#Unicode
မင်းယွီဆိုင်သိမ်းပြီးသွားတော့ သားလေးကိုပွေ့ပြီး ပြန်လာခဲ့လေတယ် ... ကားကကြီးနေတာကြောင့် လမ်းသွားရင်းယူမရ၍ နောက်နေ့မှ ဦးလေးယွမ်ကားနဲ့အိမ်ကိုသယ်လာမယ်လို့ လုယီလေးကိုချော့ပြီး ဆိုင်မှာ ထားခိုင်းခဲ့ရတယ် ... သားလေးက သူလိုချင်တာရပြီဆိုတော့ မဆိုးတော့ပဲ ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခံခဲ့တယ် ...
မင်းယွီက သူ့ဖုန်းထဲကနေ ချူးရှန့်ပေးခဲ့တဲ့ phone No ကိုရှာပြီး ဆက်လိုက်တယ် ... အားလုံးကိုမေ့ပျောက်ဖို့ကြိုးစားပေမဲ့ ချူးရှန့်ကိုတော့ ကတိအတိုင်း ဖုန်း No ပေးဖို့ ဆုံးဖြတ်လိုက်တယ် ...
" ဝေ ... ဘယ်သူလဲ "
" အကိုချူးရှန့် "
" မင်းယွီလား "
" ဟုတ် ... ဒါကျွန်တော့ဖုန်းပါ ...
အကိုဆက်သွယ်ချင်ရင် ရပါတယ် ...
ဒါပေမဲ့ သူ့ကိုတော့ ပေးမသိစေချင်ဘူး "
" အကိုနားလည်ပါပြီ ... အကိုလာလည်ခါနီးရင်ဆက်သွယ်လိုက်မယ် ...
အိမ်ကိုကောင်းကောင်းပြန်နော် "
" ဟုတ် "
ပြီးနောက် ဖုန်းကိုချလိုက်တယ် ... သူနဲ့အဆက်အသွယ်ဖျက်ချင်ပေမဲ့ အနည်းဆုံး ချူးရှန့်နဲ့အဆက်အသွယ်ရှိနေသေးတာက သူ့အတွက် အသက်ရှူချောင်တယ်လို့ခံစားရတယ် ...
အိမ်ကိုရောက်ဖို့အတွက် ကြားထဲမှာ လူရှုတ်တဲ့ပန်းခြံကိုဖြတ်သွားရသေးတယ် ... လူရှုတ်သလို ကားတွေဆိုင်ကယ်တွေလဲ ပေါများတာကြောင့် လုယီလေးကိုပွေ့ချီကာ ကားလမ်းကို ဖြတ်ကူးလာခဲ့လိုက်တယ် ...
' ကျီ '
အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ကားက မင်းယွီကိုတိုက်မိမလိုဖြစ်သွားတာကြောင့် မင်းယွီ လန့်ပြီးလဲကျသွားလေတယ် ...
" ပါပါး "
လုယီလေးက လဲသွားတဲ့သူ့ပါပါးကိုဆွဲထူရင်း အရှေ့မှာရပ်သွားတဲ့ကားထံ ခြေထောက်သေးသေးလေးတွေနဲ့ ရွယ်နေပြီး အသံသေးသေးလေးနဲ့အော်နေတယ် ...
" ပါပါးကိုထိနဲ့ "
မင်းယွီက သားလေးပြေးသွားမှာဆိုး၍ လှမ်းဆွဲထားပြီး ...
" ပါပါးဘာမှဖြစ်ဘူး ... သားလေးလျှောက်မသွားနဲ့ "
ထိုအချိန်မှာ ဘေးနားမှာ လူတွေအများကြီး ဝိုင်းလာကြတယ် ... ကားပေါ်ကလူက ကားမှန်ထဲကနေ လဲကြနေတဲ့သူတိုတစ်ချက်ကြည့်ပြီးနောက် အတန်းကြာငြိမ်သက်သွားလေတယ် ... ကားမောင်းတဲ့သူက စိုးရိမ်စွာဖြင့် ...
" လူတစ်ယောက်ကိုတိုက်မိသွားပြီထင်တယ် ...
လူတွေလဲရောက်လာကြပြီ "
အနောက်ကလူက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ...
" စိတ်ဝင်စားစရာပဲ ...
အဲ့ဒိကောင်လေးအနောက်ကိုတစ်ယောက်ယောက်လွှတ်ထားလိုက် ...
ငါသူ့အကြောင်းသိချင်တယ် "
" ဟုတ်ကဲ့ပါ သခင်လေး "
ပြီးနောက် အနက်ရောင်ကားက ထိုအနားကနေထွက်ခွာသွားလေတယ် ... ဝိုင်းအုံလာတဲ့လူတွေက မင်းယွီကိုဆွဲထူပေးကာ ဘေးနားကခုံပေါ်မှာ ထိုင်စေလိုက်တယ် ...
" လူစိတ်မရှိတဲ့ကောင်တွေ ...
ကားအကောင်းစားစီးပြီး တာဝန်ယူစိတ်မရှိကြဘူး "
" ကားနဲ့တိုပ်ပြီး ထွက်ပြေးသွားတာအံ့ဩပဟယ် ...
ဘယ်လိုစိတ်ဓာတ်တွေနဲ့ကြီးပြင်းလာကြလဲမသိဘူး "
" မောင်လေး ... အဆင်ပြေရဲ့လား "
မင်းယွီက ဒူးလေးပဲပွန်းသွားတာမို့ သူ့အနားကလူတွေကို စိတ်မပူဖို့ပြောလိုက်တယ် ...
" ကျွန်တော်ဘာမှမဖြစ်ပါဘူး ... စိတ်မပူပါနဲ့ "
" ခြေထောက်ကအဆင်ပြေပါ့မလား ...
ကလေးလေးရောထိခိုက်မိသေးလား "
" သားလေးလဲဘာမှမဖြစ်ပါဘူး ...
ကျွန်တော့အတွက်မပူပါနဲ့ အမ "
" ကောင်းပါပြီကွယ် ... နောက်ဆိုလမ်းကိုသတိထားလျှေက် ...
ဒီလမ်းပေါ်က ချမ်းသာကြွယ်ဝတဲ့ အဲ့လိုလူစိတ်မရှိတဲ့ အဆင့်အတန်းမြင့်တဲ့ဟာတွေက ကားကိုကြမ်းကြမ်းတမ်းတမ်းမောင်းကြတယ် ...
ကလေးလေးကိုလဲ ပန်းခြံထဲမှာ တစ်ယောက်ထည်း လျှောက်မသွားစေနဲ့ "
မှာကြားပြီးနောက် လူတွေသူ့အနားကနေထွက်သွားကြတယ် ... တကယ်တော့ ဒီမြို့လေးကလူတွေကစိတ်သဘောထားကောင်းကြပေမဲ့ ချမ်းသာတဲ့သူတွေရဲ့ ရိုင်းဆိုင်းမှုက အထိန်းအကွတ်မရှိ၍ ဘယ်သူမှ အကယ်တင်နိုင်ကြဘူး ...
ဒီပန်းခြံလေးက ရပ်ကွက်လေးထဲကပန်းခြံထက်စည်သလို လူပိုများပြီး ကားပိုရှုတ်တယ် ... မနက်ဖြန်က ရုံးပိတ်ရက်တွေဆိုတော့ အပန်းဖြေတဲ့သူတွေ ပုံမှန်ထက်ပိုများနေတယ် ...
လုယီလေးက ပွန်းပဲ့သွားတဲ့ မင်းယွီဒူးပေါ်ကအနာကိုကြည့်ပြီး လက်သေးသေးလေးတွေနဲ့ သွေးတိပ်အောင်ဖိပေးနေရှာတယ် ...
" ပါပါး ... နာနာက သွေးသွေးတွေထွက်နေပြီ "
" သားလေးလက်တွေပေကုန်လိမ့်မယ် ... မကိုင်နဲ့ "
" ဟင့် ... Yi Yiက နာနာပျောက်အောင်လုပ်ပေးတာ ...
နာနာ မြန်မြန်ပျောက် ... ပျောက် "
နှုတ်ခမ်းသေးသေးလေးတွေက အနာပေါ်ကိုလေးမှုတ်ပေးနေပြီး လက်လေးနဲ့လဲအဆက်မပြတ်ဖိပေးနေရှာတယ် ... မင်းယွီသားလေးရဲ့အမူအယာကိုကြည့်ပြီး နာကျင်နေသည်များပင်မေ့လျော့သွားလေတယ် ...
ပြီးနောက် သားလေးကိုပွေ့ချီကာ အိမ်ကိုပြန်လာခဲ့ကြတယ် ... ကံကောင်း၍ မိခင်က စားဖိုချောင်ထဲမှာမို့ မင်းယွီအမြန်ရေမိုးချိုးပြီး အနာကိုဆေးထည့်ကာ မိခင်ကိုစိတ်မပူစေဖို့ သားလေးကို မပြောအောင်နှုတ်ပိတ်ထားလိုက်တယ် ...
ညနေဆောင်းတော့ မင်းယွီတို့ခြံလေးထဲကို ကားတစ်စီးဝင်လာခဲ့လေတယ် ... သူတို့ကတော့ ရှုယွမ်တို့မိသားစုဖြစ်ပြီး ရှန်ဝေပါ ပါလာခဲ့တယ် ...
" ဒေါ်လေးတို့ လူစုံတက်စုံပါလား ...
ဘယ်လို လှည့်လာကြတာလဲ "
" သားတို့အိမ်ကိုပဲလာခဲ့တာလေ "
ရှုယွမ်နဲ့ ရှန်ဝေကအထုပ်အပိုးတွေနဲ့မို့ မင်းယွီက မေးကြည့်လိုက်တယ် ...
" အကိုတို့က ဘယ်သွားကြမို့လဲ "
ရှန်ဝေက မတွေ့တာကြာပြီဖြစ်တဲ့ လုယီလေးကိုပွေ့ချီလိုက်ရင်း ...
" ဘယ်ကိုသွားရမှာလဲ မင်းတို့နဲ့တူတူနေမို့ပေါ့ ...
လုယီလေးနဲ့တူတူ ဦးလေးက ကစားချင်နေတာ "
လုယီလေးက ရှန်ဝေကိုလဲခင်သွယ်သူမို့ ပျော်နေပြီး သူနဲ့အတူတူနေမယ်ဆိုတော့ ခုန်ပေါက်နေလေတယ် ...
မင်းယွီမိခင်က အားလုံးကိုအိမ်ထဲဖိတ်ခေါ်ပြီးနောက် အားလုံးကိုရှင်းပြလေတော့တယ် ...
" ဒါဆိုရင် မားနဲ့ ဒေါ်လေးရှားမေ့က ခရီးထွက်ချင်တာပေါ့ ...
အဲ့ဒါကြောင့် သားအဖော်ရအောင် အကိုရှုယွမ်နဲ့ ရှန်ဝေကို အိမ်မှာနေဖို့ခေါ်လိုက်တာလား "
ရှန်ဝေက ဝင်ပြောလာတယ် ...
" တကယ်က တိုက်ဆိုင်သွားတာလဲပါတယ် ...
ငါတို့ဒီမြို့မှာ အမှုလိုက်စရာတစ်ခုရှိတယ် ...
အဲ့ဒါဟော်တည်မှာနေမို့တွေးထားပေမဲ့ အန်တီကလဲခရီးသွားချင်တယ်ဆိုတော့ အဆင်သင့်သွားတဲ့သဘော "
" အော် ... အဲ့ဒါဆို အကိုရှုယွမ်ကရော "
ရှုယွမ်ကလဲ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ် ...
" အကိုလဲအတူတူပဲ ...
အိမ်မှာအမေမရှိတော့ ဒီမှာနေမလားလို့ "
" ဒါပေမဲ့အကို့အလုပ်နဲ့ကျဝေးတယ်လေ "
" မပူပါနဲ့ ... အကို့မှာကားလဲပါတယ် ...
မင်းယွီနဲ့အလုပ်တူတူသွားလို့ရတာပေါ့ "
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက မိသားစုတစ်ခုတည်းတွေလို ရင်းနီးနေတာမို့ မင်းယွီလက်ခံလိုက်လေတယ် ...
*
*
*
*
တစ်ဖက်တွင်တော့ ...
ပန်းစည်းကိုလက်ကကိုင်ပြီးလျှောက်သွားနေတဲ့သခင်ကိုကြည့်ပြီး ချူးရှန့်မောပန်းလာမိတယ် ... သခင်လေးအတိတ်မေ့ပြီးကတည်းက အရင်ကအမူအကျင့်တချို့ပြောင်းလဲသွားတယ် ... ပိုပြီးလူငယ်ဆန်ပြီး လူတွေနဲ့ဝင်ဆန့်လာတယ် ... ဂျီးများပြီးဒေါသကြီးတာကတော့ တစ်ပြားမှမလျော့သေးဘူး ... ဘယ်လိုပဲဖြစ်နေပါစေ အရင်ကလိုဆိုးမိုက်ပြီး တချားသူတွေရဲ့အသက်ကိုချနင်းတဲ့ မာဖီးယားတစ်ယောက်နဲ့ယှဉ်ရင် ဥက္ကဌကပိုပြီး အန္တရာယ်ကင်းတယ် ...
" ချူးရှန့် "
" ဗျာ ... သခင်လေး "
အနားကိုအပြေးလေးသွားလိုက်တော့ လက်ထဲကပန်းစည်းကိုထိုးပေးလာတယ် ...
" ဒါကိုဘာလုပ်ရမှာလဲဟင် "
" ငါ့အခန်းထဲမှာသွားထား "
" အာ ... သခင်လေးအခန်းထဲမှာ ပန်းအိုးမရှိဘူးလေ ...
ဘယ်ထဲထည့်ရမှာလဲ "
" မင်းတော်တော်လျှာရှည်တာပဲ ...
သွားထားဆိုသွားထား "
" ဟုတ် "
ခနကြာတော့ ...
" ချူးရှန့် ပန်းစည်းပြန်ယူလာခဲ့ "
" ဟင် ... သခင်လေးပဲ သွားထားဆိုလို့ ထားခဲ့ပြီးပြီလေ "
" ပန်းတွေဒီလောက်အများကြီးကို မင်းတစ်အိုးထဲမှာပြည့်ကြပ်နေအောင်လုပ်ထားတာလား ...
တစ်ဝက်ခွဲယူလာခဲ့ "
" ဟုတ် "
တစ်ဝက်ခွဲယူလာတဲ့ပန်းတွေကိုကိုင်ပြီး အခန်းထဲလျှောက်သွားနေပြန်တယ် ... ရှိသမျှအိုးတွေလဲ သူရိုက်ခွဲထားတာ တစ်လုံးမှအကောင်းမကျန်တော့ဘူး ... နောက်ဆုံး ထားစရာနေရာမရှိတော့ မြားဦးက ချူးရှန့်ဘက်လှည့်လာပြန်တယ် ...
" ချူးရှန့် ... ဒါကအိမ်ခန်းရောဟုတ်ရဲ့လား ...
ပန်းထားစရာနေရာဘာကြောင့်မရှိရတာလဲ ... ဟမ် "
" သခင်လေးပဲ ရှုတ်ရှုတ်ရှပ်ရှပ်တွေမကြိုက်ဘူးဆိုပြီး ရိုက်ခွဲထားတာလေ "
" မလိုချင်ဘူး ... နောက်နေ့ကြရင် ပန်းအိုးတွေအပြည့်ထားထား "
" ဟုတ်ကဲ့ ... ဒါဆို ဒီပန်းတွေက "
" ကားထဲမှာထည့်ထား ... မညှိုးစေနဲ့ ...
ငါ့ကိုတစ်ပွင့်ပေးခဲ့ "
ချူးရှန့် သခင်ပေးလာတဲ့ပန်းတွေယူပြီး ကားထဲကိုသွားထည့်လိုက်တယ် ... အရေးကြီးတာတစ်ခုပြောရဦးမယ် ... သခင်လေးက အရင်ကထက်ပိုပြီး ရစ်တက်လာတယ် ...
အခန်းထဲမှာဖန်းဂူတစ်ယောက် နှင်ဆီတစ်ပွင့်ကို လက်ကကိုင်လျှက် ထိုင်နေရင်း တစ်ခြားတစ်ဖက်က ကလေးလေးသူ့ကိုပေးကြွေးခဲ့တဲ့ စုပ်လုံးအခွံလေး ... ဘာကြောင့်မှန်းမသိ သူ့ရင်ထဲမှာ လွမ်းဆွတ်လာသလိုခံစားနေရပြီး ထပ်မံသွားချင်ပေမဲ့ အကြောင်းပြချက်ပေးဖို့က မရှိဘူးဖြစ်နေတယ် ...
ထိုညက အလုပ်ကိစ္စမဟုတ်ပဲ တစ်စုံတစ်ယောက်ကိုသွားတွေ့ဖို့ အကြောင်းပြချက်ရှာဖွေရင်းနဲ့ ဖန်းဂူအိပ်မပျော်ခဲ့ဘူး ...
နောက်တစ်နေ့ရောက်တော့ ...
" သခင်လေး ... ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော် ခနလောက် အပြင်သွားချင်တယ် ... ရမလား "
" ဘယ်ကိုလဲ "
မင်းယွီတို့အိမ်ကိုလို့ သခင်ကိုဘယ်လိုပြောရမလဲ ... ခုပဲမင်းယွီကိုပိတ်ရက်မို့ လာလည်မယ်လို့ပြောထားတာ ...
ချူးရှန့်က မနေ့က မင်းယွီတို့နဲ့တွေ့ခဲ့ပေမဲ့ အားမရသေးဘူး ... သခင်ရှေ့မှာမို့ အရမ်းရင်းနီးသလိုလဲလုပ်မပြရဲဘူး ... အစားကြီးလေးကိုလဲ ချစ်လွန်းလို့ခနခနတွေ့ချင်နေမိတယ် ... ဒါပေမဲ့ သခင်ကို ခွင့်ပြုအောင်ဘယ်လိုပြောသင့်လဲ ...
ဖန်းဂူက တိတ်ဆိတ်စွာထိုင်နေရင်းမှ ချူးရှန့်အား အေးဆက်စွာဖြင့် မေးလိုက်တယ် ...
" မနေ့က မင်းတို့ ဘာတွေပြောနေကြတာလဲ "
" ဗျာ "
ရုတ်တရပ်အမေးကြောင့် ချူးရှန့် ခဲတောင်သွားလေတယ် ... ဖန်းဂူအကြည့်စူးကြီးတွေက သူ့ထံမြဲမံနေသည်မို့ လိမ်ညာ၍ မရမှန်းသိ၍ ချူးရှန့် ပြောလိုက်ရတယ် ...
" သူကကျွန်တော့အသိပါ "
" အသိပဲလား ... ဒါဆိုဘာကြောင့် မင်းကသွားဖက်ရတာလဲ ...
သူကရောမင်းကိုပြုံးပြနေတာ ဘာသဘောလဲ ...
မင်းတို့က အသိထက်ကို ရင်းနီးနေသလိုပဲ "
" အာ "
သခင်လေးက အတိတ်မေ့နေတာကိုပဲ သဝင်တိုနေတာလား ... ထူးဆန်းလိုက်တာ ... ငါ့ကိုသတ်တော့မယ်လို့ ခံစားနေရတယ် ...
" တကယ်တော့ ကျွန်တော်တို့က သူငယ်ချင်းတွေပါ "
" မင်းနဲ့ သူငယ်ချင်း "
" ဟုတ် ... ဟုတ်ပါတယ် ...
ကွဲနေတာကြာပြီ ... မနေ့ကမှပြန်တွေ့လို့ သူ့ကိုမေးကြည့်နေတာ "
" သူနဲ့မင်းနဲ့ ဘာမှမပတ်သပ်ဘူဆိုတာ သေချာလား "
" သေ ... သေချာပါတယ် ... ရိုးရိုးသားသားပါ "
ဖန်းဂူက ထပ်မံငြိမ်သက်သွားပြန်တယ် ... ပြီးနောက် ...
" မင်းကဘယ်ကိုသွားမှာလဲ ... သူ့ဆီကိုအလည်လား "
" အာ ... သခင်ဘယ်လိုသိတာလဲ "
ပြီးမှချူးရှန့်က သူအမှန်ဖြေလိုက်မိမှန်းသိသွားကာ ပါစပ်ပိတ်လိုက်တယ် ... ဖန်းဂူက ရုပ်တရပ် အကြံတစ်ခုရသွားပြီး ကြေနပ်သွားလေတယ် ...
သူက ခုံပေါ်ကနေထလိုက်ပြီး ...
" ကားသွားပြင်ထား ...
ငါလဲကိစ္စရှိလို့ လိုက်ခဲ့မယ် "
" အာ "
ဘယ်သူကခေါ်မယ်ပြောလို့လဲ ... မင်းယွီကိုဘယ်လိုပြန်ပြောရမှာလဲ ... သခင်ပါပါလာတယ်လို့လား ... မိုးမီးလောင်ကုန်တော့မှာပဲ ...
နောက်ဆုံးတော့ ချူးရှန့် ဖန်းဂူကိုမတားဆီးနိုင်ပဲ မင်းယွီရဲ့အိမ်သို့ ထွက်ခွာလာခဲ့ရလေတယ် ...
*
*
*
*
မီးယွီမီးဖိုချောင်မှာ ချက်ပြုတ်ပြီးသွားတော့ အိမ်သန့်ရှင်းရေးလုပ်ဖို့ပြင်နေခိုက် ကားဟွန်းတီးသံကြောင့် အိမ်ရှေ့သို့အပြေးလေးလာခဲ့လိုက်တယ် ... ရှုယွမ်က မနက်စောကပဲ မိဘတွေကို လေဆိတ်လိုက်ပို့ဖို့ ထွက်သွားလေတယ် ... ရှန်ဝေကတော့ ခုချိန်ထိ အိပ်ယာထသေးပုံမပေါ်ဘူး ...
တံခါးရှေ့ရောက်တော့ မင်းယွီတံခါးကိုဆွဲဖွင့်လိုက်တယ် ...
" အကိုချူးရှန့် ရောက်လာပြီလား "
သို့ပေမဲ့ သူ့ရဲ့စကားအဆုံး၌ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လက်ထဲက တံမြတ်စည်းပင် လွတ်ကျသွားလေတယ် ...
ဖန်းဂူက ခန့်ညားစွာဝတ်ဆင်လျှက် အိမ်ရှေ့တံခါးဝမှာရပ်နေပြီး ချူးရှန့်ကတော့ အနာက်မှာ ကုတ်ကုတ်လေးနေနေတယ် ... မင်းယွီက ကြောက်လန့်ကာ တံခါးပြန်ပိတ်မည်လုပ်တော့ ဖန်းဂူလက်တွေက တံခါးဘောင်ကို တွန်းထားလေတယ် ...
" ဧည့်သည်ကို အိမ်ထဲပေးမဝင်တောဘူးလား "
" ခ ... ခများဘယ်လိုရောက်လာတာလဲ ...
ကျွန်တော် ခများကိုမသိပါဘူး "
" တကယ်လား ... ငါကိုမေ့သွားပြီပေါ့ "
" ဗျာ "
" ဒီနေ့ ဆိုင်ဘာလို့မဖွင့်တာလဲ "
" ဒီနေ့ကျွန်တော်မအားလို့ ဆိုင်ပိတ်ထားတာပါ "
" ဒါဆို မင်းလုပ်စရာရှိတာလုပ်လေ ငါစောင့်နေမယ် "
အတင်းအိမ်ထဲဝင်ပြီး ထိုင်နေတဲ့ ထိုလူအား မင်းယီံဆွဲမထုတ်ရဲသလို အနားကိုလဲမသွားရဲ ... မိဘတွေထွက်သွားချိန် ရောက်လာ၍မှ သော်သေးတယ် ... နို့မို့ဆိုလျှင် အားလုံးရှုတ်ထွေးကုန်မှာမြင်ရောင်နေပြီ ...
သူဘယ်လောက်ပင် အတိတ်မေ့နေပါစေ သားလေးကိုခင်သွယ်နေပုံက မင်းယွီကိုထိတ်လန့်စေတယ် ... ချူးရှန့်က သူဘာမှမတတ်နိုင်ဘူးဆိုတဲ့ပုံနဲ့ ခေါင်းရမ်းကာပြလိုက်တယ် ... မင်းယွီလဲ ဘာမှမဆိုတော့ပဲ ဧည့်သည်ကို ရေအေးအေးလေးတစ်ခွက်ချပေးလိုက်တယ် ...
ဖန်းဂူက အိမ်ထဲကိုရောက်တော့ ဘေးပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်တယ် ... ရောင်စုံပန်းခင်းကြီးက လယ်ကွင်းပြင်ကြီးတမျှ ကျယ်ပြန့်လွန်းပြီး စိတ်ကိုလန်းဆန်းသွားစေတယ် ... အိမ်လေးက ၂ ထပ်အိမ်လေးပေမဲ့ ရိုးရှင်းလွန်းတယ် ... အိမ်ထဲမှာလဲ အခင်းအကျင်းတွေအားလုံးက ပန်းပွင့်နဲ့ သက်ဆိုင်တဲ့အရာတွေကြီးပဲ ... ဖန်းဂူခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ထိုင်ရင်း ပန်းရနံ့တွေကိုခံစားကာ မျက်လွှာလေးချထားလိုက်တယ် ...
မင်းယွီက အပေါ်ထပ်ကသားလေးကိုသွားခေါ်နေတာမို့မရှိနေဘူး ... ခနကြာတော့ ကားတစ်စီးရောက်လာပြီး လူတစ်ယောက် တံခါးခေါက်သံကိုကြားလိုက်ရတယ် ... ဘယ်သူမှမရှိတော့ ချူးရှန့်ကအပြေးလေးသွားဖွင့်ပေးလိုက်တယ် ...
" ချူးရှန့် "
" ကျန်းရှုယွမ် "
ရှုယွမ်က လုယီလေးရဲ့ကားကိုအိမ်ထဲသယ်လာပြီး ချူးရှန့်ကိုလဲမြင်ရောအံ့ဩသွားလေတယ် ... သူပိုပြီး အံ့ဩသွားတာက ခုံပေါ်မှာ အခန့်သားထိုင်နေတဲ့လူတစ်ယောက်ကိုပင် ...
" ရှန်ဖန်းဂူ "
ဖန်းဂူက သူ့နာမည်ခေါ်သံလဲကြားရော မျက်လွှာပွင့်လာကာ ရှုယွမ်ကိုလဲမြင်ရော မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ...
" ကျန်းရှုယွမ် ... မင်းကဒီလိုဘာလာလုပ်တာလဲ "
" မင်းဘယ်လိုအသက်ရှင်နေသေးတာလဲ "
" ဟမ်း ... ငါ့ကိုလွယ်လွယ်နဲ့သေမယ်လို့ မင်းထင်နေတာလား "
ရုတ်တရပ်ဖန်းဂူမျက်ဝန်းတွေက ကိုင်းညွှတ်သွားပြီး ခုံပေါ်ကနေထလာကာ ရှုယွမ်ကော်လံကိုဆွဲလိုက်ပြီး ...
" မင်း ... ငါ့ကိုသတ်ခဲ့တာ မင်းလား "
" မင်းဘာတွေပြောနေတာလဲ ... မမှတ်မိတော့ဘူးလား "
" သောက်ပိုတွေပြောမနေနဲ့ ...
ငါ့ကိုသတ်ချင်နေတာ မင်းတစ်ယောက်ပဲရှိတယ် "
ဖန်းဂူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး ရှုယွမ်ကိုထိုးမယ်ပြင်နေတာကြောင့် ချူးရှန့်က မနည်းတားနေရတယ် ...
အိမ်ပေါ်ကနေဆင်းလာတဲ့ လုယီလေးက ရှုယွမ်ကိုလက်နဲ့ရွယ်နေတဲ့ဖန်းဂူကိုမြင်တော့ ကြားထဲကနေဝင်လိုက်ပြီး ...
" ဦးဦးကိုလုပ်နဲ့ "
ချူးရှန့်ဆွဲတာတောင်မရတဲ့ဖန်းဂူက လုယီလေးရဲ့အော်သံကြောင့် ချက်ချင်းရပ်တန့်သွားလေတယ် ... ရှုယွမ်က ကားလေးကိုယူပြီး လုယီထဲပေးလိုက်တယ် ...
" ဒီမှာ ... သားသား ကားကား "
လုယီလးကပျော်သွားပြီး ...
" ကျေးကျူး ဒယ်ဒီ "
" ...... "
ငြိမ်သက်သွားတဲ့ဖန်းဂူမျက်ဝင်းတွေက ရုတ်တရပ် မီးတောက်သွားလေတယ် ... ဒါကသူဝယ်ပေးတဲ့ကားမဟုတ်လား ... ဘယ်လိုကြောင့် ဝယ်ပေးတဲ့သူကိုမဟုတ်ပဲ ယူလာပေးတဲ့သူကို ဒယ်ဒီလို့ခေါ်နေတာလဲ ... ဧကန်တ ဒါက ရှုယွမ်သားများလား ...
ထိုသို့တွေးမိတော့ ဖန်းဂူခေါင်းတွေမီတောက်မလိုခံစားသွားရတယ် ... ပြီးနောက် သူကအလျှင်အမြန်ပဲ လုယီရဲ့ကားအရှေ့ကနေပိတ်ရပ်လိုက်လေတယ် ...
" ဦးရေးကြီး ... ကားကားရှေ့ကဖယ်ပေး "
" ဒါကဘယ်သူ့ကားမို့လဲ "
" Yi Yi ကားကား "
" ဟား ... မင်းဒယ်ဒီကဝယ်ပေးတာမလို့လား ...
မင်းကငါ့ကိုတော့အော်တယ် ... ငါ့ပစ္စည်းနဲ့တော့ကစားချင်တယ်ပေါ့ ...
ဘေးကမင်းဒယ်ဒီကိုဝယ်ခိုင်း "
" ဟွန့် "
မင်းယွီက ရှုယွမ်ကိုဖန်းဂူက သူ့ကိုသတ်တာ ရှုယွမ်ဆိုတာ စွပ်စွဲကတည်းကရောက်နေတာဖြစ်ပြီး သူ့တစ်ကိုယ်လုံးခဲတောင့်ကာ ရင်မဆိုင်ရဲပဲရပ်နေမိတယ် ... ချူးရှန့်က လုယီနဲ့ဖန်းဂူတိုက်ပွဲကိုလွှတ်ထားလိုက်ပြီး မင်းယွီအနား အပြေးလေးသွားလေတယ် ...
" မင်းယွီ ... ရှုယွမ်က ဘယ်လိုရောက်နေတာလဲ "
" အကိုရှုယွမ်က ဒီမှာနေနေတာ "
ချူးရှန့် ကို့ခေါင်းကိုသာ ရိုက်ပြစ်ချင်တော့တယ် ... ပြီးမှ စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီး စိုးရိမ်နေတဲ့ မင်းယွီပခုံးလေးကိုကိုင်လိုက်ပြီး လေးနက်စွာပြောလိုက်တယ် ...
" ဘာမှမပူနဲ့ ... ရှုယွမ်နဲ့သခင်လေး ဘာမှမဖြစ်စေရဘူး ...
သူတို့ ရန် ဖြစ်ရင်တောင် အကိုကြားထဲကနေ လူသားသဲအိပ်အဖြစ်ခံပြီးတားပေးမှာမို့ စိတ်မပူနဲ့တော့ "
တစ်ဖက်မှာတော့ ...
လုယီလေးက ဖန်းဂူကို မျက်စောင်းထိုးကာကြည့်ပြီးနောက် ရှုယွမ်ဘက်လှည့်လိုက်ကာ ...
" ဦးဦးယွမ် ... ဒီဦးရေးကြီးနဲ့ရန်ဖြစ်ထားတာလား "
" မဖြစ်ပါဘူး "
ရှုယွမ်က ဖန်းဂူအားကြည့်လိုက်ပြီး ...
" ဖန်းဂူ ... ငါတို့အပြင်မှာစကားသွားပြောရအောင် "
" မလိုဘူး ... မင်းနဲ့ပြောစရာစကားမရှိဘူး "
ဖန်းဂူက လုယီကားအရှေ့မှာ ပိတ်ရပ်ထားရင်းနဲ့ပင် လက်ပိုက်ထားလျှက် တစ်ဖက်သို့ခေါင်းလှည့်လိုက်ရာ သူတို့ထံကြည့်နေတဲ့ မင်းယွီကိုမြင်သွားပြီး သူ့ပုံစံက အရမ်းခလေးဆန်လွန်းနေ၍ ချောင်းအသာဟန့်လိုက်ကာ လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲထည့်လျှက် အခန့်သား ပြန်ရပ်လိုက်လေတယ် ...
ပြီးနောက် ...
" ကျန်းရှုယွမ် ... ဒီကလေးက မင်းနဲ့ဘာသော်တာလဲ ...
မင်းကလေးလား "
" မင်းဘယ်လိုထင်လဲ "
" ဟက် ... မင်းလိုကောင်က မိန်းမရပဲ့ပုံစံလဲမဟုတ်ပါဘူး ...
ပြီးတော့ ဒီကလေးရဲ့ပါပါးက ယောက်ျားလးဆိုတော့ ဒီကလေးက မင်းကိုယ်ဝန်လွယ်ပြီးမွေးမှပဲရမှာ "
ရှုယွမ်က မင်းယွီမျက်နှာမကောင်းဖြစ်နေတာကိုကြည့်ပြီး ဆက်ပြီးဖန်းဂူနဲ့စကားမများချင်၍ ထိုပွဲကိုရပ်တန့်လိုက်တယ် ...
" မင်းဒီကိုလာတာ ဘာကိစ္စမှန်းမသိပေမဲ့ ငါမနှောက်ယှက်တော့ဘူး ...
ခနနေအလုပ်သွားရတော့မှာမို့ ကလေးကိုသေချာကြည့်ထားပေး "
" ဘာလဲ ... ငါ့ကိုကလေးထိန်းခိုင်းခဲ့တာလား ...
ငါကမင်းသားကိုထိန်းပေးမယ်များထင်နေလား "
" ဦးရေးကြီး ... Yi Yi ကားကားစီးချင်တယ် "
" ...... "
ဒီမျက်နှာငယ်လေးက ဖန်းဂူစိတ်တွေကိုအမှုန့်အဖြစ်ပြောင်းသွားစေတယ် ... လုယီလးက ငယ်သေးတာမို့ စိတ်ဆိုးစိတ်ကောက်ရမှာတွေမသိသေးဘူး ... ဖန်းဂူခနလေးသူနဲ့အဖော်ပြုပေးလိုက်တာနဲ့ ချက်ချင်းပြန်ခေါ်သွားပြန်တယ် ...
ကားပတ်မောင်းပြီးသွားတော့ နှစ်ယောက်သား ခုံပေါ်ကိုထိုင်လိုက်ကြတယ် ... မင်းယွီကတော့ နောက်ဖေးမှာ နေ့လည်စာအတွက်ပြင်ဆင်နေတယ် ... ချူးရှန့်က သခင်လေးနဲ့ လုယီလေးနောက်ကိုလိုက်နေတာနဲ့ မေားပန်းပြီး ရေသောက်ဖို့အတွက် ရေခဲသေတ္တာရှိရာကိုထွက်လာခဲ့လိုက်တယ် ...
" အကို "
ချူးရှန့်က ရေဘူးထဲကရေကို ဒီတိုင်းမော့သောက်နေပြီး အနောက်ကနေတစ်စုံတစ်ယောက်ကခေါ်လိုက်တာကြောင့် လှည့်ကြည့်မိတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် လန့်ပြီး ပါစပ်ထဲကရေတွေအကုန် ထွေးထုတ်ပြီးသားဖြစ်သွားတယ် ...
' ဖူး '
ထိုလူရဲ့မျက်နှာနဲ့ကိုယ်တစ်လျှောက်ရေတွေစိုကုန်ပေမဲ့ စိတ်ဆိုးခြင်းမရှိပဲ သူ့ကိုပြုံးကာကြည့်နေတာကြောင့် ချူးရှန့်ကြက်သေသေသွားလေတော့တယ် ...
" ရှန် ... ရှန်ဝေ "
အမှန်ပင်ထိုကောင်လေးက ရှန်ဝေဖြစ်ပြီး သူ့အနောက်မှာ သရဲတစ်ကောင်လိုပေါ်လာကာ အနားနားကပ်ခေါ်လိုက်ခြင်းကြောင့် ချူးရှန့် လန့်သွားချင်းပင် ...
အရင်က လမ်းသရဲပုံစံကောင်လေးက ခုတော့သပ်ရပ်စွာဝတ်ဆင်ထားတဲ့အပြင် အဖြူစွပ်ကျယ်အောက်က ရေစိုနေတဲ့သူ့ရဲရင်အုံက ယခင်ကထက်ပိုကြီးလာသလို အရပ်ကလဲ ခေါင်းတစ်လုံးစာ ပိုရှည်လာသေးတယ် ...
မတွေ့ရတဲ့ ၃ နှစ်အတွင်းမှာ သူ့ရဲ့ကြီးထွှားနှုန်းက မြန်ဆန်လှပြီး ချူးရှန့်ပင်မယုံကြည်နိုင်ဖြစ်သွားတယ် ... သူကတော့အသက်ကြီးလာလေ အဖိုးရုပ်ပေါက်လာလေကြောင့် ကိုယ့်ကိုယ်ကိုပင် သိမ်ငယ်လာမိတယ် ...
" အကို ... ကျွန်တော့ကိုကြည့်မဝတော့ဘူးလား "
" အာ ... ငါ ရုတ်တရပ်ဆိုတော့ မင်းကိုမမှတ်မိပဲဖြစ်သွားလို့ပါ ...
ဒါနဲ့ ဒီလိုဘယ်လိုရောက်နေတာလဲ "
" မင်းယွီက ကျွန်တော့သူငယ်ချင်းပဲလေ ...
ဒီမှာရှိနေတာမဆန်းပါဘူး "
ရှန်ဝေက အရှေ့ကိုတဖြေးဖြေးတိုးလာပြီး ချူးရှန့်လက်ကိုဆွဲကာ သူ့ထံဆွဲကပ်လိုက်တယ် ...
" ရခေဲသတ်တောနားအရမျးမကပျနဲ့ ...
အကိုဓာတ်လိုက်သွားလိမ့်မယ် "
" အော် ... အင်းအင်း "
ချူးရှန့်က သူ့လက်ထဲကရေဘူးကိုကပြာကယာသိမ်းလိုက်တယ် ... ပြီးနောက် ရှန်ဝေအင်္ကျိကိုကြည့်လိုက်ပြီး ...
" မင်းအင်္ကျိတွေစိုသွားပြီ "
" ဒါလား ... ချွတ်ပြစ်လိုက်မယ် ...
ဘာမှမဖြစ်ဘူး ... ခနနေရေချိုးမှာ "
ပြောရင်းဆိုရင်း သူ့ရှေ့ထည်းထည်းကြီးမှာ ချွတ်လိုက်တာကြောင့် ချူးရှန့်မျက်နှာ အနည်းငယ်နီရဲသွားကာ တစ်ဖက်သို့လှည့်လိုက်တယ် ... သူ့ရဲ့ရင်အုံက ဖြူစွပ်ပြီး ဝမ်းဗိုက်ကအမြှောင်းလိုက်နဲ့ ဆွဲဆောင်နေသယောင် ...
" မင်းအခန်းထဲမှာသွားလဲလေ "
" ကျွန်တော့အခန်းက ဒီဘေးမှာပဲလေ ...
အကို လိုက်ခဲ့ချင်လား "
" ငါ ... ငါကဘာလို့လိုက်ရမှာလဲ ...
မင်းရေချိုးတာကို စောင့်ပေးရမှာလား "
" အကိုမလုပ်ပေးဖူးတာကျနေတာပဲ ...
ကျွန်တော်တို့ အတူတူတောင် ရေချိုးဖူးလားလို့ "
" ပေါက်ကရတွေ ...
အဲ့ဒါက အပြင်မှာမလို့ မဖြစ်မနေချိုးရတာလေ ...
ငါ့ကိုလာနောက်မနေနဲ့တော့ "
" ဟုတ်ပါပြီဗျာ ... အကို့ကိုမစတော့ပါဘူး "
ပြီးနောက် ရှန်ဝေက ချူးရှန့်ပခုံးနှစ်ဖက်ကိုကိုင်လိုက်ပြီး သူ့ကိုယ်အားကြည့်စေကာ ပါးချိုင့်လေးပေါ်သည်ထိ ရယ်လိုက်ပြီးနောက် စနောက်သလိုမျိုး မေးလိုက်တယ် ...
" အကိုသေချာကြည့် ... ကျွန်တော့ကိုယ်ကအရင်ကထက်ထွားလာပြီးပိုကြည့်ကောင်းလာတယ်မှတ်လား ...
ဒီလိုဆိုတော့ အကို့သခင်နဲ့ကျွန်တော်နဲ့ယှဉ်ရင် ဘယ်သူကပိုချောလဲ "
" စိတ်ကူယဉ်မနေနဲ့ "
" ဟား "
ချူးရှန့် ရှန်ဝေနဲ့ပြန်တွေးရတာပျော်မိတယ် ... ဒီကောင်လေးက အရင်ကသူစောင့်ကြည့်ခဲ့စဉ်ကလို အကောင်ငယ်လေးမဟုတ်တော့ပဲ အင်အားအပြည့်နဲ့အကောင်ကြီးဖြစ်လာပြီ ... ပြီးတော့ပိုပြီးလဲ သူ့အပေါ်နွေးထွေလာသလို လက်ရဲဇာတ်ရဲနိုင်လာသလိုပဲ ... အင်အားခြင်းမမျှတော့လို့ပဲလား ...
*
*
*
*
ဖန်းဂူတို့က ထိုအိမ်ကနေပြန်ချင်ပုံမပေါ်ဘူး ... နေ့လည်စာကိုမင်းယွီချက်ထားတာတွေကိုပဲ ကြွေးလိုက်ရတယ် ... ဖန်းဂူက အများကြီးမစားပေမဲ့ မငြင်းဆန်ခဲ့ဘူး ... ပြောရရင် နှင်ထုတ်ရင်ကိုပြန်မဲ့ပုံမပေါ်ဘူး ...
စားသောက်ပြီးသွားတော့ လုယီလေးက ချူးရှန့် ရှန်ဝေနဲ့အတူကစားနေတယ် ... မင်းယွီကတော့ ဒီနေ့ပန်းဆိုင်ဖွင့်၍မရတာကြောင့် ပန်းတွေညှိုးမသွားအောင်ရေလောင်းနေတယ် ...
" ဒါတွေက ရောင်းဖို့အတွက်လား "
ရုတ်တရပ်သူ့အနားကို ရောက်လာတဲ့လူကြောင့် မင်းယွီ လန့်သွားမိတယ် ... ပြီးမှ စိတ်ပို ပုံမှန်ဖြစ်အောင် ပြန်ထားလိုက်ပြီး ...
" ဟုတ်ပါတယ် ... ဒီနေ့ဆိုင်မထွက်ဖြစ်လို့ ရေလောင်းပေးနေတာ "
" ဒါတွေအားလုံးကို ငါယူမယ် "
" အာ ... မ ... မလိုပါဘူး ...
ဒီလောက်ပန်းတွေအများကြီး ခများဘယ်လိုလုပ်အသုံပြုနိုင်မှာလဲ "
" ငါ့အိမ်မှာ အလှဆင်ထားမှာ "
" ဒါပေမဲ့ ကျွန်တော်က ပန်းတွေကို တကယ်လိုအပ်တဲ့နေရာကိုပဲသုံးစေချင်တယ် ...
ခများကငွေပေါတော့ဝယ်ချင်သလောက်ဝယ်နိုင်ပေမဲ့ တကယ်မရှိတဲ့သူတွေကြ ဝယ်ချင်ပေမဲ့ ဝယ်လို့မရပဲဖြစ်သွားလိမ့်မယ် ...
ကျွန်တော်ကပန်းတွေကို တန်ဖိုးထားပေးတဲ့လူတွေကိုပဲရောင်းချင်တာ "
အနောက်ကအသံတွေတိတ်ဆိတ်သွားပြီနောက် ရုတ်တရပ် ဖန်းဂူက သူ့ရဲ့လက်ကို ဆွဲလိုက်ခြင်းကြောင့် မင်းယွီ နှလုံးခုန်ရပ်မတတ်ပင် လန့်သွားလေတယ် ...
ဖန်းဂူက သူ့လက်ထဲက နှင်းဆီပန်းလေးကိုယူလိုက်ပြီး ...
" မင်းလက်မှာ သွေးတွေထွက်နေပြီ "
ထိုအခါမှ မင်းယွီ နှင်းဆီခိုင်ကိုတင်းနေအောင်ကိုင်ထားမိမှန်းသတိရသွားပြီး ဖန်းဂူကိုင်ထားတဲ့လက်ကို ပြန်ဆွဲယူလိုက်တယ် ...
" ရ ... ရပါတယ် ...
အဆူးတွေက ဆူးနေကြမို့ မနာတော့ဘူး "
မင်းယွီဖန်းဂူမျက်ဝန်တွေကိုမရဲတရဲကြည့်မိတော့ သူ့အကြည့်တွေက သူ့ထံမြဲမံနေပြီး လေးနက်စွာတွေးနေပုံ ... ဒီအကြည့်တွေက မင်းယွီကို ဝမ်းနည်းစေတဲ့အပြင် ဒီလူကိုဖက်သွယ်ထားချင်မိတဲ့စိတ်တွေဖြစ်ပေါ်စေ၍ အမြန်အကြည့်လွှဲလိုက်ပြီးနောက် ဖန်းဂူအားကျောပေးကာရပ်လိုက်တယ် ...
" ခများတို့ပြန်သင့်ပြီလို့ထင်တယ် ...
ကျွန်တော့ ခများအိမ်ကို ပန်းတွေပို့ခိုင်းလိုက်ပါ့မယ် ...
ပြီးတော့ ကျွန်တော့အိမ်ကိုလဲ ထပ်မလာခဲ့ဖို့ ထောင်းဆိုပါရစေ "
" ...... "
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူ့အနောက်ကနေ လှည့်ပြန်သွားသံကိုကြားလိုက်ရတယ် ... မင်းယွီအနောက်ကို ပြန်မကြည့်နိုင်ပဲ ထိုနေရာမှာပဲ ထိုင်ချကာ မငိုမိအောင် မနည်းထိန်းထားရလေတယ် ...
.
.
.
.
To Be Continued
#Zawgyi
မင္းယြီဆိုင္သိမ္းၿပီးသြားေတာ့ သားေလးကိုေပြ႕ၿပီး ျပန္လာခဲ့ေလတယ္ … ကားကႀကီးေနတာေၾကာင့္ လမ္းသြားရင္းယူမရ၍ ေနာက္ေန႕မွ ဦးေလးယြမ္ကားနဲ႕အိမ္ကိုသယ္လာမယ္လို႔ လုယီေလးကိုေခ်ာ့ၿပီး ဆိုင္မွာ ထားခိုင္းခဲ့ရတယ္ … သားေလးက သူလိုခ်င္တာရၿပီဆိုေတာ့ မဆိုးေတာ့ပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ လက္ခံခဲ့တယ္ …
မင္းယြီက သူ႕ဖုန္းထဲကေန ခ်ဴးရွန႔္ေပးခဲ့တဲ့ phone No ကိုရွာၿပီး ဆက္လိုက္တယ္ … အားလုံးကိုေမ့ေပ်ာက္ဖို႔ႀကိဳးစားေပမဲ့ ခ်ဴးရွန႔္ကိုေတာ့ ကတိအတိုင္း ဖုန္း No ေပးဖို႔ ဆုံးျဖတ္လိုက္တယ္ …
" ေဝ … ဘယ္သူလဲ "
" အကိုခ်ဴးရွန႔္ "
" မင္းယြီလား "
" ဟုတ္ … ဒါကြၽန္ေတာ့ဖုန္းပါ …
အကိုဆက္သြယ္ခ်င္ရင္ ရပါတယ္ …
ဒါေပမဲ့ သူ႕ကိုေတာ့ ေပးမသိေစခ်င္ဘူး "
" အကိုနားလည္ပါၿပီ … အကိုလာလည္ခါနီးရင္ဆက္သြယ္လိုက္မယ္ …
အိမ္ကိုေကာင္းေကာင္းျပန္ေနာ္ "
" ဟုတ္ "
ၿပီးေနာက္ ဖုန္းကိုခ်လိဳက္တယ္ … သူနဲ႕အဆက္အသြယ္ဖ်က္ခ်င္ေပမဲ့ အနည္းဆုံး ခ်ဴးရွန႔္နဲ႕အဆက္အသြယ္ရွိေနေသးတာက သူ႕အတြက္ အသက္ရႉေခ်ာင္တယ္လို႔ခံစားရတယ္ …
အိမ္ကိုေရာက္ဖို႔အတြက္ ၾကားထဲမွာ လူရႈတ္တဲ့ပန္းၿခံကိုျဖတ္သြားရေသးတယ္ … လူရႈတ္သလို ကားေတြဆိုင္ကယ္ေတြလဲ ေပါမ်ားတာေၾကာင့္ လုယီေလးကိုေပြ႕ခ်ီကာ ကားလမ္းကို ျဖတ္ကူးလာခဲ့လိုက္တယ္ …
' က်ီ '
အရွိန္ျပင္းျပင္းနဲ႕ေမာင္းလာတဲ့ကားက မင္းယြီကိုတိုက္မိမလိုျဖစ္သြားတာေၾကာင့္ မင္းယြီ လန႔္ၿပီးလဲက်သြားေလတယ္ …
" ပါပါး "
လုယီေလးက လဲသြားတဲ့သူ႕ပါပါးကိုဆြဲထူရင္း အေရွ႕မွာရပ္သြားတဲ့ကားထံ ေျခေထာက္ေသးေသးေလးေတြနဲ႕ ႐ြယ္ေနၿပီး အသံေသးေသးေလးနဲ႕ေအာ္ေနတယ္ …
" ပါပါးကိုထိနဲ႕ "
မင္းယြီက သားေလးေျပးသြားမွာဆိုး၍ လွမ္းဆြဲထားၿပီး …
" ပါပါးဘာမွျဖစ္ဘူး … သားေလးေလွ်ာက္မသြားနဲ႕ "
ထိုအခ်ိန္မွာ ေဘးနားမွာ လူေတြအမ်ားႀကီး ဝိုင္းလာၾကတယ္ … ကားေပၚကလူက ကားမွန္ထဲကေန လဲၾကေနတဲ့သူတိုတစ္ခ်က္ၾကည့္ၿပီးေနာက္ အတန္းၾကာၿငိမ္သက္သြားေလတယ္ … ကားေမာင္းတဲ့သူက စိုးရိမ္စြာျဖင့္ …
" လူတစ္ေယာက္ကိုတိုက္မိသြားၿပီထင္တယ္ …
လူေတြလဲေရာက္လာၾကၿပီ "
အေနာက္ကလူက အတန္ၾကာ တိတ္ဆိတ္ေနၿပီးမွ …
" စိတ္ဝင္စားစရာပဲ …
အဲ့ဒိေကာင္ေလးအေနာက္ကိုတစ္ေယာက္ေယာက္လႊတ္ထားလိုက္ …
ငါသူ႕အေၾကာင္းသိခ်င္တယ္ "
" ဟုတ္ကဲ့ပါ သခင္ေလး "
ၿပီးေနာက္ အနက္ေရာင္ကားက ထိုအနားကေနထြက္ခြာသြားေလတယ္ … ဝိုင္းအုံလာတဲ့လူေတြက မင္းယြီကိုဆြဲထူေပးကာ ေဘးနားကခုံေပၚမွာ ထိုင္ေစလိုက္တယ္ …
" လူစိတ္မရွိတဲ့ေကာင္ေတြ …
ကားအေကာင္းစားစီးၿပီး တာဝန္ယူစိတ္မရွိၾကဘူး "
" ကားနဲ႕တိုပ္ၿပီး ထြက္ေျပးသြားတာအံ့ဩပဟယ္ …
ဘယ္လိုစိတ္ဓာတ္ေတြနဲ႕ႀကီးျပင္းလာၾကလဲမသိဘူး "
" ေမာင္ေလး … အဆင္ေျပရဲ႕လား "
မင္းယြီက ဒူးေလးပဲပြန္းသြားတာမို႔ သူ႕အနားကလူေတြကို စိတ္မပူဖို႔ေျပာလိုက္တယ္ …
" ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး … စိတ္မပူပါနဲ႕ "
" ေျခေထာက္ကအဆင္ေျပပါ့မလား …
ကေလးေလးေရာထိခိုက္မိေသးလား "
" သားေလးလဲဘာမွမျဖစ္ပါဘူး …
ကြၽန္ေတာ့အတြက္မပူပါနဲ႕ အမ "
" ေကာင္းပါၿပီကြယ္ … ေနာက္ဆိုလမ္းကိုသတိထားေလွ်က္ …
ဒီလမ္းေပၚက ခ်မ္းသာႂကြယ္ဝတဲ့ အဲ့လိုလူစိတ္မရွိတဲ့ အဆင့္အတန္းျမင့္တဲ့ဟာေတြက ကားကိုၾကမ္းၾကမ္းတမ္းတမ္းေမာင္းၾကတယ္ …
ကေလးေလးကိုလဲ ပန္းၿခံထဲမွာ တစ္ေယာက္ထည္း ေလွ်ာက္မသြားေစနဲ႕ "
မွာၾကားၿပီးေနာက္ လူေတြသူ႕အနားကေနထြက္သြားၾကတယ္ … တကယ္ေတာ့ ဒီၿမိဳ႕ေလးကလူေတြကစိတ္သေဘာထားေကာင္းၾကေပမဲ့ ခ်မ္းသာတဲ့သူေတြရဲ႕ ရိုင္းဆိုင္းမႈက အထိန္းအကြတ္မရွိ၍ ဘယ္သူမွ အကယ္တင္နိုင္ၾကဘူး …
ဒီပန္းၿခံေလးက ရပ္ကြက္ေလးထဲကပန္းၿခံထက္စည္သလို လူပိုမ်ားၿပီး ကားပိုရႈတ္တယ္ … မနက္ျဖန္က ႐ုံးပိတ္ရက္ေတြဆိုေတာ့ အပန္းေျဖတဲ့သူေတြ ပုံမွန္ထက္ပိုမ်ားေနတယ္ …
လုယီေလးက ပြန္းပဲ့သြားတဲ့ မင္းယြီဒူးေပၚကအနာကိုၾကည့္ၿပီး လက္ေသးေသးေလးေတြနဲ႕ ေသြးတိပ္ေအာင္ဖိေပးေနရွာတယ္ …
" ပါပါး … နာနာက ေသြးေသြးေတြထြက္ေနၿပီ "
" သားေလးလက္ေတြေပကုန္လိမ့္မယ္ … မကိုင္နဲ႕ "
" ဟင့္ … Yi Yiက နာနာေပ်ာက္ေအာင္လုပ္ေပးတာ …
နာနာ ျမန္ျမန္ေပ်ာက္ … ေပ်ာက္ "
ႏႈတ္ခမ္းေသးေသးေလးေတြက အနာေပၚကိုေလးမႈတ္ေပးေနၿပီး လက္ေလးနဲ႕လဲအဆက္မျပတ္ဖိေပးေနရွာတယ္ … မင္းယြီသားေလးရဲ႕အမူအယာကိုၾကည့္ၿပီး နာက်င္ေနသည္မ်ားပင္ေမ့ေလ်ာ့သြားေလတယ္ …
ၿပီးေနာက္ သားေလးကိုေပြ႕ခ်ီကာ အိမ္ကိုျပန္လာခဲ့ၾကတယ္ … ကံေကာင္း၍ မိခင္က စားဖိုေခ်ာင္ထဲမွာမို႔ မင္းယြီအျမန္ေရမိုးခ်ိဳးၿပီး အနာကိုေဆးထည့္ကာ မိခင္ကိုစိတ္မပူေစဖို႔ သားေလးကို မေျပာေအာင္ႏႈတ္ပိတ္ထားလိုက္တယ္ …
ညေနေဆာင္းေတာ့ မင္းယြီတို႔ၿခံေလးထဲကို ကားတစ္စီးဝင္လာခဲ့ေလတယ္ … သူတို႔ကေတာ့ ရႈယြမ္တို႔မိသားစုျဖစ္ၿပီး ရွန္ေဝပါ ပါလာခဲ့တယ္ …
" ေဒၚေလးတို႔ လူစုံတက္စုံပါလား …
ဘယ္လို လွည့္လာၾကတာလဲ "
" သားတို႔အိမ္ကိုပဲလာခဲ့တာေလ "
ရႈယြမ္နဲ႕ ရွန္ေဝကအထုပ္အပိုးေတြနဲ႕မို႔ မင္းယြီက ေမးၾကည့္လိုက္တယ္ …
" အကိုတို႔က ဘယ္သြားၾကမို႔လဲ "
ရွန္ေဝက မေတြ႕တာၾကာၿပီျဖစ္တဲ့ လုယီေလးကိုေပြ႕ခ်ီလိုက္ရင္း …
" ဘယ္ကိုသြားရမွာလဲ မင္းတို႔နဲ႕တူတူေနမို႔ေပါ့ …
လုယီေလးနဲ႕တူတူ ဦးေလးက ကစားခ်င္ေနတာ "
လုယီေလးက ရွန္ေဝကိုလဲခင္သြယ္သူမို႔ ေပ်ာ္ေနၿပီး သူနဲ႕အတူတူေနမယ္ဆိုေတာ့ ခုန္ေပါက္ေနေလတယ္ …
မင္းယြီမိခင္က အားလုံးကိုအိမ္ထဲဖိတ္ေခၚၿပီးေနာက္ အားလုံးကိုရွင္းျပေလေတာ့တယ္ …
" ဒါဆိုရင္ မားနဲ႕ ေဒၚေလးရွားေမ့က ခရီးထြက္ခ်င္တာေပါ့ …
အဲ့ဒါေၾကာင့္ သားအေဖာ္ရေအာင္ အကိုရႈယြမ္နဲ႕ ရွန္ေဝကို အိမ္မွာေနဖို႔ေခၚလိုက္တာလား "
ရွန္ေဝက ဝင္ေျပာလာတယ္ …
" တကယ္က တိုက္ဆိုင္သြားတာလဲပါတယ္ …
ငါတို႔ဒီၿမိဳ႕မွာ အမႈလိုက္စရာတစ္ခုရွိတယ္ …
အဲ့ဒါေဟာ္တည္မွာေနမို႔ေတြးထားေပမဲ့ အန္တီကလဲခရီးသြားခ်င္တယ္ဆိုေတာ့ အဆင္သင့္သြားတဲ့သေဘာ "
" ေအာ္ … အဲ့ဒါဆို အကိုရႈယြမ္ကေရာ "
ရႈယြမ္ကလဲ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ေျဖလိုက္တယ္ …
" အကိုလဲအတူတူပဲ …
အိမ္မွာအေမမရွိေတာ့ ဒီမွာေနမလားလို႔ "
" ဒါေပမဲ့အကို႔အလုပ္နဲ႕က်ေဝးတယ္ေလ "
" မပူပါနဲ႕ … အကို႔မွာကားလဲပါတယ္ …
မင္းယြီနဲ႕အလုပ္တူတူသြားလို႔ရတာေပါ့ "
ဘယ္လိုပဲျဖစ္ျဖစ္ အားလုံးက မိသားစုတစ္ခုတည္းေတြလို ရင္းနီးေနတာမို႔ မင္းယြီလက္ခံလိုက္ေလတယ္ …
*
*
*
*
တစ္ဖက္တြင္ေတာ့ …
ပန္းစည္းကိုလက္ကကိုင္ၿပီးေလွ်ာက္သြားေနတဲ့သခင္ကိုၾကည့္ၿပီး ခ်ဴးရွန႔္ေမာပန္းလာမိတယ္ … သခင္ေလးအတိတ္ေမ့ၿပီးကတည္းက အရင္ကအမူအက်င့္တခ်ိဳ႕ေျပာင္းလဲသြားတယ္ … ပိုၿပီးလူငယ္ဆန္ၿပီး လူေတြနဲ႕ဝင္ဆန႔္လာတယ္ … ဂ်ီးမ်ားၿပီးေဒါသႀကီးတာကေတာ့ တစ္ျပားမွမေလ်ာ့ေသးဘူး … ဘယ္လိုပဲျဖစ္ေနပါေစ အရင္ကလိုဆိုးမိုက္ၿပီး တခ်ားသူေတြရဲ႕အသက္ကိုခ်နင္းတဲ့ မာဖီးယားတစ္ေယာက္နဲ႕ယွဥ္ရင္ ဥကၠဌကပိုၿပီး အႏၲရာယ္ကင္းတယ္ …
" ခ်ဴးရွန႔္ "
" ဗ်ာ … သခင္ေလး "
အနားကိုအေျပးေလးသြားလိုက္ေတာ့ လက္ထဲကပန္းစည္းကိုထိုးေပးလာတယ္ …
" ဒါကိုဘာလုပ္ရမွာလဲဟင္ "
" ငါ့အခန္းထဲမွာသြားထား "
" အာ … သခင္ေလးအခန္းထဲမွာ ပန္းအိုးမရွိဘူးေလ …
ဘယ္ထဲထည့္ရမွာလဲ "
" မင္းေတာ္ေတာ္လွ်ာရွည္တာပဲ …
သြားထားဆိုသြားထား "
" ဟုတ္ "
ခနၾကာေတာ့ …
" ခ်ဴးရွန႔္ ပန္းစည္းျပန္ယူလာခဲ့ "
" ဟင္ … သခင္ေလးပဲ သြားထားဆိုလို႔ ထားခဲ့ၿပီးၿပီေလ "
" ပန္းေတြဒီေလာက္အမ်ားႀကီးကို မင္းတစ္အိုးထဲမွာျပည့္ၾကပ္ေနေအာင္လုပ္ထားတာလား …
တစ္ဝက္ခြဲယူလာခဲ့ "
" ဟုတ္ "
တစ္ဝက္ခြဲယူလာတဲ့ပန္းေတြကိုကိုင္ၿပီး အခန္းထဲေလွ်ာက္သြားေနျပန္တယ္ … ရွိသမွ်အိုးေတြလဲ သူရိုက္ခြဲထားတာ တစ္လုံးမွအေကာင္းမက်န္ေတာ့ဘူး … ေနာက္ဆုံး ထားစရာေနရာမရွိေတာ့ ျမားဦးက ခ်ဴးရွန႔္ဘက္လွည့္လာျပန္တယ္ …
" ခ်ဴးရွန႔္ … ဒါကအိမ္ခန္းေရာဟုတ္ရဲ႕လား …
ပန္းထားစရာေနရာဘာေၾကာင့္မရွိရတာလဲ … ဟမ္ "
" သခင္ေလးပဲ ရႈတ္ရႈတ္ရွပ္ရွပ္ေတြမႀကိဳက္ဘူးဆိုၿပီး ရိုက္ခြဲထားတာေလ "
" မလိုခ်င္ဘူး … ေနာက္ေန႕ၾကရင္ ပန္းအိုးေတြအျပည့္ထားထား "
" ဟုတ္ကဲ့ … ဒါဆို ဒီပန္းေတြက "
" ကားထဲမွာထည့္ထား … မညွိုးေစနဲ႕ …
ငါ့ကိုတစ္ပြင့္ေပးခဲ့ "
ခ်ဴးရွန႔္ သခင္ေပးလာတဲ့ပန္းေတြယူၿပီး ကားထဲကိုသြားထည့္လိုက္တယ္ … အေရးႀကီးတာတစ္ခုေျပာရဦးမယ္ … သခင္ေလးက အရင္ကထက္ပိုၿပီး ရစ္တက္လာတယ္ …
အခန္းထဲမွာဖန္းဂူတစ္ေယာက္ ႏွင္ဆီတစ္ပြင့္ကို လက္ကကိုင္လွ်က္ ထိုင္ေနရင္း တစ္ျခားတစ္ဖက္က ကေလးေလးသူ႕ကိုေပးေႂကြးခဲ့တဲ့ စုပ္လုံးအခြံေလး … ဘာေၾကာင့္မွန္းမသိ သူ႕ရင္ထဲမွာ လြမ္းဆြတ္လာသလိုခံစားေနရၿပီး ထပ္မံသြားခ်င္ေပမဲ့ အေၾကာင္းျပခ်က္ေပးဖို႔က မရွိဘူးျဖစ္ေနတယ္ …
ထိုညက အလုပ္ကိစၥမဟုတ္ပဲ တစ္စုံတစ္ေယာက္ကိုသြားေတြ႕ဖို႔ အေၾကာင္းျပခ်က္ရွာေဖြရင္းနဲ႕ ဖန္းဂူအိပ္မေပ်ာ္ခဲ့ဘူး …
ေနာက္တစ္ေန႕ေရာက္ေတာ့ …
" သခင္ေလး … ဒီေန႕ ႐ုံးပိတ္ရက္ဆိုေတာ့ ကြၽန္ေတာ္ ခနေလာက္ အျပင္သြားခ်င္တယ္ … ရမလား "
" ဘယ္ကိုလဲ "
မင္းယြီတို႔အိမ္ကိုလို႔ သခင္ကိုဘယ္လိုေျပာရမလဲ … ခုပဲမင္းယြီကိုပိတ္ရက္မို႔ လာလည္မယ္လို႔ေျပာထားတာ …
ခ်ဴးရွန႔္က မေန႕က မင္းယြီတို႔နဲ႕ေတြ႕ခဲ့ေပမဲ့ အားမရေသးဘူး … သခင္ေရွ႕မွာမို႔ အရမ္းရင္းနီးသလိုလဲလုပ္မျပရဲဘူး … အစားႀကီးေလးကိုလဲ ခ်စ္လြန္းလို႔ခနခနေတြ႕ခ်င္ေနမိတယ္ … ဒါေပမဲ့ သခင္ကို ခြင့္ျပဳေအာင္ဘယ္လိုေျပာသင့္လဲ …
ဖန္းဂူက တိတ္ဆိတ္စြာထိုင္ေနရင္းမွ ခ်ဴးရွန႔္အား ေအးဆက္စြာျဖင့္ ေမးလိုက္တယ္ …
" မေန႕က မင္းတို႔ ဘာေတြေျပာေနၾကတာလဲ "
" ဗ်ာ "
႐ုတ္တရပ္အေမးေၾကာင့္ ခ်ဴးရွန႔္ ခဲေတာင္သြားေလတယ္ … ဖန္းဂူအၾကည့္စူးႀကီးေတြက သူ႕ထံၿမဲမံေနသည္မို႔ လိမ္ညာ၍ မရမွန္းသိ၍ ခ်ဴးရွန႔္ ေျပာလိုက္ရတယ္ …
" သူကကြၽန္ေတာ့အသိပါ "
" အသိပဲလား … ဒါဆိုဘာေၾကာင့္ မင္းကသြားဖက္ရတာလဲ …
သူကေရာမင္းကိုၿပဳံးျပေနတာ ဘာသေဘာလဲ …
မင္းတို႔က အသိထက္ကို ရင္းနီးေနသလိုပဲ "
" အာ "
သခင္ေလးက အတိတ္ေမ့ေနတာကိုပဲ သဝင္တိုေနတာလား … ထူးဆန္းလိုက္တာ … ငါ့ကိုသတ္ေတာ့မယ္လို႔ ခံစားေနရတယ္ …
" တကယ္ေတာ့ ကြၽန္ေတာ္တို႔က သူငယ္ခ်င္းေတြပါ "
" မင္းနဲ႕ သူငယ္ခ်င္း "
" ဟုတ္ … ဟုတ္ပါတယ္ …
ကြဲေနတာၾကာၿပီ … မေန႕ကမွျပန္ေတြ႕လို႔ သူ႕ကိုေမးၾကည့္ေနတာ "
" သူနဲ႕မင္းနဲ႕ ဘာမွမပတ္သပ္ဘူဆိုတာ ေသခ်ာလား "
" ေသ … ေသခ်ာပါတယ္ … ရိုးရိုးသားသားပါ "
ဖန္းဂူက ထပ္မံၿငိမ္သက္သြားျပန္တယ္ … ၿပီးေနာက္ …
" မင္းကဘယ္ကိုသြားမွာလဲ … သူ႕ဆီကိုအလည္လား "
" အာ … သခင္ဘယ္လိုသိတာလဲ "
ၿပီးမွခ်ဴးရွန႔္က သူအမွန္ေျဖလိုက္မိမွန္းသိသြားကာ ပါစပ္ပိတ္လိုက္တယ္ … ဖန္းဂူက ႐ုပ္တရပ္ အႀကံတစ္ခုရသြားၿပီး ေၾကနပ္သြားေလတယ္ …
သူက ခုံေပၚကေနထလိုက္ၿပီး …
" ကားသြားျပင္ထား …
ငါလဲကိစၥရွိလို႔ လိုက္ခဲ့မယ္ "
" အာ "
ဘယ္သူကေခၚမယ္ေျပာလို႔လဲ … မင္းယြီကိုဘယ္လိုျပန္ေျပာရမွာလဲ … သခင္ပါပါလာတယ္လို႔လား … မိုးမီးေလာင္ကုန္ေတာ့မွာပဲ …
ေနာက္ဆုံးေတာ့ ခ်ဴးရွန႔္ ဖန္းဂူကိုမတားဆီးနိုင္ပဲ မင္းယြီရဲ႕အိမ္သို႔ ထြက္ခြာလာခဲ့ရေလတယ္ …
*
*
*
*
မီးယြီမီးဖိုေခ်ာင္မွာ ခ်က္ျပဳတ္ၿပီးသြားေတာ့ အိမ္သန႔္ရွင္းေရးလုပ္ဖို႔ျပင္ေနခိုက္ ကားဟြန္းတီးသံေၾကာင့္ အိမ္ေရွ႕သို႔အေျပးေလးလာခဲ့လိုက္တယ္ … ရႈယြမ္က မနက္ေစာကပဲ မိဘေတြကို ေလဆိတ္လိုက္ပို႔ဖို႔ ထြက္သြားေလတယ္ … ရွန္ေဝကေတာ့ ခုခ်ိန္ထိ အိပ္ယာထေသးပုံမေပၚဘူး …
တံခါးေရွ႕ေရာက္ေတာ့ မင္းယြီတံခါးကိုဆြဲဖြင့္လိုက္တယ္ …
" အကိုခ်ဴးရွန႔္ ေရာက္လာၿပီလား "
သို႔ေပမဲ့ သူ႕ရဲ႕စကားအဆုံး၌ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ လက္ထဲက တံျမတ္စည္းပင္ လြတ္က်သြားေလတယ္ …
ဖန္းဂူက ခန႔္ညားစြာဝတ္ဆင္လွ်က္ အိမ္ေရွ႕တံခါးဝမွာရပ္ေနၿပီး ခ်ဴးရွန႔္ကေတာ့ အနာက္မွာ ကုတ္ကုတ္ေလးေနေနတယ္ … မင္းယြီက ေၾကာက္လန႔္ကာ တံခါးျပန္ပိတ္မည္လုပ္ေတာ့ ဖန္းဂူလက္ေတြက တံခါးေဘာင္ကို တြန္းထားေလတယ္ …
" ဧည့္သည္ကို အိမ္ထဲေပးမဝင္ေတာဘူးလား "
" ခ … ခမ်ားဘယ္လိုေရာက္လာတာလဲ …
ကြၽန္ေတာ္ ခမ်ားကိုမသိပါဘူး "
" တကယ္လား … ငါကိုေမ့သြားၿပီေပါ့ "
" ဗ်ာ "
" ဒီေန႕ ဆိုင္ဘာလို႔မဖြင့္တာလဲ "
" ဒီေန႕ကြၽန္ေတာ္မအားလို႔ ဆိုင္ပိတ္ထားတာပါ "
" ဒါဆို မင္းလုပ္စရာရွိတာလုပ္ေလ ငါေစာင့္ေနမယ္ "
အတင္းအိမ္ထဲဝင္ၿပီး ထိုင္ေနတဲ့ ထိုလူအား မင္းယီံဆြဲမထုတ္ရဲသလို အနားကိုလဲမသြားရဲ … မိဘေတြထြက္သြားခ်ိန္ ေရာက္လာ၍မွ ေသာ္ေသးတယ္ … နို႔မို႔ဆိုလွ်င္ အားလုံးရႈတ္ေထြးကုန္မွာျမင္ေရာင္ေနၿပီ …
သူဘယ္ေလာက္ပင္ အတိတ္ေမ့ေနပါေစ သားေလးကိုခင္သြယ္ေနပုံက မင္းယြီကိုထိတ္လန႔္ေစတယ္ … ခ်ဴးရွန႔္က သူဘာမွမတတ္နိုင္ဘူးဆိုတဲ့ပုံနဲ႕ ေခါင္းရမ္းကာျပလိုက္တယ္ … မင္းယြီလဲ ဘာမွမဆိုေတာ့ပဲ ဧည့္သည္ကို ေရေအးေအးေလးတစ္ခြက္ခ်ေပးလိုက္တယ္ …
ဖန္းဂူက အိမ္ထဲကိုေရာက္ေတာ့ ေဘးပတ္ပတ္လည္ကိုတစ္ခ်က္ၾကည့္လိုက္တယ္ … ေရာင္စုံပန္းခင္းႀကီးက လယ္ကြင္းျပင္ႀကီးတမွ် က်ယ္ျပန႔္လြန္းၿပီး စိတ္ကိုလန္းဆန္းသြားေစတယ္ … အိမ္ေလးက ၂ ထပ္အိမ္ေလးေပမဲ့ ရိုးရွင္းလြန္းတယ္ … အိမ္ထဲမွာလဲ အခင္းအက်င္းေတြအားလုံးက ပန္းပြင့္နဲ႕ သက္ဆိုင္တဲ့အရာေတြႀကီးပဲ … ဖန္းဂူခုံေပၚမွာ ေျခတစ္ဖက္ခ်ိတ္ထိုင္ရင္း ပန္းရနံ႕ေတြကိုခံစားကာ မ်က္လႊာေလးခ်ထားလိုက္တယ္ …
မင္းယြီက အေပၚထပ္ကသားေလးကိုသြားေခၚေနတာမို႔မရွိေနဘူး … ခနၾကာေတာ့ ကားတစ္စီးေရာက္လာၿပီး လူတစ္ေယာက္ တံခါးေခါက္သံကိုၾကားလိုက္ရတယ္ … ဘယ္သူမွမရွိေတာ့ ခ်ဴးရွန႔္ကအေျပးေလးသြားဖြင့္ေပးလိုက္တယ္ …
" ခ်ဴးရွန႔္ "
" က်န္းရႈယြမ္ "
ရႈယြမ္က လုယီေလးရဲ႕ကားကိုအိမ္ထဲသယ္လာၿပီး ခ်ဴးရွန႔္ကိုလဲျမင္ေရာအံ့ဩသြားေလတယ္ … သူပိုၿပီး အံ့ဩသြားတာက ခုံေပၚမွာ အခန႔္သားထိုင္ေနတဲ့လူတစ္ေယာက္ကိုပင္ …
" ရွန္ဖန္းဂူ "
ဖန္းဂူက သူ႕နာမည္ေခၚသံလဲၾကားေရာ မ်က္လႊာပြင့္လာကာ ရႈယြမ္ကိုလဲျမင္ေရာ မ်က္ခုံးတစ္ခ်က္ပင့္လိုက္ၿပီး …
" က်န္းရႈယြမ္ … မင္းကဒီလိုဘာလာလုပ္တာလဲ "
" မင္းဘယ္လိုအသက္ရွင္ေနေသးတာလဲ "
" ဟမ္း … ငါ့ကိုလြယ္လြယ္နဲ႕ေသမယ္လို႔ မင္းထင္ေနတာလား "
႐ုတ္တရပ္ဖန္းဂူမ်က္ဝန္းေတြက ကိုင္းၫႊတ္သြားၿပီး ခုံေပၚကေနထလာကာ ရႈယြမ္ေကာ္လံကိုဆြဲလိုက္ၿပီး …
" မင္း … ငါ့ကိုသတ္ခဲ့တာ မင္းလား "
" မင္းဘာေတြေျပာေနတာလဲ … မမွတ္မိေတာ့ဘူးလား "
" ေသာက္ပိုေတြေျပာမေနနဲ႕ …
ငါ့ကိုသတ္ခ်င္ေနတာ မင္းတစ္ေယာက္ပဲရွိတယ္ "
ဖန္းဂူက လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္ထားၿပီး ရႈယြမ္ကိုထိုးမယ္ျပင္ေနတာေၾကာင့္ ခ်ဴးရွန႔္က မနည္းတားေနရတယ္ …
အိမ္ေပၚကေနဆင္းလာတဲ့ လုယီေလးက ရႈယြမ္ကိုလက္နဲ႕႐ြယ္ေနတဲ့ဖန္းဂူကိုျမင္ေတာ့ ၾကားထဲကေနဝင္လိုက္ၿပီး …
" ဦးဦးကိုလုပ္နဲ႕ "
ခ်ဴးရွန႔္ဆြဲတာေတာင္မရတဲ့ဖန္းဂူက လုယီေလးရဲ႕ေအာ္သံေၾကာင့္ ခ်က္ခ်င္းရပ္တန႔္သြားေလတယ္ … ရႈယြမ္က ကားေလးကိုယူၿပီး လုယီထဲေပးလိုက္တယ္ …
" ဒီမွာ … သားသား ကားကား "
လုယီလးကေပ်ာ္သြားၿပီး …
" ေက်းက်ဴး ဒယ္ဒီ "
" …… "
ၿငိမ္သက္သြားတဲ့ဖန္းဂူမ်က္ဝင္းေတြက ႐ုတ္တရပ္ မီးေတာက္သြားေလတယ္ … ဒါကသူဝယ္ေပးတဲ့ကားမဟုတ္လား … ဘယ္လိုေၾကာင့္ ဝယ္ေပးတဲ့သူကိုမဟုတ္ပဲ ယူလာေပးတဲ့သူကို ဒယ္ဒီလို႔ေခၚေနတာလဲ … ဧကန္တ ဒါက ရႈယြမ္သားမ်ားလား …
ထိုသို႔ေတြးမိေတာ့ ဖန္းဂူေခါင္းေတြမီေတာက္မလိုခံစားသြားရတယ္ … ၿပီးေနာက္ သူကအလွ်င္အျမန္ပဲ လုယီရဲ႕ကားအေရွ႕ကေနပိတ္ရပ္လိုက္ေလတယ္ …
" ဦးေရးႀကီး … ကားကားေရွ႕ကဖယ္ေပး "
" ဒါကဘယ္သူ႕ကားမို႔လဲ "
" Yi Yi ကားကား "
" ဟား … မင္းဒယ္ဒီကဝယ္ေပးတာမလို႔လား …
မင္းကငါ့ကိုေတာ့ေအာ္တယ္ … ငါ့ပစၥည္းနဲ႕ေတာ့ကစားခ်င္တယ္ေပါ့ …
ေဘးကမင္းဒယ္ဒီကိုဝယ္ခိုင္း "
" ဟြန႔္ "
မင္းယြီက ရႈယြမ္ကိုဖန္းဂူက သူ႕ကိုသတ္တာ ရႈယြမ္ဆိုတာ စြပ္စြဲကတည္းကေရာက္ေနတာျဖစ္ၿပီး သူ႕တစ္ကိုယ္လုံးခဲေတာင့္ကာ ရင္မဆိုင္ရဲပဲရပ္ေနမိတယ္ … ခ်ဴးရွန႔္က လုယီနဲ႕ဖန္းဂူတိုက္ပြဲကိုလႊတ္ထားလိုက္ၿပီး မင္းယြီအနား အေျပးေလးသြားေလတယ္ …
" မင္းယြီ … ရႈယြမ္က ဘယ္လိုေရာက္ေနတာလဲ "
" အကိုရႈယြမ္က ဒီမွာေနေနတာ "
ခ်ဴးရွန႔္ ကို႔ေခါင္းကိုသာ ရိုက္ျပစ္ခ်င္ေတာ့တယ္ … ၿပီးမွ စိတ္ကိုၿငိမ္ၿငိမ္ထားလိုက္ၿပီး စိုးရိမ္ေနတဲ့ မင္းယြီပခုံးေလးကိုကိုင္လိုက္ၿပီး ေလးနက္စြာေျပာလိုက္တယ္ …
" ဘာမွမပူနဲ႕ … ရႈယြမ္နဲ႕သခင္ေလး ဘာမွမျဖစ္ေစရဘူး …
သူတို႔ ရန္ ျဖစ္ရင္ေတာင္ အကိုၾကားထဲကေန လူသားသဲအိပ္အျဖစ္ခံၿပီးတားေပးမွာမို႔ စိတ္မပူနဲ႕ေတာ့ "
တစ္ဖက္မွာေတာ့ …
လုယီေလးက ဖန္းဂူကို မ်က္ေစာင္းထိုးကာၾကည့္ၿပီးေနာက္ ရႈယြမ္ဘက္လွည့္လိုက္ကာ …
" ဦးဦးယြမ္ … ဒီဦးေရးႀကီးနဲ႕ရန္ျဖစ္ထားတာလား "
" မျဖစ္ပါဘူး "
ရႈယြမ္က ဖန္းဂူအားၾကည့္လိုက္ၿပီး …
" ဖန္းဂူ … ငါတို႔အျပင္မွာစကားသြားေျပာရေအာင္ "
" မလိုဘူး … မင္းနဲ႕ေျပာစရာစကားမရွိဘူး "
ဖန္းဂူက လုယီကားအေရွ႕မွာ ပိတ္ရပ္ထားရင္းနဲ႕ပင္ လက္ပိုက္ထားလွ်က္ တစ္ဖက္သို႔ေခါင္းလွည့္လိုက္ရာ သူတို႔ထံၾကည့္ေနတဲ့ မင္းယြီကိုျမင္သြားၿပီး သူ႕ပုံစံက အရမ္းခေလးဆန္လြန္းေန၍ ေခ်ာင္းအသာဟန႔္လိုက္ကာ လက္ႏွစ္ဖက္ကို ေဘာင္းဘီအိပ္ကပ္ထဲထည့္လွ်က္ အခန႔္သား ျပန္ရပ္လိုက္ေလတယ္ …
ၿပီးေနာက္ …
" က်န္းရႈယြမ္ … ဒီကေလးက မင္းနဲ႕ဘာေသာ္တာလဲ …
မင္းကေလးလား "
" မင္းဘယ္လိုထင္လဲ "
" ဟက္ … မင္းလိုေကာင္က မိန္းမရပဲ့ပုံစံလဲမဟုတ္ပါဘူး …
ၿပီးေတာ့ ဒီကေလးရဲ႕ပါပါးက ေယာက္်ားလးဆိုေတာ့ ဒီကေလးက မင္းကိုယ္ဝန္လြယ္ၿပီးေမြးမွပဲရမွာ "
ရႈယြမ္က မင္းယြီမ်က္ႏွာမေကာင္းျဖစ္ေနတာကိုၾကည့္ၿပီး ဆက္ၿပီးဖန္းဂူနဲ႕စကားမမ်ားခ်င္၍ ထိုပြဲကိုရပ္တန႔္လိုက္တယ္ …
" မင္းဒီကိုလာတာ ဘာကိစၥမွန္းမသိေပမဲ့ ငါမေႏွာက္ယွက္ေတာ့ဘူး …
ခနေနအလုပ္သြားရေတာ့မွာမို႔ ကေလးကိုေသခ်ာၾကည့္ထားေပး "
" ဘာလဲ … ငါ့ကိုကေလးထိန္းခိုင္းခဲ့တာလား …
ငါကမင္းသားကိုထိန္းေပးမယ္မ်ားထင္ေနလား "
" ဦးေရးႀကီး … Yi Yi ကားကားစီးခ်င္တယ္ "
" …… "
ဒီမ်က္ႏွာငယ္ေလးက ဖန္းဂူစိတ္ေတြကိုအမႈန႔္အျဖစ္ေျပာင္းသြားေစတယ္ … လုယီလးက ငယ္ေသးတာမို႔ စိတ္ဆိုးစိတ္ေကာက္ရမွာေတြမသိေသးဘူး … ဖန္းဂူခနေလးသူနဲ႕အေဖာ္ျပဳေပးလိုက္တာနဲ႕ ခ်က္ခ်င္းျပန္ေခၚသြားျပန္တယ္ …
ကားပတ္ေမာင္းၿပီးသြားေတာ့ ႏွစ္ေယာက္သား ခုံေပၚကိုထိုင္လိုက္ၾကတယ္ … မင္းယြီကေတာ့ ေနာက္ေဖးမွာ ေန႕လည္စာအတြက္ျပင္ဆင္ေနတယ္ … ခ်ဴးရွန႔္က သခင္ေလးနဲ႕ လုယီေလးေနာက္ကိုလိုက္ေနတာနဲ႕ ေမားပန္းၿပီး ေရေသာက္ဖို႔အတြက္ ေရခဲေသတၱာရွိရာကိုထြက္လာခဲ့လိုက္တယ္ …
" အကို "
ခ်ဴးရွန႔္က ေရဘူးထဲကေရကို ဒီတိုင္းေမာ့ေသာက္ေနၿပီး အေနာက္ကေနတစ္စုံတစ္ေယာက္ကေခၚလိုက္တာေၾကာင့္ လွည့္ၾကည့္မိေတာ့ ျမင္လိုက္ရတဲ့မ်က္ႏွာေၾကာင့္ လန႔္ၿပီး ပါစပ္ထဲကေရေတြအကုန္ ေထြးထုတ္ၿပီးသားျဖစ္သြားတယ္ …
' ဖူး '
ထိုလူရဲ႕မ်က္ႏွာနဲ႕ကိုယ္တစ္ေလွ်ာက္ေရေတြစိုကုန္ေပမဲ့ စိတ္ဆိုးျခင္းမရွိပဲ သူ႕ကိုၿပဳံးကာၾကည့္ေနတာေၾကာင့္ ခ်ဴးရွန႔္ၾကက္ေသေသသြားေလေတာ့တယ္ …
" ရွန္ … ရွန္ေဝ "
အမွန္ပင္ထိုေကာင္ေလးက ရွန္ေဝျဖစ္ၿပီး သူ႕အေနာက္မွာ သရဲတစ္ေကာင္လိုေပၚလာကာ အနားနားကပ္ေခၚလိုက္ျခင္းေၾကာင့္ ခ်ဴးရွန႔္ လန႔္သြားခ်င္းပင္ …
အရင္က လမ္းသရဲပုံစံေကာင္ေလးက ခုေတာ့သပ္ရပ္စြာဝတ္ဆင္ထားတဲ့အျပင္ အျဖဴစြပ္က်ယ္ေအာက္က ေရစိုေနတဲ့သူ႕ရဲရင္အုံက ယခင္ကထက္ပိုႀကီးလာသလို အရပ္ကလဲ ေခါင္းတစ္လုံးစာ ပိုရွည္လာေသးတယ္ …
မေတြ႕ရတဲ့ ၃ ႏွစ္အတြင္းမွာ သူ႕ရဲ႕ႀကီးထႊားႏႈန္းက ျမန္ဆန္လွၿပီး ခ်ဴးရွန႔္ပင္မယုံၾကည္နိုင္ျဖစ္သြားတယ္ … သူကေတာ့အသက္ႀကီးလာေလ အဖိုး႐ုပ္ေပါက္လာေလေၾကာင့္ ကိုယ့္ကိုယ္ကိုပင္ သိမ္ငယ္လာမိတယ္ …
" အကို … ကြၽန္ေတာ့ကိုၾကည့္မဝေတာ့ဘူးလား "
" အာ … ငါ ႐ုတ္တရပ္ဆိုေတာ့ မင္းကိုမမွတ္မိပဲျဖစ္သြားလို႔ပါ …
ဒါနဲ႕ ဒီလိုဘယ္လိုေရာက္ေနတာလဲ "
" မင္းယြီက ကြၽန္ေတာ့သူငယ္ခ်င္းပဲေလ …
ဒီမွာရွိေနတာမဆန္းပါဘူး "
ရွန္ေဝက အေရွ႕ကိုတေျဖးေျဖးတိုးလာၿပီး ခ်ဴးရွန႔္လက္ကိုဆြဲကာ သူ႕ထံဆြဲကပ္လိုက္တယ္ …
" ရေခဲသတ္ေတာနားအရမ်းမကပ်နဲ႕ …
အကိုဓာတ္လိုက္သြားလိမ့္မယ္ "
" ေအာ္ … အင္းအင္း "
ခ်ဴးရွန႔္က သူ႕လက္ထဲကေရဘူးကိုကျပာကယာသိမ္းလိုက္တယ္ … ၿပီးေနာက္ ရွန္ေဝအကၤ်ိကိုၾကည့္လိုက္ၿပီး …
" မင္းအကၤ်ိေတြစိုသြားၿပီ "
" ဒါလား … ခြၽတ္ျပစ္လိုက္မယ္ …
ဘာမွမျဖစ္ဘူး … ခနေနေရခ်ိဳးမွာ "
ေျပာရင္းဆိုရင္း သူ႕ေရွ႕ထည္းထည္းႀကီးမွာ ခြၽတ္လိုက္တာေၾကာင့္ ခ်ဴးရွန႔္မ်က္ႏွာ အနည္းငယ္နီရဲသြားကာ တစ္ဖက္သို႔လွည့္လိုက္တယ္ … သူ႕ရဲ႕ရင္အုံက ျဖဴစြပ္ၿပီး ဝမ္းဗိုက္ကအျမႇောင္းလိုက္နဲ႕ ဆြဲေဆာင္ေနသေယာင္ …
" မင္းအခန္းထဲမွာသြားလဲေလ "
" ကြၽန္ေတာ့အခန္းက ဒီေဘးမွာပဲေလ …
အကို လိုက္ခဲ့ခ်င္လား "
" ငါ … ငါကဘာလို႔လိုက္ရမွာလဲ …
မင္းေရခ်ိဳးတာကို ေစာင့္ေပးရမွာလား "
" အကိုမလုပ္ေပးဖူးတာက်ေနတာပဲ …
ကြၽန္ေတာ္တို႔ အတူတူေတာင္ ေရခ်ိဳးဖူးလားလို႔ "
" ေပါက္ကရေတြ …
အဲ့ဒါက အျပင္မွာမလို႔ မျဖစ္မေနခ်ိဳးရတာေလ …
ငါ့ကိုလာေနာက္မေနနဲ႕ေတာ့ "
" ဟုတ္ပါၿပီဗ်ာ … အကို႔ကိုမစေတာ့ပါဘူး "
ၿပီးေနာက္ ရွန္ေဝက ခ်ဴးရွန႔္ပခုံးႏွစ္ဖက္ကိုကိုင္လိုက္ၿပီး သူ႕ကိုယ္အားၾကည့္ေစကာ ပါးခ်ိဳင့္ေလးေပၚသည္ထိ ရယ္လိုက္ၿပီးေနာက္ စေနာက္သလိုမ်ိဳး ေမးလိုက္တယ္ …
" အကိုေသခ်ာၾကည့္ … ကြၽန္ေတာ့ကိုယ္ကအရင္ကထက္ထြားလာၿပီးပိုၾကည့္ေကာင္းလာတယ္မွတ္လား …
ဒီလိုဆိုေတာ့ အကို႔သခင္နဲ႕ကြၽန္ေတာ္နဲ႕ယွဥ္ရင္ ဘယ္သူကပိုေခ်ာလဲ "
" စိတ္ကူယဥ္မေနနဲ႕ "
" ဟား "
ခ်ဴးရွန႔္ ရွန္ေဝနဲ႕ျပန္ေတြးရတာေပ်ာ္မိတယ္ … ဒီေကာင္ေလးက အရင္ကသူေစာင့္ၾကည့္ခဲ့စဥ္ကလို အေကာင္ငယ္ေလးမဟုတ္ေတာ့ပဲ အင္အားအျပည့္နဲ႕အေကာင္ႀကီးျဖစ္လာၿပီ … ၿပီးေတာ့ပိုၿပီးလဲ သူ႕အေပၚေႏြးေထြလာသလို လက္ရဲဇာတ္ရဲနိုင္လာသလိုပဲ … အင္အားျခင္းမမွ်ေတာ့လို႔ပဲလား …
*
*
*
*
ဖန္းဂူတို႔က ထိုအိမ္ကေနျပန္ခ်င္ပုံမေပၚဘူး … ေန႕လည္စာကိုမင္းယြီခ်က္ထားတာေတြကိုပဲ ေႂကြးလိုက္ရတယ္ … ဖန္းဂူက အမ်ားႀကီးမစားေပမဲ့ မျငင္းဆန္ခဲ့ဘူး … ေျပာရရင္ ႏွင္ထုတ္ရင္ကိုျပန္မဲ့ပုံမေပၚဘူး …
စားေသာက္ၿပီးသြားေတာ့ လုယီေလးက ခ်ဴးရွန႔္ ရွန္ေဝနဲ႕အတူကစားေနတယ္ … မင္းယြီကေတာ့ ဒီေန႕ပန္းဆိုင္ဖြင့္၍မရတာေၾကာင့္ ပန္းေတြညွိုးမသြားေအာင္ေရေလာင္းေနတယ္ …
" ဒါေတြက ေရာင္းဖို႔အတြက္လား "
႐ုတ္တရပ္သူ႕အနားကို ေရာက္လာတဲ့လူေၾကာင့္ မင္းယြီ လန႔္သြားမိတယ္ … ၿပီးမွ စိတ္ပို ပုံမွန္ျဖစ္ေအာင္ ျပန္ထားလိုက္ၿပီး …
" ဟုတ္ပါတယ္ … ဒီေန႕ဆိုင္မထြက္ျဖစ္လို႔ ေရေလာင္းေပးေနတာ "
" ဒါေတြအားလုံးကို ငါယူမယ္ "
" အာ … မ … မလိုပါဘူး …
ဒီေလာက္ပန္းေတြအမ်ားႀကီး ခမ်ားဘယ္လိုလုပ္အသုံျပဳနိုင္မွာလဲ "
" ငါ့အိမ္မွာ အလွဆင္ထားမွာ "
" ဒါေပမဲ့ ကြၽန္ေတာ္က ပန္းေတြကို တကယ္လိုအပ္တဲ့ေနရာကိုပဲသုံးေစခ်င္တယ္ …
ခမ်ားကေငြေပါေတာ့ဝယ္ခ်င္သေလာက္ဝယ္နိုင္ေပမဲ့ တကယ္မရွိတဲ့သူေတြၾက ဝယ္ခ်င္ေပမဲ့ ဝယ္လို႔မရပဲျဖစ္သြားလိမ့္မယ္ …
ကြၽန္ေတာ္ကပန္းေတြကို တန္ဖိုးထားေပးတဲ့လူေတြကိုပဲေရာင္းခ်င္တာ "
အေနာက္ကအသံေတြတိတ္ဆိတ္သြားၿပီေနာက္ ႐ုတ္တရပ္ ဖန္းဂူက သူ႕ရဲ႕လက္ကို ဆြဲလိုက္ျခင္းေၾကာင့္ မင္းယြီ ႏွလုံးခုန္ရပ္မတတ္ပင္ လန႔္သြားေလတယ္ …
ဖန္းဂူက သူ႕လက္ထဲက ႏွင္းဆီပန္းေလးကိုယူလိုက္ၿပီး …
" မင္းလက္မွာ ေသြးေတြထြက္ေနၿပီ "
ထိုအခါမွ မင္းယြီ ႏွင္းဆီခိုင္ကိုတင္းေနေအာင္ကိုင္ထားမိမွန္းသတိရသြားၿပီး ဖန္းဂူကိုင္ထားတဲ့လက္ကို ျပန္ဆြဲယူလိုက္တယ္ …
" ရ … ရပါတယ္ …
အဆူးေတြက ဆူးေနၾကမို႔ မနာေတာ့ဘူး "
မင္းယြီဖန္းဂူမ်က္ဝန္ေတြကိုမရဲတရဲၾကည့္မိေတာ့ သူ႕အၾကည့္ေတြက သူ႕ထံၿမဲမံေနၿပီး ေလးနက္စြာေတြးေနပုံ … ဒီအၾကည့္ေတြက မင္းယြီကို ဝမ္းနည္းေစတဲ့အျပင္ ဒီလူကိုဖက္သြယ္ထားခ်င္မိတဲ့စိတ္ေတြျဖစ္ေပၚေစ၍ အျမန္အၾကည့္လႊဲလိုက္ၿပီးေနာက္ ဖန္းဂူအားေက်ာေပးကာရပ္လိုက္တယ္ …
" ခမ်ားတို႔ျပန္သင့္ၿပီလို႔ထင္တယ္ …
ကြၽန္ေတာ့ ခမ်ားအိမ္ကို ပန္းေတြပို႔ခိုင္းလိုက္ပါ့မယ္ …
ၿပီးေတာ့ ကြၽန္ေတာ့အိမ္ကိုလဲ ထပ္မလာခဲ့ဖို႔ ေထာင္းဆိုပါရေစ "
" …… "
အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ သူ႕အေနာက္ကေန လွည့္ျပန္သြားသံကိုၾကားလိုက္ရတယ္ … မင္းယြီအေနာက္ကို ျပန္မၾကည့္နိုင္ပဲ ထိုေနရာမွာပဲ ထိုင္ခ်ကာ မငိုမိေအာင္ မနည္းထိန္းထားရေလတယ္ …
.
.
.
.
To Be Continued