Zawgyi
Golden Palace ရဲ႕ Hotelေဆာက္လုပ္ေရးဆိုဒ္တြင္းရွိ ဘန္ဂလိုထဲတြင္ မာန္ ရွိေနသည္။အခန္းတံခါးကုိေခါက္ကာဝင္လာေသာသူကား သူ႔ရဲ႕ လက္ေထာက္ အကိုတစ္ေယာက္လို ခင္မင္ရသည့္ ကိုေနလင္း။
"လာၿပီလား..ကိုလင္း"
"ေရာ႕..မင္းေတာင္းထားတဲ့ ေဆာက္လုပ္ေရးကုန္က်စရိတ္စရင္းေတြ.။ၿပီးေတာ့ စံုစမ္းခိုင္းထားတာသိခဲ့ရၿပီ။"
"ဘယ္လိုလဲ.."
ကိုလင္းေပးေသာ စာရင္းစာအုပ္ကိုလွမ္းယူရင္း သူေမးလိုက္ေလသည္။
"ေနရွင္းသကၠရာဇ္။ ေတာင္ႀကီးတကၠသိုလ္ရဲ႕တစ္ေဇာက္ကန္းေပါ့..ေက်ာင္းသားေတြၾကားမွာတာ္ေတာ္ေလး ေရပန္းစားတယ္တဲ့။မိုင္းကိုင္နယ္က ေစာ္ဘြားမ်ိဳးႏြယ္..ေျပာရရင္ ရွမ္းေဒသရဲ႕ ေတာ္ဝင္မ်ိဳးဆက္ထဲပါတယ္။သူ႔အေမက အရင္ေခတ္က နယ္ပိုင္ဝန္ေထာက္ရဲ႕ ေျမးေလ..အဘြားက လည္းဒီမ်ိဳးရိုးထဲကဘဲ။အေမကဆံုးသြားၿပီ။ထူးျခားတာကဘာလဲသိလား.."
ဘာမို႔လဲ..
"Green Mountainရဲ႕ ဒုတိယေျမာက္သားျဖစ္ေနတာဘဲ။"
"ဘာ...!!!"
မာန္႔ရင္ထဲ စိုးထိပ္စိတ္နဲ႔ အံ့ၾသမႈအေပါင္းသရဖူေဆာင္းသြားသည္။Green Mountain ဟာသူတို႔ရဲ႕ၿပိဳင္ဘဲ လုပ္ငန္းမဟုတ္ေသာ္လည္း အတတ္နိုင္ဆံုးမပတ္သက္မိေအာင္ ေလကာေရွာင္ထားသည့္လုပ္ငန္းတစ္ခု။ေၾကာက္၍ေတာ့မဟုတ္..မုန္းတီး႐ႊ႕ံရွာေနမိျခင္းေၾကာင့္ပင္။
"G.Mရဲ႕ ဒုတိယသားတဲ့လား..။မျဖစ္နိုင္တာ..ဒီေကာင္က ေသာ္ေလးရဲ႕အနီးဆံုးမွာရွိေနတယ္ဆိုတာ အဓိပၸါယ္ရွိလို႔လား"
"မရွိဘူးေပါ့..ေသာ္ကေမာင္နဲ႔ သူငယ္ခ်င္းထက္ပိုတဲ့ဆက္ဆံေရးဆိုပိုလို႔ေတာင္ အဓိပၸါယ္မရွိတာဘဲ။"
မာန္ ကိုလင္းရဲ႕စကားကို ေခါင္းၿငိမ့္ကာေထာက္ခံလိုက္သည္။မျဖစ္သင့္ဘူးဆိုတာ သူေသာ္ေလးကိုခ်စ္ေသာစိတ္တစ္ခုတည္းေၾကာင့္မဟုတ္ေပ။ေသာ္ေလးမသိတဲ့အမွန္တရားတစ္ခုေၾကာင့္သာျဖစ္ေပသည္။
လြန္ခဲ့ေသာနွစ္မ်ားဆီက ေဖေဖေျပာတာၾကားဖူးသည္မွာ ဦးေလးေမာင္ရဲ႕ကားမေတာ္တဆမႈသည္ GMရဲ႕ လုပ္ႀကံမႈေၾကာင့္ဆိုေသာစကား။ဦးေလးေမာင္တီထြင္ထားေသာ ဝိုင္ထုပ္လုပ္ေရးFormularကို ခိုးယူခဲ့သည့္အျပင္..ဦးေလးေမာင္ရဲ႕ ဝိုင္ၿခံေလးကိုပါလူမိႈက္ငွားၿပီးဖ်က္စီးခဲ့သည္။အျမတ္ေငြကိုခြဲေဝမေပးဘဲ သူငယ္ခ်င္းျဖစ္သူကိုသစၥာေဖာက္ခဲ့ေသာဦးေကာင္းေခတ္ေၾကာင့္ ဦးေလးေမာင္တို႔ဘဝပ်က္ကိန္းဆိုတ္ခဲ့ရသည္။ကားဘရိပ္ကိုတမင္ျဖတ္ျပစ္ထားေသာအေထာက္အထားမ်ားရွိေသာ္လည္း ေငြအားျဖင့္ဖုံးကြယ္ခဲ့ေသာေၾကာင့္ အမႈပိတ္ခဲ့ရသည္။
အၿမဲၿပံဳးရယ္ေနတတ္တဲ့ ေဒၚေသာ္တာမိုးရဲ႕ရင္ထဲကို အၿငိဳးတရားထည့္သြင္းေပးလိုက္သည့္သေဘာပင္။GMဟုဆိုလ်င္ အလြန္တရာမွမုန္းတီးေနေသာ အန္တီမုိးသာ ေနရွင္းအေၾကာင္းသိသြားရင္ဆိုေသာ စိတ္က မာန္႔ရင္ထဲေတြးပူေနေလသည္။
"အန္တီမိုးနဲ႔ ေသာ္ေလးကေရာ..ေနရွင္းဆိုတဲ့ေကာင္က GMကမွန္းသိလား"
"ေသာ္ကေမာင္ကေတာ့သိတယ္။အန္တီမိုးကေတာ့ မသိဘူး။
ေနာက္ၿပီး မင္းမိဘေတြ"
"ဘယ္သူကိုမွအသိမေပးနဲ႔..ေနရွင္းက ဘယ္သူဆိုတာေရာ..ေသာ္ေလးရဲ႕အနားမွာ ဘယ္သူရွိေနတယ္ဆိုတာေရာ။
ဘယ္သူမွသိလို႔မျဖစ္ဘူး.."
"ေနာက္မွသိသြားရင္..."
မသိခင္ ေသာ္ေလးေဘးက ထြက္သြားေအာင္လုပ္မွာမို႔..အဲဒီအခ်ိန္ထိၿငိမ္ေနေပး။ဦးေလးေမာင္က GMရဲ႕ဦးေကာင္းေခတ္ရဲ႕ ပေရာဂေၾကာင့္ေသသြားရတယ္ဆိုတာ ေသာ္ေလးသိရင္ စိတ္ဒဏ္ရာကိုထိုးဆြလိုက္သလိုျဖစ္သြားမွာ..ေသာ္ေလးေဘးက သူထြက္သြားၿပီးတဲ့အခ်ိန္မွ သိသြားရင္ ပိုေကာင္းမယ္ထင္တယ္။
"အြန္း..ငါေစာင့္ၾကည့္ထားပါ့မယ္။"
ကိုလင္းနဲ႔ စကားေျပာၿပီးေနာက္ မာန္ရဲ႕မ်က္နာထက္ မဲ့ၿပံဳးတစ္ပြင့္ျဖစ္ထြန္းလာသည္။ထိုအၿပံဳးကား အခ်စ္တိုက္ပြဲရဲ႕ အနိုင္ၿပံဳးျဖစ္သည္။
"ေနရွင္း..ေနရွင္း..။
ေကာင္ေလး မင္းနဲ႔ေသာ္ေလးက ရန္သူဆိုရင္ေတာ့မေျပာတတ္ေပမဲ့ သူငယ္ခ်င္းဆိုတာေတာင္ မင္းတိုနွစ္ေယာက္အတြက္ ကံၾကမၼာက မ်က္နာသာေပးလြန္းေနၿပီ။"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရွင္း
က်ေနာ္ နဲ႔ နန္းစံေ႐ႊဘုန္းပြင့္ဘုရားေပၚေရာက္ေနခဲ့တယ္။ေနဝင္ခ်ိန္ ညေနခင္းနဲ႔ ထံုးျဖဴျဖဴဘုရားေတြဝန္းရန္ထားတဲ့ေ႐ႊေရာင္ေတာက္ေတာက္ ေ႐ႊဘုန္းပြင့္ဘုရားဟာ သပၸါယ္လြန္းလွပါတယ္။အားလံုးက လွပတဲ့viewကိုေနာက္ခံထားရင္း ဓာတ္ပံုေတြရိုက္ေနၾကတယ္။နန္းစံဘာလုပ္ေနလဲဆိုတာ က်ေနာ္သတိမထားမိဘူး။က်ေနာ့္စိတ္ထဲေတြးေနမိတာက ေမာင္။
ဟိုတစ္ေန႔က မိုးမိၿပီး နာစီးေခ်ာင္းဆိုးေနတဲ့သူ႔ကိုအေဆာင္မွာတစ္ေယာက္တည္းထားခဲ့ရတာ။အရင္ကတည္းက အားနည္းတဲ့ေမာင္က ေဆးေသာက္လည္းပ်င္းတယ္ေလ။ေ႐ႊဘုန္းပြင့္ကေနျမန္ျမန္ျပန္ရမယ္လို႔ေတြးရင္း နန္းစံကို ျပန္ဖို႔ေျပာရန္ဆံုး ျဖတ္လိုက္တယ္။
"ကိုေန.."
"နန္းစံ ကိုယ္တို႔ျပန္"
"ကိုေန႔အတြက္ နန္းစံက ဘာလဲ။"
"ဟမ္...!"
က်ော္မေျဖတတ္ဘူး။တိတိက်က်သတ္မွတ္ထားျခင္းမရွိတာေၾကာင့္ နန္းစံက က်ေနာ့္အတြက္ဘာလဲဆိုတာ က်ေနာ္ကိုယ္တိုင္ေတာင္မသိေတာ့ပါဘူး။နန္းစံကုိက်ေနာ္ခ်စ္တာလားဆိုတာလည္း မေတြးခဲ့ဖူးသလို နန္းစံဟာ က်ေနာ့္အတြက္တစ္ဘဝလံုးလို႔လည္းမေတြးခဲ့မိဖူးပါဘူး။သူမကိုမွမဟုတ္ ဘယ္မိန္းကေလးကိုမွ က်ေနာ္ခ်စ္တယ္လု႔ိမေတြးခဲ့ဖူးဘူး။
"ကိုယ့္ေကာင္မေလး.."
"အဲဒါဘဲလား..ကိုေန အရင္က တြဲခဲ့တဲ့ေကာင္မေလးေတြအေပၚထားခဲ့တဲ့ခံစားခ်က္ထက္မပိုဘူးလား.."
"နန္းစံ ကိုယ္ကိုမရစ္နဲ႔ကြာ...ကိုယ္တို႔အဆင္ေျပေနတာဘဲ။"
"အဆင္ေျပတယ္။ဘာကိုလဲ..ကိုေန႔စိတ္ထဲမွာ တစ္ျခားတစ္ေယာက္ရွိေနၿပီး နန္းစံကို အေပၚယံၾကည္ႏူးျပတာလား။နန္းစံတို႔က ေလ့လာတဲ့သေဘာနဲ႔တြဲရံုသက္သက္ဆိုတာသိပါတယ္။ဒါမဲ့ကိုေနရဲ႕ ဂရုစိုက္မႈေလးေတာ့လိုခ်င္မိခဲ့တယ္။အနည္းဆံုးေတာ့ နန္းစံအေပၚ "
ေျပာရင္းဆိုရင္း နန္းစံမ်က္ရည္ေလးေတြဝဲလာတယ္။က်ေနာ္စိတ္မေကာင္းခဲ့ဘူး။ဒါေပမဲ့ စိတ္မေကာင္းရံုတင္ ခံစားခ်က္တို႔ရပ္တန္႔ကုန္တာ..။ဒီထက္ပိုၿပီး နာက်င္မႈလည္မခံစားခဲ့ရပါဘူး။
နန္းစံေျပာသလို က်ေနာ့္စိတ္ထဲ တစ္ျခားတစ္ေယာက္ရွိေနတာလားလို႔သံသယျဖစ္မိေနတယ္။
"နန္းစံဘက္ကဘဲ ခ်စ္ဘဲခ်စ္မေနခ်င္ဘူးကိုေန..အခ်စ္ဘဲခံခ်င္တာ။"
"ေတာင္းပန္ပါတယ္။"
က်ေနာ္ပထမဆံုးေျပာတဲ့စကားပါ။နန္းစံက မိန္းမေကာင္းေလးတစ္ေယာက္..က်ေနာ့္လိုအရႈတ္ေပြတဲ့ေကာင္နဲ႔မအပ္စပ္ဘူး။မိန္းကေလးေတြထဲ သူ႔ကုိေတာ့ရိုးရိုးသားသားခင္ခဲ့မိတယ္။
"နန္းစံတို႔ရပ္လိုက္ရင္ေကာင္းမယ္။ကိုေန ခံစားခ်က္ကိုရွင္းရွင္းလင္းလင္းလုပ္သင့္တယ္ထင္တယ္။"
က်ေနာ္မေျပာတတ္ေတာ့ဘူး။နန္းစံနဲ႔လမ္းခြဲၿပီးရင္ က်ေနာ့္ခံစားခ်က္ကိုရွင္းရွင္းလင္းလင္းလုပ္ပါတဲ့။နန္းစံေျပာသလို က်ေနာ္ရင္ထဲေနရာယူထားတဲ့သူက တစ္ကယ္ဘဲေမာင္မ်ားျဖစ္ေနမလားေပါ့။ေ႐ႊဘုန္းပြင့္ကေန နန္းစံျပန္သြားခဲ့ၿပီ။မသြားပါနဲ႔လု႔ိလည္းမျပာခဲ့သလို သြားပါလို႔လဲမနွင္ခဲ့ဘူး။က်ေနာ္တစ္ေယာက္သာ မတင္မက်က်န္ခဲ့ရတယ္။
"မျဖစ္နိုင္ဘူး..ငါကေမာင့္ကို။ လံုးဝျဖစ္ဘူးရွင္း မင္းစိတ္ထိန္းစမ္း။သူက ေယာက်ာ္းေလးတစ္ေယာက္.."
က်ေနာ္ မီးညႇိထားတဲ့စီးကရက္တိုကို ကုိင္ရင္းစိတ္လြန္ဆြဲေနတယ္။က်ေနာ္ေမာင့္ကိုခ်စ္ေနၿပီတဲ့...နွလံုးသားေလးကေျပာေနၿပီ။ဒါေပမဲ့..က်ေနာ္လက္မခံနိုင္ဘူး။က်ေနာ္က..က်ေနာ္က ေယာက်ာ္းေလးတစ္ေယာက္ကိုႀကိဳက္တာတဲ့လား..ၾကားသာၾကားဖူးေပမဲ့ ကိုယ္တိုင္ေတြ႕ႀကံဳလာေတာ့ ခံစားခ်က္က မြန္းၾကပ္လာတယ္။
ညေန ေနေတာင္ဝင္ၿပီ။က်ေနာ္ထိုင္ခံုေလးမွာထိုင္ေနဆဲပါဘဲ။Phoneကိုဖြင့္ရင္း စိတ္ေျပလက္ေပ်ာက္ Onlineေပၚတက္လိုက္တယ္။ေမာင့္ ရဲ႕accထဲကိုမေမ်ာ္လင့္ပါဘဲ အလိုလိုေရာက္သြားတယ္။
**Night Out..**
**ကိုကုိႀကီးနဲ႔အတူ...**
"What?!!!"
ေမာင့္ရဲ႕ပိုစ့္က က်ေနာ္ ရင္ထဲမွာေအာင့္သက္သက္ခံစားရေစတယ္။ေနမေကာင္းရင္အေဆာင္ထဲမွာေနတာမဟုတ္ဘဲ လမ္းသလားေနရသလားလို႔ က်ေနာ္ေတြးလိုက္တယ္။သြားတာေတာင္ တစ္ေယာက္ထဲမဟုတ္..ဟိုလူႀကီးပါေနေသးတာတဲ့။
First comment..
**ေမာက္မို = ဟယ္..ကြၽတ္ဆင္ႀကီး**
Second comment
**မင္းေမာ္ = ငါတို႔ကိုလ်ွိဴထားတယ္ၾကည့္..**
Third comment
**ခြန္ၾကာ = ေရွ႕ကဘဲကင္ကိုေရာစားရဲ႕လား..ကိုကိုႀကီးတို႔လက္သြက္ခ်က္..**
"က်စ္...ဒီေကာင္ေတြ မီးေလာင္ရာေလပင့္ေနၾကတာလား။သူငယ္ခ်င္းက အရိုင္းအစိုင္းနဲ႔သြားလာေနရင္ ထိန္းၾကမွေပါ့။တစ္ကယ္ဘဲ စိတ္တိုလိုက္တာ.."
"ေမာင္ရင္ အဆင္ျပရဲ႕လား.."
က်ေနာ့္ေဘးက ဘုရားေဂါပက ကေမးလာမွ က်ေနာ္သတိမႈလိုက္မိတယ္။တစ္ေယာက္တည္းက်ိန္ဆဲေနတဲ့က်ေနာ့္ကို ဘယ္လိုမ်ားထင္ေနလိမ့္မလဲ။
"Sorryပါဗ်ာ..က်ေနာ္သြားလိုက္ပါဦးမယ္။"
ဖုန္းကိုအိတ္ထဲထည့္လိုက္ၿပီး မလံုမလဲထြက္လာရင္း ဆိုင္ကယ္ေပၚတက္ခြလိုက္တယ္။
"ဟုတ္တယ္..ထုတ္ထားလိုက္ရွင္း။
ေမာင္ကေခ်ာတယ္ေလ..ဒါေၾကာင့္ တစ္မ်ိဳးထင္မိတာေနမွာ...။ဘာျဖစ္လဲ လူတိုင္း ေခ်ာရင္ရင္ခုန္တတ္တာခ်ည္းဘဲ။"
.
.
.
.
က်ေနာ္အေဆာင္ဘက္ကို ေရာက္ေတာ့ဆိုင္ကယ္ရပ္လိုက္တယ္။ေမာင့္အတြက္နာစီးေခ်ာင္းဆိုးေပ်ာက္တဲေဆးဝယ္ဖို႔။ဘာေဆးေကာင္းမွန္းမသိတာနဲ႔ ၁၀မ်ိဳးေလာက္ ဝယ္လာခဲ့တယ္။ေမာင္မႀကိဳက္တဲ့ေဆး မတိုက္ဘဲ ကိုယ္တိုင္သာေရာဂါကိုေျပာင္းယူေပးလို႔ရရင္ ယူေပးလိုက္ခ်င္တာ..
အေဆာင္ေရွ႕ကိုေရာက္ေတာ့ ကားေပၚကေနဆင္းလာတဲ့ ေမာင့္ကိုေတြ႕လိုက္ရတယ္။ေနာက္ၿပီး ဟိုလူ႔ကိုေရာ..။က်ေနာ္ရပ္ၾကည့္ေနတုန္း ေမာင့္ရဲ႕နာဖူးေလးကို အဲဒီလူနမ္းလိုက္တာေတြ႕လိုက္ျပန္တယ္။က်ေနာ္ သတိလြတ္ၿပီး ေမာင့္အနားကိုတန္းတန္းမတ္မတ္သြားလိုက္တယ္။ေမာင္ကေတာ့က်ေနာ္လာတာမသိရွာဘူး..ကိုကိုႀကီးဆိုတဲ့ေကာင္ကိုလက္ျပႏုတ္ဆက္ေနရလို႔..
"ေမာင္.."
"ဟင္..ရွင္း!!။"
နာေခါင္းေလးရွံုရင္းက်ေနာ္ကိုၾကည့္ေနတဲ့ေမာင္က ေနမေကာင္းလို႔ နာဖ်ားေလးေတြနီေနတယ္။
"အခုဘယ္ကျပန္လာတာလဲ။ေနမေကာင္းရင္ အေဆာင္မွာဘဲေနသင့္တာေပါ့။ငါက ေဆးဝယ္.."
"ကိုကိုႀကီးကိုဖုန္းဆက္လိုက္တာ..
ေဆးခန္းျပဖို႔ လာေခၚပါဆိုၿပီး။"
"ေဆးခန္း..ဘာလို႔အဲဒီေကာင္လဲ။"
"မင္းက မအားလို႔ေလ။ဘာလို႔ဒီေလာက္ေဒါသထြက္ေနရတာလဲ။ရွင္း မင္းအေၾကာင္းျပခ်က္မရွိဘဲ ကိုကိုႀကီးကို မုန္းေနတာရပ္သင့္ၿပီ။"
"ဘာ!!..။မင္းလူကိုထိေတာ့နာတယ္ေပါ့..ဟုတ္လား။လမ္းလယ္ေခါင္ႀကီး နာဖူးေလးနမ္းၿပီးၾကည္ႏူးေနတာေက်နပ္ေနတယ္ေပါ့..ေသာ္ကေမာင္။"
"တစ္ဖက္သတ္လာမစြပ္စြဲနဲ႔။လူတိုင္းကိုမင္းလိုထင္မေနနဲ႔ ေနရွင္း။ကိုကိုႀကီးက ငါ့အတြက္ အေဖလိုလူမ်ိဳးဘဲ.."
ေမာင့္ရဲ႕ စိမ္းကားကားမ်က္ဝန္းက က်ေနာ့္ရင္ကိုနာက်င္ေစတာမသိခဲ့ဘူး။ေမာင္ေျပာတာဟုတ္တယ္။ေမာင္ေျပာသလို လူတိုင္းကို မိုက္ရိုင္းေနတဲ့က်ေနာ္နဲ႔ေတာ့မနိုင္းသင့္ဘူးေလ။
"ဟုတ္တယ္။မင္းကိုဘဲ စိုးမိုးေနတဲ့ငါ့စိတ္ကမွားေနတာ..။"
"ငယ္ငယ္ကတည္းက ကိုကိုႀကီးက ငါ့အေပၚေကာင္းခဲ့တာ။
မင္းမႀကိဳက္ရင္ေတာင္ နားလည္ေပးလို႔မရဘူးလား..
ကိုကိုႀကီးနဲ႔မင္းခင္သြားရင္..."
ကိုကိုႀကီး..ကိုကိုႀကီးဆိုတဲ့စကားက က်ေနာ္ရဲ႕စိတ္ကိုဆြေနသလိုဘဲ။ထပ္ၿပီးမၾကားခ်င္ေတာ့တာနဲ႔ ေမာင့္ခႏၲာကိုယ္ေလးကိုသိုင္းဖက္ရင္း စူစူေလးျဖစ္ေနတဲ့ ပန္းေသြးေရာင္ႏုတ္ခမ္းကိုအတင္းဖိကပ္လိုက္ေတာ့တယ္။သၾကားခဲလိုခ်ိဳျမျမအရသာနဲ ဂ်ယ္လီလိုႏုတ္ခမ္အိအိေလးက က်ေနာ္ရဲ႕စိတ္အစံုကိုျပဳစားလိုက္သလိုယစ္မူးသြားေစတယ္။
"ျပြတ္...!"
ကြာဟသြားတဲ့အခ်ိန္ ေမာင္က က်ေနာ့္ကို ျပဴးၿပဴးေလးၾကည့္ေနတယ္။ရုတ္တရက္ဆိုသလို တအုအုနဲ႔က်ိဳ႕ထုိုးလာျပန္တယ္။ေမာင္ ေၾကာက္ေနတာလား..ေဒါသထြက္မယ္ထင္ခဲ့တာ။ေမာင္ေၾကာက္ေနတာက က်ေနာ့္ကိုရဲေဆးတင္ေပးလိုက္သလိုျဖစ္ေနတယ္။က်ေနာ္ဘာကိုမွဂရုမစိုက္နိုင္ေတာ့ဘူး..
"ထပ္ၿပီး ကိုကိုႀကီးဆိုတဲ့စကားမၾကားခ်င္ဘူး ေမာင္"
××××××××××××××××××××××××
ေမာင္...
ရွင္းရဲ႕အနမ္း က်ေနာ့္ႏုတ္ခမ္းေပၚက်ေရာက္လာေတာ့ က်ေနာ္ စကၠန္႔ပိုင္းေလာက္ သက္ရွိေလာကနဲ႔အဆက္အသြယ္ျပတ္သြသလိုဘဲ။မေမ်ာ္လင့္ခဲ့တဲ့အနမ္းေၾကာင့္ ရင္ထဲမွာဗေလာင္ဆူကုန္ၿပီ။ဒါက က်ေနာ့္ဘဝရဲ႕သူစိမ္းတစ္ဦးကေပးတဲ့ ပထမဆံုးအနမ္း..။နာက်င္မႈမျမည္တဲ့ ဒီအနမ္းက ၾကမ္းတမ္းေနတာမ်ိဳးလည္းမဟုတ္သလို ႏူးညံေနတာမ်ိဳးလည္းမဟုတ္ပါဘူး။
"အခု..မင္းငါ့ကို။!!"
ေအာက္ႏုတ္ခမ္းကိုကိုက္ရင္း ေဒါသထြက္ရမဲ့အစား ရွင္းကိုေၾကာက္လာတယ္။ေယာက်ာ္းတစ္ေယာက္က ေယာက်ာ္းတစ္ေယာက္ကိုေၾကာက္တယ္ဆိုတာက နည္းနည္း ယုတိၱမရွိသလိုဘဲ။ေဒါသထြက္ဖို႔ႀကိဳးစားေပမဲ့ ရင္ထဲတစ္ဒိတ္ဒိတ္ခုန္ေနတဲ့နွလံုးသားက ရွက္စိတ္နဲ႔ ေၾကာက္စိတ္ဘဲထုတ္လြတ္ေပးေနတယ္။
"ငါေျပာတာက..ကိုကိုႀကီး..!!"
"အြန္႔..."
အငိုက္မိေနခ်ိန္မွာဘဲ က်ေနာ့္ႏုတ္ခမ္းေလးကို ရွင္းက အပိုင္သိမ္းသြားျပန္ပါတယ္။ရင္ဘတ္ကိုတြန္းကန္ထားၿပီး မ်က္နာလြဲဖို႔ႀကိဳးစားေပမဲ့ က်ေနာ္ေမွးဖ်ားကို ရွင္းကခ်ဳပ္ကိုင္ထားတယ္။ခါးကိုခႏၲာကိုယ္ေအာက္ပိုင္းနဲ႔ကပ္ေနေအာင္ဆြဲယူထားတာေၾကာင့္ ရုန္းလည္းအပိုအလုပ္ လုပ္ေနမိသလိုဘဲ။
"အြတ္.."
ဖိကပ္ရံုတင္မဟုတ္ဘဲ က်ေနာ့္လ်ွာကိုလာဆြဲယူေနတဲ့သူ႔ႏုတ္ခမ္းေၾကာင့္ အသက္ရူၾကပ္လာခဲ့တယ္။ရွင္းက အနမ္းကြၽမ္းက်င္သူလား...က်ေနာ္ဒူးေတြမခိုင္ခ်င္ေတာ့ဘူး။အင္အားတစ္ခုလံုးစုပ္ယူေနသလိုခံစားေနရတယ္။ၾကားခံနယ္မလိုဘဲ ပူးကပ္ေနတဲ့ႏုတ္ခမ္းေတြက သူ႔အနမ္းေတြေၾကာင့္ တစ္ျပြတ္ျပြတ္ရွက္စဖြယ္အသံေလးေတြေတာင္ထြက္လို႔ေနၿပီ။
သူကေတာ့ဘယ္လိုေနလဲမသိဘူး..လမ္းမလယ္ႀကီးမွာ သူနမ္းတာခံေနရတဲ့က်ေနာ္ကေတာ့ ရွက္စိတ္ေတြမြန္ေနၿပီ။လူသံအုတ္အုတ္ၾကားတာမို႔ ရွင္းပုခံုးကုိအတင္းရိုက္ပုတ္ရင္း သတိေပးလိုက္တယ္။ဒါေတာင္သူကမလြတ္ေပးဘဲ လမ္းမီးတိုင္မရွိတဲ့ အေမွာင္ရိပ္က်သည့္ အုပ္တံတိုင္းနဲ႔က်ေနာ္ေက်ာ္ျပင္ကိုကပ္ပစ္လိုက္တယ္။လူေတြျဖတ္သြားေတာ့ က်ေနာ္ရွက္လိုက္တာ..ေမွာင္ေနလို႔သာေတာ္ပါေသးတယ္။
"အဟြန္႔.."
က်ေနာ့္ႏုတ္ခမ္းကိုလြတ္ေပးလိုက္မွ အသက္ဝေအာင္ရူလိုက္ရတယ္။မတ္တပ္ရပ္ဖို႔ေတာင္မစြမ္းနိုင္လို႔ သူ႔လက္ေမာင္းကိုသာမွီတြယ္ထားရတယ္။က်ေနာ္ၾကည့္လိုက္ေတာ့ မီးေရာင္ခပ္မိန္မိန္ၾကားက ရွင္းရဲ႕မ်က္ဝန္းေတြက ရီေဝေဝ။
"ေမာင္..ငါ.."
"အင့္..."
ထပ္ၿပီးတိုးကပ္လာတဲ့ရွင္းရဲ႕ေျခေထာက္ကို က်ေနာ္ ေဆာင့္နင္းလိုက္ေတာ့ ေတာ္ေတာ္နာသြားတယ္ထင္ပါရဲ႕။ကုန္းကုန္းကြကြနဲ႔မ်က္နာမဲ့က်န္ခဲ့တဲ့သူ႔ကို အတင္းတြန္းလြတ္ရင္း အေဆာင္ထဲေျပးဝင္လာမိတယ္။အခန္းတံခါးကိုေလာ့ခ်လိုက္ၿပီး ေဆာင့္ခုန္ေနတဲ့ ရင္ဘတ္ကိုလက္နဲ႔ဖိထားလိုက္ရတယ္။
သူနန္းစံနဲ႔အျပင္သြားလို႔ ကိုကိုႀကီးကိုအကူအညီေတာင္းလိုက္မိတာ။နာဖူးနမ္းတယ္ဆိုတာလည္း က်ေနာ္သေဘာမပါခဲ့ဘဲ ကိုကိုႀကီးကသာ တစ္ဖက္သတ္ျပဳမႈလိုက္တဲ့အျပဳအမူ။သံုးနွစ္ေလာက္ခင္လာတဲ့ သူငယ္ခ်င္းအရင္းေခါက္ေခါက္က နမ္းတာခံလိုက္ရတဲ့က်ေနာ္..ေနာက္ပိုင္း ဘယ္လိုမ်က္နာျပရမလဲမသိေတာ့ဘူး။
"ေမာင္...ေမာင္တံခါးဖြင့္ဦး။"
က်ေနာ္မဖြင့္ရဲဘူး။တံခါးလက္ကိုင္ပုကိုကိုင္ရင္း တြန္႔ဆုတ္ေနမိတယ္။
"ငါဖြင့္လိုက္ရမလား.."
"မဟုတ္ေသးဘူး။တစ္ကယ္ဖြင့္လိုက္ရင္ တစ္ညလံုး အခန္းထဲနွစ္ေယာက္တည္းေနရမွာ။"
"မဖြင့္ရင္လည္း သူအျပင္မွာအိပ္ေနရမယ္။"
က်ေနာ္ေတြးေနခိုက္..အျပင္ဘက္က အသံေပ်ာက္သြားတယ္။မိနစ္ပိုင္းေလာက္ေနတဲ့အထိ ဘာသံမွမၾကားရေတာ့ဘူး။တံခါးကုိသာသာေလးဟလိုက္ၿပီး ေခါင္းျပဴၾကည့္လိုက္မိတယ္။
"မရွိေတာ့ဘူး..သြားၿပီထင္တယ္။..ဟူး"
တံခါးျပန္ပိတ္ဖို႔အလုပ္မွာ အခန္းေရွ႕က အထုတ္ေလးတစ္ထုတ္ခ်ထားတာေတြေတာ့ယူၾကည့္လိုက္တယ္။ေဆးေတြ..အမ်ိဳးေပါင္းတစ္ေသာင္းရွစ္ေထာင္ေလာက္..။ေဆးထုတ္ကိုယူလိုက္ၿပီး အိပ္ရာထက္ကေခါင္းအုံးဆီ မ်က္နာအပ္လိုက္တယ္။
"အား...ဒါေလေျပာမိတာကို ထနမ္းရလား။မသိဘူး..ရွက္လိုက္တာသူ႔ေရွ႕မွာရႈံးသြားသလိုဘဲ။"
"ဒါနဲ႔ ရွင္းကငါ့ကိုႀကိဳက္ေနတာလား။"
"ငါဘာေတြေျပာေနတာလဲ။ပူလိုက္တာ..တစ္ကယ္ပူတယ္။"
က်ေနာ့္ဘာသာက်ေနာ္မ်ိဳးစံုေျပာရင္း ၿပံဳးေနမိတာ မ်က္နာပိုးကမသတ္နိုင္ေတာ့ဘူး။ရွင္းရဲ႕ ဆယ္မိနစ္ေက်ာ္ေက်ာ္ၾကာတဲ့အနမ္းက က်ေနာ့္ကိုဒီေလာက္ထိၿပိဳလဲေစနိုင္တယ္တဲ့လား။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ရွင္း..
ထမင္းေၾကာ္ပန္းကန္ထဲက ၾကက္ဥေၾကာ္အနွစ္ကို ခရင္းနဲ႔ထိုးထိုးဖြေနတဲ့က်ေနာ္။က်ေနာ့္စိတ္အဆင္မေျပေနဘူး..ၾကည့္လုက္တဲ့အရာမွန္သမ်ွ ေမာင့္မ်က္နာဘဲျမင္ေယာင္ေနတာ..။အယုတ္စြဆံုးက်ေနာ္႔ ေရွ႕မွာထိုင္ေနတဲ့ခြန္ဟိန္းကိုေတာင္ ေမာင္လို႔ထင္ေနမိတာမ်ိဳး။
"အဲေလာက္ေတာင္သေဘာက်လား.."
"အြန္း..သေဘာက်တယ္။"
"ေနရွင္း မင္းရူးသြားတာမွ သြက္သြက္ခါေနတာဘဲ။"
ခြန္ဟိန္းေမးလုိက္တာေၾကာင့္ သတိလြတ္ၿပီးေျဖမိလိုက္တယ္။မေန႔ညက ေမာင္ေနရခက္မွာစိုးတာနဲ႔ ခြန္ဟိန္းရဲ႕အေဆာင္ကိုဘဲ လာခဲ့မိေတာ့တယ္။ေမာင္တင္မကဘူး..က်ေနာ္လည္းေနရခက္တာဘဲ..။သူငယ္ခ်င္းဆိုတဲ့စည္းႀကီးကိုက်ေနာ္ေက်ာ္ခဲ့မိၿပီေလ။က်ေနာ့္ အေၾကာင္းဆိုရင္ ျမင္ရံုနဲ႔တန္းသိေနတဲ့ခြန္ဟိန္းက ဘာျဖစ္လာတယ္ဆိုတာရိပ္မိတယ္ထင္ပါတယ္။
"အာ..မင္းကလည္း ငါစိတ္ေနာက္ေနတာေနာ္။မစနဲ႔..။"
က်ေနာ္ေျပာတာကို ေျပာင္ေခ်ာ္ေခ်ာ္နဲ႔ ၿဖီးျပေနတယ္။ေခါင္းကုိက္ၿပီး ေနမေကာင္းခ်င္တဲ့က်ေနာ္ ခြန္ဟိန္းကိုျပန္မဆဲနိုင္ခဲ့ဘူး။
"မစားေတာ့ဘူး။ၾကက္ဥေၾကာ္ကလည္းရုပ္ဆိုးလိုက္တာ။ဘယ္လိုဆိုင္လဲဟ..ဒါေလးေတာင္မလုပ္နိုင္ဘူးလား.."
"ေဟ့ေကာင္ မင္းဘာသာမင္းရွက္တာနဲ႔ဘဲ ၾကက္ဥကိုပတ္မရမ္းနဲ႔။ခရင္းနဲ႔ေပါက္ထားမွေတာ့ လွပါေတာ့မလား..။အဲဒီေတာ့ ဘယ္လိုဆက္သြားမယ္စိတ္ကူးလဲ...။
"မသိေသးဘူး..အဟြတ္။"
"အကိုခြန္ဟိန္း.."
ေနာက္ကအသံေတြေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ေမာင္နဲ႔သူ႔သူငယ္ခ်င္းတစ္အုပ္။က်ေနာ္နဲ႔ေမာင္အၾကည့္ခ်င္းဆံုေတာ့ မ်က္နာလြဲမိၾကတယ္။ေဘးကေရခြက္ကိုေျပာင္သလင္းခါေအာင္ေသာက္ရင္း ခြန္ဟိန္းကိုမ်က္ရိပ္မ်က္ခ်ည္ျပလိုက္တယ္။က်ေနာ္သေဘာက ျမန္ျမန္ သြားၾကစို႔ဆိုတဲ့သေဘာ။
"ေရာက္လာၾကၿပီ ဆိုေတာ့ တစ္ဝိုင္းထဲထိုင္ၾကမလား။လူမ်ားရင္ပိုေပ်ာ္ဖို႔ေကာင္းတယ္ေလ။"
ီေသာက္တလြဲေတြလုပ္ေနတဲ့ခြန္ဟိန္းေၾကာင့္ ပိုစိတ္ညစ္သြားရတယ္။က်ေနာ္ေခါင္းေရွာင္ခ်င္တာမဟုတ္ပါဘူး။က်ေနာ္ မဆံုးျဖတ္နိုင္ေသးတာ..
"ရွတ္တီး ထိုင္ၾကစို႔..။"
"ငါပါဆယ္ဘဲမွာေတာ့မယ္။"
"အယ္...နင္ကလည္း ေျဖးေျဖးေပါ့။ဘာျဖစ္လို႔လဲ"(ဆန္မ္ငင္းဆိုင္)
"ဟတ္ခ်ိဳး..!!"(ေမာင္)
"ဟတ္ခ်ိဳး..!!"(ရွင္း)
သံၿပိဳင္ထြက္လာတဲ့ အသံေၾကာင့္ အားလံုးရဲ႕အၾကည့္က သူတို႔နွစ္ေယာက္အေပၚက်ေရာက္လာသည္။
"နွစ္ေယာက္စလံုးေနမေကာင္းဘူးလား.."(ခြန္ၾကာ)
"ဟို..ဟို.."
"အင္း...ဟိုေန႔က မိုးမိလို႔..."
ေမာင္က အထိအထိေျပာေနတာေၾကာင့္ က်ေနာ္ဝင္ေျပာလိုက္တယ္။
"မေန႔က မင္းအေကာင္းႀကီးပါ။ေ႐ႊဘုန္းပြင့္ကိုေတာ့ သြားလည္လိုက္ေသးတာေလ။"(ခြန္ဟိန္း)
"မေန႔ညကမွျဖစ္လာတာ။"
"မေန႔ညေနထိအေကာင္းတုိင္းရွိတဲ့သူက ေငါက္ခနဲ႔ထဖ်ားတယ္ေပါ့။"
"ဘာလဲ ငါကမဖ်ားရေတာ့ဘူးလား။မင္းကို အကုန္သံေတာ္ဦးတင္ေနရဦးမွာလား..။ငါသြားၿပီ။"
ရွင္းထထြက္သြားမယ္လုပ္ေတာ့ စားပြဲထုိးက ေမာင့္ကိုမွာထားတဲ့ပါဆယ္ထုပ္ေလးလာေပးသည္။
"ရွတ္တီး..ငါတို႔ကထိုင္စားမွာဆိုေတာ့ၾကာေနမွာ။ကိုေနရွင္းေနာက္လိုက္သြားပါလား။"
"မရဘူး!!..."(ရွင္း)
"မလုိက္ဘူး...!!"(ေမာင္)
"ရွတ္တီး..နင္တို႔နွစ္ေယာက္ရန္ျဖစ္ထားတာလား။"(ေမာက္မို)
"ဟမ္...မဟုတ္ပါဘူး။"
"မဟုတ္ရင္ဘာျဖစ္လို႔ မလိုက္ရတာလဲ။"
"ဘယ္သူကမလိုက္ဘူးေျပာလို႔လဲ။သြားၾကမယ္။"
ေမာင္က က်ေနာ့္ေရွ႕ကေနဦးေဆာင္ၿပီးထြက္သြားတယ္။ခြန္ဟိန္းကေတာ့ လိုက္သြားဆိုတဲ့သေဘာနဲ႔ေမးဆပ္ျပန္လုိက္ျပန္တယ္။တစ္ေကာင္တည္းရွိတဲ့ အတန္းေဖာ္ကေတာ့ အားကိုးလို႔ကိုမရ။
"အကိုခြန္ဟိန္း..ခုနကတည္ူကၿပံဳးစိစိနဲ႔ ဘာျဖစ္ေနတာလဲ။"
"အဲလို႔ေလးေတြရွိတယ္။စားၾက.."
.
.
.
က်ေနာ္နဲ႔ေမာင္ ေက်ာင္းေရွ႕ေရာက္တဲ့အထိဘာစကားမွမေျပာျဖစ္ၾကဘူး။ဆိုင္ကယ္ေပၚက ေမာင္ဆင္းရင္ အၿမဲခြၽတ္ေပးေနၾက ဦးထုတ္ေလးရဲ႕ေမွးသိုင္းႀကိဳးကိုကိုင္လိုက္ေတာ့ ေမာင္မ်က္နာေလးက ပန္းေရာင္သန္းေနတယ္။ေမာင္ရွက္ေနတာဘဲ။
"နန္းစံနဲ႔ မေန႔က ေပ်ာ္ခဲ့ရဲ႕လား။"
မထင္မွတ္တဲ့ေမာင့္ရဲ႕ စကားေလး။
"လမ္းခြဲလိုက္ၿပီ။"
က်ေနာ္ေျပာလိုက္တာေၾကာင့္ ေမာင္က အံ့ၾသသလိုၾကည့္လာတယ္။လမ္းခြဲၿပီးခ်င္း နမ္းခဲ့တာမို႔ တစ္မ်ိဳးထင္သြားမလား စိုးရိမ္မိေသးတယ္။
"ေအာ္...ငါ..ငါသြားေတာ့မယ္။"
"အြန္း..."
က်ေနာ္နဲ႔ေမာင္ စိန္ပန္းျပာေတြေဝေနတဲ့ ဆိုင္ကယ္စတန္းကေန ဆန္႔က်င္ဘက္ကိုထြက္ဖို႔ျပင္လိုက္ၾကတယ္။ေက်ာင္းသားေရးရာ ေက်ာင္းေဆာင္ဝါဝါႀကီးကိုပတ္ၿပီးသြားမဲ့ေမာင္နဲ႔ ဆန္က်င္ဘက္ေတြ႕ရာလမ္းကို သြားမဲ့က်ေနာ္..
"ေမာင္...!!"
"ရွင္း..!!"
နွစ္ေယာက္သား ၿပိဳင္တူလွည့္ရင္း ေခၚလိုက္တာမိတယ္။ၿပံဳးရိပ္ျဖတ္သြားတဲ့ ေမာင္မ်က္နာေလးက က်ေနာ္အတြက္ေဆးတစ္ခြက္လိုပါဘဲ။ေမာင္က်ေနာ့္ကိုစိတ္မဆိုးဘူးေပါ့..
"ေျပာေလ..ရွင္း။"
"အဟမ္း..မနက္ပုိင္းအတန္းျပီးရင္ ဒီစိန္ပန္းပင္ေအာက္မွာ
ေတြ႕ၾကမလား။"
ေမာင္ ေခါင္းၿငိမ့္လိုက္တယ္။ေမာင္က က်ေနာ့္ရဲ႕ နွလံုးသားတင္မက စိတ္အစဥ္မွာ အၿမဲလိုပင္ေနရာယူထားခဲ့ၿပီမို႔ က်ေနာ္ေရွာင္မလြဲခ်င္ေတာ့ဘူး။
ဘယ္အခ်ိန္ကစၿပီးေမာင့္အေပၚရင္ခုန္ခဲ့သလဲ..ေမာင္ဟာက်ေနာ့္ကိုဘယ္အတိုင္းအတာထိစိုးမိုးထားၿပီလဲ။သာမန္မဟုတ္တဲ့အခ်စ္ကို က်ေနာ္ဘယ္လိုရင္ဆိုင္မလဲဆိုတာ က်ေနာ္မသိေသးဘူး။က်ေနာ္သိတာ ေမာင့္ကိုခ်စ္တယ္ဆိုတာေလးပါဘဲ..
"ေမာင့္အေပၚထားတဲ့ က်ေနာ္ရဲ႕အခ်စ္က အေနအထားမတူ သံုးခြရွိတဲ့စိန္ပန္းျပာရဲ႕ ပြင့္ဖတ္ေလးတစ္ခုလိုဘဲ ေမာင့္ေရွ႕မွာအၿမဲေႂကြက်ေနရတာ..။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Author's Note
အပြင့္က ေၾကာင္လ်ွာ..
႐ြက္လႊာကစိန္ပန္း..
အသီးမွာပိေတာက္ရယ္မို႔ ယိုးပံုကဆန္းတဲ့..
#တကၠသိုလ္ဘုန္းနိုင္ရဲ႕ကဗ်ာမွ ေကာက္ႏုတ္သည္။
________________________________
Unicode
Golden Palace ရဲ့ Hotelဆောက်လုပ်ရေးဆိုဒ်တွင်းရှိ ဘန်ဂလိုထဲတွင် မာန် ရှိနေသည်။အခန်းတံခါးကိုခေါက်ကာဝင်လာသောသူကား သူ့ရဲ့ လက်ထောက် အကိုတစ်ယောက်လို ခင်မင်ရသည့် ကိုနေလင်း။
"လာပြီလား..ကိုလင်း"
"ရော့..မင်းတောင်းထားတဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ်စရင်းတွေ.။ပြီးတော့ စုံစမ်းခိုင်းထားတာသိခဲ့ရပြီ။"
"ဘယ်လိုလဲ.."
ကိုလင်းပေးသော စာရင်းစာအုပ်ကိုလှမ်းယူရင်း သူမေးလိုက်လေသည်။
"နေရှင်းသက္ကရာဇ်။ တောင်ကြီးတက္ကသိုလ်ရဲ့တစ်ဇောက်ကန်းပေါ့..ကျောင်းသားတွေကြားမှာတာ်တော်လေး ရေပန်းစားတယ်တဲ့။မိုင်းကိုင်နယ်က စော်ဘွားမျိုးနွယ်..ပြောရရင် ရှမ်းဒေသရဲ့ တော်ဝင်မျိုးဆက်ထဲပါတယ်။သူ့အမေက အရင်ခေတ်က နယ်ပိုင်ဝန်ထောက်ရဲ့ မြေးလေ..အဘွားက လည်းဒီမျိုးရိုးထဲကဘဲ။အမေကဆုံးသွားပြီ။ထူးခြားတာကဘာလဲသိလား.."
ဘာမို့လဲ..
"Green Mountainရဲ့ ဒုတိယမြောက်သားဖြစ်နေတာဘဲ။"
"ဘာ...!!!"
မာန့်ရင်ထဲ စိုးထိပ်စိတ်နဲ့ အံ့သြမှုအပေါင်းသရဖူဆောင်းသွားသည်။Green Mountain ဟာသူတို့ရဲ့ပြိုင်ဘဲ လုပ်ငန်းမဟုတ်သော်လည်း အတတ်နိုင်ဆုံးမပတ်သက်မိအောင် လေကာရှောင်ထားသည့်လုပ်ငန်းတစ်ခု။ကြောက်၍တော့မဟုတ်..မုန်းတီးရွှံ့ရှာနေမိခြင်းကြောင့်ပင်။
"G.Mရဲ့ ဒုတိယသားတဲ့လား..။မဖြစ်နိုင်တာ..ဒီကောင်က သော်လေးရဲ့အနီးဆုံးမှာရှိနေတယ်ဆိုတာ အဓိပ္ပါယ်ရှိလို့လား"
"မရှိဘူးပေါ့..သော်ကမောင်နဲ့ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးဆိုပိုလို့တောင် အဓိပ္ပါယ်မရှိတာဘဲ။"
မာန် ကိုလင်းရဲ့စကားကို ခေါင်းငြိမ့်ကာထောက်ခံလိုက်သည်။မဖြစ်သင့်ဘူးဆိုတာ သူသော်လေးကိုချစ်သောစိတ်တစ်ခုတည်းကြောင့်မဟုတ်ပေ။သော်လေးမသိတဲ့အမှန်တရားတစ်ခုကြောင့်သာဖြစ်ပေသည်။
လွန်ခဲ့သောနှစ်များဆီက ဖေဖေပြောတာကြားဖူးသည်မှာ ဦးလေးမောင်ရဲ့ကားမတော်တဆမှုသည် GMရဲ့ လုပ်ကြံမှုကြောင့်ဆိုသောစကား။ဦးလေးမောင်တီထွင်ထားသော ဝိုင်ထုပ်လုပ်ရေးFormularကို ခိုးယူခဲ့သည့်အပြင်..ဦးလေးမောင်ရဲ့ ဝိုင်ခြံလေးကိုပါလူမှိုက်ငှားပြီးဖျက်စီးခဲ့သည်။အမြတ်ငွေကိုခွဲဝေမပေးဘဲ သူငယ်ချင်းဖြစ်သူကိုသစ္စာဖောက်ခဲ့သောဦးကောင်းခေတ်ကြောင့် ဦးလေးမောင်တို့ဘဝပျက်ကိန်းဆိုတ်ခဲ့ရသည်။ကားဘရိပ်ကိုတမင်ဖြတ်ပြစ်ထားသောအထောက်အထားများရှိသော်လည်း ငွေအားဖြင့်ဖုံးကွယ်ခဲ့သောကြောင့် အမှုပိတ်ခဲ့ရသည်။
အမြဲပြုံးရယ်နေတတ်တဲ့ ဒေါ်သော်တာမိုးရဲ့ရင်ထဲကို အငြိုးတရားထည့်သွင်းပေးလိုက်သည့်သဘောပင်။GMဟုဆိုလျင် အလွန်တရာမှမုန်းတီးနေသော အန်တီမိုးသာ နေရှင်းအကြောင်းသိသွားရင်ဆိုသော စိတ်က မာန့်ရင်ထဲတွေးပူနေလေသည်။
"အန်တီမိုးနဲ့ သော်လေးကရော..နေရှင်းဆိုတဲ့ကောင်က GMကမှန်းသိလား"
"သော်ကမောင်ကတော့သိတယ်။အန်တီမိုးကတော့ မသိဘူး။
နောက်ပြီး မင်းမိဘတွေ"
"ဘယ်သူကိုမှအသိမပေးနဲ့..နေရှင်းက ဘယ်သူဆိုတာရော..သော်လေးရဲ့အနားမှာ ဘယ်သူရှိနေတယ်ဆိုတာရော။
ဘယ်သူမှသိလို့မဖြစ်ဘူး.."
"နောက်မှသိသွားရင်..."
မသိခင် သော်လေးဘေးက ထွက်သွားအောင်လုပ်မှာမို့..အဲဒီအချိန်ထိငြိမ်နေပေး။ဦးလေးမောင်က GMရဲ့ဦးကောင်းခေတ်ရဲ့ ပရောဂကြောင့်သေသွားရတယ်ဆိုတာ သော်လေးသိရင် စိတ်ဒဏ်ရာကိုထိုးဆွလိုက်သလိုဖြစ်သွားမှာ..သော်လေးဘေးက သူထွက်သွားပြီးတဲ့အချိန်မှ သိသွားရင် ပိုကောင်းမယ်ထင်တယ်။
"အွန်း..ငါစောင့်ကြည့်ထားပါ့မယ်။"
ကိုလင်းနဲ့ စကားပြောပြီးနောက် မာန်ရဲ့မျက်နာထက် မဲ့ပြုံးတစ်ပွင့်ဖြစ်ထွန်းလာသည်။ထိုအပြုံးကား အချစ်တိုက်ပွဲရဲ့ အနိုင်ပြုံးဖြစ်သည်။
"နေရှင်း..နေရှင်း..။
ကောင်လေး မင်းနဲ့သော်လေးက ရန်သူဆိုရင်တော့မပြောတတ်ပေမဲ့ သူငယ်ချင်းဆိုတာတောင် မင်းတိုနှစ်ယောက်အတွက် ကံကြမ္မာက မျက်နာသာပေးလွန်းနေပြီ။"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရှင်း
ကျနော် နဲ့ နန်းစံရွှေဘုန်းပွင့်ဘုရားပေါ်ရောက်နေခဲ့တယ်။နေဝင်ချိန် ညနေခင်းနဲ့ ထုံးဖြူဖြူဘုရားတွေဝန်းရန်ထားတဲ့ရွှေရောင်တောက်တောက် ရွှေဘုန်းပွင့်ဘုရားဟာ သပ္ပါယ်လွန်းလှပါတယ်။အားလုံးက လှပတဲ့viewကိုနောက်ခံထားရင်း ဓာတ်ပုံတွေရိုက်နေကြတယ်။နန်းစံဘာလုပ်နေလဲဆိုတာ ကျနော်သတိမထားမိဘူး။ကျနော့်စိတ်ထဲတွေးနေမိတာက မောင်။
ဟိုတစ်နေ့က မိုးမိပြီး နာစီးချောင်းဆိုးနေတဲ့သူ့ကိုအဆောင်မှာတစ်ယောက်တည်းထားခဲ့ရတာ။အရင်ကတည်းက အားနည်းတဲ့မောင်က ဆေးသောက်လည်းပျင်းတယ်လေ။ရွှေဘုန်းပွင့်ကနေမြန်မြန်ပြန်ရမယ်လို့တွေးရင်း နန်းစံကို ပြန်ဖို့ပြောရန်ဆုံး ဖြတ်လိုက်တယ်။
"ကိုနေ.."
"နန်းစံ ကိုယ်တို့ပြန်"
"ကိုနေ့အတွက် နန်းစံက ဘာလဲ။"
"ဟမ်...!"
ကျော်မဖြေတတ်ဘူး။တိတိကျကျသတ်မှတ်ထားခြင်းမရှိတာကြောင့် နန်းစံက ကျနော့်အတွက်ဘာလဲဆိုတာ ကျနော်ကိုယ်တိုင်တောင်မသိတော့ပါဘူး။နန်းစံကိုကျနော်ချစ်တာလားဆိုတာလည်း မတွေးခဲ့ဖူးသလို နန်းစံဟာ ကျနော့်အတွက်တစ်ဘဝလုံးလို့လည်းမတွေးခဲ့မိဖူးပါဘူး။သူမကိုမှမဟုတ် ဘယ်မိန်းကလေးကိုမှ ကျနော်ချစ်တယ်လု့ိမတွေးခဲ့ဖူးဘူး။
"ကိုယ့်ကောင်မလေး.."
"အဲဒါဘဲလား..ကိုနေ အရင်က တွဲခဲ့တဲ့ကောင်မလေးတွေအပေါ်ထားခဲ့တဲ့ခံစားချက်ထက်မပိုဘူးလား.."
"နန်းစံ ကိုယ်ကိုမရစ်နဲ့ကွာ...ကိုယ်တို့အဆင်ပြေနေတာဘဲ။"
"အဆင်ပြေတယ်။ဘာကိုလဲ..ကိုနေ့စိတ်ထဲမှာ တစ်ခြားတစ်ယောက်ရှိနေပြီး နန်းစံကို အပေါ်ယံကြည်နူးပြတာလား။နန်းစံတို့က လေ့လာတဲ့သဘောနဲ့တွဲရုံသက်သက်ဆိုတာသိပါတယ်။ဒါမဲ့ကိုနေရဲ့ ဂရုစိုက်မှုလေးတော့လိုချင်မိခဲ့တယ်။အနည်းဆုံးတော့ နန်းစံအပေါ် "
ပြောရင်းဆိုရင်း နန်းစံမျက်ရည်လေးတွေဝဲလာတယ်။ကျနော်စိတ်မကောင်းခဲ့ဘူး။ဒါပေမဲ့ စိတ်မကောင်းရုံတင် ခံစားချက်တို့ရပ်တန့်ကုန်တာ..။ဒီထက်ပိုပြီး နာကျင်မှုလည်မခံစားခဲ့ရပါဘူး။
နန်းစံပြောသလို ကျနော့်စိတ်ထဲ တစ်ခြားတစ်ယောက်ရှိနေတာလားလို့သံသယဖြစ်မိနေတယ်။
"နန်းစံဘက်ကဘဲ ချစ်ဘဲချစ်မနေချင်ဘူးကိုနေ..အချစ်ဘဲခံချင်တာ။"
"တောင်းပန်ပါတယ်။"
ကျနော်ပထမဆုံးပြောတဲ့စကားပါ။နန်းစံက မိန်းမကောင်းလေးတစ်ယောက်..ကျနော့်လိုအရှုတ်ပွေတဲ့ကောင်နဲ့မအပ်စပ်ဘူး။မိန်းကလေးတွေထဲ သူ့ကိုတော့ရိုးရိုးသားသားခင်ခဲ့မိတယ်။
"နန်းစံတို့ရပ်လိုက်ရင်ကောင်းမယ်။ကိုနေ ခံစားချက်ကိုရှင်းရှင်းလင်းလင်းလုပ်သင့်တယ်ထင်တယ်။"
ကျနော်မပြောတတ်တော့ဘူး။နန်းစံနဲ့လမ်းခွဲပြီးရင် ကျနော့်ခံစားချက်ကိုရှင်းရှင်းလင်းလင်းလုပ်ပါတဲ့။နန်းစံပြောသလို ကျနော်ရင်ထဲနေရာယူထားတဲ့သူက တစ်ကယ်ဘဲမောင်များဖြစ်နေမလားပေါ့။ရွှေဘုန်းပွင့်ကနေ နန်းစံပြန်သွားခဲ့ပြီ။မသွားပါနဲ့လု့ိလည်းမပြာခဲ့သလို သွားပါလို့လဲမနှင်ခဲ့ဘူး။ကျနော်တစ်ယောက်သာ မတင်မကျကျန်ခဲ့ရတယ်။
"မဖြစ်နိုင်ဘူး..ငါကမောင့်ကို။ လုံးဝဖြစ်ဘူးရှင်း မင်းစိတ်ထိန်းစမ်း။သူက ယောကျာ်းလေးတစ်ယောက်.."
ကျနော် မီးညှိထားတဲ့စီးကရက်တိုကို ကိုင်ရင်းစိတ်လွန်ဆွဲနေတယ်။ကျနော်မောင့်ကိုချစ်နေပြီတဲ့...နှလုံးသားလေးကပြောနေပြီ။ဒါပေမဲ့..ကျနော်လက်မခံနိုင်ဘူး။ကျနော်က..ကျနော်က ယောကျာ်းလေးတစ်ယောက်ကိုကြိုက်တာတဲ့လား..ကြားသာကြားဖူးပေမဲ့ ကိုယ်တိုင်တွေ့ကြုံလာတော့ ခံစားချက်က မွန်းကြပ်လာတယ်။
ညနေ နေတောင်ဝင်ပြီ။ကျနော်ထိုင်ခုံလေးမှာထိုင်နေဆဲပါဘဲ။Phoneကိုဖွင့်ရင်း စိတ်ပြေလက်ပျောက် Onlineပေါ်တက်လိုက်တယ်။မောင့် ရဲ့accထဲကိုမမျော်လင့်ပါဘဲ အလိုလိုရောက်သွားတယ်။
**Night Out..**
**ကိုကိုကြီးနဲ့အတူ...**
"What?!!!"
မောင့်ရဲ့ပိုစ့်က ကျနော် ရင်ထဲမှာအောင့်သက်သက်ခံစားရစေတယ်။နေမကောင်းရင်အဆောင်ထဲမှာနေတာမဟုတ်ဘဲ လမ်းသလားနေရသလားလို့ ကျနော်တွေးလိုက်တယ်။သွားတာတောင် တစ်ယောက်ထဲမဟုတ်..ဟိုလူကြီးပါနေသေးတာတဲ့။
First comment..
**မောက်မို = ဟယ်..ကျွတ်ဆင်ကြီး**
Second comment
**မင်းမော် = ငါတို့ကိုလျှိူထားတယ်ကြည့်..**
Third comment
**ခွန်ကြာ = ရှေ့ကဘဲကင်ကိုရောစားရဲ့လား..ကိုကိုကြီးတို့လက်သွက်ချက်..**
"ကျစ်...ဒီကောင်တွေ မီးလောင်ရာလေပင့်နေကြတာလား။သူငယ်ချင်းက အရိုင်းအစိုင်းနဲ့သွားလာနေရင် ထိန်းကြမှပေါ့။တစ်ကယ်ဘဲ စိတ်တိုလိုက်တာ.."
"မောင်ရင် အဆင်ပြရဲ့လား.."
ကျနော့်ဘေးက ဘုရားဂေါပက ကမေးလာမှ ကျနော်သတိမှုလိုက်မိတယ်။တစ်ယောက်တည်းကျိန်ဆဲနေတဲ့ကျနော့်ကို ဘယ်လိုများထင်နေလိမ့်မလဲ။
"Sorryပါဗျာ..ကျနော်သွားလိုက်ပါဦးမယ်။"
ဖုန်းကိုအိတ်ထဲထည့်လိုက်ပြီး မလုံမလဲထွက်လာရင်း ဆိုင်ကယ်ပေါ်တက်ခွလိုက်တယ်။
"ဟုတ်တယ်..ထုတ်ထားလိုက်ရှင်း။
မောင်ကချောတယ်လေ..ဒါကြောင့် တစ်မျိုးထင်မိတာနေမှာ...။ဘာဖြစ်လဲ လူတိုင်း ချောရင်ရင်ခုန်တတ်တာချည်းဘဲ။"
.
.
.
.
ကျနော်အဆောင်ဘက်ကို ရောက်တော့ဆိုင်ကယ်ရပ်လိုက်တယ်။မောင့်အတွက်နာစီးချောင်းဆိုးပျောက်တဲဆေးဝယ်ဖို့။ဘာဆေးကောင်းမှန်းမသိတာနဲ့ ၁၀မျိုးလောက် ဝယ်လာခဲ့တယ်။မောင်မကြိုက်တဲ့ဆေး မတိုက်ဘဲ ကိုယ်တိုင်သာရောဂါကိုပြောင်းယူပေးလို့ရရင် ယူပေးလိုက်ချင်တာ..
အဆောင်ရှေ့ကိုရောက်တော့ ကားပေါ်ကနေဆင်းလာတဲ့ မောင့်ကိုတွေ့လိုက်ရတယ်။နောက်ပြီး ဟိုလူ့ကိုရော..။ကျနော်ရပ်ကြည့်နေတုန်း မောင့်ရဲ့နာဖူးလေးကို အဲဒီလူနမ်းလိုက်တာတွေ့လိုက်ပြန်တယ်။ကျနော် သတိလွတ်ပြီး မောင့်အနားကိုတန်းတန်းမတ်မတ်သွားလိုက်တယ်။မောင်ကတော့ကျနော်လာတာမသိရှာဘူး..ကိုကိုကြီးဆိုတဲ့ကောင်ကိုလက်ပြနုတ်ဆက်နေရလို့..
"မောင်.."
"ဟင်..ရှင်း!!။"
နာခေါင်းလေးရှုံရင်းကျနော်ကိုကြည့်နေတဲ့မောင်က နေမကောင်းလို့ နာဖျားလေးတွေနီနေတယ်။
"အခုဘယ်ကပြန်လာတာလဲ။နေမကောင်းရင် အဆောင်မှာဘဲနေသင့်တာပေါ့။ငါက ဆေးဝယ်.."
"ကိုကိုကြီးကိုဖုန်းဆက်လိုက်တာ..
ဆေးခန်းပြဖို့ လာခေါ်ပါဆိုပြီး။"
"ဆေးခန်း..ဘာလို့အဲဒီကောင်လဲ။"
"မင်းက မအားလို့လေ။ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲ။ရှင်း မင်းအကြောင်းပြချက်မရှိဘဲ ကိုကိုကြီးကို မုန်းနေတာရပ်သင့်ပြီ။"
"ဘာ!!..။မင်းလူကိုထိတော့နာတယ်ပေါ့..ဟုတ်လား။လမ်းလယ်ခေါင်ကြီး နာဖူးလေးနမ်းပြီးကြည်နူးနေတာကျေနပ်နေတယ်ပေါ့..သော်ကမောင်။"
"တစ်ဖက်သတ်လာမစွပ်စွဲနဲ့။လူတိုင်းကိုမင်းလိုထင်မနေနဲ့ နေရှင်း။ကိုကိုကြီးက ငါ့အတွက် အဖေလိုလူမျိုးဘဲ.."
မောင့်ရဲ့ စိမ်းကားကားမျက်ဝန်းက ကျနော့်ရင်ကိုနာကျင်စေတာမသိခဲ့ဘူး။မောင်ပြောတာဟုတ်တယ်။မောင်ပြောသလို လူတိုင်းကို မိုက်ရိုင်းနေတဲ့ကျနော်နဲ့တော့မနိုင်းသင့်ဘူးလေ။
"ဟုတ်တယ်။မင်းကိုဘဲ စိုးမိုးနေတဲ့ငါ့စိတ်ကမှားနေတာ..။"
"ငယ်ငယ်ကတည်းက ကိုကိုကြီးက ငါ့အပေါ်ကောင်းခဲ့တာ။
မင်းမကြိုက်ရင်တောင် နားလည်ပေးလို့မရဘူးလား..
ကိုကိုကြီးနဲ့မင်းခင်သွားရင်..."
ကိုကိုကြီး..ကိုကိုကြီးဆိုတဲ့စကားက ကျနော်ရဲ့စိတ်ကိုဆွနေသလိုဘဲ။ထပ်ပြီးမကြားချင်တော့တာနဲ့ မောင့်ခန္တာကိုယ်လေးကိုသိုင်းဖက်ရင်း စူစူလေးဖြစ်နေတဲ့ ပန်းသွေးရောင်နုတ်ခမ်းကိုအတင်းဖိကပ်လိုက်တော့တယ်။သကြားခဲလိုချိုမြမြအရသာနဲ ဂျယ်လီလိုနုတ်ခမ်အိအိလေးက ကျနော်ရဲ့စိတ်အစုံကိုပြုစားလိုက်သလိုယစ်မူးသွားစေတယ်။
"ပြွတ်...!"
ကွာဟသွားတဲ့အချိန် မောင်က ကျနော့်ကို ပြူးပြူးလေးကြည့်နေတယ်။ရုတ်တရက်ဆိုသလို တအုအုနဲ့ကျို့ထိုးလာပြန်တယ်။မောင် ကြောက်နေတာလား..ဒေါသထွက်မယ်ထင်ခဲ့တာ။မောင်ကြောက်နေတာက ကျနော့်ကိုရဲဆေးတင်ပေးလိုက်သလိုဖြစ်နေတယ်။ကျနော်ဘာကိုမှဂရုမစိုက်နိုင်တော့ဘူး..
"ထပ်ပြီး ကိုကိုကြီးဆိုတဲ့စကားမကြားချင်ဘူး မောင်"
××××××××××××××××××××××××
မောင်...
ရှင်းရဲ့အနမ်း ကျနော့်နုတ်ခမ်းပေါ်ကျရောက်လာတော့ ကျနော် စက္ကန့်ပိုင်းလောက် သက်ရှိလောကနဲ့အဆက်အသွယ်ပြတ်သွသလိုဘဲ။မမျော်လင့်ခဲ့တဲ့အနမ်းကြောင့် ရင်ထဲမှာဗလောင်ဆူကုန်ပြီ။ဒါက ကျနော့်ဘဝရဲ့သူစိမ်းတစ်ဦးကပေးတဲ့ ပထမဆုံးအနမ်း..။နာကျင်မှုမမြည်တဲ့ ဒီအနမ်းက ကြမ်းတမ်းနေတာမျိုးလည်းမဟုတ်သလို နူးညံနေတာမျိုးလည်းမဟုတ်ပါဘူး။
"အခု..မင်းငါ့ကို။!!"
အောက်နုတ်ခမ်းကိုကိုက်ရင်း ဒေါသထွက်ရမဲ့အစား ရှင်းကိုကြောက်လာတယ်။ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကိုကြောက်တယ်ဆိုတာက နည်းနည်း ယုတ္တိမရှိသလိုဘဲ။ဒေါသထွက်ဖို့ကြိုးစားပေမဲ့ ရင်ထဲတစ်ဒိတ်ဒိတ်ခုန်နေတဲ့နှလုံးသားက ရှက်စိတ်နဲ့ ကြောက်စိတ်ဘဲထုတ်လွတ်ပေးနေတယ်။
"ငါပြောတာက..ကိုကိုကြီး..!!"
"အွန့်..."
အငိုက်မိနေချိန်မှာဘဲ ကျနော့်နုတ်ခမ်းလေးကို ရှင်းက အပိုင်သိမ်းသွားပြန်ပါတယ်။ရင်ဘတ်ကိုတွန်းကန်ထားပြီး မျက်နာလွဲဖို့ကြိုးစားပေမဲ့ ကျနော်မှေးဖျားကို ရှင်းကချုပ်ကိုင်ထားတယ်။ခါးကိုခန္တာကိုယ်အောက်ပိုင်းနဲ့ကပ်နေအောင်ဆွဲယူထားတာကြောင့် ရုန်းလည်းအပိုအလုပ် လုပ်နေမိသလိုဘဲ။
"အွတ်.."
ဖိကပ်ရုံတင်မဟုတ်ဘဲ ကျနော့်လျှာကိုလာဆွဲယူနေတဲ့သူ့နုတ်ခမ်းကြောင့် အသက်ရူကြပ်လာခဲ့တယ်။ရှင်းက အနမ်းကျွမ်းကျင်သူလား...ကျနော်ဒူးတွေမခိုင်ချင်တော့ဘူး။အင်အားတစ်ခုလုံးစုပ်ယူနေသလိုခံစားနေရတယ်။ကြားခံနယ်မလိုဘဲ ပူးကပ်နေတဲ့နုတ်ခမ်းတွေက သူ့အနမ်းတွေကြောင့် တစ်ပြွတ်ပြွတ်ရှက်စဖွယ်အသံလေးတွေတောင်ထွက်လို့နေပြီ။
သူကတော့ဘယ်လိုနေလဲမသိဘူး..လမ်းမလယ်ကြီးမှာ သူနမ်းတာခံနေရတဲ့ကျနော်ကတော့ ရှက်စိတ်တွေမွန်နေပြီ။လူသံအုတ်အုတ်ကြားတာမို့ ရှင်းပုခုံးကိုအတင်းရိုက်ပုတ်ရင်း သတိပေးလိုက်တယ်။ဒါတောင်သူကမလွတ်ပေးဘဲ လမ်းမီးတိုင်မရှိတဲ့ အမှောင်ရိပ်ကျသည့် အုပ်တံတိုင်းနဲ့ကျနော်ကျော်ပြင်ကိုကပ်ပစ်လိုက်တယ်။လူတွေဖြတ်သွားတော့ ကျနော်ရှက်လိုက်တာ..မှောင်နေလို့သာတော်ပါသေးတယ်။
"အဟွန့်.."
ကျနော့်နုတ်ခမ်းကိုလွတ်ပေးလိုက်မှ အသက်ဝအောင်ရူလိုက်ရတယ်။မတ်တပ်ရပ်ဖို့တောင်မစွမ်းနိုင်လို့ သူ့လက်မောင်းကိုသာမှီတွယ်ထားရတယ်။ကျနော်ကြည့်လိုက်တော့ မီးရောင်ခပ်မိန်မိန်ကြားက ရှင်းရဲ့မျက်ဝန်းတွေက ရီဝေဝေ။
"မောင်..ငါ.."
"အင့်..."
ထပ်ပြီးတိုးကပ်လာတဲ့ရှင်းရဲ့ခြေထောက်ကို ကျနော် ဆောင့်နင်းလိုက်တော့ တော်တော်နာသွားတယ်ထင်ပါရဲ့။ကုန်းကုန်းကွကွနဲ့မျက်နာမဲ့ကျန်ခဲ့တဲ့သူ့ကို အတင်းတွန်းလွတ်ရင်း အဆောင်ထဲပြေးဝင်လာမိတယ်။အခန်းတံခါးကိုလော့ချလိုက်ပြီး ဆောင့်ခုန်နေတဲ့ ရင်ဘတ်ကိုလက်နဲ့ဖိထားလိုက်ရတယ်။
သူနန်းစံနဲ့အပြင်သွားလို့ ကိုကိုကြီးကိုအကူအညီတောင်းလိုက်မိတာ။နာဖူးနမ်းတယ်ဆိုတာလည်း ကျနော်သဘောမပါခဲ့ဘဲ ကိုကိုကြီးကသာ တစ်ဖက်သတ်ပြုမှုလိုက်တဲ့အပြုအမူ။သုံးနှစ်လောက်ခင်လာတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်က နမ်းတာခံလိုက်ရတဲ့ကျနော်..နောက်ပိုင်း ဘယ်လိုမျက်နာပြရမလဲမသိတော့ဘူး။
"မောင်...မောင်တံခါးဖွင့်ဦး။"
ကျနော်မဖွင့်ရဲဘူး။တံခါးလက်ကိုင်ပုကိုကိုင်ရင်း တွန့်ဆုတ်နေမိတယ်။
"ငါဖွင့်လိုက်ရမလား.."
"မဟုတ်သေးဘူး။တစ်ကယ်ဖွင့်လိုက်ရင် တစ်ညလုံး အခန်းထဲနှစ်ယောက်တည်းနေရမှာ။"
"မဖွင့်ရင်လည်း သူအပြင်မှာအိပ်နေရမယ်။"
ကျနော်တွေးနေခိုက်..အပြင်ဘက်က အသံပျောက်သွားတယ်။မိနစ်ပိုင်းလောက်နေတဲ့အထိ ဘာသံမှမကြားရတော့ဘူး။တံခါးကိုသာသာလေးဟလိုက်ပြီး ခေါင်းပြူကြည့်လိုက်မိတယ်။
"မရှိတော့ဘူး..သွားပြီထင်တယ်။..ဟူး"
တံခါးပြန်ပိတ်ဖို့အလုပ်မှာ အခန်းရှေ့က အထုတ်လေးတစ်ထုတ်ချထားတာတွေတော့ယူကြည့်လိုက်တယ်။ဆေးတွေ..အမျိုးပေါင်းတစ်သောင်းရှစ်ထောင်လောက်..။ဆေးထုတ်ကိုယူလိုက်ပြီး အိပ်ရာထက်ကခေါင်းအုံးဆီ မျက်နာအပ်လိုက်တယ်။
"အား...ဒါလေပြောမိတာကို ထနမ်းရလား။မသိဘူး..ရှက်လိုက်တာသူ့ရှေ့မှာရှုံးသွားသလိုဘဲ။"
"ဒါနဲ့ ရှင်းကငါ့ကိုကြိုက်နေတာလား။"
"ငါဘာတွေပြောနေတာလဲ။ပူလိုက်တာ..တစ်ကယ်ပူတယ်။"
ကျနော့်ဘာသာကျနော်မျိုးစုံပြောရင်း ပြုံးနေမိတာ မျက်နာပိုးကမသတ်နိုင်တော့ဘူး။ရှင်းရဲ့ ဆယ်မိနစ်ကျော်ကျော်ကြာတဲ့အနမ်းက ကျနော့်ကိုဒီလောက်ထိပြိုလဲစေနိုင်တယ်တဲ့လား။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ရှင်း..
ထမင်းကြော်ပန်းကန်ထဲက ကြက်ဥကြော်အနှစ်ကို ခရင်းနဲ့ထိုးထိုးဖွနေတဲ့ကျနော်။ကျနော့်စိတ်အဆင်မပြေနေဘူး..ကြည့်လုက်တဲ့အရာမှန်သမျှ မောင့်မျက်နာဘဲမြင်ယောင်နေတာ..။အယုတ်စွဆုံးကျနော့် ရှေ့မှာထိုင်နေတဲ့ခွန်ဟိန်းကိုတောင် မောင်လို့ထင်နေမိတာမျိုး။
"အဲလောက်တောင်သဘောကျလား.."
"အွန်း..သဘောကျတယ်။"
"နေရှင်း မင်းရူးသွားတာမှ သွက်သွက်ခါနေတာဘဲ။"
ခွန်ဟိန်းမေးလိုက်တာကြောင့် သတိလွတ်ပြီးဖြေမိလိုက်တယ်။မနေ့ညက မောင်နေရခက်မှာစိုးတာနဲ့ ခွန်ဟိန်းရဲ့အဆောင်ကိုဘဲ လာခဲ့မိတော့တယ်။မောင်တင်မကဘူး..ကျနော်လည်းနေရခက်တာဘဲ..။သူငယ်ချင်းဆိုတဲ့စည်းကြီးကိုကျနော်ကျော်ခဲ့မိပြီလေ။ကျနော့် အကြောင်းဆိုရင် မြင်ရုံနဲ့တန်းသိနေတဲ့ခွန်ဟိန်းက ဘာဖြစ်လာတယ်ဆိုတာရိပ်မိတယ်ထင်ပါတယ်။
"အာ..မင်းကလည်း ငါစိတ်နောက်နေတာနော်။မစနဲ့..။"
ကျနော်ပြောတာကို ပြောင်ချော်ချော်နဲ့ ဖြီးပြနေတယ်။ခေါင်းကိုက်ပြီး နေမကောင်းချင်တဲ့ကျနော် ခွန်ဟိန်းကိုပြန်မဆဲနိုင်ခဲ့ဘူး။
"မစားတော့ဘူး။ကြက်ဥကြော်ကလည်းရုပ်ဆိုးလိုက်တာ။ဘယ်လိုဆိုင်လဲဟ..ဒါလေးတောင်မလုပ်နိုင်ဘူးလား.."
"ဟေ့ကောင် မင်းဘာသာမင်းရှက်တာနဲ့ဘဲ ကြက်ဥကိုပတ်မရမ်းနဲ့။ခရင်းနဲ့ပေါက်ထားမှတော့ လှပါတော့မလား..။အဲဒီတော့ ဘယ်လိုဆက်သွားမယ်စိတ်ကူးလဲ...။
"မသိသေးဘူး..အဟွတ်။"
"အကိုခွန်ဟိန်း.."
နောက်ကအသံတွေကြောင့် လှည့်ကြည့်လိုက်တော့ မောင်နဲ့သူ့သူငယ်ချင်းတစ်အုပ်။ကျနော်နဲ့မောင်အကြည့်ချင်းဆုံတော့ မျက်နာလွဲမိကြတယ်။ဘေးကရေခွက်ကိုပြောင်သလင်းခါအောင်သောက်ရင်း ခွန်ဟိန်းကိုမျက်ရိပ်မျက်ချည်ပြလိုက်တယ်။ကျနော်သဘောက မြန်မြန် သွားကြစို့ဆိုတဲ့သဘော။
"ရောက်လာကြပြီ ဆိုတော့ တစ်ဝိုင်းထဲထိုင်ကြမလား။လူများရင်ပိုပျော်ဖို့ကောင်းတယ်လေ။"
ီသောက်တလွဲတွေလုပ်နေတဲ့ခွန်ဟိန်းကြောင့် ပိုစိတ်ညစ်သွားရတယ်။ကျနော်ခေါင်းရှောင်ချင်တာမဟုတ်ပါဘူး။ကျနော် မဆုံးဖြတ်နိုင်သေးတာ..
"ရှတ်တီး ထိုင်ကြစို့..။"
"ငါပါဆယ်ဘဲမှာတော့မယ်။"
"အယ်...နင်ကလည်း ဖြေးဖြေးပေါ့။ဘာဖြစ်လို့လဲ"(ဆန်မ်ငင်းဆိုင်)
"ဟတ်ချိုး..!!"(မောင်)
"ဟတ်ချိုး..!!"(ရှင်း)
သံပြိုင်ထွက်လာတဲ့ အသံကြောင့် အားလုံးရဲ့အကြည့်က သူတို့နှစ်ယောက်အပေါ်ကျရောက်လာသည်။
"နှစ်ယောက်စလုံးနေမကောင်းဘူးလား.."(ခွန်ကြာ)
"ဟို..ဟို.."
"အင်း...ဟိုနေ့က မိုးမိလို့..."
မောင်က အထိအထိပြောနေတာကြောင့် ကျနော်ဝင်ပြောလိုက်တယ်။
"မနေ့က မင်းအကောင်းကြီးပါ။ရွှေဘုန်းပွင့်ကိုတော့ သွားလည်လိုက်သေးတာလေ။"(ခွန်ဟိန်း)
"မနေ့ညကမှဖြစ်လာတာ။"
"မနေ့ညနေထိအကောင်းတိုင်းရှိတဲ့သူက ငေါက်ခနဲ့ထဖျားတယ်ပေါ့။"
"ဘာလဲ ငါကမဖျားရတော့ဘူးလား။မင်းကို အကုန်သံတော်ဦးတင်နေရဦးမှာလား..။ငါသွားပြီ။"
ရှင်းထထွက်သွားမယ်လုပ်တော့ စားပွဲထိုးက မောင့်ကိုမှာထားတဲ့ပါဆယ်ထုပ်လေးလာပေးသည်။
"ရှတ်တီး..ငါတို့ကထိုင်စားမှာဆိုတော့ကြာနေမှာ။ကိုနေရှင်းနောက်လိုက်သွားပါလား။"
"မရဘူး!!..."(ရှင်း)
"မလိုက်ဘူး...!!"(မောင်)
"ရှတ်တီး..နင်တို့နှစ်ယောက်ရန်ဖြစ်ထားတာလား။"(မောက်မို)
"ဟမ်...မဟုတ်ပါဘူး။"
"မဟုတ်ရင်ဘာဖြစ်လို့ မလိုက်ရတာလဲ။"
"ဘယ်သူကမလိုက်ဘူးပြောလို့လဲ။သွားကြမယ်။"
မောင်က ကျနော့်ရှေ့ကနေဦးဆောင်ပြီးထွက်သွားတယ်။ခွန်ဟိန်းကတော့ လိုက်သွားဆိုတဲ့သဘောနဲ့မေးဆပ်ပြန်လိုက်ပြန်တယ်။တစ်ကောင်တည်းရှိတဲ့ အတန်းဖော်ကတော့ အားကိုးလို့ကိုမရ။
"အကိုခွန်ဟိန်း..ခုနကတည်ူကပြုံးစိစိနဲ့ ဘာဖြစ်နေတာလဲ။"
"အဲလို့လေးတွေရှိတယ်။စားကြ.."
.
.
.
ကျနော်နဲ့မောင် ကျောင်းရှေ့ရောက်တဲ့အထိဘာစကားမှမပြောဖြစ်ကြဘူး။ဆိုင်ကယ်ပေါ်က မောင်ဆင်းရင် အမြဲချွတ်ပေးနေကြ ဦးထုတ်လေးရဲ့မှေးသိုင်းကြိုးကိုကိုင်လိုက်တော့ မောင်မျက်နာလေးက ပန်းရောင်သန်းနေတယ်။မောင်ရှက်နေတာဘဲ။
"နန်းစံနဲ့ မနေ့က ပျော်ခဲ့ရဲ့လား။"
မထင်မှတ်တဲ့မောင့်ရဲ့ စကားလေး။
"လမ်းခွဲလိုက်ပြီ။"
ကျနော်ပြောလိုက်တာကြောင့် မောင်က အံ့သြသလိုကြည့်လာတယ်။လမ်းခွဲပြီးချင်း နမ်းခဲ့တာမို့ တစ်မျိုးထင်သွားမလား စိုးရိမ်မိသေးတယ်။
"အော်...ငါ..ငါသွားတော့မယ်။"
"အွန်း..."
ကျနော်နဲ့မောင် စိန်ပန်းပြာတွေဝေနေတဲ့ ဆိုင်ကယ်စတန်းကနေ ဆန့်ကျင်ဘက်ကိုထွက်ဖို့ပြင်လိုက်ကြတယ်။ကျောင်းသားရေးရာ ကျောင်းဆောင်ဝါဝါကြီးကိုပတ်ပြီးသွားမဲ့မောင်နဲ့ ဆန်ကျင်ဘက်တွေ့ရာလမ်းကို သွားမဲ့ကျနော်..
"မောင်...!!"
"ရှင်း..!!"
နှစ်ယောက်သား ပြိုင်တူလှည့်ရင်း ခေါ်လိုက်တာမိတယ်။ပြုံးရိပ်ဖြတ်သွားတဲ့ မောင်မျက်နာလေးက ကျနော်အတွက်ဆေးတစ်ခွက်လိုပါဘဲ။မောင်ကျနော့်ကိုစိတ်မဆိုးဘူးပေါ့..
"ပြောလေ..ရှင်း။"
"အဟမ်း..မနက်ပိုင်းအတန်းပြီးရင် ဒီစိန်ပန်းပင်အောက်မှာ
တွေ့ကြမလား။"
မောင် ခေါင်းငြိမ့်လိုက်တယ်။မောင်က ကျနော့်ရဲ့ နှလုံးသားတင်မက စိတ်အစဉ်မှာ အမြဲလိုပင်နေရာယူထားခဲ့ပြီမို့ ကျနော်ရှောင်မလွဲချင်တော့ဘူး။
ဘယ်အချိန်ကစပြီးမောင့်အပေါ်ရင်ခုန်ခဲ့သလဲ..မောင်ဟာကျနော့်ကိုဘယ်အတိုင်းအတာထိစိုးမိုးထားပြီလဲ။သာမန်မဟုတ်တဲ့အချစ်ကို ကျနော်ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကျနော်မသိသေးဘူး။ကျနော်သိတာ မောင့်ကိုချစ်တယ်ဆိုတာလေးပါဘဲ..
"မောင့်အပေါ်ထားတဲ့ ကျနော်ရဲ့အချစ်က အနေအထားမတူ သုံးခွရှိတဲ့စိန်ပန်းပြာရဲ့ ပွင့်ဖတ်လေးတစ်ခုလိုဘဲ မောင့်ရှေ့မှာအမြဲကြွေကျနေရတာ..။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Author's Note
အပွင့်က ကြောင်လျှာ..
ရွက်လွှာကစိန်ပန်း..
အသီးမှာပိတောက်ရယ်မို့ ယိုးပုံကဆန်းတဲ့..
#တက္ကသိုလ်ဘုန်းနိုင်ရဲ့ကဗျာမှ ကောက်နုတ်သည်။