Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.3K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 53 ( 💔💔💔 )

28.9K 3.8K 453
By MikkyLay1

#Unicode

" ပါပါး ... ပါပါး "

" ပတ်ဆူးယောင် ... ပတ်ဆုန်းချူ "

အရင်တစ်ခါ အိမ်မက်နဲ့တူညီတဲ့ လူတစ်ယောက်ရဲ့ပုံရိပ် ... သူ့ရဲ့အရှေ့မှာ လှပတဲ့အမျိုးသမီးတစ်ဦးရပ်နေတယ် ... သေးငယ်တဲ့ကလေးလေးတွေက လက်ချင်းယှက်လျှက် သူ့ရဲ့ဘေးမှာ ပျော်ရွှင်စွာ ကစားနေကြတယ် ... ကလေးတွေက သူမရဲ့အော်သံကိုပင်ကြားဟန်မတူ ... သူမက ထိုမြင်ကွင်းလေးကိုပြုံးကာကြည့်နေပေမဲ့ သူမမျက်ဝန်းတွေက အရည်လဲ့လို့နေတယ် ...

" ယီယီ ... သားလေးကို ခေါ်မသွားပါနဲ့လားကွာ "

ထိုစဉ်သူမရှေ့ကလူက ဝမ်းနည်းစွာဖြင့်ပြောလာတယ် ... ထိုအခါ သူမက ...

" ရှင်သမီးလေးကိုခေါ်ထားမှာဆို ...

ကျွန်မက သားလေးကိုခေါ်သွားမယ် ...

ပါးတို့က ကျွန်မတို့ရင်သွေးလေးတွေကို ကြည့်ချင်နေကြတယ် "

" ဒါ ... ဒါပေမဲ့ မသွားလို့မရဘူးလား ...

ကိုယ်အလုပ်အားမှ အတူတူသွားရအောင် "

" ရှင်က ဘယ်တော့အလုပ်အားမှာလဲ ...

ကလေးတွေလဲ ၅ နှစ်အရွယ်ရောက်နေပြီ ...

သူတို့ A မြို့ကို တစ်ခါမှ မရောက်ဖူးသေးဘူး ...

ကျွန်မနဲ့သားလေးသွားနှင့်မယ် ... ရှင်နဲ့သမီးလေး နောက်မှလာခဲ့ပေါ့ "

သူမက သားလေးလက်ကို ဆွဲကာ ကျောခိုင်းလိုက်တယ် ... ဆူးယောင်နဲ့ ဆုန်းချူက လက်ချင်းယှက်တွဲထားလျှက် မခွဲချင်၍ အော်ငိုနေရှာတယ် ...

ဖခင်ဖြစ်သူက သားလေးကို ပွေးချီလိုက်ပြီး ...

" ပါးနဲ့ညီမလေး အနောက်ကလိုက်လာခဲ့မယ် ...

သားလေး ဖိုးဖိုးအိမ်သွားနှင့်နော် "

ကလေးလေးက ချက်ချင်းပဲအငိုတိတ်သွားတယ် ... ပြီးနောက် သူတို့ကျောခိုင်းကာ ထွက်ခွာသွားကြလေတယ် ... မင်းယွီထိုမြင်ကွင်းကို ပြတ်သားစွာမြင်နေရပြီးနောက် တဖြေးဖြေးပျောက်ကွယ်သွားလေတယ် ... ဒါက သူ့အတိတ်ကိုအိမ်မက်ကမ္ဘာထဲမှာ မြင်နေရတာပထမဆုံးပဲ ...

တဖြေးဖြေးမင်းယွီအသိပြန်ဝင်လာပေမဲ့ သူ့ရဲ့မျက်ခွံတွေက လေးလံနေဆဲ ... နိုးထ၍ မရတဲ့အဆုံး ထပ်မံအိပ်ပျော်သွားလေတယ် ... ဒီတစ်ကြိမ် သူမြင်မက်နေရတဲ့အိမ်မက်က သွေတွေရဲနေတဲ့ ဝမ်းဗိုက်ကို လက်နဲ့ဖိထားလျှက် လဲကျနေတဲ့ လူတစ်ယောက် ... သူရဲ့နှုတ်မှ တတွတ်တွတ် ရွတ်ဆိုနေတဲ့ နာမ်စားတစ်ခုက ' သား ' ဟူ၍ ...

ထိုအသံတွေက မင်းယွီနားထဲ ပဲ့တင်ထပ်နေပြီး သူ့ရဲ့ရင်ကို အပ်ပေါင်းများစွာနဲ့ တစ်စစ်စစ်ထိုးစိုက်ခံနေရသလို နာကျင်လွန်းလှတယ် ...

မင်းယွီ အိမ်မက်ထဲမှာ ထိုလူအရှေ့ ဒူးထောက်လိုက်ကာ ရှိုက်ကြီးတငယ်ငိုနေရှာတယ် ... အသံမထွက်နိုင်ပေမဲ့ သူ့ရဲ့ဝမ်းနည်းမှုက အဆုံးမသတ်နိုင်တဲ့ သူ့ရဲ့မျက်ရည်တွေက သက်သေပင် ... နှုတ်မှ တိုးတိုးလေးရေရွတ်နေတဲ့ နာမ်စားတစ်ခုက ' ပါး ' ဟူ၍ ...

" ပါပါး ... ပါပါး ...

သားတောင်းပန်ပါတယ် ... ဟင်း "

ကုတင်ထက်၌ အိပ်စက်နေတဲ့ မင်းယွီမျက်ဝန်းတွေက မှိတ်ထားလျှက်နှင့်ပင် မျက်ရည်များ အဆက်မပြတ်စီးကျနေပြီး သူ့ရဲ့နှုတ်ခမ်းလွှာမှ ထွက်ကျလာသည့်စကားများက တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းသာ ...

တုန်ခါနေတဲ့မင်းယွီကိုယ်လေးက အိပ်ယာခင်းအား တင်းနေအောင်ဆုတ်ကိုင်လျှက် အိမ်မက်ဆိုးမှ နိုးထချင်သော်လဲ အိမ်မက်အရှင်ကနိုးထခွင့်မပြုပဲ အတိတ်ကပုံရိပ်တွေနဲ့သူ့ရဲ့အမှားတွေကို ရောယှက်ကာ အဆုံးမဲ့ကြောက်လန့်ချင်းစီသို့ တွန်ပို့နေတယ် ...

ပျော်ရွှင်နေတဲ့ မိသားစုပုံရိပ်များ သွေးအိုင်ထဲမှာ လဲလျှောင်းနေတဲ့ပုံရိပ်တချို့ ငိုနေတဲ့မိခင်ရဲ့မျက်နှာလေး ပင်ပင်ပန်းပန်းဖြတ်သန်းလာခဲ့ရတဲ့ ဘဝတချို့ပုံရိပ်များ အားလုံးက ပိတ်ကားထပ်၌ ပြသနေသလိုတရိပ်ရိပ်ပေါ်လာပြီးတဲ့နောက်မှာတော့ သေနတ်သံနဲ့အဆုံးသပ်သွားလေတယ် ...

မင်းယွီထိတ်လန့်ကာနိုးထလာတော့ သူ့ရဲ့တစ်ကိုယ်လုံးက ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပေမဲ့ ကိုယ်အတွင်းထဲက ပူလောင်နေတယ် ... ခုရောက်နေတာက အခန်းတစ်ခုရဲ့ကုတင်ပေါ်မှာသေချာပေမဲ့ အခန်းက မှောင်ပိန်းနေပြီး အလင်းတစ်စမရှိ ... ထိုစဉ် တံခါးပွင့်သံနှင့်အတူ အခန်းတွင်း အလင်းရောင်စူးရှရှဝင်လာပြီးတဲ့နောက်မှာတော့ အခန်းတံခါးဟာပြန်ပိတ်သွားလေတယ် ...

ထိုစဉ် အခန်းမီးခလုပ်ကိုဖွင့်လိုက်တဲ့အသံကြားရပြီး တစ်ခန်းလုံးလင်းထိန်သွားတဲ့အတွက် မင်းယွီမျက်နှာပေါ်သို့ လက်ဝါးလေးနဲ့ဖြန့်ကာ ကာထားမိလေတယ် ...

အနားသို့လျှောက်လာတဲ့ခြေသံက တည်ငြိမ်နေပေမဲ့ ရနေတဲ့ ဟော်မုန်းနံ့တွေက ပြင်ထန်းလွန်းတယ် ... ထိုလူက ဘယ်သူဘယ်ဝါမှန်း သိနေတာမို့ မင်းယွီ ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး အနောက်သို့ ဖြေးဖြေးခြင်း ဆုတ်ခွာသွားမိလေတယ် ...

ရှန်ဖန်းဂူက သူ့ကိုမြင်၍ အနောက်ဆုတ်သွားတဲ့မင်းယွီကိုမြင်တော့ ကုတင်ဘေးမှာ သူ့ရဲ့ခြေလှမ်းတွေကို ရပ်တန့်လိုက်လေတယ် ...

" အဖျားရှိနေတုန်းပဲလား ... နေမကောင်းဘူးလား "

" မ ... မဟုတ်ဘူး ... မထိနဲ့ "

သူ့ရဲ့လက်တစ်ဖက်က မင်းယွီထံတိုးသွားပြီး နှဖူးလေးကိုဆမ်းသပ်မယ်ပြင်လိုက်တော့ သူ့ရဲ့လက်ကို သေးငယ်တဲ့လက်တစ်ဖက်က ရိုက်ပုတ်တာခံလိုက်ရပြီး ဖန်းဂူရဲ့အရာအားလုံး ရပ်တန့်သွားလေတယ် ...

သူ့ကိုတောင်အထိမခံတော့ပဲ ငြင်းဆန်နေတဲ့ဒီကောင်လေး တစ်နည်းပြောရလျှင် သူသတ်မယ်အမြဲပြောနေခဲ့တဲ့လူရဲ့သွေးသား ထိုအရာတွေက သူ့ရဲ့သည်းခံနိုင်စွမ်းတွေကို ကုန်ဆုံးသွားစေမဲ့ အကြောင်းပြချက်ဆိုပေမဲ့ သူဘယ်လိုမှမခံစားရဘူး ... ဖန်းဂူ သူ့ကိုရှောင်ဖယ်ကာ တစ်ဖက်သို့လှည့်နေတဲ့ မင်းယွီကို အတော်ကြာ ရပ်ကြည့်နေမိတယ် ...

" သခင်လေး "

ထိုစဉ်အခန်းတံခါးပွင့်လာကာ ချူးရှန့်ဝင်လာတယ် ...

" သခင်ကြီးတို့က သခင်လေးကို အမြန်လာခဲ့ဖို့ ခေါ်နေတယ် "

" ကောင်းပြီ ... သူ့ကိုသေချာစောင့်ကြည့်ထား "

" ဟုတ်ကဲ့ "

ဖန်းဂူချက်ချင်းပဲ အခန်းထဲကနေ ထွက်သွားလေတယ် ... ချူးရှန့်မင်းယွီအနားရောက်လာတော့မှ မင်းယွီပြန်လှည့်လာကာ ချူးရှန့်အားကြည့်ပြီး မေးလိုက်တယ် ...

" ကျွန်တော်တို့ဘယ်ရောက်နေတာလဲ "

" အကိုတို့ အိမ်တော်ကိုပြန်ရောက်နေပြီ ...

မင်းက အဖျားတက်နေတော့ မသိလောက်ဘူး ...

ခုသက်သာပြီလား "

" ဘယ်နေ့ကရောက်တာလဲ ...

ကျွန်တော်ဘယ်နှရက်တောင် အိပ်ပျော်သွားတာလဲဟင် "

" အကိုတို့ပြန်ရောက်တာ ၃ ရက်ရှိပြီ ...

မင်းယွီကအဖျားကြီးပြီး ခနလေးပဲနိုးနိုးလာတာ ...

ဆရာဝန်ပြောတာတော့ အအေးပတ်သွားလို့တဲ့ ...

ပြီးတော့စိတ်ဒါဏ်ရာကြောင့် ခနမေ့မောနေတာလို့လဲပြောတယ် ... ခုအဆင်ပြေပြီလား "

" ကျွန်တော် အိမ်မက်တွေအကြာကြီးမက်ခဲ့တယ် ...

အားလုံးကအပြင်ကအတိုင်းပဲ "

ချူးရှန့်က မင်းယွီခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်ပြီး ...

" ဘာမှတွေးမနေနဲ့ ... အိမ်မက်ကတကယ်ဖြစ်လာမှာမဟုတ်ဘူး ...

မင်းယွီ ဗိုက်ကရော အဆင်ပြေလား ...

ဆရာဝန်က အားဆေးသွင်းပေးသွားတယ် ...

ကလေးရောလူကြီးပါ ကျန်းကျန်းမာမာပဲတဲ့ ... ဘာမှမပူနဲ့ "

ထိုအခါမှမင်းယွီသူ့ရဲ့ဗိုက်လေးကို ပွတ်သပ်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်တယ် ... ပြီးနောက် သူကဝမ်းနည်းစွာဖြင့် ဆိုလာတယ် ...

" အကို ... ကျွန်တော်ပြစ်လိုက်တဲ့လူရော ဘယ်လိုနေလဲဟင် "

" အကိုလဲသတင်းမကြားသေးဘူး ...

ညတွင်းချင်းပဲ သူတို့ဂျက်လေယာဉ်နဲ့ ပြန်ခေါ်သွားကြတယ် "

ချူးရှန့်တစ်စုံတစ်ခုကို မေးကြည့်ချင်ပေမဲ့ မင်းယွီရဲ့ပျက်ရွံ့နေတဲ့မျက်နှာလေးကိုမြင်ရတော့ သူ့ရဲ့စကားတွေကို ရပ်တန့်လိုက်လေတယ် ...

" မင်းယွီနိုးလာပြီဆိုတော့ လန်းဆန်းသွားအောင် ရေချိုးလိုက် ...

အဖျားက ကျသွားပြီဆိုတော့ ခန္ဓာကိုယ်ထဲကအပူတွေပျောက်အောင် ရေချိုးရမယ် "

မင်းယွီလဲ တစ်ကိုယ်လုံးကိုက်ခဲနေ၍ ရေချိုးချင်စိတ်ပေါ်လာတာနဲ့ ကုတင်ပေါ်ကနေထကာ ရေချိုးရန်ထွက်သွားလေတော့တယ် ... ချူးရှန့် မင်းယွီကျောပြင်လေးကိုကြည့်ရင်း ...

" မင်းနဲ့သခင်ရဲ့ရေစက်က ဘာကြောင့်ကြမ်းတမ်းနေရတာလဲအကိုမသိဘူး ...

ကျေးဇူးပြုပြီး သခင်လေးကို မမုန်းလိုက်ပါနဲ့မင်းယွီ ...

သခင်လေးကို ထိခိုက်အောင်မလုပ်သရွေ့ မင်းအန္တရာယ်ကင်းစေရမယ်လို့ အကိုကတိပေးတယ် "

*

*

*

*

ထိုကိစ္စပြီးတဲ့နောက်မှာတော့ အန်းသားအဖရဲ့သတင်းဟာ နိုင်ငံအရပ်ရပ်မှာပျံ့လွင့်နေပြီး ဟိုးလေးတကျော်ကျော်ဖြစ်သွားလေတယ် ... သူမရဲ့ကလေးဟာ ရှန်သခင်လေးနဲ့မသက်ဆိုင်ကြောင်း မှန်ကန်တဲ့အထောက်အထားVdတိုတစ်ခု ထွက်ပေါ်လာခဲ့တယ် ...

ထို Vd ရဲ့အရင်းအမြစ်က ဖန်းဂူသွားသောက်နေကြ ဘားက ရန်အာရဲ့အကူအညီနဲ့ Cctv ကနေ အန်းရက်စ်ဒီနဲ့လူတစ်ယောက် အခန်းရဲ့ရှေ့မှာ နမ်းနေပြီးနောက် အခန်းထဲဝင်သွားတဲ့ ၂ မိနစ်စာ Vd ဖိုင်လေးဖြစ်ပြီး သေဆုံးသွားတဲ့သူမအတွက် ဝမ်းနည်းသူထက် ကဲ့ရဲ့သူက ပို၍ များပြားလာခဲ့တယ် ...

လူတွေက ဖန်းဂူတောင်ရှည်ရှည်ဝေးဝေးရှင်းပြနေစရာမလိုပဲ ကိုယ်ဝန်ရဲ့ရက်ဆွဲနဲ့ သူမ Vd ရဲ့ရက်ဆွဲကိုရှာပြီး ထိုအချိန်က ဖန်းဂူဟာလဲ အလင်းနယ်မြေက သူ့အိမ်တော်မှာရှိနေတဲ့အထောက်အထားတွေနဲ့ပေါင်းစပ်လိုက်တော့ ဒီကိုယ်ဝန်ကိစ္စဟာ လုပ်ကြံဇာတ်လမ်းတစ်ခုဖြစ်ကြောင်းပေါ်သွားခဲ့ပြီး သေသွားတဲ့သူမရဲ့နောက်ဆုံးခရီးက လူတွေရဲ့မေတ္တာထက် ဆဲရေးမှုများသာ ရရှိသွားရှာတယ် ... ဖန်းဂူထိုမျှလောက်မတွေးထားပေမဲ့ သူမကံကိုကမကောင်းရှာတော့ သူကလက်ပိုက်ကြည့်နေယုံပဲပေါ့ ...

ထိုအခြေအနေတွေကြောင့် ကျန်ရှိနေတဲ့ အန်းဂါးတစ်ယောက် ဒေါသအမိုက်မှောင်ဖုံးလွှမ်းကာ စိတ်ကူးပေါက်တိုင်း သတ်မယ်တကဲကဲအော်နေပြီး သူ့ရဲ့အသိစိတ်ဟာ လုံးဝပျောက်ဆုံးသွားလေတယ် ...

အန်းဂါးလ်ရဲ့ စစ်တပ်နဲ့ပူးပေါင်းတဲ့အမှု အားလုံးပေါ်သွားကြပြီး B မြို့တော်ကြီး မတည်မငြိမ်ဖြစ်သွားပြီး ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေလဲ များစွာပေါ်ပေါက်လာတယ် ... နိုင်ငံကိုသစ္စာဖောက်တဲ့ထိုလူကို တရားမျှတစွာအပြစ်ပေးဖို့ အားလုံးရှေ့ကြိုးမိန့်ချဖို့ တစ်သက်တစ်ကျွန်းပေးဖြစ်ဖို့ အားလုံးက ဆန္ဒပြင်းပြနေကြတယ် ...

K မြို့တော်ကျပြန်တော့ သူတို့ရဲ့အရာရှိပတ် သေနတ်မှန်တဲ့ကိစ္စနဲ့လူတွေ ပူဆွေးသောကရောက်နေကြတယ် ... ခုချိန်ထိလဲ ဘာအဖြေမှမကြားရသေးဘူး ... ၃ ရက်ဆိုတဲ့အချိန်က ထိုကိစ္စကြောင့် လူတွေ သွေးပွတ်ပွတ်ဆူနေကြပြီး Lion က ဖန်းဂူဖြစ်နေတဲ့ကိစ္စကို ထုတ်ဖော်ဖို့ မေ့လျော့နေကြတယ် ... မြေအောက်ဂိုဏ်းတချို့ကိုလဲ အရာရှိတွေက ထိန်းသိမ်းထားတာကြောင့် ဒီစစ်ပွဲကြီးမပြီးခင်ထိ အမှောင်လောကဟာ တိတ်ဆိတ်နေလိမ့်မယ် ...

🏯 ရှန်ဟွှာအိမ်တော် 🏯

ဖန်းဂူအထဲသို့ဝင်လာသည်နှင့် အိမ်တော်ထဲမှာ အဖေအမေနဲ့အဖိုးထိုင်နေကြတယ် ... မိခင်ဖြစ်သူကတော့ သားလေးအဆင်ပြေနေတာကိုတွေ့ရလို့ဝမ်းသာနေပေမဲ့ ကျန်လူများရဲ့မျက်နှာက ရွှင်လန်းမနေ ...

" ကျွန်တော့ကို ဘာကိစ္စခေါ်လိုက်တာလဲ "

ထိုအခါ ရှန်ဟွှာရန်းက သက်ပြင်းကျယ်ကျယ်ချလိုက်ပြီး စိတ်သောကရောက်နေဟန်ဖြင့် ပြောလာတယ် ...

" အဲ့ဒိတော့ မင်းက Aမြို့က အဆိတ်ပြင်းတဲ့ကျားတစ်ကောင်ကိုသတ်ဖို့ လူကြီးတွေကိုတောင် မတိုင်မင်ပဲ လုပ်ခဲ့တယ်ပေါ့ဟုတ်လား ...

အဲ့ဒိကရတဲ့အကြိုးရလဒ်တွေက ဘာတွေများလဲ ပြောစမ်းပါအုံး "

ဖန်းဂူက ရဲဝံ့စွာပင် ...

" သူတို့က ကျွန်တော့ကိုအရင်ဆုံးအသုံးချဖို့ကြိုးစားခဲ့တဲ့လူတွေ ...

သူတို့သာလာမစရင် ကျွန်တော်လဲ ဒီလောက်ထိ လုပ်မိမှာမဟုတ်ဘူး "

" အဲ့ဒိကျားကိုတခြားနည်းနဲ့သတ်လို့ရရဲ့သားနဲ့ ဘာကြောင့်အရာရှိတွေနဲ့ ခြေရှုတ်ချင်ရတာလဲ ...

ထားပါ ကျားကိုသတ်တဲ့ကိစ္စအနောက်ကိုအသာထား ...

မင်းဘာကြောင့် ပတ်ဒိုမင်းကိုပါ ပြစ်သတ်လိုက်တာလဲ ...

ခုမင်းဘာတွေလုပ်နေတာလဲသိလား ... မင်းမပတ်သပ်သင့်တဲ့လူတွေနဲ့ပတ်သပ်နေမိတယ်ဆိုတာကော သိရဲ့လာရှန်ဖန်းဂူ "

ဖန်းဂူခနမျှရပ်တန့်သွားပြီး သူ့ရဲ့အကြည့်တွေက ဖခင်ထံရောက်သွားတယ် ...

" ဒီကိစ္စက ကျွန်တော့အမှားလို့ပြောချင်တာလား ...

အားလုံးက အဖေနဲ့အဖိုးကနေစခဲ့တာမဟုတ်ဘူးလား ...

ကျွန်တော်သူ့ကိုမုန်းရတဲ့အကြောင်းအရင်းက ကျွန်တော့အဖွားကိုသတ်လိုက်လို့ပဲ ...

သူကျွန်တော့ကို ဘာကြောင့်မုန်းလဲဆိုတာကတော့သူပဲသိလိမ့်မယ် ... အဲ့လောက်ထိစိတ်မဝင်စားဘူး ...

ကျွန်တော်ပြောမယ် ... သူ့ကိုကျွန်တော်သတ်ချင်သတ်မယ်မသတ်ချင်မသတ်ဘူး ... အဲ့ဒါကကျွန်တော်နဲ့ပဲဆိုင်တယ် "

" ရှန်ဖန်းဂူ "

ရှန်ဟွှာရန်းက အသက်ကြီးပြီဖြစ်၍ သူ့ရဲ့အသံက ဒေါကြောင့် ကျယ်လောင်စွာမထွက်လာပဲ သူ့ရဲ့လည်ချောင်းဝမှာ ပျောက်ရှကာ အသက်ရှူများပင် ရပ်ချင်သလိုဖြစ်သွားတယ် ...

" ပါး ... စိတ်ထိန်း ...

ကျွန်တော်သူ့ကိုနားလည်အောင် ပြောပြလိုက်ပါ့မယ် "

ထိုအခါမှ ဟွှာရန်းအသက်မှန်မှန်ပြန်ရှူလာပြီး ကူးမန်ကို ဆက်ပြောစေလိုက်တယ် ... ကူးမန်က ဖန်းဂူဘက်ကိုလှည့်လိုက်ပြီး ...

" သားကြီးရှန်ဖန်းဂူ ... မင်းက Lion ဆိုတာကို အားလုံးသိကုန်ကြပြီ ...

ခုအချိန်က အမှုကိစ္စတွေနဲ့ လူတွေအာရုံမရောက်သေးပေမဲ့ အနှေးနဲ့အပြန်အဲ့ဒိကိစ္စလဲ အမြန်ဆုံးပေါက်ကြားနိုင်တယ် ...

သိတဲ့သူတွေကလဲ အမှောင်မှာရော အလင်းမှာပါ အင်အားကြီးတဲ့သူတွေဆိုတော့ အရင်ကလို နှုတ်ပိတ်ပြစ်ဖို့ကမဖြစ်နိုင်ဘူး ...

ဒါကြောင့် ဒီကိစ္စကိုလူတွေအာရုံရောက်နေချိန် သားတစ်နေရာရာမှာသွားနေပေးပါ "

ဖန်းဂူမျက်မှောင်ကြုတ်လိုက်တယ် ... သူကရှောင်ပုန်းနေရမယ်ဟုတ်လား ရယ်ချင်စရာပဲ ...

" ကျွန်တော့ရဲ့မျက်နှာဖုံးကြွတ်သွားတော့ရော ဘာကိုဂရုစိုက်နေရမှာလဲ ...

သူတို့ကျွန်တော့ကိုဖမ်းဖို့ ဘာအထောက်ထားမှမရှိဘူး "

" ခုချိန်က မင်းခေါင်းမာနေလို့မရတော့ဘူး ...

အလင်းဘက်က SH Club ကို ထိခိုက်ဖို့ချောင်းနေတဲ့လူတွေ အများကြီးပဲ ...

အမှောင်ကလူတွေ တိုက်ခိုက်ချင်နေတဲ့ Lion ကရှန်ဖမ်းဂူဆိုတာသိသွားတော့ ရှန်ဟွှာရဲ့အခြေအနေက အရင်ကလိုတည်ငြိမ်မှုမရှိတော့ဘူး ...

မင်းကိုလဲအရင်လိုလွှတ်ထားလို့မရတော့ဘူး ... အားလုံးတည်ငြိမ်သွားတော့မှ ပြန်လာခဲ့ပါ ...

ခုသား USA ကိုသွားရမယ် "

" ကျွန်တော့ကိုဘာကြောင့် အဝေကို ပို့ချင်နေကြတာလဲ ... အားလုံးကိုကျွန်တော်ရှင်းမယ် "

ရှန်ဟွှာရန်းက သွေးများပင်စောင့်တိုးလာသလို ... သူက နားထင်ကို လက်နဲ့ထောက်ထားလျှက် ...

" မင်းထောင်ကျခံချင်လို့လား ... ဟမ် ...

ငါကနေ့ညသေမဲ့လူမို့ ငါကျရင်ရပြီ ...

မင်းကိုထိခိုက်လို့မဖြစ်ဘူး "

" အဖိုး ... ဘာတွေပြောနေတာလဲ "

ထိုအခါမှ တိတ်ဆိတ်နေတဲ့မိခင်က ဝင်ပြောလာတယ် ...

" သားလေးကိုကျွန်မပဲ ကြည့်ရှင်းပြလိုက်မယ် ...

ရှင်အဖေ့ကို အခန်းထဲ လိုက်ပို့လိုက်တော့ "

ရှန်ဖန်းဂူ ပဟေဠိပေါင်းများစွာနဲ့မိခင်ရဲ့အနောက်သို့ လိုက်လာခဲ့လေတယ် ... မိခင်က ဖန်းဂူကို အဖွားမသေခင်ကနေသွားတဲ့အိမ်လေးထဲကိုခေါ်လာခဲ့တယ် ... သူမက ဖန်းဂူအဖွားရဲ့ပုံရှေ့မှာရပ်လိုက်ပြီး ဦးညွှတ်ကာ အရိုအသေပေးလိုက်တယ် ... ပြီးနောက် ဖန်းဂူဘက်ကိုလှည့်လာပြီး ...

" ပတ်ဒိုမင်းက သားကိုတင်မကဘူး သားအဖိုးအဖွားနဲ့အဖေ အားလုံးကိုမုန်းနေတာ ...

ပတ်မျိုးရိုးက အမွှာတွေပဲမွေးလေ့ရှိတဲ့ ထူးခြားတဲ့မျိုးရိုးတစ်စုပဲ ... သူတို့က ဂုဏ်မြင့်သလို သူတို့က မွေးထုတ်တဲ့ အယ်ဖာအိုမီဂါတွေအားလုံးက အဆင့်မြင့်တွေကြီးပဲလေ ...

ပတ်ဒိုမင်းမှာလဲ အမွှာအကိုတစ်ယောက်ရှိခဲ့တယ် ... သူ့နာမည်က ပတ်ဒိုယောင်း ...

အဲ့ဒိအချိန်တုန်းကတည်းက ပတ်ဒိုမင်းရဲ့အဖေနဲ့မင်းရဲ့အဖိုးနဲ့ကမတည့်ကြဘူး ... ရန်သူတွေမဟုတ်ကြပေမဲ့လဲ သူတို့ကပြိုင်ဘက်တွေ ...

ပတ်ဒိုမင်းရဲ့မိခင်က သူ့ဖခင်ရဲ့မိတ်အိုမီဂါဆိုပေမဲ့ သူတို့က နွေးထွေးမှုမရှိခဲ့ဘူး ... ငယ်ငယ်လေးနဲ့ဆုံးသွားခဲ့တယ် ...

မိဘမဲ့နေတဲ့ပတ်ဒိုမင်းတို့ မိသားစုရဲ့ဘဝထဲကို မင်းရဲ့အဖွားက ဝင်သွားခဲ့တယ် ... သူမက သခင်ပတ်ကို စိတ်ဝင်စားတာထက်မိဘတွေရဲ့တိုက်တွန်းမှုကြောင့်ဆိုပိုမှန်လိမ့်မယ် ...

အဲ့ဒိအချိန်တုန်းက ပတ်သခင်လေးက မင်းအဖိုးထက်အဆင့်သာပြီး ပိုပြီးအောင်မြင်နေတဲ့သူ ... သူကမင်းအဖို့ကိုအနိုင်ယူချင်ယုံနဲ့မင်းအဖွားကိုလက်ခံလိုက်တာ ... တကယ်တော့ သူမဗိုက်ထဲမှာမင်းအဖိုးနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ...

ပတ်သခင်ကြီးက မင်းအဖိုးကိုတမင်မခံချင်အောင် သူ့ကလေးလို့ လိမ်ညာခဲ့တယ် ... အဲ့ဒိအချိန်ကနေစပြီး မင်းအဖိုးရှန်ဟွှာရန်းက ပတ်သခင်ကြီးတို့ကိုအမျိုးမျိုးနှောက်ယှက်တယ် ... ပတ်ဒိုမင်းရဲ့အကို ပတ်ဒိုယောင်းလဲ မင်းအဖိုးလက်နဲ့သေသွားခဲ့တယ် ...

မင်းဖွားကို ပြန်ရယူပြီးတော့လဲ ရန်ပွဲကမဆဲသေးဘူး ... မင်းအဖိုးက ပတ်ဒိုယောင်းရဲ့အဖေကိုသတ်ပြီး ပွဲကိုအနိုင်ယူခဲ့တယ် ... မင်းအဖွားက အဖိုးကိုချစ်ပေမဲ့ သူ့လုပ်ရပ်တွေကြောင့် ကြောက်လန့်သွားခဲ့ရတယ် ... သူမအခန်းပိတ်ခံရတဲ့အပြင်မင်းအဖိုးက ... "

သူမက စကားကိုခနမျှရပ်လိုက်ပြီးနောက် ဓာတ်ပုံထဲက ဖန်းဂူအဖွားကိုကြည့်လိုက်ပြီး တုန်ရီနေတဲ့လေသံလေးနဲ့ ဆိုလာခဲ့တယ် ...

" မင်းအဖိုးက သူ့ရဲ့ရင်သွေးလေးကို သူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့တယ် "

" ...... "

ဖန်းဂူတစ်ကိုယ်လုံးတုန်ရင်သွားလေတယ် ... အဖွားကအဖိုးကိုမုန်းနေမှန်းသိပေမဲ့ နောက်ကွယ်မှာ ထိုမျှလောက်ကြောက်ဖို့ကောင်းတဲ့အမှန်တရားရှိနေလိမ့်မယ်လို့ထင်မထားဘူး ...

" အဖိုးရော သိပြီးပြီလား "

" မသိဘူး ... သူသိသွားရင် ကိုယ့်ကိုယ်ကို သတ်သေလိမ့်မယ် ... အဖွားကမပြောဖို့ မားကိုသေချာမှာခဲ့တယ် ...

သူမအပန်းဖြေအိမ်ကိုမသွားခင်က ဒီအမှန်တရားတွေကိုပြောပြခဲ့တာ ... သူမက မင်းအဖိုးကို နောင်တရပြီး ချက်ချင်းသေစေချင်တဲ့ပုံမပေါ်ဘူး ... သူမကချစ်ပေမဲ့ ရင်သွေးလေးကိုထိခိုက်စေတော့ နာကျင်သွားပုံပဲ ...

သူကဘပတ်ဒိုမင်းသူ့ကိုလာသတ်မှာကိုလဲသိနေတယ် ... သူမကိုယ်တိုင်ကလာခဲ့ဖို့လမ်းဖွင့်ပေးခဲ့ပုံပဲ "

" ဘာကြောင့်လဲ ... အဖွားကဘာကြောင့် အဲ့ဒိလူလက်နဲ့သတ်တာကို ခံချင်ရတာလဲ "

" ပွဲက မင်းအဖိုးလက်ထက်နဲ့ပြီးမသွားသေးဘူး ... မင်းအဖေလက်ထက်မှာ ပိုင်မိသားစုနဲ့ထပ်မံပတ်သပ်မိပြန်တယ် ... သူတို့ကို အောင်မြင်မှုအတွက် ချနင်းဖို့မြေစာတစ်ခုအဖြစ် အသုံးချခဲ့တယ် ...

ကံတရားက ဆန်းကြယ်လွန်းလှတယ် ... သူမရဲ့ခင်ပွန်းက ပတ်ဒိုမင်းဖြစ်နေပြီး ဒိုမင်းမိဘတွေဆုံးသွားတော့ပိုင်မိသားစုက စောင့်ရှောက်ပေးပြီးနောက်ဆုံး ပတ်မျိုးနွယ်စုကိုမပျက်စီးအောင်ထပ်မံတည်ထောင်လိုက်တယ် ... ပတ်ဒိုမင်းရဲ့တဖက်ကဆွေမျိုးတွေက အရာရှိကြီးတွေ ...

သူမကလဲအမွှာလေးထပ်မွေးတယ် ... ပိုင်မျိုးရိုးက မြေစာပင်ဆိုတော့ သူမနဲ့သားလေးကပါ ဒီကံတရားရဟက်ကြီးထဲမှာ ပါဝင်ခဲ့ပြီး ပတ်ဒိုမင်းရဲ့ပိုင်ဆိုင်မှုက ထပ်မံဆုံးရှုံးသွားရပြန်တယ် ...

ဒီလိုနဲ့ပတ်ဒိုမင်းရဲ့အငြှိုးတရားတွေက မင်းအဖိုး မင်းအဖေနဲ့ မင်း အားလုံးအပေါ်သက်ရောက်သွားတယ် "

ဖန်းဂူထိုကိစ္စကိုကြားပြီးနောက်ခေါင်းတွေရှုတ်ထွေးလာတယ် ... ဒီအရှုတ်ထုတ်ကြီးကို စဉ်းစားနေရမဲ့အစား လူတစ်ယောက်ကို ဘယ်လိုသတ်ရမလဲဆိုတာကိုပဲ ပြေးစဉ်းစားချင်မိတော့တယ် ...

ခုကဘာသတ်နိုင်တော့မှာလဲ ... အရာအားလုံးက ဖြစ်ပြီးသွားပြီ ... သူသိတော့ရောအမှန်တရားကပြောင်းလဲသွားမှာမှမဟုတ်တာ ... လူသတ်သံသယာလည်နေတဲ့ ဒီစက်ဝန်းကြီးက ဘယ်သူနဲ့မှ အဆုံးသတ်မှာလဲ ...

*

*

*

*

ဆေးရုံပေါ်က အရေးပေါ်ခန်းရှေ့မှာ ဆုန်းချူတစ်ယောက် အော်ငိုနေပြီး ရှုယွမ်က ဘေးနားကနေ နှစ်သိမ့်ပေးနေရတယ် ... ခုဆို သုံးရက်ရှိပြီ ... ပတ်ဒိုမင်းရဲ့ခွဲစိတ်မှုက အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ အဖြေထွက်မလာသေးဘူး ...

ထိုနေ့က သွေးအလွန်အကျွန်ထွက်နေတဲ့ ဒိုမင်းက ဆုန်းချူက သွေးလျှူပေးခဲ့ရတယ် ... သူမဖခင်အသက်ရှင်ဖို့ သူမဘာမဆိုလုကယပ်ဝံ့တယ် ... ဒါပေမဲ့ ခုချိန် ဖခင်သတိရမလာသေးတော့ သူမရူးမတတ်ခံစားနေရရှာတယ် ...

ထိုစဉ် သူတို့ရဲ့အနားကိုရောက်လာသူက ကျန်းရှားမေ့နဲ့ယီယီ ... သူမတို့ ၂ ယောက်က ပတ်ဒိုမင်းရဲ့သထင်းကြားကြားခြင်း K မြို့ကို ထွက်လာခဲ့ခြင်းဖြစ်တယ် ...

" မေမေ အန်တီ "

" သား ဒိုမင်းအခြေအနေဘယ်လိုရှိလဲ "

" Sr.ပတ် ခုထိ သတိရမလာသေးဘူး ဆရာဝန်ပြောတာတော့ ခွဲစိတ်မှုကအောင်မြင်တယ်တဲ့ ဒါပေမဲ့ ခုထိ သတိရမလာသေးဘူး "

ယီယီက ခုံလေးဆပါ်မှာ ထိုင်ကာငိုနေတဲ့ဆုန်းချူကိုမြင်နော့ သူမရဲ့အသွေးအသားတွေက ဆူပွက်လာတယ် ... ဒါက သွေးသားကစကားပြောတယ်ဆိုတာလား ... သူမကလဲ မျက်ရည်လေးတွေဝဲနေတဲ့ မျက်ဝန်းလေးတစ်စုံနဲ့မော့ကြည့်လာတယ် ...

သူမသားလေးနဲ့ တူညီတဲ့မျက်ဝန်းလေးတွေ ... ငယ်ငယ်က မခွဲနိုင်မခွာရက် ချစ်ရှာတဲ့ မောင်နှမ နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်မြင်ရောင်မိလာတော့ သူမကို ပို၍ ဝမ်းနည်းလာစေတယ် ...

မော့ကြည့်နေတဲ့ သူမရဲ့မျက်တောင်ရှည်တွေကြားကနေ စီးကျလာတဲ့ မျက်ရည်တွေကိုမြင်ရတော့ မိခင်ဖြစ်သူ ရင်ထဲမှာမွန်းကြပ်လာတယ် ... ထိုအရာကိုမြင်လိုက်ရတဲ့ ရှုယွမ်က သက်ပြင်းဖွဖွချလိုက်ပြီး ဆုန်းချူးခေါင်းလေးကို ပွတ်သပ်ပေးလျှက် ...

" ဆုန်းညီမလေး သူက ညီမလေးရဲ့မေမေ "

သူမပို၍ ရှိုက်ကြီးတငင်ငိုပြစ်လေတော့တယ် ...

" အိုမား အိုမားမသေဘူးဆိုတာ သမီးသိတယ် အိုမား "

သူမက မိခင်ကိုမြင်ကတည်းက သူမရင်ထဲမှာဆွဲနေတဲ့မိခင်ရဲ့ပုံရိပ်လေးတွေနဲ့ထပ်တူကြနေ၍ သူမရဲ့မိခင်ဖြစ်ပါစေလို့ တိတ်တဆိတ်ဆုတောင်းနေခဲ့ရှာတယ် ... ရှုယွမ်က သူမမိခင်ဖြစ်ကြောင်းပြောလာတော့ သူမဟန်ပင်မဆောင်နိုင်တော့ပဲ ကလေးတစ်ယောက်ပမာ ငိုလိုက်လေတော့တယ် ...

အရာအားလုံးက နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲပဲ ... မိခင်ကိုချစ်သလို အကိုဖြစ်သူကိုလဲ သူမမေ့မရခဲ့ဘူး ... ခုလိုပြနါပေါ်လာတာက သူမအတွက်တော့ ဘုရားကပေးတဲ့ဆုတစ်ခုလိုပဲ ...

သူမက မိခင်ကို အပြေးလေး ဖက်ထားလျှက် ...

" ကိုကို ဆူးယောင်ရောဟင် "

မိခင်ဖြစ်သူက သူ့ရဲ့သမီးလေးက စိမ်းမသွားပဲ သူမကိုလက်ခံပေးလာတော့ နှလုံးရပ်မတတ်ပျော်ရွှင်သွားပြီး သူမရဲ့ကျောပြင်လေးကို လက်လေးနဲ့ပွတ်ပေးရင်း ပြုံးလျှက် ပြန်ဖြေလိုက်လေတယ် ...

" သားရဲ့ကိုကို ရှိတာပေါ့ သူလဲကျန်းကျန်းမာမာပဲ "

အရာအားလုံးကိုသိနေတဲ့ရှုယွမ်က သားအမိ ၂ ယောက်ကိုကြည့်ပြီး မျက်ရည်မကျမိအောင်ထိန်းနေရတယ် ...

" မေမေ ကိုကိုကသမီးကိုရော သတိရရဲ့လား ဖေဖေကပြောတယ် မေမေနဲ့ကိုကိုက ဟိုးအဝေးကြီးကို ခရီးထွက်သွားတာတဲ့ သမီးအမြဲမျှော်နေတာ သမီးမေမေတို့ကိုမေ့မသွားအောင် ငယ်ငယ်ကအမှတ်တရတွေကို ပြန်ကြည့်ပြီး တစ်ယောက်ထဲငိုနေခဲ့ရတယ် မေမေကအကြာကြီးထွက်သွားတယ် ဖေဖေလဲသမီးလိုပဲ ငိုနေတတ်တယ် သမီးလေ ငယ်ငယ်ကလို မေမေရော ကိုကိုရော ဖေဖေရော အတူတူပြန်နေချင်တယ် "

" သမီးလေးရယ် "

ထိုအခါမှ သူမက ဖခင်ကို သတ်ပြန်ရသွားပြီး ...

" ဖေဖေ ဖေဖေ မေမေ ဖေဖေဘာမှမဖြစ်ပါဘူးနော် ဖေဖေပြန်ထလာမှာပါနော် သမီးဖေဖေသွေးတွေအများကြီးထွက်နေတာကိုမြင်ခဲ့တယ် သမီးရဲ့သွေးတွေက ဖေဖေ့ကိုနိုးအောင်လုပ်နိုင်မှာပါနော် အဟင့်ဟင့် သမီးကြောက်နယ် မေမေပြန်လာပေမဲ့ ဖေဖေထွက်သွားမှာကို သမီးကြောက်တယ် "

သူမ သမီးဖြစ်သူရဲ့ ရူးမတတ်ဆိုးရိမ်နေရှာပုံကိုကြည့်ပြီး မျက်ရည်တွေစီးကျလာတယ် ...

" သမီးလေးရယ် သမီးရဲ့ဖေဖေ ပြန်ကောင်းလာမှာပါ မငိုနဲ့တော့နော် "

ထိုစဉ် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး အထဲကနေ ဆရာဝန်တစ်ဦးထွက်လာတယ် ...

" Mr.ပတ် သတိရလာပြီ "

ထိုအခါမှ ဆုန်းချူအငိုတိတ်သွားပြီး သူမမိခင်ရဲ့လက်ကိုဆွဲကာ အထဲသို့အပြေးလေးဝင်သွားလေတယ် ... ဆရာဝန်က ကျန်ရှိနေတဲ့ ရှုယွမ်တို့ သားအမိကို ဆက်ပြောလာတယ် ...

" Mr.ပတ်က သွေးထွက်လွန်သွားပေမဲ့ ကယ်နိုင်ခဲ့တယ် ကျည်က အစားကိုမဖောက်သွားပဲ ဘေးကိုပဲရှပ်ထိတာ ကံကောင်းတယ်လို့ဆိုရမှာပဲ ပြီးတော့ Mr.ပတ်ကတင်းခံနိုင်တာအံ့ဩစရာပဲ ခွဲစိတ်မှုတွေ ဒီလောက်ရှုတ်ထွေးနေခဲ့တာတောင်အသက်ရှင်နိုင်ခဲ့တယ် ကျွန်တော်လေးစားရတဲ့ ပုဂ္ဂိုလ်ကိုကယ်နိုင်ခဲ့လို ကျွန်တော်ဝမ်းသားတယ်ဗျာ "

" အချိန်တွေအကြာကြီး ကူညီပေးခဲ့တဲ့ ဒေါက်တာကိုကျေးဇူးတင်ပါတယ် "

" မလိုပါဘူး ကျွန်တော် Mr.ပတ် လုံးဝပြန်ကောင်းလာတဲ့ထိ တာဝန်ယူပါမယ် ခုတော့ မိသားစုတွေနဲ့ တွေ့ပါစေဦး ကျွန်တော် ဆေးသောက်ဖို့သွားယူလိုက်ဥိးမယ် Mr.ရှုယွမ် "

" ကောင်းပါပြီ "

ဒေါက်တာထွက်သွားဆတာ့ ရှုယွမ်ရဲ့အကြည့်တွေက သူ့ရဲ့မ်ခင်ထံ ရောက်သွားတယ် ... အမြဲရဲရင့်ပျက်သားတဲ့ မိခင်ရဲ့ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျနေပြီး အခန်းထဲကမိသားစုလေးထံကြည့်နေတာတွေ့ရတော့ ရှုယွမ်ပါသူတို့ထံအကြည့်ရောက်သွားတယ် ...

ပတ်ဒိုမင်းက သူမိန်းမကိုပြန်တွေ့ရတာကို ယုံကြည်ပုံမပေါ်သေးဘူး ... သူ့ရဲ့မျက်ဝန်းတွေကအပြူးသားနဲ့အံ့ဩနေတယ် ... မျက်လွှာခနခနခပ်နေရင်း မြင်ရောင်နေမိတာများလား စစ်ဆေးနေပုံ ...

ဆုန်းချူကတော့ သူမမိခင်ဖြစ်ကြောင်း ပျော်ရွှင်စွာရှင်းပြနေတယ် ... နောက်ဆုံး သားအမိသုံးယောက် ဖက်သွယ်လျှက် ငိုနေရှာတယ် ... ရှုယွမ် သူရဲ့မိခင်ပခုံပေါ် လက်တင်လိုက်ပြီး ...

" မား အဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ် တကယ်တော့ မင်းသမီးလေးက မင်းသားလေးနဲ့ပဲပေါင်းဖက်သင့်တာပါ "

သူမက ပါးပေါ်ကမျက်ရည်တွေကို သုပ်လိုက်ပြီး ...

" သား အချစ်ဆိုတာ ရယူတာထက် ပေးဆပ်ရတာက စစ်မှန်တဲ့အချစ်ပဲ သားတကယ်ချစ်တဲ့သူတွေ့ခဲ့ရင် သူ့ကိုပျော်ရွှင်အောင်ထားပါ သူ့ရဲ့ပျော်ရွှင်မှုက သားကိုပါအလိုလိုပျော်ရွှင်စေလိမ့်မယ် "

မေမေတကယ်ရောပျော်နေရဲ့လားလို့မေးလိုက်ချင်ပေမဲ့ သူမမိခင်ရဲ့ မျက်ရည်တွေကြားကအပြုံးတစ်ခုကိုပြင်လိုက်ရတော့ ရှုယွမ် မမေးရက်ခဲ့ဘူး ...

မေမေတကယ်ကို ပျော်နေတာပဲ ...

*

*

*

*

" သခင်လေး မင်းယွီ ဒီနေ့လဲ ဘာမှမစားပြန်ဘူး "

" သူ ဘာဖြစ်ချင်နေတာလဲ "

ဖန်ဂူရဲ့ ဒေါသတကြီးအော်သံကြောင့် ချူးရှန့်ပင် လန့်သွားမိတယ် ...

" သခင်လေး သူဘာမှစားချင်စိတ်မရှိဘူးပဲပြောနေတယ် ...

သူ ခုချိန်ထိ ဝမ်းနည်းနေတုန်းပဲ "

ဖန်းဂူ ခေါင်းကို လက်နဲ့ပွတ်လိုက်ပြီး စိတ်ရှုတ်ထွေးကာ အနောက်က ထိုင်ခုံပေါ်မှီချလိုက်တယ် ... ခုချိန်မှာ ဆေးလိပ်ကလဲ သူရဲ့ရှုတ်ထွေးမှုတွေကို ပယ်ပျောက်မပေးနိုင်တော့ဘူး ... သေနတ်ကိုဆွဲပြီး ပြစ်ဖို့လဲ စိတ်မပါဘူး ... ထိုအရာတွေအားလုံး သိရှိပြီးကတည်းက ဖန်းဂူစိတ်တွေ လေးလံနေပြီး အရာအားလုံးဟာရှုတ်ထွေးလာခဲ့တယ် ...

ဒီရန်ငြှိုးတွေက သေတဲ့ထိပျောက်မှာမဟုတ်တော့သလို ဘယ်တော့မှလဲ ပျော်ရွှင်စရာတွေရှိမလာနိုင်ဘူးဆိုတာ သူလက်ခံသွားတယ် ... ဒီအမှားတွေက ဘယ်ကစခဲ့တာလဲ ...

ကျားအိုကြီးလှည့်စားတဲ့ စိန် ၇ လုံးကနေ ဟိုးချောင်ကြားထဲမှာရှိနေတဲ့ အတိတ်နမိတ်ဆိုးကို ဆွဲထုတ်မိစေခဲ့တယ် ... ထိုစိန် ၇ လုံးသာ ရှိမနေခဲ့ရင် အဲ့ဒိနေ့က သူရောက်လာလဲ ပတ်သပ်နေစရာမလိုဘူး ... ပြီးတော့ ပါတနာရွေးပဲကိုသွားစရာလဲမလိုသလို သူလဲအိုမီဂါတစ်ယောက်နဲ့ ပတ်သပ်မိစရာမလိုတော့ဘူး ... အမှတ်အသား ပေးစရာမလိုအပ်သလို အနှောင်အဖွဲ့ရင်သွေးတွေလဲ ရှိစရာမလိုဘူး ... မနေ့ကလိုတိုက်ပွဲမျိုးမှာ တွေဝေမနေပဲ အားလုံးကိုအနိုင်ပိုင်းပြီး Lion ဆိုတဲ့မျက်နှာဖုံးကို ခွာချစရာမလိုအပ်သလို တောဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ သူသေတဲ့ထိ ထိန်းသိမ်းထားနိုင်လိမ့်မယ် ...

ဒါပေမဲ့ အရာအားလုံးက ထိုအိုမီဂါနဲ့အတူ သူမသိတဲ့အမှန်တရားတွေပါ ပေါ်လာပြီး အရာအားလုံးက ဂျွန်းထိုးမှောက်ခုံးတွေဖြစ်လာခဲ့ပြီ ...

" သ .... သခင်လေး ...

ပတ်ဒိုမင်း အသက်ရှင်နေသေးတယ် "

" မင်းပါစပ်ကိုပိတ်ထားစမ်း "

ဖန်းဂူစိတ်ရှုတ်ထွေးနေတဲ့အချိန် အဲ့ဒိနာမည်ကို မကြားချင်ဆုံးပဲ ... ဒီကံတရားကြီးက တစ်ပတ်ပြန်လည်လာခဲ့ပြီ ... ခုရော ဘယ်သူ့ကိုထပ်ပြီး ပြစ်သတ်ရအုံးမှာလဲ ... သူဘာဆိုဘာမှဆက်ပြီးမတွေးချင်တော့ဘူး ... သူရဲ့မျက်လွှာကို ပိတ်ချပြစ်လိုက်တယ် ... အာရုံထဲက အမြင်အကြားအနံ့ အားလုံးကိုရှင်းထုတ်ပြီး လေဟာနယ်ကြီးထဲမှာ လင့်မြောနေချင်တယ် ...

သူရဲ့မျက်ဝန်းတွေပြန်ဖွင့်လိုက်ရင် ဟိုးအရင်က အင်းအားကြီးပြီး အရာအားလုံးအပေါ် ပြတ်သားခဲ့တဲ့ ရှန်ဖန်းဂူ ပြန်ဖြစ်ချင်တယ် ... အတိတ်ကိုသာပြန်လို့ရခဲ့ရင် အရာအားလုံးကိုအစကနေပြန်စချင်တယ် ... အငြှိုးအသေးတွေ အမုန်းတရားတွေမရှိတဲ့အချိန်ကို ပြန်သွားချင်ပေမဲ့ အားလုံးက နောက်ကျသွားလေပြီ ...

မင်းယွီ အခန်းလေးထဲမှာနေရင်း အားလုံးကိုမေ့ပျောက်ဖို့ကြိုးစားတိုင်း အိမ်မက်ဆိုးတွေရဲ့နှောက်ယှက်မှုကြောင့် တစ်ရက်မှ အိပ်မပျော်ခဲ့ရဘူး ... ခုချိန်မှာ အိမ်ပြန်ပြီး မိခင်ရင်ခွင်ထဲ ခေါင်းအပ်ကာ ငိုပြစ်ချင်တယ် ... ပြီးတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို မေးချင်တယ် ... ပြီးတော့ သူ ( အဖေ ) ဘာဖြစ်သွားလဲ သိချင်မိတယ် ...

အခန်းရှေ့က ခြေသံကြောင့်မင်းယွီ ငိုနေတာကိုရပ်လိုက်တယ် ... သို့ပေမဲ့ဘယ်သူမှဝင်မလားခဲ့ဘူး ... အဲ့ဒိအစား စကားသံအချိ့ကို ကြားလိုက်ရတယ် ...

" သခင်လေး ... ဘာကြောင့်အထဲကိုမဝင်ပဲရပ်နေတာလဲ ...

မင်းယွီကို မကြည့်တာ ၁၀ ရက်တောင်ရှိနေပြီ ... သူသခင်လေးခိုင်းရင် လိမ်လိမ်မာမာနဲ့ နာခံလောက်မှာပါ "

" နေပါစေ ... သူတစ်နေ့တစ်ထပ်တော့ အစာစားတယ်မှတ်လား ... ဒီပုံစံအတိုင်းဆို သူမသေနိုင်ဘူး ...

ဒီနေ့ငါအပြင်သွားမယ် ... ညပြန်မလာဘူး ... မင်းလဲ စောစောသွားနားလိုက်တော့ ...

သူသောက်မဲ့ဆေးထဲကို အိပ်ဆေးနဲနဲထည့်ပေးထားလိုက် "

ပြီးနောက်အသံတွေ တိတ်ဆိတ်သွားပြန်တယ် ... မင်းယွီအံကိုကြိတ်ကာ ထပ်မံမငိုမိအောင် စိတ်ကို တင်းထားလိုက်တယ် ... ခနကြာတော့ ထုံးဆန်အတိုင်း ချူးရှန့်က စားစရာနဲ့ဆေးတွေလာထားသွားလေတယ် ... မအိပ်ခင် အစာစားပြီးဆေးသောက်ဖို့အသေအချာမှာသွားခဲ့တယ် ... မင်းယွီအားလုံးကို အမှိုက်ပုံးထဲ တွန်ပြစ်လိုက်ပြီး အိပ်ဆက်လိုက်လေတယ် ...

*

*

*

*

ဆူညံနေတဲ့ ဘားအတွင်းမှာ ဖန်းဂူတစ်ယောက်ထည်းထိုင်နေပြီး အရက်တွေကို အဆက်မပြတ်သောက်နေလိုက်တယ် ... ဆူညံသံတွေ ဟော်မုန်းနံ့တွေ မျက်လုံးထဲ မြင်နေရတဲ့ မီးရောင်စုံတွေ အားလုံး ကွယ်ပျောက်သွားတဲ့ထိ သောက်ချင်ပေမဲ့ တစ်ပုလင်းသာကုန်သွားတယ် ထူးပြီးမူးမလာဘူး ...

သူက ခုံကိုပုတ်လျှက် ဒေါသသကြီးနဲ့ အော်ကာပြောလိုက်တယ် ...

" ဒီကို နောက်ထပ်နှစ်ပုလင်း အမြန်လာချစမ်း "

" အို ... ကို့ဆရာ ... ဒီလောက်အများကြီးသောက်ပြီးတာတောင် မရပ်နိုင်သေးဘူးလား "

ထိုသူက ဘားပိုင်ရှင် ရန်အာပင် ... သူက ဖန်းဂူလက်ထဲက ပုလင်းလွတ်ကို ဆွဲယူလိုက်ပြီး ...

" သခင်လေး ... ဟိုသခင်မလေး သေသွားလို့အသဲကွဲနေတာတော့ မဟုတ်ပါဘူးနော် "

သူကစနောက်တဲ့သဘောပြောလိုက်ပေမဲ့ ဖန်းဂူက ဒေါသထွက်နေချင်းကြောင့် ရန်အား အင်္ကျိကို စောင့်ဆွဲလိုက်ပြီး ...

" မင်းသောက်ပါးစပ်ကိုပိတ်ထားစမ်း ...

မင်းဘားကို မီးရှုံ့ခံချင်နေတာလား ... ဟမ် "

" အာ ... ကျွန်တော်မပြောတော့ပါဘူး ...

ဒါပေမဲ့ ဘားပိတ်ချိန်ရောက်နေပြီသခင်လေးရဲ့ ...

ဘယ်သူမှလဲမရှိတော့ဘူး "

" ငါမင်းကိုအချိန်ပိုခပေးမယ် ...

သောက်ပါစပ်ပိတ်ပြီး ကို့နေရာကိုသွားထိုင်နေ "

ရန်အာဘာမှပြန်မပြောနိုင်တော့ပဲ အရက်ပုလင်းအသစ်တစ်လုံးပေးကာ ဖျော်စပ်တဲ့နေရာသို့ပြန်သွားလိုက်လေတယ် ... နာရီဝက်ခန့်ကြာတော့ ...

" သခင်လေး ... သခင်လေး "

ဖန်းဂူ အသိပြန်ဝင်မလာတော့ပေ ... ရန်အာက ဖန်းဂူကို တွဲပြီး အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေတယ် ... ညသာကရှည်ပေမဲ့ ဖန်းဂူနိုးထလာတော့ နေရောင်ချည်က ပျိုးစပြုနေပြီ ... သူ့ရဲ့ကိုယ်ပေါ်ကအဝတ်တွေက ဖရိုမရဲဖြစ်နေပြီး သူ့ရဲ့ဘေးနားမှာ သူ့ကိုကျောပေးကာ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက် ...

ဖန်းဂူ ခေါင်းတွေမူးဝေနေပြီး ညကအကြောင်းအရာတွေကိုစဉ်းစားမရတော့ဘူး ... ထိုစဉ် သူ့အိပ်ထဲက ဖုန်းဟာ တုန်ခါလာလေတယ် ... ကြည့်လိုက်တော့ ထိုလူက ချူးရှန့် ...

ဖန်းဂူ ဖုန်းကိုကိုင်လိုက်တာနဲ့ ချူးရှန့်ရဲ့ အော်သံ စူးဝါးဝါးကို ကြားလိုက်ရလေတယ် ...

" သခင်လေး ... သခင်လေးခုဘယ်မှာလဲ "

" မင်းဘာကြောင့်အော်နေတာလဲ ...

ငါအကုန်ကြားတယ် ပြော "

" သူ ... မရှိတော့ဘူး "

" ဘယ်သူမရှိတာလဲ "

" မင်းယွီ ... ညက ထွက်ပြေးသွားပြီ "

" ဘာ !!! "

ထိုအခါမှ ဖန်းဂူ သူ့ဘေးမှာခွေခွေလေးအိပ်နေတဲ့ လူသားထံအကြည့်ရောက်သွားလေတယ် ... ထိုလူကလဲ သူ့အသံကြောင့် နိုးလာပြီး မျက်လုံးတွေကို ပွတ်သပ်လျှက် ...

" သခင်လေး နိုးနေပြီလား "

" ရန်အာ ... မင်း "

ထိုလူရဲ့အသံကိုကြားပြီး မျက်နှာကိုမြင်လိုက်ရတော့ ဖန်းဂူတစ်ကိုယ်လုံး ဒေါသကြောင့် မဲမှောင်သွားလေတယ် ... သူ့ကိုယ်တစ်ခုလုံး ခဲတောင့်သွားပြီး ဒီအခြေအနေကြီးကို လုံးဝ မယုံကြည်နိုင် ဖြစ်သွားလေတော့တယ် ...

.

.

.
.

To Be Continued

( မနေ့က မုန်တိုင်းလးတစ်ခုကြောင့် ဒါဒါလေးတွေကိုချော့လိုက်ရတာ ကလေးမွေးပေးနေရတဲ့ လက်သည်မိခင်ကြီးကြနေတာပဲ 🤣 ဒီနေ့လဲ ထပ်ငိုရင် လာချော့ပေးမယ်နော် ... 🤗

မုန်တိုင်းက နောက် ၂ ပိုင်း ၃ ပိုင်း လောက်လေးပဲမို့ သည်းခံပေးနော် 😉 ချစ်တယ်ဆို Starလေးတွေ fbလေးတွေပေးသွားဦးတျဲလေးတို့ 🥰🥰 )

#Zawgyi

" ပါပါး … ပါပါး "

" ပတ္ဆူးေယာင္ … ပတ္ဆုန္းခ်ဴ "

အရင္တစ္ခါ အိမ္မက္နဲ႕တူညီတဲ့ လူတစ္ေယာက္ရဲ႕ပုံရိပ္ … သူ႕ရဲ႕အေရွ႕မွာ လွပတဲ့အမ်ိဳးသမီးတစ္ဦးရပ္ေနတယ္ … ေသးငယ္တဲ့ကေလးေလးေတြက လက္ခ်င္းယွက္လွ်က္ သူ႕ရဲ႕ေဘးမွာ ေပ်ာ္႐ႊင္စြာ ကစားေနၾကတယ္ … ကေလးေတြက သူမရဲ႕ေအာ္သံကိုပင္ၾကားဟန္မတူ … သူမက ထိုျမင္ကြင္းေလးကိုၿပဳံးကာၾကည့္ေနေပမဲ့ သူမမ်က္ဝန္းေတြက အရည္လဲ့လို႔ေနတယ္ …

" ယီယီ … သားေလးကို ေခၚမသြားပါနဲ႕လားကြာ "

ထိုစဥ္သူမေရွ႕ကလူက ဝမ္းနည္းစြာျဖင့္ေျပာလာတယ္ … ထိုအခါ သူမက …

" ရွင္သမီးေလးကိုေခၚထားမွာဆို …

ကြၽန္မက သားေလးကိုေခၚသြားမယ္ …

ပါးတို႔က ကြၽန္မတို႔ရင္ေသြးေလးေတြကို ၾကည့္ခ်င္ေနၾကတယ္  "

" ဒါ … ဒါေပမဲ့ မသြားလို႔မရဘူးလား …

ကိုယ္အလုပ္အားမွ အတူတူသြားရေအာင္ "

" ရွင္က ဘယ္ေတာ့အလုပ္အားမွာလဲ …

ကေလးေတြလဲ ၅ ႏွစ္အ႐ြယ္ေရာက္ေနၿပီ …

သူတို႔ A ၿမိဳ႕ကို တစ္ခါမွ မေရာက္ဖူးေသးဘူး …

ကြၽန္မနဲ႕သားေလးသြားႏွင့္မယ္ … ရွင္နဲ႕သမီးေလး ​ေနာက္မွလာခဲ့ေပါ့ "

သူမက သားေလးလက္ကို ဆြဲကာ ေက်ာခိုင္းလိုက္တယ္ … ဆူးေယာင္နဲ႕ ဆုန္းခ်ဴက လက္ခ်င္းယွက္တြဲထားလွ်က္ မခြဲခ်င္၍ ေအာ္ငိုေနရွာတယ္ …

ဖခင္ျဖစ္သူက သားေလးကို ေပြးခ်ီလိုက္ၿပီး …

" ပါးနဲ႕ညီမေလး အေနာက္ကလိုက္လာခဲ့မယ္ …

သားေလး ဖိုးဖိုးအိမ္သြားႏွင့္ေနာ္ "

ကေလးေလးက ခ်က္ခ်င္းပဲအငိုတိတ္သြားတယ္ … ၿပီးေနာက္ သူတို႔ေက်ာခိုင္းကာ ထြက္ခြာသြားၾကေလတယ္ … မင္းယြီထိုျမင္ကြင္းကို ျပတ္သားစြာျမင္ေနရၿပီးေနာက္ တေျဖးေျဖးေပ်ာက္ကြယ္သြားေလတယ္ … ဒါက သူ႕အတိတ္ကိုအိမ္မက္ကမာၻထဲမွာ ျမင္ေနရတာပထမဆုံးပဲ …

တေျဖးေျဖးမင္းယြီအသိျပန္ဝင္လာေပမဲ့ သူ႕ရဲ႕မ်က္ခြံေတြက ေလးလံေနဆဲ … နိုးထ၍ မရတဲ့အဆုံး ထပ္မံအိပ္ေပ်ာ္သြားေလတယ္ … ဒီတစ္ႀကိမ္ သူျမင္မက္ေနရတဲ့အိမ္မက္က ေသြေတြရဲေနတဲ့ ဝမ္းဗိုက္ကို လက္နဲ႕ဖိထားလွ်က္ လဲက်ေနတဲ့ လူတစ္ေယာက္ … သူရဲ႕ႏႈတ္မွ တတြတ္တြတ္ ႐ြတ္ဆိုေနတဲ့ နာမ္စားတစ္ခုက ' သား ' ဟူ၍ …

ထိုအသံေတြက မင္းယြီနားထဲ ပဲ့တင္ထပ္ေနၿပီး သူ႕ရဲ႕ရင္ကို အပ္ေပါင္းမ်ားစြာနဲ႕ တစ္စစ္စစ္ထိုးစိုက္ခံေနရသလို နာက်င္လြန္းလွတယ္ …

မင္းယြီ အိမ္မက္ထဲမွာ ထိုလူအေရွ႕ ဒူးေထာက္လိုက္ကာ ရွိုက္ႀကီးတငယ္ငိုေနရွာတယ္ … အသံမထြက္နိုင္ေပမဲ့ သူ႕ရဲ႕ဝမ္းနည္းမႈက အဆုံးမသတ္နိုင္တဲ့ သူ႕ရဲ႕မ်က္ရည္ေတြက သက္ေသပင္ … ႏႈတ္မွ တိုးတိုးေလးေရ႐ြတ္ေနတဲ့ နာမ္စားတစ္ခုက ' ပါး ' ဟူ၍ …

" ပါပါး … ပါပါး …

သားေတာင္းပန္ပါတယ္ … ဟင္း "

ကုတင္ထက္၌ အိပ္စက္ေနတဲ့ မင္းယြီမ်က္ဝန္းေတြက မွိတ္ထားလွ်က္ႏွင့္ပင္ မ်က္ရည္မ်ား အဆက္မျပတ္စီးက်ေနၿပီး သူ႕ရဲ႕ႏႈတ္ခမ္းလႊာမွ ထြက္က်လာသည့္စကားမ်ားက ေတာင္းပန္ပါတယ္ဆိုတဲ့ စကားတစ္ခြန္းသာ …

တုန္ခါေနတဲ့မင္းယြီကိုယ္ေလးက အိပ္ယာခင္းအား တင္းေနေအာင္ဆုတ္ကိုင္လွ်က္ အိမ္မက္ဆိုးမွ နိုးထခ်င္ေသာ္လဲ အိမ္မက္အရွင္ကနိုးထခြင့္မျပဳပဲ အတိတ္ကပုံရိပ္ေတြနဲ႕သူ႕ရဲ႕အမွားေတြကို ေရာယွက္ကာ အဆုံးမဲ့ေၾကာက္လန႔္ခ်င္းစီသို႔ တြန္ပို႔ေနတယ္ …

ေပ်ာ္႐ႊင္ေနတဲ့ မိသားစုပုံရိပ္မ်ား ေသြးအိုင္ထဲမွာ လဲေလွ်ာင္းေနတဲ့ပုံရိပ္တခ်ိဳ႕ ငိုေနတဲ့မိခင္ရဲ႕မ်က္ႏွာေလး ပင္ပင္ပန္းပန္းျဖတ္သန္းလာခဲ့ရတဲ့ ဘဝတခ်ိဳ႕ပုံရိပ္မ်ား အားလုံးက ပိတ္ကားထပ္၌ ျပသေနသလိုတရိပ္ရိပ္ေပၚလာၿပီးတဲ့ေနာက္မွာေတာ့ ေသနတ္သံနဲ႕အဆုံးသပ္သြားေလတယ္ …

မင္းယြီထိတ္လန႔္ကာနိုးထလာေတာ့ သူ႕ရဲ႕တစ္ကိုယ္လုံးက ခ်မ္းလြန္းလို႔ ခိုက္ခိုက္တုန္ေနေပမဲ့ ကိုယ္အတြင္းထဲက ပူေလာင္ေနတယ္ … ခုေရာက္ေနတာက အခန္းတစ္ခုရဲ႕ကုတင္ေပၚမွာေသခ်ာေပမဲ့ အခန္းက ေမွာင္ပိန္းေနၿပီး အလင္းတစ္စမရွိ … ထိုစဥ္ တံခါးပြင့္သံႏွင့္အတူ အခန္းတြင္း အလင္းေရာင္စူးရွရွဝင္လာၿပီးတဲ့ေနာက္မွာေတာ့ အခန္းတံခါးဟာျပန္ပိတ္သြားေလတယ္ …

ထိုစဥ္ အခန္းမီးခလုပ္ကိုဖြင့္လိုက္တဲ့အသံၾကားရၿပီး တစ္ခန္းလုံးလင္းထိန္သြားတဲ့အတြက္ မင္းယြီမ်က္ႏွာေပၚသို႔ လက္ဝါးေလးနဲ႕ျဖန႔္ကာ ကာထားမိေလတယ္ …

အနားသို႔ေလွ်ာက္လာတဲ့ေျခသံက တည္ၿငိမ္ေနေပမဲ့ ရေနတဲ့ ေဟာ္မုန္းနံ႕ေတြက ျပင္ထန္းလြန္းတယ္ … ထိုလူက ဘယ္သူဘယ္ဝါမွန္း သိေနတာမို႔ မင္းယြီ ကုတင္ေပၚကေန ထထိုင္လိုက္ၿပီး အေနာက္သို႔ ေျဖးေျဖးျခင္း ဆုတ္ခြာသြားမိေလတယ္ …

ရွန္ဖန္းဂူက သူ႕ကိုျမင္၍ အေနာက္ဆုတ္သြားတဲ့မင္းယြီကိုျမင္ေတာ့ ကုတင္ေဘးမွာ သူ႕ရဲ႕ေျခလွမ္းေတြကို ရပ္တန႔္လိုက္ေလတယ္ …

" အဖ်ားရွိေနတုန္းပဲလား … ေနမေကာင္းဘူးလား "

" မ … မဟုတ္ဘူး … မထိနဲ႕ "

သူ႕ရဲ႕လက္တစ္ဖက္က မင္းယြီထံတိုးသြားၿပီး ႏွဖူးေလးကိုဆမ္းသပ္မယ္ျပင္လိုက္ေတာ့ သူ႕ရဲ႕လက္ကို ေသးငယ္တဲ့လက္တစ္ဖက္က ရိုက္ပုတ္တာခံလိုက္ရၿပီး ဖန္းဂူရဲ႕အရာအားလုံး ရပ္တန႔္သြားေလတယ္ …

သူ႕ကိုေတာင္အထိမခံေတာ့ပဲ ျငင္းဆန္ေနတဲ့ဒီေကာင္ေလး တစ္နည္းေျပာရလွ်င္ သူသတ္မယ္အၿမဲေျပာေနခဲ့တဲ့လူရဲ႕ေသြးသား ထိုအရာေတြက သူ႕ရဲ႕သည္းခံနိုင္စြမ္းေတြကို ကုန္ဆုံးသြားေစမဲ့ အေၾကာင္းျပခ်က္ဆိုေပမဲ့ သူဘယ္လိုမွမခံစားရဘူး … ဖန္းဂူ သူ႕ကိုေရွာင္ဖယ္ကာ တစ္ဖက္သို႔လွည့္ေနတဲ့ မင္းယြီကို အေတာ္ၾကာ ရပ္ၾကည့္ေနမိတယ္ …

" သခင္ေလး "

ထိုစဥ္အခန္းတံခါးပြင့္လာကာ ခ်ဴးရွန႔္ဝင္လာတယ္ …

" သခင္ႀကီးတို႔က သခင္ေလးကို အျမန္လာခဲ့ဖို႔ ေခၚေနတယ္ "

" ေကာင္းၿပီ … သူ႕ကိုေသခ်ာေစာင့္ၾကည့္ထား "

" ဟုတ္ကဲ့ "

ဖန္းဂူခ်က္ခ်င္းပဲ အခန္းထဲကေန ထြက္သြားေလတယ္  … ခ်ဴးရွန႔္မင္းယြီအနားေရာက္လာေတာ့မွ မင္းယြီျပန္လွည့္လာကာ ခ်ဴးရွန႔္အားၾကည့္ၿပီး ေမးလိုက္တယ္ …

" ကြၽန္ေတာ္တို႔ဘယ္ေရာက္ေနတာလဲ "

" အကိုတို႔ အိမ္ေတာ္ကိုျပန္ေရာက္ေနၿပီ …

မင္းက အဖ်ားတက္ေနေတာ့ မသိေလာက္ဘူး …

ခုသက္သာၿပီလား "

" ဘယ္ေန႕ကေရာက္တာလဲ …

ကြၽန္ေတာ္ဘယ္ႏွရက္ေတာင္ အိပ္ေပ်ာ္သြားတာလဲဟင္ "

" အကိုတို႔ျပန္ေရာက္တာ ၃ ရက္ရွိၿပီ …

မင္းယြီကအဖ်ားႀကီးၿပီး ခနေလးပဲနိုးနိုးလာတာ …

ဆရာဝန္ေျပာတာေတာ့ အေအးပတ္သြားလို႔တဲ့ …

ၿပီးေတာ့စိတ္ဒါဏ္ရာေၾကာင့္ ခနေမ့ေမာေနတာလို႔လဲေျပာတယ္ … ခုအဆင္ေျပၿပီလား "

" ကြၽန္ေတာ္ အိမ္မက္ေတြအၾကာႀကီးမက္ခဲ့တယ္ …

အားလုံးကအျပင္ကအတိုင္းပဲ "

ခ်ဴးရွန႔္က မင္းယြီေခါင္းကို ဖြဖြေလး ပုတ္ေပးလိုက္ၿပီး …

" ဘာမွေတြးမေနနဲ႕ … အိမ္မက္ကတကယ္ျဖစ္လာမွာမဟုတ္ဘူး …

မင္းယြီ ဗိုက္ကေရာ အဆင္​ေျပလား  …

ဆရာဝန္က အားေဆးသြင္းေပးသြားတယ္ …

ကေလးေရာလူႀကီးပါ က်န္းက်န္းမာမာပဲတဲ့ … ဘာမွမပူနဲ႕ "

ထိုအခါမွမင္းယြီသူ႕ရဲ႕ဗိုက္ေလးကို ပြတ္သပ္လိုက္ၿပီး သက္ျပင္းဖြဖြခ်လိဳက္တယ္ … ၿပီးေနာက္ သူကဝမ္းနည္းစြာျဖင့္ ဆိုလာတယ္ …

" အကို … ကြၽန္ေတာ္ျပစ္လိုက္တဲ့လူေရာ ဘယ္လိုေနလဲဟင္ "

" အကိုလဲသတင္းမၾကားေသးဘူး …

ညတြင္းခ်င္းပဲ သူတို႔ဂ်က္ေလယာဥ္နဲ႕ ျပန္ေခၚသြားၾကတယ္ "

ခ်ဴးရွန႔္တစ္စုံတစ္ခုကို ေမးၾကည့္ခ်င္ေပမဲ့ မင္းယြီရဲ႕ပ်က္႐ြံ႕ေနတဲ့မ်က္ႏွာေလးကိုျမင္ရေတာ့ သူ႕ရဲ႕စကားေတြကို ရပ္တန႔္လိုက္ေလတယ္ …

" မင္းယြီနိုးလာၿပီဆိုေတာ့ လန္းဆန္းသြားေအာင္ ေရခ်ိဳးလိုက္ …

အဖ်ားက က်သြားၿပီဆိုေတာ့ ခႏၶာကိုယ္ထဲကအပူေတြေပ်ာက္ေအာင္ ေရခ်ိဳးရမယ္ "

မင္းယြီလဲ တစ္ကိုယ္လုံးကိုက္ခဲေန၍ ေရခ်ိဳးခ်င္စိတ္ေပၚလာတာနဲ႕ ကုတင္ေပၚကေနထကာ ေရခ်ိဳးရန္ထြက္သြားေလေတာ့တယ္ … ခ်ဴးရွန႔္ မင္းယြီေက်ာျပင္ေလးကိုၾကည့္ရင္း …

" မင္းနဲ႕သခင္ရဲ႕ေရစက္က ဘာေၾကာင့္ၾကမ္းတမ်းေနရတာလဲအကိုမသိဘူး …

ေက်းဇူးျပဳၿပီး သခင္ေလးကို မမုန္းလိုက္ပါနဲ႕မင္းယြီ …

သခင္ေလးကို ထိခိုက္ေအာင္မလုပ္သေ႐ြ႕ မင္းအႏၲရာယ္ကင္းေစရမယ္လို႔ အကိုကတိေပးတယ္ "

*

*

*

*

ထိုကိစၥၿပီးတဲ့ေနာက္မွာေတာ့ အန္းသားအဖရဲ႕သတင္းဟာ နိုင္ငံအရပ္ရပ္မွာပ်ံ့လြင့္ေနၿပီး ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားေလတယ္ … သူမရဲ႕ကေလးဟာ ရွန္သခင္ေလးနဲ႕မသက္ဆိုင္ေၾကာင္း မွန္ကန္တဲ့အေထာက္အထားVdတိုတစ္ခု ထြက္ေပၚလာခဲ့တယ္ …

ထို Vd ရဲ႕အရင္းအျမစ္က ဖန္းဂူသြား​ေသာက္ေနၾက ဘားက ရန္အာရဲ႕အကူအညီနဲ႕ Cctv ကေန အန္းရက္စ္ဒီနဲ႕လူတစ္ေယာက္ အခန္းရဲ႕ေရွ႕မွာ နမ္းေနၿပီးေနာက္ အခန္းထဲဝင္သြားတဲ့ ၂ မိနစ္စာ Vd ဖိုင္ေလးျဖစ္ၿပီး ေသဆုံးသြားတဲ့သူမအတြက္ ဝမ္းနည္းသူထက္ ကဲ့ရဲ႕သူက ပို၍ မ်ားျပားလာခဲ့တယ္ …

လူေတြက ဖန္းဂူေတာင္ရွည္ရွည္ေဝးေဝးရွင္းျပေနစရာမလိုပဲ ကိုယ္ဝန္ရဲ႕ရက္ဆြဲနဲ႕ သူမ Vd ရဲ႕ရက္ဆြဲကိုရွာၿပီး ထိုအခ်ိန္က ဖန္းဂူဟာလဲ အလင္းနယ္ေျမက သူ႕အိမ္ေတာ္မွာရွိေနတဲ့အေထာက္အထားေတြနဲ႕ေပါင္းစပ္လိုက္ေတာ့ ဒီကိုယ္ဝန္ကိစၥဟာ လုပ္ႀကံဇာတ္လမ္းတစ္ခုျဖစ္ေၾကာင္းေပၚသြားခဲ့ၿပီး ေသသြားတဲ့သူမရဲ႕ေနာက္ဆုံးခရီးက လူေတြရဲ႕ေမတၱာထက္ ဆဲေရးမႈမ်ားသာ ရရွိသြားရွာတယ္ … ဖန္းဂူထိုမွ်ေလာက္မေတြးထားေပမဲ့ သူမကံကိုကမေကာင္းရွာေတာ့ သူကလက္ပိုက္ၾကည့္ေနယုံပဲေပါ့ …

ထိုအေျခအေနေတြေၾကာင့္ က်န္ရွိေနတဲ့ အန္းဂါးတစ္ေယာက္ ေဒါသအမိုက္ေမွာင္ဖုံးလႊမ္းကာ စိတ္ကူးေပါက္တိုင္း သတ္မယ္တကဲကဲေအာ္ေနၿပီး သူ႕ရဲ႕အသိစိတ္ဟာ လုံးဝေပ်ာက္ဆုံးသြားေလတယ္ …

အန္းဂါးလ္ရဲ႕ စစ္တပ္နဲ႕ပူးေပါင္းတဲ့အမႈ အားလုံးေပၚသြားၾကၿပီး B ၿမိဳ႕ေတာ္ႀကီး မတည္မၿငိမ္ျဖစ္သြားၿပီး ျပည္သူေတြရဲ႕ ဆႏၵထုတ္ေဖာ္မႈေတြလဲ မ်ားစြာေပၚေပါက္လာတယ္ … နိုင္ငံကိုသစၥာေဖာက္တဲ့ထိုလူကို တရားမွ်တစြာအျပစ္ေပးဖို႔ အားလုံးေရွ႕ႀကိဳးမိန႔္ခ်ဖိဳ႕ တစ္သက္တစ္ကြၽန္းေပးျဖစ္ဖို႔ အားလုံးက ဆႏၵျပင္းျပေနၾကတယ္ …

K ၿမိဳ႕ေတာ္က်ျပန္ေတာ့ သူတို႔ရဲ႕အရာရွိပတ္ ေသနတ္မွန္တဲ့ကိစၥနဲ႕လူေတြ ပူေဆြးေသာကေရာက္ေနၾကတယ္ … ခုခ်ိန္ထိလဲ ဘာအေျဖမွမၾကားရေသးဘူး … ၃ ရက္ဆိုတဲ့အခ်ိန္က ထိုကိစၥေၾကာင့္ လူေတြ ေသြးပြတ္ပြတ္ဆူေနၾကၿပီး Lion က ဖန္းဂူျဖစ္ေနတဲ့ကိစၥကို ထုတ္ေဖာ္ဖို႔ ေမ့ေလ်ာ့ေနၾကတယ္ … ေျမေအာက္ဂိုဏ္းတခ်ိဳ႕ကိုလဲ အရာရွိေတြက ထိန္းသိမ္းထားတာေၾကာင့္ ဒီစစ္ပြဲႀကီးမၿပီးခင္ထိ အေမွာင္ေလာကဟာ တိတ္ဆိတ္ေနလိမ့္မယ္ …

🏯 ရွန္ဟႊာအိမ္ေတာ္ 🏯

ဖန္းဂူအထဲသို႔ဝင္လာသည္ႏွင့္ အိမ္ေတာ္ထဲမွာ အေဖအေမနဲ႕အဖိုးထိုင္ေနၾကတယ္ … မိခင္ျဖစ္သူကေတာ့ သားေလးအဆင္​ေျပေနတာကိုေတြ႕ရလို႔ဝမ္းသာေနေပမဲ့ က်န္လူမ်ားရဲ႕မ်က္ႏွာက ႐ႊင္လန္းမေန …

" ကြၽန္ေတာ့ကို ဘာကိစၥေခၚလိုက္တာလဲ "

ထိုအခါ ရွန္ဟႊာရန္းက သက္ျပင္းက်ယ္က်ယ္ခ်လိဳက္ၿပီး စိတ္ေသာကေရာက္ေနဟန္ျဖင့္ ေျပာလာတယ္ …

" အဲ့ဒိေတာ့ မင္းက Aၿမိဳ႕က အဆိတ္ျပင္းတဲ့က်ားတစ္ေကာင္ကိုသတ္ဖို႔ လူႀကီးေတြကိုေတာင္ မတိုင္မင္ပဲ လုပ္ခဲ့တယ္ေပါ့ဟုတ္လား …

အဲ့ဒိကရတဲ့အႀကိဳးရလဒ္ေတြက ဘာေတြမ်ားလဲ ေျပာစမ္းပါအုံး "

ဖန္းဂူက ရဲဝံ့စြာပင္ …

" သူတို႔က ကြၽန္ေတာ့ကိုအရင္ဆုံးအသုံးခ်ဖိဳ႕ႀကိဳးစားခဲ့တဲ့လူေတြ …

သူတို႔သာလာမစရင္ ကြၽန္ေတာ္လဲ ဒီေလာက္ထိ လုပ္မိမွာမဟုတ္ဘူး "

" အဲ့ဒိက်ားကိုတျခားနည္းနဲ႕သတ္လို႔ရရဲ႕သားနဲ႕ ဘာေၾကာင့္အရာရွိေတြနဲ႕ ေျခရႈတ္ခ်င္ရတာလဲ …

ထားပါ က်ားကိုသတ္တဲ့ကိစၥအေနာက္ကိုအသာထား …

မင္းဘာေၾကာင့္ ပတ္ဒိုမင္းကိုပါ ျပစ္သတ္လိုက္တာလဲ …

ခုမင္းဘာေတြလုပ္ေနတာလဲသိလား … မင္းမပတ္သပ္သင့္တဲ့လူေတြနဲ႕ပတ္သပ္ေနမိတယ္ဆိုတာေကာ သိရဲ႕လာရွန္ဖန္းဂူ "

ဖန္းဂူခနမွ်ရပ္တန႔္သြားၿပီး သူ႕ရဲ႕အၾကည့္ေတြက ဖခင္ထံေရာက္သြားတယ္ …

" ဒီကိစၥက ကြၽန္ေတာ့အမွားလို႔ေျပာခ်င္တာလား …

အားလုံးက အေဖနဲ႕အဖိုးကေနစခဲ့တာမဟုတ္ဘူးလား …

ကြၽန္ေတာ္သူ႕ကိုမုန္းရတဲ့အေၾကာင္းအရင္းက ကြၽန္ေတာ့အဖြားကိုသတ္လိုက္လို႔ပဲ …

သူကြၽန္ေတာ့ကို ဘာေၾကာင့္မုန္းလဲဆိုတာကေတာ​့သူပဲသိလိမ့္မယ္ … အဲ့ေလာက္ထိစိတ္မဝင္စားဘူး …

ကြၽန္ေတာ္ေျပာမယ္ … သူ႕ကိုကြၽန္ေတာ္သတ္ခ်င္သတ္မယ္မသတ္ခ်င္မသတ္ဘူး … အဲ့ဒါကကြၽန္ေတာ္နဲ႕ပဲဆိုင္တယ္ "

" ရွန္ဖန္းဂူ "

ရွန္ဟႊာရန္းက အသက္ႀကီးၿပီျဖစ္၍ သူ႕ရဲ႕အသံက ေဒါေၾကာင့္ က်ယ္ေလာင္စြာမထြက္လာပဲ သူ႕ရဲ႕လည္ေခ်ာင္းဝမွာ ေပ်ာက္ရွကာ အသက္ရႉမ်ားပင္ ရပ္ခ်င္သလိုျဖစ္သြားတယ္ …

" ပါး … စိတ္ထိန္း …

ကြၽန္ေတာ္သူ႕ကိုနားလည္ေအာင္ ေျပာျပလိုက္ပါ့မယ္ "

ထိုအခါမွ ဟႊာရန္းအသက္မွန္မွန္ျပန္ရႉလာၿပီး ကူးမန္ကို ဆက္ေျပာေစလိုက္တယ္ … ကူးမန္က ဖန္းဂူဘက္ကိုလွည့္လိုက္ၿပီး …

" သားႀကီးရွန္ဖန္းဂူ … မင္းက Lion ဆိုတာကို အားလုံးသိကုန္ၾကၿပီ …

ခုအခ်ိန္က အမႈကိစၥေတြနဲ႕ လူေတြအာ႐ုံမေရာက္ေသးေပမဲ့ အေႏွးနဲ႕အျပန္အဲ့ဒိကိစၥလဲ အျမန္ဆုံးေပါက္ၾကားနိုင္တယ္ …

သိတဲ့သူေတြကလဲ အေမွာင္မွာေရာ အလင္းမွာပါ အင္အားႀကီးတဲ့သူေတြဆိုေတာ့ အရင္ကလို ႏႈတ္ပိတ္ျပစ္ဖို႔ကမျဖစ္နိုင္ဘူး …

ဒါေၾကာင့္ ဒီကိစၥကိုလူေတြအာ႐ုံေရာက္ေနခ်ိန္ သားတစ္ေနရာရာမွာသြားေနေပးပါ "

ဖန္းဂူမ်က္ေမွာင္ၾကဳတ္လိုက္တယ္ … သူကေရွာင္ပုန္းေနရမယ္ဟုတ္လား ရယ္ခ်င္စရာပဲ …

" ကြၽန္ေတာ့ရဲ႕မ်က္ႏွာဖုံးႂကြတ္သြားေတာ့ေရာ ဘာကိုဂ႐ုစိုက္ေနရမွာလဲ …

သူတို႔ကြၽန္ေတာ့ကိုဖမ္းဖို႔ ဘာအေထာက္ထားမွမရွိဘူး "

" ခုခ်ိန္က မင္းေခါင္းမာေနလို႔မရေတာ့ဘူး  …

အလင္းဘက္က SH Club ကို ထိခိုက္ဖို႔ေခ်ာင္းေနတဲ့လူေတြ အမ်ားႀကီးပဲ …

အေမွာင္ကလူေတြ တိုက္ခိုက္ခ်င္ေနတဲ့ Lion ကရွန္ဖမ္းဂူဆိုတာသိသြားေတာ့ ရွန္ဟႊာရဲ႕အေျခအေနက အရင္ကလိုတည္ၿငိမ္မႈမရွိေတာ့ဘူး …

မင္းကိုလဲအရင္လိုလႊတ္ထားလို႔မရေတာ့ဘူး … အားလုံးတည္ၿငိမ္သြားေတာ့မွ ျပန္လာခဲ့ပါ …

ခုသား  USA ကိုသြားရမယ္ "

" ကြၽန္ေတာ့ကိုဘာေၾကာင့္ အေဝကို ပို႔ခ်င္ေနၾကတာလဲ … အားလုံးကိုကြၽန္ေတာ္ရွင္းမယ္ "

ရွန္ဟႊာရန္းက ေသြးမ်ားပင္ေစာင့္တိုးလာသလို … သူက နားထင္ကို လက္နဲ႕ေထာက္ထားလွ်က္ …

" မင္းေထာင္က်ခံခ်င္လို႔လား … ဟမ္ …

ငါကေန႕ညေသမဲ့လူမို႔ ငါက်ရင္ရၿပီ …

မင္းကိုထိခိုက္လို႔မျဖစ္ဘူး "

" အဖိုး … ဘာေတြေျပာေနတာလဲ "

ထိုအခါမွ တိတ္ဆိတ္ေနတဲ့မိခင္က ဝင္ေျပာလာတယ္ …

" သားေလးကိုကြၽန္မပဲ ၾကည့္ရွင္းျပလိုက္မယ္ …

ရွင္အေဖ့ကို အခန္းထဲ လိုက္ပို႔လိုက္ေတာ့ "

ရွန္ဖန္းဂူ ပေဟဠိေပါင္းမ်ားစြာနဲ႕မိခင္ရဲ႕အေနာက္သို႔ လိုက္လာခဲ့ေလတယ္ … မိခင္က ဖန္းဂူကို အဖြားမေသခင္ကေနသြားတဲ့အိမ္ေလးထဲကိုေခၚလာခဲ့တယ္ … သူမက ဖန္းဂူအဖြားရဲ႕ပုံေရွ႕မွာရပ္လိုက္ၿပီး ဦးၫႊတ္ကာ အရိုအေသေပးလိုက္တယ္ … ၿပီးေနာက္ ဖန္းဂူဘက္ကိုလွည့္လာၿပီး …

" ပတ္ဒိုမင္းက သားကိုတင္မကဘူး သားအဖိုးအဖြားနဲ႕အေဖ အားလုံးကိုမုန္းေနတာ …

ပတ္မ်ိဳးရိုးက အမႊာေတြပဲေမြးေလ့ရွိတဲ့ ထူးျခားတဲ့မ်ိဳးရိုးတစ္စုပဲ … သူတို႔က ဂုဏ္ျမင့္သလို သူတို႔က ေမြးထုတ္တဲ့ အယ္ဖာအိုမီဂါေတြအားလုံးက အဆင့္ျမင့္ေတြႀကီးပဲေလ …

ပတ္ဒိုမင္းမွာလဲ အမႊာအကိုတစ္ေယာက္ရွိခဲ့တယ္ … သူ႕နာမည္က ပတ္ဒိုေယာင္း …

အဲ့ဒိအခ်ိန္တုန္းကတည္းက ပတ္ဒိုမင္းရဲ႕အေဖနဲ႕မင္းရဲ႕အဖိုးနဲ႕ကမတည့္ၾကဘူး … ရန္သူေတြမဟုတ္ၾကေပမဲ့လဲ သူတို႔ကၿပိဳင္ဘက္ေတြ …

ပတ္ဒိုမင္းရဲ႕မိခင္က သူ႕ဖခင္ရဲ႕မိတ္အိုမီဂါဆိုေပမဲ့ သူတို႔က ေႏြးေထြးမႈမရွိခဲ့ဘူး … ငယ္ငယ္ေလးနဲ႕ဆုံးသြားခဲ့တယ္ …

မိဘမဲ့ေနတဲ့ပတ္ဒိုမင္းတို႔ မိသားစုရဲ႕ဘဝထဲကို မင္းရဲ႕အဖြားက ဝင္သြားခဲ့တယ္ … သူမက သခင္ပတ္ကို စိတ္ဝင္စားတာထက္မိဘေတြရဲ႕တိုက္တြန္းမႈေၾကာင့္ဆိုပိုမွန္လိမ့္မယ္ …

အဲ့ဒိအခ်ိန္တုန္းက ပတ္သခင္ေလးက မင္းအဖိုးထက္အဆင့္သာၿပီး ပိုၿပီးေအာင္ျမင္ေနတဲ့သူ … သူကမင္းအဖို႔ကိုအနိုင္ယူခ်င္ယုံနဲ႕မင္းအဖြားကိုလက္ခံလိုက္တာ … တကယ္ေတာ့ သူမဗိုက္ထဲမွာမင္းအဖိုးနဲ႕ရတဲ့ကိုယ္ဝန္ရွိေနၿပီ …

ပတ္သခင္ႀကီးက မင္းအဖိုးကိုတမင္မခံခ်င္ေအာင္ သူ႕ကေလးလို႔ လိမ္ညာခဲ့တယ္ … အဲ့ဒိအခ်ိန္ကေနစၿပီး မင္းအဖိုးရွန္ဟႊာရန္းက ပတ္သခင္ႀကီးတို႔ကိုအမ်ိဳးမ်ိဳးေႏွာက္ယွက္တယ္ … ပတ္ဒိုမင္းရဲ႕အကို ပတ္ဒိုေယာင္းလဲ မင္းအဖိုးလက္နဲ႕ေသသြားခဲ့တယ္ …

မင္းဖြားကို ျပန္ရယူၿပီးေတာ့လဲ ရန္ပြဲကမဆဲေသးဘူး … မင္းအဖိုးက ပတ္ဒိုေယာင္းရဲ႕အေဖကိုသတ္ၿပီး ပြဲကိုအနိုင္ယူခဲ့တယ္ … မင္းအဖြားက အဖိုးကိုခ်စ္ေပမဲ့ သူ႕လုပ္ရပ္ေတြေၾကာင့္ ေၾကာက္လန႔္သြားခဲ့ရတယ္ … သူမအခန္းပိတ္ခံရတဲ့အျပင္မင္းအဖိုးက … "

သူမက စကားကိုခနမွ်ရပ္လိုက္ၿပီးေနာက္ ဓာတ္ပုံထဲက ဖန္းဂူအဖြားကိုၾကည့္လိုက္ၿပီး တုန္ရီေနတဲ့ေလသံေလးနဲ႕ ဆိုလာခဲ့တယ္ …

" မင္းအဖိုးက သူ႕ရဲ႕ရင္ေသြးေလးကို သူ႕လက္နဲ႕ကိုယ္တိုင္သတ္ခဲ့တယ္ "

" …… "

ဖန္းဂူတစ္ကိုယ္လုံးတုန္ရင္သြားေလတယ္ … အဖြားကအဖိုးကိုမုန္းေနမွန္းသိေပမဲ့ ေနာက္ကြယ္မွာ ထိုမွ်ေလာက္ေၾကာက္ဖို႔ေကာင္းတဲ့အမွန္တရားရွိေနလိမ့္မယ္လို႔ထင္မထားဘူး …

" အဖိုးေရာ သိၿပီးၿပီလား "

" မသိဘူး … သူသိသြားရင္ ကိုယ့္ကိုယ္ကို သတ္ေသလိမ့္မယ္ … အဖြားကမေျပာဖို႔ မားကိုေသခ်ာမွာခဲ့တယ္ …

သူမအပန္းေျဖအိမ္ကိုမသြားခင္က ဒီအမွန္တရားေတြကိုေျပာျပခဲ့တာ … သူမက မင္းအဖိုးကို ေနာင္တရၿပီး ခ်က္ခ်င္းေသေစခ်င္တဲ့ပုံမေပၚဘူး  … သူမကခ်စ္ေပမဲ့ ရင္ေသြးေလးကိုထိခိုက္ေစေတာ့ နာက်င္သြားပုံပဲ …

သူကဘပတ္ဒိုမင္းသူ႕ကိုလာသတ္မွာကိုလဲသိေနတယ္ … သူမကိုယ္တိုင္ကလာခဲ့ဖို႔လမ္းဖြင့္ေပးခဲ့ပုံပဲ "

" ဘာေၾကာင့္လဲ … အဖြားကဘာေၾကာင့္ အဲ့ဒိလူလက္နဲ႕သတ္တာကို ခံခ်င္ရတာလဲ "

" ပြဲက မင္းအဖိုးလက္ထက္နဲ႕ၿပီးမသြားေသးဘူး … မင္းအေဖလက္ထက္မွာ ပိုင္မိသားစုနဲ႕ထပ္မံပတ္သပ္မိျပန္တယ္ … သူတို႔ကို ေအာင္ျမင္မႈအတြက္ ခ်နင္းဖို႔​ေျမစာတစ္ခုအျဖစ္ အသုံးခ်ခဲ့တယ္ …

ကံတရားက ဆန္းၾကယ္လြန္းလွတယ္ … သူမရဲ႕ခင္ပြန္းက ပတ္ဒိုမင္းျဖစ္ေနၿပီး ဒိုမင္းမိဘေတြဆုံးသြားေတာ့ပိုင္မိသားစုက ေစာင့္ေရွာက္ေပးၿပီးေနာက္ဆုံး ပတ္မ်ိဳးႏြယ္စုကိုမပ်က္စီးေအာင္ထပ္မံတည္ေထာင္လိုက္တယ္ … ပတ္ဒိုမင္းရဲ႕တဖက္ကေဆြမ်ိဳးေတြက အရာရွိႀကီးေတြ …

သူမကလဲအမႊာေလးထပ္ေမြးတယ္ … ပိုင္မ်ိဳးရိုးက ေျမစာပင္ဆိုေတာ့ သူမနဲ႕သားေလးကပါ ဒီကံတရားရဟက္ႀကီးထဲမွာ ပါဝင္ခဲ့ၿပီး ပတ္ဒိုမင္းရဲ႕ပိုင္ဆိုင္မႈက ထပ္မံဆုံးရႈံးသြားရျပန္တယ္ …

ဒီလိုနဲ႕ပတ္ဒိုမင္းရဲ႕အျငႇိုးတရားေတြက မင္းအဖိုး မင္းအေဖနဲ႕ မင္း အားလုံးအေပၚသက္ေရာက္သြားတယ္ "

ဖန္းဂူထိုကိစၥကိုၾကားၿပီးေနာက္ေခါင္းေတြရႈတ္ေထြးလာတယ္ … ဒီအရႈတ္ထုတ္ႀကီးကို စဥ္းစားေနရမဲ့အစား လူတစ္ေယာက္ကို ဘယ္လိုသတ္ရမလဲဆိုတာကိုပဲ ေျပးစဥ္းစားခ်င္မိေတာ့တယ္ …

ခုကဘာသတ္နိုင္ေတာ့မွာလဲ … အရာအားလုံးက ျဖစ္ၿပီးသြားၿပီ … သူသိေတာ့ေရာအမွန္တရားကေျပာင္းလဲသြားမွာမွမဟုတ္တာ … လူသတ္သံသယာလည္ေနတဲ့ ဒီစက္ဝန္းႀကီးက ဘယ္သူနဲ႕မွ အဆုံးသတ္မွာလဲ …

*

*

*

*

ေဆး႐ုံေပၚက အေရးေပၚခန္းေရွ႕မွာ ဆုန္းခ်ဴတစ္ေယာက္ ေအာ္ငိုေနၿပီး ရႈယြမ္က ေဘးနားကေန ႏွစ္သိမ့္ေပးေနရတယ္ … ခုဆို သုံးရက္ရွိၿပီ … ပတ္ဒိုမင္းရဲ႕ခြဲစိတ္မႈက ေအာင္ျမင္လား မေအာင္ျမင္ဘူးလားဆိုတာ အေျဖထြက္မလာေသးဘူး …

ထိုေန႕က ေသြးအလြန္အကြၽန္ထြက္ေနတဲ့ ဒိုမင္းက ဆုန္းခ်ဴက ေသြးလ်ႉေပးခဲ့ရတယ္ … သူမဖခင္အသက္ရွင္ဖို႔ သူမဘာမဆိုလုကယပ္ဝံ့တယ္ … ဒါေပမဲ့ ခုခ်ိန္ ဖခင္သတိရမလာေသးေတာ့ သူမ႐ူးမတတ္ခံစားေနရရွာတယ္ …

ထိုစဥ္ သူတို႔ရဲ႕အနားကိုေရာက္လာသူက က်န္းရွားေမ့နဲ႕ယီယီ … သူမတို႔ ၂ ေယာက္က ပတ္ဒိုမင္းရဲ႕သထင္းၾကားၾကားျခင္း K ၿမိဳ႕ကို ထြက္လာခဲ့ျခင္းျဖစ္တယ္ …

" ေမေမ အန္တီ "

" သား ဒိုမင္းအေျခအေနဘယ္လိုရွိလဲ "

" Sr.ပတ္ ခုထိ သတိရမလာေသးဘူး ဆရာဝန္ေျပာတာေတာ့ ခြဲစိတ္မႈကေအာင္ျမင္တယ္တဲ့ ဒါေပမဲ့ ခုထိ သတိရမလာေသးဘူး "

ယီယီက ခုံေလးဆပၚမွာ ထိုင္ကာငိုေနတဲ့ဆုန္းခ်ဴကိုျမင္ေနာ့ သူမရဲ႕အေသြးအသားေတြက ဆူပြက္လာတယ္ … ဒါက ေသြးသားကစကားေျပာတယ္ဆိုတာလား … သူမကလဲ မ်က္ရည္ေလးေတြဝဲေနတဲ့ မ်က္ဝန္းေလးတစ္စုံနဲ႕ေမာ့ၾကည့္လာတယ္ …

သူမသားေလးနဲ႕ တူညီတဲ့မ်က္ဝန္းေလးေတြ … ငယ္ငယ္က မခြဲနိုင္မခြာရက္ ခ်စ္ရွာတဲ့ ေမာင္ႏွမ ႏွစ္ေယာက္ရဲ႕ပုံရိပ္ေလးေတြကို ျပန္ျမင္ေရာင္မိလာေတာ့ သူမကို ပို၍ ဝမ္းနည္းလာေစတယ္ …

ေမာ့ၾကည့္ေနတဲ့ သူမရဲ႕မ်က္ေတာင္ရွည္ေတြၾကားကေန စီးက်လာတဲ့ မ်က္ရည္ေတြကိုျမင္ရေတာ့ မိခင္ျဖစ္သူ ရင္ထဲမွာမြန္းၾကပ္လာတယ္ … ထိုအရာကိုျမင္လိုက္ရတဲ့ ရႈယြမ္က သက္ျပင္းဖြဖြခ်လိဳက္ၿပီး ဆုန္းခ်ဴးေခါင္းေလးကို ပြတ္သပ္ေပးလွ်က္ …

" ဆုန္းညီမေလး သူက ညီမေလးရဲ႕ေမေမ "

သူမပို၍ ရွိုက္ႀကီးတငင္ငိုျပစ္ေလေတာ့တယ္ …

" အိုမား အိုမားမေသဘူးဆိုတာ သမီးသိတယ္ အိုမား "

သူမက မိခင္ကိုျမင္ကတည္းက သူမရင္ထဲမွာဆြဲေနတဲ့မိခင္ရဲ႕ပုံရိပ္ေလးေတြနဲ႕ထပ္တူၾကေန၍ သူမရဲ႕မိခင္ျဖစ္ပါေစလို႔ တိတ္တဆိတ္ဆုေတာင္းေနခဲ့ရွာတယ္ … ရႈယြမ္က သူမမိခင္ျဖစ္ေၾကာင္းေျပာလာေတာ့ သူမဟန္ပင္မေဆာင္နိုင္ေတာ့ပဲ ကေလးတစ္ေယာက္ပမာ ငိုလိုက္ေလေတာ့တယ္ …

အရာအားလုံးက ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေပမဲ့ ရင္ထဲမွာ ထင္က်န္ေနဆဲပဲ … မိခင္ကိုခ်စ္သလို အကိုျဖစ္သူကိုလဲ သူမေမ့မရခဲ့ဘူး … ခုလိုျပနါေပၚလာတာက သူမအတြက္ေတာ့ ဘုရားကေပးတဲ့ဆုတစ္ခုလိုပဲ …

သူမက မိခင္ကို အေျပးေလး ဖက္ထားလွ်က္ …

" ကိုကို ဆူးေယာင္ေရာဟင္ "

မိခင္ျဖစ္သူက သူ႕ရဲ႕သမီးေလးက စိမ္းမသြားပဲ သူမကိုလက္ခံေပးလာေတာ့ ႏွလုံးရပ္မတတ္ေပ်ာ္႐ႊင္သြားၿပီး သူမရဲ႕ေက်ာျပင္ေလးကို လက္ေလးနဲ႕ပြတ္ေပးရင္း ၿပဳံးလွ်က္ ျပန္ေျဖလိုက္ေလတယ္ …

" သားရဲ႕ကိုကို ရွိတာေပါ့ သူလဲက်န္းက်န္းမာမာပဲ "

အရာအားလုံးကိုသိေနတဲ့ရႈယြမ္က သားအမိ ၂ ေယာက္ကိုၾကည့္ၿပီး မ်က္ရည္မက်မိေအာင္ထိန္းေနရတယ္ …

" ေမေမ ကိုကိုကသမီးကိုေရာ သတိရရဲ႕လား ေဖေဖကေျပာတယ္ ေမေမနဲ႕ကိုကိုက ဟိုးအေဝးႀကီးကို ခရီးထြက္သြားတာတဲ့ သမီးအၿမဲေမွ်ာ္ေနတာ သမီးေမေမတို႔ကိုေမ့မသြားေအာင္ ငယ္ငယ္ကအမွတ္တရေတြကို ျပန္ၾကည့္ၿပီး တစ္ေယာက္ထဲငိုေနခဲ့ရတယ္ ေမေမကအၾကာႀကီးထြက္သြားတယ္ ေဖေဖလဲသမီးလိုပဲ ငိုေနတတ္တယ္ သမီးေလ ငယ္ငယ္ကလို ေမေမေရာ ကိုကိုေရာ ေဖေဖေရာ အတူတူျပန္ေနခ်င္တယ္ "

" သမီးေလးရယ္ "

ထိုအခါမွ သူမက ဖခင္ကို သတ္ျပန္ရသြားၿပီး …

" ေဖေဖ ေဖေဖ ေမေမ ေဖေဖဘာမွမျဖစ္ပါဘူးေနာ္ ေဖေဖျပန္ထလာမွာပါေနာ္ သမီးေဖေဖေသြးေတြအမ်ားႀကီးထြက္ေနတာကိုျမင္ခဲ့တယ္ သမီးရဲ႕ေသြးေတြက ေဖေဖ့ကိုနိုးေအာင္လုပ္နိုင္မွာပါေနာ္ အဟင့္ဟင့္ သမီးေၾကာက္နယ္ ေမေမျပန္လာေပမဲ့ ေဖေဖထြက္သြားမွာကို သမီးေၾကာက္တယ္  "

သူမ သမီးျဖစ္သူရဲ႕ ႐ူးမတတ္ဆိုးရိမ္ေနရွာပုံကိုၾကည့္ၿပီး မ်က္ရည္ေတြစီးက်လာတယ္ …

" သမီးေလးရယ္ သမီးရဲ႕ေဖေဖ ျပန္ေကာင္းလာမွာပါ မငိုနဲ႕ေတာ့ေနာ္ "

ထိုစဥ္ ခြဲစိတ္ခန္းတံခါးပြင့္လာၿပီး အထဲကေန ဆရာဝန္တစ္ဦးထြက္လာတယ္ …

" Mr.ပတ္ သတိရလာၿပီ "

ထိုအခါမွ ဆုန္းခ်ဴအငိုတိတ္သြားၿပီး သူမမိခင္ရဲ႕လက္ကိုဆြဲကာ အထဲသို႔အေျပးေလးဝင္သြားေလတယ္ … ဆရာဝန္က က်န္ရွိေနတဲ့ ရႈယြမ္တို႔ သားအမိကို ဆက္ေျပာလာတယ္ …

" Mr.ပတ္က ေသြးထြက္လြန္သြားေပမဲ့ ကယ္နိုင္ခဲ့တယ္  က်ည္က အစားကိုမေဖာက္သြားပဲ ေဘးကိုပဲရွပ္ထိတာ ကံေကာင္းတယ္လို႔ဆိုရမွာပဲ ၿပီးေတာ့ Mr.ပတ္ကတင္းခံနိုင္တာအံ့ဩစရာပဲ ခြဲစိတ္မႈေတြ ဒီေလာက္ရႈတ္ေထြးေနခဲ့တာေတာင္အသက္ရွင္နိုင္ခဲ့တယ္ ကြၽန္ေတာ္ေလးစားရတဲ့ ပုဂၢိဳလ္ကိုကယ္နိုင္ခဲ့လို ကြၽန္ေတာ္ဝမ္းသားတယ္ဗ်ာ "

" အခ်ိန္ေတြအၾကာႀကီး ကူညီေပးခဲ့တဲ့ ေဒါက္တာကိုေက်းဇူးတင္ပါတယ္ "

" မလိုပါဘူး ကြၽန္ေတာ္ Mr.ပတ္ လုံးဝျပန္ေကာင္းလာတဲ့ထိ တာဝန္ယူပါမယ္ ခုေတာ့ မိသားစုေတြနဲ႕ ေတြ႕ပါေစဦး ကြၽန္ေတာ္ ေဆးေသာက္ဖို႔သြားယူလိုက္ဥိးမယ္ Mr.ရႈယြမ္ "

" ေကာင္းပါၿပီ "

ေဒါက္တာထြက္သြားဆတာ့ ရႈယြမ္ရဲ႕အၾကည့္ေတြက သူ႕ရဲ႕မ္ခင္ထံ ေရာက္သြားတယ္ … အၿမဲရဲရင့္ပ်က္သားတဲ့ မိခင္ရဲ႕ပါးျပင္ေပၚမွာ မ်က္ရည္မ်ား စီးက်ေနၿပီး အခန္းထဲကမိသားစုေလးထံၾကည့္ေနတာေတြ႕ရေတာ့ ရႈယြမ္ပါသူတို႔ထံအၾကည့္ေရာက္သြားတယ္ …

ပတ္ဒိုမင္းက သူမိန္းမကိုျပန္ေတြ႕ရတာကို ယုံၾကည္ပုံမေပၚေသးဘူး … သူ႕ရဲ႕မ်က္ဝန္းေတြကအျပဴးသားနဲ႕အံ့ဩေနတယ္ … မ်က္လႊာခနခနခပ္ေနရင္း ျမင္ေရာင္ေနမိတာမ်ားလား စစ္ေဆးေနပုံ …

ဆုန္းခ်ဴကေတာ့ သူမမိခင္ျဖစ္ေၾကာင္း ေပ်ာ္႐ႊင္စြာရွင္းျပေနတယ္ … ေနာက္ဆုံး သားအမိသုံးေယာက္ ဖက္သြယ္လွ်က္ ငိုေနရွာတယ္ … ရႈယြမ္ သူရဲ႕မိခင္ပခုံေပၚ လက္တင္လိုက္ၿပီး …

" မား အဆင္ေျပရဲ႕လား "

" အဆင္ေျပပါတယ္ တကယ္ေတာ့ မင္းသမီးေလးက မင္းသားေလးနဲ႕ပဲေပါင္းဖက္သင့္တာပါ "

သူမက ပါးေပၚကမ်က္ရည္ေတြကို သုပ္လိုက္ၿပီး …

" သား အခ်စ္ဆိုတာ ရယူတာထက္ ေပးဆပ္ရတာက စစ္မွန္တဲ့အခ်စ္ပဲ သားတကယ္ခ်စ္တဲ့သူေတြ႕ခဲ့ရင္ သူ႕ကိုေပ်ာ္႐ႊင္ေအာင္ထားပါ သူ႕ရဲ႕ေပ်ာ္႐ႊင္မႈက သားကိုပါအလိုလိုေပ်ာ္႐ႊင္ေစလိမ့္မယ္ "

ေမေမတကယ္ေရာေပ်ာ္ေနရဲ႕လားလို႔ေမးလိုက္ခ်င္ေပမဲ့ သူမမိခင္ရဲ႕ မ်က္ရည္ေတြၾကားကအၿပဳံးတစ္ခုကိုျပင္လိုက္ရေတာ့ ရႈယြမ္ မေမးရက္ခဲ့ဘူး …

ေမေမတကယ္ကို ေပ်ာ္ေနတာပဲ …

*

*

*

*

" သခင္ေလး မင္းယြီ ဒီေန႕လဲ ဘာမွမစားျပန္ဘူး "

" သူ ဘာျဖစ္ခ်င္ေနတာလဲ "

ဖန္ဂူရဲ႕ ေဒါသတႀကီးေအာ္သံေၾကာင့္ ခ်ဴးရွန႔္ပင္ လန႔္သြားမိတယ္ …

" သခင္ေလး သူဘာမွစားခ်င္စိတ္မရွိဘူးပဲေျပာေနတယ္ …

သူ ခုခ်ိန္ထိ ဝမ္းနည္းေနတုန္းပဲ "

ဖန္းဂူ ေခါင္းကို လက္နဲ႕ပြတ္လိုက္ၿပီး စိတ္ရႈတ္ေထြးကာ အေနာက္က ထိုင္ခုံေပၚမွီခ်လိဳက္တယ္ … ခုခ်ိန္မွာ ေဆးလိပ္ကလဲ သူရဲ႕ရႈတ္ေထြးမႈေတြကို ပယ္ေပ်ာက္မေပးနိုင္ေတာ့ဘူး … ေသနတ္ကိုဆြဲၿပီး ျပစ္ဖို႔လဲ စိတ္မပါဘူး … ထိုအရာေတြအားလုံး သိရွိၿပီးကတည္းက ဖန္းဂူစိတ္ေတြ ေလးလံေနၿပီး အရာအားလုံးဟာရႈတ္ေထြးလာခဲ့တယ္ …

ဒီရန္ျငႇိုးေတြက ေသတဲ့ထိေပ်ာက္မွာမဟုတ္ေတာ့သလို ဘယ္ေတာ့မွလဲ ေပ်ာ္႐ႊင္စရာေတြရွိမလာနိုင္ဘူးဆိုတာ သူလက္ခံသြားတယ္ … ဒီအမွားေတြက ဘယ္ကစခဲ့တာလဲ …

က်ားအိုႀကီးလွည့္စားတဲ့ စိန္ ၇ လုံးကေန ဟိုးေခ်ာင္ၾကားထဲမွာရွိေနတဲ့ အတိတ္နမိတ္ဆိုးကို ဆြဲထုတ္မိေစခဲ့တယ္ … ထိုစိန္ ၇ လုံးသာ ရွိမေနခဲ့ရင္ အဲ့ဒိေန႕က သူေရာက္လာလဲ ပတ္သပ္ေနစရာမလိုဘူး … ၿပီးေတာ့ ပါတနာေ႐ြးပဲကိုသြားစရာလဲမလိုသလို သူလဲအိုမီဂါတစ္ေယာက္နဲ႕ ပတ္သပ္မိစရာမလိုေတာ့ဘူး … အမွတ္အသား ေပးစရာမလိုအပ္သလို အေႏွာင္အဖြဲ႕ရင္ေသြးေတြလဲ ရွိစရာမလိုဘူး … မေန႕ကလိုတိုက္ပြဲမ်ိဳးမွာ ေတြေဝမေနပဲ အားလုံးကိုအနိုင္ပိုင္းၿပီး Lion ဆိုတဲ့မ်က္ႏွာဖုံးကို ခြာခ်စရာမလိုအပ္သလို ေတာဘုရင္ဆိုတဲ့ ဂုဏ္ပုဒ္ကိုလဲ သူေသတဲ့ထိ ထိန္းသိမ္းထားနိုင္လိမ့္မယ္ …

ဒါေပမဲ့ အရာအားလုံးက ထိုအိုမီဂါနဲ႕အတူ သူမသိတဲ့အမွန္တရား​ေတြပါ ေပၚလာၿပီး အရာအားလုံးက ဂြၽန္းထိုးေမွာက္ခုံးေတြျဖစ္လာခဲ့ၿပီ …

" သ .… သခင္ေလး …

ပတ္ဒိုမင္း အသက္ရွင္ေနေသးတယ္ "

" မင္းပါစပ္ကိုပိတ္ထားစမ္း "

ဖန္းဂူစိတ္ရႈတ္ေထြးေနတဲ့အခ်ိန္ အဲ့ဒိနာမည္ကို မၾကားခ်င္ဆုံးပဲ … ဒီကံတရားႀကီးက တစ္ပတ္ျပန္လည္လာခဲ့ၿပီ … ခုေရာ ဘယ္သူ႕ကိုထပ္ၿပီး ျပစ္သတ္ရအုံးမွာလဲ … သူဘာဆိုဘာမွဆက္ၿပီးမေတြးခ်င္ေတာ့ဘူး … သူရဲ႕မ်က္လႊာကို ပိတ္ခ်ျပစ္လိုက္တယ္ … အာ႐ုံထဲက အျမင္အၾကားအနံ႕ အားလုံးကိုရွင္းထုတ္ၿပီး ေလဟာနယ္ႀကီးထဲမွာ လင့္ေျမာေနခ်င္တယ္ …

သူရဲ႕မ်က္ဝန္းေတြျပန္ဖြင့္လိုက္ရင္ ဟိုးအရင္က အင္းအားႀကီးၿပီး အရာအားလုံးအေပၚ ျပတ္သားခဲ့တဲ့ ရွန္ဖန္းဂူ ျပန္ျဖစ္ခ်င္တယ္ … အတိတ္ကိုသာျပန္လို႔ရခဲ့ရင္ အရာအားလုံးကိုအစကေနျပန္စခ်င္တယ္ … အျငႇိုးအေသးတြ​ေ အမုန္းတရားေတြမရွိတဲ့အခ်ိန္ကို ျပန္သြားခ်င္ေပမဲ့ အားလုံးက ေနာက္က်သြားေလၿပီ …

မင္းယြီ အခန္းေလးထဲမွာေနရင္း အားလုံးကိုေမ့ေပ်ာက္ဖို႔ႀကိဳးစားတိုင္း အိမ္မက္ဆိုးေတြရဲ႕ေႏွာက္ယွက္မႈေၾကာင့္ တစ္ရက္မွ အိပ္မေပ်ာ္ခဲ့ရဘူး … ခုခ်ိန္မွာ အိမ္ျပန္ၿပီး မိခင္ရင္ခြင္ထဲ ေခါင္းအပ္ကာ ငိုျပစ္ခ်င္တယ္ … ၿပီးေတာ့ ဖုံးကြယ္ထားတဲ့ အမွန္တရားေတြကို ေမးခ်င္တယ္ … ၿပီးေတာ့ သူ ( အေဖ ) ဘာျဖစ္သြားလဲ သိခ်င္မိတယ္ …

အခန္းေရွ႕က ေျခသံေၾကာင့္မင္းယြီ ငိုေနတာကိုရပ္လိုက္တယ္ … သို႔ေပမဲ့ဘယ္သူမွဝင္မလားခဲ့ဘူး … အဲ့ဒိအစား စကားသံအခ်ိ့ကို ၾကားလိုက္ရတယ္ …

" သခင္ေလး … ဘာေၾကာင့္အထဲကိုမဝင္ပဲရပ္ေနတာလဲ …

မင္းယြီကို မၾကည့္တာ ၁၀ ရက္ေတာင္ရွိေနၿပီ … သူသခင္ေလးခိုင္းရင္ လိမ္လိမ္မာမာနဲ႕ နာခံေလာက္မွာပါ "

" ေနပါေစ … သူတစ္ေန႕တစ္ထပ္ေတာ့ အစာစားတယ္မွတ္လား … ဒီပုံစံအတိုင္းဆို သူမေသနိုင္ဘူး …

ဒီေန႕ငါအျပင္သြားမယ္ … ညျပန္မလာဘူး … မင္းလဲ ေစာေစာသြားနားလိုက္ေတာ့ …

သူေသာက္မဲ့ေဆးထဲကို အိပ္ေဆးနဲနဲထည့္ေပးထားလိုက္ "

ၿပီးေနာက္အသံေတြ တိတ္ဆိတ္သြားျပန္တယ္ … မင္းယြီအံကိုႀကိတ္ကာ ထပ္မံမငိုမိေအာင္ စိတ္ကို တင္းထားလိုက္တယ္ … ခနၾကာေတာ့ ထုံးဆန္အတိုင္း ခ်ဴးရွန႔္က စားစရာနဲ႕ေဆးေတြလာထားသြားေလတယ္ … မအိပ္ခင္ အစာစားၿပီးေဆးေသာက္ဖို႔အေသအခ်ာမွာသြားခဲ့တယ္ … မင္းယြီအားလုံးကို အမွိုက္ပုံးထဲ တြန္ျပစ္လိုက္ၿပီး အိပ္ဆက္လိုက္ေလတယ္ …

*

*

*

*

ဆူညံေနတဲ့ ဘားအတြင္းမွာ ဖန္းဂူတစ္ေယာက္ထည္းထိုင္ေနၿပီး အရက္ေတြကို အဆက္မျပတ္ေသာက္ေနလိုက္တယ္ … ဆူညံသံေတြ ေဟာ္မုန္းနံ႕ေတြ မ်က္လုံးထဲ ျမင္ေနရတဲ့ မီးေရာင္စုံေတြ အားလုံး ကြယ္ေပ်ာက္သြားတဲ့ထိ ေသာက္ခ်င္ေပမဲ့ တစ္ပုလင္းသာကုန္သြားတယ္ ထူးၿပီးမူးမလာဘူး …

သူက ခုံကိုပုတ္လွ်က္ ေဒါသသႀကီးနဲ႕ ေအာ္ကာေျပာလိုက္တယ္ …

" ဒီကို ေနာက္ထပ္ႏွစ္ပုလင္း အျမန္လာခ်စမ္း "

" အို … ကို႔ဆရာ … ဒီေလာက္အမ်ားႀကီးေသာက္ၿပီးတာေတာင္ မရပ္နိုင္ေသးဘူးလား "

ထိုသူက ဘားပိုင္ရွင္ ရန္အာပင္ … သူက ဖန္းဂူလက္ထဲက ပုလင္းလြတ္ကို ဆြဲယူလိုက္ၿပီး …

" သခင္ေလး … ဟိုသခင္မေလး ေသသြားလို႔အသဲကြဲေနတာေတာ့ မဟုတ္ပါဘူးေနာ္ "

သူကစေနာက္တဲ့သေဘာေျပာလိုက္ေပမဲ့ ဖန္းဂူက ေဒါသထြက္ေနခ်င္းေၾကာင့္ ရန္အား အကၤ်ိကို ေစာင့္ဆြဲလိုက္ၿပီး …

" မင္းေသာက္ပါးစပ္ကိုပိတ္ထားစမ္း …

မင္းဘားကို မီးရႈံ႕ခံခ်င္ေနတာလား … ဟမ္ "

" အာ … ကြၽန္ေတာ္မေျပာေတာ့ပါဘူး …

ဒါေပမဲ့ ဘားပိတ္ခ်ိန္ေရာက္ေနၿပီသခင္ေလးရဲ႕ …

ဘယ္သူမွလဲမရွိေတာ့ဘူး "

" ငါမင္းကိုအခ်ိန္ပိုခေပးမယ္ …

ေသာက္ပါစပ္ပိတ္ၿပီး ကို႔ေနရာကိုသြားထိုင္ေန "

ရန္အာဘာမွျပန္မေျပာနိုင္ေတာ့ပဲ အရက္ပုလင္းအသစ္တစ္လုံးေပးကာ ေဖ်ာ္စပ္တဲ့ေနရာသို႔ျပန္သြားလိုက္ေလတယ္ … နာရီဝက္ခန႔္ၾကာေတာ့ …

" သခင္ေလး … သခင္ေလး "

ဖန္းဂူ အသိျပန္ဝင္မလာေတာ့ေပ … ရန္အာက ဖန္းဂူကို တြဲၿပီး အခန္းတစ္ခုအတြင္းသို႔ ေခၚေဆာင္သြားေလတယ္ … ညသာကရွည္ေပမဲ့ ဖန္းဂူနိုးထလာေတာ့ ေနေရာင္ခ်ည္က ပ်ိဳးစျပဳေနၿပီ … သူ႕ရဲ႕ကိုယ္ေပၚကအဝတ္ေတြက ဖရိုမရဲျဖစ္ေနၿပီး သူ႕ရဲ႕ေဘးနားမွာ သူ႕ကိုေက်ာေပးကာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ …

ဖန္းဂူ ေခါင္းေတြမူးေဝေနၿပီး ညကအေၾကာင္းအရာေတြကိုစဥ္းစားမရေတာ့ဘူး … ထိုစဥ္ သူ႕အိပ္ထဲက ဖုန္းဟာ တုန္ခါလာေလတယ္ … ၾကည့္လိုက္ေတာ့ ထိုလူက ခ်ဴးရွန႔္ …

ဖန္းဂူ ဖုန္းကိုကိုင္လိုက္တာနဲ႕ ခ်ဴးရွန႔္ရဲ႕ ေအာ္သံ စူးဝါးဝါးကို ၾကားလိုက္ရေလတယ္ …

" သခင္ေလး … သခင္ေလးခုဘယ္မွာလဲ "

" မင္းဘာေၾကာင့္ေအာ္ေနတာလဲ …

ငါအကုန္ၾကားတယ္ ေျပာ "

" သူ … မရွိေတာ့ဘူး "

" ဘယ္သူမရွိတာလဲ "

" မင္းယြီ … ညက ထြက္ေျပးသြားၿပီ "

" ဘာ !!! "

ထိုအခါမွ ဖန္းဂူ သူ႕ေဘးမွာေခြေခြေလးအိပ္ေနတဲ့ လူသားထံအၾကည့္ေရာက္သြားေလတယ္ … ထိုလူကလဲ သူ႕အသံေၾကာင့္ နိုးလာၿပီး မ်က္လုံးေတြကို ပြတ္သပ္လွ်က္ …

" သခင္ေလး နိုးေနၿပီလား "

" ရန္အာ … မင္း "

ထိုလူရဲ႕အသံကိုၾကားၿပီး မ်က္ႏွာကိုျမင္လိုက္ရေတာ့ ဖန္းဂူတစ္ကိုယ္လုံး ေဒါသေၾကာင့္ မဲေမွာင္သြားေလတယ္ … သူ႕ကိုယ္တစ္ခုလုံး ခဲေတာင့္သြားၿပီး ဒီအေျခအေနႀကီးကို လုံးဝ မယုံၾကည္နိုင္ ျဖစ္သြားေလေတာ့တယ္ …

.

.

.
.

To Be Continued

( မေန႕က မုန္တိုင္းလးတစ္ခုေၾကာင့္ ဒါဒါေလးေတြကိုေခ်ာ့လိုက္ရတာ ကေလးေမြးေပးေနရတဲ့ လက္သည္မိခင္ႀကီးၾကေနတာပဲ 🤣 ဒီေန႕လဲ ထပ္ငိုရင္ လာေခ်ာ့ေပးမယ္ေနာ္ … 🤗

မုန္တိုင္းက ေနာက္ ၂ ပိုင္း ၃ ပိုင္း ေလာက္ေလးပဲမို႔ သည္းခံေပးေနာ္ 😉 ခ်စ္တယ္ဆို Starေလးေတြ fbေလးေတြေပးသြားဦးတ်ဲေလးတို႔ 🥰🥰 )

Continue Reading

You'll Also Like

3.9M 413K 41
Myanmar BL
245K 2.5K 18
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
147K 11.2K 41
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
159K 16.8K 106
ဘာသာပြန်သူ - စွဲညို့အသင်း