[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၅၆ ..

10.1K 1.1K 26
By busy_pisi

《Zawgyi》

အပိုင္း - ၁၅၆
[နင္ေတာ့ ဇာတ္သိမ္းလွႏိုင္မွာ မဟုတ္ဘူး-၁]

ခ်င္းစုယြဲ႕ဟာ ေနာက္ဆံုးစာမ်က္ႏွာအေရာက္မွာ ရပ္လိုက္၏။ သူမက ေခါင္းကိုျပန္မတ္လိုက္ေပမယ့္ စာရြက္ေပၚက ေဝဝါးဝါး စကားလံုးေတြကိုသာ ျပန္ျမင္ေယာင္ေနကာ သူမရဲ႕ခံစားခ်က္ကိုေတာင္ မေဖာ္ျပႏိုင္ခဲ့ေတာ့ေပ။

"ဒါက ကၽြန္မဘဝရဲ႕ နိဂံုး အဆံုးသတ္ပါပဲ.. သိပ္မၾကာခင္မွာပဲ ကၽြန္မရဲ႕ ျဖစ္တည္မႈကို ဘယ္သူကမွ သတိရၾကေတာ့မွာ မဟုတ္ပါဘူး"
__ၿပီးပါၿပီ__

သူမက ဘယ္လိုတံု႔ျပန္ရမလဲပင္ ေမ့ေလ်ာ့ေနေတာ့၏။ အခုခ်ိန္မွာ ခ်င္းစုယြဲ႕ဟာ အသက္ရႉေအာင့္ထားမိလ်က္ အႀကီးအက်ယ္ ေရွာ့ရေနမိသည္။

ရွီရွီလည္း ဤဝတၳဳထဲသို႔ ကူးေျပာင္း ေရာက္ရွိလာခဲ့သည္ဆိုတာ ေသခ်ာသြားေတာ့သည္။ သူမက မူရင္းစာေရးသူလည္း ျဖစ္ေပ၏။ ဒီကမၻာကို ဖန္တီးခဲ့သူကေတာ့ သူမပါေပ။

ဝတၳဳထဲက နာမည္ေတြသာ ေျပာင္းသြားေပမယ့္ ကာရိုက္တာေတြနဲ႔ ဇာတ္ေၾကာင္းကေတာ့ တစ္ထပ္ထဲေပ။ အရံဗီလိန္ အမ်ိဳးသမီးဇာတ္ေကာင္ဟာ ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မတို႔ အခ်စ္ေတြ တိုးပြားဖို႔အတြက္ ေပါင္းကူးတံတား ျဖစ္ခဲ့ေလသည္။ သူတို႔ႏွစ္ဦး တြဲသြားၾကတဲ့အထိေတာင္ ထိုဗီလိန္ဇာတ္ေဆာင္မွာ အရွံဳးမေပးႏိုင္ေသး။ အဓိကဇာတ္ေတာင္ အမ်ိဳးသမီး ကိုယ္ဝန္ပ်က္က်ခ်ိန္မွာ ထိုဗီလိန္ဇာတ္ေဆာင္ တစ္ဦးထဲကသာ ရွိေနခဲ့သည္။ ဒီအတြက္ေၾကာင့္ပဲ ဇာတ္လိုက္ဟာ သူ႔ကေလးကို သတ္သည့္ တရားခံမွာ ဗီလိန္ဇာတ္ေကာင္ျဖစ္သည္ဟု ယံုၾကည္ခဲ့ေလ၏။ ထိုအျဖစ္နဲ႔ထပ္တူ အျပစ္ေပးဖို႔အတြက္ သူမရဲ႕မိသားစုကို ဆံုးရွံဳးရေအာင္ သူက ေသခ်ာေပါက္ လုပ္ခဲ့တာ ျဖစ္ေလသည္။

ဤရင္းနီးေနသည့္ ဇာတ္ကြက္ေတြမွာ နဂိုဝတၳဳရဲ႕ ဇာတ္ေၾကာင္းေျပာင္းလဲပံုအတိုင္း အေျခခံထားေလ၏။

ေနာက္ဆံုးမွာ အရံမိန္းကေလးဇာတ္ေဆာင္၏ ေသဆံုးမႈသည္ပင္ တစ္ထပ္ထဲ ျဖစ္ေနေတာ့သည္။ သူမႏွင့္ ပူးေပါင္းၾကံစည္ခဲ့သည့္ အမွိဳက္လိုေယာက္်ားနဲ႔ပဲ လက္ထပ္လိုက္ကာ ထိုအမွိုက္ေကာင္ရဲ႕ သတ္ျခင္းကို ခံခဲ့ရတာ ျဖစ္သည္။

ခ်င္းစုယြဲ႕၏ မ်က္ႏွာက ျဖဴေဖြးေဖ်ာ့ေတာ့ေနကာ အခ်ိန္အတန္ၾကာသည္အထိ စိတ္ကိုၿငိမ္ေအာင္ မထိန္းႏိုင္ခဲ့ေပ။

နဂိုစာေရးသူက ဘယ္အခ်ိန္ထဲက ကူးေျပာင္းေရာက္ရွိလာခဲ့တာလဲ? ဒါမွမဟုတ္ ငါ မေရာက္လာခင္ထဲက ဒီကမၻာကို ေရာက္ႏွင့္ေနၿပီးသားလား?

ဒီစာေရးသူက ဇာတ္ေၾကာင္းေတြ အကုန္လံုးကို သိသည္။ အဲ့တာေၾကာင့္မလို႔ပဲ သူနဂိုေတြးထားသည့္ ဇာတ္ေၾကာင္းႏွင့္ ယခုဇာတ္ေၾကာင္းက ကြဲလြဲသြားရျခင္းရဲ႕ အဓိကေသာ့ခ်က္မွာ ခ်င္းစုယြဲ႕ေၾကာင့္သာ ျဖစ္သည္မွန္း ထိုစာေရးသူက သိေနေပလိမ့္မည္။

ဒီအေၾကာင္းကို ေစ့ေစ့ေတြးေလေလ ခ်င္းစုယြဲ႕ဟာ သူမမိဘေတြရဲ႕ ကားအက္စီးဒန္႔ရယ္ သူမ ၾကံဳေတြခဲ့ရသည့္ မေရမတြက္ႏိုင္ေသာ အႏၱရာယ္ေတြရဲ႕ ေနာက္ကြယ္ကသူကို ေသခ်ာလာေလေလပင္ ျဖစ္ေလသည္။

စာေရးသူက ဇာတ္ေၾကာင္းေျပာင္းလဲသြားသည္ကို ျငင္းဆန္ကာ သူမကိုဖယ္ထုတ္လ်က္ ဒီကမၻာကို မူလအတိုင္း ဆက္သြားေစခ်င္တာျဖစ္မည္။

ခ်င္းစုယြဲ႕မွာ ေတြးေလေတြးေလ ပိုပိုေၾကာက္လာေလေလပင္။ အဲဒီတစ္ေယာက္က ဘာလို႔ ဒီေလာက္ေတာင္ ရက္စက္ၿပီး အၾကင္နာမဲ့ရတာလဲ?

ငါက သူ႔ကို မုန္းေအာင္မ်ား လုပ္ခဲ့မိလို႔လား?

ေသခ်ာေတြးေလ ဒီကိစၥက ျဖစ္ႏိုင္တယ္ဟု ထင္မိေလသည္။

နဂိုဗီလိန္ဇာတ္ေကာင္ရဲ႕ အမည္ကလည္း ခ်င္းစုယြဲ႕ ျဖစ္ေနသည္။ စာေရးသူက သူမကို မုန္းတီးလြန္း၍ သူမရဲ႕အမည္ကို ဝတၳဳရဲ႕ ဗီလိန္ေနရာမွာ ထားၿပီးေတာ့ ဆိုးရြားစြာ ေသဆံုးဇာတ္သိမ္းခဲ့ရပံုကို ေရးသားခဲ့ေလသည္။ ငါက ဇာတ္ေၾကာင္းကိုပါ ေျပာင္းလိုက္မိတာဆိုေတာ့ ဘယ္ေလာက္ေတာင္ မုန္းေနလိုက္မလဲ?

ဒါေပမယ့္ ခ်င္းစုယြဲ႕ဟာ သူမရဲ႕အရင္ကမၻာမွာတုန္းက ဘယ္စာေရးသူနဲ႔မွ သိကၽြမ္းရင္းႏွီးခဲ့ဖူးျခင္း မရွိသည္ကို ရွင္းရွင္းလင္းလင္း မွတ္မိပါ၏။ ဒါ့အျပင္ သူမက ဂရုတစိုက္ တာဝန္ေက်ပြန္စြာ ေအးေအးခ်မ္းခ်မ္း ေနထိုင္ရွင္သန္ခဲ့သူ ျဖစ္သည္။ သူမ မည္သူႏွင့္ ရန္သူျဖစ္ခဲ့လဲဆိုတာကို မမွတ္မိေတာ့ေပ။

တကယ္ပဲ ဘယ္သူလဲ?

ခ်င္းစုယြဲ႕ဟာ အေျဖရလာျခင္းမရွိပဲ ေနရာတြင္သာ အတန္ၾကာ ထိုင္ေနမိသည္။ ထို႔ေနာက္ သူမက ရုတ္တရက္ မတ္တပ္ထရပ္လ်က္ သူမရဲ႕အိတ္ႏွင့္ စားပြဲေပၚက စာအုပ္အား ေကာက္ယူလ်က္ အလ်င္စလို အျပင္သို႔ ထြက္သြားေလသည္။

ရွီရွီက ခ်င္းစုယြဲ႕ထံမွ ဖုန္းေခၚလာသည္ကို ထင္သေလာက္ အံ့ဩမေနေခ်။ ထိုအစား သူမက ေမာက္မာ အထက္စီးဆန္သည့္ေလသံျဖင့္ ျပန္ေျဖေလ၏။
"တင္ဆက္သူခ်င္း ... နင္ အရာအားလံုး အဆင္ေျပေနမယ္လို႔ ငါေမၽွာ္လင့္ပါတယ္!"

ထိုေလသံကို ၾကာလိုက္ရတဲ့ တခဏ၌ ခ်င္းစုယြဲ႕ဟာ မ်က္ေမွာင္ကုပ္မိေလသည္။ သူမက စက္ဆုပ္စြာ ေျပာလိုက္သည္။
"နင့္ရဲ႕လွည့္ကြက္ေတြ သံုးလို႔ၿပီးၿပီလား?"

"ဘယ္လိုလုပ္ ၿပီးရမွာလဲ?"
ရွီရွီက တမင္သပ္သပ္ သူမရဲ႕စကားေတြကို ဆြဲယူေျပာ၏။
"ငါတုိ႔မွာ အခ်ိန္အမ်ားႀကီး ရွိေသးတာ .. ငါ့ရဲ႕အကြက္ေတြ အမ်ားႀကီးကိုေတာင္ အကုန္ထုတ္မျပရေသးဘူး"

ထိုေမာက္မာသည့္ေလသံက ခ်င္းစုယြဲ႕အား ေဒါသေၾကာင့္ အံကိုတင္းတင္းဖိႀကိတ္မိေစသည္။ "ရွီရွီ"ဟု ေခၚသူမွာ သူမကို အလြန္တရာ မုန္းတီးေနေၾကာင္းကို ခ်င္းစုယြဲ႕က ထပ္မံေသခ်ာသြားေတာ့သည္။

ခ်င္းစုယြဲ႕က ဖုန္းထဲကေန ေကြ႕ဝိုက္ေျပာမေနခ်င္ေတာ့သျဖင့္ တဲ့တိုးသာ ေျပာလိုက္သည္။
"အျပင္မွာ ေတြ႕ၾကမယ္"

"ေကာင္းၿပီေလ! ငါ ေစာင့္ေမၽွာ္ေနပါမယ္ေနာ္"

ခ်ိန္းဆိုထားတဲ့ေနရာသို႔ ခ်င္းစုယြဲ႕ ေရာက္သြားေတာ့ ေနာက္ထပ္ ဆယ့္ငါးမိနစ္ေလာက္ ေစာင့္လိုက္ရၿပီးမွ အျပာေရာင္ ဂ်င္းေဖ်ာ့ေဖ်ာ့ အေပၚထပ္ကို ဝတ္ဆင္ထားသည့္ ရွီရွီက ေနာက္က်မွ ေရာက္လာေလ၏။ သူမက ထိုင္လိုက္ၿပီး ေနကာမ်က္မွန္ကိုခၽြတ္သည္။ ထို႔ေနာက္ ခ်င္းစုယြဲ႕ကိုေတာင္ မၾကည့္ပါပဲႏွင့္ ေျပာေလသည္။
"နင္ ေျပာစရာရွိရင္ ျမန္ျမန္ေျပာ ... ဒီအမ်ိဳးသမီးငယ္ရဲ႕ အခ်ိန္က အရမ္းကို တန္ဖိုးရွိတယ္!"

ခ်င္းစုယြဲ႕က သူမအား အဓိပၸါယ္ပါပါ ျပံဳးျပလိုက္သည္။
"နင္ ငါ့ကို ဘာမွေျပာစရာ မရွိဘူးဆိုတာ ေသခ်ာလား?"

"အဟက္ .. ဟာသပဲ .. ငါနဲ႔ေတြ႕ခ်င္တာက နင္ေလ .. ဒါေပမယ့္ နင္က ငါ့ကို အရင္ လာေျပာခိုင္းေနတယ္လား? ခ်င္းစုယြဲ႕ ... နင့္ကိုယ္နင္ ဘာထင္ေနတာလဲ?!"

"ငါ့ ဘယ္ေတာ့မွ ငါ့ကိုယ္ငါ အဟုတ္ႀကီး မထင္ခဲ့ဖူးဘူး" အဲဒီေနာက္မွ ခ်င္းစုယြဲ႕က ႏႈတ္ခမ္းကို တြန္႔ေကြးလ်က္ ဆက္ေျပာေလ၏။
"နင္က ဒီကမၻာကို ဖန္တီးခဲ့တဲ့အတြက္ အရမ္းေတာ္တယ္လို႔ ငါ အျမဲေတြးေနခဲ့တာ" ထိုသို႔ေျပာလိုက္တဲ့အခါမွာ ခ်င္းစုယြဲ႕ ထင္ထားခဲ့သည့္အတိုင္း ရွီရွီ႕ရဲ႕မ်က္ႏွာထက္က သိသိသာသာ ေျပာင္းလဲသြားသည့္ အမူအယာအား သူမ ေတြ႕လိုက္ရေလသည္။

သူက မူရင္းစာေရးသူဆိုတာ ေသခ်ာသြားေလၿပီ။

ထိုစကားေၾကာင့္ ရွီရွီက ရယ္ေမာလိုက္၏။ သူမရဲ႕ လွပစြာပံုေဖာ္ထားသည့္ နီရဲရဲ လက္သည္းတစ္စံုအား ေဆာ့ကစားလ်က္ ဆိုသည္။
"ငါ ပ်င္းလို႔မ်ား ဝတၳဳကို အစကေန ျပန္ေရးတယ္လို႔ နင္ထင္ေနလား? ခ်င္းစုယြဲ႕ ... ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီဝတၳဳကိုထုတ္ေဝတာက နင့္ကိုဒုကၡေပးဖို႔ ရည္ရြယ္ခဲ့တာ ... ဒါက ငါဖန္တီးခဲ့တဲ့ ပံုရိပ္ေယာင္ကမၻာဆိုတာ မေမ့လိုက္နဲ႔ဦးေနာ္ ... အခုခ်ိန္မွာ နင္က အရာအားလံုးကို ပိုင္ဆိုင္ၿပီး အေကာင္းဆံုးဘဝမွာ ရွင္သန္ေနေပမယ့္ ဝတၳဳရဲ႕ဇာတ္သိမ္းက ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာ မဟုတ္ဘူးဆိုတာ နင္ မေမ့နဲ႔ ...
နင္က ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေသရမွာ မဟုတ္ဘူး"

19.7.2020

******************

《Unicode》

အပိုင်း - ၁၅၆
[နင်တော့ ဇာတ်သိမ်းလှနိုင်မှာ မဟုတ်ဘူး-၁]

ချင်းစုယွဲ့ဟာ နောက်ဆုံးစာမျက်နှာအရောက်မှာ ရပ်လိုက်၏။ သူမက ခေါင်းကိုပြန်မတ်လိုက်ပေမယ့် စာရွက်ပေါ်က ဝေဝါးဝါး စကားလုံးတွေကိုသာ ပြန်မြင်ယောင်နေကာ သူမရဲ့ခံစားချက်ကိုတောင် မဖော်ပြနိုင်ခဲ့တော့ပေ။

"ဒါက ကျွန်မဘဝရဲ့ နိဂုံး အဆုံးသတ်ပါပဲ.. သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ ဖြစ်တည်မှုကို ဘယ်သူကမှ သတိရကြတော့မှာ မဟုတ်ပါဘူး"
__ပြီးပါပြီ__

သူမက ဘယ်လိုတုံ့ပြန်ရမလဲပင် မေ့လျော့နေတော့၏။ အခုချိန်မှာ ချင်းစုယွဲ့ဟာ အသက်ရှူအောင့်ထားမိလျက် အကြီးအကျယ် ရှော့ရနေမိသည်။

ရှီရှီလည်း ဤဝတ္ထုထဲသို့ ကူးပြောင်း ရောက်ရှိလာခဲ့သည်ဆိုတာ သေချာသွားတော့သည်။ သူမက မူရင်းစာရေးသူလည်း ဖြစ်ပေ၏။ ဒီကမ္ဘာကို ဖန်တီးခဲ့သူကတော့ သူမပါပေ။

ဝတ္ထုထဲက နာမည်တွေသာ ပြောင်းသွားပေမယ့် ကာရိုက်တာတွေနဲ့ ဇာတ်ကြောင်းကတော့ တစ်ထပ်ထဲပေ။ အရံဗီလိန် အမျိုးသမီးဇာတ်ကောင်ဟာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ အချစ်တွေ တိုးပွားဖို့အတွက် ပေါင်းကူးတံတား ဖြစ်ခဲ့လေသည်။ သူတို့နှစ်ဦး တွဲသွားကြတဲ့အထိတောင် ထိုဗီလိန်ဇာတ်ဆောင်မှာ အရှုံးမပေးနိုင်သေး။ အဓိကဇာတ်တောင် အမျိုးသမီး ကိုယ်ဝန်ပျက်ကျချိန်မှာ ထိုဗီလိန်ဇာတ်ဆောင် တစ်ဦးထဲကသာ ရှိနေခဲ့သည်။ ဒီအတွက်ကြောင့်ပဲ ဇာတ်လိုက်ဟာ သူ့ကလေးကို သတ်သည့် တရားခံမှာ ဗီလိန်ဇာတ်ကောင်ဖြစ်သည်ဟု ယုံကြည်ခဲ့လေ၏။ ထိုအဖြစ်နဲ့ထပ်တူ အပြစ်ပေးဖို့အတွက် သူမရဲ့မိသားစုကို ဆုံးရှုံးရအောင် သူက သေချာပေါက် လုပ်ခဲ့တာ ဖြစ်လေသည်။

ဤရင်းနီးနေသည့် ဇာတ်ကွက်တွေမှာ နဂိုဝတ္ထုရဲ့ ဇာတ်ကြောင်းပြောင်းလဲပုံအတိုင်း အခြေခံထားလေ၏။

နောက်ဆုံးမှာ အရံမိန်းကလေးဇာတ်ဆောင်၏ သေဆုံးမှုသည်ပင် တစ်ထပ်ထဲ ဖြစ်နေတော့သည်။ သူမနှင့် ပူးပေါင်းကြံစည်ခဲ့သည့် အမှိုက်လိုယောက်ျားနဲ့ပဲ လက်ထပ်လိုက်ကာ ထိုအမှိုက်ကောင်ရဲ့ သတ်ခြင်းကို ခံခဲ့ရတာ ဖြစ်သည်။

ချင်းစုယွဲ့၏ မျက်နှာက ဖြူဖွေးဖျော့တော့နေကာ အချိန်အတန်ကြာသည်အထိ စိတ်ကိုငြိမ်အောင် မထိန်းနိုင်ခဲ့ပေ။

နဂိုစာရေးသူက ဘယ်အချိန်ထဲက ကူးပြောင်းရောက်ရှိလာခဲ့တာလဲ? ဒါမှမဟုတ် ငါ မရောက်လာခင်ထဲက ဒီကမ္ဘာကို ရောက်နှင့်နေပြီးသားလား?

ဒီစာရေးသူက ဇာတ်ကြောင်းတွေ အကုန်လုံးကို သိသည်။ အဲ့တာကြောင့်မလို့ပဲ သူနဂိုတွေးထားသည့် ဇာတ်ကြောင်းနှင့် ယခုဇာတ်ကြောင်းက ကွဲလွဲသွားရခြင်းရဲ့ အဓိကသော့ချက်မှာ ချင်းစုယွဲ့ကြောင့်သာ ဖြစ်သည်မှန်း ထိုစာရေးသူက သိနေပေလိမ့်မည်။

ဒီအကြောင်းကို စေ့စေ့တွေးလေလေ ချင်းစုယွဲ့ဟာ သူမမိဘတွေရဲ့ ကားအက်စီးဒန့်ရယ် သူမ ကြုံတွေခဲ့ရသည့် မရေမတွက်နိုင်သော အန္တရာယ်တွေရဲ့ နောက်ကွယ်ကသူကို သေချာလာလေလေပင် ဖြစ်လေသည်။

စာရေးသူက ဇာတ်ကြောင်းပြောင်းလဲသွားသည်ကို ငြင်းဆန်ကာ သူမကိုဖယ်ထုတ်လျက် ဒီကမ္ဘာကို မူလအတိုင်း ဆက်သွားစေချင်တာဖြစ်မည်။

ချင်းစုယွဲ့မှာ တွေးလေတွေးလေ ပိုပိုကြောက်လာလေလေပင်။ အဲဒီတစ်ယောက်က ဘာလို့ ဒီလောက်တောင် ရက်စက်ပြီး အကြင်နာမဲ့ရတာလဲ?

ငါက သူ့ကို မုန်းအောင်များ လုပ်ခဲ့မိလို့လား?

သေချာတွေးလေ ဒီကိစ္စက ဖြစ်နိုင်တယ်ဟု ထင်မိလေသည်။

နဂိုဗီလိန်ဇာတ်ကောင်ရဲ့ အမည်ကလည်း ချင်းစုယွဲ့ ဖြစ်နေသည်။ စာရေးသူက သူမကို မုန်းတီးလွန်း၍ သူမရဲ့အမည်ကို ဝတ္ထုရဲ့ ဗီလိန်နေရာမှာ ထားပြီးတော့ ဆိုးရွားစွာ သေဆုံးဇာတ်သိမ်းခဲ့ရပုံကို ရေးသားခဲ့လေသည်။ ငါက ဇာတ်ကြောင်းကိုပါ ပြောင်းလိုက်မိတာဆိုတော့ ဘယ်လောက်တောင် မုန်းနေလိုက်မလဲ?

ဒါပေမယ့် ချင်းစုယွဲ့ဟာ သူမရဲ့အရင်ကမ္ဘာမှာတုန်းက ဘယ်စာရေးသူနဲ့မှ သိကျွမ်းရင်းနှီးခဲ့ဖူးခြင်း မရှိသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါ၏။ ဒါ့အပြင် သူမက ဂရုတစိုက် တာဝန်ကျေပွန်စွာ အေးအေးချမ်းချမ်း နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူမ မည်သူနှင့် ရန်သူဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတော့ပေ။

တကယ်ပဲ ဘယ်သူလဲ?

ချင်းစုယွဲ့ဟာ အဖြေရလာခြင်းမရှိပဲ နေရာတွင်သာ အတန်ကြာ ထိုင်နေမိသည်။ ထို့နောက် သူမက ရုတ်တရက် မတ်တပ်ထရပ်လျက် သူမရဲ့အိတ်နှင့် စားပွဲပေါ်က စာအုပ်အား ကောက်ယူလျက် အလျင်စလို အပြင်သို့ ထွက်သွားလေသည်။

ရှီရှီက ချင်းစုယွဲ့ထံမှ ဖုန်းခေါ်လာသည်ကို ထင်သလောက် အံ့ဩမနေချေ။ ထိုအစား သူမက မောက်မာ အထက်စီးဆန်သည့်လေသံဖြင့် ပြန်ဖြေလေ၏။
"တင်ဆက်သူချင်း ... နင် အရာအားလုံး အဆင်ပြေနေမယ်လို့ ငါမျှော်လင့်ပါတယ်!"

ထိုလေသံကို ကြာလိုက်ရတဲ့ တခဏ၌ ချင်းစုယွဲ့ဟာ မျက်မှောင်ကုပ်မိလေသည်။ သူမက စက်ဆုပ်စွာ ပြောလိုက်သည်။
"နင့်ရဲ့လှည့်ကွက်​​​​​​တွေ သုံးလို့ကုန်ပြီလား?"

"ဘယ်လိုလုပ် ကုန်ရမှာလဲ?"
ရှီရှီက တမင်သပ်သပ် သူမရဲ့စကားတွေကို ဆွဲယူပြော၏။
"ငါတို့မှာ အချိန်အများကြီး ရှိသေးတာ .. ငါ့ရဲ့အကွက်တွေ အများကြီးကိုတောင် အကုန်ထုတ်မပြရသေးဘူး"

ထိုမောက်မာသည့်လေသံက ချင်းစုယွဲ့အား ဒေါသကြောင့် အံကိုတင်းတင်းဖိကြိတ်မိစေသည်။ "ရှီရှီ"ဟု ခေါ်သူမှာ သူမကို အလွန်တရာ မုန်းတီးနေကြောင်းကို ချင်းစုယွဲ့က ထပ်မံသေချာသွားတော့သည်။

ချင်းစုယွဲ့က ဖုန်းထဲကနေ ကွေ့ဝိုက်ပြောမနေချင်တော့သဖြင့် တဲ့တိုးသာ ပြောလိုက်သည်။
"အပြင်မှာ တွေ့ကြမယ်"

"ကောင်းပြီလေ! ငါ စောင့်မျှော်နေပါမယ်နော်"

ချိန်းဆိုထားတဲ့နေရာသို့ ချင်းစုယွဲ့ ရောက်သွားတော့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်လိုက်ရပြီးမှ အပြာရောင် ဂျင်းဖျော့ဖျော့ အပေါ်ထပ်ကို ဝတ်ဆင်ထားသည့် ရှီရှီက နောက်ကျမှ ရောက်လာလေ၏။ သူမက ထိုင်လိုက်ပြီး နေကာမျက်မှန်ကိုချွတ်သည်။ ထို့နောက် ချင်းစုယွဲ့ကိုတောင် မကြည့်ပါပဲနှင့် ပြောလေသည်။
"နင် ပြောစရာရှိရင် မြန်မြန်ပြော ... ဒီအမျိုးသမီးငယ်ရဲ့ အချိန်က အရမ်းကို တန်ဖိုးရှိတယ်!"

ချင်းစုယွဲ့က သူမအား အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။
"နင် ငါ့ကို ဘာမှပြောစရာ မရှိဘူးဆိုတာ သေချာလား?"

"အဟက် .. ဟာသပဲ .. ငါနဲ့တွေ့ချင်တာက နင်လေ .. ဒါပေမယ့် နင်က ငါ့ကို အရင် လာပြောခိုင်းနေတယ်လား? ချင်းစုယွဲ့ ... နင့်ကိုယ်နင် ဘာထင်နေတာလဲ?!"

"ငါ့ ဘယ်တော့မှ ငါ့ကိုယ်ငါ အဟုတ်ကြီး မထင်ခဲ့ဖူးဘူး" အဲဒီနောက်မှ ချင်းစုယွဲ့က နှုတ်ခမ်းကို တွန့်ကွေးလျက် ဆက်ပြောလေ၏။
"နင်က ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့အတွက် အရမ်းတော်တယ်လို့ ငါ အမြဲတွေးနေခဲ့တာ" ထိုသို့ပြောလိုက်တဲ့အခါမှာ ချင်းစုယွဲ့ ထင်ထားခဲ့သည့်အတိုင်း ရှီရှီ့ရဲ့မျက်နှာထက်က သိသိသာသာ ပြောင်းလဲသွားသည့် အမူအယာအား သူမ တွေ့လိုက်ရလေသည်။

သူက မူရင်းစာရေးသူဆိုတာ သေချာသွားလေပြီ။

ထိုစကားကြောင့် ရှီရှီက ရယ်မောလိုက်၏။ သူမရဲ့ လှပစွာပုံဖော်ထားသည့် နီရဲရဲ လက်သည်းတစ်စုံအား ဆော့ကစားလျက် ဆိုသည်။
"ငါ ပျင်းလို့များ ဝတ္ထုကို အစကနေ ပြန်ရေးတယ်လို့ နင်ထင်နေလား? ချင်းစုယွဲ့ ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဝတ္ထုကိုထုတ်ဝေတာက နင့်ကိုဒုက္ခပေးဖို့ ရည်ရွယ်ခဲ့တာ ... ဒါက ငါဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်ကမ္ဘာဆိုတာ မမေ့လိုက်နဲ့ဦးနော် ... အခုချိန်မှာ နင်က အရာအားလုံးကို ပိုင်ဆိုင်ပြီး အကောင်းဆုံးဘဝမှာ ရှင်သန်နေပေမယ့် ဝတ္ထုရဲ့ဇာတ်သိမ်းက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ နင် မမေ့နဲ့ ...
နင်က ငြိမ်းငြိမ်းချမ်းချမ်း သေရမှာ မဟုတ်ဘူး"

19.7.2020

*******************

Continue Reading

You'll Also Like

789K 87.9K 146
second part of No Doubt in Us ကျွန်တော့်accထဲကပထမပိုင်းရဲ့အဆက်ပါ second part of No Doubt in Us ကြၽန္ေတာ့္accထဲကပထမပိုင္းရဲ႕အဆက္ပါ
11.4K 1.1K 70
အတိတ္က ဆံုးရံွဳးခဲ့ရသည့္လွပလြန္းတဲ့ သူမမိခင္ရဲ႕အျဖစ္ဆိုးေၾကာင့္ ဘဝအမွန္ကိုဖံုးကြယ္ ႐ွင္သန္ေနထိုင္လာရတဲ့ ယြန္းေလာ့ဟြန္း(ဟန္ဟြန္းယြန္း)...။ ဖခင္ျဖစ္သူန...
79.2K 8.1K 68
Normal System ပါ Male Lead က Host ဖြစ်ပြီး Female Lead ကတော့ System လေးပါ... Normal System ပါ Male Lead က Host ျဖစ္ၿပီး Female Lead ကေတာ့ System ေလးပ...
3.4K 228 50
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...