#Unicode
အသက်ရှူသံပြင်းပြပြကလွဲ၍ အသံတစ်စမထွက်ရဲကြပဲ အရာအားလုံးတိတ်ဆိတ်နေတယ် … အဖြူနဲ့အပြာတွဲဝတ်ထားတဲ့အစေခံတွေက မြေပြင်ပေါ်မှာထိုင်လျှက် အနက်နဲ့ကြက်သွေးရောင်ဆင်မြန်းထားတဲ့ ဘောဒီဂတ်အဖွဲက သေနတ်နဲ့ချိန်ထားလျှက် ရှန်ဟွှာမှာရှိတဲ့အစေခံအားလုံး တစ်ယောက်မကျန် ခြံဝန်းထဲမှာ ဖမ်းချုပ်ခံထားကြရလေတယ် …
အိမ်တော်ထဲတွင် အဖိုးရှန်ဟွှာရန်းအပြင် ဖန်းဂူရဲ့ဖခင်နဲ့ မိထွေးသားအမိပါရောက်နေကြပြီး မိသားစုစုံညီစွာဖြင့် ဧည့်ခန်းထဲမှာ ထိုင်နေကြတယ် …
မင်းယွီနဲ့ ရက်စ်ဒီတို ၂ ယောက်လုံးက အပေါ်ထက်က အခန်းထဲမှာ အထူးကုတွေနဲ့ ကုသခံနေရပြီး ခုချိန်ထိ အဖြေမရသေးပေ …
သခင်မကြီးက အားလုံးကို ကလေးအကြောင်း ဖုံးကွယ်ထားသည်မို့ ခုပြဿနာရဲ့အကြောင်းအရာကို ဘယ်သူမှရေရေရာရာမသိကြပေမဲ့ ဖန်းဂူနဲ့ မိုနန်းရဲ့ မျက်နှာပျက်ယွန်းမှုကိုကြည့်ခြင်းအားဖြင့် သေးငယ်တဲ့ပြဿနာတော့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးရိပ်မိကြတယ် …
တိတ်စိတ်မှုကို ဖြိုခွန်းလိုက်သူကတော့ ရှန်ဟွှာရန်းပင် …
" သမီး … ခုအိမ်တော်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းမပြတော့ဘူးလား "
သူမက ပူပန်နေရင်းကြားကနေ သက်ပြင်းဖွဖွချလိုက်ပြီး အမှန်တိုင်း ဝင်ခံလိုက်လေတယ် …
" ဒီကိစ္စကို ဖုံကွယ်ချင်ခဲ့တာမဟုတ်ပါဘူး …
ဖွင့်ပြောဖို့အဆင်သင့်မဖြစ်သေးယုံပါ …
သားကလဲ စေ့စပ်ပြီးခါစဆိုတော့ သားလေးလဲနာမည်မပျက်ရအောင် အချိန်တစ်ခုထိယူဖို့ ဆုံးဖြတ်ထားခဲ့တာ …
ဒါပေမဲ့ ခုပြဿနာတွေဖြစ်သွားပြီဆိုတော့ ပြောပြမှရတော့တယ် "
သူမက ခနမျှရပ်တန့်လိုက်ပြီး သူ့ကိုမကြေမနပ်ကြည့်နေတဲ့လီနာကိုတစ်ချက်ကြည့်လိုက်ပြီး …
" အိမ်တော်မှာ သားလေးရဲ့မျိုးဆက်ကို လွယ်ထားရတဲ့သူရှိတယ် "
ရှန်ဟွှာရန်း - " ဟေ "
ရှန်ရှုမန်း - " ဘာ ! "
ရှန်ကူးမန် - " ဘယ်လို "
လီနာ - " မဖြစ်နိုင်တာ "
ထင်တဲ့အတိုင်း အားလုံးရဲ့တုန့်ပြန်မှုက လန့်သွားကြပြီး အလွန်အမင်းအံ့အားသင့်ကုန်ကြတယ် … ဒီကိစ္စက မျိုးရိုးနဲ့ဆိုင်တဲ့အတွက် အမွေကိစ္စတွေထိပါ သက်ရောက်သွားပြီ … မိထွေးသားအမိ ဖြစ်ပျက်သွားတဲ့မျက်နှာကိုကြည့်ပြီး မိုနန်းကြေနပ်သွားတယ် …
ဒါပေမဲ့ ခုချိန်က သူမဂုဏ်ယူနိုင်မဲ့အချိန်ကောင်းတော့မဖြစ်ခဲ့ဘူး … ဘာကြောင့်ဆို သူမဂရုတစိုက်ယုယပေးနေတဲ့ကြားက ခုလိုတွေဖြစ်သွားတော့ သူမစိတ်မကောင်းဖြစ်မိသလို ကလေးဒုက္ခမရောက်ဖို့သာ စိတ်အားထက်သန်နေခဲ့တယ် …
အားလုံးက ကလေးရှိတယ်ဆိုတာသိလိုက်ရပြီး ခုအခြေအနေက ကလေးတစ်ခုခုထိခိုက်နေပြီဆိုတာ ရိပ်မိသွားကြတယ် … ရှန်ဟွှာရန်းက စိုးရိမ်တကြီးဖြင့် …
" ခုဖြစ်နေတဲ့ ပြဿနာက ကလေးနဲ့ပတ်သပ်နေတာလား ဘာကြောင့်စောစောကမပြောခဲ့တာလဲ "
" သမီးတောင်းပန်ပါတယ် စေ့စေ့စပ်စပ်စောင့်ကြည့်နေတဲ့ကြားက ခုလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး "
" ခုဘာတွေဖြစ်သွားတာလဲ အရမ်းကြီးစိုးရိမ်ရလား "
" အစာအဆိပ်သင့်တာလို့ပြောတယ် ခုအဆိပ်တွေကို ဆရာဝန်တွေ ထုတ်ပယ်ပေးနေတယ် ကလေးကိုတော့ မထိခိုက်လောက်ဖူးလို့ပြောတာပဲ "
" တော်သေးတာပေါ့ ဒါနဲ့သူကဘယ်သူလဲ "
အားလုံးက စိတ်အားထက်သန်စွာသူမအဖြေကိုစောင့်နေကြတယ် … သူမက မဖြေချင်ပေမဲ့ သခင်ကြီးကိုယ်တိုင်ကမေးနေတာမို့ ဖြေပေးလိုက်တယ် …
" သူက ယောက်ျားလေးအိုမီဂါတစ်ယောက်ပါ သားလေးရဲ့အစေခံ "
အားလုံးကမိသားစုတွေမို့ ဘာမှမပြောပေမဲ့ တစ်စုံတစ်ယောက်ကတော့ အစေခံဆိုတာကြားလိုက်ရတော့ ပျော်လွန်းလို့ထကမတတ်ပင် … သူကတော့ လီနာပင် …
လီနာအစကမကျေမနပ်ဖြစ်သွားပေမဲ့ ဆက်ပြီးဂုဏ်မဆာနိုင်တော့တဲ့ သခင်မမိုနန်းကိုမြင်လိုက်ရတော့ သူမနှုတ်ခမ်းထောင့်တစ်ဖက်ပင့်ကာ ခပ်ရွဲ့ရွဲလှောင်ပြုံး ပြုံးပြလိုက်တယ် …
မိုနန်းကလေးအတွက်စိတ်ပူနေတဲ့ကြားက သူမရဲ့လှောင်ပြုံးကြောင့် ဒေါသထွက်သွားပြီး လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားလေတော့တယ် …
ဖန်းဂူက သူ့မိခင်အဆင်မပြေတာကိုမြင်တော့ ထိုင်နေရာကနေထလိုက်ပြီး မိခင်လက်ကိုဆွဲကာ အပေါ်ထပ်သို့တက်လာခဲ့လိုက်တယ် …
" မား သူတို့ကိုအိမ်တော်မှာဘာကြောင့် လက်ခံထားတာလဲ … ဒီကိစ္စက သူတို့နဲ့မှမဆိုင်တာ "
" မင်းဖိုးဖိုးက မင်းဖေဖေကို သံယောဇင်မပြတ်နိုင်ဘူး …
သူလာရင်သူတို့အားလုံးပါ ပါလာမှာပဲလေ …
ငါကတားလို့ရမယ်ထင်နေလား "
" ကျွန်တော့အထင်တော့ မားသာ ပါးနဲ့တရားဝင်ကွာရှင်းလိုက်ရင် အားလုံးအဆင်ပြေပြီပဲ …
အဖိုးအမွေတွေအားလုံးက ကျွန်တော်နဲ့မားကိုလွှဲပေးထားတာ …
သူတို့ကိုသပ်သပ်ပေးပြီးသား ဘာကိုတွေးပူနေတာလဲ "
သူမက တည်ငြိမ်သွားပြီး ဖန်းဂူပါးလေးအား ဖွဖွလေးထိကိုင်လိုက်ကာ …
" မားက သားကို ပါးမရှိသူလို့အပြောမခံစေချင်ဘူး "
" မားကလိမ်နေပြန်ပြီ …
မားပါးကို စိတ်မကုန်နိုင်သေးဘူးမဟုတ်လား "
သူမက ဖန်းဂူအကြည့်တွေကနေ မျက်နှာလွှဲလိုက်ပြီး …
" မဟုတ်ပါဘူး … မားကသားအတွက်ပဲကြည့်တာ …
သားကိုပြီးပြည့်စုံစေချင်တာ …
အန္တရာယ်ကင်စေချင်တာ "
" ကျွန်တော့အတွက်စိတ်မပူနဲ့ …
ကျွန်နော် သူ့( အဖေ )ကို မကြိုက်ပေမဲ့ မမုန်းဘူး …
သူကတာဝန်ယူစိတ်အပြည့်ရှိတယ် … ငတုံးတစ်ယောက်လိုမျိုးပဲ …
ကို့ကိုတကယ်ချစ်တဲ့မိန်းမနဲ့ ချူစားတဲ့သူကိုမခွဲနိုင်လောက်အောင်တုံးအလွန်းတယ် …
အဲ့ဒိမိန်းမ မားကိုကြည့်တဲ့အကြည့်တွေမကြိုက်ဘူး …
သူ့သားကလဲအမြဲခြုံခိုနေတဲ့မြွေတစ်ကောင်လိုပဲ … ပေါ်ပေါ်ထင်ထင်မရှိဘူး …
ဒါနဲ့များ ရှန်ဟွှာရဲ့အမွေဆက်ခံသူ ဖြစ်စေချင်နေသေးတယ် … ဟမ့် "
" သူ့ကိုအထင်မကြီးလို့ရတယ် … ဒါပေမဲ့ သတ္တိလက်လွတ်တော့မနေမိစေနဲ့ …
သူကခုဘာမှမဟုတ်ပေမဲ့ သူသားကိုအန္တရာယ်ပေးလာမှာမလိုလားဘူး "
" အဲ့ဒိမြွေဆိုးကို စိတ်ပူနေတာလား …
သူကသားတစ်ချက်ကိုင်လိုက်တာနဲ့အသက်ပျောက်မဲ့သူမျိုးပါ …
သူသားကိုထိခိုက်အောင်မလုပ်နိုင်ဘူး "
" အင်းပါ … မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိတာကိုမားကြိုက်တယ် …
ဒါပေမဲ့ လွန်ကဲနေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ "
သားအမိတွေ ခုလို စကားလွတ်လွတ်လပ်လပ်မပြောရတာကြာပြီ … သူတို့စကားပြောရင်းလျှောက်လာရာ နောက်ဆုံး မင်းယွီတို့ကိုကုသပေးနေတဲ့အခန်းရှေ့ကိုရောက်လာခဲ့တယ် … အခန်းရှေ့မှာ ချူးရှန့်က အဖြေကို သိရဖို့စောင့်နေပြီး သခင်နဲ့သင်မကြီးလာတော့ အရိုအသေပေးကာ အခန်းရှေ့ကနေ ဘေးသို့ဖယ်ပေးလိုက်တယ် …
သူမက အခန်းရှေ့မှာရပ်လိုက်ရင်း ဖန်းဂူအားမေးလိုက်တယ် …
" သားရဲ့မိတ်အိုမီဂါနဲ့ပတ်သပ်ပြီး ဘယ်လိုခံစားရလဲ …
သူသားကိုချုပ်နှောင်တာမျိုးတွေရှိလား "
ဖန်ဂူခနမျှတိတ်ဆိတ်သွားပြီးပုံမှန်အသံအတိုင်းပြန်ဖြေလိုက်တယ် …
" သားကို ဘယ်သူကချုပ်နှောင်ရဲမှာလဲ …
မတော်တစသူနဲ့ဖြစ်သွားယုံလေးပါ "
ချူးရှန့်က သူတို့စကားတွေကိုအကုန်ကြားနေရတယ် … ဖန်းဂူအဖြေစကားကိုကြားရတော့ သူ့စိတ်ထဲမှာ အလိုလို စဉ်းစားမိလိုက်တယ် …
မတော်တစ်စတဲ့လား … တစ်ခါမက ၂ ခါမက ၃ ခါ ၄ ခါလောက်မတော်တစ်စဖြစ်တာ သခင်ပြောမှ ကြားဖူးတော့တယ် …
သူမကဆက်ပြောတယ် …
" သူကသားအတွက် အရေးမပါရင် ဘာလို့ပြန်ခေါ်ချင်တာလဲ "
" အခိုင်းအစေမရှိလို့ "
" မားပို့ပေးထားတာအများကြီးပါ "
" သူတို့ကိုရှုတ်လို့ ထုတ်ပလိုက်ပြီ …
အဲ့ဒါတွေမမေးပဲ တခြားဟာမေးပါလား "
ဖန်းဂူက စိတ်ရှုတ်ဟန်ဖြင့်ပြောလိုက်တော့ သခင်မကြီးက ထက်မမေးတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်တယ် …
" သားတကယ် ကလေးမလိုချင်ဘူးလား "
ဖန်းဂူရုတ်တရပ်တုန့်ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်တယ် …
" ကျွန်တော့အလုပ်က ကလေးရှိနေရင်အားနည်းချက်ဖြစ်နေမှာ မားသိတဲ့အတိုင်းပဲ "
" ဒါပေမဲ့ရှန်ဟွှာရှိတယ်လေ "
" ခုတောင်ကာကွယ်နိုင်လို့လား "
" …… "
ဖန်းဂူပုံစံက အလေးအနက်ထားပုံးမပေါ်တာမို့ သူမကလေးကိုဖန်းဂူလက်ခံလာဖို့ မတိုက်တွန်းတော့ပဲ လက်လျော့လိုက်တယ် … ထိုစဉ်အခန်းတံခါးပွင့်လာပြီး ဆရာဝန်တစ်ဦးထွက်လာတယ် …
" သခင်မကြီးနဲသခင်လေး "
သူကအရိုအသေပေးပြီးနောက် သူတို့ ၂ ယောက်လုံးကို အထဲဝင်လာခဲ့ဖို့ ခေါ်လိုက်တယ် … ချူးရှန့်ပါ အတူတူ လိုက်ဝင်လာခဲ့တယ် … သခင်မကြီးက ဆိုးရိမ်ပူပန်စွာဖြင့် မေးမြန်လိုက်တယ် …
" ခလေးအခြေအနေဘယ်လိုရှိလဲ "
" ကံကောင်းလို့ သန္ဓေသားကိုမထိခိုက်တာ …
ခန္ဓာကိုယ်ထဲက အဆိတ်တွေအားလုံးထုတ်ပြီးပါပြီ … "
ဆရာဝန်က စကားကို ခနမျှရပ်လိုက်ပြီးနောက် ဖန်ဂူအားကြည့်ကာ ဂုဏ်ယူသောလေသံဖြင့်ဆိုလိုက်တယ် …
" ကလေး ၂ ယောက်လုံး ကျန်းကျန်းမာမာပါပဲ "
" …… "
" ၂ ယောက် " သခင်မကြီးကမေးလိုက်တယ် …
ထိုအခါ ဒေါက်တာက ကုတင်တစ်ခုဆီမှာလှဲနေတဲ့ လူ ၂ ယောကို ညွှန်ပြပြီး …
" သူတို့ ၂ ယောက်လုံးမှာ ကလေးရှိနေတယ် "
" ဘာ "
ဖန်းဂူနဲ့ချူးရှန့် နေရာ၌ ကြောင်ကအန်းအန်းနှင့်သာရပ်နေမိကြပြီး သခင်မကြီးကတော့ စစ်ဆေးထားတဲ့အချက်အလက်တွေကို မှန်မမှန် သွားကြည့်နေလိုက်တယ် … အားလုံးက လိမ်ညာထားခြင်းမရှိ ၂ ယောက်လုံးမှာ ကလေးရှိကြောင်း ညွှန်ပြနေကြတယ် …
ညာဘက်ကုတင်ပေါ်က ရက်စ်ဒီအရင်ဆုံးသတိရလာပြီး သူမနိုးထလာတဲ့အခါ ရှိုက်ကြီးတငင်ငိုချလိုက်လေတယ် … သခင်မကြီးက ရက်စ်ဒီအနားပြေးသွားပြီး နှစ်သိမ့်ပေးနေလိုက်တယ် …
" သမီးလေး သတိရလာပြီလား …
ဘယ်နားနာနေသေးလဲ "
" ဟင့် … မား သမီးကြောက်တယ် "
" စိတ်အေးအေးထား "
ရက်စ်ဒီက ဒီဆေးသူမအပေါ်အကျိုးသက်ရောက်မှုရှိကတည်းက ကိုယ်ဝန်ရှိနေပြီဆိုတာ တစ်ထစ်ချယုံကြည်သွားတယ် … သူမဒီအကြောင်းကိုစပြီးသတိထားမိတာ လွန်ခဲ့နဲ့တစ်ပတ်လောက်က … သူမသွားပြီး စစ်ဆေးမကြည့်ပေမဲ့ ဘယ်အချိန်ကရခဲ့တာလဲဆိုတာသိတယ် …
ဒီအမှန်တရားကိုဖုံးကွယ်ဖို့က ဒါဟာအချိန်ကောင်းပဲ … အဆိပ်ပါတဲ့ဟာမစားမိခင်က သူမဒါကိုစဉ်းစားမိခဲ့တယ် … သွေးသားအစစ်ကို နှောက်ယှက်တာထက် ကလေးလိုချင်လွန်းလို့ ဘာမဆိုယုံကြည်နေတဲ့ ဖန်းဂူမိခင်ကိုချုပ်နှောင်ဖို့က အလွယ်ကူဆုံးပဲ …
သူမဒါကိုအစောကမသိခဲ့တာ နောင်တရသွားတယ် … ဘာပဲဖြစ်ဖြစ် ဒါကအပီအပြင်သရုပ်ဆောင်ဖို့အကောင်းဆုံးအချိန်ပဲလို့ သူမတွေးလိုက်ပြီး အားနည်းချင်ဟန်ဆောင်ကာ နထင်ကိုလက်ဖြင့်ဖိနှိပ်ရင်း …
" မား … သမီးခေါင်းတွေကိုက်လာပြီ …
တစ်ခုခုမဖြစ်လောက်ပါဘူးနော် "
" ဆရာဝန်က အဆင်ပြေပြီလို့ပြောတယ် …
ခနလောက်အနားယူလိုက် "
သခင်မကြီးက သူမကိုကုတင်ပေါ်ပြန်လှဲစေလိုက်တယ် … သူမက သခင်မကြီးလက်ကို ဖမ်းဆွဲလိုက်ပြီး …
" မား … မားက သမီးကိုပြစ်ထားပြီး တစ်ခြားတစ်ယောက်ကို ဂရုစိုက်ပေးနေတာမြင်ရတော့ ဝမ်းနည်းမိတယ် "
" အများကြီးမတွေးနေနဲ့ … ကို့ကိုယ်ကို ဂရုစိုက် "
တဖက်က မင်းယွီလဲ သတိရလာပြီး ချူးရှန့်အပြေးလေးသွားကာ ထူပေးလိုက်တယ် … ခုအခြေအနေက ရှုတ်ထွေးနေပြီး ဖန်းဂူ ဘယ်သူ့ထံကိုမှမသွားတော့ပဲ အခန်းအပြင်သို့ထွက်သွားလေတယ် …
မင်းယွီအစကတည်းကသတိရနေတာဖြစ်ပြီး သူတို့စကားတွေကို ကြားသိပြီးပြီမို့ သူ့အကြည့်တွေက တဖက်ကုတင်ပေါ်က ရက်စ်ဒီထံရောက်သွားတယ် …
သူမအကြည့်တွေက သူ့ကိုမနှောက်ယှက်ဖို့ ချိန်းခြောက်နေသယောင် သခင်မလှည့်ကြည့်လာတော့ သနားစရာပုံစံလေးပြောင်းသွားပုံက မင်းယွီပင်ကြောက်လန့်သွားမိတယ် …
' တကယ့်ကို နတ်ဆိုးမပဲ '
*
*
*
*
ခုဖြစ်သွားတဲ့ပြဿနာက အပြင်ထိပေါက်ကြားသွားပြီး ရှန်သခင်လေးမှာ မျိုးဆက်ရှိနေပြီဆိုတာ လူတိုင်းသိသွားကြတယ် … ဘယ်သူဘယ်ဝါဆိုတာတော့အတိကျမသိကြဘူး …
ထိုနေ့က အဆိပ်မိတဲ့ကိစ္စနဲ့ပတ်သပ်ပြီး စစ်ဆေးကြည့်ပေမဲ့ တရားခံမတွေ့ရဘူး … အဲ့ဒိအစား ရက်စ်ဒီကိုယ်တိုင်က ကိုယ့်ကိုယ်ကို အဆိပ်သောက်လိုက်တာကြောင့် ဘယ်သူမှသူလို့မထင်ကြဘူး … အဲ့ဒိနေ့က သူမဘာကြောင့်အဲ့ဒိအခန်းထဲရောက်နေလဲဆိုတဲ့အကြောင်းကို သူမသတိရလာတဲ့အခါ မေးမြန်းကြည့်လိုက်တယ် …
သူမက မျက်ရည်တွေကို ညှစ်ထုတ်ကာ ကူကယ်ရာမဲ့တဲ့ပုံမျိုးနဲ့ ငိုယိုကာ ပြန်ဖြေလိုက်တယ် …
သူမယောက်ခမက ချွေးမကိုဂရုမစိုက်ပဲ တခြားတစ်ယောက်ကိုပဲ အချိန်ပြည့်ဂရုစိုက်နေလို့ သူမဝမ်းနည်းရတယ်ဆိုတဲ့ပလီပလားစကားတွေ … အဲ့ဒိလူက ဘယ်သူလဲသိချင်လို့ ကို့သိက္ခာကိုမကြည့်ပဲ အစေခံအဖြစ်ဟန်ဆောင်ပြီးလာခဲ့တာဆိုတာရယ် … သူမကိုလုပ်ကြုံဖို့အတွက် ကိုယ့်ကိုယ်ကို ကာဗာယူပြီး သူမနဲ့ အပြစ်မဲ့တဲ့ကလေးကို အဆိပ်မိအောင်လုပ်ပါတယ်ဆိုတဲ့ မျက်ကန်းတွေသာယုံမဲ့ဆင်ခြေတွေပေး … နောက်ဆုံး သူမရဲ့ရင်သွေးက ရှန်သခင်လေးနဲ့ရတာပါဆိုတဲ့ ခိုင်လုံတဲ့စကားတစ်ခွန်းနဲ့အဆုံးသပ်ပြီးနောက် သူမရဲ့ဇာတ်လမ်းဆင်မှုက ပြီးဆုံးသွားခဲ့တယ် …
ခု ထိုအရှုတ်ထုတ်က အိမ်တော်မှာရောက်နေတဲ့သူတွေအားလုံးသိကုန်ကြပြီး တရားခံ စစ်သလို ဖန်းဂူကိုစစ်မေးဖို့သာရှိတော့တယ် …
ရှန်ဟွှာရန်းက ရုတ်တရပ်အမွေဆက်ခံသူရှိလာလို့ပျော်နေပေမဲ့ ၂ ယောက်ဖြစ်နေတော့ သူလဲရွေးချယ်ရခက်သွားတယ် … လူတွေအားလုံးက မင်းယွီကိုတလှည့် ရက်စ်ဒီကိုတစ်လှည့်ကြည့်နေကြတယ် …
ဒီအနေအထားက ဖိအားတွေများလွန်းလို့ မင်းယွီမနေချင်တော့ဘူး … အဆိပ်မိပြီးကတည်းက သူ့ကိုယ်က အရင်ကထက်အားနည်းလာသလိုပဲ … ပြီးတော့ ဒီပွဲမှာ သူကအစေခံဖြစ်နေလို့ သူ့ကလေးက အပယ်ခံရမယ်ဆိုတာ သိနှင့်ပြီးသား … ဒါပေမဲ့ ဖန်းဂူပါစပ်က ဒါဟာသူ့ကလေးလို့ အမှန်ကို ဖွင့်ပြောလာမှာကိုတော့ မျှော်လင့်နေမိတယ် … လက်မခံလျှင်တောင်မှပေါ့ …
ချူးရှန့်က ဖန်းဂူနားကို ကပ်လိုက်ပြီး …
" သခင်လေး … ကျွန်တော့ သူ့ကိုယ်ဝန်ကဘယ်သူ့ဟာလဲ စုံစမ်းလိုက်မယ် "
" မလိုဘူး "
ဖန်းဂူက အေးဆေးစွာပြန်ဖြေလိုက်တော့ အားလုံးက အံ့အားသင့်ကုန်ကြတယ် … ဖန်းဂူက မငြင်းဘူးဆိုတော့ ဒါကသူ့ကလေးဆိုတဲ့သဘောလား … ဒီလိုဆိုတာ တရားဝင်စေ့စပ်ထားတဲ့မိန်းမဗိုက်ထဲကကလေးနဲ့ အစေခံတစ်ယောက်ဗိုက်ထဲကကလေး ဘယ်ဟာက သခင်ဖြစ်သင့်လဲဆိုရင် အဖြေကရှင်းရှင်းလေးပါ … အဲ့ဒိကလေးက ရက်စ်ဒီကလေးပဲဖြစ်လိမ့်မယ်လို့ အားလုံးကဖြေကြလိမ့်မယ် …
ရှန်ဟွှာရန်းက မသိကျမသေချာပဲ ဖြေနေတဲ့ ဖန်းဂူအားကြည့်ကာ တစ်ခွန်းထည်းမေးလိုက်တယ် …
" မင်းရဲ့သွေးသားကအစစ်က ဘယ်ဟာလဲ "
ဖန်းဂူက အလေးအနက်မထား ပေါ့ပျက်ပျက်သာ ပြန်ဖြေလိုက်တယ် …
" ကျွန်တော်က အစေခံတစ်ယောက်နဲ့ ပေါင်းဖက်လိမ့်မယ်လို့ထင်နေတာလား "
တဖက်ကကြည့်ရင် သူ့သွေးသားအစစ်က မြင့်မြတ်တဲ့ အိုမီဂါဗိုက်ထဲကကလေးဆိုတဲ့ အဓိပ္ပါယ်ရောက်သွားကာ အားလုံးအသိထဲမှာ အန်းရက်စ်ဒီရဲ့ကလေးက ဖန်းဂူကလေးလို့ တစ်ထစ်ချထင်လိုက်ကြတယ် …
မင်းယွီအများကြီးမျှော်လင်မထားပေမဲ့ ထိုအဖြေစကားကြောင့် သူ့ရင်တစ်ခုလုံး အစိမ်းလိုက်ခွဲခံလိုက်ရသလိုမျိုးနာကျင်သွားပြီး သူ့မျက်နှာလေးက သိသိသာသာငြှိုးငယ်သွားလေတယ် …
အစက လျှောင်ပြောင်နေတဲ့အပြုံးတွေနဲ့ကြည့်နေတဲ့ လီနာဟာလဲ မျက်မှောင်ကြုတ်သွားပြီး သခင်မကြီးကိုယ်တိုင်ကလဲ အံ့ဩသွားလေတယ် … အဖိုးဖြစ်သူကတော့ ဘာမှမဆိုပဲ ဖန်းဂူရဲ့ရွေးချယ်မှုကို လက်ခံလိုက်တယ် … ဒီလိုနဲ့ မင်းယွီဟာ အားလုံးရဲ့အရေးစိုက်မှုကို မခံရတော့ပဲ အပြင်လူတစ်ယာက်ဖြစ်သွားတယ် …
အားလုံး ဒွီဟဖြစ်နေကြတဲ့ သူတို့သခင်ရဲ့မျိုးဆက်ကိုလွယ်ထားရတဲ့သူက အန်းသခင်မလေးဖြစ်နေတော့ လူတိုင်းက ဂုဏ်ပြုပေးကြတယ် …
နောက်ဆုံး ထိုသတင်းဟာ ဆိုရှယ်မီဒီယာတွေထိ ပေါက်ကြားသွားပြီး သူမကိုဝမ်းမြောက်ဝမ်းသာဂုဏ်ပြုပေးသူရှိသလို တချို့က ဝေဖန်ကြတယ် … ဘာပဲဖြစ်ဖြစ် ထိုသတင်းကတော့ အမှန်တရားအဖြစ် ဆက်ပြီးရှိနေအုံးမှာပဲ … တစ်စုံတစ်ယောက်ကတော့ သူ့ရဲ့အကြံတွေ အောင်မြင်သွားလို့ပျော်ရွှင်နေတယ် …
*
*
*
*
ထိုကိစ္စပြီးတဲ့နောက် ဖန်းဂူ မင်းယွီကို သူ့ရဲ့အိမ်တော်သို့ ပြန်ခေါ်လာနိုင်ခဲ့တယ် … သူတို့ထွက်ခွာလာတဲ့လမ်းတစ်လျှောက် မင်းယွီ အနောက်ခန်းထဲမှာ အိပ်နေပြီး ချူးရှန့်နဲ့ ဖန်းဂူက အရှေ့ခန်းထဲမှာ ထိုင်နေခြင်းဖြစ်တယ် …
ချူးရှန့်က ကားမောင်းနေရင်း ထိုအဖြစ်အပျက်ကို စဉ်းစားလေလေ တစ်စုံတစ်ခုက မှားနေမှန်းသိနေတယ် … သူကလဲသခင်နည်းသူ ဉာဏ်ထက်သူမို့ အဖြစ်အပျက်တွေ ဆက်ဆက်ကြည့်တဲ့အခါ အဖြေမှန်တစ်ခု ထွက်လာခဲ့တယ် …
ရှန်ဟွှာက လူအများအာရုံစိုက်မိနေတဲ့ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခု … တချို့က ရှန်ဖန်းဂူကို ဖြုတ်ချဖို့ အားနည်းချက်ကို ရှာဖွေနေကြတယ် … မင်းယွီမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း ရန်သူတွေသိသွားရင် ဘယ်လောက်ဂရုစိုက်နေပါစေ အနှေးနဲ့အမြန် ဒုက္ခရောက်နိုင်တယ် …
ရှန်ဟွှာက ကလေးလိုချင်တာမှန်ပေမဲ့ အစေခံတစ်ယောက်နဲ့ချိန်းချောက်လာရင် သူတို့တုန်လှုပ်နေမှာမဟုတ်ဘူး … အဲ့ဒိထက် သူတို့မှာ မျှော်လင့်ချက် ရက်စ်ဒီကရှိနေသေးတယ် … အဲ့ဒိအခါ သူမအတွက်အခွင့်ကောင်းရသွားနိုင်တယ် …
ဒါပေမဲ့ ခုမင်းယွီအကြောင်း ဘယ်သူမှမသိသေးတဲ့အပြင် သူမကိုယ်တိုင်က အန္တရာယ်ကို လက်ယက်ခေါ်နေမိမှန်း သိမှာတောင်မဟုတ်ဘူး … ပြီးတော့ ရှန်ဟွှာက သူမရင်သွေးကို မျက်ခြေမပျက်စောင့်ကြည့်နေမှာဆိုတော့ သူမဘာမှမဟုတ်တာလုပ်ဖို့ မလှုပ်ရှားနိုင်တော့ဘူး …
တစ်ခုကောင်းတာက သူမ သခင်ဖန်းဂူကိုလဲနှောက်ယှက်လို့မရတော့သလို မင်းယွီကိုလဲဒုက္ခပေးလို့မရတော့ဘူး … သူမက သခင်မကြီးရဲ့စောင့်ရှောက်မှုအောက်ရောက်သွားပြီ … သူတို့အတွက် ဘယ်လောက်တောင် လွတ်လပ် သွားသလဲ …
သူ့ဘေးမှာ ကျောက်ရုပ်လိုထိုင်နေပြီး အရှေ့ကားမှန်ထဲမှာပေါ်နေတဲ့ အနောက်ခန်းထဲမှာအိပ်ပျော်နေတဲ့ မင်းယွီကို ကြည့်နေတဲ့ သခင်အား ချူးရှန့် အံ့ဩသကြီး မေးမြန်းလိုက်တယ် …
" သခင်လေး … သခင်လေးက ရန်သူကို အနုနည်းနဲ့ ချုပ်နှောင်လိုက်တာလား "
" မင်းမသိဘူးလား "
" မင်းယွီကို ဘယ်သူမှသတိမထားမိအောင် ကာကွယ်ပေးလိုက်တာပေါ့ "
" ဆိုပါတော့ "
" ဒီနည်းနဲ့ဆို သူတို့ သခင်လေးရဲ့အားနည်းချက်ကို လွယ်လွယ်မရှာဖွေနိုင်တော့ဘူး …
ဟိုမိသားစုကလဲ သူ့အသက်သူပြန်ဆူးတာပေါ့ …
အဟား … လှည့်ကွက်တွေက ကဗျာဆန်လိုက်တာ "
ချူးရှန့်က ရယ်နေတာကိုရပ်လိုက်ပြီး သူ့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲသိချင်နေတဲ့ အရာတစ်ခုကို ဖန်းဂူအား လေးနက်စွာ မေးလိုက်တယ် …
" ဒါနဲ့ သခင်လေး …
မင်းယွီတို့ သားအဖကို သခင်ရဲ့မိသားစုအဖြစ် လက်ခံလိုက်ပြီပေါ့ …
သခင်အချစ်ဆိုတာကို တွေ့သွားပြီလား "
ဖန်းဂူမျက်ဝန်းတွေက ရုတ်တရပ် မတည်မငြိမ်ဖြစ်သွားပြီး သူ့ကိုမေးခွန်းမေးနေတဲ့ ချူးရှန့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ကာ …
" ငါပြန်ခေါ်လာယုံနဲ့ ငါ့မိသားစုဖြစ်ရောလား …
ငါ … ငါက ဘာကိုချစ်ရမယ် … အဓိပ္ပါယ်မရှိလိုက်တာ "
" ဒါပေမဲ့ သခင်လေးက တစ်ခါမှ လူတွေကိုကာကွယ်ဖူးတာမှမဟုတ်တာ …
မင်းယွီကိုမချစ်ဘူးဆိုရင် ဘာလို့သူ့ကို ကာကွယ်ပေးနေတာလဲ "
" သူ့ကငါ့အစေခံမို့ပြန်ခေါ်လာတာ …
မင်းကသေချင်လို့ အဓိပ္ပါယ်မရှိတာတွေ လာမေးနေတာလား "
" ဒါပေမဲ့ သူ့မှာကိုယ်ဝန်နဲ့ဆိုတော့ သခင်ကိုလုံလောက်အောင်အမှုမထမ်းနိုင်မှာ ဆိုးလို့ပါ "
" မင်းအပူမပါဘူး … ပါစပ်ပိတ် "
မတည်ငြိမ်တဲ့ နှလုံးခုန်သံတွေကြား ဖန်ဂူကြီးမားတဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရသလို သတိကြီးကြီးထားကာ ဟန်မပျက် ငြိမ်သက်စွာ ထိုင်နေမိလေတော့တယ် …
အချစ်ဆိုတာ ဘယ်လိုမျိုးလဲ သူမသိဘူး … ပိုင်ဆိုင်လိုစိတ်ကို အချစ်လို့ခေါ်တာလား … အနားမှာ ရှိနေရင် ပျော်နေတာမျိုးကိုပြောတာလား ?
သံယောဇင်ဆိုကရော ဘယ်လိုမျိုးပါလိမ့် … တစ်ယောက်အနားမှာ တစ်ယောက်မရှိတဲ့အချိန် ဟာတာတာကြီးဖြစ်နေတာက သံယောဇင်ဆိုတာလား … ?
မိသားစုဆိုတာကရော ဘယ်လိုမျိုးလဲ … တစ်ယောက် ဒုက္ခရောက်နေတာကိုမြင်ရင် ရူးမတတ်ခံစားရပြီး ဒေါသထွက်မိတာကိုပြောတာလား … ?
ဒါဆိုဘာလို့ အဲ့ဒါတွေအားလုံးက ငါ့မှာ ရှိနေရတာလဲ … အဲ့ဒိကောင်လေးကြောင့်လား … ?
ငါ … သူ့ကို … ချစ် .. မိ .. နေပြီ .. လား … ?
.
.
.
.
To Be Continued
( အက်ငတုံးကြီးကို ဖြေပေးလိုက်ပါအုံး … 😆 အချစ်ဆိုတာ ဘာမှန်းမသိတဲ့ သူငယ်တန်း ကလေးလေး 🤣🤣
ဒီနေ့အစောကြီးတင်ပေးလိုက်ပြီ … နောက်တစ်ပိုင်းတော့ မလာတော့ဘူးနော် … Starလေးနဲ့ fbလေးတွေ မျှော်နေပြီ … 🙆♀️🥰 )
#Zawgyi
အသက္ရႉသံျပင္းျပျပကလြဲ၍ အသံတစ္စမထြက္ရဲၾကပဲ အရာအားလုံးတိတ္ဆိတ္ေနတယ္ … အျဖဴနဲ႕အျပာတြဲဝတ္ထားတဲ့အေစခံေတြက ေျမျပင္ေပၚမွာထိုင္လွ်က္ အနက္နဲ႕ၾကက္ေသြးေရာင္ဆင္ျမန္းထားတဲ့ ေဘာဒီဂတ္အဖြဲက ေသနတ္နဲ႕ခ်ိန္ထားလွ်က္ ရွန္ဟႊာမွာရွိတဲ့အေစခံအားလုံး တစ္ေယာက္မက်န္ ၿခံဝန္းထဲမွာ ဖမ္းခ်ဳပ္ခံထားၾကရေလတယ္ …
အိမ္ေတာ္ထဲတြင္ အဖိုးရွန္ဟႊာရန္းအျပင္ ဖန္းဂူရဲ႕ဖခင္နဲ႕ မိေထြးသားအမိပါေရာက္ေနၾကၿပီး မိသားစုစုံညီစြာျဖင့္ ဧည့္ခန္းထဲမွာ ထိုင္ေနၾကတယ္ …
မင္းယြီနဲ႕ ရက္စ္ဒီတို ၂ ေယာက္လုံးက အေပၚထက္က အခန္းထဲမွာ အထူးကုေတြနဲ႕ ကုသခံေနရၿပီး ခုခ်ိန္ထိ အေျဖမရေသးေပ …
သခင္မႀကီးက အားလုံးကို ကေလးအေၾကာင္း ဖုံးကြယ္ထားသည္မို႔ ခုျပႆနာရဲ႕အေၾကာင္းအရာကို ဘယ္သူမွေရေရရာရာမသိၾကေပမဲ့ ဖန္းဂူနဲ႕ မိုနန္းရဲ႕ မ်က္ႏွာပ်က္ယြန္းမႈကိုၾကည့္ျခင္းအားျဖင့္ ေသးငယ္တဲ့ျပႆနာေတာ့ မျဖစ္နိုင္ဘူးဆိုတာ အားလုံးရိပ္မိၾကတယ္ …
တိတ္စိတ္မႈကို ၿဖိဳခြန္းလိုက္သူကေတာ့ ရွန္ဟႊာရန္းပင္ …
" သမီး … ခုအိမ္ေတာ္မွာ ဘာေတြျဖစ္ေနတာလဲဆိုတာ ရွင္းမျပေတာ့ဘူးလား "
သူမက ပူပန္ေနရင္းၾကားကေန သက္ျပင္းဖြဖြခ်လိဳက္ၿပီး အမွန္တိုင္း ဝင္ခံလိုက္ေလတယ္ …
" ဒီကိစၥကို ဖုံကြယ္ခ်င္ခဲ့တာမဟုတ္ပါဘူး …
ဖြင့္ေျပာဖို႔အဆင္သင့္မျဖစ္ေသးယုံပါ …
သားကလဲ ေစ့စပ္ၿပီးခါစဆိုေတာ့ သားေလးလဲနာမည္မပ်က္ရေအာင္ အခ်ိန္တစ္ခုထိယူဖို႔ ဆုံးျဖတ္ထားခဲ့တာ …
ဒါေပမဲ့ ခုျပႆနာေတြျဖစ္သြားၿပီဆိုေတာ့ ေျပာျပမွရေတာ့တယ္ "
သူမက ခနမွ်ရပ္တန႔္လိုက္ၿပီး သူ႕ကိုမေၾကမနပ္ၾကည့္ေနတဲ့လီနာကိုတစ္ခ်က္ၾကည့္လိုက္ၿပီး …
" အိမ္ေတာ္မွာ သားေလးရဲ႕မ်ိဳးဆက္ကို လြယ္ထားရတဲ့သူရွိတယ္ "
ရွန္ဟႊာရန္း - " ေဟ "
ရွန္ရႈမန္း - " ဘာ ! "
ရွန္ကူးမန္ - " ဘယ္လို "
လီနာ - " မျဖစ္နိုင္တာ "
ထင္တဲ့အတိုင္း အားလုံးရဲ႕တုန႔္ျပန္မႈက လန႔္သြားၾကၿပီး အလြန္အမင္းအံ့အားသင့္ကုန္ၾကတယ္ … ဒီကိစၥက မ်ိဳးရိုးနဲ႕ဆိုင္တဲ့အတြက္ အေမြကိစၥေတြထိပါ သက္ေရာက္သြားၿပီ … မိေထြးသားအမိ ျဖစ္ပ်က္သြားတဲ့မ်က္ႏွာကိုၾကည့္ၿပီး မိုနန္းေၾကနပ္သြားတယ္ …
ဒါေပမဲ့ ခုခ်ိန္က သူမဂုဏ္ယူနိုင္မဲ့အခ်ိန္ေကာင္းေတာ့မျဖစ္ခဲ့ဘူး … ဘာေၾကာင့္ဆို သူမဂ႐ုတစိုက္ယုယေပးေနတဲ့ၾကားက ခုလိုေတြျဖစ္သြားေတာ့ သူမစိတ္မေကာင္းျဖစ္မိသလို ကေလးဒုကၡမေရာက္ဖို႔သာ စိတ္အားထက္သန္ေနခဲ့တယ္ …
အားလုံးက ကေလးရွိတယ္ဆိုတာသိလိုက္ရၿပီး ခုအေျခအေနက ကေလးတစ္ခုခုထိခိုက္ေနၿပီဆိုတာ ရိပ္မိသြားၾကတယ္ … ရွန္ဟႊာရန္းက စိုးရိမ္တႀကီးျဖင့္ …
" ခုျဖစ္ေနတဲ့ ျပႆနာက ကေလးနဲ႕ပတ္သပ္ေနတာလား ဘာေၾကာင့္ေစာေစာကမေျပာခဲ့တာလဲ "
" သမီးေတာင္းပန္ပါတယ္ ေစ့ေစ့စပ္စပ္ေစာင့္ၾကည့္ေနတဲ့ၾကားက ခုလိုျဖစ္မယ္လို႔ ထင္မထားခဲ့ဘူး "
" ခုဘာေတြျဖစ္သြားတာလဲ အရမ္းႀကီးစိုးရိမ္ရလား "
" အစာအဆိပ္သင့္တာလို႔ေျပာတယ္ ခုအဆိပ္ေတြကို ဆရာဝန္ေတြ ထုတ္ပယ္ေပးေနတယ္ ကေလးကိုေတာ့ မထိခိုက္ေလာက္ဖူးလို႔ေျပာတာပဲ "
" ေတာ္ေသးတာေပါ့ ဒါနဲ႕သူကဘယ္သူလဲ "
အားလုံးက စိတ္အားထက္သန္စြာသူမအေျဖကိုေစာင့္ေနၾကတယ္ … သူမက မေျဖခ်င္ေပမဲ့ သခင္ႀကီးကိုယ္တိုင္ကေမးေနတာမို႔ ေျဖေပးလိုက္တယ္ …
" သူက ေယာက္်ားေလးအိုမီဂါတစ္ေယာက္ပါ သားေလးရဲ႕အေစခံ "
အားလုံးကမိသားစုေတြမို႔ ဘာမွမေျပာေပမဲ့ တစ္စုံတစ္ေယာက္ကေတာ့ အေစခံဆိုတာၾကားလိုက္ရေတာ့ ေပ်ာ္လြန္းလို႔ထကမတတ္ပင္ … သူကေတာ့ လီနာပင္ …
လီနာအစကမေက်မနပ္ျဖစ္သြားေပမဲ့ ဆက္ၿပီးဂုဏ္မဆာနိုင္ေတာ့တဲ့ သခင္မမိုနန္းကိုျမင္လိုက္ရေတာ့ သူမႏႈတ္ခမ္းေထာင့္တစ္ဖက္ပင့္ကာ ခပ္႐ြဲ႕႐ြဲေလွာင္ၿပဳံး ၿပဳံးျပလိုက္တယ္ …
မိုနန္းကေလးအတြက္စိတ္ပူေနတဲ့ၾကားက သူမရဲ႕ေလွာင္ၿပဳံးေၾကာင့္ ေဒါသထြက္သြားၿပီး လက္သီးကိုသာ က်စ္က်စ္ပါေအာင္ ဆုတ္ထားေလေတာ့တယ္ …
ဖန္းဂူက သူ႕မိခင္အဆင္မေျပတာကိုျမင္ေတာ့ ထိုင္ေနရာကေနထလိုက္ၿပီး မိခင္လက္ကိုဆြဲကာ အေပၚထပ္သို႔တက္လာခဲ့လိုက္တယ္ …
" မား သူတို႔ကိုအိမ္ေတာ္မွာဘာေၾကာင့္ လက္ခံထားတာလဲ … ဒီကိစၥက သူတို႔နဲ႕မွမဆိုင္တာ "
" မင္းဖိုးဖိုးက မင္းေဖေဖကို သံေယာဇင္မျပတ္နိုင္ဘူး …
သူလာရင္သူတို႔အားလုံးပါ ပါလာမွာပဲေလ …
ငါကတားလို႔ရမယ္ထင္ေနလား "
" ကြၽန္ေတာ့အထင္ေတာ့ မားသာ ပါးနဲ႕တရားဝင္ကြာရွင္းလိုက္ရင္ အားလုံးအဆင္ေျပၿပီပဲ …
အဖိုးအေမြေတြအားလုံးက ကြၽန္ေတာ္နဲ႕မားကိုလႊဲေပးထားတာ …
သူတို႔ကိုသပ္သပ္ေပးၿပီးသား ဘာကိုေတြးပူေနတာလဲ "
သူမက တည္ၿငိမ္သြားၿပီး ဖန္းဂူပါးေလးအား ဖြဖြေလးထိကိုင္လိုက္ကာ …
" မားက သားကို ပါးမရွိသူလို႔အေျပာမခံေစခ်င္ဘူး "
" မားကလိမ္ေနျပန္ၿပီ …
မားပါးကို စိတ္မကုန္နိုင္ေသးဘူးမဟုတ္လား "
သူမက ဖန္းဂူအၾကည့္ေတြကေန မ်က္ႏွာလႊဲလိုက္ၿပီး …
" မဟုတ္ပါဘူး … မားကသားအတြက္ပဲၾကည့္တာ …
သားကိုၿပီးျပည့္စုံေစခ်င္တာ …
အႏၲရာယ္ကင္ေစခ်င္တာ "
" ကြၽန္ေတာ့အတြက္စိတ္မပူနဲ႕ …
ကြၽန္ေနာ္ သူ႕( အေဖ )ကို မႀကိဳက္ေပမဲ့ မမုန္းဘူး …
သူကတာဝန္ယူစိတ္အျပည့္ရွိတယ္ … ငတုံးတစ္ေယာက္လိုမ်ိဳးပဲ …
ကို႔ကိုတကယ္ခ်စ္တဲ့မိန္းမနဲ႕ ခ်ဴစားတဲ့သူကိုမခြဲနိုင္ေလာက္ေအာင္တုံးအလြန္းတယ္ …
အဲ့ဒိမိန္းမ မားကိုၾကည့္တဲ့အၾကည့္ေတြမႀကိဳက္ဘူး …
သူ႕သားကလဲအၿမဲၿခဳံခိုေနတဲ့ေႁမြတစ္ေကာင္လိုပဲ … ေပၚေပၚထင္ထင္မရွိဘူး …
ဒါနဲ႕မ်ား ရွန္ဟႊာရဲ႕အေမြဆက္ခံသူ ျဖစ္ေစခ်င္ေနေသးတယ္ … ဟမ့္ "
" သူ႕ကိုအထင္မႀကီးလို႔ရတယ္ … ဒါေပမဲ့ သတၱိလက္လြတ္ေတာ့မေနမိေစနဲ႕ …
သူကခုဘာမွမဟုတ္ေပမဲ့ သူသားကိုအႏၲရာယ္ေပးလာမွာမလိုလားဘူး "
" အဲ့ဒိေႁမြဆိုးကို စိတ္ပူေနတာလား …
သူကသားတစ္ခ်က္ကိုင္လိုက္တာနဲ႕အသက္ေပ်ာက္မဲ့သူမ်ိဳးပါ …
သူသားကိုထိခိုက္ေအာင္မလုပ္နိုင္ဘူး "
" အင္းပါ … မင္းကိုယ္မင္း ယုံၾကည္မႈအျပည့္ရွိတာကိုမားႀကိဳက္တယ္ …
ဒါေပမဲ့ လြန္ကဲေနတာမ်ိဳးေတာ့ မျဖစ္ေစနဲ႕ေပါ့ "
သားအမိေတြ ခုလို စကားလြတ္လြတ္လပ္လပ္မေျပာရတာၾကာၿပီ … သူတို႔စကားေျပာရင္းေလွ်ာက္လာရာ ေနာက္ဆုံး မင္းယြီတို႔ကိုကုသေပးေနတဲ့အခန္းေရွ႕ကိုေရာက္လာခဲ့တယ္ … အခန္းေရွ႕မွာ ခ်ဴးရွန႔္က အေျဖကို သိရဖို႔ေစာင့္ေနၿပီး သခင္နဲ႕သင္မႀကီးလာေတာ့ အရိုအေသေပးကာ အခန္းေရွ႕ကေန ေဘးသို႔ဖယ္ေပးလိုက္တယ္ …
သူမက အခန္းေရွ႕မွာရပ္လိုက္ရင္း ဖန္းဂူအားေမးလိုက္တယ္ …
" သားရဲ႕မိတ္အိုမီဂါနဲ႕ပတ္သပ္ၿပီး ဘယ္လိုခံစားရလဲ …
သူသားကိုခ်ဳပ္ေႏွာင္တာမ်ိဳးေတြရွိလား "
ဖန္ဂူခနမွ်တိတ္ဆိတ္သြားၿပီးပုံမွန္အသံအတိုင္းျပန္ေျဖလိုက္တယ္ …
" သားကို ဘယ္သူကခ်ဳပ္ေႏွာင္ရဲမွာလဲ …
မေတာ္တစသူနဲ႕ျဖစ္သြားယုံေလးပါ "
ခ်ဴးရွန႔္က သူတို႔စကားေတြကိုအကုန္ၾကားေနရတယ္ … ဖန္းဂူအေျဖစကားကိုၾကားရေတာ့ သူ႕စိတ္ထဲမွာ အလိုလို စဥ္းစားမိလိုက္တယ္ …
မေတာ္တစ္စတဲ့လား … တစ္ခါမက ၂ ခါမက ၃ ခါ ၄ ခါေလာက္မေတာ္တစ္စျဖစ္တာ သခင္ေျပာမွ ၾကားဖူးေတာ့တယ္ …
သူမကဆက္ေျပာတယ္ …
" သူကသားအတြက္ အေရးမပါရင္ ဘာလို႔ျပန္ေခၚခ်င္တာလဲ "
" အခိုင္းအေစမရွိလို႔ "
" မားပို႔ေပးထားတာအမ်ားႀကီးပါ "
" သူတို႔ကိုရႈတ္လို႔ ထုတ္ပလိုက္ၿပီ …
အဲ့ဒါေတြမေမးပဲ တျခားဟာေမးပါလား "
ဖန္းဂူက စိတ္ရႈတ္ဟန္ျဖင့္ေျပာလိုက္ေတာ့ သခင္မႀကီးက ထက္မေမးေတာ့ပဲ စကားလမ္းေၾကာင္းလႊဲလိုက္တယ္ …
" သားတကယ္ ကေလးမလိုခ်င္ဘူးလား "
ဖန္းဂူ႐ုတ္တရပ္တုန႔္ဆိုင္းသြားၿပီးမွ ျပန္ေျဖလိုက္တယ္ …
" ကြၽန္ေတာ့အလုပ္က ကေလးရွိေနရင္အားနည္းခ်က္ျဖစ္ေနမွာ မားသိတဲ့အတိုင္းပဲ "
" ဒါေပမဲ့ရွန္ဟႊာရွိတယ္ေလ "
" ခုေတာင္ကာကြယ္နိုင္လို႔လား "
" …… "
ဖန္းဂူပုံစံက အေလးအနက္ထားပုံးမေပၚတာမို႔ သူမကေလးကိုဖန္းဂူလက္ခံလာဖို႔ မတိုက္တြန္းေတာ့ပဲ လက္ေလ်ာ့လိုက္တယ္ … ထိုစဥ္အခန္းတံခါးပြင့္လာၿပီး ဆရာဝန္တစ္ဦးထြက္လာတယ္ …
" သခင္မႀကီးနဲသခင္ေလး "
သူကအရိုအေသေပးၿပီးေနာက္ သူတို႔ ၂ ေယာက္လုံးကို အထဲဝင္လာခဲ့ဖို႔ ေခၚလိုက္တယ္ … ခ်ဴးရွန႔္ပါ အတူတူ လိုက္ဝင္လာခဲ့တယ္ … သခင္မႀကီးက ဆိုးရိမ္ပူပန္စြာျဖင့္ ေမးျမန္လိုက္တယ္ …
" ခေလးအေျခအေနဘယ္လိုရွိလဲ "
" ကံေကာင္းလို႔ သေႏၶသားကိုမထိခိုက္တာ …
ခႏၶာကိုယ္ထဲက အဆိတ္ေတြအားလုံးထုတ္ၿပီးပါၿပီ … "
ဆရာဝန္က စကားကို ခနမွ်ရပ္လိုက္ၿပီးေနာက္ ဖန္ဂူအားၾကည့္ကာ ဂုဏ္ယူေသာေလသံျဖင့္ဆိုလိုက္တယ္ …
" ကေလး ၂ ေယာက္လုံး က်န္းက်န္းမာမာပါပဲ "
" …… "
" ၂ ေယာက္ " သခင္မႀကီးကေမးလိုက္တယ္ …
ထိုအခါ ေဒါက္တာက ကုတင္တစ္ခုဆီမွာလွဲေနတဲ့ လူ ၂ ေယာကို ၫႊန္ျပၿပီး …
" သူတို႔ ၂ ေယာက္လုံးမွာ ကေလးရွိေနတယ္ "
" ဘာ "
ဖန္းဂူနဲ႕ခ်ဴးရွန႔္ ေနရာ၌ ေၾကာင္ကအန္းအန္းႏွင့္သာရပ္ေနမိၾကၿပီး သခင္မႀကီးကေတာ့ စစ္ေဆးထားတဲ့အခ်က္အလက္ေတြကို မွန္မမွန္ သြားၾကည့္ေနလိုက္တယ္ … အားလုံးက လိမ္ညာထားျခင္းမရွိ ၂ ေယာက္လုံးမွာ ကေလးရွိေၾကာင္း ၫႊန္ျပေနၾကတယ္ …
ညာဘက္ကုတင္ေပၚက ရက္စ္ဒီအရင္ဆုံးသတိရလာၿပီး သူမနိုးထလာတဲ့အခါ ရွိုက္ႀကီးတငင္ငိုခ်လိဳက္ေလတယ္ … သခင္မႀကီးက ရက္စ္ဒီအနားေျပးသြားၿပီး ႏွစ္သိမ့္ေပးေနလိုက္တယ္ …
" သမီးေလး သတိရလာၿပီလား …
ဘယ္နားနာေနေသးလဲ "
" ဟင့္ … မား သမီးေၾကာက္တယ္ "
" စိတ္ေအးေအးထား "
ရက္စ္ဒီက ဒီေဆးသူမအေပၚအက်ိဳးသက္ေရာက္မႈရွိကတည္းက ကိုယ္ဝန္ရွိေနၿပီဆိုတာ တစ္ထစ္ခ်ယဳံၾကည္သြားတယ္ … သူမဒီအေၾကာင္းကိုစၿပီးသတိထားမိတာ လြန္ခဲ့နဲ႕တစ္ပတ္ေလာက္က … သူမသြားၿပီး စစ္ေဆးမၾကည့္ေပမဲ့ ဘယ္အခ်ိန္ကရခဲ့တာလဲဆိုတာသိတယ္ …
ဒီအမွန္တရားကိုဖုံးကြယ္ဖို႔က ဒါဟာအခ်ိန္ေကာင္းပဲ … အဆိပ္ပါတဲ့ဟာမစားမိခင္က သူမဒါကိုစဥ္းစားမိခဲ့တယ္ … ေသြးသားအစစ္ကို ေႏွာက္ယွက္တာထက္ ကေလးလိုခ်င္လြန္းလို႔ ဘာမဆိုယုံၾကည္ေနတဲ့ ဖန္းဂူမိခင္ကိုခ်ဳပ္ေႏွာင္ဖို႔က အလြယ္ကူဆုံးပဲ …
သူမဒါကိုအေစာကမသိခဲ့တာ ေနာင္တရသြားတယ္ … ဘာပဲျဖစ္ျဖစ္ ဒါကအပီအျပင္သ႐ုပ္ေဆာင္ဖို႔အေကာင္းဆုံးအခ်ိန္ပဲလို႔ သူမေတြးလိုက္ၿပီး အားနည္းခ်င္ဟန္ေဆာင္ကာ နထင္ကိုလက္ျဖင့္ဖိႏွိပ္ရင္း …
" မား … သမီးေခါင္းေတြကိုက္လာၿပီ …
တစ္ခုခုမျဖစ္ေလာက္ပါဘူးေနာ္ "
" ဆရာဝန္က အဆင္ေျပၿပီလို႔ေျပာတယ္ …
ခနေလာက္အနားယူလိုက္ "
သခင္မႀကီးက သူမကိုကုတင္ေပၚျပန္လွဲေစလိုက္တယ္ … သူမက သခင္မႀကီးလက္ကို ဖမ္းဆြဲလိုက္ၿပီး …
" မား … မားက သမီးကိုျပစ္ထားၿပီး တစ္ျခားတစ္ေယာက္ကို ဂ႐ုစိုက္ေပးေနတာျမင္ရေတာ့ ဝမ္းနည္းမိတယ္ "
" အမ်ားႀကီးမေတြးေနနဲ႕ … ကို႔ကိုယ္ကို ဂ႐ုစိုက္ "
တဖက္က မင္းယြီလဲ သတိရလာၿပီး ခ်ဴးရွန႔္အေျပးေလးသြားကာ ထူေပးလိုက္တယ္ … ခုအေျခအေနက ရႈတ္ေထြးေနၿပီး ဖန္းဂူ ဘယ္သူ႕ထံကိုမွမသြားေတာ့ပဲ အခန္းအျပင္သို႔ထြက္သြားေလတယ္ …
မင္းယြီအစကတည္းကသတိရေနတာျဖစ္ၿပီး သူတို႔စကားေတြကို ၾကားသိၿပီးၿပီမို႔ သူ႕အၾကည့္ေတြက တဖက္ကုတင္ေပၚက ရက္စ္ဒီထံေရာက္သြားတယ္ …
သူမအၾကည့္ေတြက သူ႕ကိုမေႏွာက္ယွက္ဖို႔ ခ်ိန္းေျခာက္ေနသေယာင္ သခင္မလွည့္ၾကည့္လာေတာ့ သနားစရာပုံစံေလးေျပာင္းသြားပုံက မင္းယြီပင္ေၾကာက္လန႔္သြားမိတယ္ …
' တကယ့္ကို နတ္ဆိုးမပဲ '
*
*
*
*
ခုျဖစ္သြားတဲ့ျပႆနာက အျပင္ထိေပါက္ၾကားသြားၿပီး ရွန္သခင္ေလးမွာ မ်ိဳးဆက္ရွိေနၿပီဆိုတာ လူတိုင္းသိသြားၾကတယ္ … ဘယ္သူဘယ္ဝါဆိုတာေတာ့အတိက်မသိၾကဘူး …
ထိုေန႕က အဆိပ္မိတဲ့ကိစၥနဲ႕ပတ္သပ္ၿပီး စစ္ေဆးၾကည့္ေပမဲ့ တရားခံမေတြ႕ရဘူး … အဲ့ဒိအစား ရက္စ္ဒီကိုယ္တိုင္က ကိုယ့္ကိုယ္ကို အဆိပ္ေသာက္လိုက္တာေၾကာင့္ ဘယ္သူမွသူလို႔မထင္ၾကဘူး … အဲ့ဒိေန႕က သူမဘာေၾကာင့္အဲ့ဒိအခန္းထဲေရာက္ေနလဲဆိုတဲ့အေၾကာင္းကို သူမသတိရလာတဲ့အခါ ေမးျမန္းၾကည့္လိုက္တယ္ …
သူမက မ်က္ရည္ေတြကို ညွစ္ထုတ္ကာ ကူကယ္ရာမဲ့တဲ့ပုံမ်ိဳးနဲ႕ ငိုယိုကာ ျပန္ေျဖလိုက္တယ္ …
သူမေယာက္ခမက ေခြၽးမကိုဂ႐ုမစိုက္ပဲ တျခားတစ္ေယာက္ကိုပဲ အခ်ိန္ျပည့္ဂ႐ုစိုက္ေနလို႔ သူမဝမ္းနည္းရတယ္ဆိုတဲ့ပလီပလားစကားေတြ … အဲ့ဒိလူက ဘယ္သူလဲသိခ်င္လို႔ ကို႔သိကၡာကိုမၾကည့္ပဲ အေစခံအျဖစ္ဟန္ေဆာင္ၿပီးလာခဲ့တာဆိုတာရယ္ … သူမကိုလုပ္ႀကဳံဖို႔အတြက္ ကိုယ့္ကိုယ္ကို ကာဗာယူၿပီး သူမနဲ႕ အျပစ္မဲ့တဲ့ကေလးကို အဆိပ္မိေအာင္လုပ္ပါတယ္ဆိုတဲ့ မ်က္ကန္းေတြသာယုံမဲ့ဆင္ေျခေတြေပး … ေနာက္ဆုံး သူမရဲ႕ရင္ေသြးက ရွန္သခင္ေလးနဲ႕ရတာပါဆိုတဲ့ ခိုင္လုံတဲ့စကားတစ္ခြန္းနဲ႕အဆုံးသပ္ၿပီးေနာက္ သူမရဲ႕ဇာတ္လမ္းဆင္မႈက ၿပီးဆုံးသြားခဲ့တယ္ …
ခု ထိုအရႈတ္ထုတ္က အိမ္ေတာ္မွာေရာက္ေနတဲ့သူေတြအားလုံးသိကုန္ၾကၿပီး တရားခံ စစ္သလို ဖန္းဂူကိုစစ္ေမးဖို႔သာရွိေတာ့တယ္ …
ရွန္ဟႊာရန္းက ႐ုတ္တရပ္အေမြဆက္ခံသူရွိလာလို႔ေပ်ာ္ေနေပမဲ့ ၂ ေယာက္ျဖစ္ေနေတာ့ သူလဲေ႐ြးခ်ယ္ရခက္သြားတယ္ … လူေတြအားလုံးက မင္းယြီကိုတလွည့္ ရက္စ္ဒီကိုတစ္လွည့္ၾကည့္ေနၾကတယ္ …
ဒီအေနအထားက ဖိအားေတြမ်ားလြန္းလို႔ မင္းယြီမေနခ်င္ေတာ့ဘူး … အဆိပ္မိၿပီးကတည္းက သူ႕ကိုယ္က အရင္ကထက္အားနည္းလာသလိုပဲ … ၿပီးေတာ့ ဒီပြဲမွာ သူကအေစခံျဖစ္ေနလို႔ သူ႕ကေလးက အပယ္ခံရမယ္ဆိုတာ သိႏွင့္ၿပီးသား … ဒါေပမဲ့ ဖန္းဂူပါစပ္က ဒါဟာသူ႕ကေလးလို႔ အမွန္ကို ဖြင့္ေျပာလာမွာကိုေတာ့ ေမွ်ာ္လင့္ေနမိတယ္ … လက္မခံလွ်င္ေတာင္မွေပါ့ …
ခ်ဴးရွန႔္က ဖန္းဂူနားကို ကပ္လိုက္ၿပီး …
" သခင္ေလး … ကြၽန္ေတာ့ သူ႕ကိုယ္ဝန္ကဘယ္သူ႕ဟာလဲ စုံစမ္းလိုက္မယ္ "
" မလိုဘူး "
ဖန္းဂူက ေအးေဆးစြာျပန္ေျဖလိုက္ေတာ့ အားလုံးက အံ့အားသင့္ကုန္ၾကတယ္ … ဖန္းဂူက မျငင္းဘူးဆိုေတာ့ ဒါကသူ႕ကေလးဆိုတဲ့သေဘာလား … ဒီလိုဆိုတာ တရားဝင္ေစ့စပ္ထားတဲ့မိန္းမဗိုက္ထဲကကေလးနဲ႕ အေစခံတစ္ေယာက္ဗိုက္ထဲကကေလး ဘယ္ဟာက သခင္ျဖစ္သင့္လဲဆိုရင္ အေျဖကရွင္းရွင္းေလးပါ … အဲ့ဒိကေလးက ရက္စ္ဒီကေလးပဲျဖစ္လိမ့္မယ္လို႔ အားလုံးကေျဖၾကလိမ့္မယ္ …
ရွန္ဟႊာရန္းက မသိက်မေသခ်ာပဲ ေျဖေနတဲ့ ဖန္းဂူအားၾကည့္ကာ တစ္ခြန္းထည္းေမးလိုက္တယ္ …
" မင္းရဲ႕ေသြးသားကအစစ္က ဘယ္ဟာလဲ "
ဖန္းဂူက အေလးအနက္မထား ေပါ့ပ်က္ပ်က္သာ ျပန္ေျဖလိုက္တယ္ …
" ကြၽန္ေတာ္က အေစခံတစ္ေယာက္နဲ႕ ေပါင္းဖက္လိမ့္မယ္လို႔ထင္ေနတာလား "
တဖက္ကၾကည့္ရင္ သူ႕ေသြးသားအစစ္က ျမင့္ျမတ္တဲ့ အိုမီဂါဗိုက္ထဲကကေလးဆိုတဲ့ အဓိပၸါယ္ေရာက္သြားကာ အားလုံးအသိထဲမွာ အန္းရက္စ္ဒီရဲ႕ကေလးက ဖန္းဂူကေလးလို႔ တစ္ထစ္ခ်ထင္လိုက္ၾကတယ္ …
မင္းယြီအမ်ားႀကီးေမွ်ာ္လင္မထားေပမဲ့ ထိုအေျဖစကားေၾကာင့္ သူ႕ရင္တစ္ခုလုံး အစိမ္းလိုက္ခြဲခံလိုက္ရသလိုမ်ိဳးနာက်င္သြားၿပီး သူ႕မ်က္ႏွာေလးက သိသိသာသာျငႇိုးငယ္သြားေလတယ္ …
အစက ေလွ်ာင္ေျပာင္ေနတဲ့အၿပဳံးေတြနဲ႕ၾကည့္ေနတဲ့ လီနာဟာလဲ မ်က္ေမွာင္ၾကဳတ္သြားၿပီး သခင္မႀကီးကိုယ္တိုင္ကလဲ အံ့ဩသြားေလတယ္ … အဖိုးျဖစ္သူကေတာ့ ဘာမွမဆိုပဲ ဖန္းဂူရဲ႕ေ႐ြးခ်ယ္မႈကို လက္ခံလိုက္တယ္ … ဒီလိုနဲ႕ မင္းယြီဟာ အားလုံးရဲ႕အေရးစိုက္မႈကို မခံရေတာ့ပဲ အျပင္လူတစ္ယာက္ျဖစ္သြားတယ္ …
အားလုံး ဒြီဟျဖစ္ေနၾကတဲ့ သူတို႔သခင္ရဲ႕မ်ိဳးဆက္ကိုလြယ္ထားရတဲ့သူက အန္းသခင္မေလးျဖစ္ေနေတာ့ လူတိုင္းက ဂုဏ္ျပဳေပးၾကတယ္ …
ေနာက္ဆုံး ထိုသတင္းဟာ ဆိုရွယ္မီဒီယာေတြထိ ေပါက္ၾကားသြားၿပီး သူမကိုဝမ္းေျမာက္ဝမ္းသာဂုဏ္ျပဳေပးသူရွိသလို တခ်ိဳ႕က ေဝဖန္ၾကတယ္ … ဘာပဲျဖစ္ျဖစ္ ထိုသတင္းကေတာ့ အမွန္တရားအျဖစ္ ဆက္ၿပီးရွိေနအုံးမွာပဲ … တစ္စုံတစ္ေယာက္ကေတာ့ သူ႕ရဲ႕အႀကံေတြ ေအာင္ျမင္သြားလို႔ေပ်ာ္႐ႊင္ေနတယ္ …
*
*
*
*
ထိုကိစၥၿပီးတဲ့ေနာက္ ဖန္းဂူ မင္းယြီကို သူ႕ရဲ႕အိမ္ေတာ္သို႔ ျပန္ေခၚလာနိုင္ခဲ့တယ္ … သူတို႔ထြက္ခြာလာတဲ့လမ္းတစ္ေလွ်ာက္ မင္းယြီ အေနာက္ခန္းထဲမွာ အိပ္ေနၿပီး ခ်ဴးရွန႔္နဲ႕ ဖန္းဂူက အေရွ႕ခန္းထဲမွာ ထိုင္ေနျခင္းျဖစ္တယ္ …
ခ်ဴးရွန႔္က ကားေမာင္းေနရင္း ထိုအျဖစ္အပ်က္ကို စဥ္းစားေလေလ တစ္စုံတစ္ခုက မွားေနမွန္းသိေနတယ္ … သူကလဲသခင္နည္းသူ ဉာဏ္ထက္သူမို႔ အျဖစ္အပ်က္ေတြ ဆက္ဆက္ၾကည့္တဲ့အခါ အေျဖမွန္တစ္ခု ထြက္လာခဲ့တယ္ …
ရွန္ဟႊာက လူအမ်ားအာ႐ုံစိုက္မိေနတဲ့ အႀကီးမားဆုံးအဖြဲ႕အစည္းတစ္ခု … တခ်ိဳ႕က ရွန္ဖန္းဂူကို ျဖဳတ္ခ်ဖိဳ႕ အားနည္းခ်က္ကို ရွာေဖြေနၾကတယ္ … မင္းယြီမွာ ကိုယ္ဝန္ရွိေနတဲ့အေၾကာင္း ရန္သူေတြသိသြားရင္ ဘယ္ေလာက္ဂ႐ုစိုက္ေနပါေစ အေႏွးနဲ႕အျမန္ ဒုကၡေရာက္နိုင္တယ္ …
ရွန္ဟႊာက ကေလးလိုခ်င္တာမွန္ေပမဲ့ အေစခံတစ္ေယာက္နဲ႕ခ်ိန္းေခ်ာက္လာရင္ သူတို႔တုန္လႈပ္ေနမွာမဟုတ္ဘူး … အဲ့ဒိထက္ သူတို႔မွာ ေမွ်ာ္လင့္ခ်က္ ရက္စ္ဒီကရွိေနေသးတယ္ … အဲ့ဒိအခါ သူမအတြက္အခြင့္ေကာင္းရသြားနိုင္တယ္ …
ဒါေပမဲ့ ခုမင္းယြီအေၾကာင္း ဘယ္သူမွမသိေသးတဲ့အျပင္ သူမကိုယ္တိုင္က အႏၲရာယ္ကို လက္ယက္ေခၚေနမိမွန္း သိမွာေတာင္မဟုတ္ဘူး … ၿပီးေတာ့ ရွန္ဟႊာက သူမရင္ေသြးကို မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနမွာဆိုေတာ့ သူမဘာမွမဟုတ္တာလုပ္ဖို႔ မလႈပ္ရွားနိုင္ေတာ့ဘူး …
တစ္ခုေကာင္းတာက သူမ သခင္ဖန္းဂူကိုလဲေႏွာက္ယွက္လို႔မရေတာ့သလို မင္းယြီကိုလဲဒုကၡေပးလို႔မရေတာ့ဘူး … သူမက သခင္မႀကီးရဲ႕ေစာင့္ေရွာက္မႈေအာက္ေရာက္သြားၿပီ … သူတို႔အတြက္ ဘယ္ေလာက္ေတာင္ လြတ္လပ္ သြားသလဲ …
သူ႕ေဘးမွာ ေက်ာက္႐ုပ္လိုထိုင္ေနၿပီး အေရွ႕ကားမွန္ထဲမွာေပၚေနတဲ့ အေနာက္ခန္းထဲမွာအိပ္ေပ်ာ္ေနတဲ့ မင္းယြီကို ၾကည့္ေနတဲ့ သခင္အား ခ်ဴးရွန႔္ အံ့ဩသႀကီး ေမးျမန္းလိုက္တယ္ …
" သခင္ေလး … သခင္ေလးက ရန္သူကို အႏုနည္းနဲ႕ ခ်ဳပ္ေႏွာင္လိုက္တာလား "
" မင္းမသိဘူးလား "
" မင္းယြီကို ဘယ္သူမွသတိမထားမိေအာင္ ကာကြယ္ေပးလိုက္တာေပါ့ "
" ဆိုပါေတာ့ "
" ဒီနည္းနဲ႕ဆို သူတို႔ သခင္ေလးရဲ႕အားနည္းခ်က္ကို လြယ္လြယ္မရွာေဖြနိုင္ေတာ့ဘူး …
ဟိုမိသားစုကလဲ သူ႕အသက္သူျပန္ဆူးတာေပါ့ …
အဟား … လွည့္ကြက္ေတြက ကဗ်ာဆန္လိုက္တာ "
ခ်ဴးရွန႔္က ရယ္ေနတာကိုရပ္လိုက္ၿပီး သူ႕ရင္ထဲကေန လွိုက္လွိုက္လွဲလွဲသိခ်င္ေနတဲ့ အရာတစ္ခုကို ဖန္းဂူအား ေလးနက္စြာ ေမးလိုက္တယ္ …
" ဒါနဲ႕ သခင္ေလး …
မင္းယြီတို႔ သားအဖကို သခင္ရဲ႕မိသားစုအျဖစ္ လက္ခံလိုက္ၿပီေပါ့ …
သခင္အခ်စ္ဆိုတာကို ေတြ႕သြားၿပီလား "
ဖန္းဂူမ်က္ဝန္းေတြက ႐ုတ္တရပ္ မတည္မၿငိမ္ျဖစ္သြားၿပီး သူ႕ကိုေမးခြန္းေမးေနတဲ့ ခ်ဴးရွန႔္ကို မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ကာ …
" ငါျပန္ေခၚလာယုံနဲ႕ ငါ့မိသားစုျဖစ္ေရာလား …
ငါ … ငါက ဘာကိုခ်စ္ရမယ္ … အဓိပၸါယ္မရွိလိုက္တာ "
" ဒါေပမဲ့ သခင္ေလးက တစ္ခါမွ လူေတြကိုကာကြယ္ဖူးတာမွမဟုတ္တာ …
မင္းယြီကိုမခ်စ္ဘူးဆိုရင္ ဘာလို႔သူ႕ကို ကာကြယ္ေပးေနတာလဲ "
" သူ႕ကငါ့အေစခံမို႔ျပန္ေခၚလာတာ …
မင္းကေသခ်င္လို႔ အဓိပၸါယ္မရွိတာေတြ လာေမးေနတာလား "
" ဒါေပမဲ့ သူ႕မွာကိုယ္ဝန္နဲ႕ဆိုေတာ့ သခင္ကိုလုံေလာက္ေအာင္အမႈမထမ္းနိုင္မွာ ဆိုးလို႔ပါ "
" မင္းအပူမပါဘူး … ပါစပ္ပိတ္ "
မတည္ၿငိမ္တဲ့ ႏွလုံးခုန္သံေတြၾကား ဖန္ဂူႀကီးမားတဲ့ရန္သူတစ္ေယာက္နဲ႕ ရင္ဆိုင္ေနရသလို သတိႀကီးႀကီးထားကာ ဟန္မပ်က္ ၿငိမ္သက္စြာ ထိုင္ေနမိေလေတာ့တယ္ …
အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ သူမသိဘူး … ပိုင္ဆိုင္လိုစိတ္ကို အခ်စ္လို႔ေခၚတာလား … အနားမွာ ရွိေနရင္ ေပ်ာ္ေနတာမ်ိဳးကိုေျပာတာလား ?
သံေယာဇင္ဆိုကေရာ ဘယ္လိုမ်ိဳးပါလိမ့္ … တစ္ေယာက္အနားမွာ တစ္ေယာက္မရွိတဲ့အခ်ိန္ ဟာတာတာႀကီးျဖစ္ေနတာက သံေယာဇင္ဆိုတာလား … ?
မိသားစုဆိုတာကေရာ ဘယ္လိုမ်ိဳးလဲ … တစ္ေယာက္ ဒုကၡေရာက္ေနတာကိုျမင္ရင္ ႐ူးမတတ္ခံစားရၿပီး ေဒါသထြက္မိတာကိုေျပာတာလား … ?
ဒါဆိုဘာလို႔ အဲ့ဒါေတြအားလုံးက ငါ့မွာ ရွိေနရတာလဲ … အဲ့ဒိေကာင္ေလးေၾကာင့္လား … ?
ငါ … သူ႕ကို … ခ်စ္ .. မိ .. ေနၿပီ .. လား … ?
.
.
.
.
To Be Continued
( အက္ငတုံးႀကီးကို ေျဖေပးလိုက္ပါအုံး … 😆 အခ်စ္ဆိုတာ ဘာမွန္းမသိတဲ့ သူငယ္တန္း ကေလးေလး 🤣🤣
ဒီေန႕အေစာႀကီးတင္ေပးလိုက္ၿပီ … ေနာက္တစ္ပိုင္းေတာ့ မလာေတာ့ဘူးေနာ္ … Starေလးနဲ႕ fbေလးေတြ ေမွ်ာ္ေနၿပီ … 🙆♀️🥰 )