Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 515K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 50

28.8K 4.3K 905
By MikkyLay1

#Unicode

" ဒိုင်း "

အရာအားလုံးတိတ်ဆိတ်သွားလျှက် အနီရောင်သွေးတွေက ကမ်းစပ်ကသဲစတွေပေါ်ကျဆင်းလာပြီးနောက် လှိုင်းခပ်လာတဲ့ရေတွေနဲ့အတူ ပင်လယ်ထဲသို့မြောပါသွားလေတယ် …

ရှန်ဝေ မင်းယွီအရှေ့ဒူးထောက်ထိုင်ချလျှက် သူ့ရဲ့လက်မောင်းနဲ့ မင်းယွီရဲ့ကိုယ်ကို ကားပေးထားပြီး အဆက်မပြတ်ကျနေတဲ့သွေးတွေက ရှန်ဝေရဲ့လက်မောင်းကပင် … သူ့ရဲ့အသွေးအသားထဲကနေစိမ့်ထွက်လာတဲ့သွေးတွေက လရောင်အောက်မှာ အထင်းသားမြင်နေရပြီး မင်းယွီပင်အတော်လေးထိပ်လန့်သွားမိလေတယ် …

" ရှန်ဝေ … မင်းဘာလို့ကာလိုက်တာလဲ …

မင်း … မင်းလက်မှာ သွေးတွေ "

သူကနာကျင်မှု မပြသည့်အပြင် တည်ငြိမ်စွာပဲ သူတွန်းလိုက်လို့ လဲကျသွားတဲ့မင်းယွီကိုထူပေးရင်း …

" မင်းအဆင်ပြေလား "

မင်းယွီရှန်ဝေလက်ကိုကြည့်ပြီး သူ့ကြောင့်တစ်စုံတစ်ယောက် ဒုက္ခရောက်သွားမှန်းသိလိုက်ရတော့ ရင်ထဲမှာ စို့နင့်လျှက် …

" ငါတောင်းပန်ပါတယ် …

ငါမင်းကို ဒုက္ခတွေပဲ ပေးနေမိလို့တောင်းပန်ပါတယ်ရှန်ဝေ "

ရှန်ဝေက ဘာမှမဖြစ်သည့်ဟန် လက်ခါပြပြီး …

" ဒီဒါဏ်ရာလောက်က ငါ့အတွက်နာကျင်စေမှာမဟုတ်ဘူး …

ပြီးတော့အပေါ်ယံလေးရှပ်ထိသွားတာ …

သူမရဲ့သေနတ်ပြစ်စွမ်းရည်က အရမ်းနိမ့်လွန်တယ်ကွာ …

ဟား … မင်းလောက်တောင်မတော်ဘူး သိလား "

သူက နာကျင်မှုမပြသည့်အပြင် စနောက်နေသေးတယ် … မင်းယွီသူသိမ်းထားတဲ့ ရွာသားတွေပေးလိုက်သည့် ဆေးရည်ပုလင်းကို ထုတ်လိုက်ပြီး …

" ဒီဆေးရည်က သွေးအမြန်တိပ်သလို ဒါဏ်ရာကျက်တာလဲမြန်တယ် "

ချူးရှန့် လဲကြသွားတဲ့ မင်းယွီနဲ့ရှန်ဝေကိုမြင်တော့ ထိတ်လန့်သွားပြီး သူ့ရဲ့ဒေါသတွေက စုဝေးလာကာ ရက်စ်ဒီထံချိန်ရွယ်ပြီးပြစ်လိုက်တယ် …

သို့ပေမဲ့ သခင်ရဲ့ခွေးတွေက သူတို့သခင်မရဲ့အရှေ့ကနေကာကွယ်ကာ အသေခံသွားကြတယ် … ချူးရှန့်ရဲ့စွမ်းရည်က လျှင်မြန်လွန်းလှ၍ နောက်ထပ်အသစ်ထပ်ရောက်လာတဲ့လူအုပ်ကြီးဟာ ခနလေးခြင်းကြရှုံးသွားလေတော့တယ် …

ရက်ဒီတစ်ယောက် သူမမနိုင်တော့မှန်းသိသွားတော့ ထွက်ပြေးမည်ကြံလိုက်ပေမဲ့ ချူးရှန့်က လျှင်မြန်စွာဖမ်းစီးလိုက်ပြီး သူမရဲ့စက်လှေပေါ်မှာကြိုးချည်ထားလိုက်လေတယ် …

ပြီးသွားတော့ မင်းယွီတို့ထံပြေးလာချိန် ရှန်ဝေလက်မောင်းက ဒါဏ်ရာကိုတွေ့ပြီး ချူးရှန့်အတော်လေး ထိပ်လန့်သွားမိတယ် … မင်းယွီကိုမမှန်၍ စိတ်အေးရပေမဲ့ ထိမှန်သွားသူက ရှန်ဝေဖြစ်နေပြန်တော့ သူ့ရင်ထဲမှာ ပူလောင်နေပြန်တယ် …

သူတို့ ၂ ယောက်ကို ကမ်းစပ်ကနေ ကျောက်ဆောင်တွေနားခေါ်လာပြီး ထိုင်စေလိုက်တယ် … ပြီးနောက် ချူးရှန့်က မင်းယွီလက်ထဲကဆေးကိုယူလိုက်ပြီး …

" အကိုဆေးထည့်ပေးမယ် "

ရှန်ဝေရဲ့ လက်မောင်ကို ကျည်က မပေါ်ယံလေးပဲထိမှန်သွားတာမို့ အစင်းကြောင်းတစ်ခုကနေ သွေးတွေယိုစမ့်ထွက်နေပြီး ကျည်ကတော့ရှိမနေ …

ချူးရှန့် သေနတ်မှန်သွားတာတောင်နာကျင်မှုမပြပဲ တည်ငြိမ်ပြီး အေးဆေးစွာပင်ရှိနေတဲ့ ရှန်ဝေကိုမြင်ရတော့ အနည်းငယ်သံသယမကင်းဖြစ်မိတယ် … သာမာန်လူတစ်ယောက်က ထူးခြားတဲ့စွမ်းရည်ရှိတဲ့အပြင် အမှောင်လောကရဲ့အကြောင်းအားလုံးသိနေယုံမက နာကျင်မှုကိုပါ တင်းခံနိုင်သူဟူ၍ သူ့ဘဝမှမတွေ့ဖူးခဲ့ … ဒါကြောင့်မို့ သူက ဆေးထည့်ပေးရင်း မေးလိုက်တယ် …

" ရှန်ဝေ … မင်းက ဘယ်လိုလူမျိုးများလဲ …

ငါမင်းအကြောင်းဘာမှမသိသေးဘူးလို့ ဘာကြောင့်ထင်နေမိတာလဲ "

" အ့ … အား …

အကို ဘာတွေပြောနေတာလဲ "

ဆေးရဲ့စူးရှရှနာကျင်မှုကြောင့် ရှန်ဝေအော်လိုက်မိတယ် … သေနတ်မှန်တာက မနာပေမဲ့ ဆေးထည့်လိုက်တော့ သေလောက်အောင်နာကျင်သွားတယ် …

ချူးရှန့်က မနာကျင်စေဖို့ ဒါဏ်ရာပေါ် လေမှုတ်ပေးရင်း …

" မင်း ကျည်မှန်ဖူးတာ ဘယ်နှကြိမ်လောက်ရှိလဲ "

" အင် … ကျွန်တော် တစ်ခါမှမမှန်ဖူးဘူး …

ဒါပေမဲ့ ကျွန်တော်ပြစ်လိုက်လို့မှန်သွားတဲ့သူကတော့ မနည်းမနောပဲ "

ရှန်ဝေက ပွင့်ပွင်းလင်းလင်းပဲပြန်ဖြေလိုက်တယ် … သူ့ပုံစံက လူငယ်ဆန်လွန်ပြီး ဒုက္ခရောက်နေတာကိုလဲသိပ်ပြီးအလေးနက်ထားပုံမပေါ်ဘူး  …

ချူးရှန့်က ဆေးလူးပေးနေရင်း ထပ်မံမေးကြည့်လိုင်တယ် …

" ငါမင်းနဲ့စတွေ့တုန်းက မင်းငါ့ကို ဘာကြောင့်မင်းနောက်လိုက်တဲ့သူလို့ ထင်နေတာလဲ …

မင်းမှာအနှောက်အယှက်တွေရှိနေလို့လား "

ရုတ်တရပ်ကြီးဟိုအရင်ကကိစ္စတွေမေးလာတော့ ရှန်ဝေ ဘာပြန်ဖြေရမှန်မသိဖြစ်သွားတယ် … သေချာတာတစ်ခုကတော့ သူက ရဲအရာရှိဘက်က စုံစမ်းရေးမှုးတစ်ယောက်ဆိုတာကိုတော့ ဘယ်သူမှသိသေးမည့်ပုံမပေါ်ဘူး … ပြီးတော့ သူကိုယ်တိုင်ကလဲ ထိုအလုပ်ကို မလုပ်ချင်၍ ထွက်ပြေးနေတဲ့သူ …

" အာ … အဲ့ဒါက ကျွန်တော်အရင်လုပ်ခဲ့တဲ့နေရာက အမှိုက်တွေထင်လို့ပါ …

စိတ်ထဲမထားနေနဲ့ "

ချူးရှန့် အမြန်ပဲယုံကြည်သွားတယ် … ရှန်ဝေဆိုတဲ့ကောင်လေးက ထက်မြတ်တဲ့ လမ်းဘေးဂျပိုးလေးပဲ … ဒါကြောင့် ဒီကောင်လေးကို မြေထောင်မြှောက်ပေးဖို့ဆုံးဖြတ်လိုက်တယ် …

ရှန်ဝေက မင်းယွီဘက်ကိုကြည့်လိုက်ပြီး မှိုင်တွေနေတဲ့မျက်နှာလေးကိုမြင်ရတော့ ဝမ်းနည်းသွားလေတယ် …

" မင်းယွီ … ငါဘာမှမဖြစ်ပါဘူးကွ "

" ရှန်ဝေ … အရာအားလုံး ငါ့ကြောင့်ပါ …

မင်းရဲ့အေးချမ်းနေတဲ့ဘဝလေး ငါ့ကြောင့်ပျက်စီးသွားခဲ့ပြီ …

ခုလဲငါ့ကြောင့် မင်းဒါဏ်ရာရသွားပြီ …

ငါတောင်းပန်ပါတယ် "

မင်းယွီက ရှန်ဝေကို ငိုမဲ့မဲ့နဲ့ကြည့်ရင်း အဆက်မပြတ်တောင်းပန်ရှာတယ် … အဲ့ဒိအချိန်က သူ့ကိုသူသေပြီးလို့တွေးထင်ထားခဲ့၍ ကြောက်စိတ်ကြောင့် နှလုံးသားတစ်စုံက ငြိမ်သက်မနေသေးပေ …

ချူးရှန့် ပါလာတဲ့အဝတ်စနဲ့ ရှန်ဝေလက်မောင်းကိုစည်းပေးပြီးသွားတော့ ကြောက်နေတဲ့ မင်းယွီပခုံးကို လက်နဲ့ပုတ်ပေးရင်း …

" မကြောက်နဲ့ … သတ္တိရှိဖို့လိုတယ် …

ဘဝကတိုက်ပွဲလိုပဲ …

အားနည်းတဲ့လူက မြန်မြန်ကျရှုံးလိမ့်မယ် …

ဒီအရာကိုသင်ခန်းစာယူပြီး နောက်တစ်ချိန်ကျရင် လက်မနှေးစေပဲ ရန်သူကိုပြစ်နိုင်အောင်ကြိုးစား "

မင်းယွီသူ့အင်္ကျိထဲမှာသိမ်းထားတဲ့သေနတ်ကိုထုတ်ယူကာ တင်းကြပ်စွာကိုင်လိုက်ပြီး …

" ကျွန်တော် နောက်တစ်ခါ ကို့ကိုယ်ကို ကာကွယ်နိုင်အောင်ကြိုးစားပါ့မယ် …

ကျွန်တော့ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး "

" ကောင်းတယ် … ခုအကိုတို့ သွားဖို့အချိန်တန်ပြီ "

" ဘယ်ကိုလဲ "

" ဟိုရောက်ရင်သိရမှာပေါ့ "

သူတို့ ထိုနေရာကနေ ထလိုက်ကြပြီး တောထဲသို့ပြန်ဝင်မည်ပြင်လိုက်တော့ အနောက်ကနေ အော်ခေါ်သံစူးရှရှကိုကြားလိုက်ရတယ် …

" နင်းတို့ ဘယ်မှမသွားရဘူး … ငါ့ကိုခုလွှတ်ပေ …

ငါကဒီနယ်ရဲ့သခင်မ …

နင်တို့ကို ငါ့အဖေကသတ်လိမ့်မယ် …

ငါ့ကိုခုလွှတ်ပေးလို့ပြောနေတယ်လေ "

ချူးရှန့်က အနောက်သို့တစ်ချက်ကြည့်ပြီးနောက် တစ်စုံတစ်ရာကိုသတိရသွားပြီး ရှန်ဝေထံလှည့်ကာပြောလိုက်တယ် …

" ရှန်ဝေ … သူမကိုဒီတိုင်းထားခဲ့လို့တော့မဖြစ်ဘူး …

တစ်နည်းနည်းနဲ့လွတ်သွားနိုင်တယ် …

မင်းမှာလဲဒါဏ်ရာနဲ့ဆိုတော့ တောထဲမလိုက်နဲ့တော့ …

ဒီအဝတ်စနဲ့သူမပါစပ်ကိုစည်းထားပြီး ဒီမှာပဲစောင့်နေ …

နေမထွက်ခင် ငါတို့ပြန်လာခဲ့မယ် "

ရှန်ဝေကလဲ သူမကို နောက်ထပ် လွတ်သွားခွင့်မပြုချင်၍ ချူးရှန့်တောင်းဆိုမှုကိုလက်ခံပြီးနောက် သူမထံသို့ ထွက်သွားလေတယ် …

မင်းယွီလဲ ချူးရှန့်နဲ့အတူ တောအုပ်ထဲလိုက်လာပြီး ရှေ့အနည်းငယ်ရောက်တော့ အော်နေတဲ့သူမအသံတိတ်ဆိတ်သွားပြီး ပင်လယ်လှိုင်းခပ်သံတွေသာ ကြားနေရတယ် …

နောက်ဆုံးတော့ သူမကိုဖမ်းချုပ်နိုင်ပြီ … သို့ပေမဲ့ သူ့ရဲ့ရင်ထဲမှာလေးလံနေဆဲပင် …

*

*

*

*

ကွင်းပြင်ထဲက လူအုပ်ကြီးက အနက်ရောင်လူတစ်စုရဲ့ဝန်းရံခြင်းခံလိုက်ရပြီးနောက် စစ်ဖြစ်တော့မဲ့အခြေအနေမှာရှိနေတယ် … မာဖီးယားအုပ်စုအသေးလေးတွေက အင်အားနည်းသလို သူတို့အားလုံးက Lion ရဲ့ခြုံခိုက်ခိုက်မှုကို ခံရလိမ့်မည်ဟု မတွေးထင်မိခဲ့၍ လက်နတ်တစ်ခုစီသာယူဆောင်လာပြီး ခုလိုအဝိုင်းခံလိုက်ရတဲ့အခါ သူတို့အားလုံး ကြောက်လန့်ကုန်ကြတယ် …

" Lion ဆိုတဲ့ကောင်း … မင်းသတ္တိရှိရင် ကိုယ်တိုင်တစ်ယောက်ထည်းထွက်ပြီးတိုက် …

မင်းတပ်ကို ခုချက်ချင်းနောက်ဆုတ်ခိုင်း "

ထိုလူက အတော်အသင့်အင်အားကြီးမဲ့ပုံပေါ်ပြီး ကို့ကိုယ်ကိုလဲ ယုံကြည်ချက်အပြည့်ရှိနေပုံပင်  … တချို့အဖွဲ့အစည်းတွေက ကြောက်လွန်း၍ Lionရှေ့မှာ ဒူးထောက်ကုန်ကြတယ် …

ထိုစဉ် အနက်ရောင် ကျားခေါင်းဝတ်ရုံနဲ့ Lion ဆိုသူက ခပ်ကျယ်ကျယ်အော်ရယ်လိုက်ပြီး …

" ဟား … မင်းမှာ ငါနဲ့တိုက်ဖို့ အရည်အချင်ရော ရှိလို့လား  … ဟမ် …

မင်းကဘယ်အဖွဲ့ အစည်းကမှန်းတောင် ငါမသိဘူး "

ထိုလူက အတော်လေး ဒေါသထွက်သွားပုံပင် … မျက်ကျောတွေထောင်ထလျှက် Lion ဆိုသူကို လက်ညှိုးထိုးပြီး ဒေါသသကြီးဆိုလာပြန်တယ် …

" မင်း … မင်းငါ့ကိုတောင်မမှတ်မဘူးလား …

လွန်ခဲ့တဲ့နှစ်က အမဲလိုက်ပွဲမှာ မင်းကိုယ်တိုင်ငါ့ရဲ့နယ်မြေကို ဖျက်စီးခဲ့တာ …

ငါဘယ်လောက်ဒုက္ခရောက်သွားလဲမင်းသိလား …

ဒီတစ်ကြိမ်တော့ မင်းကလှည့်ပေါ့ … မင်းကို လုံးဝအလွတ်မပေးဘူး "

" ဟား … ခများက ကို့သေနေ့လား သူ့သေနေ့လား မသဲကွဲတဲ့ပုံပဲ …

ဒီလိုဆိုတော့လဲ ခများသိအောင်လုပ်ပေးရမှာပေါ့ "

ထိုလူက သေနတ်ကိုရှေ့သို့တန်းထုတ်လိုက်ပြီး ' ဖောက် ' ဆိုတဲ့အသံနဲ့အတူ သူ့ရဲ့ကျည်က ထိုစကားများလွန်းတဲ့လူကြီးရဲ့ နှဖူးတည့်တည့်ထိမှန်သွားပြီး သွေးများစီးကျလာကာ နှုတ်မှစကားတစ်လုံးမှပင်မထွက်နိုင်တော့ပဲ လဲကြသေဆုံးသွားလေတော့တယ် …

ဂိုဏ်းကြီးတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ကိုတောင်တွေဝေခြင်းမရှိ ပြစ်သတ်လိုက်ပုံကိုမြင်ရတော့ ကျန်တဲ့သူတွေအားလုံး ထိတ်လန့်ကုန်ကြတယ် …

ယာရှာက မစဉ်းစားပဲ ထိုလူကိုပြစ်သတ်လိုက်တဲ့ lion ကိုပို၍ သံသယဝင်မိလာတယ် … ထိုနှစ်က သေဆုံးသွားတဲ့လူရဲ့နယ်မြေကို သွားရောက်တိုက်ခိုက်ရာ၌ သူမပါ ပါဝင်ခဲ့တယ် … ထိုလူက စစ်တပ်နဲ့ပူးပေါင်းတဲ့ထဲကတစ်ယောက်ဖြစ်ပြီး ရဲတွေနဲ့လဲသိကြွမ်းသလို အင်အားအတော်အတန်ရှိတဲ့သူ … ဒီလူရဲ့တည်ရှိမှုက Lion ကိုမထိခိုက်သလို ဒီလူကိုသတ်ပြီး Lion ကအပြစ်ခံယူရအောင် ရူးနေတဲ့သူမဟုတ်သေးဘူး …

ခုလုပ်ရက်က Lion ကိုယ်တိုင်က သူ့ထံ အပြစ်တွေရောက်လာဖို့ လက်ယက်ခေါ်နေတာနဲ့တူနေတယ် … ဆက် ပြီးထားထားရင် လူအများထင်နေကြတဲ့ အပြစ်တွေအားလုံး လုပ်ထားတဲ့သူက Lion ဆိုတာက ငြင်းဆန်လို့မရတဲ့အမှန်တရားအဖြစ်ပြောင်းလဲသွားနိုင်တယ် …

ယာရှာက လူအုပ်အလယ်လောက်မှာရှိနေပြီး သူ့ရဲ့သေနတ်က ခေါင်းဆောင်ဆိုသူထံချိန်ရွယ်လိုက်လေတယ် … ပါးလစ်တဲ့ထိုလူက ယာရှာသူ့ထံချိန်ရွယ်နေတာလဲမြင်ရော သူ့ရဲ့သေနတ်ဖြစ် လူအုပ်ကြား ပြစ်ခပ်လေတယ် … မရှောင်သိမ်းနိုင်တဲ့ လူအုပ်ထဲက လူတစ်ဝက်ခန့်က သူ့ရဲ့လက်အောက်မှာပဲ ကျရှုံးသွားလေတယ် …

သွေးသံသရဲရဲနဲ့ လူသေကောင်တွေကြားမှာပြေးလွှားနေသူနဲ့ ဝန်းရံထားတဲ့လူတွေရဲ့စည်းဟာလဲ ပေါက်သွားပြီး စစ်ပွဲစတင်လေတော့တယ်  …

ဂျိုးလ်တို့ရဲ့ အရာရှိတပ်ဖွဲတချို့က တိုက်ပွဲသံကြောင့် အမဲလိုက်တာကိုရပ်နားပြီး လူစုနေတဲ့ထိုကွင်းပြင်ထံရောက်လာကြ၍ ခုအနေအထားဟာ တစ်ဖက်နှင့်တဖက် မျှတလို့နေတယ် …

ဒူးထောက်နေတဲ့ ဂိုဏ်းငယ်တွေကတော့ Lion ဘက်ကိုသွားရမလား ရဲတွေဘက်သွားရမလား ရွေးချယ်ရခက်နေပြီးနောက်ဆုံး သူတို့နဲ့မဆိုင်သည့်နယ် ဘေးသို့ ထွက်သွားကြလေတယ် …

ပတ်ဒိုမင်းက ဒေါသအကြီးအကျယ်ထွက်နေပြီး စစ်ပွဲကိုစဖို့မစောင့်နိုင်တော့ဘူး … သူဒီပွဲကိုလာရခြင်းရဲ့ရည်ရွယ်ချက်က Lion နဲ့ရှန်ဖန်းဂူကိုဖမ်းစီးပြီး သူ့ရဲ့နှစ်ရှည်လများ ထိန်းထားရတဲ့ ဒေါသအမုန်းတရားတွေကို ခဝါချဖို့ပဲ … သူ့အသက်နဲ့ရင်းရမယ်ဆိုရင်တောင် ဒီပွဲကိုနိုင်အောင်တိုက်မယ်လို့ဆုံးဖြတ်ထားတယ် …

ဒိုမင်းရဲ့စိတ်လောနေပုံကိုမြင်လိုက်ရတော့ ရှုယွမ် အလျှင်အမြန်ပဲ တားလိုက်လေတယ် …

" Sr.ပတ် … လောလို့မဖြစ်ဘူး …

ကျွန်တော်တို့မှာ အင်အားအလုံအလောက်ရှိနေပြီပဲ …

သူတို့တစ်ယောက်မှမလွတ်နိုင်ပါဘူး "

" ဘာကိုစောင့်နေရအုံးမှာလဲ …

မကြာခင် မိုးလင်းတော့မယ် …

ဒီတိုက်ပွဲကို မနက်နေမထွက်ခင်အပြီးလုပ်ရမှာ "

ဒါကအမဲလိုက်ခြင်းရဲ့စည်းကမ်းပဲ … အမဲလိုက်တယ်ဆိုကတည်းက ညဘက်ဆိုတာကို လူတိုင်းမှန်းစပြီးလောက်မယ်ထင်တယ်  … အမှန်ပါပဲ ည ၈ နာရီကနေ မနက် ၇ နာရီ နေထွက်ချိန်ထိ ထိုအချိန်ကာလက အမဲလိုက်ချိန်ဖြစ်သလို ဘယ်သူ့ကိုပဲသတ်သတ်တရားဥပဒေအရခွင့်ပြုထားတယ် … အမဲလိုက်ပွဲကိုပါဝင်ပြီဆိုကတည်းက သူ့မှာ အသက်အာမခံမရှိသလို ကြောက်ရင်ပုန်နေယုံပဲရှိတယ် … သေရင်ဘယ်သူမှ အမှုလိုက်လို့မရဘူး …

ခုအချိန်က မနက် ၃ နာရီခန့်ရှိနေပြီ … နေထွက်ချိန်ကျော်သွားတဲ့ထိတိုက်ပွဲမစဘူးဆိုလျှင် နောက်တစ်နေ့ညထိ စောင့်ရမှာဖြစ်သလို ဒီလိုအခွင့်အရေးမျိုးလဲထပ်ရမှာမဟုတ်တော့ပေ …

သို့ပေမဲ့ ပတ်ဒိုမင်း တိုက်ပွဲစဖို့ အချက်ပေးရန် ပြင်နေချိန်မှာလဲ Lion ဆိုသူက ထူးထူးဆန်းဆန်းအရာတချို့ကို စတင်လုပ်ကိုင်လေတော့တယ်  …

" မင်းတို့ စစ်ဖြစ်ချင်တယ်ဆိုရင် ဒီလူကို အရင်သတ်မှဖြစ်လိမ့်မယ် "

ထိုစဉ်ကြိုးအထပ်ထပ်ချည်ထားတဲ့ လူတစ်ယောက် Lion ရဲ့အနောက်ကနေ ထွက်ပေါ်လာတယ် … ထိုလူကတော့ ဒီနယ်မြေရဲ့သခင် အန်းဂါးပင် … တဖက်ကအဖွဲထဲမှာ အန်းဂါးလ်ရဲ့လူတစ်ဝက်လောက်ပါတာမို့ သူတို့အားလုံး လက်တွန့်ကုန်ကြတယ် … ဂျိုးလ်တို့ပါ ဘာလုပ်ရမှန်းမသိ တွေဝေသွားလေတယ် …

ဒါက သူလိုချင်တဲ့အရာပဲ … မျက်နှာဖုံးအောက်ကလူက ကျေနပ်စွာပြုံးလိုက်ရင်း …

" ကောင်းတယ် … မင်းတို့အားလုံး မတိုက်ရဲကြဘူးမဟုတ်လား …

မင်းတို့ရဲ့မြို့ဝန်သေပြီးမှ မင်းတို့ငါ့ကို တိုက်ခွင့်ရှိမယ် "

ထိုစဉ်အားလုံးက တစ်ယောက်တစ်ပေါက်နဲ့ပြောကုန်ကြတယ် …

" မြို့ဝန်က ဒီပွဲကိုစီစဉ်တဲ့သူပဲ …

ဘာကြောင့်သူ့ကို ဓားစာခံလုပ်ရဲတာလဲ "

" Lion က တကယ်ကို ကိုယ်ကျင့်တရားမကောင်းတဲ့လူ …

အမဲလိုက်ပွဲရဲ့စည်းမျဉ်းတွေအတိုင်း ကို့အစွမ်းအစကိုမသုံးပဲ သူများအသက်ကိုသုံးနေတယ် "

" အဖွဲလိုက်နဲ့ ခြုံခိုက်တိုက်တာ ထည့်ပေါင်းရင် သူကငါတို့ကြားဖူးတဲ့သတင်းတွေနဲ့ လုံးဝဆန့်ကျင်နေတဲ့ ကြောင်သူတော်ကြီးပဲ "

" ဒါဆို စစ်တပ်နဲ့ပေါင်းပြီး အာဏာလိုချင်နေတယ်ဆိုတာ တကယ်ပဲပေါ့ "

" သူ့ကိုအရှင်ထားလို့မဖြစ်ဘူး …

အာဏာပိုင်တွေ သူ့ကို ဖမ်းဝရမ်းထုတ်ခိုင်းသင့်တယ် "

" ဒိထက် ခိုင်မာတဲ့သက်သေ ဘယ်မှာရှိအုံးမှာလဲ …

မြို့ဝင်ကိုပြန်ပေးဆွဲပြီး အာဏာကိုလိုချင်နေတာအသိသာကြီးပဲ "

" Lion ကိုအလွတ်မပေးနဲ့ …

ဒါကသူ့ရဲ့သရုပ်မှန်အစစ်ပဲ …

ဒီပွဲကိုသူလုပ်ကြံထားတာ …

မနက်ရောက်ရင် Lion ကို နိုင်ငံတော်ကိုတော်လှန်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ လွှတ်တော်ကို ထင်ပြရမယ် "

" ဟုတ်တယ် … တင်ပြရမယ် …

Lion ကို တစ်သက်တစ်ကျွန်းပေးဖို့ တောင်းဆိုရမယ် "

လူတွေရဲ့သွေးတွေက ဆူပွက်လာပြီး ဟစ်အော်သံများပင်ထွက်ပေါ်လာလေတယ် … အနက်ရောင်မျက်နှာဖုံးနဲ့လူထံမှ ခပ်သဲ့သဲ့ရယ်သံတစ်ချို့က လူတွေရဲ့အော်သံတွေကြား တိုးတိုးလေသာထွက်ပေါ်နေတယ် … ယာရှာကပါးလစ်သူမို့ ထိုအသံကိုကြားလိုက်ရပြီး ကြည့်မိတော့ မျက်နှာဖုံးအုပ်မထားတဲ့ အန်းဂါးလ်ရဲ့မျက်နှာမှာ ကြောက်စရာကောင်းလှတဲ့အပြုံးတစ်ခုတည်ရှိနေတာကိုတွေ့လိုက်ရတယ် … ဒါဆိုအဖြေကသေချာသွားပြီ … လူတွေကိုသွေးဆူစေဖို့ Lion အတုနဲ့ အန်းဂါးလ်ပေါင်းကြံနေတယ်ဆိုတာ သေချာသွားပြီ …

သို့ပေမဲ့ သူမအတွေးပင်မဆုံးသေး Lion အတုက လက်ကိုမြှောက်ပင့်လာပြီး စောတုန်းက Lion ကိုအပြစ်ပြောတဲ့လူအားလုံးရက် ရက်စက်စွာပြစ်သတ်လိုက်လေတယ် … သူ့ရဲ့စွမ်းရည်ကလဲ မြင့်ပေမဲ့ ဖန်းဂူလောက် မလျှင်မြန်ဘူးလို့ သူမမှတ်ချက်ပြုလိုက်တယ် …

ဘာကြောင့်ဆို သူပြစ်တဲ့လူကမှန်ပေမဲ့ ထိမှန်တဲ့နေရာကလွဲနေတယ် … တစ်ချို့ကလက် တစ်ချို့ကခြေထောက် ထိုနေရာကတွေက သေစေနိုင်တဲ့နေရာမဟုတ်၍ နာကျင်စွာဟစ်အော်သံတွေက နားကွဲစဖွယ်ကောင်းလောက်အောင် ကျယ်လောင်လှပြီး တောအုပ်တစ်ခုလုံးကိုပဲ့တင်ထပ်သွားစေတယ် …

Lion အစစ်သာဆိုလျှင် သေစေနိုင်တဲ့နေရာ တစ်နေရာကိုရွေးပြစ်ပြီး အသံတစ်စမှပင်ထွက်ခွင့်ပြုမည်မဟုတ်ချေ … Lion အတုက ထိုမျှလောက်နဲ့ရပ်မသွားသေး … သူ့ရဲ့သေနတ်ကို အန်းဂါးလ်ထံချိန်ရွယ်လိုက်လေတယ်  … စောတုန်းက ကြောက်မက်ဖွယ်ရာကောင်းအောင် ပြုံးနေတဲ့သူက ခုတော့ ရူးမတတ်ကြောက်ချင်ဟန်ဆောင်နေပုံမှာ အကယ်ဒမီပင်ရထိုက်တယ်  …

" မင်းတို့သခင်မသေစေချင်ရင် ခုချက်ချင်း လက်နတ်ချပြီး ဒူးထောက်စမ်း "

အရာရှိအဖွဲ့က ဒူးမထောက်ပေမဲ့ သူတို့လက်နတ်တွေကိုရုတ်သိမ်းလိုက်တယ် … ထိုအခြေအနေအမှန်သည်ကို သိနေသူက ရှုယွမ်နဲ့ ယာရှာပင် … သူတို့ ၂ ယောက်လုံး ဒီလူက ဖန်းဂူမဟုတ်မှန်း သိနေကြတယ် … ပတ်ဒိုမင်းကလဲ အလျော့ပေးမဲ့လူမျိုးမဟုတ်၍ သူ့ရဲ့သေနတ်ကို တင်းကြပ်အောင်ကိုင်ထားပြီး ချိန်ရွယ်ထားလေတယ် …

" ဟိုအဖိုကြီး … ခများလက်နတ်မချသေးဘူးလား "

Lion အတုက ဒိုမင်းအားစိုက်ကြည့်ကာမေးလိုက်ခြင်းဖြစ်တယ် … တော်တော်များများက လက်နတ်ချထားကြပြီး Lionရဲ့လူတွေဝန်းရံခြင်းကိုခံလိုက်ရတယ် … အရာရှိတွေနဲ့သူတို့ရဲ့တပ်ဖွဲ့တွေသာ သေနတ်ကိုယ်ဆီကိုင်လျှက် ကျန်နေခြင်းဖြစ်တယ်  …

" မင်းတို့က ဘာကြောင့်ခေါင်းမာနေရတာလဲ …

ဒီအခြေအနေက ဘယ်သူကသာနေလဲဆိုတာ မသိဘူးလား …

ကောင်းပြီဒီလိုဆိုတော့လဲ ပွဲစကြတာပေါ့ …

ကောင်းလေးတို့ မင်းတို့ဘယ်သူ့ဘက်ကနေ ဝင်ပါချင်လဲ "

သူ့ရဲ့အမေးအဆုံး၌ လူတွေက သူတို့ထံလှည့်လာကြပြီး ဒူးထောက်နေတဲ့လူအားလုံးကလဲ အရာရှိတွေထံချိန်ရွယ်လာကြတယ် …

မာဖီးယားဂိုဏ်းပေါက်စလေးတွေက ခုချိန်မှာ သူတို့နဲ့တ့်ကျင်လက် အရာရှိတွေကိုမရွေးတော့ပဲ အင်အားကြီးတဲ့ Lion ကိုပဲရွေးချယ်သွားကြတယ် …

" မင်းတို့သခင် အန်းဂါးလ်ကိုကယ်ချင်ရင် အဲ့ဒိအရာရှိတွေအားလုံးကိုသတ်လိုက် "

ထောင်ခြောက်ဆိုတာသေခြာသွားပြီ … အရာအားလုံးက အစကတည်းကစီးစဉ်ပြီးသား … ရှုယွမ်က အလောတကြီးအော်ကာသတိပေးလိုက်တယ် …

" အားလုံးသတိထားကွ …

ဒီနေရာက အရာရှိအဖွဲ့ကလွဲပြီး ကျန်တဲ့သူတွေက တစ်ဖွဲ့တည်းပဲ "

" ဟား … မင်းကသိပ်ကို ပါးလစ်တာပဲ …

သိပြီဆိုတော့လဲ ဘာကိုစောင့်နေရမှာလဲ …

တိုက်ပွဲစကြတာပေါ့ "

Lion အတုက သူ့လူတွေကို စတင်ဖို့ပြောလိုက်တဲ့အခါ ရန်သူရဲ့အင်အားက အရာရှိတွေရဲ့ ၂ လောက်ရှိနေ၍ မမျှတတဲ့ထိုပွဲဟာ သွေးသံရဲရဲနဲ့ လရောင်အောက်မှာ စတင်လေတော့တယ် … ဒါပေမဲ့ ပြစ်ရည်ခပ်ရည်မှာ အရာရှိတွေက တစ်ပန်းသာနေ၍ လူအင်အား ဘယ်လောက်များနေပါစေ သိမ်းရှောင်နိုင်ပြီး ထိုပွဲကပို၍ စိတ်ဝင်စားဖို့ကောင်းလာလေတယ် …

အန်းဂါးလ်းက ခုချိန်မှာ သူ့ကိုယ်ပေါ်ကကြိုတွေပြေသွားပြီဖြစ်၍ ထိုနေရာမှရှိမနေတော့ပေ … တောစပ်တစ်နေရာကနေ တိုက်ပွဲကိုကြည့်နေလေတယ် … Lion အတုက ပျင်းရိလေးလံစွာ ရပ်နေရင်းမှ သူ့ထံရောက်လာသည့် အရာရှိအဖွဲ့ကိုရွေကာပြစ်နေတယ်  … ခုဆို သူ့လက်နဲ့သေသူ ၅ ယောက်ခန့်မျှရှိနေခြေပြီ …

ယာရှာက အနက်ဝတ်နဲ့လူတွေကိုတစ်လှည့် မာဖီးယားဂိုဏ်းငယ်တွေကိုတလှည့်ပြစ်နေရင်း ဆုန်းချူကိုပါ ကာကွယ်နေရတာမို့ သူမအစွမ်းစအားလုံးကို သုံးမရပေ … ဂျိုးလ် ပတ်ဒိုမင်းနဲ့ ရှုယွမ်က သက်ညီလက်ညီစွာပစ်ခပ်နေကြပြီး ပြစ်ခပ်ပေမဲ့လဲ တဖက်က အင်အားကြီးလွန်းတာမို့ တဖြေးဖြေး တောစပ်သို့ ဆုတ်ခွာလာခဲ့ရလေတယ် …

" ရှုယွမ်  … ဆုန်းချူကိုခေါ်ပြီးသွားတော့ "

" မဖြစ်ဘူး … ကျွန်တော်သွားရင် အင်အားလျော့သွားလိမ့်မယ် "

ပတ်ဒိုမင်းက သမီးဇောနဲ့ပူလောင်နေပြီး သူ့ရဲ့သမီးကိုကာကွယ်ပေးကာ တက်ညီလက်ညီတိုက်ခိုက်နေတဲ့ ယာရှာနဲ့ဆုန်းချူကိုမြင်တော့မှ သူသက်ပြင်းချလိုက်နိုင်တယ် … တကယ်တော့ သူ့ရဲ့သမီးချောလေးက ခုလိုတိုက်ခိုက်နေရတာကို ပျော်နေလေရဲ့ …

အရာရှိအဖွဲ့ရဲ့တစ်ဝက်ခန့်က Lion အတုရဲ့လူတွေကြောင့်ကျရှုံးသွားလေတယ် … တောစပ်ဘက်ရောက်လာပေမဲ့ ထွက်ပြေးလို့မရအောင် ဝိုင်းထားကြတယ် … ဒီအခြေအနေက အရာရှိအားလုံးဟာ အဝိုင်းခံနေရပြီး လွတ်မြောက်ရန် လမ်းမရှိတော့ခြေ …

ထိုစဉ် တောအုပ်ဘက်မှ ဝုန်းဆိုသောအသံနှင့်အတူ အနက်ရောင်အရိပ်မဲကြီးက သစ်ပင်မြင့်တစ်ခုပေါ်ကနေ ဆက်ဝိုင်းရဲ့အလယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့တယ် …

သူ့ရဲ့ကိုယ်ပေါ်ကဝတ်ရုံက လေမှာလွင့်ပျံနေပြီး ကျောထက်က ခြင်္သေ့ခေါင်းက လရောင်အောက်မှာ မန်ဖီးလျှက် တည်ငြိမ်စွာရပ်နေတယ် … သူရဲ့မျက်နှာကိုမမြင်နိုင်ပေမဲ့ ရက်စက်ကြမ်းကြုတ်စွာ မာန်ဖီးနေတဲ့အရိပ်အရောင်တွေကိုမြင်နေရတယ် …

ထိုအချိန်အခါ၌ လူတွေအားလုံး ရပ်တန့်ကုန်ကြပြီး စစ်တိုက်ရန်ပင်မေ့လျော့သွားကာ တစ်ယောက်တစ်ပေါက်ပြောနေလေတော့တယ် …

" Lion က ၂ ယောက်လား "

" ဘယ်သူက Lion အစစ်လဲ …

သူတို့ ၂ ယောက်က ဘာကြောင့်ခွဲမရအောင်တူနေတာလဲ "

" နောက်ရောက်လာတဲ့ Lion က ပိုကြောက်ဖို့ကောင်းတယ် …

သူ့မျက်နှာကိုမမြင်ရတာတောင် သူ့အကြည့်တွေကြောင့် အေးခဲမတတ်ချမ်းလာသလိုပဲ  "

" ဒါဆို စစ်တပ်နဲ့ပူးပေါင်းနေတဲ့ Lion က ဘယ်သူလဲ …

ဘယ်ယာကမှ တောဘုရင် Lion အစစ်လဲ "

မဖြေမှန်ကိုသိနေတဲ့ယာရှာက ခေါင်းမော့ရင်ကော့ကာ သူ့သခင်ကဒါမှအစစ်ဘယ်လောက်တော်ပြီးထက်မြတ်ကြောင်းပြောချင်ပေမဲ့ သူမမျိုသိပ်ကာ သခင်ဘာလုပ်မလဲစောင့်ကြည့်နေလိုက်တယ် …

ရှန်ဖန်းဂူတောထဲဝင်လာပြီးကတည်းက သူ့ကိုများပြားလှတဲ့လူအုပ်တွေက တောက်လျှောက်လိုက်နှောက်ယှက်နေကြတာ မဆန်းတော့ပါဘူး … အရှေ့က သူအဖြစ်ဟန်ဆောင်ထားတဲ့လူကိုအမှုန်ကြိတ်ပြစ်ချင်ပေမဲ့ တစ်လမ်းလုံးတိုက်ခိုက်လာခြင်းကြောင့် သူ့ရဲ့ကိုယ်က အနည်းငယ်အားလျော့နေတယ် … သို့ပေမဲ့ ဖန်ဂူဘယ်တော့မှ သူများရှေ့မှာ အားနည်းတဲ့ပုံပြမှာမဟုတ်ဘူး …

Lion အတုရဲ့လူတွေအားလုံးက နောက်ရောက်လာတဲ့ Lion ရဲ့အေးဆက်ဆက်အငွှေ့အသက်တွေကြောင့် အလိုလိုအနောက်သို့ဆုတ်ခွာသွားလေတယ် … ထိုအရာကိုမြင်ရတော့ Lion အတုကငြိမ်မနေတော့ပဲ ရှေ့ထွက်လာပြီး …

" မင်းကဘယ်သူလဲ …

မင်းကိုမင် ဘာထင်နေတာလဲ … ဟက် …

ဒီပွဲကို Lion ပါဝင်မယ်ဆိုတိုင်း မင်းကိုယ်မင်း ဟန်ဆောင်ပြီး လာရဲတယ်ပေါ့ … သေချင်နေပြီလား "

ဒါပေမဲ့ သူပြောချင်တာက ' မင်းဘာကြောင့် မသေသေးတာလဲဟူ၍ ' သို့ပေမဲ့ သူ့အလိမ်တွေပေါ်မည်စိုး၍ အားလုံးအရှေ့မှာ ဟန်ဆောင်ကာပြောမေခြင်းပင် …

ဖန်းဂူက ထိုလူစကားအဆုံး၌ အေးဆက်စွာဖြင့် တစ်ခွန်းထည်းသာပြောလိုက်တယ် …

" မင်းက Lion ကိုလာစွတော့ ငါမင်းကိုငရဲပို့ပေးရမှာပေါ့ "

ဖန်းဂူက Lion ဆိုသူကို စတင်တိုက်ခိုက်ရန်ပြင်တော့ Lion ရဲ့တပည့်တွေက ရှေ့ထွက်လာပြီး ဖန်းဂူနဲ့တိုက်လိုက်ကြလေတယ် … ဒီပွဲက ရဲတွေပါဝင်စရာမလို၍ ရှုယွမ်တို့အုပ်စုက အနောက်သို့ဆုတ်ခွာကာ ရှောင်ဖယ်နေကြတယ် …

အန်းဂါးလ်က သူ့ရဲ့အစီအစဉ်တွေပျက်သုန်းသွားပြီဆိုတော့ သူလုပ်တာတွေအားလုံးသိမည်ဆို၍ ထွက်ပြေးလာသည့်ဟန်ဆောင်ကာ ဂျိုးလ်တို့ရပ်နေတဲ့နေရာသို့ပြေးသွားလေတယ် … ဂျိုးလ်က ထိုအရာအားလုံး Lion လုပ်တာလို့ပဲထင်းပြီး အန်းဂါးလ်အပေါ်သံသယမဝင်ပေ …

" Mr.အန်းဂါးလ် … အဆင်ပြေရဲ့လား "

" ရ … ရပါတယ် Mr.ဂျိုးလ် …

ကျွန်တော့ရဲ့ပေါ့စမှုကြောင့်ပါ ခများတို့ကိုပါ ဒုက္ခရောက်စေမိပြီ "

" မလိုပါဘူး … အမဲလိုက်ပွဲရဲ့သဘာဝပဲ "

အရှေ့ကပွဲကကောင်းနေပြီမို့ ဂျိုးလ်က စကားကိုမြန်မြန်ရပ်လိုက်ပြီ Lion ၂ ယောက်ရဲ့တိုက်ပွဲကို ဆက်ကြည့်နေလိုက်တယ် … Lion အတုရဲ့ရာကျော်တဲ့တပ်ကြီးက ဖန်းဂူလက်အောက်မှာပဲအသုန်းအရုန်းလဲကျကုန်တယ် … မာဖီးယားဂိုဏ်းငယ်လေးတွေက Lion ၂ ယောက်ကိုမြင်ကတည်းက ကြောက်လန့်ကာ ထွက်ပြေးကုန်ကြတယ် …

ခုချိန်မှာ ဖန်းဂူဘေးမှာ လူ ၁၀ ဦးခန့်နဲ့ Lion အတုသာကျန်ရှိနေတော့တယ် … ထိုစဉ်ရှုယွမ်တို့ရပ်နေတဲ့ တောအုပ်ရဲ့ဆန့်ကျင်ဘက်၌ လူ ၂ ယောက်ပေါ်လာပြီး ထိုထဲကတစ်ယောက်က သူ့သခင်ဒုက္ခရောက်နေတာကိုမြင်တော့ အမြန်ဝင်လာပြီး တိုက်ခိုက်လေတော့တယ် …

သူထင်မထားတာက သူ့ရဲ့သခင်က ၂ ယောက်ဖြစ်နေလိမ့်မယ်လို့ … ချူးရှန့်ဘယ်လောက်ပင် ဖန်းဂူကိုသိနေပါစေ ဒီအခြေအနေကတော့ ဝေခွဲရခက်လွန်းတယ် … ၂ ယောက်လုံးကသူ့ကိုစိုက်ကြည့်နေပြီး ဘယ့်ဘက်က ကာကွယ်ရမှန်းမသိ ချူးရှန့်ဝေခွဲရခက်သွားတယ် …

ဖန်းဂူကလဲ ချူးရှန့်ရဲ့အကူအညီကိုမလိုအပ်၍ အကူအညီတောင်းချင်ဟန်မပေါ်သလို တဖက်က Lion ကိုသာဖော်ထုတ်ရန် စိတ်အားထက်သန်နေတယ် …

ထိုစဉ် Lion အတုက တောအုပ်တစ်နေရာမှာရပ်နေတဲ့ကောင်လေးကိုတွေ့သွားပြီး အမြန်ပဲဖမ်းခေါ်လာခဲ့တယ် … သူကဘယ်သူလဲဆိုတာ ချူးရှန့်သိတာမို့ သူ့ရဲ့မျက်နှာတစ်ခုလုံး ဖျော့တော့သွားလေတယ် …

" မင်းယွီ "

ထိုအခြေအနေက အဝေးလူအုပ်ကြီးမသိနိုင်ပေမဲ့ ထိုနာမ်စားကိုကြားလိုက်ရတဲ့ Lion  ၂ ယောက်က တိတ်ဆိတ်သွားလေတယ် … Lion အတုက မင်းယွီပခုံးကို တင်းကြပ်စွာကိုင်ထားပြီး အနားနားကပ်ကာ တိုးတိုးလေးပြောလိုက်တယ် …

" သူ့ကိုသတ်လိုက် … သူကဟန်ဆောင်ထားတာ …

ခုမင်းမသတ်ရင် သူကသတ်လိမ့်မယ် "

ခုချိန်မှာ မင်းယွီဘာကိုရွေးချယ်ရမှန်းမသိဘူး … သူသိတာတော့ ဒီထဲကတစ်ယောက်က ဖန်းဂူဖြစ်ပြီး တစ်ယောက်ကတော့ ဟန်ဆောင်ထားသူဆိုတာပဲ … အရှေ့က Lion က မလှုပ်မယှက်သူ့ကိုရပ်ကြည့်နေတယ် … အနောက်က Lion က သူ့ကိုပြစ်ဖို့တွန်းအားပေးနေတယ် …

မင်းယွီစိတ်လှုပ်ရှားနေ၍ သူ့ရဲ့လက်ကတုန်နေပြီး အမှားကိုရွေးချယ်မိမှာ သေအောင်ကြောက်နေမိတယ် …

" မင်းမပြစ်ဘူးလား … ကိုသေတာမြင်ချင်လို့လား …

ဒီပွဲက ကိုသေရင်သေမဟုတ်ရင်သူသေရမှာ …

မင်းမပြစ်ရင် သူကကို့ကိုပြစ်တော့မှာ "

ထိုလူအသံတွေထဲမှာ ကြောက်စိတ်နည်းနည်းလေးမှမပါမှန်းမင်းယွီသိတယ် … သိုပေမဲ့ သူပြောသလို တစ်စုံတစ်ယောက်ကသေမှာဆို အဲ့ဒိလူက ဖန်းဂူဖြစ်နေမှာကြောက်မိတယ် …

မင်းယွီအသက်ကိုအနည်းငယ်ရှူထုတ်လိုက်ပြီး မျက်လုံးကိုဖြေးညှင်းစွာဖွင့်ကာ တိုးတိုးလေးပြောလိုက်တယ် …

" ဒါ … ဒါဆို ကျွန်တော် ရှေ့တိုးပြစ်လို့ရလားဟင် …

သူ့နှလုံးသားကို မှန်အောင်ပြစ်ချင်တယ် "

Lion အတုက ဖန်းဂူ မင်းယွီကိုတိုက်ခိုက်မှာမဟုတ်မှန်းသိနေ၍ ခုမင်းယွီက သူကိုဖန်းဂူလို့ယုံကြည်ပြီး သူ့လက်နဲ့ကိုယ်တိုင်သတ်တော့မယ်ဆိုတာသိလိုက်ရတော့ မင်းယွီကိုကိုင်ထားတဲ့သူ့လက်တွေကိုလွှတ်ပေးလိုက်တယ် …

ထိုလူလက်ကနေ မင်းယွီလွတ်ပြီဆိုတာနဲ့ အရှေ့သို့ သုံးလေးလှမ်းမျှ သွားလိုက်ပြီးနောက် သူ့လက်ကိုရှေ့တည့်တည့်သို့ဆန့်ထုတ်လိုက်တယ် …

ကြည့်နေတဲ့လူတွေအားလုံးကလဲ သူ့ကိုချိန်ရွယ်ထားတာတောင် ဘာမှပြန်မလုပ်တဲ့ Lion ကိုကြည့်ပြီး အံ့အားသင့်နေကြလေတယ် … အနောက်က Lion အတုက ခပ်ဟဟရယ်လိုက်ပြီး လှပတဲ့မြင်ကွင်းလေးကို ကြည့်ရတော့မယ်ထင်မိပေမဲ့ ထိုချိန်ရွယ်ထားတဲ့သေနတ်က သူ့ထံဦးလှည့်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ …

" ဒိုင်း "

မင်းယွီကိုယ်ကအနောက်သို့ပြန်လှည့်လာပြီးနောက် Lion ကိုပြစ်လိုက်တဲ့ ကျည်က သတိမမူမိတဲ့ Lion အတုရဲ့ လက်မောင်းထံဖောက်ဝင်သွားပြီး သူ့လက်ထဲက သေနတ်ပင်အောက်သို့ ပြုတ်ကျသွားလေတယ် …

" ချီးပဲ ! မင်းတို့ ငါနဲ့ပြန်တွေ့မယ် …

စောင့်နေလိုက် "

သူမနိုင်မှန်းသိသွားတော့ မြန်ဆန်သောအရှိန်နဲ့ Lion အတုက တောအုပ်ထဲသို့ပြေးဝင်ကာ ပျောက်ကွယ်သွားလေတော့တယ် …

မင်းယွီနှလုံးအိမ်တွေက လှုပ်ခါနေပြီး ကြောက်လန့်လွန်း၍ သူ့ရဲ့ကိုယ်လေးက ယိုင်နဲ့သွားတော့ အနောက်ကနေတစ်စုံတစ်ယောက်က သူ့ကို လှမ်ထိန်းပေးထားလေတယ် …

" အဆင်ပြေရဲ့လား … မင်းယွီ "

" ဟင် … ရှန် … ရှန်ဖန်းဂူ … အဟင့် "

မင်းယွီမအောင့်အီးနိုင်တော့ပဲ ငိုချကာ ထိုလူအား ပခုံးကနေ ဖက်သွယ်လိုက်လေတယ် … ဖန်းဂူက မင်းယွီကျောလေးကို ပွတ်သပ်ပေးပြီး …

" ကောင်းတယ် … မင်းလုပ်တာတော်တယ် …

ရန်သူကိုလှည့်စားတာ အောင်မြင်သွားပြီ "

" ကျွန်တော်ကြောက်တယ် …

ခ … ခများကိုပြစ်မိမှာ ဘယ်လောက်ကြောက်နေလဲသိရဲ့လား …

အဲ့ဒိလူက ခများဖြစ်နေရင်ဘယ်လိုလုပ်မလဲ …

ကျွန်တော့ကို ဘာကြောင့်အသံလေးတောင်မပေးရတာလဲ "

" ကိုကမင်းကို လေ့ကျင့်ပေးနေတာ …

ဒီလိုပွဲမှာ မင်းမှန်မှန်ကန်ကန်ရွေးချယ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် "

" အဟင့် … ကျွန်တော် ကြောက်တယ် …

နောက်မလုပ်ပါနဲ့တော့ …

အဲ့လိုတွေထပ်မလုပ်နဲ့တော့ "

" အရမ်းကြောက်နေလား "

" အင်း "

" ကို့ကိုစိတ်ပူလား "

" ဟင် "

ဖန်းဂူက သူ့ဖခုံးပေါ်က မင်းယွီခေါင်းလေးကိုထောင်လိုက်ပြီး သူ့မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်လိုက်တယ် … လူတွေကိုကျောပေးထား၍ ဘယ်သူမှမမြင်နိုင်ပေမဲ့ လရောင်ရဲ့အလင်းရောင်ကြောင့် မင်းယွီကတော့ ကောင်းစွာမြင်နေရတယ် …

ဖန်းဂူရဲ့မျက်နှာက တောက်ပနေပြီး မျက်ဝန်းတွေက စူးရှလျှက် …

" မင်းယွီ … အရမ်းကြောက်နေရင် ကိုမကြောက်အောင်လုပ်ပေးမယ် …

ဒီနေ့မင်းအရမ်းတော်လို့ ကိုမင်းကိုဆုချချင်တယ် "

ဖန်းဂူရဲ့မျက်နှာက တဖြေးဖြေးအနားတို့ တိုးကပ်လာခြင်းကြောင့် မင်းယွီတစ်ကိုယ်လုံးတောင့်ခဲ့သွားလေတယ် … လေပူတွေက သူ့ရဲ့မျက်နှာပေါ်ရိုက်ခပ်နေပြီး နုအိနဲ့နှုတ်ခမ်းသားလေးက သူ့ရဲ့နှုတ်ခမ်းတွေကို သိမ်ပိုက်လိုက်တယ် …

ပထမဆုံးအနမ်းမဟုတ်ပေမဲ့ ရုတ်တရပ်လာနမ်းခြင်းကြောင့် မင်းယွီအသက်ရှူများပင်ရပ်တန့်သွားလေတယ် … ဖန်းဂူက ထိုမျှနှင့်အားမရနိုင်ပဲ မင်းယွီကိုယ်လေးကို ထွေးပွေ့လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းသားတွေက ပို၍ မြန်ဆန်စွာ နမ်းရှုတ်နေလေတော့တယ် …

" သ … သခင် "

ချူးရှန့် အလန့်တကြားခေါ်လိုက်တော့ ဖန်းဂူဒေါသကြီးနဲ့ မျက်စောင်းထိုးကြည့်လိုက်ပြီး …

" မင်း … အလိုက်ကမ်းဆိုးမသိဘူးလား "

ချူးရှန့်က ဖန်းဂူကိုကြောက်ပေမဲ့ ဒီအချိန်ကအရေးကြီးတာမို့ မြန်မြန်ပဲပြောလိုက်တယ် …

" ကျွန်တော်တို့ ဒီနေရာက အဲ့ဒါလုပ်နေဖို့အချိန်ကောင်းမဟုတ်ဘူး …

လူအုပ်ကြီးကျွန်တော်တို့ဘက်လာနေပြီ …

ပြီးတော့ နေမထွက်ခင်လုပ်စရာတစ်ခုရှိသေးတယ် …

ကျွန်တော်တို့ ပင်လယ်ဘက်ကိုအမြန်သွားမှဖြစ်မယ် "

ထိုအခါမှ ဖန်းဂူ မျက်နှာတည်ငြိမ်လျှက် …

" ကောင်းပြီ … အရာအားလုံးကိုအဆုံးသပ်ဖို့လိုပြီ "

သူကမင်းယွီကိုလေးနက်စွာကြည့်လိုက်ပြီး …

" ကိုမင်းကို စိတ်ဝင်စားစရာကောင်းတဲ့ Show လေးတစ်ခုပြမယ် … ကြည့်ချင်လား "

ဘာကြောင့်မှန်းမသိမင်းယွီရင်တွေတုန်သွားတယ် … ဒီနေရာမှ Show ဆိုတာက လူတစ်ယောက်ရဲ့အသက်ကလွဲပြီး မရှိနိုင်တော့ဘူး …

.

.

.

.

( ကဲ မနက်ဖြန် အန်းမင်းသမီးလေးကို RIP ကြမယ်နော် 🙆‍♀️

ဒီနေ့ရေးရတာသိပ်အဆင်မပြေဘူး … ဖတ်ရတာကောင်းရဲ့လားမသိပေမဲ့ ဆက်ပြီးအားပေးအုံးနော်  … ဒါဒါလေးတွေရဲ့ Starနဲ့ fbလေးတွေမျှော်နေမယ် 🥰 )

#Unicode

" ဒိုင်း "






" မင်းအဆင်ပြေလား "


" ငါတောင်းပန်ပါတယ် …








" ဒီဆေးရည်က သွေးအမြနျတိပျသလို ဒါဏ်ရာကကျြတာလဲမြန်တယ် "






" အကိုဆေးထည့်ပေးမယ် "





" အ့ … အား …

အကို ဘာတွေပြောနေတာလဲ "












စိတ်ထဲမထားနေနဲ့ "







ငါတောင်းပန်ပါတယ် "




ဘဝကတိုက်ပွဲလိုပဲ …







" ဘယ်ကိုလဲ "




ငါကဒီနယ်ရဲ့သခင်မ …












*

*

*

*


















































" Lion ကိုအလွတ်မပေးနဲ့ …




" ဟုတ်တယ် … တင်ပြရမယ် …


















" အားလုံးသတိထားကွ …




တိုက်ပွဲစကြတာပေါ့ "









သူ့ရဲ့ကိုယ်ပေါ်ကဝတ်ရုံက လေမှာလွင့်ပျံနေပြီး ကျောထက်က ခွင်ျသခေ့ေါင်းက လရောင်အောက်မှာ မန်ဖီးလျှက် တည်ငြိမ်စွာရပ်နေတယ် … သူရဲ့မျက်နှာကိုမမြင်နိုင်ပေမဲ့ ရက်စက်ကြမ်းကြုတ်စွာ မာန်ဖီးနေတဲ့အရိပ်အရောင်တွေကိုမြင်နေရတယ် …


" Lion က ၂ ယောက်လား "

" ဘယ်သူက Lion အစစ်လဲ …









" မင်းကဘယ်သူလဲ …









" ရ … ရပါတယ် Mr.ဂျိုးလ် …








" မင်းယွီ "
















" ဒိုင်း "



စောင့်နေလိုက် "








" ကျွန်တော်ကြောက်တယ် …







နောက်မလုပ်ပါနဲ့တော့ …


" အရမ်းကြောက်နေလား "

" အင်း "

" ကို့ကိုစိတ်ပူလား "

" ဟင် "







" သ … သခင် "













.

.

.

.



Continue Reading

You'll Also Like

1.2M 51.3K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 33.7K 50
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
763K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
338K 26.8K 29
Mini Story Uni Life Style Sweet Romance