ခ်င္းစုယြဲ႕တစ္ေယာက္ ကားထဲက ထြက္သြားဖို႔လုပ္ေနသည္ကိုသာ စိုက္ၾကည့္ေနလ်က္ သူမရဲ႕ လက္ေကာက္ဝတ္ေလးအား လွမ္းဆြဲကိုင္လိုက္လ်က္ အသံနိမ့္နိမ့္ျဖင့္ဆိုသည္။
"ဒါပဲလား?"

"ဘာကိုလဲ?"

"ခ်န္းကေတာ္က ကိုယ့္ကိုေတာ့ ေကာင္းေကာင္းျပဳမူေစခ်င္ၿပီးေတာ့ ဘာဆုမွ မေပးေတာ့ဘူးလား?"

ခ်င္းစုယြဲ႕က ျပန္ေျပာလိုက္ခ်င္ေပမယ့္ သူမရဲ႕ေမးေစ့အား သူ႔ရဲ႕ ေႏြးေထြးလွသည့္ လက္ဖ်ားတို႔ျဖင့္ ပင့္ေမာ့ေစလ်က္ နမ္းရွိုက္လိုက္ေတာ့သည္။

ခ်န္းစီႏ်န္က သူမရဲ႕ပုခုံးေတြကို ဖိကိုင္လာကာ အနမ္းကလည္း ပိုမိုနက္ရွိုင္းလာ၏။ သူ႔လက္ေတြက ေအာက္သို႔ စတင္ေရြ႕လ်ားလာေခ်ၿပီ။

ခ်င္းစုယြဲ႕ဟာ သူမရဲ႕အက်ႌအနားသပ္ေနရာႏွင့္ ခါးတို႔အား ေပြ႕ပိုက္လာသည့္ သူ႔လက္ေခ်ာင္းေတြအား ခံစားသိရွိလာသျဖင့္ သူ႔ရဲ႕ စေနာက္က်ီစယ္ေနသည့္လက္ကို ကမန္းကတန္း တြန္းထုတ္လိုက္သည္။ သူမက ေခါင္းခါယမ္းလ်က္ မသဲမကြဲသည့္ေလသံျဖင့္ ေျပာ၏။
"မလုပ္... မလုပ္နဲ႔ ...  ကၽြန္မအိမ္မွာ"

ခ်န္းစီႏ်န္က ဒါကိုၾကားေတာ့ စိတ္အနည္းငယ္ထိန္းလိုက္သည္။ သို႔ေသာ္လည္း သူ႔အသက္ရွဴသံေတြကေတာ့ ျပင္းထန္ေနဆဲသာ။ သူ႔ေခါင္းကို သူမပုခံုးေပၚတြင္မွီထားလ်က္ ေအးေဆးသြားေအာင္ ႀကိဳးစားေနကာ သူမကို ျမဴဆြယ္လိုက္သည္။
"ဒီည အိမ္မျပန္နဲ႔ေတာ့ေလ"

"ဘာရယ္?"

"ကိုယ္ေနတဲ့ေနရာကို ေခၚသြားေပးမယ္"

ခ်င္းစုယြဲ႕ဟာ သူမေပၚ က်ေရာက္လို႔ေနသည့္ သူ႔ရဲ႕ေလေငြ႕ေႏြးေႏြးေၾကာင့္ တုန္လႈပ္လာသည္။ ဒါေပမယ့္ သူမရဲ႕ဆင္ျခင္တံုတရားျဖင့္ ျပန္ထိန္းထားလ်က္ ျငင္းဆန္လိုက္၏။
"ကၽြန္မမိဘေတြက ေကာင္းေကာင္း ျပန္ေကာင္းေသးတာ မဟုတ္ဘူး!"

ဒါ့အျပင္ သူမသာ ညသန္းေခါင္ႀကီး အိမ္မွာမရွိပဲ ခ်န္းစီႏ်န္ႏွင့္သာရွိေနခဲ့ မည္ဆိုပါလၽွင္ ထိုညတြင္ ဘာျဖစ္ၿပီးသြားၾကမည္မွန္း သူမမိဘေတြက ေတြးေတာင္ ေတြးၾကည့္စရာမလိုပဲ အလြယ္တကူ ခန္႔မွန္းႏိုင္ေပလိမ့္မည္။

သူမတို႔က လက္မထပ္ရေသးေပ။ ခ်င္းစုယြဲ႕ဟာ အရမ္းႀကီး မရဲတင္းဝံ့ေခ်။ အေရးႀကီးဆံုးကေတာ့ သူမ မ်က္ႏွာငယ္ရမည္ကို ေၾကာက္ရြံ႕လွေပသည္။

ထို႔ေၾကာင့္ "ရွင္ ဘာလို႔ မေအာင့္အီးထားတာလဲ?" ဟူ၍သာ တိုးတိတ္စြာ အၾကံျပဳလိုက္ေလေတာ့သည္။

ခ်န္းစီႏ်န္က သက္ျပင္းကို ေလးလံစြာခ်လိုက္သည္။
"ကိုယ္မင္းကို ျမန္ျမန္လက္ထပ္မွ ျဖစ္ေတာ့မယ္"

ခ်င္းစုယြဲ႕က ေခ်ာ့ေမာ့ေလ၏။
"ကၽြန္မတို႔က မၾကာခင္ လက္ထပ္ေတာ့မွာေလ ေနာ္ .. မၾကာခင္"

ေနာက္ဆံုးမွာေတာ့ ႏွစ္ဦးသား အတန္ၾကာ ဖက္တြယ္ေနၿပီးေတာ့မွ ခ်န္းစီႏ်န္က မလႊတ္ခ်င္လႊတ္ခ်င္ျဖင့္ သူမကို ေျဖလႊတ္ေပးေလသည္။

ခ်င္းစုယြဲ႕ အိမျ္ပန္ေရာက္ေတာ့ အင္တာဗ်ဴးအတြက္ အၾကမ္းစီစဥ္ထားသည္ကို ျပန္အေခ်ာသပ္လိုက္၏။ ညမွာေတာ့ သူမဟာ အိပ္ရာထက္တြင္ ဟိုလွိမ့္ဒီလွိမ့္ႏွင့္ အိပ္မေပ်ာ္ႏိုင္ေပ။

ရွန္ဝမ္းယန္႔ႏွင့္ယွဥ္လၽွင္ ရွီရွီက ပိုၿပီး ေျပာဆိုဆက္ဆံရခက္သည္မွန္း သူမ သိပါသည္။ အနည္းဆံုးေတာ့ ရွန္ဝမ္းယန္က ထက္ျမက္ကာ အႀကိမ္ႀကိမ္ႀကိဳးစားၿပီး ခ်န္းစီႏ်န္ကို မရလၽွင္ တျခားနည္းလမ္းကို ရွာေဖြမည့္သူမ်ိဳး ျဖစ္သည္။

သို႔ေသာ္လည္း ရွီရွီကေတာ့ ကြဲျပား၏။ သူမက သူမကိုယ္တိုင္ႏွင့္ ခန္႔မွန္းလို႔မရႏိုင္သည့္ အရာေတြအားလံုး အေၾကာင္းကိုပါ သိရွိေနသည္။ သူမရဲ႕အျပဳအမူေတြက လူေတြကို ရူးႏွမ္းေနတယ္လို႔ေတာင္ ခံစားမိေစေလသည္။

ရွီရွီ႕လိုလူမ်ိဳးႏွင့္ ဆက္ဆံေျပာဆိုရာမွာ အရမ္းကို အႏၱရယ္မ်ားလြန္းလွေပ၏။ အထူးသျဖင့္ သူမႏွင့္အတူတူ ဆြဲခ်သြားခ်င္တဲ့အခါမွာေပါ့။ တကယ့္ကို ထိတ္လန္႔ ေၾကာက္ရြံ႕ဖြယ္ေကာင္းလွသည္။

ခ်င္းစုယြဲ႕သာ ေနာင္အနာဂတ္မွာ ခ်န္းစီႏ်န္ႏွင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနလိုပါလၽွင္ ရွီရွီ႕ကို အရင္ဆံုး ရွင္းရမည္မွန္း သိေလသည္။

ထိုသို႔မဟုတ္ခဲ့ပါက ဤကမၻာတြင္ ေနေနသမၽွ ကာလပတ္လံုး ခ်င္းစုယြဲ႕မွာ စိုးထိတ္စြာ ခံစားေနရေပမည္။

ရွီရွီ႕ထံတြင္ ဒီကမၻာတြင္ ျဖစ္ေနသည့္ အေၾကာင္းအရာေတြကို ျပန္ျပင္ေရးႏိုု္င္သည့္ စြမ္းရည္ ရွိလိမ့္မည္ဟု သူမကေတာ့ မယံုၾကည္ေပ။

ကံၾကမၼာဆိုတာ ထိန္းခ်ဳပ္လို႔မရေခ်။ လူေတြကသာ ကိုယ့္ကိုယ္ပိုင္ဘဝကိုယ္ ဖန္တီးပံုေဖာ္ႏိုင္သည္။

ခ်င္းစုယြဲ႕ဟာ ထိုရူးႏွမ္းေနသည့္ စာေရးသူကို တတ္ႏိုင္သမၽွ အျမန္ဆံုး ဖယ္ထုတ္ဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။

သူမ အိပ္မေပ်ာ္ႏိုင္သျဖင့္ ေနာက္တစ္ေန႔မနက္အေစာတြင္ အိပ္ရာမွထကာ စံုစမ္းထားသည့္ ရလဒ္ေတြအေၾကာင္း ေမးဖို႔အတြက္ ခ်င္းကြမ္းခ်န္ကို သြားရွာလိုက္သည္။

သူမ ေရာက္သြားေတာ့ ခ်င္းကြမ္းခ်န္က မနက္စာစားေနတာျဖစ္သည္။ သူက မနက္စာစားေနရာမွ တင့္တယ္က်က္သေရရွိစြာျဖင့္ ေျဖးညႇင္းစြာ ဆိုလာသည္။
"ဒီကိစၥကို လူတစ္ေယာက္လႊတ္ၿပီး စံုစမ္းခိုင္းထားၿပီးသြားၿပီ ..  အရင္တစ္ေခါက္ ညီမေလးနဲ႔ ခ်န္းစီႏ်န္ အႏၱရာယ္ေပးခံရတုန္းက အဲဒီလူယုတ္မာေတြကို ညီမေလးကိုသတ္ဖို႔အတြက္ ပိုက္ဆံေပးၿပီး ခိုင္းေစခဲ့တာတဲ့ ... ဦးေႏွာက္ေျခာက္စရာ ေကာင္းတာက ေနာက္ေန႔က်ေတာ့ သူတို႔ေတြအကုန္လံုး ေပ်ာက္ကြယ္သြားၾကတာပဲ .. အခု သူတို႔ကိုရွာဖို႔အတြက္ လူလႊတ္ထားတယ္ ... ပါပါးနဲ႔မာမားကို တိုက္သြားခဲ့တဲ့ကားကို ကိုကိုတို႔ ရွာေတြ႕ထားၿပီ ... ကားကလိုင္စင္အတိုင္းလိုက္ေတာ့ ပိုင္ရွင္က စိတ္ေရာဂါရွိတဲ့သူ ျဖစ္ေနတယ္ .. သူ႔မိန္းမနဲ႔ကြာရွင္းၿပီး ကားကိုလည္း လြန္ခဲ့တဲ့ႏွစ္လထဲက ေရာင္းခဲ့တာတဲ့ ... အဲ့တာေၾကာင့္ ကားအက္စီးဒန္႔အတြက္ သဲလြန္စ မရႏိုင္ခဲ့ဘူး"

ခ်င္းစုယြဲ႕က တိတ္ဆိတ္စြာ နားေထာင္ေန၏။ ေနာက္ဆံုးမွာေတာ့ ဘယ္အတြက္ေၾကာင့္ ရွီရွီက ဘာကိုမွ မေၾကာက္ရြံ႕ေနတာလဲဆိုတာ သူမ နားလည္မိသြားေခ်ၿပီ။ သူမက သဲလြန္စေတြ အကုန္လံုးကို ေဖ်ာက္ဖ်က္ၿပီးသားပင္။ အေရးႀကီးဆံုးကေတာ့ သူမက သက္ေသေတြအားလံုးကို ကိုင္တြယ္ေျဖရွင္းထားၿပီးသား ျဖစ္ေနေလသည္။

ခ်င္းစုယြဲ႕က တည္ၾကည္ေန၏။
"ကိုကို ... လင္းေဟြ႕ကိုေရာ စံုစမ္းလို႔ရလား?"

21.7.2020

*********************

《Unicode》

အပိုင်း - ၁၅၈
[ချန်းကတော်က ဂျေဝင်နေတာလား?-၁]

အပြန်လမ်းမှာတော့ ချင်းစုယွဲ့ဟာ ရှီရှီ့ရဲ့ စကားတွေကို ရုတ်တရက် ပြန်သတိရသွားပြီး စနောက်ခြင်းတစ်ဝက်ဖြင့် ချန်းစီနျန်ကို ပြောလေ၏။
"အိုး ဟုတ်သားပဲ ... ကျွန်မ ရှင့်ကို သတင်းကောင်းလေး ပြောပြဖို့ မေ့နေတာ"

"ဘာကိုလဲ?"
ချန်းစီနျန်က သူ့ရှေ့တည့်တည့်ရှိ လမ်းကိုကြည့်၍ မောင်းနေသဖြင့် သူမအား မျက်ဝန်းထောင့်ကနေသာ ကြည့်နိုင်လေသည်။ သူမရဲ့ ကျီစယ်လိုဟန်စွက်နေသည့် အပြုံးနှင့် မျက်ဝန်းတောက်တောက်လေးတွေကို မြင်တော့ သူမ တစ်ခုခု ပြောတော့မည်ဆိုတာ သူသိလိုက်သည်။

ထင်ထားသည့်အတိုင်းပါပေ။ သူမက မေးစေ့ကိုပွတ်လျက် အတွေးနက်နေပါဟန်ပြု၏။
"ရှီမိန်းကလေးက ရှင့်ကိုသွေးဆောင်ချင်နေတာ သေချာတယ် ... သူက တော်တော်လေး ယုံကြည်ချက်ရှိနေတဲ့ပုံနော်"

"ဟုတ်လား?"
ချန်းစီနျန်က အရမ်းကြီး ဂရုစိုက်မနေချေ။
"အဲ့တော့ ချန်းကတော်က ဂျေဝင်နေတာလား?"

"ကျ့န်မက ဘာလို့ ဂျေဝင်ရမှာလဲ?"
ချင်းစုယွဲ့က သဘောထားကြီးမြတ်စွာ ပြောလေ၏။
"ရှင် တကယ်ကြီး သူ့ရဲ့ဖြားယောင်းတာ ခံသွားရလို့ကတော့ ကျွန်မက သေချာပေါက် ရှင့်ကို လွှင့်ပစ်လိုက်ပြီး ရှင့်ထက်ချမ်းသာတဲ့ ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်ကို ရှာပြီး ချက်ချင်း လက်ထပ်ပစ်မယ်!"

"ချန်းကတော်ကတော့ အလုပ်ကောင်းကောင်း မလုပ်ဘူးပဲ"
သူက သူမအား စူးရဲစွာ ကြည့်လာလေသည်။

ချင်းစုယွဲ့က မျက်တောင် တဖျပ်ဖျပ်ခပ်လိုက်သည်။ သူမက သူ့အား ခံစားချက်တွေအပြည့်ဖြင့် ကြည့်လျက် ခိုင်မာစွာ ပြောလေ၏။
"အင်း ..  ကျွန်မက ရှင် ဘယ်တော့မှ အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေကို မလုပ်ဘူးဆိုတာ ယုံကြည်တယ်လေ .. အဲ့တာကြောင့်မလို့ ... ဥက္ကဌချန်းရှင့် ... ရှင့်ရဲ့ ချန်းကတော်ကို စိတ်မပျက်ပါစေနဲ့!"

ချန်းစီနျန်က ပြုံးသွားပြီး ပြန်ချေပ၏။
"မင်းက ကိုယ့်အပေါ်မှာ အဲ့လောက်ထိ ယုံကြည်ချက် ရှိတာလား?"

"ဒါပေါ့ .. အဲ့တာကြောင့်မလို့ ရှင် ကောင်းကောင်းပြုမူရမယ်"
ထိုသို့ပြောလိုက်ပြီးနောက် ချင်းစုယွဲ့ဟာ သူ့ပုခုံးပေါ်သို့ ကြီးလေးသည့် တာဝန်ကြီးကို အပ်နှင်းလိုက်သည့်နှယ် သူမရဲ့လက်ဖြင့် ပုတ်လိုက်တော့လေသည်။

ချန်းစီနျန်က သူမအား ဖျတ်ခနဲကြည့်၍ ခေါင်းယမ်းမိ၏။ ထို့နောက် ကားမောင်းရာတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

ချန်းစီနျန်က ချင်းမိသားစုအိမ်တော်ရှေ့သို့ ပြန်လိုက်ပို့တော့ ချင်းစုယွဲ့ဟာ ထိုင်ခုံခါးပတ် ဖြုတ်လိုက်ကာ သူ့ဘက်သို့လှည့်၍ နှုတ်ဆက်လိုက်၏။

ချန်းစီနျန်ကတော့ ချင်းစုယွဲ့တစ်ယောက် ကားထဲက ထွက်သွားဖို့လုပ်နေသည်ကိုသာ စိုက်ကြည့်နေလျက် သူမရဲ့ လက်ကောက်ဝတ်လေးအား လှမ်းဆွဲကိုင်လိုက်လျက် အသံနိမ့်နိမ့်ဖြင့်ဆိုသည်။
"ဒါပဲလား?"

"ဘာကိုလဲ?"

"ချန်းကတော်က ကိုယ့်ကိုတော့ ကောင်းကောင်းပြုမူစေချင်ပြီးတော့ ဘာဆုမှ မပေးတော့ဘူးလား?"

ချင်းစုယွဲ့က ပြန်ပြောလိုက်ချင်ပေမယ့် သူမရဲ့မေးစေ့အား သူ့ရဲ့ နွေးထွေးလှသည့် လက်ဖျားတို့ဖြင့် ပင့်မော့စေလျက် နမ်းရှိုက်လိုက်တော့သည်။

ချန်းစီနျန်က သူမရဲ့ပုခုံးတွေကို ဖိကိုင်လာကာ အနမ်းကလည်း ပိုမိုနက်ရှိုင်းလာ၏။ သူ့လက်တွေက အောက်သို့ စတင်ရွေ့လျားလာချေပြီ။

ချင်းစုယွဲ့ဟာ သူမရဲ့အင်္ကျီအနားသပ်နေရာနှင့် ခါးတို့အား ပွေ့ပိုက်လာသည့် သူ့လက်ချောင်းတွေအား ခံစားသိရှိလာသဖြင့် သူ့ရဲ့ စနောက်ကျီစယ်နေသည့်လက်ကို ကမန်းကတန်း တွန်းထုတ်လိုက်သည်။ သူမက ခေါင်းခါယမ်းလျက် မသဲမကွဲသည့်လေသံဖြင့် ပြော၏။
"မလုပ်... မလုပ်နဲ့ ...  ကျွန်မအိမ်မှာ"

ချန်းစီနျန်က ဒါကိုကြားတော့ စိတ်အနည်းငယ်ထိန်းလိုက်သည်။ သို့သော်လည်း သူ့အသက်ရှူသံတွေကတော့ ပြင်းထန်နေဆဲသာ။ သူ့ခေါင်းကို သူမပုခုံးပေါ်တွင်မှီထားလျက် အေးဆေးသွားအောင် ကြိုးစားနေကာ သူမကို မြူဆွယ်လိုက်သည်။
"ဒီည အိမ်မပြန်နဲ့တော့လေ"

"ဘာရယ်?"

"ကိုယ်နေတဲ့နေရာကို ခေါ်သွားပေးမယ်"

ချင်းစုယွဲ့ဟာ သူမပေါ် ကျရောက်လို့နေသည့် သူ့ရဲ့လေငွေ့နွေးနွေးကြောင့် တုန်လှုပ်လာသည်။ ဒါပေမယ့် သူမရဲ့ဆင်ခြင်တုံတရားဖြင့် ပြန်ထိန်းထားလျက် ငြင်းဆန်လိုက်၏။
"ကျွန်မမိဘတွေက ကောင်းကောင်း ပြန်ကောင်းသေးတာ မဟုတ်ဘူး!"

ဒါ့အပြင် သူမသာ ညသန်းခေါင်ကြီး အိမ်မှာမရှိပဲ ချန်းစီနျန်နှင့်သာရှိနေခဲ့ မည်ဆိုပါလျှင် ထိုညတွင် ဘာဖြစ်ပြီးသွားကြမည်မှန်း သူမမိဘတွေက တွေးတောင် တွေးကြည့်စရာမလိုပဲ အလွယ်တကူ ခန့်မှန်းနိုင်ပေလိမ့်မည်။

သူမတို့က လက်မထပ်ရသေးပေ။ ချင်းစုယွဲ့ဟာ အရမ်းကြီး မရဲတင်းဝံ့ချေ။ အရေးကြီးဆုံးကတော့ သူမ မျက်နှာငယ်ရမည်ကို ကြောက်ရွံ့လှပေသည်။

ထို့ကြောင့် "ရှင် ဘာလို့ မအောင့်အီးထားတာလဲ?" ဟူ၍သာ တိုးတိတ်စွာ အကြံပြုလိုက်လေတော့သည်။

ချန်းစီနျန်က သက်ပြင်းကို လေးလံစွာချလိုက်သည်။
"ကိုယ်မင်းကို မြန်မြန်လက်ထပ်မှ ဖြစ်တော့မယ်"

ချင်းစုယွဲ့က ချော့မော့လေ၏။
"ကျွန်မတို့က မကြာခင် လက်ထပ်တော့မှာလေ နော် .. မကြာခင်"

နောက်ဆုံးမှာတော့ နှစ်ဦးသား အတန်ကြာ ဖက်တွယ်နေပြီးတော့မှ ချန်းစီနျန်က မလွှတ်ချင်လွှတ်ချင်ဖြင့် သူမကို ဖြေလွှတ်ပေးလေသည်။

ချင်းစုယွဲ့ အိမ်ပြန်ရောက်တော့ အင်တာဗျူးအတွက် အကြမ်းစီစဉ်ထားသည်ကို ပြန်အချောသပ်လိုက်၏။ ညမှာတော့ သူမဟာ အိပ်ရာထက်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မပျော်နိုင်ပေ။

ရှန်ဝမ်းယန့်နှင့်ယှဉ်လျှင် ရှီရှီက ပိုပြီး ပြောဆိုဆက်ဆံရခက်သည်မှန်း သူမ သိပါသည်။ အနည်းဆုံးတော့ ရှန်ဝမ်းယန်က ထက်မြက်ကာ အကြိမ်ကြိမ်ကြိုးစားပြီး ချန်းစီနျန်ကို မရလျှင် တခြားနည်းလမ်းကို ရှာဖွေမည့်သူမျိုး ဖြစ်သည်။

သို့သော်လည်း ရှီရှီကတော့ ကွဲပြား၏။ သူမက သူမကိုယ်တိုင်နှင့် ခန့်မှန်းလို့မရနိုင်သည့် အရာတွေအားလုံး အကြောင်းကိုပါ သိရှိနေသည်။ သူမရဲ့အပြုအမူတွေက လူတွေကို ရူးနှမ်းနေတယ်လို့တောင် ခံစားမိစေလေသည်။

ရှီရှီ့လိုလူမျိုးနှင့် ဆက်ဆံပြောဆိုရာမှာ အရမ်းကို အန္တရယ်များလွန်းလှပေ၏။ အထူးသဖြင့် သူမနှင့်အတူတူ ဆွဲချသွားချင်တဲ့အခါမှာပေါ့။ တကယ့်ကို ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းလှသည်။

ချင်းစုယွဲ့သာ နောင်အနာဂတ်မှာ ချန်းစီနျန်နှင့် ငြိမ်းငြိမ်းချမ်းချမ်း နေလိုပါလျှင် ရှီရှီ့ကို အရင်ဆုံး ရှင်းရမည်မှန်း သိလေသည်။

ထိုသို့မဟုတ်ခဲ့ပါက ဤကမ္ဘာတွင် နေနေသမျှ ကာလပတ်လုံး ချင်းစုယွဲ့မှာ စိုးထိတ်စွာ ခံစားနေရပေမည်။

ရှီရှီ့ထံတွင် ဒီကမ္ဘာတွင် ဖြစ်နေသည့် အကြောင်းအရာတွေကို ပြန်ပြင်ရေးနိုင်သည့် စွမ်းရည် ရှိလိမ့်မည်ဟု သူမကတော့ မယုံကြည်ပေ။

ကံကြမ္မာဆိုတာ ထိန်းချုပ်လို့မရချေ။ လူတွေကသာ ကိုယ့်ကိုယ်ပိုင်ဘဝကိုယ် ဖန်တီးပုံဖော်နိုင်သည်။

ချင်းစုယွဲ့ဟာ ထိုရူးနှမ်းနေသည့် စာရေးသူကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ထုတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူမ အိပ်မပျော်နိုင်သဖြင့် နောက်တစ်နေ့မနက်အစောတွင် အိပ်ရာမှထကာ စုံစမ်းထားသည့် ရလဒ်တွေအကြောင်း မေးဖို့အတွက် ချင်းကွမ်းချန်ကို သွားရှာလိုက်သည်။

သူမ ရောက်သွားတော့ ချင်းကွမ်းချန်က မနက်စာစားနေတာဖြစ်သည်။ သူက မနက်စာစားနေရာမှ တင့်တယ်ကျက်သရေရှိစွာဖြင့် ဖြေးညှင်းစွာ ဆိုလာသည်။
"ဒီကိစ္စကို လူတစ်ယောက်လွှတ်ပြီး စုံစမ်းခိုင်းထားပြီးသွားပြီ ..  အရင်တစ်ခေါက် ညီမလေးနဲ့ ချန်းစီနျန် အန္တရာယ်ပေးခံရတုန်းက အဲဒီလူယုတ်မာတွေကို ညီမလေးကိုသတ်ဖို့အတွက် ပိုက်ဆံပေးပြီး ခိုင်းစေခဲ့တာတဲ့ ... ဦးနှောက်ခြောက်စရာ ကောင်းတာက နောက်နေ့ကျတော့ သူတို့တွေအကုန်လုံး ပျောက်ကွယ်သွားကြတာပဲ .. အခု သူတို့ကိုရှာဖို့အတွက် လူလွှတ်ထားတယ် ... ပါပါးနဲ့မာမားကို တိုက်သွားခဲ့တဲ့ကားကို ကိုကိုတို့ ရှာတွေ့ထားပြီ ... ကားကလိုင်စင်အတိုင်းလိုက်တော့ ပိုင်ရှင်က စိတ်ရောဂါရှိတဲ့သူ ဖြစ်နေတယ် .. သူ့မိန်းမနဲ့ကွာရှင်းပြီး ကားကိုလည်း လွန်ခဲ့တဲ့နှစ်လထဲက ရောင်းခဲ့တာတဲ့ ... အဲ့တာကြောင့် ကားအက်စီးဒန့်အတွက် သဲလွန်စ မရနိုင်ခဲ့ဘူး"

ချင်းစုယွဲ့က တိတ်ဆိတ်စွာ နားထောင်နေ၏။ နောက်ဆုံးမှာတော့ ဘယ်အတွက်ကြောင့် ရှီရှီက ဘာကိုမှ မကြောက်ရွံ့နေတာလဲဆိုတာ သူမ နားလည်မိသွားချေပြီ။ သူမက သဲလွန်စတွေ အကုန်လုံးကို ဖျောက်ဖျက်ပြီးသားပင်။ အရေးကြီးဆုံးကတော့ သူမက သက်သေတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းထားပြီးသား ဖြစ်နေလေသည်။

ချင်းစုယွဲ့က တည်ကြည်နေ၏။
"ကိုကို ... လင်းဟွေ့ကိုရော စုံစမ်းလို့ရလား?"

21.7.2020

*********************

Continue Reading

You'll Also Like

592K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
781K 50.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
68.1K 5K 17
Hidden love ရဲ့ မူရင်းဝတ္ထု Secretly secretly unable to hide it ရဲ့ extra 5 ပိုင်းပါ။ ပထမဘာသာပြန်သူ eaindranaing1 profile မှာ အပိုင်း ၁မှ ၈၅ ထိရှိပြီ...
164K 14.7K 62
Own Credtion လို႔ အတိအက် မေဖာ္က်ဴးႏုိင္ေပမယ့္ ေက်ာရိုးမွလြဲ၍ ဇာတ္လမး္ ဇာတ္ကြက္နဲ႔ ဇာတ္ေကာင္ေတြ အားလံုးဟာ စြဲေမြးဖြားထားတဲ့ စြဲရဲ႕သားသမီးေတြ ျဖစ္ပါတယ္...