Mafia Is My Alpha ( Lion ) {...
By MikkyLay1
4.8M 515K 61.4K
ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More
ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️
ပရိုမိုးရှင်း❤️
Chapter - 36
30.9K 4.3K 478
By MikkyLay1
#Unicode
မိခင်တစ်ယောက်ရဲ့ သောကတွေနဲ့ ငိုကြွေနေချိန် လစ်လျှူရှုပြီး ရှုယွမ်ထွက်မသွားနိုင်ခဲ့ဘူး ... မင်းယွီမှာအမှတ်ပေးခံရတာသိတာကြီးပါပဲ ... ဒါကြောင့် သူ့ရဲ့မိတ်အယ်ဖာနဲ့ ကိုယ်ဝန်ရှိလာတာက အထူးအဆန်းတော့မဟုတ်ဘူး ... ဒါကိုဘာကြောင့် မင်းယွီမိခင်က အရူးပမာငိုကြွေးနေလဲဆိုတာ ရှုယွမ်လဲမစဉ်းစားတတ်တော့ဘူး ...
ထိုညက ရှုယွမ်မင်းယွီကို ရက်ကွက်နဲ့အနီးဆုံးနေရာက ဆေးခန်းသို့ခေါ်ဆောင်လာခဲ့တယ် ... ထိုနေရာက မြို့တွင်းနဲ့နီးပေမဲ့ မင်းယွီရဲ့မိခင်က မြို့ပေါ်က ဆေးရုံတွေထိအခေါ်မခံဘူး ... တစ်ညသာ စောင့်ကြည့်ပြီးသွားတော့ ဆေးစစ်ချက်အဖြေ ထွက်လာတယ် ...
သူမက မင်းယွီလက်လေးကိုကိုင်လျှက် တစ်ညလုံး ငိုကြွေပြီးတဲ့နောက် အိမ်မောကျသွားခြေပြီ ... ဆရာဝန်တစ်ယောက်က လူနာနဲ့သက်ဆိုင်တဲ့သူတစ်ယောက်ကို ခေါ်ခိုင်းတော့ သူမအစား ရှုယွမ်ထွက်လာခဲ့လိုက်တယ် ...
" မစ္စတာက ဒီအိုမီဂါရဲ့မိတ်ဖက်လား "
ရှုယွမ် ဘာဖြေရမှန်းမသိဖြစ်သွားပေမဲ့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ပြန်ဖြေလိုက်တယ် ...
" ဟုတ်ပါတယ် Sr. ...
လူနာမှာ ဘာပြဿနာ ရှိနေလို့လဲ "
ဆရာဝန်က ရှုယွမ်ပုံသဏ္ဍာန်ကိုကြည့်ယုံနဲ့ လူကြီးလူကောင်းတစ်ယောက်မှန်းသိလိုက်ရပြီး သူ့ရဲ့မိတ်ဖက်ကို ဒီလိုချောင်ကျတဲ့ဆေးခန်းလေးမှာ လာပြတာကို နာမလည်နိုင် ဖြစ်နေပုံပင် ...
" ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ ...
လူနာကို မြို့ပေါ်က ဆေးရုံကိုခေါ်သွားသင့်တယ် ...
ဆရာတို့ရဲ့မြို့နယ်က ဆေးရုံလေးက ဆေးဝါးပစ္စည်းလဲ အစုံအလင်မရှိဘူး ...
ဒီလူနာကို ဒီမှာပဲအပ်ထားမယ်ဆိုရင် ကျနော်တို့အပြည့်အဝကုသမပေးနိုင်မှာဆိုးရတယ် ...
ဒီလူနာက သားအိမ်နှစ်မွှာဖြစ်နေတဲ့အပြင် သန္ဓေသားက သေးငယ်တဲ့သားအိမ်မှာတည်နေတယ် ...
ဒါကရှားပါးသလို ကလေးမွေးရင် သားအိမ်ကိုပါဖြတ်ထုတ်မှရလိမ့်မယ် ...
ဒါမှကလေးကောလူကြီးပါအန္တရာယ်ကင်းနိုင်မှာ "
ရှုယွမ်အနည်းငယ်အံ့ဩမိသွားတယ် ... နှစ်မွှာဆိုတာ ရှားပါးသလို အမွှာပူးမွေးဖူးတဲ့မျိုးရိုးကနေမှ ဖြစ်တည်လာတတ်တာမို့ မင်းယွီကိုမွေးခဲ့တဲ့ ဘီတာ အမေကို အနည်းငယ်သံသယဝင်မိသွားတယ် ...
" Sr. ဘီတာတစ်ယောက်က ဒီလိုမျိုး ထူးခြားတဲ့ အိုမီဂါတစ်ယောက်ကို မွေးဖွားနိုင်လား "
" လုံးဝမဖြစ်နိုင်ဘူး ...
ကျွန်တော်တို့ ဆေးပညာအရဆိုရင် ဘီတာကနေ အိုမီဂါ ( သို့ ) အယ်ဖာကို မွေးနိုင်တာက ရှားပါးလွန်းတယ် ...
ရှိခဲ့ရင်တောင် သူတို့ရဲ့လင်ယောက်ျားက အယ်ဖာ ( သို့ ) အိုမီဂါဖြစ်နေရမယ် "
" ဒါဆိုရင် ဘီတာ ၂ ယောက်ကနေ အိုမီဂါကို မမွေးဖွားနိုင်ဘူးပေါ့ "
" အမှန်ပါပဲ "
ရှုယွမ်သိရသလောက် မင်းယွီအဖေနဲ့အမေက ဘီတာတွေ ... လုံးဝသံသယဝင်စရာမရှိအောင် သူတို့ကိုယ်မှာ ဟော်မုန်းနံ့ကင်းမဲ့နေတယ် ... ဒါဆိုရင် မင်းယွီကို အိုမီဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုမွေးဖွားလာခဲ့တာလဲ ...
ရှုယွမ်က ဒေါက်တာအား ဆက်၍ မေးမြန်းကြည့်လိုက်တယ် ...
" အိုမီဂါတစ်ယောက်က ဘာကြောင့် သားအိမ်က ၂ မွှာဖြစ်နေရတာလဲ Sr. ...
ကျွန်တော့ကို ရှင်းပြပေးနိုင်မလား "
" ဒါက ရှားပါဖြစ်စဉ်ဆိုပေမဲ့ နှစ်ပေါင်းများစွာတုန်းက ရှိခဲ့ဖူးတယ် ...
မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေစတည်တဲ့အချိန် အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိတာမျိုး ဖြစ်သွားတဲ့အခါ ကလေး ၂ ယောက်ရဲ့ အင်္ဂါ ပေါင်းစပ်သွားတာမျိုးတွေ ရှိတတ်တယ် ...
ဒီကလေးရဲ့ဖြစ်စဉ်က မိခင်ဝမ်းထဲမှာ သူတင်မကပဲနောက်ထပ်အိုမီဂါအမွှာတစ်ယောက်ရှိလိမ့်မယ် ...
အဲ့ဒိကလေးရဲ့သားအိမ်ကပါ ဒီကလေးထံပေါင်းစပ်လာခြင်းမျိုးပါ ...
ဒါကသရသေတော့သတ်မှတ်မရဘူးဗျာ ...
နောက်တစ်နည်းလဲရှိပြန်တယ် ...
ဒီကလေးကိုယ်ထဲမှာ ဆွဲကျန်နေတဲ့ ဆေးဓာတ်တွေရှိတယ် ...
အဲ့ဒိဆေးကနေ သားအိမ်ကိုအသစ်တစ်ခု ဖြစ်စေတာလဲဖြစ်နိုင်တယ် ...
ဒါကရှားပါးလွန်းတော့ ဆရာလဲ အတိအကျမခန့်မှန်းနိုင်ဘူး "
တွေးကြည့်လေ သဘာဝမကျလေ ... ထားပါ ပထမတစ်ချက်လို အမွှာကနေပြီးဖြစ်လာတာဆိုရင် သူမက ဘာကြောင့်ဘီတာလို့ လိမ်ထားတဲ့အပြင် သားတစ်ယောက်ပဲရှိတယ်လို့ပြောတာလဲ ... နောက်ကလေးတစ်ယောက်က သေသွားလို့ပဲလား ... ဆေးအလွန်အကျွံသုံးဆွဲတာက ဘာကိုဆိုလိုတာလဲ ...
ရှုယွမ်အဖြေရှာမရတဲ့မေးခွန်းတွေနဲ့ တစ်ယောက်ထည်း အတွေးလွန်နေတယ် ...
ဆရာဝန်ကလဲ သူ့စစ်ချက်များထဲက အရေးကြီးတဲ့အကြောင်းအရာတွေကို ထက်မံပြောကြာလာတယ် ...
" ပြီးတော့ ဆေးအအလွန်အကျွံသုံးဆွဲထားတာကြောင့် သူ့ရဲ့အူမကြီးကရောင်နေတယ် ... ဒါကိုလဲကုသရအုံးမယ် ...
ခုကိုယ်ဝန်က ၂ လရှိနေပြီ ... ပုံမှန်ဆို အိုမီဂါအများစုက ရက်ပိုင်လေးနဲ့ လက္ခဏာပြလေ့ရှိပေမဲ့ ဒီကလေးက ဝမ်းဗိုက်ထဲမှာ ငြိမ်သက်နေတဲ့အပြင် သူ့ရဲ့ဖြစ်တည်မှုက မထင်မရှားဖြစ်နေတယ် ...
ဒါကြောင့် လကျော်မှ သိရတာဖြစ်လိမ့်မယ် "
" ခု ကလေးရဲ့အခြေအနေ ဘယ်လိုရှိလဲ ဆရာ "
" ခုတော့ ကျန်းမာရေးကောင်ပါတယ် ...
သေငယ်တဲ့သားအိမ်မှာ ဖြစ်တည်နေတော့ နေရထိုင်ရတော့ခက်နေရှာမှာ ...
ခွဲစိတ်တဲ့အခါ အတော်ဆုံးဆရာဝန်တွေကို ခေါ်ပြသင့်တယ် ... ဒါမှ အောင်နိုင်ခြေ ရာခိုင်နှုန်းပြည့်ရှိမှာ ...
ဆရာကတော့ ဒီလောက်ပဲ ပြောပြနိုင်တယ် ... ထပ်မံစမ်းသက်ချင်ရင်တော့ လူငယ်လေးသဘောအတိုင် တခြားဆေးရုံမှာပြကြည့်လို့ရပါတယ် ...
ဒါက ဆေးမှတ်တမ်းနဲ့ ရှာဖွေမှုတချို့ပါ ... လူငယ်လေးကြည့်ရတာ မျိုးရိုမြင့်အယ်ဖာထဲကပဲ ဖြစ်မယ်ထင်တယ် ...
ကို့ရဲ့မိတ်ကို ဒီလိုမျိုးပြစ်မထားပဲ ဂရုတစိုက် စောင့်ကြည့်ပေးပါ ... သူကထူးခြားတဲ့အိုမီဂါတစ်ယောက်ပဲ "
ရှုယွမ်ဖိုင်တချို့ကို ယူလာပြီး လူနာခန်းထဲကိုပြန်ဝင်လာခဲ့တယ် ... မင်းယွီက ထူးခြားတဲ့အိုမီဂါ သူ့မိခင်ကလဲ အိုမီဂါ ဒါပေမဲ့ ဘာကြောင့် ထိုအရာတွေကို ဖုံးကွယ်ထားတာလဲ ...
မှတ်တန်းတချိူ့ထဲက ပုံမှန်မဟုတ်တဲ့ စာရွက်တစ်ရွက်ကို ယူသိမ်းထားလိုက်တယ် ... သူတို့မသိအောင် ခိုးပြီးစုံစမ်းတာမျိုး မလုပ်ချင်ပေမဲ့ ခုအနေအထားက ရှုယွမ်အရာအားလုံးကို သိဖို့လိုအပ်လာပြီ ... သူတို့ကို ကာကွယ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ အဖြေရှာရမယ် ...
ရှုယွမ်က ပုံမှန်ဆို လူမှုရေးကိစ္စတွေမှာ မပါဝင်တတ်ပေမဲ့ မင်းယွီတို့မိသားစုရဲ့ ထူးဆန်းတဲ့ဘဝမှန်ကို သူသိချင်လာတယ် ... သာမန်အိုမီဂါနဲ့မတူပဲ ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းလာခဲ့ရှာတဲ့ မင်းယွီဘဝလေးကို သနားမိတယ် ...
မင်းယွီမိခင်ပြောသလို သူက သူ့တို့ယုံကြည်အားကိုးရတဲ့လူတစ်ယောက်ဖြစ်လာအောင်ကြိုးစားပြီး အဖြစ်မှန်တွေ ဖွင့်ပြောလာအောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ် ... ဒါက ရှုယွမ်ဘဝမှ ဒုတိယအကြိမ် သူများဘဝကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပဲ ...
ရှုယွမ်ပြန်လာပြီး တစ်ခနကြာတော့ မင်းယွီမိခင်နိုးလာခဲ့တယ် ...
" ဆရာ သားလေးအခြေအနေ ဘယ်လိုရှိလဲဟင် ...
သားလေးတစ်ခုခုဖြစ်သွားမှာကြောက်တယ် "
" အဒေါ် စိတ်ထိန်းပါဗျာ ...
ဆရာဝန်ပြောတာက မင်းယွီကိုယ်ဝန် ၂ လရှိနေပြီတဲ့ ...
ခုအဆင်ပြေပေမဲ့ ခလေးရောလူကြီးပါ ကျန်းမာဖို့ မြို့ပေါ်က ဆေးရုံကြီးမှာပြဖို့လိုတယ် "
သူမက ဆိုးရိမ်သွားပြီး ရှုယွမ်အား အားကိုတကြီး ကြည့်လာတယ် ...
" ဒါပေမဲ့ဆရာ ... အဒေါ်သားလေးက ဆေးရုံတွေဆိုကြောက်တယ် ...
ဘာလုပ်သင့်လဲဟင် ... သားလေးအခြေအနေဆိုးနေလား "
ရှုယွမ်က ခနမျှစဉ်းစားလိုက်ပြီးနောက် အကြံတစ်ခုရသွားတယ် ...
" ဒီလိုလုပ်ပါလား ... A မြို့ပေါ်မှာ ကျနော့အသိဆရာဝန်တွေရှိတယ် ...
မင်းယွီကို သီးသန့်ခန်းမှာပြကြည့်ရင်ရော ...
သာမာန်ဆေးပေးခန်းမဟုတ်တော့ သူအတွက်လဲ အဆင်ပြေမှာပါ "
သူမက တခြားသူအကူအညီယူချင်ပုံမပေါ်ဘူး ... ဒါပေမဲ့ ရှုယွမ်ကိုလဲအားကိုချင်ပုံပေါ်နေတယ် ... သူမသက်ပြင်းခပ်ဖွဖွချလိုက်ပြီး ကုတင်ပေါ်မှာလှဲနေတဲ့ မင်းယွီလက်လေးကို ဆုတ်ကိုင်လိုက်ပြီး ...
" အဒေါ်သားလေးကိုယ်ထဲမှာ မိစ္ဆာသွေးရှိနေပြီ ...
အမှန်တိုင်းဝန်ခံရရင် ဒီသွေးသားကို ဖယ်ထုတ်လိုက်ချင်ပေမဲ့ အဒေါ်မလုပ်ရက်ဘူး ...
သားလေးကို ဘယ်လိုကံကြမ္မာဆိုးတွေကများ နှောက်ယှက်နေတာလဲ ...
သူတို့လက်ကနေလွတ်ပြီထင်ခဲ့တာ ... အဒေါ်သားလေးကို ဆုံးရှုံးရမှာကြောက်တယ် "
ရှုယွမ်သူမစကားတွေကို နားမလည်ပေမဲ့ ရှန်အိမ်တော်နဲ့ပတ်သပ်ပြီး သူမမှာ နာကြီးစရာ အဖြစ်အပျက်တွေ ရှိခဲ့ပုံပေါ်တယ် ...
" မေမေ "
" သား ... သားလေး သတိရလာပြီ "
မင်းယွီရဲ့ တိုးညှင်းတဲ့ခေါ်သံကြောင့် သူအသိပြန်ဝင်လာပြီး သတိရလာတဲ့မင်းယွီကို ထူပေးလိုက်တယ် ...
ရှုယွမ်ကပါ မင်းယွီဘေးမှာရပ်လိုက်ပြီး ထိုင်ဖို့အတွက် အဆင်ပြေအောင် ပြင်ဆင်ပေးနေလိုက်တယ် ... မင်းယွီက ခုချိန်ထိ သူ့နားမှာ စောင့်ရှောက်ပေးနေတဲ့ ရှုယွမ်ကိုမြင်လိုက်ရတော့ အားနာစွာဖြင့် ဆိုလိုက်တယ် ...
" အကိုရှုယွမ် ... ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ ...
ပြီတော့ ခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် "
မင်းယွီရဲ့ဖြူစင်တဲ့အပြုံးလေးက တောက်ပလျှက် ရှုယွမ်ခနမျှငေးကြည့်ပြီးနောက် မင်းယွီခေါင်းလေးအား ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး ...
" မဟုတ်တာ ... မင်းယွီ အကိုတို့ကသူစိမ်းမှမဟုတ်ပဲ ...
အကို့တို့သိလာတာကြာပြီ ... ခုထိသူစိမ်းလိုကျေးဇူးတင်နေတုန်းပဲလား "
" အကိုက ရှန်ဝေနဲ့အရမ်းတူတာပဲ ...
ကျနော့အပေါ်လဲအရမ်းကောင်းတယ် ...
ပြီးတော့ ဂရုစိုက်ပေးတာတွေရော ကာကွယ်ပေးတဲ့အတွက်ပါ ကျနော်အကို့ကို ဘယ်လိုကျေးဇူးစပ်ရမှန်းမသိတော့ဘူး "
ရှုယွမ်အစက လန့်သွားပေမဲ့ သူနဲ့ရှန်ဝေအကြောင်းကို မင်းယွီမသိမှန်းသိသွားတော့မှ ပြုံးလိုက်ရင်း မင်းယွီပခုံးအားထိန်းကိုင်ကာ အနောက်သို့မှီပေးလိုက်ပြီး ပြန်ဖြေလိုက်တယ် ...
" ခုအကိုတို့က ရင်းနီးသွားပြီဆိုတော့ သူစိမ်းတွေလို အမြဲကျေးဇူးတင်စကားဆိုနေစရာမလိုတော့ဘူး ...
နောက်မှကျေးဇူးတွေကို ပေါင်းစပ်လဲရတာပဲ "
" ဟုတ်ကဲ့ပါ ... ကျနော်ပြန်ဆပ်မှာပါ "
ရှုယွမ် မင်းယွီနဲ့အကြည့်ချင်းစုံပြီး ပြုံးလိုက်တယ် ... ဒီကောင်လေးက သူတွေ့ဖူးတဲ့ အိုမီဂါတွေနဲ့မတူပဲ မိတ်အယ်ဖာအပေါ် မှီခိုတာမျိုးလဲမရှိဘူး ... ကို့အားကိုကိုးပြီး မပြည့်စုံတဲ့ဘဝကနေ ကြီးပြင်လာခဲ့တာတောင် ကျေးဇူးစပ်ဖို့ကို မမေ့လျော့တဲ့သူမျိုး ...
မင်းယွီမိခင်က သူ့သားနဲ့ရှုယွမ်အဆင်ပြေနေတာကိုမြင်ရတော့ ကျေနပ်စွာပြုံးရင်း မင်းယွီစားဖို့ တစ်ခုခုပြင်ဆင်ဖို့အပြင်ထွက်သွားလေတယ် ...
ရှုယွမ်က မင်းယွီကိုယ်ပေါ် ဆောင်ပါးပါးလေး လွှမ်းခြုံပေးလိုက်ပြီး နူးညံ့စွာ မေးမြန်းလိုက်တယ် ...
" မင်းယွီ ... နေရတာ အဆင်ပြေလား ...
ဘယ်နား နာနေသေးလဲ "
ထိုအခါမှ မင်းယွီသတိရသွားပြီး သူ့ရဲ့ဗိုက်လေးကို ပွတ်ကြည့်လိုက်တယ် ... သူ့ရဲ့မျက်နှာမှာ ခံစားချက်မျိုးစုံဖြစ်ပေါ်နေတယ်ဆိုတာ သိသာလှတယ် ...
" ကျနော့ဗိုက်ထဲမှာ တကယ်ပဲ ကလေးလေးရှိနေတာလား "
" အင်း ... မင်းမှာ ကိုယ်ဝန် ၂ လရှိနေပြီ "
မင်းယွီခေါင်းလေးငိုက်စိုက်ကျသွားပြီး မသိမသာလေး တင်းနေတဲ့ ဝမ်းဗိုက်ရဲ့တစ်နေရာကို ဖွဖွလေး လက်နဲ့ပွတ်လိုက်တယ် ...
" ကျနော် ဒီကလေးကို ပိုင်ဆိုင်နိုင်မယ်လို့အကိုထင်လားဟင် "
မင်းယွီဘာကိုဆိုလိုမှန်း ရှုယွမ်သိတယ် ... ရှန်ဟွှာက သူတို့ရဲ့မျိုးဆက် မင်းယွီကိုယ်ထဲမှာ ရှိမှန်းသိရင် အလွတ်ပေးမှာမဟုတ်တော့ဘူး ...
ရှုယွမ်က မင်းယွီစိတ်မပူစေရန် နှစ်သိမ့်ပေးလိုက်တယ် ...
" ကလေးက မင်းယွီရဲ့ကလေးပဲ ...
မပိုင်ဆိုင်စရာအကြောင်းမှမရှိတာ "
" ရှန်ဖန်းဂူက ဒါကို လက်ခံပါ့မလား ...
ပြီးတော့ သူ့အမေကရော ပေးမယ်လို့ထင်လား "
" တွေးပြီးမပူပါနဲ့ ... အကိုရှိတယ် "
" အကိုမသိပါဘူး ...
ရှန်ဖန်းဂူက သူ့ကိုချုပ်နှောင်တာမျိုးကိုမကြိုက်ဘူး ...
ဒီကလေးက သူ့အတွက် အကြီးမားဆုံး အားနည်းချက်ဖြစ်လာနိုင်တယ် ...
သူကလေးမှန်းသိရင်ဘယ်လိုဖြစ်သွားမလဲ ...
သူဒါကို လက်ခံပါ့မလား ကျွန်တော်မတွေးတတ်တော့ဘူး "
" မင်းယွီ ... ခုချိန်မှာ ကလေးအတွက်မပူပဲ ဘာကြောင့်ဖန်းဂူကိုပူပေးနေတာလဲ ...
သူ့လက်ထဲကို ပြန်ရောက်မယ်လို့ ထင်နေတာလား "
ကျွန်တော်သိတာပေါ့ ... ကျွန်တော်ကမ္ဘာအဆုံးထိပြေးတောင် သူ့လက်ကမလွတ်နိုင်ဘူးဆိုတာ ... သူကကျနော့ကို သူ့ဘဝရဲ့လက်နတ်တစ်ခုလိုအသုံးချချင်တာလေ ... ကျနော်က လက်နတ်မဖြစ်ပဲ ဗုံးတစ်လုံးဖြစ်သွားပြီ ...
ရှုယွမ်က တိတ်ဆိတ်နေတဲ့ မင်းယွီမျက်နှာအမူအယာကို ဖတ်ကြည့်ပေမဲ့ သူ့ခံစားချက်က မှန်းစမရတဲ့အပြင် တည်ငြိမ်လွန်း၍ အနည်းငယ်ပင် ဆိုးရိမ်သွားတယ်...
" တော်တော့မင်းယွီ ဘာမှဆက်မတွေးနဲ့တော့ ...
မင်းတို့သားအဖကို ဖန်းဂူမနှောက်ယှက်နိုင်အောင် အကိုကာကွယ်နိုင်တယ် ...
ခုဘာကိုမှမတွေးနဲ့တော့ "
ရှုယွမ်စကားကြောင့် မင်းယွီပြုံးလျှက် သူ့ရဲ့ဗိုက်လေးအား ငုံ့ကြည့်လိုက်ရင်း ...
" ကျေးဇူးပါအကို ...
ခုကျနော့ဘဝက ကျနော်တစ်ယောက်ထည်းမဟုတ်တော့ဘူး ...
အရူးတစ်ယောက်လို စွန့်စားတာမျိုး မလုပ်ချင်တော့ဘူး ...
သာမာန်အတိုင်းလေးပဲ ဖြတ်သန်းချင်တယ် "
" ကိုကူညီပေးမယ် "
" ခုကျနော် အိမ်ပဲပြန်ချင်တယ် ... ဒီမှာမနေချင်ဘူး ...
ပြီးရင်ကျနော် တောင်တန်းတွေဘက်က ရွာလေးကိုသွားချင်တယ် ...
အဲ့မှာပဲ ကျနော့ဘဝလေးကို အချေချချင်တယ် ...
ကျနော့ကို ကူညီပေးပါလား "
မင်းယွီက ဖန်းဂူကိုမျက်ခြေဖျက်ချင်နေမှန်း ရှုယွမ်သိလိုက်ပြီ ... အဲ့ဒိနေရာက မလုံခြုံပေမဲ့ သူ့အိမ်မှာခေါ်ထားရင်လဲ မင်းယွီတို့မိသားစုက လက်ခံမှာမဟုတ်ဘူး ... နောက်ဆုံး ထိုဆုံးဖြတ်ချက်ကို ရှုယွမ် သဘောတူလိုက်တယ် ...
*
*
*
*
ဒီရက်တွေမှာ ရှန်ဝေဟာ ရှန်အိမ်တော်မှာနေပြီး မင်းယွီကိုရှာဖွေတဲ့နေရာမှာ တာဝန်ယူကာ သူ့အကို မင်းယွီကိုဖွက်ထားကြောင်းကိုဖုံးကွယ်ထားနိုင်ခဲ့တယ် ...
ရှန်ဖန်းဂူမှာက တခြားအိမ်တွင်းရေးပြဿနာတချို့ကြောင့် မင်းယွီကိုဂရုမစိုက်နိုင်သလို ရှန်ဝေဖုံးကွယ်ထားတာကိုလဲ ဘယ်သူမှ မရိပ်မိကြဘူး ...
ဒီနေ့ ရှုယွမ်က ဖုန်းဆက်ခေါ်ခြင်းကြောင့် ရုပ်ဖျက်ကာ လူရှင်းတဲ့ဆိုင်တစ်ဆိုင်မှာတွေ့ဆုံဖြစ်ကြတယ် ...
" အကိုကြီး ... ဒါဆို မင်းယွီတို့က နယ်ကိုပြောင်းတော့မှာပေါ့ "
" ဟုတ်တယ် ... သူဒီမှာမနေချင်တော့တဲ့ပုံပဲ "
" မင်းယွီကဗိုက်ကြီးနေပြီဆိုတော့ သူသာ တောကိုပြောင်းသွားရင် ဆေးကုသတဲ့အခါ အဆင်ပြေပါ့မလား ...
ကျွန်တော်တော့ စိတ်မချနိုင်ဘူး "
" ဒါပေမဲ့ ဒီမှာကျလဲ စိတ်ချလို့မရဘူး ...
မင်းသူတို့ကို ထိန်းနိုင်ပေမဲ့ အချိန်အကန့်သတ်တစ်ခုထိပဲရလိမ့်မယ် "
ရှန်ဝေက မင်းယွီဗိုက်အတွက်ပူနေပေမဲ့ ဖန်းဂူလက်ထဲမရောက်ဖို့ကပိုအရေးကြီးတာမို့ ဘာမှဆက်မပြောပဲ ငြိမ်သွားတယ် ...
" မင်းရော ခုနေရတာအဆင်ပြေရဲ့လား ...
ရှန်အိမ်တော်မှာ ဘာကြောင့်ဆက်နေနေတာလဲ ...
မင်းပြန်လာချင်လာခဲ့တော့လေ "
" ကျွန်တော်မလာသေးဘူး ...
ရှန်ဟွှာအိမ်တော်မှာနေရတာ သိပ်အဆိုးကြီးတော့မဟုတ်ပါဘူး ...
ခုကျွန်တော်စုံစမ်းနေတဲ့ သတင်းတစ်ခုရှိတယ် ...
အဲ့ဒါက ရှန်ဟွှာရန်းနဲ့ပတ်သပ်နေတော့ ကျနော်လဲအတိအကျမသိဘူး "
" ရှန်ဝေ ... ဖန်းဂူဘာကြောင့် အန်းသခင်မနဲ့ စေ့စပ်တာလဲ မင်းသိလား "
" ကျွန်တော်သိရသလောက် ဒါကအပေါ်ယံသပ်သပ်ပဲ ...
တစ်စုံတစ်ခု လုပ်ဆောင်ဖို့ အချိန်ဆွဲနေတာနဲ့တူတယ် "
ရှန်ဝေတက်ကြွမ်းသမျှစုံးစမ်းပြီးတဲ့နောက်မှာ သိလိုက်ရတာက ရှန်ဖန်းဂူဟာ အလင်းနယ်မြေမှာ မင်းသားတစ်ပါးလို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သလို အမှောင်နယ်မြေမှာလဲ မိစ္ဆာဘုရင်လို စွမ်းဆောင်နိုင်တယ် ...
သူ့လို နေရာ ၂ ခုမှာ တပြိုင်နက် စွမ်းဆောင်နိုင်တဲ့သူမျိုး ရှားပါးသလို အပိုအလိုမရှိ ဟာကွက်နည်းနည်းလေးတောင်မရှိစေရအောင်လုပ်နိုင်သူက အမျိုးသမီးတစ်ဦးရဲ့ ဖိအားပေးမှုကို ဘာကြောင်ငြိမ်ခံနေတာလဲ တွေးချင်စရာ ...
ချူးရှန့်ကလဲ သေစ္စာရှိတပည့်ပီပီ ဘယ်အရာကိုမှ မေးမြန်းလို့မရသလို သူ့ပုံစံက သခင်အပေါ် ယုံကြည်မှုအပြည့်ရှိနေတယ် ...
ရှန်ဖန်းဂူက ရှန်ဝေတွေ့ကြုံဖူးတဲ့ မာဖီယားတွေလို မကောင်းမှုမှန်သမျှ လုပ်ဆောင်နေတာမျိုးမဟုတ်ပေမဲ့ သူ့လမ်းပေါ် လာရှုတ်တဲ့လူမှန်သမျှကိုတော့ အပျက်ရှင်းပြစ်လေ့ရှိတယ် ...
ဒီတစ်ခေါက် သူကိုင်သွယ်နေတဲ့အရာက ကြီးမားသလို အန်းမိသားစုရဲ့အကြောင်းကို ထဲထဲဝင်ဝင်စုံစမ်းလေ့လာနေပုံထောက်ရင် Lion ရဲ့လက်ဆွဲစကားပုံအတိုင်း ကျူပင်ခုတ်ကျူငုတ်ပါမချန်ဆိုသလို အန်းတစ်မိသားစုလုံးကို အမြစ်ကနေ နှုတ်ပြစ်ဖို့ ကြံနေတာများလားလို့ပင် တွေ့မိတယ် ...
ဒါက ဘယ်လောက်အပြစ်ကြီးမားလိုက်မလဲ ... မြို့ဝန်ကိုလုပ်ကြံတာက သေဒါဏ်ထိ ဖြစ်နိုင်တယ် ... ဖန်းဂူက ဒီလိုရူးကောင်တွေလိုတော့မလုပ်နိုင်ပါဘူး ... သူသည်းခံနေတာ အကြောင်းတစ်ခုခုတော့ရှိရမယ် ...
ရှန်ဝေက သူခန့်မှန်းမိသလောက်ကို ပြောပြလိုက်တယ် ...
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှန်ဟွှာမှာ ဖုံးကွယ်ထားတဲ့အရာတစ်ခုရှိနေနိုင်တယ် ...
အန်းသားအဖက အဲ့ဒါကို သိနေတဲ့ပုံပဲ "
ထိုအခါမှ ရှုယွမ်က သတိရသွားပြီး သူယူလာတဲ့စာရွက်လေးကို ထုတ်ပြလိုက်တယ် ...
" မင်းငါနဲ့လိုက်ခဲ့နိုင်မလား ...
ဒါက အဲ့ဒါနဲ့များ စပ်စပ်နေမလား "
" အဲ့ဒါဘာလဲ "
" မင်းယွီရဲ့ DNA နဲ့ဆေးမှတ်တမ်း "
သူတို့အချိန်ဆွဲမနေပဲ ရှုယွမ်နဲ့အရင်းနီးဆုံး ကြွမ်ကျင် မှုကင်းဆရာဝန်တစ်ဦးထံသွားလိုက်တယ် ... ထိုစစ်ဆေးချက်များကို စစမ်းစစ်ပြီးနောက် ထိကျတဲ့အဖြေတစ်ခုထွက်လာတယ် ... ထိုအဖြေကိုရရှိဖို့ နေ့ဝက်လောက်ထိ မှတ်တမ်းတွေထဲက လှန်လောရှာပြီးမှ ထွက်လာခြင်းပင် ...
" ရှုယွမ် ... မင်းရဲ့လူနာက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်လောက်က ဖြစ်ပွားခဲ့တဲ့အမှုနဲ့ပတ်သပ်နေတယ် ...
သူသုံးဆွဲတဲ့ဆေးပမာဏများနေတာက ထိုဆေးကိုတွန်းကန်နိုင်ဖို့အတွက်ပဲ ...
ထူးဆန်းတာက သူမသေပဲ အသက်ရှင်နိုင်တယ် ...
အဲ့ဒိအရွယ်က သူအတော်လေးငယ်ဦးမယ်ဆိုတော့ သူမမှတ်မိနိုင်လောက်ဘူး ...
ပြီးတော့ ဆေးပမာဏကလဲ အနည်းငယ်လေးပဲ ဝင်သွားပုံရတယ် ...
ငါတို့ ဒီသက်သေကို ဘာလုပ်သင့်လဲ "
ရှုယွမ်က အမှုမှတ်တမ်းတွေထဲမှာ ထိုအမှုက အဖြေမပေါ်ပဲ တိမ်မြုတ်နေတဲ့အရာတစ်ခုဖြစ်သလို ထိုအချိန်က အမှုကိုင်တဲ့သူဟာ သူ့ရဲ့မိခင်ဖြစ်နေတယ် ... သူမအသက် ၂၅ အရွယ်မှာ ထိုအမှုကိုစကိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ် ... ဒါကြောင်ထိုအကြောင်းတွေကို အနည်းငယ်သိနေခဲ့တယ် ...
" ဖြစ်နိုင်ရင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောပါနဲ့ ...
ငါကိုယ်တိုင် အဖြေရှာချင်တယ် "
" ကောင်းပါပြီကွာ ... ငါကနှုတ်လုံပါတယ်
မင်း ဘာမှပူမနေနဲ့ ... နောက်လဲ အကူအညီလိုရင် လာခဲ့ပေါ့ "
" ကျေးဇူးပါကွာ ...
ငါနောက်ကျရင် မင်းကိုတစ်ခုခုလိုက်ကြွေးမယ် "
" အင်းပါ ... ငါစောင့်နေမယ် "
သူတို့ထိုအကြောင်းအရာတွေသိပြီးသွားတော့ ပြန်လာခဲ့ကြလေတယ် ...
" အကိုကြီး ... ခုရှန်ဟွှာမှာဖြစ်နေတာနဲ့ အဲ့ဒိအမှုက ပတ်သပ်နေတာများလား "
" အဲ့လိုထင်တာပဲ "
" ခု ဘယ်ကိုသွားကြမှာလဲ "
" အိမ်တော်ကို ... မင်းလဲလိုက်ခဲ့ရမယ် "
*
*
*
*
ရှုယွမ်ရဲ့ခေါ်ဆိုမှုကို ရှန်ဝေ မငြင်းဆန်နိုင်ခဲ့ဘူး ... သူနှစ်ပေါင်းများစွာ မရောက်ရှိခဲ့တဲ့ ကျန်းအိမ်တော်ထဲ စတင် ဝင်လာခဲ့လေတယ် ...
ဒါက သူ့မိဘရဲ့အိမ်မဟုတ်သော်လဲ သူငယ်ငယ်ကတည်းက နေလာခဲ့တဲ့အိမ်မို့ အရာအားလုံးနဲ့ရင်းနီးနေတယ် ...
အိမ်တော်ထဲဝင်ဝင်ချင်း ရှန်ဝေအတွေးတွေထဲမှာ အတိတ်ကအကြောင်းအရတွေ တရိပ်ရိပ်ပေါ်လာလေတော့တယ် ...
' ငါတို့မျိုးရိုးထဲမှာ နင့်လို ဘီတာတစ်ယောက်ရှိမနေသင့်ဘူး '
' သူက ဘယ်တော့မှ အရာရှိကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး ... သူကဘီတာဖြစ်နေလို့ '
' သူ့အဖေကက မြင့်မြတ်တဲ့အယ်ဖာဖြစ်ပေမဲ့ ဘီတာကိုယူတာ အံ့ဩစရာပဲ ... ခုတစ်ဦးတည်းရှိတဲ့သားက ဘီတာဖြစ်နေတော့ သူတို့မျိုးဆက်က ဆိုးရွားသွားပြီ '
' သနားလိုက်တာ ... ဘီတာဖြစ်နေတော့ အကိုကြီးနဲ့တန်းတူ တော်ပေမဲ့ အခွင့်မရရှာဘူး '
' ဘီတာတစ်ယောက်က ကျွန်ပဲဖြစ်သင့်တာ ... သူတို့ဘယ်လောင်ချမ်းသာပါစေ သူတို့သားကနောက်လိုက်ခွေးသာသာပဲ '
ဘီတာ ... ဘီတာ ... ဘီတာ ... စိတ်ပျက်စရာကောင်းလိုက်တာ ... ကျွန်တော် ဘီတာဖြစ်နေတာက အမှားကြီးမှားတာပဲ ... ကျွန်တော်က မျိုးရိုးကိုမျက်နှာပျက်စေတဲ့လူ ... ဟုတ်တယ် အမှိုက်လိုလူ ...
" ရှန်ဝေ ... မင်းဘာတွေတွေးနေတာလဲ "
ရှုယွမ်လှုပ်နှိုးလိုက်မှ ရှန်ဝေ အတိတ်ဆိုးထဲကနေ နိုးထလာနိုင်ခဲ့တယ် ...
" ကျွန်တော် ဘာမှမဖြစ်ပါဘူး ...
အထဲဝင်ရအောင် "
" အင်း ... မင်း အိမ်ထဲမှာ လွတ်လွတ်လပ်လပ်နေ ...
ငါမားကိုခေါ်ထားတယ် ...
သူမမကြာခင်ရောက်လာလိမ့်မယ် "
ရှုယွမ်က အဝတ်လဲဖို့အတွက် အပေါ်ထပ်ကို တက်သွားလေတယ် ... ရှန်ဝေ ဧည့်ခန်းထဲမှာ ထိုင်လိုက်ပြီး သူ့ရဲ့အတွေးတွေက လွန်ခဲ့သော အချိန်ကာလတချို့သို့ ပြန်ရောက်သွားလေတော့တယ် ...
ကျန်းမိသားစုက မျိုးဆက်တိုင်းဟာ အယ်ဖာတွေဖြစ်ကြပြီး သူတို့က အယ်ဖာမိသားစုလို့ လူသိများကြတယ် ... ၃ နှစ်သာကွာခြားတဲ့ အယ်ဖာ မောင်နှမ ၂ ယောက်ကိုမွေးဖွားပြီးနောက် ကျန်းမိသားစုဟာ တဟုန်ထိုး ကြီးပွားလာကြတယ် ...
ကျန်းရှားမေ့နဲ့ ကျန်းမင်ဟို တို့မောင်နှမက အင်အားကြီးတဲ့အယ်ဖာတွေဖြစ်သလို အလင်းလောကကိုနှစ်သက်ပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာအောင်ကြိုးစားကြတယ် ...
ကျန်းရှားမေ့က အယ်ဖာဖြစ်ပေမဲ့အယ်ဖာအမျိုးသားတစ်ယောက်ကိုလက်ထက်ပြီး ကျန်းရှုယွမ်ကို ခက်ခဲစွာမွေးဖွားခဲ့တယ် ... အယ်ဖာ ၂ ယောက်ကနေမွေးဖွားလာခြင်းကြောင့် ရှုယွမ်ဟာ ရှားပါတဲ့အယ်ဖာတစ်ယောက်ဖြစ်လာတယ် ...
ကျန်းမင်ဟိုကတော့ ဘီသာအမတစ်ယောက်နဲ့လက်ထက်ခဲ့ပြီး ဘီတာတစ်ယောက်ဖြစ်တဲ့ရှန်ဝေကိုမွေးဖွားလာတယ် ... မိသားစုအသိုင်းအဝိုင်းကချစ်ခင်ပေမဲ့ အပြစ်ရှာဖို့ချောင်းနေတဲ့ ပတ်ဝန်းက ရှန်ဝေအဖြစ်ကိုအခွင့်ကောင်းယူပြီးအမျိုးမျိုးအပြစ်ပြောကြတယ် ...
ရှန်ဝေအဖိုးတွေကအစ ရှန်ဝေကိုမနှစ်သက်သလို သူ့မိဘတွေကိုလဲ အမြဲလိုလိုဆူပူကြတယ် ... ရှန်ဝေအဖေက သားနဲ့မိန်းမကို ကာကွယ်ပေမဲ့ မိခင်က သူ့ကြောင့်နဲ့နေ့တိုင်းငိုကြွေးခဲ့ရတယ် ... နောက်ဆုံး ရှန်ဝေ ထိုပတ်ဝန်းကျင်ကြီးကို စွန့်လွှတ်ပြီး အဝေးဆုံးကို ထွက်ပြေးခဲ့တယ် ... ဒါက သူပထမဆုံး အိမ်ပြန်လာခြင်းပဲ ...
" ရှန်ဝေ ... မင်း ရှန်ဝေမဟုတ်လား "
" ဒေါ်လေးရှားမေ့ ... မင်္ဂလာပါ "
" မင်းပျောက်သွားလို့ မင်းမိဘတွေစိတ်ပူနေတာ ...
ခုလိုကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာတာမြင်ရတော့ ဒေါ်လေးလဲ ဝမ်းသာပါတယ် "
ဆံပင်အနက်ရောင် ဂုတ်ထိသာရှည်ပြီး ရှည်လျှားတဲ့အရပ် တောင့်တင်းတဲ့ခန္ဓာကိယ်နဲ့ ကျန်းရှားမေ့ဟာ အယ်ဖာတစ်ယောက်ရဲ့အငွှေ့အသက်နဲ့ပြည့်စုံလွန်းလှပြီး အသက် ၄၅ အရွယ်ဟုပင် မထင်ရလောက်အောင်လှပနေတယ် ... သူမယောက်ျားမရှိတော့ကတည်း သူမတစ်ယောက်ထည်းရုန်းကန်ခဲ့ရပေမဲ့ ခုချိန်ထိ ကျန်းမိသားစုရဲ့ ဂုဏ်ပုဒ်တွေကို ထိန်းချုပ်ထားနိုင်ဆဲပင် ...
" မား ... ရောက်နေပြီလား "
ရှုယွမ်လဲ ရောက်လာပြီဆိုတော့ သူတို့ရဲ့လာရင်းကိစ္စကိုသာ ဦးစားပေးကာ ဆွေးနွေးကြလေတယ် ...
သူမက ထိုစာရွက်ကိုမြင်တော့ မယုံကြည်နိုင်စွာဖြင့် အထပ်ထပ်စစ်ပြီးနောက် ရှုယွမ်အားကြည့်ကာ မေးမြန်းလိုက်တယ် ...
" ဒါကဘယ်သူ့ကိုယ်ထဲကလဲ ...
သူ့မိသားစုနာမည်ကဘာလဲ ... သူတို့ဘယ်မှာလဲ "
" သူနာမည်က ပိုင်မင်းယွီ ...
သူ့အမေက လီကျန့်ရှင်း ...
သူ့တို့မိသားစုအကြောင်းကိုတော့ အတိအကျမသိရဘူး "
သူမက မျှော်လင့်တကြီးနားထောင်နေပေမဲ့ နောက်ဆုံး မျှော်လင့်ချက်ပျောက်ဆုံးသွားသယောင် သက်ပြင်ဖွဖွချလိုက်တယ် ...
" ကောင်းပြီ ... ဒီအမှုကကြာပြီဆိုတော့ မားအရင်ကဟာတွေ ပြန်ရှာရအုံးမယ် ...
ရှန်ဝေ ... သားမင်းအကိုနဲ့အတူနေပါလား ...
ဒေါ်လေးမင်းကို ထက်ပြီးရှောက်သွားခွင့်မပြုနိုင်ဘူး ...
ပတ်ဝန်းကျင်က အရင်လို ငြိမ်သက်တာမဟုတ်တော့ဘူး "
ရှုယွမ်က ဝင်ပြောလိုက်တယ် ...
" မားစိတ်မပူနဲ့ ... ရှန်ဝေက အသုံးကျတဲ့ကောင်လေးတစ်ယောက်ပါ ...
ခုသူအလုပ်လုပ်နေတာလေ ...
သူ့ဘဝလေး သူရပ်တည်နိုင်တဲ့အရွယ်ရောက်နေပြီ "
" အဒေါ်မှားသွားပါတယ် ... ရှန်ဝေကို ခုထိ ကလေးလေးလို့ပဲ ထင်နေမိတာ ...
မင်းအကိုနဲ့အဆက်အသွယ်မဖျက်နဲ့နော် ...
လိုအပ်တာရှိရင် ဒေါ်လေးကိုပြော "
" ဟုတ်ကဲ့ဒေါ်လေး "
သူတို့အိမ်တော်ကနေပြန်လာခဲ့ကြတယ် ... ဒီကိစ္စကို ကျန်းသခင်မကြီးကိုင်သွယ်မှာဆိုရင် မကြာခင် အဖြေမှန်ထွက်လာတော့မှာကို ယုံကြည်တယ် ...
*
*
*
*
' ဒီနှစ်ရဲ့ ပထမဆုံးနှင်းကျချိန်မှာ မိဘပြည်သူများ အိမ်ထဲကအိမ်ပြင်မထွက်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့် ...
ကျမတို့မြို့မှာ နှင်မုန်တိုင်းကျလာမည်ဖြစ်၍ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေပေးကြပါရှင် ...
ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါ ... အသက်ကြီးသူတွေကို နွေးထွေးအောင်ထားပါ ... ဘလာဘလာဘလာ ... '
ဒီအချိန်က ပတ်ဝန်းကျင်မှာ လူတွေရှင်းနေပြီး အားလုံးက သတင်းထဲကအတိုင်း ဘယ်သူမှအိမ်ပြင်မထွက်ကြပေ ... ဒါက မင်းယွီထွက်ပြေးနိုင်မဲ့ အချိန်အခါကောင်းပဲ ...
မနက်မိုးမလင်းခင် မင်းယွီတို့မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာရန်ပြင်ကြတယ် ... ဒီရက်တွေမှာ ရှုယွမ်နဲ့လဲအဆက်အသွယ်မလုပ်သလို သူဘယ်ကိုသွားမယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောချင်ဘူး ...
ရာသီဥတုက အေးချမ်းလှတဲ့ ဆောင်းရာသီအစဖြစ်၍ ဆင်းရဲသားရက်ကွက်လေးထဲမှာ ပထမဆုံးကျလာတဲ့ မြူနှင်းတွေနဲ့ပြည့်နေတယ် ... မင်းယွီမြန်မြန်ဆန်ဆန်ပဲ အထုတ်အပိုးတွေကို ပြင်ဆင်ပြီး အေးလွန်းလှတဲ့ရာသီမို့ ဖခင်ကိုနွေးနွေးထွေးထွေးဖြစ်သွားအောင် ထူထပ်တဲ့အပေါ်ထည်ကို ဝတ်ဆင်ပေးလိုက်တယ် ...
" သားလေး အဆင်သင့်ဖြစ်ပြီလား "
" ဟုတ်မား ... ပါးကိုအရင်ကားထဲခေါ်ရမယ် "
' ဒုံး ' တံခါးဖွင့်သံနဲ့အတွင် သူတို့အိမ်ထဲကို သန်မာတဲ့ရဲအရာရှိ ၅ ဦးဝင်ရောက်လာလေတယ် ... သူတို့က မင်းယွီပြင်ထားတဲ့ အထုတ်အပိုးတွေကို သယ်သွားပြီး ကားပေါ်တင်ပေးလိုက်တယ် ...
" ခများတို့က ... "
" ကျွန်တော်တို့က အထူးရဲတပ်ဖွဲကပါ ...
Mr.ရှုယွမ်က Sr. တို့မိသားစုကို ကာကွယ်စောင့်ရှောက်ပေးဖို့ လွှတ်လိုက်တာ ...
လမ်းခရီးတလျှောက် နေဖို့ထိုင်ဖို့ထိ အားလုံး Mr.ရှုယွမ် တာဝန်ယူပေးပါလိမ့်မယ် "
တကယ်တော့ ရှုယွမ်ငြိမ်နေတာက နောက်ကွယ်ကနေ မင်းယွီတို့ကို စောင့်ရှောက်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်တယ် ... မင်းယွီသိလိုက်ရတော့ မျက်ရည်များပင်ဝဲလာပြီး ရင်ထဲကနေ ကျေးဇူးတင်နေမိတယ် ... သူတစ်ယောက်ထည်းဆို ဒီခရီးမှာ စိတ်ချနိုင်မှာမဟုတ်ဘူး ... ခုတော့ အရာအားလုံးစိတ်အေးသွားရပြီ ...
မင်းယွီတို့ မိသားစုလေး သူတို့ရဲ့အိမ်ငယ်လေးကို စွန့်လွှတ်ကာ ဘဝသစ်ကို ဖန်တီးဖို့ ထွက်ခွာလာခဲ့တယ် ... အစောင့်အရှာက်တွေက ဘယ်သူမှ သတိမထားမိအောင် မိယွီတို့မိသားစုကားနဲ့ အနည်းငယ်အကွာမှာ မျက်ခြေမပျက်စောင့်ကြည့်ပေးရင်း လိုက်ပါလာခဲ့တယ် ...
သူတို့ထွက်လာချိန်က မနက်စောဖြစ်၍ နေအလင်းရောင်ဖြဖြလေး ထွက်ပေါ်လာတဲ့အခါ သူတို့ကားလေး မြို့အပြင်သို့ရောက်လာခဲ့ပြီ ...
ဆောင်းရာသီရဲ့ နံနက်ခင်းဖြစ်၍ နေရောင်ခြည်ထွက်ပေါ်လာလေ မြူခိုးတွေ ဝေဆာလာပြီး သတင်းထဲကအတိုင်း နှင်းမုန်တိုင် ကျလာခဲ့တယ် ... ကားလမ်းတွေက မြင်မရလောက်အောင်ထိ မြူတွေဖုံးလို့နေတယ် ... တဖြေးဖြေး ကားရဲ့သွားနှုန်းက နှေးကွေးလာပြီး ရုပ်တရပ် ထိုးရပ်သွားလေတယ် ...
အအေးဓာတ်ကြောင့် မင်းယွီ တုန်ခါနေသော်လဲ သူ့မိဘတွေကို ဦးစားပေးကာ ပါလာသမျှအနွေးထည်တွေကို ဖခင်နဲ့မိခင်အား ခြုံးလွှားပေးထားတယ် ... မြို့အပြင်ထွက်လာခဲ့နိုင်၍ မင်းယွီရင်ထဲက အပူလုံးကြီးလဲ ကျသွားခဲ့ပြီ ...
သူရောက်တဲ့နေ့ကတည်းက မိခင်အိပ်ရေးတွေပျက်နေခဲ့တာ ခုလိုစိတ်ချလက်ချ နှစ်ခြိုက်စွာ အိပ်မောကျနေတာကို မြင်ရတော့ မင်းယွီကျေနပ်စွာပြုံးလိုက်မိတယ် ...
မင်းယွီအနောက်ကိုမှီလိုက်ပြီး မျက်လုံးပိတ်လိုက်တဲ့တစ်ခန အိမ်မောကျမလိုဖြစ်သွားချိန် အေးဆက်နေတဲ့သူ့ရဲ့ကိုယ်ပေါ်သို့ နွေးထွေသည့်အရာတစ်ခု လွှမ်းခြုံခံလိုက်ရခြင်ကြောင့် ကျေနပ်စွာပင် ညည်းညူမိသွားတယ် ...
" ဟင်း ... နွေးလိုက်တာ "
သူ့ရဲ့ကိုယ်လေးက ကြုံ့သွားပြီး ထိုနွေးထွေမှုကို ပိုရရှိအောင် ကိုယ်ပေါ်ကအရာလေးအား မျက်လုံးတွေဖုံးသည်ထိ ဆွဲယူကာ ခြုံလိုက်မိတယ် ...
သူ့ရဲ့နှဖူးပေါ်သို့ ပူနွေနွေး လက်တစ်စုံက လာရောက် စမ်းသပ်လိုက်တဲ့အခါ မင်းယွီ မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်မိတယ် ...
မြူမှုန်တွေ ဖုံးနေ၍ ကားအပြင်ကလူကို မသဲကွဲပေမဲ့ သူ့ကိုထိတွေ့နေတဲ့ လက်နဲ့ အနံ့အသက်တွေကို မင်းယွီ ရင်းနီနေတယ် ...
" အအေးပတ်ပြီး သေသွားချင်လို့လား ... ဟမ် ...
ဒီရာသီက ခရီးထွက်ဖို့မကောင်းဘူး "
ဒီ ... ဒီအသံက ...
မင်းယွီလန့်ဖြန့်သွားပြီး သူ့နှဖူးပေါ်ကလက်ကို ဖယ်ထုတ်ကာ တွန်းလွှတ်ပြစ်လိုက်ပြီး ကြောက်လန့်စွာဖြင့် တုန်ရီနေသောအသံလေးဖြင့် နာမ်စားတစ်ခုကို ရေရွတ်လိုက်တယ် ...
" ရှန် ... ရှန်ဖန်းဂူ "
.
.
.
.
To Be Continued
( နောက်အပိုင်းမှာ ဖန်းဂူလေး နည်းနည်းဆိုးပါမယ် ... စိတ်မဆိုပါနဲ့နော် ... သူ့ဘေဘီလေးကိုပြန်ခေါ်ချင်လို့ပါ ... 🥰
ဒီဝတ္ထုမှာ အဓိကပါဝင်မဲ့ မိသားစုတွေကိုပြောပြမယ် ...
ရှန်မိသားစု ... ကျန်းမိသားစု ... ပိုင်မိသားစု ... ပတ်မိသားစု ... အန်းမိသားစုကတော့ တစ်ဝက်လောက်ထိပါပဲ ... ဒါမဲ့ တခြားဗီလိန်တွေရှိပါသေးတယ် ... Fic တစ်ခုလုံး အစစ်မ ဝင်ရှုတ်နေတာမျိုး လုံးဝမဟုတ်ပါဘူး ... ဒါကြောင့် ဖန်းဂူကို နွားလို့ပြောနေတာလေးရပ်ပေးပါ ... ဖန်းဂူက ခင်္သြေ့ပါ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး ...
မိသားစုတော်စပ်ပုံတွေ အတိတ်တွေ ပြီးမှ အတိအကျနားလည်အောင် ရှင်းပြမယ်နော် ... ခုက အခန်းမစေ့သေးလို့ ...
မနေ့က ဒါဒါလေးတွေအားပေးကြတော့အရမ်းပျော်တာပဲ ... ဒီနေ့လဲ အားပေးဖို့မျှော်လင့်ပါတယ် ... အရှည်ကြီးရေးပေးထားတယ် ... အဆုံးထိဖတ်ပြီးရင် Votiနဲ့ ဖိဘတ်လေး ဝင်ရေးပေးသွားနော်တျဲတို့ ... 🙆‍♀️ )
#Zawgyi
" ဟုတ်ပါတယ် Sr. …
" လုံးဝမဖြစ်နိုင်ဘူး …
" အမှန်ပါပဲ "
မှတ်တန်းတချို့ထဲက ပုံမှန်မဟုတ်တဲ့ စာရွက်တစ်ရွက်ကို ယူသိမ်းထားလိုက်တယ် … သူတို့မသိအောင် ခိုးပြီးစုံစမ်းတာမျိုး မလုပ်ချင်ပေမဲ့ ခုအနေအထားက ရှုယွမ်အရာအားလုံးကို သိဖို့လိုအပ်လာပြီ … သူတို့ကို ကာကွယ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ အဖြေရှာရမယ် …
" အဒေါ် စိတ်ထိန်းပါဗျာ …
" မေမေ "
" သား … သားလေး သတိရလာပြီ "
ဘယ်နား နာနေသေးလဲ "
" အကိုမသိပါဘူး …
" ကျေးဇူးပါအကို …
" ကိုကူညီပေးမယ် "
*
*
*
*
" ကျွန်တော်မလာသေးဘူး …
" အဲ့ဒါဘာလဲ "
" ကျေးဇူးပါကွာ …
" အင်းပါ … ငါစောင့်နေမယ် "
" အဲ့လိုထင်တာပဲ "
" ခု ဘယ်ကိုသွားကြမှာလဲ "
*
*
*
*
အထဲဝင်ရအောင် "
ငါမားကိုခေါ်ထားတယ် …
" မား … ရောက်နေပြီလား "
" ဒါကဘယ်သူ့ကိုယ်ထဲကလဲ …
သူ့အမေက လီကျန့်ရှင်း …
ခုသူအလုပ်လုပ်နေတာလေ …
" ဟုတ်ကဲ့ဒေါ်လေး "
*
*
*
*
" ခများတို့က … "
" ဟင်း … နွေးလိုက်တာ "
ဒီ … ဒီအသံက …
" ရှန် … ရှန်ဖန်းဂူ "
.
.
.
.
To Be Continued
ရှန်မိသားစု … ကျန်းမိသားစု … ပိုင်မိသားစု … ပတ်မိသားစု … အန်းမိသားစုကတော့ တစ်ဝက်လောက်ထိပါပဲ … ဒါမဲ့ တခြားဗီလိန်တွေရှိပါသေးတယ် … Fic တစ်ခုလုံး အစစ်မ ဝင်ရှုတ်နေတာမျိုး လုံးဝမဟုတ်ပါဘူး … ဒါကြောင့် ဖန်းဂူကို နွားလို့ပြောနေတာလေးရပ်ပေးပါ … ဖန်းဂူက ခငြေ်္သ့ပါ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး …
Continue Reading
You'll Also Like
8.1M 478K 149
သက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )
425K 22.3K 49
1M 52.5K 45
1.3M 136K 70
Love has no race!