Villain And His Cheating Syst...

By Real-Momon

68.6K 7.8K 573

"မင္း ဂိမ္းကစားခ်င္လား" "...." "Cheatေတြလည္း အမ်ားႀကီး ထည့္ေပးအုံးမွာ" "အိုေခ..စိန္လိုက္ေလ" "မင်း ဂိမ်းကစားချ... More

Wei XingChen
Wei XingChen
Wei Xing Chen
announcement
Wei XingChen
ads
Wei XingChen
Wei XingChen
Wei Xing Chen
Wei XingChen
Wei XingChen
Wei Xing Chen
Wei Xing Chen
Wei XingChen
Wei XingChen
Wei XingChen

Wei XingChen

3.4K 512 26
By Real-Momon

ေက်ာင္းရဲ႕ေခါင္မိုးထပ္မွာေတာ့
လူႏွစ္ေယာက္ရယ္၊ပံုစံအမ်ိဳးမ်ိဳး႐ွိတဲ့ထမင္းဘူး
အႀကီးအေသးဆိုဒ္စံု၊အေရာင္စံုေတြနဲ႔
ျပည့္ႏွက္ေနတယ္။

ေဝ့႐ွင္းခ်န္ကေတာ့ သူ႔ေ႐ွ႕ကထမင္းဘူးေတြကို
ၾကည့္ရင္း ေက်နပ္ေနတယ္။
ယြမ္နင္က အျပဳအမူက သူ႔ကို
တကယ္ပဲ အားရေစတယ္။

သူ႔မွာ မေန႔ညက မအိပ္ရေသးတာေၾကာင့္
အအိပ္မက္တဲ့လူတစ္ေယာက္အေနနဲ႔
စိတ္မၾကည္တာ အမွန္ပဲ ျဖစ္တယ္။
ဒါေၾကာင့္မို႔ ဆင္းရဲမဲြေတမႈဒဏ္ကိုေတာင္
မခံစားႏိုင္ေတာ့ပဲ systemကို shopကေန
ပိုက္ဆံေတြ ထုတ္လဲလို႔ရလားလို႔ေတာင္မွ
ေမးခဲ့ေသးတာ။ေသခ်ာေပါက္ ..
အျငင္းခံရမယ္ဆိုတာ သိေနေပမဲ့လည္းေပါ့။

ပိုက္ဆံလည္း ထုတ္လဲလို႔မရေတာ့
Systemဆီကေန ႏို႔ဘူးေတြကို လဲလိုက္တယ္။
ႏို႔ဘူးကိုမွ အရသာအစံု၊အပူအေအး အကုန္လံုးပဲ။
Systemကေတာ့ သူ႔လိုျကီးျမတ္တဲ့systemကေန
ဘာမဟုတ္တဲ့ ႏို႔ဘူးေလးေတြပဲ လဲရမလားဆိုၿပီး
အႀကီးအက်ယ္ေဒါခြီးေနေတာ့တယ္။

ေဝ့႐ွင္းခ်န္လည္း မတတ္ႏိုင္ဘူးေလ။
တကယ္ဆို သူက မနက္ႏိုးရင္ေရာ၊ညအိပ္ခါနီးေရာ
ႏို႔တစ္ခြက္ေလာက္ ေသာက္ၿပီးမွ
ေနသာထိုင္သာ ႐ွိတာ။
မေန႔က တစ္ေန႔လံုးသည္းခံခဲ့ေပမဲ့
အခု တညလံုးမအိပ္ရေတာ့
သူလည္း သည္းမခံႏိုင္ေတာ့ဘူး။

(A/N:ေဝ့႐ွင္းခ်န္ရဲ႕ခႏၶာကိုယ္က cheatေတြေၾကာင့္
အဆင့္ျမင့္ေနသလို စိတ္ကလည္း cheatေၾကာင့္
သာမန္levelမဟုတ္ပါဘူး။ဒါေၾကာင့္ မအိပ္ရလည္း
ဘာမွမျဖစ္ပါဘူးေနာ္။သူႏို႔ေသာက္တာ စိတ္အစဲြေၾကာင့္ပါ။ဤသည္ကား စကားခ်ပ္။)

မၾကာခင္မွာပဲ  systemရဲ႕ပြစိပြစိစကားသံေတြၾကား
ဗလာက်င္းေနတဲ့သူ႔ရဲ႕ ေရခဲေသတၱာေလးဟာ
ႏို႔ဘူးေပါင္းေသာင္းေျခာက္ေထာင္နဲ႔
ျပည့္ႏွက္သြားေတာ့တယ္။

ေဝ့႐ွင္းခ်န္ကလည္း အိပ္မရမဲ့အတူတူ
Systemနဲ႔ ေတာ္ကီဖုတ္ရင္း
ႏို႔ဘူးေတြ တဘူးၿပီးတဘူး ေသာက္ေနလိုက္တယ္။
သူ႔ရဲ႕အနာဂတ္planေတြကို တြက္ခ်က္ဖို႔လည္း
ဘယ္ေမ့ပါ့မလဲ။

မနက္လင္းၿပီး ေက်ာင္းခ်ိန္ေရာက္မွပဲ
ေက်ာင္းကို ထြက္လာခဲ့တယ္။
သူက systemဆီကေန စံုစမ္းၿပီးၿပီမို႔
ေက်ာင္းမွာ ျပန္႔ေနတဲ့သတင္းေတြအကုန္လံုး
သိၿပီးသြားခဲ့ၿပီ။

ယြမ္နင္နဲ႔ သူ႔ကို အဲ့လိုႀကီးshipေပးၾကမယ္လို႔
သူ ထင္မထားခဲ့တဲ့အတြက္ systemဆီကေန
သတင္းကို ရတဲ့အခါ ယံုေတာင္မယံုႏိုင္ဘူး
ျဖစ္သြားတယ္။

သူ႔ခႏၶာကိုယ္က တကယ္ပဲukeပံုေလးဆိုေနေပမဲ့
လူတစ္ေယာက္ကို အေပၚယံပဲ ၾကည့္ၿပီး
သတ္မွတ္လို႔ မရဘူးေလ။
ဒီလူေတြက ဘယ္လိုေတာင္ သူ႔ကို
ေအာက္ထပ္ဆင္းခိုင္းရဲတာလဲ။
သူ႔အစီအစဥ္ေတြၿပီးလို႔ကေတာ့
အားလံုးကုိ သင္ခန္းစာေပးရမယ္လို႔
စိတ္ထဲက ေတးထားလိုက္တယ္။

ေက်ာင္းမွာေတာ့ သူ႔ရဲ႕အေနအထားက
တအားေကာင္းေနတယ္လို႔ ေျပာရမယ္။
သူ႔ရဲ႕စားပဲြခံုမွာ ေခ်ာကလက္ဘူးေတြ၊အ႐ုပ္ေတြနဲ႔
ခ်စ္ခြင့္ပန္စာေတြ အျပည့္႐ွိေနတယ္။
ေက်ာင္းကို လာတဲ့လမ္းတစ္ေလ်ွာက္မွာ
မိန္းမလွေလးေတြရဲ႕ မ်က္လံုးရဲြႀကီးေတြနဲ႔
လိုက္ၾကည့္ခံရလြန္းလို႔ ဒူးေတြေတာင္
ေခ်ာင္လာတယ္။

အတန္းထဲမွာလည္း သူနဲ႔
သူငယ္ခ်င္းျဖစ္ခ်င္တဲ့လူေတြ
တအားမ်ားလာတယ္။
ေဝ့႐ွင္းခ်န္ကလည္း သိပ္မေနတတ္တာေၾကာင့္
ဝါးတားေဖာလို ဖစ္႐ွ္ေဖာလိုပဲ ဆက္ဆံခ့ဲတယ္။

(A/N:ေရလိုက္ငါးလိုက္လို႔ ေရးတာ။ဒါျဗဲ။)

သိတဲ့အတိုင္းပဲ။
ေဝ့႐ွင္းခ်န္က introvertတစ္ေယာက္။
တစ္ေယာက္တည္း ေနရတာကို သေဘာက်ၿပီး
သူငယ္ခ်င္းလည္း သိပ္မ႐ွိ၊
လူေတြကိုလည္း သံသယမ်ားတတ္တဲ့သူ။
ဒါေၾကာင့္ ဒီလူေတြကို သူသေဘာမက်ဘူး။

အရင္ေဝ့႐ွင္းခ်န္တုန္းက ဒီလူေတြပဲ
ဝိုင္းအႏိုင္က်င့္ခဲ့ၾက၊ေလွာင္ေျပာင္ခဲ့ၾက
ေရနစ္သူကို ဝါးကူထိုးခဲ့ၾကတာ။
အခုက်မွ သူတို႔ေတြက
သူငယ္ခ်င္းျဖစ္ခ်င္တယ္တဲ့လား။

'ငါ့ဖင္ႀကီးကိုပဲ သူငယ္ခ်င္း'
ေဝ့႐ွင္းခ်န္က စိတ္ထဲမွာ က်ိန္ဆဲေနရင္း
မ်က္လံုးေတြက လက္စားေခ်ခ်င္စိတ္ေၾကာင့္
အေရာင္တဖ်က္ဖ်က္လက္ေနတယ္။

ဒါေပမဲ့ သူက ေလာေလာဆယ္မွာေတာ့
ဘာမွမလႈပ္႐ွားပဲ အလိုက္အထိုက္ပဲေနလိုက္တယ္။
ေဝ့႐ွင္းခ်န္ရဲ႕အျပစ္ကင္းစင္တဲ့ပံုေလးက
သူ႔ရဲ႕အေတြးေတြကို ဖံုးကြယ္ေပးထားတယ္။
သူ႔စိတ္ထဲမွာ ဘာေတြေတြးေနတယ္ဆိုတာ
ဘယ္သူမွ သိႏိုင္မွာမဟုတ္ဘူး။

တစ္ခ်ိန္တည္းမွာပဲ ဇာတ္လိုက္မဟာလည္း
မနာလိုဝန္တိုစိတ္ေတြနဲ႔ ျပည့္ေနတယ္။
တကယ္ဆိုရင္ ဒီေနရာက
သူမပိုင္ဆိုင္ရမဲ့ေနရာ။
သူမကိုပဲ အားလံုးက ဝိုင္းခ်စ္ရမွာ။

အခုေတာ့ သူမပိုင္ဆိုင္တဲ့အရာေတြကို
ဒီအမႈိက္ေကာင္က လုယူသြားခဲ့တယ္။
အရင္က ဆံပင္ဘုတ္သုိက္နဲ႔ေကာင္က
အခုဆံပင္ပံုစံေလး နည္းနည္းေျပာင္းလိုက္ရံုနဲ႔
ေတာ္ေတာ္ႀကီးခ်စ္စရာေကာင္းသြားမယ္လို႔
သူမ ထင္ေတာင္ မထင္ထားခဲ့ဘူး။

သူမက ေဝ့႐ွင္းခ်န္ကို မည္းနက္တဲ့မ်က္လံုးေတြနဲ႔
စိုက္ၾကည့္လိုက္ၿပီး ဘယ္သူမွ သတိမထားမိခင္မွာပဲ
တစ္ဖက္ကို ျပန္လွည့္သြားတယ္။
ဒါကို ေဝ့႐ွင္းခ်န္ကေတာ့ ျမင္ျဖစ္ေအာင္
ျမင္လိုက္ေသးတယ္။

ေဝ့႐ွင္းခ်န္က စိတ္ထဲမွာ ေလွာင္ရယ္ေနၿပီး
ေက်ာင္းစာမွာပဲ အာရံုကို ျပန္ႏွစ္ျမႇဳပ္ထားလိုက္တယ္။
ဒီနည္းအားျဖင့္ သူ႔ကို လာေႏွာင့္ယွက္မဲ့လူေတြကိုလည္း
ေ႐ွာင္႐ွားႏိုင္တယ္ေလ။

ဒီလိုနဲ႔ သူ႔ရဲ႕မ်က္လံုးေတြကို
ခဏေလာက္ ဒုကၡခံၿပီးေနာက္မွာ
သူေမ်ွာ္လင့္ေနတဲ့အခ်ိန္ကို
ေရာက္လာေတာ့တယ္။

[မုန္႔စားဆင္းခ်ိန္]

ေဝ့႐ွင္းခ်န္တစ္ေယာက္ဟာ
ဘဲလ္တီးသံကို ၾကားလိုက္ရတာနဲ႔
တၿပိဳင္နက္ ခ်က္ခ်င္းထၿပီး
ေခါင္မိုးထပ္ကို ေျပးေတာ့တယ္။
သူ႔ကို စကားလာေျပာမဲ့သူေတြကို
မသိခ်င္ေယာင္ေဆာင္ရင္းေပါ့။

ေက်ာင္းေခါင္မိုးထပ္ကို ေရာက္တဲ့အခါမွာေတာ့
အ့ံအားသင့္ဖြယ္ လွပတဲ့ျမင္ကြင္းက
သူ႔ကို ဆီးႀကိဳေနေတာ့တယ္။

အဲ့ဒါကေတာ့....

..........

............

(A/N:ဟယ္..ဒီauthorအစက္ေတြ ခ်ၿပီး
အရစ္႐ွည္ေနတယ္။ဘာလုပ္မွန္းမသိ..)

ဟုတ္ပါတယ္။
အားလံုး ခန္႔မွန္းထားၾကတဲ့အတိုင္း
ယြမ္နင္နဲ႔ ထမင္းဘူးေရာင္းဝယ္ေရး
အဲေလ..မဟုတ္ပါဘူး။
ထမင္းဘူးတသီတတန္းႀကီးကုိပါပဲ။

ဒါကို ျမင္လိုက္ရတဲ့
ေဝ့႐ွင္းခ်န္ရဲ႕မ်က္ႏွာေပၚမွာလည္း
အျပံဳးတစေပၚလာပါေတာ့တယ္။

ဒီလူကေတာ့ေလ..။
႐ိုးလိုက္အလိုက္တာေရာ....။

သူက ထမင္းဘူးကို
ခဏခဏထည့္ေျပာတယ္ဆိုတာ
သူ႔ရဲ႕ မူပိုင္လို ျဖစ္ေစခ်င္လို႔ေလ။
ဒါမွသာ ယြမ္နင္က တစ္ခုခုစားလိုက္တိုင္း၊
ထမင္းဘူးနဲ႔တူတဲ့ဟာ ျမင္လိုက္တိုင္း
သူ႔ကို ေျပးသတိရေတာ့မွာ မဟုတ္လား။

ဒါေပမဲ့ အခုေတာ့ ၾကည့္ပါအံုး။
ရဲြ႔လာသလားေတာင္ မွတ္ရတယ္။
ထမင္းဘူးပံုစံအမ်ိဳးမ်ိဳး၊ဆိုဒ္အႀကီးအေသး၊
အေရာင္ကအစ မတူေအာင္ ခဲြလာေသးတယ္။

တစ္ျခားလူေတြဆိုရင္ေတာ့ အထင္လဲြမိမွာ
အေသအခ်ာပါပဲ။
ဒါေပမဲ့ systemရဲ႕အကူအညီနဲ႔
ယြမ္နင့္အေၾကာင္းကို သိထားတဲ့သူကေတာ့
စိတ္မဆိုးရက္ႏိုင္႐ွာပါဘူး။

အဲ့ဒီ့အစား သူက အဲ့ထမင္းဘူးေတြကို
ဆိုင္မွာ ျပန္သြင္းရင္
ဘယ္ေလာက္ရမလဲဆိုတာကို
ေတြးေနမိေတာ့တယ္။

တကယ္ဆို ဒီထမင္းဘူးေတြနဲ႔
ဆိုင္တစ္ဆိုင္ေတာင္ ဖြင့္လို႔ရေနၿပီ။
သူ႔မွာ အစီအစဥ္ေတြ ႐ွိေနလုိ႔သာ
လုပ္လို႔ မရတာ။

ယြမ္နင္ကေတာ့ သူ႔ကို ျမင္တာနဲ႔
ျပံဳးျပလိုက္တဲ့ ကေလးေလးေၾကာင့္
တအားေပ်ာ္ရႊင္သြားေတာ့တယ္။
သူ႔ပံုစံက စာေမးပဲြေအာင္သြားလို႔
ဆုေပးခံခ်င္တဲ့ ကေလးေလးနဲ႔
တူေနတယ္ဆိုတာကို
သူ႔ကိုယ္သူ သတိမထားမိဘူး။

ေဝ့႐ွင္းခ်န္ကလည္း ဒီလူ႔မွာ
ကေလးဆန္တဲ့အပိုင္းေတြလည္း
႐ွိပါလားဆိုၿပီး ေတာ္ေတာ္အ့ံျသသြားတယ္။
ဒါေၾကာင့္ အျမန္ပဲ ခ်ီးက်ဴးေပးလိုက္တယ္။

"ဒါေတြက ခင္ဗ်ားစီစဥ္ထားတာလား။
တအားမိုက္တာပဲ"

"အင္း..မင္းႀကိဳက္ရင္ ၿပီးတာပဲ"

သူ႔မ်က္ႏွာက ခပ္တည္တည္ေနဖို႔
ႀကိဳးစားေနေပမဲ့ ေပ်ာ္ရႊင္ေနတဲ့ပံုက
ဖံုးမရဖိမရေအာင္ ေပၚေနတယ္။
ေဝ့႐ွင္းခ်န္က ဒါကို
မျမင္ခ်င္ေယာင္ေဆာင္ထားၿပီး
ခပ္ေအးေအးနဲ႔ ယြမ္နင္ျပင္ဆင္ေပးထားတဲ့
ေနရာမွာ ထိုင္ခ်လိုက္တယ္။

ေျပာမဲ့သာေျပာတာ။
ယြမ္နင္ ျပင္ဆင္ထားတာေလးကလည္း
တကယ္မိုက္တယ္။

ေလတျဖဴးျဖဴးတိုက္ေနတဲ့
ေက်ာင္းေခါင္မိုးထပ္ရဲ႕အလယ္မွာ
အျဖဴေရာင္ အမိုးဝိုင္းေလးတစ္ခု႐ွိေနတယ္။
ဒီေနရာေလးက သိပ္မက်ယ္ေပမဲ့
မိသားစုတစ္စုစာေလာက္ ေနလို႔ရတယ္။

အဲ့ေနရာမွာမွ ယြမ္နင္က
ဒန္းလွလွေလးတစ္ခု ခ်ေပးထားၿပီး
က်န္တဲ့ေနရာလြတ္မွာ ႏူးညံ့အိစက္တဲ့
ကတၱီပါေကာေဇာတစ္ခ်ပ္ကို ခင္းထားတယ္။

ေကာေဇာေပၚမွာေတာ့ ထမင္းဘူး၃ခု၄ခုက
အစီအရီခ်ထားၿပီး သူတို႔ရဲ႕ေနာက္က
ေကာေဇာမ႐ွိတဲ့ေနရာအလြတ္မွာေတာ့
ထမင္းဘူးကမာၻႀကီးတစ္ခုအလား
ဘူးေပါင္းေသာင္းေျခာက္ေထာင္နဲ႔
ျပည့္ႏွက္ေနတယ္။

ထမင္းဘူးေတြ မ႐ွိရင္ေတာ့
တကယ္ကို လွပတဲ့႐ူခင္းနဲ႔
ေပ်ာ္ပဲြစားခရီးေလးလို ျဖစ္သြားမွာပဲ။

အခုေတာ့ ထမင္းဘူးေတြေၾကာင့္
မ်က္စိထဲမွာ ႐ႈပ္ေထြးေနေပမဲ့
ဒါက သူ႔ရဲ႕ ေငြရေပါက္ႀကီး ျဖစ္တာမို႔
ေဝ့႐ွင္းခ်န္က အျပစ္မျမင္တဲ့အျပင္
ယြမ္နင့္ကို ပိုပိုသာသာႀကီး
အမွတ္ေတြ ေပးေနေတာ့တယ္။

ယြမ္နင္ကေတာ့ သူ႔ကေလးက
သူ႔ကိုခ်ီးက်ဴးလိုက္တာေၾကာင့္
တအားေပ်ာ္ေနၿပီး သူ႔ကေလးကို
ေဘးမွာ ထိုင္ေစလိုက္တယ္။

ၿပီးတာနဲ႔ သူက ထမင္းဘူးေတြကို
တစ္ခုၿပီး တစ္ခု ဖြင့္ျပလိုက္ေတာ့တယ္။

႐ွားလားလားလား......

(A/N:အသံက ထည့္ခ်င္လို႔ ထည့္တာ။ဝြန္း....)

ေမႊးႀကိဳင္တဲ့အနံ႔ေတြက ေနရာတစ္ခုလံုးမွာ
ျပည့္ႏွက္သြားၿပီး အရမ္းကိုမ်က္စိပဒသာျဖစ္ေစတဲ့
ဟင္းလ်ာေတြ ေပၚထြက္လာတာေၾကာင့္
ေဝ့႐ွင္းခ်န္ဟာ အိမ္မက္မက္ေနသလားေတာင္
ထင္မိသြားတယ္။

သူ႔ကိုယ္သူ မသိမသာေလးဆဲြဆိတ္ၾကည့္ဖို႔
ျပင္ေနစဥ္မွာပဲ သူ႔ပါးစပ္ေ႐ွ႕ကိုေရာက္လာတဲ့
တူတစ္ေခ်ာင္းကို ျမင္လိုက္ရတယ္။
အဲ့တူကေတာ့ ၾကက္သားဖက္တစ္ဖက္ကို
ညႇပ္ထားပါတယ္။

အေသအခ်ာပါပဲ။
အဲ့ဒီတူကို ကိုင္ထားတဲ့လက္ပိုင္႐ွင္ကေတာ့
ယြမ္နင္ပဲ ျဖစ္ပါတယ္။

ေဝ့႐ွင္းခ်န္ကလည္း ႐ုတ္တရက္ႀကီး
ပါးစပ္ေ႐ွ႕ေရာက္လာတဲ့အစာကိုၾကည့္ရင္း
အူေၾကာင္ေၾကာင္နဲ႔ ပါးစပ္ဟၿပီးစားလိုက္တယ္။
ၿပီးမွ သူဘာလုပ္မိမွန္း သူျပန္ရိပ္မိသြားတယ္။

အဲ့ဒါနဲ႔ ႐ွက္ကိုး႐ွက္ကန္းအမူအရာနဲ႔
ယြမ္နင့္ကိုေမးလိုက္တယ္။

"ခ..ခင္ဗ်ား ဒါက ဘာလုပ္တာလဲဟင္"

"ခြံ႔ေကြၽးတာေလ"

႐ုပ္တည္ႀကီးနဲ႔ ျပန္ေျဖလာတဲ့ ယြမ္နင္ေၾကာင့္
ေဝ့႐ွင္းခ်န္မွာ ပါးစပ္က အစာေတာင္
နင္သြားသလို ခံစားရတယ္။
ယြမ္နင္က အလိုက္တသိနဲ႔ ေရဘူးေလး
ယူေပးေတာ့ အငမ္းမရပဲ ေသာက္ခ်လိုက္တယ္။
ၿပီးမွပဲ သူက ယြမ္နင့္ကို ရန္ေစာင္ႏိုင္ေတာ့တယ္။

"ကြၽန္ေတာ္ ကေလးမဟုတ္ပါဘူးေနာ္။
ကိုယ့္ဟာကိုယ္ စားႏိုင္တယ္"

"ကိုယ္က ခြံ႔ေကြၽးတာ ေတာ္တယ္ေလ"

႐ုပ္တည္နဲ႔ ထပ္ေျပာလာတဲ့ ယြမ္နင္ေၾကာင့္
ေဝ့႐ွင္းခ်န္ခမ်ာ ေသြးအန္မလိုေတာင္
ျဖစ္သြားတယ္။

'ဒီလူအေတာ္ေလး မ်က္ႏွာေျပာင္တိုက္တတ္တာပဲ'လို႔
စိတ္ထဲက ေကာက္ခ်က္ခ်လိုက္တယ္။

"ကိုယ္က ခြံ႔ေကြၽးခ်င္လို႔ပါ။
မင္းပ်င္းရင္ ဂိမ္းေတြဘာေတြေဆာ့ေနလည္း
ရတယ္ေလ။ကိုယ္ခြံ႔ေကြၽးတာေလးပဲ
အသင့္စားေပါ့။ရတယ္မဟုတ္လား"

"ဒါ..ဒါေပမဲ့.."

"ကဲပါ..ျငင္းမေနနဲ႔ေတာ့..
ေရာ့..ပါးစပ္ဟ..အာ...."

ေျပာေျပာဆိုဆိုနဲ႔ ေနာက္ထပ္ၾကက္သားဖတ္
တစ္ဖတ္ ေကာက္ခြံ႔လာတဲ့ ယြမ္နင္ကို
ၾကည့္ရင္း သူ႔မွာ ဆြံ႔အသြားရေတာ့တယ္။

ဒီလူ...ဆီေလ်ာ္မႈ မ႐ွိလိုက္တာလို႔ ေတြးေနမိတယ္။
မေန႔တေန႔ကမွ စသိတဲ့လူကို ထမင္းခြံ႔ေကြၽးရလား။
အဲ့လို႐ိုးလို႔ ဇာတ္လိုက္မက သူ႔ကိုအခြင့္ေကာင္းယူတာ။

ကဲပါ..ဒီလူက ညီအကိုလုပ္တမ္း
ကစားခ်င္ေနတယ္ဆိုလည္း
သူ ကစားေပးလိုက္မယ္။
ဘာမွနစ္နာသြားတာမွ မဟုတ္တာ။
အပ်င္းထူတဲ့သူ႔အေနနဲ႔ ပိုေတာင္အဆင္ေျပေသး။

ေဝ့႐ွင္းခ်န္က ယြမ္နင့္ကို
ေပေစာင္းေစာင္းၾကည့္ရင္း
ခြံ႔ေကြၽးေနတဲ့အသားဖတ္ကို
စားလိုက္တယ္။

ယြမ္နင္ကေတာ့ ဝမ္းသာျပံဳးႀကီးနဲ႔
ေနာက္ထပ္ ေကာင္းႏိုးရာရာေတြကို
ခြံ႔ေကြၽးေနေတာ့တယ္။

တစ္ဖက္မွာေတာ့ လူတစ္ေယာက္ဟာ
အံ့ျသလြန္းလို႔ အသက္႐ူရပ္မတတ္
ျဖစ္ေနပါေတာ့တယ္။

Sat 20.5.2020 12:43AM 3282words

Unicode

ကျောင်းရဲ့ခေါင်မိုးထပ်မှာတော့
လူနှစ်ယောက်ရယ်၊ပုံစံအမျိုးမျိုးရှိတဲ့ထမင်းဘူး
အကြီးအသေးဆိုဒ်စုံ၊အရောင်စုံတွေနဲ့
ပြည့်နှက်နေတယ်။

ဝေ့ရှင်းချန်ကတော့ သူ့ရှေ့ကထမင်းဘူးတွေကို
ကြည့်ရင်း ကျေနပ်နေတယ်။
ယွမ်နင်က အပြုအမူက သူ့ကို
တကယ်ပဲ အားရစေတယ်။

သူ့မှာ မနေ့ညက မအိပ်ရသေးတာကြောင့်
အအိပ်မက်တဲ့လူတစ်ယောက်အနေနဲ့
စိတ်မကြည်တာ အမှန်ပဲ ဖြစ်တယ်။
ဒါကြောင့်မို့ ဆင်းရဲမွဲတေမှုဒဏ်ကိုတောင်
မခံစားနိုင်တော့ပဲ systemကို shopကနေ
ပိုက်ဆံတွေ ထုတ်လဲလို့ရလားလို့တောင်မှ
မေးခဲ့သေးတာ။သေချာပေါက် ..
အငြင်းခံရမယ်ဆိုတာ သိနေပေမဲ့လည်းပေါ့။

ပိုက်ဆံလည်း ထုတ်လဲလို့မရတော့
Systemဆီကနေ နို့ဘူးတွေကို လဲလိုက်တယ်။
နို့ဘူးကိုမှ အရသာအစုံ၊အပူအအေး အကုန်လုံးပဲ။
Systemကတော့ သူ့လိုကြီးမြတ်တဲ့systemကနေ
ဘာမဟုတ်တဲ့ နို့ဘူးလေးတွေပဲ လဲရမလားဆိုပြီး
အကြီးအကျယ်ဒေါခွီးနေတော့တယ်။

ဝေ့ရှင်းချန်လည်း မတတ်နိုင်ဘူးလေ။
တကယ်ဆို သူက မနက်နိုးရင်ရော၊ညအိပ်ခါနီးရော
နို့တစ်ခွက်လောက် သောက်ပြီးမှ
နေသာထိုင်သာ ရှိတာ။
မနေ့က တစ်နေ့လုံးသည်းခံခဲ့ပေမဲ့
အခု တညလုံးမအိပ်ရတော့
သူလည်း သည်းမခံနိုင်တော့ဘူး။

(A/N:ဝေ့ရှင်းချန်ရဲ့ခန္ဓာကိုယ်က cheatတွေကြောင့်
အဆင့်မြင့်နေသလို စိတ်ကလည်း cheatကြောင့်
သာမန်levelမဟုတ်ပါဘူး။ဒါကြောင့် မအိပ်ရလည်း
ဘာမှမဖြစ်ပါဘူးနော်။သူနို့သောက်တာ စိတ်အစွဲကြောင့်ပါ။ဤသည်ကား စကားချပ်။)

မကြာခင်မှာပဲ  systemရဲ့ပွစိပွစိစကားသံတွေကြား
ဗလာကျင်းနေတဲ့သူ့ရဲ့ ရေခဲသေတ္တာလေးဟာ
နို့ဘူးပေါင်းသောင်းခြောက်ထောင်နဲ့
ပြည့်နှက်သွားတော့တယ်။

ဝေ့ရှင်းချန်ကလည်း အိပ်မရမဲ့အတူတူ
Systemနဲ့ တော်ကီဖုတ်ရင်း
နို့ဘူးတွေ တဘူးပြီးတဘူး သောက်နေလိုက်တယ်။
သူ့ရဲ့အနာဂတ်planတွေကို တွက်ချက်ဖို့လည်း
ဘယ်မေ့ပါ့မလဲ။

မနက်လင်းပြီး ကျောင်းချိန်ရောက်မှပဲ
ကျောင်းကို ထွက်လာခဲ့တယ်။
သူက systemဆီကနေ စုံစမ်းပြီးပြီမို့
ကျောင်းမှာ ပြန့်နေတဲ့သတင်းတွေအကုန်လုံး
သိပြီးသွားခဲ့ပြီ။

ယွမ်နင်နဲ့ သူ့ကို အဲ့လိုကြီးshipပေးကြမယ်လို့
သူ ထင်မထားခဲ့တဲ့အတွက် systemဆီကနေ
သတင်းကို ရတဲ့အခါ ယုံတောင်မယုံနိုင်ဘူး
ဖြစ်သွားတယ်။

သူ့ခန္ဓာကိုယ်က တကယ်ပဲukeပုံလေးဆိုနေပေမဲ့
လူတစ်ယောက်ကို အပေါ်ယံပဲ ကြည့်ပြီး
သတ်မှတ်လို့ မရဘူးလေ။
ဒီလူတွေက ဘယ်လိုတောင် သူ့ကို
အောက်ထပ်ဆင်းခိုင်းရဲတာလဲ။
သူ့အစီအစဉ်တွေပြီးလို့ကတော့
အားလုံးကို သင်ခန်းစာပေးရမယ်လို့
စိတ်ထဲက တေးထားလိုက်တယ်။

ကျောင်းမှာတော့ သူ့ရဲ့အနေအထားက
တအားကောင်းနေတယ်လို့ ပြောရမယ်။
သူ့ရဲ့စားပွဲခုံမှာ ချောကလက်ဘူးတွေ၊အရုပ်တွေနဲ့
ချစ်ခွင့်ပန်စာတွေ အပြည့်ရှိနေတယ်။
ကျောင်းကို လာတဲ့လမ်းတစ်လျှောက်မှာ
မိန်းမလှလေးတွေရဲ့ မျက်လုံးရွဲကြီးတွေနဲ့
လိုက်ကြည့်ခံရလွန်းလို့ ဒူးတွေတောင်
ချောင်လာတယ်။

အတန်းထဲမှာလည်း သူနဲ့
သူငယ်ချင်းဖြစ်ချင်တဲ့လူတွေ
တအားများလာတယ်။
ဝေ့ရှင်းချန်ကလည်း သိပ်မနေတတ်တာကြောင့်
ဝါးတားဖောလို ဖစ်ရှ်ဖောလိုပဲ ဆက်ဆံခဲ့တယ်။

(A/N:ရေလိုက်ငါးလိုက်လို့ ရေးတာ။ဒါဗြဲ။)

သိတဲ့အတိုင်းပဲ။
ဝေ့ရှင်းချန်က introvertတစ်ယောက်။
တစ်ယောက်တည်း နေရတာကို သဘောကျပြီး
သူငယ်ချင်းလည်း သိပ်မရှိ၊
လူတွေကိုလည်း သံသယများတတ်တဲ့သူ။
ဒါကြောင့် ဒီလူတွေကို သူသဘောမကျဘူး။

အရင်ဝေ့ရှင်းချန်တုန်းက ဒီလူတွေပဲ
ဝိုင်းအနိုင်ကျင့်ခဲ့ကြ၊လှောင်ပြောင်ခဲ့ကြ
ရေနစ်သူကို ဝါးကူထိုးခဲ့ကြတာ။
အခုကျမှ သူတို့တွေက
သူငယ်ချင်းဖြစ်ချင်တယ်တဲ့လား။

'ငါ့ဖင်ကြီးကိုပဲ သူငယ်ချင်း'
ဝေ့ရှင်းချန်က စိတ်ထဲမှာ ကျိန်ဆဲနေရင်း
မျက်လုံးတွေက လက်စားချေချင်စိတ်ကြောင့်
အရောင်တဖျက်ဖျက်လက်နေတယ်။

ဒါပေမဲ့ သူက လောလောဆယ်မှာတော့
ဘာမှမလှုပ်ရှားပဲ အလိုက်အထိုက်ပဲနေလိုက်တယ်။
ဝေ့ရှင်းချန်ရဲ့အပြစ်ကင်းစင်တဲ့ပုံလေးက
သူ့ရဲ့အတွေးတွေကို ဖုံးကွယ်ပေးထားတယ်။
သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ
ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး။

တစ်ချိန်တည်းမှာပဲ ဇာတ်လိုက်မဟာလည်း
မနာလိုဝန်တိုစိတ်တွေနဲ့ ပြည့်နေတယ်။
တကယ်ဆိုရင် ဒီနေရာက
သူမပိုင်ဆိုင်ရမဲ့နေရာ။
သူမကိုပဲ အားလုံးက ဝိုင်းချစ်ရမှာ။

အခုတော့ သူမပိုင်ဆိုင်တဲ့အရာတွေကို
ဒီအမှိုက်ကောင်က လုယူသွားခဲ့တယ်။
အရင်က ဆံပင်ဘုတ်သိုက်နဲ့ကောင်က
အခုဆံပင်ပုံစံလေး နည်းနည်းပြောင်းလိုက်ရုံနဲ့
တော်တော်ကြီးချစ်စရာကောင်းသွားမယ်လို့
သူမ ထင်တောင် မထင်ထားခဲ့ဘူး။

သူမက ဝေ့ရှင်းချန်ကို မည်းနက်တဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်လိုက်ပြီး ဘယ်သူမှ သတိမထားမိခင်မှာပဲ
တစ်ဖက်ကို ပြန်လှည့်သွားတယ်။
ဒါကို ဝေ့ရှင်းချန်ကတော့ မြင်ဖြစ်အောင်
မြင်လိုက်သေးတယ်။

ဝေ့ရှင်းချန်က စိတ်ထဲမှာ လှောင်ရယ်နေပြီး
ကျောင်းစာမှာပဲ အာရုံကို ပြန်နှစ်မြှုပ်ထားလိုက်တယ်။
ဒီနည်းအားဖြင့် သူ့ကို လာနှောင့်ယှက်မဲ့လူတွေကိုလည်း
ရှောင်ရှားနိုင်တယ်လေ။

ဒီလိုနဲ့ သူ့ရဲ့မျက်လုံးတွေကို
ခဏလောက် ဒုက္ခခံပြီးနောက်မှာ
သူမျှော်လင့်နေတဲ့အချိန်ကို
ရောက်လာတော့တယ်။

[မုန့်စားဆင်းချိန်]

ဝေ့ရှင်းချန်တစ်ယောက်ဟာ
ဘဲလ်တီးသံကို ကြားလိုက်ရတာနဲ့
တပြိုင်နက် ချက်ချင်းထပြီး
ခေါင်မိုးထပ်ကို ပြေးတော့တယ်။
သူ့ကို စကားလာပြောမဲ့သူတွေကို
မသိချင်ယောင်ဆောင်ရင်းပေါ့။

ကျောင်းခေါင်မိုးထပ်ကို ရောက်တဲ့အခါမှာတော့
အံ့အားသင့်ဖွယ် လှပတဲ့မြင်ကွင်းက
သူ့ကို ဆီးကြိုနေတော့တယ်။

အဲ့ဒါကတော့....

..........

............

(A/N:ဟယ်..ဒီauthorအစက်တွေ ချပြီး
အရစ်ရှည်နေတယ်။ဘာလုပ်မှန်းမသိ..)

ဟုတ်ပါတယ်။
အားလုံး ခန့်မှန်းထားကြတဲ့အတိုင်း
ယွမ်နင်နဲ့ ထမင်းဘူးရောင်းဝယ်ရေး
အဲလေ..မဟုတ်ပါဘူး။
ထမင်းဘူးတသီတတန်းကြီးကိုပါပဲ။

ဒါကို မြင်လိုက်ရတဲ့
ဝေ့ရှင်းချန်ရဲ့မျက်နှာပေါ်မှာလည်း
အပြုံးတစပေါ်လာပါတော့တယ်။

ဒီလူကတော့လေ..။
ရိုးလိုက်အလိုက်တာရော....။

သူက ထမင်းဘူးကို
ခဏခဏထည့်ပြောတယ်ဆိုတာ
သူ့ရဲ့ မူပိုင်လို ဖြစ်စေချင်လို့လေ။
ဒါမှသာ ယွမ်နင်က တစ်ခုခုစားလိုက်တိုင်း၊
ထမင်းဘူးနဲ့တူတဲ့ဟာ မြင်လိုက်တိုင်း
သူ့ကို ပြေးသတိရတော့မှာ မဟုတ်လား။

ဒါပေမဲ့ အခုတော့ ကြည့်ပါအုံး။
ရွဲ့လာသလားတောင် မှတ်ရတယ်။
ထမင်းဘူးပုံစံအမျိုးမျိုး၊ဆိုဒ်အကြီးအသေး၊
အရောင်ကအစ မတူအောင် ခွဲလာသေးတယ်။

တစ်ခြားလူတွေဆိုရင်တော့ အထင်လွဲမိမှာ
အသေအချာပါပဲ။
ဒါပေမဲ့ systemရဲ့အကူအညီနဲ့
ယွမ်နင့်အကြောင်းကို သိထားတဲ့သူကတော့
စိတ်မဆိုးရက်နိုင်ရှာပါဘူး။

အဲ့ဒီ့အစား သူက အဲ့ထမင်းဘူးတွေကို
ဆိုင်မှာ ပြန်သွင်းရင်
ဘယ်လောက်ရမလဲဆိုတာကို
တွေးနေမိတော့တယ်။

တကယ်ဆို ဒီထမင်းဘူးတွေနဲ့
ဆိုင်တစ်ဆိုင်တောင် ဖွင့်လို့ရနေပြီ။
သူ့မှာ အစီအစဉ်တွေ ရှိနေလို့သာ
လုပ်လို့ မရတာ။

ယွမ်နင်ကတော့ သူ့ကို မြင်တာနဲ့
ပြုံးပြလိုက်တဲ့ ကလေးလေးကြောင့်
တအားပျော်ရွှင်သွားတော့တယ်။
သူ့ပုံစံက စာမေးပွဲအောင်သွားလို့
ဆုပေးခံချင်တဲ့ ကလေးလေးနဲ့
တူနေတယ်ဆိုတာကို
သူ့ကိုယ်သူ သတိမထားမိဘူး။

ဝေ့ရှင်းချန်ကလည်း ဒီလူ့မှာ
ကလေးဆန်တဲ့အပိုင်းတွေလည်း
ရှိပါလားဆိုပြီး တော်တော်အံ့သြသွားတယ်။
ဒါကြောင့် အမြန်ပဲ ချီးကျူးပေးလိုက်တယ်။

"ဒါတွေက ခင်ဗျားစီစဉ်ထားတာလား။
တအားမိုက်တာပဲ"

"အင်း..မင်းကြိုက်ရင် ပြီးတာပဲ"

သူ့မျက်နှာက ခပ်တည်တည်နေဖို့
ကြိုးစားနေပေမဲ့ ပျော်ရွှင်နေတဲ့ပုံက
ဖုံးမရဖိမရအောင် ပေါ်နေတယ်။
ဝေ့ရှင်းချန်က ဒါကို
မမြင်ချင်ယောင်ဆောင်ထားပြီး
ခပ်အေးအေးနဲ့ ယွမ်နင်ပြင်ဆင်ပေးထားတဲ့
နေရာမှာ ထိုင်ချလိုက်တယ်။

ပြောမဲ့သာပြောတာ။
ယွမ်နင် ပြင်ဆင်ထားတာလေးကလည်း
တကယ်မိုက်တယ်။

လေတဖြူးဖြူးတိုက်နေတဲ့
ကျောင်းခေါင်မိုးထပ်ရဲ့အလယ်မှာ
အဖြူရောင် အမိုးဝိုင်းလေးတစ်ခုရှိနေတယ်။
ဒီနေရာလေးက သိပ်မကျယ်ပေမဲ့
မိသားစုတစ်စုစာလောက် နေလို့ရတယ်။

အဲ့နေရာမှာမှ ယွမ်နင်က
ဒန်းလှလှလေးတစ်ခု ချပေးထားပြီး
ကျန်တဲ့နေရာလွတ်မှာ နူးညံ့အိစက်တဲ့
ကတ္တီပါကောဇောတစ်ချပ်ကို ခင်းထားတယ်။

ကောဇောပေါ်မှာတော့ ထမင်းဘူး၃ခု၄ခုက
အစီအရီချထားပြီး သူတို့ရဲ့နောက်က
ကောဇောမရှိတဲ့နေရာအလွတ်မှာတော့
ထမင်းဘူးကမ္ဘာကြီးတစ်ခုအလား
ဘူးပေါင်းသောင်းခြောက်ထောင်နဲ့
ပြည့်နှက်နေတယ်။

ထမင်းဘူးတွေ မရှိရင်တော့
တကယ်ကို လှပတဲ့ရူခင်းနဲ့
ပျော်ပွဲစားခရီးလေးလို ဖြစ်သွားမှာပဲ။

အခုတော့ ထမင်းဘူးတွေကြောင့်
မျက်စိထဲမှာ ရှုပ်ထွေးနေပေမဲ့
ဒါက သူ့ရဲ့ ငွေရပေါက်ကြီး ဖြစ်တာမို့
ဝေ့ရှင်းချန်က အပြစ်မမြင်တဲ့အပြင်
ယွမ်နင့်ကို ပိုပိုသာသာကြီး
အမှတ်တွေ ပေးနေတော့တယ်။

ယွမ်နင်ကတော့ သူ့ကလေးက
သူ့ကိုချီးကျူးလိုက်တာကြောင့်
တအားပျော်နေပြီး သူ့ကလေးကို
ဘေးမှာ ထိုင်စေလိုက်တယ်။

ပြီးတာနဲ့ သူက ထမင်းဘူးတွေကို
တစ်ခုပြီး တစ်ခု ဖွင့်ပြလိုက်တော့တယ်။

ရှားလားလားလား......

(A/N:အသံက ထည့်ချင်လို့ ထည့်တာ။ဝွန်း....)

မွှေးကြိုင်တဲ့အနံ့တွေက နေရာတစ်ခုလုံးမှာ
ပြည့်နှက်သွားပြီး အရမ်းကိုမျက်စိပဒသာဖြစ်စေတဲ့
ဟင်းလျာတွေ ပေါ်ထွက်လာတာကြောင့်
ဝေ့ရှင်းချန်ဟာ အိမ်မက်မက်နေသလားတောင်
ထင်မိသွားတယ်။

သူ့ကိုယ်သူ မသိမသာလေးဆွဲဆိတ်ကြည့်ဖို့
ပြင်နေစဉ်မှာပဲ သူ့ပါးစပ်ရှေ့ကိုရောက်လာတဲ့
တူတစ်ချောင်းကို မြင်လိုက်ရတယ်။
အဲ့တူကတော့ ကြက်သားဖက်တစ်ဖက်ကို
ညှပ်ထားပါတယ်။

အသေအချာပါပဲ။
အဲ့ဒီတူကို ကိုင်ထားတဲ့လက်ပိုင်ရှင်ကတော့
ယွမ်နင်ပဲ ဖြစ်ပါတယ်။

ဝေ့ရှင်းချန်ကလည်း ရုတ်တရက်ကြီး
ပါးစပ်ရှေ့ရောက်လာတဲ့အစာကိုကြည့်ရင်း
အူကြောင်ကြောင်နဲ့ ပါးစပ်ဟပြီးစားလိုက်တယ်။
ပြီးမှ သူဘာလုပ်မိမှန်း သူပြန်ရိပ်မိသွားတယ်။

အဲ့ဒါနဲ့ ရှက်ကိုးရှက်ကန်းအမူအရာနဲ့
ယွမ်နင့်ကိုမေးလိုက်တယ်။

"ခ..ခင်ဗျား ဒါက ဘာလုပ်တာလဲဟင်"

"ခွံ့ကျွေးတာလေ"

ရုပ်တည်ကြီးနဲ့ ပြန်ဖြေလာတဲ့ ယွမ်နင်ကြောင့်
ဝေ့ရှင်းချန်မှာ ပါးစပ်က အစာတောင်
နင်သွားသလို ခံစားရတယ်။
ယွမ်နင်က အလိုက်တသိနဲ့ ရေဘူးလေး
ယူပေးတော့ အငမ်းမရပဲ သောက်ချလိုက်တယ်။
ပြီးမှပဲ သူက ယွမ်နင့်ကို ရန်စောင်နိုင်တော့တယ်။

"ကျွန်တော် ကလေးမဟုတ်ပါဘူးနော်။
ကိုယ့်ဟာကိုယ် စားနိုင်တယ်"

"ကိုယ်က ခွံ့ကျွေးတာ တော်တယ်လေ"

ရုပ်တည်နဲ့ ထပ်ပြောလာတဲ့ ယွမ်နင်ကြောင့်
ဝေ့ရှင်းချန်ခမျာ သွေးအန်မလိုတောင်
ဖြစ်သွားတယ်။

'ဒီလူအတော်လေး မျက်နှာပြောင်တိုက်တတ်တာပဲ'လို့
စိတ်ထဲက ကောက်ချက်ချလိုက်တယ်။

"ကိုယ်က ခွံ့ကျွေးချင်လို့ပါ။
မင်းပျင်းရင် ဂိမ်းတွေဘာတွေဆော့နေလည်း
ရတယ်လေ။ကိုယ်ခွံ့ကျွေးတာလေးပဲ
အသင့်စားပေါ့။ရတယ်မဟုတ်လား"

"ဒါ..ဒါပေမဲ့.."

"ကဲပါ..ငြင်းမနေနဲ့တော့..
ရော့..ပါးစပ်ဟ..အာ...."

ပြောပြောဆိုဆိုနဲ့ နောက်ထပ်ကြက်သားဖတ်
တစ်ဖတ် ကောက်ခွံ့လာတဲ့ ယွမ်နင်ကို
ကြည့်ရင်း သူ့မှာ ဆွံ့အသွားရတော့တယ်။

ဒီလူ...ဆီလျော်မှု မရှိလိုက်တာလို့ တွေးနေမိတယ်။
မနေ့တနေ့ကမှ စသိတဲ့လူကို ထမင်းခွံ့ကျွေးရလား။
အဲ့လိုရိုးလို့ ဇာတ်လိုက်မက သူ့ကိုအခွင့်ကောင်းယူတာ။

ကဲပါ..ဒီလူက ညီအကိုလုပ်တမ်း
ကစားချင်နေတယ်ဆိုလည်း
သူ ကစားပေးလိုက်မယ်။
ဘာမှနစ်နာသွားတာမှ မဟုတ်တာ။
အပျင်းထူတဲ့သူ့အနေနဲ့ ပိုတောင်အဆင်ပြေသေး။

ဝေ့ရှင်းချန်က ယွမ်နင့်ကို
ပေစောင်းစောင်းကြည့်ရင်း
ခွံ့ကျွေးနေတဲ့အသားဖတ်ကို
စားလိုက်တယ်။

ယွမ်နင်ကတော့ ဝမ်းသာပြုံးကြီးနဲ့
နောက်ထပ် ကောင်းနိုးရာရာတွေကို
ခွံ့ကျွေးနေတော့တယ်။

တစ်ဖက်မှာတော့ လူတစ်ယောက်ဟာ
အံ့သြလွန်းလို့ အသက်ရူရပ်မတတ်
ဖြစ်နေပါတော့တယ်။

Sat 20.5.2020 12:43AM 3282words

Continue Reading

You'll Also Like

69.6K 3.9K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
230K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
270K 6.2K 58
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
41.9K 1.4K 18
18 year old Ymir grew up on the outskirts of a small Romanian village. On her 18th birthday she sought out to run away from home when things haven't...