[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 356K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၃၉ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၄၄ ..

12.1K 1.3K 19
By busy_pisi

《Zawgyi》

အပိုင္း - ၁၄၄
[ဇာတ္လိုက္ႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း - ၁]

ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ရဲ႕စာကိုေတြ႕ေတာ့ ဒါရိုက္တာရဲ႕ရံုးခန္းမွ ထြက္လာတုန္းပင္ ရွိေသး၏။

ဒါရိုက္တာႀကီးက သူမကို သူ႔ရံုးခန္းသို႔​ေခၚေတြ႕ရသည့္ အေၾကာင္းအရင္းက တစ္ခုသာ ရွိေလသည္။ ခ်န္းစီႏ်န္ကို အင္တာဗ်ဴး လက္ခံဖို႔အတြက္ ေျပာေပးဖို႔အတြက္သာ။

ခ်င္းစုယြဲ႕ရဲ႕ သေဘာထားကေတာ့ မေျပာင္းလဲပါေပ။ သို႔ေသာ္လည္း သူမဟာ ဒါရိုက္တာႀကီးရဲ႕ အာသြက္လၽွာသြက္မႈႀကီးကို မထိန္းလိုက္ႏိုင္ေခ်။ သူမ လက္မခံမခ်င္း အလုပ္ျပန္မလုပ္ခိုင္းေတာ့ဘူးလို႔ကို ခံစားမိရသည္။ ခ်င္းစုယြဲ႕မွာ ဤသို႔ေျပာထြက္ဖို႔ကို ဖိအားေပးခံလိုက္ရသည္။
"သူ မေန႔ညက Aၿမိဳ႕ကို ျပန္လာတယ္ .. တကယ္လို႔ ဒါရိုက္တာႀကီး ေျပာခ်င္ရင္ တစ္ေယာက္ေယာက္ကိုလႊတ္ၿပီး ေျပာခိုင္းလို႔ရပါတယ္"

ဒါရိုက္တာႀကီးက သေဘာတူလိုက္ေပမယ့္ သူ႔ကိုေျဖာင္းဖ်ဖို႔ ခ်င္းစုယြဲ႕အား အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ပါ၏။

ခ်န္းစီႏ်န္က ေန႔လည္စာစားဖို႔အတြက္ ခ်င္းစုယြဲ႕ကို ဂရုတစိုက္ လာေခၚခ်ိန္မွာေတာ့ သူမ စိတ္မၾကည္ေနတာကို သူသတိထားမိသျဖင့္ က်ီစယ္လိုက္သည္။
"ကိုယ့္ကိုၾကည့္ေနတာနဲ႔တင္ ဗိုက္ျပည့္ေနၿပီေပါ့?"

ခ်င္းစုယြဲ႕က သတိလက္လြတ္ႏွင့္ သူ႔ကို ေမာ့ၾကည့္လိုက္သည္။ ထိုအခါမွ သူက သူမ စိတ္ၾကည္ဖို႔ စေနာက္ေနသည္ကို သတိျပဳမိၿပီး ရယ္ေမာလိုက္သည္။
"ဥကၠဌခ်န္းရယ္ .. မစိုးရိမ္ပါနဲ႔ ... ရွင့္ကိုၾကည့္ရင္ ကၽြန္မက ပိုၿပီးေတာ့ေတာင္ စားခ်င္စိတ္ေတြ ျဖစ္လာေသးတယ္ ... ကိုယ့္ကိုယ္ကို သံသယ မျဖစ္ပါနဲ႔ရွင္"

ခ်န္းစီႏ်န္က ေအးစက္စက္ျဖင့္ မေက်မနပ္ဆို၏။
"ကိုယ္က ကိုယ့္ရုပ္ရည္အေပၚ အျမဲယံုၾကည္ခ်က္ရွိတယ္"

"အင္း.. ဟုတ္ပါတယ္ေလ!" ခ်င္းစုယြဲ႕က ေနာက္က လိုက္ေထာက္ခံေပး၏။ ႏွစ္လုပ္ေလာက္ စားၿပီးသြားေတာ့ သူမကေျပာသည္။
"ရွင့္ကို ေျပာစရာနည္းနည္း ရွိတယ္"

"ဘာကိုလဲ?"

ခ်င္းစုယြဲ႕က တဲ့တိုးပဲ ေျပာလိုက္ေတာ့သည္။
"ရုပ္သံလႊင့္ဌာနက ရွင့္ကို အစီအစဥ္တစ္ခုမွာ ေတြ႕ဆံုေမးျမန္းခ်င္ေနတယ္"

"အင္း"

"ရွင္ အင္တာဗ်ဴးကို လက္ခံမွာလား?"

ထိုအင္တာဗ်ဴးကို သူမ တင္ဆက္မွာဆိုတာကို ခ်န္းစီႏ်န္လည္း သိေန၏။ ဒါေပမယ့္ သူမက ဒီအခ်က္ကို မေျပာတာကိုေတြ႕ေတာ့ ခ်န္းစီႏ်န္ကဆိုသည္။
"ပံုမွန္အားျဖင့္ေတာ့ ကိုယ္က ဒီလိုအစီအစဥ္ေတြကို မသြားဘူး"

"ကၽြန္မ သိပါတယ္"
ခ်န္းစီႏ်န္က သူ႔ကိုယ္သူ လူအမ်ားေရွ႕မွာ ထြက္ျပရသည္ကို အရမ္းမုန္းသည္ကို တျခားသူေတြထက္ သူမက ပိုသိေနခဲ့ပါ၏။

ဒါေပမယ့္ သူက ဤသို႔ ဆက္ေျပာလာေလသည္။
"ဒါေပမယ့္ ကိုယ့္ကို ေတြ႕ဆံုေမးျမန္းရမယ့္သူက မင္းျဖစ္ေနၿပီး ကိုယ့္ကို မင္းက အခြင့္အေရး တခ်ိဳ႕တေလ ေပးမယ္ဆိုရင္ေတာ့ ကိုယ္ လက္ခံပါမယ္"

ထိုသို႔ေျပာၿပီးေနာက္ ခ်န္းစီႏ်န္က သူမအား အဓိပၸါယ္ေဖာ္မရသည့္ အၾကည့္ႀကီးျဖင့္ စိုက္ၾကည့္ေနသည္။ ခ်င္းစုယြဲ႕ကေတာ့ သူ႔ရဲ႕ေထာင္ေခ်ာက္မွာ အေသအခ်ာကို မက်ရွံုးခဲ့ပါေပ။
"ဟင့္အင္း ... ရွင့္ကို အင္တာဗ်ဴးရရင္ ကၽြန္မေတာ့ ကေမာက္ကမ ႏိုင္မယ္လို႔ ထင္တာပဲ"

ခ်န္းစီႏ်န္က တကယ္ကို ဘာမွျပန္မေျပာသျဖင့္ ဒီေခါင္းစဥ္ကို ဖယ္ထားလိုက္ၾကေတာ့သည္။

ေနာက္၂ရက္ အၾကာမွာေတာ့ ခ်င္းစုယြဲ႕က မနက္အေစာ ရံုးသို႔ ဝင္လာခ်ိန္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြက သူမအား ဂုဏ္ျပဳေၾကာင္း လာေျပာၾကလိမ့္မည္ဟုေတာ့ ဘယ္သူကသိခဲ့ပါမည္နည္း။
"စုယြဲ႕ ... နင္က အရမ္းကို အံ့ဩစရာေကာင္းတာပဲဟယ္ ... ခ်န္းစီႏ်န္က တကယ့္ကို ပထမဆံုးမွ ပထမဆံုးအႀကိမ္ ဒီလိုအစီအစဥ္ကို လာေရာက္ဖုိ႔ သေဘာတူလိုက္တာဟ .. အဲဒါသာ လႊင့္လိုက္တာနဲ႔ နင္ေတာ့ ေသခ်ာေပါက္ နာမည္ႀကီးၿပီပဲ!"

ခ်င္းစုယြဲ႕မွာ တမဟုတ္ခ်င္း ေတာင့္တင္းသြားလ်က္ အထိတ္တလန္႔ဆို၏။
"သူက ဒီအစီအစဥ္ကိုလာဖို႔ သေဘာတူလိုက္ၿပီတဲ့လား?"

"ဟုတ္တယ္လို႔!" သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ေပ်ာ္ရႊင္စြာ ေျပာျပေလသည္။
"နင္ မသိဘူးလား? ငါၾကားတာေတာ့ ဒါရိုက္တာက သူ႔ကို ေန႔လည္စာ ဖိတ္ေကၽြးၿပီး ေတာင္းဆိုေတာ့ သူက သေဘာတူလိုက္တာတဲ့ .. ဒါေပမယ့္ ငါတုိ႔ေတြအကုန္လံုးက ဘယ္သူ႔ေၾကာင့္မလို႔ဆိုတာ သိေနၾကတာပဲ"

ခ်င္းစုယြဲ႕မွာ ေျပာစရာစကားပင္ မရွိေတာ့။ သူ လက္ခံလိုက္တာ ငါ့ကိုေတာင္ မေျပာျပခဲ့ဘူးေလ!

သိပ္မၾကာခင္မွာပဲ တရားဝင္ေၾကၾကာခ်က္ ထြက္လာေလသည္။ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ႏွင့္ ေတြ႕ဆံုေမးျမန္းဖို႔ တာဝန္ယူရမည္ျဖစ္ကာ တခ်ိန္ထဲမွာပဲ ထိုအင္တာဗ်ဴးကို အထူးတဆန္းပင္ တိုက္ရိုက္လိုက္ဖ္ ထုတ္လႊင့္ျပသမည္ ျဖစ္၏။

ဒါက ဒီအစီအစဥ္ကို စတင္ထုတ္လႊင့္ထဲက ပထမဆံုးအႀကိမ္ တိုက္ရိုက္ထုတ္လႊင့္တာျဖစ္ၿပီး ဒီအတြက္ေၾကာင့္မို႔ပဲ အစီအစဥ္ကုိ တာဝန္ယူတင္ဆက္ရတဲ့ ဝန္ထမ္းေတြဟာ အလြန္အမင္း အာရံုစူးစိုက္ၿပီး အေလးထားရမည္ျဖစ္သည္။

အဟုတ္ပင္ .. ခ်န္းစီႏ်န္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ သူက ဒီအစီအစဥ္အတြက္ မိနစ္သံုးဆယ္သာ အခ်ိန္ေပးႏိုင္ေပမည္။

ဒါရိုက္တာက ဆိုသည္။
"စီအီးအိုခ်န္းခင္ဗ် ... ကၽြန္ေတာ္တုိ႔က တိုက္ရိုက္ထုတ္လႊင့္တာဆိုရင္ အစီအစဥ္တစ္ခုလံုးက တစ္နာရီေက်ာ္ ၾကာရပါလိမ့္မယ္ .. စီအီးအိုခ်န္းက နာရီဝက္ပဲ လာမွာဆိုရင္ ကၽြန္ေတာ္တုိ႔ အစီအစဥ္က....."

"ခင္ဗ်ားတို႔ဘာသာပဲ တစ္ခုခုနဲ႔ စီစဥ္ေျဖရွင္းေလ" ခ်န္းစီႏ်န္ကေတာ့ ထိုသို႔ပင္ ျပန္ေျဖေလ၏။

အဲ့တာေၾကာင့္ပဲ ေနာက္ဆံုးမွာေတာ့ သူတို႔က အစီအစဥ္ရဲ႕ ပထမအပို္င္းမွာ နာမည္ႀကီး အႏုပညာရွင္တစ္ေယာက္ကို ဖိတ္ၾကားရေလသည္။ ခဏနားခ်ိန္ ဆယ္မိနစ္ၿပီးမွ အဓိကဧည့္သည္ေတာ္ျဖစ္သည့္ ခ်န္းစီႏ်န္က ထြက္လာမည္ ျဖစ္သည္။

ခ်င္းစုယြဲ႕ကေတာ့ အပိုင္းတစ္ခုလံုးကို ျပန္အစီအစဥ္ခ်ဖို႔ လိုအပ္သြားသည္သာပင္။ သူမမွာ ညအထိ အခ်ိန္ပိုေတြ လုပ္ရေတာ့သည္။ ခ်န္းစီႏ်န္ သူမကို လာေခၚခ်ိန္မွာေတာ့ သူမမွာ မ်က္ႏွာစူပုပ္လ်က္ ေမးေလ၏။
"ဘာလို႔ လက္ခံလိုက္တာလဲလို႔?"

"ကိုယ့္ေကာင္မေလး တင္ဆက္မယ့္အစီအစဥ္ကို ကိုယ္လက္မခံသင့္တဲ့ အေၾကာင္းျပခ်က္ေလးမ်ား ရွိလို႔လား?"

ခ်င္းစုယြဲ႕က မ်က္ေမွာင္ကုပ္လ်က္ တိတ္ဆိတ္သြားရေတာ့သည္။

ခ်န္းစီႏ်န္က ရယ္လိုက္သည္။
"ကိုယ္က လူၾကားထဲ ထြက္ျပဖို႔အတြက္ အဲ့ေလာက္ ရွက္စရာေကာင္းေနလို႔လား?"

ခ်င္းစုယြဲ႕က သူမမ်က္ႏွာကို လာဖ်စ္ညႇစ္ေနတဲ့လက္အား ရိုက္ထုတ္လိုက္သည္။
"ရွင္က အရမ္းၾကည့္ေကာင္းေနလို႔ ကၽြန္မက လူၾကားထဲ ထုတ္မျပခ်င္တာ"

ခ်န္းစီႏ်န္က တဟားဟားရယ္လိုက္ၿပီး တခုခု ေျပာလိုက္မလို႔ေပမယ့္ ခ်င္းစုယြဲ႕ဆက္ေျပာသည္ကို ၾကားလိုက္ရ၏။
"ေနာက္ၿပီးေတာ့ ကၽြန္မအတြက္နဲ႔ ရွင္သေဘာမက်တာကို မလုပ္ေစခ်င္ဘူး"

"ဒီကိစၥက ကိုယ့္အတြက္ အရမ္းမဆိုးပါဘူးကြာ ... စိတ္ေအးေအးထားၿပီး ကိုယ့္ကို သာမန္ဧည့္သည္တစ္ေယာက္လိုပဲ ဆက္ဆံလို႔ရပါတယ္"

ခ်င္းစုယြဲ႕က ညည္းညဴလိုက္သည္။
"ရွင္က ဘယ္လိုလုပ္ၿပီး သာမန္ျဖစ္မွာလဲ?"
ငါ သူ႔ေဘးနားမွာရွိရင္ လံုးဝႀကီး ထူးထူးျခားျခား ခံစားရတဲ့ဟာကို!

ကုမၸဏီမွာ အေရးႀကီးကိစၥေတြ လုပ္စရာရွိေနသျဖင့္ ခ်န္းစီႏ်န္ဟာ စီစဥ္ထားသည္ထက္ေစာ၍ ရွန္က်င္းၿမိဳ႕သို႔ ျပန္သြားရေလသည္။ သူ မရွိေတာ့သည့္ ေန႔ရက္ေတြကို ကုန္ဆံုးရင္းႏွင့္ ခ်င္းစုယြဲ႕က ထိုအေတာအတြင္းမွာ စိတ္ကိုတည္ၿငိမ္ေအာင္လုပ္လ်က္ အစီအစဥ္အတြက္ အၾကမ္းဖ်ဥ္း ျပင္ဆင္ေနေလ၏။

ခ်န္းစီႏ်န္ အစီအစဥ္ကို တက္ေရာက္မည္ျဖစ္ေၾကာင္း Weibo ေပၚက တရားဝင္ေၾကျငာခ်က္က အလြန္ႀကီးမားတဲ့ စိတ္ဝင္စားမႈေတြကို ဖန္တီးႏိုင္ေလသည္။

ထူးကဲၿပီး ခ်မ္းသာတဲ့ ခ်န္းစီႏ်န္ဟာ ေနာက္ဆံုးေတာ့ ေတြ႕ဆံုေမးျမန္းတဲ့ အစီအစဥ္ကို တက္ေရာက္ၿပီေပါ့ေလ? အင္တာနက္သံုးစြဲသူေတြဟာ သူတုိ႔ ခ်န္းစီႏ်န္ ေပၚထြက္လာမွာကို ၾကည့္ရႈဖို႔ စိတ္အားထက္သန္ေနၾကေၾကာင္း မွတ္ခ်က္ေတြ ေရးၾကကုန္သည္။

တိုက္ရိုက္ထုတ္လႊင့္တဲ့ေန႔မွာေတာ့ သူတို႔ဟာ လုပ္ရိုးလုပ္စဥ္အတိုင္း ေဆာင္ရြက္ၾကၿပီး ေန႔လည္မွာေတာ့ အစမ္းေလ့က်င့္ၾကရသည္။ ခ်န္းစီႏ်န္က ေလယာဥ္ေပၚမွာပဲ ရွိေသးသျဖင့္ ဒီေနရာမွာ မပါဝင္ရေပ။

ညစာစားၿပီးေတာ့ ခ်င္းစုယြဲ႕က သူမကိုယ္သူမ တည္ၿငိမ္ေအာင္ထိန္းၿပီး တင္ဆက္သူတစ္ေယာက္အျဖစ္ အေကာင္းဆံုး အေျခအေနျဖစ္ေအာင္ ျပင္ဆင္လိုက္သည္။

အပိုင္းအစမွာတင္ သူမက နည္းနည္းေလး စိတ္လႈပ္ရွားၿပီး ေၾကာက္ေနမိေပမယ့္ စိတ္ကို အလ်င္အျမန္ ျပင္ဆင္ႏိုင္ေလသည္။ သူမဟာ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြ ဒါမွမဟုတ္ ကင္မရာေတြႏွင့္ ရင္ဆိုင္ရပါေစ တည္ၿငိမ္ၿပီး အေလးထားဟန္ေပၚေနေလသည္။

7.7.2020

*******************

《Unicode》

အပိုင်း - ၁၄၄
[ဇာတ်လိုက်နှင့် ​​တွေ့ဆုံ​မေးမြန်းခြင်း - ၁]

ချင်းစုယွဲ့က ချန်းစီနျန်ရဲ့စာကိုတွေ့တော့ ဒါရိုက်တာရဲ့ရုံးခန်းမှ ထွက်လာတုန်းပင် ရှိသေး၏။

ဒါရိုက်တာကြီးက သူမကို သူ့ရုံးခန်းသို့​ခေါ်တွေ့ရသည့် အကြောင်းအရင်းက တစ်ခုသာ ရှိလေသည်။ ချန်းစီနျန်ကို အင်တာဗျူး လက်ခံဖို့အတွက် ပြောပေးဖို့အတွက်သာ။

ချင်းစုယွဲ့ရဲ့ သဘောထားကတော့ မပြောင်းလဲပါပေ။ သို့သော်လည်း သူမဟာ ဒါရိုက်တာကြီးရဲ့ အာသွက်လျှာသွက်မှုကြီးကို မထိန်းလိုက်နိုင်ချေ။ သူမ လက်မခံမချင်း အလုပ်ပြန်မလုပ်ခိုင်းတော့ဘူးလို့ကို ခံစားမိရသည်။ ချင်းစုယွဲ့မှာ ဤသို့ပြောထွက်ဖို့ကို ဖိအားပေးခံလိုက်ရသည်။
"သူ မနေ့ညက Aမြို့ကို ပြန်လာတယ် .. တကယ်လို့ ဒါရိုက်တာကြီး ပြောချင်ရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး ပြောခိုင်းလို့ရပါတယ်"

ဒါရိုက်တာကြီးက သဘောတူလိုက်ပေမယ့် သူ့ကိုဖြောင်းဖျဖို့ ချင်းစုယွဲ့အား အကြိမ်ပေါင်းများစွာ ပြောခဲ့ပါ၏။

ချန်းစီနျန်က နေ့လည်စာစားဖို့အတွက် ချင်းစုယွဲ့ကို ဂရုတစိုက် လာခေါ်ချိန်မှာတော့ သူမ စိတ်မကြည်နေတာကို သူသတိထားမိသဖြင့် ကျီစယ်လိုက်သည်။
"ကိုယ့်ကိုကြည့်နေတာနဲ့တင် ဗိုက်ပြည့်နေပြီပေါ့?"

ချင်းစုယွဲ့က သတိလက်လွတ်နှင့် သူ့ကို မော့ကြည့်လိုက်သည်။ ထိုအခါမှ သူက သူမ စိတ်ကြည်ဖို့ စနောက်နေသည်ကို သတိပြုမိပြီး ရယ်မောလိုက်သည်။
"ဥက္ကဌချန်းရယ် .. မစိုးရိမ်ပါနဲ့ ... ရှင့်ကိုကြည့်ရင် ကျွန်မက ပိုပြီးတော့တောင် စားချင်စိတ်တွေ ဖြစ်လာသေးတယ် ... ကိုယ့်ကိုယ်ကို သံသယ မဖြစ်ပါနဲ့ရှင်"

ချန်းစီနျန်က အေးစက်စက်ဖြင့် မကျေမနပ်ဆို၏။
"ကိုယ်က ကိုယ့်ရုပ်ရည်အပေါ် အမြဲယုံကြည်ချက်ရှိတယ်"

"အင်း.. ဟုတ်ပါတယ်လေ!" ချင်းစုယွဲ့က နောက်က လိုက်ထောက်ခံပေး၏။ နှစ်လုပ်လောက် စားပြီးသွားတော့ သူမကပြောသည်။
"ရှင့်ကို ပြောစရာနည်းနည်း ရှိတယ်"

"ဘာကိုလဲ?"

ချင်းစုယွဲ့က တဲ့တိုးပဲ ပြောလိုက်တော့သည်။
"ရုပ်သံလွှင့်ဌာနက ရှင့်ကို အစီအစဉ်တစ်ခုမှာ တွေ့ဆုံမေးမြန်းချင်နေတယ်"

"အင်း"

"ရှင် အင်တာဗျူးကို လက်ခံမှာလား?"

ထိုအင်တာဗျူးကို သူမ တင်ဆက်မှာဆိုတာကို ချန်းစီနျန်လည်း သိနေ၏။ ဒါပေမယ့် သူမက ဒီအချက်ကို မပြောတာကိုတွေ့တော့ ချန်းစီနျန်ကဆိုသည်။
"ပုံမှန်အားဖြင့်တော့ ကိုယ်က ဒီလိုအစီအစဉ်တွေကို မသွားဘူး"

"ကျွန်မ သိပါတယ်"
ချန်းစီနျန်က သူ့ကိုယ်သူ လူအများရှေ့မှာ ထွက်ပြရသည်ကို အရမ်းမုန်းသည်ကို တခြားသူတွေထက် သူမက ပိုသိနေခဲ့ပါ၏။

ဒါပေမယ့် သူက ဤသို့ ဆက်ပြောလာလေသည်။
"ဒါပေမယ့် ကိုယ့်ကို တွေ့ဆုံမေးမြန်းရမယ့်သူက မင်းဖြစ်နေပြီး ကိုယ့်ကို မင်းက အခွင့်အရေး တချို့တလေ ပေးမယ်ဆိုရင်တော့ ကိုယ် လက်ခံပါမယ်"

ထိုသို့ပြောပြီးနောက် ချန်းစီနျန်က သူမအား အဓိပ္ပါယ်ဖော်မရသည့် အကြည့်ကြီးဖြင့် စိုက်ကြည့်နေသည်။ ချင်းစုယွဲ့ကတော့ သူ့ရဲ့ထောင်ချောက်မှာ အသေအချာကို မကျရှုံးခဲ့ပါပေ။
"ဟင့်အင်း ... ရှင့်ကို အင်တာဗျူးရရင် ကျွန်မတော့ ကမောက်ကမ နိုင်မယ်လို့ ထင်တာပဲ"

ချန်းစီနျန်က တကယ်ကို ဘာမှပြန်မပြောသဖြင့် ဒီခေါင်းစဉ်ကို ဖယ်ထားလိုက်ကြတော့သည်။

နောက်၂ရက် အကြာမှာတော့ ချင်းစုယွဲ့က မနက်အစော ရုံးသို့ ဝင်လာချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေက သူမအား ဂုဏ်ပြုကြောင်း လာပြောကြလိမ့်မည်ဟုတော့ ဘယ်သူကသိခဲ့ပါမည်နည်း။
"စုယွဲ့ ... နင်က အရမ်းကို အံ့ဩစရာကောင်းတာပဲဟယ် ... ချန်းစီနျန်က တကယ့်ကို ပထမဆုံးမှ ပထမဆုံးအကြိမ် ဒီလိုအစီအစဉ်ကို လာရောက်ဖို့ သဘောတူလိုက်တာဟ .. အဲဒါသာ လွှင့်လိုက်တာနဲ့ နင်တော့ သေချာပေါက် နာမည်ကြီးပြီပဲ!"

ချင်းစုယွဲ့မှာ တမဟုတ်ချင်း တောင့်တင်းသွားလျက် အထိတ်တလန့်ဆို၏။
"သူက ဒီအစီအစဉ်ကိုလာဖို့ သဘောတူလိုက်ပြီတဲ့လား?"

"ဟုတ်တယ်လို့!" သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပျော်ရွှင်စွာ ပြောပြလေသည်။
"နင် မသိဘူးလား? ငါကြားတာတော့ ဒါရိုက်တာက သူ့ကို နေ့လည်စာ ဖိတ်ကျွေးပြီး တောင်းဆိုတော့ သူက သဘောတူလိုက်တာတဲ့ .. ဒါပေမယ့် ငါတို့တွေအကုန်လုံးက ဘယ်သူ့ကြောင့်မလို့ဆိုတာ သိနေကြတာပဲ"

ချင်းစုယွဲ့မှာ ပြောစရာစကားပင် မရှိတော့။ သူ လက်ခံလိုက်တာ ငါ့ကိုတောင် မပြောပြခဲ့ဘူးလေ!

သိပ်မကြာခင်မှာပဲ တရားဝင်ကြေကြာချက် ထွက်လာလေသည်။ ချင်းစုယွဲ့က ချန်းစီနျန်နှင့် တွေ့ဆုံမေးမြန်းဖို့ တာဝန်ယူရမည်ဖြစ်ကာ တချိန်ထဲမှာပဲ ထိုအင်တာဗျူးကို အထူးတဆန်းပင် တိုက်ရိုက်လိုက်ဖ် ထုတ်လွှင့်ပြသမည် ဖြစ်၏။

ဒါက ဒီအစီအစဉ်ကို စတင်ထုတ်လွှင့်ထဲက ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်တာဖြစ်ပြီး ဒီအတွက်ကြောင့်မို့ပဲ အစီအစဉ်ကို တာဝန်ယူတင်ဆက်ရတဲ့ ဝန်ထမ်းတွေဟာ အလွန်အမင်း အာရုံစူးစိုက်ပြီး အလေးထားရမည်ဖြစ်သည်။

အဟုတ်ပင် .. ချန်းစီနျန်ရဲ့ တောင်းဆိုမှုကြောင့် သူက ဒီအစီအစဉ်အတွက် မိနစ်သုံးဆယ်သာ အချိန်ပေးနိုင်ပေမည်။

ဒါရိုက်တာက ဆိုသည်။
"စီအီးအိုချန်းခင်ဗျ ... ကျွန်တော်တို့က တိုက်ရိုက်ထုတ်လွှင့်တာဆိုရင် အစီအစဉ်တစ်ခုလုံးက တစ်နာရီကျော် ကြာရပါလိမ့်မယ် .. စီအီးအိုချန်းက နာရီဝက်ပဲ လာမှာဆိုရင် ကျွန်တော်တို့ အစီအစဉ်က....."

"ခင်ဗျားတို့ဘာသာပဲ တစ်ခုခုနဲ့ စီစဉ်ဖြေရှင်းလေ" ချန်းစီနျန်ကတော့ ထိုသို့ပင် ပြန်ဖြေလေ၏။

အဲ့တာကြောင့်ပဲ နောက်ဆုံးမှာတော့ သူတို့က အစီအစဉ်ရဲ့ ပထမအပိုင်းမှာ နာမည်ကြီး အနုပညာရှင်တစ်ယောက်ကို ဖိတ်ကြားရလေသည်။ ခဏနားချိန် ဆယ်မိနစ်ပြီးမှ အဓိကဧည့်သည်တော်ဖြစ်သည့် ချန်းစီနျန်က ထွက်လာမည် ဖြစ်သည်။

ချင်းစုယွဲ့ကတော့ အပိုင်းတစ်ခုလုံးကို ပြန်အစီအစဉ်ချဖို့ လိုအပ်သွားသည်သာပင်။ သူမမှာ ညအထိ အချိန်ပိုတွေ လုပ်ရတော့သည်။ ချန်းစီနျန် သူမကို လာခေါ်ချိန်မှာတော့ သူမမှာ မျက်နှာစူပုပ်လျက် မေးလေ၏။
"ဘာလို့ လက်ခံလိုက်တာလဲလို့?"

"ကိုယ့်ကောင်မလေး တင်ဆက်မယ့်အစီအစဉ်ကို ကိုယ်လက်မခံသင့်တဲ့ အကြောင်းပြချက်လေးများ ရှိလို့လား?"

ချင်းစုယွဲ့က မျက်မှောင်ကုပ်လျက် တိတ်ဆိတ်သွားရတော့သည်။

ချန်းစီနျန်က ရယ်လိုက်သည်။
"ကိုယ်က လူကြားထဲ ထွက်ပြဖို့အတွက် အဲ့လောက် ရှက်စရာကောင်းနေလို့လား?"

ချင်းစုယွဲ့က သူမမျက်နှာကို လာဖျစ်ညှစ်နေတဲ့လက်အား ရိုက်ထုတ်လိုက်သည်။
"ရှင်က အရမ်းကြည့်ကောင်းနေလို့ ကျွန်မက လူကြားထဲ ထုတ်မပြချင်တာ"

ချန်းစီနျန်က တဟားဟားရယ်လိုက်ပြီး တခုခု ပြောလိုက်မလို့ပေမယ့် ချင်းစုယွဲ့ဆက်ပြောသည်ကို ကြားလိုက်ရ၏။
"နောက်ပြီးတော့ ကျွန်မအတွက်နဲ့ ရှင်သဘောမကျတာကို မလုပ်စေချင်ဘူး"

"ဒီကိစ္စက ကိုယ့်အတွက် အရမ်းမဆိုးပါဘူးကွာ ... စိတ်အေးအေးထားပြီး ကိုယ့်ကို သာမန်ဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံလို့ရပါတယ်"

ချင်းစုယွဲ့က ညည်းညူလိုက်သည်။
"ရှင်က ဘယ်လိုလုပ်ပြီး သာမန်ဖြစ်မှာလဲ?"
ငါ သူ့ဘေးနားမှာရှိရင် လုံးဝကြီး ထူးထူးခြားခြား ခံစားရတဲ့ဟာကို!

ကုမ္ပဏီမှာ အရေးကြီးကိစ္စတွေ လုပ်စရာရှိနေသဖြင့် ချန်းစီနျန်ဟာ စီစဉ်ထားသည်ထက်စော၍ ရှန်ကျင်းမြို့သို့ ပြန်သွားရလေသည်။ သူ မရှိတော့သည့် နေ့ရက်တွေကို ကုန်ဆုံးရင်းနှင့် ချင်းစုယွဲ့က ထိုအတောအတွင်းမှာ စိတ်ကိုတည်ငြိမ်အောင်လုပ်လျက် အစီအစဉ်အတွက် အကြမ်းဖျဉ်း ပြင်ဆင်နေလေ၏။

ချန်းစီနျန် အစီအစဉ်ကို တက်ရောက်မည်ဖြစ်ကြောင်း Weibo ပေါ်က တရားဝင်ကြေငြာချက်က အလွန်ကြီးမားတဲ့ စိတ်ဝင်စားမှုတွေကို ဖန်တီးနိုင်လေသည်။

ထူးကဲပြီး ချမ်းသာတဲ့ ချန်းစီနျန်ဟာ နောက်ဆုံးတော့ တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်ကို တက်ရောက်ပြီပေါ့လေ? အင်တာနက်သုံးစွဲသူတွေဟာ သူတို့ ချန်းစီနျန် ပေါ်ထွက်လာမှာကို ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြကြောင်း မှတ်ချက်တွေ ရေးကြကုန်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့နေ့မှာတော့ သူတို့ဟာ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ကြပြီး နေ့လည်မှာတော့ အစမ်းလေ့ကျင့်ကြရသည်။ ချန်းစီနျန်က လေယာဉ်ပေါ်မှာပဲ ရှိသေးသဖြင့် ဒီနေရာမှာ မပါဝင်ရပေ။

ညစာစားပြီးတော့ ချင်းစုယွဲ့က သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းပြီး တင်ဆက်သူတစ်ယောက်အဖြစ် အကောင်းဆုံး အခြေအနေဖြစ်အောင် ပြင်ဆင်လိုက်သည်။

အပိုင်းအစမှာတင် သူမက နည်းနည်းလေး စိတ်လှုပ်ရှားပြီး ကြောက်နေမိပေမယ့် စိတ်ကို အလျင်အမြန် ပြင်ဆင်နိုင်လေသည်။ သူမဟာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ ဒါမှမဟုတ် ကင်မရာတွေနှင့် ရင်ဆိုင်ရပါစေ တည်ငြိမ်ပြီး အလေးထားဟန်ပေါ်နေလေသည်။

7.7.2020

*******************

Continue Reading

You'll Also Like

332K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
790K 87.9K 146
second part of No Doubt in Us ကျွန်တော့်accထဲကပထမပိုင်းရဲ့အဆက်ပါ second part of No Doubt in Us ကြၽန္ေတာ့္accထဲကပထမပိုင္းရဲ႕အဆက္ပါ
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.1M 48.4K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...