မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zaw...

By JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
အခန္း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ )
အခန္း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခန်း ( ၂ )
အခန္း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန္း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန္း ( ၄ ) Zawgyi
အခန်း ( ၅ )
အခန္း ( ၅ ) Zawgyi
အခန်း ( ၆ )
အခန္း ( ၆ ) Zawgyi
အခန်း ( ၇ )
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခနျး ( ၉ )
အခန်း ( ၉ ) Zawgyi
အခနျး ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

အခန်း ( ၈ )

182 9 0
By JuneRose15

~~ ဟံသာဝတီနန်းတွင်းက သွေးအေးတိုက်ပွဲ အစ? ? ~~

မိမိ ချစ်မြတ်နိုးမိရသော သူကို ခေတ္တခွဲခွာခဲ့ပြီး တာဝန်ဝတ္တရားတို့ ရှိရာဆီသို့ စောသံမုံ ပြန်လာခဲ့ပါသည်။ ပထမဆုံး အရှင့်သား ဗညားနွဲ့ကို သတင်းပို့ဖို့ ကြိုးစားရသည်။ မိမိ ဒဏ်ရာကြီးနဲ့ မွေ့ကေသာ့အိမ်မှာ သောင်တင်နေတဲ့ အချိန်တွေမှာ နန်းတွင်းမှာ ဘာတွေ အပြောင်းအလဲ ဖြစ်ကုန်သလဲ ဆိုတာလည်း စနည်းနာရ​သေးသည်.........။

နန်းမြို့ရိုး ကာကွယ်ရေးတပ်သား သွေးသောက် မင်းယောဇာနဲ့ အဆက်အသွယ်​ပြန်ရတော့ အဆင်ပြေသွားခဲ့သည်။ အရှင့်သား အားသည့်အချိန်မှာ အခစားဝင်ပြီးနောက် ဒဏ်ရာကြောင့် မွေ့ကေသာတို့ အရပ်မှာ ပုန်းခိုခဲ့ရပုံတို့ကို အကျိုးအကြောင်းတို့ လျှောက်ထားမိသည်။

နန်းတွင်းမှာတော့ ရွှေနန်းရှင် ဗညားဦးက သမီးတော် တလမေဒေါနှင့် ခိုးပြေးသည့် သားတော်ကို စိတ်ဆိုးနေသော်လည်း ညီမတော် မဟာဒေဝီရဲ့ ဖြောင့်ဖြမှုနဲ့ '' ကလေးတွေကို မိမိ စံအိမ်တော်ဝင်းထဲမှာ စောင့်ရှောက်ထားပါ့မယ်'' ဆိုတဲ့ တာဝန်ယူမှုကြောင့် ​ကျေနပ်ပေးလိုက်ရသည်ပင်....။

အရီးတော် မဟာဒေဝီရဲ့ ကြည့်ရှု​ပေးမှုကြောင့် ဗညားနွဲ့ အရှင့်သားနဲ့ မင်းသမီးတို့သည် အရီးတော့် စံအိမ်ဝင်းထဲမှာပင် သီးသန့်နန်းဆောင်သစ်တစ်ခုဖြင့် နေကြရပါသည်။ ချက်​ပြီးသား ထမင်းက ဆန် ပြန်မဖြစ်နိုင်မှတော့ ဘုရင် ဗညားဦးကလည်း သားတော် နဲ့ သမီးတော်ကို လက်ဆက်ပေးရတော့သည်......။

အရှင့်သားတို့ အိမ်ထောင်ရေး အဆင်ပြေသွားသဖြင့် စောသံမုံတို့ သွေးသောက်တပ်ဖွဲ့ တစ်သိုက်ခမျာမှာ ဝမ်းသာပီတိ ဖြစ်ကြရသည်။ အရှင့်သား မိန်းမခိုးပြေးချိန်မှာ နန်းတွင်းထဲ ပွက်လောရိုက်ခဲ့သဖြင့် စောသံမုံ ပျောက်သွားသည်ကို သတိထားမိသူ မရှိခဲ့ပေ။ ထို့ကြောင့် စောသံမုံတစ်ယောက် အရင်ကဲ့သိုပင် မြို့တံခါးစောင့် တပ်သားလေးအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်.......။

အရာအားလုံး အေးချမ်းနေပြီ ထင်ရသော်လည်း တစ်ယောက်သောသူရဲ့ ရင်ထဲမှာတော့ မီးတောင်ပေါက်ကွဲသလို ပူလောင်ခံစားနေရတော့သည်။ ထိုသူကား ဘုရင့် သမက်တော် သမိန်မရူးး........။ မိမိ၏ မျက်နှာထား တင်းမာခက်နေသည်ကို ကြည့်ပြီး ကြင်ရာတော် တလမေသီရိ မင်းသမီးနဲ့ အနီးအနားဝန်းကျင်က နန်းတွင်း အစေခံတွေ၊ သမက်​တော်ရဲ့ ဂိုဏ်းဖက်ပါသည့် အမတ်တွေကတော့ အရှင့်သား ဗညားနွဲ့ အာဏာရသွားမှာ စိုးရိမ်နေတာဟုသာ ထင်နေကြသည်။

အမှန်ကတော့ မိမိ ငယ်စဥ်ကတည်းက တိတ်တခိုး ချစ်မြတ်နိုးခဲ့ရသော တစ်ယောက်သောသူ ကြင်ရာတော် ယူသွားခဲ့သည်ကြောင့်သာ.......။ မိမိ အသက် ၇နှစ်ခန့်က ဖခင် အမတ်ကြီးနဲ့ နန်းတွင်းသို့ ပထမဆုံး အလည်ရောက်ခဲ့စဥ် နန်းတွင်းလေ့ကျင့်ရေးကွင်းမှာ မြှားပစ်လေ့ကျင့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရပြီး  မြင်မြင်ချင်း ချစ်မိသွားခဲ့ရပါသည့် အရှင့်သားးး......... ငယ်နာမည် " ဗညားငယ် " ဟု ခေါ်ကြပါသည့် အရှင့်သား ဗညားနွဲ့ ကြောင့်ပင်...........။

သူ့နှမ​တော် တလမေသီရိ မင်းသမီးနဲ့ လက်ဆက်ပြီး သမက်တော် ဖြစ်လာရသည်ကလည်း အရှင့်သားနဲ့ ပိုပြီး နီးစပ်ချင်ခဲ့သည်ကြောင့်သာ။ မိန်းမ​သူတွေကို မိမိ အမြင့်ကို တက်နိုင်ဖို့အတွက် ချနင်းစရာ လှေကားထစ်တွေလိုသာ သဘောထားသည့် သမိန်မရူးး၊ နန်းတွင်းအမတ်တို့က အရှင့်သားကို ဆန့်ကျင်ပြီး မိမိ အာဏာာရစေချင်သည်ကို သည်းခံပြီး သူတို့ခင်းပေးသည့် လမ်းကြောင်းအတိုင်း အလိုက်သင့် လျှောက်သွားနေသည်မှာလည်း အရှင့်သားကြောင့်သာ........။

အင်အားကြီးသူတို့သာ ကြီးစိုးပြီး အာဏာရှိသည့် ပဒေသရာဇ်ခေတ်ကြီးထဲမှာ မိမိလက်ထဲမှာ အမြင့်ဆုံး အာဏာရှိနေပါမှ လုပ်ချင်ရာ လုပ်ခွင့်ရနိုင်ပေမည်။ သမိန်မရူးကား မိမိ၏ ငယ်ချစ်ဦးဖြစ်သူ ​ယောက်ဖတော် ဗညားနွဲ့ အရှင့်သားကို ပိုင်ဆိုင်ခွင့် ရလိုသည်။ အရှင့်သားက လိင်တူ စိတ်ဝင်စား၊ မစား မသိသော်လည်း သူသာ မိမိကို လက်ခံမည် ဆိုပါလျှင် မိမိကသာ အစစအရာရာ အနစ်နာခံပြီး ချစ်လိုသည်.......။

ဗညားနွဲ့ မင်းသား နဲ့ ကြင်ရာတော်မင်းသမီးတို့ လက်ဆက်ပြီးကြသည့် နေ့ရက်ကစပြီး သမိန်မရူးတို့ မိမိ ကြင်ရာတော်ဆီ သိပ်မ​ကပ်တော့။ '' ပန်းရနံ့ '' အပျော်ဂေဟာဆီသာ နေ့နေ့ညည သွားတော့သည်။ ဂေဟာမှ  အပျော်မောင် ဖြူဖြူချောချော၊ ညိုညိုသွယ်သွယ်လေးတွေခမျာ အသပြာ အရမ်းချီးမြှင့်ခံရသော်လည်း သမက်တော် အခေါ်ရှိမည်ကိုပင် စိုးရွံ့နေကြသည်အထိ သမိန်မရူးတို့ ကြမ်းတမ်းခဲ့သည်.........။

ဘုရင့်သမက်တော်က လိင်တူစုံမက်တတ်မှန်း သတင်းတချို့ ထွက်ခဲ့သော်လည်း ခုလောက်အထိ စွဲလန်းနေမည်ဟု မထင်ခဲ့ကြပေ။ သမိန်မရူးကား အရင်တုန်းက အပျော်ဂေဟာ ​လာတိုင်း မိန်းမသူ နဲ့ ယောကျာ်းပျိုတို့ကို အလှည့်ကျသာ ခေါ်ယူပျော်ပါးခဲ့သည်ချည်း.....။ အခုတစ်လောမှ ယောကျ်ားပျိုလေးတွေကိုချည်း စားသောက်နေသည်.........။

မီးတောင်ပမာ ပေါက်ကွဲခဲ့ရသည့် စိတ်အစဥ်တို့ ငြိမ်သက်သလောက်ရှိသွားသည့် တစ်နေ့ရောက်တော့မှ သမိန်မရူးတစ်ယောက် တည်ငြိမ်သွားသည်။ ကြင်ရာတော် တလမေသီရိ မင်းသမီးနဲ့အတူ ယောက်ဖတော်တို့ မောင်နှံကို ဂါရပြုဖို့ အရီးတော် မဟာဒေဝီ့ နန်းဆောင်သို့ ထွက်လာခဲ့ကြသည်.......။

" ဟော မင်းသမီးနဲ့ သမက်တော်တို့ ​မောင်နှံ ပါ့လား! ဘယ်အကြောင်းကြောင့်များ ဒေဝီ့ နန်းဆောင်ကို ကြွလာကြသတုန်းကွဲ့? " ဟုဆိုရင်း အသက် အနည်းငယ် ရလာ​ပေမယ့် ရာဇမာန်တို့နဲ့ ဝင့်ကြွားလှပနေသည့် ဘုရင့်ညီမတော် မဟာဒေဝီက ကြိုဆိုပြီး လောကွတ်ပြုသည်။

" အရီးတော်ကို ဂါရဝပြုရင်း အရှင့်သားတို့ ဇနီးမောင်နှံကို လာနှုတ်ဆက်ကြတာပါ " ဟု တလမေသီရိက ပြောရင်း ကိုယ့်နန်းဆောင်က အစေခံတို့ကို မျက်ရိပ်ပြရင်း ယူဆောင်လာသည့် လက်ဆောင်ပဏ္ဏာတို့ကို အရီးတော်အား ဆက်သစေသည်။

သမက်တော် သမိန်မရူးကတော့ အလိုက်သင့် ဂါရဝ ပြုပြီးသော်လည်း အပိုစကားတို့မဆိုဘဲ တိတ်ဆိတ်နေသည်။ ဘေးသို့ ကားထွက်နေသော မေးရိုးတို့ဖြင့် အနည်းငယ် မျက်မှောင်ကျုံ့ ထားသည့် မျက်နှာတစ်ခုကို မဟာဒေဝီ ရုတ်တရက် စိတ်ဝင်စားလာမိသည်။ ကိုယ့်တူမတော် မင်းသမီးရဲ့ ကြင်ရာဖက် သမိန်မရူးကို အခုလိုမျိုး နီးနီးကပ်ကပ် မြင်လိုက်ရတော့ အနည်းငယ် ရင်ဖိုသွားမိသည်။

မသင့်တော်မှန်း သိသော်လည်း ရုတ်တရက် ဖောက်ပြန်လာပါသည့် မိမိရဲ့စိတ်ဆန္ဒတို့ကို ထိန်းချုပ်နေရသည်ကား မလွယ်ကူပါပေ.....။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာအုံးမလဲ? မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကြိုးစားရမယ် မဟုတ်ပါလား..........။

============================

June ကလေးဟာ တဖြည်း​ဖြည်းနဲ့ Update မှန်လာပါပြီနော် 😊။ ​နောက်တစ်ပတ် wewkenedမှာ ပြန်တွေ့ကြမယ်နော!

#မွေ့ကေသာ ပြန်လာပါပြီရှင်! 💛

By #JuneRose 🥀

14/ 6 / 20.            Sun.        10 p.m

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...