Part (26)

12.3K 1K 31
                                    

Unicode

M city ရဲဌာနတစ်ခုလုံး ထူးဆန်းသော အမှုတစ်ခုကြောင့် ခေါင်းခြောက်နေကြသည်။ တရားခံမတွေ့သည့်အပြင် သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက် တိုးလာသည့်အတွက် ထိုအမှုအား M-city Criminal investigation (MCI) အဖွဲ့ဆီသို့ လွှဲလိုက်သည်။ အမှုဖြစ်ပွားသည့် နေရာမှာ M city မြို့ အနီးရှိ ကျွန်းရွာလေးတစ်ရွာဖြစ်သည်။ ထို့ကြောင့် MCI အဖွဲ့သားများ အရေးပေါ်အစည်းအဝေးခေါ်ကာ ဌာနမှူးဝမ်ဟိုက်ခွမ်းမှ အမှုအကြောင်းကို ရှင်းပြနေသည်။

"အမှုဖြစ်ပွားတဲ့ရွာနာမည်က ကွေဝူးရွာတဲ့။ ရွာမှာရှိတဲ့ မိန်းမပျိုလေးတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်နေပြီး သေဆုံးသွားတဲ့ မိန်းကလေးက သုံးယောက်ရှိပြီ။ ကျွန်းရွာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးကလဲ မကောင်းသလို ရွာကအရမ်းလဲခေါင်တယ်။ တစ်ရွာလုံးက နတ်ဆရာမကို ကိုးကွယ်ကြတာ အောက်လမ်းအတတ်ကို သင်ထားကြတဲ့အပြင် ရွာထဲကိုသူစိမ်းဝင်တာလဲ မကြိုက်ကြဘူးတဲ့။ မိန်းကလေးတွေ ပျောက်သွားတဲ့ကိစ္စကို ရွာထဲကလူတွေကရဲမတိုင်ချင်ကြဘူး။ ကျွန်းပေါ်ကနေ ဒီကိုကျောင်းလာတက်တဲ့ မိန်းကလေးတစ်ယောက်ကြောင့်သာ သိရတာ။"

"အဲဒီမိန်းကလေးကော"

"သူက ကျွန်းပေါ်ကို ပြန်သွားပြီးသူလဲ ပျောက်နေတယ်။"

"ရဲတပ်ဖွဲ့ဝင်တွေနဲ့ မရှာဘူးလား။"

"ရှာတာပေါ့။ M-city ကနေရဲတပ်ဖွဲ့ နှစ်ဖွဲ့လွှတ်ပြီးပြီ အထူးတပ်ဖွဲ့ဝင်တွေနဲ့လဲ တစ်ရွာလုံးကို နှံ့နေအောင်ရှာပြီးပြီ။ သံသယဖြစ်စရာ တစ်ခုမှမတွေ့ဘူး။ ဒီအတိုင်းတံငါရွာလေးပါပဲ။"

"အဲ့တာဆို ကျွန်တော်တို့အဖွဲ့သွားမယ်။ စစ်ကျွေး၊ကျင်းရီ နဲ့ ကျင်းလင် ဒီမှာနေခဲ့ပြီးတော့ ဂြိုဟ်တုဆက်သွယ်ရေးတွေ ဖွင့်ထား။ drone တွေလွှတ်ပြီး ကျွန်းမြေပုံကိုဆွဲထားလိုက်။ ကျွန်းပေါ်ကနေ အချက်ပြရင် ချက်ချင်း မော်တော်ဘုတ်တစ်စင်းလွှတ်ပေး။ ယွီပင်း၊ ကျိလိနဲ့ ကျူးစန့်ကျင် လိုက်ခဲ့။ ကျန့်ကော ဆေးပစ္စည်းတွေ သေချာထည့်ခဲ့ပါ။ ဒီညနေထွက်မယ်။"

"ဟုတ်ကဲ့ပါ Captain"

ရိပေါ်၏ စေ့စေ့စပ်စပ်မှာကြားမှု အပြီးတွင် အဖွဲ့သားများ အခင်းဖြစ်ပွားရာကျွန်းသို့ မော်တော်ဘုတ် တစ်စီးဖြင့် ထွက်လာကြသည်။

My Dear Enemy (Season1 Completed)Where stories live. Discover now