နမ္ဂြၽန္း ေဆာ့ဂ်င္ရဲ႕အေဆာင္ကိုေျပးလာၿပီး အေဆာင္ေရာက္ေတာ့ တံခါးဖြင့္လာတာကိုမေစာင့္ဘဲ ဆြဲဖြင့္လိုက္သည္။
တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတဲ့ျမင္ကြင္းက နမ္ဂြၽန္းကို ေသြးပ်က္ေစသည္။
အိပ္ရာေဘးတြင္ ေခြယိုင္လဲေနၿပီး အသက္ကိုလု႐ွဴေနတဲ့
ေဆာ့ဂ်င္။
နမ္ဂြၽန္ူလည္း ေဆာ့ဂ်င္ေဘးကိုေျပးသြားၿပီး ေဆာ့ဂ်င္ကိုယ္လံုးေလးကိုဆြဲေပြ႕လိုက္သည္။
"ဟာ ပူက်စ္ေနတာပဲ"
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကိုကုတင္ေပၚ အျမန္တင္ေပးလိုက္ၿပီး သမားေတာ္ေခၚခိုင္းလိုက္သည္။
သမားေတာ္လာတာၾကာေနေတာ့ နမ္ဂြၽန္းလည္း မေစာင့္ႏိုင္ေတာ့ဘဲ ေဆာ့ဂ်င္ရဲ႕ အဝတ္ေတြကို ဆြဲခြၽတ္ၿပီး ေရဝတ္ႏွင့္တစ္ကိုယ္လံုးတိုက္ေပးရေတာ့သည္။
ခိုက္ခိုက္တုန္ေနသည့္အျပင္ ႏႈတ္ခမ္းဖူးဖူးေလးတို႔က တစ္ဆက္ဆက္တုန္ရင္ေနတာမို႔ နမ္ဂြၽန္း စိုးရိမ္လြန္လာသည္။
"စစ္သူႀကီးကင္မ္ သမားေတာ္ေတြေရာက္လာပါၿပီ"
နမ္ဂြၽန္းလည္း ေဆာ့ဂ်င္ကို ေငးၾကည့္ေနရံုမွလြဲၿပီး ဘာမွမလုပ္ႏိုင္ေတာ့..။
ေဆာ့ဂ်င္ ဒီလိုေတြျဖစ္တာ နမ္ဂြၽန္းတစ္ခါမွ မျမင္ဖူး..။
တစ္ကိုယ္လံုးတုန္ေနၿပီး အသက္ကိုလု႐ွဴေနရတဲ့အျပင္
ပူက်စ္ေနသည္။
သမားေတာ္ေတြက ေဆာ့ဂ်င္ကို ဝိုင္းၿပီးေဆးကုေပးေနၾကသည္။ နမ္ဂြၽန္းေဇာေခြၽးေတြျပန္ေနၿပီး ေဆာ့ဂ်င္ရဲ႕လက္ကို လြတ္ဖြက္မတတ္ဆုပ္ကိုင္ထားလိုကိသည္။
"အဆင္ေျပပါတယ္ စစ္သူႀကီးကင္မ္ "
နမ္ဂြၽန္းေခါင္းသာငံု႔ျပလိုက္ၿပီး ေဆာ့ဂ်င္လက္ေလးကို ငံု႔နမ္းေနမိသည္။
နမ္ဂြၽန္းေတာင္မသိလိုက္ခင္မွာပဲ မ်က္ဝန္းကေန မ်က္ရည္တို႔ကအဆက္မျပတ္က်လာသည္။
မိဖုရားတင္ေျမႇာက္ပြဲကိုတစ္ေနကုန္လုပ္ေနတာမို႔ ေဆာ့ဂ်င္မိဘေတြအပါအဝင္ ေဆာ့ဂ်င္ကို ဂ႐ုမထားမိတာကို နမ္ဂြၽန္းသိသည္။
"ကိုယ့္ေၾကာင့္ပါ ကေလးရယ္ ကိုယ့္ေၾကာင့္ပဲမင္းအျမဲတမ္း နာက်င္ေနရတာပါ ကေလးရာ ကိုယ္ေတာင္းပန္ပါတယ္"
နမ္ဂြၽန္း ေဆာ့ဂ်င္ လက္ဖဝါးေလးကို လႊတ္ေပးလိုက္ၿပီး ေဆာ့ဂ်င္ရဲ႕ ကိုယ္ေဖ်ာ့ေဖ်ာ့ေလးကို သိမ္းၾကံဳးဖက္ထားလိုက္သည္။
ထို႔ေနာက္ ပူေႏြးေႏြးနဖူးေလးကို ႏႈတ္ခမ္းထူထူတို႔ႏွင့္ ဖိနမ္းထားလိုက္သည္။
ေနာက္ဆံုးေတာ့ မ်က္လံုးတို႔က ေမွးစင္းလာၿပီး အိပ္စက္ျခင္းဆီသို႔..။
သူလည္းသိပ္ပင္ပန္းေနၿပီေလ...။
"သိပ္ခ်စ္တယ္ ဂ်င္"
ေဆာ့ဂ်င္မ်က္လံုးတို႔ေလးလံစြာ ပြင့္လာၿပီး ဦးေခါင္းက ထံုက်ဥ္က်ဥ္ကိုက္ခဲမႈတို႔က အတိုင္းအဆမဲ့...။
ခပ္ေႏြးေႏြးရင္ေငြ႔ကို ေခါင္းတိုးဝင္နမ္း႐ိႈက္မိသည္။
ေဆာ့ဂ်င္သိပါသည္။ဒီရင္ေငြ႕ကို အလြတ္လိုလို မွတ္မိေနၿပီးသား။ေဆာ့ဂ်င္ နမ္ဂြၽန္းရဲ႕ ေမး႐ိုးထင္းထင္းကို ေမာ့နမ္းလိုက္ေတာ့ ေခါင္းကထိုးကိုက္လာေတာ့သည္။
ဒါေၾကာက့္ ေဆာ့ဂ်င္လည္း နမ္ဂြၽန္းရဲ႕ လက္ေမာင္းၾကားထဲတိုးဝင္ၿပီး တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။
"ပင္ပန္းေနမွာပဲ ဂြၽန္းရယ္"
နမ္ဂြၽန္းရင္ခြင္ထဲက လႈပ္တုပ္တုပ္ျဖစ္လာတဲ့ ခနၶာကိုယ္ေလးကို တင္းေနေအာင္ဖက္ၿပီး ဆံပင္႐ွည္႐ွည္တို႔ကို ပြတ္တပ္ေပးလိုက္သည္။
"ဂြၽန္း......"
ရင္ခြင္ထဲကေနထြက္ေပၚလာတဲ့ အသံပိစိေလး။
"ကိုယ္ေတာင္းပန္ပါတယ္ ကေလးရယ္"
"ငါ့အမွားပါ ဂြၽန္း"
"ကိုယ္ကေတာင္းပန္ရမွာ မင္းရဲ႕အေျခအေနကိုသိရက္နဲ႔"
နမ္ဂြၽန္းစကားေၾကာင့္ ရင္ခြင္ထဲက ေဆာ့ဂ်င္က ေခါင္းေထာင္လာသည္။
"အေျခအေန"
အစကတည္းကမွ ကိုယ့္ကိုကိုယ္ စိတ္ပ်က္ေနတာကို နမ္ဂြၽန္းဆီမွ အေျခအေနဆိုတဲ့ စကားကိုၾကားလိုက္ရတာမို႔ ေဆာ့ဂ်င္ ငိုခ်င္မိသည္။
"ငါက ေယာက်္ားေလးတစ္ေယာက္ျဖစ္ရက္နဲ႔ အားနည္းလြန္းတယ္ ဂြၽန္း"
နမ္ဂြၽန္းလည္း ထိုအခါမွသူစကားမွားသြားမွန္းသိၿပီး ေဆာ့ဂ်င္ကို ေထြးေပြ႔ထားလိုက္သည္။
"ကိုယ္အဲ့လို ဆိုလိုတာမဟုတ္ဘူး ဂ်င္"
"ခ်စ္တယ္ ဂြၽန္း...."
"ကိုယ္လည္းမင္းကို ခ်စ္တယ္ ဂ်င္"
"ဗိုက္ဆာလား ဂ်င္"
"ဟင့္အင္း မင္းရင္ခြင္ထဲမွာပဲ ဒီလိုမ်ိဳးေလး အိပ္ခ်င္တာ"
နမ္ဂြၽန္းရင္ဘက္ေပၚ ေခါင္းမွီတင္ၿပီး ခြၽဲတဲ့အသံေလးနဲ႔ေျပာလိုက္တဲ့ ေဆာ့ဂ်င္ေၾကာင့္ နမ္ဂြၽန္းအူယားလာသည္။
နမ္ဂြၽန္း ေဆာ့ဂ်င္ရဲ႕ ကိုယ္လံုးေလးကိုေပြ႔ခ်ီၿပီး အျပင္ထြက္လာခဲ့သည္။
ေဆာ့ဂ်င္ကေတာ့ အလန္႔တၾကားႏွင့္ နမ္ဂြၽန္းအက်ီ ၤစကို ဆြဲဆုပ္သည္။
နမ္ဂြၽန္း ေဆာ့ဂ်င္ကို ေပြ႔ခ်ီလာၿပီး ဥယ်ဥ္သို႔ေခၚလာခဲ့သည္။
ေဆာ့ဂ်င္လည္း နမ္ဂြၽန္း ပခုံးေပၚေမးေလးတင္ၿပီး လိုက္လာခဲ့သည္။
"ဂ်င္ ဒီေန႔ လျပည့္ေန႔ေလ"
နမ္ဂြၽန္း ေဆာ့ဂ်င္ကို ထိုင္ခံုေပၚခ်ေပးလိုက္ၿပီး ေဘးတြင္ဝင္ထိုင္ကာ ကိုယ္လံုးေလးကို ဆြဲေပြ႔ထားလိုက္သည္။
"ဝွါး လွလိုက္တာ ဂြၽန္း"
ေဆာ့ဂ်င္တစ္ေယာက္ နမ္ဂြၽန္းရင္ခြက္ထဲကေန ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ေတာ့ ေခါင္းမူးေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္း မသိေတာ့။
"လွမွန္းသိလို႔ ေခၚခဲ့တာေပါ့"
ေကာင္းကင္တစ္ခြင္ လမင္းႀကီးကထိန္ထိန္သာၿပီး ၾကယ္တာရာကေတာက္ပလို႔ေနသည္။
ထိုစဥ္ေကာင္းကင္မွ ေျမျပင္ေပၚသို ေႂကြက်လာသည့္ ၾကယ္တစ္ခု။
"ဂြၽန္း ဟိုမွာၾကယ္ေႂကြသြားၿပီး ဆုေတာင္း ဂြၽန္း"
ေကာင္းကင္ကို ေမာ့ၾကည့္ေနတဲ့ ေဆာ့ဂ်င္က မ်က္လံုးမွိတ္ၿပီးဆုေတာင္းေနတာမို႔ နမ္ဂြၽန္းလည္း ေဆာ့ဂ်င္လို လိုက္လုပ္မိသည္။
ခနေနေတာ့ ႏွစ္ေယာက္လံုးဆုေတာင္းလို႔ၿပီးသြားသည္။
"ဂ်င္ ဘာဆုေတာင္းလည္း"
"ဟင့္အင္း ဆုေတာင္းဆိုတာ သူမ်ားကိုျပန္ေျပာျပရင္ မျပည့္ဘူးတဲ့"
ရင္ခြင္ထဲကေန ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္႐ွင္းျပလာတဲ့ ေဆာ့ဂ်င္ေၾကာင့္ နမ္ဂြၽန္းမွာ ပါးခ်ိဳင့္ႀကီးေတြခြက္ေအာင္ျပံဳးလိုက္မိသည္။
ေဆာ့ဂ်င္ ျပံဳးရံုသာျပံဳးလိုက္ၿပီး ေကာင္ကင္ကိုေမာ့ၾကည့္ေနလိုက္သည္။
နမ္ဂြၽန္းကေတာ့ ေဆာ့ဂ်င္ကိုသာ အျမတ္တႏိုးေငးၾကည့္ေနမိသည္။
ေအးခ်မ္းလွတဲ့ေကာင္းကင္ႀကီးကိုၾကည့္ရတာေျပာတယ္ဂြၽန္း
အထူးသျဖင့္ မင္းနဲ႔အတူေပါ့။
အကုန္လံုးကို ေမ့ထားလိုက္ၿပီး မင္းနဲ႔အတူ တန္ဖိုး႐ွိၿပီး အဖိုးတန္တဲ့ အခ်ိန္ေလးေတြကို ကုန္ဆံုးခ်င္ပါတယ္ ဂြၽန္း။
သိပ္ခ်စ္တယ္ ဂ်င္။
ကိုယ္ထင္သလိုျဖစ္မလားဘူး ဂ်င္။
ကိုယ္နဲ႔ မင္းနဲ႔ အတူတူျဖစ္လာေတာ့မယ္ ဂ်င္။
အေျခအေနေတြၿငိမ္သြားရင္ မင္းကို ကိုယ့္ျကင္ယာေတာ္ တင္ေျမႇာက္ၿပီး ကိုယ့္ေဘးမွာပဲထားမယိ ဂ်င္။
ကိုယ္က မင္းကို သိပ္ ခ်စ္ျမတ္ႏိုးတာမို္႔။
လွပလြန္းတဲ့ မိုးကုတ္စက္ဝိုင္းႀကီးရဲ႕ ေအာက္မွာ ေကာင္ေလးႏွစ္ေယာက္ဟာ အေတြးကိုယ္စီႏွင့္ ေပ်ာ္ရႊင္ေနၾကသည္။
သူတို႔မသိႏိုင္သည္က ဒါဟာ သူတို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အတူတူေနရမယ့္ ေနာက္ဆံုးေန႔ဆိုတာကိုေပါ့။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili
Unicode~
နမ်ဂျွန်း ဆော့ဂျင်ရဲ့အဆောင်ကိုပြေးလာပြီး အဆောင်ရောက်တော့ တံခါးဖွင့်လာတာကိုမစောင့်ဘဲ ဆွဲဖွင့်လိုက်သည်။
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက နမ်ဂျွန်းကို သွေးပျက်စေသည်။
အိပ်ရာဘေးတွင် ခွေယိုင်လဲနေပြီး အသက်ကိုလုရှူနေတဲ့
ဆော့ဂျင်။
နမ်ဂျွန်ူလည်း ဆော့ဂျင်ဘေးကိုပြေးသွားပြီး ဆော့ဂျင်ကိုယ်လုံးလေးကိုဆွဲပွေ့လိုက်သည်။
"ဟာ ပူကျစ်နေတာပဲ"
နမ်ဂျွန်းလည်း ဆော့ဂျင်ကိုကုတင်ပေါ် အမြန်တင်ပေးလိုက်ပြီး သမားတော်ခေါ်ခိုင်းလိုက်သည်။
သမားတော်လာတာကြာနေတော့ နမ်ဂျွန်းလည်း မစောင့်နိုင်တော့ဘဲ ဆော့ဂျင်ရဲ့ အဝတ်တွေကို ဆွဲချွတ်ပြီး ရေဝတ်နှင့်တစ်ကိုယ်လုံးတိုက်ပေးရတော့သည်။
ခိုက်ခိုက်တုန်နေသည့်အပြင် နှုတ်ခမ်းဖူးဖူးလေးတို့က တစ်ဆက်ဆက်တုန်ရင်နေတာမို့ နမ်ဂျွန်း စိုးရိမ်လွန်လာသည်။
"စစ်သူကြီးကင်မ် သမားတော်တွေရောက်လာပါပြီ"
နမ်ဂျွန်းလည်း ဆော့ဂျင်ကို ငေးကြည့်နေရုံမှလွဲပြီး ဘာမှမလုပ်နိုင်တော့..။
ဆော့ဂျင် ဒီလိုတွေဖြစ်တာ နမ်ဂျွန်းတစ်ခါမှ မမြင်ဖူး..။
တစ်ကိုယ်လုံးတုန်နေပြီး အသက်ကိုလုရှူနေရတဲ့အပြင်
ပူကျစ်နေသည်။
သမားတော်တွေက ဆော့ဂျင်ကို ဝိုင်းပြီးဆေးကုပေးနေကြသည်။ နမ်ဂျွန်းဇောချွေးတွေပြန်နေပြီး ဆော့ဂျင်ရဲ့လက်ကို လွတ်ဖွက်မတတ်ဆုပ်ကိုင်ထားလိုကိသည်။
"အဆင်ပြေပါတယ် စစ်သူကြီးကင်မ် "
နမ်ဂျွန်းခေါင်းသာငုံ့ပြလိုက်ပြီး ဆော့ဂျင်လက်လေးကို ငုံ့နမ်းနေမိသည်။
နမ်ဂျွန်းတောင်မသိလိုက်ခင်မှာပဲ မျက်ဝန်းကနေ မျက်ရည်တို့ကအဆက်မပြတ်ကျလာသည်။
မိဖုရားတင်မြှောက်ပွဲကိုတစ်နေကုန်လုပ်နေတာမို့ ဆော့ဂျင်မိဘတွေအပါအဝင် ဆော့ဂျင်ကို ဂရုမထားမိတာကို နမ်ဂျွန်းသိသည်။
"ကိုယ့်ကြောင့်ပါ ကလေးရယ် ကိုယ့်ကြောင့်ပဲမင်းအမြဲတမ်း နာကျင်နေရတာပါ ကလေးရာ ကိုယ်တောင်းပန်ပါတယ်"
နမ်ဂျွန်း ဆော့ဂျင် လက်ဖဝါးလေးကို လွှတ်ပေးလိုက်ပြီး ဆော့ဂျင်ရဲ့ ကိုယ်ဖျော့ဖျော့လေးကို သိမ်းကြုံးဖက်ထားလိုက်သည်။
ထို့နောက် ပူနွေးနွေးနဖူးလေးကို နှုတ်ခမ်းထူထူတို့နှင့် ဖိနမ်းထားလိုက်သည်။
နောက်ဆုံးတော့ မျက်လုံးတို့က မှေးစင်းလာပြီး အိပ်စက်ခြင်းဆီသို့..။
သူလည်းသိပ်ပင်ပန်းနေပြီလေ...။
"သိပ်ချစ်တယ် ဂျင်"
ဆော့ဂျင်မျက်လုံးတို့လေးလံစွာ ပွင့်လာပြီး ဦးခေါင်းက ထုံကျဉ်ကျဉ်ကိုက်ခဲမှုတို့က အတိုင်းအဆမဲ့...။
ခပ်နွေးနွေးရင်ငွေ့ကို ခေါင်းတိုးဝင်နမ်းရှိုက်မိသည်။
ဆော့ဂျင်သိပါသည်။ဒီရင်ငွေ့ကို အလွတ်လိုလို မှတ်မိနေပြီးသား။ဆော့ဂျင် နမ်ဂျွန်းရဲ့ မေးရိုးထင်းထင်းကို မော့နမ်းလိုက်တော့ ခေါင်းကထိုးကိုက်လာတော့သည်။
ဒါကြောက့် ဆော့ဂျင်လည်း နမ်ဂျွန်းရဲ့ လက်မောင်းကြားထဲတိုးဝင်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"ပင်ပန်းနေမှာပဲ ဂျွန်းရယ်"
နမ်ဂျွန်းရင်ခွင်ထဲက လှုပ်တုပ်တုပ်ဖြစ်လာတဲ့ ခန္ဓာကိုယ်လေးကို တင်းနေအောင်ဖက်ပြီး ဆံပင်ရှည်ရှည်တို့ကို ပွတ်တပ်ပေးလိုက်သည်။
"ဂျွန်း......"
ရင်ခွင်ထဲကနေထွက်ပေါ်လာတဲ့ အသံပိစိလေး။
"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်"
"ငါ့အမှားပါ ဂျွန်း"
"ကိုယ်ကတောင်းပန်ရမှာ မင်းရဲ့အခြေအနေကိုသိရက်နဲ့"
နမ်ဂျွန်းစကားကြောင့် ရင်ခွင်ထဲက ဆော့ဂျင်က ခေါင်းထောင်လာသည်။
"အခြေအနေ"
အစကတည်းကမှ ကိုယ့်ကိုကိုယ် စိတ်ပျက်နေတာကို နမ်ဂျွန်းဆီမှ အခြေအနေဆိုတဲ့ စကားကိုကြားလိုက်ရတာမို့ ဆော့ဂျင် ငိုချင်မိသည်။
"ငါက ယောက်ျားလေးတစ်ယောက်ဖြစ်ရက်နဲ့ အားနည်းလွန်းတယ် ဂျွန်း"
နမ်ဂျွန်းလည်း ထိုအခါမှသူစကားမှားသွားမှန်းသိပြီး ဆော့ဂျင်ကို ထွေးပွေ့ထားလိုက်သည်။
"ကိုယ်အဲ့လို ဆိုလိုတာမဟုတ်ဘူး ဂျင်"
"ချစ်တယ် ဂျွန်း...."
"ကိုယ်လည်းမင်းကို ချစ်တယ် ဂျင်"
"ဗိုက်ဆာလား ဂျင်"
"ဟင့်အင်း မင်းရင်ခွင်ထဲမှာပဲ ဒီလိုမျိုးလေး အိပ်ချင်တာ"
နမ်ဂျွန်းရင်ဘက်ပေါ် ခေါင်းမှီတင်ပြီး ချွဲတဲ့အသံလေးနဲ့ပြောလိုက်တဲ့ ဆော့ဂျင်ကြောင့် နမ်ဂျွန်းအူယားလာသည်။
နမ်ဂျွန်း ဆော့ဂျင်ရဲ့ ကိုယ်လုံးလေးကိုပွေ့ချီပြီး အပြင်ထွက်လာခဲ့သည်။
ဆော့ဂျင်ကတော့ အလန့်တကြားနှင့် နမ်ဂျွန်းအင်္ကျီစကို ဆွဲဆုပ်သည်။
နမ်ဂျွန်း ဆော့ဂျင်ကို ပွေ့ချီလာပြီး ဥယျဉ်သို့ခေါ်လာခဲ့သည်။
ဆော့ဂျင်လည်း နမ်ဂျွန်း ပခုံးပေါ်မေးလေးတင်ပြီး လိုက်လာခဲ့သည်။
"ဂျင် ဒီနေ့ လပြည့်နေ့လေ"
နမ်ဂျွန်း ဆော့ဂျင်ကို ထိုင်ခုံပေါ်ချပေးလိုက်ပြီး ဘေးတွင်ဝင်ထိုင်ကာ ကိုယ်လုံးလေးကို ဆွဲပွေ့ထားလိုက်သည်။
"ဝှါး လှလိုက်တာ ဂျွန်း"
ဆော့ဂျင်တစ်ယောက် နမ်ဂျွန်းရင်ခွက်ထဲကနေ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ခေါင်းမူးနေတာတွေတောင် ဘယ်ရောက်သွားမှန်း မသိတော့။
"လှမှန်းသိလို့ ခေါ်ခဲ့တာပေါ့"
ကောင်းကင်တစ်ခွင် လမင်းကြီးကထိန်ထိန်သာပြီး ကြယ်တာရာကတောက်ပလို့နေသည်။
ထိုစဉ်ကောင်းကင်မှ မြေပြင်ပေါ်သို ကြွေကျလာသည့် ကြယ်တစ်ခု။
"ဂျွန်း ဟိုမှာကြယ်ကြွေသွားပြီး ဆုတောင်း ဂျွန်း"
ကောင်းကင်ကို မော့ကြည့်နေတဲ့ ဆော့ဂျင်က မျက်လုံးမှိတ်ပြီးဆုတောင်းနေတာမို့ နမ်ဂျွန်းလည်း ဆော့ဂျင်လို လိုက်လုပ်မိသည်။
ခနနေတော့ နှစ်ယောက်လုံးဆုတောင်းလို့ပြီးသွားသည်။
"ဂျင် ဘာဆုတောင်းလည်း"
"ဟင့်အင်း ဆုတောင်းဆိုတာ သူများကိုပြန်ပြောပြရင် မပြည့်ဘူးတဲ့"
ရင်ခွင်ထဲကနေ နှုတ်ခမ်းတထော်ထော်နှင့်ရှင်းပြလာတဲ့ ဆော့ဂျင်ကြောင့် နမ်ဂျွန်းမှာ ပါးချိုင့်ကြီးတွေခွက်အောင်ပြုံးလိုက်မိသည်။
ဆော့ဂျင် ပြုံးရုံသာပြုံးလိုက်ပြီး ကောင်ကင်ကိုမော့ကြည့်နေလိုက်သည်။
နမ်ဂျွန်းကတော့ ဆော့ဂျင်ကိုသာ အမြတ်တနိုးငေးကြည့်နေမိသည်။
အေးချမ်းလှတဲ့ကောင်းကင်ကြီးကိုကြည့်ရတာပြောတယ်ဂျွန်း
အထူးသဖြင့် မင်းနဲ့အတူပေါ့။
အကုန်လုံးကို မေ့ထားလိုက်ပြီး မင်းနဲ့အတူ တန်ဖိုးရှိပြီး အဖိုးတန်တဲ့ အချိန်လေးတွေကို ကုန်ဆုံးချင်ပါတယ် ဂျွန်း။
သိပ်ချစ်တယ် ဂျင်။
ကိုယ်ထင်သလိုဖြစ်မလားဘူး ဂျင်။
ကိုယ်နဲ့ မင်းနဲ့ အတူတူဖြစ်လာတော့မယ် ဂျင်။
အခြေအနေတွေငြိမ်သွားရင် မင်းကို ကိုယ့်ကြင်ယာတော် တင်မြှောက်ပြီး ကိုယ့်ဘေးမှာပဲထားမယိ ဂျင်။
ကိုယ်က မင်းကို သိပ် ချစ်မြတ်နိုးတာမ်ို့။
လှပလွန်းတဲ့ မိုးကုတ်စက်ဝိုင်းကြီးရဲ့ အောက်မှာ ကောင်လေးနှစ်ယောက်ဟာ အတွေးကိုယ်စီနှင့် ပျော်ရွှင်နေကြသည်။
သူတို့မသိနိုင်သည်က ဒါဟာ သူတို့ ပျော်ပျော်ရွှင်ရွှင် အတူတူနေရမယ့် နောက်ဆုံးနေ့ဆိုတာကိုပေါ့။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
Written By
Guulili