《Zawgyi》
အပိုင္း - ၁၅၂
[လင္းေဟြ႕ - ၁]
ခ်င္းစုယြဲ႕က အလုပ္ကိစၥေတြ အၿပီးျဖတ္ဖို႔အတြက္ Aၿမိဳ႕သို႔ ျပန္လာတာျဖစ္ၿပီး ခ်န္းစီႏ်န္က သူမကို လိုက္ပို႔၏။ ဒါေပမယ့္ ကုမၸဏီမွာ အေရးႀကီး ေျဖရွင္းစရာကိစၥ တစ္ခုေၾကာင့္ သူ႔မွာ ေရြးစရာမရွိေတာ့ပဲ ရွန္က်င္းၿမိဳ႕သို႔ အေလာတႀကီး ျပန္သြားရေလသည္။
ထိုည၌ ခ်င္းစုယြဲ႕ႏွင့္ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ညစာ အတူတူစားၾကသည္။ ေနာက္တစ္ေန႔မနက္မွာေတာ့ သူမက ကူထံုးကို မနက္စာစားဖို႔ ေခၚလိုက္ကာ အံ့ဩစရာေကာင္းစြာပဲ ရွေခ်ာင္းပါ ပါလာေလသည္။ သူမ သိရသေလာက္ေတာ့ ရွေခ်ာင္းက ခရီးသြား ရသစံုရွိဳး အစီအစဥ္တစ္ခုကို တင္ဆက္ေနတာျဖစ္ၿပီး အျမဲတမ္း ခရီးသြားေနရ၏။ ခ်င္းစုယြဲ႕က သူ႔ကို မေတြ႕ရတာေတာင္ အေတာ္ၾကာေနေလၿပီ။
ရွေခ်ာင္းက ပိုၿပီးပိန္ပါးလာသည္ကို ခ်င္းစုယြဲ႕ ေတြ႕လိုက္ရသည္။
သူမက ေမး၏။
"အစီအစဥ္အသစ္က ပင္ပန္းလို႔လား?"
"အဆင္ေျပပါတယ္ ... ဒီမွာ နာမည္ႀကီးတယ္ေလ" ရွေခ်ာင္းက ျပန္ေျဖသည္။
ခ်င္းစုယြဲ႕က ခပ္ေဖ်ာ့ေဖ်ာ့ ျပံဳးလိုက္သည္။
"ကိုယ့္ကိုယ္ကိုလည္း ဂရုစိုက္ပါဦး"
"အင္း" ထိုအခါမွ ေနာက္ဆံုးတြင္ ရွေခ်ာင္းက သူမကို ေမာ့ၾကည့္လာသည္။ သူက ပါးစပ္ဟလိုက္ေပမယ့္ အဆံုးမွာေတာ့ ဘာတစ္ခြန္းမၽွ ထြက္မလာခဲ့ေပ။
သူတို႔ေတြအကုန္လံုးက Aေကာလိပ္မွ ေက်ာင္းသူေက်ာင္းသားေတြ ျဖစ္သျဖင့္ ရွေခ်ာင္း ပါလာသည္ကို ခ်င္းစုယြဲ႕က စိတ္အေႏွာင့္အယွက္ မျဖစ္ေပ။ ေကာင္းပါသည္။ အနည္းဆံုးေတာ့ သူမ မသြားခင္ သူမတို႔ေတြ အကုန္လံုးစံုၿပီး ေကာင္းေကာင္း စားေသာက္ခဲ့ၾကရသည္ပင္။
ရွေခ်ာင္းက ေခါင္းငံု႔ေနကာ ဘာမွမေျပာသည္ကိုေတြ႕ေတာ့ ကူထံုးက ေလထုကို ျပန္လည္ေႏြးေထြးလာေစဖို႔ ကူညီေပး၏။
"စုယြဲ႕ ... နင္ အလုပ္အတြက္ ရွန္က်င္းၿမိဳ႕ကလူေတြနဲ႔ ဆက္သြယ္ၿပီးသြားၿပီလား?"
"အင္း .. အဲ့ေန႔က အင္တာဗ်ဴးတာ အရမ္းအဆင္ေျပတယ္"
ကူထံုးက ျပံဳးလိုက္သည္။
"ဒါေပါ့! နင့္ရဲ႕ နာမည္ႀကီးပံုနဲ႔ဆို အဲဒီရုပ္သံလႊင့္ဌာနက နင့္ကိုလက္ခံရတာ အရွံဳးရွိမွာကို မဟုတ္ဘူး!"
"အဲ့လို မေျပာပါနဲ႔ဟယ္ ... အလုပ္အသစ္ဆိုေတာ့ ငါ အကုန္လံုးကို အစကေန ျပန္ႀကိဳးစားရမွာ"
ကူထံုးက သူ႔ရင္ဘတ္သူပုတ္လ်က္ ကတိျပဳ၏။
"မစိုးရိမ္ပါနဲ႔! ငါနင့္ကို ယံုတယ္!"
"အင္း .. ဟုတ္ပါၿပီ"
ခ်င္းစုယြဲ႕ကလည္း ရယ္လိုက္ေတာ့သည္။
သူတုိ႔က အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားေသာက္ၿပီးသြားၾကေပမယ့္ စကားေျပာတဲ့အခါမွာေတာ့ ရွေခ်ာင္းက သိပ္အမ်ားႀကီး ဝင္မေျပာခဲ့ေပ။ သူမအေပၚ က်ေရာက္လာေသာ ရွေခ်ာင္းရဲ႕ ဘာမွန္းမသိသည့္ ခံစားခ်က္တို႔ ေရာႁပြန္းေနေသာ အၾကည့္တို႔အား ခ်င္းစုယြဲ႕က ခံစားမိႏိုင္ေလ၏။
အျပန္လမ္းမွာေတာ့ ခ်င္းစုယြဲ႕ႏွင့္ ကူထံုးတို႔က အတူတူ လမ္းေလၽွာက္ျပန္လာၾကသည္။ သူမက ကူထံုးကို ေမးလိုက္၏။
"နင္ ဟိုတစ္ခါေျပာခဲ့တဲ့ ရွေခ်ာင္းကို လိုက္ေတာ့မယ္ဆိုတာ တကယ္ႀကီးလား?"
ကူထံုးက ခ်က္ခ်င္းပဲ ဝန္ခံေလသည္။
"အမွန္ေပါ့ဟ!"
"အဲဒါဆို အခု နင္တို႔ႏွစ္ေယာက္ရဲ႕ အေျခအေနက ဘယ္လိုျဖစ္သြားၾကၿပီလဲ?"
ကူထံုးက ျပန္မေျဖခင္ စဥ္းစားၾကည့္ေနသည္။
"မစ္ရွင္ကေတာ့ မၿပီးေသးဘူးေပါ့ဟာ ... ငါ ႀကိဳးစားမွာပါ!"
"နင္ ႀကိဳးစားေတာ့ေလ .. ငါ နင့္ရဲ႕ မဂၤလာဧည့္ခံပြဲကို ေမၽွာ္ေနမွာေနာ္!"
ခ်င္းစုယြဲ႕အတြက္ကေတာ့ ကူထံုးႏွင့္ ရွေခ်ာင္းတို႔ ႏွစ္ေယာက္လံုးဟာ ဒီၿမိဳ႕မွာ သူမရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္း ႏွစ္ေယာက္ပင္ ျဖစ္သည္။ သူတို႔သာ ေနာက္ပိုင္း တြဲသြားၾကမယ္ဆိုရင္ေတာ့ အေကာင္းဆံုးေပါ့။
"ငါ အေကာင္းဆံုး ႀကိဳးစားမွာပါ ... ေအာင္ျမင္မလား ႀကိဳးစားရင္းနဲ႔ပဲ ေသသြားမလား တစ္ခုခုပဲ!"
ခ်င္းစုယြဲ႕က သူမကို ေျပာခဲ့တဲ့ စကားႏွင့္ ျပန္ေျပာေပးေလ၏။
"မစိုးရိမ္ပါနဲ႔! ငါနင့္ကို ယံုတယ္!"
ကူထံုးႏွင့္ ႏႈတ္ဆက္ၿပီးသြားေတာ့ ခ်င္းစုယြဲ႕က သူမရဲ႕ပစၥည္းေတြကို ျပန္ယူဖို႔ တိုက္ခန္းကို ျပန္လာသည္။
အကယ္၍ သူမသာ ဒီမွာေနရတာေပ်ာ္ရင္ ေနာက္က်ရင္ သူတို႔ မၾကာခဏ လာေနၾကမည္ဟု ခ်န္းစီႏ်န္က ေျပာသျဖင့္ ခ်င္းစုယြဲ႕က အကုန္လံုးကို ထုပ္ပိုးဖို႔ မရည္ရြယ္ေပ။ အေရးႀကီးလိုတဲ့ ပစၥည္းေတြကိုသာ အလြယ္တကူပဲ ျပန္ယူသည္။
ညေနပိုင္း သူမလည္း အားလံုး ထုပ္ပိုးၿပီးစီးသြားခ်ိန္မွာေတာ့ ခ်န္းစီႏ်န္က သူမကိုဖုန္းေခၚၿပီး ဘယ္အခ်ိန္ ျပန္လာမွာလဲဆိုတာကို ေမးေလ၏။
သူမက နည္းနည္း စဥ္းစားၾကည့္လိုက္ၿပီးေတာ့ ျပန္ေျဖသည္။
"သိပ္မၾကာေတာ့ဘူး ... ေနာက္တစ္နာရီေလာက္ေနရင္"
"ကိုယ္ လက္ေထာက္ဝမ္ကို မင္းအတြက္ ေလယာဥ္လက္မွတ္ ျဖတ္ခိုင္းလိုက္မယ္"
"အင္း ... ကၽြန္မအစား လက္ေထာက္ဝမ္ကို ေက်းဇူးတင္ေၾကာင္း ေျပာေပးပါဦး"
ခ်န္းစီႏ်န္က သေဘာမတူရေသးခင္ ဆက္ေျပာလိုက္၏။
"ကိုယ့္အတြက္ကေရာ? ကိုယ့္ကိုေက်းဇူးတင္ဖို႔ေရာ မင္း ဘယ္လို စီစဥ္ထားလဲ?"
"ဒါက...."
ခ်င္းစုယြဲ႕က တမင္သပ္သပ္ပင္ ေျပာလိုက္သည္။
"ကၽြန္မ ရွင့္ကို ေက်းဇူးမတင္ခ်င္ပါဘူး ... ေနာက္ၿပီးေတာ့ ေက်းဇူးတင္ဖုိ႔လည္း မလိုဘူးေလ"
ခ်န္းစီႏ်န္က မဆိုစေလာက္ေလး ျပံဳးသြားသည္။ သူမက သူ႔ကို သူစိမ္းတစ္ေယာက္လို မျပဳမူသည့္အတြက္ သူက ေက်နပ္သြားၿပီး သတိေပးလိုက္သည္။
"လမ္းမွာ ဂရုစိုက္ေနာ္ ... ကိုယ္ မင္းကိုလာႀကိဳဖို႔ အခ်ိန္မရေလာက္ဘူး အဲဒါေၾကာင့္မလို႔ လက္ေထာက္ဝမ္ကို လာႀကိဳခိုင္းလိုက္မယ္"
"ရပါတယ္ ... ကၽြန္မဘာသာ ျပန္လာႏိုင္ပါတယ္"
ခ်န္းစီႏ်န္က သူမသေဘာအတိုင္းလုပ္ဖို႔ ခြင့္ျပဳေပးလိုက္ေလသည္။
ရွန္က်င္းၿမိဳ႕သို႔ ေလယာဥ္ဆိုက္ေရာက္ခ်ိန္တြင္ေတာ့ ညအခ်ိန္ပင္ ျဖစ္ေနေခ်ၿပီ။ ေလဆိပ္မွာ လူေတြ ပ်ားပန္းခပ္ မ်ားျပားလြန္းလွ၏။
ခ်င္းစုယြဲ႕က လမ္းေလၽွာက္လာရင္းႏွင့္ သူမရဲ႕ ခရီးေဆာင္အိတ္ကို ဆြဲလာသည္။ သူမက ႏွစ္ထပ္ပါသည့္ ကုတ္အက်ႌအျဖဴေရာင္ကို ဝတ္ဆင္ထားၿပီး ေနကာမ်က္မွန္ကို တပ္ထားကာ သူမရဲ႕ လမ္းေလၽွာက္လာသည့္ပံုစံမွာ လူေပါင္းမ်ားစြာ၏ အၾကည့္တုိ႔ကို ဆြဲေဆာင္ႏိုင္ေလ၏။
ဒါေပမယ့္ သူမ ေလဆိပ္ထဲက မထြက္ရေသးခင္မွာပဲ ရုတ္တရက္ လူတစ္ေယာက္၏ တားဆီးလာျခင္းကို ခံလိုက္ရသည္။
ထိုလူက မီးခိုးေရာင္ အေနာက္တိုင္း ဝတ္စံုကို ဝတ္ဆင္ထားေပမယ့္ ခ်န္းစီႏ်န္လို အေသးစိတ္ သပ္သပ္ရပ္ရပ္ မဟုတ္ေပ။ ထိုလူ႔ရဲ႕ အေနာက္တိုင္း ဝတ္စံုမွာ အနည္းငယ္ တြန္႔ေၾကေနၿပီးလၽွင္ နက္ခ္တိုင္အျပာေရာင္မွာလည္း ရြဲ႕ေစာင္းေနေလ၏။
ခ်င္းစုယြဲ႕က လမ္းေလၽွာက္ေနတာကို ရပ္တန္႔လို္က္ၿပီး သူမေရွ႕တည့္တည့္က အမ်ိဳးသားအား ေနကာမ်က္မွန္မွတစ္ဆင့္ ၾကည့္လိုက္သည္။ သူ႔ရဲ႕ပံုပန္းသဏၭာန္က အဆင္ေျပေပမယ့္ သူမ အႀကိမ္ေပါင္းမ်ားစြာ အတည္ျပဳၿပီးမွာေတာ့ နိဂံုးခ်ဳပ္အေနျဖင့္ဆိုရလၽွင္ သူမ ထိုလူ႔ကို မသိေပ။
ခ်င္းစုယြဲ႕က ေနကာမ်က္မွန္ကိုခၽြတ္ကာ ေမးလိုက္၏။
"ရွင္က?"
သူမ ထိုသို႔ေျပာလိုက္တဲ့ တခဏမွာပဲ ေျမာက္မ်ားလွစြာေသာ ပါပါရာဇီေတြ သတင္းေထာက္ေတြက အနားကို ဝန္းရံလာေတာ့သည္။ ခ်င္းစုယြဲ႕မွာ ဘာျဖစ္ေနမွန္း သေဘာမေပါက္ရေသးခင္မွာပဲ ထိုလူက အေျပးအလႊား သူမကို လာဖက္ေလ၏။ သူက မတရားခံရသည့္ႏွယ္ ရွိုက္ငိုေတာ့သည္။
"မိန္းမ .. မိန္းမ ... ငါ ေနာက္ဆံုးေတာ့ မင္းကို ရွာေတြ႕ခဲ့ၿပီ"
ခ်င္းစုယြဲ႕ဟာ ဒီလိုအေျခအေနႀကီးေအာက္တြင္ "မိန္းမ"လို႔ အေခၚခံလိုက္ရမည္ဟုေတာ့ တစ္ခါမွ မေတြးမိခဲ့ပါေပ။
ခ်န္းစီႏ်န္ေတာင္ သူမကို တစ္ခါမွ ဒီလိုႀကီး မေခၚခဲ့ဖူးေပ။ သူက သူမကို "ဇနီး"လို႔ ေခၚရတာကို ပိုႏွစ္သက္ခဲ့၏။
ႏွစ္ခုကိုယွဥ္ၾကည့္လၽွုင္ ခ်င္းစုယြဲ႕ဟာ ထိုလူရဲ႕ သူမကို "မိန္းမ"ဟု ေခၚပံုကို စက္ဆုပ္ရြံရွာမိေလသည္။
သူ႔ထံတြင္ ခ်န္းစီႏ်န္လို လတ္ဆတ္ၿပီး စိတ္ေက်နပ္ဖြယ္ ရနံ႔မ်ိဳးလည္း ရွိမေနေပ။ ထို႔သူ႔ထံမွ ေဆးလိပ္နံ႔ႏွင့္ ေခၽြးနံ႔ေရာေနသည့္ အနံ႔ျပင္းျပင္းပါ ရွိေနေလသည္။
15.7.2020
********************
《Unicode》
အပိုင်း - ၁၅၂
[လင်းဟွေ့ - ၁]
ချင်းစုယွဲ့က အလုပ်ကိစ္စတွေ အပြီးဖြတ်ဖို့အတွက် Aမြို့သို့ ပြန်လာတာဖြစ်ပြီး ချန်းစီနျန်က သူမကို လိုက်ပို့၏။ ဒါပေမယ့် ကုမ္ပဏီမှာ အရေးကြီး ဖြေရှင်းစရာကိစ္စ တစ်ခုကြောင့် သူ့မှာ ရွေးစရာမရှိတော့ပဲ ရှန်ကျင်းမြို့သို့ အလောတကြီး ပြန်သွားရလေသည်။
ထိုည၌ ချင်းစုယွဲ့နှင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ညစာ အတူတူစားကြသည်။ နောက်တစ်နေ့မနက်မှာတော့ သူမက ကူထုံးကို မနက်စာစားဖို့ ခေါ်လိုက်ကာ အံ့ဩစရာကောင်းစွာပဲ ရှချောင်းပါ ပါလာလေသည်။ သူမ သိရသလောက်တော့ ရှချောင်းက ခရီးသွား ရသစုံရှိုး အစီအစဉ်တစ်ခုကို တင်ဆက်နေတာဖြစ်ပြီး အမြဲတမ်း ခရီးသွားနေရ၏။ ချင်းစုယွဲ့က သူ့ကို မတွေ့ရတာတောင် အတော်ကြာနေလေပြီ။
ရှချောင်းက ပိုပြီးပိန်ပါးလာသည်ကို ချင်းစုယွဲ့ တွေ့လိုက်ရသည်။
သူမက မေး၏။
"အစီအစဉ်အသစ်က ပင်ပန်းလို့လား?"
"အဆင်ပြေပါတယ် ... ဒီမှာ နာမည်ကြီးတယ်လေ" ရှချောင်းက ပြန်ဖြေသည်။
ချင်းစုယွဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါဦး"
"အင်း" ထိုအခါမှ နောက်ဆုံးတွင် ရှချောင်းက သူမကို မော့ကြည့်လာသည်။ သူက ပါးစပ်ဟလိုက်ပေမယ့် အဆုံးမှာတော့ ဘာတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
သူတို့တွေအကုန်လုံးက Aကောလိပ်မှ ကျောင်းသူကျောင်းသားတွေ ဖြစ်သဖြင့် ရှချောင်း ပါလာသည်ကို ချင်းစုယွဲ့က စိတ်အနှောင့်အယှက် မဖြစ်ပေ။ ကောင်းပါသည်။ အနည်းဆုံးတော့ သူမ မသွားခင် သူမတို့တွေ အကုန်လုံးစုံပြီး ကောင်းကောင်း စားသောက်ခဲ့ကြရသည်ပင်။
ရှချောင်းက ခေါင်းငုံ့နေကာ ဘာမှမပြောသည်ကိုတွေ့တော့ ကူထုံးက လေထုကို ပြန်လည်နွေးထွေးလာစေဖို့ ကူညီပေး၏။
"စုယွဲ့ ... နင် အလုပ်အတွက် ရှန်ကျင်းမြို့ကလူတွေနဲ့ ဆက်သွယ်ပြီးသွားပြီလား?"
"အင်း .. အဲ့နေ့က အင်တာဗျူးတာ အရမ်းအဆင်ပြေတယ်"
ကူထုံးက ပြုံးလိုက်သည်။
"ဒါပေါ့! နင့်ရဲ့ နာမည်ကြီးပုံနဲ့ဆို အဲဒီရုပ်သံလွှင့်ဌာနက နင့်ကိုလက်ခံရတာ အရှုံးရှိမှာကို မဟုတ်ဘူး!"
"အဲ့လို မပြောပါနဲ့ဟယ် ... အလုပ်အသစ်ဆိုတော့ ငါ အကုန်လုံးကို အစကနေ ပြန်ကြိုးစားရမှာ"
ကူထုံးက သူ့ရင်ဘတ်သူပုတ်လျက် ကတိပြု၏။
"မစိုးရိမ်ပါနဲ့! ငါနင့်ကို ယုံတယ်!"
"အင်း .. ဟုတ်ပါပြီ"
ချင်းစုယွဲ့ကလည်း ရယ်လိုက်တော့သည်။
သူတို့က အတူတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးသွားကြပေမယ့် စကားပြောတဲ့အခါမှာတော့ ရှချောင်းက သိပ်အများကြီး ဝင်မပြောခဲ့ပေ။ သူမအပေါ် ကျရောက်လာသော ရှချောင်းရဲ့ ဘာမှန်းမသိသည့် ခံစားချက်တို့ ရောပြွန်းနေသော အကြည့်တို့အား ချင်းစုယွဲ့က ခံစားမိနိုင်လေ၏။
အပြန်လမ်းမှာတော့ ချင်းစုယွဲ့နှင့် ကူထုံးတို့က အတူတူ လမ်းလျှောက်ပြန်လာကြသည်။ သူမက ကူထုံးကို မေးလိုက်၏။
"နင် ဟိုတစ်ခါပြောခဲ့တဲ့ ရှချောင်းကို လိုက်တော့မယ်ဆိုတာ တကယ်ကြီးလား?"
ကူထုံးက ချက်ချင်းပဲ ဝန်ခံလေသည်။
"အမှန်ပေါ့ဟ!"
"အဲဒါဆို အခု နင်တို့နှစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုဖြစ်သွားကြပြီလဲ?"
ကူထုံးက ပြန်မဖြေခင် စဉ်းစားကြည့်နေသည်။
"မစ်ရှင်ကတော့ မပြီးသေးဘူးပေါ့ဟာ ... ငါ ကြိုးစားမှာပါ!"
"နင် ကြိုးစားတော့လေ .. ငါ နင့်ရဲ့ မင်္ဂလာဧည့်ခံပွဲကို မျှော်နေမှာနော်!"
ချင်းစုယွဲ့အတွက်ကတော့ ကူထုံးနှင့် ရှချောင်းတို့ နှစ်ယောက်လုံးဟာ ဒီမြို့မှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ပင် ဖြစ်သည်။ သူတို့သာ နောက်ပိုင်း တွဲသွားကြမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
"ငါ အကောင်းဆုံး ကြိုးစားမှာပါ ... အောင်မြင်မလား ကြိုးစားရင်းနဲ့ပဲ သေသွားမလား တစ်ခုခုပဲ!"
ချင်းစုယွဲ့က သူမကို ပြောခဲ့တဲ့ စကားနှင့် ပြန်ပြောပေးလေ၏။
"မစိုးရိမ်ပါနဲ့! ငါနင့်ကို ယုံတယ်!"
ကူထုံးနှင့် နှုတ်ဆက်ပြီးသွားတော့ ချင်းစုယွဲ့က သူမရဲ့ပစ္စည်းတွေကို ပြန်ယူဖို့ တိုက်ခန်းကို ပြန်လာသည်။
အကယ်၍ သူမသာ ဒီမှာနေရတာပျော်ရင် နောက်ကျရင် သူတို့ မကြာခဏ လာနေကြမည်ဟု ချန်းစီနျန်က ပြောသဖြင့် ချင်းစုယွဲ့က အကုန်လုံးကို ထုပ်ပိုးဖို့ မရည်ရွယ်ပေ။ အရေးကြီးလိုတဲ့ ပစ္စည်းတွေကိုသာ အလွယ်တကူပဲ ပြန်ယူသည်။
ညနေပိုင်း သူမလည်း အားလုံး ထုပ်ပိုးပြီးစီးသွားချိန်မှာတော့ ချန်းစီနျန်က သူမကိုဖုန်းခေါ်ပြီး ဘယ်အချိန် ပြန်လာမှာလဲဆိုတာကို မေးလေ၏။
သူမက နည်းနည်း စဉ်းစားကြည့်လိုက်ပြီးတော့ ပြန်ဖြေသည်။
"သိပ်မကြာတော့ဘူး ... နောက်တစ်နာရီလောက်နေရင်"
"ကိုယ် လက်ထောက်ဝမ်ကို မင်းအတွက် လေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်မယ်"
"အင်း ... ကျွန်မအစား လက်ထောက်ဝမ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
ချန်းစီနျန်က သဘောမတူရသေးခင် ဆက်ပြောလိုက်၏။
"ကိုယ့်အတွက်ကရော? ကိုယ့်ကိုကျေးဇူးတင်ဖို့ရော မင်း ဘယ်လို စီစဉ်ထားလဲ?"
"ဒါက...."
ချင်းစုယွဲ့က တမင်သပ်သပ်ပင် ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို ကျေးဇူးမတင်ချင်ပါဘူး ... နောက်ပြီးတော့ ကျေးဇူးတင်ဖို့လည်း မလိုဘူးလေ"
ချန်းစီနျန်က မဆိုစလောက်လေး ပြုံးသွားသည်။ သူမက သူ့ကို သူစိမ်းတစ်ယောက်လို မပြုမူသည့်အတွက် သူက ကျေနပ်သွားပြီး သတိပေးလိုက်သည်။
"လမ်းမှာ ဂရုစိုက်နော် ... ကိုယ် မင်းကိုလာကြိုဖို့ အချိန်မရလောက်ဘူး အဲဒါကြောင့်မလို့ လက်ထောက်ဝမ်ကို လာကြိုခိုင်းလိုက်မယ်"
"ရပါတယ် ... ကျွန်မဘာသာ ပြန်လာနိုင်ပါတယ်"
ချန်းစီနျန်က သူမသဘောအတိုင်းလုပ်ဖို့ ခွင့်ပြုပေးလိုက်လေသည်။
ရှန်ကျင်းမြို့သို့ လေယာဉ်ဆိုက်ရောက်ချိန်တွင်တော့ ညအချိန်ပင် ဖြစ်နေချေပြီ။ လေဆိပ်မှာ လူတွေ ပျားပန်းခပ် များပြားလွန်းလှ၏။
ချင်းစုယွဲ့က လမ်းလျှောက်လာရင်းနှင့် သူမရဲ့ ခရီးဆောင်အိတ်ကို ဆွဲလာသည်။ သူမက နှစ်ထပ်ပါသည့် ကုတ်အကျႌအဖြူရောင်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်ကို တပ်ထားကာ သူမရဲ့ လမ်းလျှောက်လာသည့်ပုံစံမှာ လူပေါင်းများစွာ၏ အကြည့်တို့ကို ဆွဲဆောင်နိုင်လေ၏။
ဒါပေမယ့် သူမ လေဆိပ်ထဲက မထွက်ရသေးခင်မှာပဲ ရုတ်တရက် လူတစ်ယောက်၏ တားဆီးလာခြင်းကို ခံလိုက်ရသည်။
ထိုလူက မီးခိုးရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် ချန်းစီနျန်လို အသေးစိတ် သပ်သပ်ရပ်ရပ် မဟုတ်ပေ။ ထိုလူ့ရဲ့ အနောက်တိုင်း ဝတ်စုံမှာ အနည်းငယ် တွန့်ကြေနေပြီးလျှင် နက်ခ်တိုင်အပြာရောင်မှာလည်း ရွဲ့စောင်းနေလေ၏။
ချင်းစုယွဲ့က လမ်းလျှောက်နေတာကို ရပ်တန့်လို်က်ပြီး သူမရှေ့တည့်တည့်က အမျိုးသားအား နေကာမျက်မှန်မှတစ်ဆင့် ကြည့်လိုက်သည်။ သူ့ရဲ့ပုံပန်းသဏ္ဌာန်က အဆင်ပြေပေမယ့် သူမ အကြိမ်ပေါင်းများစွာ အတည်ပြုပြီးမှာတော့ နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် သူမ ထိုလူ့ကို မသိပေ။
ချင်းစုယွဲ့က နေကာမျက်မှန်ကိုချွတ်ကာ မေးလိုက်၏။
"ရှင်က?"
သူမ ထိုသို့ပြောလိုက်တဲ့ တခဏမှာပဲ မြောက်များလှစွာသော ပါပါရာဇီတွေ သတင်းထောက်တွေက အနားကို ဝန်းရံလာတော့သည်။ ချင်းစုယွဲ့မှာ ဘာဖြစ်နေမှန်း သဘောမပေါက်ရသေးခင်မှာပဲ ထိုလူက အပြေးအလွှား သူမကို လာဖက်လေ၏။ သူက မတရားခံရသည့်နှယ် ရှိုက်ငိုတော့သည်။
"မိန်းမ .. မိန်းမ ... ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ခဲ့ပြီ"
ချင်းစုယွဲ့ဟာ ဒီလိုအခြေအနေကြီးအောက်တွင် "မိန်းမ"လို့ အခေါ်ခံလိုက်ရမည်ဟုတော့ တစ်ခါမှ မတွေးမိခဲ့ပါပေ။
ချန်းစီနျန်တောင် သူမကို တစ်ခါမှ ဒီလိုကြီး မခေါ်ခဲ့ဖူးပေ။ သူက သူမကို "ဇနီး"လို့ ခေါ်ရတာကို ပိုနှစ်သက်ခဲ့၏။
နှစ်ခုကိုယှဉ်ကြည့်လျှုင် ချင်းစုယွဲ့ဟာ ထိုလူရဲ့ သူမကို "မိန်းမ"ဟု ခေါ်ပုံကို စက်ဆုပ်ရွံရှာမိလေသည်။
သူ့ထံတွင် ချန်းစီနျန်လို လတ်ဆတ်ပြီး စိတ်ကျေနပ်ဖွယ် ရနံ့မျိုးလည်း ရှိမနေပေ။ ထို့သူ့ထံမှ ဆေးလိပ်နံ့နှင့် ချွေးနံ့ရောနေသည့် အနံ့ပြင်းပြင်းပါ ရှိနေလေသည်။
15.7.2020
*****************