Part (14)

13.5K 1.3K 17
                                    

Unicode

"ဟီးဟီး....."

"ရှောင်းကျန့် ခင်ဗျားမရယ်နဲ့တော့လို့ပြောနေတယ်။"

"ရှောင်းကျန့်ဖြစ်သွားပြီလား ကိုကိုမဟုတ်တော့ဘူးလား။"

"ဘောကို ကိုကို"

"အိုက်ယား..ဝမ်ရိပေါ် ရိုင်းလိုက်တာ။"

"ခင်ဗျားကိုပဲရိုင်းတာ။"

"သရဲကြောက်တတ်တဲ့ ဝမ်ငကြော​က်လေး"

"ကျစ်...မပြောနဲ့တော​့လို့"

"ကိုကို...တိတိ သရဲကြောက်လို့။"

"Ya!!! ရှောင်းကျန့်"

ရိပေါ်လိုက်စနေသည့် ရှောင်းကျန့်လက်ကို နောက်ပြန်လိမ်ချိုးလိုက်သည်။

"အား....အား....နာတယ်လွှတ်..ဝမ်ရိပေါ်သူတောင်းစားလေးရဲ့..."

ငယ်သံပါအောင် အော်နေသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်လွှတ်ပေးလိုက်သည်။

"ငါကစရုံလေးစတာကို ဒီလောက်ထိပြန်လုပ်ရလား။"

ဒေါသထွက်ပြီး မျက်နှာကြီးနီရဲနေသည့် ယုန်ဖြူလေးက ဝမ်ရိပေါ်အား မျက်စောင်းကြီးထိုးပြီး ထွက်သွားသည်။ပွစိပွစိကလဲရွတ်သွားသေး။

"အားလားလား သူ့အသားကျနေတာပဲ မစာမနာ။"

Meeting room

"ကျိုးလဲ့bf ကို အခုထိမတွေ့သေးဘူးလား။"

"ဟုတ်ကဲ့ Captain ကျိုးလဲ့အမှုကို စုံစမ်းစစ်ဆေးနေတယ်ကြားလို့ တိမ်းရှောင်သွားတာဖြစ်မယ်။"

"ဒီအမှုမှာ သူကအဓိကတရားခံပဲ။ စစ်ကျွေးသူ့​ကို ရှာဖို့မင်းကိုပဲအပ်လိုက်မယ်။ ကျန်တဲ့သူတွေက JC bar နားကို​ နေ့ညမပြတ်စောင့်ကြည့်နေပါ။ ပြီးတော့တစ်ခုခုထူး.....အား!!!"

ဘေးနားတွင်ထိုင်နေသော ရှောင်းကျန့်မှာ စားပွဲအောက်မှ ရိပေါ် ပေါင်​ကို အားနှင့်ဆွဲဆိတ်လိုက်ခြင်းပင်။ ရိပေါ် နာသွားသောပေါင်ကို ပွတ်ရင်း ရှောင်းကျန့်အား မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်သည်။

"Captain ဘာဖြစ်တာလဲဟင်။"

"ဟင်..ပုရွက်ဆိတ်​ကိုက်တာ။ အဲ့ပုရွက်ဆိတ်တော့လား နောက်တစ်ခါလာကိုက်ရင် ရှေ့သွားကြီး နှစ်ချောင်းကို ပလာယာနဲ့ကို ဆွဲနှုတ်ပစ်မယ်။"

My Dear Enemy (Season1 Completed)Where stories live. Discover now