#Unicode
ဘယ်လောက်ပင် အင်အားကြီးမားသူဖြစ်လင့်ကစား သူ့ရဲ့အမှားသေးသေးလေးကနေ ဟိုးအောက်ဆုံးထိကို ဆွဲချသွားတတ်ကြတယ် …
လူ့သဘာဝ အပင်မြင့်လေ လေတိုက်လေဆိုသလို အင်အားကြီးတဲ့လူတစ်ယောက်ရဲ့ပျော့ကွက်ကိုတွေ့ပြီဆိုလျှင် ပျက်စီးသွားတဲ့ထိ နင်းချေကြလိမ့်မယ် …
လပြည့်ညဆိုတာ အမြဲရှိမနေတတ်သလို လကွယ်ညတွေဟာလဲ အမြဲရှိမနေဘူး … လူတစ်ယောက်ရဲ့ အောင်မြင်မှုကလဲ တည်မြဲမှုမရှိသလို ကျရှုံးသွားလျှင်လဲ ပြန်ပြီးအောင်မြင်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး …
အချစ်တွေ အမုန်းတွေနဲ့ရှုတ်တွေးနေတဲ့ ဒီလောကကြီးထဲမှာ မိသားစုအမုန်းတရားတွေပြည့်နှပ်နေတဲ့ ပေါင်းစပ်လို့မဖြစ်နိုင်တဲ့ လူ ၂ ယောက်ရဲ့ကံတရာအား ဖန်ဆင်းပေးလိုက်တာကို ဘယ်သူ့ကိုအပြစ်တင်သင့်လဲ …
သဘာဝရဲ့ပေါင်းစပ်မှုကနေဖြစ်တည်လာတဲ့ မိတ်စုံတွဲရဲ့ ရင်နင့်စရာဖြစ်ရပ်လေးကို ကောင်းကင်ပေါ်က နေမင်းကြီးက ငြှိုးငယ်စွာကြည့်နေတယ် …
ဖြတ်သန်းပြေးလွှားနေတဲ့ ငှက်ငယ်လေးတွေက ဆွေးမြေ့တဲ့သံစဉ်တွေကို သီကြူးဟစ်အော်နေကြတယ် …
တိမ်ဆိုင်တိမ်ခဲတွေက ဝမ်းနည်းစွာ အုံ့မှုန်းနေခဲ့တယ် … သဘာဝပတ်ဝန်းကျင်ကြီးက ဝမ်းနည်းမှုကို ဖော်ပြသည့်အနေနဲ့ ခနမျှ ငိုကြွေးကာ နေလေတယ် …
မုန်တိုင်းပြီးသွားတော့ ပင်လယ်ပြင်ရဲ့လှိုင်းလုံးတွေဟာ ငြိမ်သက်သွားသလိုမျိုး အရာအားလုံးက ပင်လယ်ရေပြာပြာအောက်၌ တည်ငြိမ်ကာနစ်မြုတ်သွားလေတယ် …
တစ်ခနအကြာမှာတော့ ငြိမ်သက်သွားတဲ့ပင်လယ်ပြင်ပေါ်၌ ရဟက်ယဉ်များ ကယ်ဆယ်ရေးသင်္ဘောများ ရောက်လာကြပြီး သင်္ဘောပေါ်မှာပါလာတဲ့ နဂါးရဲ့အဖွဲ့ဝင်တွေကို ဖမ်းစီးကာ ရေအောက်၌ နှစ်မြုတ်နေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ဆင်းသွားကြလေတယ် …
အားလုံးပေါင်း ပျောက်ဆုံးသွားတဲ့လူက ၄ ယောက်ဖြစ်ပြီး သူတို့က ကျန်းရှုယွမ် , ပိုင်မင်းယွီ , ရှန်ဖန်းဂူနဲ့ လင်းချီတို့ဖြစ်ကြတယ် …
အချိန်တစ်ခုကြာသည်ထိ ဘယ်သူ့ကိုမှ ရှာဖွေမတွေ့ရှိခဲ့ကြပေ … ခုရောက်ရှိနေတဲ့နေရာက ကမ်စပ်နဲ့နီးပေမဲ့ ကမ်းတစ်လျှောက် ရှာဖွေသော်လဲ အစအနပင်မတွေ့ရှိခဲ့ကြ …
*
*
*
*
ဆေးရုံပေါ်က အရေးပေါ်ခန်းထဲမှာ မင်းယွီအောက်စီဂျင်ပေးခံထားရတယ် … ဒီကိစ္စကရှန်ဟွှာနဲ့စပ်အပ်နေတာမို့ ရေထဲကနေ မင်းယွီကို ပြန်ဆယ်ယူနိုင်ခဲ့ကြောင်း ရှုယွမ်နဲ့ရှန်ဝေကလွဲ၍ ဘယ်သူမှမသိခဲ့ကြဘူး …
အဲ့ဒိအချိန်တုန်းက လူရှာဖို့ ရှန်ဟွှာဘက်ကလူတွေရောက်လာကြပြီး ပင်လယ်ပြင်အနှံ့လိုက်ရှာကြပေမဲ့ ထွက်လာတဲ့အဖြေက ရေထဲကျသွားတဲ့လူတွေထဲမှ ရှုယွမ်ကလွဲ၍ ကျန် ၃ ယောက်လုံး ဘယ်သူမှရှာမတွေ့ခဲ့ကြဘူးဟူ၍ …
တစ်ခနကြာတော့ အရေးပေါ်ခန်းထဲကနေ ဒေါက်တာထွက်လာခဲ့တယ် …
" Mr.ရှုယွမ် … လူနာရဲ့ကိုယ်ဝန်က ခွဲမွေးရမယ်ဆိုပေမဲ့ အချိန်မကျသေးဘူး …
မွေးဖွားဖို့က နောက်ထက် ၂ လလိုသေးတယ် "
" ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲဆရာ …
သူ့ကို ဆေးရုံပေါ်ကနေ ခေါ်သွားလို့ရပြီလား "
" သူ့ကိုမေးကြည့်ပြီး သူနေချင်တဲ့နေရာမှာ လွတ်လပ်စွာနေခိုင်းလိုက်ပါ …
ပြီးတော့ ဒါက Omega တွေကို ထိန်းချုပ်တဲ့ဆေး … ကိုယ်ဝန်သည်တွေက မွေးဖွာခါနီး ၁ လ ၂ လ အချိန်အခါက မိတ်အယ်ဖာရဲ့ဟော်မုန်းကို လိုအပ်တယ် …
ဆရာရှုယွမ်ပြောစကားအရဆို ဒီအိုမီဂါရဲ့မိတ်က ဆရာတော့မဖြစ်နိုင်ဘူး … အဲ့ဒိအချိန်အတောအတွင်းမှာ အိုမီဂါကို အနီးကပ်စောင့်ရှောက်ပေးစေချင်တယ် …
ဒီဆေးက မိတ်အယ်ဖာအနားမှာမရှိတဲ့ အိုမီဂါတွေကို တခြားအယ်ဖာတွေရန်ကနေ ကာကွယ်ပေးတဲ့ဆေးတစ်မျိုးပါ …
ဒီဆေးကိုသောက်လိုက်တာနဲ့ ဆရာရဲ့ဟော်မုန်းကလဲ သူ့ရဲ့မိတ်အယ်ဖာနဲ့ထပ်တူညီသွားပြီး ယုံကြည်ရတဲ့လူကအနီးကပ်စောင့်ရှောက်နိုင်လိမ့်မယ် "
" ဒါဆို သူဟော်မုန်းထုတ်လွှတ်တဲ့အချိန်တွေဆို ကျွန်တော် ဒါကိုသောက်ရမှာလား "
" ဟုတ်ကဲ့ … တစ်ခါတိုက်ရင် အများဆုံးတစ်ပတ်ထိ ခံလိမ့်မယ် …
အိမ်မှာနေရင်းဆိုရင် မသောက်လဲအဆင်ပြေတယ် … သူ့ကိုသီးသန့်လေး ထားပေးဖို့တော့ မမေ့နဲ့ပေါ့ …
မွေးဖွားခါနီးအချိန်ကျရင် ကျွန်တော်ပြောပါ့မယ် … ခုကလွတ်လွတ်လပ်လပ်နေလို့ရသေးတယ် "
ဒေါက်တာရဲ့မှာကြားမှုတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ရှုယွမ်အခန်းလေးထဲကို ဝင်လာခဲ့လေတယ် …
ပြတင်းပေါက်ထံ ငေးကြည့်လျှက် သူ့အားကျောပေးကာထိုင်နေတဲ့ပုံရိပ်လေးက အိမ်မက်ဆိုးတွေကနေနိုးထလာပြီး ဆွေးမြေ့ကာ လွမ်မောဖွယ်ရာကောင်းလွန်းလှတဲ့ ပုံရိပ်လေးတစ်ခုအလား …
မျက်နှာကို မမြင်ရပေမဲ့ သူ့ရဲ့ရင်ဘက်ထဲမှာ မွန်ကျပ်ကာ စိတ်ခံစားမှုတွေ ပျောက်ဆုံးနေကြောင်း အဝေကနေကြည့်ယုံနဲ့သိနိုင်တယ် …
ဒီအဖြစ်အပျက်ကြီးက အိမ်မက်ဆိုးတစ်ခုအဖြစ် မျက်လွှာချပြီး ပြန်ဖွင့်လိုက်တဲ့အခါ ပျောက်ဆုံးသွားခြင်းမျိုး မဖြစ်နိုင်၍ ရှုယွမ်လဲ ဒိထက်ပိုပြီး သူရဲ့စိတ်ကို ဝင်ရောက်မစွတ်ဖတ်တော့ပဲ လွှတ်ထားပေးလိုက်တယ် …
အချိန်တစ်ခုထိကြာမြင့်လာတဲ့အခါ ထိုအိမ်မက်ဆိုးကြီးကို မေ့ပျောက်နိုင်မှာပါ … မေ့ပျောက်နိုင်ဖို့ မျှော်လင့်ရမှာပေါ့ …
မင်းယွီအသက်ရှင်နေသေးတဲ့ကိစ္စကို ရှန်မိသားစုကို အသိမခံခဲ့ဘူး … မင်းယွီမိဘတွေကိုတော့ တိတ်တိတ်လေး ဖွင့်ပြောခဲ့တယ် …
လွန်ခဲ့တဲ့လေးလကတည်းက ပတ်ဒိုမင်းကို သေနတ်နဲ့ပြစ်ခဲ့တဲ့လူက သူ့သားမှန်းသိရှိသွားပြီး ဆုန်းချူကလဲ သူ့အကိုကိုမမုန်းပဲ အားလုံးက မင်းယွီကို ရှာဖွေနေခဲ့တယ် … ခုပြန်တွေ့ပြီဆိုတော့ သူတို့လဲ ဝမ်းသာနေကြတယ် …
ဒါပေမဲ့ ခုချိန်မှာ ဘယ်သူမှ မင်းယွီထံသွားပြီး စိတ်အနှောက်အယှက်မပေးရဲကြဘူး … တစ်နေ့မှာတော့ မင်းယွီကို ရှုယွမ်က အမှန်တရာအားလုံးဖွင့်ပြောလိုက်တယ် … အရာအားလုံးသိရှိသွားတဲ့အခါ အသက်မဲ့နေတဲ့မင်းယွီ ရှိုက်ကြီးတငင်ငိုနေရှာတယ် …
ပတ်ဒိုမင်းနဲ့ဆုန်းချူတို့ရောက်လာတော့လဲ သူ့နှုတ်က တောင်းပန်သည့်စကားတစ်ခွန်းကလွဲ၍ ဘာမှထွက်မလာခဲ့ဘူး … သူ့ရဲ့မိခင်က သားလေးအဖြစ်ကိုကြည့်ပြီး ရင်ကျိုးမတတ်ခံစားနေရတယ် …
ပတ်မိသားစုက မင်းယွီတို့သားအမိ သူတို့နဲ့အတူ နေစေချင်ပေမဲ့ နှစ် ၂၀ ကြာဝေးကွာပြီးတဲ့နောက်မှာတော့ လွယ်ကူစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့မဖြစ်နိုင်ခဲ့ဘူး …
မင်းယွီကလဲ ကို့ဖခင်ကို သူ့လက်နဲ့သတ်မိခဲ့တဲ့ဖြစ်ရပ်ပြီးကတည်းက စိတ်ခြောက်ခြားနေပြီး ခုအခြေအနေကြီးနဲ့ကြုံလိုက်ရတော့ ကလေးမမွေးခင်အချိန်လေးအတောတွင်မှာ အရာအားလုံးကို မျက်လွှာချလျှက် တိတ်ဆိတ်တဲ့နယ်မြေလေးမှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြလေတယ် …
နောက်ဆုံး သူတို့ရွေးချယ်လိုက်တဲ့နေရာက အတိတ်မှာပျော်ရွှင်စရာအချိန်လေးတွေရှိနေခဲ့တဲ့ ဆင်းရဲသားရက်ကွက်လေးထံသို့ …
*
*
*
*
လပေါင်းများစွာ ဝေးကွာခဲ့ရတဲ့အိမ်လေးထံ နောက်ဆုံးတော့ပြန်လာနိုင်ခဲ့ပြီ … ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူနဲ့သူ့ရဲ့မိခင်ကလွဲ၍ ဒီအိမ်လေးမှာ တစ်ခြားဘယ်သူမှရှိမနေခဲ့ဘူး …
အရာအားလုံးက အိမ်မက်တစ်ခုလို အတိတ်မှာ ကျန်နေခဲ့ဖို့မျှော်လင့်ရင်း မင်းယွီအိမ်လေးထဲမှာပဲ နေနေခဲ့တယ် … တစ်ရက်ခြား ရှုယွမ်တို့သားအမိရောက်လာတတ်ပြီ မင်းယွီကို အဖော်ပြုပေးကြတယ် …
ပထမလဝက်လောက်ကတော့ မင်းယွီအခန်းလေးထဲမှာပဲအချိန်ကုန်ဆုံးစေခဲ့တယ် … ခုတော့ မျက်ရည်တွေလဲ ကျစရာကျန်ရှိမနေတော့ဘူးထင်ပါရဲ့ … မင်းယွီရဲ့စိတ်ကလဲ ပုံမှန်လို ပြန်ဖြစ်လာခဲ့တယ် …
လရင့်လာတဲ့အတွက် ဗိုက်ထဲကအကောင်ငယ်လေးက အမြဲလိုလိုလှုပ်ရှားနေတတ်၍ မင်းယွီသားလေးနဲ့စကားတွေပြောရင်း ဝမ်းနည်းစရာအချိန်တွေကို မေ့ပျောက်စေခဲ့တယ် …
ရှန်ဝေကလဲအမြဲလိုလိုရောက်လာတတ်ပြီး မင်းယွီကိုအဖော်ပြုပေးတယ် … ရှုယွမ်တို့ သားအမိက မင်းယွီမွေးပြီးတဲ့အထိ အဖော်ပြုပေးမယ်ဆိုပြီး သူတို့ရဲ့ဘေးအိမ်ကိုပြောင်းလာခဲ့ကြတယ် … ရှန်ဝေက ရှုယွမ်ကို ရှန်အိမ်တော်ရဲ့သတင်းတွေအမြဲမပြတ်ယူလာပေးတယ် … ဒါပေမဲ့ မင်းယွီကိုတော့အသိမခံဘူး …
မိခင်ရဲ့ပြုံးပျော်နေတဲ့ပုံရိပ်လေးတွေကိုမြင်တိုင်း မင်းယွီစိတ်ကြည်နူးရတယ် … ဒီလိုနဲ့သူ့ရဲ့နေ့ရက်တွေက အေးဆက်မနေတော့ပဲ မိသားစုအသစ်နဲ့အတူ နွေးထွေစပြုလာခဲ့လေတယ် …
" သားလေးရေ … ထမင်းစားရအောင် …
ယွီလေးကိုခေါ်လာခဲ့ "
" ဟုတ်ကဲ့မား "
ရှုယွမ်က အိမ်ပေါ်ထပ်ကနေ မင်းယွီကိုတွဲခေါ်လာခဲ့တယ် … လရင့်လာ၍လားမသိ အိပ်ကောင်းစားကောင်းနဲ့ မင်းယွီကိုယ်လေးက ဆိုပြေနေသော်လဲ အိပ်ရေးပျက်တဲ့ညတွေကြောင့် သူ့ရဲ့မျက်နှာလေးက နွမ်းလျှပြီး ဖြူရော်နေတယ် …
မိခင်ဖြစ်သူက မင်းယွီရဲ့ ထိုမျက်နှာလေးကိုမြင်ရတော့ ဆိုရိမ်စွာဖြင့်မေးလာတယ် …
" သားလေးမျက်နှာက ဖြူရော်နေတာပဲ …
မျက်ကွင်းတွေလဲညိုနေတယ် …
အိမ်မက်ဆိုးတွေကြောင့် အိပ်လို့မပျော်ဘူးလား "
မင်းယွီက ကြိုးစားကာ ပြုံးပြလျှက် …
" အိမ်မက်ဆိုးတွေက သားအတွက်ပုံမှန်လိုဖြစ်နေပါပြီ … မေမေစိတ်မပူနဲ့ "
" သားလေးအိမ်ထဲမှာပဲအမြဲအိပ်နေရင် အိမ်မက်ဆိုးတွေကမက်နေအုံးမှာပဲ …
မေ့မေ့ပျောက်ပျောက်လေးဖြစ်သွားအောင် ထမင်းစားပြီးရင် ညနေစောင်းကြ သားလေးရှုယွမ်နဲ့ လမ်းလျှောက်ထွက်ပါလား "
အားလုံးက တိုက်တွန်းနေတာမို့ မင်းယွီလဲ အိမ်ထဲမှာနေရတာ ငြီးငွှေ့လာတာနဲ့လက်ခံလိုက်လေတယ် … ရှုယွမ်လဲ အလုပ်အားနေတာနဲ့ ထိုနေ့ညနေဆောင်း ပန်းခြံဘက်လမ်းလျှောက်ထွက်ဖို့ပြင်ဆင်ကြလေတယ် …
ဆောင်းဥတုကုန်၍ နွေရာသီရောက်လာပေမဲ့လဲ တစ်ခါတစ်ရံအေးနေတတ်၍ အနီရောင်မာဖလာလေးကို မီးယွီပခုံးပေါ်ပတ်တင်ပေးလိုက်တယ် … အနွေးထည်ပါးပါးလေးတစ်ထည်ဝတ်ပေးပြီး ပူလုံးလုံးဗိုက်လေး ဖုံးသွားအောင် ကြယ်သီးတပ်ပေးလိုက်တယ် …အားလုံးအဆင်သင့်ဖြစ်သွားတော့ အိမ်ငယ်လေးထဲကနေ ထွက်လာခဲ့ကြလေတယ် …
ဆင်းရဲသားရက်ကွက်လေးဆိုပေမဲ့ မြို့ရဲ့အနီးမှာရှိတာကြောင်း အားလုံးက ခေတ်မှီကြလေတယ် … ဒါပေမဲ့ အယ်ဖာတွေ အိုမီဂါတွေကတော့ ရှားပါးနေဆဲပဲ … ရက်ကွက်လေးထဲက ဘီတာတွေက အယ်ဖာနဲ့အိုမီကာစုံတွဲ လမ်းလျှောက်နေတာကို အထူးအဆန်းတဖွယ်ကြည့်နေကြတယ် …
မင်းယွီထိုအရာတွေကိုဂရုမစိုက်ပဲ သူငယ်ငယ်က ပြေးလွှားစော့ကစားပြီး ကျောင်းတက်ခဲ့ရတဲ့အချိန်တွေကို ပြန်အမှတ်ရမိကာ ပြုံးနေမိတယ် … ခုသူတက်ခဲ့တဲ့ကြောင်းကြီးက ခေတ်မှီပြီးအဆောက်အဦးတွေအားလုံးက အသစ်တွေ ဖြစ်နေပြီ … အရင်က ခြောက်ကပ်ကပ်ပန်းခြံလေးကလဲ နွေရာသီမှာ အပန်ဖြေဖို့ ရောက်လာကြတဲ့ လူများကြောင့် ဈေတန်းတွေနဲ့ စည်ကားလို့နေပြီ …
ရှုယွမ်က မင်းယွီပြုံးပျော်နေတာလေးကို ငေးကြည့်ပြီး ကျေနပ်နေမိတယ် … ဆိုင်တစ်ဆိုင်ရောက်တော့ မင်းယွီခြေလှမ်းတွေ ရပ်တန့်သွားလေတယ် … မင်းယွီငေးကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ ရေခဲမုန့်ဆိုင်ငယ်လေး … ရောင်းနေတဲ့လူက အသက် ၆၀ ဝန်းကျင် ဘီတာအဖိုးတစ်ယောက် …
မင်းယွီက တိုးတိုးလေးပြောလိုက်တယ် …
" ဦးလေးကြီးတောင် အသက်ကြီးနေပြီ "
" သူ့ကိုသိလို့လား "
" အင်း … ကျွန်တော်ငယ်ငယ်လေးကတည်းက ဒီဆိုင်မှာဝယ်စားနေကျလေ "
" ခု သွားဝယ်စားချင်လား "
" မသွားတော့ပါဘူး …
ကျွန်တော်သွားလဲ သူကမှတ်မိမှာမဟုတ်တော့ဘူး "
ရှုယွမ်းက ခနမျှ တွေးလိုက်ပြီး မင်းယွီပုံစံက စားချင်နေပုံပေါ်၍ ဘေးနားက ခုံလေးထံ ဆွဲခေါ်ကာ ထိုင်စေလိုက်တယ် …
" မင်းယွီ ဒီမှာခနစောင့် … အကိုပြန်လာခဲ့မယ် "
ရှုယွမ်က မင်းယွီကိုထားခဲ့ပြီး ကားလမ်းရဲ့တဖက်မှာ ရှိနေတဲ့ ရေခဲမုန့်ဆိုင်လေးထံ ပြေးသွားလေတယ် …
မင်းယွီခုံလေးပေါ်မှာ ငြိမ်သက်စွာထိုင်နေပြီး သူ့အရှေ့ကိုလာရပ်တဲ့ခြေထောက်တစ်စုံကြောင့် မော့ကြည့်လိုက်တော့ ရင်းနီတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတယ် … ထိုလူက အံ့ဩဝမ်းသာလျှက် မင်းယွီကိုတွေ့တော့ နှုတ်ဆက်လာတယ် …
" မင်းယွီ … မင်းက ပိုင်မင်းယွီမဟုတ်လား …
ငါလေ … မင်းသူငယ်ချင်း "
" ရှုမင်း "
" အေး … ခုမင်းဘာတွေလုပ်နေလဲကွ …
ငါတို့မတွေ့ကြတော့တော့ ၃ နှစ်တောင်ရှိသွားပြီ "
ထိုလူက မင်းယွီရဲ့အရင်းနီးဆုံး ကျောင်းနေဘတ်သူငယ်ချင်းဖြစ်သလို စကားများပြီး စပ်စုဆုံး လဲဖြစ်ပြန်တယ် … သူ့ရဲ့ဘေးမှာ လက်ချင်းချိတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှိနေ၍ မင်းယွီက မေးကြည့်လိုက်တယ် …
" သူက ဘယ်သူလဲ "
" ငါ့မိန်းမလေ … သူနဲ့လက်ထပ်ထားတာ ၂ နှစ်ရှိပြီ … အဲ့ဒါကြောင့်မင်းမသိတာ …
အော်ဒါနဲ့ ငါတို့မှာ သားသားလေးရှိနေပြီကွ … ဗိုက်ထဲမှာ ၊ ဒီအပတ်ထဲဆိုမွေးတွေတော့မှာ "
သူကတော့ ငယ်ငယ်ကအတိုင်းပဲ ဂုဏ်ဆာလို့မပြီးနိုင်ဘူးလို့ မင်း၍ စိတ်ထဲကနေ ပြောလိုက်တယ် … ထိုလူက မင်းယွီလက်တင်ထားတဲ့အောက်က ပူလုံးလုံးလေးကိုမြင်သွားပြီး အံ့ဩသကြီးနဲ့မေးလိုက်တယ် …
" ပိုင်မင်းယွီ … မင်းလက်အောက်ကဘာကြီးလဲ …
မင်းငါမမြင်အောင် တစ်ခုခုဖွက်ထားတာများလား "
ထိုအခါ သူ့အမျိုးသမီးဆိုသူက စကားကိုမခြင်မခြင်ပြေနေတဲ့ ရှုမင်ရဲ့နားကို နာနာလေးလိမ်ဆွဲပြစ်လိုက်တယ် …
" ရှင်ဘာတွေရှောက်ပြောနေတာလဲ …
သူကလဲ ကျွန်မလို ဗိုက်ကြီးနေတာ "
" ဟား … ဟာသတွေပြောနေပြန်ပါပြီ …
မင်းယွီက ဘီတာလေး … ဘယ်လိုလုပ်ဗိုက်ကြီး … "
သူ့ရဲ့စကားတွေက ရပ်သွားပြီး တစ်စုံတစ်ခုပြောင်းလဲနေတာကို ခန်မှန်းမိသွားကာ အတော်လေးအံ့ဩသွားလေတယ် …
" မဖြစ်နိုင်တာ …
ပျောက်နေတဲ့ ၃ နှစ်အတွင်း မင်းဘာတွေဖြစ်ခဲ့တာလဲမင်းယွီ "
သူအိုမီဂါမှန်းစသိကတည်းက ငယ်သူငယ်ချင်းတွေနဲ့လဲအဆက်သွယ်ဖျက်ခဲ့တယ် … သူ့ရဲ့ဒီပုံစံကို ဘယ်သူ့ကိုမှမမြင်စေချင်ဘူး … အားလုံးက လှောင်ရယ်ကြမှာမဟုတ်ပေမဲ့ မင်းယွီကိုယ်တိုင်က အိုမီဂါတစ်ယောက်အဖြစ် လူတွေရဲ့အံ့ဩစွာကြည့်နေတာမျိုးမလိုချင်ဘူး …
မင်းယွီတိတ်ဆိတ်နေတာတွေ့တော့ သူ့ငယ်ချင်းရဲ့ဇနီးဖြစ်သူကဆိုလာတယ် …
" ကျွန်မက ဘီတာတစ်ယောက်ပါ … ဒါပေမဲ့ ရှင်ကအိုမီဂါတစ်ယောက်ဆိုတာ ကြည့်ယုံနဲ့သိနိုင်တယ် …
ရှင့်ရဲ့ကိုယ်ဝန်လဲ လရင့်နေပြီထင်တယ် … ကလေးက ဘာလေးလဲဟင် "
" သားလေးပါ "
" ကျွန်မယောက်ျားမှာ ရှင့်လိုသူငယ်ချင်းမျိုးရှိတာ ဂုဏ်ယူမိတယ် …
သူ့ရဲ့စကားတွေကိုဗွေမယူပါနဲ့ "
" ရပါတယ်ဗျာ … ကျွန်တော် သူ့အကြောင်းသိပြီးသားပါ "
" မင်းယွီ … မင်းကတကယ်အိုမီဂါပေါ့ …
ဒါဆို မင်းရဲ့အယ်ဖာကဘယ်မှာလဲ "
သူကတော့ ဝမ်းသာစွာနဲ့မေးလိုက်ပေမဲ့ မင်းယွီမျက်နှာလေးက ချက်ချင်းငြှိုးငယ်သွားလေတယ် … ထိုစဉ် အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကြည့်လိုက်ယုံနဲ့ သန့်စင်တဲ့အဆင့်မြင်အယ်ဖာမှန်းသိသာလှတဲ့ အမျိုးသားတစ်ဦးရောက်လာပြီး မင်းယွီနှဖူးထံဝဲပျံနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး …
" အပြင်မှာထိုင်နေတာအေးနေပြီလား "
အရှေ့က ၂ ယောက်လုံးစွံ့အသွားကြတယ် … ထိုလူက ရှုယွမ်ပင် … ရှုယွမ်က မင်းယွီသူငယ်ချင်းတွေကိုပြုံးပြလိုက်ပြီး …
" မင်းတို့က မင်းယွီရဲ့သူငယ်ချင်းတွေထင်တယ် …
တွေ့ရတာဝမ်းသာပါတယ် "
" အာ … ဟုတ် … ဟုတ်ကဲ့ …
တွေ့ရတာဝမ်းသာပါတယ် "
ရှုယွမ်က သာမံလူသားတွေဖြစ်တဲ့သူတို့အမြင်မှာ လင်းလပ်လွန်း၍ မျက်ဝန်းထဲကနေ ကြယ်တွေထွက်နေကြပြီး သူတို့ ၂ ယောကို လိုက်ဖက်လွန်းလှတယ်လို့ စိတ်ထဲကနေ ပြိုင်တူတွေးလိုက်ကြတယ် …
ပြီးနောက် မင်းယွီဘက်ကိုလှည့်ကာ နှုတ်ဆက်လိုက်ကြတယ် …
" မင်းယွီ … မင်းကအရမ်းကံကောင်းတာပဲ …
ခုမင်းတို့ရဲ့အချိန်လေးကို မနှောက်ယှက်တော့ပါဘူး …
နောက်မှအေးဆေးပြန်တွေ့ကြမယ် "
ပြောပြီးနောက် ထွက်သွားကြလေတယ် …
" အကို … ကျေးဇူးပါ "
" မလိုပါဘူး … ကိုယ်က မိတ်ဆက်လိုက်တာလေးပဲကို "
သူတို့ ထိုနေရာကနေ ထွက်လာခဲကြတယ် … ရှုယွမ်က သူ့လက်တစ်ဖက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ပန်းရောင်ရေခဲမုန့်ခွက်လေးကို မင်းယွီထံပေးလိုက်တယ် …
" ဒါ စတော်ဘယ်ရီအရသာ "
" ဟင် … ကျွန်တော့အကြိုက်ကို ဘယ်လိုသိတာလဲ "
" ဒီတိုင်း ခန့်မှန်းလိုက်ယုံပဲ …
အကို့အကြိုက်နဲ့ မင်းယွီအကြိုက်က တူတာများတယ်လေ "
မင်းယွီမစားရတာကြာပြီဖြစ်တဲ့ ရေခဲမုန့်လေးကို စားရင်း လေပြေးအေးလေးတွေနဲ့အတူ ပန်းနံ့လေးတွေလွင့်ပျံနေတဲ့ ပန်းခြံထဲမှာ လမ်းလျှောက်နေခဲ့တယ် …
" မင်းယွီ … မေမေအကို့ရဲ့ကိုယ်ဝန် လွယ်ထားတုန်းကလဲ အချိုးသိပ်ကြိုက်တာတဲ့ …
ခုမင်းယွီလဲ အချိုသွေးတောင်းနေတယ်ဆိုတော့ ဗိုက်ထဲက သားသားလေးက Dominant Alpha ဖြစ်နေမလား "
" သားလေးအယ်ဖာဖြစ်ရင်ကောင်းမယ် "
မင်းယွီပြောတဲ့အဓိပ္ပါယ်ကို ကောင်းကောင်းကြီးသိနေတာမို့ ဝမ်းမနည်းဖို့ မင်းယွီခေါင်းလေးကို ရှုယွမ် ဖွဖွလေး ပွတ်သပ်ပေးမိသွားတယ် …
" သားလေးက ကံကောင်းတဲ့ကလေးလေးဖြစ်မှာပါ "
အဲ့ဒိနေ့ကစ၍ မင်းယွီအပတ်တိုင်း လမ်းလျှောက်ထွက်ဖြစ်တယ် … ရှုယွမ်ရဲ့ဂရုစိုက်မှုတွေက နွေးထွေးပြီး အရင်ကလို အိမ်မက်ဆိုးတွေ မမက်တော့သလို့ နေ့ရက်တွေဟာလဲ တဖြေးဖြေး ဆိုပြေလာခဲ့တယ် …
မွေးဖွားရန် တစ်ပတ်အလို …
" သားလေး … မင်းယွီက ခွဲစိတ်ရမှာဆိုတော့ ဆေးရုံးကို ခုကတည်းက ကြိုပြီးသွားသင့်လား "
" ၃ ရက်လောက်နေမှသွားလဲရပါတယ် …
ကြိုရောက်ရင် စိတ်ကျဉ်းကျပ်နေလိမ့်မယ် "
မင်းယွီမွေးဖွားခါနီး၍ ရှုယွမ်အလုပ်ကိုပါ နားထားရတယ် … သူ့ရဲ့အယ်ဖာဟော်မုန်းတွေအိမ်ထဲမှာရှိနေမှ မင်းယွီက ငြိမ်သက်စွာရှိနေလိမ့်မယ် … ရှုယွမ်အမေက အယ်ဖာဆိုပေမဲ့ သူမကအိမ်ထောင်သည်ဖြစ်၍ မင်းယွီအပေါ်မသက်ရောက်ဘူး … ရှုယွမ်ဟော်မုန်းက သန့်စင်လွန်း၍ မင်းယွီရဲ့မိတ်နေရာမှာ အစားထိုးနိုင်တယ် …
မိခင် ၂ ယောက်က သားလေး ၂ ယောက်ကိုပြုံးကာကြည့်နေတယ် … ရှုယွမ်က မင်းယွီကို လိုလေသေးမရှိအောင်ထားပြီး ဂရုစိုက်နေပုံက သူ့ရဲ့မိတ်အယ်ဖာနဲ့ပင် တူနေလေပြီ …
" သားလေးတို့က လိုက်ဖက်တဲ့ စုံတွဲတွေလိုပဲ …
မွေးလာတဲ့ကလေးလေးရဲ့ဖခင်က သားလေးရှုယွမ်ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ …
အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင်ကောင်းမယ် "
မင်းယွီမိခင်က ညည်းထွားစွာဆိုလိုက်တယ် … ထိုအခါ ရှုယွမ်မိခင်က …
" သားလေးက မိတ်မဟုတ်လဲပဲ ခုမင်းယွီအနားမှာရှိနေပြီပဲ …
ဗိုက်ထဲကကလေးလေးထွက်လာရင် အဖေမလိုအပ်ဘူးလေ … သားရှိနေရင်ရပြီ "
ဒါကမိခင်တွေစနောက်နေကြစကားမို့ မင်းယွီစိတ်ထဲမထားသော်လဲ သူ့မျက်နှာက ပြုံးပျော်မနေခဲ့ … ထိုအရာကိုမြင်တော့ ရှုယွမ်ကဝင်ပြောလိုက်တယ် …
" မေမေတို့ မင်းယွီကိုမစပါနဲ့တော့ …
ကျွန်တော်တို့ ဒီအပတ်ဆေးခန်းသွားပြရအုံးမယ် "
" အင်း … သားတို့သွားကြလေ …
ဆေးရုံမှာတစ်ခါတည်းနေရမှာဆိုလဲ မေမေတို့ကိုပြော …
ပစ္စည်းတွေပြင်ဆင်ပြီးယူလာခဲ့မယ် "
မင်းယွီရဲ့ခွဲစိတ်မှုက ရှုတ်ထွေးတာကြောင့် ဆရာဝန်တွေက ဆေးရုံကြိုတက်ထားပြီး စောင့်ကြည့်ဖို့ပြောလာတယ် … သားအိမ်နှစ်မွှာဖြစ်နေ၍ ခုကလေးထည်နေတဲ့ သားအိမ်ကို ဖျက်ထုတ်ပြစ်မှရလိမ့်မယ် … အူရောင်ရောဂါကတော့ လုံးဝအရှင်းပျောက်ကင်းနေ၍ ပူပန်စရာမလိုသော်လဲ ခလေးမွေးဖွားရာမှာတော့ အောင်နိုင်ခြေ ၁၀၀℅ အပြည့်မရှိနိုင်ဘူး …
*
*
*
*
မွေးဖွားမည့်နေ့ …
မင်းယွီဗိုက်မနာကျင်သော်လဲ ခွဲစိတ်ရန်သတ်မှတ်ထားတဲ့အချိန်ရောက်လာခဲ့ပြီ … မင်းယွီကြောက်မိပေမဲ့ သားလေးရဲ့စိတ်နဲ့ အားတင်းကာ ခွဲစိတ်ခန်းထဲဝင်သွားလေတယ် … ဆရာဝန်တွေအားလုံးက ရှုယွမ်ငှားထားတဲ့ သီးသန့် ပါဒဂူကြီးတွေဖြစ်၍ ဘယ်လောက်ခက်ခဲပါစေ ပူပန်စရာမလိုသော်လဲ စိတ်ကမအေးနိုင် …
တစ်နာရီခန့်ကြာတဲ့ထိ ခွဲစိတ်ခန်းတံခါးပွင့်မလာခဲ့ဘူး … မင်းယွီမိခင်နဲ့ချူးရှန့်မိခင်ပါ ရောက်နေကြပြီး အားလုံးပူပန်နေကြတယ် … မင်းယွီရဲ့မွေးဖွားကာလမှာ အန္တရာယ်ကင်းဖို့ စိတ်ထဲကနေ အားလုံးဆုတောင်းနေကြတယ် …
နောက်ထက် နာရီဝက်ခန့်ကြာတော့အခန်းထံခါးပွင့်လာပြီး အထဲကနေ ဆရာဝင်တစ်ယောက်ထွက်လာတယ် … သူ့မျက်နှာက ရွှင်မြနေတာမို့ အားလုံးက သက်ပြင်းဖွဖွချလိုက်ကြတယ် …
" စိတ်မပူကြပါနဲ့ ခွဲစိတ်တာကခက်ခဲတော့ အချိန်ကြာသွားတယ် ကလေးက လွန်ခဲ့တဲ့တစ်နာရီကတည်းက မွေးပြီးပါပြီ ယောက်ျားလေးပါ "
ထိုအခါမှ အားလုံးသက်မချနိုင်ကြပြီးပြုံးပျော်သွားကြလေတယ် .…
" ဒေါက်တာ ခုမင်းယွီအခြေအနေဘယ်လိုရှိလဲ "
" လူနညကခွဲစိတ်ပြီးလို့ ချုပ်ရိုးတွေလဲ သေချာချုပ်ပေးဒြထားတယ် အနာကျပ်ဖို့ စောင့်ရအုံးမယ် အဲ့ဒါပြီးမှ သတိရလာဖို့စောင့်ရမှာ "
" ဒါဆိုကလေးနဲ့သူနဲ့ မတွေ့ရသေးဘူးပေါ့ "
" ဟုတ်ပါတယ် ခွဲစိတ်မှုကအချိန်ကြာသွားတော့ လူနာလဲပင်ပန်းနေပြီ သူ့ကိုသတိရလာတဲ့ထိ အချိန်ပေးရဦးမယ် "
" ကျွန်တော်နားလည်ပါပြီ ခု ကလေးကိုသွားကြည့်လို့ရလား "
" လူနာရှင်တစ်ယောက်တော့ဝင်ခွင့်ရှိတယ် စိတ်တော့မရှိပါနဲ့ ကလေးက နုသေးတော့ ကလေးရဲ့ကျန်းမာရေးအတွက်ပါ "
နောက်ဆုံး ရှုယွမ်က ကလေးကိုကြည့်ဖို့အတွက် အကာကွယ်ဝတ်ဆုံဝတ်ပြီး အခန်းထဲသို့ဝင်လာခဲ့လေတယ် …
ဖြူဥနေတဲ့အသားအရည်လေးက ဂွမ်းမွေးလေးပမာ … ဆံနွယ်လေးတွေက မွေးကစဆိုပေမဲ့ နက်မှောင်နေပြီး တစ်စုံတစ်ယောက်နဲ့ ချွတ်စွပ်တူနေတယ် … ဒီအခွင့်အရေးက ဖန်းဂူရသင့်ပေမဲ့ ခုချိန်မှာ ကလေးကပထမဦးဆုံး ပွေ့ချီခွင့်ရတဲ့သူက ရှုယွမ်ဖြစ်လို့နေတယ် …
ကံကောင်းတဲ့ကလေးလေးက ကျန်းကျန်းမာမာပဲကြီးထွားလာခဲ့တယ် … မင်းယွီအနာကျပ်ဖို့ တစ်ပတ်ခန့်အချိန်ယူပြီးနောက် ဆေးရုံပေါ်ကနေ အန္တရာယ်ကင်းကင်းနဲ့ ဆင်းလာနိုင်ခဲ့တယ် …
ကလေးရဲ့ရက်တစ်ရာပြည့်နေ့မှာ ပထမဆုံး ကလေးရဲ့နာမည်ကိုပေးဖို့စဉ်းစားကြတယ် …
" မင်းယွီသားလေးကို ဘယ်လိုနာမည်ပေးချင်လဲ "
" ကျွန်တော် သားလေးကို သတ္တိရှိပြီး ကံကောင်းတဲ့သူတစ်ယောက်ဖြစ်စေချင်တယ် သူ့ရဲ့စိတ်ဓာတ်ကကြံ့ခိုင်ရမယ် ပျက်သားရမယ် ရရင့်ရမယ် သားလေးကအမြဲကံကောင်းနေရမယ် "
" ဒါဆိုရင် လနဲ့ယနဲ့ပါတာပေးရင်ရော မျိုးရိုးကို မင်းယွီရဲ့မျိုးရိုးပဲယူမှာလား "
" အင်း ကျွန်တော်ကသာသူ့အဖေ ကျွန်တော်ကသာသူ့အမေ သားလေးရဲ့မျိုးရိုးကပိုင် ရဲ့ရင့်ပြန်သားပြီး စိတ်ဓာတ်ခိုင်မာတဲ့သားလေး သူ့နာမည်ကို ပိုင်လုယီလို့ပေးရင်ကော "
" ပိုင်လုယီ ကောင်းသားပဲ သားလေး ပိုင်လုယီ "
လုယီလေးရောက်လာပြီးနောက်ပိုင်းမှာတော့ မင်းယွီရဲ့နေ့ရက်တွေက ပျော်ရွှင်စရာအချိန်လေးတွေရောက်ရှိလာပြီး အတိတ်ဆိုးတွေအားလုံးကိုမေ့ပျောက်သွားလေတယ် …
*
*
*
*
မိုင်ပေါင်းများစွာ ဝေးကွာတဲ့ တစ်နေရာ၌ ကွင်းပြင်ကျယ်ကြီးတစ်ခုအတွင်းမှာ ခန့်ညားတဲ့အမျိုးသားတစ်ယောက် ကျနစွာရပ်နေပြီး သူ့ရဲ့အရှေ့မှာတော့ အပြစ်သားတစ်ချို့ ဒူးထောက်ကာနေနေတယ် …
စွန်ရဲတစ်ကောင်လိုနက်မှောင်တဲ့သူ့ရဲ့မျက်ဝန်းတွေက မြင်သူတိုင်း ကြောက်လန့်စေပြီး သူပြုံးလိုက်တဲ့အပြုံးတစ်ခုက မရဏလမ်းရဲ့တံခါးဝတစ်ခုလို သူတို့ရဲ့နောက်ဆုံးအကြိမ်ဆိုတာ သိလိုက်ရတော့ ခေါင်းနဲ့မြေကြီးထိမတပ် တောင်းပန်လေတော့တယ် …
" သ … သခင်လေး ခွင့်လွှတ်ပေးပါ "
" ဟမ့် … မင်းတို့ကြောက်တတ်ရင် အစကတည်းက ငါ့ကိုလာမစွသင့်ဘူး "
" နောက်မလုပ်တော့ပါဘူး …
တောင်းပန်ပါတယ် "
' ဒိုင်း … ဒိုင်း … ဒိုင်း '
သေနတ်ထဲက ကျည်ထွက်သွားပြီးနောက် ထိုလူ ၃ ယောက်လုံး မြေပြင်ပေါ်သို့လဲကြသွားလေတယ် … ထိုအခါမှ ထိုလူက ကျေနပ်သွားပြီး သူ့လက်ထဲက သေနတ်ပြောင်းကို လက်လေးနဲ့အသာအယာလေးပွတ်သပ်နေလိုက်တယ် …
" သခင်လေး "
အနောက်ကခေါ်သံကြောင့် သူ့ရဲ့ဦးခေါင်းကအနောက်ကိုလှည့်ကာကြည့်လိုက်တော့ လေးထောင့်ပါဝါမျက်မှန်နဲ့ တည်ငြိမ်နေတဲ့ သူ့ရဲ့လက်ထောက်ကိုတွေ့လိုက်ရတယ် …
" ဘာကိစ္စရှိလို့လဲ "
" သခင်လေးအလုပ်ပြီးပြီဆို ကျွန်တော်တို့ Aမြို့ကိုပြန်ဖို့ ပြင်ဆင်ရတော့မယ် "
ထိုလူက နေကာမျက်မှန်ကိုပင့်တင်လိုက်ပြီး အနောက်ကိုခြေ ၂ လှမ်းဆုတ်ကာ သူ့သခင်သွားဖို့ လမ်းရှင်ပေးလိုက်တယ် …
" ငါအဝတ်လဲလို့မပြီးသေးခင် ဒီအမှိုက်တွေကိုရှင်းထား "
" ဟုတ်ကဲ့ပါ သခင် "
ထိုလူက သူ့ရဲ့အခန်းထဲဝင်သွားကာ ရေမိုးချိုးပြင်ဆင်လေတော့တယ် … ဒါက သူ့ရဲ့နှစ်ချီကြာပြီးမှ ပထမဆုံး Aမြို့ကိုပြန်ရမဲ့ခရီးမို့ အခန့်ညားဆုံးပြင်ဆင်ရမှာဖြစ်တယ် …
ရေစိုနေရဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြွက်သားတွေက တောင့်တင်းကြံခိုင်လှပြီး လည်ပင်းမှာတော့ အင်အားအပြည့်နဲ့ ဟိန်းဟောက်နေတဲ့ ခင်္သြေ့ပုံ လည်ဆွဲတစ်ခုကို ဆွဲထားလေတယ် …
သူ့ရဲ့ပခုံးတစ်ဖက်တစ်ချက်က အပေါက်ရာနှစ်ခုက နှစ်ကြာပြီဖြစ်၍ အရာလေးသာရှိနေပေမဲ့ ပျောက်ပျက်မသွားတော့မဲ့ အမှတ်တဆိတ်တစ်ခုအလား …
ခန္ဓာကိုယ်ကို ရေပြောင်စင်အောင်သုပ်ပြီးသွားတော့ အရန်သင့်ပြင်ဆင်ပေးထားတဲ့ ခန့်ညားတဲ့ အနက်ရောင်ဝတ်ဆုံကို ဝတ်ဆင်လိုက်လေတယ် … အားလုံးပြင်ဆင်ပြီးသွားတော့ အိမ်အောက်ထက်ကို ဆင်လာခဲ့တယ် …
တူညီဝတ်ဆုံများဆင်မြန်ထားတဲ့တပည့်တွေက စီရီစွာ ရပ်နေကြပြီး သူတို့သခင်လေး ကားပေါ်တက်ဖို့ အရန်သင့်တံခါးကို ဖွင့်ပေးထားကြတယ် … အနက်ရောင်ကား ၁၀ စီးခန့်က အိမ်ကြီးထဲကနေ ထွက်လာကြပြီး လေယာဉ်ကွင်းထံ ဦးတည်ကာ မောင်းနှင်လာကြတယ် …
ကြီးမားတဲ့လေယာဉ်တစ်ခုက ကွင်းထဲမှာစိုက်ရောက်နေပြီး အားလုံးက တူညီဝတ်ဆုံများဆင်မြန်းထားလျှက် …
" သခင်လေး … ခုပဲထွက်ခွာချင်ပါသလား "
ထိုလူက ပင်လယ်ပြင်ကြီးရဲ့တစ်ဖက် အဝေးတစ်နေရာက မြို့လေးရှိရာထံငေးကြည့်လျှက် ပြတ်သားစွာ ဖြေဆိုလိုက်လေတယ် …
" ခုပဲထွက်ခွာမယ် "
သူ့ရဲ့ခြေလှမ်းတွေက လေယာဉ်ပေါ်ဦးတည်ကာ တက်လာပြီး အထူးစီစဉ်ထားတဲ့ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ် … ခနကြာတော့ လေယာဉ်ကြီးက လေပေါ်သို့ တစ်ဖြေးဖြေးမြင်တက်လာလေတယ် …
ထိုလူမျက်နှာက ပဟေဠိပေါင်းများစွာနဲ့ ပင်လယ်ပြင်ကြီးကိုသာငေးကြည့်လျှက် A မြို့တော်ခရီးစဉ် စထင်ထွက်ခွာလာလေတော့တယ် .…
~~~~ The Ent ~~~~
( S1 လေးကပြီးသွားပါပြီ … 💕 S2 ကဒီမှာပဲစပြီး Ch-57 ကနေစမှာပါ … ဒီတိုင်း ခွဲလိုက်ယုံလေးပဲ … 🥰
နောက်ပိုင်းပေါ့ပေါ့ပါးပါးလေးပဲ သွားမှာပါ 🤗🤗 အဂူကိုသေပြီလားမေးတဲ့သူတွေ ဖြေပေးစရာမလိုတော့ဘူးထင်ပါတယ် 😉 ဘာတွေဘယ်လိုဖြစ်လာမလဲ စိတ်လှုပ်ရှားစွာနဲ့စောင့်နေပေးပါ 💕
ခုချိန်ထိရောက်အောင် အားပေးလာတဲ့ဒါဒါလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ် … ကိုလဲဒီနေ့မစားမသောက်ပဲကို မရပ်မနားရေးထားရတာပါ … အဆုံးထိဖတ်ပြီးရင် Votiလေးပေးခဲ့ဖို့မမေ့နဲ့နော် … ဖတ်လာခဲ့သမျှ ဇာတ်လမ်းလေးအပေါ် ခံစားချက်ကို fbလေးတွေရေးပေးသွားကြပါနော် 🤗
မနက်ဖြန်သွားစရာလေးရှိလို့ မတင်ဖြစ်လောက်ဘူး … S2 အစကို နောက်နေ့မှစမယ်နော် … ပျော်ရွှင်ကြပါစေ 🙆♀️💕 )
#Zawgyi
*
*
*
*
*
*
*
*
ယွီလေးကိုခေါ်လာခဲ့ "
" ဟုတ်ကဲ့မား "
" သူ့ကိုသိလို့လား "
" ခု သွားဝယ်စားချင်လား "
" မသွားတော့ပါဘူး …
ငါလေ … မင်းသူငယ်ချင်း "
" ရှုမင်း "
" သူက ဘယ်သူလဲ "
" မဖြစ်နိုင်တာ …
" သားလေးပါ "
တွေ့ရတာဝမ်းသာပါတယ် "
" အာ … ဟုတ် … ဟုတ်ကဲ့ …
တွေ့ရတာဝမ်းသာပါတယ် "
" အကို … ကျေးဇူးပါ "
" ဒါ စတော်ဘယ်ရီအရသာ "
" အင်း … သားတို့သွားကြလေ …
*
*
*
*
မွေးဖွားမည့်နေ့ …
*
*
*
*
" နောက်မလုပ်တော့ပါဘူး …
တောင်းပန်ပါတယ် "
' ဒိုင်း … ဒိုင်း … ဒိုင်း '
" သခင်လေး "
" ဘာကိစ္စရှိလို့လဲ "
" ဟုတ်ကဲ့ပါ သခင် "
ရေစိုနေရဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြွက်သားတွေက တောင့်တင်းကြံခိုင်လှပြီး လည်ပင်းမှာတော့ အင်အားအပြည့်နဲ့ ဟိန်းဟောက်နေတဲ့ ခြင်္သေ့ပုံ လည်ဆွဲတစ်ခုကို ဆွဲထားလေတယ် …
" ခုပဲထွက်ခွာမယ် "
~~~~ The Ent ~~~~