part 11

2.9K 316 1
                                        

Unicode&Zawgyi

(Zawgyi )

စစ်မိသားစု အိမ်တော်အတွင်း၌....

စစ်ချင်းရှု တွေဝေငေးမောကာ တစ်စုံတစ်ရာကို ကြည့်နေသည်....

"မမလေး ချင်းရှု...."

ပြောလိုက်သူကား စစ်ချင်းရှု ၏ လက်ထောက် မူချင်းဖန် ...

အသက် ၃၂နှစ် ရှိပြီး စစ်ချင်းရှု မိဘတွေ မသေခင်ကတည်းက ယုံကြည်အားကိုးခဲ့ရသော လက်ထောက်တစ်ယောက်ပင်....

မူချင်းဖန်မှာ လက်ထောက်တစ်ယောက် ဆိုသည်ထက် စစ်မိသားစု၏ မိသားစုဝင်တစ်စိတ်တစ်ပိုင်းပင် ဖြစ်၍နေချေသည်....

"အစ်ကို ချင်းဖန်....ရောက်လာပြီလား...."

"မမလေး ချင်းရှု ....တစ်ခုခု ခိုင်းစရာ ရှိလို့လား...."

"အင်း....အစ်ကို ချင်းဖန်ကို တောင်းဆိုချင်တာ တစ်ခုရှိတယ်...ကိုကို့ ကို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ရှာပေးနိုင်မလား...."

"အကိုလေး ရီ ကို ရှာတွေ့ပြီမဟုတ်လား...."

"အင်း...."

စစ်ချင်းရှု၏ မျက်ဝန်းတွေက ပျော်ရွှင်နေသည်ဟု ထင်ရသော်လည်း ညှို့ မှိုင်းနေသည့် ခံစားချက်ကိုတော့ မဖယ်ဖျောက်ထားနိုင်ပေ....

"ဒါဆို....ဘာလို့..."

မူချင်းဖန် စစ်ချင်းရှု၏ ဆိုလိုရင်းကို နားလည်သလိုလို ရှိသော်လည်း အမှန်တကယ် နားလည်ခြင်းမရှိပေ....
ထို့အတွက်ကြောင့် ပြန်လည် မေးခွန်းထုတ်မိခြင်းသာ...

"ကိုကို မဟုတ်ဘူး....ကျွန်မရဲ့ ကိုကို မဟုတ်ခဲ့ဘူး...."

"အစ်ကိုလေး ရီ မဟုတ်ခဲ့ဘူး လား.... မမလေးချင်းရှု ကျွန်တော့် ကို အသေးစိတ်ပြောပြပေးနိုင်မလား...."

"အစ်ကို ချင်းဖန်...အစ်ကို သိသားပဲ... ကိုကိုက မှတ်ဉာဏ်  ထိခိုက်ထားတာကို....ဒါပေမဲ့ ခု ရှာတွေ့တဲ့ ကိုကို က ကျွန်မကို တအားကောင်းကောင်းမွန်မွန် ဆက်ဆံတယ်.....စကားပြောပုံကလည်း လုံးဝကို ပုံမှန်လူတစ်ယောက်လိုပဲ....
ကိုကိုက ကျွန်မအပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတာ အစ်ကိုချင်းဖန် အသိပဲလေ...
ကိုကိုက စိတ်ပုံမှန် ရှိနေတုန်းကတောင်
အခုလိုမျိုး ကြင်ကြင်နာနာ စကားတစ်ခွန်း မပြောဖူးတာ....အခုတော့ လုံးဝကွဲပြားနေတယ်...."

The Same L💗VE (completed )Место, где живут истории. Откройте их для себя