part 10

2.8K 338 4
                                    

Unicode &Zawgyi

(Zawgyi )

ဝမ်ရိပေါ် အဖွဲ့မှူးဆီမှာ နားမီးခိုးထွက်အောင် အဆူခံရပြီး ပြန်လာခဲ့ရသည်....

ဝမ်ရိပေါ် သူ့ရုံခန်းတွင်းဝင်ရုံရှိသေးသည် စူးချင်းမေ၏ ရှောင်းကျန့်အပေါ် ရေပက်မဝင် ပြောဆိုနေမှုများကို ကြားလိုက်ရသည်....

ဝမ်ရိပေါ် စိတ်ထဲတစ်ခုခု မကျေနပ်သလို ခံစားလာရသည့်အတွက် စူးချင်းမေ ရှောင်းကျန့်ကို စကားစ ဆက်မရစေရန် ပြုမူလိုက်ခဲ့ခြင်းပေ....

"အမလေး... ရိပေါ် ရယ်....နင်က ငါ့ကို စိတ်ပူတယ်...နေမင်းကြီး အနောက်ဘက်က ထွက်တယ်ဆိုရင်မှ ယုံဦးမယ်....ဖြစ်နိုင်တာတော့ နင် တကယ် စိတ်ပူနေတာ သူ့ကို မဟုတ်လား....နင့်လူကို ငါ ဖမ်းစားလိုက်မှာကို နင်စိုးရိမ်နေတာပါ.... ဟုတ်တယ် မလား....."

ဝမ်ရိပေါ် ၏ စကားကြောင့် စူးချင်းမေ မျက်ဖြူ လှန်ကာ ရှုံ့ တွ လျက် ပြန်ဖြေလာသည်....

စူးချင်းမေ၏ တုံ့ပြန်စကားကြောင့် ရုံးခန်းထဲ မှာ ရှိတဲ့ လူအားလုံး ဝမ်ရိပေါ် ကို စူးစမ်းသလို ကြည့်နေကြသည်....

"......"

ဝမ်ရိပေါ် ထိုအကြည့်တို့ကြောင့် ပြောစရာ စကားပင် ပျောက်ရှသွားသည်....

ရှောင်းကျန့်ကတော့ သူနဲ့မဆိုင်သည့် အကြောင်းအရာကို ပြောနေသည့်အလား တိတ်ဆိတ်စွာ နဲ့နားထောင်နေလေသည်.....

"အမလေး.... နံလိုက်တာ....ရှာလကာရည်နံ့တွေ မွှန်ထွှန်နေတာပဲ.....ငါ ဒီပတ်ဝန်းကျင်မှာ နေမယ့်အစား ငါ့ရွှီရီ လေးဆီပဲ သွားငမ်းတော့မယ်....
bye...!"

စူးချင်းမေ အမှုတွဲ ဖိုင်စာအုပ်ကို ယူကာ ဝမ်ရိပေါ်ကို နှုတ်ဆက်ပြီး ထွက်သွားသည်....

ဝမ်ရိပေါ် စူးချင်းမေကို မနိုင်ဘူးဆိုသည့် ပုံစံဖြင့် ပုခုံး တွန့်ကာသာ တုံ့ပြန်လိုက်သည်.... ထို့နောက်တွင် ရှောင်းကျန့် ဘေးက ခုံတွင် ထိုင်ကာ သူလိုက်ရမည့်
အမှုတွဲ၏ အသေးစိတ်အစီအရင်ခံစာကို ဖတ်နေသည်.....

ရှောင်းကျန့် တိတ်ဆိတ်နေရာမှ....

"ရိပေါ်....ခုန မိန်းကလေး ပြောတာ မှန်တယ် ထင်တယ်....ဘာလို့ဆို မင်းဆီက ချဉ်စူးစူးအနံ့ရနေတယ်....."

The Same L💗VE (completed )Where stories live. Discover now