《Zawgyi》
အပိုင္း - ၁၄၂
[ေနာက္ဆံုးေတာ့ သူတို႔ဟာ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးရွိသည့္ စံုတြဲတစ္တြဲ ျဖစ္လာေခ်ၿပီ - ၁]
ေမာ့ေပဟာ သန္႔စင္ခန္း အျပင္ဘက္ရွိ ေလၽွာက္လမ္းက်ယ္တြင္ မတ္တပ္ရပ္ေနသည္။ မိနစ္အနည္းငယ္မၽွ ေစာင့္ဆိုင္းအၿပီးမွာေတာ့ ရွန္ဝမ္းယန္႔ဟာ မ်က္ရည္ေတြ ေဝ့သီေနသည့္ မ်က္ႏွာႏွင့္ သန္႔စင္ခန္းထဲမွ ထြက္လာသည္ကို သူ ေတြ႕လိုက္ရသည္။
သူက လက္ႏွစ္ဖက္ကို အိပ္ကပ္ထဲ ထည့္ထားရင္းမွ နံရံကိုမွီေနရင္း ေျပာလိုက္၏။
"ဒီေန႔ မင္းကိုယ္တိုင္ ျမင္လိုက္ရၿပီပဲ ... ခ်န္းစီႏ်န္က မိနး္ကေလးတစ္ေယာက္အေပၚ ဒီလိုလုပ္ေပးတာ ဘယ္တုန္းက ရွိခဲ့ဖူးလို႔လဲ?"
ရွန္ဝမ္းယန္႔ကေတာ့ တိတ္ဆိတ္ေနလ်က္ ေလၽွာက္လမ္းက်ယ္တြင္းမွ ပန္းအိုးကိုသာ စိုက္ၾကည့္ေနေလသည္။
"ရွန္ဝမ္းယန္႔ ... ႏိုးထလိုက္ပါေတာ့ .. မင္း ခ်င္းစုယြဲ႕ကို မႏိုင္ပါဘူး"
"ဘာလို႔လဲ? ကၽြန္မကို အေၾကာင္းျပခ်က္ေလး ေျပာျပစမ္းပါ"
သူမက တည္ၿငိမ္စြာျဖင့္ ျပန္ေခ်ပ၏။
ေမာ့ေပကေတာ့ သူမရဲ႕ခံစားခ်က္ေတြကို ႏွစ္သိမ့္ေပးသည္ထက္ စိတ္မထိန္းႏိုင္ေအာင္ လုပ္သည္က ပိုေကာင္းမည္ဟု ေတြးလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ခ်န္းစီႏ်န္က မင္းကို မခ်စ္ဘူးေလ"
ေမာ့ေပက ဆိုသည္။
"ေယာက္်ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို စိတ္ဝင္စားတယ္ ဒါမွမဟုတ္ သူ႔ႏွလံုးသားထဲမွာ ေနရာေပးထားခဲ့တယ္သာဆိုရင္ အဲဒီမိန္းကေလးကို ဒီေလာက္ႏွစ္ေတြအၾကာႀကီး အေဝးမွာ တစ္ေယာက္ထဲ ေနထိုင္ခြင့္ျပဳမွာ မဟုတ္ဘူး ... ေနာက္ၿပီးေတာ့ သူမအေၾကာင္း တစ္ခြန္းတစ္ပါဒမၽွ မေမးျမန္း မစံုစမ္းခဲ့ပဲနဲ႔ေလ ... မင္းရဲ႕အလုပ္အကိုင္ ... ကုမၸဏီ ဒါမွမဟုတ္ မင္းရဲ႕ဘဝကို သူ႔ႏွလံုးသားထဲမွာ ဘယ္အခ်ိန္တုန္းက ထားထားခဲ့လို႔လဲ? အနည္းဆံုးကြာ မင္းကို တစ္ႀကိမ္ေတာင္ ေမးခဲ့ဖူးလို႔လား? ဝမ္းယန္႔ ... သူက အဲဒီမိန္းကေလးကိုေတာ့ ဘယ္ေလာက္ေတာင္ ခ်စ္ခင္ျမတ္ႏိုးၿပီး တန္ဖိုးထားတယ္ဆိုတာကို မင္းလည္း ေတြ႕ၿပီးၿပီပဲ ... မင္းတို႔ႏွစ္ေယာက္က မျဖစ္ႏိုင္ပါဘူး!"
ရွန္ဝမ္းယန္႔က အေလ်ာ့မေပးပဲ သူ႔ကိုလွည့္မၾကည့္ေတာ့ေပ။ ဒါေပမယ့္ သူမရဲ႕မ်က္ဝန္းေတြဟာေတာ့ နီရဲေနဆဲပင္ျဖစ္ကာ ေမာ့ေပက သူမရဲ႕ ပုခံုးေတြ ယိမ္းထိုးေနသည္ကိုသာ စိုက္ၾကည့္ေနမိေတာ့လ်က္ ၾကမ္းတမ္းရက္စက္တဲ့ စကားေတြကို ထပ္မေျပာႏိုင္ေတာ့ပါေခ်။
ရွန္ဝမ္းယန္႔က သီးသန္႔ခန္းထဲ ျပန္ဝင္လာခ်ိန္မွာ ဝိုင္နီႏွစ္ခြက္ကို တစ္ဆက္ထဲ ေသာက္လိုက္လ်က္ ရုတ္တရက္ မတ္တပ္ထရပ္ေလသည္။ သူမက ဝိုင္ခြက္ကိုေျမႇာက္လ်က္ ခ်န္းစီႏ်န္ကို ေျပာလိုက္သည္။
"ကၽြန္မ စီအီးအိုခ်န္းအတြက္ ဂုဏ္ျပဳပါတယ္"
လူတိုင္းကေတာ့ ခ်န္းစီႏ်န္ဘက္သို႔ ၾကည့္လိုက္ၾကလ်က္ အတင္းအဖ်င္းေျပာဖို႔ စိတ္အားထက္သန္ေနၾကသည္။
ခ်န္းစီႏ်န္ကေတာ့ ပ်င္းတိပ်င္းရြဲျဖင့္ သူမကို ၾကည့္လိုက္သည္။
ခ်င္းစုယြဲ႕ရဲ႕အၾကည့္ကေတာ့ ရွန္ဝမ္းယန္႔ေပၚတြင္သာ ျမဲျမံေနပါ၏။ ထိုမိန္းကေလးဟာ ဝိုင္ကို တစ္က်ိဳက္ထဲေမာ့လ်က္ ခြက္ကိုျပန္ခ်လိုက္ကာ ခ်န္းစီႏ်န္ဘက္က တံု႔ျပန္သည္ကို ေစာင့္ဆိုင္းမေနခဲ့ေခ်။
ေမာ့ေပက ေဘးတြင္ထိုင္ေနတာျဖစ္ၿပီး သူက ထိုင္ခံုေနာက္မွီမွာ ျပန္မွီလိုက္သည္။ ဒါေပမယ့္ သူ႔အၾကည့္ကေတာ့ ရွန္ဝန္းယန္႔ထံတြင္ ရွိမေနပဲ သူ႔ရဲ႕ပိုက္ထားတဲ့ လက္ကိုသာ ျပန္စိုက္ၾကည့္ေနပါ၏။
ေမာ့ေပ ဒီလိုျပဳမူပံုအရ သူတို႔ႏွစ္ေယာက္ အျပင္မွာ စကားေျပာအဆင္မေျပ ျဖစ္လာၾကသည္ဟု ခ်င္းစုယြဲ႕က ခန္႔မွန္းမိလိုက္သည္။
ခ်န္းစီႏ်န္က လႈပ္လဲမလႈပ္သလို ရွန္ဝမ္းယန္႔ ဆက္ေျပာလာသည္ကိုလည္း တားဆီးျခင္းမျပဳ။
"စီအီးအိုခ်န္း ... ကၽြန္မ ေကာလိပ္တက္စဥ္တုန္းက အကူအညီေတြ အမ်ားႀကီးေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ... ရွင္က ကၽြန္မကို စိတ္ခြန္အားေတြ အမ်ားႀကီး ေပးခဲ့တာ"
သူမက ေနာက္ထပ္ဝိုက္တစ္ခြက္ကို ျပန္ခ်လိုက္သည္။
"ကၽြန္မ ရွင့္ကို ေက်းဇူးတင္ပါတယ္ စီအီးအိုခ်န္း ... ဒီႏွစ္ေတြမွာ ကၽြန္မ ႏိုင္ငံျခားေရာက္ေနတုန္းက ရွင့္ေၾကာင့္ပဲ ကၽြန္မက အခက္အခဲေတြကို ၾကံ့ၾကံ့ခံႏိုင္ခဲ့တာ"
သူမက ခံစားခ်က္ေတြႏွင့္ အနည္းငယ္ မြန္းက်ပ္ေနၿပီးမွ ဆက္ေျပာေလ၏။
"ကၽြန္မက ဒီေလာက္ အခ်ိန္ေတြအၾကာႀကီးကို ရွင့္တစ္ေယာက္အတြက္နဲ႔ပဲ ျဖတ္သန္းခဲ့တာ ... ဒါေပမယ့္ ကၽြန္မ ဆက္ႀကိဳးစားဖို႔အတြက္ ပန္းတိုင္ကို မရွာႏိုင္ေတာ့ဘူးနဲ႔ တူပါတယ္"
သူမက ခဏမၽွ ရပ္တန္႔သြားၿပီးလၽွင္ အနည္းငယ္ အက္ကြဲေနေသာ အသံျဖင့္ ေျပာ၏။
"ခ်န္းစီႏ်န္ ... ကၽြန္မ ရွင့္ကို တစ္ခြန္းေလာက္ေတာ့ ေမးခ်င္မိတယ္ ... ကၽြန္မတို႔ အတူရွိခဲ့ၾကတဲ့ လွပတဲ့မွတ္ဥာဏ္ေတြ အားလံုးက ရွင့္အတြက္ေတာ့ ဘယ္လို အဓိပၸါယ္ သက္ေရာက္ေစသလဲ? ကၽြန္မတို႔ အတူရွိခဲ့ၾကတဲ့ အခ်ိန္ေတြတိုင္းကို ကၽြန္မကေတာ့ မွတ္မိေနတုန္းပါပဲ ...ကၽြန္မတို႔ရဲ႕ အေပြ႕အဖက္ေတြ .. ကၽြန္မတို႔ရဲ႕ အနမ္းေတြ ... ဒီအမွတ္တရေတြကို ရွင္ ဘယ္ေနရာကို လႊင့္ပစ္လိုက္သလဲဟင္?! ရွင္ ေသခ်ာေပါက္ ... ရွင္ ေသခ်ာေပါက္ ကၽြန္မကို သေဘာက်ခဲ့တာပါ .... ဒါေပမယ့္ ဘာလို႔....."
လူတိုင္းရဲ႕ စိတ္ပါဝင္စားၿပီး အတင္းအဖ်င္းေတြနဲ႔ ျပည့္ေနတဲ့ မ်က္ဝန္းေတြေအာက္မွာ ခ်န္းစီႏ်န္က မတ္တပ္ထရပ္လ်က္ သူမရဲ႕ အဆံုးမသတ္ေတာ့မယ့္ စကားလံုးေတြကို ျဖတ္ေျပာလိုက္ေလသည္။
"မင္း မူးေနၿပီ"
ရွန္ဝမ္းယန႔္က တခစ္ခစ္ရယ္၏။
"ကၽြန္မ တကယ္ႀကီး ေသာက္ခဲ့ေပမယ့္ မမူးေသးပါဘူးေနာ္ .. ခ်န္းစီႏ်န္ ရွင္ အသဲကြဲတဲ့ ခံစားခ်က္ကို နားလည္ရဲ႕လား? ဟင့္အင္း ... ရွင္ ဘယ္ေတာ့မွ နားလည္မွာ မဟုတ္ပါဘူးေလ"
ခ်င္းစုယြဲ႕က မ်က္ခံုးပင့္လ်က္ ႏွစ္ေယာက္လံုးကို ၾကည့္လိုက္သည္။
ခ်န္းစီႏ်န္ကေတာ့ ခ်င္းစုယြဲ႕ကိုၾကည့္လ်က္ သူမရဲ႕လက္ကိုကိုင္ကာ မတ္တပ္ရပ္ဖို႔ ထူေပးလိုက္သည္။ အဲဒီေနာက္မွာေတာ့ သူက သူမရဲ႕ေနာက္ရွိ ကုတ္အက်ႌနဲ႔ အိတ္ကို ေကာက္လ်က္ သူ႔တံေတာင္၌ ကိုင္ခ်ိတ္ထားလိုက္ၿပီး ရွန္ဝမ္းယန္႔ကို ျပန္ေျပာလိုက္သည္။
"မင္းမွန္ပါတယ္ .. အဲဒီခံစားခ်က္ကို ငါမသိဘူး ဘာလို႔လဲဆိုေတာ့ ငါ့ရဲ႕ဘဝက ၿပီးျပည့္စံုေနလို႔ပဲ"
သူက ခ်င္းစုယြဲ႕ရဲ႕လက္ကို တြဲလိုက္လ်က္ မ်က္ရည္ေတြ က်ဆင္းေနသည့္ အလွေလး ရွန္ဝမ္းယန္႔ကိုေတာ့ လ်စ္လ်ဴရႉလိုက္ေလေတာ့သည္။ ထို႔ေနာက္ ကၽြမ္က်ဴးကို လွမ္းေျပာလိုက္သည္။
"သူ မနက္ျဖန္မနက္ အလုပ္သြားရမွာမို႔ ငါ အခု သူ႔ကို အိမ္ျပန္လိုက္ပို႔ေပးေတာ့မယ္ ... ဒီပြဲက ကုန္က်ေငြကို ငါ့အေကာင့္ထဲ ထည့္လိုက္" ေနာက္ဆံုးေတာ့ သူတို႔က တိတ္ဆိတ္စြာ ထြက္သြားေလေတာ့သည္။
ကားေပၚေရာက္ေတာ့ ခ်င္းစုယြဲ႕က တမင္သက္သက္ပင္ သက္ျပင္းခ်လ်က္ ထိုင္ခံုခါးပတ္ကို ေျဖးညႇင္းစြာ တပ္လိုက္သည္။
ထိုသက္ျပင္းခ်သံက တိတ္ဆိတ္ေနတဲ့ ကားထဲတြင္ေတာ့ က်ယ္ေလာင္သြားသည္သာပင္။
ခ်န္းစီႏ်န္က ငဲ့ၾကည့္လာသည္။
ခ်င္းစုယြဲ႕ကလည္း သူ႔ကို အတည္ႀကီး စိုက္ၾကည့္ေန၏။
ခ်န္းစီႏ်န္က သူမရဲ႕ ေတာက္ပလက္ျဖာေနသည့္ အၾကည့္ကို ခံႏိုင္စြမ္း မရွိသျဖင့္ အၾကည့္လႊဲလိုက္ကာ ေရွ႕သို႔တည့္တည့္စိုက္ၾကည့္လ်က္ ေမးရသည္။
"ေျပာစရာတစ္ခုခုရွိတယ္ဆိုရင္ ေျပာပါ"
ခ်င္းစုယြဲ႕က သနားစဖြယ္ ဆို၏။
"ကၽြန္မတို႔ ေစာေစာထြက္လာရတာကို စိတ္မေကာင္းျဖစ္မိလို႔ပါ .. ကၽြမ္က်ဴးဆီက ပိုက္ဆံေတြေတာင္ မယူလိုက္ရဘူး" အစတုန္းက ကၽြမ္က်ဴးက ခ်န္းစီႏ်န္နဲ႔ ကစားဖို႔ ေတြ႕မယ္လို႔ ေျပာခဲ့တာေလ။
"ေနာက္တစ္ခါမွ ကိုယ္တို႔ေတြ ကစားၾကတာေပါ့"
"ကၽြန္မ ေစာင့္ေနမယ္"
ခ်န္းစီႏ်န္က ထိုသို႔ကစားရာမွာ ေတာ္လွသည္မွန္း သူမ သိေနသည္ေလ။
"ေနာက္က် အခြင့္အေရး ရွိလာမွာပါ" ခ်န္းစီႏ်န္က ထိုသို႔ေျပာလ်က္ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။
"ကိုယ့္အိမ္ကိုေမာင္းၿပီး ကိုယ့္မားမားရယ္ ကိုယ့္အဖိုးရယ္နဲ႔ မင္း ပြဲနည္းနည္းေလာက္ ကစားရင္ေရာ ဘယ္လိုလဲ?"
သူက ငါ့ကို သူ႔မိဘေတြနဲ႔ သြယ္ဝိုက္ၿပီးေတာ့ မိတ္ဆက္ေပးေတာ့မလို႔လား?
ခ်င္းစုယြဲ႕က ကမန္းကတန္း ျငင္းပယ္ရေလ၏။
"ဟင့္အင္း ဟင့္အင္း ဟင့္အင္း ...
ကၽြန္မက သိပ္မေတာ္ပါဘူး .. ရွံဳးသြားရင္ ဆိုးလိမ့္မယ္"
"မင္းမွာ ကိုယ္ရွိတယ္ေလ ... ဘာကိုေၾကာက္ေနတာလဲ?"
"ဟင္?"
"မင္း ရွံုးသြားရင္ ကိုယ္က အဲ့ဒီပိုက္ဆံကို ႏွစ္ဆ ျပန္ရွာေပးမယ္ .. မင္းရွံုးရင္ ကိုယ့္အေပၚ မူတည္မယ္ ... ကိုယ္ႏိုင္သြားရင္ေတာ့ မင္းအေပၚပဲ မူတည္မွာပါ"
ခ်င္းစုယြဲ႕က တစိမ့္စိမ့္ ေသခ်ာေတြးၾကည့္လိုက္ေတာ့ သူမတြင္ အရွံုးမရွိႏိုင္သည္ကို ယံုၾကည္သြားေလ၏။
သူမ ဘာမွျပန္မေျပာသည္ကိုေတြ႕ေတာ့ ခ်န္းစီႏ်န္က ဆက္ေျပာေလသည္။
"ဘယ္လိုသေဘာရလဲ? သြားခ်င္လား?"
"ဘယ္ကိုသြားရမွာလဲ .. ကၽြန္မ ဘာမွ မျပင္ဆင္ရေသးဘူး .. မသြားေတာ့ဘူး .. အိမ္ကိုပဲ ျပန္ခ်င္တယ္"
ခ်န္းစီႏ်န္က သူမကို ဖ်တ္ခနဲ ၾကည့္လိုက္ၿပီး ဘာမွေတာ့ ဆက္မေျပာေတာ့ပဲ အိမ္ကိုသာ ျပန္ေမာင္းပို႔ေလသည္။
ခ်င္းအိမ္ေတာ္ကိုေရာက္ေတာ့ ခ်န္းစီႏ်န္ကဆိုသည္။
"ကိုယ္ မနက္ျဖန္မနက္ေစာေစာ လာေခၚမယ္ေနာ္"
"ရွင္ ဒုကၡမခံပါနဲ႔ .. ကၽြန္မ ဒရိုင္ဘာကို ေမာင္းပို႔ခိုင္းရင္ ရပါတယ္"
"အဲဒါဆို ေစာင့္ေနေနာ္" ခ်န္းစီႏ်န္ကေတာ့ သူမ ေျပာလိုက္တာကို ဂရုမစိုက္ေတာ့ပါေခ်။
ခ်င္းစုယြဲ႕က သူ႔ကို စူးရဲစြာ ၾကည့္လိုက္သည္။
"ေဟး ... စီအီးအိုခ်န္း ... ကၽြန္မစကားေတြကို အေလးအနက္ေရာ ထားရဲ႕လား?"
"အင္း .. ကိုယ္ မင္းရဲ႕စကားေတြကို အျမဲ သတိရေနပါတယ္"
သူမ လွည့္ပတ္မေျပာခင္ သူက ဆက္ေျပာလိုက္၏။
"ကိုယ္တို႔ ေနာက္ရက္ေတြက်ရင္ အၾကာႀကီး ေတြ႕ရေတာ့မွာ မဟုတ္ဘူး .. မင္းကို ခဏေလာက္ ဖက္ထားပါရေစ"
5.7.2020
*********************
《Unicode》
အပိုင်း - ၁၄၂
[နောက်ဆုံးတော့ သူတို့ဟာ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိသည့် စုံတွဲတစ်တွဲ ဖြစ်လာချေပြီ - ၁]
မော့ပေဟာ သန့်စင်ခန်း အပြင်ဘက်ရှိ လျှောက်လမ်းကျယ်တွင် မတ်တပ်ရပ်နေသည်။ မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းအပြီးမှာတော့ ရှန်ဝမ်းယန့်ဟာ မျက်ရည်တွေ ဝေ့သီနေသည့် မျက်နှာနှင့် သန့်စင်ခန်းထဲမှ ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။
သူက လက်နှစ်ဖက်ကို အိပ်ကပ်ထဲ ထည့်ထားရင်းမှ နံရံကိုမှီနေရင်း ပြောလိုက်၏။
"ဒီနေ့ မင်းကိုယ်တိုင် မြင်လိုက်ရပြီပဲ ... ချန်းစီနျန်က မိနး်ကလေးတစ်ယောက်အပေါ် ဒီလိုလုပ်ပေးတာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ?"
ရှန်ဝမ်းယန့်ကတော့ တိတ်ဆိတ်နေလျက် လျှောက်လမ်းကျယ်တွင်းမှ ပန်းအိုးကိုသာ စိုက်ကြည့်နေလေသည်။
"ရှန်ဝမ်းယန့် ... နိုးထလိုက်ပါတော့ .. မင်း ချင်းစုယွဲ့ကို မနိုင်ပါဘူး"
"ဘာလို့လဲ? ကျွန်မကို အကြောင်းပြချက်လေး ပြောပြစမ်းပါ"
သူမက တည်ငြိမ်စွာဖြင့် ပြန်ချေပ၏။
မော့ပေကတော့ သူမရဲ့ခံစားချက်တွေကို နှစ်သိမ့်ပေးသည်ထက် စိတ်မထိန်းနိုင်အောင် လုပ်သည်က ပိုကောင်းမည်ဟု တွေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ချန်းစီနျန်က မင်းကို မချစ်ဘူးလေ"
မော့ပေက ဆိုသည်။
"ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတယ် ဒါမှမဟုတ် သူ့နှလုံးသားထဲမှာ နေရာပေးထားခဲ့တယ်သာဆိုရင် အဲဒီမိန်းကလေးကို ဒီလောက်နှစ်တွေအကြာကြီး အဝေးမှာ တစ်ယောက်ထဲ နေထိုင်ခွင့်ပြုမှာ မဟုတ်ဘူး ... နောက်ပြီးတော့ သူမအကြောင်း တစ်ခွန်းတစ်ပါဒမျှ မမေးမြန်း မစုံစမ်းခဲ့ပဲနဲ့လေ ... မင်းရဲ့အလုပ်အကိုင် ... ကုမ္ပဏီ ဒါမှမဟုတ် မင်းရဲ့ဘဝကို သူ့နှလုံးသားထဲမှာ ဘယ်အချိန်တုန်းက ထားထားခဲ့လို့လဲ? အနည်းဆုံးကွာ မင်းကို တစ်ကြိမ်တောင် မေးခဲ့ဖူးလို့လား? ဝမ်းယန့် ... သူက အဲဒီမိန်းကလေးကိုတော့ ဘယ်လောက်တောင် ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားတယ်ဆိုတာကို မင်းလည်း တွေ့ပြီးပြီပဲ ... မင်းတို့နှစ်ယောက်က မဖြစ်နိုင်ပါဘူး!"
ရှန်ဝမ်းယန့်က အလျော့မပေးပဲ သူ့ကိုလှည့်မကြည့်တော့ပေ။ ဒါပေမယ့် သူမရဲ့မျက်ဝန်းတွေဟာတော့ နီရဲနေဆဲပင်ဖြစ်ကာ မော့ပေက သူမရဲ့ ပုခုံးတွေ ယိမ်းထိုးနေသည်ကိုသာ စိုက်ကြည့်နေမိတော့လျက် ကြမ်းတမ်းရက်စက်တဲ့ စကားတွေကို ထပ်မပြောနိုင်တော့ပါချေ။
ရှန်ဝမ်းယန့်က သီးသန့်ခန်းထဲ ပြန်ဝင်လာချိန်မှာ ဝိုင်နီနှစ်ခွက်ကို တစ်ဆက်ထဲ သောက်လိုက်လျက် ရုတ်တရက် မတ်တပ်ထရပ်လေသည်။ သူမက ဝိုင်ခွက်ကိုမြှောက်လျက် ချန်းစီနျန်ကို ပြောလိုက်သည်။
"ကျွန်မ စီအီးအိုချန်းအတွက် ဂုဏ်ပြုပါတယ်"
လူတိုင်းကတော့ ချန်းစီနျန်ဘက်သို့ ကြည့်လိုက်ကြလျက် အတင်းအဖျင်းပြောဖို့ စိတ်အားထက်သန်နေကြသည်။
ချန်းစီနျန်ကတော့ ပျင်းတိပျင်းရွဲဖြင့် သူမကို ကြည့်လိုက်သည်။
ချင်းစုယွဲ့ရဲ့အကြည့်ကတော့ ရှန်ဝမ်းယန့်ပေါ်တွင်သာ မြဲမြံနေပါ၏။ ထိုမိန်းကလေးဟာ ဝိုင်ကို တစ်ကျိုက်ထဲမော့လျက် ခွက်ကိုပြန်ချလိုက်ကာ ချန်းစီနျန်ဘက်က တုံ့ပြန်သည်ကို စောင့်ဆိုင်းမနေခဲ့ချေ။
မော့ပေက ဘေးတွင်ထိုင်နေတာဖြစ်ပြီး သူက ထိုင်ခုံနောက်မှီမှာ ပြန်မှီလိုက်သည်။ ဒါပေမယ့် သူ့အကြည့်ကတော့ ရှန်ဝန်းယန့်ထံတွင် ရှိမနေပဲ သူ့ရဲ့ပိုက်ထားတဲ့ လက်ကိုသာ ပြန်စိုက်ကြည့်နေပါ၏။
မော့ပေ ဒီလိုပြုမူပုံအရ သူတို့နှစ်ယောက် အပြင်မှာ စကားပြောအဆင်မပြေ ဖြစ်လာကြသည်ဟု ချင်းစုယွဲ့က ခန့်မှန်းမိလိုက်သည်။
ချန်းစီနျန်က လှုပ်လဲမလှုပ်သလို ရှန်ဝမ်းယန့် ဆက်ပြောလာသည်ကိုလည်း တားဆီးခြင်းမပြု။
"စီအီးအိုချန်း ... ကျွန်မ ကောလိပ်တက်စဉ်တုန်းက အကူအညီတွေ အများကြီးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ... ရှင်က ကျွန်မကို စိတ်ခွန်အားတွေ အများကြီး ပေးခဲ့တာ"
သူမက နောက်ထပ်ဝိုက်တစ်ခွက်ကို ပြန်ချလိုက်သည်။
"ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ် စီအီးအိုချန်း ... ဒီနှစ်တွေမှာ ကျွန်မ နိုင်ငံခြားရောက်နေတုန်းက ရှင့်ကြောင့်ပဲ ကျွန်မက အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တာ"
သူမက ခံစားချက်တွေနှင့် အနည်းငယ် မွန်းကျပ်နေပြီးမှ ဆက်ပြောလေ၏။
"ကျွန်မက ဒီလောက် အချိန်တွေအကြာကြီးကို ရှင့်တစ်ယောက်အတွက်နဲ့ပဲ ဖြတ်သန်းခဲ့တာ ... ဒါပေမယ့် ကျွန်မ ဆက်ကြိုးစားဖို့အတွက် ပန်းတိုင်ကို မရှာနိုင်တော့ဘူးနဲ့ တူပါတယ်"
သူမက ခဏမျှ ရပ်တန့်သွားပြီးလျှင် အနည်းငယ် အက်ကွဲနေသော အသံဖြင့် ပြော၏။
"ချန်းစီနျန် ... ကျွန်မ ရှင့်ကို တစ်ခွန်းလောက်တော့ မေးချင်မိတယ် ... ကျွန်မတို့ အတူရှိခဲ့ကြတဲ့ လှပတဲ့မှတ်ဉာဏ်တွေ အားလုံးက ရှင့်အတွက်တော့ ဘယ်လို အဓိပ္ပါယ် သက်ရောက်စေသလဲ? ကျွန်မတို့ အတူရှိခဲ့ကြတဲ့ အချိန်တွေတိုင်းကို ကျွန်မကတော့ မှတ်မိနေတုန်းပါပဲ ...ကျွန်မတို့ရဲ့ အပွေ့အဖက်တွေ .. ကျွန်မတို့ရဲ့ အနမ်းတွေ ... ဒီအမှတ်တရတွေကို ရှင် ဘယ်နေရာကို လွှင့်ပစ်လိုက်သလဲဟင်?! ရှင် သေချာပေါက် ... ရှင် သေချာပေါက် ကျွန်မကို သဘောကျခဲ့တာပါ .... ဒါပေမယ့် ဘာလို့....."
လူတိုင်းရဲ့ စိတ်ပါဝင်စားပြီး အတင်းအဖျင်းတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းတွေအောက်မှာ ချန်းစီနျန်က မတ်တပ်ထရပ်လျက် သူမရဲ့ အဆုံးမသတ်တော့မယ့် စကားလုံးတွေကို ဖြတ်ပြောလိုက်လေသည်။
"မင်း မူးနေပြီ"
ရှန်ဝမ်းယန့်က တခစ်ခစ်ရယ်၏။
"ကျွန်မ တကယ်ကြီး သောက်ခဲ့ပေမယ့် မမူးသေးပါဘူးနော် .. ချန်းစီနျန် ရှင် အသဲကွဲတဲ့ ခံစားချက်ကို နားလည်ရဲ့လား? ဟင့်အင်း ... ရှင် ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူးလေ"
ချင်းစုယွဲ့က မျက်ခုံးပင့်လျက် နှစ်ယောက်လုံးကို ကြည့်လိုက်သည်။
ချန်းစီနျန်ကတော့ ချင်းစုယွဲ့ကိုကြည့်လျက် သူမရဲ့လက်ကိုကိုင်ကာ မတ်တပ်ရပ်ဖို့ ထူပေးလိုက်သည်။ အဲဒီနောက်မှာတော့ သူက သူမရဲ့နောက်ရှိ ကုတ်အင်္ကျီနဲ့ အိတ်ကို ကောက်လျက် သူ့တံတောင်၌ ကိုင်ချိတ်ထားလိုက်ပြီး ရှန်ဝမ်းယန့်ကို ပြန်ပြောလိုက်သည်။
"မင်းမှန်ပါတယ် .. အဲဒီခံစားချက်ကို ငါမသိဘူး ဘာလို့လဲဆိုတော့ ငါ့ရဲ့ဘဝက ပြီးပြည့်စုံနေလို့ပဲ"
သူက ချင်းစုယွဲ့ရဲ့လက်ကို တွဲလိုက်လျက် မျက်ရည်တွေ ကျဆင်းနေသည့် အလှလေး ရှန်ဝမ်းယန့်ကိုတော့ လျစ်လျူရှူလိုက်လေတော့သည်။ ထို့နောက် ကျွမ်ကျူးကို လှမ်းပြောလိုက်သည်။
"သူ မနက်ဖြန်မနက် အလုပ်သွားရမှာမို့ ငါ အခု သူ့ကို အိမ်ပြန်လိုက်ပို့ပေးတော့မယ် ... ဒီပွဲက ကုန်ကျငွေကို ငါ့အကောင့်ထဲ ထည့်လိုက်" နောက်ဆုံးတော့ သူတို့က တိတ်ဆိတ်စွာ ထွက်သွားလေတော့သည်။
ကားပေါ်ရောက်တော့ ချင်းစုယွဲ့က တမင်သက်သက်ပင် သက်ပြင်းချလျက် ထိုင်ခုံခါးပတ်ကို ဖြေးညှင်းစွာ တပ်လိုက်သည်။
ထိုသက်ပြင်းချသံက တိတ်ဆိတ်နေတဲ့ ကားထဲတွင်တော့ ကျယ်လောင်သွားသည်သာပင်။
ချန်းစီနျန်က ငဲ့ကြည့်လာသည်။
ချင်းစုယွဲ့ကလည်း သူ့ကို အတည်ကြီး စိုက်ကြည့်နေ၏။
ချန်းစီနျန်က သူမရဲ့ တောက်ပလက်ဖြာနေသည့် အကြည့်ကို ခံနိုင်စွမ်း မရှိသဖြင့် အကြည့်လွှဲလိုက်ကာ ရှေ့သို့တည့်တည့်စိုက်ကြည့်လျက် မေးရသည်။
"ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ပြောပါ"
ချင်းစုယွဲ့က သနားစဖွယ် ဆို၏။
"ကျွန်မတို့ စောစောထွက်လာရတာကို စိတ်မကောင်းဖြစ်မိလို့ပါ .. ကျွမ်ကျူးဆီက ပိုက်ဆံတွေတောင် မယူလိုက်ရဘူး" အစတုန်းက ကျွမ်ကျူးက ချန်းစီနျန်နဲ့ ကစားဖို့ တွေ့မယ်လို့ ပြောခဲ့တာလေ။
"နောက်တစ်ခါမှ ကိုယ်တို့တွေ ကစားကြတာပေါ့"
"ကျွန်မ စောင့်နေမယ်"
ချန်းစီနျန်က ထိုသို့ကစားရာမှာ တော်လှသည်မှန်း သူမ သိနေသည်လေ။
"နောက်ကျ အခွင့်အရေး ရှိလာမှာပါ" ချန်းစီနျန်က ထိုသို့ပြောလျက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ကိုယ့်အိမ်ကိုမောင်းပြီး ကိုယ့်မားမားရယ် ကိုယ့်အဖိုးရယ်နဲ့ မင်း ပွဲနည်းနည်းလောက် ကစားရင်ရော ဘယ်လိုလဲ?"
သူက ငါ့ကို သူ့မိဘတွေနဲ့ သွယ်ဝိုက်ပြီးတော့ မိတ်ဆက်ပေးတော့မလို့လား?
ချင်းစုယွဲ့က ကမန်းကတန်း ငြင်းပယ်ရလေ၏။
"ဟင့်အင်း ဟင့်အင်း ဟင့်အင်း ...
ကျွန်မက သိပ်မတော်ပါဘူး .. ရှုံးသွားရင် ဆိုးလိမ့်မယ်"
"မင်းမှာ ကိုယ်ရှိတယ်လေ ... ဘာကိုကြောက်နေတာလဲ?"
"ဟင်?"
"မင်း ရှုံးသွားရင် ကိုယ်က အဲ့ဒီပိုက်ဆံကို နှစ်ဆ ပြန်ရှာပေးမယ် .. မင်းရှုံးရင် ကိုယ့်အပေါ် မူတည်မယ် ... ကိုယ်နိုင်သွားရင်တော့ မင်းအပေါ်ပဲ မူတည်မှာပါ"
ချင်းစုယွဲ့က တစိမ့်စိမ့် သေချာတွေးကြည့်လိုက်တော့ သူမတွင် အရှုံးမရှိနိုင်သည်ကို ယုံကြည်သွားလေ၏။
သူမ ဘာမှပြန်မပြောသည်ကိုတွေ့တော့ ချန်းစီနျန်က ဆက်ပြောလေသည်။
"ဘယ်လိုသဘောရလဲ? သွားချင်လား?"
"ဘယ်ကိုသွားရမှာလဲ .. ကျွန်မ ဘာမှ မပြင်ဆင်ရသေးဘူး .. မသွားတော့ဘူး .. အိမ်ကိုပဲ ပြန်ချင်တယ်"
ချန်းစီနျန်က သူမကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဘာမှတော့ ဆက်မပြောတော့ပဲ အိမ်ကိုသာ ပြန်မောင်းပို့လေသည်။
ချင်းအိမ်တော်ကိုရောက်တော့ ချန်းစီနျန်ကဆိုသည်။
"ကိုယ် မနက်ဖြန်မနက်စောစော လာခေါ်မယ်နော်"
"ရှင် ဒုက္ခမခံပါနဲ့ .. ကျွန်မ ဒရိုင်ဘာကို မောင်းပို့ခိုင်းရင် ရပါတယ်"
"အဲဒါဆို စောင့်နေနော်" ချန်းစီနျန်ကတော့ သူမ ပြောလိုက်တာကို ဂရုမစိုက်တော့ပါချေ။
ချင်းစုယွဲ့က သူ့ကို စူးရဲစွာ ကြည့်လိုက်သည်။
"ဟေး ... စီအီးအိုချန်း ... ကျွန်မစကားတွေကို အလေးအနက်ရော ထားရဲ့လား?"
"အင်း .. ကိုယ် မင်းရဲ့စကားတွေကို အမြဲ သတိရနေပါတယ်"
သူမ လှည့်ပတ်မပြောခင် သူက ဆက်ပြောလိုက်၏။
"ကိုယ်တို့ နောက်ရက်တွေကျရင် အကြာကြီး တွေ့ရတော့မှာ မဟုတ်ဘူး .. မင်းကို ခဏလောက် ဖက်ထားပါရစေ"
5.7.2020
*******************