[ᴄᴏᴍᴘʟᴇᴛᴇᴅ]➊.ဇာတ္လိုက္ကိုေရွာ...

By busy_pisi

3.3M 355K 13.1K

I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳ... More

နိဒါန္း [ နိဒါန်း ]
.. ၁ ..
.. ၂ ..
.. ၃ ..
.. ၄ ..
.. ၅ ..
.. ၆ ..
.. ၇ ..
.. ၈ ..
.. ၉ ..
.. ၁၀ ..
.. ၁၁ ..
.. ၁၂ ..
.. ၁၃ ..
.. ၁၄ ..
.. ၁၅ ..
.. ၁၆ ..
.. ၁၇ ..
.. ၁၈ ..
.. ၁၉ ..
.. ၂၀ ..
.. ၂၁ ..
.. ၂၂ ..
.. ၂၃ ..
.. ၂၄ ..
.. ၂၅ ..
.. ၂၆ ..
.. ၂၇ ..
.. ၂၈ ..
.. ၂၉ ..
.. ၃၀ ..
.. ၃၁ ..
.. ၃၂ ..
.. ၃၃ ..
.. ၃၄ ..
.. ၃၅ ..
.. ၃၆ ..
.. ၃၇ ..
.. ၃၈ ..
.. ၃၉ ..
.. ၄၀ ..
.. ၄၁ ..
.. ၄၂ ..
.. ၄၃ ..
.. ၄၄ ..
.. ၄၅ ..
.. ၄၆ ..
.. ၄၇ ..
.. ၄၈ ..
.. ၄၉ ..
.. ၅၀ ..
.. ၅၁ ..
.. ၅၂ ..
.. ၅၃ ..
.. ၅၄ ..
.. ၅၅ ..
.. ၅၆ ..
.. ၅၇ ..
.. ၅၈ ..
.. ၅၉ ..
.. ၆၀ ..
.. ၆၁ ..
.. ၆၂ ..
.. ၆၃ ..
.. ၆၄ ..
.. ၆၅ ..
.. ၆၆ ..
.. ၆၇ ..
.. ၆၈ ..
.. ၆၉ ..
.. ၇၀ ..
.. ၇၁ ..
.. ၇၂ ..
.. ၇၃ ..
.. ၇၄ ..
.. ၇၅ ..
.. ၇၆ ..
.. ၇၇ ..
.. ၇၈ ..
.. ၇၉ ..
.. ၈၀ ..
.. ၈၁ ..
.. ၈၂ ..
.. ၈၃ ..
.. ၈၄ ..
.. ၈၅ ..
.. ၈၆ ..
.. ၈၇ ..
.. ၈၈ ..
.. ၈၉ ..
.. ၉၀ ..
.. ၉၁ ..
.. ၉၂ ..
.. ၉၃ ..
.. ၉၄ ..
.. ၉၅ ..
.. ၉၆ ..
.. ၉၇ ..
.. ၉၈ ..
.. ၉၉ ..
.. ၁၀၀ ..
.. ၁၀၁ ..
.. ၁၀၂ ..
.. ၁၀၃ ..
.. ၁၀၄ ..
.. ၁၀၅ ..
.. ၁၀၆ ..
.. ၁၀၇ ..
.. ၁၀၈ ..
.. ၁၀၉ ..
.. ၁၁၀ ..
.. ၁၁၁ ..
.. ၁၁၂ ..
.. ၁၁၃ ..
.. ၁၁၄ ..
.. ၁၁၅ ..
.. ၁၁၆ ..
.. ၁၁၇ ..
.. ၁၁၈ ..
.. ၁၁၉ ..
.. ၁၂၀ ..
.. ၁၂၁ ..
.. ၁၂၂ ..
.. ၁၂၃ ..
.. ၁၂၄ ..
.. ၁၂၅ ..
.. ၁၂၆ ..
.. ၁၂၇ ..
.. ၁၂၈ ..
.. ၁၂၉ ..
.. ၁၃၀ ..
.. ၁၃၁ ..
.. ၁၃၂ ..
.. ၁၃၃ ..
.. ၁၃၄ ..
.. ၁၃၅ ..
.. ၁၃၆ ..
.. ၁၃၇ ..
.. ၁၃၈ ..
.. ၁၄၀ ..
.. ၁၄၁ ..
.. ၁၄၂ ..
.. ၁၄၃ ..
.. ၁၄၄ ..
.. ၁၄၅ ..
.. ၁၄၆ ..
.. ၁၄၇ ..
.. ၁၄၈ ..
.. ၁၄၉ ..
.. ၁၅၀ ..
.. ၁၅၁ ..
.. ၁၅၂ ..
.. ၁၅၃ ..
.. ၁၅၄ ..
.. ၁၅၅ ..
.. ၁၅၆ ..
.. ၁၅၇ ..
.. ၁၅၈ ..
.. ၁၅၉ ..
.. ၁၆၀ ..
.. ၁၆၁ ..
.. ၁၆၂ ..
.. ၁၆၃ ..
.. ၁၆၄ ..
.. ၁၆၅ ..
.. ၁၆၆ ..
.. ၁၆၇ ..
.. ၁၆၈ ..
.. ၁၆၉ ..
.. ၁၇၀ ..
.. ၁၇၁ ..
.. ၁၇၂ ..
.. ၁၇၃ ..
.. ၁၇၄ ..
.. ၁၇၅ ..
.. ၁၇၆ ..
.. ၁၇၇ ..
.. ၁၇၈ ..
.. ၁၇၉ ..
.. ၁၈၀ ..
.. ၁၈၁ ..
.. ၁၈၂ ..
.. ၁၈၃ ..
.. ၁၈၄ ..
.. ၁၈၅ ..
.. ၁၈၆ ..
.. ၁၈၇ ..
.. ၁၈၈ ..
.. ၁၈၉ ..
.. ၁၉၀ ..
.. ၁၉၁ ..
.. ၁၉၂ ..
.. ၁၉၃ ..
.. ၁၉၄ ..
.. ၁၉၅ ..
.. ၁၉၆ ..
.. ၁၉၇ ..
.. ၁၉၈ ..
.. ၁၉၉ ..

.. ၁၃၉ ..

12.8K 1.4K 92
By busy_pisi

《Zawgyi》

အပို္င္း - ၁၃၉
[ရွင့္ရဲ႕ တရားဝင္ ေကာင္မေလးထက္ေတာင္ ပိုေနတယ္ - ၁]

ကၽြမ္က်ဴးဟာ ခ်န္းစီႏ်န္အား ႏွစ္သစ္ကူးမွာ အျပင္သို႔ ေခၚထုတ္ဖို႔ရာ ရွံဳးနိမ့္သြားေၾကာင္း လက္မခံႏိုင္ေခ်။

ဒါေၾကာင့္မို႔ သူက ခ်န္းစီႏ်န္ကို ေႏွာင့္ယွက္ဖို႔ ဆက္ေခၚေန၏။
"ထြက္လာစမ္းပါ .. ငါတို႔ထရိမွာပါကြ!"

"မင္းရဲ႕ဇနီးက ဒီေန႔ မင္းနဲ႔အတူ မရွိေနပါဘူးကြာ! ေသာက္ဖို႔ ထြက္လာခဲ့!"

"ခ်န္းစီႏ်န္ ဒီေန႔ ငါရွင္းဖို႔ လံုလံုေလာက္ေလာက္ ပါပါတယ္ဆိုေန ... ငါတို႔နဲ႔ မာေက်ာက္လာကစားလွည့္!"

ခ်န္းစီႏ်န္က ဒီစကားေတြကိုၾကားေတာ့ ဖုန္းကိုေကာက္ကိုင္လ်က္ ခ်င္းစုယြဲ႕ဘက္သို႔ လွမ္းေမးလိုက္၏။
"ကၽြမ္က်ဴးက ကိုယ္တို႔ကို ပိုက္ဆံအလကားေပးေနတာ .. ကိုယ္တို႔ သူနဲ႔ သြားေတြ႕ၾကမလား?"

"ဘာရယ္?"
ခ်င္းစုယြဲ႕က မနက္ျဖန္ဆိုလၽွင္ Aၿမိဳ႕သို႔ ျပန္ေတာ့မွာပင္။ ကၽြမ္က်ဴးတစ္ေယာက္ အရင္တုန္းက သူမတို႔ႏွစ္ေယာက္ ရွိေနတုန္းကလည္း ခ်န္းစီႏ်န္ကို လာဖို႔ေခၚခဲ့ၿပီး အခုဒီေန႔လည္း ငါတို႔ရဲ႕ အခ်ိန္အကန္႔အသတ္ေလးမွာ လာခဲ့ဖို႔ ေျပာေနေသးတယ္လား?

ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္ဘက္သို႔ ေခါင္းေလးတိမ္း၍ အကဲခတ္ၾကည့္သည္။ အမည္းေရာင္မွန္ခ်ပ္ကို ျဖတ္သန္း၍ ျဖာက်ေနေသာ ေနေရာင္ျခည္ေဖ်ာ့ေဖ်ာ့ဟာ ခ်န္းစီႏ်န္အား ေႏြးေထြးေတာက္ပေနေစ၏။

ခ်န္းစီႏ်န္ရဲ႕ အၾကည့္ကေတာ့ ခ်င္းစုယြဲ႕ရဲ႕ ၾကည္လင္ရွင္းသန္႔ၿပီး မိတ္ကပ္မလိမ္းျခယ္ထားသည့္ မ်က္ႏွာေလးေပၚ က်ေရာက္လို႔ေနၿပီး သူမရဲ႕ ႏွင္းဆီေသြးေရာင္ ႏႈတ္ခမ္းပါးေလး လႈပ္ရွားလာသည္ကိုသာ စိုက္ၾကည့္ေနသည္။
"ခ်န္းစီႏ်န္ ... ရွင့္ရဲ႕ကၽြမ္က်ဴးက ရွင့္ကို အေတာ္ေလး တြယ္ကပ္ရတာကို သေဘာက်တယ္ဆိုတာ သေဘာေပါက္သြားၿပီ! သူက ရွင့္ရဲ႕ တရားဝင္ ေကာင္မေလး ကၽြန္မထက္ေတာင္မွ ပိုတြယ္ကပ္သလားလို႔"
ေျပာလို႔ၿပီးသြားေတာ့ သူမက ခ်န္းစီႏ်န္ဘက္သို႔ မ်က္ဝန္းေတြ ေမွးက်ဥ္းလ်က္ ေျပာေလသည္။
"ရွင္တုိ႔ႏွစ္ေယာက္က........"

ခ်န္းစီႏ်န္ရဲ႕ မ်က္ႏွာက မည္းေမွာင္သြားတာကို ေတြ႕လိုက္ရေတာ့ သူမရဲ႕ စကားမွာ တဝက္တပ်က္တြင္ပင္ ရပ္သြားၿပီး အလ်င္အျမန္ ျပန္ျပင္ေျပာလိုက္ရ၏။
"အို မဟုတ္ဘူး ... ကၽြမ္က်ဴးကမ်ား ရွင့္အေပၚ ခံစားခ်က္ေတြ ရွိေနတာလား....."

ခ်န္းစီႏ်န္က သူမအား စူးရဲစြာၾကည့္လ်က္ ရင္ခြင္ထဲမွာ ဆြဲေပြ႕ထားလိုက္ၿပီး ျပံဳးသည္။
"မင္းရဲ႕ေကာင္ေလးမွာ ဘာျပႆနာမွ မရွိဘူးဆိုတာကို သက္ေသျပေပးဖို႔ လိုေသးလား?"
သူက ေျပာေျပာဆိုဆိုႏွင့္ ေခါင္းကိုငံု႔လ်က္ ခ်င္းစုယြဲ႕ရဲ႕ လည္ပင္းအား ျပင္းထန္စြာ စုပ္ယူလိုက္၏။

ခ်င္းစုယြဲ႕ခမ်ာ သူ႔ကို အျပင္းအထန္ တြန္းထုတ္လိုက္ရသည္။
"ဟင့္အင္း .. မလိုပါဘူး ... ကၽြန္မမွားသြားတာပါ .. ကၽြန္မက ေနာက္တာပါ ဟုတ္ၿပီလား!?" သူမမွာ ေခါင္းကိုငံု႔လ်က္ ေကာ္လာကို အလ်င္အျမန္ ျပန္ျပင္လိုက္ရသည္။

ခ်န္းစီႏ်န္က သူမကို လႊတ္ေပးလိုက္ေပမယ့္ သူမရဲ႕လက္ေလးကိုေတာ့ သူ႔ညာဖက္လက္ႏွင့္ ဆုပ္ကိုင္ထားျမဲပင္။ သူက ပ်င္းတိပ်င္းရြဲဆို၏။
"သူက မင္းအေၾကာင္းကို စိတ္ဝင္စားေနတာ ျဖစ္ႏိုင္တယ္"

ခ်င္းစုယြဲ႕က နားမလည္ေပ။
"ကၽြန္မက သူ႔ကို တစ္ခါေလးပဲ ေတြ႕ဖူးတာေလ .. သူက ဘာကို စိတ္ဝင္စားတာလဲ?"

ခ်န္းစီႏ်န္က ေအးေဆးစြာပင္ ျပန္ေျဖ၏။
"မင္းတုိ႔က တစ္ႀကိမ္ပဲ ဆံုဖူးၾကေသးတာမလို႔ သူက စိတ္ဝင္စားေနတာ"

ခ်င္းစုယြဲ႕ ေတြးၾကည့္လိုက္ေတာ့ ကၽြမ္က်ဴး အသည္းအသန္ စိတ္ဝင္စားေနသည္မွာ ခ်န္းစီႏ်န္ေၾကာင့္ပဲ ျဖစ္ႏိုင္သည္ဆိုတာပင္ ေနာက္ဆံုး ေရာက္ရွိလာသည္။

ထိုအေတြးေၾကာင့္ သူမက ရယ္ဟဟ ေျပာ၏။
"ကၽြန္မတို႔ ဒီည သြားၾကရင္ေရာ ဘယ္လိုလဲ?"

သူမက ေစာဒက မတက္သည္ကို ေတြ႕ေတာ့ ခ်န္းစီႏ်န္ကလည္း သေဘာတူလိုက္သည္။ ဒါေပမယ့္ သူက ကၽြမ္က်ဴးအား ဒီည ေတြ႕ဆံုပြဲကို တက္မည္ျဖစ္ေၾကာင္း ေျပာလိုက္ခ်ိန္မွာေတာ့ အမွတ္တမဲ့ ဤသို႔ပါ ေျပာလိုက္ေလသည္။
"လူစုထားဖို႔ မေမ့နဲ႔"

သူ႔ေကာင္မေလးကို သူငယ္ခ်င္းေတြ အားလံုးႏွင့္ တစ္ခါတည္း မိတ္ဆက္ေပးတာက ပိုအဆင္ေျပမည္။

ကၽြမ္က်ဴးဟာ ေနာက္ဆံုးမွာေတာ့ ခ်န္းစီႏ်န္တစ္ေယာက္ ခ်င္းစုယြဲ႕ႏွင့္အတူတြဲ၍ ထြက္လာျပေတာ့မည္ကို ၾကားလိုက္ရေတာ့ ခ်က္ခ်င္းပဲ သူတို႔ အတူဆံုေနက် ခ်မ္းသာတဲ့မ်ိဳးဆက္ေတြ အားလံုးကို မဆိုင္းမတြ ဖိတ္ၾကားလိုက္ေလသည္။ ေမာ့ေပလည္း ထိုအုပ္စုတြင္ ပါမည္ကေတာ့ က်ိန္းေသေပါ့။

ခ်န္းစီႏ်န္ႏွင့္ ခ်င္းစုယြဲ႕တို႔ ေရာက္သြားခ်ိန္မွာေတာ့ သူ႔သူငယ္ခ်င္းေတြမွာ အေတာ္ေလး အရွိန္တက္ေနေလၿပီ။

သီးသန္႔ခန္းအတြင္းမွာ ဘီယာႏွင့္ ေဆးလိပ္နံ႔ေတြ ပ်ံ႕လြင့္ေနလ်က္ သီခ်င္းသံကလည္း က်ယ္ေလာင္စြာ တိုက္ခတ္ေနပါ၏။ အခန္းထဲ ေရာက္ေရာက္ခ်င္းမွာ ခ်င္းစုယြဲ႕က မ်က္ေမွာင္ကုပ္လိုက္မိေပမယ့္ အခန္းက ေလဝင္ေလထြက္ေကာင္းတာကို ေက်းဇူးတင္ရမည္ျဖစ္ကာ သူမက အလ်င္အျမန္ပဲ ေနသားက်သြားပါ၏။

သို႔ေသာ္လည္း သူမရဲ႕ခါးကိုဖက္ထားသည့္ ခ်န္းစီႏ်န္ကေတာ့ သူမရဲ႕ အမူအယာေလး မသိမသာ ေျပာင္းလဲသြားခဲ့တာကိုေတာင္ သတိထားမိေနခဲ့ကာ ဘီယာပုလင္းေတြ အစီအရီ တင္ထားသည့္ မွန္စားပြဲအား လွည့္ၾကည့္လိုက္သည္။ ေယာက္်ားေလးေတြနားမွာ ဘယ္မိန္းမလွေလးေတြမွ ရွိမေနေတာ့ေပမယ့္ အခန္းထဲရွိ ေလထုကေတာ့ ညစ္ေထြးေနဆဲပင္။

ခ်န္းစီႏ်န္က အျပင္မွာပဲ ရပ္ေနကာ မဝင္ခဲ့ေပ။ သူက ကၽြမ္က်ဴးအား ေဘးကပ္လ်က္က အခန္းကိုသာဖြင့္ဖို႔ ေျပာေလ၏။

ကၽြမ္က်ဴးခမ်ာ ေရွာ့ရသြားေတာ့သည္။
"ဘဒိုရယ္ .. မင္းတို႔လာမယ္ဆိုတာ သိသိခ်င္းထဲက ငါတုိ႔ ဒီအခန္းကို ရွင္းထားတာေလကြာ! ထပ္ေျပာင္းဖို႔ လိုေသးလို႔လား?"

ခ်န္းစီႏ်န္က အညစ္အေၾကးေတြကို အေၾကာက္လြန္တဲ့ေရာဂါ ရွိသျဖင့္ သူ တစ္နာရီေလာက္ပဲ ေနမည္ဆိုလွ်င္ေတာင္ ဒီလိုမ်ိဳး လုပ္ေလ့ရွိခဲ့သည္။ ဒါေပမယ့္ အခုက အတိတ္နဲ႔ ဘာကြာေသးေတာ့လို႔လဲ!? ကၽြမ္က်ဴး အရင္ေရာက္လာတုန္းက သူတို႔ကို သန္႔ရွင္းဖို႔အတြက္ အာရံုစိုက္ဖို႔ ေျပာခဲ့ေပမယ့္ ခ်န္းစီႏ်န္ရဲ႕ သတ္မွတ္ခ်က္နဲ႔ မမွီပဲ ျဖစ္ေနဦးမည္လို႔ေတာ့ မထင္ထားခဲ့ေပ။

ဒီလိုနဲ႔ ျပန္ထြက္သြားမယ္လို႔ေတာ့ မထင္ခဲ့မိဘူး!

2.7.2020

*********************

《Unicode》

အပိုင်း - ၁၃၉
[ရှင့်ရဲ့ တရားဝင် ကောင်မလေးထက်တောင် ပိုနေတယ် - ၁]

ကျွမ်ကျူးဟာ ချန်းစီနျန်အား နှစ်သစ်ကူးမှာ အပြင်သို့ ခေါ်ထုတ်ဖို့ရာ ရှုံးနိမ့်သွားကြောင်း လက်မခံနိုင်ချေ။

ဒါကြောင့်မို့ သူက ချန်းစီနျန်ကို နှောင့်ယှက်ဖို့ ဆက်ခေါ်နေ၏။
"ထွက်လာစမ်းပါ .. ငါတို့ထရိမှာပါကွ!"

"မင်းရဲ့ဇနီးက ဒီနေ့ မင်းနဲ့အတူ မရှိနေပါဘူးကွာ! သောက်ဖို့ ထွက်လာခဲ့!"

"ချန်းစီနျန် ဒီနေ့ ငါရှင်းဖို့ လုံလုံလောက်လောက် ပါပါတယ်ဆိုနေ ... ငါတို့နဲ့ မာကျောက်လာကစားလှည့်!"

ချန်းစီနျန်က ဒီစကားတွေကိုကြားတော့ ဖုန်းကိုကောက်ကိုင်လျက် ချင်းစုယွဲ့ဘက်သို့ လှမ်းမေးလိုက်၏။
"ကျွမ်ကျူးက ကိုယ်တို့ကို ပိုက်ဆံအလကားပေးနေတာ .. ကိုယ်တို့ သူနဲ့ သွားတွေ့ကြမလား?"

"ဘာရယ်?"
ချင်းစုယွဲ့က မနက်ဖြန်ဆိုလျှင် Aမြို့သို့ ပြန်တော့မှာပင်။ ကျွမ်ကျူးတစ်ယောက် အရင်တုန်းက သူမတို့နှစ်ယောက် ရှိနေတုန်းကလည်း ချန်းစီနျန်ကို လာဖို့ခေါ်ခဲ့ပြီး အခုဒီနေ့လည်း ငါတို့ရဲ့ အချိန်အကန့်အသတ်လေးမှာ လာခဲ့ဖို့ ပြောနေသေးတယ်လား?

ချင်းစုယွဲ့က ချန်းစီနျန်ဘက်သို့ ခေါင်းလေးတိမ်း၍ အကဲခတ်ကြည့်သည်။ အမည်းရောင်မှန်ချပ်ကို ဖြတ်သန်း၍ ဖြာကျနေသော နေရောင်ခြည်ဖျော့ဖျော့ဟာ ချန်းစီနျန်အား နွေးထွေးတောက်ပနေစေ၏။

ချန်းစီနျန်ရဲ့ အကြည့်ကတော့ ချင်းစုယွဲ့ရဲ့ ကြည်လင်ရှင်းသန့်ပြီး မိတ်ကပ်မလိမ်းခြယ်ထားသည့် မျက်နှာလေးပေါ် ကျရောက်လို့နေပြီး သူမရဲ့ နှင်းဆီသွေးရောင် နှုတ်ခမ်းပါးလေး လှုပ်ရှားလာသည်ကိုသာ စိုက်ကြည့်နေသည်။
"ချန်းစီနျန် ... ရှင့်ရဲ့ကျွမ်ကျူးက ရှင့်ကို အတော်လေး တွယ်ကပ်ရတာကို သဘောကျတယ်ဆိုတာ သဘောပေါက်သွားပြီ! သူက ရှင့်ရဲ့ တရားဝင် ကောင်မလေး ကျွန်မထက်တောင်မှ ပိုတွယ်ကပ်သလားလို့"
ပြောလို့ပြီးသွားတော့ သူမက ချန်းစီနျန်ဘက်သို့ မျက်ဝန်းတွေ မှေးကျဉ်းလျက် ပြောလေသည်။
"ရှင်တို့နှစ်ယောက်က........"

ချန်းစီနျန်ရဲ့ မျက်နှာက မည်းမှောင်သွားတာကို တွေ့လိုက်ရတော့ သူမရဲ့ စကားမှာ တဝက်တပျက်တွင်ပင် ရပ်သွားပြီး အလျင်အမြန် ပြန်ပြင်ပြောလိုက်ရ၏။
"အို မဟုတ်ဘူး ... ကျွမ်ကျူးကများ ရှင့်အပေါ် ခံစားချက်တွေ ရှိနေတာလား....."

ချန်းစီနျန်က သူမအား စူးရဲစွာကြည့်လျက် ရင်ခွင်ထဲမှာ ဆွဲပွေ့ထားလိုက်ပြီး ပြုံးသည်။
"မင်းရဲ့ကောင်လေးမှာ ဘာပြဿနာမှ မရှိဘူးဆိုတာကို သက်သေပြပေးဖို့ လိုသေးလား?"
သူက ပြောပြောဆိုဆိုနှင့် ခေါင်းကိုငုံ့လျက် ချင်းစုယွဲ့ရဲ့ လည်ပင်းအား ပြင်းထန်စွာ စုပ်ယူလိုက်၏။

ချင်းစုယွဲ့ခမျာ သူ့ကို အပြင်းအထန် တွန်းထုတ်လိုက်ရသည်။
"ဟင့်အင်း .. မလိုပါဘူး ... ကျွန်မမှားသွားတာပါ .. ကျွန်မက နောက်တာပါ ဟုတ်ပြီလား!?" သူမမှာ ခေါင်းကိုငုံ့လျက် ကော်လာကို အလျင်အမြန် ပြန်ပြင်လိုက်ရသည်။

ချန်းစီနျန်က သူမကို လွှတ်ပေးလိုက်ပေမယ့် သူမရဲ့လက်လေးကိုတော့ သူ့ညာဖက်လက်နှင့် ဆုပ်ကိုင်ထားမြဲပင်။ သူက ပျင်းတိပျင်းရွဲဆို၏။
"သူက မင်းအကြောင်းကို စိတ်ဝင်စားနေတာ ဖြစ်နိုင်တယ်"

ချင်းစုယွဲ့က နားမလည်ပေ။
"ကျွန်မက သူ့ကို တစ်ခါလေးပဲ တွေ့ဖူးတာလေ .. သူက ဘာကို စိတ်ဝင်စားတာလဲ?"

ချန်းစီနျန်က အေးဆေးစွာပင် ပြန်ဖြေ၏။
"မင်းတို့က တစ်ကြိမ်ပဲ ဆုံဖူးကြသေးတာမလို့ သူက စိတ်ဝင်စားနေတာ"

ချင်းစုယွဲ့ တွေးကြည့်လိုက်တော့ ကျွမ်ကျူး အသည်းအသန် စိတ်ဝင်စားနေသည်မှာ ချန်းစီနျန်ကြောင့်ပဲ ဖြစ်နိုင်သည်ဆိုတာပင် နောက်ဆုံး ရောက်ရှိလာသည်။

ထိုအတွေးကြောင့် သူမက ရယ်ဟဟ ပြော၏။
"ကျွန်မတို့ ဒီည သွားကြရင်ရော ဘယ်လိုလဲ?"

သူမက စောဒက မတက်သည်ကို တွေ့တော့ ချန်းစီနျန်ကလည်း သဘောတူလိုက်သည်။ ဒါပေမယ့် သူက ကျွမ်ကျူးအား ဒီည တွေ့ဆုံပွဲကို တက်မည်ဖြစ်ကြောင်း ပြောလိုက်ချိန်မှာတော့ အမှတ်တမဲ့ ဤသို့ပါ ပြောလိုက်လေသည်။
"လူစုထားဖို့ မမေ့နဲ့"

သူ့ကောင်မလေးကို သူငယ်ချင်းတွေ အားလုံးနှင့် တစ်ခါတည်း မိတ်ဆက်ပေးတာက ပိုအဆင်ပြေမည်။

ကျွမ်ကျူးဟာ နောက်ဆုံးမှာတော့ ချန်းစီနျန်တစ်ယောက် ချင်းစုယွဲ့နှင့်အတူတွဲ၍ ထွက်လာပြတော့မည်ကို ကြားလိုက်ရတော့ ချက်ချင်းပဲ သူတို့ အတူဆုံနေကျ ချမ်းသာတဲ့မျိုးဆက်တွေ အားလုံးကို မဆိုင်းမတွ ဖိတ်ကြားလိုက်လေသည်။ မော့ပေလည်း ထိုအုပ်စုတွင် ပါမည်ကတော့ ကျိန်းသေပေါ့။

ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့ ရောက်သွားချိန်မှာတော့ သူ့သူငယ်ချင်းတွေမှာ အတော်လေး အရှိန်တက်နေလေပြီ။

သီးသန့်ခန်းအတွင်းမှာ ဘီယာနှင့် ဆေးလိပ်နံ့တွေ ပျံ့လွင့်နေလျက် သီချင်းသံကလည်း ကျယ်လောင်စွာ တိုက်ခတ်နေပါ၏။ အခန်းထဲ ရောက်ရောက်ချင်းမှာ ချင်းစုယွဲ့က မျက်မှောင်ကုပ်လိုက်မိပေမယ့် အခန်းက လေဝင်လေထွက်ကောင်းတာကို ကျေးဇူးတင်ရမည်ဖြစ်ကာ သူမက အလျင်အမြန်ပဲ နေသားကျသွားပါ၏။

သို့သော်လည်း သူမရဲ့ခါးကိုဖက်ထားသည့် ချန်းစီနျန်ကတော့ သူမရဲ့ အမူအယာလေး မသိမသာ ပြောင်းလဲသွားခဲ့တာကိုတောင် သတိထားမိနေခဲ့ကာ ဘီယာပုလင်းတွေ အစီအရီ တင်ထားသည့် မှန်စားပွဲအား လှည့်ကြည့်လိုက်သည်။ ယောက်ျားလေးတွေနားမှာ ဘယ်မိန်းမလှလေးတွေမှ ရှိမနေတော့ပေမယ့် အခန်းထဲရှိ လေထုကတော့ ညစ်ထွေးနေဆဲပင်။

ချန်းစီနျန်က အပြင်မှာပဲ ရပ်နေကာ မဝင်ခဲ့ပေ။ သူက ကျွမ်ကျူးအား ဘေးကပ်လျက်က အခန်းကိုသာဖွင့်ဖို့ ပြောလေ၏။

ကျွမ်ကျူးခမျာ ရှော့ရသွားတော့သည်။
"ဘဒိုရယ် .. မင်းတို့လာမယ်ဆိုတာ သိသိချင်းထဲက ငါတို့ ဒီအခန်းကို ရှင်းထားတာလေကွာ! ထပ်ပြောင်းဖို့ လိုသေးလို့လား?"

ချန်းစီနျန်က အညစ်အကြေးတွေကို အကြောက်လွန်တဲ့ရောဂါ ရှိသဖြင့် သူ တစ်နာရီလောက်ပဲ နေမည်ဆိုလျှင်တောင် ဒီလိုမျိုး လုပ်လေ့ရှိခဲ့သည်။ ဒါပေမယ့် အခုက အတိတ်နဲ့ ဘာကွာသေးတော့လို့လဲ!? ကျွမ်ကျူး အရင်ရောက်လာတုန်းက သူတို့ကို သန့်ရှင်းဖို့အတွက် အာရုံစိုက်ဖို့ ပြောခဲ့ပေမယ့် ချန်းစီနျန်ရဲ့ သတ်မှတ်ချက်နဲ့ မမှီပဲ ဖြစ်နေဦးမည်လို့တော့ မထင်ထားခဲ့ပေ။

ဒီလိုနဲ့ ပြန်ထွက်သွားမယ်လို့တော့ မထင်ခဲ့မိဘူး!

2.7.2020

*********************

Continue Reading

You'll Also Like

23.8K 6 1
အမုန်းတွေ ပွေ့ပိုက်ပြီး ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ရန်လိုခြင်းတွေနဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်..။ ချစ်ခြင်းတရားတွေကို မဆုပ်ကိုင်နိုင်တော့တဲ့ အ...
396K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
68.4K 5K 17
Hidden love ရဲ့ မူရင်းဝတ္ထု Secretly secretly unable to hide it ရဲ့ extra 5 ပိုင်းပါ။ ပထမဘာသာပြန်သူ eaindranaing1 profile မှာ အပိုင်း ၁မှ ၈၅ ထိရှိပြီ...
3.3M 355K 200
I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ခ်င္းစုယြဲ႕ဟာ အရံဗီလိန္ဇာတ္ေကာင္အျဖစ္ ဝတၳဳထဲသို႔ ကူးေျပာင္းေရာက္ရွိလာတာကို သိသိခ်...