#Unicode
တစ်ခန်းလုံးပြည့်သွားတဲ့နှင်းဆီပန်းတွေကိုကြည့်ပြီး ချူးရှန့်ပင်မျက်လုံးကျိမ်းသွားမိလေတယ် ... ထိုနေ့က မင်းယွီတို့အိမ်ကနေပြန်ဖို့အတွက်ကို မနည်းတောင်းပန်ယူလိုက်ရတယ် ... နောက်ဆုံး ရှိသမျှပန်းတွေအကုန်ရောင်းမယ်ဆိုတော့မှ ဆရာသခင်က အခန်းတော်ကိုပြန်လာတော်မူခဲ့တယ် ...
" ချူးရှန့် ... ပန်းတွေကိုသေချာအလှဆင် ...
ပြီးတော့မညှိုးစေနဲ့ ... ဂရုစိုက် "
" ဟုတ်ကဲ့ "
သို့ပေမဲ့ တစ်ဆက်တည်းမှာပဲ ကိစ္စကြီးတစ်ခုပေါ်လာခဲ့ပြန်တယ် ...
" သခင်လေး ... အရေးကြီးတဲ့ဖုန်း လာနေတယ် "
" ဘယ်သူလဲ "
" သခင်မကြီးပါ "
ဖန်းဂူက ခုံပေါ်မှာထိုင်နေရင်းမှ ချူးရှန့်လက်ထဲကဖုန်းကိုဆွဲယူလိုက်တယ် ...
" ဝေ ... မား "
" သား ... ဘယ်တော့အိမ်တော်ကို ပြန်လာမှာလဲ ...
ဟော်တည်မှာပဲ အမြဲနေနေတော့မှာလား "
" အိမ်မှာနေရတာ စိတ်ကျဉ်းကျပ်တယ် ...
ထပ်ပြီးကျွန်တော့ကိုအခန်းထဲပိတ်ထားအုံးမှာလား ...
ကျွန်တော်ကငှက်တစ်ကောင်မဟုတ်ဘူး "
" အဲ့ဒါက အရင်ကပါ ... မဖြစ်မနေမို့သားလေးကို ထားထားရတာ ...
သားအခန်းထဲမှာနေရတာ စိတ်ကျဉ်ကျပ်မှန်းသိပေမဲ့ အမြဲအပြင်မှာနေနေလို့လဲ မဖြစ်ဘူးလေ ...
သားကလုပ်ငန်းရှင်ကြီးဖြစ်လာပြီ ...
အမြဲ အောင်မြင်မှုကကို့နောက်လိုက်နေမှာမဟုတ်ဘူး ...
ကိုကိုယ်တိုင်က အောင်မြင်မှုကိုရအောင်ယူရမှာ "
" ကျွန်နော်သိတယ်... ဒါကြောင့်မို့အိမ်ပြန်လာဖို့အကြောင်းတွေ ထပ်မပြောပါနဲ့တော့ "
အတိတ်မှာဘာတွေဖြစ်ခဲလဲမမှတ်မိပေမဲ့ ၃ နှစ်တာကာလမှာ ကုတင်ပေါ်လဲလျှောင်းနေပြီး အခန်းတွင်းပိတ်ခံထားရတဲ့ကာလတွေက သူ့အတွက်ငရဲလိုပဲ ... ဒါကြောင့် ရှန်ဟွှာကိုပြန်သွားဖို့ ဆန္ဒမရှိခဲ့ဘူး ...
တဖက်ကနေသူမက ဆက်ပြောလာတယ် ...
" သားလေး ... မနက်ဖြန် ဒီဇိုင်းအသစ်အတွက် ကြော်ငြာဖို့ Kမြို့က မော်ဒယ်ခေါ်ထားပြီးပြီ ...
သားသူကိုသွားတွေ့နိုင်မလား "
ဖန်းဂူဘာမှဆက်မပြောတော့ပဲဖုန်းချလိုက်တယ် ...
" သခင်လေး ... မနက်ဖြန် ကျွန်တော်တို့ ကုန်တိုက်အသစ်ဖွင့်ပွဲကို သွားရမယ် "
" ကောင်းပြီ ... အဆင်သင့်ပြင်ထား "
SH Club ကထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သလို အပြိုင်အဆိုင်တွေကလဲများလွန်းတယ် ... ခုချိန်မှာ နံပါတ် ၁ နေရာမှာရှိနေပေမဲ့ အမြဲဆက်ရှိနေဖို့ မရိုးနိုင်တဲ့ ထုတ်လုပ်မှုတွေနဲ့အတူ ကြော်ငြာတွေမှာလဲ အဆင့်မှီအောင်လုပ်ဆောင်ကြရတယ် ...
ခေတ်မှီလာသည်နှင့်အမျှ ထုတ်ကုန်အသစ်တွေလဲများလာသလို အသစ်အဆန်းတွေကို လူတွေကပိုပြီး နှစ်ခြိုက်ကြသည့်အတွက် နေရာတိုင်းမှာ ဆန်းသစ်နေဖို့လိုအပ်တယ် ...
ဥက္ကဌအသစ်ဖြစ်တဲ့ ရှန်ဖန်းဂူက နေရာတိုင်းမှာ သူ့အာဏာရရှိဖို့ ဝန်ထမ်းတွေနဲ့ထိပ်တိုက်တွေ့ဆုံဖို့လဲ လိုအပ်တယ် ... ဒါကြောင့် ဒီဖွင့်ပွဲက ရှန်ဖန်းဂူကိုယ်တိုင်တက်ရောက်မှကိုဖြစ်လိမ့်မယ် ...
နေ့လည် ၁၁ နာရီမှာ ဖွင့်ပွဲစတင်လေတယ် ... ခန့်ညားလှတဲ့ ဥက္ကဌရှန်ဖန်းဂူ ကုန်တိုက်ထဲသို့ဝင်လာတဲ့အခါ တူညီဝတ်ဆုံများဆင်မြန်ထားတဲ့ဝန်ထမ်းတွေက စီရီစွာရပ်နေကြပြီး သူတို့ရဲ့သူဌေးကို ကြိုဆိုကြရလေတယ် ...
အဆင့် ၂၀ မျှရှိသည့်ကုန်တိုက်ကြီးက ပြည်သူတွလေိုအပ်ချက်အားလုံးကိုတစ်စုတစ်စည်းထည်းမှာရရှိစေပြီး အပန်းဖြေဖို့ ကစားဖို့ စားသောက်ဖို့အတွက်ပါ သူ့အဆင့်နဲ့သူ ဖန်တီးထားပြီး တစ်နေရာတည်းမှာ အားလုံးကို ရရှိနိုင်တဲ့အတွက် မဖွင့်လှစ်ခင်ကတည်းက နာမည်ကြီးပြီးသားဖြစ်၍ ခက်ခက်ခဲခဲ ကြော်ငြာနေစရာတော့မလိုခဲ့ဘူး ...
အထက် ၂၀ လုံးကိုပတ်ပြီး စစ်ဆေးပြီးတဲ့နောက်မှာတော့ ဝန်ထမ်းတွေကိုမိန့်ခွန်းပြောကြားကာ ဖွင့်လှစ်ခြင်းအောင်မြင်ကြောင်းပြောကြားပြီးတဲ့နောက် ဖန်းဂူသူ့အတွက်ပြင်ဆင်ပေးထားတဲ့ သီးသန့်နားနေခန်းထဲသို့ ဝင်လာခဲ့လေတယ် ...
ချူးရှန့်က မောပန်းသွားတဲ့သခင်ကို ရေအေးအေးလေးတစ်ခွက်ပေးလိုက်ပြီး သူယူလာတဲ့ပန်းစည်းကို သခင်လေးစားပွဲပေါ်မှာတင်လိုက်တယ် ...
" ဒါက ဘာလဲ "
" တစ်စုံတစ်ယောက်က ပေးခိုင်းလိုက်တာပါ ...
ဒါပေမဲ့ သူမက သခင်လေးနဲ့တွေ့ဖို့စောင့်နေတယ်လို့လဲ ပြောခိုင်းလိုက်သေးတယ် "
" သူမ "
ဖန်းဂူအနည်းငယ်ခေါင်းစားသွားမိတယ် ... ပန်းကိုမြင်တော့တစ်စုံတစ်ယောက်ကို သတိရသွားပေမဲ့ သူမဆိုတဲ့စကားကြောင့် သူ့ရဲ့မျက်နှာက တဖန်အေးဆက်သွားပြန်တယ် ... ချူးရှန့်ကလဲ သခင်မကြီးရဲ့စီစည်မှုဖြစ်နေ၍ တိတိကျကျရေရေရာရာမပြောပြတတ်ဘူး ...
" သခင်လေး ... သူကအပေါ်ဆုံးထပ်မှာစောင့်နေတယ်လို့ပြောပါတယ် "
ဘယ်သူမှန်မသိပေမဲ့ မျှော်လင့်ချက်ရောင်ချည်သေးသေးလေးနဲ့ ဖန်းဂူ အပေါ်ဆုံးထပ်ကိုတက်လာခဲ့လိုက်တယ် ... လေသာပြင်ပေါ်မှာ လှပတဲ့ ဇာအဖြူရောင်လိုက်ကာတွေအလှဆင်ထားပြီး နေရောင်ကိုဖုံးလွှမ်းထားလေတယ် ... အမိုးတစ်ခုအောက်ကခုံဝိုင်းလေးပေါ်မှာ သူ့ကိုကျောပေးကာ ဆံပင်တိုတို ခန္ဓာကိုယ်သေးသွယ်သွယ်နဲ့အမျိုးသမီးတစ်ဦးထိုင်နေတယ် ...
သူမက အိုမီဂါမှန်းသိသာသလို သူမအလှတွေက နတ်ဘုရားတစ်ပါးလိုပဲ ... ပိုစတာထဲကသူမပုံကို အနောက်ကနေကြည့်ယုံနဲ့မှန်းစနိုင်တယ် ... ဒါပေမဲ့ဖန်းဂူက အချိန်ကုန်ခံပြီး ထိုသို့စည်းစားနေမဲ့ထဲမှာသူမပါဘူး ...
သူ့ကိုစောင့်နေတဲ့သူက သူမျှော်လင့်ထားတဲ့သူမဟုတ်တော့ ချက်ချင်းနောက်ပြန်လှည့်ဖို့ပြင်လိုက်တယ် ...
" ဥက္ကဌရှန် "
ရှန်ဖန်းဂူရဲ့အရှိန်အဝါက အားပြင်းတာကြောင့် အနည်းငယ်ဝေးကွာပေမဲ့ သူမချက်ချင်းသတိထားမိသွားပုံပဲ ...
" ကျွန်မ ရှင့်ကိုစောင့်နေတာ နေ့တစ်ဝက်ရှိတော့မယ် "
" ငါမင်းနဲ့ ချိန်မထားမိဘူးလို့ထင်တယ် "
" ဟုတ်ပါတယ် ... ကျွန်မတို့ ချိန်းမထားကြပါဘူး ...
ဒါပေမဲ့ ရှင့်အိုမားက ကျွန်မကိုရှင်နဲ့တွေ့ဖို့လွှတ်လိုက်တာပါ ...
ရောက်နေပြီပဲ ... ဒီမှာထိုင်ပါအုံး ဥက္ကဌရှန် "
သူမက K မြို့ကဆိုပေမဲ့ တရုတ်ဘာသာစကားကိုလဲ ကျွမ်းကျင်စွာပြောဆိုတတ်သေးတယ် ...
" ကျွန်မနာမည် ဆောင်းယွန်ဆွန်းပါ ...
ကျွန်မမိသားစုအကြောင့်ကိုတော့ ရှင့်ကိုပြောပြနေစရာမလိုတော့ဘူးလို့ထင်ပါတယ် "
အဖိုးက Korea ကဝန်ကြီး အဖေကဟော်တည်ပိုင်ရှင် ... သူမက နိုင်ငံခြားမှာကျောင်းသွားတက်ပြီး သူမဝါသနာပါတဲ့မော်ဒယ်အလုပ်ကိုလုပ်နေတဲ့ Idol တစ်ယောက် ... သူမမှာများပြားတဲ့ Fan တွေရှိသလို သူမကသန့်စင်တဲ့အိုမီဂါလဲဖြစ်တယ် ...
ဒီအကြောင်းတွေကိုဖန်းဂူစုံစမ်းမထားပေမဲ့ နေရာတိုင်း သတင်းတွေထဲမှာအမြဲပါနေတာမို့ မမြင်ချင်လောက်အောင်ကိုဖြစ်နေပြီ ...
" ရှင်က စန္ဒရားတီးရတာ ဝါသနာပါတယ်မဟုတ်လား ...
ဥက္ကဌရှန် ... ရှင်ကျွန်မအတွက် တစ်ပုဒ်လောက် မတီးပြချင်ဘူးလား "
" မင်းကိုယ်မင်းစိတ်ကြီးဝင်မနေနဲ့ ...
ငါ့မှာအလုပ်တွေရှိသေးတယ် ...
မင်းနဲ့ထိုင်နေဖို့အချိန်မရှိဘူး "
သူမက အောင်မြင်ကျော်ကြားသူပီပီ စကားပြောချိုသာပြီး ရိုင်းဆိုင်းခြင်းမရှိ ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ ထပ်မံဆိုလာတယ် ...
" ဥက္ကဌရှန် မတော်တစ်စတစ်ခုကြောင့် ဦးနောက်ကိုထိသွားခဲ့တယ်လို့ကြာတယ် ...
ကြည့်ရတာ သတင်းက အမှားမဟုတ်ဘူးပဲ "
" အဲ့ဒိတော့ "
" ရှင်ကျွန်မကိုတကယ်မမှတ်မိတာလား ...
ရှင့်အမေနဲ့ကျွန်မအမေက ငယ်ငယ်ကအတန်းဖော်တွေလေ ...
ကျွန်မ ရှင်ကျွန်းကနေရောက်စမှာတစ်ခါ ရှင်အလယ်တန်းလောက်မှာ မိဘတွေရဲ့တွေ့ဆုံပွဲမှာတစ်ခါစုံဖူးသေးတယ် ...
ကြာပြီဆိုပေမဲ့ အဲ့ဒိအချိန်တုန်းက ရှင်တီးသွားတဲ့ စန္ဒရားသံစဉ်ကို ကျွန်မကြားယောင်နေဆဲပဲ "
ဖန်းဂူအချိန်တစ်ခုထိသာ သည်းခံနိုင်၍ သူမအရှေ့ကနေချက်ချင်းထရပ်လိုက်တယ် ...
" ငါမင်းနဲ့ဟိုးအတိတ်ကကိစ္စတွေ ဆွေးနွေးဖို့အချိန်မရှိဘူး ...
မိဘတွေဘယ်လောက်သိသိ မင်းနဲ့ငါပတ်သပ်စရာလဲမလိုဘူး "
" ရှင်ကျွန်မအကူအညီကိုလိုမယ်လို့ထင်တယ် ...
ကျွန်မအဖေက စီးပွားရေးသမားပေမဲ့ အဖိုးကတော့ဝန်ကြီးတစ်ယောက် ...
သူကရှင့်အကြောင်းတွေအားလုံးသိနေတယ် "
ဖန်းဂူ သူမကိုစိုက်ကြည့်လိုက်ပြီး ...
" မင်းဘာကိုဆိုလိုတာလဲ "
" ရှင်က တချိန်တုန်းက Lion ဆိုတာကိုသာမာန်လူတွေကိုဖုံးကွယ်ထားနိုင်ပေမဲ့ အရာရှိတွေရဲ့အသိထဲမှာတော့ ရှိနေဆဲပဲ "
ဖန်းဂူက မျက်ခုံးနှစ်ဖက်ကိုကြုံ့လိုက်ပြီး ...
" မင်းဒီကို ဘာလိုချင်လို့လာတာလဲ "
သူမက ပြုံးလျှက်ပင် ...
" ဘာရယ်မဟုတ်ပါဘူး ... ပူးပေါင်းမှုလေးတစ်ခုအတွက်ပါ ...
ကျွန်မက အိုမီဂါဆိုတော့ အလှအပကိုကြိုက်တဲ့အတွက် Idol အလုပ်ကို လုပ်ကိုင်တယ် ...
ဒါပေမဲ့ အဖိုးက အလင်းအမှောင်ကိစ္စတွေမှာ ပါဝင်ဖို့ပြောတယ် ... အဖေကလဲ စီးပွားရေးလုပ်ကိုင်ဖို့ပြောပြန်တယ် ...
တစ်ဦးတည်းသောသမီးဖြစ်တဲ့ကျွန်မမှာ မိဘလုပ်ငန်းတွေကို ဦးဆောင်ဖို့ ရွေးချယ်စရာမရှိခဲ့ဘူး ....
အဲ့ဒါ ရှင်ရဲ့လက်အောက်မှာ ပါဝင်ပြီး ကျွန်မကိုရှင့်ရဲ့လက်ထောက်အပြင် ရှင်တို့ရဲ့ကုန်ပစ္စည်းတွေရဲ့ ပင်တိုင်မော်ဒယ်အဖြစ် ကျွန်မကိုအသုံးမပြုချင်ဘူးလား "
" မင်းက မိဘတွေကိုလိမ်ညာပြီး စီးပွားရေးမလုပ်ပဲ ရှန်ဟွှာရဲ့ပင်တိုင်မော်ဒယ်ဖြစ်ချင်တယ်ပေါ့ "
" ကျွန်မအစွမ်းအစနဲ့ဆိုရင် ဒီလိုအောက်ကျခံပြီးပြောနေစရာမလိုပါဘူး ...
ဒါပေမဲ့ ကျွန်မအဖေရဲ့အမိန့်ကြောင့် ရှန်ဟွှာလက်အောက်မှာနေတာက ကျွန်မအတွက် အလုံခြုံဆုံးပဲ "
" ကောင်းပြီလေ ... ငါစဉ်းစားပေးမယ် ...
လက်ခံပြီးလို့ မကြိုက်တာတစ်စုံတစ်ခုတွေ့ရင်တော့ မင်းကိုချက်ချင်ထုတ်ပြစ်ရလိမ့်မယ် "
" စိတ်ချပါ ... ရှင့်ကိုစိတ်မပျက်စေရဘူး ...
ရှင့်ရဲ့ထုတ်ကုန်တွေ ကျွန်မကြောင့် ရောင်းအားတက်စေရမယ် "
ဖန်းဂူသူမနဲ့ဆွေးနွေးပြီးနောက်ပြန်လာခဲ့လေတယ် ... မိခင်ကလဲ မော်ဒယ်နဲ့တွေ့ဖို့ပြောထား၍ ဒီတွေ့ဆုံမှုကအချီးအနှီးတော့ဖြစ်မသွားဘူး ... သူမပုံစံကလဲ ဇယားရှုတ်ချင်ပုံမပေါ်သလို သူမဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း မဘတွေရဲ့စိတ်ချမ်းသာမှုကိုလဲရဖို့ ရှန်ဟွှာလက်အောက်မှာလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင် ...
*
*
*
*
ဖန်းဂူအိမ်ပြန်ရောက်တော့ ကုတင်ပေါ်ကိုပြစ်လှဲလိုက်မိတယ် ... ဒီနေ့ပင်ပန်းပုံက သူ့ဘဝမှာပထမဆုံးပဲလို့ကိုထင်မိတယ် ... တစ်ကိုယ်လုံးညောင်းညာနေသလို့ လူပေါင်းရာချီကြားမှာအချိန်ကြာကြာနေနေရ၍ သူတို့ရဲ့ဟော်မုန်းတွေက သူ့ကိုအသက်ရှူကြပ်စေတယ် ...
ခနကြာတော့ ချူးရှန့်အခန်းထဲကိုဝင်လာတယ် ... သူ့လက်ထဲမှာ ရေခွက်နဲ့ ဆေးဘူးလေးတစ်ခုကို ကိုင်ဆောင်လျှက် ...
" သခင်လေး ... ညစာမစားခင် ဆေးအရင်သောက်လိုက် "
" င့ါခန္ဓာကိုယ်က ကျန်းကျန်းမာမာပဲ ...
အဲ့ဆေးတွေကို ဘာကြောင့် သောက်နေရအုံးမှာလဲ "
" သခင်လေးကိုယ်က ကျန်းမာပေမဲ့ သခင်လေးဟော်မုန်းတွေက ထိန်းချုပ်ဖို့လိုအပ်တယ်လေး ...
ဒါကိုမသောက်ရင် သခင်လေးထိန်းနိုင်မှာမဟုတ်ဘူး "
ဒီဟော်မုန်းတားဆေးက အိုမီဂါတွေရဲ့အနံ့တွေကို မတုန့်ပြန်မိအောင် ထိန်းချုပ်နိုင်သလို အယ်ဖာတွေရဲ့ ဟော်မုန်းဖာက်ပြန်တဲ့ကာလမှာလဲ အိုမီဂါရဲ့ဟော်မုန်းမလိုပဲ ကိုယ့်ဘာသာကို ဖြေနိုင်တယ် ... ဒါကြောင့် ရှန်ဖန်းဂူ ဒီဆေးကိုအသုံးပြုနေခြင်းပဲ ...
အတိတ်မှာ မိတ်အိုမီဂါရှိခဲ့တယ်ဆိုတာကိုတော့ တားဆေးကြောင့် တည်ငြိမ်နေတဲ့ဟော်မုန်းတွေကြောင့် သူနည်းနည်းလေးမှ သံသယမဝင်ခဲ့ဘူး ... ထိုအကြောင်းတွေက ဖန်းဂူစိတ်ထိခိုက်မည်ဆိုး၍ ရှန်ဟွှာဘက်ကလဲ မပြောပြဖို့အမိန့်ထုတ်ထားတယ် ...
" သခင်လေး ... ဟိုမိန်းကလးက သခင်လေးရဲ့အတွင်းရေးမှူးလုပ်မှာလား "
" မဟုတ်ဘူး ... သူမက စီးပွားရေးကိုဟန်ပြသပ်သပ်ပဲလုပ်မှာ ...
သူမဝါသနာပါတာက မော်ဒယ်လုပ်တာ "
" ဒါဆို အတွင်းရေးမှူးအတွက် လူထပ်ရှာရအုံးမှာလား "
" ရှာလိုက် ... အားလုံးကိုဦးဆောင်နေရတာ မင်းလဲပင်ပန်းနေပြီပဲ ...
ဒါပေမဲ့ ငါသဘောကျတဲ့သူကိုပဲခန့်မှာ "
" ဟုတ်ကဲ့ ... ဒီတစ်ခေါက် သခင်လေးစိတ်မပျက်စေရပါဘူး "
ဖန်းဂူက ဒီနေ့အဖြစ်အပျက်ကို ခနမျှစဉ်းစားပြီးတဲ့နောက် ချူးရှန့်အား မေးမြန်းလိုက်လေတယ် ...
" ချူးရှန့် ... ငါ့ကိုအရင်က မား အိုမီဂါတစ်ယောက်နဲ့ မိတ်ဆက်ပေးဘူးလား "
" ဗျာ "
မိတ်ဆက်ပေးဖူးတယ် ... သူမက အန်းရက်စ်ဒီဖြစ်ပြီး သခင်လေးလက်နဲ့ကိုယ်တိုင်သတ်ခဲ့တာလို့ ဘယ်လိုပြောပြရမှာလဲ ...
" ငါအထင်မှားနေတာပဲနေမှာပါ ...
သူကတမင်ငါ့ကိုသိသလိုဟန်ဆောင်နေတာပဲဖြစ်မှာ "
ထိုအခါမှ ချူးရှန့် သက်ပြင်းချလိုက်နိုင်တော့တယ် ...
" ချူးရှန့် ... မင်းပန်းဆိုင်ကို သွားဖို့ရှိလား "
" ဗျာ ... မ ... မရှိပါဘူး "
" အိမ်ကပန်းတွေရော ညှိုးကုန်ပြီလား "
" အဲ့အတွက်မပူနဲ့ ... လုံးဝမညှိုးသေးဘူး ...
အားလုံးလန်းနေတာပဲ ...
ကျွန်တော်ကိုယ်တိုင် ဂရုစိုက်ပြီး ရေဖြန်းပေးထားတာ "
" မင်းမှာအချိန်တွေအဲ့လောက်တောင်အားနေလား ...
လုပ်စရာမရှိရင် ကြမ်းသွားတိုက်နေလိုက် ...
ငါ့အခန်းထဲကခုထွက်သွား "
ရုတ်တရပ်ကြီး ဒေါသထွက်သွားတဲ့သခင်ကိုကြည့်ပြီး ချူးရှန့်နားမလည်နိုင်တော့ဘူး ... သူကိုယ်တိုင်ပဲ ပန်းတွေရောက်စက ယုယုယယနဲ့မညှိုးနွမ်းအောင်ဂရုစိုက်ပါလို့ မှာထားပြီး ခုဂရုစိုက်ပြန်တော့လဲ အားယားနေလားဆိုပြီး အပြစ်ပြောခံရတယ် ... သခင်ဘာဖြစ်ချင်နေတာလဲ တကယ်မတွေးတတ်တော့ဘူး ...
နောက်တစ်နေ့ ...
" ချူးရှန့် ... ငါပန်းလိုချင်တယ် "
" သခင်လေး ... ပန်းဆိုင်ကမဖွင့်ဘူး "
နောက်တစ်နေ့ ...
" ငါ့အခန်းထဲကပန်းတွေလဲလိုက် "
" သခင်လေး ... ပန်းဆိုင်က ပိတ်ထားတယ် "
နောက်တစ်နေ့ ...
" ဘယ်တော့ပန်းဆိုင်ဖွင့်မှာလဲ "
" အာ ... ကျွန်တော်သိရသလောက်တော့ သူ့အမေခရီးသွားနေလို့ ရောင်းမဲ့သူမရှိသေးလို့ပိတ်ထားတယ်ကြားတယ် "
ဖန်းဂူမျက်နှာကမကြည်မသာနဲ့အရှေ့လျှောက်အနောက်လျှောက်သွားနေရင်း သူ့အခန်းရဲ့ ဒေါင့်တစ်နေရာက ပစ္စည်းတွေထည့်ထားတဲ့ပုံပေါ်မှာတင်ထားတဲ့ ကျောပိုးအိပ်သေးသေးလေးကိုတွေ့သွားတယ် ...
" ချူးရှန့် အဲ့ဒါဘာလဲ "
ချူးရှန့်က ဖန်းဂူညွှန်ပြတဲ့နေရာက ကျောပိုးအိပ်လေးကိုတွေ့သွားပြီးကောက်ယူလိုက်ကာ သေခြာကြည့်ပြီးနောက် ပြန်ဖြေလိုက်တယ် ...
" အစားကြီးလေး မေ့ကျန်ခဲ့တာထင်တယ် "
ထိုအခါမှ ဖန်းဂူအကြံရသွားပြီး ကျေနပ်သွားတဲ့မျက်နှာပေးနဲ့ ချူးရှန့်အား မိန့်လိုက်လေတယ် ...
" မနက်ဖြန်ညနေအလုပ်ဆင်းတာနဲ့ သွားစရာရှိတယ် ...
အဲ့ဒါကိုသေချာသိမ်းထား "
*
*
*
*
နွေရာသီကုန်၍ မိုးတွင်းသို့စတင်ဝင်ရောက်နေပြီမို့ ရာသီဥတုက အုံ့ဆိုင်းနေတယ် ... လုယီလေးက တိမ်တွေကိုမော့ကြည့်နေပြီး မိုးရွာတော့မည်ကိုပျော်နေလေရဲ့ ...
" လုယီလေး ... အိမ်ထဲအမြန်ပြန်လာခဲ့ ...
မိုးရေတွေ ခေါင်းကိုဆိုကုန်မယ် "
" ဟင့်အင် ... Yi Yi ကြိုက်တယ် "
" လုယီလေးကမဆိုးရဘူးလေကွာ ...
ပါပါးပြန်လာရင် ဦးလေးကိုဆူလိမ့်မယ် "
" Yi Yi ကာကွယ်ပေးမယ် ... ဦးဦးဝေဝေ့ကို ဆူပါဘူး "
" ဟား ... လူလည်လေး ...
ပါပါးကဆူရင် အခန်းထဲပြေးပုန်းနေတာ ဘယ်သူလေးလဲပြောပါဦးကွာ "
" ဟီး ... ဟီး "
ချစ်ရာကောင်းအောင်ပြုံးပြနေတဲ့ လုယီလေးကိုကြည့်ပြီး ရှန်ဝေအသည်တွေယားလာပြီး ပါးလေးကိုဆွဲကိုက်လိုက်ချင်မိတယ် ... နုအီနေတဲ့ လုယီပါလေးက ထိယုံနဲ့ ပဲ့သွားနိုင်တဲ့ ဂွမ်းမွေးလေးလို နူးညံ့နေ၍ ရှန်ဝေ ရွှတ်ခနဲမည်အောင်အနမ်းပေးလိုက်တယ် ...
ထိုအခါ သူ့ကိုမဆွဲထားတော့တဲ့အတွက် လုယီလေး ခြံထဲပြေးသွားကာ ပျော်ရွှင်နေလေတယ် ... ခနကြာတော့ ဘာစိတ်ကူးပေါက်သွားလဲမသိ တိတ်ဆိတ်သွားပြီး ရှန်ဝေထံပြန်လာပြန်တယ် ...
" လုယီလေး ... ဘာအလိုမကျဖြစ်သွားတာလဲ "
" ဦးဦးဝေ ... Yi Yi အိပ်အိပ်ဘယ်ရောက်သွာပြီလဲ "
" ဘာအိပ်လေးလဲ "
" ဦးဦးယွမ်ပေးထားတာ ... Yi Yi ချာသင်ဖို့တဲ့ ...
ဟိုဟာ နတ်သမီးပုံပုံရယ် ရေညဂါးပုံပုံရယ် ပါပါး Yi Yi ကိုအမြဲပြောနေကြပုံပုံချာအုပ်တွေထည့်ထားတာ "
" အော ... အကိုဝယ်ပေးထားတဲ့ကျောပိုးအိပ်လေးလား ...
နေပါအုံး အဲ့ဒါကိုမမြင်တာကြာပါပြီ ...
လုယီလေးတစ်နေရာရာမှာများထားခဲ့လား "
ထိုအခါမှ လုယီလေးက စဉ်းစားမိသွားပြီ ...
" အာ ... ဟိုဦးရေးကြီးအိမ်မှာ Yi Yi ကျန်ခဲ့တာ ... အူးဝါး ...
ပြန်ယူပေး ... ဟင့် ...
Yi Yi ပုံပုံချာအုပ်တွေ ပြန်ယူပေး ... အဟင့် "
" မငိုပါနဲ့ကွာ ... ဦးဦးအသစ်ပြန်ဝယ်ပေးမှာပေါ့ "
" ဟင့် ...ထောင် Yi Yi ကခုနားချင်တာ ... ဟင့် "
ရှန်ဝေ ကလေးကိုမငိုအောင်ချော့ပေမဲ့ လုယီလေးက အတင်းလိုက်ပို့ဖို့ ပြောနေလေတယ် ... ထိုစဉ် သူတို့ခြံထဲသို့ ကားတစ်စီးဝင်လာပြီး ကားပေါ်ကဆင်းလာတဲ့လူတွေကိုမြင်လိုက်ရတော့ လုယီလေးအကြည့်တွေက လင်းလပ်သွားပြီး ရှန်ဝေလဲ အသက်ရှူချောင်သွားလေတယ် ...
" အကိုတို့ ဘယ်လိုရောက်လာတာလဲ "
" ရှန်ဝေ ... မင်းယွီမရှိဘူးဘား "
" အင်း ... သူဒီနေ့အချိန်ပိုဆင်းရမှာမို့ နောက်ကျမယ်တဲ့ "
ဖန်းဂူက ကျောပိုးအိပ်သေးသေးလေးကိုကိုင်ပြီး လုယီရှေ့ရောက်လာတယ် ... ရှန်ဝေကိုတော့ ဂရုပင်မစိုက် ... ရှန်ဖန်းဂူအတိတ်မေ့နေတာကို ရှန်ဝေသိနေ၍ အလိုက်သင့်လေးရှောင်လိုက်ပြီး ချူးရှန့်အနားကပ်သွားတယ် ...
" အစားကြီးလေး ... ဒါမင်းအိပ်လား "
" Yi Yi ဟာ ... Yi Yi ဟာ ...
ရေး ... Yi Yi ပုံပုံချာအုပ်ပြန်ရပြီ "
လုယီလေးက ဖန်းဂူလက်ထဲကအိပ်ကိုမြင်တော့ အတော်လေးပျော်ရွှင်သွားလေတယ် ... သူကကျောပိုးအိပ်လေးကိုရတော့ ခုန်ပေါက်လျှက် ကျောင်းသားလေးလို လွယ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်သွားလေတယ် ... ရှန်ဝေကလဲ ဧည့်သည်တွေကို အိမ်ထဲကိုဝင်ဖို့ ဖိတ်ခေါ်လိုက်တယ် ...
ဖန်းဂူက လုယီလေးဘေးဝင်ထိုင်လိုက်ပြီး ခြေတစ်ဖက်ချိန်ကာ လုယီလေးလုပ်သမျှကိုစိုက်ကြည့်နေတယ် ... လက်သေးသေးလေးတွေနဲ့ စာအုပ်တွေထဲမွှေနှောက်လိုက်ပြီး သူကြိုက်တဲ့စာအုပ်လေးကိုဆွဲထုတ်လိုက်တယ် ...
ပြီးနောက် ခေါင်းမော့လာပြီး ရှန်ဝေကိုရှာပေမဲ့ အနားမှာ ဖန်းဂူကလွဲပြီးဘယ်သူမှရှိမနေဘူး ... လုယီလေးက ဖန်းဂူနဲ့စိမ်းနေသေး၍ ကျောင်ကျောင်လေးပဲရပ်နေတယ် ... ဖန်းဂူက လုယီလေး နှဖူးကို လက်နဲ့တောက်လိုက်ပြီး ...
" ဘာကိုရှာနေတာလဲ ... ဒီမှာ ဘယ်သူမှမရှိဘူး "
" ပါပါးက Yi Yiကို ညတိုင်းပုံပုံပြောနေကြ "
" ဒါဆို ... ဒီစာအုပ်ထဲကပုံပြင်ကို ဖတ်ပြစေချင်တာလား "
" ဦးရေးကြီးက ပါပါးနဲ့ဦးဦးတို့ လို ဖတ်တတ်လို့ယား "
" ဟား ... မင်းဦးဦးတွေထက်တောင် ပိုပြီး ဖတ်ပြတတ်သေးတယ် "
လုယီလေးကပျော်သွားပြီး ဖန်းဂူပေါင်ပေါ်တက်ထိုင်လိုက်တယ် ... ဖန်းဂူက လုယီလေးရဲ့တရင်းတနီးပြုမှုပုံတွေတိုင်းမှာ စိတ်အနှောက်အယှက်မဖြစ်ပဲ ပျော်ရွှင်နေမိတယ် ...
ပြီးနောက် ဖန်းဂူက ပထမဆုံးနတ်သမီးပုံပြင်စာအုပ်ကိုလှန်လိုက်ပြီး ပြောပြလေတော့တယ် ...
" နတ်သမီးလေးက ပန်းပွင့်တွေထဲကနေမွေးဖွားလာပြီး အတောက်ပံတွေဖြန့်ပြီး ကောင်းကင်ပေါ်ပျံသန်းသွားတဲ့အခါမှာ နဂါးမင်းသားလေးနဲ့တွေ့သွားတယ် "
" အား ... ဦးရေးကြီးမှားနေပြီ ...
ဦးဦးယွမ်ပြောပြတာ မင်းသားလေးကညဂါးဟုတ်ဘူး "
ထိုအခါ ဖန်းဂူက စာအုပ်ထဲက အဝါရောင်နဂါးမင်းပုံကို လက်နဲ့ထောက်ပြပြီး ...
" ဒီမှာ အဝါရောင်နဂါးလေး ...
အဲ့ဒိဦးဦးယွမ်က မျက်စိမှုန်နေလို့နေမှာ "
" ဟုတ်ဘူး ... အဲ့ဒါ နတ်ညဂါးလို့ခေါ်တယ် ...
ဦးရေးကြီးကဘာမှလဲသိဘူး "
" ဟား ... အေးဘာကွာ ...
နတ်နဂါး ဟုတ်ပြီလား "
ပြီးနောက် စာမျက်နှာအနည်းငယ်ကိုလှန်ပြီး ဆက်ပြောလာတယ် ...
" မင်းသမီးလေးရဲ့အတောင်ပံတစ်ဖက်ကြိုးသွားတော့ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားတယ် ...
အဲ့ဒိအချိန်မှာ မင်းသားလေးက နဂါးကိုစီးပြီး မင်းသမီးလေးကိုကယ်တင်ဖို့ထွက်လာခဲ့တယ် "
" အာ ... မင်းသားက နတ်ညဂါးကိုစီးဘူးလေ ...
သူ့ရဲ့မြင်းကိုပဲစီးရမှာ "
" ဒီမှာ နဂါးကြီးပေါ်စီးထားတာလို့ ရေထားတယ် "
" ဟုတ်ဘူး ... ပါပါပြောတာ ညဂါးကနတ်သမီးရဲ့ဖိုးဖိုးတဲ့ ...
မင်းသားကမြင်းပဲစီးရမှာ ... ဦးရေးကြီးက ဘာမှလဲသိဘူး "
လုယီလေးက ဖန်းဂူအပေါ်ခွထိုင်ထားလျှက် ပုံပြင်မပြောတတ်တဲ့ဖန်းဂူကိုကြည့်ပြီး တခ်ခ်အော်ရယ်နေတယ် ... ဖန်ဂူပါအလိုလိုပြုံးမိသွားပြီး ပုံပြင်သလွဲတွေဖတ်ပြရင်းပျော်ရွှင်နေကြတယ် ...
ထိုစဉ်တံခါးဖွင့်သံနဲ့အတူ မင်းယွီအလုပ်ကပြန်လာပြီး ခုံပေါ်မှာထိုင်လျှက် ဖန်းဂူရင်ခွင်ထဲမှာ လုယီလေးဟာ သူ့ပါပါကိုဖက်ထားလျှက် ခေါင်းလေးမှီထားပြီး ဖန်းဂူက စာအုပ်ထဲကပုံပြင်တွေဖတ်ပြလျှက် ပျော်နေတဲ့သားအဖကိုမြင်လိုက်ရတော့ မင်းယွီအံ့ဩစွာရပ်ကြည့်နေမိတယ် ... သူဝင်လာသည်ကိုပင်သတိထားမိပုံမပေါ် ...
အချိန်က ညနေဆောင်းပြီဖြစ်၍ အပြင်မှာမှောင်နေပြီး သူတို့ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိပေမဲ့ ဒီနေ့သားလေးပျော်ရွှင်နေတာကိုမြင်ရတော့ မင်းယွီမနှောက်ယှက်ချင်၍ တိတ်တိတ်လေးအခန်းထဲဝင်လာခဲ့တယ် ...
ရှုယွမ်ကအရေးကြီးကိစ္စကြောင့် ဒီနေ့ပြန်လာမအိပ်ဖြစ်ဘူး ... ချူးရှန်နဲ့ရှန်ဝေက မင်းယွီကို သူတို့ရောက်လာပုံကိုပြောပြပြီးနောက် သွားမခေါ်ဖို့တားထားလေတယ် ...
အခန်းထဲကရယ်သံတွေတဖြေးဖြေးတိုးသွားပြီး ပုံပြင်ပြောသံတွေပါတိတ်ဆိတ်သွားကာ လုယီလေးက ဖန်းဂူကို ဖက်ထားလျှက်အိပ်ပျော်သွားခြေပြီ ...
ချူးရှန့်နဲ့မင်းယွီက အစောကတည်းက အပြင်ခနသွားမယ်ဆိုပြီးထွက်သွားခဲ့တာ ခုအိမ်ထဲမှာ မင်းယွီလုယီလေးနဲ့ဖန်းဂူကလွဲပြီး ဘယ်သူမှရှိမနေဘူး ... မင်းယွီက ဧည့်ခန်းထဲကိုဝင်လာပြီး ဖန်းဂူရင်ခွင့်ထဲက သားလေးအိပ်ပျော်သွားသည်ကိုမြင်လိုက်တော့ လက်လေးလှမ်းကာ ...
" လုယီလေးကိုပေး ... သူ့ကိုအိပ်ခိုင်းရတော့မယ် "
" သူ ခုနလေးမှအိပ်ပျော်သွားတာ ...
သူ့အခန်းဘယ်မှာလဲ ... ငါသယ်လာပေးမယ် "
" ခများအပြန်မှောင်နေလိမ့်မယ် ...
မကြာခင်မိုးရွာတော့မယ်ထင်တယ် ...
သားလေးကိုပေးခဲ့ပြီး ခများသွားပါတော့ "
" ချူးရှန့်မှ မလာသေးတာ ...
ငါကဘယ်လိုပြန်ရမှာလဲ "
" ကားနဲ့ ... "
" ကားက သူယူသွားတယ် "
မင်းယွီအခက်တွေ့သွားပြီးနောက်ဆုံး ဖန်းဂူကို လုယီလေးအခန်းထဲလိုက်ပို့ဖို့ ခွင့်ပြုလိုက်ရတယ် ... လုယီလေးက ညအိပ်ခါနီးဆို အရမ်းဆိုးတတ်ပြီး မင်းယွီပွေ့သိပ်မှ အိပ်ပျော်တဲ့ခလေးလေးက ခုဖန်းဂူကိုယ်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေတယ် ... သွေးက စကားပြောတယ်ဆို တာကယ်မှန်တာပဲ ...
လုယီလေးကိုသိပ်ပြီးသွားတော့ အပြင်သို့ပြန်ထွက်လာခဲ့တယ် ... မင်းယွီ ဖန်းဂူနဲ့အကြည့်မဆုံချင်သလို ၂ ယောက်ထည်းရှိနေချိန်မှာ ဘာပြောရမှန်းလဲမသိဘူး ... သူပြောတတ်တာက အိမ်ကနေ ထွက်သွားဖို့ပဲ ... သို့ပေမဲ့ ...
' ဂျိန်း '
မိုးချိန်းသံအကျယ်ကြီးနဲ့အတူ မိုးပေါက်တွေရဲ့အသံတွေဆူညံလာပြီး လေပြေအေးတွေက အရပ်မျက်နှာကနေတိုက်ခပ်လာတယ် ... မင်းယွီတံခါးတွေကိုပြေးပိတ်ပြီး အားလုံးလုံခြုံသွားတော့မှ ဧည့်ခန်းထဲဝင်ထိုင်လိုက်တယ် ...
ဖန်းဂူက သူ့အရှေ့တည့်တည့်မှာ ခြေတစ်ဖက်ချိတ်ကာထိုင်နေပြီး ပြန်ချင်တဲ့ပုံတစ်စက်လေးမှမပေါ်ဘူး ... ရွာပေးတဲ့မိုးမင်းကြီးကိုတောင် ကျေးဇူးတင်ချင်တင်နေအုံးမှာ ...
မင်းယွီက ဖုန်းကိုထုတ်ကာ ရှန်ဝေနဲ့ချူးရှန့်ကိုဆက်သွယ်ပေမဲ့ ဧရိယာပြင်ပရောက်နေတယ်ပဲပြောနေတယ် ...
" မင်းဘာတွေဆိုးရိမ်နေတာလဲ ...
ငါက ကလေးနဲ့မင်းကိုသတ်သွားမဲ့လူသတ်ကောင်ကြီးလို့ထင်နေတာလား "
" ခများက သူစိမ်းပဲလေ ...
ကျွန်တော်ကယုံရမှာတဲ့လား "
" ငါကမင်းတို့အပေါ် ဘယ်တုန်းကအမှားလုပ်ဖူးလို့လဲ ...
မင်းပုံစံက ငါ့ကို ပုံမှန်ထက်ပိုပြီးကြောက်နေသလိုပဲ "
" ခများထွက်သွားပါတော့ ...
လုယီလေးက သူစိမ်းတွေနဲ့အတူရှိနေတာမကြိုက်ဘူး "
' အူဝါး '
ထိုစဉ်မိုးချိန်းသံကြောင့် ဆူးဆူးဝါးဝါးအော်သံထွက်ပေါ်လာပြီး လုယီလေးနိုးလာခဲ့တယ် ...
" ပါပါးလာပြီ ... မငိုနဲ့တော့ "
မင်းယွီက လုယီလေးကိုပွေ့ချီလိုက်ပြီး အနောက်ကပါလာတဲ့ရှန်ဖန်းဂူကို တစ်ချက်ကြည့်လိုက်ကာ ...
" ခများလဲပြန်ပါတော့ ... တံခါးအခြေမှာထီးရှိတယ် ...
ခများတပည့်တွေကို လာခေါ်ခိုင်းလို့ရနေတာပဲ "
" ကောင်းပြီလေ ... ငါအစားကြီးလေးနဲ့ စကားပြောချင်တယ် ...
ခနလောက်အချိန်ပေး "
ဖန်းဂူက မင်းယွီပခုံးပေါ်မှီနေတဲ့ လုယီလေးကိုကြည့်လိုက်ပြီး ခေါင်းလေးကိုပွတ်ပေးကာ ဆိုလိုက်တယ် ...
" အစားကြီးလေး ... ဦးလေးသွားရတော့မယ် ...
မင်းပါပါးက ဦးလေးကိုအမြဲနှင်ထုတ်နေတယ် ...
မိုးရွာနေတာတောင် ဦးလေးကိုအတင်းပြန်ခိုင်းတယ် ...
ဦးနှုတ်ဆက်ခဲ့တယ် ... ကောင်းကောင်းပြန်အိပ်နော် "
လုယီလက်သေးသေးလေးက ဖန်းဂူအင်္ကျိလက်မောင်းကို ဆွဲထားပြီး ...
" ဦးရေးကြီး ပြန်ပါနဲ့ ... ရေရေတွေချိုကုန်လိမ့်မယ် ...
အသံတွေကလဲကြောက်ချရာကြီး ...
Yi Yi ကိုဖက်ထားပေး... ဟင့် "
သားလေးကဆွဲထားတာကြောင့် မင်းယွီက ဝင်ပြောလိုက်တယ် ...
" အိမ်ချိန်ရောက်ပြီလေး ... လုယီလေး ...
ဦးလေးကလဲ သူ့အိမ်ပြန်ချင်မှာပေါ့ "
" ဟင့် ... ရဝူး ... Yi Yi ကိုဖက်ထားပေး ...
ဦးရေးကြီးနဲ့အိပ်ချင်တယ် "
မင်းယွီပေါ်ကနေအတင်းခုန်ဆင်းပြီး ဖန်းဂူကိုဖက်ထားတဲ့သားလေးကို မင်းယွီလဲမဆွဲနိုင်သလို ဖန်းဂူလဲ အံ့ဩမှင်သက်လျှက် ပြီးနောက်ပွေ့ချီလိုက်လေတယ် ... ဖန်းဂူကိုယ်ပေါ်ရောက်သွားတော့ လုယီလေးငြိမ်သွားပြီး ဖန်းဂူပခုံးပေါ်မှိပြီး လည်ပင်းကိုဖက်ထားလျှက် အိပ်သွားလေတယ် ...
ဖန်းဂူက ကုတင်ပေါ်တက်လိုက်ပြီး အခန့်သားမှီလျှက် သူ့ရင်ဘက်ပေါ်မှာ လုယီလေးကိုသိပ်ထားတယ် ... ဘယ်လိုဆွဲချချ အိမ်ပေါ်ကနေ ဆင်းမဲ့ပုံလဲမပေါ်ဘူး ... ခနကြာတိတ်ဆိတ်သွားပြီးနောက် ...
" ခများ ဘယ်အချိန်ထိ လှဲနေမှာလဲ "
မင်းယွီကမေးလိုက်တော့ ဖန်းဂူက လုယီကျောလေးကို ဖွဖွလေး ပုတ်ပေးနေရင်း ...
" ဒီနေရာက ကောင်းတဲ့နေရာလို့ငါထင်တယ် ...
ဒီညငါဒီမှာအိပ်မယ် "
မင်းယွီကမျက်လုံးပြူးသွားပြီး ချက်ချင်းငြင်းဆန်လိုက်တယ် ...
" တောင်းပန်ပါတယ် ... ခများကိုဒီမှာတော့အိပ်ခွင့်မပြုနိုင်ဘူး ...
ကလးတစ်ယာက်နဲ့ လွတ်လပ်မှာလဲမဟုတ်ဘူး "
" မလိုဘူး ... ကျောချစရာနေရာရှိရင်ရပြီ "
" လုယီလေးက ညလယ်ဆိုနိုးလာပြီး ဆိုးတတ်တယ် ...
ကျွန်တော်မရှိလို့မဖြစ်ဘူး "
" မင်းလဲ ဒီပေါ်မှာအိပ်လေ ...
အိပ်ယာက ကျယ်သားပဲ "
မင်းယွီဘာမှဆက်ပြီးမပြောနိုင်တော့ဘူး ... မိတ်ဖက်အနားမှာ အိပ်ရလိမ့်မယ်လို့ အိမ်မက်ပင်မမက်ခဲ့ဖူးခဲ့သလို သူ့ကိုအနားမှာထားပြီး စိတ်ငြိမ်ဖို့ ဘယ်လိုတွေးရမှာလဲ ...
ဘယ်လောက်ပြင်ငြင်းဆန်ပါစေ ဖန်းဂူဆုံးဖြတ်ချက်က ပြောင်းလဲမသွား၍ မိုးချိန်သံတွေတဖြေးဖြေးကျယ်လောင်လာသည့်အခါ အိပ်ယာခင်းပေးပြီး လုယီလေးကို နွေးထွေးအောင်ထားကာ မင်းယွီကုတင်တဖက်ကနေဝင်အိပ်လိုက်လေတယ် ...
ဖန်ဂူက တစ်ဖက်မှာလှဲနေပြီး လက်မောင်းပေါ်ခေါင်းထင်ထားလျှက် အိပ်မပျော်ပဲ တဖက်မှာအိပ်မောကျနေတဲ့သားအဖကိုကြည့်လိုက်မိတယ် ...
သူတို့အနားမှာရှိနေရင်နွေးထွေးသလိုခံစားရပြီး သူ့ရဲ့ခံစားချက်တွေက ထူးဆန်းကာ သူတို့အပေါ် သာမံထက်ခင်သွယ်နေမိနေသည်ကို ဖန်းဂူသိလာတယ် ... သူ့ရဲ့လက်တွေက လုယီလေးကိုဖက်ထားရင်းမှ လုယီဘေးက မင်းယွီလက်လေးကိုဖွဖွလးကိုင်မိတော့ ပုံမှန်ထက် ထူးဆန်းတဲ့ခံစားချက်ကိုခံစားလာရတယ် ...
မင်းယွီလဲ မိတ်အယ်ဖာရဲ့အနွေးဓာတ်တွေကြောင့် နှစ်ချိုက်စွာအိပ်မောကြနေပြီး တစ်ချိန်လုံးသူတို့သားအဖကို ပဟေဠိဆန်စွာငေးကြည့်နေပြီးနောက်မှ သူ့ရဲ့လက်တစ်ဖက်ကိုကိုင်ကာ အိပ်ပျော်သွားတဲ့လူတစ်ယောက်ကို သတိမထားမိခဲ့ခြေ ...
ထိုညက ညသာရှည်ကြာသလို မိသားစု ၃ ယောက် နွေးထွေးစွာ အိပ်မောကျလျှက် ... လုယီလေးက ပါပါးနဲ့ ဒယ်ဒီရဲ့ထွေးဖက်မှုကြောင့် တစ်ညလုံးမနိုးပဲအိပ်ပျော်ခဲ့လေတယ် ... မနက်မိုသောက်အလင်းရောက်သော် မင်းယွီနိုးထလာတဲ့အခါ သူ့ရဲ့ဘေး၌ လုယီလေးကလွဲပြီး ဘယ်သူမှရှိမနေတော့ခြေ ... တစ်ညလုံးကိုင်ထားတဲ့သူရဲ့လက်လေးက နွေးထွေးနေဆဲ ...
.
.
.
.
To Be Continued
( မိသားစုလေး ချစ်ဖို့ကောင်းနေတာ 🤗 ပြောရအုံးမယ် ကိုကလေ အသားပေါက်စီလိုပဲ စပွိုင်လာပေးရတာတအားကြိုက်တာ 😆 ရှင်လေးတို့ပြောပြောနေတဲ့ ဖန်းဂူအတိတ်ပြန်သတိရပါစေဆိုတာလေ ပြန်ရမှာပါ ... အရင်က Lion ပြန်လာအုံးမှာပါ ... ဒါပေမဲ့ အြ့ခါကျ ခုလိုပေါတောတောဖန်းဂူကတော့ရှိတော့မှာမဟုတ်ပါဘူး ... ဒါကအတိတ်မေ့နေတုန်းမို့ ကလေးနဲ့အပြိုင်ဆိုးနေတဲ့ ဖန်းဂူပါ ... ဒါကြောင့်မို့ အမြန်ကြီးသတိအရမခိုင်းပါနဲ့ ... ပေါပါစေအုံး Jဝင်ပါစေအုံး 😄 ချက်ချင်းသတိရပြီးချစ်ပြစ်ရင် ဇာတ်လမ်းကသိမ်ရတော့မှာပါ ... ဒါမဲ့ကြားထဲမှာ ဒိထက်စုံတဲ့အချစ်ဇာတ်လမ်းလေးဖန်တီးအုံးမှာ 😉 ဆက်းပြီးအားပေးပါနော် ကလးတွေမကွဲတော့ပါဘူး 🤗 )
#Zawgyi
တစ္ခန္းလုံးျပည့္သြားတဲ့ႏွင္းဆီပန္းေတြကိုၾကည့္ၿပီး ခ်ဴးရွန႔္ပင္မ်က္လုံးက်ိမ္းသြားမိေလတယ္ ... ထိုေန႕က မင္းယြီတို႔အိမ္ကေနျပန္ဖို႔အတြက္ကို မနည္းေတာင္းပန္ယူလိုက္ရတယ္ ... ေနာက္ဆုံး ရွိသမွ်ပန္းေတြအကုန္ေရာင္းမယ္ဆိုေတာ့မွ ဆရာသခင္က အခန္းေတာ္ကိုျပန္လာေတာ္မူခဲ့တယ္ ...
" ခ်ဴးရွန႔္ ... ပန္းေတြကိုေသခ်ာအလွဆင္ ...
ၿပီးေတာ့မညွိုးေစနဲ႕ ... ဂ႐ုစိုက္ "
" ဟုတ္ကဲ့ "
သို့ေပမဲ့ တစ္ဆက္တည္းမွာပဲ ကိစၥႀကီးတစ္ခုေပၚလာခဲ့ျပန္တယ္ ...
" သခင္ေလး ... အေရးႀကီးတဲ့ဖုန္း လာေနတယ္ "
" ဘယ္သူလဲ "
" သခင္မႀကီးပါ "
ဖန္းဂူက ခုံေပၚမွာထိုင္ေနရင္းမွ ခ်ဴးရွန႔္လက္ထဲကဖုန္းကိုဆြဲယူလိုက္တယ္ ...
" ေဝ ... မား "
" သား ... ဘယ္ေတာ့အိမ္ေတာ္ကို ျပန္လာမွာလဲ ...
ေဟာ္တည္မွာပဲ အၿမဲေနေနေတာ့မွာလား "
" အိမ္မွာေနရတာ စိတ္က်ဥ္းက်ပ္တယ္ ...
ထပ္ၿပီးကြၽန္ေတာ့ကိုအခန္းထဲပိတ္ထားအုံးမွာလား ...
ကြၽန္ေတာ္ကငွက္တစ္ေကာင္မဟုတ္ဘူး "
" အဲ့ဒါက အရင္ကပါ ... မျဖစ္မေနမို႔သားေလးကို ထားထားရတာ ...
သားအခန္းထဲမွာေနရတာ စိတ္က်ဥ္က်ပ္မွန္းသိေပမဲ့ အၿမဲအျပင္မွာေနေနလို႔လဲ မျဖစ္ဘူးေလ ...
သားကလုပ္ငန္းရွင္ႀကီးျဖစ္လာၿပီ ...
အၿမဲ ေအာင္ျမင္မႈကကို႔ေနာက္လိုက္ေနမွာမဟုတ္ဘူး ...
ကိုကိုယ္တိုင္က ေအာင္ျမင္မႈကိုရေအာင္ယူရမွာ "
" ကြၽန္ေနာ္သိတယ္... ဒါေၾကာင့္မို႔အိမ္ျပန္လာဖို႔အေၾကာင္းေတြ ထပ္မေျပာပါနဲ႕ေတာ့ "
အတိတ္မွာဘာေတြျဖစ္ခဲလဲမမွတ္မိေပမဲ့ ၃ ႏွစ္တာကာလမွာ ကုတင္ေပၚလဲေလွ်ာင္းေနၿပီး အခန္းတြင္းပိတ္ခံထားရတဲ့ကာလေတြက သူ႕အတြက္ငရဲလိုပဲ ... ဒါေၾကာင့္ ရွန္ဟႊာကိုျပန္သြားဖို႔ ဆႏၵမရွိခဲ့ဘူး ...
တဖက္ကေနသူမက ဆက္ေျပာလာတယ္ ...
" သားေလး ... မနက္ျဖန္ ဒီဇိုင္းအသစ္အတြက္ ေၾကာ္ျငာဖို႔ Kၿမိဳ႕က ေမာ္ဒယ္ေခၚထားၿပီးၿပီ ...
သားသူကိုသြားေတြ႕နိုင္မလား "
ဖန္းဂူဘာမွဆက္မေျပာေတာ့ပဲဖုန္းခ်လိဳက္တယ္ ...
" သခင္ေလး ... မနက္ျဖန္ ကြၽန္ေတာ္တို႔ ကုန္တိုက္အသစ္ဖြင့္ပြဲကို သြားရမယ္ "
" ေကာင္းၿပီ ... အဆင္သင့္ျပင္ထား "
SH Club ကထုတ္ကုန္မ်ားစြာကို ထုတ္လုပ္နိုင္တဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္သလို အၿပိဳင္အဆိုင္ေတြကလဲမ်ားလြန္းတယ္ ... ခုခ်ိန္မွာ နံပါတ္ ၁ ေနရာမွာရွိေနေပမဲ့ အၿမဲဆက္ရွိေနဖို႔ မရိုးနိုင္တဲ့ ထုတ္လုပ္မႈေတြနဲ႕အတူ ေၾကာ္ျငာေတြမွာလဲ အဆင့္မွီေအာင္လုပ္ေဆာင္ၾကရတယ္ ...
ေခတ္မွီလာသည္ႏွင့္အမွ် ထုတ္ကုန္အသစ္ေတြလဲမ်ားလာသလို အသစ္အဆန္းေတြကို လူေတြကပိုၿပီး ႏွစ္ၿခိဳက္ၾကသည့္အတြက္ ေနရာတိုင္းမွာ ဆန္းသစ္ေနဖို႔လိုအပ္တယ္ ...
ဥကၠဌအသစ္ျဖစ္တဲ့ ရွန္ဖန္းဂူက ေနရာတိုင္းမွာ သူ႕အာဏာရရွိဖို႔ ဝန္ထမ္းေတြနဲ႕ထိပ္တိုက္ေတြ႕ဆုံဖို႔လဲ လိုအပ္တယ္ ... ဒါေၾကာင့္ ဒီဖြင့္ပြဲက ရွန္ဖန္းဂူကိုယ္တိုင္တက္ေရာက္မွကိုျဖစ္လိမ့္မယ္ ...
ေန႕လည္ ၁၁ နာရီမွာ ဖြင့္ပြဲစတင္ေလတယ္ ... ခန႔္ညားလွတဲ့ ဥကၠဌရွန္ဖန္းဂူ ကုန္တိုက္ထဲသို႔ဝင္လာတဲ့အခါ တူညီဝတ္ဆုံမ်ားဆင္ျမန္ထားတဲ့ဝန္ထမ္းေတြက စီရီစြာရပ္ေနၾကၿပီး သူတို႔ရဲ႕သူေဌးကို ႀကိဳဆိုၾကရေလတယ္ ...
အဆင့္ ၂၀ မွ်ရွိသည့္ကုန္တိုက္ႀကီးက ျပည္သူတြေလိုအပ္ခ်က္အားလုံးကိုတစ္စုတစ္စည္းထည္းမွာရရွိေစၿပီး အပန္းေျဖဖို႔ ကစားဖို႔ စားေသာက္ဖို႔အတြက္ပါ သူ႕အဆင့္နဲ႕သူ ဖန္တီးထားၿပီး တစ္ေနရာတည္းမွာ အားလုံးကို ရရွိနိုင္တဲ့အတြက္ မဖြင့္လွစ္ခင္ကတည္းက နာမည္ႀကီးၿပီးသားျဖစ္၍ ခက္ခက္ခဲခဲ ေၾကာ္ျငာေနစရာေတာ့မလိုခဲ့ဘူး ...
အထက္ ၂၀ လုံးကိုပတ္ၿပီး စစ္ေဆးၿပီးတဲ့ေနာက္မွာေတာ့ ဝန္ထမ္းေတြကိုမိန႔္ခြန္းေျပာၾကားကာ ဖြင့္လွစ္ျခင္းေအာင္ျမင္ေၾကာင္းေျပာၾကားၿပီးတဲ့ေနာက္ ဖန္းဂူသူ႕အတြက္ျပင္ဆင္ေပးထားတဲ့ သီးသန႔္နားေနခန္းထဲသို႔ ဝင္လာခဲ့ေလတယ္ ...
ခ်ဴးရွန႔္က ေမာပန္းသြားတဲ့သခင္ကို ေရေအးေအးေလးတစ္ခြက္ေပးလိုက္ၿပီး သူယူလာတဲ့ပန္းစည္းကို သခင္ေလးစားပြဲေပၚမွာတင္လိုက္တယ္ ...
" ဒါက ဘာလဲ "
" တစ္စုံတစ္ေယာက္က ေပးခိုင္းလိုက္တာပါ ...
ဒါေပမဲ့ သူမက သခင္ေလးနဲ႕ေတြ႕ဖို႔ေစာင့္ေနတယ္လို႔လဲ ေျပာခိုင္းလိုက္ေသးတယ္ "
" သူမ "
ဖန္းဂူအနည္းငယ္ေခါင္းစားသြားမိတယ္ ... ပန္းကိုျမင္ေတာ့တစ္စုံတစ္ေယာက္ကို သတိရသြားေပမဲ့ သူမဆိုတဲ့စကားေၾကာင့္ သူ႕ရဲ႕မ်က္ႏွာက တဖန္ေအးဆက္သြားျပန္တယ္ ... ခ်ဴးရွန႔္ကလဲ သခင္မႀကီးရဲ႕စီစည္မႈျဖစ္ေန၍ တိတိက်က်ေရေရရာရာမေျပာျပတတ္ဘူး ...
" သခင္ေလး ... သူကအေပၚဆုံးထပ္မွာေစာင့္ေနတယ္လို႔ေျပာပါတယ္ "
ဘယ္သူမွန္မသိေပမဲ့ ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္ေသးေသးေလးနဲ႕ ဖန္းဂူ အေပၚဆုံးထပ္ကိုတက္လာခဲ့လိုက္တယ္ ... ေလသာျပင္ေပၚမွာ လွပတဲ့ ဇာအျဖဴေရာင္လိုက္ကာေတြအလွဆင္ထားၿပီး ေနေရာင္ကိုဖုံးလႊမ္းထားေလတယ္ ... အမိုးတစ္ခုေအာက္ကခုံဝိုင္းေလးေပၚမွာ သူ႕ကိုေက်ာေပးကာ ဆံပင္တိုတို ခႏၶာကိုယ္ေသးသြယ္သြယ္နဲ႕အမ်ိဳးသမီးတစ္ဦးထိုင္ေနတယ္ ...
သူမက အိုမီဂါမွန္းသိသာသလို သူမအလွေတြက နတ္ဘုရားတစ္ပါးလိုပဲ ... ပိုစတာထဲကသူမပုံကို အေနာက္ကေနၾကည့္ယုံနဲ႕မွန္းစနိုင္တယ္ ... ဒါေပမဲ့ဖန္းဂူက အခ်ိန္ကုန္ခံၿပီး ထိုသို႔စည္းစားေနမဲ့ထဲမွာသူမပါဘူး ...
သူ႕ကိုေစာင့္ေနတဲ့သူက သူေမွ်ာ္လင့္ထားတဲ့သူမဟုတ္ေတာ့ ခ်က္ခ်င္းေနာက္ျပန္လွည့္ဖို႔ျပင္လိုက္တယ္ ...
" ဥကၠဌရွန္ "
ရွန္ဖန္းဂူရဲ႕အရွိန္အဝါက အားျပင္းတာေၾကာင့္ အနည္းငယ္ေဝးကြာေပမဲ့ သူမခ်က္ခ်င္းသတိထားမိသြားပုံပဲ ...
" ကြၽန္မ ရွင့္ကိုေစာင့္ေနတာ ေန႕တစ္ဝက္ရွိေတာ့မယ္ "
" ငါမင္းနဲ႕ ခ်ိန္မထားမိဘူးလို႔ထင္တယ္ "
" ဟုတ္ပါတယ္ ... ကြၽန္မတို႔ ခ်ိန္းမထားၾကပါဘူး ...
ဒါေပမဲ့ ရွင့္အိုမားက ကြၽန္မကိုရွင္နဲ႕ေတြ႕ဖို႔လႊတ္လိုက္တာပါ ...
ေရာက္ေနၿပီပဲ ... ဒီမွာထိုင္ပါအုံး ဥကၠဌရွန္ "
သူမက K ၿမိဳ႕ကဆိုေပမဲ့ တ႐ုတ္ဘာသာစကားကိုလဲ ကြၽမ္းက်င္စြာေျပာဆိုတတ္ေသးတယ္ ...
" ကြၽန္မနာမည္ ေဆာင္းယြန္ဆြန္းပါ ...
ကြၽန္မမိသားစုအေၾကာင့္ကိုေတာ့ ရွင့္ကိုေျပာျပေနစရာမလိုေတာ့ဘူးလို႔ထင္ပါတယ္ "
အဖိုးက Korea ကဝန္ႀကီး အေဖကေဟာ္တည္ပိုင္ရွင္ ... သူမက နိုင္ငံျခားမွာေက်ာင္းသြားတက္ၿပီး သူမဝါသနာပါတဲ့ေမာ္ဒယ္အလုပ္ကိုလုပ္ေနတဲ့ Idol တစ္ေယာက္ ... သူမမွာမ်ားျပားတဲ့ Fan ေတြရွိသလို သူမကသန႔္စင္တဲ့အိုမီဂါလဲျဖစ္တယ္ ...
ဒီအေၾကာင္းေတြကိုဖန္းဂူစုံစမ္းမထားေပမဲ့ ေနရာတိုင္း သတင္းေတြထဲမွာအၿမဲပါေနတာမို႔ မျမင္ခ်င္ေလာက္ေအာင္ကိုျဖစ္ေနၿပီ ...
" ရွင္က စႏၵရားတီးရတာ ဝါသနာပါတယ္မဟုတ္လား ...
ဥကၠဌရွန္ ... ရွင္ကြၽန္မအတြက္ တစ္ပုဒ္ေလာက္ မတီးျပခ်င္ဘူးလား "
" မင္းကိုယ္မင္းစိတ္ႀကီးဝင္မေနနဲ႕ ...
ငါ့မွာအလုပ္ေတြရွိေသးတယ္ ...
မင္းနဲ႕ထိုင္ေနဖို႔အခ်ိန္မရွိဘူး "
သူမက ေအာင္ျမင္ေက်ာ္ၾကားသူပီပီ စကားေျပာခ်ိဳသာၿပီး ရိုင္းဆိုင္းျခင္းမရွိ ခြင့္လႊတ္နားလည္မႈအျပည့္နဲ႕ ထပ္မံဆိုလာတယ္ ...
" ဥကၠဌရွန္ မေတာ္တစ္စတစ္ခုေၾကာင့္ ဦးေနာက္ကိုထိသြားခဲ့တယ္လို႔ၾကာတယ္ ...
ၾကည့္ရတာ သတင္းက အမွားမဟုတ္ဘူးပဲ "
" အဲ့ဒိေတာ့ "
" ရွင္ကြၽန္မကိုတကယ္မမွတ္မိတာလား ...
ရွင့္အေမနဲ႕ကြၽန္မအေမက ငယ္ငယ္ကအတန္းေဖာ္ေတြေလ ...
ကြၽန္မ ရွင္ကြၽန္းကေနေရာက္စမွာတစ္ခါ ရွင္အလယ္တန္းေလာက္မွာ မိဘေတြရဲ႕ေတြ႕ဆုံပြဲမွာတစ္ခါစုံဖူးေသးတယ္ ...
ၾကာၿပီဆိုေပမဲ့ အဲ့ဒိအခ်ိန္တုန္းက ရွင္တီးသြားတဲ့ စႏၵရားသံစဥ္ကို ကြၽန္မၾကားေယာင္ေနဆဲပဲ "
ဖန္းဂူအခ်ိန္တစ္ခုထိသာ သည္းခံနိုင္၍ သူမအေရွ႕ကေနခ်က္ခ်င္းထရပ္လိုက္တယ္ ...
" ငါမင္းနဲ႕ဟိုးအတိတ္ကကိစၥေတြ ေဆြးေႏြးဖို႔အခ်ိန္မရွိဘူး ...
မိဘေတြဘယ္ေလာက္သိသိ မင္းနဲ႕ငါပတ္သပ္စရာလဲမလိုဘူး "
" ရွင္ကြၽန္မအကူအညီကိုလိုမယ္လို႔ထင္တယ္ ...
ကြၽန္မအေဖက စီးပြားေရးသမားေပမဲ့ အဖိုးကေတာ့ဝန္ႀကီးတစ္ေယာက္ ...
သူကရွင့္အေၾကာင္းေတြအားလုံးသိေနတယ္ "
ဖန္းဂူ သူမကိုစိုက္ၾကည့္လိုက္ၿပီး ...
" မင္းဘာကိုဆိုလိုတာလဲ "
" ရွင္က တခ်ိန္တုန္းက Lion ဆိုတာကိုသာမာန္လူေတြကိုဖုံးကြယ္ထားနိုင္ေပမဲ့ အရာရွိေတြရဲ႕အသိထဲမွာေတာ့ ရွိေနဆဲပဲ "
ဖန္းဂူက မ်က္ခုံးႏွစ္ဖက္ကိုႀကဳံ႕လိုက္ၿပီး ...
" မင္းဒီကို ဘာလိုခ်င္လို႔လာတာလဲ "
သူမက ၿပဳံးလွ်က္ပင္ ...
" ဘာရယ္မဟုတ္ပါဘူး ... ပူးေပါင္းမႈေလးတစ္ခုအတြက္ပါ ...
ကြၽန္မက အိုမီဂါဆိုေတာ့ အလွအပကိုႀကိဳက္တဲ့အတြက္ Idol အလုပ္ကို လုပ္ကိုင္တယ္ ...
ဒါေပမဲ့ အဖိုးက အလင္းအေမွာင္ကိစၥေတြမွာ ပါဝင္ဖို႔ေျပာတယ္ ... အေဖကလဲ စီးပြားေရးလုပ္ကိုင္ဖို႔ေျပာျပန္တယ္ ...
တစ္ဦးတည္းေသာသမီးျဖစ္တဲ့ကြၽန္မမွာ မိဘလုပ္ငန္းေတြကို ဦးေဆာင္ဖို႔ ေ႐ြးခ်ယ္စရာမရွိခဲ့ဘူး ....
အဲ့ဒါ ရွင္ရဲ႕လက္ေအာက္မွာ ပါဝင္ၿပီး ကြၽန္မကိုရွင့္ရဲ႕လက္ေထာက္အျပင္ ရွင္တို႔ရဲ႕ကုန္ပစၥည္းေတြရဲ႕ ပင္တိုင္ေမာ္ဒယ္အျဖစ္ ကြၽန္မကိုအသုံးမျပဳခ်င္ဘူးလား "
" မင္းက မိဘေတြကိုလိမ္ညာၿပီး စီးပြားေရးမလုပ္ပဲ ရွန္ဟႊာရဲ႕ပင္တိုင္ေမာ္ဒယ္ျဖစ္ခ်င္တယ္ေပါ့ "
" ကြၽန္မအစြမ္းအစနဲ႕ဆိုရင္ ဒီလိုေအာက္က်ခံၿပီးေျပာေနစရာမလိုပါဘူး ...
ဒါေပမဲ့ ကြၽန္မအေဖရဲ႕အမိန႔္ေၾကာင့္ ရွန္ဟႊာလက္ေအာက္မွာေနတာက ကြၽန္မအတြက္ အလုံၿခဳံဆုံးပဲ "
" ေကာင္းၿပီေလ ... ငါစဥ္းစားေပးမယ္ ...
လက္ခံၿပီးလို႔ မႀကိဳက္တာတစ္စုံတစ္ခုေတြ႕ရင္ေတာ့ မင္းကိုခ်က္ခ်င္ထုတ္ျပစ္ရလိမ့္မယ္ "
" စိတ္ခ်ပါ ... ရွင့္ကိုစိတ္မပ်က္ေစရဘူး ...
ရွင့္ရဲ႕ထုတ္ကုန္ေတြ ကြၽန္မေၾကာင့္ ေရာင္းအားတက္ေစရမယ္ "
ဖန္းဂူသူမနဲ႕ေဆြးေႏြးၿပီးေနာက္ျပန္လာခဲ့ေလတယ္ ... မိခင္ကလဲ ေမာ္ဒယ္နဲ႕ေတြ႕ဖို႔ေျပာထား၍ ဒီေတြ႕ဆုံမႈကအခ်ီးအႏွီးေတာ့ျဖစ္မသြားဘူး ... သူမပုံစံကလဲ ဇယားရႈတ္ခ်င္ပုံမေပၚသလို သူမဝါသနာပါတဲ့အလုပ္ကိုလုပ္ရင္း မဘေတြရဲ႕စိတ္ခ်မ္းသာမႈကိုလဲရဖို႔ ရွန္ဟႊာလက္ေအာက္မွာလုပ္ကိုင္ဖို႔ ဆုံးျဖတ္လိုက္ျခင္းပင္ ...
*
*
*
*
ဖန္းဂူအိမ္ျပန္ေရာက္ေတာ့ ကုတင္ေပၚကိုျပစ္လွဲလိုက္မိတယ္ ... ဒီေန႕ပင္ပန္းပုံက သူ႕ဘဝမွာပထမဆုံးပဲလို႔ကိုထင္မိတယ္ ... တစ္ကိုယ္လုံးေညာင္းညာေနသလို႔ လူေပါင္းရာခ်ီၾကားမွာအခ်ိန္ၾကာၾကာေနေနရ၍ သူတို႔ရဲ႕ေဟာ္မုန္းေတြက သူ႕ကိုအသက္ရႉၾကပ္ေစတယ္ ...
ခနၾကာေတာ့ ခ်ဴးရွန႔္အခန္းထဲကိုဝင္လာတယ္ ... သူ႕လက္ထဲမွာ ေရခြက္နဲ႕ ေဆးဘူးေလးတစ္ခုကို ကိုင္ေဆာင္လွ်က္ ...
" သခင္ေလး ... ညစာမစားခင္ ေဆးအရင္ေသာက္လိုက္ "
" င့ါခႏၶာကိုယ္က က်န္းက်န္းမာမာပဲ ...
အဲ့ေဆးေတြကို ဘာေၾကာင့္ ေသာက္ေနရအုံးမွာလဲ "
" သခင္ေလးကိုယ္က က်န္းမာေပမဲ့ သခင္ေလးေဟာ္မုန္းေတြက ထိန္းခ်ဳပ္ဖို႔လိုအပ္တယ္ေလး ...
ဒါကိုမေသာက္ရင္ သခင္ေလးထိန္းနိုင္မွာမဟုတ္ဘူး "
ဒီေဟာ္မုန္းတားေဆးက အိုမီဂါေတြရဲ႕အနံ႕ေတြကို မတုန႔္ျပန္မိေအာင္ ထိန္းခ်ဳပ္နိုင္သလို အယ္ဖာေတြရဲ႕ ေဟာ္မုန္းဖာက္ျပန္တဲ့ကာလမွာလဲ အိုမီဂါရဲ႕ေဟာ္မုန္းမလိုပဲ ကိုယ့္ဘာသာကို ေျဖနိုင္တယ္ ... ဒါေၾကာင့္ ရွန္ဖန္းဂူ ဒီေဆးကိုအသုံးျပဳေနျခင္းပဲ ...
အတိတ္မွာ မိတ္အိုမီဂါရွိခဲ့တယ္ဆိုတာကိုေတာ့ တားေဆးေၾကာင့္ တည္ၿငိမ္ေနတဲ့ေဟာ္မုန္းေတြေၾကာင့္ သူနည္းနည္းေလးမွ သံသယမဝင္ခဲ့ဘူး ... ထိုအေၾကာင္းေတြက ဖန္းဂူစိတ္ထိခိုက္မည္ဆိုး၍ ရွန္ဟႊာဘက္ကလဲ မေျပာျပဖို႔အမိန႔္ထုတ္ထားတယ္ ...
" သခင္ေလး ... ဟိုမိန္းကလးက သခင္ေလးရဲ႕အတြင္းေရးမႉးလုပ္မွာလား "
" မဟုတ္ဘူး ... သူမက စီးပြားေရးကိုဟန္ျပသပ္သပ္ပဲလုပ္မွာ ...
သူမဝါသနာပါတာက ေမာ္ဒယ္လုပ္တာ "
" ဒါဆို အတြင္းေရးမႉးအတြက္ လူထပ္ရွာရအုံးမွာလား "
" ရွာလိုက္ ... အားလုံးကိုဦးေဆာင္ေနရတာ မင္းလဲပင္ပန္းေနၿပီပဲ ...
ဒါေပမဲ့ ငါသေဘာက်တဲ့သူကိုပဲခန႔္မွာ "
" ဟုတ္ကဲ့ ... ဒီတစ္ေခါက္ သခင္ေလးစိတ္မပ်က္ေစရပါဘူး "
ဖန္းဂူက ဒီေန႕အျဖစ္အပ်က္ကို ခနမွ်စဥ္းစားၿပီးတဲ့ေနာက္ ခ်ဴးရွန႔္အား ေမးျမန္းလိုက္ေလတယ္ ...
" ခ်ဴးရွန႔္ ... ငါ့ကိုအရင္က မား အိုမီဂါတစ္ေယာက္နဲ႕ မိတ္ဆက္ေပးဘူးလား "
" ဗ်ာ "
မိတ္ဆက္ေပးဖူးတယ္ ... သူမက အန္းရက္စ္ဒီျဖစ္ၿပီး သခင္ေလးလက္နဲ႕ကိုယ္တိုင္သတ္ခဲ့တာလို႔ ဘယ္လိုေျပာျပရမွာလဲ ...
" ငါအထင္မွားေနတာပဲေနမွာပါ ...
သူကတမင္ငါ့ကိုသိသလိုဟန္ေဆာင္ေနတာပဲျဖစ္မွာ "
ထိုအခါမွ ခ်ဴးရွန႔္ သက္ျပင္းခ်လိဳက္နိုင္ေတာ့တယ္ ...
" ခ်ဴးရွန႔္ ... မင္းပန္းဆိုင္ကို သြားဖို႔ရွိလား "
" ဗ်ာ ... မ ... မရွိပါဘူး "
" အိမ္ကပန္းေတြေရာ ညွိုးကုန္ၿပီလား "
" အဲ့အတြက္မပူနဲ႕ ... လုံးဝမညွိုးေသးဘူး ...
အားလုံးလန္းေနတာပဲ ...
ကြၽန္ေတာ္ကိုယ္တိုင္ ဂ႐ုစိုက္ၿပီး ေရျဖန္းေပးထားတာ "
" မင္းမွာအခ်ိန္ေတြအဲ့ေလာက္ေတာင္အားေနလား ...
လုပ္စရာမရွိရင္ ၾကမ္းသြားတိုက္ေနလိုက္ ...
ငါ့အခန္းထဲကခုထြက္သြား "
႐ုတ္တရပ္ႀကီး ေဒါသထြက္သြားတဲ့သခင္ကိုၾကည့္ၿပီး ခ်ဴးရွန႔္နားမလည္နိုင္ေတာ့ဘူး ... သူကိုယ္တိုင္ပဲ ပန္းေတြေရာက္စက ယုယုယယနဲ႕မညွိုးႏြမ္းေအာင္ဂ႐ုစိုက္ပါလို႔ မွာထားၿပီး ခုဂ႐ုစိုက္ျပန္ေတာ့လဲ အားယားေနလားဆိုၿပီး အျပစ္ေျပာခံရတယ္ ... သခင္ဘာျဖစ္ခ်င္ေနတာလဲ တကယ္မေတြးတတ္ေတာ့ဘူး ...
ေနာက္တစ္ေန႕ ...
" ခ်ဴးရွန႔္ ... ငါပန္းလိုခ်င္တယ္ "
" သခင္ေလး ... ပန္းဆိုင္ကမဖြင့္ဘူး "
ေနာက္တစ္ေန႕ ...
" ငါ့အခန္းထဲကပန္းေတြလဲလိုက္ "
" သခင္ေလး ... ပန္းဆိုင္က ပိတ္ထားတယ္ "
ေနာက္တစ္ေန႕ ...
" ဘယ္ေတာ့ပန္းဆိုင္ဖြင့္မွာလဲ "
" အာ ... ကြၽန္ေတာ္သိရသေလာက္ေတာ့ သူ႕အေမခရီးသြားေနလို႔ ေရာင္းမဲ့သူမရွိေသးလို႔ပိတ္ထားတယ္ၾကားတယ္ "
ဖန္းဂူမ်က္ႏွာကမၾကည္မသာနဲ႕အေရွ႕ေလွ်ာက္အေနာက္ေလွ်ာက္သြားေနရင္း သူ႕အခန္းရဲ႕ ေဒါင့္တစ္ေနရာက ပစၥည္းေတြထည့္ထားတဲ့ပုံေပၚမွာတင္ထားတဲ့ ေက်ာပိုးအိပ္ေသးေသးေလးကိုေတြ႕သြားတယ္ ...
" ခ်ဴးရွန႔္ အဲ့ဒါဘာလဲ "
ခ်ဴးရွန႔္က ဖန္းဂူၫႊန္ျပတဲ့ေနရာက ေက်ာပိုးအိပ္ေလးကိုေတြ႕သြားၿပီးေကာက္ယူလိုက္ကာ ေသျခာၾကည့္ၿပီးေနာက္ ျပန္ေျဖလိုက္တယ္ ...
" အစားႀကီးေလး ေမ့က်န္ခဲ့တာထင္တယ္ "
ထိုအခါမွ ဖန္းဂူအႀကံရသြားၿပီး ေက်နပ္သြားတဲ့မ်က္ႏွာေပးနဲ႕ ခ်ဴးရွန႔္အား မိန႔္လိုက္ေလတယ္ ...
" မနက္ျဖန္ညေနအလုပ္ဆင္းတာနဲ႕ သြားစရာရွိတယ္ ...
အဲ့ဒါကိုေသခ်ာသိမ္းထား "
*
*
*
*
ေႏြရာသီကုန္၍ မိုးတြင္းသို႔စတင္ဝင္ေရာက္ေနၿပီမို႔ ရာသီဥတုက အုံ႕ဆိုင္းေနတယ္ ... လုယီေလးက တိမ္ေတြကိုေမာ့ၾကည့္ေနၿပီး မိုး႐ြာေတာ့မည္ကိုေပ်ာ္ေနေလရဲ႕ ...
" လုယီေလး ... အိမ္ထဲအျမန္ျပန္လာခဲ့ ...
မိုးေရေတြ ေခါင္းကိုဆိုကုန္မယ္ "
" ဟင့္အင္ ... Yi Yi ႀကိဳက္တယ္ "
" လုယီေလးကမဆိုးရဘူးေလကြာ ...
ပါပါးျပန္လာရင္ ဦးေလးကိုဆူလိမ့္မယ္ "
" Yi Yi ကာကြယ္ေပးမယ္ ... ဦးဦးေဝေဝ့ကို ဆူပါဘူး "
" ဟား ... လူလည္ေလး ...
ပါပါးကဆူရင္ အခန္းထဲေျပးပုန္းေနတာ ဘယ္သူေလးလဲေျပာပါဦးကြာ "
" ဟီး ... ဟီး "
ခ်စ္ရာေကာင္းေအာင္ၿပဳံးျပေနတဲ့ လုယီေလးကိုၾကည့္ၿပီး ရွန္ေဝအသည္ေတြယားလာၿပီး ပါးေလးကိုဆြဲကိုက္လိုက္ခ်င္မိတယ္ ... ႏုအီေနတဲ့ လုယီပါေလးက ထိယုံနဲ႕ ပဲ့သြားနိုင္တဲ့ ဂြမ္းေမြးေလးလို ႏူးညံ့ေန၍ ရွန္ေဝ ႐ႊတ္ခနဲမည္ေအာင္အနမ္းေပးလိုက္တယ္ ...
ထိုအခါ သူ႕ကိုမဆြဲထားေတာ့တဲ့အတြက္ လုယီေလး ၿခံထဲေျပးသြားကာ ေပ်ာ္႐ႊင္ေနေလတယ္ ... ခနၾကာေတာ့ ဘာစိတ္ကူးေပါက္သြားလဲမသိ တိတ္ဆိတ္သြားၿပီး ရွန္ေဝထံျပန္လာျပန္တယ္ ...
" လုယီေလး ... ဘာအလိုမက်ျဖစ္သြားတာလဲ "
" ဦးဦးေဝ ... Yi Yi အိပ္အိပ္ဘယ္ေရာက္သြာၿပီလဲ "
" ဘာအိပ္ေလးလဲ "
" ဦးဦးယြမ္ေပးထားတာ ... Yi Yi ခ်ာသင္ဖို႔တဲ့ ...
ဟိုဟာ နတ္သမီးပုံပုံရယ္ ေရညဂါးပုံပုံရယ္ ပါပါး Yi Yi ကိုအၿမဲေျပာေနၾကပုံပုံခ်ာအုပ္ေတြထည့္ထားတာ "
" ေအာ ... အကိုဝယ္ေပးထားတဲ့ေက်ာပိုးအိပ္ေလးလား ...
ေနပါအုံး အဲ့ဒါကိုမျမင္တာၾကာပါၿပီ ...
လုယီေလးတစ္ေနရာရာမွာမ်ားထားခဲ့လား "
ထိုအခါမွ လုယီေလးက စဥ္းစားမိသြားၿပီ ...
" အာ ... ဟိုဦးေရးႀကီးအိမ္မွာ Yi Yi က်န္ခဲ့တာ ... အူးဝါး ...
ျပန္ယူေပး ... ဟင့္ ...
Yi Yi ပုံပုံခ်ာအုပ္ေတြ ျပန္ယူေပး ... အဟင့္ "
" မငိုပါနဲ႕ကြာ ... ဦးဦးအသစ္ျပန္ဝယ္ေပးမွာေပါ့ "
" ဟင့္ ...ေထာင္ Yi Yi ကခုနားခ်င္တာ ... ဟင့္ "
ရွန္ေဝ ကေလးကိုမငိုေအာင္ေခ်ာ့ေပမဲ့ လုယီေလးက အတင္းလိုက္ပို႔ဖို႔ ေျပာေနေလတယ္ ... ထိုစဥ္ သူတို႔ၿခံထဲသို႔ ကားတစ္စီးဝင္လာၿပီး ကားေပၚကဆင္းလာတဲ့လူေတြကိုျမင္လိုက္ရေတာ့ လုယီေလးအၾကည့္ေတြက လင္းလပ္သြားၿပီး ရွန္ေဝလဲ အသက္ရႉေခ်ာင္သြားေလတယ္ ...
" အကိုတို႔ ဘယ္လိုေရာက္လာတာလဲ "
" ရွန္ေဝ ... မင္းယြီမရွိဘူးဘား "
" အင္း ... သူဒီေန႕အခ်ိန္ပိုဆင္းရမွာမို႔ ေနာက္က်မယ္တဲ့ "
ဖန္းဂူက ေက်ာပိုးအိပ္ေသးေသးေလးကိုကိုင္ၿပီး လုယီေရွ႕ေရာက္လာတယ္ ... ရွန္ေဝကိုေတာ့ ဂ႐ုပင္မစိုက္ ... ရွန္ဖန္းဂူအတိတ္ေမ့ေနတာကို ရွန္ေဝသိေန၍ အလိုက္သင့္ေလးေရွာင္လိုက္ၿပီး ခ်ဴးရွန႔္အနားကပ္သြားတယ္ ...
" အစားႀကီးေလး ... ဒါမင္းအိပ္လား "
" Yi Yi ဟာ ... Yi Yi ဟာ ...
ေရး ... Yi Yi ပုံပုံခ်ာအုပ္ျပန္ရၿပီ "
လုယီေလးက ဖန္းဂူလက္ထဲကအိပ္ကိုျမင္ေတာ့ အေတာ္ေလးေပ်ာ္႐ႊင္သြားေလတယ္ ... သူကေက်ာပိုးအိပ္ေလးကိုရေတာ့ ခုန္ေပါက္လွ်က္ ေက်ာင္းသားေလးလို လြယ္လိုက္ၿပီး အိမ္ထဲသို႔ေျပးဝင္သြားေလတယ္ ... ရွန္ေဝကလဲ ဧည့္သည္ေတြကို အိမ္ထဲကိုဝင္ဖို႔ ဖိတ္ေခၚလိုက္တယ္ ...
ဖန္းဂူက လုယီေလးေဘးဝင္ထိုင္လိုက္ၿပီး ေျခတစ္ဖက္ခ်ိန္ကာ လုယီေလးလုပ္သမွ်ကိုစိုက္ၾကည့္ေနတယ္ ... လက္ေသးေသးေလးေတြနဲ႕ စာအုပ္ေတြထဲေမႊေႏွာက္လိုက္ၿပီး သူႀကိဳက္တဲ့စာအုပ္ေလးကိုဆြဲထုတ္လိုက္တယ္ ...
ၿပီးေနာက္ ေခါင္းေမာ့လာၿပီး ရွန္ေဝကိုရွာေပမဲ့ အနားမွာ ဖန္းဂူကလြဲၿပီးဘယ္သူမွရွိမေနဘူး ... လုယီေလးက ဖန္းဂူနဲ႕စိမ္းေနေသး၍ ေက်ာင္ေက်ာင္ေလးပဲရပ္ေနတယ္ ... ဖန္းဂူက လုယီေလး ႏွဖူးကို လက္နဲ႕ေတာက္လိုက္ၿပီး ...
" ဘာကိုရွာေနတာလဲ ... ဒီမွာ ဘယ္သူမွမရွိဘူး "
" ပါပါးက Yi Yiကို ညတိုင္းပုံပုံေျပာေနၾက "
" ဒါဆို ... ဒီစာအုပ္ထဲကပုံျပင္ကို ဖတ္ျပေစခ်င္တာလား "
" ဦးေရးႀကီးက ပါပါးနဲ႕ဦးဦးတို႔ လို ဖတ္တတ္လို႔ယား "
" ဟား ... မင္းဦးဦးေတြထက္ေတာင္ ပိုၿပီး ဖတ္ျပတတ္ေသးတယ္ "
လုယီေလးကေပ်ာ္သြားၿပီး ဖန္းဂူေပါင္ေပၚတက္ထိုင္လိုက္တယ္ ... ဖန္းဂူက လုယီေလးရဲ႕တရင္းတနီးျပဳမႈပုံေတြတိုင္းမွာ စိတ္အေႏွာက္အယွက္မျဖစ္ပဲ ေပ်ာ္႐ႊင္ေနမိတယ္ ...
ၿပီးေနာက္ ဖန္းဂူက ပထမဆုံးနတ္သမီးပုံျပင္စာအုပ္ကိုလွန္လိုက္ၿပီး ေျပာျပေလေတာ့တယ္ ...
" နတ္သမီးေလးက ပန္းပြင့္ေတြထဲကေနေမြးဖြားလာၿပီး အေတာက္ပံေတြျဖန႔္ၿပီး ေကာင္းကင္ေပၚပ်ံသန္းသြားတဲ့အခါမွာ နဂါးမင္းသားေလးနဲ႕ေတြ႕သြားတယ္ "
" အား ... ဦးေရးႀကီးမွားေနၿပီ ...
ဦးဦးယြမ္ေျပာျပတာ မင္းသားေလးကညဂါးဟုတ္ဘူး "
ထိုအခါ ဖန္းဂူက စာအုပ္ထဲက အဝါေရာင္နဂါးမင္းပုံကို လက္နဲ႕ေထာက္ျပၿပီး ...
" ဒီမွာ အဝါေရာင္နဂါးေလး ...
အဲ့ဒိဦးဦးယြမ္က မ်က္စိမႈန္ေနလို႔ေနမွာ "
" ဟုတ္ဘူး ... အဲ့ဒါ နတ္ညဂါးလို႔ေခၚတယ္ ...
ဦးေရးႀကီးကဘာမွလဲသိဘူး "
" ဟား ... ေအးဘာကြာ ...
နတ္နဂါး ဟုတ္ၿပီလား "
ၿပီးေနာက္ စာမ်က္ႏွာအနည္းငယ္ကိုလွန္ၿပီး ဆက္ေျပာလာတယ္ ...
" မင္းသမီးေလးရဲ႕အေတာင္ပံတစ္ဖက္ႀကိဳးသြားေတာ့ ေကာင္းကင္ေပၚကေနျပဳတ္က်သြားတယ္ ...
အဲ့ဒိအခ်ိန္မွာ မင္းသားေလးက နဂါးကိုစီးၿပီး မင္းသမီးေလးကိုကယ္တင္ဖို႔ထြက္လာခဲ့တယ္ "
" အာ ... မင္းသားက နတ္ညဂါးကိုစီးဘူးေလ ...
သူ႕ရဲ႕ျမင္းကိုပဲစီးရမွာ "
" ဒီမွာ နဂါးႀကီးေပၚစီးထားတာလို႔ ေရထားတယ္ "
" ဟုတ္ဘူး ... ပါပါေျပာတာ ညဂါးကနတ္သမီးရဲ႕ဖိုးဖိုးတဲ့ ...
မင္းသားကျမင္းပဲစီးရမွာ ... ဦးေရးႀကီးက ဘာမွလဲသိဘူး "
လုယီေလးက ဖန္းဂူအေပၚခြထိုင္ထားလွ်က္ ပုံျပင္မေျပာတတ္တဲ့ဖန္းဂူကိုၾကည့္ၿပီး တခ္ခ္ေအာ္ရယ္ေနတယ္ ... ဖန္ဂူပါအလိုလိုၿပဳံးမိသြားၿပီး ပုံျပင္သလြဲေတြဖတ္ျပရင္းေပ်ာ္႐ႊင္ေနၾကတယ္ ...
ထိုစဥ္တံခါးဖြင့္သံနဲ႕အတူ မင္းယြီအလုပ္ကျပန္လာၿပီး ခုံေပၚမွာထိုင္လွ်က္ ဖန္းဂူရင္ခြင္ထဲမွာ လုယီေလးဟာ သူ႕ပါပါကိုဖက္ထားလွ်က္ ေခါင္းေလးမွီထားၿပီး ဖန္းဂူက စာအုပ္ထဲကပုံျပင္ေတြဖတ္ျပလွ်က္ ေပ်ာ္ေနတဲ့သားအဖကိုျမင္လိုက္ရေတာ့ မင္းယြီအံ့ဩစြာရပ္ၾကည့္ေနမိတယ္ ... သူဝင္လာသည္ကိုပင္သတိထားမိပုံမေပၚ ...
အခ်ိန္က ညေနေဆာင္းၿပီျဖစ္၍ အျပင္မွာေမွာင္ေနၿပီး သူတို႔ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိေပမဲ့ ဒီေန႕သားေလးေပ်ာ္႐ႊင္ေနတာကိုျမင္ရေတာ့ မင္းယြီမေႏွာက္ယွက္ခ်င္၍ တိတ္တိတ္ေလးအခန္းထဲဝင္လာခဲ့တယ္ ...
ရႈယြမ္ကအေရးႀကီးကိစၥေၾကာင့္ ဒီေန႕ျပန္လာမအိပ္ျဖစ္ဘူး ... ခ်ဴးရွန္နဲ႕ရွန္ေဝက မင္းယြီကို သူတို႔ေရာက္လာပုံကိုေျပာျပၿပီးေနာက္ သြားမေခၚဖို႔တားထားေလတယ္ ...
အခန္းထဲကရယ္သံေတြတေျဖးေျဖးတိုးသြားၿပီး ပုံျပင္ေျပာသံေတြပါတိတ္ဆိတ္သြားကာ လုယီေလးက ဖန္းဂူကို ဖက္ထားလွ်က္အိပ္ေပ်ာ္သြားေျခၿပီ ...
ခ်ဴးရွန႔္နဲ႕မင္းယြီက အေစာကတည္းက အျပင္ခနသြားမယ္ဆိုၿပီးထြက္သြားခဲ့တာ ခုအိမ္ထဲမွာ မင္းယြီလုယီေလးနဲ႕ဖန္းဂူကလြဲၿပီး ဘယ္သူမွရွိမေနဘူး ... မင္းယြီက ဧည့္ခန္းထဲကိုဝင္လာၿပီး ဖန္းဂူရင္ခြင့္ထဲက သားေလးအိပ္ေပ်ာ္သြားသည္ကိုျမင္လိုက္ေတာ့ လက္ေလးလွမ္းကာ ...
" လုယီေလးကိုေပး ... သူ႕ကိုအိပ္ခိုင္းရေတာ့မယ္ "
" သူ ခုနေလးမွအိပ္ေပ်ာ္သြားတာ ...
သူ႕အခန္းဘယ္မွာလဲ ... ငါသယ္လာေပးမယ္ "
" ခမ်ားအျပန္ေမွာင္ေနလိမ့္မယ္ ...
မၾကာခင္မိုး႐ြာေတာ့မယ္ထင္တယ္ ...
သားေလးကိုေပးခဲ့ၿပီး ခမ်ားသြားပါေတာ့ "
" ခ်ဴးရွန႔္မွ မလာေသးတာ ...
ငါကဘယ္လိုျပန္ရမွာလဲ "
" ကားနဲ႕ ... "
" ကားက သူယူသြားတယ္ "
မင္းယြီအခက္ေတြ႕သြားၿပီးေနာက္ဆုံး ဖန္းဂူကို လုယီေလးအခန္းထဲလိုက္ပို႔ဖို႔ ခြင့္ျပဳလိုက္ရတယ္ ... လုယီေလးက ညအိပ္ခါနီးဆို အရမ္းဆိုးတတ္ၿပီး မင္းယြီေပြ႕သိပ္မွ အိပ္ေပ်ာ္တဲ့ခေလးေလးက ခုဖန္းဂူကိုယ္ေပၚမွာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနတယ္ ... ေသြးက စကားေျပာတယ္ဆို တာကယ္မွန္တာပဲ ...
လုယီေလးကိုသိပ္ၿပီးသြားေတာ့ အျပင္သို႔ျပန္ထြက္လာခဲ့တယ္ ... မင္းယြီ ဖန္းဂူနဲ႕အၾကည့္မဆုံခ်င္သလို ၂ ေယာက္ထည္းရွိေနခ်ိန္မွာ ဘာေျပာရမွန္းလဲမသိဘူး ... သူေျပာတတ္တာက အိမ္ကေန ထြက္သြားဖို႔ပဲ ... သို႔ေပမဲ့ ...
' ဂ်ိန္း '
မိုးခ်ိန္းသံအက်ယ္ႀကီးနဲ႕အတူ မိုးေပါက္ေတြရဲ႕အသံေတြဆူညံလာၿပီး ေလေျပေအးေတြက အရပ္မ်က္ႏွာကေနတိုက္ခပ္လာတယ္ ... မင္းယြီတံခါးေတြကိုေျပးပိတ္ၿပီး အားလုံးလုံၿခဳံသြားေတာ့မွ ဧည့္ခန္းထဲဝင္ထိုင္လိုက္တယ္ ...
ဖန္းဂူက သူ႕အေရွ႕တည့္တည့္မွာ ေျခတစ္ဖက္ခ်ိတ္ကာထိုင္ေနၿပီး ျပန္ခ်င္တဲ့ပုံတစ္စက္ေလးမွမေပၚဘူး ... ႐ြာေပးတဲ့မိုးမင္းႀကီးကိုေတာင္ ေက်းဇူးတင္ခ်င္တင္ေနအုံးမွာ ...
မင္းယြီက ဖုန္းကိုထုတ္ကာ ရွန္ေဝနဲ႕ခ်ဴးရွန႔္ကိုဆက္သြယ္ေပမဲ့ ဧရိယာျပင္ပေရာက္ေနတယ္ပဲေျပာေနတယ္ ...
" မင္းဘာေတြဆိုးရိမ္ေနတာလဲ ...
ငါက ကေလးနဲ႕မင္းကိုသတ္သြားမဲ့လူသတ္ေကာင္ႀကီးလို႔ထင္ေနတာလား "
" ခမ်ားက သူစိမ္းပဲေလ ...
ကြၽန္ေတာ္ကယုံရမွာတဲ့လား "
" ငါကမင္းတို႔အေပၚ ဘယ္တုန္းကအမွားလုပ္ဖူးလို႔လဲ ...
မင္းပုံစံက ငါ့ကို ပုံမွန္ထက္ပိုၿပီးေၾကာက္ေနသလိုပဲ "
" ခမ်ားထြက္သြားပါေတာ့ ...
လုယီေလးက သူစိမ္းေတြနဲ႕အတူရွိေနတာမႀကိဳက္ဘူး "
' အူဝါး '
ထိုစဥ္မိုးခ်ိန္းသံေၾကာင့္ ဆူးဆူးဝါးဝါးေအာ္သံထြက္ေပၚလာၿပီး လုယီေလးနိုးလာခဲ့တယ္ ...
" ပါပါးလာၿပီ ... မငိုနဲ႕ေတာ့ "
မင္းယြီက လုယီေလးကိုေပြ႕ခ်ီလိုက္ၿပီး အေနာက္ကပါလာတဲ့ရွန္ဖန္းဂူကို တစ္ခ်က္ၾကည့္လိုက္ကာ ...
" ခမ်ားလဲျပန္ပါေတာ့ ... တံခါးအေျခမွာထီးရွိတယ္ ...
ခမ်ားတပည့္ေတြကို လာေခၚခိုင္းလို႔ရေနတာပဲ "
" ေကာင္းၿပီေလ ... ငါအစားႀကီးေလးနဲ႕ စကားေျပာခ်င္တယ္ ...
ခနေလာက္အခ်ိန္ေပး "
ဖန္းဂူက မင္းယြီပခုံးေပၚမွီေနတဲ့ လုယီေလးကိုၾကည့္လိုက္ၿပီး ေခါင္းေလးကိုပြတ္ေပးကာ ဆိုလိုက္တယ္ ...
" အစားႀကီးေလး ... ဦးေလးသြားရေတာ့မယ္ ...
မင္းပါပါးက ဦးေလးကိုအၿမဲႏွင္ထုတ္ေနတယ္ ...
မိုး႐ြာေနတာေတာင္ ဦးေလးကိုအတင္းျပန္ခိုင္းတယ္ ...
ဦးႏႈတ္ဆက္ခဲ့တယ္ ... ေကာင္းေကာင္းျပန္အိပ္ေနာ္ "
လုယီလက္ေသးေသးေလးက ဖန္းဂူအကၤ်ိလက္ေမာင္းကို ဆြဲထားၿပီး ...
" ဦးေရးႀကီး ျပန္ပါနဲ႕ ... ေရေရေတြခ်ိဳကုန္လိမ့္မယ္ ...
အသံေတြကလဲေၾကာက္ခ်ရာႀကီး ...
Yi Yi ကိုဖက္ထားေပး... ဟင့္ "
သားေလးကဆြဲထားတာေၾကာင့္ မင္းယြီက ဝင္ေျပာလိုက္တယ္ ...
" အိမ္ခ်ိန္ေရာက္ၿပီေလး ... လုယီေလး ...
ဦးေလးကလဲ သူ႕အိမ္ျပန္ခ်င္မွာေပါ့ "
" ဟင့္ ... ရဝူး ... Yi Yi ကိုဖက္ထားေပး ...
ဦးေရးႀကီးနဲ႕အိပ္ခ်င္တယ္ "
မင္းယြီေပၚကေနအတင္းခုန္ဆင္းၿပီး ဖန္းဂူကိုဖက္ထားတဲ့သားေလးကို မင္းယြီလဲမဆြဲနိုင္သလို ဖန္းဂူလဲ အံ့ဩမွင္သက္လွ်က္ ၿပီးေနာက္ေပြ႕ခ်ီလိုက္ေလတယ္ ... ဖန္းဂူကိုယ္ေပၚေရာက္သြားေတာ့ လုယီေလးၿငိမ္သြားၿပီး ဖန္းဂူပခုံးေပၚမွိၿပီး လည္ပင္းကိုဖက္ထားလွ်က္ အိပ္သြားေလတယ္ ...
ဖန္းဂူက ကုတင္ေပၚတက္လိုက္ၿပီး အခန႔္သားမွီလွ်က္ သူ႕ရင္ဘက္ေပၚမွာ လုယီေလးကိုသိပ္ထားတယ္ ... ဘယ္လိုဆြဲခ်ခ် အိမ္ေပၚကေန ဆင္းမဲ့ပုံလဲမေပၚဘူး ... ခနၾကာတိတ္ဆိတ္သြားၿပီးေနာက္ ...
" ခမ်ား ဘယ္အခ်ိန္ထိ လွဲေနမွာလဲ "
မင္းယြီကေမးလိုက္ေတာ့ ဖန္းဂူက လုယီေက်ာေလးကို ဖြဖြေလး ပုတ္ေပးေနရင္း ...
" ဒီေနရာက ေကာင္းတဲ့ေနရာလို႔ငါထင္တယ္ ...
ဒီညငါဒီမွာအိပ္မယ္ "
မင္းယြီကမ်က္လုံးျပဴးသြားၿပီး ခ်က္ခ်င္းျငင္းဆန္လိုက္တယ္ ...
" ေတာင္းပန္ပါတယ္ ... ခမ်ားကိုဒီမွာေတာ့အိပ္ခြင့္မျပဳနိုင္ဘူး ...
ကလးတစ္ယာက္နဲ႕ လြတ္လပ္မွာလဲမဟုတ္ဘူး "
" မလိုဘူး ... ေက်ာခ်စရာေနရာရွိရင္ရၿပီ "
" လုယီေလးက ညလယ္ဆိုနိုးလာၿပီး ဆိုးတတ္တယ္ ...
ကြၽန္ေတာ္မရွိလို႔မျဖစ္ဘူး "
" မင္းလဲ ဒီေပၚမွာအိပ္ေလ ...
အိပ္ယာက က်ယ္သားပဲ "
မင္းယြီဘာမွဆက္ၿပီးမေျပာနိုင္ေတာ့ဘူး ... မိတ္ဖက္အနားမွာ အိပ္ရလိမ့္မယ္လို႔ အိမ္မက္ပင္မမက္ခဲ့ဖူးခဲ့သလို သူ႕ကိုအနားမွာထားၿပီး စိတ္ၿငိမ္ဖို႔ ဘယ္လိုေတြးရမွာလဲ ...
ဘယ္ေလာက္ျပင္ျငင္းဆန္ပါေစ ဖန္းဂူဆုံးျဖတ္ခ်က္က ေျပာင္းလဲမသြား၍ မိုးခ်ိန္သံေတြတေျဖးေျဖးက်ယ္ေလာင္လာသည့္အခါ အိပ္ယာခင္းေပးၿပီး လုယီေလးကို ေႏြးေထြးေအာင္ထားကာ မင္းယြီကုတင္တဖက္ကေနဝင္အိပ္လိုက္ေလတယ္ ...
ဖန္ဂူက တစ္ဖက္မွာလွဲေနၿပီး လက္ေမာင္းေပၚေခါင္းထင္ထားလွ်က္ အိပ္မေပ်ာ္ပဲ တဖက္မွာအိပ္ေမာက်ေနတဲ့သားအဖကိုၾကည့္လိုက္မိတယ္ ...
သူတို႔အနားမွာရွိေနရင္ေႏြးေထြးသလိုခံစားရၿပီး သူ႕ရဲ႕ခံစားခ်က္ေတြက ထူးဆန္းကာ သူတို႔အေပၚ သာမံထက္ခင္သြယ္ေနမိေနသည္ကို ဖန္းဂူသိလာတယ္ ... သူ႕ရဲ႕လက္ေတြက လုယီေလးကိုဖက္ထားရင္းမွ လုယီေဘးက မင္းယြီလက္ေလးကိုဖြဖြလးကိုင္မိေတာ့ ပုံမွန္ထက္ ထူးဆန္းတဲ့ခံစားခ်က္ကိုခံစားလာရတယ္ ...
မင္းယြီလဲ မိတ္အယ္ဖာရဲ႕အေႏြးဓာတ္ေတြေၾကာင့္ ႏွစ္ခ်ိဳက္စြာအိပ္ေမာၾကေနၿပီး တစ္ခ်ိန္လုံးသူတို႔သားအဖကို ပေဟဠိဆန္စြာေငးၾကည့္ေနၿပီးေနာက္မွ သူ႕ရဲ႕လက္တစ္ဖက္ကိုကိုင္ကာ အိပ္ေပ်ာ္သြားတဲ့လူတစ္ေယာက္ကို သတိမထားမိခဲ့ေျခ ...
ထိုညက ညသာရွည္ၾကာသလို မိသားစု ၃ ေယာက္ ေႏြးေထြးစြာ အိပ္ေမာက်လွ်က္ ... လုယီေလးက ပါပါးနဲ႕ ဒယ္ဒီရဲ႕ေထြးဖက္မႈေၾကာင့္ တစ္ညလုံးမနိုးပဲအိပ္ေပ်ာ္ခဲ့ေလတယ္ ... မနက္မိုေသာက္အလင္းေရာက္ေသာ္ မင္းယြီနိုးထလာတဲ့အခါ သူ႕ရဲ႕ေဘး၌ လုယီေလးကလြဲၿပီး ဘယ္သူမွရွိမေနေတာ့ေျခ ... တစ္ညလုံးကိုင္ထားတဲ့သူရဲ႕လက္ေလးက ေႏြးေထြးေနဆဲ ...
.
.
.
.
To Be Continued
( မိသားစုေလး ခ်စ္ဖို႔ေကာင္းေနတာ 🤗 ေျပာရအုံးမယ္ ကိုကေလ အသားေပါက္စီလိုပဲ စပြိုင္လာေပးရတာတအားႀကိဳက္တာ 😆 ရွင္ေလးတို႔ေျပာေျပာေနတဲ့ ဖန္းဂူအတိတ္ျပန္သတိရပါေစဆိုတာေလ ျပန္ရမွာပါ ... အရင္က Lion ျပန္လာအုံးမွာပါ ... ဒါေပမဲ့ အျ့ခါက် ခုလိုေပါေတာေတာဖန္းဂူကေတာ့ရွိေတာ့မွာမဟုတ္ပါဘူး ... ဒါကအတိတ္ေမ့ေနတုန္းမို႔ ကေလးနဲ႕အၿပိဳင္ဆိုးေနတဲ့ ဖန္းဂူပါ ... ဒါေၾကာင့္မို႔ အျမန္ႀကီးသတိအရမခိုင္းပါနဲ႕ ... ေပါပါေစအုံး Jဝင္ပါေစအုံး 😄 ခ်က္ခ်င္းသတိရၿပီးခ်စ္ျပစ္ရင္ ဇာတ္လမ္းကသိမ္ရေတာ့မွာပါ ... ဒါမဲ့ၾကားထဲမွာ ဒိထက္စုံတဲ့အခ်စ္ဇာတ္လမ္းေလးဖန္တီးအုံးမွာ 😉 ဆက္းၿပီးအားေပးပါေနာ္ ကလးေတြမကြဲေတာ့ပါဘူး 🤗 )