My Dear Enemy (Season1 Comple...

By Apyone237

655K 56.1K 993

ရှောင်းကျန့်:::"ငါမင်းထက်အသက်ကြီးတယ် ဝမ်ရိပေါ်" ဝမ်ရိပေါ်:::"ကြီးတော့ ဘာလုပ်ရမှာလဲ ကျွန်တော်က ခေါင်းဆောင် ခင်... More

Introduction
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (10)
Part (9)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)
Part (39)
Part (40)
Part (41)
Part (42)
Part (43)
Part (44)
Part (45) Final
Extra 1
Extra 2
Extra 3
New Fic 😊
Season 2

Part (1)

26.8K 1.7K 74
By Apyone237

Unicode

ချစ်ရသူ၏ လက်မောင်းရင်းမှ တစ်စက်စက်ကျဆင်းလာသော သွေးစက်များမှာ သူ့ရင်ကိုဓားနှင့်မွှန်းသကဲ့သို့ပင်။ ချစ်ရသူမှာ ဒဏ်ရာရနေသော လက်တစ်ဖက်နှင့်ပင် သူ့ကိုမလွှတ်တမ်းဆွဲထားသည်။ သူကတော့ အင်မတန်နက်ရှိုင်းသော အသူတစ်ရာချောက်ကမ်းပါးစွန်းပေါ်၌ တွဲလောင်းခိုလျက်။

ဒီလောကမှာ ငါမရှိမှဖြစ်မယ်။ ငါသွားသင့်ပြီ ငါမင်းကိုတောင်းပန်ပါတယ်။

ချစ်ရသူအတွက် ရင်တွင်းစကားကိုဆိုလျက် သူနာနာကျင်ကျင်တစ်ချက်ပြုံးလိုက်သည်။ထို့နောက်......

"ဝေ့ရင်း!!........"

ချစ်ရသူ၏ သူ့နာမည်အော်ခေါ်သံကိုကြားလိုက်ရသည်။သူကတော့ပျက်စီးခြင်းသို့ ဦးတည်လျက်.....

"အဟင့်...ရွှတ်...ရွှတ်"

ကျင်းလင်တစ်ယောက် ရုံးခန်းထဲမှာ တရှုံ့ရှုံ့နှင့် ငိုနေသော ဆရာဖြစ်သူ ရှောင်းကျန့် အား တစ်ချက်ကြည့်လိုက်သည်။ ရုံးခန်းထဲမှာလဲ တစ်ရှူးတွေ ဟိုတစ်စ ဒီတစ်စ။ လက်ထဲမှာ အာလူးကြော်ထုတ်တွေကိုင်ထားသေးသည်။ လူကသာမျက်ရည်ကျနေတာ အာလူးကြော်က အစားမပျက်။ ဘေးကဖိုင်တွဲ အထပ်လိုက်ကြီးကို အဖတ်ပင်မလုပ်ဘဲ ဇာတ်ကားထိုင်ကြည့်နေသည်။

"ဆရာ..​ဆရာ...ဆရာ!!!..."

"ဟာလန့်လိုက်တာကျင်းလင်ရာ"

"ဆရာတော့ ဇာတ်ကားကြည့်နေနိုင်တယ်နော်"

"ဘာဖြစ်လဲ ကြည့်တော့..."

"ဆရာ ဒီနေ့ကျွန်တော်တို့ဆီကို အဖွဲ့ခေါင်းဆောင်အသစ်လာမှာသိပြီးပြီလား။"

"သိသားပဲ"

"သူ့အကြောင်းကြားပြီးပြီလား အရမ်းနာမည်ကြီးတာနော်ဆရာ သူလိုက်တဲ့အမှုတိုင်း တရားခံမမိတာမရှိဘူးတဲ့။ ရဲမှူးကြီးတွေကတောင် ချီးကျုးတာ အသက်ကလဲငယ်ငယ်လေးရှိသေးတယ်။"

"အဲတာငါနဲ့ဆိုင်လားကွာ။"

"သူက ဌာနမှူး ဝမ်ဟိုက်ခွမ်းရဲ့ညီနော်။"

"သူ့ဘာသာဘယ်သူဖြစ်ဖြစ်ကွာ။ ငါစိတ်မဝင်စားဘူး။ ပြီးတော့အဲ့လောက်ထိ တော်နေတတ်နေရင် ​Beijing မှာပဲနေပါ့လား ဘာလို့ ငါတို့မြို့ ကိုပြောင်းလာရတာလဲ။"

"အဲ့တာတော့ကျွန်တော်လဲမသိဘူးဆရာ။"

"ဘာပဲဖြစ်ဖြစ် ဒီမြို့မှာတော့ ငါကအတော်ဆုံးမှုခင်းဆရာဝန်ပဲ ငါ့ကိုလာယှဥ်လို့တော့မျဘူး..အဟွင်းဟွင်း...။"

ကျင်းလင် ဂုဏ်ဆာနေတဲ့ ဆရာသမားကို နှာခေါင်းရှုံ့ပြလိုက်သည်။ ခဏကြာတော့ ရုံးခန်းတံခါးကိုခေါက်ကာ ယွီပင်းဝင်လာသည်။

"ဆရာ ဌာနမှူးက လူစုခိုင်းလိုက်ပါတယ်။"

"အေး လာခဲ့မယ်။ ကျင်းလင် ကျန်တဲ့သူတွေကိုခေါ်လိုက်။"

"ဟုတ်ကဲ့ပါ ဆရာ"

ဟိုလူသစ်ရောက်လာပြီထင်တယ်။ အစထဲကတင်းထားမှ ပြန်မလှန်ရဲမှာ တွေ့ကြသေးတာပေါ့လူသစ်လေးရာ။ အယ်..ဒါနဲ့ ငါ့ဝန်ထမ်းကတ်ဘယ်ရောက်သွားပါလိမ့်။ဪတွေ့ပြီတွေ့ပြီ မင်းက အာလူးကြော်ထုတ်ထဲမှာ ဘာဝင်လုပ်နေတာလဲကွ ဆီတွေတောင်ပေကုန်ပြီ။

"ဆရာ မလာသေးဘူးလား။"

"အေး လာပြီ လာပြီ။"

ရှောင်းကျန့် meeting အခန်းထို့ ပြေးဝင်လိုက်သည်။အခန်းထဲတွင် ရှောင်းကျန့်၏ တပည့်ဂွစာ ကျင်းလင်၊ မွေးကထဲက ကွန်ပျူတာကိုင်လာတဲ့ ပုလင်းဖင် စစ်ကျွေး၊ ဖော်ရွေတဲ့ ယွီပင်း၊ ပုကျိသောက်ဘုရင် ကျိလိ၊ ဌာနမှူး ဝမ်ဟိုက်ခွမ်း နှင့် လူနှစ်ယောက် မတ်တပ်ရပ်နေကြသည်။

"လာ ဒေါက်တာရှောင်းကျန့်။ ဒါကျွန်တော့ညီ ဝမ်ရိပေါ် Beijing criminal investigation team က​နေပြောင်းလာတာ။ အခုတော့ ဒေါက်တာတို့ MCI အဖွဲ့ရဲ့ ခေါင်းဆောင်အသစ်ပေါ့။"

ရှောင်းကျန့် ဝမ်ရိပေါ် ဆိုသည့်သူကို တချက်ကြည့်လိုက်သည်။ တည်တင်းနေတဲ့မျက်နှာက ငါ့အနားမကပ်နဲ့လို့ ပြောနေသယောင်။ ဖြူနုနေတဲ့အသားအရေနဲ့ ကလေးဆန်တဲ့မျက်နှာလေးကိုမှ အားမနာ cool guy ပုံဖမ်းထားသေးသည်။

ဟွန့်ရုပ်ကတော့ချောသားပဲ အရပ်လဲရှည်တယ်။ ဗလလဲတောင့်မယ့်ပုံပဲ။ နှုတ်ခမ်းလေးကလဲယောကျ်ားလေးတန်မဲ့ ပန်းရောင်သမ်းပြီးဖူးဖူးလေး။ ဒီနှုတ်ခမ်းလေးနဲ့ ကောင်မလေးဘယ်နှစ်ယောက်ကိုများနမ်း....အား Wtf!!! ရှောင်းကျန့် မင်းရူးနေလား ဘာတွေတွေးနေတာလဲ။

ဝမ်ရိပေါ်သူ့ရှေ့က ယုန်သွားလေးနှင့် ဒေါက်တာရှောင်းကျန့်ဆိုသည့်လူကို စိုက်ကြည့်လိုက်သည်။အစ်ကို မိတ်ဆက်ပေးတော့သူ့ကို တစ်ချက်ကြည့်လာပြီး မဲ့ပြသည်။ ပြီးတော့ ပြုံးသွားသည်။နောက်တော့ မျက်လုံးစုံမှိတ်ကာ ခေါင်းတရမ်းရမ်းနှင့်။ တစ်စိတ် သူ့အရှေ့က ပိန်ပိန်ရှည်ရှည်နှင့် ထိုဒေါက်တာက စိတ်မှမှန်ရဲ့လား။

"ရိပေါ် ဒါက ဒေါက်တာရှောင်းကျန့်၊ မှုခင်းဆရာဝန်ပေါ့ အရင်အဖွဲ့ခေါင်းဆောင်ဟောင်းဆုံးသွားပြီးကထဲက ဒေါက်တာကပဲဒီအဖွဲ့ကို ခေါင်းဆောင်လာတာ၊ ဒါတော့ ကျင်းလင် ဒေါက်တာ့ရဲ့ တပည့်၊ သူကစစ်ကျွေး IT specialist၊ သူကကျိလိ IQ 180 ရှိတဲ့ ဉာဏ်ကြီးရှင်၊ သူကတော့ ယွိီပင်း ကိုယ်ခံပညာ အကုန်တတ်တယ်။"

ဝမ်ဟိုက်ခွမ်း မိတ်ဆက်လို့အပြီးမှာ ရိပေါ် အားလုံးကိုဝေ့ကြည့်လိုက်သည်။

"ကျွန်တော်က ဝမ်ရိပေါ်ပါ၊ဒါက ကျွန်တော့ တပည့် ကျင်းရီ။"

"နိဟောင် ကျင်းရီပါ အသက် ၂၁နှစ်ရှိပါပြီ။"

"ဪ စစ်ကျွေးနဲ့ ကျင်းလင်တို့နဲ့ အသက်တူတာပဲ"

"ရိပေါ်ကကော ဘယ်နှနှစ်လဲဟင်။"

​ရှောင်းကျန့်လူသစ်လေးရဲ့ အသက်ကို စပ်စုလိုက်သည်။ သူကရှောင်းကျန့်ကို မျက်မှောင်ကြုတ်ကြည့်ရင်း

"၂၃"

"ဪ ငယ်သေးတာပဲ ငါက ၂၉၊ နောက်ဆို ဆရာရှောင်းလို​့ခေါ်လဲရတယ်၊ ကျန့်ကောလို​့ ခေါ်လဲရတယ်နော်။"

"......."

"ကဲ မိတ်ဆက်ပြီးပြီဆိုတော့ သွားလိုက်ဦးမယ်။ ရိပေါ် အစ်ကိုသွားပြီ။"

"ကောင်းပါပြီ.."

#peterpan

Zawgyi

ခ်စ္ရသူ၏ လက္ေမာင္းရင္းမွ တစ္စက္စက္က်ဆင္းလာေသာ ေသြးစက္မ်ားမွာ သူ႕ရင္ကိုဓားႏွင့္မႊန္းသကဲ့သို႔ပင္။ ခ်စ္ရသူမွာ ဒဏ္ရာရေနေသာ လက္တစ္ဖက္ႏွင့္ပင္ သူ႕ကိုမလႊတ္တမ္းဆြဲထားသည္။ သူကေတာ့ အင္မတန္နက္႐ိႈင္းေသာ အသူတစ္ရာေခ်ာက္ကမ္းပါးစြန္းေပၚ၌ တြဲေလာင္းခိုလ်က္။

ဒီေလာကမွာ ငါမ႐ွိမွျဖစ္မယ္။ ငါသြားသင့္ၿပီ ငါမင္းကိုေတာင္းပန္ပါတယ္။

ခ်စ္ရသူအတြက္ ရင္တြင္းစကားကိုဆိုလ်က္ သူနာနာက်င္က်င္တစ္ခ်က္ျပဳံးလိုက္သည္။ထို႔ေနာက္......

"ေဝ့ရင္း!!........"

ခ်စ္ရသူ၏ သူ႕နာမည္ေအာ္ေခၚသံကိုၾကားလိုက္ရသည္။သူကေတာ့ပ်က္စီးျခင္းသို႔ ဦးတည္လ်က္.....

"အဟင့္...႐ႊတ္...႐ႊတ္"

က်င္းလင္တစ္ေယာက္ ႐ုံးခန္းထဲမွာ တ႐ႈံ႕႐ႈံ႕ႏွင့္ ငိုေနေသာ ဆရာျဖစ္သူ ေ႐ွာင္းက်န္႔ အား တစ္ခ်က္ၾကည့္လိုက္သည္။ ႐ုံးခန္းထဲမွာလဲ တစ္႐ွဴးေတြ ဟိုတစ္စ ဒီတစ္စ။ လက္ထဲမွာ အာလူးေၾကာ္ထုတ္ေတြကိုင္ထားေသးသည္။ လူကသာမ်က္ရည္က်ေနတာ အာလူးေၾကာ္က အစားမပ်က္။ ေဘးကဖိုင္တြဲ အထပ္လိုက္ႀကီးကို အဖတ္ပင္မလုပ္ဘဲ ဇာတ္ကားထိုင္ၾကည့္ေနသည္။

"ဆရာ..​ဆရာ...ဆရာ!!!..."

"ဟာလန္႔လိုက္တာက်င္းလင္ရာ"

"ဆရာေတာ့ ဇာတ္ကားၾကည့္ေနႏိုင္တယ္ေနာ္"

"ဘာျဖစ္လဲ ၾကည့္ေတာ့..."

"ဆရာ ဒီေန႔ကြၽန္ေတာ္တို႔ဆီကို အဖြဲ႕ေခါင္းေဆာင္အသစ္လာမွာသိၿပီးၿပီလား။"

"သိသားပဲ"

"သူ႕အေၾကာင္းၾကားၿပီးၿပီလား အရမ္းနာမည္ႀကီးတာေနာ္ဆရာ သူလိုက္တဲ့အမႈတိုင္း တရားခံမမိတာမ႐ွိဘူးတဲ့။ ရဲမႉးႀကီးေတြကေတာင္ ခ်ီးက်ဳးတာ အသက္ကလဲငယ္ငယ္ေလး႐ွိေသးတယ္။"

"အဲတာငါနဲ႔ဆိုင္လားကြာ။"

"သူက ဌာနမႉး ဝမ္ဟိုက္ခြမ္းရဲ႕ညီေနာ္။"

"သူ႕ဘာသာဘယ္သူျဖစ္ျဖစ္ကြာ။ ငါစိတ္မဝင္စားဘူး။ ၿပီးေတာ့အဲ့ေလာက္ထိ ေတာ္ေနတတ္ေနရင္ ​Beijing မွာပဲေနပါ့လား ဘာလို႔ ငါတို႔ၿမိဳ႕ ကိုေျပာင္းလာရတာလဲ။"

"အဲ့တာေတာ့ကြၽန္ေတာ္လဲမသိဘူးဆရာ။"

"ဘာပဲျဖစ္ျဖစ္ ဒီၿမိဳ႕မွာေတာ့ ငါကအေတာ္ဆုံးမႈခင္းဆရာဝန္ပဲ ငါ့ကိုလာယွဥ္လို႔ေတာ့မ်ဘူး..အဟြင္းဟြင္း...။"

က်င္းလင္ ဂုဏ္ဆာေနတဲ့ ဆရာသမားကို ႏွာေခါင္း႐ႈံ႕ျပလိုက္သည္။ ခဏၾကာေတာ့ ႐ုံးခန္းတံခါးကိုေခါက္ကာ ယြီပင္းဝင္လာသည္။

"ဆရာ ဌာနမႉးက လူစုခိုင္းလိုက္ပါတယ္။"

"ေအး လာခဲ့မယ္။ က်င္းလင္ က်န္တဲ့သူေတြကိုေခၚလိုက္။"

"ဟုတ္ကဲ့ပါ ဆရာ"

ဟိုလူသစ္ေရာက္လာၿပီထင္တယ္။ အစထဲကတင္းထားမွ ျပန္မလွန္ရဲမွာ ေတြ႕ၾကေသးတာေပါ့လူသစ္ေလးရာ။ အယ္..ဒါနဲ႔ ငါ့ဝန္ထမ္းကတ္ဘယ္ေရာက္သြားပါလိမ့္။ဪေတြ႕ၿပီေတြ႕ၿပီ မင္းက အာလူးေၾကာ္ထုတ္ထဲမွာ ဘာဝင္လုပ္ေနတာလဲကြ ဆီေတြေတာင္ေပကုန္ၿပီ။

"ဆရာ မလာေသးဘူးလား။"

"ေအး လာၿပီ လာၿပီ။"

ေ႐ွာင္းက်န္႔ meeting အခန္းထို႔ ေျပးဝင္လိုက္သည္။အခန္းထဲတြင္ ေ႐ွာင္းက်န္႔၏ တပည့္ဂြစာ က်င္းလင္၊ ေမြးကထဲက ကြန္ပ်ဴတာကိုင္လာတဲ့ ပုလင္းဖင္ စစ္ေကြၽး၊ ေဖာ္ေ႐ြတဲ့ ယြီပင္း၊ ပုက်ိေသာက္ဘုရင္ က်ိလိ၊ ဌာနမႉး ဝမ္ဟိုက္ခြမ္း ႏွင့္ လူႏွစ္ေယာက္ မတ္တပ္ရပ္ေနၾကသည္။

"လာ ေဒါက္တာေ႐ွာင္းက်န္႔။ ဒါကြၽန္ေတာ့ညီ ဝမ္ရိေပၚ Beijing criminal investigation team က​ေနေျပာင္းလာတာ။ အခုေတာ့ ေဒါက္တာတို႔ MCI အဖြဲ႕ရဲ႕ ေခါင္းေဆာင္အသစ္ေပါ့။"

ေ႐ွာင္းက်န္႔ ဝမ္ရိေပၚ ဆိုသည့္သူကို တခ်က္ၾကည့္လိုက္သည္။ တည္တင္းေနတဲ့မ်က္ႏွာက ငါ့အနားမကပ္နဲ႔လို႔ ေျပာေနသေယာင္။ ျဖဴႏုေနတဲ့အသားအေရနဲ႔ ကေလးဆန္တဲ့မ်က္ႏွာေလးကိုမွ အားမနာ cool guy ပုံဖမ္းထားေသးသည္။

ဟြန္႔႐ုပ္ကေတာ့ေခ်ာသားပဲ အရပ္လဲ႐ွည္တယ္။ ဗလလဲေတာင့္မယ့္ပုံပဲ။ ႏႈတ္ခမ္းေလးကလဲေယာက်္ားေလးတန္မဲ့ ပန္းေရာင္သမ္းၿပီးဖူးဖူးေလး။ ဒီႏႈတ္ခမ္းေလးနဲ႔ ေကာင္မေလးဘယ္ႏွစ္ေယာက္ကိုမ်ားနမ္း....အား Wtf!!! ေ႐ွာင္းက်န္႔ မင္း႐ူးေနလား ဘာေတြေတြးေနတာလဲ။

ဝမ္ရိေပၚသူ႕ေ႐ွ႕က ယုန္သြားေလးႏွင့္ ေဒါက္တာေ႐ွာင္းက်န္႔ဆိုသည့္လူကို စိုက္ၾကည့္လိုက္သည္။အစ္ကို မိတ္ဆက္ေပးေတာ့သူ႕ကို တစ္ခ်က္ၾကည့္လာၿပီး မဲ့ျပသည္။ ၿပီးေတာ့ ျပဳံးသြားသည္။ေနာက္ေတာ့ မ်က္လုံးစုံမွိတ္ကာ ေခါင္းတရမ္းရမ္းႏွင့္။ တစ္စိတ္ သူ႕အေ႐ွ႕က ပိန္ပိန္႐ွည္႐ွည္ႏွင့္ ထိုေဒါက္တာက စိတ္မွမွန္ရဲ႕လား။

"ရိေပၚ ဒါက ေဒါက္တာေ႐ွာင္းက်န္႔၊ မႈခင္းဆရာဝန္ေပါ့ အရင္အဖြဲ႕ေခါင္းေဆာင္ေဟာင္းဆုံးသြားၿပီးကထဲက ေဒါက္တာကပဲဒီအဖြဲ႕ကို ေခါင္းေဆာင္လာတာ၊ ဒါေတာ့ က်င္းလင္ ေဒါက္တာ့ရဲ႕ တပည့္၊ သူကစစ္ေကြၽး IT specialist၊ သူကက်ိလိ IQ 180 ႐ွိတဲ့ ဉာဏ္ႀကီး႐ွင္၊ သူကေတာ့ ယြိီပင္း ကိုယ္ခံပညာ အကုန္တတ္တယ္။"

ဝမ္ဟိုက္ခြမ္း မိတ္ဆက္လို႔အၿပီးမွာ ရိေပၚ အားလုံးကိုေဝ့ၾကည့္လိုက္သည္။

"ကြၽန္ေတာ္က ဝမ္ရိေပၚပါ၊ဒါက ကြၽန္ေတာ့ တပည့္ က်င္းရီ။"

"နိေဟာင္ က်င္းရီပါ အသက္ ၂၁ႏွစ္႐ွိပါၿပီ။"

"ဪ စစ္ေကြၽးနဲ႔ က်င္းလင္တို႔နဲ႔ အသက္တူတာပဲ"

"ရိေပၚကေကာ ဘယ္ႏွႏွစ္လဲဟင္။"

​ေ႐ွာင္းက်န္႔လူသစ္ေလးရဲ႕ အသက္ကို စပ္စုလိုက္သည္။ သူကေ႐ွာင္းက်န္႔ကို မ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း

"၂၃"

"ဪ ငယ္ေသးတာပဲ ငါက ၂၉၊ ေနာက္ဆို ဆရာေ႐ွာင္းလို​့ေခၚလဲရတယ္၊ က်န္႔ေကာလို​့ ေခၚလဲရတယ္ေနာ္။"

"......."

"ကဲ မိတ္ဆက္ၿပီးၿပီဆိုေတာ့ သြားလိုက္ဦးမယ္။ ရိေပၚ အစ္ကိုသြားၿပီ။"

"ေကာင္းပါၿပီ.."

#peterpan



Continue Reading

You'll Also Like

1.1M 77.5K 28
မင်း ငါ့လက်ကို တွဲပြီး ကောင်းတဲ့လမ်းကို ပြန်မလျှောက်နိုင်တော့ဘူးဆိုရင် ငါ မင်းလက်ကို ဆွဲပြီး အမှောင်လမ်းထဲ တူတူ လိုက်လျှောက်ပေးမယ်။ မင္း ငါ့လက္ကို တြ...
486K 39.1K 75
ZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွက...
146K 8.7K 41
ေကာက ေၾကာက္လန္႔လြယ္တဲ့ ယုန္သူငယ္ေလးဆုိရင္ ေမာင့္မွာ ေကာကုိ ကာကြယ္ေပးႏုိင္တဲ့ ခြန္အားအျပည့္႐ွိတယ္ ေကာအတြက္သာဆုိရင္ေပါ့
97.7K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...