[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၄၅ ..

12.3K 1.4K 67
By busy_pisi

《Zawgyi》

အပိုင္း - ၁၄၅
[ဇာတ္လိုက္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း-၂]

ဒီနာမည္ႀကီး အႏုပညာရွင္ေလးဟာ လီမ်ိဳးရိုးျဖစ္ၿပီး အသက္၂၅ႏွစ္သာ ရွိေသး၏။ ဒါေပမယ့္ သူ႔ရဲ႕ ေတာ္ေတာ္ေလး ထူးခၽြန္ေကာင္းမြန္လွသည့္ သရုပ္ေဆာင္ အရည္အေသြးႏွင့္ အသိအမွတ္ျပဳထိုက္သည့္ ပံုပန္းသ႑ာန္တို႔ေၾကာင့္ တီဗြီအစီအစဥ္ေတြမွာ ပါဝင္ၿပီးေနာက္ ခ်က္ခ်င္းပင္ ပရိသတ္ ေျမာက္မ်ားစြာကို ရရွိခဲ့သူျဖစ္သည္။

ခ်င္းစုယြဲ႕က သူႏွင့္ သက္ေတာင့္သက္သာပဲ သူငယ္ခ်င္းေတြကဲ့သို႔ စကားေျပာၾကသည္။ ၿပီးေနာက္ သူတို႔ရဲ႕အိပ္မက္ေတြ အေၾကာင္းကို ေျပာၾကားၾကေလသည္။

သူက ဆိုသည္။
"ကၽြန္ေတာ့္မွာ အိပ္မက္ရိုးရိုးေလး တစ္ခု ရွိတယ္ဗ် ... ကၽြန္ေတာ္က ေအးေအးခ်မ္းခ်မ္းနဲ႔ ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ အလုပ္ေလးတစ္ခု လိုခ်င္တယ္ ... ကၽြန္ေတာ္ သေဘာက်တဲ့သူနဲ႔ အခ်ိန္ေတြ ကုန္ဆံုးသြားခ်င္ၿပီး သူတို႔နဲ႔ ေပ်ာ္ရႊင္စရာ မိသားစုေလးတစ္ခု တည္ေဆာက္ခ်င္တယ္"

ခ်င္းစုယြဲ႕က ျပံဳးလိုက္သည္။
"လူတိုင္းမွာလည္း ဒီလိုအိပ္မက္မ်ိဳးေလး ရွိၾကမွာပါ

"တင္ဆက္သူခ်င္းေရာ အဲ့လိုေတြးလား?"

"အင္း .. ဒါက ဘဝကိုေနထိုင္သင့္တဲ့ပံုလို႔ ကၽြန္မ ထင္ပါတယ္ .. အလုပ္ရယ္ မိသားစုရယ္ သူငယ္ခ်င္းေတြေတြရယ္"

"တင္ဆက္သူခ်င္း ... တစ္ခုခုကို ေမ့ေနတယ္လို႔ မခံစားရဘူးလား?"

ခ်င္းစုယြဲ႕က ေတြးၾကည့္လိုက္ၿပီးေနာက္ ျပံဳးစစျဖင့္ေျပာသည္။
"ကၽြန္မ အခုအခ်ိန္မွာ ေတာ္ေတာ္ေလး ေပ်ာ္ေနရတယ္လို႔ ထင္ပါတယ္ .. အဲ့တာေၾကာင့္ ဒီအခိုက္အတန္႔ေလးေတြကို အရမ္းတန္ဖိုးထားပါတယ္"

"အဲ့တာဆိုရင္ တင္ဆက္သူခ်င္းမွာ အခု ရည္ရြယ္ထားတဲ့သူ ရွိေနၿပီေပါ့?"

ခ်င္းစုယြဲ႕ဟာ ထိုသူ ဒီေလာက္ထိ သိခ်င္စိတ္မ်ားေနလိမ့္မယ္လို႔ မထင္ထားခဲ့ေပ။ သူမက ျပံဳးျပလိုက္သည္။
"ဟုတ္ပါတယ္ ... ကၽြန္မမွာ ခ်စ္သူရွိတယ္"

"အဲ့တာဆို မင္းရဲ႕ခ်စ္သူက ကၽြန္ေတာ့္ထက္ ပိုၾကည့္ေကာင္းလား?"

ခ်င္းစုယြဲ႕က ျပန္ေျဖ၏။
"အကယ္၍ ရွင္က ကၽြန္မခ်စ္သူကို ယွဥ္ေတာင္မယွဥ္ႏိုင္ဘူးလို႔ ေျပာလိုက္ရင္ ရွင့္ရဲ႕ပရိသတ္ေတြက ကၽြန္မကို စိတ္ဆိုးၾကလိမ့္မယ္ ... ဒါေပမယ့္ ကၽြန္မခ်စ္သူက ရွင့္ကိုမယွဥ္ႏိုင္ပါဘူးလို႔ ေျဖရင္လည္း ကၽြန္မရဲ႕ခ်စ္သူက ကၽြန္မကို စိတ္ဆိုးၿပီး လတစ္ဝက္ေလာက္ ေကာင္းေကာင္းႀကီး ပစ္ထားမွာ ... အဲ့တာေၾကာင့္မလို႔ ကၽြန္မ ေျပာခ်င္တာကေတာ့ အလွအပဆိုတာက ၾကည့္တဲ့သူေပၚမွာပဲ မူတည္ပါတယ္လို႔"
သူမရဲ႕အေျဖကိုေတာ့ ျပန္မေျဖခဲ့ပါေပ။

အစီအစဥ္က ခဏနားခ်ိန္ နီးကပ္လာသျဖင့္ ခ်င္းစုယြဲ႕က လာေရာက္ေပးတဲ့အတြက္ သူ႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္သည္။ သူကလည္း သူမအား ေယာင္ေယာင္ေလး ျပံဳးျပလာသည္။
"တင္ဆက္သူခ်င္းကို ေက်းဇူးတင္ပါတယ္ .. ကၽြန္ေတာ္က မင္းနဲ႔ ေအးေအးေဆးေဆး ေပ်ာ္ရႊင္စြာ စကားေျပာခဲ့ရပါတယ္"

"ေက်းဇူးတင္ပါတယ္ရွင္ ... ေနာက္ထပ္လည္း ကၽြန္မတို႔ရဲ႕ အစီအစဥ္မွာ ရွင့္ကို ထပ္မံ ဖိတ္ၾကားႏိုင္ဖို႔အတြက္ ေမၽွာ္လင့္ပါတယ္"

"ေကာင္းပါၿပီ"

အစီအစဥ္ ပထမပိုင္းကေတာ့ ေအာင္ေအာင္ျမင္ျမင္ ၿပီးဆံုးသြားကာ ပရိသတ္ေတြကလည္း ေကာင္းေကာင္းမြန္မြန္ တံု႔ျပန္မွတ္ခ်က္ျပဳၾက၏။ ခဏနားခ်ိန္မွာေတာ့ မိတ္ကပ္ပညာရွင္က ခ်င္းစုယြဲ႕ကို မိတ္ကပ္အနည္းငယ္ ျပန္ျပင္ဆင္ေပးသည္။ ထိုအခ်ိန္မွာပဲ သူမက ခ်န္းစီႏ်န္အား ကမန္းကတန္း ဖုန္းေခၚရေလသည္။ သူတို႔ အစီအစဥ္ ရိုက္ကူးေနခဲ့စဥ္ထဲက သူမက စင္ေပၚကေန ခ်န္းစီႏ်န္ကို မေတြ႕ခဲ့ရေပ။ အေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္ဆံုးမွ သူ ေရာက္မလာမွာကို သူမက စိတ္ပူေနရတာျဖစ္သည္။

ခ်န္းစီႏ်န္က ဖုန္းျပန္ေျဖလာခဲ့သည္။
"မစိုးရိမ္ပါနဲ႔ ... ကိုယ္ မင္းေနာက္မွာ ရွိပါတယ္"

ခ်င္းစုယြဲ႕ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ထင္ထားသလိုပဲ ခ်န္းစီႏ်န္က သူမႏွင့္ မီတာႏွစ္ဆယ္ခန္႔သာ အကြာအေဝးေလာက္၌ မတ္တပ္ရပ္ေနပါ၏။

သူက အနက္ေရာင္ အေနာက္တိုင္းဝတ္စံုကို ဝတ္ဆင္ထားကာ ဆံပင္ကို တမင္ပင္ သပ္သပ္ရပ္ရပ္ ျပင္ထားသည္။ ထိုအမ်ိဳးသာမွာ ျပစ္ခ်က္မရွိ ဝတ္ဆင္ထားလ်က္ အရမ္းဆြဲေဆာင္မႈရွိေန၏။ အနီးကပ္ ေသခ်ာၾကည့္ရႈမည္ ဆိုလၽွင္ေတာ့ အင္အားႀကီးလွသည့္ ရွယ္ယာရွင္ ဥကၠဌတစ္ဦး၏ အရွိန္အဝါကို ခံစားႏိုင္ေပလိမ့္မည္။

ခ်င္းစုယြဲ႕က သူ႔ကို ခ်ိဳၿမိန္စြာ ျပံဳးျပလိုက္သည္။

ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕အနားသို႔ ေရာက္လာၿပီး သူမရဲ႕ ႏူးညံ့ၿပီး ျပန္႔က်ဲေနတဲ့ ဆံႏြယ္ေတြအား သပ္တင္ေပးလိုက္ၿပီး ျပံဳး၏။
"ကိုယ့္ကို မေတြ႕ရမွာ အဲ့ေလာက္ေၾကာက္လား?"

"ေၾကာက္တာေပါ့ ... စီအီးအိုခ်န္းသာ ေရာက္မလာရင္ ေနာက္က်န္တဲ့အပိုင္းကို ကၽြန္မက ဘယ္လိုလုပ္ရေတာ့မွာလဲ?"

ခ်န္းစီႏ်န္က သူမရဲ႕မ်က္ဝန္းေတြအား ေစာင္းငဲ့ၾကည့္လိုက္သည္။
"မင္းက အဲဒီေကာင္ေလးနဲ႔ ေတာ္ေတာ္ေလး သဟဇာတျဖစ္ေနတာ ကိုယ္ေတြ႕ပါတယ္ ... ေနာက္က်န္တဲ့အပိုင္းကိုလည္း သူနဲ႔ ဆက္ေျပာေနလို႔ ျပႆနာမရွိေလာက္ပါဘူး"

"ကၽြန္မတို႔ ဆက္ေျပာေစခ်င္ရင္ေတာင္ သူ႔မွာ အခ်ိန္မရွိဘူး .. ဒီအစီအစဥ္ကိုလာဖို႔ ဒီေန႔ သူ႔အလုပ္ကေန အခ်ိန္ဖဲ့ေပးထားတာ .. ရႈတင္ကေန ဒီကိုတန္းလာတာ ခဏေန ျပန္သြားရေတာ့မွာ"

"ကိုယ္လည္း ကိုယ့္အလုပ္ေတြကေန အခ်ိန္ဖဲ့ေပးၿပီး လာရတာပဲေလ"

"ဟုတ္သားပဲ ဟုတ္သားပဲ ဟုတ္သားပဲ ... စီအီးအိုခ်န္းက တကယ္ပင္ပန္းေနမွာ"

ႏွစ္ေယာက္သား ေတြ႕ၾကၿပီးေတာ့ အစီအစဥ္ကလည္း ျပန္လည္စတင္ပါ၏။

ခ်င္းစုယြဲ႕က သူႏွင့္ ပံုမွန္လိုပဲ စကားေျပာခဲ့သျဖင့္ အခုအခ်ိန္မွာ ပိုလို႔ပင္ စိတ္ေအးလက္ေအး ျဖစ္သြားသည္။ သူမက ခ်န္းစီႏ်န္ကို စင္ေပၚသို႔ ဖိတ္ေခၚခ်ိန္မွာ လက္ခုပ္ဩဘာသံေတြ ဆူညံသြား၏။ ႏွစ္ေယာက္လံုး ထိုင္လိုက္ခ်ိန္မွာေတာ့ ခ်န္းစီႏ်န္က သူတို႔ၾကားက အကြာအေဝးကို တိတ္ဆိတ္စြာ ဖ်တ္ခနဲ ၾကည့္လိုက္သည္။ အဲ့ေလာက္ ေဝးေနရလား? မေကာင္းဘူး

"စီအီးအိုခ်န္းရွင့္ ..  ပရိသတ္ေတြက ရွင့္ရဲ႕ဘဝအေၾကာင္းကို အရမ္းသိခ်င္ေနၾကပါတယ္ အထူးသျဖင့္ ရွင့္ရဲ႕ အလုပ္ေပါ့ေနာ္ .. ကၽြန္မတို႔ကို ဒီအေၾကာင္းေလး ေဝမၽွေပးႏိုင္မလားရွင္?"

"ကၽြန္ေတာ္က မိသားစုအေမြကို ဆက္ခံခဲ့ရၿပီး အခ်ိန္ေတြ ကုန္ဆံုးလာတာနဲ႔အမၽွ ဒီနယ္ပယ္မွာ ထူးခၽြန္ေအာင္ ေလ့လာသင့္ယူခဲ့တာပါ"

"အဲ့တာဆိုရင္ အဲဒီအခ်ိန္အတြင္းမွာေရာ စီအီးအိုခ်န္းက အခက္အခဲေတြနဲ႔ ၾကံဳခဲ့ရပါသလားရွင္?"

"ျပႆနာႀကီးငယ္ေတြ ရွိခဲ့ပါတယ္ .. ရုတ္တရက္ ေပၚေပါက္လာတဲ့ ကိစၥေတြကိုသာ မင္းက ေျဖရွင္းႏိုင္ခဲ့မယ္ဆိုရင္ ေအာင္ေအာင္ျမင္ျမင္နဲ႔ ကုမၸဏီကို ကိုင္တြယ္အုပ္ခ်ဳပ္ႏိုင္လိမ့္မယ္"

ခ်န္းစီႏ်န္ႏွင့္ စကားေျပာဆိုဖို႔ရာမွာ တကယ့္ကို ခက္ခဲလြန္းလွေၾကာင္း ခ်င္းစုယြဲ႕တစ္ေယာက္ သေဘာေပါက္မိၿပီ ျဖစ္သည္။ ဒီလိုအခက္အခဲေတြႏွင့္ အႀကိမ္ေရ ေတာ္ေတာ္မ်ားမ်ား ၾကံဳေတြ႕ခဲ့ရၿပီးလၽွင္ မင္းက အခက္အခဲ ျပႆနာေတြကို ေျဖရွင္းႏိုင္သြားလိမ့္မယ္ဟုသာ သူက ေျပာလိုက္ျခင္းပင္။

ခ်င္းစုယြဲ႕က သူ႔အလုပ္အတြက္ အနာဂတ္မွာ ေမၽွာ္မွန္းထားတဲ့ အစီအစဥ္ေတြအေၾကာင္း ေမးခ်ိန္မွာေတာ့ သူက ဤသို႔ ျပန္ေျဖပါ၏။
"ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြကို ဒီထက္ပိုၿပီး ဖန္တီးႏိုင္ဖို႔"

သူတို႔ဟာ အလုပ္အေၾကာင္းနဲ႔ ပက္သတ္ၿပီး ခဏေတာ့ ေျပာလို႔ကုန္သြားၿပီျဖစ္ကာ သူ႔ရဲ႕ ပါစင္နယ္ဘဝအေၾကာင္းကို စတင္ ေျပာဆိုျဖစ္ၾက၏။ ခ်င္းစုယြဲ႕က ေမးလိုက္သည္။
"အလုပ္သြားတာအျပင္ေပါ့ေနာ္ .. စီအီးအိုခ်န္းက ပံုမွန္အားျဖင့္ ဘာေတြမ်ား လုပ္ေလ့ရွိလဲ?"

"ကၽြန္ေတာ့္ရဲ႕မိသားစု ဒါမွမဟုတ္ ကၽြန္ေတာ့္ခ်စ္သူနဲ႔ အခ်ိန္ကုန္ဆံုးတယ္"

ခ်င္းစုယြဲ႕၏ မ်က္ႏွာမွာ ရွက္ေသြးျဖာလာၿပီး နီရဲတက္လာေတာ့ကာ ျပံဳး၍ ျပန္တံု႔ျပန္ရသည္။
"စီအီးအိုခ်န္းက တကယ့္ကို....."

ထိုတခဏမွာ ခ်င္းစုယြဲ႕ဟာ သူ႔ကို ေဖာ္ညႊန္းဖို႔ စကားလံုးေတာင္ ရွာမရေတာ့ေခ်။ သူမက သူ႔ကို အရမ္း အေလးအနက္ထား စဥ္းစားေပးတတ္သူဟု ေျပာလိုက္လၽွင္ ထိုအမ်ိဳးသားကေတာ့ ဒီအစီအစဥ္ၿပီးတာႏွင့္ စိတ္ႀကီးဝင္ေခ်ေတာ့ေပမည္။ သူ႔ကို ေကာင္းခ်ီးေပးခံရသည္ဟု ေျပာရေအာင္ကလည္း ၎က အမွန္တကယ္ေတာ့ သူမကို ရည္ညႊန္းတာသာ ျဖစ္ပါ၏။ ထိုသို႔ေျပာလိုက္ဖို႔ေတာင္ သူမမွာ ရွက္ရြံ႕ေနရေတာ့သည္။

ခ်န္းစီႏ်န္က သူမရဲ႕ အေတြးေတြကို သိထားၿပီးေနသျဖင့္ ျပံဳးစစ ျဖစ္ေနသည္။

ပရိသတ္ေတြဟာ ခ်န္းစီႏ်န္ရဲ႕ ခ်စ္သူရွိေနေၾကာင္း ဝန္ခံခ်က္ကို ၾကားလိုက္ရခ်ိန္မွာေတာ့ ေရွာ့ရကုန္ၾကေတာ့သည္။ အဲဒီေနာက္ အရင္တုန္းက သူ ခ်င္းစုယြဲ႕ကို လိုက္ေနေၾကာင္း ေျပာခဲ့သည္ကို သတိရမိသြားၾကသည္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ေစာနကေလးတင္ ခ်င္းစုယြဲ႕က စင္ေပၚမွာ သူမမွာ ခ်စ္သူရွိေနေၾကာင္း ဝန္ခံသြားေသးတယ္...

ပရိသတ္ေတြက ေပါက္ကြဲလာၾကသည္။
အဲ့တာဆို သူတုိ႔က တြဲေနၾကၿပီလား?

************

ဒီတစ္ပတ္လံုးလဲ ဘာသာျပန္လိုက္ ျပန္ဖတ္လိုက္နဲ႔ မ်က္ႏွာႀကီးကို ျပံဳးၿဖီးေနလို႔😐
ေနာက္လည္း ထပ္ၿပီး အတူတူ ျပံဳးၾကရဦးမယ္😆😆

8.7.2020

****************

《Unicode》

အပိုင်း - ၁၄၅
[ဇာတ်လိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း-၂]

ဒီနာမည်ကြီး အနုပညာရှင်လေးဟာ လီမျိုးရိုးဖြစ်ပြီး အသက်၂၅နှစ်သာ ရှိသေး၏။ ဒါပေမယ့် သူ့ရဲ့ တော်တော်လေး ထူးချွန်ကောင်းမွန်လှသည့် သရုပ်ဆောင် အရည်အသွေးနှင့် အသိအမှတ်ပြုထိုက်သည့် ပုံပန်းသဏ္ဍာန်တို့ကြောင့် တီဗွီအစီအစဉ်တွေမှာ ပါဝင်ပြီးနောက် ချက်ချင်းပင် ပရိသတ် မြောက်များစွာကို ရရှိခဲ့သူဖြစ်သည်။

ချင်းစုယွဲ့က သူနှင့် သက်တောင့်သက်သာပဲ သူငယ်ချင်းတွေကဲ့သို့ စကားပြောကြသည်။ ပြီးနောက် သူတို့ရဲ့အိပ်မက်တွေ အကြောင်းကို ပြောကြားကြလေသည်။

သူက ဆိုသည်။
"ကျွန်တော့်မှာ အိပ်မက်ရိုးရိုးလေး တစ်ခု ရှိတယ်ဗျ ... ကျွန်တော်က အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အလုပ်လေးတစ်ခု လိုချင်တယ် ... ကျွန်တော် သဘောကျတဲ့သူနဲ့ အချိန်တွေ ကုန်ဆုံးသွားချင်ပြီး သူတို့နဲ့ ပျော်ရွှင်စရာ မိသားစုလေးတစ်ခု တည်ဆောက်ချင်တယ်"

ချင်းစုယွဲ့က ပြုံးလိုက်သည်။
"လူတိုင်းမှာလည်း ဒီလိုအိပ်မက်မျိုးလေး ရှိကြမှာပါ

"တင်ဆက်သူချင်းရော အဲ့လိုတွေးလား?"

"အင်း .. ဒါက ဘဝကိုနေထိုင်သင့်တဲ့ပုံလို့ ကျွန်မ ထင်ပါတယ် .. အလုပ်ရယ် မိသားစုရယ် သူငယ်ချင်းတွေတွေရယ်"

"တင်ဆက်သူချင်း ... တစ်ခုခုကို မေ့နေတယ်လို့ မခံစားရဘူးလား?"

ချင်းစုယွဲ့က တွေးကြည့်လိုက်ပြီးနောက် ပြုံးစစဖြင့်ပြောသည်။
"ကျွန်မ အခုအချိန်မှာ တော်တော်လေး ပျော်နေရတယ်လို့ ထင်ပါတယ် .. အဲ့တာကြောင့် ဒီအခိုက်အတန့်လေးတွေကို အရမ်းတန်ဖိုးထားပါတယ်"

"အဲ့တာဆိုရင် တင်ဆက်သူချင်းမှာ အခု ရည်ရွယ်ထားတဲ့သူ ရှိနေပြီပေါ့?"

ချင်းစုယွဲ့ဟာ ထိုသူ ဒီလောက်ထိ သိချင်စိတ်များနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူမက ပြုံးပြလိုက်သည်။
"ဟုတ်ပါတယ် ... ကျွန်မမှာ ချစ်သူရှိတယ်"

"အဲ့တာဆို မင်းရဲ့ချစ်သူက ကျွန်တော့်ထက် ပိုကြည့်ကောင်းလား?"

ချင်းစုယွဲ့က ပြန်ဖြေ၏။
"အကယ်၍ ရှင်က ကျွန်မချစ်သူကို ယှဉ်တောင်မယှဉ်နိုင်ဘူးလို့ ပြောလိုက်ရင် ရှင့်ရဲ့ပရိသတ်တွေက ကျွန်မကို စိတ်ဆိုးကြလိမ့်မယ် ... ဒါပေမယ့် ကျွန်မချစ်သူက ရှင့်ကိုမယှဉ်နိုင်ပါဘူးလို့ ဖြေရင်လည်း ကျွန်မရဲ့ချစ်သူက ကျွန်မကို စိတ်ဆိုးပြီး လတစ်ဝက်လောက် ကောင်းကောင်းကြီး ပစ်ထားမှာ ... အဲ့တာကြောင့်မလို့ ကျွန်မ ပြောချင်တာကတော့ အလှအပဆိုတာက ကြည့်တဲ့သူပေါ်မှာပဲ မူတည်ပါတယ်လို့"
သူမရဲ့အဖြေကိုတော့ ပြန်မဖြေခဲ့ပါပေ။

အစီအစဉ်က ခဏနားချိန် နီးကပ်လာသဖြင့် ချင်းစုယွဲ့က လာရောက်ပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သူကလည်း သူမအား ယောင်ယောင်လေး ပြုံးပြလာသည်။
"တင်ဆက်သူချင်းကို ကျေးဇူးတင်ပါတယ် .. ကျွန်တော်က မင်းနဲ့ အေးအေးဆေးဆေး ပျော်ရွှင်စွာ စကားပြောခဲ့ရပါတယ်"

"ကျေးဇူးတင်ပါတယ်ရှင် ... နောက်ထပ်လည်း ကျွန်မတို့ရဲ့ အစီအစဉ်မှာ ရှင့်ကို ထပ်မံ ဖိတ်ကြားနိုင်ဖို့အတွက် မျှော်လင့်ပါတယ်"

"ကောင်းပါပြီ"

အစီအစဉ် ပထမပိုင်းကတော့ အောင်အောင်မြင်မြင် ပြီးဆုံးသွားကာ ပရိသတ်တွေကလည်း ကောင်းကောင်းမွန်မွန် တုံ့ပြန်မှတ်ချက်ပြုကြ၏။ ခဏနားချိန်မှာတော့ မိတ်ကပ်ပညာရှင်က ချင်းစုယွဲ့ကို မိတ်ကပ်အနည်းငယ် ပြန်ပြင်ဆင်ပေးသည်။ ထိုအချိန်မှာပဲ သူမက ချန်းစီနျန်အား ကမန်းကတန်း ဖုန်းခေါ်ရလေသည်။ သူတို့ အစီအစဉ် ရိုက်ကူးနေခဲ့စဉ်ထဲက သူမက စင်ပေါ်ကနေ ချန်းစီနျန်ကို မတွေ့ခဲ့ရပေ။ အကြောင်းတစ်ခုခုကြောင့် နောက်ဆုံးမှ သူ ရောက်မလာမှာကို သူမက စိတ်ပူနေရတာဖြစ်သည်။

ချန်းစီနျန်က ဖုန်းပြန်ဖြေလာခဲ့သည်။
"မစိုးရိမ်ပါနဲ့ ... ကိုယ် မင်းနောက်မှာ ရှိပါတယ်"

ချင်းစုယွဲ့ နောက်လှည့်ကြည့်လိုက်တော့ ထင်ထားသလိုပဲ ချန်းစီနျန်က သူမနှင့် မီတာနှစ်ဆယ်ခန့်သာ အကွာအဝေးလောက်၌ မတ်တပ်ရပ်နေပါ၏။

သူက အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကို တမင်ပင် သပ်သပ်ရပ်ရပ် ပြင်ထားသည်။ ထိုအမျိုးသာမှာ ပြစ်ချက်မရှိ ဝတ်ဆင်ထားလျက် အရမ်းဆွဲဆောင်မှုရှိနေ၏။ အနီးကပ် သေချာကြည့်ရှုမည် ဆိုလျှင်တော့ အင်အားကြီးလှသည့် ရှယ်ယာရှင် ဥက္ကဌတစ်ဦး၏ အရှိန်အဝါကို ခံစားနိုင်ပေလိမ့်မည်။

ချင်းစုယွဲ့က သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။

ချန်းစီနျန်က ချင်းစုယွဲ့အနားသို့ ရောက်လာပြီး သူမရဲ့ နူးညံ့ပြီး ပြန့်ကျဲနေတဲ့ ဆံနွယ်တွေအား သပ်တင်ပေးလိုက်ပြီး ပြုံး၏။
"ကိုယ့်ကို မတွေ့ရမှာ အဲ့လောက်ကြောက်လား?"

"ကြောက်တာပေါ့ ... စီအီးအိုချန်းသာ ရောက်မလာရင် နောက်ကျန်တဲ့အပိုင်းကို ကျွန်မက ဘယ်လိုလုပ်ရတော့မှာလဲ?"

ချန်းစီနျန်က သူမရဲ့မျက်ဝန်းတွေအား စောင်းငဲ့ကြည့်လိုက်သည်။
"မင်းက အဲဒီကောင်လေးနဲ့ တော်တော်လေး သဟဇာတဖြစ်နေတာ ကိုယ်တွေ့ပါတယ် ... နောက်ကျန်တဲ့အပိုင်းကိုလည်း သူနဲ့ ဆက်ပြောနေလို့ ပြဿနာမရှိလောက်ပါဘူး"

"ကျွန်မတို့ ဆက်ပြောစေချင်ရင်တောင် သူ့မှာ အချိန်မရှိဘူး .. ဒီအစီအစဉ်ကိုလာဖို့ ဒီနေ့ သူ့အလုပ်ကနေ အချိန်ဖဲ့ပေးထားတာ .. ရှုတင်ကနေ ဒီကိုတန်းလာတာ ခဏနေ ပြန်သွားရတော့မှာ"

"ကိုယ်လည်း ကိုယ့်အလုပ်တွေကနေ အချိန်ဖဲ့ပေးပြီး လာရတာပဲလေ"

"ဟုတ်သားပဲ ဟုတ်သားပဲ ဟုတ်သားပဲ ... စီအီးအိုချန်းက တကယ်ပင်ပန်းနေမှာ"

နှစ်ယောက်သား တွေ့ကြပြီးတော့ အစီအစဉ်ကလည်း ပြန်လည်စတင်ပါ၏။

ချင်းစုယွဲ့က သူနှင့် ပုံမှန်လိုပဲ စကားပြောခဲ့သဖြင့် အခုအချိန်မှာ ပိုလို့ပင် စိတ်အေးလက်အေး ဖြစ်သွားသည်။ သူမက ချန်းစီနျန်ကို စင်ပေါ်သို့ ဖိတ်ခေါ်ချိန်မှာ လက်ခုပ်ဩဘာသံတွေ ဆူညံသွား၏။ နှစ်ယောက်လုံး ထိုင်လိုက်ချိန်မှာတော့ ချန်းစီနျန်က သူတို့ကြားက အကွာအဝေးကို တိတ်ဆိတ်စွာ ဖျတ်ခနဲ ကြည့်လိုက်သည်။ အဲ့လောက် ဝေးနေရလား? မကောင်းဘူး

"စီအီးအိုချန်းရှင့် ..  ပရိသတ်တွေက ရှင့်ရဲ့ဘဝအကြောင်းကို အရမ်းသိချင်နေကြပါတယ် အထူးသဖြင့် ရှင့်ရဲ့ အလုပ်ပေါ့နော် .. ကျွန်မတို့ကို ဒီအကြောင်းလေး ဝေမျှပေးနိုင်မလားရှင်?"

"ကျွန်တော်က မိသားစုအမွေကို ဆက်ခံခဲ့ရပြီး အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဒီနယ်ပယ်မှာ ထူးချွန်အောင် လေ့လာသင့်ယူခဲ့တာပါ"

"အဲ့တာဆိုရင် အဲဒီအချိန်အတွင်းမှာရော စီအီးအိုချန်းက အခက်အခဲတွေနဲ့ ကြုံခဲ့ရပါသလားရှင်?"

"ပြဿနာကြီးငယ်တွေ ရှိခဲ့ပါတယ် .. ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကိစ္စတွေကိုသာ မင်းက ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် အောင်အောင်မြင်မြင်နဲ့ ကုမ္ပဏီကို ကိုင်တွယ်အုပ်ချုပ်နိုင်လိမ့်မယ်"

ချန်းစီနျန်နှင့် စကားပြောဆိုဖို့ရာမှာ တကယ့်ကို ခက်ခဲလွန်းလှကြောင်း ချင်းစုယွဲ့တစ်ယောက် သဘောပေါက်မိပြီ ဖြစ်သည်။ ဒီလိုအခက်အခဲတွေနှင့် အကြိမ်ရေ တော်တော်များများ ကြုံတွေ့ခဲ့ရပြီးလျှင် မင်းက အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်သွားလိမ့်မယ်ဟုသာ သူက ပြောလိုက်ခြင်းပင်။

ချင်းစုယွဲ့က သူ့အလုပ်အတွက် အနာဂတ်မှာ မျှော်မှန်းထားတဲ့ အစီအစဉ်တွေအကြောင်း မေးချိန်မှာတော့ သူက ဤသို့ ပြန်ဖြေပါ၏။
"ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ဒီထက်ပိုပြီး ဖန်တီးနိုင်ဖို့"

သူတို့ဟာ အလုပ်အကြောင်းနဲ့ ပက်သတ်ပြီး ခဏတော့ ပြောလို့ကုန်သွားပြီဖြစ်ကာ သူ့ရဲ့ ပါစင်နယ်ဘဝအကြောင်းကို စတင် ပြောဆိုဖြစ်ကြ၏။ ချင်းစုယွဲ့က မေးလိုက်သည်။
"အလုပ်သွားတာအပြင်ပေါ့နော် .. စီအီးအိုချန်းက ပုံမှန်အားဖြင့် ဘာတွေများ လုပ်လေ့ရှိလဲ?"

"ကျွန်တော့်ရဲ့မိသားစု ဒါမှမဟုတ် ကျွန်တော့်ချစ်သူနဲ့ အချိန်ကုန်ဆုံးတယ်"

ချင်းစုယွဲ့၏ မျက်နှာမှာ ရှက်သွေးဖြာလာပြီး နီရဲတက်လာတော့ကာ ပြုံး၍ ပြန်တုံ့ပြန်ရသည်။
"စီအီးအိုချန်းက တကယ့်ကို....."

ထိုတခဏမှာ ချင်းစုယွဲ့ဟာ သူ့ကို ဖော်ညွှန်းဖို့ စကားလုံးတောင် ရှာမရတော့ချေ။ သူမက သူ့ကို အရမ်း အလေးအနက်ထား စဉ်းစားပေးတတ်သူဟု ပြောလိုက်လျှင် ထိုအမျိုးသားကတော့ ဒီအစီအစဉ်ပြီးတာနှင့် စိတ်ကြီးဝင်ချေတော့ပေမည်။ သူ့ကို ကောင်းချီးပေးခံရသည်ဟု ပြောရအောင်ကလည်း ၎င်းက အမှန်တကယ်တော့ သူမကို ရည်ညွှန်းတာသာ ဖြစ်ပါ၏။ ထိုသို့ပြောလိုက်ဖို့တောင် သူမမှာ ရှက်ရွံ့နေရတော့သည်။

ချန်းစီနျန်က သူမရဲ့ အတွေးတွေကို သိထားပြီးနေသဖြင့် ပြုံးစစ ဖြစ်နေသည်။

ပရိသတ်တွေဟာ ချန်းစီနျန်ရဲ့ ချစ်သူရှိနေကြောင်း ဝန်ခံချက်ကို ကြားလိုက်ရချိန်မှာတော့ ရှော့ရကုန်ကြတော့သည်။ အဲဒီနောက် အရင်တုန်းက သူ ချင်းစုယွဲ့ကို လိုက်နေကြောင်း ပြောခဲ့သည်ကို သတိရမိသွားကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောနကလေးတင် ချင်းစုယွဲ့က စင်ပေါ်မှာ သူမမှာ ချစ်သူရှိနေကြောင်း ဝန်ခံသွားသေးတယ်...

ပရိသတ်တွေက ပေါက်ကွဲလာကြသည်။
အဲ့တာဆို သူတို့က တွဲနေကြပြီလား?

************

ဒီတစ်ပတ်လုံးလဲ ဘာသာပြန်လိုက် ပြန်ဖတ်လိုက်နဲ့ မျက်နှာကြီးကို ပြုံးဖြီးနေလို့😐
နောက်လည်း ထပ်ပြီး အတူတူ ပြုံးကြရဦးမယ်😆😆

8.7.2020

****************

Continue Reading

You'll Also Like

207K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...
191K 19K 34
ရယ်စရာ ကောင်းတဲ့ ဂျိုဝီ နဲ့ တုံဏှိဘာဝေ နေတတ်တဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်း မစ္စတာ အက်ဖ် တို့ ရဲ့ အကြောင်းလေးပါ။ မူရင္း ေရးသူက - Qiao Yi Alternati...
3.4M 215K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်