အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
Unicode
[အသံအိုးလေး]
ကိုဆက်ယံက ညီ့ကိုအတင်းအကြပ်ခေါ်သွားတယ်ဆိုတာ တကယ်ကိုသာမန်ရိုးကျကိစ္စလေးတစ်ခုတော့မဟုတ်နိုင်လောက်ပေ။
ထို့ကြောင့်မင်းခန့်ထည်ဟာလင်းထွဋ်ကိုညတွင်းချင်း ဆေးရုံသို့သွားစုံစမ်းခိုင်းခဲ့သည်။
အချိန်၂နာရီကျော်ကြာမြင့်သွားပြီးနောက်လင်းထွဋ်က သခင်လေးဖြစ်သူထံပြန်ဆက်သွယ်လာသည်။
"သခင်လေး သခင်လေးရှိုင်းဇေယံက ဦးနှောက်အကြိတ်ရောဂါနောက်ဆုံးအဆင့်လို့ပြောပါတယ်"
"နောက်ဆုံးအဆင့်?"
"နောက်ဆုံးအဆင့်ဆိုတာ ဦးနှောက်မှာရှိတဲ့ အကြိတ်မှာကင်ဆာဆဲလ်ရှိမရှိခွဲစိတ်စစ်ဆေးရမယ့်အဆင့်လို့ပြောပါတယ်။စိုးရိမ်စရာတစ်ခုထပ်ရှိတာက အကြိတ်ကအခုတလော ပိုပိုထွားလာပြီး ပြည်တည်နာတွေပါရှိနေတာကြောင့် ခွဲစိတ်မှု၂ဆင့်လုပ်ရမယ်လို့လဲဆိုပါတယ်....."
"ဆက်ပြော!"
Screenတစ်ဖက်ကနေ စာရွက်လှန်သံတဖျပ်ဖျပ်ကိုကြည်လင်စွာကြားနေရစဥ်မင်းခန့်ထည်ရဲ့နှလုံးစိုင်ကလည်းတဒုတ်ဒုတ်နှင့်ခုန်လှပ်လို့နေသည်။ထို့နောက်လင်းထွဋ်ကဆက်ဆိုလာသည်။
"ပြည်တည်နာတွေကိုဖယ်ထုတ်ရင်းဦးနှောက်ကိုပါထိသွားနိုင်နှုန်းက 100℅မှာ80℅လောက်ရှိနေတာမို့ ဆရာဝန်တွေကလဲတွေဝေနေပါတယ်။Drပြောတာကြားရတာတော့ ကျနော်တို့ဆီမှာ ဒီခွဲစိတ်မှုအတွက်အာမခံချက်မပေးနိုင်သေးဘူးတဲ့။"
"အာမခံချက်မပေးနိုင်ဘူး........."
"ဒါကြီးကတော့!! "
ပုံမှန်အသံဖြင့်ပြောနေရင်းနဲ့လင်းထွဋ်ကအလန့်တကြားထပြောလာတာကြောင့် မင်းခန့်ထည်မှာအသက်ရှူရပ်သွားကာ တုန်လှုပ်သွားရသည်။
"ဘာဖြစ်လို့လဲ?"
"တကယ်လို့ပြည်တည်နာကိုမခွဲထုတ်ပဲ ထားမယ်ဆိုရင် အကြိတ်ကပိုပိုဆိုးရွားလာပြီးနောက်ဆုံး မှာ Cancerဆဲလ်တွေကိုအကြိတ်ကနေတဆင့် ဦးနောက်အတွင်းပိုင်းကိုပါ
ပျံ့နှံ့လာတဲ့အထိဖြစ်သွားနိုင်တဲ့အတွက် လူနာမှာအသက်ရှင်နိုင်ခြေ ခန့်မှန်းခြေအရ တစ်နှစ်သာအချိန်ကျန်ရှိတော့သည်ဟု ခန့်မှန်း......."
တီတီတီတီ..............
"ဟဲလို သခင်လေး.....သခင်လေး..."
မှတ်တမ်းစာရွက်ပေါ်ကစာပိုဒ်တစ်ပိုဒ်ကိုဖတ်ပြနေစဥ်မှာပင် သခင်လေးဖြစ်သူရဲ့အသံဟာရုတ်ချည်းပျက်တောက်သွားခဲ့လေသည်။
အေးစက်သောကြမ်းပြင်ပေါ်က ဟန်းဆက်လေးအား ပြန်ကောက်ယူလိုက်ပြီးနောက်မင်းခန့်ထည်ဟာလင်းထွဋ်ကိုပြန်ဆက်သွယ်လိုက်သည်။ ဖုန်း Screenမှာပြုတ်ကျထားတဲ့အရှိန်ကြောင့်အက်ကြောင်းလေးတစ်ခုကအထင်းသားပေါ်လို့နေသည်။
"မင်း အဲ့ရောဂါအကြောင်းဆေးရုံကနေအကုန်ရှာလာခဲ့! ပြီးတော့ ညီရဲ့ဆေးမှတ်တမ်းတွေကိုပါငါ့ဆီအကုန်ယူလာခဲ့!"
ကံကြမ္မာဆိုတာက အကောင်းကြီးပဲမလာနိုင်သလိုအဆိုးတွေကကို့ဆီခရီးနှင်လာတာကိုလည်းမမြင်နိုင်ဘူးဆိုတာသိပ်မှန်တယ်။
သူ့ချစ်သူလေးကိုတော့ သူဆုံးရှုံးခံလိုက်ရလို့မဖြစ်ဘူး ....
သူပါကျနော့်အနားမှာမရှိတော့ရင်
ကျနော့်ကမ္ဘာကြီးဟာအဓိပ္ပါယ်မဲ့သွားနိုင်တယ်
သူကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်ရင်းခုတင်ဇောင်းကိုမှီကာမိုးလင်းဖို့စောင့်နေလိုက်သည်။မိုးလင်းမှပဲအဆောင်ကနေထွက်ပြီး ညီ့ဆီကိုသွားလို့ရမှာလေ......
သူခုတင်ဇောင်းကိုမှီရင်းခနမှေးမိသွားတဲ့အခါသူ၏မြင်ကွင်းထဲ၌ပုံရိပ်အချို့က နေရာယူသွားခဲ့လေပြီ။
ထိုပုံရိပ်တို့က ငယ်စဥ်အခါတုန်းကသူသိပ်တွယ်တာခဲ့ရဖူးတဲ့လူတစ်ယောက်ဆီသို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
အဲ့အချိန်တုန်းက ကျနော်၃နှစ်နီးပါးပဲရှိသေးပေမယ့်လည်းသူမအကြောင်းတို့ကိုတစ်လုံးမကျန်အကုန်မှတ်မိနေသေးသည်။
သူမကကျယ်ပြောလှတဲ့ပန်းခင်းကြီးအလယ်မှာဖြတ်ကျော်ပြေးလွှားနေတတ်ပြီး လှပစွာပွင့်ဖူးနေရှာတဲ့ပန်းပွင့်လေးတွေကိုလည်းသူမ ပြုံး၍နမ်းရှိုက်နေတတ်သည်။
အဲ့အချိန်က သူမရဲ့အပြုံးတွေကိုမြင်ရတိုင်းကျနော့်အတွက်တကယ်ကိုငြိမ်းချမ်းစေကာပျော်ရွှင်စေခဲ့ပေသည်။
သူမဟာ ကျနော့်အမေလောက်လှပမှုတို့မပြည့်စုံပေမယ့်် ရည်မွန်လှတဲ့အပြုံးတို့နဲ့တင် သူမရဲ့အလှတို့ဟာပြီးပြည့်စုံလို့နေသည်။ သူမဟာ ကျနော့်အမေရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သလို ကျနော့်ရဲ့မွေးစားအမေဆိုလဲမမှားပေ။
ငယ်ငယ်တုန်းက ကျနော့်မိဘတွေဟာ အချိန်ပြည့်ပွဲလမ်းသဘင်တွေကိုတက်နေရတာကြောင့်ကျနော်လိုအပ်တဲ့အချိန်တိုင်း သူတို့ဆီကဂရုစိုက်မှုတို့ရဖို့ဆိုတာ အလွန်အမင်းခဲယဥ်းလွန်းခဲ့သည်။ထိိုသို့ခဲယဥ်းနေခဲ့တဲ့အချိန်တိုင်း သူမက ဂရုစိုက်မှုတို့လိုအပ်နေတဲ့ကျနော့်ကို သူမ၏နွေးထွေးသောလက်တစ်စုံပေါ်၌ထိန်းကျောင်းပေးခဲ့လေသည်။
သူမကကျနော့်နဲ့ကစားပေးတဲ့အခါတိုင်းထိုမေးခွန်းကိုအမြဲတဖွဖွမေးနေတတ်သည်။
"သားလေးခန့်ထည်က တီတီ့ကိုဘယ်လောက်ထိချစ်လဲ?" ဆိုတဲ့မေးခွန်းလေးပင်။
သူမက ဖြူဖြူဖွေးဖွေးပေါက်စီလုံးလေးနဲ့ဆင်တူသောဝဝကစ်ကစ်ကလေးလေးကိုကလူမြှူရင်းမေးလိုက်တဲ့အခါ
"ဟော ...... ဒီ.......လောက်....." ဆိုတဲ့မပီမသအသံသေးသေးနဲ့ ကလေးလေးကသူ၏တုတ်ခိုင်နေသောလက်ကလေးနှစ်ဖက်ကိုဘေးနှစ်ဖက်သို့ဆန့်တန်းရင်းနှင့်ပြန်ဖြေလာတာကိုမြင်တော့ သူမကစီတန်းလှပလှတဲ့သွားဖြူဖြူလေးတွေပေါ်တဲ့အထိအားပါးတရပြုံးရယ်လာခဲ့သည်။
"တီတီ့သားလေးထက် သားလေးကပိုချစ်ဖို့ကောင်းလိုက်တာကွာ။တီတီ့သားအကြီးကောင်ဆို ဒီလိုမေးတိုင်းဘယ်တော့မှပြန်မဖြေဘူးသိလား။
အမြဲတမ်းထွက်ပြေးနေတာ။"
သူမကပြောလဲပြောရင်းပါးဖောင်းဖောင်းနဲ့ကလေးလေးရဲ့နှပ်ချေးတွဲလောင်းလေးကိုလည်းညှစ်ပေးလိုက်ရင်းဆက်ပြောလာသည်။
"တီတီ့ကို ကပ်ချွဲတာမျိုးလဲမလုပ်ဘူး။တစ်နေ့တစ်နေ့သူ့ရဲ့ ရောင်စုံခဲတံတွေနဲ့ပဲအလုပ်ရှုပ်နေတာ တကယ့်ကိုအမြင်ကပ်စရာလေး။တီတီ့သားလေးသာ သားသားရဲ့တစ်ဝက်နီးပါးလောက်ချစ်စရာကောင်းရင်ကောင်းမယ်။...."
ကျနော်ကတော့ သူမထိုသို့ပြောနေတဲ့ပုံရိပ်လေးကိုငြိမ်၍သာငေးကြည့်နေခဲ့သည်။သူမက တစ်စုံတစ်ယောက်အကြောင်းပြောနေတာကိုတော့ ကျနော်သိနေပေမယ့် သူမပုံစံကသိပ်မပျော်သလိုပင်။ထိုအချိန်ကကျနော်ဟာနှစ်သိမ့်ပေးတတ်ဖို့ငယ်ရွယ်လွန်းတာကြောင့် ကျနော်သူမလက်ကလေးကိုသာ အုပ်ကိုင်ပေးခဲ့သည်။ကျနော့်ရဲ့သေးငယ်တဲ့လက်ဖဝါးငယ်လေးက သူမရဲ့လက်ဖျားပေါ်ရောက်လာတော့ သူမကရယ်မောလာလေသည်။
"သားလေးကတီတီ့ကိုနှစ်သိမ့်ပေးနေတာပေါ့ဟုတ်လား။ချစ်ဖို့ကောင်းလိုက်တာ ပေါင်မုန့်တုံးကြီးရာ......."
"ခန့်ထည်လေးသာကြီးလာရင် အရမ်းကြင်နာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်မှာသေချာတယ်။သားကြီးလာတဲ့အခါကျ သားကတီတီ့ရဲ့ဗိုက်ထဲက ကလေးလေးကိုစောင့်ရှောက်ပေးပေါ့ဟုတ်ပြီလား သားသားရေ........"
သူမကကျနော့်လက်ကလေးကိုဆွဲကိုင်ကာသူမရဲ့ဗိုက်လေးပေါ်တင်လိုက်ရင်းထိုသို့ဆိုနေတဲ့အချိန်မှာကျနော်ကတော့ပြားချပ်နေတဲ့သူမဗိုက်ကလေးကိုမသိနားမလည်မှုအပြည့်ဖြင့်သာငေးကြည့်နေခဲ့သည်။
နောက်တော့သူမကကျနော့်ဆီကိုသိပ်မလာဖြစ်တော့ပေ။
သူမကိုမမြင်ရလို့ငိုကြွေးခဲ့ရတဲ့နေ့ရက်ပေါင်းလည်းကျနော့်အတွက်မနည်းခဲ့ပါဘူး။
ဒီလိုနဲ့ စောင့်ဆိုင်းရတဲ့အချိန်တို့ဟာတော်တော်ကြာမြင့်ပြီးတဲ့နောက်မှာတော့ သူမကျနော့်ရှေ့ကိုထပ်ရောက်လာခဲ့လေသည်။
သူမကျနော့်ဆီပြန်လာတော့သူမရဲ့ပြားချပ်ချပ်ဗိုက်ကလေးဟာ အရှေ့သို့ပူထွက်နေခဲ့သည်။ထိုပူနေတဲ့ဗိုက်ကြီးကြောင့် သူမနေရခက်နေတာကိုမြင်တော့ ကျနော်ထိုပူနေတဲ့အရာကြီးကိုဆွဲဖြုတ်ချင်ခဲ့တဲ့စိတ်တို့ကတဖွားဖွားပင်။
အဲ့အရာကြီးကတီတီ့ကိုနှိပ်စက်နေတယ်!
အဲ့အရာကြီးအန္တရာယ်ကနေတီတီ့ကိုကာကွယ်ရမယ်!
ကျနော်တီတီ့ရဲ့ အဲ့အရာကြီးပေါ်ထိကိုင်ကြည့်လိုက်တော့ အထဲမှာတစ်စုံတစ်ခုကခုန်ပေါက်နေခဲ့တာကိုလက်ဖဝါးပြင်ပေါ်ကနေခံစားလိုက်ရတာကြောင့်ကျနော့်လက်တွေကိုအမြန်ဖယ်ချပစ်လိုက်သည်။
"သားသားရေ ..ဒီထဲမှာ သားသားရဲ့ညီလေးရှိတယ်" လို့မာမီကပြောတော့မင်းခန့်ထည်လေးကနှာခေါင်းလေးရှုံ့ကာခေါင်းခါလိုက်သည်။
ညီလေးဆိုတာဘာလဲ......အဲ့ဟာကြီးကတီတီ့ကိုနာအောင်လုပ်မှာဆို ကျနော်မလိုချင်ဘူး
"ခိုင် နင့်ကိုကြည့်ရတာအားနည်းနေသလိုပဲ မွေးခါနီးဖွားခါနီးကြီးကိုဘာလို့အဝေးကြီးလာရတာလဲဟယ်?"
"ငါမလာလို့ရမလားဟဲ့..ငါရန်ကုန်ကနေအသံတွေကြားနေရတယ်နော် ဝင့်ဝါ....သားလေးကငါ့ကိုမတွေ့ရလို့ငိုနေတယ်ဆို ။နင်တို့ကလဲကလေးကိုပစ်မထားနဲ့ပေါ့ဟယ်။ သားလေးခန့်ထည်ကအိမ်အကြီးကြီးထဲမှာသူတစ်ယောက်တည်းဆိုတော့ သူ့ခမျာစိတ်အားငယ်နေရှာမှာပေါ့"
ဒေါ်ဝင့်ဝါထည်လည်း သူမသူငယ်ချင်းရဲ့စကားကိုကြားတော့ သက်ပြင်းချလျက်ခေါင်းငြိမ့်မိသည်။
"တကယ်ဆိုငါကနင့်ကိုသမီးလေးမွေးစေချင်တာ။ဒီအတိုင်းဆိုငါတို့ကတိကမဖြစ်နိုင်တော့ဘူးပေါ့"
"ငါနင့်အတွက် သမီးလေးတစ်ယောက်ထပ်မွေးပေးမှာပေါ့ဟ"
"ကတိနော် ခိုင်"
"အေးပါ ကတိကတိ"
"ဒါပေမယ့်မကြာခင်.....ခိုင့်ဗိုက်ထဲကကလေးလေးနဲ့သားကအဖော်ရတော့မှာဆိုတော့ သားလေးအတွက်တော့ပျော်မိသား....."
"အင်းနော် ဟုတ်ပါ့ သားလေးကညီလေးနဲ့မကြာခင်အတူတူကစားရတော့မှာဆိုတော့.....အဲ့အချိန်ကျ သူလေးစိတ်အားမငယ်တော့ပဲ ပျော်နေမှာသေချာတယ်"
သူမကသူမရဲ့ဗိုက်လေးကိုပွတ်သပ်ရင်းစကားပြောလိုက်တဲ့အချိန်တိုင်း သူမရဲ့မျက်ဝန်းတွေကပါအလှဆုံးပြုံးနေတတ်သည်။ထိုနေ့က တော်တော်မိုးချုပ်တဲ့အထိသူမကကျနော့်နဲ့အတူကစားပေးခဲ့ပြီးကျနော့်ကိုနှုတ်ဆက်ကာထွက်ခွာသွားတဲ့ကျောပြင်လေးကိုငေးကြည့်ရင်း တီတီ့ကိုကျနော့်အနားမှာပဲဖွက်ထားချင်စိတ်တို့ဖြစ်ပေါ်လာခဲ့ရသည်။
တီတီကဒီတစ်ခါပြန်သွားပြီးရင်ကော ဘယ်လောက်ထိကျနော်ကတစ်ယောက်တည်းငိုနေရဦးမှာလဲဟင်?
နွေလေပြေလေးတွေက စံအိမ်ပတ်ပတ်လည်ရဲ့ ပန်းပင်ထိပ်ဖျားပိုင်းလေးတွေထံသို့ ဖွဲတဲတဲရိုက်ခတ်သွားမှုကြောင့် တချို့ပွင့်ဖတ်ကလေးတွေဆိုရင် မြေပြင်ပေါ်သို့သိမ်မွေ့စွာကြွေဆင်းသွားကြသည်။
ကျနော့်ရဲ့တီတီဟာဆိုရင်လဲ ကျနော့်ရဲ့အနားကိုရောက်မလာသည်မှာအတော်ကြာခဲ့ပြီပင်....
မာမီကပြောတယ် ဒီရာသီမှာပွင့်တဲ့ ဝါဝါထိန်ထိန်သေးသေးလေးတွေစုပြီးအခိုင်လိုက်ပွင့်နေတဲ့ပန်းက ပိတောက်ပန်းတဲ့လေ။ ထိုပန်းရနံ့ဟာတော်တော်ပြင်းတာမို့ အဝေးကြီးမှာရှိနေတဲ့ပင်ယံထက်ကနေ စံအိမ်ရဲ့အပေါ်ဆုံးထပ်မှာနေနေတဲ့ကျနော့်ဆီသို့တောင်အလည်ရောက်လာခဲ့သည်။
လေပြင်းတစ်ချက်ဝှေ့ဆော်လိုက်လျှင်ဖြင့် ထိုပန်းရနံ့တို့ကကျနော့်နှာဖျားဝဆီသို့လူးလားပျံ့နှံ့လာတာကို ကျနော်လုံးဝမကြိုက်ပေ။
ဒါပေမယ့် တီတီကတော့ ထိုအနံ့နံတဲ့ပန်းတွေကိုအရမ်းကြိုက်တယ်တဲ့.....ဒါကြောင့် ကျနော်အဲ့ပန်းတွေကိုမကြိုက်ပေမယ့်လည်းတီတီကြိုက်တဲ့ပန်းတွေမို့လို့ကျနော်ကြိုက်လိုက်ပါ့မယ်.......
ပေါက်စီလုံးလေးမင်းခန့်ထည်ဟာ အဝါရောင်ရောင်စုံခဲတံလေးကို စာရွက်အဖြူပေါ်မှာဆေးခြယ်နေရင်း လက်ချောင်းသေးသေးလေးတွေကိုချိုးလျက်သူ၏တီတီအလည်လာမယ့်ရက်ကိုအချိန်တိုင်းရေတွက်လို့နေခဲ့သည်။
တီတီကလဲ ကြာလိုက်တာကွာ....ငါ့ကိုမေ့များသွားပြီလားမသိဘူး.....
စိတ်ဆိုးနေတဲ့ကလေးသေးသေးလေးဟာရောင်စုံခဲတံလေးကိုအခန်းထောင့်သို့လှမ်းပစ်ပေါက်လိုက်တဲ့အခါထိုရောင်စုံခဲတံလေးကအပိုင်းပိုင်းကျိုးကြေသွားခဲ့သည်။
အဲ့ခဲတံလေးကကျနော့်မျက်စိရှေ့မှာတင်ပျက်စီးကျိုးကြေသွားခဲ့တာကိုမြင်ရလည်းကျနော်ဝမ်းမနည်းပေ....ကျနော့်ကြောင့်တစ်စုံတစ်ခုပျက်စီးသွားတဲ့အခါတိုင်း ထိုပျက်စီးသွားတဲ့အရာတို့ကအမြဲအသစ်အတိုင်းပြန်ရောက်လာတတ်စမြဲပင်။
ဒါကြောင့် ဆုံးရှုံးမှုဆိုတာဘာမှန်းမသိခဲ့တဲ့ကျနော်ဟာ ထိုအရာတွေအတွက်ပူပန်စရာမလိုအပ်ခဲ့ပါပေ ......
သို့သော်တစ်ခုတည်းသောဆုံးရှုံးမှုကိုတော့ကျနော့်တစ်ဘဝလုံးမှာဘယ်သောအခါမှပြန်မရခဲ့ပါချေ။
တစ်ခုသောနွေရာသီမနက်ခင်း၌ဝယ် ကျနော့်ရဲ့မာမီက တိတ်တဆိတ်ငိုကြွေးနေခဲ့တာကိုကျနော်မြင်ခဲ့ရသည်။ဒယ်ဒီကလည်း မာမီရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးနေရင်းတစ်စုံတစ်ခုကိုအလေးအနက်ပြောနေရှာတာကိုကျနော်မြင်နေရပေမယ့် ကျနော်ကသူတို့နဲ့အလှမ်းဝေးနေခဲ့တာကြောင့်စကားသံတို့ကိုမကြားနိုင်ခဲ့ပေ။
မာမီကဘာလို့ငိုနေတာလဲ?
မာမီကတိတ်တဆိတ်နှင့်ကျနော့်အခန်းထဲသို့ဝင်လာခဲ့ပြီးနောက် ဆေးခြယ်တိုင်းဆော့နေတဲ့ကျနော့်ကိုသူမဆီလာဖို့လက်ယက်ခေါ်ခဲ့သည်။သူမနားရောက်တော့ သူမက ကျနော့်ကိုပွေ့ဖက်ပြီးရှိုက်ငိုနေပြန်လေသည်။
သူမကအနက်ရောင်ဝမ်းဆက်ကလေးကိုကျနော့်ကိုယ်ပေါ်မှာဆင်ပေးခဲ့ပြီးနောက် ကျနော့်လက်ကိုဆွဲကာအိမ်အောက်သို့ဆင်းလာခဲ့သည်။
သူမကကျနော့်ကိုဒယ်ဒီမောင်းတဲ့ဝူဝူးကြီးပေါ်၌ထိုင်စေလေရာကားပေါ်ကိုရောက်တော့ထောင်းခနဲထွက်လာတဲ့ဝါထိန်ထိန်ပန်းအနံ့တို့ကြောင့်နှာခေါင်းရှုံ့မိလေသည်။တော်သေးသည်ကနှင်းဆီအဖြူတစ်စီးပါ ကားခေါင်းခန်းမှာရှိနေတာကြောင့်ပြင်းတဲ့ထိုပန်းရနံ့တို့ကိုနှင်းဆီပန်းရနံ့တို့ကထိန်းသွားခဲ့သဖြင့် ကျနော်နေရမခက်တော့ပေ။
ထိုနေ့ရဲ့နေကအတော်ပြင်းတာကြောင့် လူအများစုကထီးအနက်များကိုကိုယ်စီဆောင်းထားကြရာ သူတို့ကားပေါ်ကနေဆင်းတော့
မာမီက ပိုးသားအဖြူနဲ့ပလတ်စတစ်အနက်ရောင်တို့ရောယှက်ပတ်ထားတဲ့ပိတောက်ပန်းတွေကိုကျနော့်ဆီကမ်းပေးလာခဲ့တာကြောင့်ကျနော်တွန်းထုတ်ပစ်လိုက်သည်။
ဒီပန်းတွေမကြိုက်ပါဘူးဆို မာမီကဘာလို့လာပေးနေတာလဲဗျာ!
နောက်ဆုံးတော့ကျနော်ဟာ ထိုပိတောက်ပန်းတွေကိုကျနော့်ရင်ဘက်တစ်ဝိုက်၌မနိုင်မနင်းထွေးပွေ့ကိုင်ထားရင်း ကားကြီးပေါ်ကနေဆင်းလိုက်ရသည်။
မြက်ခင်းစိမ်းနုနုတို့ပေါ်သို့ကျနော့်တို့သုံးယောက်ဖြတ်နင်းလျှောက်သွားကြတဲ့အခါ
ဘယ်နေရာမှန်းမသိတဲ့ထိုနေရာ၏ဘေးပတ်ပတ်လည်၌ အဖြူရောင်အပေါင်းလက္ခဏာအမှတ်အသားများကလည်းစီတန်းပြည့်နှက်လျက်ရှိနေသည်။
ကျနော့်လက်ထဲကပိတောက်ဝါတို့ဟာနင်းခြေခဲ့ပြီးသောမြက်ခင်းနုနုလေးတွေတလျှောက်၌တစ်ပွင့်စီစီတန်းကြွေကျသွားခဲ့တဲ့အခါ ထိုပန်းတွေအကုန်ကြွေသွားလျှင်မာမီဆူမည်စိုးတာကြောင့် ကျနော့်ရဲ့ရင်ဘက်နားလောက်မှာတင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။
ကျနော်တို့လမ်းလျှောက်သွားပြီးမကြာခင်မှာပဲ ကျနော်တို့မျက်စိရှေ့၌အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသောလူတစ်စုကိုတွေ့လိုက်ရသည်။ထိုလူများကကျနော့်တို့ကိုလဲမြင်ကော အကုန်လုံးလှည့်ကြည့်လာကြပြီးလမ်းရှင်းပေးခဲ့ကြသည်။ မာမီနဲ့ဒယ်ဒီကတော့ လမ်းတစ်လျှောက်ဘာမျှမဆိုပဲ ဆက်လျှောက်သွားလိုက်ကြပြီးနောက် ရုတ်တရက်သူတို့ရပ်တန့်လိုက်ကြသည်။
မာမီ့ကိုယ်ကိုကွယ်ကာ အရှေ့ဘက်ကိုချောင်းကြည့်လိုက်တော့မျက်စိထဲကိုဝင်ရောက်လာခဲ့တဲ့ပုံရိပ်တစ်ရိပ်က အလွန်ကြီးမားသောအနက်ရောင်သေတ္တာကြီးတစ်ခုပင်။
ဒယ်ဒီနဲ့မာမီက ဒီသေတ္တာကြီးဆီဘာလာလုပ်ကြတာလဲ?
ထို့နောက် ဒယ်ဒီကကျနော့်ကိုပွေ့ချီလိုက်တဲ့အခါကျနော့်ရဲ့မြင်ကွင်းတွေကတဖြည်းဖြည်းမြင့်တက်လို့သွားခဲ့ပြီး သေတ္တာကြီးရဲ့အပေါ်ဘက်နားသို့ရောက်သွားခဲ့သည်။
ထိုစဥ် ကျနော်မြင်လိုက်ရတာက တီတီက ထိုသေတ္တာကြီးထဲမှာလှပစွာအိပ်စက်နေခဲ့တာကိုပင်။
"တီတီ! တီတီ ! မာမီ....တီတီကဘာလို့သားဆီမလာဘဲဒီမှာအိပ်နေတာလဲဟင်"
"သား ....သားလက်ထဲကပန်းတွေကိုတီတီ့ဆီပေးလိုက်နော်"
"ဒီပန်းတွေကိုပေးလိုက်ရင် တီတီကနိုးလာမှာလား ဒါဆို သားသားတီတီ့ကို ဒီပန်းတွေပေးလိုက်မယ်.....တီတီထတော့နော်"
တီတီလဲလျောင်းနေတဲ့ သေတ္တာကြီးထဲကိုကျနော်ထိုပန်းတွေကိုချလိုက်တဲ့အခါ လေအဝှေ့မှာ ထိုပန်းတွေက သေတ္တာကြီးအနှံ့သို့ပြန့်ကျဲသွားခဲ့ပြီး မွှေးပျံ့ထုံသင်းတဲ့ပန်းရနံ့တို့က ခေါင်းတလားအပြင်ဘက်သို့စူးရှစွာပျံ့နှံ့ထိုးထွက်လာခဲ့သည်။
"ခိုင် နင်ချစ်တဲ့ သားသားလာပြီလေဟာ ....နင်သူ့ကိုဘာမှမပြောတော့ဘူးလား?သားသားပေးတဲ့ပန်းတွေကိုကောနင်ကြိုက်ရဲ့လား?"ဟုဆိုလိုက်ရင်းမာမီက သေတ္တာကြီးကိုဖက်ပြီးငိုကြွေးနေရှာသည်။ဒယ်ဒီကတော့မာမီ့လိုမျိုးမျက်ရည်မကျပေမယ့်သူ့ရဲ့မျက်လုံးနှစ်ဖက်မှာနီရဲလို့နေသည်။
တီတီကပန်းတွေရတာတောင် ဘာလို့ထမလာတော့တာလဲ......
"သားရေ သားသားသိလား သားသားရဲ့တီတီကမရှိတော့ဘူးကွဲ့..........."
မရှိတော့ဘူးဆိုတာက.....?
ကျိုးကြေသွားခဲ့တဲ့အဝါရောင်ရောင်စုံခဲတံလေးလိုမျိုးလို့ဆိုလိုချင်တာလား။ဒါပေမယ့် ဒယ်ဒီက ကျနော့်အတွက်ဆို အကုန်လုံးပြန်ယူပေးနေကျလေ .....
ဒယ်ဒီကတီတီ့ကိုမရရအောင်နှိုးပြီးကျနော့်ဆီပြန်ခေါ်လာမှာပါ......
သေဆုံးခြင်းနှင့်ခွဲခွာခြင်းဆိုတဲ့လောကနိယာမတရားတို့ကို နိုးထခြင်းကင်းမဲ့နေတဲ့
တီတီ့ကိုကြည့်ရင်းသုံးနှစ်သားကျနော်ဟာ တစွန်းတစနားလည်လို့လာခဲ့သည်။
ကျနော်လည်းတစ်ချိန်လုံးငြိမ်သက်နေသောတီတီ့ကိုကြည့်ရင်း ဒယ်ဒီ့လက်တွေပေါ်၌အငမ်းမရအော်ငိုလေတော့သည်။ဒယ်ဒီ့ကတော့ ရုန်းကန်နေသောကျနော့်ကိုယ်လေးကိုထိန်းကိုင်ထားပြီး ကျနော့်ရဲ့ကျောပြင်လေးကို မနားတမ်းပွတ်သပ်ပေးနေခဲ့သည်။
"သားရေ မင်းရဲ့အမေကိုနောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ပါကွယ်"
သေတ္တာကြီး၏ဘယ်ဘက်ခြမ်းတွင်တော့ အနက်ရောင်ဝတ်စုံအတိဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်နှင့်အတူ ဦးလေးကြီးတစ်ယောက်ကရပ်နေခဲ့သည်။
ထိုဦးလေးစကားကိုကြားတော့
ထိုကောင်လေးက နှင်းဆီပန်းအဖြူတစ်ပွင့်ကို သေတ္တာကြီးထဲသို့ ဆူအောင့်ကာပစ်ထည့်လိုက်လေရာတစ်စုံတစ်ရာကိုမကျေမချမ်းဖြစ်နေသည့်ဟန်။
ထိုကောင်လေးရဲ့လက်ထဲမှာလဲတစ်စုံတစ်ခုကိုပွေ့ပိုက်လို့ထားခဲ့တယ်။
ထိုအရာဟာ သူပွေ့ပိုက်လာခဲ့တဲ့ပိတောက်ခက်တို့မဟုတ်ဘဲ အဖြူရောင်ပိတ်စလေးနဲ့ ထုပ်ပိုးထားသောအထုပ်လေးတစ်ထုပ်ပင်။ထိုအထုပ်လေးကလှုပ်စိလှုပ်စိလေးဖြစ်နေတာကြောင့်ကျနော်ငိုနေရာကနေ ထိုအထုပ်လေးဘက်သို့စူးစမ်းကြည့်လိုက်မိသည်။
ထိုအထုပ်လေးထဲမှာ နီရဲနေသော ကြွက်ပေါက်လေး...မဟုတ်ဘူး ......နီတာရဲလေးတစ်ယောက်ရှိလေ၏။
အူးဝါး အူးဝါး ~~~~~~~~~ ဆိုပြီးထွက်ပေါ်လာတဲ့အသံသေးသေးလေးကကျနော့်နားစည်ကိုပါကွဲအက်လုမတတ်ဆူညံစေခဲ့လေသည်။
ထိုအနှီးထုပ်လေးရဲ့ ကျယ်လောင်လွန်းတဲ့အော်ငိုသံကိုကြားတော့ ကျနော့်ရဲ့အသံတို့ကိုရပ်တန့်လိုက်ရသည်။
ဘာလို့လဲဆိုအဲ့သေးသေးလေးကကျနော့်ထက် အသံပိုကျယ်နေတာကိုး။
"ယံလေး သားမေမေကိုနှုတ်ဆက်ပြီးရင် သားညီလေးကိုခေါ်ပြီး အနောက်နားမှာသွားနေပါလားကွယ်"
"မနေဘူး ဖေဖေ့လိုအဆုံးထိကြည့်မှာ!"
၁၀နှစ်အရွယ်ကလေးတစ်ယောက်ဆီကနေထိုစကားတို့ကိုကြားရလိမ့်မယ်လို့မထင်ထားတဲ့ဦးလေးဖြစ်သူမှာ အင်မတန်စိတ်မကောင်းဖြစ်သွားရသည်။
"ဒီကလေးလေးတွေသနားဖို့ကောင်းလိုက်တာ။အဖေကလည်း Car accidentဖြစ်ပြီးဆုံးသွားတယ် အမေကလည်းမီးတောင်မထွက်သေးဘူးယောကျာ်းသတင်းကြားပြီးဆုံးပါးသွားတယ်တဲ့။တကယ်ကိုဝမ်းနည်းစရာကောင်းတာပဲ........"
"ကျမကတော့ အဲ့ကလေးလေးကိုကြည့်ပြီးပိုသနားတယ်ရှင်။သူ့ခမျာအဖေဖြစ်သူမြေချတာကိုလဲကြည့်ရ အခုတဖန်လည််းအမေဖြစ်သူမြေချတာကိုကြည့်နေရပြန်တယ်။ဒါပေမယ့် ဒီကလေးလေးကအခုထိမျက်ရည်တစ်ပေါက်တောင်မကျသေးဘူး"
"မွေးကင်းစညီလေးကိုစောင့်ရှောက်ဖို့သူတစ်ယောက်ပဲရှိတော့တာကိုသိလို့ ကလေးလေးကမနဲအားတင်းထားတာနေမှာ"
လူတစ်ချို့တလေကတော့ထိုသို့တိုးတိတိုးတိပြောဆိုလာခဲ့ကြပေသည်။
အနက်ရောင်အခေါင်းကိုလူအချို့က ပိတ်ချလိုက်ပြီးနောက် တူးထားတဲ့တွင်းရဲ့အောက်ခြေသို့ခေါင်းတလားကတဖြည်းဖြည်းလျှောကျသွားခဲ့သည်။
တွင်းအောက်ခြေရောက်သွားတဲ့အခါမှာတော့မြေသားများကိုလူတစ်စုကဂေါ်များဖြင့်ယှက်ကာခေါင်းတလားပေါ်သို့အုပ်မိုးလိုက်ကြတော့လေသည်။
'ဘာလို့မြေကြီးတွေနဲ့ဖုံးနေကြတာလဲ .....တီတီ့ကိုဒီအတိုင်းပဲထားလို့မရဘူးလား ?
တီတီကကျနော့်ဆီပြန်လာချင်လို့လာလို့မရတော့ရင်တီတီငိုနေလိမ့်မယ်..........'
မြေချခြင်းပြီးတော့မာမီက အနှီးထုပ်လေးပိုက်ထားတဲ့ မျက်နှာကြောတင်းတင်းနဲ့ကောင်လေးနားသို့သွားကာ ထိုကောင်လေးကိုဖက်ရင်းရှိုက်ငိုနေတဲ့အချိန်မှာအနှီးထုပ်လေးကလည်းမာမီနဲ့အတူ အသဲပြဲကြီးဖြင့်လိုက်ငိုနေပေသည်။
တီတီအိပ်စက်နေတဲ့သေတ္တာကြီးကမြေအတိဖုံးသွားတော့ ခုနကစုပြုံတိုးနေတဲ့လူစုလူဝေးကြီးကတဖြည်းဖြည်းရှင်းသွားခဲ့သည်။
ဒယ်ဒီကကျနော့်ကိုချီထားရင်းမာမီရှိရာနေရာသို့လျှောက်သွားခဲ့တဲ့အခါ မာမီကတော့ မျက်နှာသေနဲ့ကောင်လေးကို ဖက်ထားဆဲပင်။ကျနော်တို့ရောက်လာတာကိုမြင်သော်မာမီကကျနော့်ဘက်လှည့်လာကာ ဒယ်ဒီ့လက်ပေါ်ကနေဆင်းလာဖို့ပြောလာတာကြောင့် ဒယ်ဒီကကျနော့်ကိုမြက်ခင်းစိမ်းတို့ပေါ်ချပေးလာခဲ့သည်။
သို့နောက် မာမီကကျနော့်လက်ကိုဆွဲကာ ထိုမျက်နှာကြောတင်းတဲ့ကောင်လေးရှေ့သို့ဆွဲခေါ်သွားသည်။ထိုကောင်လေးနဲ့တဖြည်းဖြည်းနီးလာလေလေ စူးစူးဝါးဝါးအော်ငိုနေသံတို့ဟာလည်းတစထက်တစကျယ်လောင်လာခဲ့သဖြင့် ကျနော့်ကိုယ်လေးတောင်ထိုအော်ငိုသံကြောင့်လွင့်ထွက်သွားတော့မတတ်ပေ။
"သားလေး သူလေးက တီတီရဲ့အကြီးကောင်လေးလေ။ပြီးတော့ ဒီနီတာရဲလေးကတီတီ့ရဲ့ဗိုက်ထဲကထွက်လာတဲ့ သားညီလေး"
ထိုစကားကြားတော့ကျနော်မျက်မှောင်ကြုတ်မိသည်။တီတီက တကယ်တော့ အသံအိုးလေးကိုမွေးခဲ့တာပဲ။
ဒီအသံအိုးလေးကိုဗိိုက်ထဲမှာထည့်ထားတုန်းကဗိုက်ထဲမှာလဲအသံပြဲကြီးနဲ့အော်ငိုနေလိို့တီတီကအရမ်းနေမကောင်းဖြစ်ခဲ့တာနေမှာ။
ကျနော့်လက်တွေကိုထိုအထုပ်လေးပေါ်လက်လှမ်းမိတော့ မျက်နှာကြောတင်းတဲ့ကောင်လေးက ထိုအထုပ်လေးကိုကျနော်နဲ့ဝေးရာသို့လွှဲလိုက်ပြီးဖွက်ထားလိုက်တော့သည်။
"ယံလေး သားအဲ့လိုမလုပ်နဲ့လေ ညီလေးငိုသွားဦးမယ်"
ဘေးနားရှိဦးလေးဖြစ်သူကထိုသို့ပြောတော့မှထိုကောင်လေးကကျနော့်ကိုတစ်ချက်စူးစိုက်ကြည့်ပြီးနောက် အနှီးထုပ်လေးကိုတွန့်ဆုတ်တွန့်ဆုတ်နှင့်ထုတ်ပြလာခဲ့လေသည်။
ထိုအခါ နှပ်ချီးတွဲလောင်းနဲ့မင်းခန့်ထည်လေးက ကျေနပ်စွာပြုံးကာ စူးစူးဝါးဝါးအော်ငိုနေသောနီတာရဲလေးရဲ့ပါးလေးကိုဆွဲဆိတ်လိုက်လေသည်။မင်းခန့်ထည်လေးဆွဲဆိတ်လိုက်တာကိုမြင်တော့ ထိုကောင်လေးကသူ၏နှုတ်ခမ်းအားစူထော်လိုက်ရင်း တုတ်ခိုင်ဖြူဖွေးသောလက်ဖျံနုနုလေးပေါ်ကိုအားပြင်းပြင်းနှင့်ရိုက်ချလိုက်ပါတော့သည်။
သူ့လက်ကလေးနာကျင်သွားရရှာတဲ့မင်းခန့်ထည်လေးမှာလန့်သွားပြီး နောက်သို့ဆုတ်သွားရလေ၏။
ကျနော်လဲထိုနာကျင်မှုကြောင့်ငိုလုဆဲဆဲမှာပင်...........
အဟက်အဟက်အဟက်........ဟီးအီး ..... အဟက်~~~~~~~~~~
သာယာနာပျော်ဖွယ်ရယ်သံလေးတစ်သံကအနှီးထုပ်လေးထဲကနေထွက်ကျလာလေ၏။
"အငိုတိတ်သွားပြီ!"
"ကြည့်ရတာ သားလေးကိုတော့ သူသဘောကျတယ်ထင်တယ်"
"အင်းဟုတ်မယ် တစ်မနက်စာလုံးငိုနေတဲ့အငိုသန်လေးကအခုမှပဲအငိုတိတ်သွားတော့တယ်"
ဦးလေးဖြစ်သူနှင့်ဒေါ်ဝင့်ဝါထည်တို့စကားကိုကြားတော့အနှီးထုပ်လေးကိုချီထားတဲ့ကောင်လေးကနှာတစ်ချက်မှုတ်လိုက်ပြီးမျက်နှာကိုတစ်ဖက်သို့လှည့်သွားခဲ့လေသည်။
ကျနော်လဲအနှီးထုပ်လေးအနားသို့တိုးသွားကာသေချာကြည့်မိတော့......
ကလေးလေးရဲ့မျက်လုံးလေးတွေက ဝိုင်းစက်နေတာ တီတီ့အတိုင်းပဲ......
ကျနော်သူ့ရဲ့လက်ဖျားနုနုလေးတွေကိုပွတ်သပ်ကြည့်လိုက်ပြန်တော့လည်း သူကအူမြူးနေပြန်သည်။
သူကမွေးကတည်းကဆံပင်ထူပြီးမဲနက်နေတာပဲ။
သူကတကယ့်ကို ကျနော်အချစ်ရဆုံးတီတီခိုင်ရဲ့ကိုယ်ပွားလေးပဲ.......
"ဦးလေးကတကယ်ပဲသူတို့လေးကို Englandဆီခေါ်သွားမလို့လား?"
"အင်း တူမကြီးလဲသိတဲ့အတိုင်းပဲလေ။ဒီနိုင်ငံမှာဒီကလေးတွေကို စောင့်ရှောက်ပေးမယ့်ဆွေမျိုးတွေလဲမရှိကြတော့ ဦးလေးကပဲဟိုကိုခေါ်သွားပြီးစောင့်ရှောက်ပေးရလိမ့်မယ်။"
ဒေါ်ဝင့်ဝါထည်မှာ ဒီကလေးနှစ်ယောက်နဲ့သွေးသားမတော်စပ်သူဖြစ်တာကြောင့် ဦးလေးဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုသူမတားမြစ်လို့မရခဲ့ပေ။
ထိုနေ့၌မိသားစုနှစ်စုဟာ အတန်ကြာအတူရှိနေကြပြီးနောက်မာစီတီးကားနှစ်စီးကဆန့်ကျင်ဘက်ဦးတည်ရာအတိုင်းမောင်းထွက်သွားကြပြီးအဝေးဆုံးတစ်နေရာဆီသို့ခွဲခွာသွားခဲ့ကြလေသည်။
ဒီလောကကြီးထဲကနေ တီတီခိုင်ထာဝရထွက်ခွာသွားတဲ့နေ့ကစ ကျနော်အခန်းအောင်းနေခဲ့ကာ ဘယ်သူ့ကိုမှလဲရင်းရင်းနှီးနှီးမဖက်တွယ်တတ်တော့ပေ။
နှောင်ကြိုးတွေရစ်ပတ်ယှက်နွယ်ထားတဲ့သံယောဇဥ်ကြိုးတစ်ခုဟာဖြတ်တောက်ပစ်ရန်ခက်ခဲလှသည်။အနှီကြိုးထုံးတို့ပြတ်တောက်သွားခဲ့ပြန်ရင်လည်း နက်ရှိုင်းလွန်းတဲ့လူကအလူးအလဲနာကျင်ရပြန်ပါသည်။
ထို့ကြောင့်
သံယောဇဥ်ကြိုးတွေကျနော့်နားမရစ်ပတ်ထားခြင်းကအကောင်းဆုံးအရာဖြစ်မည်ဟု ကျနော်ကြီးပြင်းလာခဲ့တဲ့တစ်လျှောက်လုံးနှလုံးစိုင်ထက်၌ခိုင်မာစွာမှတ်ယူထားခဲ့သည်။
ကျနော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာအိမ်ကနေထွက်လာခဲ့ပြီးကျနော်နှစ်သက်သောဝါသနာတစ်ခုပေါ်လေ့လာလိုက်စားခဲ့တယ်။
ကျနော် Uniစတက်တဲ့အချိန်မှာလည်း အချစ်ဆိုတဲ့အရာကိုကျနော်မသိခဲ့သလိုကျနော်ဘယ်သောအခါမှလဲနားလည်ဖို့မကြိုးစားခဲ့ဖူးပေ။
ငယ်စဥ်အခါကကျနော်ပိုင်ဆိုင်တဲ့အရာအားလုံးကျိုးကြေပျက်စီးသွားတိုင်း သူ့ဒယ်ဒီက ပြန်လည်ဖြည့်ဆည်းပေးနိုင်တယ်လို့မှတ်ယူထားခဲ့သမျှဟာ တီတီခိုင် ကျနော့်အနားမှာမရှိတော့တဲ့အချိန်ကစ လောကကြီးထဲမှာရှိတဲ့အရာအားလုံးကို ကျနော့်အနားသို့ပြန်လည်ရောက်ရှိလာအောင်ဘယ်သူကမှမလုပ်ပေးနိုင်မှန်းကျနော်အကြွင်းမဲ့နားလည်သွားခဲ့သည်။
ကျနော့်အတွက်ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာနားလည်သိတတ်လာခဲ့တဲ့အချိန်ကတည်းကခက်ခဲပင်ပန်းလာခဲ့ကာ သံယောဇဥ်ကြိုးတွေဆိုတာကလဲ ကျနော်နဲ့တဖြည်းဖြည်းဝေးကွာစိမ်းသက်လာတဲ့အရာများသာဖြစ်လာခဲ့သည်။
ကျနော့်ရဲ့ Relationshipတစ်ခုမှာလည်းအချစ်အနှစ်တို့မပါခဲ့ပဲ ဟန်ဆောင်မှုသက်သက်သာဖြစ်ခဲ့တာကြောင့် ကျနော်အချိန်အတန်ကြာလက်ခံထားခဲ့ခြင်းပေ။
ချစ်ခြင်းဆိုတဲ့အရာတစ်ခုကို ကျနော့်ရဲ့နှလုံးအိမ်ထဲမှာသော့ခတ်လို့သိမ်းထားခဲ့သည်မှာ ၁၈နှစ်တာကြာမြင့်ခဲ့ပြီပင်။
ထို ၁၈နှစ်တာက ကျနော့်အတွက်အလွန်တရာမှတည်ငြိမ်အေးချမ်းလှသော်လည်းတစ်ခါတစ်ရံကျ အဆံမရှိတဲ့ဆည်းလည်းတစ်ခုလိုပဲ အခေါင်းပေါက်ကြီးထဲမှာ ဦးတည်ရာမရှိ တစ်ယောက်တည်းယောင်လည်လည် ဖြစ်လို့နေခဲ့သည်။
အသက်၁၉နှစ်စွန်းတဲ့အရွယ်မှာတော့ အမြဲတမ်းအေးခဲနေခဲ့တဲ့ကျနော့်ရဲ့နှလုံးသားဟာရင့်ကျက်တည်ငြိမ်စပြုလာခဲ့ပြီးချစ်ခြင်းတရားနဲ့ပက်သတ်ပြီးဖြစ်ပေါ်လာတတ်တဲ့ခံစားချက်တွေဟာလည်းနစ်မြုပ်ပျောက်ဆုံးနေခဲ့ပြီမို့ အချစ်ဆိုတဲ့အရာကိုကျနော့်ရဲ့ဘဝကြီးထဲမှာမေ့ဖျောက်ထားမိခဲ့တယ်။
ဘယ်လောက်ပဲလေထန်နေပါစေ
ယိုင်နဲ့မှုမရှိတဲ့ ကိုင်းပင်လေးတစ်ပင်က ရုတ်တရက်မြည်ဟည်းလာသောဆည်းလည်းသံလေးကြား၍ ယိုင်နဲ့နဲ့ဖြစ်လာလိမ့်မည်လို့ဘယ်သူကထင်ထားပါ့မလဲ.......
ကျနော့်ဘဝတွင် ကျနော့်ကိုပထမဆုံးသော့ခတ်သွားခဲ့တဲ့လူသားလေးတစ်ယောက်ကြောင့် အကြီးအကျယ်စိတ်ဆိုးခဲ့ဖူးသည်။ ကျနော့်သက်တမ်းတစ်လျှောက် ဘယ်သူမှကျနော့်အပေါ်ထိုသို့မလုပ်ခဲ့ဖူးပေ။သူအဆောင်ပြန်လာတော့ ကျနော်ဒေါသတကြီးနှင့်မေးလိုက်လေသည်။
"မင်းလား ငါ့အခန်းဖော်အသစ်က"ဆို၍။
ကျနော့်အသံကြားတော့ သူကကျနော့်ကိုလှည့်ကြည့်လာခဲ့သည်။
သူ့မျက်နှာလေးကိုမြင်လိုက်ရတဲ့တခန ကျနော်အတန်ကြာစူးစိုက်ကြည့်နေမိခဲ့လေသည်။
တီတီခိုင်!
"မောင် ဘာတွေငေးနေတာလဲ"
"ကို့ကိုသောက်အကောင်းပေးတဲ့ဟာလေးကို ချောင်းရိုက်မလို့ နောက်ကျောကကြည့်ရင်တောင်မှတ်မိအောင်လို့ ကြည့်နေတာ"
တကယ်တော့ ကျနော့်အာရုံထဲမယ် ထိုကောင်လေးကို မဖမ်းမိနိုင်တဲ့အကြိမ်များကမရှိသလောက်နည်းပါးသည်။ကျနော်ကျောခိုင်းထားရင်တောင်မှကျောနောက်ကနေဖြတ်တိုက်သွားတဲ့အငွေ့အသက်လေးရတာတောင် သူမှန်း ကျနော်အတပ်သိသည်။
ကျနော့်ရဲ့အာရုံထဲကို ထိုကောင်လေးလိုမျိုး ဘယ်သူကမှ ထူးထူးဆန်းဆန်းမဝင်ရောက်လာခဲ့ဖူးပေ။
First yearတွေကိုကြက်ခြေနီသင်တန်းတက်ဖို့မဲဆွယ်ခဲ့တုန်းကလည်း အနောက်နားမှာထိုင်နေပြီးကျနော်ပြောတာကိုနားမထောင်ဘဲ စာတွေကုန်းရေးနေခဲ့တဲ့ကောင်လေးကိုလည်းကျိန်းသေပေါက်ကျနော်မြင်ခဲ့တာပေါ့။
သူ့ရဲ့ဖုန်းထဲမှာလည်းသူလေးရဲ့ပုံတွေက
အပြည့်ပင်။ထိုပုံတွေကိုကြည့်နေမိတဲ့အခိုက်ကျနော်တွေးမိခဲ့သေးသည် ကျနော်ကပဲ သူနဲ့ကျမှ နေရာတကာလိုက်ချောင်းမိနေတဲ့ stalkerကြီးကိုဖြစ်လို့ဆိုပြီး.......။
ဒါပေမယ့် ကျနော် ဒီလိုတွေဖြစ်နေရတာကလည်း ဒီကောင်လေးက တီတီခိုင်နဲ့ဆင်နေလိို့ပါ။နို့မိုဆို ကျနော်သူ့ကို ဒီလောက်ထိသတိထားမိနေမှာမဟုတ်ဘူးလေဆိုပြီးထူးထူးဆန်းဆန်းတွေဖြစ်နေမိခဲ့တဲ့ကျနော့်ကိုယ်ကျနော် တိတ်တဆိတ်ဖြေသိမ့်ခဲ့ရလေသည်။
"အကိုမင်းခန့်ထည် ခန..."
"ဘာလဲ"
"ဆရာကသော့ပေးခိုင်းလိုက်လို့ပါ"
"Ok ....Thank you"
သော့လာပေးတဲ့အချိန်တုန်းကလည်း
သူကျနော့်ကိုသော့လှမ်းပေးတဲ့လက်ကလေးကိုပဲစိုက်ကြည့်နေခဲ့မိတာ။
ကောင်လေးရဲ့လက်ကလေးတွေက ....ကျနော်ထိကိုင်ခဲ့ဖူးတဲ့ အသံအိုးလေးရဲ့လက်ကလေးတွေနဲ့တူနေသလိုပဲ.......
သူကျနော့်အနားကိုနီးကပ်လာတဲ့အခါတိုင်း
တီတီခိုင်ကကျနော့်အနားမှာရှိနေသကဲ့သို့တစ်ချက်တစ်ချက် ကျနော်အတွေးပေါက်ခဲ့မိသည်။
အသံအိုးလေးလည်း အခုလောက်ဆို ဒီကောင်လေးရဲ့အရွယ်လောက်တော့ရှိနေပြီပေါ့~~~~~
သူကတော့သော့ပေးပြီးပြီးချင်း ကျနော့်ကိုကျောခိုင်းလို့သွားခဲ့ပေမယ့် ကျနော်ကတော့သူ့ကျောပြင်လေးကိုကြည့်ကာ
ကျနော့်အတွေးနဲ့ကျနော် ပြုံးနေခဲ့မိတာတွေကိုတော့ ကျနော်ကလွဲ ဘယ်သူကမှမသိရှိခဲ့ချေ။
တဖြည်းဖြည်းနဲ့ သူ့အပေါ်ထားရှိခဲ့တဲ့ခံစားချက်တို့ကသမုဒ္ဒရာထဲကရေအနက်ကဲ့သို့ပင်ခန့်မှန်းလို့မရတဲ့အထိနက်ရှိုင်းလာခဲ့သည်။
တွယ်တာမှုကိုမကြိုက်တဲ့ကျနော်ဟာ သူလေးကိုတော့ တင်းကြပ်စွာဖက်တွယ်ချင်နေခဲ့သည်။
သူလေးလည်း တစ်ချိန်ကျကျနော့်ကို ထားရစ်ခဲ့ပြီးထွက်သွားခဲ့လိမ့်မယ်ဆိုတဲ့အဖြစ်ကိုတစ်စွန်းတစ်စတွေးမိလိုက်တိုင်းတစ်စက္ကန့်လေးတောင်သူလေးကိုကျနော့်မျက်စိအောက်ကနေအပျောက်မခံနိုင်ခဲ့တဲ့အထိရူးသွပ်ခဲ့ရသည်။
ဒါပေမယ့်ရှောင်လွှဲလို့မရတဲ့ကံကြမ္မာက
သူ့အပေါ်ထပ်ပြီးရက်စက်လာပြန်လေသည်။
ဒီတစ်ခါတော့ သူမရရတဲ့နည်းနဲ့ဒီကံကြမ္မာကိုတိုက်ခိုက်ရပေလိမ့်မည်။
ရှိုင်းဇေယံဆိုတဲ့သူ့ချစ်သူလေးကိုပြောမပြတတ်အောင်သူသိပ်ချစ်ရပါ၏။
ညီ...မင်းလေးလည်း ကိုယ့်ကို တီတီခိုင်လိုပဲထပ်ထားသွားဦးမှာလား..........
မင်းလေးတစ်ခုခုဖြစ်လို့မဖြစ်ရဘူး......
မင်းသာ ကိုယ့်ကိုထားခဲ့ပြီး တီတီခိုင်လိုပျောက်ကွယ်သွားခဲ့ရင်! ကိုယ်သိပ်ရူးသွားလိမ့်မယ် ကောင်လေး.....
မင်းလေးနဲ့ပက်သတ်ရင် ကိုယ့်မှာခံနိုင်ရည်တကယ်မရှိလို့ပါကွာ .......
မှိတ်ကျနေတဲ့မင်းခန့်ထည်ရဲ့မျက်ဝန်းထောင့်စွန်းကနေမျက်ရည်စက်တို့ကစီးကျလာခဲ့ရသည်။အိမ်မက်ထဲမှာတော့သူအသံအကျယ်ကြီးနှင့် လည်ချောင်းကွဲလုမတတ်အော်ငိုနေရင်းပေါ့.......
"မငိုပါနဲ့ သားသားရယ်"
အလုံပိတ်ထားတဲ့အခန်းတစ်ခုအတွင်း လေညှင်းလေးတစ်ခုကညင်းသွဲ့စွာဖြတ်တိုက်လာကာ နူးညံ့သိမ်မွေ့သောလက်တစ်စုံကသူ့ပါးပြင်ပေါ်သို့ထိကပ်လို့လာခဲ့ပြီးနောက်
မကြားရတာကြာမြင့်ခဲ့ပြီဖြစ်တဲ့လေညင်းလေးကသူ့နားအနား၌တိုးညင်းစွာထွက်ပေါ်လို့လာခဲ့သည်။
"တီတီ!"
သူ၏ပါးပြင်ပေါ်ကလက်ကလေးကိုသူအလျင်အမြန်ဖမ်းဆုပ်ဖို့ကြိုးစားခဲ့သော်လည်း ထိုလက်တစ်စုံက ပြတင်းပေါက်ကနေကျရောက်လာတဲ့နေရောင်ခြည်အလင်းတန်းလေးတစ်ခုလိုပင် သူဖမ်းဆုပ်ကိုင်တွယ်၍မရခဲ့ပေ။
"ကျနော့်ကိုကူညီပါဦးဗျာ ...... ကျနော်အခုကောင်းကင်ကြီးပြိုတော့မတတ်ခံစားနေရတယ်.....ဒီနေရာကလဲလေ တအားနာကျင်နေတယ် တီတီရယ်.....ဟိုတုန်းကတီတီထွက်သွားတုန်းကအတိုင်းပဲ!"
"တီတီ ကျနော်ပြောတာကြားလား?"
မင်းခန့်ထည်ကသူ၏ရင်ဘတ်ကိုတဘုန်းဘုန်းထုရင်းအိမ်မက်ထဲမှာအော်ပြောလိုက်သည်။
"အရမ်းဝမ်းမနည်းပါနဲ့ သားသားရယ်။ သူလေးကသားရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတာပဲဟာ သူလေးအဆင်ပြေမှာပါကွယ်။သားလေးသာ သူ့ကိုအတတ်နိုင်ဆုံးစောင့်ရှောက်ကာကွယ်ပေးပါ......"
ထိုစဉ်ရုတ်တရက်ထမြည်လာတဲ့Alarmသံကြောင့်မင်းခန့်ထည်ဟာ ခုတင်ဇောင်း၌ ခေါင်းတင်ထားရာကနေဘေးသို့ငိုက်ကျသွားပြီးသူ၏မျက်လုံးတို့က ကျိန်းစပ်စွာပွင့်ဟလာခဲ့သည်။
သူနိုးလာတော့ ပါးပြင်ပေါ်မှာလည်းမျက်ရည်တွေကရွှဲနစ်နေတာကြောင့်မျက်မှောင်ကြုတ်ကာရေရွတ်လိုက်လေ၏။
"မင်းအသက်ဘယ်လောက်မို့လို့လဲ မင်းခန့်ထည်!"
စီးကျနေတဲ့မျက်ရည်များကိုကမမ်းကတမ်းသုတ်လိုက်ရင်း ဖုန်း Alarmသံကိုပိတ်ပစ်လိုက်ကာမတ်တပ်ထရပ်လိုက်တဲ့အခါ စားပွဲပေါ်တွင်ပုံလျက်သားဖြစ်နေသော Drawing paperများကိုမျက်လုံးထောင့်ကနေအထင်အရှားတွေ့လိုက်ရသည်။
ဒီနေ့က Gearအပုံ၁၀၀တင်ရမယ့်နောက်ဆုံးနေ့ပဲ......
အဲ့တာကြောင့် သူ့ချစ်သူလေးက Alarmကိုဒီအချိန်ထားထားတာဖြစ်မယ်။
ကျနော့်ကိုစောစောထပြီးပုံတွေပြီးအောင်ဆွဲခိုင်းမလို့လေ။
ထိုသို့စဥ်းစားလိုက်ရင်း သူပြုံးမိသွားရသည်။
မနက်၅နာရီအချိန်ပဲရှိသေးသည်မို့ အဆောင်တစ်ခုလုံးကတိတ်ဆိတ်နေလျက်ရှိကာပြတင်းအပြင်ဘက်တွင်တော့ ကောင်းကင်ကြီးကဝေလီဝေလင်းထိန်ညီးနေသည်။
သူပြတင်းတစ်ချပ်ကိုလှပ်ဖွင့်လိုက်လေသော်ဆောင်းအကုန်နွေအကူးရဲ့ နွေဦးလေပြေလေးကစာရွက်ကလေးများပေါ်ဖြတ်တိုက်လာကြလေသည်။
လေတိုက်ခံနေရတဲ့စာရွက်လေးတွေကို မလွင့်သွားရအောင်သူဖိလိုက်ရင်းထိုင်ခုံလေးအား စားပွဲခုံဘက်ဆီသို့ဆွဲလိုက်ကာစားပွဲရှေ့၌ထိုင်ချလိုက်သည်။ထို့နောက် Drawing paperလေးကိုအစွန်းလေးဘက်စလုံး၌ တိပ်အဖြူရောင်လေးနဲ့ကပ်လိုက်ပြီး သူပုံစဆွဲလေသည်။
မင်းခန့်ထည်ရဲ့မျက်နှာလေးကတည်ငြိမ်နေသောရေပြင်လေးလိုပင်။အစိုင်အခဲတစ်ခုသာထိုရေပြင်လေးပေါ်ကျလာခဲ့မယ်ဆိုရင်တော့ဖြင့် မျက်နှာပြင်တစ်ခုလုံးဟာအဆုံးသတ်မဲ့တဲ့အထိဂယက်ထသွားနိုင်ပေ၏။
သူအာရုံစိုက်ဆွဲနေရင်းနဲ့သူ၏ဦးနှောက်ထဲသို့မနေ့ညကအကြောင်းအရာများကတစ်ဖန်တိုးကာဝင်ရောက်လာတဲ့အခါသူရဲ့လက်တွေကိုအားစိုက်မိလိုက်သည်။
ဗြိ!!!!
သူ့လက်ဖဝါးအောက်ကစာရွက်အဖြူလေးမှာနှစ်ခြမ်းပြဲသွားခဲ့ရလေသည်။ ထောက်ချွန်ရဲ့ချွန်ထက်နေတဲ့အဆူးကလည်းသူ၏လက်မထက်ကိုထိုးကာစိုက်ဝင်နေတာမို့သွေးစက်လေးတစ်ချို့စို့လာခဲ့တာကို သူငေးကြောင်ကြည့်နေမိချေသည်။
ဒီလိုအနာမျိုးဆိုတာသူ့အတွက်မနာကျင်စေခဲ့ပေမယ့် တစ်ခုသောပူလောင်မှုတို့ကတော့ သူ့နှလုံးသားတစ်ခုလုံးကိုဗြောင်းဆန်အောင်မွှေနှောက်ပစ်နေခဲ့သည်။
မနက်၆နာရီအချိန်တိတိမှာအပုံ ၁၀၀လုံးကိုဆွဲပြီးသွားပြီဖြစ်တာကြောင့် အဆောင်မှူးဆရာရဲ့အဆောင်ခန်းအရှေ့ဘက်၌ ပါကင်ထိုးထားသော နီညိုရောင်ကားလေးကိုစက်နှိုးလိုက်ကာ ဝန်ထမ်းအိမ်ယာဘက်သို့မောင်းထွက်သွားလိုက်သည်။
ဒုန်းဒုန်းဒုန်းဒုန်းဒုန်း!!!!!!!!!!
"ဘယ်သူလဲကွ ဒီအချိန်ကြီးတံခါးလာခေါက်နေတာ!"
ထိုမာန်မဲတဲ့အသံတစ်သံကတိတ်သွားပြီးနောက် မင်းခန့်ထည်ရှေ့ရှိသံပန်းတံခါးကြီးက ပွင့်လာခဲ့ကာတံခါးနောက်ကနေအင်္ကျီစွပ်ကျယ်အဖြူနှင့်် ရှော့ပင်ဘောင်းဘီတိုဝတ်ဆင်ထားတဲ့လူတစ်ယောက်ကဒေါသတကြီးနှင့် ထွက်လာလေသည်။
ထိုလူက လည်ပင်း၌သိုင်းထားသောမျက်မှန်ကိုတပ်လိုက်ပြီးအနက်ရောင်ရှပ်နဲ့အနက်ရောင်ဂျင်းကိုတွဲဖက်ဝတ်ဆင်ထားသောအရပ်ရှည်ရှည်နဲ့ခပ်ချောချောကောင်လေးကိုမြင်တော့ သေချာပြူးပြဲကြည့်ရင်းမေးလာခဲ့သည်။
"ဟေ မင်းဘယ်သူလဲကွ?"
"ဆရာအိပ်ယာမနိုးသေးဘူးပဲ"
မင်းခန့်ထည်ကခေါင်းရမ်းကာစိတ်ညစ်စွာရေရွတ်လိုက်ပြီးနောက် အဖြူရောင်စာရွက်အပုံလိုက်ကိုကားထဲမှထုတ်လိုက်ကာ ဆရာဖြစ်သူထံသို့အတင်းထိုးတင်လေတော့သည်။
သူ့ဆရာဆီသို့ စာရွက်အပုံလိုက်အား တရိုတသေနဲ့ညင်သာစွာထိုးတင်နေသည်မှာဦးညီညီထွန်းခမျာနောက်သို့လန်ကျသွားလုမတတ်ပင်။
ဦးညီညီထွန်းက စာရွက်အထပ်လိုက်ကြီးကို မရမကပွေ့ပိုက်လိုက်ရင်းခပ်ဆတ်ဆတ်ဆိုလာသည်။
"ဖြေးဖြေးလုပ်ပါကွ"
"ဆရာပြောတဲ့အတိုင်း ပုံ၁၀၀နော်....ပြည့်မပြည့်စစ်ကြည့်ဦး"
"တယ်ဟုတ်ပါလား? ကြည့်ရတာ ငါ့ကိုကြောက်လို့တော့ မဖြစ်နိုင်ဘူး။ဒေါ်ငုဝါကိုကြောက်လို့ပဲဖြစ်ရမယ်"
သူ့ဆရာစကားကြားတော့မင်းခန့်ထည်က'ဟမ့်' ဆို၍နှာတစ်ချက်မှုတ်လိုက်ပြီးနောက်ဆက်ပြောလာသည်။
"ဒီနေ့ ရှိုင်းဇေယံ ဆရာ့အတန်းလာတက်မှာမဟုတ်ဘူး။"
"ဘာလို့လဲ မင်းကငါ့အတန်းပြေးဖို့ဆွယ်ထားလို့လား?"
"မဟုတ်ရပါဘူးဗျာ သူ နေမကောင်းဖြစ်နေလို့ပါ...."
မင်းခန့်ထည်ရဲ့မျက်နှာဟာ ထိုသို့ပြောနေစဥ်တွင်သိသိသာသာညှိုးကျသွားတာကြောင့်သူ့ဆရာကသူ့အားတံတောင်နဲ့တွတ်လာလေ၏။
"မင်းမှာလဲ အထိအခိုက်လွယ်လိုက်တာ
ရှိုင်းဇေယံနေမကောင်းတာနဲ့ပဲ မင်းအခွက်ကြီးက ငါ့ရှေ့မှာအဲ့လောက်ထိဖြစ်ပြဖို့လိုလို့လား။
ငါ့ရဲ့ ခံစားချက်မရှိတင်းမာလွန်းတဲ့ရေခဲတုံးတပည့်ကြီး မင်းခန့်ထည်ကဘယ်ရောက်သွားတုန်း။မင်း မင်းခန့်ထည်ကောဟုတ်ရဲ့လားကွ?"
သူ့ဆရာစကားကြားတော့ သူနဲနဲပြုံးလာသည်။
"မနက်၆နာရီကြီးဆရာ့အခန်းတံခါးကိုလာခေါက်ရဲတဲ့လူက ကျနော်ဆိုတဲ့မင်းခန့်ထည်ကလွဲပြီးဘယ်သူဖြစ်နိုင်ဦးမှာလဲဗျာ....."
"အေး ဒါတော့ဟုတ်တယ်ကွ.....မင်းပဲဆိုရင်လဲပြီးတာပါပဲကွာ"
"ဒါဆို ဆရာ ကျနော့်ကိုခွင့်ပြုပါဦးနော်"
ဟုနှုတ်ဆက်လိုက်ပြီးသည်နှင့် မင်းခန့်ထည် ရဲ့အရိပ်အယောင်ကတမဟုတ်ချင်းပျောက်ကွယ်သွားတော့လေသည်။
"ဒီကောင်လေးနှယ့် ဘာတွေအလောကြီးနေလဲမသိ။ငါမနက်စာကျွေးမလို့ဟာကို မေးတောင်မမေးလိုက်ရဘူး........"
ထိုသို့ပွစိပွစိဆိုလိုက်ရင်း ဦးညီညီထွန်းလည်းစာရွက်တွေတပွေ့တပိုက်ကြီးနှင့်အိမ်ထဲပြန်ဝင်သွားတော့သည်။
သူကျောင်းရှေ့သို့ကားမောင်းထွက်လာတော့ ကျောင်းရှေ့၌ရပ်စောင့်နေသော လင်းထွဋ်ကိုတွေ့လိုက်ရသည်။
ချက်ချင််းကားဘရိတ်အုပ်လိုက်ပြီး
ကားရပ်လိုက်တဲ့အခါ လင်းထွဋ်က driverနေရာ၌ဝင်ထိုင်လာကာ မင်းခန့်ထည်ကတော့ ကားနောက်ခန်း၌ပြောင်းထိုင်လိုက်လေသည်။
ကားနောက်ခန်းရောက်တော့ဖိုင်အပုံလိုက်ကြီးကိုတွေ့လိုက်ရသဖြင့် မင်းခန့်ထည်ရဲ့မျက်ခုံးရိုးတစ်ဖက်ကမြင့်တက်သွားရသည်။
လင်းထွဋ်မှာ မနက်အာရုဏ်တက်တဲ့အချိန်အထိဆေးရုံတစ်ရုံလုံးကိုမွှေနှောက်ထားခဲ့မှန်းသူ့မျက်စိရှေ့ရှိဖိုင်အပုံလိုက်ကြီးကသက်သေခံလို့နေသည်။
"ဒါတွေက ဆေးမှတ်တမ်းတွေလား?"
"ဟုတ်ပါတယ် သခင်လေး"
မင်းခန့်ထည်က စာရွက်အပုံလိုက်ကြီးထဲမှ ဖိုင်တစ်ခုကိုဖွင့်ကြည့်လိုက်ရင်းဆိုသည်။
"ဒါညီ့ရဲ့ လစဥ်မှတ်တမ်းတွေပဲ"
"သခင်လေးရှိုင်းဇေယံက ၁နှစ်နီးပါးလောက်ဆေးကုသမှုရပ်ဆိုင်းခဲ့သေးတယ်လို့လဲ Drကပြောပါတယ်။
ဒီနှစ်Januaryလလယ်လောက်ကမှ ပုံမှန်ဆေးကုသမှုကိုပြန်စတင်ခဲ့တာတဲ့"
"သွေးတွေကို တစ်ပတ်တစ်ခါ ဖောက်နေရတာဆိုတော့.....အဲ့ဒဏ်ကိုမခံစားနိုင်တော့လို့ သူရပ်ဆိုင်းခဲ့တာနေမှာ အပ်ရာတွေကအရမ်းနာနေမှာပဲ...ငါကကောဘာလို့နဲနဲလေးတောင်မရိပ်မိခဲ့တာပါလိမ့်......"
သူ့ကိုယ်သူအပြစ်တင်နေတဲ့သခင်လေးစကားကြားတော့ လင်းထွဋ်ကကားနောက်ကြည့်မှန်ထဲကနေ မင်းခန့်ထည်ကိုတစ်ချက်အကဲခတ်ရင်း စိတ်သက်သာရာရအောင်ပြောပေးလာသည်။
"သခင်လေးအပြစ်မဟုတ်ပါဘူး သခင်လေးရှိုင်းဇေယံကလဲဒီအကြောင်းတွေကို သခင်လေးသိရင်ဒီလိုမျိုးစိတ်မကောင်းဖြစ်နေမှာစိုးလို့မသိအောင်ဖုံးကွယ်ထားခဲ့တာနေမှာပါ"
မင်းခန့်ထည်ကအပုံလိုက်ကြီးထဲကမှ ဖိုင်တွေကိုတစ်ခုပြီးတစ်ခု ယူထုတ်ကြည့်လိုက်ရင်းမျက်လုံးပင့်ကြည့်ကာလှမ်းမေးလာသည်။
"မင်း ဒီဖိုင်တွေယူလာတာကို ဘယ်သူမှဘာမှမပြောဘူးလား"
"ကျနော် ဆေးရုံအုပ်ကိုနဲနဲ powerပြခဲ့တာဆိုတော့ ဘယ်သူမှမပြောရဲပါဘူး"
"MKနဲ့ကိုင်ပေါက်ခဲ့တယ်ပေါ့လေ"
"ကျနော်တောင်းပန်ပါတယ်"
ထိုစကားကြားတော့မင်းခန့်ထည်ကတစ်ချက်ရယ်လာကာကားမှန်ချလိုက်ပြီးလမ်းဘယ်ဘက်ခြမ်းရှိစိမ်းစိုသောလယ်ကွင်းများဆီသို့ငေးကြည့်လိုက်တော့သည်။
နီညိုရောင်ကားလေးကတော့ မနက်စောစောစီးစီးအချိန်ထဲကပင် မိုင်ရာချီရှည်လျားတဲ့လမ်းမထက်မှာအရှိန်အဟုန်ပြင်းပြင်းနှင့်ပြေးလွှားနေခဲ့ရသည်။
"ပိုင်စစ်ကော?"
မင်းခန့်ထည်တစ်ယောက်ကျောင်းနဲ့ခပ်ဝေးဝေးရောက်မှပိုင်စစ်ကိုသတိရလေသည်။ နေ့တိုင်းနေ့တိုင်းမုန့်ကြိုးလိမ်တွေလိုပူးကပ်နေတဲ့နှစ်ယောက်ကို ဒီနေ့ကျမှတစ်ယောက်ချင်းစီခွဲ၍မြင်နေရသဖြင့် သူလုံးဝအထူးအဆန်းဖြစ်နေရှာသည်။
"ပိုင်စစ်က ကျောင်းမှာသူခိုးဖမ်းဖို့ကျန်ခဲ့ပါတယ် သခင်လေး"
"သူခိုး?"
"ကျနော်တို့ကြည့်နေတာ သုံးရက်လောက်ရှိပြီ ကျောင်းဝန်းထဲမှာ ငနဲတစ်ကောင်က ကျောင်းရှုခင်းတွေရိုက်သလိုလိုနဲ့ဓာတ်ပုံတွေလိုက်ရိုက်နေတာ။သူ့ပုံစံက သာမန်ဓာတ်ပုံဆရာတွေနဲ့လဲမတူပဲခိုးကြောင်ခိုးဝှက်နဲ့......"
"ပြီးတော့ သခင်လေးသွားတဲ့နေရာတိုင်းအဲ့ငနဲကရှိနေတယ်လေ။
ကျနော်တိို့ကလည်း ကျောင်းမှာ သခင်လေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ခနလွှတ်ပေးထားခဲ့တာ။ဒီနေ့ သခင်လေးကကျောင်းမတက်ဘူးဆိုတော့ အဲ့ငနဲကို ပိုင်စစ်ကဒီနေ့ အမိဖမ်းမယ်ဆိုပြီး နေခဲ့တာပါ သခင်လေး"
"Aww"
မင်းခန့်ထည်က လင်းထွဋ်စကားကြားတော့ အာမေဋိတ်သံသာပြုသည်။သူ့ပုံစံက ထိုဓာတ်ပုံဆရာကိစ္စအကြောင်းကို သိပ်စိတ်ဝင်စားပုံမပေါ်ပေ။
ကားလေးတစ်စီးကတဖြည်းဖြည်းသန်လျင်ကနေထွက်လာခဲ့ပြီးနောက် မြို့ထဲသို့ချိုးကွေ့လိုက်တော့လေ၏။
"သခင်လေး ကျနော်ဘယ်ကိုမောင်းပေးရမှာလဲ?"
"နန္ဒဝန်အိမ်ရာ"
••••••••••••••••••••••••••••••••••••••••••••••••••
မနက်၉နာရီအချိန်မှာကျောင်းဝန်းထဲ၌ ပိုင်စစ်တစ်ယောက် သူ၏လက်နှစ်ဖက်ကိုခါး၌ထောက်ထားလျက် ခေါက်တုန့်ခေါက်ပြန်လျှောက်နေလေသည်။သူ၏မျက်လုံးတွေကလဲနေရာအနှံ့ကစားနေကာ အရာအားလုံးကိုစွန်ရဲမျက်လုံးနှင့်ဖမ်းစားလို့ထားသည်။
ထိုစဥ် ကျောင်းဝန်းထဲသို့ခိုးကြောင်ခိုးဝှက်နှင့်ဝင်လာသော ပုပုကွကွလူတစ်ယောက်ကိုတွေ့လိုက်ရတဲ့အခါ သူ၏စွန်ရဲမျက်လုံးတို့က ထိုလူဆီ၌ကပ်ငြိသွားတော့သည်။
နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ!
ပိုင်စစ်ကသူ၏ရှပ်အင်္ကျီလက်ရှည်ကိုတံတောင်စစ်အထိခေါက်တင်ရင်းကြုံးဝါးလိုက်လေ၏။
ဒီနေ့တော့ငါနဲ့တွေ့ပြီ!
ပိုင်စစ်က ကော်ရစ်ဒါဘယ်ဘက်ခြမ်းသို့ မြန်မြန်လေးကူးလိုက်ကာ ထိုလူ့နောက်ကနေအသံတိတ်လိုက်,လိုက်လေရာ ထိုလူကတော့ ပိုင်စစ်အနောက်ကလိုက်လာတာကိုသတိမထားမိဘဲ သိုင်းလွယ်ထားတဲ့အနက်ရောင် leatherအိတ်ထဲမှ Cameraကိုထုတ်လိုက်လေသည်။
Cameraကိုမြင်တော့ ပိုင်စစ်ရဲ့မျက်လုံးတွေကအရောင်တောက်လာကာ
ထိုလူ့ရဲ့နောက်သို့ဖြည်းဖြည်းချင်းချဥ်းကပ်သွားပြီး ဂုတ်ကိုဆွဲကိုင်လိုက်ကာ မြေပြင်ပေါ်သို့မြန်ဆန်စွာကိုင်ပေါက်ပစ်လိုက်ပါတော့သည်။
"အား!!!!!"
ထိုလူဆီကနေမီးရထားခေါင်းမျိုချထားသလားအောက်မေ့ရတဲ့အသံနက်ကြီးတစ်သံကကျယ်လောင်စွာထွက်လာခဲ့ကာရုတ်တရက်ဟိန်းထွက်လာတဲ့အသံနက်ကြီးကြောင့် ကျောင်းမုခ်ဝသို့ဝင်လုဆဲဆဲကောင်မလေးတစ်ယောက်ရဲ့ကိုယ်လေးဟာဆတ်ခနဲတုန်တတ်လို့သွားခဲ့သည်။
သူမလေးဟာပခုံးလေးတွေတုန်တတ်သွားတဲ့အထိလန့်သွားခဲ့ရပေမယ့်လည်း နေရာတကာစူးစမ်းချင်သောသူမရဲ့စိတ်တို့ကအနိုင်ယူသွားတာကြောင့် အသံလာရာဆီသို့သူမသွားကြည့်မိလိုက်သည်။ မနက်၉နာရီဖြစ်သော်လည်းFerryတွေကတစ်စီးမှမဆိုက်သေးတာကြောင့် ကျောင်းဝန်းအတွင်း၌လူအတော်ရှင်းနေခဲ့ကာတိတ်ဆိတ်ခြောက်ကပ်နေသည်။
"ပေးစမ်း Camera! "
ပိုင်စစ်က မြေပြင်ထက်၌လဲလျောင်းနေသောလူ၏လက်ထဲမှ Cameraကိုအတင်းဆွဲယူလိုက်ပြီးနောက် Cameraထဲမှ ဓာတ်ပုံများကိုအမြန်ကြည့်လိုက်သည်။
ဒါသခင်လေးတို့ပုံတွေပဲ!!!!!
ပုံတွေထဲမှာမှ သခင်လေးကသခင်လေးရှိုင်းဇေယံနှင့်အကြည်စိုက်နေတဲ့ပုံတွေကပိုများတာကြောင့် သူCameraထဲကနေ Memory Cardကိုအမြန်ထုတ်လိုက်ပြီးဆွဲချိုးလိုက်လေ၏။
"မင်းကိုဘယ်သူခိုင်းထားတာလဲ ဘာလို့သခင်လေးရဲ့ပုံတွေလိုက်ရိုက်နေတာလဲ!"
"သခင်လေး? မင်းက ဘယ်သူလဲ?"
"ငါ့ကိုပြန်မမေးနဲ့ ငါမေးတာကိုသာမြန်မြန်ဖြေစမ်း!"
အချိန်ဆွဲနေသောထိုဖက်တီးအားစိတ်မရှည်တော့တဲ့အဆုံး ပိုင်စစ်ကလက်တစ်ဖက်ကိုလိမ်ချိုးလိုက်တော့လေသည်။
"အား!!!!!"
"ငါမေးနေတာဖြေလေ"
"ရှင်တို့ဘယ်သူတွေလဲ ကျောင်းဝန်းထဲမှာဘာလုပ်နေကြတာလဲ?"
မိန်းကလေးတစ်ယောက်ရဲ့အသံကြားတော့ပိုင်စစ်ကနောက်သို့လှည့်ကြည့်မိသည်။ထိုအခိုက်ကိုအခွင့်ကောင်းယူကာ ထိုလူက ပိုင်စစ်လက်ထဲမှ Cameraကိုပြန်ဆွဲလုသွားပြီး ပိုင်စစ်ကိုအလစ်ဝင်ကျုံးတော့သည်။
ပိုင်စစ်ကလည်းအမြန်ရှောင်တိမ်းလိုက်ပြီး
နောက်ထိုလူ၏အင်္ကျီဂျာကင်စကိုခပ်တင်းတင်းဆွဲကိုင်ထားတာကြောင့် ထိုဖက်တီးမှာပြေးလို့မလွတ်ဘဲ ပိုင်စစ်လက်ထဲ၌ခြေချုပ်မိသွားရပြန်လေသည်။
အချိန်တစ်ခနကြာတဲ့အထိလုံးထွေးသတ်ပုတ်နေပြီးနောက် ပိုင်စစ်လက်ထဲကနေလွတ်သွားတဲ့အခါထိုလူကဘေးနားရှိမိန်းကလေးအားပိုင်စစ်ထံတွန်းလွှတ်ပစ်လိုက်ပြီး နောက်လှည့်မကြည့်စတမ်းတရှိန်ထိုးထွက်ပြေးသွားတော့သည်။
ပိုင်စစ်ကသူ့ဆီပစ်ခွင်းလာသော မိန်းကလေး၏ကိုယ်ကိုဖမ်းလိုက်တဲ့အခါဟန်ချက်မထိန်းနိုင်ဘဲနှစ်ဦးစလုံးမြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။သို့သော် ပိုင်စစ်ကသူ၏လက်ဖြင့် မိန်းကလေး၏ဦးခေါင်းကိုထိန်းကိုင်ပေးထားတာကြောင့် သူမလေးရဲ့ခေါင်းက ကော်ရစ်ဒါနဲ့မိတ်မဆက်လိုက်ရပေ။
သူ့လက်ထဲကထိုမိန်းကလေးအားချက်ချင်းလွှတ်ပေးလိုက်ပြီးနောက် သူတို့နပန်းသတ်နေရာမှ ခုနကလူကျသွားသော ဖုန်းအား ကော်ရစ်ဒါပေါ်ကနေအမြန်ကောက်ယူလိုက်သည်။
သူကသူ၏ကိုယ်ပေါ်၌ပေလူးသွားရတဲ့ဖုန်တွေကိုစိတ်ညစ်ညစ်နဲ့ခါချလိုက်ရင်း ကွန်ကရစ်စင်္ကြံပေါ်မှာထိုင်နေဆဲဖြစ်တဲ့ကောင်မလေးဘက်သို့လှည့်ကြည့်လာကာဆိုသည်။
"ဒီမယ်အမိ ဘာမှန်းမသိဘဲ ဇွတ်ဝင်လာရလား?"
နေရောင်ခြည်တို့ဖြာကျနေသော အနက်ရောင်ဝတ်စုံနှင့်ထိုလူသားကကောင်းကင်ပေါ်ကသက်ဆင်းလာတဲ့နတ်သားလေးတစ်ပါးအလား အလွန်ပြီးပြည့်စုံနေတာကြောင့် သူမ ကကော်ရစ်ဒါပေါ်၌ငုတ်တုပ်ထိုင်လျက်ကလေးနှင့်ပိုင်စစ်အားငေးကြည့်နေရှာလေသည်။
စကားပြန်မရတာကြောင့် ပိုင်စစ်ကမျက်မှောင်ကြုတ်လျက် သူမလေးဆီပြန်လျှောက်လာကာ သူ၏ဘောင်းဘီထဲမှ အဖြူရောင်လက်ကိုင်ပုဝါလေးအားထုတ်လိုက်ပြီးကမ်းပေးလာခဲ့သည်။
ထို့နောက်ကော်ရစ်ဒါပေါ်မှာထိုင်နေတဲ့မိန်းကလေးရဲ့ကိုယ်ကို ဆွဲထူလိုက်ကာ
သူမလက်ထဲမှာကိုင်ထားတဲ့ ပုဝါလေးအားပိုင်စစ်ကပြန်ဆွဲယူလိုက်၍ သူမရဲ့ကျောင်းဝတ်စုံပေါ်၌ပေကျံနေသော ဖုန်မှုန့်များကို ဂရုတစိုက်သုတ်ပေးလာခဲ့ရင်းဂရုတစိုက်မေးလာခဲ့သည်။
"မင်းဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး။ဒါနဲ့ ခုနကလူကလူဆိုးကြီးလားဟင်"
"အင်း"
"သူထွက်ပြေးသွားပြီလေ ရှင်သူ့ကိုလိုက်မဖမ်းတော့ဘူးလား"
"ငါမင်းကိုကူနေတာနဲ့ သူ့ကိုလွတ်သွားတာကြာပေါ့"
နောက်ဆုံးထိုမိန်းကလေးကဘာမှမဖြစ်ကြောင်းသေချာပြီဆိုမှ အနက်ရောင်ဝတ်စုံနဲ့ကြည့်ကောင်းလှတဲ့လူငယ်လေးကကျောင်းဝင်းထဲကနေကျောခိုင်းထွက်ခွာသွားတော့သည်။
ကျောင်းအပြင်မရောက်ခင်မှာပင် Cameraသမားလက်ထဲကနေသိမ်းယူထားတဲ့ဖုန်းလေးကတုန်ခါလာခဲ့တာကြောင့်ဖုန်းကိုင်လိုက်ပြီးနောက်ဘာမှပြန်မဖြေသေးဘဲတစ်ဖက်ကအသံကိုအရင်နားထောင်ကြည့်လိုက်သည်။
"ဟဲ့ ဝက်ကောင် ဒီနေ့လဲ ပုံတွေရရင် ငါ့ဆီပို့ပေးဦး အရင်ရက်ကပုံတွေအတွက် မနက်ဖြန်ငါပြင်ဦးလွင်ကပြန်လာရင် ပိုက်ဆံရှင်းပေးမယ် နင့်ရဲ့ကျေးဇူးကြောင့် ငါနိုင်ကွက်တစ်ခုရလိုက်လို့ စိတ်ပျော်နေတဲ့အတွက်
နင်ပြောထားတဲ့စျေးထက်နှစ်ဆတိုးပေးမယ်......."
ဖုန်းထဲကနေထွက်ပေါ်လာတဲ့ရင်းနှီးနေကျအသံတစ်သံကြောင့် ပိုင်စစ်ရဲ့နှုတ်ခမ်းထောင့်စွန်းတိို့ကကွေးတက်သွားရပြီး သူဘာမှပြန်မဖြေဘဲဖုန်းချပစ်လိုက်သည်။
တကယ်ကိုထင်ထားတဲ့အတိုင်းပါပဲလား!
ကျောင်းရှေ့၌ရပ်ထားတဲ့ အနက်ရောင်ကားတစ်စီးပေါ်ရောက်တော့ သူ၏ဖုန်းကိုထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကိုဖုန်းအမြန်ခေါ်ရလေသည်။
"ပြော!"
ဆူအောင့်အောင့်အသံတစ်သံက ကြည်လင်မှုအပြည့်နှင့်ဟိန်းထွက်လို့လာခဲ့ကာ
ပိုင်စစ်ကထိုအသံကိုကြားတော့ရယ်သွမ်းလျက်ဆိုလိုက်သည်။
"အထွဋ်ရေ .. ... ငါတို့တော့ဒုက္ခရောက်ပြီကွ"
ထိုစကားကြားတော့Screenတစ်ဖက်ခြမ်းရှိအသံတို့ကတုံ့ပြန်ခြင်းမရှိစွာတိတ်ဆိတ်သွားခဲ့လေရာ ထိုစဥ် လင်းထွဋ်၏မျက်ခုံးနှစ်ဖက်တို့ကအလယ်ခေါင်၌ စုဝေးနေမည်မှာသေချာပေါက်ပင်ဖြစ်သည်။
••••••••••••••••••••••••••••••••••••••••••••••••••
ဧည့်ခန်းအတွင်း၌ဖုန်းသံကကျယ်လောင်စွာမြည်ဟီးတုန်ခါလာတာကြောင့် ရှိုင်းဆက်ယံကအဝင် callရဲ့ Contact nameကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ဖုန်းကိုင်လိုက်သည်။
"ဘာလဲ?"
"ငါတို့တွေ ဒီမနက်အပြေးအလွှားနဲ့အလုပ်များနေတယ်သိလား?"
"အလုပ်များနေရင်လဲ ဘာကိစ္စဖုန်းဆက်နေသေးလဲ ချလိုက်တော့! "
"မင်းကလဲမလောနဲ့လေကွာ ငါပြောတာနားထောင်ပါဦး။မနေ့ညက ဘယ်သူမှန်းမသိတဲ့ကျေးဇူးရှင်တစ်ယောက် ငါတို့ဆေးရုံရဲ့ဆေးမှတ်တမ်းဂိုဒေါင်ကမှတ်တမ်းတွေကိုတော်တော်များများဖွသွားလို့ အခုအကုန်လုံးပြန်စီနေရတယ်။ဆေးရုံအုပ်ကလဲသိသိကြီးနဲ့တောင်ဘာမှမပြောဘူးဆိုတော့ ဒီလူကသာမန်လူတော့မဟုတ်လောက်ဘူး။"
စိုင်းသီဟရဲ့စကားအရှည်ကြီးကိုအဆုံးထိနားထောင်ပေးလိုက်ပြီးနောက်ရှိုင်းဆက်ယံကခပ်ချေချေဘဲပြန်တုံ့ပြန်လာသည်။
"အဲ့တော့ ငါနဲ့ဘာဆိုင်လို့ ငါ့လာပြောပြနေတာလဲ?"
"ငါတို့မှတ်တမ်းတွေအကုန်ပြန်စီနေရင်းထူးဆန်းတာက ကိုဇေရဲ့ဆေးမှတ်တမ်းတွေအကုန်လုံးပျောက်နေတယ်....."
စိုင်းသီဟဆက်ပြောလာတဲ့စကားတို့ကြောင့် ရှိုင်းဆက်ယံက စိတ်ရှုပ်ထွေးသွားဟန်တူသည် သူ၏မျက်နှာဟာချက်ချင်းမဲမှောင်သွားခဲ့ကာတစ်စုံတစ်ခုကိုငြိမ်သက်စွာအလေးအနက်စဥ်းစားလို့နေသည်။
"မင်းပြောတဲ့အဲ့လူယူသွားတာလား?"
"အေး ထင်တာပဲ"
"သူကဘယ်လိုပုံစံလဲ?"
"ငါတော့မမြင်လိုက်ဘူး မနေ့ညကဆေးရုံမှာ Night dutyကျတဲ့ Nurseတစ်ချို့ပြောတာတော့ အဲ့လူက အနက်ရောင်ဝတ်စုံကိုအတိဝတ််ထားတယ်တဲ့။သူ့ပုံစံက Body guardလိုပုံစံမျိုးဆိုပဲ..... တချို့ကနာမည်တောင်ပေးနေကြသေး K2ဆိုလား K3ဆိုလားပဲ........ပြီးတော့အဲ့လူကတအားလဲချောတယ်တဲ့ကွာ..."
စိုင်းသီဟက ဟက်ခနဲရယ်ရင်းပြောနေသော်လည်း တဖက်ခြမ်းကရှိုင်းဆက်ယံရဲ့မျက်နှာကတော့မှောင်မိုက်သထက်မှောင်မိုက်လာခဲ့သည်။
K2 ? K3 ?
ထိုစာလုံးနှစ်ခုရဲ့အဓိပ္ပါယ်ကိုသူမရှင်းပေ။
"ကိုကြီး"
ရှိုင်းဇေယံခေါ်သံကြားတော့မှ ရှိုင်းဆက်ယံရဲ့အတွေးယဥ်ကြောတို့ကပြတ်တောက်သွားတော့သည်။
ရှိုင်းဇေယံရဲ့အသံကိုဖုန်းထဲကနေရုတ်တရက် ကြားလိုက်ရတဲ့ စိုင်းသီဟတစ်ယောက်ရယ်နေရာကနေရပ်သွား၍ ရှိုင်းဆက်ယံအားအဆောတလျင်မေးလာသည်။
"ငယ်လေးရောက်နေတာလား? မင်းငယ်လေးကိုသွားပြန်ခေါ်လာတာလား?"
"အင်း အဲ့တာဆို ဒါပဲ"
"ခန ဆက်ယံ......"
ရှိုင်းဆက်ယံကစကားကိုတုံးတိဖြတ်ချလိုက်ပြီး ဖုန်းကိုပါတစ်ခါတည်းချပစ်လိုက်သည်။
"ဘာလို့ထွက်လာတာလဲ မင်းတစ်ညလုံးမအိပ်ရသေးဘူးမှတ်လား?
မင်းအိပ်ရေးဝအောင်ထပ်အိပ်သင့်တယ်"
သူ့ညီလေးကတစ်ညလုံးမအိပ်ပဲမရပ်မနားငိုထားမှန်းသူသိတာကြောင့်ထိုသို့ပြောလိုက်ခြင်းပင်။
"ကိုခန့်က ကျနော့်ကိုလာကြိုမှာမို့လို့....."
"မင်း သူ့ကိုဖြတ်ဖို့အချိန်ရောက်ပြီလေ ငါအရင်ကဘာပြောထားလဲ!!"
"ကျနော့်ကိုလဲကိုကြီးကဘာမှမပြောပြဘဲနဲ့ ကျနော်ကဘာလို့ ကိုကြီးပြောတာကိုယုံပြီး ကိုခန့်ကိုဖြတ်ပစ်ရမှာလဲ?"
"မင်း! မင်းအခု သွေးသားရင်းဖြစ်တဲ့ငါ့ကိုတောင် ဟိုသူစိမ်းကောင်အတွက်မယုံတော့ဘူးပေါ့လေ ဟုတ်လား? အေးမင်းမယုံရင် ငါပြမယ်"
ရှိုင်းဆက်ယံက သူ၏အခန်းထဲသို့ဒေါသတကြီးနှင့်ဝင်သွားပြီး အံဆွဲအတွင်းက A4 ဆိုဒ်ကတ္ထူစာအိတ်ကိုယူထုတ်လိုက်ပြီးနောက် ရှိုင်းဇေယံဆီသို့ပစ်ပေးလာလေသည်။
"အဲ့မှာဖတ်ကြည့် မင်းဆေးစစ်ထားတဲ့ Result! "
ရှိုင်းဇေယံက မတ်တပ်ရပ်နေလျက်အနေအထားနှင့်သာ စာအိတ်ထဲကအဖြေလွှာလေးကိုထုတ်ကြည့်လိုက်လေသော် သူ၏တစ်ကိုယ်လုံးမှာတောင့်ခဲသွားရသည်။
"Glioma နောက်ဆုံးအဆင့်!"
"အေးအဆင့်လေးဆင့်ထဲမှာမှနောက်ဆုံးအဆင့်ဆိုတာဘယ်လောက်ထိအန္တရာယ်များလဲမင်းသိလား.....မင်းကင်ဆာပါဖြစ်သွားနိုင်တယ်။မင်းအခုတလော ခေါင်းထိခိုက်ထားတာတွေများတယ်ဆို..အဲ့ဒဏ်တွေကြောင့် ပြည်တည်နာတွေက အကြိတ်ရဲ့နေရာအနှံ့မှာရှိနေပြီ။"
"ပြည်တည်နာတွေကိုလဲခွဲထုတ်ရဦးမှာ
ခွဲစိတ်မှုနှစ်ဆင့်တောင်လုပ်ရမယ့်အထိ မင်းဘယ်လိုတောင်ဆိုးဆိုးရွားရွားနေခဲ့တာလဲ ရှိုင်းဇေယံ! မင်းဒီလိုမျိုးထိဖြစ်လာမှာကြောက်လို့
ငါဘယ်လောက်ထိကြိုးစားရုန်းကန်ခဲ့ရလဲမင်းသိလား နောက်ဆုံးတော့ မင်းကငါ့အပေါ်ဒီလို Resultမျိုးကိုပေးလိုက်တယ်ပေါ့လေ။
"ဖြစ်နိုင်ရင်ငါအခု မင်းကို ဒီနေ့တောင်ချက်ချင်းပြန်ခေါ်သွားချင်တာ။ မင်းရဲ့ကျောင်းကိုကျောင်းထွက်စာ ငါအခုထိမတင်ရသေးလို့ မင်းဒီမှာရှိနေရသေးတယ်ဆိုတာ သဘောပေါက်!"
ရှိုင်းဆက်ယံကသာဒေါနဲ့မောနဲ့ကြိမ်းမောင်းပြောဆိုနေပေမယ့်ရှိုင်းဇေယံကတော့ဘာမှမတုံ့ပြန်လာနိုင်ဘဲ စာရွက်အဖြူလေးကိုသာ မေ့မေ့ကြီးရပ်ကြည့်နေရှာသည်။စာရွက်ပေါ်ကဆေးစစ်ချက်တွေကိုတဖြည်းဖြည်းဖတ်ကြည့်နေရင်းအောက်ဆုံးတစ်ပိုဒ်အရောက်တွင်သူ၏မျက်ဝန်းတို့က ပြူးကျယ်ဝိုင်းစက်သွားရသည်။
"တစ်နှစ်သာကျန်ရှိသည်........"
တစ်နှစ်ဆိုတဲ့ အချိန်ကအရင်ကကျနေ့ာ်အတွက်ဆိုလျှင်တော့ များလွန်းတဲ့အချိန်ပါလားဟူ၍ယူဆမိလောက်ပေမယ့်လို့ လက်ရှိကျနော့်အတွက်တော့ ထိုတစ်နှစ်ဆိုတဲ့အချိန်ကတုန်လှုပ်စရာကောင်းစွာထိတ်လန့်စပြုနေခဲ့ပြီ။
ညီ~~~~~~
ကိုခန့်ရဲ့အပြုံးတွေ ပြည့်နေတဲ့မျက်နှာလေးကို နောက်ဆုံးဘယ်အချိန်အထိ ကျနော်မြင်တွေ့နိုင်မလဲ? ကိုခန့်ရဲ့နွေးထွေးလွန်းတဲ့လက်တစ်စုံကို ဘယ်အချိန်ထိ ကျနော်ဆုပ်ကိုင်ထားနိုင်မလဲ?
ကျနော်သေတော့မှာလား..........
ကျနော့်ကိုယ်ကျနော်သေစေချင်ခဲ့တဲ့အကြိမ်ပေါင်းမနဲခဲ့ဘူးဆိုတာကျနော်ဝန်ခံပါတယ်
အနည်းဆုံးတော့ ကျနော်နာကျင်နေရတဲ့ဘဝကြီးကနေလွတ်မြောက်တော့မှာဆိုတော့ ကျိန်းသေပေါက်ကျနော်ပျော်သင့်တာပေါ့.....
ဒါပေမယ့် အခုကျနော့်ရင်ထဲမှာမပျော်နိုင်တော့ဘူး
သူသိပ်ချစ်ရတဲ့ကိုခန့်ကိုဘယ်အချိန်အထိဖမ်းဆုပ်ထားနိုင်မလဲဆိုတာမသိရှိနိုင်တဲ့ခံစားချက်က ဘယ်လိုမှ ကျနော့်ကို မပျော်ရွှင်စေနိုင်ဘူး
ကျနော်အသက်ရှင်ချင်တယ် ကျနော်မသေချင်သေးဘူး .... ကျနော်ကိုခန့်ဘေးနားမှာရှိနေချင်သေးတယ်.....
ကျနော် ကိုခန့်နဲ့မခွဲချင်သေးဘူး!
"ကျနော်ခွဲစိတ်မယ်ဆိုရင်ကော အသက်ရှင်နိုင်သေးလား ? မဟုတ်ဘူး ကျနော် တစ်နှစ်ထက်ပိုနေနိုင်သေးလား?"
သူ၏ညီဖြစ်သူဆီမှထိုသို့ပြောလာမည်ကိုမမျှော်လင့်ထားခဲ့တဲ့ရှိုင်းဆက်ယံက အံ့အားသင့်မှင်သက်သွားခဲ့ရသည်။
"ကိုဇေ မင်း....မင်းခွဲစိတ်ဖို့မငြင်းတော့ဘူးလား?"
"ခွဲစိတ်ရင် အသက်ရှင်နိုင်နှုန်းက ၁၀၀မှာဘယ်လောက်လဲ?"
"၂၀"
အကိုဖြစ်သူကတိုးဖျစွာပြန်ဖြေလာတော့ရှိုင်းဇေယံလေးကကူကယ်ရာမဲ့စွာငိုင်ကျသွားရှာသည်။
"ဒါဆို ကျနော်တကယ်အသက်မရှင်နိုင်တော့ဘူးပေါ့......"
ထိုသို့ငိုင်ကျသွားတာကိုမြင်တော့
ရှိုင်းဆက်ယံကညီဖြစ်သူရဲ့ကိုယ်လေးအားပုခုံးနှစ်ဖက်ကနေဖွဖွလေးထိန်းကိုင်လိုက်ရင်း အားပေးနှစ်သိမ့်လာချေသည်။
"ဒါကခန့်မှန်းခြေပဲရှိသေးတာပါ ကိုဇေရာ ဟိုမှာဆိုရင်ဒီ့ထက်ပိုအခြေအနေကောင်းလောက်မှာပါ.....အဲ့တာကြောင့် ကိုကြီးတို့ပြန်ကြရအောင်နော် ဒီမှာနေလို့အချိန်ကြာသွားရင်တစ်ခုခုထပ်ဖြစ်လာမှာစိုးရတယ်...."
"နော်...ညီလေးရာ ကိုကြီးနဲ့ Englandကိုပြန်ကြရအောင်ကွာ ..... ညီလေးရဲ့ရောဂါတွေပြန်ကောင်းတဲ့တစ်နေ့ကျ ကိုကြီး ညီလေးကို မင်းခန့်ထည်ဆီအရောက်ပြန်ပို့ပေးပါ့မယ် ကိုဇေရာ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကိုကြီးစကားလေးနားထောင်ပေးပါကွာ ကိုကြီးရဲ့ကလေးလေးရာ........."
တရှုံ့ရှုံ့ငိုနေရှာတဲ့သူ၏ညီဖြစ်သူလေးအား ချစ်ခြင်းမေတ္တာတို့ခိုအောင်းနေပါသော ရင်ခွင်ကျယ်ကြီးထက်မှာ တင်းကြပ်စွာထွေးပွေ့လို့ထားလိုက်ကာ ငယ်ငယ်လေးကတည်းကအငိုသန်တဲ့ကလေးလေးကို အငိုတိတ်အောင်ချော့မြူနေလေသည်။
ကွန်ဒိုတိုက်ခန်း၏ ကားပါကင်တွင်တော့နီညိုရောင်Hondaကားလေးကထိုးစိုက်လို့လာခဲ့သည်။
ကားပေါ်မှမဆင်းမှီ လင်းထွဋ်က မင်းခန့်ထည်ဘက်သို့လှည့်ကာအပူတပြင်းဆိုလေသည်။
"သခင်လေး ခုနတုန်းကပိုင်စစ်ဖုန်းဆက်လာတယ်။ ဓာတ်ပုံဆရာကရိုးရိုးတမ်းတမ်းမဟုတ်ဘဲ နောက်ကွယ်မှာခိုင်းနေတဲ့လူရှိနေပါတယ်တဲ့........"
လင်းထွဋ်စကားကြားသော်မင်းခန့်ထည်ရဲ့မျက်ခုံးတို့ကတဖြည်းဖြည်းနှင့်တွန့်ချိုးလာခဲ့ပြီး သူ၏မျက်နှာကအေးစက်စွာမှုန်ကုပ်သွားခဲ့သည်။
"နောက်ကွယ်ကနေခိုင်းနေတဲ့လူက..တကယ်တော့..မမလေးနန်းယမုံပါတဲ့....."
ဆက်ပြောလာတဲ့စကားတစ်ခွန်းအဆုံးမှာတော့ ကားအတွင်းရှိလေထုကအနက်ရောင်အစိုင်အခဲထုအဖြစ်သို့ရုတ်ချည်းပြောင်းလဲသွားခဲ့ရလေသည်။
"ပုံတွေထဲမှာ ညီ့ပုံတွေပါ ပါတယ်ပေါ့"
"ဟုတ် သခင်လေးရှိုင်းဇေယံပုံတွေလဲပါပါတယ်။တောင်းပန်ပါတယ် သခင်လေး တကယ်ဆိုကျနော်တို့လွှတ်ပေးခဲ့မိတဲ့အပြစ်ကြောင့်ပါ"
မင်းခန့်ထည်ကထိုအကြောင်းအရာတို့ကိုအသေးစိတ်မေးမနေတော့ပေ။အရင်ကဆို တစ်ခုခုလွဲချော်သွားသည်နှင့်ထစ်ခနဲဆိုအပြစ်ပေးနေကျ သခင်လေးက အပြစ်ပေးဖို့ရာသိပ်အာရုံမရှိတော့ပဲ အလောကြီးနေသည့်ပုံပင်။
ကြည့်ရသည်မှာ ကိုယ်ခန္ဓာကသာ ကားပေါ်မှာရှိနေတုန်းပေမယ့် စိတ်ဝိညာဥ်ကတော့ ကွန်ဒိုပေါ်တက်သွားသည်မှာကြာခဲ့ပြီထင်သည်။
"နန်းယမုံကအခုဘယ်မှာလဲ?"
"သခင်မကြီးအမိန့်နဲ့ ပြင်ဦးလွင်ဘက်ဆင်းသွားပါတယ်"
"လမ်းတလျှောက်က Toll gateတွေအကုန်ပိတ်ထားပြီး သူမကားကိုရန်ကုန်ကနေထွက်သွားလို့မရအောင်တားထားဖို့ပိုင်စစ်ကိုပြောလိုက်......
သူမကိုမိရင်ဓာတ်ပုံတွေကို မိတဲ့နေရာမှာတင် အစအနမကျန်အောင်ဖျက်စီးပစ်!.....ကြည့်ရတာသူမက ငါ့အပေါ်နိုင်ကွက်လုပ်ချင်နေတဲ့ပုံပဲ
ငါနန်းယမုံကိုတကယ်လျှော့တွက်မိခဲ့တာပါလား!"
မင်းခန့်ထည်ကထိုသို့အံတကြိတ်ကြိတ်ဆိုလာစဥ်တွင်လူသတ်ချင်နေတဲ့အန္တရာယ်အငွေ့အသက်တွေကိုအတိအကျခံစားနေရသောလင်းထွဋ်ခမျာသခင်လေးဖြစ်သူရှေ့၌ကတုန်ကရီမဖြစ်အောင်အတတ်နိုင်ဆုံးထိန်းချုပ်ထားနေရသည်။
မင်းခန့်ထည်ကပြောစရာရှိတာပြောပြီးသည်နှင့်ကားပေါ်ကနေဆင်းသွားပြီး ကွန်ဒိုထဲသို့လျှောက်ဝင်သွားတော့လေသည်။
တီတီတီတီ~~~~~~~~~~~
"ဆို!"
"ပိုင်စစ်ငါသေချာပြောမယ် နားထောင်။ဒီတစ်ခါလွဲသွားရင်တော့ မင်းရောငါရောနှစ်ယောက်စလုံးဂူအောင်းရတော့မယ့်ကိန်းပဲ မင်းသေချာလုပ်ခဲ့ ဟိတ်ကောင်!"
လင်းထွဋ်လိုလူမျိုးဆီကနေရှားရှားပါးပါးကြောက်ဒူးတုန်နေတဲ့စကားကြားတော့ Screenတစ်ဖက်မှပိုင်စစ်ကခပ်ဟဟအော်ရယ်လာခဲ့သည်။
"မင်းပဲ ကြောက်ဒူးတုန်မနေနဲ့လေ ငါ့လဲအားနာစမ်းပါဦး...."
အလေးအနက်မထားတတ်တဲ့ပိုင်စစ်ကြောင့်လင်းထွဋ်မှာနှဖူးကြောတွေထောင်လာရကာ
သကောင့်သားအားသွားကြားထဲကလေနဲ့ဖျစ်ညစ်ဆိုလိုက်လေ၏။
"သောက်ကျိုးနည်း! ဟာသလုပ်မနေနဲ့ကွ။
မင်းသာ မမလေးနန်းယမုံကိုလွတ်သွားခဲ့ကြည့် ...ဓာတ်ပုံတွေကိုသာ ဥက္ကဋ္ဌကြီးမြင်သွားခဲ့ရင်တော့လား...သခင်လေးတို့၂ယောက်အတွက်မတွေးရဲစရာပဲ! ဟေ့ရောင် ဒီကိစ္စကတကယ့်ယမ်းပုံကြီးနော် !"
လင်းထွဋ်ဆိုလိုက်တဲ့နောက်ဆုံးစကားကြားတော့ ဟာသလုပ်နေတဲ့ပိုင်စစ်ရဲ့မျက်နှာဟာ တစ်စက္ကန့်အတွင်းတည်တင်းသွားခဲ့ပြီး မောင်းနှင်နေသည့်အရှိန်ကိုမိုင် ၂၀၀နှုန်းသို့တင်ပစ်လိုက်တော့သည်။
••••••••••••••••••••••••••••••••••••••••••••••••••
Hello my readers (♥´∀`)/
စာလုံးရေ တစ်သောင်းကျော်တာမို့ ဖတ်ရတာနဲနဲရှည်ပါမယ်နော် 😁
••••••••••••••••••••••••••••••••••••••••••••••••••
အခန္း(၄၅) - သူ႕အနားမွာက်ေနာ္႐ွိေနခ်င္ေသးသည္
Zawgyi
[အသံအိုးေလး]
ကိုဆက္ယံက ညီ့ကိုအတင္းအၾကပ္ေခၚသြားတယ္ဆိုတာ တကယ္ကိုသာမန္႐ိုးက်ကိစၥေလးတစ္ခုေတာ့မဟုတ္ႏိုင္ေလာက္ေပ။
ထို႔ေၾကာင့္မင္းခန္႔ထည္ဟာလင္းထြဋ္ကိုညတြင္းခ်င္း ေဆး႐ုံသို႔သြားစုံစမ္းခိုင္းခဲ့သည္။
အခ်ိန္၂နာရီေက်ာ္ၾကာျမင့္သြားၿပီးေနာက္လင္းထြဋ္က သခင္ေလးျဖစ္သူထံျပန္ဆက္သြယ္လာသည္။
"သခင္ေလး သခင္ေလး႐ိႈင္းေဇယံက ဦးေႏွာက္အႀကိတ္ေရာဂါေနာက္ဆုံးအဆင့္လို႔ေျပာပါတယ္"
"ေနာက္ဆုံးအဆင့္?"
"ေနာက္ဆုံးအဆင့္ဆိုတာ ဦးေႏွာက္မွာ႐ွိတဲ့ အႀကိတ္မွာကင္ဆာဆဲလ္႐ွိမ႐ွိခြဲစိတ္စစ္ေဆးရမယ့္အဆင့္လို႔ေျပာပါတယ္။စိုးရိမ္စရာတစ္ခုထပ္႐ွိတာက အႀကိတ္ကအခုတေလာ ပိုပိုထြားလာၿပီး ျပည္တည္နာေတြပါ႐ွိေနတာေၾကာင့္ ခြဲစိတ္မႈ၂ဆင့္လုပ္ရမယ္လို႔လဲဆိုပါတယ္....."
"ဆက္ေျပာ!"
Screenတစ္ဖက္ကေန စာ႐ြက္လွန္သံတဖ်ပ္ဖ်ပ္ကိုၾကည္လင္စြာၾကားေနရစဥ္မင္းခန္႔ထည္ရဲ႕ႏွလုံးစိုင္ကလည္းတဒုတ္ဒုတ္ႏွင့္ခုန္လွပ္လို႔ေနသည္။ထို႔ေနာက္လင္းထြဋ္ကဆက္ဆိုလာသည္။
"ျပည္တည္နာေတြကိုဖယ္ထုတ္ရင္းဦးေႏွာက္ကိုပါထိသြားႏိုင္ႏႈန္းက 100℅မွာ80℅ေလာက္႐ွိေနတာမို႔ ဆရာဝန္ေတြကလဲေတြေဝေနပါတယ္။Drေျပာတာၾကားရတာေတာ့ က်ေနာ္တို႔ဆီမွာ ဒီခြဲစိတ္မႈအတြက္အာမခံခ်က္မေပးႏိုင္ေသးဘူးတဲ့။"
"အာမခံခ်က္မေပးႏိုင္ဘူး........."
"ဒါႀကီးကေတာ့!! "
ပုံမွန္အသံျဖင့္ေျပာေနရင္းနဲ႔လင္းထြဋ္ကအလန္႔တၾကားထေျပာလာတာေၾကာင့္ မင္းခန္႔ထည္မွာအသက္႐ွဴရပ္သြားကာ တုန္လႈပ္သြားရသည္။
"ဘာျဖစ္လို႔လဲ?"
"တကယ္လို႔ျပည္တည္နာကိုမခြဲထုတ္ပဲ ထားမယ္ဆိုရင္ အႀကိတ္ကပိုပိုဆိုး႐ြားလာၿပီးေနာက္ဆုံး မွာ Cancerဆဲလ္ေတြကိုအႀကိတ္ကေနတဆင့္ ဦးေနာက္အတြင္းပိုင္းကိုပါ
ပ်ံ႕ႏွံ႔လာတဲ့အထိျဖစ္သြားႏိုင္တဲ့အတြက္ လူနာမွာအသက္႐ွင္ႏိုင္ေျခ ခန္႔မွန္းေျခအရ တစ္ႏွစ္သာအခ်ိန္က်န္႐ွိေတာ့သည္ဟု ခန္႔မွန္း......."
တီတီတီတီ..............
"ဟဲလို သခင္ေလး.....သခင္ေလး..."
မွတ္တမ္းစာ႐ြက္ေပၚကစာပိုဒ္တစ္ပိုဒ္ကိုဖတ္ျပေနစဥ္မွာပင္ သခင္ေလးျဖစ္သူရဲ႕အသံဟာ႐ုတ္ခ်ည္းပ်က္ေတာက္သြားခဲ့ေလသည္။
ေအးစက္ေသာၾကမ္းျပင္ေပၚက ဟန္းဆက္ေလးအား ျပန္ေကာက္ယူလိုက္ၿပီးေနာက္မင္းခန္႔ထည္ဟာလင္းထြဋ္ကိုျပန္ဆက္သြယ္လိုက္သည္။ ဖုန္း Screenမွာျပဳတ္က်ထားတဲ့အ႐ွိန္ေၾကာင့္အက္ေၾကာင္းေလးတစ္ခုကအထင္းသားေပၚလို႔ေနသည္။
"မင္း အဲ့ေရာဂါအေၾကာင္းေဆး႐ုံကေနအကုန္႐ွာလာခဲ့! ၿပီးေတာ့ ညီရဲ႕ေဆးမွတ္တမ္းေတြကိုပါငါ့ဆီအကုန္ယူလာခဲ့!"
ကံၾကမၼာဆိုတာက အေကာင္းႀကီးပဲမလာႏိုင္သလိုအဆိုးေတြကကို႔ဆီခရီးႏွင္လာတာကိုလည္းမျမင္ႏိုင္ဘူးဆိုတာသိပ္မွန္တယ္။
သူ႕ခ်စ္သူေလးကိုေတာ့ သူဆုံး႐ႈံးခံလိုက္ရလို႔မျဖစ္ဘူး ....
သူပါက်ေနာ္႕အနားမွာမ႐ွိေတာ့ရင္
က်ေနာ္႕ကမ႓ာႀကီးဟာအဓိပၸါယ္မဲ့သြားႏိုင္တယ္
သူၾကမ္းျပင္ေပၚတြင္ထိုင္ခ်လိုက္ရင္းခုတင္ေဇာင္းကိုမွီကာမိုးလင္းဖို႔ေစာင့္ေနလိုက္သည္။မိုးလင္းမွပဲအေဆာင္ကေနထြက္ၿပီး ညီ့ဆီကိုသြားလို႔ရမွာေလ......
သူခုတင္ေဇာင္းကိုမွီရင္းခနေမွးမိသြားတဲ့အခါသူ၏ျမင္ကြင္းထဲ၌ပုံရိပ္အခ်ိဳ႕က ေနရာယူသြားခဲ့ေလၿပီ။
ထိုပုံရိပ္တို႔က ငယ္စဥ္အခါတုန္းကသူသိပ္တြယ္တာခဲ့ရဖူးတဲ့လူတစ္ေယာက္ဆီသို႔ျပန္လည္ေခၚေဆာင္သြားခဲ့သည္။
အဲ့အခ်ိန္တုန္းက က်ေနာ္၃ႏွစ္နီးပါးပဲ႐ွိေသးေပမယ့္လည္းသူမအေၾကာင္းတို႔ကိုတစ္လုံးမက်န္အကုန္မွတ္မိေနေသးသည္။
သူမကက်ယ္ေျပာလွတဲ့ပန္းခင္းႀကီးအလယ္မွာျဖတ္ေက်ာ္ေျပးလႊားေနတတ္ၿပီး လွပစြာပြင့္ဖူးေန႐ွာတဲ့ပန္းပြင့္ေလးေတြကိုလည္းသူမ ျပဳံး၍နမ္း႐ိႈက္ေနတတ္သည္။
အဲ့အခ်ိန္က သူမရဲ႕အျပဳံးေတြကိုျမင္ရတိုင္းက်ေနာ္႕အတြက္တကယ္ကိုၿငိမ္းခ်မ္းေစကာေပ်ာ္႐ႊင္ေစခဲ့ေပသည္။
သူမဟာ က်ေနာ္႕အေမေလာက္လွပမႈတို႔မျပည့္စုံေပမယ္္႕ ရည္မြန္လွတဲ့အျပဳံးတို႔နဲ႔တင္ သူမရဲ႕အလွတို႔ဟာၿပီးျပည့္စုံလို႔ေနသည္။ သူမဟာ က်ေနာ္႕အေမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သလို က်ေနာ္႕ရဲ႕ေမြးစားအေမဆိုလဲမမွားေပ။
ငယ္ငယ္တုန္းက က်ေနာ္႕မိဘေတြဟာ အခ်ိန္ျပည့္ပြဲလမ္းသဘင္ေတြကိုတက္ေနရတာေၾကာင့္က်ေနာ္လိုအပ္တဲ့အခ်ိန္တိုင္း သူတို႔ဆီကဂ႐ုစိုက္မႈတို႔ရဖို႔ဆိုတာ အလြန္အမင္းခဲယဥ္းလြန္းခဲ့သည္။ထိိဳသို႔ခဲယဥ္းေနခဲ့တဲ့အခ်ိန္တိုင္း သူမက ဂ႐ုစိုက္မႈတို႔လိုအပ္ေနတဲ့က်ေနာ္႕ကို သူမ၏ေႏြးေထြးေသာလက္တစ္စုံေပၚ၌ထိန္းေက်ာင္းေပးခဲ့ေလသည္။
သူမကက်ေနာ္႕နဲ႔ကစားေပးတဲ့အခါတိုင္းထိုေမးခြန္းကိုအၿမဲတဖြဖြေမးေနတတ္သည္။
"သားေလးခန္႔ထည္က တီတီ့ကိုဘယ္ေလာက္ထိခ်စ္လဲ?" ဆိုတဲ့ေမးခြန္းေလးပင္။
သူမက ျဖဴျဖဴေဖြးေဖြးေပါက္စီလုံးေလးနဲ႔ဆင္တူေသာဝဝကစ္ကစ္ကေလးေလးကိုကလူျမႇဴရင္းေမးလိုက္တဲ့အခါ
"ေဟာ ...... ဒီ.......ေလာက္....." ဆိုတဲ့မပီမသအသံေသးေသးနဲ႔ ကေလးေလးကသူ၏တုတ္ခိုင္ေနေသာလက္ကေလးႏွစ္ဖက္ကိုေဘးႏွစ္ဖက္သို႔ဆန္႔တန္းရင္းႏွင့္ျပန္ေျဖလာတာကိုျမင္ေတာ့ သူမကစီတန္းလွပလွတဲ့သြားျဖဴျဖဴေလးေတြေပၚတဲ့အထိအားပါးတရျပဳံးရယ္လာခဲ့သည္။
"တီတီ့သားေလးထက္ သားေလးကပိုခ်စ္ဖို႔ေကာင္းလိုက္တာကြာ။တီတီ့သားအႀကီးေကာင္ဆို ဒီလိုေမးတိုင္းဘယ္ေတာ့မွျပန္မေျဖဘူးသိလား။
အၿမဲတမ္းထြက္ေျပးေနတာ။"
သူမကေျပာလဲေျပာရင္းပါးေဖာင္းေဖာင္းနဲ႔ကေလးေလးရဲ႕ႏွပ္ေခ်းတြဲေလာင္းေလးကိုလည္းညႇစ္ေပးလိုက္ရင္းဆက္ေျပာလာသည္။
"တီတီ့ကို ကပ္ခြၽဲတာမ်ိဳးလဲမလုပ္ဘူး။တစ္ေန႔တစ္ေန႔သူ႕ရဲ႕ ေရာင္စုံခဲတံေတြနဲ႔ပဲအလုပ္႐ႈပ္ေနတာ တကယ့္ကိုအျမင္ကပ္စရာေလး။တီတီ့သားေလးသာ သားသားရဲ႕တစ္ဝက္နီးပါးေလာက္ခ်စ္စရာေကာင္းရင္ေကာင္းမယ္။...."
က်ေနာ္ကေတာ့ သူမထိုသို႔ေျပာေနတဲ့ပုံရိပ္ေလးကိုၿငိမ္၍သာေငးၾကည့္ေနခဲ့သည္။သူမက တစ္စုံတစ္ေယာက္အေၾကာင္းေျပာေနတာကိုေတာ့ က်ေနာ္သိေနေပမယ့္ သူမပုံစံကသိပ္မေပ်ာ္သလိုပင္။ထိုအခ်ိန္ကက်ေနာ္ဟာႏွစ္သိမ့္ေပးတတ္ဖို႔ငယ္႐ြယ္လြန္းတာေၾကာင့္ က်ေနာ္သူမလက္ကေလးကိုသာ အုပ္ကိုင္ေပးခဲ့သည္။က်ေနာ္႕ရဲ႕ေသးငယ္တဲ့လက္ဖဝါးငယ္ေလးက သူမရဲ႕လက္ဖ်ားေပၚေရာက္လာေတာ့ သူမကရယ္ေမာလာေလသည္။
"သားေလးကတီတီ့ကိုႏွစ္သိမ့္ေပးေနတာေပါ့ဟုတ္လား။ခ်စ္ဖို႔ေကာင္းလိုက္တာ ေပါင္မုန္႔တုံးႀကီးရာ......."
"ခန္႔ထည္ေလးသာႀကီးလာရင္ အရမ္းၾကင္နာတတ္တဲ့ လူႀကီးလူေကာင္းတစ္ေယာက္ျဖစ္မွာေသခ်ာတယ္။သားႀကီးလာတဲ့အခါက် သားကတီတီ့ရဲ႕ဗိုက္ထဲက ကေလးေလးကိုေစာင့္ေ႐ွာက္ေပးေပါ့ဟုတ္ၿပီလား သားသားေရ........"
သူမကက်ေနာ္႕လက္ကေလးကိုဆြဲကိုင္ကာသူမရဲ႕ဗိုက္ေလးေပၚတင္လိုက္ရင္းထိုသို႔ဆိုေနတဲ့အခ်ိန္မွာက်ေနာ္ကေတာ့ျပားခ်ပ္ေနတဲ့သူမဗိုက္ကေလးကိုမသိနားမလည္မႈအျပည့္ျဖင့္သာေငးၾကည့္ေနခဲ့သည္။
ေနာက္ေတာ့သူမကက်ေနာ္႕ဆီကိုသိပ္မလာျဖစ္ေတာ့ေပ။
သူမကိုမျမင္ရလို႔ငိုေႂကြးခဲ့ရတဲ့ေန႔ရက္ေပါင္းလည္းက်ေနာ္႕အတြက္မနည္းခဲ့ပါဘူး။
ဒီလိုနဲ႔ ေစာင့္ဆိုင္းရတဲ့အခ်ိန္တို႔ဟာေတာ္ေတာ္ၾကာျမင့္ၿပီးတဲ့ေနာက္မွာေတာ့ သူမက်ေနာ္႕ေ႐ွ႕ကိုထပ္ေရာက္လာခဲ့ေလသည္။
သူမက်ေနာ္႕ဆီျပန္လာေတာ့သူမရဲ႕ျပားခ်ပ္ခ်ပ္ဗိုက္ကေလးဟာ အေ႐ွ႕သို႔ပူထြက္ေနခဲ့သည္။ထိုပူေနတဲ့ဗိုက္ႀကီးေၾကာင့္ သူမေနရခက္ေနတာကိုျမင္ေတာ့ က်ေနာ္ထိုပူေနတဲ့အရာႀကီးကိုဆြဲျဖဳတ္ခ်င္ခဲ့တဲ့စိတ္တို႔ကတဖြားဖြားပင္။
အဲ့အရာႀကီးကတီတီ့ကိုႏွိပ္စက္ေနတယ္!
အဲ့အရာႀကီးအႏၲရာယ္ကေနတီတီ့ကိုကာကြယ္ရမယ္!
က်ေနာ္တီတီ့ရဲ႕ အဲ့အရာႀကီးေပၚထိကိုင္ၾကည့္လိုက္ေတာ့ အထဲမွာတစ္စုံတစ္ခုကခုန္ေပါက္ေနခဲ့တာကိုလက္ဖဝါးျပင္ေပၚကေနခံစားလိုက္ရတာေၾကာင့္က်ေနာ္႕လက္ေတြကိုအျမန္ဖယ္ခ်ပစ္လိုက္သည္။
"သားသားေရ ..ဒီထဲမွာ သားသားရဲ႕ညီေလး႐ွိတယ္" လို႔မာမီကေျပာေတာ့မင္းခန္႔ထည္ေလးကႏွာေခါင္းေလး႐ႈံ႕ကာေခါင္းခါလိုက္သည္။
ညီေလးဆိုတာဘာလဲ......အဲ့ဟာႀကီးကတီတီ့ကိုနာေအာင္လုပ္မွာဆို က်ေနာ္မလိုခ်င္ဘူး
"ခိုင္ နင့္ကိုၾကည့္ရတာအားနည္းေနသလိုပဲ ေမြးခါနီးဖြားခါနီးႀကီးကိုဘာလို႔အေဝးႀကီးလာရတာလဲဟယ္?"
"ငါမလာလို႔ရမလားဟဲ့..ငါရန္ကုန္ကေနအသံေတြၾကားေနရတယ္ေနာ္ ဝင့္ဝါ....သားေလးကငါ့ကိုမေတြ႕ရလို႔ငိုေနတယ္ဆို ။နင္တို႔ကလဲကေလးကိုပစ္မထားနဲ႔ေပါ့ဟယ္။ သားေလးခန္႔ထည္ကအိမ္အႀကီးႀကီးထဲမွာသူတစ္ေယာက္တည္းဆိုေတာ့ သူ႕ခမ်ာစိတ္အားငယ္ေန႐ွာမွာေပါ့"
ေဒၚဝင့္ဝါထည္လည္း သူမသူငယ္ခ်င္းရဲ႕စကားကိုၾကားေတာ့ သက္ျပင္းခ်လ်က္ေခါင္းၿငိမ့္မိသည္။
"တကယ္ဆိုငါကနင့္ကိုသမီးေလးေမြးေစခ်င္တာ။ဒီအတိုင္းဆိုငါတို႔ကတိကမျဖစ္ႏိုင္ေတာ့ဘူးေပါ့"
"ငါနင့္အတြက္ သမီးေလးတစ္ေယာက္ထပ္ေမြးေပးမွာေပါ့ဟ"
"ကတိေနာ္ ခိုင္"
"ေအးပါ ကတိကတိ"
"ဒါေပမယ့္မၾကာခင္.....ခိုင့္ဗိုက္ထဲကကေလးေလးနဲ႔သားကအေဖာ္ရေတာ့မွာဆိုေတာ့ သားေလးအတြက္ေတာ့ေပ်ာ္မိသား....."
"အင္းေနာ္ ဟုတ္ပါ့ သားေလးကညီေလးနဲ႔မၾကာခင္အတူတူကစားရေတာ့မွာဆိုေတာ့.....အဲ့အခ်ိန္က် သူေလးစိတ္အားမငယ္ေတာ့ပဲ ေပ်ာ္ေနမွာေသခ်ာတယ္"
သူမကသူမရဲ႕ဗိုက္ေလးကိုပြတ္သပ္ရင္းစကားေျပာလိုက္တဲ့အခ်ိန္တိုင္း သူမရဲ႕မ်က္ဝန္းေတြကပါအလွဆုံးျပဳံးေနတတ္သည္။ထိုေန႔က ေတာ္ေတာ္မိုးခ်ဳပ္တဲ့အထိသူမကက်ေနာ္႕နဲ႔အတူကစားေပးခဲ့ၿပီးက်ေနာ္႕ကိုႏႈတ္ဆက္ကာထြက္ခြာသြားတဲ့ေက်ာျပင္ေလးကိုေငးၾကည့္ရင္း တီတီ့ကိုက်ေနာ္႕အနားမွာပဲဖြက္ထားခ်င္စိတ္တို႔ျဖစ္ေပၚလာခဲ့ရသည္။
တီတီကဒီတစ္ခါျပန္သြားၿပီးရင္ေကာ ဘယ္ေလာက္ထိက်ေနာ္ကတစ္ေယာက္တည္းငိုေနရဦးမွာလဲဟင္?
ေႏြေလေျပေလးေတြက စံအိမ္ပတ္ပတ္လည္ရဲ႕ ပန္းပင္ထိပ္ဖ်ားပိုင္းေလးေတြထံသို႔ ဖြဲတဲတဲ႐ိုက္ခတ္သြားမႈေၾကာင့္ တခ်ိဳ႕ပြင့္ဖတ္ကေလးေတြဆိုရင္ ေျမျပင္ေပၚသို႔သိမ္ေမြ႕စြာေႂကြဆင္းသြားၾကသည္။
က်ေနာ္႕ရဲ႕တီတီဟာဆိုရင္လဲ က်ေနာ္႕ရဲ႕အနားကိုေရာက္မလာသည္မွာအေတာ္ၾကာခဲ့ၿပီပင္....
မာမီကေျပာတယ္ ဒီရာသီမွာပြင့္တဲ့ ဝါဝါထိန္ထိန္ေသးေသးေလးေတြစုၿပီးအခိုင္လိုက္ပြင့္ေနတဲ့ပန္းက ပိေတာက္ပန္းတဲ့ေလ။ ထိုပန္းရနံ႔ဟာေတာ္ေတာ္ျပင္းတာမို႔ အေဝးႀကီးမွာ႐ွိေနတဲ့ပင္ယံထက္ကေန စံအိမ္ရဲ႕အေပၚဆုံးထပ္မွာေနေနတဲ့က်ေနာ္႕ဆီသို႔ေတာင္အလည္ေရာက္လာခဲ့သည္။
ေလျပင္းတစ္ခ်က္ေဝွ႔ေဆာ္လိုက္လွ်င္ျဖင့္ ထိုပန္းရနံ႔တို႔ကက်ေနာ္႕ႏွာဖ်ားဝဆီသို႔လူးလားပ်ံ႕ႏွံ႔လာတာကို က်ေနာ္လုံးဝမႀကိဳက္ေပ။
ဒါေပမယ့္ တီတီကေတာ့ ထိုအနံ႔နံတဲ့ပန္းေတြကိုအရမ္းႀကိဳက္တယ္တဲ့.....ဒါေၾကာင့္ က်ေနာ္အဲ့ပန္းေတြကိုမႀကိဳက္ေပမယ့္လည္းတီတီႀကိဳက္တဲ့ပန္းေတြမို႔လို႔က်ေနာ္ႀကိဳက္လိုက္ပါ့မယ္.......
ေပါက္စီလုံးေလးမင္းခန္႔ထည္ဟာ အဝါေရာင္ေရာင္စုံခဲတံေလးကို စာ႐ြက္အျဖဴေပၚမွာေဆးျခယ္ေနရင္း လက္ေခ်ာင္းေသးေသးေလးေတြကိုခ်ိဳးလ်က္သူ၏တီတီအလည္လာမယ့္ရက္ကိုအခ်ိန္တိုင္းေရတြက္လို႔ေနခဲ့သည္။
တီတီကလဲ ၾကာလိုက္တာကြာ....ငါ့ကိုေမ့မ်ားသြားၿပီလားမသိဘူး.....
စိတ္ဆိုးေနတဲ့ကေလးေသးေသးေလးဟာေရာင္စုံခဲတံေလးကိုအခန္းေထာင့္သို႔လွမ္းပစ္ေပါက္လိုက္တဲ့အခါထိုေရာင္စုံခဲတံေလးကအပိုင္းပိုင္းက်ိဳးေၾကသြားခဲ့သည္။
အဲ့ခဲတံေလးကက်ေနာ္႕မ်က္စိေ႐ွ႕မွာတင္ပ်က္စီးက်ိဳးေၾကသြားခဲ့တာကိုျမင္ရလည္းက်ေနာ္ဝမ္းမနည္းေပ....က်ေနာ္႕ေၾကာင့္တစ္စုံတစ္ခုပ်က္စီးသြားတဲ့အခါတိုင္း ထိုပ်က္စီးသြားတဲ့အရာတို႔ကအၿမဲအသစ္အတိုင္းျပန္ေရာက္လာတတ္စၿမဲပင္။
ဒါေၾကာင့္ ဆုံး႐ႈံးမႈဆိုတာဘာမွန္းမသိခဲ့တဲ့က်ေနာ္ဟာ ထိုအရာေတြအတြက္ပူပန္စရာမလိုအပ္ခဲ့ပါေပ ......
သို႔ေသာ္တစ္ခုတည္းေသာဆုံး႐ႈံးမႈကိုေတာ့က်ေနာ္႕တစ္ဘဝလုံးမွာဘယ္ေသာအခါမွျပန္မရခဲ့ပါေခ်။
တစ္ခုေသာေႏြရာသီမနက္ခင္း၌ဝယ္ က်ေနာ္႕ရဲ႕မာမီက တိတ္တဆိတ္ငိုေႂကြးေနခဲ့တာကိုက်ေနာ္ျမင္ခဲ့ရသည္။ဒယ္ဒီကလည္း မာမီရဲ႕ေက်ာျပင္ေလးကိုပြတ္သပ္ေပးေနရင္းတစ္စုံတစ္ခုကိုအေလးအနက္ေျပာေန႐ွာတာကိုက်ေနာ္ျမင္ေနရေပမယ့္ က်ေနာ္ကသူတို႔နဲ႔အလွမ္းေဝးေနခဲ့တာေၾကာင့္စကားသံတို႔ကိုမၾကားႏိုင္ခဲ့ေပ။
မာမီကဘာလို႔ငိုေနတာလဲ?
မာမီကတိတ္တဆိတ္ႏွင့္က်ေနာ္႕အခန္းထဲသို႔ဝင္လာခဲ့ၿပီးေနာက္ ေဆးျခယ္တိုင္းေဆာ့ေနတဲ့က်ေနာ္႕ကိုသူမဆီလာဖို႔လက္ယက္ေခၚခဲ့သည္။သူမနားေရာက္ေတာ့ သူမက က်ေနာ္႕ကိုေပြ႕ဖက္ၿပီး႐ိႈက္ငိုေနျပန္ေလသည္။
သူမကအနက္ေရာင္ဝမ္းဆက္ကေလးကိုက်ေနာ္႕ကိုယ္ေပၚမွာဆင္ေပးခဲ့ၿပီးေနာက္ က်ေနာ္႕လက္ကိုဆြဲကာအိမ္ေအာက္သို႔ဆင္းလာခဲ့သည္။
သူမကက်ေနာ္႕ကိုဒယ္ဒီေမာင္းတဲ့ဝူဝူးႀကီးေပၚ၌ထိုင္ေစေလရာကားေပၚကိုေရာက္ေတာ့ေထာင္းခနဲထြက္လာတဲ့ဝါထိန္ထိန္ပန္းအနံ႔တို႔ေၾကာင့္ႏွာေခါင္း႐ႈံ႕မိေလသည္။ေတာ္ေသးသည္ကႏွင္းဆီအျဖဴတစ္စီးပါ ကားေခါင္းခန္းမွာ႐ွိေနတာေၾကာင့္ျပင္းတဲ့ထိုပန္းရနံ႔တို႔ကိုႏွင္းဆီပန္းရနံ႔တို႔ကထိန္းသြားခဲ့သျဖင့္ က်ေနာ္ေနရမခက္ေတာ့ေပ။
ထိုေန႔ရဲ႕ေနကအေတာ္ျပင္းတာေၾကာင့္ လူအမ်ားစုကထီးအနက္မ်ားကိုကိုယ္စီေဆာင္းထားၾကရာ သူတို႔ကားေပၚကေနဆင္းေတာ့
မာမီက ပိုးသားအျဖဴနဲ႔ပလတ္စတစ္အနက္ေရာင္တို႔ေရာယွက္ပတ္ထားတဲ့ပိေတာက္ပန္းေတြကိုက်ေနာ္႕ဆီကမ္းေပးလာခဲ့တာေၾကာင့္က်ေနာ္တြန္းထုတ္ပစ္လိုက္သည္။
ဒီပန္းေတြမႀကိဳက္ပါဘူးဆို မာမီကဘာလို႔လာေပးေနတာလဲဗ်ာ!
ေနာက္ဆုံးေတာ့က်ေနာ္ဟာ ထိုပိေတာက္ပန္းေတြကိုက်ေနာ္႕ရင္ဘက္တစ္ဝိုက္၌မႏိုင္မနင္းေထြးေပြ႕ကိုင္ထားရင္း ကားႀကီးေပၚကေနဆင္းလိုက္ရသည္။
ျမက္ခင္းစိမ္းႏုႏုတို႔ေပၚသို႔က်ေနာ္႕တို႔သုံးေယာက္ျဖတ္နင္းေလွ်ာက္သြားၾကတဲ့အခါ
ဘယ္ေနရာမွန္းမသိတဲ့ထိုေနရာ၏ေဘးပတ္ပတ္လည္၌ အျဖဴေရာင္အေပါင္းလကၡဏာအမွတ္အသားမ်ားကလည္းစီတန္းျပည့္ႏွက္လ်က္႐ွိေနသည္။
က်ေနာ္႕လက္ထဲကပိေတာက္ဝါတို႔ဟာနင္းေျခခဲ့ၿပီးေသာျမက္ခင္းႏုႏုေလးေတြတေလွ်ာက္၌တစ္ပြင့္စီစီတန္းေႂကြက်သြားခဲ့တဲ့အခါ ထိုပန္းေတြအကုန္ေႂကြသြားလွ်င္မာမီဆူမည္စိုးတာေၾကာင့္ က်ေနာ္႕ရဲ႕ရင္ဘက္နားေလာက္မွာတင္းၾကပ္စြာေပြ႕ဖက္ထားလိုက္သည္။
က်ေနာ္တို႔လမ္းေလွ်ာက္သြားၿပီးမၾကာခင္မွာပဲ က်ေနာ္တို႔မ်က္စိေ႐ွ႕၌အနက္ေရာင္ဝတ္စုံမ်ားဝတ္ဆင္ထားေသာလူတစ္စုကိုေတြ႕လိုက္ရသည္။ထိုလူမ်ားကက်ေနာ္႕တို႔ကိုလဲျမင္ေကာ အကုန္လုံးလွည့္ၾကည့္လာၾကၿပီးလမ္း႐ွင္းေပးခဲ့ၾကသည္။ မာမီနဲ႔ဒယ္ဒီကေတာ့ လမ္းတစ္ေလွ်ာက္ဘာမွ်မဆိုပဲ ဆက္ေလွ်ာက္သြားလိုက္ၾကၿပီးေနာက္ ႐ုတ္တရက္သူတို႔ရပ္တန္႔လိုက္ၾကသည္။
မာမီ့ကိုယ္ကိုကြယ္ကာ အေ႐ွ႕ဘက္ကိုေခ်ာင္းၾကည့္လိုက္ေတာ့မ်က္စိထဲကိုဝင္ေရာက္လာခဲ့တဲ့ပုံရိပ္တစ္ရိပ္က အလြန္ႀကီးမားေသာအနက္ေရာင္ေသတၱာႀကီးတစ္ခုပင္။
ဒယ္ဒီနဲ႔မာမီက ဒီေသတၱာႀကီးဆီဘာလာလုပ္ၾကတာလဲ?
ထို႔ေနာက္ ဒယ္ဒီကက်ေနာ္႕ကိုေပြ႕ခ်ီလိုက္တဲ့အခါက်ေနာ္႕ရဲ႕ျမင္ကြင္းေတြကတျဖည္းျဖည္းျမင့္တက္လို႔သြားခဲ့ၿပီး ေသတၱာႀကီးရဲ႕အေပၚဘက္နားသို႔ေရာက္သြားခဲ့သည္။
ထိုစဥ္ က်ေနာ္ျမင္လိုက္ရတာက တီတီက ထိုေသတၱာႀကီးထဲမွာလွပစြာအိပ္စက္ေနခဲ့တာကိုပင္။
"တီတီ! တီတီ ! မာမီ....တီတီကဘာလို႔သားဆီမလာဘဲဒီမွာအိပ္ေနတာလဲဟင္"
"သား ....သားလက္ထဲကပန္းေတြကိုတီတီ့ဆီေပးလိုက္ေနာ္"
"ဒီပန္းေတြကိုေပးလိုက္ရင္ တီတီကႏိုးလာမွာလား ဒါဆို သားသားတီတီ့ကို ဒီပန္းေတြေပးလိုက္မယ္.....တီတီထေတာ့ေနာ္"
တီတီလဲေလ်ာင္းေနတဲ့ ေသတၱာႀကီးထဲကိုက်ေနာ္ထိုပန္းေတြကိုခ်လိုက္တဲ့အခါ ေလအေဝွ႔မွာ ထိုပန္းေတြက ေသတၱာႀကီးအႏွံ႔သို႔ျပန္႔က်ဲသြားခဲ့ၿပီး ေမႊးပ်ံ႕ထုံသင္းတဲ့ပန္းရနံ႔တို႔က ေခါင္းတလားအျပင္ဘက္သို႔စူး႐ွစြာပ်ံ႕ႏွံ႔ထိုးထြက္လာခဲ့သည္။
"ခိုင္ နင္ခ်စ္တဲ့ သားသားလာၿပီေလဟာ ....နင္သူ႕ကိုဘာမွမေျပာေတာ့ဘူးလား?သားသားေပးတဲ့ပန္းေတြကိုေကာနင္ႀကိဳက္ရဲ႕လား?"ဟုဆိုလိုက္ရင္းမာမီက ေသတၱာႀကီးကိုဖက္ၿပီးငိုေႂကြးေန႐ွာသည္။ဒယ္ဒီကေတာ့မာမီ့လိုမ်ိဳးမ်က္ရည္မက်ေပမယ့္သူ႕ရဲ႕မ်က္လုံးႏွစ္ဖက္မွာနီရဲလို႔ေနသည္။
တီတီကပန္းေတြရတာေတာင္ ဘာလို႔ထမလာေတာ့တာလဲ......
"သားေရ သားသားသိလား သားသားရဲ႕တီတီကမ႐ွိေတာ့ဘူးကြဲ႕..........."
မ႐ွိေတာ့ဘူးဆိုတာက.....?
က်ိဳးေၾကသြားခဲ့တဲ့အဝါေရာင္ေရာင္စုံခဲတံေလးလိုမ်ိဳးလို႔ဆိုလိုခ်င္တာလား။ဒါေပမယ့္ ဒယ္ဒီက က်ေနာ္႕အတြက္ဆို အကုန္လုံးျပန္ယူေပးေနက်ေလ .....
ဒယ္ဒီကတီတီ့ကိုမရရေအာင္ႏိႈးၿပီးက်ေနာ္႕ဆီျပန္ေခၚလာမွာပါ......
ေသဆုံးျခင္းႏွင့္ခြဲခြာျခင္းဆိုတဲ့ေလာကနိယာမတရားတို႔ကို ႏိုးထျခင္းကင္းမဲ့ေနတဲ့
တီတီ့ကိုၾကည့္ရင္းသုံးႏွစ္သားက်ေနာ္ဟာ တစြန္းတစနားလည္လို႔လာခဲ့သည္။
က်ေနာ္လည္းတစ္ခ်ိန္လုံးၿငိမ္သက္ေနေသာတီတီ့ကိုၾကည့္ရင္း ဒယ္ဒီ့လက္ေတြေပၚ၌အငမ္းမရေအာ္ငိုေလေတာ့သည္။ဒယ္ဒီ့ကေတာ့ ႐ုန္းကန္ေနေသာက်ေနာ္႕ကိုယ္ေလးကိုထိန္းကိုင္ထားၿပီး က်ေနာ္႕ရဲ႕ေက်ာျပင္ေလးကို မနားတမ္းပြတ္သပ္ေပးေနခဲ့သည္။
"သားေရ မင္းရဲ႕အေမကိုေနာက္ဆုံးအေနနဲ႔ ႏႈတ္ဆက္လိုက္ပါကြယ္"
ေသတၱာႀကီး၏ဘယ္ဘက္ျခမ္းတြင္ေတာ့ အနက္ေရာင္ဝတ္စုံအတိဝတ္ဆင္ထားတဲ့ေကာင္ေလးတစ္ေယာက္ႏွင့္အတူ ဦးေလးႀကီးတစ္ေယာက္ကရပ္ေနခဲ့သည္။
ထိုဦးေလးစကားကိုၾကားေတာ့
ထိုေကာင္ေလးက ႏွင္းဆီပန္းအျဖဴတစ္ပြင့္ကို ေသတၱာႀကီးထဲသို႔ ဆူေအာင့္ကာပစ္ထည့္လိုက္ေလရာတစ္စုံတစ္ရာကိုမေက်မခ်မ္းျဖစ္ေနသည့္ဟန္။
ထိုေကာင္ေလးရဲ႕လက္ထဲမွာလဲတစ္စုံတစ္ခုကိုေပြ႕ပိုက္လို႔ထားခဲ့တယ္။
ထိုအရာဟာ သူေပြ႕ပိုက္လာခဲ့တဲ့ပိေတာက္ခက္တို႔မဟုတ္ဘဲ အျဖဴေရာင္ပိတ္စေလးနဲ႔ ထုပ္ပိုးထားေသာအထုပ္ေလးတစ္ထုပ္ပင္။ထိုအထုပ္ေလးကလႈပ္စိလႈပ္စိေလးျဖစ္ေနတာေၾကာင့္က်ေနာ္ငိုေနရာကေန ထိုအထုပ္ေလးဘက္သို႔စူးစမ္းၾကည့္လိုက္မိသည္။
ထိုအထုပ္ေလးထဲမွာ နီရဲေနေသာ ႂကြက္ေပါက္ေလး...မဟုတ္ဘူး ......နီတာရဲေလးတစ္ေယာက္႐ွိေလ၏။
အူးဝါး အူးဝါး ~~~~~~~~~ ဆိုၿပီးထြက္ေပၚလာတဲ့အသံေသးေသးေလးကက်ေနာ္႕နားစည္ကိုပါကြဲအက္လုမတတ္ဆူညံေစခဲ့ေလသည္။
ထိုအႏွီးထုပ္ေလးရဲ႕ က်ယ္ေလာင္လြန္းတဲ့ေအာ္ငိုသံကိုၾကားေတာ့ က်ေနာ္႕ရဲ႕အသံတို႔ကိုရပ္တန္႔လိုက္ရသည္။
ဘာလို႔လဲဆိုအဲ့ေသးေသးေလးကက်ေနာ္႕ထက္ အသံပိုက်ယ္ေနတာကိုး။
"ယံေလး သားေမေမကိုႏႈတ္ဆက္ၿပီးရင္ သားညီေလးကိုေခၚၿပီး အေနာက္နားမွာသြားေနပါလားကြယ္"
"မေနဘူး ေဖေဖ့လိုအဆုံးထိၾကည့္မွာ!"
၁၀ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ဆီကေနထိုစကားတို႔ကိုၾကားရလိမ့္မယ္လို႔မထင္ထားတဲ့ဦးေလးျဖစ္သူမွာ အင္မတန္စိတ္မေကာင္းျဖစ္သြားရသည္။
"ဒီကေလးေလးေတြသနားဖို႔ေကာင္းလိုက္တာ။အေဖကလည္း Car accidentျဖစ္ၿပီးဆုံးသြားတယ္ အေမကလည္းမီးေတာင္မထြက္ေသးဘူးေယာက်ာ္းသတင္းၾကားၿပီးဆုံးပါးသြားတယ္တဲ့။တကယ္ကိုဝမ္းနည္းစရာေကာင္းတာပဲ........"
"က်မကေတာ့ အဲ့ကေလးေလးကိုၾကည့္ၿပီးပိုသနားတယ္႐ွင္။သူ႕ခမ်ာအေဖျဖစ္သူေျမခ်တာကိုလဲၾကည့္ရ အခုတဖန္လည္္းအေမျဖစ္သူေျမခ်တာကိုၾကည့္ေနရျပန္တယ္။ဒါေပမယ့္ ဒီကေလးေလးကအခုထိမ်က္ရည္တစ္ေပါက္ေတာင္မက်ေသးဘူး"
"ေမြးကင္းစညီေလးကိုေစာင့္ေ႐ွာက္ဖို႔သူတစ္ေယာက္ပဲ႐ွိေတာ့တာကိုသိလို႔ ကေလးေလးကမနဲအားတင္းထားတာေနမွာ"
လူတစ္ခ်ိဳ႕တေလကေတာ့ထိုသို႔တိုးတိတိုးတိေျပာဆိုလာခဲ့ၾကေပသည္။
အနက္ေရာင္အေခါင္းကိုလူအခ်ိဳ႕က ပိတ္ခ်လိုက္ၿပီးေနာက္ တူးထားတဲ့တြင္းရဲ႕ေအာက္ေျခသို႔ေခါင္းတလားကတျဖည္းျဖည္းေလွ်ာက်သြားခဲ့သည္။
တြင္းေအာက္ေျခေရာက္သြားတဲ့အခါမွာေတာ့ေျမသားမ်ားကိုလူတစ္စုကေဂၚမ်ားျဖင့္ယွက္ကာေခါင္းတလားေပၚသို႔အုပ္မိုးလိုက္ၾကေတာ့ေလသည္။
'ဘာလို႔ေျမႀကီးေတြနဲ႔ဖုံးေနၾကတာလဲ .....တီတီ့ကိုဒီအတိုင္းပဲထားလို႔မရဘူးလား ?
တီတီကက်ေနာ္႕ဆီျပန္လာခ်င္လို႔လာလို႔မရေတာ့ရင္တီတီငိုေနလိမ့္မယ္..........'
ေျမခ်ျခင္းၿပီးေတာ့မာမီက အႏွီးထုပ္ေလးပိုက္ထားတဲ့ မ်က္ႏွာေၾကာတင္းတင္းနဲ႔ေကာင္ေလးနားသို႔သြားကာ ထိုေကာင္ေလးကိုဖက္ရင္း႐ိႈက္ငိုေနတဲ့အခ်ိန္မွာအႏွီးထုပ္ေလးကလည္းမာမီနဲ႔အတူ အသဲၿပဲႀကီးျဖင့္လိုက္ငိုေနေပသည္။
တီတီအိပ္စက္ေနတဲ့ေသတၱာႀကီးကေျမအတိဖုံးသြားေတာ့ ခုနကစုျပဳံတိုးေနတဲ့လူစုလူေဝးႀကီးကတျဖည္းျဖည္း႐ွင္းသြားခဲ့သည္။
ဒယ္ဒီကက်ေနာ္႕ကိုခ်ီထားရင္းမာမီ႐ွိရာေနရာသို႔ေလွ်ာက္သြားခဲ့တဲ့အခါ မာမီကေတာ့ မ်က္ႏွာေသနဲ႔ေကာင္ေလးကို ဖက္ထားဆဲပင္။က်ေနာ္တို႔ေရာက္လာတာကိုျမင္ေသာ္မာမီကက်ေနာ္႕ဘက္လွည့္လာကာ ဒယ္ဒီ့လက္ေပၚကေနဆင္းလာဖို႔ေျပာလာတာေၾကာင့္ ဒယ္ဒီကက်ေနာ္႕ကိုျမက္ခင္းစိမ္းတို႔ေပၚခ်ေပးလာခဲ့သည္။
သို႔ေနာက္ မာမီကက်ေနာ္႕လက္ကိုဆြဲကာ ထိုမ်က္ႏွာေၾကာတင္းတဲ့ေကာင္ေလးေ႐ွ႕သို႔ဆြဲေခၚသြားသည္။ထိုေကာင္ေလးနဲ႔တျဖည္းျဖည္းနီးလာေလေလ စူးစူးဝါးဝါးေအာ္ငိုေနသံတို႔ဟာလည္းတစထက္တစက်ယ္ေလာင္လာခဲ့သျဖင့္ က်ေနာ္႕ကိုယ္ေလးေတာင္ထိုေအာ္ငိုသံေၾကာင့္လြင့္ထြက္သြားေတာ့မတတ္ေပ။
"သားေလး သူေလးက တီတီရဲ႕အႀကီးေကာင္ေလးေလ။ၿပီးေတာ့ ဒီနီတာရဲေလးကတီတီ့ရဲ႕ဗိုက္ထဲကထြက္လာတဲ့ သားညီေလး"
ထိုစကားၾကားေတာ့က်ေနာ္မ်က္ေမွာင္ၾကဳတ္မိသည္။တီတီက တကယ္ေတာ့ အသံအိုးေလးကိုေမြးခဲ့တာပဲ။
ဒီအသံအိုးေလးကိုဗိိဳက္ထဲမွာထည့္ထားတုန္းကဗိုက္ထဲမွာလဲအသံၿပဲႀကီးနဲ႔ေအာ္ငိုေနလိိဳ႕တီတီကအရမ္းေနမေကာင္းျဖစ္ခဲ့တာေနမွာ။
က်ေနာ္႕လက္ေတြကိုထိုအထုပ္ေလးေပၚလက္လွမ္းမိေတာ့ မ်က္ႏွာေၾကာတင္းတဲ့ေကာင္ေလးက ထိုအထုပ္ေလးကိုက်ေနာ္နဲ႔ေဝးရာသို႔လႊဲလိုက္ၿပီးဖြက္ထားလိုက္ေတာ့သည္။
"ယံေလး သားအဲ့လိုမလုပ္နဲ႔ေလ ညီေလးငိုသြားဦးမယ္"
ေဘးနား႐ွိဦးေလးျဖစ္သူကထိုသို႔ေျပာေတာ့မွထိုေကာင္ေလးကက်ေနာ္႕ကိုတစ္ခ်က္စူးစိုက္ၾကည့္ၿပီးေနာက္ အႏွီးထုပ္ေလးကိုတြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ထုတ္ျပလာခဲ့ေလသည္။
ထိုအခါ ႏွပ္ခ်ီးတြဲေလာင္းနဲ႔မင္းခန္႔ထည္ေလးက ေက်နပ္စြာျပဳံးကာ စူးစူးဝါးဝါးေအာ္ငိုေနေသာနီတာရဲေလးရဲ႕ပါးေလးကိုဆြဲဆိတ္လိုက္ေလသည္။မင္းခန္႔ထည္ေလးဆြဲဆိတ္လိုက္တာကိုျမင္ေတာ့ ထိုေကာင္ေလးကသူ၏ႏႈတ္ခမ္းအားစူေထာ္လိုက္ရင္း တုတ္ခိုင္ျဖဴေဖြးေသာလက္ဖ်ံႏုႏုေလးေပၚကိုအားျပင္းျပင္းႏွင့္႐ိုက္ခ်လိုက္ပါေတာ့သည္။
သူ႕လက္ကေလးနာက်င္သြားရ႐ွာတဲ့မင္းခန္႔ထည္ေလးမွာလန္႔သြားၿပီး ေနာက္သို႔ဆုတ္သြားရေလ၏။
က်ေနာ္လဲထိုနာက်င္မႈေၾကာင့္ငိုလုဆဲဆဲမွာပင္...........
အဟက္အဟက္အဟက္........ဟီးအီး ..... အဟက္~~~~~~~~~~
သာယာနာေပ်ာ္ဖြယ္ရယ္သံေလးတစ္သံကအႏွီးထုပ္ေလးထဲကေနထြက္က်လာေလ၏။
"အငိုတိတ္သြားၿပီ!"
"ၾကည့္ရတာ သားေလးကိုေတာ့ သူသေဘာက်တယ္ထင္တယ္"
"အင္းဟုတ္မယ္ တစ္မနက္စာလုံးငိုေနတဲ့အငိုသန္ေလးကအခုမွပဲအငိုတိတ္သြားေတာ့တယ္"
ဦးေလးျဖစ္သူႏွင့္ေဒၚဝင့္ဝါထည္တို႔စကားကိုၾကားေတာ့အႏွီးထုပ္ေလးကိုခ်ီထားတဲ့ေကာင္ေလးကႏွာတစ္ခ်က္မႈတ္လိုက္ၿပီးမ်က္ႏွာကိုတစ္ဖက္သို႔လွည့္သြားခဲ့ေလသည္။
က်ေနာ္လဲအႏွီးထုပ္ေလးအနားသို႔တိုးသြားကာေသခ်ာၾကည့္မိေတာ့......
ကေလးေလးရဲ႕မ်က္လုံးေလးေတြက ဝိုင္းစက္ေနတာ တီတီ့အတိုင္းပဲ......
က်ေနာ္သူ႕ရဲ႕လက္ဖ်ားႏုႏုေလးေတြကိုပြတ္သပ္ၾကည့္လိုက္ျပန္ေတာ့လည္း သူကအူျမဴးေနျပန္သည္။
သူကေမြးကတည္းကဆံပင္ထူၿပီးမဲနက္ေနတာပဲ။
သူကတကယ့္ကို က်ေနာ္အခ်စ္ရဆုံးတီတီခိုင္ရဲ႕ကိုယ္ပြားေလးပဲ.......
"ဦးေလးကတကယ္ပဲသူတို႔ေလးကို Englandဆီေခၚသြားမလို႔လား?"
"အင္း တူမႀကီးလဲသိတဲ့အတိုင္းပဲေလ။ဒီႏိုင္ငံမွာဒီကေလးေတြကို ေစာင့္ေ႐ွာက္ေပးမယ့္ေဆြမ်ိဳးေတြလဲမ႐ွိၾကေတာ့ ဦးေလးကပဲဟိုကိုေခၚသြားၿပီးေစာင့္ေ႐ွာက္ေပးရလိမ့္မယ္။"
ေဒၚဝင့္ဝါထည္မွာ ဒီကေလးႏွစ္ေယာက္နဲ႔ေသြးသားမေတာ္စပ္သူျဖစ္တာေၾကာင့္ ဦးေလးျဖစ္သူရဲ႕ဆုံးျဖတ္ခ်က္ကိုသူမတားျမစ္လို႔မရခဲ့ေပ။
ထိုေန႔၌မိသားစုႏွစ္စုဟာ အတန္ၾကာအတူ႐ွိေနၾကၿပီးေနာက္မာစီတီးကားႏွစ္စီးကဆန္႔က်င္ဘက္ဦးတည္ရာအတိုင္းေမာင္းထြက္သြားၾကၿပီးအေဝးဆုံးတစ္ေနရာဆီသို႔ခြဲခြာသြားခဲ့ၾကေလသည္။
ဒီေလာကႀကီးထဲကေန တီတီခိုင္ထာဝရထြက္ခြာသြားတဲ့ေန႔ကစ က်ေနာ္အခန္းေအာင္းေနခဲ့ကာ ဘယ္သူ႕ကိုမွလဲရင္းရင္းႏွီးႏွီးမဖက္တြယ္တတ္ေတာ့ေပ။
ေႏွာင္ႀကိဳးေတြရစ္ပတ္ယွက္ႏြယ္ထားတဲ့သံေယာဇဥ္ႀကိဳးတစ္ခုဟာျဖတ္ေတာက္ပစ္ရန္ခက္ခဲလွသည္။အႏွီႀကိဳးထုံးတို႔ျပတ္ေတာက္သြားခဲ့ျပန္ရင္လည္း နက္႐ိႈင္းလြန္းတဲ့လူကအလူးအလဲနာက်င္ရျပန္ပါသည္။
ထို႔ေၾကာင့္
သံေယာဇဥ္ႀကိဳးေတြက်ေနာ္႕နားမရစ္ပတ္ထားျခင္းကအေကာင္းဆုံးအရာျဖစ္မည္ဟု က်ေနာ္ႀကီးျပင္းလာခဲ့တဲ့တစ္ေလွ်ာက္လုံးႏွလုံးစိုင္ထက္၌ခိုင္မာစြာမွတ္ယူထားခဲ့သည္။
က်ေနာ္ဆယ္တန္းေအာင္ၿပီးတဲ့အခ်ိန္မွာအိမ္ကေနထြက္လာခဲ့ၿပီးက်ေနာ္ႏွစ္သက္ေသာဝါသနာတစ္ခုေပၚေလ့လာလိုက္စားခဲ့တယ္။
က်ေနာ္ Uniစတက္တဲ့အခ်ိန္မွာလည္း အခ်စ္ဆိုတဲ့အရာကိုက်ေနာ္မသိခဲ့သလိုက်ေနာ္ဘယ္ေသာအခါမွလဲနားလည္ဖို႔မႀကိဳးစားခဲ့ဖူးေပ။
ငယ္စဥ္အခါကက်ေနာ္ပိုင္ဆိုင္တဲ့အရာအားလုံးက်ိဳးေၾကပ်က္စီးသြားတိုင္း သူ႕ဒယ္ဒီက ျပန္လည္ျဖည့္ဆည္းေပးႏိုင္တယ္လို႔မွတ္ယူထားခဲ့သမွ်ဟာ တီတီခိုင္ က်ေနာ္႕အနားမွာမ႐ွိေတာ့တဲ့အခ်ိန္ကစ ေလာကႀကီးထဲမွာ႐ွိတဲ့အရာအားလုံးကို က်ေနာ္႕အနားသို႔ျပန္လည္ေရာက္႐ွိလာေအာင္ဘယ္သူကမွမလုပ္ေပးႏိုင္မွန္းက်ေနာ္အႂကြင္းမဲ့နားလည္သြားခဲ့သည္။
က်ေနာ္႕အတြက္ခ်စ္ျခင္းေမတၱာဆိုတဲ့အရာဟာနားလည္သိတတ္လာခဲ့တဲ့အခ်ိန္ကတည္းကခက္ခဲပင္ပန္းလာခဲ့ကာ သံေယာဇဥ္ႀကိဳးေတြဆိုတာကလဲ က်ေနာ္နဲ႔တျဖည္းျဖည္းေဝးကြာစိမ္းသက္လာတဲ့အရာမ်ားသာျဖစ္လာခဲ့သည္။
က်ေနာ္႕ရဲ႕ Relationshipတစ္ခုမွာလည္းအခ်စ္အႏွစ္တို႔မပါခဲ့ပဲ ဟန္ေဆာင္မႈသက္သက္သာျဖစ္ခဲ့တာေၾကာင့္ က်ေနာ္အခ်ိန္အတန္ၾကာလက္ခံထားခဲ့ျခင္းေပ။
ခ်စ္ျခင္းဆိုတဲ့အရာတစ္ခုကို က်ေနာ္႕ရဲ႕ႏွလုံးအိမ္ထဲမွာေသာ့ခတ္လို႔သိမ္းထားခဲ့သည္မွာ ၁၈ႏွစ္တာၾကာျမင့္ခဲ့ၿပီပင္။
ထို ၁၈ႏွစ္တာက က်ေနာ္႕အတြက္အလြန္တရာမွတည္ၿငိမ္ေအးခ်မ္းလွေသာ္လည္းတစ္ခါတစ္ရံက် အဆံမ႐ွိတဲ့ဆည္းလည္းတစ္ခုလိုပဲ အေခါင္းေပါက္ႀကီးထဲမွာ ဦးတည္ရာမ႐ွိ တစ္ေယာက္တည္းေယာင္လည္လည္ ျဖစ္လို႔ေနခဲ့သည္။
အသက္၁၉ႏွစ္စြန္းတဲ့အ႐ြယ္မွာေတာ့ အၿမဲတမ္းေအးခဲေနခဲ့တဲ့က်ေနာ္႕ရဲ႕ႏွလုံးသားဟာရင့္က်က္တည္ၿငိမ္စျပဳလာခဲ့ၿပီးခ်စ္ျခင္းတရားနဲ႔ပက္သတ္ၿပီးျဖစ္ေပၚလာတတ္တဲ့ခံစားခ်က္ေတြဟာလည္းနစ္ျမဳပ္ေပ်ာက္ဆုံးေနခဲ့ၿပီမို႔ အခ်စ္ဆိုတဲ့အရာကိုက်ေနာ္႕ရဲ႕ဘဝႀကီးထဲမွာေမ့ေဖ်ာက္ထားမိခဲ့တယ္။
ဘယ္ေလာက္ပဲေလထန္ေနပါေစ
ယိုင္နဲ႔မႈမ႐ွိတဲ့ ကိုင္းပင္ေလးတစ္ပင္က ႐ုတ္တရက္ျမည္ဟည္းလာေသာဆည္းလည္းသံေလးၾကား၍ ယိုင္နဲ႔နဲ႔ျဖစ္လာလိမ့္မည္လို႔ဘယ္သူကထင္ထားပါ့မလဲ.......
က်ေနာ္႕ဘဝတြင္ က်ေနာ္႕ကိုပထမဆုံးေသာ့ခတ္သြားခဲ့တဲ့လူသားေလးတစ္ေယာက္ေၾကာင့္ အႀကီးအက်ယ္စိတ္ဆိုးခဲ့ဖူးသည္။ က်ေနာ္႕သက္တမ္းတစ္ေလွ်ာက္ ဘယ္သူမွက်ေနာ္႕အေပၚထိုသို႔မလုပ္ခဲ့ဖူးေပ။သူအေဆာင္ျပန္လာေတာ့ က်ေနာ္ေဒါသတႀကီးႏွင့္ေမးလိုက္ေလသည္။
"မင္းလား ငါ့အခန္းေဖာ္အသစ္က"ဆို၍။
က်ေနာ္႕အသံၾကားေတာ့ သူကက်ေနာ္႕ကိုလွည့္ၾကည့္လာခဲ့သည္။
သူ႕မ်က္ႏွာေလးကိုျမင္လိုက္ရတဲ့တခန က်ေနာ္အတန္ၾကာစူးစိုက္ၾကည့္ေနမိခဲ့ေလသည္။
တီတီခိုင္!
"ေမာင္ ဘာေတြေငးေနတာလဲ"
"ကို႔ကိုေသာက္အေကာင္းေပးတဲ့ဟာေလးကို ေခ်ာင္း႐ိုက္မလို႔ ေနာက္ေက်ာကၾကည့္ရင္ေတာင္မွတ္မိေအာင္လို႔ ၾကည့္ေနတာ"
တကယ္ေတာ့ က်ေနာ္႕အာ႐ုံထဲမယ္ ထိုေကာင္ေလးကို မဖမ္းမိႏိုင္တဲ့အႀကိမ္မ်ားကမ႐ွိသေလာက္နည္းပါးသည္။က်ေနာ္ေက်ာခိုင္းထားရင္ေတာင္မွေက်ာေနာက္ကေနျဖတ္တိုက္သြားတဲ့အေငြ႕အသက္ေလးရတာေတာင္ သူမွန္း က်ေနာ္အတပ္သိသည္။
က်ေနာ္႕ရဲ႕အာ႐ုံထဲကို ထိုေကာင္ေလးလိုမ်ိဳး ဘယ္သူကမွ ထူးထူးဆန္းဆန္းမဝင္ေရာက္လာခဲ့ဖူးေပ။
First yearေတြကိုၾကက္ေျခနီသင္တန္းတက္ဖို႔မဲဆြယ္ခဲ့တုန္းကလည္း အေနာက္နားမွာထိုင္ေနၿပီးက်ေနာ္ေျပာတာကိုနားမေထာင္ဘဲ စာေတြကုန္းေရးေနခဲ့တဲ့ေကာင္ေလးကိုလည္းက်ိန္းေသေပါက္က်ေနာ္ျမင္ခဲ့တာေပါ့။
သူ႕ရဲ႕ဖုန္းထဲမွာလည္းသူေလးရဲ႕ပုံေတြက
အျပည့္ပင္။ထိုပုံေတြကိုၾကည့္ေနမိတဲ့အခိုက္က်ေနာ္ေတြးမိခဲ့ေသးသည္ က်ေနာ္ကပဲ သူနဲ႔က်မွ ေနရာတကာလိုက္ေခ်ာင္းမိေနတဲ့ stalkerႀကီးကိုျဖစ္လို႔ဆိုၿပီး.......။
ဒါေပမယ့္ က်ေနာ္ ဒီလိုေတြျဖစ္ေနရတာကလည္း ဒီေကာင္ေလးက တီတီခိုင္နဲ႔ဆင္ေနလိိဳ႕ပါ။ႏို႔မိုဆို က်ေနာ္သူ႕ကို ဒီေလာက္ထိသတိထားမိေနမွာမဟုတ္ဘူးေလဆိုၿပီးထူးထူးဆန္းဆန္းေတြျဖစ္ေနမိခဲ့တဲ့က်ေနာ္႕ကိုယ္က်ေနာ္ တိတ္တဆိတ္ေျဖသိမ့္ခဲ့ရေလသည္။
"အကိုမင္းခန္႔ထည္ ခန..."
"ဘာလဲ"
"ဆရာကေသာ့ေပးခိုင္းလိုက္လို႔ပါ"
"Ok ....Thank you"
ေသာ့လာေပးတဲ့အခ်ိန္တုန္းကလည္း
သူက်ေနာ္႕ကိုေသာ့လွမ္းေပးတဲ့လက္ကေလးကိုပဲစိုက္ၾကည့္ေနခဲ့မိတာ။
ေကာင္ေလးရဲ႕လက္ကေလးေတြက ....က်ေနာ္ထိကိုင္ခဲ့ဖူးတဲ့ အသံအိုးေလးရဲ႕လက္ကေလးေတြနဲ႔တူေနသလိုပဲ.......
သူက်ေနာ္႕အနားကိုနီးကပ္လာတဲ့အခါတိုင္း
တီတီခိုင္ကက်ေနာ္႕အနားမွာ႐ွိေနသကဲ့သို႔တစ္ခ်က္တစ္ခ်က္ က်ေနာ္အေတြးေပါက္ခဲ့မိသည္။
အသံအိုးေလးလည္း အခုေလာက္ဆို ဒီေကာင္ေလးရဲ႕အ႐ြယ္ေလာက္ေတာ့႐ွိေနၿပီေပါ့~~~~~
သူကေတာ့ေသာ့ေပးၿပီးၿပီးခ်င္း က်ေနာ္႕ကိုေက်ာခိုင္းလို႔သြားခဲ့ေပမယ့္ က်ေနာ္ကေတာ့သူ႕ေက်ာျပင္ေလးကိုၾကည့္ကာ
က်ေနာ္႕အေတြးနဲ႔က်ေနာ္ ျပဳံးေနခဲ့မိတာေတြကိုေတာ့ က်ေနာ္ကလြဲ ဘယ္သူကမွမသိ႐ွိခဲ့ေခ်။
တျဖည္းျဖည္းနဲ႔ သူ႕အေပၚထား႐ွိခဲ့တဲ့ခံစားခ်က္တို႔ကသမုဒၵရာထဲကေရအနက္ကဲ့သို႔ပင္ခန္႔မွန္းလို႔မရတဲ့အထိနက္႐ိႈင္းလာခဲ့သည္။
တြယ္တာမႈကိုမႀကိဳက္တဲ့က်ေနာ္ဟာ သူေလးကိုေတာ့ တင္းၾကပ္စြာဖက္တြယ္ခ်င္ေနခဲ့သည္။
သူေလးလည္း တစ္ခ်ိန္က်က်ေနာ္႕ကို ထားရစ္ခဲ့ၿပီးထြက္သြားခဲ့လိမ့္မယ္ဆိုတဲ့အျဖစ္ကိုတစ္စြန္းတစ္စေတြးမိလိုက္တိုင္းတစ္စကၠန္႔ေလးေတာင္သူေလးကိုက်ေနာ္႕မ်က္စိေအာက္ကေနအေပ်ာက္မခံႏိုင္ခဲ့တဲ့အထိ႐ူးသြပ္ခဲ့ရသည္။
ဒါေပမယ့္ေ႐ွာင္လႊဲလို႔မရတဲ့ကံၾကမၼာက
သူ႕အေပၚထပ္ၿပီးရက္စက္လာျပန္ေလသည္။
ဒီတစ္ခါေတာ့ သူမရရတဲ့နည္းနဲ႔ဒီကံၾကမၼာကိုတိုက္ခိုက္ရေပလိမ့္မည္။
႐ိႈင္းေဇယံဆိုတဲ့သူ႕ခ်စ္သူေလးကိုေျပာမျပတတ္ေအာင္သူသိပ္ခ်စ္ရပါ၏။
ညီ...မင္းေလးလည္း ကိုယ့္ကို တီတီခိုင္လိုပဲထပ္ထားသြားဦးမွာလား..........
မင္းေလးတစ္ခုခုျဖစ္လို႔မျဖစ္ရဘူး......
မင္းသာ ကိုယ့္ကိုထားခဲ့ၿပီး တီတီခိုင္လိုေပ်ာက္ကြယ္သြားခဲ့ရင္! ကိုယ္သိပ္႐ူးသြားလိမ့္မယ္ ေကာင္ေလး.....
မင္းေလးနဲ႔ပက္သတ္ရင္ ကိုယ့္မွာခံႏိုင္ရည္တကယ္မ႐ွိလို႔ပါကြာ .......
မွိတ္က်ေနတဲ့မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေထာင့္စြန္းကေနမ်က္ရည္စက္တို႔ကစီးက်လာခဲ့ရသည္။အိမ္မက္ထဲမွာေတာ့သူအသံအက်ယ္ႀကီးႏွင့္ လည္ေခ်ာင္းကြဲလုမတတ္ေအာ္ငိုေနရင္းေပါ့.......
"မငိုပါနဲ႔ သားသားရယ္"
အလုံပိတ္ထားတဲ့အခန္းတစ္ခုအတြင္း ေလညႇင္းေလးတစ္ခုကညင္းသြဲ႕စြာျဖတ္တိုက္လာကာ ႏူးညံ့သိမ္ေမြ႕ေသာလက္တစ္စုံကသူ႕ပါးျပင္ေပၚသို႔ထိကပ္လို႔လာခဲ့ၿပီးေနာက္
မၾကားရတာၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ေလညင္းေလးကသူ႕နားအနား၌တိုးညင္းစြာထြက္ေပၚလို႔လာခဲ့သည္။
"တီတီ!"
သူ၏ပါးျပင္ေပၚကလက္ကေလးကိုသူအလ်င္အျမန္ဖမ္းဆုပ္ဖို႔ႀကိဳးစားခဲ့ေသာ္လည္း ထိုလက္တစ္စုံက ျပတင္းေပါက္ကေနက်ေရာက္လာတဲ့ေနေရာင္ျခည္အလင္းတန္းေလးတစ္ခုလိုပင္ သူဖမ္းဆုပ္ကိုင္တြယ္၍မရခဲ့ေပ။
"က်ေနာ္႕ကိုကူညီပါဦးဗ်ာ ...... က်ေနာ္အခုေကာင္းကင္ႀကီးၿပိဳေတာ့မတတ္ခံစားေနရတယ္.....ဒီေနရာကလဲေလ တအားနာက်င္ေနတယ္ တီတီရယ္.....ဟိုတုန္းကတီတီထြက္သြားတုန္းကအတိုင္းပဲ!"
"တီတီ က်ေနာ္ေျပာတာၾကားလား?"
မင္းခန္႔ထည္ကသူ၏ရင္ဘတ္ကိုတဘုန္းဘုန္းထုရင္းအိမ္မက္ထဲမွာေအာ္ေျပာလိုက္သည္။
"အရမ္းဝမ္းမနည္းပါနဲ႔ သားသားရယ္။ သူေလးကသားရဲ႕ေစာင့္ေ႐ွာက္မႈေအာက္မွာ႐ွိေနတာပဲဟာ သူေလးအဆင္ေျပမွာပါကြယ္။သားေလးသာ သူ႕ကိုအတတ္ႏိုင္ဆုံးေစာင့္ေ႐ွာက္ကာကြယ္ေပးပါ......"
ထိုစဥ္႐ုတ္တရက္ထျမည္လာတဲ့Alarmသံေၾကာင့္မင္းခန္႔ထည္ဟာ ခုတင္ေဇာင္း၌ ေခါင္းတင္ထားရာကေနေဘးသို႔ငိုက္က်သြားၿပီးသူ၏မ်က္လုံးတို႔က က်ိန္းစပ္စြာပြင့္ဟလာခဲ့သည္။
သူႏိုးလာေတာ့ ပါးျပင္ေပၚမွာလည္းမ်က္ရည္ေတြက႐ႊဲနစ္ေနတာေၾကာင့္မ်က္ေမွာင္ၾကဳတ္ကာေရ႐ြတ္လိုက္ေလ၏။
"မင္းအသက္ဘယ္ေလာက္မို႔လို႔လဲ မင္းခန္႔ထည္!"
စီးက်ေနတဲ့မ်က္ရည္မ်ားကိုကမမ္းကတမ္းသုတ္လိုက္ရင္း ဖုန္း Alarmသံကိုပိတ္ပစ္လိုက္ကာမတ္တပ္ထရပ္လိုက္တဲ့အခါ စားပြဲေပၚတြင္ပုံလ်က္သားျဖစ္ေနေသာ Drawing paperမ်ားကိုမ်က္လုံးေထာင့္ကေနအထင္အ႐ွားေတြ႕လိုက္ရသည္။
ဒီေန႔က Gearအပုံ၁၀၀တင္ရမယ့္ေနာက္ဆုံးေန႔ပဲ......
အဲ့တာေၾကာင့္ သူ႕ခ်စ္သူေလးက Alarmကိုဒီအခ်ိန္ထားထားတာျဖစ္မယ္။
က်ေနာ္႕ကိုေစာေစာထၿပီးပုံေတြၿပီးေအာင္ဆြဲခိုင္းမလို႔ေလ။
ထိုသို႔စဥ္းစားလိုက္ရင္း သူျပဳံးမိသြားရသည္။
မနက္၅နာရီအခ်ိန္ပဲ႐ွိေသးသည္မို႔ အေဆာင္တစ္ခုလုံးကတိတ္ဆိတ္ေနလ်က္႐ွိကာျပတင္းအျပင္ဘက္တြင္ေတာ့ ေကာင္းကင္ႀကီးကေဝလီေဝလင္းထိန္ညီးေနသည္။
သူျပတင္းတစ္ခ်ပ္ကိုလွပ္ဖြင့္လိုက္ေလေသာ္ေဆာင္းအကုန္ေႏြအကူးရဲ႕ ေႏြဦးေလေျပေလးကစာ႐ြက္ကေလးမ်ားေပၚျဖတ္တိုက္လာၾကေလသည္။
ေလတိုက္ခံေနရတဲ့စာ႐ြက္ေလးေတြကို မလြင့္သြားရေအာင္သူဖိလိုက္ရင္းထိုင္ခုံေလးအား စားပြဲခုံဘက္ဆီသို႔ဆြဲလိုက္ကာစားပြဲေ႐ွ႕၌ထိုင္ခ်လိုက္သည္။ထို႔ေနာက္ Drawing paperေလးကိုအစြန္းေလးဘက္စလုံး၌ တိပ္အျဖဴေရာင္ေလးနဲ႔ကပ္လိုက္ၿပီး သူပုံစဆြဲေလသည္။
မင္းခန္႔ထည္ရဲ႕မ်က္ႏွာေလးကတည္ၿငိမ္ေနေသာေရျပင္ေလးလိုပင္။အစိုင္အခဲတစ္ခုသာထိုေရျပင္ေလးေပၚက်လာခဲ့မယ္ဆိုရင္ေတာ့ျဖင့္ မ်က္ႏွာျပင္တစ္ခုလုံးဟာအဆုံးသတ္မဲ့တဲ့အထိဂယက္ထသြားႏိုင္ေပ၏။
သူအာ႐ုံစိုက္ဆြဲေနရင္းနဲ႔သူ၏ဦးေႏွာက္ထဲသို႔မေန႔ညကအေၾကာင္းအရာမ်ားကတစ္ဖန္တိုးကာဝင္ေရာက္လာတဲ့အခါသူရဲ႕လက္ေတြကိုအားစိုက္မိလိုက္သည္။
ၿဗိ!!!!
သူ႕လက္ဖဝါးေအာက္ကစာ႐ြက္အျဖဴေလးမွာႏွစ္ျခမ္းၿပဲသြားခဲ့ရေလသည္။ ေထာက္ခြၽန္ရဲ႕ခြၽန္ထက္ေနတဲ့အဆူးကလည္းသူ၏လက္မထက္ကိုထိုးကာစိုက္ဝင္ေနတာမို႔ေသြးစက္ေလးတစ္ခ်ိဳ႕စို႔လာခဲ့တာကို သူေငးေၾကာင္ၾကည့္ေနမိေခ်သည္။
ဒီလိုအနာမ်ိဳးဆိုတာသူ႕အတြက္မနာက်င္ေစခဲ့ေပမယ့္ တစ္ခုေသာပူေလာင္မႈတို႔ကေတာ့ သူ႕ႏွလုံးသားတစ္ခုလုံးကိုေျဗာင္းဆန္ေအာင္ေမႊေႏွာက္ပစ္ေနခဲ့သည္။
မနက္၆နာရီအခ်ိန္တိတိမွာအပုံ ၁၀၀လုံးကိုဆြဲၿပီးသြားၿပီျဖစ္တာေၾကာင့္ အေဆာင္မႉးဆရာရဲ႕အေဆာင္ခန္းအေ႐ွ႕ဘက္၌ ပါကင္ထိုးထားေသာ နီညိဳေရာင္ကားေလးကိုစက္ႏိႈးလိုက္ကာ ဝန္ထမ္းအိမ္ယာဘက္သို႔ေမာင္းထြက္သြားလိုက္သည္။
ဒုန္းဒုန္းဒုန္းဒုန္းဒုန္း!!!!!!!!!!
"ဘယ္သူလဲကြ ဒီအခ်ိန္ႀကီးတံခါးလာေခါက္ေနတာ!"
ထိုမာန္မဲတဲ့အသံတစ္သံကတိတ္သြားၿပီးေနာက္ မင္းခန္႔ထည္ေ႐ွ႕႐ွိသံပန္းတံခါးႀကီးက ပြင့္လာခဲ့ကာတံခါးေနာက္ကေနအက်ႌစြပ္က်ယ္အျဖဴႏွင္္႕ ေ႐ွာ့ပင္ေဘာင္းဘီတိုဝတ္ဆင္ထားတဲ့လူတစ္ေယာက္ကေဒါသတႀကီးႏွင့္ ထြက္လာေလသည္။
ထိုလူက လည္ပင္း၌သိုင္းထားေသာမ်က္မွန္ကိုတပ္လိုက္ၿပီးအနက္ေရာင္႐ွပ္နဲ႔အနက္ေရာင္ဂ်င္းကိုတြဲဖက္ဝတ္ဆင္ထားေသာအရပ္႐ွည္႐ွည္နဲ႔ခပ္ေခ်ာေခ်ာေကာင္ေလးကိုျမင္ေတာ့ ေသခ်ာျပဴးၿပဲၾကည့္ရင္းေမးလာခဲ့သည္။
"ေဟ မင္းဘယ္သူလဲကြ?"
"ဆရာအိပ္ယာမႏိုးေသးဘူးပဲ"
မင္းခန္႔ထည္ကေခါင္းရမ္းကာစိတ္ညစ္စြာေရ႐ြတ္လိုက္ၿပီးေနာက္ အျဖဴေရာင္စာ႐ြက္အပုံလိုက္ကိုကားထဲမွထုတ္လိုက္ကာ ဆရာျဖစ္သူထံသို႔အတင္းထိုးတင္ေလေတာ့သည္။
သူ႕ဆရာဆီသို႔ စာ႐ြက္အပုံလိုက္အား တ႐ိုတေသနဲ႔ညင္သာစြာထိုးတင္ေနသည္မွာဦးညီညီထြန္းခမ်ာေနာက္သို႔လန္က်သြားလုမတတ္ပင္။
ဦးညီညီထြန္းက စာ႐ြက္အထပ္လိုက္ႀကီးကို မရမကေပြ႕ပိုက္လိုက္ရင္းခပ္ဆတ္ဆတ္ဆိုလာသည္။
"ေျဖးေျဖးလုပ္ပါကြ"
"ဆရာေျပာတဲ့အတိုင္း ပုံ၁၀၀ေနာ္....ျပည့္မျပည့္စစ္ၾကည့္ဦး"
"တယ္ဟုတ္ပါလား? ၾကည့္ရတာ ငါ့ကိုေၾကာက္လို႔ေတာ့ မျဖစ္ႏိုင္ဘူး။ေဒၚငုဝါကိုေၾကာက္လို႔ပဲျဖစ္ရမယ္"
သူ႕ဆရာစကားၾကားေတာ့မင္းခန္႔ထည္က'ဟမ့္' ဆို၍ႏွာတစ္ခ်က္မႈတ္လိုက္ၿပီးေနာက္ဆက္ေျပာလာသည္။
"ဒီေန႔ ႐ိႈင္းေဇယံ ဆရာ့အတန္းလာတက္မွာမဟုတ္ဘူး။"
"ဘာလို႔လဲ မင္းကငါ့အတန္းေျပးဖို႔ဆြယ္ထားလို႔လား?"
"မဟုတ္ရပါဘူးဗ်ာ သူ ေနမေကာင္းျဖစ္ေနလို႔ပါ...."
မင္းခန္႔ထည္ရဲ႕မ်က္ႏွာဟာ ထိုသို႔ေျပာေနစဥ္တြင္သိသိသာသာညိႇဳးက်သြားတာေၾကာင့္သူ႕ဆရာကသူ႕အားတံေတာင္နဲ႔တြတ္လာေလ၏။
"မင္းမွာလဲ အထိအခိုက္လြယ္လိုက္တာ
႐ိႈင္းေဇယံေနမေကာင္းတာနဲ႔ပဲ မင္းအခြက္ႀကီးက ငါ့ေ႐ွ႕မွာအဲ့ေလာက္ထိျဖစ္ျပဖို႔လိုလို႔လား။
ငါ့ရဲ႕ ခံစားခ်က္မ႐ွိတင္းမာလြန္းတဲ့ေရခဲတုံးတပည့္ႀကီး မင္းခန္႔ထည္ကဘယ္ေရာက္သြားတုန္း။မင္း မင္းခန္႔ထည္ေကာဟုတ္ရဲ႕လားကြ?"
သူ႕ဆရာစကားၾကားေတာ့ သူနဲနဲျပဳံးလာသည္။
"မနက္၆နာရီႀကီးဆရာ့အခန္းတံခါးကိုလာေခါက္ရဲတဲ့လူက က်ေနာ္ဆိုတဲ့မင္းခန္႔ထည္ကလြဲၿပီးဘယ္သူျဖစ္ႏိုင္ဦးမွာလဲဗ်ာ....."
"ေအး ဒါေတာ့ဟုတ္တယ္ကြ.....မင္းပဲဆိုရင္လဲၿပီးတာပါပဲကြာ"
"ဒါဆို ဆရာ က်ေနာ္႕ကိုခြင့္ျပဳပါဦးေနာ္"
ဟုႏႈတ္ဆက္လိုက္ၿပီးသည္ႏွင့္ မင္းခန္႔ထည္ ရဲ႕အရိပ္အေယာင္ကတမဟုတ္ခ်င္းေပ်ာက္ကြယ္သြားေတာ့ေလသည္။
"ဒီေကာင္ေလးႏွယ့္ ဘာေတြအေလာႀကီးေနလဲမသိ။ငါမနက္စာေကြၽးမလို႔ဟာကို ေမးေတာင္မေမးလိုက္ရဘူး........"
ထိုသို႔ပြစိပြစိဆိုလိုက္ရင္း ဦးညီညီထြန္းလည္းစာ႐ြက္ေတြတေပြ႕တပိုက္ႀကီးႏွင့္အိမ္ထဲျပန္ဝင္သြားေတာ့သည္။
သူေက်ာင္းေ႐ွ႕သို႔ကားေမာင္းထြက္လာေတာ့ ေက်ာင္းေ႐ွ႕၌ရပ္ေစာင့္ေနေသာ လင္းထြဋ္ကိုေတြ႕လိုက္ရသည္။
ခ်က္ခ်င္္းကားဘရိတ္အုပ္လိုက္ၿပီး
ကားရပ္လိုက္တဲ့အခါ လင္းထြဋ္က driverေနရာ၌ဝင္ထိုင္လာကာ မင္းခန္႔ထည္ကေတာ့ ကားေနာက္ခန္း၌ေျပာင္းထိုင္လိုက္ေလသည္။
ကားေနာက္ခန္းေရာက္ေတာ့ဖိုင္အပုံလိုက္ႀကီးကိုေတြ႕လိုက္ရသျဖင့္ မင္းခန္႔ထည္ရဲ႕မ်က္ခုံး႐ိုးတစ္ဖက္ကျမင့္တက္သြားရသည္။
လင္းထြဋ္မွာ မနက္အာ႐ုဏ္တက္တဲ့အခ်ိန္အထိေဆး႐ုံတစ္႐ုံလုံးကိုေမႊေႏွာက္ထားခဲ့မွန္းသူ႕မ်က္စိေ႐ွ႕႐ွိဖိုင္အပုံလိုက္ႀကီးကသက္ေသခံလို႔ေနသည္။
"ဒါေတြက ေဆးမွတ္တမ္းေတြလား?"
"ဟုတ္ပါတယ္ သခင္ေလး"
မင္းခန္႔ထည္က စာ႐ြက္အပုံလိုက္ႀကီးထဲမွ ဖိုင္တစ္ခုကိုဖြင့္ၾကည့္လိုက္ရင္းဆိုသည္။
"ဒါညီ့ရဲ႕ လစဥ္မွတ္တမ္းေတြပဲ"
"သခင္ေလး႐ိႈင္းေဇယံက ၁ႏွစ္နီးပါးေလာက္ေဆးကုသမႈရပ္ဆိုင္းခဲ့ေသးတယ္လို႔လဲ Drကေျပာပါတယ္။
ဒီႏွစ္Januaryလလယ္ေလာက္ကမွ ပုံမွန္ေဆးကုသမႈကိုျပန္စတင္ခဲ့တာတဲ့"
"ေသြးေတြကို တစ္ပတ္တစ္ခါ ေဖာက္ေနရတာဆိုေတာ့.....အဲ့ဒဏ္ကိုမခံစားႏိုင္ေတာ့လို႔ သူရပ္ဆိုင္းခဲ့တာေနမွာ အပ္ရာေတြကအရမ္းနာေနမွာပဲ...ငါကေကာဘာလို႔နဲနဲေလးေတာင္မရိပ္မိခဲ့တာပါလိမ့္......"
သူ႕ကိုယ္သူအျပစ္တင္ေနတဲ့သခင္ေလးစကားၾကားေတာ့ လင္းထြဋ္ကကားေနာက္ၾကည့္မွန္ထဲကေန မင္းခန္႔ထည္ကိုတစ္ခ်က္အကဲခတ္ရင္း စိတ္သက္သာရာရေအာင္ေျပာေပးလာသည္။
"သခင္ေလးအျပစ္မဟုတ္ပါဘူး သခင္ေလး႐ိႈင္းေဇယံကလဲဒီအေၾကာင္းေတြကို သခင္ေလးသိရင္ဒီလိုမ်ိဳးစိတ္မေကာင္းျဖစ္ေနမွာစိုးလို႔မသိေအာင္ဖုံးကြယ္ထားခဲ့တာေနမွာပါ"
မင္းခန္႔ထည္ကအပုံလိုက္ႀကီးထဲကမွ ဖိုင္ေတြကိုတစ္ခုၿပီးတစ္ခု ယူထုတ္ၾကည့္လိုက္ရင္းမ်က္လုံးပင့္ၾကည့္ကာလွမ္းေမးလာသည္။
"မင္း ဒီဖိုင္ေတြယူလာတာကို ဘယ္သူမွဘာမွမေျပာဘူးလား"
"က်ေနာ္ ေဆး႐ုံအုပ္ကိုနဲနဲ powerျပခဲ့တာဆိုေတာ့ ဘယ္သူမွမေျပာရဲပါဘူး"
"MKနဲ႔ကိုင္ေပါက္ခဲ့တယ္ေပါ့ေလ"
"က်ေနာ္ေတာင္းပန္ပါတယ္"
ထိုစကားၾကားေတာ့မင္းခန္႔ထည္ကတစ္ခ်က္ရယ္လာကာကားမွန္ခ်လိုက္ၿပီးလမ္းဘယ္ဘက္ျခမ္း႐ွိစိမ္းစိုေသာလယ္ကြင္းမ်ားဆီသို႔ေငးၾကည့္လိုက္ေတာ့သည္။
နီညိဳေရာင္ကားေလးကေတာ့ မနက္ေစာေစာစီးစီးအခ်ိန္ထဲကပင္ မိုင္ရာခ်ီ႐ွည္လ်ားတဲ့လမ္းမထက္မွာအ႐ွိန္အဟုန္ျပင္းျပင္းႏွင့္ေျပးလႊားေနခဲ့ရသည္။
"ပိုင္စစ္ေကာ?"
မင္းခန္႔ထည္တစ္ေယာက္ေက်ာင္းနဲ႔ခပ္ေဝးေဝးေရာက္မွပိုင္စစ္ကိုသတိရေလသည္။ ေန႔တိုင္းေန႔တိုင္းမုန္႔ႀကိဳးလိမ္ေတြလိုပူးကပ္ေနတဲ့ႏွစ္ေယာက္ကို ဒီေန႔က်မွတစ္ေယာက္ခ်င္းစီခြဲ၍ျမင္ေနရသျဖင့္ သူလုံးဝအထူးအဆန္းျဖစ္ေန႐ွာသည္။
"ပိုင္စစ္က ေက်ာင္းမွာသူခိုးဖမ္းဖို႔က်န္ခဲ့ပါတယ္ သခင္ေလး"
"သူခိုး?"
"က်ေနာ္တို႔ၾကည့္ေနတာ သုံးရက္ေလာက္႐ွိၿပီ ေက်ာင္းဝန္းထဲမွာ ငနဲတစ္ေကာင္က ေက်ာင္း႐ႈခင္းေတြ႐ိုက္သလိုလိုနဲ႔ဓာတ္ပုံေတြလိုက္႐ိုက္ေနတာ။သူ႕ပုံစံက သာမန္ဓာတ္ပုံဆရာေတြနဲ႔လဲမတူပဲခိုးေၾကာင္ခိုးဝွက္နဲ႔......"
"ၿပီးေတာ့ သခင္ေလးသြားတဲ့ေနရာတိုင္းအဲ့ငနဲက႐ွိေနတယ္ေလ။
က်ေနာ္တိိဳ႕ကလည္း ေက်ာင္းမွာ သခင္ေလးစိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ခနလႊတ္ေပးထားခဲ့တာ။ဒီေန႔ သခင္ေလးကေက်ာင္းမတက္ဘူးဆိုေတာ့ အဲ့ငနဲကို ပိုင္စစ္ကဒီေန႔ အမိဖမ္းမယ္ဆိုၿပီး ေနခဲ့တာပါ သခင္ေလး"
"Aww"
မင္းခန္႔ထည္က လင္းထြဋ္စကားၾကားေတာ့ အာေမဋိတ္သံသာျပဳသည္။သူ႕ပုံစံက ထိုဓာတ္ပုံဆရာကိစၥအေၾကာင္းကို သိပ္စိတ္ဝင္စားပုံမေပၚေပ။
ကားေလးတစ္စီးကတျဖည္းျဖည္းသန္လ်င္ကေနထြက္လာခဲ့ၿပီးေနာက္ ၿမိဳ႕ထဲသို႔ခ်ိဳးေကြ႕လိုက္ေတာ့ေလ၏။
"သခင္ေလး က်ေနာ္ဘယ္ကိုေမာင္းေပးရမွာလဲ?"
"နႏၵဝန္အိမ္ရာ"
••••••••••••••••••••••••••••••••••••••••••••••••••
မနက္၉နာရီအခ်ိန္မွာေက်ာင္းဝန္းထဲ၌ ပိုင္စစ္တစ္ေယာက္ သူ၏လက္ႏွစ္ဖက္ကိုခါး၌ေထာက္ထားလ်က္ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ေနေလသည္။သူ၏မ်က္လုံးေတြကလဲေနရာအႏွံ႔ကစားေနကာ အရာအားလုံးကိုစြန္ရဲမ်က္လုံးႏွင့္ဖမ္းစားလို႔ထားသည္။
ထိုစဥ္ ေက်ာင္းဝန္းထဲသို႔ခိုးေၾကာင္ခိုးဝွက္ႏွင့္ဝင္လာေသာ ပုပုကြကြလူတစ္ေယာက္ကိုေတြ႕လိုက္ရတဲ့အခါ သူ၏စြန္ရဲမ်က္လုံးတို႔က ထိုလူဆီ၌ကပ္ၿငိသြားေတာ့သည္။
ေနာက္ဆုံးေတာ့ ေရာက္လာၿပီေပါ့ေလ!
ပိုင္စစ္ကသူ၏႐ွပ္အက်ႌလက္႐ွည္ကိုတံေတာင္စစ္အထိေခါက္တင္ရင္းၾကဳံးဝါးလိုက္ေလ၏။
ဒီေန႔ေတာ့ငါနဲ႔ေတြ႕ၿပီ!
ပိုင္စစ္က ေကာ္ရစ္ဒါဘယ္ဘက္ျခမ္းသို႔ ျမန္ျမန္ေလးကူးလိုက္ကာ ထိုလူ႕ေနာက္ကေနအသံတိတ္လိုက္,လိုက္ေလရာ ထိုလူကေတာ့ ပိုင္စစ္အေနာက္ကလိုက္လာတာကိုသတိမထားမိဘဲ သိုင္းလြယ္ထားတဲ့အနက္ေရာင္ leatherအိတ္ထဲမွ Cameraကိုထုတ္လိုက္ေလသည္။
Cameraကိုျမင္ေတာ့ ပိုင္စစ္ရဲ႕မ်က္လုံးေတြကအေရာင္ေတာက္လာကာ
ထိုလူ႕ရဲ႕ေနာက္သို႔ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္သြားၿပီး ဂုတ္ကိုဆြဲကိုင္လိုက္ကာ ေျမျပင္ေပၚသို႔ျမန္ဆန္စြာကိုင္ေပါက္ပစ္လိုက္ပါေတာ့သည္။
"အား!!!!!"
ထိုလူဆီကေနမီးရထားေခါင္းမ်ိဳခ်ထားသလားေအာက္ေမ့ရတဲ့အသံနက္ႀကီးတစ္သံကက်ယ္ေလာင္စြာထြက္လာခဲ့ကာ႐ုတ္တရက္ဟိန္းထြက္လာတဲ့အသံနက္ႀကီးေၾကာင့္ ေက်ာင္းမုခ္ဝသို႔ဝင္လုဆဲဆဲေကာင္မေလးတစ္ေယာက္ရဲ႕ကိုယ္ေလးဟာဆတ္ခနဲတုန္တတ္လို႔သြားခဲ့သည္။
သူမေလးဟာပခုံးေလးေတြတုန္တတ္သြားတဲ့အထိလန္႔သြားခဲ့ရေပမယ့္လည္း ေနရာတကာစူးစမ္းခ်င္ေသာသူမရဲ႕စိတ္တို႔ကအႏိုင္ယူသြားတာေၾကာင့္ အသံလာရာဆီသို႔သူမသြားၾကည့္မိလိုက္သည္။ မနက္၉နာရီျဖစ္ေသာ္လည္းFerryေတြကတစ္စီးမွမဆိုက္ေသးတာေၾကာင့္ ေက်ာင္းဝန္းအတြင္း၌လူအေတာ္႐ွင္းေနခဲ့ကာတိတ္ဆိတ္ေျခာက္ကပ္ေနသည္။
"ေပးစမ္း Camera! "
ပိုင္စစ္က ေျမျပင္ထက္၌လဲေလ်ာင္းေနေသာလူ၏လက္ထဲမွ Cameraကိုအတင္းဆြဲယူလိုက္ၿပီးေနာက္ Cameraထဲမွ ဓာတ္ပုံမ်ားကိုအျမန္ၾကည့္လိုက္သည္။
ဒါသခင္ေလးတို႔ပုံေတြပဲ!!!!!
ပုံေတြထဲမွာမွ သခင္ေလးကသခင္ေလး႐ိႈင္းေဇယံႏွင့္အၾကည္စိုက္ေနတဲ့ပုံေတြကပိုမ်ားတာေၾကာင့္ သူCameraထဲကေန Memory Cardကိုအျမန္ထုတ္လိုက္ၿပီးဆြဲခ်ိဳးလိုက္ေလ၏။
"မင္းကိုဘယ္သူခိုင္းထားတာလဲ ဘာလို႔သခင္ေလးရဲ႕ပုံေတြလိုက္႐ိုက္ေနတာလဲ!"
"သခင္ေလး? မင္းက ဘယ္သူလဲ?"
"ငါ့ကိုျပန္မေမးနဲ႔ ငါေမးတာကိုသာျမန္ျမန္ေျဖစမ္း!"
အခ်ိန္ဆြဲေနေသာထိုဖက္တီးအားစိတ္မ႐ွည္ေတာ့တဲ့အဆုံး ပိုင္စစ္ကလက္တစ္ဖက္ကိုလိမ္ခ်ိဳးလိုက္ေတာ့ေလသည္။
"အား!!!!!"
"ငါေမးေနတာေျဖေလ"
"႐ွင္တို႔ဘယ္သူေတြလဲ ေက်ာင္းဝန္းထဲမွာဘာလုပ္ေနၾကတာလဲ?"
မိန္းကေလးတစ္ေယာက္ရဲ႕အသံၾကားေတာ့ပိုင္စစ္ကေနာက္သို႔လွည့္ၾကည့္မိသည္။ထိုအခိုက္ကိုအခြင့္ေကာင္းယူကာ ထိုလူက ပိုင္စစ္လက္ထဲမွ Cameraကိုျပန္ဆြဲလုသြားၿပီး ပိုင္စစ္ကိုအလစ္ဝင္က်ံဳးေတာ့သည္။
ပိုင္စစ္ကလည္းအျမန္ေ႐ွာင္တိမ္းလိုက္ၿပီး
ေနာက္ထိုလူ၏အက်ႌဂ်ာကင္စကိုခပ္တင္းတင္းဆြဲကိုင္ထားတာေၾကာင့္ ထိုဖက္တီးမွာေျပးလို႔မလြတ္ဘဲ ပိုင္စစ္လက္ထဲ၌ေျခခ်ဳပ္မိသြားရျပန္ေလသည္။
အခ်ိန္တစ္ခနၾကာတဲ့အထိလုံးေထြးသတ္ပုတ္ေနၿပီးေနာက္ ပိုင္စစ္လက္ထဲကေနလြတ္သြားတဲ့အခါထိုလူကေဘးနား႐ွိမိန္းကေလးအားပိုင္စစ္ထံတြန္းလႊတ္ပစ္လိုက္ၿပီး ေနာက္လွည့္မၾကည့္စတမ္းတ႐ွိန္ထိုးထြက္ေျပးသြားေတာ့သည္။
ပိုင္စစ္ကသူ႕ဆီပစ္ခြင္းလာေသာ မိန္းကေလး၏ကိုယ္ကိုဖမ္းလိုက္တဲ့အခါဟန္ခ်က္မထိန္းႏိုင္ဘဲႏွစ္ဦးစလုံးေျမျပင္ေပၚသို႔ ပစ္လဲက်သြားေတာ့သည္။သို႔ေသာ္ ပိုင္စစ္ကသူ၏လက္ျဖင့္ မိန္းကေလး၏ဦးေခါင္းကိုထိန္းကိုင္ေပးထားတာေၾကာင့္ သူမေလးရဲ႕ေခါင္းက ေကာ္ရစ္ဒါနဲ႔မိတ္မဆက္လိုက္ရေပ။
သူ႕လက္ထဲကထိုမိန္းကေလးအားခ်က္ခ်င္းလႊတ္ေပးလိုက္ၿပီးေနာက္ သူတို႔နပန္းသတ္ေနရာမွ ခုနကလူက်သြားေသာ ဖုန္းအား ေကာ္ရစ္ဒါေပၚကေနအျမန္ေကာက္ယူလိုက္သည္။
သူကသူ၏ကိုယ္ေပၚ၌ေပလူးသြားရတဲ့ဖုန္ေတြကိုစိတ္ညစ္ညစ္နဲ႔ခါခ်လိုက္ရင္း ကြန္ကရစ္စႀကႍေပၚမွာထိုင္ေနဆဲျဖစ္တဲ့ေကာင္မေလးဘက္သို႔လွည့္ၾကည့္လာကာဆိုသည္။
"ဒီမယ္အမိ ဘာမွန္းမသိဘဲ ဇြတ္ဝင္လာရလား?"
ေနေရာင္ျခည္တို႔ျဖာက်ေနေသာ အနက္ေရာင္ဝတ္စုံႏွင့္ထိုလူသားကေကာင္းကင္ေပၚကသက္ဆင္းလာတဲ့နတ္သားေလးတစ္ပါးအလား အလြန္ၿပီးျပည့္စုံေနတာေၾကာင့္ သူမ ကေကာ္ရစ္ဒါေပၚ၌ငုတ္တုပ္ထိုင္လ်က္ကေလးႏွင့္ပိုင္စစ္အားေငးၾကည့္ေန႐ွာေလသည္။
စကားျပန္မရတာေၾကာင့္ ပိုင္စစ္ကမ်က္ေမွာင္ၾကဳတ္လ်က္ သူမေလးဆီျပန္ေလွ်ာက္လာကာ သူ၏ေဘာင္းဘီထဲမွ အျဖဴေရာင္လက္ကိုင္ပုဝါေလးအားထုတ္လိုက္ၿပီးကမ္းေပးလာခဲ့သည္။
ထို႔ေနာက္ေကာ္ရစ္ဒါေပၚမွာထိုင္ေနတဲ့မိန္းကေလးရဲ႕ကိုယ္ကို ဆြဲထူလိုက္ကာ
သူမလက္ထဲမွာကိုင္ထားတဲ့ ပုဝါေလးအားပိုင္စစ္ကျပန္ဆြဲယူလိုက္၍ သူမရဲ႕ေက်ာင္းဝတ္စုံေပၚ၌ေပက်ံေနေသာ ဖုန္မႈန္႔မ်ားကို ဂ႐ုတစိုက္သုတ္ေပးလာခဲ့ရင္းဂ႐ုတစိုက္ေမးလာခဲ့သည္။
"မင္းဘာျဖစ္သြားေသးလဲ"
"ဘာမွမျဖစ္ပါဘူး။ဒါနဲ႔ ခုနကလူကလူဆိုးႀကီးလားဟင္"
"အင္း"
"သူထြက္ေျပးသြားၿပီေလ ႐ွင္သူ႕ကိုလိုက္မဖမ္းေတာ့ဘူးလား"
"ငါမင္းကိုကူေနတာနဲ႔ သူ႕ကိုလြတ္သြားတာၾကာေပါ့"
ေနာက္ဆုံးထိုမိန္းကေလးကဘာမွမျဖစ္ေၾကာင္းေသခ်ာၿပီဆိုမွ အနက္ေရာင္ဝတ္စုံနဲ႔ၾကည့္ေကာင္းလွတဲ့လူငယ္ေလးကေက်ာင္းဝင္းထဲကေနေက်ာခိုင္းထြက္ခြာသြားေတာ့သည္။
ေက်ာင္းအျပင္မေရာက္ခင္မွာပင္ Cameraသမားလက္ထဲကေနသိမ္းယူထားတဲ့ဖုန္းေလးကတုန္ခါလာခဲ့တာေၾကာင့္ဖုန္းကိုင္လိုက္ၿပီးေနာက္ဘာမွျပန္မေျဖေသးဘဲတစ္ဖက္ကအသံကိုအရင္နားေထာင္ၾကည့္လိုက္သည္။
"ဟဲ့ ဝက္ေကာင္ ဒီေန႔လဲ ပုံေတြရရင္ ငါ့ဆီပို႔ေပးဦး အရင္ရက္ကပုံေတြအတြက္ မနက္ျဖန္ငါျပင္ဦးလြင္ကျပန္လာရင္ ပိုက္ဆံ႐ွင္းေပးမယ္ နင့္ရဲ႕ေက်းဇူးေၾကာင့္ ငါႏိုင္ကြက္တစ္ခုရလိုက္လို႔ စိတ္ေပ်ာ္ေနတဲ့အတြက္
နင္ေျပာထားတဲ့ေစ်းထက္ႏွစ္ဆတိုးေပးမယ္......."
ဖုန္းထဲကေနထြက္ေပၚလာတဲ့ရင္းႏွီးေနက်အသံတစ္သံေၾကာင့္ ပိုင္စစ္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းတိိဳ႕ကေကြးတက္သြားရၿပီး သူဘာမွျပန္မေျဖဘဲဖုန္းခ်ပစ္လိုက္သည္။
တကယ္ကိုထင္ထားတဲ့အတိုင္းပါပဲလား!
ေက်ာင္းေ႐ွ႕၌ရပ္ထားတဲ့ အနက္ေရာင္ကားတစ္စီးေပၚေရာက္ေတာ့ သူ၏ဖုန္းကိုထုတ္လိုက္ၿပီး တစ္စုံတစ္ေယာက္ကိုဖုန္းအျမန္ေခၚရေလသည္။
"ေျပာ!"
ဆူေအာင့္ေအာင့္အသံတစ္သံက ၾကည္လင္မႈအျပည့္ႏွင့္ဟိန္းထြက္လို႔လာခဲ့ကာ
ပိုင္စစ္ကထိုအသံကိုၾကားေတာ့ရယ္သြမ္းလ်က္ဆိုလိုက္သည္။
"အထြဋ္ေရ .. ... ငါတို႔ေတာ့ဒုကၡေရာက္ၿပီကြ"
ထိုစကားၾကားေတာ့Screenတစ္ဖက္ျခမ္း႐ွိအသံတို႔ကတုံ႔ျပန္ျခင္းမ႐ွိစြာတိတ္ဆိတ္သြားခဲ့ေလရာ ထိုစဥ္ လင္းထြဋ္၏မ်က္ခုံးႏွစ္ဖက္တို႔ကအလယ္ေခါင္၌ စုေဝးေနမည္မွာေသခ်ာေပါက္ပင္ျဖစ္သည္။
••••••••••••••••••••••••••••••••••••••••••••••••••
ဧည့္ခန္းအတြင္း၌ဖုန္းသံကက်ယ္ေလာင္စြာျမည္ဟီးတုန္ခါလာတာေၾကာင့္ ႐ိႈင္းဆက္ယံကအဝင္ callရဲ႕ Contact nameကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ဖုန္းကိုင္လိုက္သည္။
"ဘာလဲ?"
"ငါတို႔ေတြ ဒီမနက္အေျပးအလႊားနဲ႔အလုပ္မ်ားေနတယ္သိလား?"
"အလုပ္မ်ားေနရင္လဲ ဘာကိစၥဖုန္းဆက္ေနေသးလဲ ခ်လိုက္ေတာ့! "
"မင္းကလဲမေလာနဲ႔ေလကြာ ငါေျပာတာနားေထာင္ပါဦး။မေန႔ညက ဘယ္သူမွန္းမသိတဲ့ေက်းဇူး႐ွင္တစ္ေယာက္ ငါတို႔ေဆး႐ုံရဲ႕ေဆးမွတ္တမ္းဂိုေဒါင္ကမွတ္တမ္းေတြကိုေတာ္ေတာ္မ်ားမ်ားဖြသြားလို႔ အခုအကုန္လုံးျပန္စီေနရတယ္။ေဆး႐ုံအုပ္ကလဲသိသိႀကီးနဲ႔ေတာင္ဘာမွမေျပာဘူးဆိုေတာ့ ဒီလူကသာမန္လူေတာ့မဟုတ္ေလာက္ဘူး။"
စိုင္းသီဟရဲ႕စကားအ႐ွည္ႀကီးကိုအဆုံးထိနားေထာင္ေပးလိုက္ၿပီးေနာက္႐ိႈင္းဆက္ယံကခပ္ေခ်ေခ်ဘဲျပန္တုံ႔ျပန္လာသည္။
"အဲ့ေတာ့ ငါနဲ႔ဘာဆိုင္လို႔ ငါ့လာေျပာျပေနတာလဲ?"
"ငါတို႔မွတ္တမ္းေတြအကုန္ျပန္စီေနရင္းထူးဆန္းတာက ကိုေဇရဲ႕ေဆးမွတ္တမ္းေတြအကုန္လုံးေပ်ာက္ေနတယ္....."
စိုင္းသီဟဆက္ေျပာလာတဲ့စကားတို႔ေၾကာင့္ ႐ိႈင္းဆက္ယံက စိတ္႐ႈပ္ေထြးသြားဟန္တူသည္ သူ၏မ်က္ႏွာဟာခ်က္ခ်င္းမဲေမွာင္သြားခဲ့ကာတစ္စုံတစ္ခုကိုၿငိမ္သက္စြာအေလးအနက္စဥ္းစားလို႔ေနသည္။
"မင္းေျပာတဲ့အဲ့လူယူသြားတာလား?"
"ေအး ထင္တာပဲ"
"သူကဘယ္လိုပုံစံလဲ?"
"ငါေတာ့မျမင္လိုက္ဘူး မေန႔ညကေဆး႐ုံမွာ Night dutyက်တဲ့ Nurseတစ္ခ်ိဳ႕ေျပာတာေတာ့ အဲ့လူက အနက္ေရာင္ဝတ္စုံကိုအတိဝတ္္ထားတယ္တဲ့။သူ႕ပုံစံက Body guardလိုပုံစံမ်ိဳးဆိုပဲ..... တခ်ိဳ႕ကနာမည္ေတာင္ေပးေနၾကေသး K2ဆိုလား K3ဆိုလားပဲ........ၿပီးေတာ့အဲ့လူကတအားလဲေခ်ာတယ္တဲ့ကြာ..."
စိုင္းသီဟက ဟက္ခနဲရယ္ရင္းေျပာေနေသာ္လည္း တဖက္ျခမ္းက႐ိႈင္းဆက္ယံရဲ႕မ်က္ႏွာကေတာ့ေမွာင္မိုက္သထက္ေမွာင္မိုက္လာခဲ့သည္။
K2 ? K3 ?
ထိုစာလုံးႏွစ္ခုရဲ႕အဓိပၸါယ္ကိုသူမ႐ွင္းေပ။
"ကိုႀကီး"
႐ိႈင္းေဇယံေခၚသံၾကားေတာ့မွ ႐ိႈင္းဆက္ယံရဲ႕အေတြးယဥ္ေၾကာတို႔ကျပတ္ေတာက္သြားေတာ့သည္။
႐ိႈင္းေဇယံရဲ႕အသံကိုဖုန္းထဲကေန႐ုတ္တရက္ ၾကားလိုက္ရတဲ့ စိုင္းသီဟတစ္ေယာက္ရယ္ေနရာကေနရပ္သြား၍ ႐ိႈင္းဆက္ယံအားအေဆာတလ်င္ေမးလာသည္။
"ငယ္ေလးေရာက္ေနတာလား? မင္းငယ္ေလးကိုသြားျပန္ေခၚလာတာလား?"
"အင္း အဲ့တာဆို ဒါပဲ"
"ခန ဆက္ယံ......"
႐ိႈင္းဆက္ယံကစကားကိုတုံးတိျဖတ္ခ်လိုက္ၿပီး ဖုန္းကိုပါတစ္ခါတည္းခ်ပစ္လိုက္သည္။
"ဘာလို႔ထြက္လာတာလဲ မင္းတစ္ညလုံးမအိပ္ရေသးဘူးမွတ္လား?
မင္းအိပ္ေရးဝေအာင္ထပ္အိပ္သင့္တယ္"
သူ႕ညီေလးကတစ္ညလုံးမအိပ္ပဲမရပ္မနားငိုထားမွန္းသူသိတာေၾကာင့္ထိုသို႔ေျပာလိုက္ျခင္းပင္။
"ကိုခန္႔က က်ေနာ္႕ကိုလာႀကိဳမွာမို႔လို႔....."
"မင္း သူ႕ကိုျဖတ္ဖို႔အခ်ိန္ေရာက္ၿပီေလ ငါအရင္ကဘာေျပာထားလဲ!!"
"က်ေနာ္႕ကိုလဲကိုႀကီးကဘာမွမေျပာျပဘဲနဲ႔ က်ေနာ္ကဘာလို႔ ကိုႀကီးေျပာတာကိုယုံၿပီး ကိုခန္႔ကိုျဖတ္ပစ္ရမွာလဲ?"
"မင္း! မင္းအခု ေသြးသားရင္းျဖစ္တဲ့ငါ့ကိုေတာင္ ဟိုသူစိမ္းေကာင္အတြက္မယုံေတာ့ဘူးေပါ့ေလ ဟုတ္လား? ေအးမင္းမယုံရင္ ငါျပမယ္"
႐ိႈင္းဆက္ယံက သူ၏အခန္းထဲသို႔ေဒါသတႀကီးႏွင့္ဝင္သြားၿပီး အံဆြဲအတြင္းက A4 ဆိုဒ္ကတၳဴစာအိတ္ကိုယူထုတ္လိုက္ၿပီးေနာက္ ႐ိႈင္းေဇယံဆီသို႔ပစ္ေပးလာေလသည္။
"အဲ့မွာဖတ္ၾကည့္ မင္းေဆးစစ္ထားတဲ့ Result! "
႐ိႈင္းေဇယံက မတ္တပ္ရပ္ေနလ်က္အေနအထားႏွင့္သာ စာအိတ္ထဲကအေျဖလႊာေလးကိုထုတ္ၾကည့္လိုက္ေလေသာ္ သူ၏တစ္ကိုယ္လုံးမွာေတာင့္ခဲသြားရသည္။
"Glioma ေနာက္ဆုံးအဆင့္!"
"ေအးအဆင့္ေလးဆင့္ထဲမွာမွေနာက္ဆုံးအဆင့္ဆိုတာဘယ္ေလာက္ထိအႏၲရာယ္မ်ားလဲမင္းသိလား.....မင္းကင္ဆာပါျဖစ္သြားႏိုင္တယ္။မင္းအခုတေလာ ေခါင္းထိခိုက္ထားတာေတြမ်ားတယ္ဆို..အဲ့ဒဏ္ေတြေၾကာင့္ ျပည္တည္နာေတြက အႀကိတ္ရဲ႕ေနရာအႏွံ႔မွာ႐ွိေနၿပီ။"
"ျပည္တည္နာေတြကိုလဲခြဲထုတ္ရဦးမွာ
ခြဲစိတ္မႈႏွစ္ဆင့္ေတာင္လုပ္ရမယ့္အထိ မင္းဘယ္လိုေတာင္ဆိုးဆိုး႐ြား႐ြားေနခဲ့တာလဲ ႐ိႈင္းေဇယံ! မင္းဒီလိုမ်ိဳးထိျဖစ္လာမွာေၾကာက္လို႔
ငါဘယ္ေလာက္ထိႀကိဳးစား႐ုန္းကန္ခဲ့ရလဲမင္းသိလား ေနာက္ဆုံးေတာ့ မင္းကငါ့အေပၚဒီလို Resultမ်ိဳးကိုေပးလိုက္တယ္ေပါ့ေလ။
"ျဖစ္ႏိုင္ရင္ငါအခု မင္းကို ဒီေန႔ေတာင္ခ်က္ခ်င္းျပန္ေခၚသြားခ်င္တာ။ မင္းရဲ႕ေက်ာင္းကိုေက်ာင္းထြက္စာ ငါအခုထိမတင္ရေသးလို႔ မင္းဒီမွာ႐ွိေနရေသးတယ္ဆိုတာ သေဘာေပါက္!"
႐ိႈင္းဆက္ယံကသာေဒါနဲ႔ေမာနဲ႔ႀကိမ္းေမာင္းေျပာဆိုေနေပမယ့္႐ိႈင္းေဇယံကေတာ့ဘာမွမတုံ႔ျပန္လာႏိုင္ဘဲ စာ႐ြက္အျဖဴေလးကိုသာ ေမ့ေမ့ႀကီးရပ္ၾကည့္ေန႐ွာသည္။စာ႐ြက္ေပၚကေဆးစစ္ခ်က္ေတြကိုတျဖည္းျဖည္းဖတ္ၾကည့္ေနရင္းေအာက္ဆုံးတစ္ပိုဒ္အေရာက္တြင္သူ၏မ်က္ဝန္းတို႔က ျပဴးက်ယ္ဝိုင္းစက္သြားရသည္။
"တစ္ႏွစ္သာက်န္႐ွိသည္........"
တစ္ႏွစ္ဆိုတဲ့ အခ်ိန္ကအရင္ကက်ေန႔ာ္အတြက္ဆိုလွ်င္ေတာ့ မ်ားလြန္းတဲ့အခ်ိန္ပါလားဟူ၍ယူဆမိေလာက္ေပမယ့္လို႔ လက္႐ွိက်ေနာ္႕အတြက္ေတာ့ ထိုတစ္ႏွစ္ဆိုတဲ့အခ်ိန္ကတုန္လႈပ္စရာေကာင္းစြာထိတ္လန္႔စျပဳေနခဲ့ၿပီ။
ညီ~~~~~~
ကိုခန္႔ရဲ႕အျပဳံးေတြ ျပည့္ေနတဲ့မ်က္ႏွာေလးကို ေနာက္ဆုံးဘယ္အခ်ိန္အထိ က်ေနာ္ျမင္ေတြ႕ႏိုင္မလဲ? ကိုခန္႔ရဲ႕ေႏြးေထြးလြန္းတဲ့လက္တစ္စုံကို ဘယ္အခ်ိန္ထိ က်ေနာ္ဆုပ္ကိုင္ထားႏိုင္မလဲ?
က်ေနာ္ေသေတာ့မွာလား..........
က်ေနာ္႕ကိုယ္က်ေနာ္ေသေစခ်င္ခဲ့တဲ့အႀကိမ္ေပါင္းမနဲခဲ့ဘူးဆိုတာက်ေနာ္ဝန္ခံပါတယ္
အနည္းဆုံးေတာ့ က်ေနာ္နာက်င္ေနရတဲ့ဘဝႀကီးကေနလြတ္ေျမာက္ေတာ့မွာဆိုေတာ့ က်ိန္းေသေပါက္က်ေနာ္ေပ်ာ္သင့္တာေပါ့.....
ဒါေပမယ့္ အခုက်ေနာ္႕ရင္ထဲမွာမေပ်ာ္ႏိုင္ေတာ့ဘူး
သူသိပ္ခ်စ္ရတဲ့ကိုခန္႔ကိုဘယ္အခ်ိန္အထိဖမ္းဆုပ္ထားႏိုင္မလဲဆိုတာမသိ႐ွိႏိုင္တဲ့ခံစားခ်က္က ဘယ္လိုမွ က်ေနာ္႕ကို မေပ်ာ္႐ႊင္ေစႏိုင္ဘူး
က်ေနာ္အသက္႐ွင္ခ်င္တယ္ က်ေနာ္မေသခ်င္ေသးဘူး .... က်ေနာ္ကိုခန္႔ေဘးနားမွာ႐ွိေနခ်င္ေသးတယ္.....
က်ေနာ္ ကိုခန္႔နဲ႔မခြဲခ်င္ေသးဘူး!
"က်ေနာ္ခြဲစိတ္မယ္ဆိုရင္ေကာ အသက္႐ွင္ႏိုင္ေသးလား ? မဟုတ္ဘူး က်ေနာ္ တစ္ႏွစ္ထက္ပိုေနႏိုင္ေသးလား?"
သူ၏ညီျဖစ္သူဆီမွထိုသို႔ေျပာလာမည္ကိုမေမွ်ာ္လင့္ထားခဲ့တဲ့႐ိႈင္းဆက္ယံက အံ့အားသင့္မွင္သက္သြားခဲ့ရသည္။
"ကိုေဇ မင္း....မင္းခြဲစိတ္ဖို႔မျငင္းေတာ့ဘူးလား?"
"ခြဲစိတ္ရင္ အသက္႐ွင္ႏိုင္ႏႈန္းက ၁၀၀မွာဘယ္ေလာက္လဲ?"
"၂၀"
အကိုျဖစ္သူကတိုးဖ်စြာျပန္ေျဖလာေတာ့႐ိႈင္းေဇယံေလးကကူကယ္ရာမဲ့စြာငိုင္က်သြား႐ွာသည္။
"ဒါဆို က်ေနာ္တကယ္အသက္မ႐ွင္ႏိုင္ေတာ့ဘူးေပါ့......"
ထိုသို႔ငိုင္က်သြားတာကိုျမင္ေတာ့
႐ိႈင္းဆက္ယံကညီျဖစ္သူရဲ႕ကိုယ္ေလးအားပုခုံးႏွစ္ဖက္ကေနဖြဖြေလးထိန္းကိုင္လိုက္ရင္း အားေပးႏွစ္သိမ့္လာေခ်သည္။
"ဒါကခန္႔မွန္းေျခပဲ႐ွိေသးတာပါ ကိုေဇရာ ဟိုမွာဆိုရင္ဒီ့ထက္ပိုအေျခအေနေကာင္းေလာက္မွာပါ.....အဲ့တာေၾကာင့္ ကိုႀကီးတို႔ျပန္ၾကရေအာင္ေနာ္ ဒီမွာေနလို႔အခ်ိန္ၾကာသြားရင္တစ္ခုခုထပ္ျဖစ္လာမွာစိုးရတယ္...."
"ေနာ္...ညီေလးရာ ကိုႀကီးနဲ႔ Englandကိုျပန္ၾကရေအာင္ကြာ ..... ညီေလးရဲ႕ေရာဂါေတြျပန္ေကာင္းတဲ့တစ္ေန႔က် ကိုႀကီး ညီေလးကို မင္းခန္႔ထည္ဆီအေရာက္ျပန္ပို႔ေပးပါ့မယ္ ကိုေဇရာ ေက်းဇူးျပဳၿပီး ဒီတစ္ခါေတာ့ ကိုႀကီးစကားေလးနားေထာင္ေပးပါကြာ ကိုႀကီးရဲ႕ကေလးေလးရာ........."
တ႐ႈံ႕႐ႈံ႕ငိုေန႐ွာတဲ့သူ၏ညီျဖစ္သူေလးအား ခ်စ္ျခင္းေမတၱာတို႔ခိုေအာင္းေနပါေသာ ရင္ခြင္က်ယ္ႀကီးထက္မွာ တင္းၾကပ္စြာေထြးေပြ႕လို႔ထားလိုက္ကာ ငယ္ငယ္ေလးကတည္းကအငိုသန္တဲ့ကေလးေလးကို အငိုတိတ္ေအာင္ေခ်ာ့ျမဴေနေလသည္။
ကြန္ဒိုတိုက္ခန္း၏ ကားပါကင္တြင္ေတာ့နီညိဳေရာင္Hondaကားေလးကထိုးစိုက္လို႔လာခဲ့သည္။
ကားေပၚမွမဆင္းမွီ လင္းထြဋ္က မင္းခန္႔ထည္ဘက္သို႔လွည့္ကာအပူတျပင္းဆိုေလသည္။
"သခင္ေလး ခုနတုန္းကပိုင္စစ္ဖုန္းဆက္လာတယ္။ ဓာတ္ပုံဆရာက႐ိုး႐ိုးတမ္းတမ္းမဟုတ္ဘဲ ေနာက္ကြယ္မွာခိုင္းေနတဲ့လူ႐ွိေနပါတယ္တဲ့........"
လင္းထြဋ္စကားၾကားေသာ္မင္းခန္႔ထည္ရဲ႕မ်က္ခုံးတို႔ကတျဖည္းျဖည္းႏွင့္တြန္႔ခ်ိဳးလာခဲ့ၿပီး သူ၏မ်က္ႏွာကေအးစက္စြာမႈန္ကုပ္သြားခဲ့သည္။
"ေနာက္ကြယ္ကေနခိုင္းေနတဲ့လူက..တကယ္ေတာ့..မမေလးနန္းယမုံပါတဲ့....."
ဆက္ေျပာလာတဲ့စကားတစ္ခြန္းအဆုံးမွာေတာ့ ကားအတြင္း႐ွိေလထုကအနက္ေရာင္အစိုင္အခဲထုအျဖစ္သို႔႐ုတ္ခ်ည္းေျပာင္းလဲသြားခဲ့ရေလသည္။
"ပုံေတြထဲမွာ ညီ့ပုံေတြပါ ပါတယ္ေပါ့"
"ဟုတ္ သခင္ေလး႐ိႈင္းေဇယံပုံေတြလဲပါပါတယ္။ေတာင္းပန္ပါတယ္ သခင္ေလး တကယ္ဆိုက်ေနာ္တို႔လႊတ္ေပးခဲ့မိတဲ့အျပစ္ေၾကာင့္ပါ"
မင္းခန္႔ထည္ကထိုအေၾကာင္းအရာတို႔ကိုအေသးစိတ္ေမးမေနေတာ့ေပ။အရင္ကဆို တစ္ခုခုလြဲေခ်ာ္သြားသည္ႏွင့္ထစ္ခနဲဆိုအျပစ္ေပးေနက် သခင္ေလးက အျပစ္ေပးဖို႔ရာသိပ္အာ႐ုံမ႐ွိေတာ့ပဲ အေလာႀကီးေနသည့္ပုံပင္။
ၾကည့္ရသည္မွာ ကိုယ္ခႏၶာကသာ ကားေပၚမွာ႐ွိေနတုန္းေပမယ့္ စိတ္ဝိညာဥ္ကေတာ့ ကြန္ဒိုေပၚတက္သြားသည္မွာၾကာခဲ့ၿပီထင္သည္။
"နန္းယမုံကအခုဘယ္မွာလဲ?"
"သခင္မႀကီးအမိန္႔နဲ႔ ျပင္ဦးလြင္ဘက္ဆင္းသြားပါတယ္"
"လမ္းတေလွ်ာက္က Toll gateေတြအကုန္ပိတ္ထားၿပီး သူမကားကိုရန္ကုန္ကေနထြက္သြားလို႔မရေအာင္တားထားဖို႔ပိုင္စစ္ကိုေျပာလိုက္......
သူမကိုမိရင္ဓာတ္ပုံေတြကို မိတဲ့ေနရာမွာတင္ အစအနမက်န္ေအာင္ဖ်က္စီးပစ္!.....ၾကည့္ရတာသူမက ငါ့အေပၚႏိုင္ကြက္လုပ္ခ်င္ေနတဲ့ပုံပဲ
ငါနန္းယမုံကိုတကယ္ေလွ်ာ့တြက္မိခဲ့တာပါလား!"
မင္းခန္႔ထည္ကထိုသို႔အံတႀကိတ္ႀကိတ္ဆိုလာစဥ္တြင္လူသတ္ခ်င္ေနတဲ့အႏၲရာယ္အေငြ႕အသက္ေတြကိုအတိအက်ခံစားေနရေသာလင္းထြဋ္ခမ်ာသခင္ေလးျဖစ္သူေ႐ွ႕၌ကတုန္ကရီမျဖစ္ေအာင္အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ထားေနရသည္။
မင္းခန္႔ထည္ကေျပာစရာ႐ွိတာေျပာၿပီးသည္ႏွင့္ကားေပၚကေနဆင္းသြားၿပီး ကြန္ဒိုထဲသို႔ေလွ်ာက္ဝင္သြားေတာ့ေလသည္။
တီတီတီတီ~~~~~~~~~~~
"ဆို!"
"ပိုင္စစ္ငါေသခ်ာေျပာမယ္ နားေထာင္။ဒီတစ္ခါလြဲသြားရင္ေတာ့ မင္းေရာငါေရာႏွစ္ေယာက္စလုံးဂူေအာင္းရေတာ့မယ့္ကိန္းပဲ မင္းေသခ်ာလုပ္ခဲ့ ဟိတ္ေကာင္!"
လင္းထြဋ္လိုလူမ်ိဳးဆီကေန႐ွား႐ွားပါးပါးေၾကာက္ဒူးတုန္ေနတဲ့စကားၾကားေတာ့ Screenတစ္ဖက္မွပိုင္စစ္ကခပ္ဟဟေအာ္ရယ္လာခဲ့သည္။
"မင္းပဲ ေၾကာက္ဒူးတုန္မေနနဲ႔ေလ ငါ့လဲအားနာစမ္းပါဦး...."
အေလးအနက္မထားတတ္တဲ့ပိုင္စစ္ေၾကာင့္လင္းထြဋ္မွာႏွဖူးေၾကာေတြေထာင္လာရကာ
သေကာင့္သားအားသြားၾကားထဲကေလနဲ႔ဖ်စ္ညစ္ဆိုလိုက္ေလ၏။
"ေသာက္က်ိဳးနည္း! ဟာသလုပ္မေနနဲ႔ကြ။
မင္းသာ မမေလးနန္းယမုံကိုလြတ္သြားခဲ့ၾကည့္ ...ဓာတ္ပုံေတြကိုသာ ဥကၠ႒ႀကီးျမင္သြားခဲ့ရင္ေတာ့လား...သခင္ေလးတို႔၂ေယာက္အတြက္မေတြးရဲစရာပဲ! ေဟ့ေရာင္ ဒီကိစၥကတကယ့္ယမ္းပုံႀကီးေနာ္ !"
လင္းထြဋ္ဆိုလိုက္တဲ့ေနာက္ဆုံးစကားၾကားေတာ့ ဟာသလုပ္ေနတဲ့ပိုင္စစ္ရဲ႕မ်က္ႏွာဟာ တစ္စကၠန္႔အတြင္းတည္တင္းသြားခဲ့ၿပီး ေမာင္းႏွင္ေနသည့္အ႐ွိန္ကိုမိုင္ ၂၀၀ႏႈန္းသို႔တင္ပစ္လိုက္ေတာ့သည္။
••••••••••••••••••••••••••••••••••••••••••••••••••
Hello my readers (♥´∀`)/
စာလုံးေရ တစ္ေသာင္းေက်ာ္တာမို႔ ဖတ္ရတာနဲနဲ႐ွည္ပါမယ္ေနာ္ 😁
••••••••••••••••••••••••••••••••••••••••••••••••••