Unicode&Zawgyi
(Zawgyi )
စစ္ခ်င္း႐ႈ ထြက္သြားသည့္တိုင္ ဝမ္ရိေပၚ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနဆဲပင္....
ဝမ္ရိေပၚ သူနားမလည္သည့္ အရာကို ဆက္လက္စဥ္းစားလိုစိတ္မ႐ွိေတာ့...
တိုက္ခန္း အတြင္းသို႔သာ ျပန္ဝင္လာခဲ့သည္...
ေ႐ွာင္းက်န္႔မွာ ယခင္အတိုင္း ပံုစံမပ်က္ ထိုင္လ်ွက္ပင္
ဝမ္ရိေပၚ ျပန္ဝင္အလာကို ေစာင့္ေနသည္....
"ေ႐ွာင္းက်န္႔... မင္း ခ်င္း႐ႈကို ဘယ္လိုေျပာလိုက္တာလဲ....
ငါ့ကိုေျပာျပလို႔ရမလား...."
"ေျပာျပလို႔ရတယ္....ငါ...ခ်င္း႐ႈကို ေျပာလိုက္တာက
ရိေပၚ ကိုသေဘာက်တယ္... သူနဲ႔အတူေနခ်င္တယ္လို႔...."
"ဘယ္....ဘယ္လို....ငါ့ကို သေဘာက်တယ္ ဟုတ္လား...အဲ့ဒါ ဘာအဓိပၸါယ္လဲ..."
ဝမ္ရိေပၚ မ်က္လုံး အဝိုင္းသားျဖင့္ ျပန္ေမးေနသည္...
"သေဘာက်တယ္ဆိုတဲ့ ႐ိုး႐ွင္းတဲ့စကားလံုးေလးေတာင္ နားမလည္ႏိုင္ဘူးလား.... ငါ အားက်ိကို သေဘာက်သလို မင္းကိုလည္း သေဘာက်တယ္လို႔ေျပာတာ...."
ဝမ္ရိေပၚ သူ႔နဖူးသူ လက္နဲ႔ျပန္႐ိုက္ခ်င္သြားသည္....
သူ႔ကိုယ္သူ ဘယ္လိုျဖစ္ၿပီး ထူးထူးဆန္းဆန္း အေတြး ေတြးမိသြားလဲနားမလည္....
ၿပီးေတာ့ ဟိုက စိတ္ပံုမွန္ မဟုတ္.....
စကားကို ေျပာခ်င္စလို ေျပာေနသည္သာ....
ေ႐ွာင္းက်န္႔ေျပာသည့္အတိုင္း ႐ိုး႐ွင္းလွသည့္အႏွီဝါက်ကို မည္သည့္အတြက္ေၾကာင့္
မသိစိတ္က ဆန္းျပားသည့္ အနက္အဓိပၸါယ္ ေဖာ္ေဆာင္ေစခ်င္ခဲ့တာလည္း ဆိုတာ ဝမ္ရိေပၚနားလည္းမလည္သလို ရိပ္္လည္းမရိပ္ပါေခ်...စိတ္ထဲ အနည္းငယ္ မေက်မနပ္ျဖစ္သြားသည္ဆို႐ုံသာ....
"🎶🎶🎶.... "
ဝမ္ရိေပၚ သူ႔ဖုန္းျမည္လာလို႔ ဖုန္းကိုင္လိုက္သည္....
ဝမ္ရိေပၚ ဖုန္းကို နားနားကပ္႐ုံ႐ွိေသးသည္...
တစ္ဖက္က အသံက က်ယ္ေလာင္စြာ ဟိန္းထြက္လာသည္....
"ဝမ္ရိေပၚ မင္းခုခ်ိန္ထိ စခန္းကိုမလာေသးဘဲ...ဘာလုပ္ေနတာလဲ... ဟမ္....မင္းကိုယ္မင္း ကုမၸဏီ သူေ႒းထင္ေနလား....မင္းက စံုေထာက္...ရဲအရာ႐ွိ
မင္းကို အမႈေတြက ေစာင့္ေနတယ္နားလည္ရဲ႕လား"
"အာ....အဖြဲ႔မႉး ကြၽန္ေတာ္ ေတာင္းပန္ပါတယ္.... ကြၽန္ေတာ္ privacy ေလးနည္းနည္း႐ွင္းေနလို႔...."
"မင္း႐ွင္းစရာ ကိစၥ က ဘယ္ေလာက္မ်ားလို႔ ေန႔လည္စာ စားခ်ိန္နားကပ္တဲ့အထိ မၿပီးေသးရတာလဲ ..."
ဝမ္ရိေပၚ ကမန္းကတန္း နာရီကို ၾကည့္မိသည္....
"၁၀ နာရီေတာင္ခြဲေတာ့မယ္....အဲ့ဒါ ေၾကာင့္ ေဒါသအိုး ေပါက္ကြဲေနတာကို...."
ဝမ္ရိေပၚ..ထိုအေတြးတို႔ကို ပါးစပ္ကေတာ့ ထုတ္မေျပာဝံ ့ေခ်....အဖြဲ႔မႉးအေၾကာင္းကို သူေကာင္းေကာင္းသိသည္...
ထိုအေၾကာင္းကို
သူ႔ပါးစပ္က ထုတ္ေျပာမိလ်ွင္ ႒ာနတစ္ခုလံုး ငရဲက်သည္ထက္ဆိုးရြားသည့္ အေျခအေနေရာက္သြားလိမ့္မည္....
ေျပာေပါက္ဆိုေပါက္ၾကမ္းေသာ္လည္း စိတ္ထားကေတာ့ တကယ္ႏူးညံ့သည္....
"အဖြဲ႔မႉး ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အခုထြက္လာေနၿပီ.....လမ္းမွာေရာက္ေနလို႔ ဖုန္းခ်လိုက္ေတာ့မယ္....."
ဝမ္ရိေပၚ ျမန္ျမန္ဆန္ဆန္ပင္ စကားစျဖတ္လိုက္သည္....
"ရိေပၚ ငါလည္းလိုက္ခ်င္တယ္...."
ေ႐ွာင္းက်န္႔ ဝမ္ရိေပၚ တစ္ေနရာရာ သြားရန္ ျပင္ေနသည္ကို ျမင္ေသာေၾကာင့္ ေျပာလိုက္သည္...
"လိုက္လို႔မရဘူး....အိမ္မွာပဲ ေန...."
"ငါ လိုက္ခ်င္တယ္.... ဒီမွာ တစ္ေယာက္တည္း ပ်င္းစရာႀကီး...."
ေ႐ွာင္းက်န္႔...ဝမ္ရိေပၚကို မ်က္ေျချပတ္ခံလို႔မျဖစ္၍ ေျပာေနျခင္းပင္....
"ေ႐ွာင္းက်န္႔ မင္းက တစ္ေယာက္တည္း ပ်င္းတယ္ဆိုေတာ့ သူက လူမဟုတ္လို႔ဘာလဲ...."
ဝမ္ရိေပၚ အားက်ိကို လက္ညိဳွးၫႊန္လ်ွက္ ဆိုလာသည္...
"သခင္ေျပာတာမွန္တယ္.... ကြၽန္ေတာ္က အဲ့ဒီနိမ့္က်တဲ့လူသား လံုးဝမဟုတ္ဘူး..."
အားက်ိစကားေၾကာင့္ ဝမ္ရိေပၚ တိတ္တဆိတ္ မွတ္ခ်က္ျပဳမိသည္....ႏွစ္ေယာက္လံုးက psychoေတြဟု...
"ရိေပၚ... မင္းကို မေႏွာင့္ယွက္ပါဘူး....အိမ္ကို စိတ္မခ်ျဖစ္စရာလဲ မလိုဘူး...အားက်ိအိမ္ေစာင့္ေပးလိမ့္မယ္..."
"စိတ္မခ်ျဖစ္စရာလား....ေသာ့ခတ္ထားခဲ့ရင္ ျဖစ္တာကုိ...."
"ရိေပၚ ငါလိုက္ခ်င္လို႔...."
ေနာက္ဆုံး ဝမ္ရိေပၚ အေလ်ွာ့ေပးလိုက္ရသည္....အႏွီသနားစရာ မ်က္ႏွာေပးကို ဆက္ျမင္ေတြ႔လိုစိတ္မ႐ွိေတာ့....
ဝမ္ရိေပၚ စခန္းေရာက္သည္ႏွင့္ ေ႐ွာင္းက်န္႔ကို မိမိ အလုပ္စားပြဲမွာ ထိုင္ခိုင္းၿပီးေနာက္....အဖြဲ႔မႉး ထံသို႔ အဆူခံရန္ ေပ်ာ္ေပ်ာ္ႀကီးထြက္သြားခဲ့သည္....
ေ႐ွာင္းက်န႔္မွာ ဝမ္ရိေပၚ ထိုင္ခိုင္းခဲ့သည့္ေနရာမွာ ထိုင္ေနေသာ္လည္း အားလံုး ရဲ႕ အၾကည့္က သူ႔ဆီေရာက္ေနသလိုပင္....သူတို႔ဆီက ပစၥည္း တစ္ခုခုကို ယူထားသည့္အလား မိမိကိုစိုက္ၾကည့္ေနၾကသည့္အတြက္ ေ႐ွာင္းက်န္႔မေနတတ္ေတာ့ေပ...
"ဟိုေလ....ကြၽန္ေတာ့္ကို ေျပာခ်င္တာတစ္ခုခုမ်ား႐ွိလို႔လား..."
ေ႐ွာင္းက်န္႔ သူ႔ကို စိုက္ၾကည့္ေနသည့္ လူေတြကို စကားဆိုလိုက္သည္....
"ကိုလူေခ်ာေလး....
႐ွင္က စံုေထာက္ဝမ္နဲ႔ ဘယ္လို ပတ္သက္တာလဲ...."
ေ႐ွာင္းက်န္႔ နဲ႔မလွမ္းမကမ္းတြင္ ထိုင္ေနသည္ ့အမ်ိဳးသမီး ရဲအရာ႐ွိ တစ္ေယာက္က စကားဆိုလိုက္သည္.....
"သူက ကြၽန္ေတာ့္......သူငယ္ခ်င္း ပါ...."
ေ႐ွာင္းက်န္႔ အတန္ငယ္ ေတြးဆၿပီးမွ ေျပာလိုက္သည္...
"ကိုလူေခ်ာေလး ႐ွင့္နာမည္ကို သိလို႔ရမလား..."
"ေ႐ွာင္းက်န္႔ပါ....."
"ေ႐ွာင္းက်န္႔...နာမည္နဲ႔လူနဲ႔လိုက္လိုက္တာ....
ဒါနဲ႔ ေ႐ွာင္းက်န္႔ က အိမ္ေထာင္ျပဳ ၿပီးၿပီးလား....မျပဳရေသးရင္ ကြၽန္မကို စဥ္းစားႏိုင္...."
ရဲေမ အမ်ိဳးသမီးမွာ စကားပင္ဆံုုးေအာင္မေျပာလိုက္ရေခ်....
မည္သည့္အတြက္ေၾကာင့္ဆို ဘယ္အခ်ိန္ ကတည္းက ျပန္ေရာက္ေနသည္မသိေသာ ဝမ္ရိေပၚ၏ စကားစျဖတ္ ဟန္႔တားျခင္းကို ခံလိုက္ရေသာေၾကာင့္ေပ ....
"အစ္မစူး...သူနဲ႔ ေဝးေဝးေနသင့္တယ္.... သူကpsychoျဖစ္ေနတာ....လူက အျပင္ပိုင္းကိုတင္ၾကည့္ၿပီး မဆံုးျဖတ္သင့္ဘူး....
သူက အႏၲရာယ္ ေပးႏိုင္လားမေပးႏိုင္လားဆို...
သူ႔ကိုကြၽန္ေတာ္ အေပ်ာက္ခံလို႔မျဖစ္လို႔ အခုလိုရဲစခန္းထိ ေခၚလာရတာပဲၾကည့္ေလ....
ကြၽန္ေတာ္က အစ္မစူးကို စိတ္ပူလို႔... "
ဝမ္ရိေပၚ မွာ အမွန္တကယ္ ရဲေမစူးကို စိတ္ပူေနဟန္မတူ....႐ွာလကာရည္(သဝန္တို)ပုလင္းလိုက္ ၿမိဳခ်ထားရသူနဲ႔ပို၍တူေနသည္....
.............................................................
(Unicode)
စစ်ချင်းရှု ထွက်သွားသည့်တိုင် ဝမ်ရိပေါ် ကြောင်တောင်တောင် ဖြစ်နေဆဲပင်....
ဝမ်ရိပေါ် သူနားမလည်သည့် အရာကို ဆက်လက်စဉ်းစားလိုစိတ်မရှိတော့...
တိုက်ခန်း အတွင်းသို့သာ ပြန်ဝင်လာခဲ့သည်...
ရှောင်းကျန့်မှာ ယခင်အတိုင်း ပုံစံမပျက် ထိုင်လျှက်ပင်
ဝမ်ရိပေါ် ပြန်ဝင်အလာကို စောင့်နေသည်....
"ရှောင်းကျန့်... မင်း ချင်းရှုကို ဘယ်လိုပြောလိုက်တာလဲ....
ငါ့ကိုပြောပြလို့ရမလား...."
"ပြောပြလို့ရတယ်....ငါ...ချင်းရှုကို ပြောလိုက်တာက
ရိပေါ် ကိုသဘောကျတယ်... သူနဲ့အတူနေချင်တယ်လို့...."
"ဘယ်....ဘယ်လို....ငါ့ကို သဘောကျတယ် ဟုတ်လား...အဲ့ဒါ ဘာအဓိပ္ပါယ်လဲ..."
ဝမ်ရိပေါ် မျက်လုံး အဝိုင်းသားဖြင့် ပြန်မေးနေသည်...
"သဘောကျတယ်ဆိုတဲ့ ရိုးရှင်းတဲ့စကားလုံးလေးတောင် နားမလည်နိုင်ဘူးလား.... ငါ အားကျိကို သဘောကျသလို မင်းကိုလည်း သဘောကျတယ်လို့ပြောတာ...."
ဝမ်ရိပေါ် သူ့နဖူးသူ လက်နဲ့ပြန်ရိုက်ချင်သွားသည်....
သူ့ကိုယ်သူ ဘယ်လိုဖြစ်ပြီး ထူးထူးဆန်းဆန်း အတွေး တွေးမိသွားလဲနားမလည်....
ပြီးတော့ ဟိုက စိတ်ပုံမှန် မဟုတ်.....
စကားကို ပြောချင်စလို ပြောနေသည်သာ....
ရှောင်းကျန့်ပြောသည့်အတိုင်း ရိုးရှင်းလှသည့်အနှီဝါကျကို မည်သည့်အတွက်ကြောင့်
မသိစိတ်က ဆန်းပြားသည့် အနက်အဓိပ္ပါယ် ဖော်ဆောင်စေချင်ခဲ့တာလည်း ဆိုတာ ဝမ်ရိပေါ်နားလည်းမလည်သလို ရိပ််လည်းမရိပ်ပါချေ...စိတ်ထဲ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်ဆိုရုံသာ....
"🎶🎶🎶.... "
ဝမ်ရိပေါ် သူ့ဖုန်းမြည်လာလို့ ဖုန်းကိုင်လိုက်သည်....
ဝမ်ရိပေါ် ဖုန်းကို နားနားကပ်ရုံရှိသေးသည်...
တစ်ဖက်က အသံက ကျယ်လောင်စွာ ဟိန်းထွက်လာသည်....
"ဝမ်ရိပေါ် မင်းခုချိန်ထိ စခန်းကိုမလာသေးဘဲ...ဘာလုပ်နေတာလဲ... ဟမ်....မင်းကိုယ်မင်း ကုမ္ပဏီ သူေဋ္ဌးထင်နေလား....မင်းက စုံထောက်...ရဲအရာရှိ
မင်းကို အမှုတွေက စောင့်နေတယ်နားလည်ရဲ့လား"
"အာ....အဖွဲ့မှူး ကျွန်တော် တောင်းပန်ပါတယ်.... ကျွန်တော် privacy လေးနည်းနည်းရှင်းနေလို့...."
"မင်းရှင်းစရာ ကိစ္စ က ဘယ်လောက်များလို့ နေ့လည်စာ စားချိန်နားကပ်တဲ့အထိ မပြီးသေးရတာလဲ ..."
ဝမ်ရိပေါ် ကမန်းကတန်း နာရီကို ကြည့်မိသည်....
"၁၀ နာရီတောင်ခွဲတော့မယ်....အဲ့ဒါ ကြောင့် ဒေါသအိုး ပေါက်ကွဲနေတာကို...."
ဝမ်ရိပေါ်..ထိုအတွေးတို့ကို ပါးစပ်ကတော့ ထုတ်မပြောဝံ ့ချေ....အဖွဲ့မှူးအကြောင်းကို သူကောင်းကောင်းသိသည်...
ထိုအကြောင်းကို
သူ့ပါးစပ်က ထုတ်ပြောမိလျှင် ဋ္ဌာနတစ်ခုလုံး ငရဲကျသည်ထက်ဆိုးရွားသည့် အခြေအနေရောက်သွားလိမ့်မည်....
ပြောပေါက်ဆိုပေါက်ကြမ်းသော်လည်း စိတ်ထားကတော့ တကယ်နူးညံ့သည်....
"အဖွဲ့မှူး ကျွန်တော်တောင်းပန်ပါတယ် အခုထွက်လာနေပြီ.....လမ်းမှာရောက်နေလို့ ဖုန်းချလိုက်တော့မယ်....."
ဝမ်ရိပေါ် မြန်မြန်ဆန်ဆန်ပင် စကားစဖြတ်လိုက်သည်....
"ရိပေါ် ငါလည်းလိုက်ချင်တယ်...."
ရှောင်းကျန့် ဝမ်ရိပေါ် တစ်နေရာရာ သွားရန် ပြင်နေသည်ကို မြင်သောကြောင့် ပြောလိုက်သည်...
"လိုက်လို့မရဘူး....အိမ်မှာပဲ နေ...."
"ငါ လိုက်ချင်တယ်.... ဒီမှာ တစ်ယောက်တည်း ပျင်းစရာကြီး...."
ရှောင်းကျန့်...ဝမ်ရိပေါ်ကို မျက်ခြေပြတ်ခံလို့မဖြစ်၍ ပြောနေခြင်းပင်....
"ရှောင်းကျန့် မင်းက တစ်ယောက်တည်း ပျင်းတယ်ဆိုတော့ သူက လူမဟုတ်လို့ဘာလဲ...."
ဝမ်ရိပေါ် အားကျိကို လက်ညိုှးညွှန်လျှက် ဆိုလာသည်...
"သခင်ပြောတာမှန်တယ်.... ကျွန်တော်က အဲ့ဒီနိမ့်ကျတဲ့လူသား လုံးဝမဟုတ်ဘူး..."
အားကျိစကားကြောင့် ဝမ်ရိပေါ် တိတ်တဆိတ် မှတ်ချက်ပြုမိသည်....နှစ်ယောက်လုံးက psychoတွေဟု...
"ရိပေါ်... မင်းကို မနှောင့်ယှက်ပါဘူး....အိမ်ကို စိတ်မချဖြစ်စရာလဲ မလိုဘူး...အားကျိအိမ်စောင့်ပေးလိမ့်မယ်..."
"စိတ်မချဖြစ်စရာလား....သော့ခတ်ထားခဲ့ရင် ဖြစ်တာကို...."
"ရိပေါ် ငါလိုက်ချင်လို့...."
နောက်ဆုံး ဝမ်ရိပေါ် အလျှော့ပေးလိုက်ရသည်....အနှီသနားစရာ မျက်နှာပေးကို ဆက်မြင်တွေ့လိုစိတ်မရှိတော့....
ဝမ်ရိပေါ် စခန်းရောက်သည်နှင့် ရှောင်းကျန့်ကို မိမိ အလုပ်စားပွဲမှာ ထိုင်ခိုင်းပြီးနောက်....အဖွဲ့မှူး ထံသို့ အဆူခံရန် ပျော်ပျော်ကြီးထွက်သွားခဲ့သည်....
ရှောင်းကျန့်မှာ ဝမ်ရိပေါ် ထိုင်ခိုင်းခဲ့သည့်နေရာမှာ ထိုင်နေသော်လည်း အားလုံး ရဲ့ အကြည့်က သူ့ဆီရောက်နေသလိုပင်....သူတို့ဆီက ပစ္စည်း တစ်ခုခုကို ယူထားသည့်အလား မိမိကိုစိုက်ကြည့်နေကြသည့်အတွက် ရှောင်းကျန့်မနေတတ်တော့ပေ...
"ဟိုလေ....ကျွန်တော့်ကို ပြောချင်တာတစ်ခုခုများရှိလို့လား..."
ရှောင်းကျန့် သူ့ကို စိုက်ကြည့်နေသည့် လူတွေကို စကားဆိုလိုက်သည်....
"ကိုလူချောလေး....
ရှင်က စုံထောက်ဝမ်နဲ့ ဘယ်လို ပတ်သက်တာလဲ...."
ရှောင်းကျန့် နဲ့မလှမ်းမကမ်းတွင် ထိုင်နေသည် ့အမျိုးသမီး ရဲအရာရှိ တစ်ယောက်က စကားဆိုလိုက်သည်.....
"သူက ကျွန်တော့်......သူငယ်ချင်း ပါ...."
ရှောင်းကျန့် အတန်ငယ် တွေးဆပြီးမှ ပြောလိုက်သည်...
"ကိုလူချောလေး ရှင့်နာမည်ကို သိလို့ရမလား..."
"ရှောင်းကျန့်ပါ....."
"ရှောင်းကျန့်...နာမည်နဲ့လူနဲ့လိုက်လိုက်တာ....
ဒါနဲ့ ရှောင်းကျန့် က အိမ်ထောင်ပြု ပြီးပြီးလား....မပြုရသေးရင် ကျွန်မကို စဉ်းစားနိုင်...."
ရဲမေ အမျိုးသမီးမှာ စကားပင်ဆုံးအောင်မပြောလိုက်ရချေ....
မည်သည့်အတွက်ကြောင့်ဆို ဘယ်အချိန် ကတည်းက ပြန်ရောက်နေသည်မသိသော ဝမ်ရိပေါ်၏ စကားစဖြတ် ဟန့်တားခြင်းကို ခံလိုက်ရသောကြောင့်ပေ ....
"အစ်မစူး...သူနဲ့ ဝေးဝေးနေသင့်တယ်.... သူကpsychoဖြစ်နေတာ....လူက အပြင်ပိုင်းကိုတင်ကြည့်ပြီး မဆုံးဖြတ်သင့်ဘူး....
သူက အန္တရာယ် ပေးနိုင်လားမပေးနိုင်လားဆို...
သူ့ကိုကျွန်တော် အပျောက်ခံလို့မဖြစ်လို့ အခုလိုရဲစခန်းထိ ခေါ်လာရတာပဲကြည့်လေ....
ကျွန်တော်က အစ်မစူးကို စိတ်ပူလို့... "
ဝမ်ရိပေါ် မှာ အမှန်တကယ် ရဲမေစူးကို စိတ်ပူနေဟန်မတူ....ရှာလကာရည်(သဝန်တို)ပုလင်းလိုက် မြိုချထားရသူနဲ့ပို၍တူနေသည်....
.............................................................