#Unicode
မင်းယွီနိုးထလာတော့ သူ့ရောက်ရှိနေတာက ရှန်ဖန်းဂူရဲ့ရှန်ဟွှာအိမ်တော်မဟုတ်ပဲ ထူးခြားတဲ့နေရာတစ်ခုဆိုတာ သိလိုက်ရတယ် … အခန်းကကျယ်ပြန့်လွန်း၍ ဆေးရုံလဲမဖြစ်နိုင်ဘူး …
သူလှဲနေတဲ့ ကုတင်ရဲ့မလှန်းမကမ်းမှာလဲ အမျိုးသမီး လေးယောက်ခန့်က တံခါးအခြေမှာ ရပ်စောင့်နေကြတယ် … သူတို့ပုံစံက ရဲရင့်ပျက်သားလှပြီး ရှန်ဟွှာရဲ့အထူးသပ်သားတွေဆိုတာ သိသာလှတယ် …
ကြက်သွေးရောင်နဲ့အနက်ရောင်စပ်ထားတဲ့ ယူနီဖောင်းကိုဝတ်ထားတဲ့ သူမတို့က ရှန်သခင်မမိုနန်းရဲ့ ကိုယ်ရံတော်တွေဖြစ်ကြပြီး သူတို့က မင်းယွီနိုးထလာတာကို မြင်လိုက်ရတော့ နားမှာတပ်စင်ထားတဲ့ကရိယာနဲ့ တစ်စုံတစ်ယောက်ကို အကြောင်းကြားလိုက်တယ် …
၁၅ မိနစ်ခန့်ကြာတော့ အခန်းတံခါးပွင့်လာပြီး အခန်းထဲသို့ ရှန်သခင်မကြီးမိုနန်း ဝင်လာခဲ့လေတယ် …
သူမအနောက်မှာ ပါလာတဲ့ အိမ်ဖော် ၅ ယောက်လက်ထဲမှာ စားစရာတွေတင်ထားတဲ့ လင်ဗန်းတွေကိုင်ဆောင်လာပြီး အခန်းထဲက စားပွဲပေါ်မှာ ချထားလိုက်ကြတယ် … သူမကခုံတစ်ခုပေါ်ဝင်ထိုင်လိုက်ပြီး အစောင့်တွေကို ကုတင်ပေါ်ကမင်းယွီကို တွဲခေါ်လာဖို့အမိန့်ပေးလိုက်တယ် …
မင်းယွီ ခုချိန်ထိ ဘာတစ်ခုမှနားမလည်နိုင်သေးဘူး … ပွဲထဲမှာ အရှက်ခွဲခံရတာကိုမှတ်မိတယ် … အဲ့ဒိနောက် သူ့ခေါင်းတွေမူးနောက်လာပြီး လဲကြသွားတယ် …
သူလဲမသွားခင် ဒေါသကြီးနေတဲ့တစ်စုံတစ်ယောက်ကို မြင်လိုက်ရတယ် … သူကချူးရှန့်လား ရှန်ဝေလား ဒါမှမဟုတ် သူလား … ဒါကဖြစ်နိုင်ပါ့မလား … မင်္ဂလာအခါကြီးမှာ သတို့သားက ပြဿနာရှာပါ့မလား … ဒါဆိုသူက ပွဲကို ဖျက်စီးမိသွားပြီလား …
မင်းယွီကြောက်လန့်စွာနဲ့ပဲ သခင်မကြီးအရှေ့ဝင်ထိုင်လိုက်တယ် … သခင်မကြီးက မျက်နှာတည်ငြိမ်လျှက် အရှေ့က စားစရာပန်းကန်တွေကို မင်းယွီထံ တိုးပေးကာ ဆိုလိုက်တယ် …
" မင်း တစ်နေ့လုံးနဲ့ တစ်ညလုံး ဘာမှမစားရသေးဘူးမဟုတ်လား …
ဗိုက်စာနေရောပေါ့ … ဒါတွေကို ကုန်အောင်စားရမယ် "
ခုချိန်က မနက်ခင်းချိန်ဖြစ်နေ၍ မနေ့က ပွဲပြီးသွားပြီဆိုတာ မင်းယွီသိလိုက်တယ် … သခင်မက ပြဿနာမရှာပုံထောက်ရင် ပွဲက သူ့ကြောင့်ပျက်မသွားတဲ့ပုံပဲ …
မင်းယွီ ဘာမှမေးမြန်းမနေတော့ပဲ သူ့အရှေ့မှာချထားတဲ့စားစရာတွေကိုသာ ယူစားနေလိုက်တယ် … စားစရာတွေအားလုံးက အချိုဓာတ်တွေပါဝင်ပြီး ကျန်းမာရေးအတွက်ကောင်းစေကာအားရှိစေမဲ့အစားအစာတွေကြီးပဲ … ဒါပေမဲ့ သူကခုချိန်မှာ အပူအစပ်တွေကိုပဲတွေးတောင်းနေတယ် …
သခင်မကြီးက မင်းယွီနည်းနည်လေးပဲစားပြီး ရပ်သွားတော့ မေးလိုက်တယ် …
" စားမကောင်းဘူးလား "
မင်းယွီ ခေါင်းကို အမြန် ခါရမ်းလိုက်ပြီး …
" စားကောင်းပါတယ် … ကျွန်တော် ဗိုက်ပြည့်သွားလို့ပါ "
သခင်မကြီးက အစောင့်တွေကို မင်းယွီစားပြီးသားပန်းကန်တွေကို သိမ်းစေလိုက်ပြီးနောက် အကြည်ရောင်ဆေးရည်ဘူးတစ်ခုကို ထုတ်ယူကာ ခွက်အသေးလေးတစ်လုံးထဲ ထည့်လိုက်ပြီး မင်းယွီထံပေးလိုက်တယ် …
" အစာစားပြီးရင်ဒါလေးသောက် "
မင်းယွီထိုခွက်လေးကို ခနမျှစိုက်ကြည့်နေပြီး ထိုအရည်တွေကို ဝိုတစ်မျိုး သို့မဟုတ် အရက်ပဲဖြစ်လိမ့်မယ်လို့ တွေးလိုက်ပြီး တစ်ခွက်လုံး မော့သောက်ပြစ်လိုက်တယ် …
ပါစပ်ထဲဝင်လာတဲ့ ချိုချိုခါးခါးအရသာကြီးကြောင့် သခင်မရှေ့မှာ ပြန်အန်မထွက်မိအောင် မင်းယွီ ပါစပ်ကိုပိတ်လိုက်ပြီး မျက်နှာထားကိုအမြန်ဆုံးထိန်းထားကာ ရေနဲ့မျှောချလိုက်ရတော့တယ် …
" အဟွှတ် … အဟွှတ် "
" ဖြေးဖြေးသောက် …
မပူနဲ့ … ဒါက မင်းနေ့တိုင်းသောက်ရမှာ "
" ဗျာ "
မီးယွီဒါကြီးကို တကယ်မသောက်ချင်ဘူး … အရသာကြီးက ပါစပ်ထဲမှာ တစ်မျိုးကြီးပဲ … ထိုစဉ် အ နောက်က အစေခံတစ်ယောက် ရောက်လာပြီး စုံလင်လှတဲ့ သစ်သီးတွေ လှီးထည့်ထားတဲ့ လှပတဲ့ သစ်သီးပွဲတစ်ခုကိုယူဆောင်လာကာ စားပွဲပေါ်သို့ချပေးပြီး အရိုသေပေးကာ ပြန်ထွက်သွားလေတယ် …
သခင်မက ထိုပွဲကို မင်းယွီရှေ့ချပေးလိုက်ပြီး …
" ပါစပ်ဆိုးရင် အသီးစား "
မင်းယွီချက်ချင်း ဟန်ပင်မဆောင်နိုင်ပဲ အခါးဓာတ်ပျောက်စေရန် အရည်ရွှမ်းပြီးချိုမယ်ထင်တဲ့အသီးကိုရွေးစားလိုက်တယ် … ခုသူက တစ်ယောက်ထဲမဟုတ်တော့သလို ဗိုက်ထဲကဟာလေးကလဲ သူစားသမျှဓာတ်တွေကို စုပ်ယူနေတော့ မင်းယွီဗိုက်ပြည့်နေဖို့ လိုတာနဲ့ သစ်သီးတွေကို တစ်ခုပြီးတစ်ခုကောက်စားနေလိုက်တယ် …
သခင်မကြီးကလဲ မင်းယွီ အစားတွေအများကြီးစားနေတာမြင်ရတော့ ကျေနပ်သွားလေတယ် … ထိုစဉ်အပြင်က တံခါးခေါင်သံနဲ့အတူ ဆူညံသံများ ထွက်ပေါ်လာလေတော့တယ် …
" မား … တံခါးဖွင့်ပေး "
ဒါကသူပဲ … မင်းယွီစားတာကိုခနရပ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်မိတော့ တံခါးအခြေမှာစောင့်နေတဲ့ အမျိုးသမီးကိုယ်ရံတော်တွေက တုတ်တုတ်မျှမလှုပ်ပဲ ရပ်နေမြဲပင် …
ဘာကြောင့် ရှန်ဟွှာအိမ်တွေခွဲထားလဲသိလိုက်ပြီ … ဒီအိမ်တော်က သခင်မကြီးရဲ့အိမ်ဖြစ်၍ ရှန်ဖန်းဂူက သခင်လေးဖြစ်နေပါစေ သူ့ရဲ့အမိန့်က မသက်ရောက်ဘူး … သခင်မကြီးတစ်ယောက်သာ စေခိုင်းနိုင်တယ် …
" ရှန်ဖန်းဂူ … နင်ဒီကိုဘာလာလုပ်တာလဲ …
အောက်ထပ်က ဧည့်သည်တွေကို လိုက်မပို့ဘူးလား "
ဒီသားအမိ နည်းနည်သူစိမ်းဆန်နေသလိုမျိုးပဲလို့ မင်းယွီတွေးထင်မိပေမဲ့ သူနဲ့မဆိုင်တာမို့ အသီးတွေကို ဆက်စားနေလိုက်တယ် …
" သူတို့ပြန်သွားကြပြီ …
ကျွန်တော်မားနဲ့စကားပြောချင်တယ် "
သခင်မကြီးက အရေးမစိုက်ပဲ တိုတိုပျက်ပျက်သာ ပြန်ဖြေလိုက်တယ် …
" ငါမအားဘူး … ပြောချင်ရင်ခနစောင့် "
သူမက မင်းယွီစားတာကိုပဲ ဆက်ပြီးကြည့်နေ၍ မင်းယွီပါအနေရခက်လာတယ် … ဖန်းဂူကလဲ အလျော့မပေးပေ …
" ကျွန်တော် သူ့ကိုပြန်ခေါ်သွားမယ် … ခုဖွင့်ပေး "
မင်းယွီထင်မိတာတော့ ဒါကဖမ်းထားတာနဲ့လဲမတူပါဘူး … ဘာကြောင့်အလောတကြီးခေါ်နေရတာလဲမတွေးတတ်တော့ဘူး …
" ငါပြောပြီးပြီ … သူ့ကိုဒီမှာပဲထားရမယ် "
မင်းယွီရုတ်တရပ်ကြောင်သွားတယ် … သူကဒီမှာနေရမယ် … ဘာကြောင့်လဲ … တွေးကြည့်ရင် အစားလဲကောင်းကောင်းကြွေးတယ် အစောင့်တွေလဲအများကြီး သတ်ဖို့တော့မဟုတ်လောက်ဘူး … ဒီမှာနေရတာ ကောင်းသလိုပဲ …
ခနမျှတိတ်ဆိတ်သွားကြပြီး အခန်းအပြင်က ဖန်းဂူရဲ့အသံ ထွက်ပေါ်လာပြန်တယ် …
" ကျွန်တော်ကလေးကိုမလိုချင်ဘူး "
ဟမ် … ဘာ … ဘာကလေးလဲ … ဘယ်သူ့ကလေးကိုမလိုချင်တာလဲ … သူ့စကားက နည်းနည်း ထူးဆန်းနေတယ် …
သခင်မကြီးကလဲ အနည်းငယ်ဒေါသထွက်သွားပုံရတယ် … သူမက တည်ငြိမ်သောအသံနဲ့ လှမ်းပြောလိုက်တယ် …
" ဘာ … မင်းက ကိုယ်ဝန်ကို ဖျက်ချစေချင်တာလား "
" အဟွှတ် "
မင်းယွီပါစပ်ထဲထည့်နေတဲ့ သစ်သီးကိုပင် ထွေးထုပ်မိတဲ့ထိ လန့်သွားတယ် … သခင်မကြီးကလဲ သူ့ရဲ့အမူအရာကိုမြင်သွားပြီး ဖန်းဂူကို တားဖို့ ဆုံးဖြတ်လိုက်တယ် …
" တော်ပြီ … ငါမင်းနဲ့နောက်မှပဲ စာရင်းရှင်တော့မယ် "
မင်းယွီလက်တွေပင်တုန်လာသလိုပဲ … သူတိုသိသွားကြပြီလား … ကလေးကိုမလိုချင်ဘူးဆိုတာ သူ့ဗိုက်ထဲကကလေးကိုပြောတာလား … မင်းယွီဝမ်းနည်းလွန့်လို့ မျက်ရည်တွေ ထိန်းမနိုင်တော့ဘူး …
သခင်မကြီးက သစ်လျှူးတရွက်ယူပြီး ကမ်းပေးလာတော့ မင်းယွီကြောင်တောင်တောင်လေးကြည့်ကာ လှမ်းယူလိုက်ပြီးတုတ်လိုက်တယ် …
ပြီးနောက် … ဖန်ူဂူရဲ့အသံကို ထက်မံကြားလိုက်ရတယ် …
" ကျွန်တော် ခုပဲရှင်းချင်တယ် …
ကျွန်တော်ပြောပြီးပြီ … သူကကျွန်တော့အစေခံ …
သူ့ကိုကျွန်တော်ပိုင်တယ် …
ကျွန်တော့ခွင့်ပြုချက်မရပဲ သူကလေးမယူရဘူး "
မင်းယွီပိုပိုပြီးရှိုက်ကာငိုနေမိတယ် … ဘာကြောင့်ကလေးကိုမလိုချင်ရတာလဲ … လက်ခံဖို့မျှော်လင့်မထားပေမဲ့ ထိုငြင်းပယ်မှုကို ခံယူဖို့ သူ့မှာအဆင်သင့်မဖြစ်သေးဘူး …
သခင်မကြီးက ဖန်းဂူအား ဆက်မပြောဖို့ တားလိုက်တယ် …
" မင်း တော်လိုက်တော့ "
ဖန်းဂူက တံခါးကို ခပ်ပြင်းပြင်ထုလိုက်ပြီး …
" ဒါဆို သူ့ကိုပြန်ပေး … ခုချက်ချင်း တံခါးကိုဖွင့် "
သခင်မကြီးက သက်ပြင်းဖွဖွချလိုက်ရင်း ရှိုက်ငိုနေတဲ့ မင်းယွီကိုတလှည့် တံခါးတစ်ချက်ချားနေတဲ့နေရာက ဒေါသကြီးနေတဲ့ ဖန်းဂူကိုတစ်လှည့်ကြည့်ကာ နောက်ဆုံး တံခါးအခြေကအစောင့်အား လက်ဟန်ဖြင့်အချက်ပြကာ တံခါးဖွင့်စေလိုက်တယ် …
တံခါးလော့ပွင့်သွားတာနဲ့ ဖန်းဂူ အခန်းထဲသို့ ဝုန်းဒိုင်ရောက်ချလာတယ် … သို့ပေမဲ့သူ့ရဲ့ခြေလှမ်းတွေက လမ်းတစ်ဝက်မှာပဲ ရပ်တန့်သွားခဲ့တယ် …
" မင်း … "
သူထင်တာက ခုချိန်ထိ မင်းယွီသတိမရလာသေးဘူးထင်ခဲ့တာ … မိခင်ပဲရှိနေမယ်ထင်ခဲ့ပေမဲ့ မခင်အရှေ့မှာ သူ့ကိုကျောပေးကာ ထိုင်လျှက် ပုခုံးလေးတွေ တုန်ခါနေပြီး ငိုနေတဲ့ မင်းယွီကိုတွေ့လိုက်ရတော့ ဘာပြောရမှန်းမသိဖြစ်သွားတယ် … သူစောစောက ဘာတွေပြောခဲ့လဲဆိုတာ ပြန်မစဉ်းစားချင်တော့ဘူး …
မင်းယွီက တမင်တကာ ဖန်ဂူကို ကျောပေးပြီး ခေါင်းငုံ့လျှက်ထိုင်နေတယ် … သူအနား ဖန်းဂူရောက်လာတဲ့အထိ ငြိမ်နေလျှက်ပင် …
ရှန်သခင်မကြီးက ဖန်းဂူအားကြည့်ကာ တစ်ခွန်းထည်း ပြောလိုက်တယ် …
" မင်းသူ့ကို ခေါ်လို့ရရင်ခေါ်သွား …
သူမလိုက်ဖူးဆိုရင် မင်းပြန်လိုက်တော့ …
ဒါက သူ့အပေါ်မူတည်တယ် "
ဖန်းဂူ မင်းယွီကိုကြည့်ပြီး ဘယ်ကဘယ်လိုစပြောရမှန်းမသိတော့ဘူး … သူကလူတွေကို သေနတ်နဲ့ခြောက်ပြီးတော့ပဲ ငိုအောင်လုပ်ဖူးတာ … ငိုနေတဲ့လူကို သူ့ဘဝမှာ ဘယ်တုန်းကမှ မချော့ခဲ့ဖူးဘူး …
သခင်မကြီးက ယုံကြည်ချက်အပြည့်နဲ့စောင့်နေတယ် … မင်းယွီကလဲ အငိုတိတ်သွားပေမဲ့ ခေါင်းငုံ့ထားဆဲ … ဖန်းဂူစိတ်မရှည်နိုင်တော့ပဲ မင်းယွီကို ပခုံး ၂ ဖက်ကနေပြီး ကိုင်လှည့်ကာ သူနဲ့အကြည့်ချင်းစုံစေလိုက်တယ် … ငိုထား၍ နီမြန်းနေတဲ့ မင်းယွီမျက်ဝန်းလေးတွေက တခြားဘက်သို့ စိုက်ကြည့်နေပြီး သူ့အကြည့်ကို ရင်မဆိုင်ဘူး …
ဖန်းဂူ တစ်ခွန်းထည်း ပြောလိုက်တယ် …
" အိမ်ကို ပြန်လိုက်ခဲ့ "
မင်းယွီခနမျှတုန့်ဆိုင်သွားပြီး မျက်နှာလွှဲလိုက်ကာ သူ့ပခုံးပေါ်က ဖန်းဂူလက်တွေထံကနေ ရုန်းထွက်လိုက်တယ် …
" ကျွန်တော် ခများမသိပဲ ကိုယ်ဝန်လွယ်မိလို့တောင်းပန်ပါတယ် …
ဒါပေမဲ့ ကျွန်တော် ရင်သွေးလေးကို ဖျက်မချနိုင်ဘူး …
ခများနဲ့ပြန်မလိုက်နိုင်တဲ့အတွက် ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ် "
" ဘာ … ဒါက … နေဦး … အဲ့လိုမဟုတ်သေးဘူး "
သူ့မှာရှင်းပြဖို့ စကားလုံးတွေ ထွက်ကျမလာခဲ့ဘူး … အမြဲ လူတွေကို ချိန်းခြောက်နေကျဆိုတော့ သူ့ခံစားချက်ကိုဖွင့်ပြောပြဖို့က လူသတ်တာထက်ခဲရင်းနေတယ် … ပြန်ခေါ်တာနဲ့ ဒီကိုယ်ဝန်နဲ့က မဆိုင်ဘူးဆိုတာ ဘယ်လိုပြောသင့်လဲ …
သခင်မကြီးက အဖြေကိုကြားသိရပြီမို့ ဖန်းဂူကို ဆက်ပြီးပြောဖို့ ခွင့်မပြုတော့ပေ …
" ကဲ … မင်းကြားပြီမဟုတ်လား …
သူကငြင်းနေမှတော့ မင်းအိမ်ကိုပဲပြန်လိုက်တော့ "
ရှန်ဖန်းဂူက ဒီလိုလုပ်လို့ရမဲ့လူစားမျိုးမှမဟုတ်တာ … သူပိုင်တဲ့လူကို ဘယ်သူမှယူလို့မရဘူး …
တစ်ဖက်ကလဲ ဖန်းဂူမိခင်လေ … သူ့သား ဘာလုပ်မယ်မှန်း သိတာပေါ့ …
သားအမိနှစ်ယောက်ရဲ့ ပြိုင်တူ လှုပ်ရှားမှုကြောင့် မင်းယွီလိပ်ပြာလွင့်မတတ် ထိတ်လန့်သွားလေတော့တယ် …
သူ့ရဲ့ဘယ်လက်နဲ့ညာလက် ၂ ဖက်ကို သားအမိ ၂ ယောက်က အတင်းဆွဲထားကြပြီး … အေးဆက်ဆက်လေးထုတစ်ခုဖန်းတီးကာ အကြည့်တွေလှုပ်ရှားမှုတွေနဲ့ ရန်ဖြစ်နေကြတယ် … အလယ်က မင်းယွီခမျာ တောင်ယိုင်လိုက်မြောက်ယိုင်လိုက်နဲ့ ကြာရင် မူးလဲဖို့သာ ရှိတော့တယ် …
" မား … လွှတ်လိုက် "
" ဒီပွဲမှာ မင်းရှုံးသွားပြီပဲ …
မင်းလွှတ်ရမှာလေ "
" သူကသားဟာ "
" ဗိုက်ထဲက … မားဟာ "
" ဒါပေမဲ့ မမွေးသေးဘူးလေ "
" မွေးပြီးတဲ့ထိ ဒီမှာ ထားရမယ် "
ဘယ်သူမှအလျော့မပေးကြ၍ မင်းယွီလက်များပင် နာကျင်လာလေတယ် …
ထိုစဉ်အခန်းတံခါးခေါက်သံတစ်ချက်ကြားလိုက်ရတယ် …
" သခင်လေး … အထဲမှာ သခင်လေးရှိလား "
ချူးရှန့်အသံမှန်းသိတော့ သခင်မကြီးက တံခါးဖွင့်ခွင့်ပေးလိုက်တယ် … ချူးရှန့် အထဲကိုလဲ ဝင်လာရော မြင်လိုက်ရတဲ့အနေအထားကြောင့် ကြောင်အန်းအန်းဖြစ်သွားတော့ ဖန်းဂူတို့သားအမိလဲ ချက်ချင်းပဲ မင်းယွီလက်ကိုလွှတ်ပေးလိုက်တယ် …
ချူးရှန့်က သခင်မကြီးကို အရိုအသေပေးပြီးနောက် ဖန်းဂူဘက်လှည့်ကာ ပြောလိုက်တယ် …
" သခင်လေး … ကျွန်တော်တို့အစီအစဉ်တွေအောင်မြင်တယ် …
ဒီညနေ ခရီးထွက်ဖို့ရှိတယ် … ဘယ်လောက်ကြာမလဲမပြောနိုင်ဘူး …
ဒီခရီးက ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဖြစ်လာလိမ့်မယ် "
ဖန်းဂူရုပ်က ချက်ချင်းပြန်တည်သွားပြီး သူ့ကိုမျက်နှာလွှဲထားဆဲဖြစ်တဲ့ မင်းယွီကိုတလှည့် မိခင်ကိုတလှည့်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ် …
" ကောင်းပြီ … သွားဖို့အတွက် အဆင်သင့်ပြင်ထား …
ငါလာခဲ့မယ် "
" ဟုတ်ကဲ့ သခင်လေး "
ချူးရှန့်ကလဲ မင်းယွီကိုယ်ဝန်ရှိမှန်းသိသွားပြီဖြစ်၍ သူ့အားကျောပေးကာထိုင်နေတဲ့ မင်းယွီကို တစ်ချက်စောင်းကြည့်လိုက်တယ် … မင်းယွီလဲ အနောက်ကို အနည်းငယ်စောင်းကြည့်လိုက်တော့ ချူးရှန့်နဲ့ အကြည့်စုံသွားတဲ့အခါ ချူးရှန့်က ' အားတင်းထား ' ဆိုပြီးတိုးတိုးလေးပြောလိုက်တယ် … မင်းယွီပြုံးသွားတော့မှ သူလဲစိတ်ချစွာနဲ့ အခန်းအပြင်သို့ထွက်သွားလေတယ် …
ဖန်းဂူမိခင်က ရပ်နေဆဲဖြစ်တဲ့ ဖန်းဂူကိုကြည့်လိုက်ပြီး …
" မင်းကရော ထွက်မသွားသေးဘူးလား "
ဖန်းဂူက သူ့ကိုကျောပေးထားမြဲဖြစ်တဲ့ မင်းယွီကိုတစ်ချက်ကြည့်ပြီးနောက် စိတ်ကိုချုပ်တည်းကာ အခန်းအပြင်သို့ ထွက်သွားလေတော့တယ် … ဒါက ဒေါသထွက်တာလား စိတ်ဆိုးမိတာလား ဖန်းဂူ ကိုယ့်စိတ်ကိုပင် မတွေးတတ်တော့ပေ …
အားလုံးအပြင်ထွက်သွားတော့မှ သခင်မကြီးက မင်းယွီအားကြည့်ကာ လေးနက်စွာ ပြောလိုက်တယ် …
" မင်းဒီကလေးကိုမွေးပြီးရင် ရှန်ဟွှာကိုပေးခဲ့ရမယ် …
အဲ့ဒိအတွက် မင်းလိုချင်တာ ဘာမဆိုပြန်ပေးမယ် "
ခုလိုဂရုစိုက်ပေးနေတာက ကလေးကြောင့်ပဲပေါ့ … သူတို့အတွက် မင်းယွီဆိုတာထက် ရင်သွေးလေးကပိုအရေးကြီးနေတာပဲ … ငါဘာကိုမျှော်လင့်နေမိတာလဲ … သူပြန်ခေါ်နေတာကလဲ ငါကိုလို့ချင်တာက သူ့အခိုင်းအစေလုပ်ခိုင်းဖို့ပဲမလား …
သူကအိမ်ထောင်တည်ဖြစ်သွားပြီ … လိုက်သွားရင် ငါကကြားလူတစ်ယောက်သာသာပဲဖြစ်သွားမှာ … ငါကလေးကိုစွန့်လွှတ်ပြီး ငါ့ဘဝပုံမှန်ပြန်ဖြစ်ဖို့မျှော်လင့်ရတော့မယ် … ပါးတောင်းပန်ပါတယ် Baby … ပါးရဲ့ရင်သွေးလေးဖြစ်လာတဲ့ Baby ကိုတောင် ပါးပိုင်ဆိုင်ခွင့်မရှိခဲ့ပါလား …
ခုချိန်ထိ သူ့ရဲ့ဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေတဲ့ သခင်မကြီးအား မင်းယွီကြည့်လိုက်ပြီး ဝမ်းနည်းကျေကွဲနေတဲ့အသံလေးနဲ့ မေးမြန်းလိုက်တယ် …
" ကျွန်တော် ကလေးကိုပေးခဲ့ရင် ကျွန်တော့ကို ဒုက္ခမပေးတော့မှာသေခြာလား …
ကျွန်တော် ဒီအိမ်တော်နဲ့ထက်ပြီး မပတ်သတ်ချင်လို့ရလား "
" အဲ့ဒါက အကောင်းဆုံးပဲ …
ငါတို့ရဲ့ဆက်ခံသူကိုရတာနဲ့ မင်းအတွင်ပိုင်ဆိုင်ခွင့်တွေပေးပြီး မင်းကိုရှန်ဟွှာရဲ့အဝေးဆုံးကိုပို့ပေးမယ် …
မင်းဘဝချုပ်နှောင်မှုတွေကနေ ကင်းလွတ်ပြီ "
" ကျွန်နော့ ကလေးလေးကိုရော ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမှာလား "
" ရှန်ဟွှာက သခင်တစ်ယောက်အဖြစ် မွေးပြီးချက်ချင်းသူ့ကိုပေးအပ်မှာ …
သားလက်မခံလို့ မင်းစိတ်ညစ်စရာမလိုဘူး …
သူကဘယ်တော့မှ မိသားစုဘဝကိုရယူမှာမဟုတ်ဘူး …
သူက ချုပ်နှောင်မှုတွေကိုမုန်းတယ် "
ဒါဆို ဘာကြောင့် အိုမီဂါတစ်ယောက်နဲ့ လက်ထက်ဖို့ထိ သဘောတူခဲ့တာလဲလို့မေးချင်ပေမဲ့ ဒါကသူနဲ့မဆိုင်တာမို့ မင်းယွီစိတ်ထဲမှာပဲ မြိုသိပ်လိုက်ရတယ် …
" ကောင်းပြီ … ကျွန်တော်သဘောတူတယ် "
" ဒါဆို ဒီစကားကတရားဝင်ဖြစ်သွားပြီ …
မင်းပြောင်းလဲလို့မရတော့ဘူး …
ခုချိန်ကစပြီး ရှန်ဟွှာက မင်းကိုစောင့်ရှောက်ပေးမယ် …
မျိုးဆက်လေးရလာတဲ့ထိပေါ့ "
ဒါကမှားလားမှန်လားမသိပေမဲ့ ကျွန်တော့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး … ခုချိန်မှာ ကျွန်တော်ပြောနိုင်တဲ့စကားတစ်ခွန်းက ' ပါပါးကို ခွင့်လွှတ်ပါ Baby ' …
*
*
*
*
ဒီလိုနဲ့ မင်းယွီတစ်ယောက် ကလေးမွေးမဲ့အချိန်ကို ထိုင်စောင့်ရင်း အချိန်တွေကုန်လာခဲ့လေတယ် … တစ်ပတ်ခန့် ထိအခန်းထဲကအပြင်မထွက်ရပဲ စားချိန်တွေဆိုစား အိမ်ချိန်တွေဆိုအိပ် ကျန်တဲ့အချိန်တွေ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့အတွက် နည်းပြတချို့ရောက်လာတတ်ပြီး တစ်ချိန်လုံး ဝမ်းဗိုက်ထဲက ကလေးလေး ကျန်းမာဖို့အတွက် စောင့်ကြည့်ခံနေရတယ် …
အစက ထိုအကြောင်းကို အိမ်တော်မှာ သခင်မကြီးတစ်ယောက်သာသိပေမဲ့ တဖြေးဖြေး အိမ်ဖော်တွေက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ တိုးတိုး တိုးတိုးပြောလာကြတယ် …
" ခုသလော သခင်မကြီးထူးဆန်းနေတယ် …
အိမ်မှာ ကိုယ်ဝန်သည်တစ်ယောက်ရှိနေနာများလား "
" ငါလဲရိပ်မိတယ် … အားရှိစေမဲ့အစားအစာတွေ ကိုယ်ဝန်သည်တွေကိုလေ့ကျင်ပေးတဲ့ဆရာမတွေ ပြီးတော့ ကိုယ်ဝန်အားတိုးဆေးတွေ အပေါ်ထပ်ကို ယူယူသွားတာတွေ့တယ် "
" သခင်မကြီးက သခင်လေးရဲ့မျိုးဆက်ကို အရမ်းလိုချင်နေတာလေ … ခုတွေ့သွားလို့များလား "
" ဟိုတစ်နေ့က သခင်လေးရဲ့မျိုးဆက်ရရင်ထားဖို့တည်းသန့်ပြင်ဆင်ထားတဲ့ Baby Home ကိုဖွင့်ပြီး ပစ္စည်းအသစ်တချို့ ထပ်ထည့်နေတယ်လို့ကြားတယ် … ငါတော့ ကလေးလေးကိုအားကျနေပါပြီဟာ "
" ဒါပေမဲ့ အဲ့ဒါကအမှန်ဆိုရင် ပျော်ရွှင်စရာ သတင်းကို ဘာကြောင့် ဖုံးကွယ်ထားတာလဲ "
" ဟေ … သူက ဘယ်သူဖြစ်နိုင်လဲ "
" ဘယ်သူကမှာလဲ … အဲ့တာ သခင်လေးနဲ့စေ့စပ်ထားတဲ့ Bမြို့ကသခင်မလေးနေမှာပေါ့ …
သူမနဲ့သခင်လေး အမှန်အသားတွေပြုလုပ်ပြီးပြီဆိုတာ အားလုံးအသိပဲ "
" ဖြစ်နိုင်ပါ့မလား … ငါမနေ့ကတောင် သူမအောက်ထပ်မှာလဲထမင်းလာစားတယ် ခြံထဲမှာလဲ ကိုယ်ရံနော်အပြည့်နဲ့ လေ့ကျင့်ရေးလုပ်နေတာတွေ့တယ် "
ထိုအသင်းပြောနေသူများက မီးဖိုချောင်ထဲက ချက်ပြုတ်ရတဲ့ စားဖိုမှုတချို့ဖြစ်ကြပြီး ထိုစကားတွေကို အစကနေအဆုံးထိ ကြားသွားသူကတော့ အန်းရက်စ်ဒီပင် …
စေ့စပ်ပွဲပြီးကတည်းက သခင်မကြီးအချိုးတွေပြောင်းသွားတာ မအံ့ဩတော့ပါဘူး … အရင်ကတော့ သမီးလေးဆိုပြီး အမြဲကပ်နေတဲ့သူက ခုတော့ တစ်နေ့လုံးမှတစ်ခါတောင်မမြင်ရတော့ဘူး … ပြီးတော့ သူမဟုတ်တဲ့ တခြားတစ်ယောက်ကို အစားတွေအမြဲပို့ပေးပြီး စောင့်ရှောက်ပေနေတယ်ဆိုတော့ သူမမကျေမနပ်ဖြစ်သွားတယ် … ပိုဆိုးတာက အဲ့ဒိလူမှာ ဖန်းဂူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီဆိုတာပဲ … ဒါက လုံးဝမဖြစ်ရဘူး …
သူမကဒေါသသကြီးနဲ့အခန်းထဲဝင်သွားပြီး သူ့ရဲ့ကိုယ်ရံတော်ကို ခေါ်လိုက်တယ် … ကိုယ်ရံတော်ရောက်လာတော့ သူမဆေးဘူးတစ်ခုကို ထုတ်ပေးလိုက်ပြီး …
" နင်ဒီဆေးကို အဲ့ဒိကိုယ်သည်စားမဲ့ဟာထဲခပ်လိုက် "
" ဖြစ်ပါ့မလားသခင်မ …
ဒါကရှန်ဟွှာရဲ့ပိုင်နက် … ပြဿနာအကြီးကြီးဖြစ်သွားနိုင်တယ် "
" ဒီဆေးက သေစေနိုင်တဲ့အရာမဟုတ်ဘူး …
ပြီးတော့ ဒီဆေးက ကိုယ်ဝန်သည်တွေကိုပဲထိရောက်တာ …
ဘယ်သူစစ်စစ် သိမှာမဟုတ်ဘူး …
တာဝန်ကိုသာ ကျေပွန်အောင်လုပ် …
မကြာခင် ဖုံးကွယ်ထားတဲ့အရာတွေ ပေါ်လာလိမ့်မယ် "
သူမအကြံတွေနဲ့ သူမကျေနပ်နေမိတယ် … ဒါပေမဲ့ ဘဝကရုတ်ရှင်လိုမဟုတ်ဘူး … အကျင့်ယုတ်တဲ့သူတိုင်း အမြဲနိုင်နေရမယ်လို့ဘယ်သူကပြောလဲ … သူမရှန်ဟွှာကို အထင်သေးမိတာ မှားသွားပြီ …
သူမခိုင်းစေပြီး ၁၀ ရက်မြောက်ထိ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ဘူး … အဲ့ဒိအစား အစေခံတချို့က သခင်မကြီးက သူမကိုယ်ဝန်မဆောင်နိုင်လို့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမည်မဖော်တဲ့သူကိုပဲ ဂရုစိုက်တယ်ဆိုတဲ့ကောလဟာက ထွက်လာတယ် …
သူမက စေ့စပ်ပြီးကတည်းက ယာက္ခမကိုအပိုင်ချုပ်ဖို့တွေးထားပေမဲ့ သူမအစီအစဉ်တွေကို ထိုလူကဖျက်စီးပြစ်တယ် … ဘယ်သူလဲအတိအကျမသိရပေမဲ့ သူမအမုန်းတွေက ၂ စပွားလာခဲ့တယ် … နောက်ဆုံး ဒီစစ်ဆင်ရေးမှာ သူကိုယ်တိုင် လှုပ်ရှားဖို့ သူမ ဆုံးဖြတ်ချက် ချလိုက်လေတော့တယ် …
*
*
*
*
" သခင်မလေး … သခင်မကြီး လူတွေလွှတ်လိုက်ပြီ "
ရက်စ်ဒီက အစောင့်အကြပ်တင်းကြပ်လွန်းတဲ့အခန်းရဲ့ဘေးနားမှာ ချောင်းမြောင်နေပြီး သူမကိုယ်ကိုအစေခံတွေနည်းတူဝတ်စင်ထားအကာ ထိုအစေခံအဖွဲ့ သူ့ဘေးနားက ဖြတ်လျှောက်သွားတဲ့အခါ အဆင်သင့်ပြင်ထားတဲ့ ဟင်းတစ်ပွဲကို လက်ကကိုင်လျှက် ရောယောင်ကာ ဝင်သွားလေတယ် … သခင်မက နေ့တိုင်း လူပြောင်းပြီး ပို့နေကြမို့ တစ်ယောက်ပိုနေတာကို သူတို့သတိမထားမိကြဘူး …
ဒါပေမဲ့ တံခါးဝင်မယ်ဆို ကဒ်ပြားတစ်ခုစီရှိရတယ် … အားလုံးကဒ်ပြားကိုယ်စီနဲ့ဝင်သွားကြပေမဲ့ သူမအလှည့်ရောက်သွားတဲ့အခါ ကဒ်ပြားပါမလာ၍ အားလုံးက သတိထားမိသွားကြတယ် …
" မင်းဘယ်သူလဲ "
သူမမျက်နှာက တစ်ခြားအစေခံတွေနဲ့ကွဲပြားတာမို့ အကုန်လုံးက မယုံသင်္ကာဖြစ်သွားတဲ့အခါ သူမက ဘာလုပ်ရမည်မသိဖြစ်သွားပြီး မျက်နှာချိုလေးနဲ့ပြန်ဖြေလိုက်လေတယ် …
" ကျွန်မက မနေ့ကမှရောက်တဲ့အသစ်လေးပါ …
သခင်မကြီးက ဒီဟင်းက ကိုယ်ဝန်သည်တွေအားရှိစေတဲ့အစားမို့ ကျမကိုနောက်မှပို့ခိုင်းလိုက်တာပါ …
မယုံဘူးဆိုလဲ ပြန်ယူသွားပြီး သခင်မကြီးကိုပြန်ပေးလိုက်ပါ့မယ် "
အားလုံးကကြောင်သွားကြတယ် … သခင်မကြီးက သူ့သားရဲ့မျိုးဆက်ကို ဘယ်လောက်ထိ စောင့်ရှောက်မှန်း အားလုံးအသိပဲ … ဒီဟင်းပွဲက တကယ်အရေးပါတဲ့ဟာဆိုရင် အချိန်မှီမကြွေးမိရင်အားလုံးအပြစ်ပေးခံရလိမ့်မယ် … ဒါကြောင့်မို့ အစောင့်တစ်ယောက်က သူမလက်ထဲကဟင်းကိုမည်းစမ်းကြည့်ပြီး အဆိပ်မပါတာ့မှ သူမကိုပါ ဝင်ခိုင်းလိုက်တယ် …
တကယ်တော့ သူမသုံးတဲ့ဆေးက သာမာန်လူတွေအပေါ်အကျိုးမတတ်ရောက်ပဲ ကိုယ်ဝန်သည်တစ်ဦးတည်းကိုသာ ထိရောက်နိုင်ပြီး သွေးအန်မည့်ဆေးမျိုးဖြစ်တယ် …
သူမအထဲကိုရောက်တော့ ကျောပေကာထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ် … သူ့တစ်ကိုယ်လုံးက ဖြူစွမ်နေတဲ့ အဝတ်အစားကိုဝတ်ထားပြီး ကော်ရုပ်တစ်ရုပ်လိုပဲ … ထိုအရာက ရင်းနီးနေသလို ကိုယ်ဝန်သည်က ယောက်ျားလေးဖြစ်နေလို့ သူမအံ့ဩနေတယ် …
သူ့ရဲ့ဘေးမှာ အစေခံတွေကတန်းလိုက်ရပ်နေကာ သူမလဲ ဟင်းပွဲကိုချလိုက်ပြီး အစေခံတွေကြာရောရပ်လိုက်တယ် … အနည်းငယ်သဲကွဲနေပြီဖြစ်တဲ့ မျက်နှာကိုမြင်စေဖို့ သူမကြိုးစားကာ ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတော့မျက်နှာကြာင့် သူမတစ်ကိုယ်လုံးမှာရှိတဲ့အကျောတွေအကုန်ထောင်ထသွားလေတော့တယ် …
ခွေးကောင် !! နင် … နင် မဖြစ်နိုင်ဘူး …
သူမအတွေးပင်မဆုံးသေး မင်းယွီက သူ့အနီးမှာရှိနေတဲ့ သူမယူလာတဲ့ဟင့်ခွက်ကိုအရင်စမည်းလိုက်တယ် … သူမထင်ခဲ့တာက ထိုဟင်းကိုနောက်ဆုံးမှစားပြီး သူတို့ထွက်သွားမှ ဆေးစွမ်းပြမယ်ထင်ခဲ့တာ … ဒါပေမဲ့ မင်းယွီက ထိုဟင်းကိုစပြီး စားသုံးခဲ့တယ် …
သူမလက်ဖြားတွေအေးဆက်လာပြီး မင်းမျက်နှာဘယ်ချိန်ပြောင်းလဲလာမလဲ တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတယ် … သူမဆေးဘယ်လောက်များထည်မိလိုက်လဲမသိ မင်းယွီစားနေတုန်း ၅ မိနစ်ပင်မကြာလိုက် သူပျို့အန်လာတယ် … အားလုံးက အစာမကျေလို့လိုထင်သွားပြီး ပြာပြာသလဲ ကျောကိုနှိပ်ပေးသူနဲ့ ရေခွက်ယူပေးသူနဲ့ နောက်ဆုံး မင်းယွီဝမ်းဗိုက်ထဲက သွေးတွေပါလာတော့မှ အားလုံး ထိတ်လန့်သွားကာ အစောင့်တွေပါပြေးလာကြတယ် …
သူမထွက်ပြေးချင်ပေမဲ့ အချိန်မရတော့ဘူး … အဲ့ဒိအစား အခန်းတံခါးဝကနေ ပြေးဝင်လာတဲ့လူကြောင့် သူမဒူးများ ခွေယိုင်လဲမတတ် လန့်သွားလေတော့တယ် …
" ရှန် … ရှန်ဖန်းဂူ "
အားလုံးက သခင်လေးကိုမြင်တော့ အနောက်ကိုဆုတ်ပေးကြတယ် … သခင်လေးအနောက်မှာ သခင်မကြီးရော ချူးရှန့်ပါပါလာတယ် … သူတို့အားလုံး မျက်လုံးအပြူးသားနဲ့ လဲကျနေတဲ့ မင်းယွီကိုတွေ့ရတော့ ထိပ်လန့်သွားပုံပင် … ဖန်းဂူဆိုလျှင် ဒေါသထွက်လွန်းလို့ သူ့ကိုယ်က မီးခိုးငွှေ့တွေပါ ထွက်နေသည့်အလား ပေါက်ကွဲတော့မည့် ဗုံးပမာ …
ဖန်းဂူခရီးထွက်သွားတာ ဒီနေ့နဲ့ဆို ၁၅ ရက်ရှိသွားပြီ … ပြန်လာမယ်အကြောင်းမကြားသလို ခုလိုဗြုန်းစားကြီး ရောက်ချလာတော့ အခြေအနေတွေအားလုံး ရှုတ်ထွေးကုန်တယ် … နောက်ဆုံး သူမကြံရာမရတဲ့အဆုံး သူမအဆိပ်ခပ်ထားတဲ့ဟင်းပွဲကို သူမကိုယ်တိုင်ယူစားလိုက်တော့တယ် …
ဒါကို ချူးရှန့်မြင်သွားပြီး ထူးဆန်းတဲ့သူမကို ဖမ်းလိုက်တယ် …
" မင်း … မင်း … အန်းရက်စ်ဒီမှတ်လား …
ဒီမှာ ဘာလုပ်နေတာလဲ "
ထိုနာမည်ကိုကြားတော့ အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီး အကြည့်တွေအားလုံးက သူမထံရောက်သွားလေတယ် … သူမဖြေရှင်းချက်ပင်မပေးနိုင်တော့ပဲ သူမပါစပ်ထဲကနေ မင်းယွီနည်းတူ သွေးတွေအန်လာပြီးနောက် လဲကြကာ သတိလစ်သွားလေတော့တယ် …
.
.
.
.
To Be Continued
( ဒီနေရာမှာ ပဟေဠိလေးနည်းနည်းပါတယ် … သူမက ဘာလို့သွေးအန်တာလဲ …? နောက်အပိုင်းမှာ သိရမှာပါ …
ကတိအတိုင်း တင်ပေးတယ်နော် … အားပေးရမှာက ကို့ချစ်ဒါဒါလေးတွေရဲ့တာဝန် … မနက်ဖြန်မှာပြန်တွေ့ကြမယ် တျဲလေးတို့ … 🙆♀️🥰 )
ဒါလေးက မိသားစုတွေအကြောင်း ရှင်းပြဆိုလို့ …
မင်းယွီ - ( ယီယီနဲ့ ပတ်ဒိုမင်းရဲ့သား … အမွှာညီမရှိ … သူမနာမည် ပတ်ဆုန်းချူ … သူမမှာလဲ အတွဲရှိတယ် … ဘယ်သူလို့ထင်လဲ 🤔 )
ရှန်ဖန်းဂူ - ( ရှန်ကူးမန်နဲ့ ရန်မိုန်ရဲ့သား … ကူးမန်မှာ လီနာဆိုတဲ့မယားငယ်ရှိ … မယာပါသားက ရှန်ရှုမန်း )
ကျန်းရှုယွမ် - ( ကျန်းရှားမေ့ရဲ့သား … ရှားမေ့နဲ့မင်းယွီမိဘ ၂ ပါးနဲ့က ငယ်သူငယ်ချင်း … သူမက မင်းယွီမိခင်ကို ချစ်နေသူ … ဖခင်နဲ့အဖိုးခန်း သိပ်မပါ … ဝမ်းကွဲညီက ရှန်ဝေ )
ချူးရှန့် - ( ချူလောင်ရှန့်ရဲ့သား … လောင်ရှန့်နဲ့ မင်းယွီမိခင်က မောင်နှမလိုပဲနေကြတယ် … ချစ်သူတွေမဟုတ်ကြ … ချူးရှန့်က ချူးလောင်ဝီရဲ့မြေး … မိခင်ခန်းမပါ … အနာဂတ်ရဲ့ Uke လောင်းလျှာ )
ရှန်ဝေ - ( မိသားစုအကြောင်းမပါ … ဒါမဲ့အနှိပ်ခံဘီတာလေး … သူ့ဘဝရဲ့နတ်သားက အပျိုကြီးချူးရှန့် … အနာဂတ်ရဲ့သတို့သားလောင်း )
အန်းမိသားစု - ( မကြာခင် RIP လုပ်ရတော့မည် 😈😈 )
#Zawgyi
မင္းယြီနိုးထလာေတာ့ သူ႕ေရာက္ရွိေနတာက ရွန္ဖန္းဂူရဲ႕ရွန္ဟႊာအိမ္ေတာ္မဟုတ္ပဲ ထူးျခားတဲ့ေနရာတစ္ခုဆိုတာ သိလိုက္ရတယ္ … အခန္းကက်ယ္ျပန႔္လြန္း၍ ေဆး႐ုံလဲမျဖစ္နိုင္ဘူး …
သူလွဲေနတဲ့ ကုတင္ရဲ႕မလွန္းမကမ္းမွာလဲ အမ်ိဳးသမီး ေလးေယာက္ခန႔္က တံခါးအေျခမွာ ရပ္ေစာင့္ေနၾကတယ္ … သူတို႔ပုံစံက ရဲရင့္ပ်က္သားလွၿပီး ရွန္ဟႊာရဲ႕အထူးသပ္သားေတြဆိုတာ သိသာလွတယ္ …
ၾကက္ေသြးေရာင္နဲ႕အနက္ေရာင္စပ္ထားတဲ့ ယူနီေဖာင္းကိုဝတ္ထားတဲ့ သူမတို႔က ရွန္သခင္မမိုနန္းရဲ႕ ကိုယ္ရံေတာ္ေတြျဖစ္ၾကၿပီး သူတို႔က မင္းယြီနိုးထလာတာကို ျမင္လိုက္ရေတာ့ နားမွာတပ္စင္ထားတဲ့ကရိယာနဲ႕ တစ္စုံတစ္ေယာက္ကို အေၾကာင္းၾကားလိုက္တယ္ …
၁၅ မိနစ္ခန႔္ၾကာေတာ့ အခန္းတံခါးပြင့္လာၿပီး အခန္းထဲသို႔ ရွန္သခင္မႀကီးမိုနန္း ဝင္လာခဲ့ေလတယ္ …
သူမအေနာက္မွာ ပါလာတဲ့ အိမ္ေဖာ္ ၅ ေယာက္လက္ထဲမွာ စားစရာေတြတင္ထားတဲ့ လင္ဗန္းေတြကိုင္ေဆာင္လာၿပီး အခန္းထဲက စားပြဲေပၚမွာ ခ်ထားလိုက္ၾကတယ္ … သူမကခုံတစ္ခုေပၚဝင္ထိုင္လိုက္ၿပီး အေစာင့္ေတြကို ကုတင္ေပၚကမင္းယြီကို တြဲေခၚလာဖို႔အမိန႔္ေပးလိုက္တယ္ …
မင္းယြီ ခုခ်ိန္ထိ ဘာတစ္ခုမွနားမလည္နိုင္ေသးဘူး … ပြဲထဲမွာ အရွက္ခြဲခံရတာကိုမွတ္မိတယ္ … အဲ့ဒိေနာက္ သူ႕ေခါင္းေတြမူးေနာက္လာၿပီး လဲၾကသြားတယ္ …
သူလဲမသြားခင္ ေဒါသႀကီးေနတဲ့တစ္စုံတစ္ေယာက္ကို ျမင္လိုက္ရတယ္ … သူကခ်ဴးရွန႔္လား ရွန္ေဝလား ဒါမွမဟုတ္ သူလား … ဒါကျဖစ္နိုင္ပါ့မလား … မဂၤလာအခါႀကီးမွာ သတို႔သားက ျပႆနာရွာပါ့မလား … ဒါဆိုသူက ပြဲကို ဖ်က္စီးမိသြားၿပီလား …
မင္းယြီေၾကာက္လန႔္စြာနဲ႕ပဲ သခင္မႀကီးအေရွ႕ဝင္ထိုင္လိုက္တယ္ … သခင္မႀကီးက မ်က္ႏွာတည္ၿငိမ္လွ်က္ အေရွ႕က စားစရာပန္းကန္ေတြကို မင္းယြီထံ တိုးေပးကာ ဆိုလိုက္တယ္ …
" မင္း တစ္ေန႕လုံးနဲ႕ တစ္ညလုံး ဘာမွမစားရေသးဘူးမဟုတ္လား …
ဗိုက္စာေနေရာေပါ့ … ဒါေတြကို ကုန္ေအာင္စားရမယ္ "
ခုခ်ိန္က မနက္ခင္းခ်ိန္ျဖစ္ေန၍ မေန႕က ပြဲၿပီးသြားၿပီဆိုတာ မင္းယြီသိလိုက္တယ္ … သခင္မက ျပႆနာမရွာပုံေထာက္ရင္ ပြဲက သူ႕ေၾကာင့္ပ်က္မသြားတဲ့ပုံပဲ …
မင္းယြီ ဘာမွေမးျမန္းမေနေတာ့ပဲ သူ႕အေရွ႕မွာခ်ထားတဲ့စားစရာေတြကိုသာ ယူစားေနလိုက္တယ္ … စားစရာေတြအားလုံးက အခ်ိဳဓာတ္ေတြပါဝင္ၿပီး က်န္းမာေရးအတြက္ေကာင္းေစကာအားရွိေစမဲ့အစားအစာေတြႀကီးပဲ … ဒါေပမဲ့ သူကခုခ်ိန္မွာ အပူအစပ္ေတြကိုပဲေတြးေတာင္းေနတယ္ …
သခင္မႀကီးက မင္းယြီနည္းနည္ေလးပဲစားၿပီး ရပ္သြားေတာ့ ေမးလိုက္တယ္ …
" စားမေကာင္းဘူးလား "
မင္းယြီ ေခါင္းကို အျမန္ ခါရမ္းလိုက္ၿပီး …
" စားေကာင္းပါတယ္ … ကြၽန္ေတာ္ ဗိုက္ျပည့္သြားလို႔ပါ "
သခင္မႀကီးက အေစာင့္ေတြကို မင္းယြီစားၿပီးသားပန္းကန္ေတြကို သိမ္းေစလိုက္ၿပီးေနာက္ အၾကည္ေရာင္ေဆးရည္ဘူးတစ္ခုကို ထုတ္ယူကာ ခြက္အေသးေလးတစ္လုံးထဲ ထည့္လိုက္ၿပီး မင္းယြီထံေပးလိုက္တယ္ …
" အစာစားၿပီးရင္ဒါေလးေသာက္ "
မင္းယြီထိုခြက္ေလးကို ခနမွ်စိုက္ၾကည့္ေနၿပီး ထိုအရည္ေတြကို ဝိုတစ္မ်ိဳး သို႔မဟုတ္ အရက္ပဲျဖစ္လိမ့္မယ္လို႔ ေတြးလိုက္ၿပီး တစ္ခြက္လုံး ေမာ့ေသာက္ျပစ္လိုက္တယ္ …
ပါစပ္ထဲဝင္လာတဲ့ ခ်ိဳခ်ိဳခါးခါးအရသာႀကီးေၾကာင့္ သခင္မေရွ႕မွာ ျပန္အန္မထြက္မိေအာင္ မင္းယြီ ပါစပ္ကိုပိတ္လိုက္ၿပီး မ်က္ႏွာထားကိုအျမန္ဆုံးထိန္းထားကာ ေရနဲ႕ေမွ်ာခ်လိဳက္ရေတာ့တယ္ …
" အဟႊတ္ … အဟႊတ္ "
" ေျဖးေျဖးေသာက္ …
မပူနဲ႕ … ဒါက မင္းေန႕တိုင္းေသာက္ရမွာ "
" ဗ်ာ "
မီးယြီဒါႀကီးကို တကယ္မေသာက္ခ်င္ဘူး … အရသာႀကီးက ပါစပ္ထဲမွာ တစ္မ်ိဳးႀကီးပဲ … ထိုစဥ္ အ ေနာက္က အေစခံတစ္ေယာက္ ေရာက္လာၿပီး စုံလင္လွတဲ့ သစ္သီးေတြ လွီးထည့္ထားတဲ့ လွပတဲ့ သစ္သီးပြဲတစ္ခုကိုယူေဆာင္လာကာ စားပြဲေပၚသို႔ခ်ေပးၿပီး အရိုေသေပးကာ ျပန္ထြက္သြားေလတယ္ …
သခင္မက ထိုပြဲကို မင္းယြီေရွ႕ခ်ေပးလိုက္ၿပီး …
" ပါစပ္ဆိုးရင္ အသီးစား "
မင္းယြီခ်က္ခ်င္း ဟန္ပင္မေဆာင္နိုင္ပဲ အခါးဓာတ္ေပ်ာက္ေစရန္ အရည္႐ႊမ္းၿပီးခ်ိဳမယ္ထင္တဲ့အသီးကိုေ႐ြးစားလိုက္တယ္ … ခုသူက တစ္ေယာက္ထဲမဟုတ္ေတာ့သလို ဗိုက္ထဲကဟာေလးကလဲ သူစားသမွ်ဓာတ္ေတြကို စုပ္ယူေနေတာ့ မင္းယြီဗိုက္ျပည့္ေနဖို႔ လိုတာနဲ႕ သစ္သီးေတြကို တစ္ခုၿပီးတစ္ခုေကာက္စားေနလိုက္တယ္ …
သခင္မႀကီးကလဲ မင္းယြီ အစားေတြအမ်ားႀကီးစားေနတာျမင္ရေတာ့ ေက်နပ္သြားေလတယ္ … ထိုစဥ္အျပင္က တံခါးေခါင္သံနဲ႕အတူ ဆူညံသံမ်ား ထြက္ေပၚလာေလေတာ့တယ္ …
" မား … တံခါးဖြင့္ေပး "
ဒါကသူပဲ … မင္းယြီစားတာကိုခနရပ္လိုက္ၿပီး အေနာက္ကိုလွည့္ၾကည့္မိေတာ့ တံခါးအေျခမွာေစာင့္ေနတဲ့ အမ်ိဳးသမီးကိုယ္ရံေတာ္ေတြက တုတ္တုတ္မွ်မလႈပ္ပဲ ရပ္ေနၿမဲပင္ …
ဘာေၾကာင့္ ရွန္ဟႊာအိမ္ေတြခြဲထားလဲသိလိုက္ၿပီ … ဒီအိမ္ေတာ္က သခင္မႀကီးရဲ႕အိမ္ျဖစ္၍ ရွန္ဖန္းဂူက သခင္ေလးျဖစ္ေနပါေစ သူ႕ရဲ႕အမိန႔္က မသက္ေရာက္ဘူး … သခင္မႀကီးတစ္ေယာက္သာ ေစခိုင္းနိုင္တယ္ …
" ရွန္ဖန္းဂူ … နင္ဒီကိုဘာလာလုပ္တာလဲ …
ေအာက္ထပ္က ဧည့္သည္ေတြကို လိုက္မပို႔ဘူးလား "
ဒီသားအမိ နည္းနည္သူစိမ္းဆန္ေနသလိုမ်ိဳးပဲလို႔ မင္းယြီေတြးထင္မိေပမဲ့ သူနဲ႕မဆိုင္တာမို႔ အသီးေတြကို ဆက္စားေနလိုက္တယ္ …
" သူတို႔ျပန္သြားၾကၿပီ …
ကြၽန္ေတာ္မားနဲ႕စကားေျပာခ်င္တယ္ "
သခင္မႀကီးက အေရးမစိုက္ပဲ တိုတိုပ်က္ပ်က္သာ ျပန္ေျဖလိုက္တယ္ …
" ငါမအားဘူး … ေျပာခ်င္ရင္ခနေစာင့္ "
သူမက မင္းယြီစားတာကိုပဲ ဆက္ၿပီးၾကည့္ေန၍ မင္းယြီပါအေနရခက္လာတယ္ … ဖန္းဂူကလဲ အေလ်ာ့မေပးေပ …
" ကြၽန္ေတာ္ သူ႕ကိုျပန္ေခၚသြားမယ္ … ခုဖြင့္ေပး "
မင္းယြီထင္မိတာေတာ့ ဒါကဖမ္းထားတာနဲ႕လဲမတူပါဘူး … ဘာေၾကာင့္အေလာတႀကီးေခၚေနရတာလဲမေတြးတတ္ေတာ့ဘူး …
" ငါေျပာၿပီးၿပီ … သူ႕ကိုဒီမွာပဲထားရမယ္ "
မင္းယြီ႐ုတ္တရပ္ေၾကာင္သြားတယ္ … သူကဒီမွာေနရမယ္ … ဘာေၾကာင့္လဲ … ေတြးၾကည့္ရင္ အစားလဲေကာင္းေကာင္းေႂကြးတယ္ အေစာင့္ေတြလဲအမ်ားႀကီး သတ္ဖို႔ေတာ့မဟုတ္ေလာက္ဘူး … ဒီမွာေနရတာ ေကာင္းသလိုပဲ …
ခနမွ်တိတ္ဆိတ္သြားၾကၿပီး အခန္းအျပင္က ဖန္းဂူရဲ႕အသံ ထြက္ေပၚလာျပန္တယ္ …
" ကြၽန္ေတာ္ကေလးကိုမလိုခ်င္ဘူး "
ဟမ္ … ဘာ … ဘာကေလးလဲ … ဘယ္သူ႕ကေလးကိုမလိုခ်င္တာလဲ … သူ႕စကားက နည္းနည္း ထူးဆန္းေနတယ္ …
သခင္မႀကီးကလဲ အနည္းငယ္ေဒါသထြက္သြားပုံရတယ္ … သူမက တည္ၿငိမ္ေသာအသံနဲ႕ လွမ္းေျပာလိုက္တယ္ …
" ဘာ … မင္းက ကိုယ္ဝန္ကို ဖ်က္ခ်ေစခ်င္တာလား "
" အဟႊတ္ "
မင္းယြီပါစပ္ထဲထည့္ေနတဲ့ သစ္သီးကိုပင္ ေထြးထုပ္မိတဲ့ထိ လန႔္သြားတယ္ … သခင္မႀကီးကလဲ သူ႕ရဲ႕အမူအရာကိုျမင္သြားၿပီး ဖန္းဂူကို တားဖို႔ ဆုံးျဖတ္လိုက္တယ္ …
" ေတာ္ၿပီ … ငါမင္းနဲ႕ေနာက္မွပဲ စာရင္းရွင္ေတာ့မယ္ "
မင္းယြီလက္ေတြပင္တုန္လာသလိုပဲ … သူတိုသိသြားၾကၿပီလား … ကေလးကိုမလိုခ်င္ဘူးဆိုတာ သူ႕ဗိုက္ထဲကကေလးကိုေျပာတာလား … မင္းယြီဝမ္းနည္းလြန႔္လို႔ မ်က္ရည္ေတြ ထိန္းမနိုင္ေတာ့ဘူး …
သခင္မႀကီးက သစ္လ်ႉးတ႐ြက္ယူၿပီး ကမ္းေပးလာေတာ့ မင္းယြီေၾကာင္ေတာင္ေတာင္ေလးၾကည့္ကာ လွမ္းယူလိုက္ၿပီးတုတ္လိုက္တယ္ …
ၿပီးေနာက္ … ဖန္ူဂူရဲ႕အသံကို ထက္မံၾကားလိုက္ရတယ္ …
" ကြၽန္ေတာ္ ခုပဲရွင္းခ်င္တယ္ …
ကြၽန္ေတာ္ေျပာၿပီးၿပီ … သူကကြၽန္ေတာ့အေစခံ …
သူ႕ကိုကြၽန္ေတာ္ပိုင္တယ္ …
ကြၽန္ေတာ့ခြင့္ျပဳခ်က္မရပဲ သူကေလးမယူရဘူး "
မင္းယြီပိုပိုၿပီးရွိုက္ကာငိုေနမိတယ္ … ဘာေၾကာင့္ကေလးကိုမလိုခ်င္ရတာလဲ … လက္ခံဖို႔ေမွ်ာ္လင့္မထားေပမဲ့ ထိုျငင္းပယ္မႈကို ခံယူဖို႔ သူ႕မွာအဆင္သင့္မျဖစ္ေသးဘူး …
သခင္မႀကီးက ဖန္းဂူအား ဆက္မေျပာဖို႔ တားလိုက္တယ္ …
" မင္း ေတာ္လိုက္ေတာ့ "
ဖန္းဂူက တံခါးကို ခပ္ျပင္းျပင္ထုလိုက္ၿပီး …
" ဒါဆို သူ႕ကိုျပန္ေပး … ခုခ်က္ခ်င္း တံခါးကိုဖြင့္ "
သခင္မႀကီးက သက္ျပင္းဖြဖြခ်လိဳက္ရင္း ရွိုက္ငိုေနတဲ့ မင္းယြီကိုတလွည့္ တံခါးတစ္ခ်က္ခ်ားေနတဲ့ေနရာက ေဒါသႀကီးေနတဲ့ ဖန္းဂူကိုတစ္လွည့္ၾကည့္ကာ ေနာက္ဆုံး တံခါးအေျခကအေစာင့္အား လက္ဟန္ျဖင့္အခ်က္ျပကာ တံခါးဖြင့္ေစလိုက္တယ္ …
တံခါးေလာ့ပြင့္သြားတာနဲ႕ ဖန္းဂူ အခန္းထဲသို႔ ဝုန္းဒိုင္ေရာက္ခ်လာတယ္ … သို႔ေပမဲ့သူ႕ရဲ႕ေျခလွမ္းေတြက လမ္းတစ္ဝက္မွာပဲ ရပ္တန႔္သြားခဲ့တယ္ …
" မင္း … "
သူထင္တာက ခုခ်ိန္ထိ မင္းယြီသတိမရလာေသးဘူးထင္ခဲ့တာ … မိခင္ပဲရွိေနမယ္ထင္ခဲ့ေပမဲ့ မခင္အေရွ႕မွာ သူ႕ကိုေက်ာေပးကာ ထိုင္လွ်က္ ပုခုံးေလးေတြ တုန္ခါေနၿပီး ငိုေနတဲ့ မင္းယြီကိုေတြ႕လိုက္ရေတာ့ ဘာေျပာရမွန္းမသိျဖစ္သြားတယ္ … သူေစာေစာက ဘာေတြေျပာခဲ့လဲဆိုတာ ျပန္မစဥ္းစားခ်င္ေတာ့ဘူး …
မင္းယြီက တမင္တကာ ဖန္ဂူကို ေက်ာေပးၿပီး ေခါင္းငုံ႕လွ်က္ထိုင္ေနတယ္ … သူအနား ဖန္းဂူေရာက္လာတဲ့အထိ ၿငိမ္ေနလွ်က္ပင္ …
ရွန္သခင္မႀကီးက ဖန္းဂူအားၾကည့္ကာ တစ္ခြန္းထည္း ေျပာလိုက္တယ္ …
" မင္းသူ႕ကို ေခၚလို႔ရရင္ေခၚသြား …
သူမလိုက္ဖူးဆိုရင္ မင္းျပန္လိုက္ေတာ့ …
ဒါက သူ႕အေပၚမူတည္တယ္ "
ဖန္းဂူ မင္းယြီကိုၾကည့္ၿပီး ဘယ္ကဘယ္လိုစေျပာရမွန္းမသိေတာ့ဘူး … သူကလူေတြကို ေသနတ္နဲ႕ေျခာက္ၿပီးေတာ့ပဲ ငိုေအာင္လုပ္ဖူးတာ … ငိုေနတဲ့လူကို သူ႕ဘဝမွာ ဘယ္တုန္းကမွ မေခ်ာ့ခဲ့ဖူးဘူး …
သခင္မႀကီးက ယုံၾကည္ခ်က္အျပည့္နဲ႕ေစာင့္ေနတယ္ … မင္းယြီကလဲ အငိုတိတ္သြားေပမဲ့ ေခါင္းငုံ႕ထားဆဲ … ဖန္းဂူစိတ္မရွည္နိုင္ေတာ့ပဲ မင္းယြီကို ပခုံး ၂ ဖက္ကေနၿပီး ကိုင္လွည့္ကာ သူနဲ႕အၾကည့္ခ်င္းစုံေစလိုက္တယ္ … ငိုထား၍ နီျမန္းေနတဲ့ မင္းယြီမ်က္ဝန္းေလးေတြက တျခားဘက္သို႔ စိုက္ၾကည့္ေနၿပီး သူ႕အၾကည့္ကို ရင္မဆိုင္ဘူး …
ဖန္းဂူ တစ္ခြန္းထည္း ေျပာလိုက္တယ္ …
" အိမ္ကို ျပန္လိုက္ခဲ့ "
မင္းယြီခနမွ်တုန႔္ဆိုင္သြားၿပီး မ်က္ႏွာလႊဲလိုက္ကာ သူ႕ပခုံးေပၚက ဖန္းဂူလက္ေတြထံကေန ႐ုန္းထြက္လိုက္တယ္ …
" ကြၽန္ေတာ္ ခမ်ားမသိပဲ ကိုယ္ဝန္လြယ္မိလို႔ေတာင္းပန္ပါတယ္ …
ဒါေပမဲ့ ကြၽန္ေတာ္ ရင္ေသြးေလးကို ဖ်က္မခ်နိဳင္ဘူး …
ခမ်ားနဲ႕ျပန္မလိုက္နိုင္တဲ့အတြက္ ခြင့္လႊတ္ေပးဖို႔ေမွ်ာ္လင့္ပါတယ္ "
" ဘာ … ဒါက … ေနဦး … အဲ့လိုမဟုတ္ေသးဘူး "
သူ႕မွာရွင္းျပဖို႔ စကားလုံးေတြ ထြက္က်မလာခဲ့ဘူး … အၿမဲ လူေတြကို ခ်ိန္းေျခာက္ေနက်ဆိဳေတာ့ သူ႕ခံစားခ်က္ကိုဖြင့္ေျပာျပဖို႔က လူသတ္တာထက္ခဲရင္းေနတယ္ … ျပန္ေခၚတာနဲ႕ ဒီကိုယ္ဝန္နဲ႕က မဆိုင္ဘူးဆိုတာ ဘယ္လိုေျပာသင့္လဲ …
သခင္မႀကီးက အေျဖကိုၾကားသိရၿပီမို႔ ဖန္းဂူကို ဆက္ၿပီးေျပာဖို႔ ခြင့္မျပဳေတာ့ေပ …
" ကဲ … မင္းၾကားၿပီမဟုတ္လား …
သူကျငင္းေနမွေတာ့ မင္းအိမ္ကိုပဲျပန္လိုက္ေတာ့ "
ရွန္ဖန္းဂူက ဒီလိုလုပ္လို႔ရမဲ့လူစားမ်ိဳးမွမဟုတ္တာ … သူပိုင္တဲ့လူကို ဘယ္သူမွယူလို႔မရဘူး …
တစ္ဖက္ကလဲ ဖန္းဂူမိခင္ေလ … သူ႕သား ဘာလုပ္မယ္မွန္း သိတာေပါ့ …
သားအမိႏွစ္ေယာက္ရဲ႕ ၿပိဳင္တူ လႈပ္ရွားမႈေၾကာင့္ မင္းယြီလိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားေလေတာ့တယ္ …
သူ႕ရဲ႕ဘယ္လက္နဲ႕ညာလက္ ၂ ဖက္ကို သားအမိ ၂ ေယာက္က အတင္းဆြဲထားၾကၿပီး … ေအးဆက္ဆက္ေလးထုတစ္ခုဖန္းတီးကာ အၾကည့္ေတြလႈပ္ရွားမႈေတြနဲ႕ ရန္ျဖစ္ေနၾကတယ္ … အလယ္က မင္းယြီခမ်ာ ေတာင္ယိုင္လိုက္ေျမာက္ယိုင္လိုက္နဲ႕ ၾကာရင္ မူးလဲဖို႔သာ ရွိေတာ့တယ္ …
" မား … လႊတ္လိုက္ "
" ဒီပြဲမွာ မင္းရႈံးသြားၿပီပဲ …
မင္းလႊတ္ရမွာေလ "
" သူကသားဟာ "
" ဗိုက္ထဲက … မားဟာ "
" ဒါေပမဲ့ မေမြးေသးဘူးေလ "
" ေမြးၿပီးတဲ့ထိ ဒီမွာ ထားရမယ္ "
ဘယ္သူမွအေလ်ာ့မေပးၾက၍ မင္းယြီလက္မ်ားပင္ နာက်င္လာေလတယ္ …
ထိုစဥ္အခန္းတံခါးေခါက္သံတစ္ခ်က္ၾကားလိုက္ရတယ္ …
" သခင္ေလး … အထဲမွာ သခင္ေလးရွိလား "
ခ်ဴးရွန႔္အသံမွန္းသိေတာ့ သခင္မႀကီးက တံခါးဖြင့္ခြင့္ေပးလိုက္တယ္ … ခ်ဴးရွန႔္ အထဲကိုလဲ ဝင္လာေရာ ျမင္လိုက္ရတဲ့အေနအထားေၾကာင့္ ေၾကာင္အန္းအန္းျဖစ္သြားေတာ့ ဖန္းဂူတို႔သားအမိလဲ ခ်က္ခ်င္းပဲ မင္းယြီလက္ကိုလႊတ္ေပးလိုက္တယ္ …
ခ်ဴးရွန႔္က သခင္မႀကီးကို အရိုအေသေပးၿပီးေနာက္ ဖန္းဂူဘက္လွည့္ကာ ေျပာလိုက္တယ္ …
" သခင္ေလး … ကြၽန္ေတာ္တို႔အစီအစဥ္ေတြေအာင္ျမင္တယ္ …
ဒီညေန ခရီးထြက္ဖို႔ရွိတယ္ … ဘယ္ေလာက္ၾကာမလဲမေျပာနိုင္ဘူး …
ဒီခရီးက ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ ျဖစ္လာလိမ့္မယ္ "
ဖန္းဂူ႐ုပ္က ခ်က္ခ်င္းျပန္တည္သြားၿပီး သူ႕ကိုမ်က္ႏွာလႊဲထားဆဲျဖစ္တဲ့ မင္းယြီကိုတလွည့္ မိခင္ကိုတလွည့္ၾကည့္လိုက္ၿပီးေနာက္ တည္ၿငိမ္စြာ ျပန္ေျဖလိုက္တယ္ …
" ေကာင္းၿပီ … သြားဖို႔အတြက္ အဆင္သင့္ျပင္ထား …
ငါလာခဲ့မယ္ "
" ဟုတ္ကဲ့ သခင္ေလး "
ခ်ဴးရွန႔္ကလဲ မင္းယြီကိုယ္ဝန္ရွိမွန္းသိသြားၿပီျဖစ္၍ သူ႕အားေက်ာေပးကာထိုင္ေနတဲ့ မင္းယြီကို တစ္ခ်က္ေစာင္းၾကည့္လိုက္တယ္ … မင္းယြီလဲ အေနာက္ကို အနည္းငယ္ေစာင္းၾကည့္လိုက္ေတာ့ ခ်ဴးရွန႔္နဲ႕ အၾကည့္စုံသြားတဲ့အခါ ခ်ဴးရွန႔္က ' အားတင္းထား ' ဆိုၿပီးတိုးတိုးေလးေျပာလိုက္တယ္ … မင္းယြီၿပဳံးသြားေတာ့မွ သူလဲစိတ္ခ်စြာနဲ႕ အခန္းအျပင္သို႔ထြက္သြားေလတယ္ …
ဖန္းဂူမိခင္က ရပ္ေနဆဲျဖစ္တဲ့ ဖန္းဂူကိုၾကည့္လိုက္ၿပီး …
" မင္းကေရာ ထြက္မသြားေသးဘူးလား "
ဖန္းဂူက သူ႕ကိုေက်ာေပးထားၿမဲျဖစ္တဲ့ မင္းယြီကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ စိတ္ကိုခ်ဳပ္တည္းကာ အခန္းအျပင္သို႔ ထြက္သြားေလေတာ့တယ္ … ဒါက ေဒါသထြက္တာလား စိတ္ဆိုးမိတာလား ဖန္းဂူ ကိုယ့္စိတ္ကိုပင္ မေတြးတတ္ေတာ့ေပ …
အားလုံးအျပင္ထြက္သြားေတာ့မွ သခင္မႀကီးက မင္းယြီအားၾကည့္ကာ ေလးနက္စြာ ေျပာလိုက္တယ္ …
" မင္းဒီကေလးကိုေမြးၿပီးရင္ ရွန္ဟႊာကိုေပးခဲ့ရမယ္ …
အဲ့ဒိအတြက္ မင္းလိုခ်င္တာ ဘာမဆိုျပန္ေပးမယ္ "
ခုလိုဂ႐ုစိုက္ေပးေနတာက ကေလးေၾကာင့္ပဲေပါ့ … သူတို႔အတြက္ မင္းယြီဆိုတာထက္ ရင္ေသြးေလးကပိုအေရးႀကီးေနတာပဲ … ငါဘာကိုေမွ်ာ္လင့္ေနမိတာလဲ … သူျပန္ေခၚေနတာကလဲ ငါကိုလို႔ခ်င္တာက သူ႕အခိုင္းအေစလုပ္ခိုင္းဖို႔ပဲမလား …
သူကအိမ္ေထာင္တည္ျဖစ္သြားၿပီ … လိုက္သြားရင္ ငါကၾကားလူတစ္ေယာက္သာသာပဲျဖစ္သြားမွာ … ငါကေလးကိုစြန႔္လႊတ္ၿပီး ငါ့ဘဝပုံမွန္ျပန္ျဖစ္ဖို႔ေမွ်ာ္လင့္ရေတာ့မယ္ … ပါးေတာင္းပန္ပါတယ္ Baby … ပါးရဲ႕ရင္ေသြးေလးျဖစ္လာတဲ့ Baby ကိုေတာင္ ပါးပိုင္ဆိုင္ခြင့္မရွိခဲ့ပါလား …
ခုခ်ိန္ထိ သူ႕ရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ရွည္လက္ရွည္ ေစာင့္ေမွ်ာ္ေနတဲ့ သခင္မႀကီးအား မင္းယြီၾကည့္လိုက္ၿပီး ဝမ္းနည္းေက်ကြဲေနတဲ့အသံေလးနဲ႕ ေမးျမန္းလိုက္တယ္ …
" ကြၽန္ေတာ္ ကေလးကိုေပးခဲ့ရင္ ကြၽန္ေတာ့ကို ဒုကၡမေပးေတာ့မွာေသျခာလား …
ကြၽန္ေတာ္ ဒီအိမ္ေတာ္နဲ႕ထက္ၿပီး မပတ္သတ္ခ်င္လို႔ရလား "
" အဲ့ဒါက အေကာင္းဆုံးပဲ …
ငါတို႔ရဲ႕ဆက္ခံသူကိုရတာနဲ႕ မင္းအတြင္ပိုင္ဆိုင္ခြင့္ေတြေပးၿပီး မင္းကိုရွန္ဟႊာရဲ႕အေဝးဆုံးကိုပို႔ေပးမယ္ …
မင္းဘဝခ်ဳပ္ေႏွာင္မႈေတြကေန ကင္းလြတ္ၿပီ "
" ကြၽန္ေနာ့ ကေလးေလးကိုေရာ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးမွာလား "
" ရွန္ဟႊာက သခင္တစ္ေယာက္အျဖစ္ ေမြးၿပီးခ်က္ခ်င္းသူ႕ကိုေပးအပ္မွာ …
သားလက္မခံလို႔ မင္းစိတ္ညစ္စရာမလိုဘူး …
သူကဘယ္ေတာ့မွ မိသားစုဘဝကိုရယူမွာမဟုတ္ဘူး …
သူက ခ်ဳပ္ေႏွာင္မႈေတြကိုမုန္းတယ္ "
ဒါဆို ဘာေၾကာင့္ အိုမီဂါတစ္ေယာက္နဲ႕ လက္ထက္ဖို႔ထိ သေဘာတူခဲ့တာလဲလို႔ေမးခ်င္ေပမဲ့ ဒါကသူနဲ႕မဆိုင္တာမို႔ မင္းယြီစိတ္ထဲမွာပဲ ၿမိဳသိပ္လိုက္ရတယ္ …
" ေကာင္းၿပီ … ကြၽန္ေတာ္သေဘာတူတယ္ "
" ဒါဆို ဒီစကားကတရားဝင္ျဖစ္သြားၿပီ …
မင္းေျပာင္းလဲလို႔မရေတာ့ဘူး …
ခုခ်ိန္ကစၿပီး ရွန္ဟႊာက မင္းကိုေစာင့္ေရွာက္ေပးမယ္ …
မ်ိဳးဆက္ေလးရလာတဲ့ထိေပါ့ "
ဒါကမွားလားမွန္လားမသိေပမဲ့ ကြၽန္ေတာ့မွာ ေ႐ြးခ်ယ္စရာ မရွိခဲ့ဘူး … ခုခ်ိန္မွာ ကြၽန္ေတာ္ေျပာနိုင္တဲ့စကားတစ္ခြန္းက ' ပါပါးကို ခြင့္လႊတ္ပါ Baby ' …
*
*
*
*
ဒီလိုနဲ႕ မင္းယြီတစ္ေယာက္ ကေလးေမြးမဲ့အခ်ိန္ကို ထိုင္ေစာင့္ရင္း အခ်ိန္ေတြကုန္လာခဲ့ေလတယ္ … တစ္ပတ္ခန႔္ ထိအခန္းထဲကအျပင္မထြက္ရပဲ စားခ်ိန္ေတြဆိုစား အိမ္ခ်ိန္ေတြဆိုအိပ္ က်န္တဲ့အခ်ိန္ေတြ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ဖို႔အတြက္ နည္းျပတခ်ိဳ႕ေရာက္လာတတ္ၿပီး တစ္ခ်ိန္လုံး ဝမ္းဗိုက္ထဲက ကေလးေလး က်န္းမာဖို႔အတြက္ ေစာင့္ၾကည့္ခံေနရတယ္ …
အစက ထိုအေၾကာင္းကို အိမ္ေတာ္မွာ သခင္မႀကီးတစ္ေယာက္သာသိေပမဲ့ တေျဖးေျဖး အိမ္ေဖာ္ေတြက တစ္ဆင့္စကား တစ္ဆင့္နားနဲ႕ တိုးတိုး တိုးတိုးေျပာလာၾကတယ္ …
" ခုသေလာ သခင္မႀကီးထူးဆန္းေနတယ္ …
အိမ္မွာ ကိုယ္ဝန္သည္တစ္ေယာက္ရွိေနနာမ်ားလား "
" ငါလဲရိပ္မိတယ္ … အားရွိေစမဲ့အစားအစာေတြ ကိုယ္ဝန္သည္ေတြကိုေလ့က်င္ေပးတဲ့ဆရာမေတြ ၿပီးေတာ့ ကိုယ္ဝန္အားတိုးေဆးေတြ အေပၚထပ္ကို ယူယူသြားတာေတြ႕တယ္ "
" သခင္မႀကီးက သခင္ေလးရဲ႕မ်ိဳးဆက္ကို အရမ္းလိုခ်င္ေနတာေလ … ခုေတြ႕သြားလို႔မ်ားလား "
" ဟိုတစ္ေန႕က သခင္ေလးရဲ႕မ်ိဳးဆက္ရရင္ထားဖို႔တည္းသန႔္ျပင္ဆင္ထားတဲ့ Baby Home ကိုဖြင့္ၿပီး ပစၥည္းအသစ္တခ်ိဳ႕ ထပ္ထည့္ေနတယ္လို႔ၾကားတယ္ … ငါေတာ့ ကေလးေလးကိုအားက်ေနပါၿပီဟာ "
" ဒါေပမဲ့ အဲ့ဒါကအမွန္ဆိုရင္ ေပ်ာ္႐ႊင္စရာ သတင္းကို ဘာေၾကာင့္ ဖုံးကြယ္ထားတာလဲ "
" ေဟ … သူက ဘယ္သူျဖစ္နိုင္လဲ "
" ဘယ္သူကမွာလဲ … အဲ့တာ သခင္ေလးနဲ႕ေစ့စပ္ထားတဲ့ Bၿမိဳ႕ကသခင္မေလးေနမွာေပါ့ …
သူမနဲ႕သခင္ေလး အမွန္အသားေတြျပဳလုပ္ၿပီးၿပီဆိုတာ အားလုံးအသိပဲ "
" ျဖစ္နိုင္ပါ့မလား … ငါမေန႕ကေတာင္ သူမေအာက္ထပ္မွာလဲထမင္းလာစားတယ္ ၿခံထဲမွာလဲ ကိုယ္ရံေနာ္အျပည့္နဲ႕ ေလ့က်င့္ေရးလုပ္ေနတာေတြ႕တယ္ "
ထိုအသင္းေျပာေနသူမ်ားက မီးဖိုေခ်ာင္ထဲက ခ်က္ျပဳတ္ရတဲ့ စားဖိုမႈတခ်ိဳ႕ျဖစ္ၾကၿပီး ထိုစကားေတြကို အစကေနအဆုံးထိ ၾကားသြားသူကေတာ့ အန္းရက္စ္ဒီပင္ …
ေစ့စပ္ပြဲၿပီးကတည္းက သခင္မႀကီးအခ်ိဳးေတြေျပာင္းသြားတာ မအံ့ဩေတာ့ပါဘူး … အရင္ကေတာ့ သမီးေလးဆိုၿပီး အၿမဲကပ္ေနတဲ့သူက ခုေတာ့ တစ္ေန႕လုံးမွတစ္ခါေတာင္မျမင္ရေတာ့ဘူး … ၿပီးေတာ့ သူမဟုတ္တဲ့ တျခားတစ္ေယာက္ကို အစားေတြအၿမဲပို႔ေပးၿပီး ေစာင့္ေရွာက္ေပေနတယ္ဆိုေတာ့ သူမမေက်မနပ္ျဖစ္သြားတယ္ … ပိုဆိုးတာက အဲ့ဒိလူမွာ ဖန္းဂူနဲ႕ရတဲ့ကိုယ္ဝန္ရွိေနၿပီဆိုတာပဲ … ဒါက လုံးဝမျဖစ္ရဘူး …
သူမကေဒါသသႀကီးနဲ႕အခန္းထဲဝင္သြားၿပီး သူ႕ရဲ႕ကိုယ္ရံေတာ္ကို ေခၚလိုက္တယ္ … ကိုယ္ရံေတာ္ေရာက္လာေတာ့ သူမေဆးဘူးတစ္ခုကို ထုတ္ေပးလိုက္ၿပီး …
" နင္ဒီေဆးကို အဲ့ဒိကိုယ္သည္စားမဲ့ဟာထဲခပ္လိုက္ "
" ျဖစ္ပါ့မလားသခင္မ …
ဒါကရွန္ဟႊာရဲ႕ပိုင္နက္ … ျပႆနာအႀကီးႀကီးျဖစ္သြားနိုင္တယ္ "
" ဒီေဆးက ေသေစနိုင္တဲ့အရာမဟုတ္ဘူး …
ၿပီးေတာ့ ဒီေဆးက ကိုယ္ဝန္သည္ေတြကိုပဲထိေရာက္တာ …
ဘယ္သူစစ္စစ္ သိမွာမဟုတ္ဘူး …
တာဝန္ကိုသာ ေက်ပြန္ေအာင္လုပ္ …
မၾကာခင္ ဖုံးကြယ္ထားတဲ့အရာေတြ ေပၚလာလိမ့္မယ္ "
သူမအႀကံေတြနဲ႕ သူမေက်နပ္ေနမိတယ္ … ဒါေပမဲ့ ဘဝက႐ုတ္ရွင္လိုမဟုတ္ဘူး … အက်င့္ယုတ္တဲ့သူတိုင္း အၿမဲနိုင္ေနရမယ္လို႔ဘယ္သူကေျပာလဲ … သူမရွန္ဟႊာကို အထင္ေသးမိတာ မွားသြားၿပီ …
သူမခိုင္းေစၿပီး ၁၀ ရက္ေျမာက္ထိ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္နိုင္ခဲ့ဘူး … အဲ့ဒိအစား အေစခံတခ်ိဳ႕က သခင္မႀကီးက သူမကိုယ္ဝန္မေဆာင္နိုင္လို႔ ကိုယ္ဝန္ေဆာင္နိုင္တဲ့ အမည္မေဖာ္တဲ့သူကိုပဲ ဂ႐ုစိုက္တယ္ဆိုတဲ့ေကာလဟာက ထြက္လာတယ္ …
သူမက ေစ့စပ္ၿပီးကတည္းက ယာကၡမကိုအပိုင္ခ်ဳပ္ဖို႔ေတြးထားေပမဲ့ သူမအစီအစဥ္ေတြကို ထိုလူကဖ်က္စီးျပစ္တယ္ … ဘယ္သူလဲအတိအက်မသိရေပမဲ့ သူမအမုန္းေတြက ၂ စပြားလာခဲ့တယ္ … ေနာက္ဆုံး ဒီစစ္ဆင္ေရးမွာ သူကိုယ္တိုင္ လႈပ္ရွားဖို႔ သူမ ဆုံးျဖတ္ခ်က္ ခ်လိဳက္ေလေတာ့တယ္ …
*
*
*
*
" သခင္မေလး … သခင္မႀကီး လူေတြလႊတ္လိုက္ၿပီ "
ရက္စ္ဒီက အေစာင့္အၾကပ္တင္းၾကပ္လြန္းတဲ့အခန္းရဲ႕ေဘးနားမွာ ေခ်ာင္းေျမာင္ေနၿပီး သူမကိုယ္ကိုအေစခံေတြနည္းတူဝတ္စင္ထားအကာ ထိုအေစခံအဖြဲ႕ သူ႕ေဘးနားက ျဖတ္ေလွ်ာက္သြားတဲ့အခါ အဆင္သင့္ျပင္ထားတဲ့ ဟင္းတစ္ပြဲကို လက္ကကိုင္လွ်က္ ေရာေယာင္ကာ ဝင္သြားေလတယ္ … သခင္မက ေန႕တိုင္း လူေျပာင္းၿပီး ပို႔ေနၾကမို႔ တစ္ေယာက္ပိုေနတာကို သူတို႔သတိမထားမိၾကဘူး …
ဒါေပမဲ့ တံခါးဝင္မယ္ဆို ကဒ္ျပားတစ္ခုစီရွိရတယ္ … အားလုံးကဒ္ျပားကိုယ္စီနဲ႕ဝင္သြားၾကေပမဲ့ သူမအလွည့္ေရာက္သြားတဲ့အခါ ကဒ္ျပားပါမလာ၍ အားလုံးက သတိထားမိသြားၾကတယ္ …
" မင္းဘယ္သူလဲ "
သူမမ်က္ႏွာက တစ္ျခားအေစခံေတြနဲ႕ကြဲျပားတာမို႔ အကုန္လုံးက မယုံသကၤာျဖစ္သြားတဲ့အခါ သူမက ဘာလုပ္ရမည္မသိျဖစ္သြားၿပီး မ်က္ႏွာခ်ိဳေလးနဲ႕ျပန္ေျဖလိုက္ေလတယ္ …
" ကြၽန္မက မေန႕ကမွေရာက္တဲ့အသစ္ေလးပါ …
သခင္မႀကီးက ဒီဟင္းက ကိုယ္ဝန္သည္ေတြအားရွိေစတဲ့အစားမို႔ က်မကိုေနာက္မွပို႔ခိုင္းလိုက္တာပါ …
မယုံဘူးဆိုလဲ ျပန္ယူသြားၿပီး သခင္မႀကီးကိုျပန္ေပးလိုက္ပါ့မယ္ "
အားလုံးကေၾကာင္သြားၾကတယ္ … သခင္မႀကီးက သူ႕သားရဲ႕မ်ိဳးဆက္ကို ဘယ္ေလာက္ထိ ေစာင့္ေရွာက္မွန္း အားလုံးအသိပဲ … ဒီဟင္းပြဲက တကယ္အေရးပါတဲ့ဟာဆိုရင္ အခ်ိန္မွီမေႂကြးမိရင္အားလုံးအျပစ္ေပးခံရလိမ့္မယ္ … ဒါေၾကာင့္မို႔ အေစာင့္တစ္ေယာက္က သူမလက္ထဲကဟင္းကိုမည္းစမ္းၾကည့္ၿပီး အဆိပ္မပါတာ့မွ သူမကိုပါ ဝင္ခိုင္းလိုက္တယ္ …
တကယ္ေတာ့ သူမသုံးတဲ့ေဆးက သာမာန္လူေတြအေပၚအက်ိဳးမတတ္ေရာက္ပဲ ကိုယ္ဝန္သည္တစ္ဦးတည္းကိုသာ ထိေရာက္နိုင္ၿပီး ေသြးအန္မည့္ေဆးမ်ိဳးျဖစ္တယ္ …
သူမအထဲကိုေရာက္ေတာ့ ေက်ာေပကာထိုင္ေနတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ … သူ႕တစ္ကိုယ္လုံးက ျဖဴစြမ္ေနတဲ့ အဝတ္အစားကိုဝတ္ထားၿပီး ေကာ္႐ုပ္တစ္႐ုပ္လိုပဲ … ထိုအရာက ရင္းနီးေနသလို ကိုယ္ဝန္သည္က ေယာက္်ားေလးျဖစ္ေနလို႔ သူမအံ့ဩေနတယ္ …
သူ႕ရဲ႕ေဘးမွာ အေစခံေတြကတန္းလိုက္ရပ္ေနကာ သူမလဲ ဟင္းပြဲကိုခ်လိဳက္ၿပီး အေစခံေတြၾကာေရာရပ္လိုက္တယ္ … အနည္းငယ္သဲကြဲေနၿပီျဖစ္တဲ့ မ်က္ႏွာကိုျမင္ေစဖို႔ သူမႀကိဳးစားကာ ၾကည့္လိုက္တဲ့အခါ ျမင္လိုက္ရေတာ့မ်က္ႏွာၾကာင့္ သူမတစ္ကိုယ္လုံးမွာရွိတဲ့အေက်ာေတြအကုန္ေထာင္ထသြားေလေတာ့တယ္ …
ေခြးေကာင္ !! နင္ … နင္ မျဖစ္နိုင္ဘူး …
သူမအေတြးပင္မဆုံးေသး မင္းယြီက သူ႕အနီးမွာရွိေနတဲ့ သူမယူလာတဲ့ဟင့္ခြက္ကိုအရင္စမည္းလိုက္တယ္ … သူမထင္ခဲ့တာက ထိုဟင္းကိုေနာက္ဆုံးမွစားၿပီး သူတို႔ထြက္သြားမွ ေဆးစြမ္းျပမယ္ထင္ခဲ့တာ … ဒါေပမဲ့ မင္းယြီက ထိုဟင္းကိုစၿပီး စားသုံးခဲ့တယ္ …
သူမလက္ျဖားေတြေအးဆက္လာၿပီး မင္းမ်က္ႏွာဘယ္ခ်ိန္ေျပာင္းလဲလာမလဲ တထိတ္ထိတ္နဲ႕ ေစာင့္ၾကည့္ေနမိတယ္ … သူမေဆးဘယ္ေလာက္မ်ားထည္မိလိုက္လဲမသိ မင္းယြီစားေနတုန္း ၅ မိနစ္ပင္မၾကာလိုက္ သူပ်ိဳ႕အန္လာတယ္ … အားလုံးက အစာမေက်လိဳ႕လိုထင္သြားၿပီး ျပာျပာသလဲ ေက်ာကိုႏွိပ္ေပးသူနဲ႕ ေရခြက္ယူေပးသူနဲ႕ ေနာက္ဆုံး မင္းယြီဝမ္းဗိုက္ထဲက ေသြးေတြပါလာေတာ့မွ အားလုံး ထိတ္လန႔္သြားကာ အေစာင့္ေတြပါေျပးလာၾကတယ္ …
သူမထြက္ေျပးခ်င္ေပမဲ့ အခ်ိန္မရေတာ့ဘူး … အဲ့ဒိအစား အခန္းတံခါးဝကေန ေျပးဝင္လာတဲ့လူေၾကာင့္ သူမဒူးမ်ား ေခြယိုင္လဲမတတ္ လန႔္သြားေလေတာ့တယ္ …
" ရွန္ … ရွန္ဖန္းဂူ "
အားလုံးက သခင္ေလးကိုျမင္ေတာ့ အေနာက္ကိုဆုတ္ေပးၾကတယ္ … သခင္ေလးအေနာက္မွာ သခင္မႀကီးေရာ ခ်ဴးရွန႔္ပါပါလာတယ္ … သူတို႔အားလုံး မ်က္လုံးအျပဴးသားနဲ႕ လဲက်ေနတဲ့ မင္းယြီကိုေတြ႕ရေတာ့ ထိပ္လန႔္သြားပုံပင္ … ဖန္းဂူဆိုလွ်င္ ေဒါသထြက္လြန္းလို႔ သူ႕ကိုယ္က မီးခိုးေငႊ႕ေတြပါ ထြက္ေနသည့္အလား ေပါက္ကြဲေတာ့မည့္ ဗုံးပမာ …
ဖန္းဂူခရီးထြက္သြားတာ ဒီေန႕နဲ႕ဆို ၁၅ ရက္ရွိသြားၿပီ … ျပန္လာမယ္အေၾကာင္းမၾကားသလို ခုလိုျဗဳန္းစားႀကီး ေရာက္ခ်လာေတာ့ အေျခအေနေတြအားလုံး ရႈတ္ေထြးကုန္တယ္ … ေနာက္ဆုံး သူမႀကံရာမရတဲ့အဆုံး သူမအဆိပ္ခပ္ထားတဲ့ဟင္းပြဲကို သူမကိုယ္တိုင္ယူစားလိုက္ေတာ့တယ္ …
ဒါကို ခ်ဴးရွန႔္ျမင္သြားၿပီး ထူးဆန္းတဲ့သူမကို ဖမ္းလိုက္တယ္ …
" မင္း … မင္း … အန္းရက္စ္ဒီမွတ္လား …
ဒီမွာ ဘာလုပ္ေနတာလဲ "
ထိုနာမည္ကိုၾကားေတာ့ အခန္းတစ္ခုလုံးတိတ္ဆိတ္သြားၿပီး အၾကည့္ေတြအားလုံးက သူမထံေရာက္သြားေလတယ္ … သူမေျဖရွင္းခ်က္ပင္မေပးနိုင္ေတာ့ပဲ သူမပါစပ္ထဲကေန မင္းယြီနည္းတူ ေသြးေတြအန္လာၿပီးေနာက္ လဲၾကကာ သတိလစ္သြားေလေတာ့တယ္ …
.
.
.
.
To Be Continued
( ဒီေနရာမွာ ပေဟဠိေလးနည္းနည္းပါတယ္ … သူမက ဘာလို႔ေသြးအန္တာလဲ …? ေနာက္အပိုင္းမွာ သိရမွာပါ …
ကတိအတိုင္း တင္ေပးတယ္ေနာ္ … အားေပးရမွာက ကို႔ခ်စ္ဒါဒါေလးေတြရဲ႕တာဝန္ … မနက္ျဖန္မွာျပန္ေတြ႕ၾကမယ္ တ်ဲေလးတို႔ … 🙆♀️🥰 )
ဒါေလးက မိသားစုေတြအေၾကာင္း ရွင္းျပဆိုလို႔ …
မင္းယြီ - ( ယီယီနဲ႕ ပတ္ဒိုမင္းရဲ႕သား … အမႊာညီမရွိ … သူမနာမည္ ပတ္ဆုန္းခ်ဴ … သူမမွာလဲ အတြဲရွိတယ္ … ဘယ္သူလို႔ထင္လဲ 🤔 )
ရွန္ဖန္းဂူ - ( ရွန္ကူးမန္နဲ႕ ရန္မိုန္ရဲ႕သား … ကူးမန္မွာ လီနာဆိုတဲ့မယားငယ္ရွိ … မယာပါသားက ရွန္ရႈမန္း )
က်န္းရႈယြမ္ - ( က်န္းရွားေမ့ရဲ႕သား … ရွားေမ့နဲ႕မင္းယြီမိဘ ၂ ပါးနဲ႕က ငယ္သူငယ္ခ်င္း … သူမက မင္းယြီမိခင္ကို ခ်စ္ေနသူ … ဖခင္နဲ႕အဖိုးခန္း သိပ္မပါ … ဝမ္းကြဲညီက ရွန္ေဝ )
ခ်ဴးရွန႔္ - ( ခ်ဴေလာင္ရွန႔္ရဲ႕သား … ေလာင္ရွန႔္နဲ႕ မင္းယြီမိခင္က ေမာင္ႏွမလိုပဲေနၾကတယ္ … ခ်စ္သူေတြမဟုတ္ၾက … ခ်ဴးရွန႔္က ခ်ဴးေလာင္ဝီရဲ႕ေျမး … မိခင္ခန္းမပါ … အနာဂတ္ရဲ႕ Uke ေလာင္းလွ်ာ )
ရွန္ေဝ - ( မိသားစုအေၾကာင္းမပါ … ဒါမဲ့အႏွိပ္ခံဘီတာေလး … သူ႕ဘဝရဲ႕နတ္သားက အပ်ိဳႀကီးခ်ဴးရွန႔္ … အနာဂတ္ရဲ႕သတို႔သားေလာင္း )
အန္းမိသားစု - ( မၾကာခင္ RIP လုပ္ရေတာ့မည္ 😈😈 )