My Dear Enemy (Season1 Comple...

By Apyone237

655K 56.1K 993

ရှောင်းကျန့်:::"ငါမင်းထက်အသက်ကြီးတယ် ဝမ်ရိပေါ်" ဝမ်ရိပေါ်:::"ကြီးတော့ ဘာလုပ်ရမှာလဲ ကျွန်တော်က ခေါင်းဆောင် ခင်... More

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (10)
Part (9)
Part (11)
Part (12)
Part (13)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)
Part (39)
Part (40)
Part (41)
Part (42)
Part (43)
Part (44)
Part (45) Final
Extra 1
Extra 2
Extra 3
New Fic 😊
Season 2

Part (14)

13.5K 1.3K 17
By Apyone237

Unicode

"ဟီးဟီး....."

"ရှောင်းကျန့် ခင်ဗျားမရယ်နဲ့တော့လို့ပြောနေတယ်။"

"ရှောင်းကျန့်ဖြစ်သွားပြီလား ကိုကိုမဟုတ်တော့ဘူးလား။"

"ဘောကို ကိုကို"

"အိုက်ယား..ဝမ်ရိပေါ် ရိုင်းလိုက်တာ။"

"ခင်ဗျားကိုပဲရိုင်းတာ။"

"သရဲကြောက်တတ်တဲ့ ဝမ်ငကြော​က်လေး"

"ကျစ်...မပြောနဲ့တော​့လို့"

"ကိုကို...တိတိ သရဲကြောက်လို့။"

"Ya!!! ရှောင်းကျန့်"

ရိပေါ်လိုက်စနေသည့် ရှောင်းကျန့်လက်ကို နောက်ပြန်လိမ်ချိုးလိုက်သည်။

"အား....အား....နာတယ်လွှတ်..ဝမ်ရိပေါ်သူတောင်းစားလေးရဲ့..."

ငယ်သံပါအောင် အော်နေသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်လွှတ်ပေးလိုက်သည်။

"ငါကစရုံလေးစတာကို ဒီလောက်ထိပြန်လုပ်ရလား။"

ဒေါသထွက်ပြီး မျက်နှာကြီးနီရဲနေသည့် ယုန်ဖြူလေးက ဝမ်ရိပေါ်အား မျက်စောင်းကြီးထိုးပြီး ထွက်သွားသည်။ပွစိပွစိကလဲရွတ်သွားသေး။

"အားလားလား သူ့အသားကျနေတာပဲ မစာမနာ။"

Meeting room

"ကျိုးလဲ့bf ကို အခုထိမတွေ့သေးဘူးလား။"

"ဟုတ်ကဲ့ Captain ကျိုးလဲ့အမှုကို စုံစမ်းစစ်ဆေးနေတယ်ကြားလို့ တိမ်းရှောင်သွားတာဖြစ်မယ်။"

"ဒီအမှုမှာ သူကအဓိကတရားခံပဲ။ စစ်ကျွေးသူ့​ကို ရှာဖို့မင်းကိုပဲအပ်လိုက်မယ်။ ကျန်တဲ့သူတွေက JC bar နားကို​ နေ့ညမပြတ်စောင့်ကြည့်နေပါ။ ပြီးတော့တစ်ခုခုထူး.....အား!!!"

ဘေးနားတွင်ထိုင်နေသော ရှောင်းကျန့်မှာ စားပွဲအောက်မှ ရိပေါ် ပေါင်​ကို အားနှင့်ဆွဲဆိတ်လိုက်ခြင်းပင်။ ရိပေါ် နာသွားသောပေါင်ကို ပွတ်ရင်း ရှောင်းကျန့်အား မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်သည်။

"Captain ဘာဖြစ်တာလဲဟင်။"

"ဟင်..ပုရွက်ဆိတ်​ကိုက်တာ။ အဲ့ပုရွက်ဆိတ်တော့လား နောက်တစ်ခါလာကိုက်ရင် ရှေ့သွားကြီး နှစ်ချောင်းကို ပလာယာနဲ့ကို ဆွဲနှုတ်ပစ်မယ်။"

"ကျင်းရီ ပုရွက်ဆိတ်က ရှေ့သွားပါတာလား။"

"ငါမှ ပုရွက်ဆိတ် ပါးစပ်ဟတာမမြင်ဖူးတာ။"

ကလဲ့စားပြန်ချေလိုက်ရ၍ ရှောင်းကျန့်ကတော့ ပြုံးစိစိနှင့်။

🚘🚘🚘🚘🚘🚘🚘

ရိပေါ် ကားမောင်းနေရင်း အနောက်မှ ကားတစ်စီးကနောက်ယောင်ခံလိုက်နေသည်ကို သတိထားမိလိုက်သည်။ ရိပေါ်အရှိန်မြှင့်တော့ ထိုကားကလဲ အရှိန်မြင့်လာသည်။ မီးပွိုင့်တွင်မျက်​ချေပြတ်သွားပြီးမှ လမ်းအကွေ့တစ်နေရာတွင် ပြန်ပေါ်လာပြီး ဘေးတိုက်ကြီးဝင်တိုက်သွားသည်။

"ဒုန်း!!!"

ရိပေါ်၏ကားလေး လမ်းဘေးပလက်ဖောင်းပေါ်သို့ ရောက်သွားသည်။ ထို့နောက်ထိုကားထဲမှ မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်ထွက်လာကာ ကွဲကြေနေသော ကားမှန်ပေါ် တွင် first warning ဟူသောစာလုံးကို ဆေးနီဖြင့်ရေးသွားပြီး ကားမောင်းထွက်သွားသည်။ ကံကောင်း၍ ရိပေါ်မှာ နဖူးကွဲပီး လက်တွင်မှန်စအနဲငယ် စိုက်မိသည်မှအပ ကြီးကြီးမားမားမဖြစ်လိုက်။

"ဘာကောင်တွေလဲကွာ။"

🌃🌃🌃🌃🌃🌃

"အား...အပြင်မှာအေးလိုက်တာ။"

ရှောင်းကျန့်တစ်ယောက် အမှိုက်ထုပ်ကြီးဆွဲလျက် အိမ်အပြင်ထွက်လာသည်။

"ဟင် ဝမ်ရိပေါ်အခုမှပြန်လာတာလား။"

"အင်း"

"မင်းနဖူးမှာ သွေးတွေမင်းဒဏ်ရာရလာတာလား။"

"အင်းနဲနဲပါ"

"သွားသွားမင်းအခန်းထဲပြန်နှင့် ငါလိုက်လာခဲ့မယ်။"

ခဏကြာတော့ ရှောင်းကျန့်ဆေးအိတ်ကြီးဆွဲလျက် ရိပေါ်အခန်းထဲ လိုက်လာသည်။ ရှောင်းကျန့် အရက်ပျံဖြင့် ဒဏ်ရာများကို ပိုးသတ်လိုက်သည်။ အကြောတင်းလေးက တစ်ချက်မျှပင် တွန့်မသွား။

'ဒီလောက်နုတဲ့ မျက်နှာလေးကိုကွာ ဘယ်သူများဒဏ်ရာရအောင် လုပ်လိုက်တာလဲ။အမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလဲ ငါ့ကလေးလေး။ Wait what! ငါ့ကလေးလေးတဲ့လား။ ရှောင်းကျန့်မင်းတော့ ရူးသွားပြီ'

"ရှောင်းကျန့် ခင်ဗျားဘာတွေတွေးနေတာလဲ"

"ဟင်..ဪ...မင်းဒီဒဏ်ရာတွေ ဘယ်လိုရလာတာလဲလို့"

"ကျွန်တော့အထင် ကျိုးလဲ့အမှုက ကျန်တဲ့ တရားခံတွေထင်တယ်။ ကျွန်တော့ကို ဒီအမှုဆက်မလိုက်အောင် warning ပေးသွားတာ။"

"ဟိုလူကြီးသားတွေဆိုတာလား။"

"အင်း"

ရိပေါ်၏ ဒဏ်ရာများကို ဆေးထည့်ပေးပြီးနောက် ရှောင်းကျန့်ပြန်ရန်ပြင်လိုက်သည်။

"ညည့်လဲနက်နေပြီ ငါပြန်တော့မယ်နော်။"

"အင်း"

🌄🌄🌄🌄🌄🌄

မနက်စောစောစီးစီး လူခေါ်ဘဲလ်တီးသံကြောင့် ရိပေါ် တံခါးသွားဖွင့်လိုက်တော့ အထုပ်များဆွဲထားသည့် ရှောင်းကျန့်

"Morning ရိပေါ်"

"ဘာလာလုပ်တာလဲ။"

"မင်းနေ​မကောင်းဘူးလေ ပြီးတော့လက်ကလဲ နာနေတာမလား အဲ့တာကြောင့် ငါမနက်စာလုပ်ပေးမယ်။ စားပြီးရင်ဆေးသောက်လိုက်။ မျက်နှာမသစ်ရသေးဘူးမလား။ အရင်သွားသစ်လိုက်နော်။"

ရိပေါ်မျက်နှာသစ်ပြီးထွက်လာတော့ ရှောင်းကျန့်က ဟင်းချက်နေသည်။ ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်တင်ထားပြီး ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေပုံက ကျွမ်းကျင်စားဖိုမှူးအလား။ ရှည်သွယ်သော လက်ချောင်းလေးများ နှင့် သွေးကြောစိမ်းစိမ်းလေးများက လှုပ်ရှားလိုက်တိုင်း ကဗျာဆန်နေသည်။ ဤလူသည် ယောကျ်ားတန်မဲ့ ပြီးပြည့်စုံအောင် လှရက်လွန်းသည်။ ရိပေါ် ရင်ဘတ်ထဲမှ ဆူညံသံများကို လစ်လျူရှုရင်း ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

"ရိပေါ် စားလို့ရပြီ"

"အင်းကျေးဇူးပဲ"

ထိုစဥ် တံခါးဘဲလ်သံကြားလိုက်ရသဖြင့် ရိပေါ်ဖွင့်ရန်ထလိုက်သည်။

"နေနေ...ဆက်စားပါငါသွားဖွင့်လိုက်မယ်။"

ရှောင်းကျန့်တံခါးဖွင့်လိုက်တော​့ ဝမ်ဟိုက်ခွမ်း၊ ယွီပင်းနှင့် ကျင်းရီကိုတွေ့လိုက်သည်။

"ဟင်...​ဒေါက်တာရှောင်းကျန့်"

"ဆရာကဒီကို ဘယ်လိုလုပ်။"

"အိုက်ယားအထဲဝင်ကြလေ လာလာ။"

"ဟင်းချက်နေတာလား ဒေါက်တာ။"

"ဪအင်း...ဝမ်ရိပေါ် နေမကောင်းလို့ အဲ့တာမနက်စာလာပြင်ပေးတာ။"

"ကျေးဇူးပါပဲ ဒေါက်တာ"

"ဗျာ...ရ..ရပါတယ်။"

"အစ်ကို"

"အေးညီ မင်းဘာဖြစ်သွားသေးလဲ။"

"ဘာမှမဖြစ်ပါဘူး။နဲနဲပါးပါးပဲ ထိခိုက်မိတာပါ။"

"အဲ့တာ ဘယ်သူလုပ်လဲ အစ်ကို စုံစမ်းထားတယ်။ ညီနောက်တစ်ခါတစ်ယောက်ထဲမသွားပါနဲ့။ ဒေါက်တာရှောင်းကျန့် ညီ့ကိုစောင့်ရှောက်ပေးပါဦးဗျာ။"

"ဟုတ်ကဲ့ပါ။"

"ဆရာ...သတင်းကောင်း"

"ဘာလဲ"

"ကျွန်တော့အစ်မပြန်လာတော့မယ်ဗျ။"

"အဲ့တာသတင်းကောင်းလားကွယွီပင်းရ။"

"မမကတော့ ပျော်နေတယ်။ ဆရာ့ကိုလဲသတိရတယ်လို့ပြောလိုက်ပါတဲ့။"

"အစ်ကိုယွီပင်းအစ်မက ဆရာနဲ့ ဘယ်လိုသိတာလဲ။"

"ဪကျင်းရီ သူတို့က ငယ်ချစ်ဦးတွေလေ"

"ယွီပင်းလျှောက်မပြောနဲ့ကွာ။"

ရှောင်းကျန့် ဝမ်ရိပေါ် ကို မလုံမလဲလှမ်းကြည့်လိုက်သည်။ ဘာမှစိတ်ဝင်စားဟန်မပြဘဲ သူ့အစ်ကိုနှင့် စကားပြောနေသည်။ 'အေးလေရှောင်းကျန့်ရာ သူနဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်ဘဲ'

" ဟို ဌာနမှူးတို့လဲ ရောက်နေပြီဆိုတော့ ကျွန်တော်အိမ်ပြန်လိုက်တော့မယ်။"

"ကောင်းပါပြီ"

"ဝမ်ရိပေါ် ငါပြန်ပြီနော် ပြီးရင်ဆေးသောက်လိုက်ဦး"

အချေကောင်လေးဆီမှဘာစကားမှပြန်မလာတော့ ရှောင်းကျန့်လဲ ပြန်လာလိုက်သည်။ ကျန်ခဲ့သည့်ကောင်လေးမှာတော့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လျက် ဒေါသထွက်နေသည်ကို ဘယ်သူမှ သတိမထားမိ။

#peterpan

*နောက်အခန်းကတော့ အဟွင်းဟွင်း😏😏

Zawgyi

"ဟီးဟီး....."

"ေ႐ွာင္းက်န္႔ ခင္ဗ်ားမရယ္နဲ႔ေတာ့လို႔ေျပာေနတယ္။"

"ေ႐ွာင္းက်န္႔ျဖစ္သြားၿပီလား ကိုကိုမဟုတ္ေတာ့ဘူးလား။"

"ေဘာကို ကိုကို"

"အိုက္ယား..ဝမ္ရိေပၚ ႐ိုင္းလိုက္တာ။"

"ခင္ဗ်ားကိုပဲ႐ိုင္းတာ။"

"သရဲေၾကာက္တတ္တဲ့ ဝမ္ငေၾကာ​က္ေလး"

"က်စ္...မေျပာနဲ႔ေတာ​့လို႔"

"ကိုကို...တိတိ သရဲေၾကာက္လို႔။"

"Ya!!! ေ႐ွာင္းက်န္႔"

ရိေပၚလိုက္စေနသည့္ ေ႐ွာင္းက်န္႔လက္ကို ေနာက္ျပန္လိမ္ခ်ိဳးလိုက္သည္။

"အား....အား....နာတယ္လႊတ္..ဝမ္ရိေပၚသူေတာင္းစားေလးရဲ႕..."

ငယ္သံပါေအာင္ ေအာ္ေနေသာ ေ႐ွာင္းက်န္႔ေၾကာင့္ ဝမ္ရိေပၚလႊတ္ေပးလိုက္သည္။

"ငါကစ႐ုံေလးစတာကို ဒီေလာက္ထိျပန္လုပ္ရလား။"

ေဒါသထြက္ၿပီး မ်က္ႏွာႀကီးနီရဲေနသည့္ ယုန္ျဖဴေလးက ဝမ္ရိေပၚအား မ်က္ေစာင္းႀကီးထိုးၿပီး ထြက္သြားသည္။ပြစိပြစိကလဲ႐ြတ္သြားေသး။

"အားလားလား သူ႕အသားက်ေနတာပဲ မစာမနာ။"

Meeting room

"က်ိဳးလဲ့bf ကို အခုထိမေတြ႕ေသးဘူးလား။"

"ဟုတ္ကဲ့ Captain က်ိဳးလဲ့အမႈကို စုံစမ္းစစ္ေဆးေနတယ္ၾကားလို႔ တိမ္းေ႐ွာင္သြားတာျဖစ္မယ္။"

"ဒီအမႈမွာ သူကအဓိကတရားခံပဲ။ စစ္ေကြၽးသူ႕​ကို ႐ွာဖို႔မင္းကိုပဲအပ္လိုက္မယ္။ က်န္တဲ့သူေတြက JC bar နားကို​ ေန႔ညမျပတ္ေစာင့္ၾကည့္ေနပါ။ ၿပီးေတာ့တစ္ခုခုထူး.....အား!!!"

ေဘးနားတြင္ထိုင္ေနေသာ ေ႐ွာင္းက်န္႔မွာ စားပြဲေအာက္မွ ရိေပၚ ေပါင္​ကို အားႏွင့္ဆြဲဆိတ္လိုက္ျခင္းပင္။ ရိေပၚ နာသြားေသာေပါင္ကို ပြတ္ရင္း ေ႐ွာင္းက်န္႔အား မ်က္ေထာင့္နီႀကီးျဖင့္ ၾကည့္လိုက္သည္။

"Captain ဘာျဖစ္တာလဲဟင္။"

"ဟင္..ပု႐ြက္ဆိတ္​ကိုက္တာ။ အဲ့ပု႐ြက္ဆိတ္ေတာ့လား ေနာက္တစ္ခါလာကိုက္ရင္ ေ႐ွ႕သြားႀကီး ႏွစ္ေခ်ာင္းကို ပလာယာနဲ႔ကို ဆြဲႏႈတ္ပစ္မယ္။"

"က်င္းရီ ပု႐ြက္ဆိတ္က ေ႐ွ႕သြားပါတာလား။"

"ငါမွ ပု႐ြက္ဆိတ္ ပါးစပ္ဟတာမျမင္ဖူးတာ။"

ကလဲ့စားျပန္ေခ်လိုက္ရ၍ ေ႐ွာင္းက်န္႔ကေတာ့ ျပဳံးစိစိႏွင့္။

🚘🚘🚘🚘🚘🚘🚘

ရိေပၚ ကားေမာင္းေနရင္း အေနာက္မွ ကားတစ္စီးကေနာက္ေယာင္ခံလိုက္ေနသည္ကို သတိထားမိလိုက္သည္။ ရိေပၚအ႐ွိန္ျမႇင့္ေတာ့ ထိုကားကလဲ အ႐ွိန္ျမင့္လာသည္။ မီးပြိဳင့္တြင္မ်က္​ေခ်ျပတ္သြားၿပီးမွ လမ္းအေကြ႕တစ္ေနရာတြင္ ျပန္ေပၚလာၿပီး ေဘးတိုက္ႀကီးဝင္တိုက္သြားသည္။

"ဒုန္း!!!"

ရိေပၚ၏ကားေလး လမ္းေဘးပလက္ေဖာင္းေပၚသို႔ ေရာက္သြားသည္။ ထို႔ေနာက္ထိုကားထဲမွ မ်က္ႏွာဖုံးစြပ္ထားသည့္ လူတစ္ေယာက္ထြက္လာကာ ကြဲေၾကေနေသာ ကားမွန္ေပၚ တြင္ first warning ဟူေသာစာလုံးကို ေဆးနီျဖင့္ေရးသြားၿပီး ကားေမာင္းထြက္သြားသည္။ ကံေကာင္း၍ ရိေပၚမွာ နဖူးကြဲပီး လက္တြင္မွန္စအနဲငယ္ စိုက္မိသည္မွအပ ႀကီးႀကီးမားမားမျဖစ္လိုက္။

"ဘာေကာင္ေတြလဲကြာ။"

🌃🌃🌃🌃🌃🌃

"အား...အျပင္မွာေအးလိုက္တာ။"

ေ႐ွာင္းက်န္႔တစ္ေယာက္ အမိႈက္ထုပ္ႀကီးဆြဲလ်က္ အိမ္အျပင္ထြက္လာသည္။

"ဟင္ ဝမ္ရိေပၚအခုမွျပန္လာတာလား။"

"အင္း"

"မင္းနဖူးမွာ ေသြးေတြမင္းဒဏ္ရာရလာတာလား။"

"အင္းနဲနဲပါ"

"သြားသြားမင္းအခန္းထဲျပန္ႏွင့္ ငါလိုက္လာခဲ့မယ္။"

ခဏၾကာေတာ့ ေ႐ွာင္းက်န္႔ေဆးအိတ္ႀကီးဆြဲလ်က္ ရိေပၚအခန္းထဲ လိုက္လာသည္။ ေ႐ွာင္းက်န္႔ အရက္ပ်ံျဖင့္ ဒဏ္ရာမ်ားကို ပိုးသတ္လိုက္သည္။ အေၾကာတင္းေလးက တစ္ခ်က္မွ်ပင္ တြန္႔မသြား။

'ဒီေလာက္ႏုတဲ့ မ်က္ႏွာေလးကိုကြာ ဘယ္သူမ်ားဒဏ္ရာရေအာင္ လုပ္လိုက္တာလဲ။အမာ႐ြတ္က်န္သြားရင္ ဘယ္လိုလုပ္မလဲ ငါ့ကေလးေလး။ Wait what! ငါ့ကေလးေလးတဲ့လား။ ေ႐ွာင္းက်န္႔မင္းေတာ့ ႐ူးသြားၿပီ'

"ေ႐ွာင္းက်န္႔ ခင္ဗ်ားဘာေတြေတြးေနတာလဲ"

"ဟင္..ဪ...မင္းဒီဒဏ္ရာေတြ ဘယ္လိုရလာတာလဲလို႔"

"ကြၽန္ေတာ့အထင္ က်ိဳးလဲ့အမႈက က်န္တဲ့ တရားခံေတြထင္တယ္။ ကြၽန္ေတာ့ကို ဒီအမႈဆက္မလိုက္ေအာင္ warning ေပးသြားတာ။"

"ဟိုလူႀကီးသားေတြဆိုတာလား။"

"အင္း"

ရိေပၚ၏ ဒဏ္ရာမ်ားကို ေဆးထည့္ေပးၿပီးေနာက္ ေ႐ွာင္းက်န္႔ျပန္ရန္ျပင္လိုက္သည္။

"ညည့္လဲနက္ေနၿပီ ငါျပန္ေတာ့မယ္ေနာ္။"

"အင္း"

🌄🌄🌄🌄🌄🌄

မနက္ေစာေစာစီးစီး လူေခၚဘဲလ္တီးသံေၾကာင့္ ရိေပၚ တံခါးသြားဖြင့္လိုက္ေတာ့ အထုပ္မ်ားဆြဲထားသည့္ ေ႐ွာင္းက်န္႔

"Morning ရိေပၚ"

"ဘာလာလုပ္တာလဲ။"

"မင္းေန​မေကာင္းဘူးေလ ၿပီးေတာ့လက္ကလဲ နာေနတာမလား အဲ့တာေၾကာင့္ ငါမနက္စာလုပ္ေပးမယ္။ စားၿပီးရင္ေဆးေသာက္လိုက္။ မ်က္ႏွာမသစ္ရေသးဘူးမလား။ အရင္သြားသစ္လိုက္ေနာ္။"

ရိေပၚမ်က္ႏွာသစ္ၿပီးထြက္လာေတာ့ ေ႐ွာင္းက်န္႔က ဟင္းခ်က္ေနသည္။ ႐ွပ္အက်ႌလက္႐ွည္ကို လက္ေခါက္တင္ထားၿပီး ဟင္းသီးဟင္း႐ြက္မ်ား လွီးျဖတ္ေနပုံက ကြၽမ္းက်င္စားဖိုမႉးအလား။ ႐ွည္သြယ္ေသာ လက္ေခ်ာင္းေလးမ်ား ႏွင့္ ေသြးေၾကာစိမ္းစိမ္းေလးမ်ားက လႈပ္႐ွားလိုက္တိုင္း ကဗ်ာဆန္ေနသည္။ ဤလူသည္ ေယာက်္ားတန္မဲ့ ၿပီးျပည့္စုံေအာင္ လွရက္လြန္းသည္။ ရိေပၚ ရင္ဘတ္ထဲမွ ဆူညံသံမ်ားကို လစ္လ်ဴ႐ႈရင္း ထမင္းစားပြဲတြင္ ဝင္ထိုင္လိုက္သည္။

"ရိေပၚ စားလို႔ရၿပီ"

"အင္းေက်းဇူးပဲ"

ထိုစဥ္ တံခါးဘဲလ္သံၾကားလိုက္ရသျဖင့္ ရိေပၚဖြင့္ရန္ထလိုက္သည္။

"ေနေန...ဆက္စားပါငါသြားဖြင့္လိုက္မယ္။"

ေ႐ွာင္းက်န္႔တံခါးဖြင့္လိုက္ေတာ​့ ဝမ္ဟိုက္ခြမ္း၊ ယြီပင္းႏွင့္ က်င္းရီကိုေတြ႕လိုက္သည္။

"ဟင္...​ေဒါက္တာေ႐ွာင္းက်န္႔"

"ဆရာကဒီကို ဘယ္လိုလုပ္။"

"အိုက္ယားအထဲဝင္ၾကေလ လာလာ။"

"ဟင္းခ်က္ေနတာလား ေဒါက္တာ။"

"ဪအင္း...ဝမ္ရိေပၚ ေနမေကာင္းလို႔ အဲ့တာမနက္စာလာျပင္ေပးတာ။"

"ေက်းဇူးပါပဲ ေဒါက္တာ"

"ဗ်ာ...ရ..ရပါတယ္။"

"အစ္ကို"

"ေအးညီ မင္းဘာျဖစ္သြားေသးလဲ။"

"ဘာမွမျဖစ္ပါဘူး။နဲနဲပါးပါးပဲ ထိခိုက္မိတာပါ။"

"အဲ့တာ ဘယ္သူလုပ္လဲ အစ္ကို စုံစမ္းထားတယ္။ ညီေနာက္တစ္ခါတစ္ေယာက္ထဲမသြားပါနဲ႔။ ေဒါက္တာေ႐ွာင္းက်န္႔ ညီ့ကိုေစာင့္ေ႐ွာက္ေပးပါဦးဗ်ာ။"

"ဟုတ္ကဲ့ပါ။"

"ဆရာ...သတင္းေကာင္း"

"ဘာလဲ"

"ကြၽန္ေတာ့အစ္မျပန္လာေတာ့မယ္ဗ်။"

"အဲ့တာသတင္းေကာင္းလားကြယြီပင္းရ။"

"မမကေတာ့ ေပ်ာ္ေနတယ္။ ဆရာ့ကိုလဲသတိရတယ္လို႔ေျပာလိုက္ပါတဲ့။"

"အစ္ကိုယြီပင္းအစ္မက ဆရာနဲ႔ ဘယ္လိုသိတာလဲ။"

"ဪက်င္းရီ သူတို႔က ငယ္ခ်စ္ဦးေတြေလ"

"ယြီပင္းေလွ်ာက္မေျပာနဲ႔ကြာ။"

ေ႐ွာင္းက်န္႔ ဝမ္ရိေပၚ ကို မလုံမလဲလွမ္းၾကည့္လိုက္သည္။ ဘာမွစိတ္ဝင္စားဟန္မျပဘဲ သူ႕အစ္ကိုႏွင့္ စကားေျပာေနသည္။ 'ေအးေလေ႐ွာင္းက်န္႔ရာ သူနဲ႔ဆိုင္တဲ့ကိစၥမွမဟုတ္ဘဲ'

" ဟို ဌာနမႉးတို႔လဲ ေရာက္ေနၿပီဆိုေတာ့ ကြၽန္ေတာ္အိမ္ျပန္လိုက္ေတာ့မယ္။"

"ေကာင္းပါၿပီ"

"ဝမ္ရိေပၚ ငါျပန္ၿပီေနာ္ ၿပီးရင္ေဆးေသာက္လိုက္ဦး"

အေခ်ေကာင္ေလးဆီမွဘာစကားမွျပန္မလာေတာ့ ေ႐ွာင္းက်န္႔လဲ ျပန္လာလိုက္သည္။ က်န္ခဲ့သည့္ေကာင္ေလးမွာေတာ့ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္လ်က္ ေဒါသထြက္ေနသည္ကို ဘယ္သူမွ သတိမထားမိ။

#peterpan

*ေနာက္အခန္းကေတာ့ အဟြင္းဟြင္း😏😏

Continue Reading

You'll Also Like

133K 8.6K 23
အိေပၚေလးရဲ႕ယုန္ေပါက္ေလးက..အရမ္းဆိုးအရမ္းအႏိုင္က်င့္ေပမ်ယ့္..အရမ္းလဲခ်စ္ဖို႔ေကာင္းပါရယ္ေနာ္ အိပေါ်လေးရဲ့ယုန်ပေါက်လေးက..အရမ်းဆိုးအရမ်းအနိုင်ကျင့်ပေမယ့်...
34.9K 2.8K 18
Zhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တ​သောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်...
574K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
289K 22.5K 38
|| Zaw & Uni ll Accident တခုမွစတင္ခဲ့သည့္... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)