#Zawgyi
အားလုံးဆုံၾကရာဝယ္
ေတာင္ထိပ္သခင္ေလးဦးသည္ သားရဲသေႏၶတည္ပန္းပြင့္ဆီသို႔ တဟုန္ထိုးေျပးသြားၾကေလသည္။ ကမာၻ႔အဖိုးအတန္ဆုံးရတနာတပါးကို မ်က္ျမင္ေတြ႕လိုက္ရသည့္အလား အေမာတေကာေျပးၾကေလရာ ေဟာဟဲဆိုက္ေနၾကေလ၏။ ယန္ေဝ့ေတာင္ထိပ္မွအဘြားအို၏မ်က္ႏွာတြင္ ပါးေရနားေရမ်ားပင္ ပိုတြန႔္လာသလိုထင္ရေလ၏။
အျခားေတာင္ထိပ္သခင္သုံးဦးသည္ စိတ္လႈပ္ရွားစြာျဖင့္ သားရဲသေႏၶတည္ပန္းပြင့္ကို ကိုင္ၾကည့္ဖို႔ႀကိဳးစားေနၾကေလ၏။ သူတို႔အတြက္ ထိုပန္းပြင့္သည္ ႀကီးက်ယ္ျမင့္ျမတ္လြန္းေနၿပီး သူတို႔၏အျမင္အာ႐ုံကိုလုံးဝဖမ္းစားထားေလရာ အျခားအရာမ်ားကိုပင္ရွိေနသည္ဟုမထင္ေတာ့ေပ။
ဂိုဏ္းသားမ်ားသည္ အသံလည္းမထြက္ရဲပဲ ဘာလုပ္ရမွန္းမသိျဖစ္ေနေတာ့သည္။ သူတို႔ထဲမွအမ်ားစုသည္ သားရဲသေႏၶတည္အေစ့အေၾကာင္းၾကားပင္မၾကားဖူးၾကေပ။ ထို႔ျပင္ ေတာင္ထိပ္သခင္ေလးဦး၏အျပဳအမူမ်ားေၾကာင့္ ေၾကာက္႐ြံ႕ထိတ္လန႔္ေနၾကေလသည္။
သို႔ေသာ္လည္း အတြင္းစည္းဂိုဏ္းသားအနည္းငယ္က ေတာင္ထိပ္သခင္မ်ားေရ႐ြတ္ေျပာဆိုသြားေသာစကားမ်ားအရ ထိုပန္းပြင့္သည္ သားရဲသေႏၶတည္ပန္းပြင့္ျဖစ္မွန္းသိၾကေလ၏။ ဂိုဏ္းသားမ်ားသည္ထိတ္လန႔္တုန္လႈပ္ေနၾကၿပီး ရင္ထဲတြင္လည္း မႀကဳံစဖူးအံ့အားသင့္ေနၾကေလသည္။
"သားရဲသေႏၶတည္ပန္းပြင့္တဲ့လား။ ဘုရားေရ... အဲဒီပန္းပြင့္က တကယ္ပဲသားရဲသေႏၶတည္ပန္းပြင့္လား"
"ဒီပန္းက ဒ႑ာရီလာ အဖိုးတန္ရတနာပဲ... ကမာၻေပၚမွာအရွားပါးဆုံးပစၥည္းပဲ"
"က်ဳပ္ အဲ့ပန္းပြင့္အေၾကာင္းကို ေရွးေဟာင္းမွတ္တမ္းေတြထဲမွာပဲ ဖတ္ခဲ့ရဖူးတာ။ ေရွးေခတ္ကတည္းကမ်ိဳးသုဥ္းေပ်ာက္ကြယ္ကုန္ၾကၿပီတဲ့။ ဒီမွာပန္းတစ္ပြင့္က်န္ေနေသးတာ က်ဳပ္ျဖင့္ ယုံေတာင္မယုံႏိုင္ဘူး။"
တီးတိုးေျပာဆိုေနသံမ်ားသည္ တစထက္တစပို၍က်ယ္လာသည္။ ေထာင္ေသာင္းမကေသာလူအုပ္ႀကီးသည္ မၾကာမီပင္ သူတို႔ျမင္ေနရေသာ သာမန္ထက္ႀကီးမားသည့္ ပန္းပြင့္ႀကီးသည္ မေဖာ္ျပႏိုင္ေလာက္ေအာင္အဖိုးတန္ေသာပစၥည္းတစ္ခုျဖစ္မွန္း သိသြားၾကေလ၏။
ခဏအၾကာတြင္ လူအုပ္ႀကီးသည္ တေယာက္တေပါက္တီးတိုးေျပာဆိုေနမႈမ်ားေၾကာင့္ အလြန္အမင္းဆူညံလာေလ၏။ ဝိညာဥ္စြယ္ေတာင္ထိပ္မွအဘိုးႀကီးက လူအုပ္ဘက္သို႔လွည့္၍ စူးစူးဝါးဝါးၾကည့္လိုက္ေသာအခါမွ လူအုပ္ႀကီးသည္ မီးကိုေရႏွင့္ၿငိမ္းလိုက္သည့္အလား ခ်က္ျခင္းၿငိမ္က်သြားေလ၏။
ပိုင္ေရွာင္ခ်န္းသည္ ေဘးဘက္မွေန၍ ေခါင္းကိုဂုဏ္ယူဝင့္ႂကြားစြာေမာ့ကာ တစ္ကိုယ္ေတာ္သူရဲေကာင္းပုံစံဖမ္းေနျပန္သည္။
"ဟင္း... ငါ ပိုင္ေရွာင္ခ်န္းက ဘာျဖစ္လို႔တိုက္ပြဲဝင္သားရဲေတြဆီက အကူအညီကိုလိုအပ္ေနလဲဆိုတာ ခင္ဗ်ားတို႔အခုနားလည္သြားၾကၿပီမလား။ ဒါေတြအားလုံး ငါ့ရဲ႕သားရဲသေႏၶတည္ပန္းပြင့္အတြက္ပဲ။" ပိုင္ေရွာင္ခ်န္းရင္ထဲတြင္ ဂုဏ္ယူစိတ္လႈပ္ရွားမႈမ်ားျပည့္ႏွက္ေနေသာ္လည္း သူ၏မ်က္ႏွာကိုမူ စိတ္အားငယ္ေနသည့္မ်က္ႏွာေပးျဖစ္ေနေအာင္ ျပဳလုပ္ထားေလ၏။ ေတာင္ထိပ္သခင္ေလးဦးတို႔၏မ်က္ႏွာတြင္မူ ႏွစ္သက္ၾကည္ႏူးျခင္းႏွင့္ မခ်င့္မရဲျဖစ္ေနျခင္းတို႔ ေရာႁပြမ္းေနသည္။ အဆုံးတြင္မူ သူတို႔သည္သြားကိုေစ့ကာ အံကိုတင္းတင္းႀကိတ္လိုက္ၾကသည္။ ယန္ေဝ့ေတာင္ထိပ္မွအဘြားအို၏မ်က္ႏွာတြင္မူ အံ့ၾသေနမႈမ်ားႏွင့္အတူ ေသြးပ်က္ထိတ္လန႔္ေနသည့္အမူအရာမ်ားလည္း ျမင္ေတြ႕ေနရေလသည္။
"ပိုင္ေရွာင္ခ်န္း" ေဒါသထြက္ေနၿပီး ပူေဆြးေသာကေရာက္ေနေသာေလသံျဖင့္ သူမကဆိုသည္။ "ဒီသားရဲသေႏၶတည္ပန္းပြင့္က ဘယ္ေလာက္အဖိုးတန္လဲဆိုတာ နင္မသိဘူးလား။ ဒီပန္းပြင့္ေတြမ်ိဳးသုဥ္းေပ်ာက္ကြယ္ကုန္ၿပီဆိုတာေရာ နင္မသိဘူးလား။ ဒီသားရဲသေႏၶတည္ပန္းပြင့္က ဘာကိုကိုယ္စားျပဳသလဲဆိုတာေရာ နင္သိရဲ႕လား။" အဘြားအိုသည္ စိတ္ဆိုးေနသည့္ေလသံျဖင့္ ေဒါသတႀကီးေျပာေနေလသည္။ ထိုသားရဲသေႏၶတည္အေစ့သာ သူမလက္ထဲသို႔ေရာက္ခဲ့ပါမူ အေျခအေနမ်ားတမ်ိဳးတဖုံထူးျခားသြားမည့္ေလသံမ်ိဳးႏွင့္ စိတ္ဆိုးမာန္ဆိုးေျပာေနျခင္းျဖစ္သည္။
" က်ေနာ္ သိတာေပါ့" ပိုင္ေရွာင္ခ်န္းကအံ့အားသင့္သြားသည့္ေလသံျဖင့္ ျပန္ေျဖသည္။ ဘယ္ေလာက္အဖိုးတန္မွန္းမသိခဲ့လွ်င္ သူ႔အေနျဖင့္ ေျမာက္ပိုင္းတစ္ဂိုဏ္းလုံးကို စိတ္အေႏွာက္အယွက္လိုက္ေပးေနစရာမလိုေပ။
အဘြားအိုပူပင္ေသာကေရာက္ေနစဥ္အခ်ိန္အတြင္း အျခားေတာင္ထိပ္သခင္သုံးဦးသည္ ဓားသြားကဲ့သို႔စူးရွေသာအၾကည့္မ်ားျဖင့္ ပိုင္ေရွာင္ခ်န္းကို စိုက္ၾကည့္ေနၾကေလ၏။ သားရဲသေႏၶတည္သစ္ေစ့သည္မည္မွ်အဖိုးတန္မွန္း သူတို႔သိၾကသည္။ သားရဲသေႏၶတည္သစ္ေစ့သည္ အဖိုးတန္ရတနာတပါးကဲ့သို႔ျဖစ္ေလရာ ေတာင္ထိပ္သခင္မ်ားသည္ ပိုင္ေရွာင္ခ်န္းကိုလုံးလုံးလ်ားလ်ားစိတ္ပ်က္ေနၾကပုံေပၚသည္။
"ဒီေလာက္တန္ဖိုးရွိတဲ့သစ္ေစ့ကို မင္းမို႔လို႔ဒီလိုေနရာမ်ိဳးမွာစိုက္ပစ္တယ္။" အဘြားအိုက ျမည္တြန္ေတာက္တီးေနျပန္သည္။ "အခု ဒီပန္းပြင့္ကေနၿပီး သားရဲေလးတေကာင္ေမြးဖြားလာေတာ့မယ္။"
"မင္း...မင္း ပိုင္ေရွာင္ခ်န္း... ဂိုဏ္းအတြင္းမွာရွိတဲ့ တိုက္ပြဲဝင္သားရဲေတြစိတ္႐ူးေပါက္ကုန္ၾကတာ မင္းလက္ခ်က္ဆိုတာအသိသာႀကီးပဲ။ မင္းဘယ္ေနရာမွာဘယ္လိုသုံးလိုက္တာလဲ။ ဒီသားရဲေတြအကုန္လုံးက ေသြးမ်ိဳးဆက္အနိမ့္စားေတြပဲ။"
"ငါတို႔ အဲဒီသားရဲသေႏၶတည္အေစ့ကို အႀကီးအကဲစြန္းရဲ႕တတိယအဆင့္ေသြးမ်ိဳးဆက္သားရဲနဂါးသြဲ႕ပင္လယ္မိစာၦနဲ႔တြဲသုံးၿပီး ေနာက္ထပ္သားရဲတေကာင္ေမြးထုတ္ႏိုင္တာပဲ။ အခုေတာ့ အားလုံးေနာက္က်ကုန္ၿပီ... ေနာက္က်သြားၿပီ။"
ပိုင္ေရွာင္ခ်န္းသည္ မ်က္ေတာင္ကိုဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ကာ လည္ေခ်ာင္းကိုရွင္းလိုက္ၿပီး "အႀကီးအကဲစြန္းရဲ႕ နဂါးသြဲ႕ပင္လယ္မိစာၦကိုလဲထည့္သုံးထားပါတယ္" ဟုေျပာလိုက္သည္။
"မင္း... ေနပါဦး... ဘာျဖစ္တယ္။" အဘြားႀကီးသည္ တဗ်စ္ေတာက္ဆက္မေျပာႏိုင္ေတာ့ပဲ ပါးစပ္အေဟာင္းသားျဖစ္သြားေလ၏။ အျခားေတာင္ထိပ္သခင္သုံးဦးသည္ အံ့အားသင့္သြားၿပီး လူအုပ္ဘက္သို႔လွည့္ၾကည့္လိုက္ေလရာ လူအုပ္ထဲတြင္ အလြန္အံ့အားသင့္ေနေသာမ်က္ႏွာျဖင့္ သူတို႔ကိုျပန္ၾကည့္ေနေသာ အႀကီးအကဲစြန္းကိုေတြ႕လိုက္ရေလ၏။ အႀကီးအကဲစြန္းသည္ သူ၏တိုက္ပြဲဝင္သားရဲႀကီးမူမမွန္ျဖစ္ေနေသာေၾကာင့္ လာေရာက္ခဲ့ျခင္းမဟုတ္ပဲ ဂိုဏ္းသားမ်ား၏သားရဲမ်ား ထူးဆန္းေနၾကသည္ကို ၾကား၍လာေရာက္ျခင္းျဖစ္ေလသည္။ ယခုမွသာ သူ၏နဂါးသြဲ႕ပင္လယ္မိစာၦႀကီးဆီမွ သက္ေစာင့္အင္အားမ်ား ထုတ္ယူခံလိုက္ရသည္ကို သိလိုက္ျခင္းျဖစ္သည္။
ခဏၾကာၿပီးေနာက္ အဘြားအို၏ေအာ္ဟစ္ေျပာဆိုေနသံမ်ားျပန္ထြက္လာေလ၏။
"အႀကီးအကဲစြန္းရဲ႕နဂါးသြဲ႕ပင္လယ္မိစာၦနဲ႔မလုံေလာက္ေသးရင္ အႀကီးအကဲခ်န္ရဲ႕ေကာင္းကင္ျပာစပါးႀကီးေႁမြကို သုံးလို႔ရေသးတယ္။ စပါးႀကီးေႁမြက တတိယအဆင့္ေသြးမ်ိဳးဆက္ပဲရွိေသးေပမယ့္ တစ္ရက္ရက္မွာနဂါးအျဖစ္ကူးေျပာင္းႏိုင္လိမ့္မယ္။ ဒါ့အျပင္ ေကာင္းကင္ျပာစပါးႀကီးေႁမြက တေကာင္တည္းေသာ..."
သူမေျပာ၍မၿပီးေသးခင္ပင္ ပိုင္ေရွာင္ခ်န္းက မဝံ့မရဲၾကားျဖတ္ေျပာလိုက္သည္။ "ေကာင္းကင္ျပာစပါးႀကီးေႁမြဆီကလည္း ထုတ္ယူၿပီးပါၿပီ။"
အဘြားအို၏မ်က္လုံးမ်ားျပဴးက်ယ္သြားသည္။ လူအုပ္ထဲတြင္ အႀကီးအကဲခ်န္သည္ ပါးစပ္အေဟာင္းသားျဖစ္ေနကာ သားရဲသေႏၶတည္ပန္းပြင့္ကိုအထင္ေသးသည့္အၾကည့္ျဖင့္ၾကည့္လိုက္၏။ ထိုအခ်ိန္တြင္ အျပာေရာင္ေႁမြတစ္ေကာင္သည္ ေခါင္းကိုေထာင္ကာ သားရဲသေႏၶတည္ပန္းပြင့္ဆီသို႔ တပ္မက္စြဲလမ္းေနဟန္ျဖင့္ ေမွ်ာ္ၾကည့္ေနေလသည္။
"အႀကီးအကဲခ်န္ရဲ႕ ေကာင္းကင္ျပာစပါးႀကီးေႁမြက ငယ္႐ြယ္ၿပီးသန္မာပါေသးတယ္" ဝိညာဥ္စြယ္ေတာင္ထိပ္၏ေတာင္ထိပ္သခင္ကေျပာလိုက္သည္။ သူ၏အသံသည္ ေဒါသေၾကာင့္တုန္ရီေနေလသည္။ "သားရဲသေႏၶတည္အေစ့မရွိပဲနဲ႔ေတာင္ သားေဖာက္လို႔ရတယ္။ က်ဳပ္ရဲ႕ ယကၡ သားရဲကမွ သားရဲသေႏၶတည္အေစ့အတြက္အသင့္ေတာ္ဆုံးပဲ။ အကယ္၍မင္းသာ..."
"အမ္... ေတာင္ထိပ္သခင္ဝူ။ သခင္ဝူရဲ႕ ယကၡ သားရဲဆီကလည္း ထုတ္ယူၿပီးပါၿပီ။"
ေတာင္ထိပ္သခင္ဝူတစ္ေယာက္သာ ထိတ္လန႔္သြားသည္မဟုတ္။ ဂိုဏ္းသားမ်ားအားလုံးပင္ သူတို႔ၾကားလိုက္ရေသာစကားေၾကာင့္ အံ့ၾသတုန္လႈပ္သြားၾကေလ၏။
အျခားေတာင္ထိပ္သခင္မ်ားသည္ထပ္ေျပာမည္ႀကံေနၾကစဥ္ပင္ ပိုင္ေရွာင္ခ်န္းသည္ေနာက္သို႔အနည္းငယ္ဆုတ္ကာ ေကာင္းစြာ သတိထားလ်က္ ေျပာလိုက္သည္မွာ "ခင္ဗ်ားတို႔ရဲ႕ သားရဲေတြအားလုံးဆီက သက္ေစာင့္အားေတြ ထုတ္ယူၿပီးပါၿပီ" ဟူ၍ပင္။
ေတာင္ထိပ္သခင္ေလးဦးသည္ ေႏြေခါင္ေခါင္မိုးႀကိဳးပစ္ခံလိုက္ရသကဲ့သို႔ ခံစားလိုက္ရေလသည္။ သူတို႔၏သားရဲမ်ား ဤေနရာသို႔ ေရာက္ရွိလာခဲ့သည္ကို သူတို႔ဘာေၾကာင့္သတိမထားမိလိုက္ပါလိမ့္။ တခ်ိန္တည္းမွာပင္ ေျမာက္ပိုင္းဂိုဏ္းသားအားလုံးသည္လည္း လြန္စြာမွအံ့ၾသထိတ္လန႔္ေနၾကေလရာ သူတို႔၏ပါးစပ္မ်ားကို ဆက္ပိတ္မထားႏိုင္ၾကေတာ့ေပ။
"ဘုရားေရ... သားရဲဘယ္ႏွစ္ေကာင္ဆီကမ်ား ထုတ္ယူထားပါလိမ့္"
"ဒီ ပိုင္ေရွာင္ခ်န္းဆိုတဲ့ေကာင္... ေတာင္ထိပ္သခင္ေတြရဲ႕ သားရဲေတြကိုေတာင္အလြတ္မေပးပါလား"
"ဘယ္လိုေတာင္ေသာက္႐ူးထမႈႀကီးလဲ"
လူအုပ္ထံမွေအာ္ဟစ္သံမ်ားပို၍က်ယ္ေလာင္လာသည္ႏွင့္အမွ် ပိုင္ေရွာင္ခ်န္းထိတ္လန႔္စျပဳလာေလ၏။ သူသည္ေနာက္သို႔အနည္းငယ္ဆုတ္လိုက္ကာ ေတာင္ထိပ္သခင္ေလးဦးကိုစိုက္ၾကည့္ေနေလသည္။ ခဏၾကာေသာအခါ ယန္ေဝ့ေတာင္ထိပ္မွအဘြားအို၏အၾကည့္မ်ားသည္ ပို၍စူးရွျပင္းထန္လာေလသည္။
"ေကာင္းၿပီ။ မင္းကိုေလွ်ာ့တြက္လိုက္မိတယ္ ပိုင္ေရွာင္ခ်န္း။ ေတာင္ထိပ္သခင္ေတြအားလုံးရဲ႕ သားရဲေကာင္ေတြကိုေတာင္မင္းခိုးယူၿပီးၿပီပဲ။ ဘာျဖစ္လို႔ရပ္လိုက္တာလဲ။ ယန္ေဝ့ေတာင္ထိပ္က ခုႏွစ္ေရာင္ျခယ္ဖီးနစ္ငွက္ကို ဘာလို႔ေခၚမလာတာလဲ။ ငါတို႔ရဲ႕တိုက္ပြဲဝင္သားရဲေတြက တတိယအဆင့္ေသြးမ်ိဳးဆက္ေတြၾကည့္ပဲဆိုေပမယ့္ ခုႏွစ္ေရာင္ျခယ္ဖီးနစ္ငွက္ကေတာ့ စတုတၳအဆင္ေသြးမ်ိဳးဆက္ေနာ္။ စတုတၳအဆင့္ေသြးမ်ိဳးဆက္သားရဲနဲ႔ဆိုရင္ေတာ့ ေသခ်ာေပါက္..." သူမဆက္၍မေျပာႏိုင္ခင္ ပိုင္ေရွာင္ခ်န္း၏မ်က္ႏွာအမူအရာပ်က္သြားသည္ကိုသတိထားမိလိုက္ေသာအခါ သူမရင္ထဲဒိန္းခနဲျဖစ္သြားေလ၏။ "မင္း..မင္း မဟုတ္မွလြဲေရာ..."
"ခုႏွစ္ေရာင္ျခယ္သားရဲဆီကလည္းထုတ္ယူၿပီးပါၿပီ" ပိုင္ေရွာင္ခ်န္းက ေျပာသည္။
"မုခ္ဦးေတာင္ထိပ္က မ်က္လုံးသုံးလုံးက်ီးကန္းဆီကေရာ..."
"သူ႔ဆီကလည္းထုတ္ၿပီးပါၿပီ" ပိုင္ေရွာင္ခ်န္းကေျပာလိုက္သည္။ "ၿပီးေတာ့ မုခ္ဦးေတာင္ထိပ္ကဖြတ္ႀကီးဆီကေရာ၊ ဝိညာဥ္စြယ္ေတာင္ထိပ္က ေတာင္သရဲႀကီးဆီကေရာ ထုတ္ယူၿပီးပါၿပီ"
ေတာင္ထိပ္သခင္မ်ားမ်က္လုံးျပဴးသြားၾကၿပီး မယုံၾကည္ႏိုင္ျဖစ္ေနၾကသည္။ ခဏအၾကာတြင္ သူတို႔အားလုံး ေက်ာက္စိမ္းေပလႊာမ်ားထုတ္လိုက္ၾကၿပီး ထူးဆန္းသည့္နည္းလမ္းတခုကိုသုံးကာ ဝိညာဥ္သားရဲအေစာင့္အေရွာက္မ်ားကို ဆက္သြယ္လိုက္ၾကသည္။ ခဏအၾကာတြင္ ထိုအေၾကာင္းအရာမ်ားကိုအတည္ျပဳလိုက္ႏိုင္ေလသည္။ ဝိညာဥ္သားရဲအေစာင့္အေရွာက္မ်ားသည္ ေကာင္းကင္ခ်ိဳမွင္ရည္နဂါးႀကီးအေၾကာင္းထုတ္ေဖာ္မေျပာရဲၾကေပ။ ေတာင္ထိပ္သခင္မ်ားသည္ မ်က္လုံးမ်ားျပဴးကာ ပိုင္ေရွာင္ခ်န္းကို မယုံသကၤာႏွင့္ၾကည့္ေနၾကေလသည္။
က်န္ေသာေျမာက္ပိုင္းဂိုဏ္းသားမ်ားသည္လည္း ထိတ္လန႔္မႈေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္က်န္ခဲ့ၾကေလ၏။ ေပဟန္လဲ့သည္ ပိုင္ေရွာင္ခ်န္းက မည္မွ်စြမ္းအားႀကီးမားေနၿပီျဖစ္ေၾကာင္းရိပ္မိကာ အလြန္တုန္လႈပ္သြားေလ၏။ ႐ႊီဆုန္၏စိတ္ထဲတြင္ေဝခြဲမရျဖစ္ေနသည္။ ဝိညာဥ္သားရဲအေစာင့္အေရွာက္မ်ားသည္ မည္မွ်ထိတ္လန႔္ေၾကာက္႐ႊံ႕ဖြယ္ေကာင္းေၾကာင္း သူေကာင္းေကာင္းသိေလရာ ၎တို႔ဆီမွသက္ေစာင့္အား ကိုရေအာင္ ပိုင္ေရွာင္ခ်န္းက မည္သို႔မည္ပုံျပဳလုပ္လိုက္သည္ကို သူစဥ္းစား၍မရေပ။
ယန္ေဝ့ေတာင္ထိပ္မွအဘြားအိုသည္ အံ့ၾသလြန္းသျဖင့္႐ူးသြားေတာ့မလားဟုပင္ေတြးေနမိသည္။ ပိုင္ေရွာင္ခ်န္းကိုသင္ခန္းစာေပးရန္ရည္႐ြယ္ေျပာဆိုခဲ့ေသာ္လည္း သူမေျပာေလေလ၊ ေျပာစရာမရွိေတာ့ေလေလျဖစ္ေနသည္ကို သတိထားမိလိုက္ေလသည္။ ပိုင္ေရွာင္ခ်န္းသည္ သားရဲသေႏၶတည္သစ္ေစ့၏အဖိုးတန္ပုံကိုသိထား႐ုံမွ်မက ေျမာက္ပိုင္းဂိုဏ္းရွိစြမ္းအားအႀကီးဆုံးေသာသားရဲမ်ားဆီမွ သက္ေစာင့္အားမ်ားကိုပင္
ရေအာင္ႀကံခဲ့ၿပီးျဖစ္သည္။ သူမသာထိုသို႔ျပဳလုပ္ရန္ႀကိဳးစားခဲ့ပါမူ သက္ေစာင့္အင္အားတစ္စက္မွ ပင္ထုတ္ယူႏိုင္လိမ့္မည္မထင္။
သို႔ေသာ္လည္း ဂိုဏ္းသားမ်ားၾကည့္ရႈေနၾကစဥ္ ပိုင္ေရွာင္ခ်န္း၏ေျဖရွင္းခ်က္မ်ားေၾကာင့္သူတို႔အားလုံးဆြံ႕အကုန္ၾကရာ အဘြားအိုသည္ပို၍ေဒါသထြက္လာေလသည္။ သူမ၏ဝတ္႐ုံလက္ကိုအသာအယာပင့္တင္ကာ သူမက "အလကားပဲ... ပိုင္ေရွာင္ခ်န္း... မင္းသာ သားရဲသေႏၶတည္အေစ့ကို ထိပ္တန္းေခါင္းေဆာင္တေယာက္ေယာက္ဆီကို ေပးလိုက္မယ္ဆိုရင္ ေခါင္းေဆာင္ေတြေတာင္တုန္လႈပ္သြားမွာပဲ။ သူတို႔သာဆိုရင္ ဓမၼ အမိန႔္တစ္ခုထုတ္ၿပီး ဂိုဏ္းရဲ႕ႀကီးက်ယ္ျမင့္ျမတ္တဲ့ဝိညာဥ္သားရဲအေစာင့္အေရွာက္ျဖစ္တဲ့ ေကာင္းကင္ခ်ိဳမွင္ရည္နဂါးႀကီးကို ဒီသစ္ေစ့ကိုသုံးၿပီး ေနာက္ထပ္မ်ိဳးဆက္တစ္ခုထပ္ထုတ္ခိုင္းႏိုင္မွာပဲ။ အဲ့လိုသာဆိုရင္အလဟႆျဖစ္မွာမဟုတ္ဘူး။ အခုေတာ့..." ပထမေတာ့ သူမသည္ပို၍ပို၍ေဒါသတႀကီးေျပာဆိုမိေတာ့မလိုျဖစ္ေသာ္လည္း ပိုင္ေရွာင္ခ်န္း၏ တစုံတခုေျပာရန္ဟန္ျပင္ေနေသာေၾကာင့္ သူမသည္ဆက္မေျပာေတာ့ပဲရပ္လိုက္သည္။ ထို႔ေနာက္ သူမရင္ထဲတြင္ဒိန္းကနဲျဖစ္သြားျပန္သည္။
သူမတစ္ေယာက္တည္းမဟုတ္ေပ။ ပိုင္ေရွာင္ခ်န္း၏မ်က္ႏွာအမူအရာေၾကာင့္ အျခားေတာင္ထိပ္သခင္သုံးဦးပါ မ်က္ႏွာပ်က္ကုန္ၾကေလ၏။
ပိုင္ေရွာင္ခ်န္းသည္မ်က္ေတာင္ခပ္လိုက္ကာ မဝံ့မရဲ ေျပာလိုက္ေလ၏။
“ ဓမၼအမိန႔္ထုတ္ဖို႔ ေခါင္းေဆာင္ေတြကို ဒုကၡေပးစရာမလိုဘူးထင္တာပဲ။ အစ္ကိုႀကီးေကာင္းကင္ခ်ိဳေမွာ္နဂါးႀကီးက လြန္ခဲ့တဲ့သုံးရက္ကေရာက္လာၿပီး အႀကိမ္ငါးဆယ္ထက္မနည္း သက္ေစာင့္အားေတြ ထုတ္ေပးခဲ့ပါတယ္။"
လူအားလုံးအပ္က်သံပင္ၾကားရေလာက္ေအာင္ၿငိမ္သက္ေနၾကေလ၏။
ေတာင္ထိပ္သခင္ေလးဦးႏွင့္ အႀကီးအကဲမ်ားေရာ ဂိုဏ္းသားအားလုံးပါ အံ့ၾသလြန္းသျဖင့္စကားပင္မေျပာႏိုင္ၾကေတာ့ေပ။ အားလုံးသည္ ပိုင္ေရွာင္ခ်န္းကိုအံ့ၾသတႀကီးေငးၾကည့္ေနၾကေလသည္။
ထိုအခ်ိန္တြင္ သားရဲသေႏၶတည္ပန္းပြင့္သည္ ႐ုတ္တရက္ေျခာက္ေသြ႕ညႇိဳးႏြမ္းစျပဳလာကာ ပြင့္ဖတ္မ်ားတစ္႐ြက္ၿပီးတစ္႐ြက္ေႂကြလြင့္ကုန္ေလ၏။ စြမ္းအားျပင္းေသာ သက္ေစာင့္အားတစ္ခုက ပန္းပြင့္အထဲ၌ေပၚေပါက္လာၿပီး ထိုအားသည္ အခ်ိန္ႏွင့္အမွ်တျဖည္းျဖည္းပို၍သန္မာလာေနသည္။ ေတာင္ထိပ္သခင္မ်ား၊ အႀကီးအကဲမ်ား၊ သာမန္ဂိုဏ္းသားမ်ားအားလုံးပင္ ပန္းပြင့္ကိုမမွိတ္မသုန္အာ႐ုံစူးစိုက္ၾကည့္ေနၾကသည္။
ေတာင္ထိပ္ေလးခု၏ဝိညာဥ္သားရဲအေစာင့္အေရွာက္မ်ားသည္ သူတို႔၏မ်ိဳးဆက္ကိုအာ႐ုံခံမိေနသည့္အလား လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကသည္။ မေရမတြက္ႏိုင္ေသာသာမန္တိုက္ပြဲဝင္သားရဲမ်ားသည္လည္းထိုသို႔ခံစားမိေနသည့္အလား မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနၾကေလသည္။
ေရွးေဟာင္းသားရဲေခ်ာက္နက္ႀကီးထဲတြင္ ေကာင္းကင္ခ်ိဳမွင္ရည္နဂါးႀကီးသည္ မ်က္လုံးမ်ားဖြင့္ကာ သားရဲေမြးျမဴေရးၿခံဘက္သို႔ ေမွ်ာ္လင့္တႀကီးစူးစိုက္ၾကည့္ေနေလသည္။
ပိုင္ေရွာင္ခ်န္းသည္ ေၾကာက္႐ြံ႕ထိတ္လန႔္စြာေဘးသို႔ေရွာင္ေနလိုက္ရင္းက ဘာမ်ားဆက္ျဖစ္လာမလဲဟု စိတ္ဝင္တစားၾကည့္ရႈေနသည္။ ေတာင္ထိပ္သခင္မ်ားသည္ ပိုင္ေရွာင္ခ်န္း၏ေဘးနားတြင္ရပ္ကာ အသက္ပင္ေျဖာင့္ေအာင္မရႉႏိုင္ၾကေတာ့ေပ။
သားရဲသေႏၶတည္ပန္းပြင့္သည္ တျဖည္းျဖည္းညႇိဳးႏြမ္းလာၿပီး အသက္ခြန္အားအေငြ႕အသက္သည္ ပို၍အားေကာင္းလာေလသည္။ ပန္းပြင့္၏အတြင္းဘက္မွတစုံတခုေပါက္ကြဲထြက္လာေတာ့မည့္ဟန္ျဖစ္ေနသည္။ ထိုအခ်ိန္တြင္ ပန္းပြင့္၏အေပၚ၌ေရဝဲတခုေပၚလာၿပီး ျဖည္းညင္းစြာလည္ပတ္ေနသည္မွာ ေကာင္းကင္မွမ်က္လုံးမ်ားသည္ ေျမျပင္ေပၚရွိျဖစ္ရပ္အစုံကို ငုံ႔ၾကည့္ေနသကဲ့သို႔ရွိေနေလသည္။
#Unicode
အားလုံးဆုံကြရာဝယ်
တောင်ထိပ်သခင်လေးဦးသည် သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ တဟုန်ထိုးပြေးသွားကြလေသည်။ ကမ္ဘာ့အဖိုးအတန်ဆုံးရတနာတပါးကို မျက်မြင်တွေ့လိုက်ရသည့်အလား အမောတကောပြေးကြလေရာ ဟောဟဲဆိုက်နေကြလေ၏။ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏မျက်နှာတွင် ပါးရေနားရေများပင် ပိုတွန့်လာသလိုထင်ရလေ၏။
အခြားတောင်ထိပ်သခင်သုံးဦးသည် စိတ်လှုပ်ရှားစွာဖြင့် သားရဲသန္ဓေတည်ပန်းပွင့်ကို ကိုင်ကြည့်ဖို့ကြိုးစားနေကြလေ၏။ သူတို့အတွက် ထိုပန်းပွင့်သည် ကြီးကျယ်မြင့်မြတ်လွန်းနေပြီး သူတို့၏အမြင်အာရုံကိုလုံးဝဖမ်းစားထားလေရာ အခြားအရာများကိုပင်ရှိနေသည်ဟုမထင်တော့ပေ။
ဂိုဏ်းသားများသည် အသံလည်းမထွက်ရဲပဲ ဘာလုပ်ရမှန်းမသိဖြစ်နေတော့သည်။ သူတို့ထဲမှအများစုသည် သားရဲသန္ဓေတည်အစေ့အကြောင်းကြားပင်မကြားဖူးကြပေ။ ထို့ပြင် တောင်ထိပ်သခင်လေးဦး၏အပြုအမူများကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။
သို့သော်လည်း အတွင်းစည်းဂိုဏ်းသားအနည်းငယ်က တောင်ထိပ်သခင်များရေရွတ်ပြောဆိုသွားသောစကားများအရ ထိုပန်းပွင့်သည် သားရဲသန္ဓေတည်ပန်းပွင့်ဖြစ်မှန်းသိကြလေ၏။ ဂိုဏ်းသားများသည်ထိတ်လန့်တုန်လှုပ်နေကြပြီး ရင်ထဲတွင်လည်း မကြုံစဖူးအံ့အားသင့်နေကြလေသည်။
"သားရဲသန္ဓေတည်ပန်းပွင့်တဲ့လား။ ဘုရားရေ... အဲဒီပန်းပွင့်က တကယ်ပဲသားရဲသန္ဓေတည်ပန်းပွင့်လား"
"ဒီပန်းက ဒဏ္ဍာရီလာ အဖိုးတန်ရတနာပဲ... ကမ္ဘာပေါ်မှာအရှားပါးဆုံးပစ္စည်းပဲ"
"ကျုပ် အဲ့ပန်းပွင့်အကြောင်းကို ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ဖတ်ခဲ့ရဖူးတာ။ ရှေးခေတ်ကတည်းကမျိုးသုဉ်းပျောက်ကွယ်ကုန်ကြပြီတဲ့။ ဒီမှာပန်းတစ်ပွင့်ကျန်နေသေးတာ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။"
တီးတိုးပြောဆိုနေသံများသည် တစထက်တစပို၍ကျယ်လာသည်။ ထောင်သောင်းမကသောလူအုပ်ကြီးသည် မကြာမီပင် သူတို့မြင်နေရသော သာမန်ထက်ကြီးမားသည့် ပန်းပွင့်ကြီးသည် မဖော်ပြနိုင်လောက်အောင်အဖိုးတန်သောပစ္စည်းတစ်ခုဖြစ်မှန်း သိသွားကြလေ၏။
ခဏအကြာတွင် လူအုပ်ကြီးသည် တယောက်တပေါက်တီးတိုးပြောဆိုနေမှုများကြောင့် အလွန်အမင်းဆူညံလာလေ၏။ ဝိညာဉ်စွယ်တောင်ထိပ်မှအဘိုးကြီးက လူအုပ်ဘက်သို့လှည့်၍ စူးစူးဝါးဝါးကြည့်လိုက်သောအခါမှ လူအုပ်ကြီးသည် မီးကိုရေနှင့်ငြိမ်းလိုက်သည့်အလား ချက်ခြင်းငြိမ်ကျသွားလေ၏။
ပိုင်ရှောင်ချန်းသည် ဘေးဘက်မှနေ၍ ခေါင်းကိုဂုဏ်ယူဝင့်ကြွားစွာမော့ကာ တစ်ကိုယ်တော်သူရဲကောင်းပုံစံဖမ်းနေပြန်သည်။
"ဟင်း... ငါ ပိုင်ရှောင်ချန်းက ဘာဖြစ်လို့တိုက်ပွဲဝင်သားရဲတွေဆီက အကူအညီကိုလိုအပ်နေလဲဆိုတာ ခင်ဗျားတို့အခုနားလည်သွားကြပြီမလား။ ဒါတွေအားလုံး ငါ့ရဲ့သားရဲသန္ဓေတည်ပန်းပွင့်အတွက်ပဲ။" ပိုင်ရှောင်ချန်းရင်ထဲတွင် ဂုဏ်ယူစိတ်လှုပ်ရှားမှုများပြည့်နှက်နေသော်လည်း သူ၏မျက်နှာကိုမူ စိတ်အားငယ်နေသည့်မျက်နှာပေးဖြစ်နေအောင် ပြုလုပ်ထားလေ၏။ တောင်ထိပ်သခင်လေးဦးတို့၏မျက်နှာတွင်မူ နှစ်သက်ကြည်နူးခြင်းနှင့် မချင့်မရဲဖြစ်နေခြင်းတို့ ရောပြွမ်းနေသည်။ အဆုံးတွင်မူ သူတို့သည်သွားကိုစေ့ကာ အံကိုတင်းတင်းကြိတ်လိုက်ကြသည်။ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏မျက်နှာတွင်မူ အံ့သြနေမှုများနှင့်အတူ သွေးပျက်ထိတ်လန့်နေသည့်အမူအရာများလည်း မြင်တွေ့နေရလေသည်။
"ပိုင်ရှောင်ချန်း" ဒေါသထွက်နေပြီး ပူဆွေးသောကရောက်နေသောလေသံဖြင့် သူမကဆိုသည်။ "ဒီသားရဲသန္ဓေတည်ပန်းပွင့်က ဘယ်လောက်အဖိုးတန်လဲဆိုတာ နင်မသိဘူးလား။ ဒီပန်းပွင့်တွေမျိုးသုဉ်းပျောက်ကွယ်ကုန်ပြီဆိုတာရော နင်မသိဘူးလား။ ဒီသားရဲသန္ဓေတည်ပန်းပွင့်က ဘာကိုကိုယ်စားပြုသလဲဆိုတာရော နင်သိရဲ့လား။" အဘွားအိုသည် စိတ်ဆိုးနေသည့်လေသံဖြင့် ဒေါသတကြီးပြောနေလေသည်။ ထိုသားရဲသန္ဓေတည်အစေ့သာ သူမလက်ထဲသို့ရောက်ခဲ့ပါမူ အခြေအနေများတမျိုးတဖုံထူးခြားသွားမည့်လေသံမျိုးနှင့် စိတ်ဆိုးမာန်ဆိုးပြောနေခြင်းဖြစ်သည်။
" ကျနော် သိတာပေါ့" ပိုင်ရှောင်ချန်းကအံ့အားသင့်သွားသည့်လေသံဖြင့် ပြန်ဖြေသည်။ ဘယ်လောက်အဖိုးတန်မှန်းမသိခဲ့လျှင် သူ့အနေဖြင့် မြောက်ပိုင်းတစ်ဂိုဏ်းလုံးကို စိတ်အနှောက်အယှက်လိုက်ပေးနေစရာမလိုပေ။
အဘွားအိုပူပင်သောကရောက်နေစဉ်အချိန်အတွင်း အခြားတောင်ထိပ်သခင်သုံးဦးသည် ဓားသွားကဲ့သို့စူးရှသောအကြည့်များဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြလေ၏။ သားရဲသန္ဓေတည်သစ်စေ့သည်မည်မျှအဖိုးတန်မှန်း သူတို့သိကြသည်။ သားရဲသန္ဓေတည်သစ်စေ့သည် အဖိုးတန်ရတနာတပါးကဲ့သို့ဖြစ်လေရာ တောင်ထိပ်သခင်များသည် ပိုင်ရှောင်ချန်းကိုလုံးလုံးလျားလျားစိတ်ပျက်နေကြပုံပေါ်သည်။
"ဒီလောက်တန်ဖိုးရှိတဲ့သစ်စေ့ကို မင်းမို့လို့ဒီလိုနေရာမျိုးမှာစိုက်ပစ်တယ်။" အဘွားအိုက မြည်တွန်တောက်တီးနေပြန်သည်။ "အခု ဒီပန်းပွင့်ကနေပြီး သားရဲလေးတကောင်မွေးဖွားလာတော့မယ်။"
"မင်း...မင်း ပိုင်ရှောင်ချန်း... ဂိုဏ်းအတွင်းမှာရှိတဲ့ တိုက်ပွဲဝင်သားရဲတွေစိတ်ရူးပေါက်ကုန်ကြတာ မင်းလက်ချက်ဆိုတာအသိသာကြီးပဲ။ မင်းဘယ်နေရာမှာဘယ်လိုသုံးလိုက်တာလဲ။ ဒီသားရဲတွေအကုန်လုံးက သွေးမျိုးဆက်အနိမ့်စားတွေပဲ။"
"ငါတို့ အဲဒီသားရဲသန္ဓေတည်အစေ့ကို အကြီးအကဲစွန်းရဲ့တတိယအဆင့်သွေးမျိုးဆက်သားရဲနဂါးသွဲ့ပင်လယ်မိစ္ဆာနဲ့တွဲသုံးပြီး နောက်ထပ်သားရဲတကောင်မွေးထုတ်နိုင်တာပဲ။ အခုတော့ အားလုံးနောက်ကျကုန်ပြီ... နောက်ကျသွားပြီ။"
ပိုင်ရှောင်ချန်းသည် မျက်တောင်ကိုဖွင့်ချည်ပိတ်ချည်လုပ်ကာ လည်ချောင်းကိုရှင်းလိုက်ပြီး "အကြီးအကဲစွန်းရဲ့ နဂါးသွဲ့ပင်လယ်မိစ္ဆာကိုလဲထည့်သုံးထားပါတယ်" ဟုပြောလိုက်သည်။
"မင်း... နေပါဦး... ဘာဖြစ်တယ်။" အဘွားကြီးသည် တဗျစ်တောက်ဆက်မပြောနိုင်တော့ပဲ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ အခြားတောင်ထိပ်သခင်သုံးဦးသည် အံ့အားသင့်သွားပြီး လူအုပ်ဘက်သို့လှည့်ကြည့်လိုက်လေရာ လူအုပ်ထဲတွင် အလွန်အံ့အားသင့်နေသောမျက်နှာဖြင့် သူတို့ကိုပြန်ကြည့်နေသော အကြီးအကဲစွန်းကိုတွေ့လိုက်ရလေ၏။ အကြီးအကဲစွန်းသည် သူ၏တိုက်ပွဲဝင်သားရဲကြီးမူမမှန်ဖြစ်နေသောကြောင့် လာရောက်ခဲ့ခြင်းမဟုတ်ပဲ ဂိုဏ်းသားများ၏သားရဲများ ထူးဆန်းနေကြသည်ကို ကြား၍လာရောက်ခြင်းဖြစ်လေသည်။ ယခုမှသာ သူ၏နဂါးသွဲ့ပင်လယ်မိစ္ဆာကြီးဆီမှ သက်စောင့်အင်အားများ ထုတ်ယူခံလိုက်ရသည်ကို သိလိုက်ခြင်းဖြစ်သည်။
ခဏကြာပြီးနောက် အဘွားအို၏အော်ဟစ်ပြောဆိုနေသံများပြန်ထွက်လာလေ၏။
"အကြီးအကဲစွန်းရဲ့နဂါးသွဲ့ပင်လယ်မိစ္ဆာနဲ့မလုံလောက်သေးရင် အကြီးအကဲချန်ရဲ့ကောင်းကင်ပြာစပါးကြီးမြွေကို သုံးလို့ရသေးတယ်။ စပါးကြီးမြွေက တတိယအဆင့်သွေးမျိုးဆက်ပဲရှိသေးပေမယ့် တစ်ရက်ရက်မှာနဂါးအဖြစ်ကူးပြောင်းနိုင်လိမ့်မယ်။ ဒါ့အပြင် ကောင်းကင်ပြာစပါးကြီးမြွေက တကောင်တည်းသော..."
သူမပြော၍မပြီးသေးခင်ပင် ပိုင်ရှောင်ချန်းက မဝံ့မရဲကြားဖြတ်ပြောလိုက်သည်။ "ကောင်းကင်ပြာစပါးကြီးမြွေဆီကလည်း ထုတ်ယူပြီးပါပြီ။"
အဘွားအို၏မျက်လုံးများပြူးကျယ်သွားသည်။ လူအုပ်ထဲတွင် အကြီးအကဲချန်သည် ပါးစပ်အဟောင်းသားဖြစ်နေကာ သားရဲသန္ဓေတည်ပန်းပွင့်ကိုအထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်၏။ ထိုအချိန်တွင် အပြာရောင်မြွေတစ်ကောင်သည် ခေါင်းကိုထောင်ကာ သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ တပ်မက်စွဲလမ်းနေဟန်ဖြင့် မျှော်ကြည့်နေလေသည်။
"အကြီးအကဲချန်ရဲ့ ကောင်းကင်ပြာစပါးကြီးမြွေက ငယ်ရွယ်ပြီးသန်မာပါသေးတယ်" ဝိညာဉ်စွယ်တောင်ထိပ်၏တောင်ထိပ်သခင်ကပြောလိုက်သည်။ သူ၏အသံသည် ဒေါသကြောင့်တုန်ရီနေလေသည်။ "သားရဲသန္ဓေတည်အစေ့မရှိပဲနဲ့တောင် သားဖောက်လို့ရတယ်။ ကျုပ်ရဲ့ ယက္ခ သားရဲကမှ သားရဲသန္ဓေတည်အစေ့အတွက်အသင့်တော်ဆုံးပဲ။ အကယ်၍မင်းသာ..."
"အမ်... တောင်ထိပ်သခင်ဝူ။ သခင်ဝူရဲ့ ယက္ခ သားရဲဆီကလည်း ထုတ်ယူပြီးပါပြီ။"
တောင်ထိပ်သခင်ဝူတစ်ယောက်သာ ထိတ်လန့်သွားသည်မဟုတ်။ ဂိုဏ်းသားများအားလုံးပင် သူတို့ကြားလိုက်ရသောစကားကြောင့် အံ့သြတုန်လှုပ်သွားကြလေ၏။
အခြားတောင်ထိပ်သခင်များသည်ထပ်ပြောမည်ကြံနေကြစဉ်ပင် ပိုင်ရှောင်ချန်းသည်နောက်သို့အနည်းငယ်ဆုတ်ကာ ကောင်းစွာ သတိထားလျက် ပြောလိုက်သည်မှာ "ခင်ဗျားတို့ရဲ့ သားရဲတွေအားလုံးဆီက သက်စောင့်အားတွေ ထုတ်ယူပြီးပါပြီ" ဟူ၍ပင်။
တောင်ထိပ်သခင်လေးဦးသည် နွေခေါင်ခေါင်မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့၏သားရဲများ ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကို သူတို့ဘာကြောင့်သတိမထားမိလိုက်ပါလိမ့်။ တချိန်တည်းမှာပင် မြောက်ပိုင်းဂိုဏ်းသားအားလုံးသည်လည်း လွန်စွာမှအံ့သြထိတ်လန့်နေကြလေရာ သူတို့၏ပါးစပ်များကို ဆက်ပိတ်မထားနိုင်ကြတော့ပေ။
"ဘုရားရေ... သားရဲဘယ်နှစ်ကောင်ဆီကများ ထုတ်ယူထားပါလိမ့်"
"ဒီ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်... တောင်ထိပ်သခင်တွေရဲ့ သားရဲတွေကိုတောင်အလွတ်မပေးပါလား"
"ဘယ်လိုတောင်သောက်ရူးထမှုကြီးလဲ"
လူအုပ်ထံမှအော်ဟစ်သံများပို၍ကျယ်လောင်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းထိတ်လန့်စပြုလာလေ၏။ သူသည်နောက်သို့အနည်းငယ်ဆုတ်လိုက်ကာ တောင်ထိပ်သခင်လေးဦးကိုစိုက်ကြည့်နေလေသည်။ ခဏကြာသောအခါ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏အကြည့်များသည် ပို၍စူးရှပြင်းထန်လာလေသည်။
"ကောင်းပြီ။ မင်းကိုလျှော့တွက်လိုက်မိတယ် ပိုင်ရှောင်ချန်း။ တောင်ထိပ်သခင်တွေအားလုံးရဲ့ သားရဲကောင်တွေကိုတောင်မင်းခိုးယူပြီးပြီပဲ။ ဘာဖြစ်လို့ရပ်လိုက်တာလဲ။ ယန်ဝေ့တောင်ထိပ်က ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ကို ဘာလို့ခေါ်မလာတာလဲ။ ငါတို့ရဲ့တိုက်ပွဲဝင်သားရဲတွေက တတိယအဆင့်သွေးမျိုးဆက်တွေကြည့်ပဲဆိုပေမယ့် ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ကတော့ စတုတ္ထအဆင်သွေးမျိုးဆက်နော်။ စတုတ္ထအဆင့်သွေးမျိုးဆက်သားရဲနဲ့ဆိုရင်တော့ သေချာပေါက်..." သူမဆက်၍မပြောနိုင်ခင် ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာပျက်သွားသည်ကိုသတိထားမိလိုက်သောအခါ သူမရင်ထဲဒိန်းခနဲဖြစ်သွားလေ၏။ "မင်း..မင်း မဟုတ်မှလွဲရော..."
"ခုနှစ်ရောင်ခြယ်သားရဲဆီကလည်းထုတ်ယူပြီးပါပြီ" ပိုင်ရှောင်ချန်းက ပြောသည်။
"မုခ်ဦးတောင်ထိပ်က မျက်လုံးသုံးလုံးကျီးကန်းဆီကရော..."
"သူ့ဆီကလည်းထုတ်ပြီးပါပြီ" ပိုင်ရှောင်ချန်းကပြောလိုက်သည်။ "ပြီးတော့ မုခ်ဦးတောင်ထိပ်ကဖွတ်ကြီးဆီကရော၊ ဝိညာဉ်စွယ်တောင်ထိပ်က တောင်သရဲကြီးဆီကရော ထုတ်ယူပြီးပါပြီ"
တောင်ထိပ်သခင်များမျက်လုံးပြူးသွားကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။ ခဏအကြာတွင် သူတို့အားလုံး ကျောက်စိမ်းပေလွှာများထုတ်လိုက်ကြပြီး ထူးဆန်းသည့်နည်းလမ်းတခုကိုသုံးကာ ဝိညာဉ်သားရဲအစောင့်အရှောက်များကို ဆက်သွယ်လိုက်ကြသည်။ ခဏအကြာတွင် ထိုအကြောင်းအရာများကိုအတည်ပြုလိုက်နိုင်လေသည်။ ဝိညာဉ်သားရဲအစောင့်အရှောက်များသည် ကောင်းကင်ချိုမှင်ရည်နဂါးကြီးအကြောင်းထုတ်ဖော်မပြောရဲကြပေ။ တောင်ထိပ်သခင်များသည် မျက်လုံးများပြူးကာ ပိုင်ရှောင်ချန်းကို မယုံသင်္ကာနှင့်ကြည့်နေကြလေသည်။
ကျန်သောမြောက်ပိုင်းဂိုဏ်းသားများသည်လည်း ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ကြလေ၏။ ပေဟန်လဲ့သည် ပိုင်ရှောင်ချန်းက မည်မျှစွမ်းအားကြီးမားနေပြီဖြစ်ကြောင်းရိပ်မိကာ အလွန်တုန်လှုပ်သွားလေ၏။ ရွှီဆုန်၏စိတ်ထဲတွင်ဝေခွဲမရဖြစ်နေသည်။ ဝိညာဉ်သားရဲအစောင့်အရှောက်များသည် မည်မျှထိတ်လန့်ကြောက်ရွှံ့ဖွယ်ကောင်းကြောင်း သူကောင်းကောင်းသိလေရာ ၎င်းတို့ဆီမှသက်စောင့်အား ကိုရအောင် ပိုင်ရှောင်ချန်းက မည်သို့မည်ပုံပြုလုပ်လိုက်သည်ကို သူစဉ်းစား၍မရပေ။
ယန်ဝေ့တောင်ထိပ်မှအဘွားအိုသည် အံ့သြလွန်းသဖြင့်ရူးသွားတော့မလားဟုပင်တွေးနေမိသည်။ ပိုင်ရှောင်ချန်းကိုသင်ခန်းစာပေးရန်ရည်ရွယ်ပြောဆိုခဲ့သော်လည်း သူမပြောလေလေ၊ ပြောစရာမရှိတော့လေလေဖြစ်နေသည်ကို သတိထားမိလိုက်လေသည်။ ပိုင်ရှောင်ချန်းသည် သားရဲသန္ဓေတည်သစ်စေ့၏အဖိုးတန်ပုံကိုသိထားရုံမျှမက မြောက်ပိုင်းဂိုဏ်းရှိစွမ်းအားအကြီးဆုံးသောသားရဲများဆီမှ သက်စောင့်အားများကိုပင်
ရအောင်ကြံခဲ့ပြီးဖြစ်သည်။ သူမသာထိုသို့ပြုလုပ်ရန်ကြိုးစားခဲ့ပါမူ သက်စောင့်အင်အားတစ်စက်မှ ပင်ထုတ်ယူနိုင်လိမ့်မည်မထင်။
သို့သော်လည်း ဂိုဏ်းသားများကြည့်ရှုနေကြစဉ် ပိုင်ရှောင်ချန်း၏ဖြေရှင်းချက်များကြောင့်သူတို့အားလုံးဆွံ့အကုန်ကြရာ အဘွားအိုသည်ပို၍ဒေါသထွက်လာလေသည်။ သူမ၏ဝတ်ရုံလက်ကိုအသာအယာပင့်တင်ကာ သူမက "အလကားပဲ... ပိုင်ရှောင်ချန်း... မင်းသာ သားရဲသန္ဓေတည်အစေ့ကို ထိပ်တန်းခေါင်းဆောင်တယောက်ယောက်ဆီကို ပေးလိုက်မယ်ဆိုရင် ခေါင်းဆောင်တွေတောင်တုန်လှုပ်သွားမှာပဲ။ သူတို့သာဆိုရင် ဓမ္မ အမိန့်တစ်ခုထုတ်ပြီး ဂိုဏ်းရဲ့ကြီးကျယ်မြင့်မြတ်တဲ့ဝိညာဉ်သားရဲအစောင့်အရှောက်ဖြစ်တဲ့ ကောင်းကင်ချိုမှင်ရည်နဂါးကြီးကို ဒီသစ်စေ့ကိုသုံးပြီး နောက်ထပ်မျိုးဆက်တစ်ခုထပ်ထုတ်ခိုင်းနိုင်မှာပဲ။ အဲ့လိုသာဆိုရင်အလဟဿဖြစ်မှာမဟုတ်ဘူး။ အခုတော့..." ပထမတော့ သူမသည်ပို၍ပို၍ဒေါသတကြီးပြောဆိုမိတော့မလိုဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ တစုံတခုပြောရန်ဟန်ပြင်နေသောကြောင့် သူမသည်ဆက်မပြောတော့ပဲရပ်လိုက်သည်။ ထို့နောက် သူမရင်ထဲတွင်ဒိန်းကနဲဖြစ်သွားပြန်သည်။
သူမတစ်ယောက်တည်းမဟုတ်ပေ။ ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာကြောင့် အခြားတောင်ထိပ်သခင်သုံးဦးပါ မျက်နှာပျက်ကုန်ကြလေ၏။
ပိုင်ရှောင်ချန်းသည်မျက်တောင်ခပ်လိုက်ကာ မဝံ့မရဲ ပြောလိုက်လေ၏။
“ ဓမ္မအမိန့်ထုတ်ဖို့ ခေါင်းဆောင်တွေကို ဒုက္ခပေးစရာမလိုဘူးထင်တာပဲ။ အစ်ကိုကြီးကောင်းကင်ချိုမှော်နဂါးကြီးက လွန်ခဲ့တဲ့သုံးရက်ကရောက်လာပြီး အကြိမ်ငါးဆယ်ထက်မနည်း သက်စောင့်အားတွေ ထုတ်ပေးခဲ့ပါတယ်။"
လူအားလုံးအပ်ကျသံပင်ကြားရလောက်အောင်ငြိမ်သက်နေကြလေ၏။
တောင်ထိပ်သခင်လေးဦးနှင့် အကြီးအကဲများရော ဂိုဏ်းသားအားလုံးပါ အံ့သြလွန်းသဖြင့်စကားပင်မပြောနိုင်ကြတော့ပေ။ အားလုံးသည် ပိုင်ရှောင်ချန်းကိုအံ့သြတကြီးငေးကြည့်နေကြလေသည်။
ထိုအချိန်တွင် သားရဲသန္ဓေတည်ပန်းပွင့်သည် ရုတ်တရက်ခြောက်သွေ့ညှိုးနွမ်းစပြုလာကာ ပွင့်ဖတ်များတစ်ရွက်ပြီးတစ်ရွက်ကြွေလွင့်ကုန်လေ၏။ စွမ်းအားပြင်းသော သက်စောင့်အားတစ်ခုက ပန်းပွင့်အထဲ၌ပေါ်ပေါက်လာပြီး ထိုအားသည် အချိန်နှင့်အမျှတဖြည်းဖြည်းပို၍သန်မာလာနေသည်။ တောင်ထိပ်သခင်များ၊ အကြီးအကဲများ၊ သာမန်ဂိုဏ်းသားများအားလုံးပင် ပန်းပွင့်ကိုမမှိတ်မသုန်အာရုံစူးစိုက်ကြည့်နေကြသည်။
တောင်ထိပ်လေးခု၏ဝိညာဉ်သားရဲအစောင့်အရှောက်များသည် သူတို့၏မျိုးဆက်ကိုအာရုံခံမိနေသည့်အလား လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ မရေမတွက်နိုင်သောသာမန်တိုက်ပွဲဝင်သားရဲများသည်လည်းထိုသို့ခံစားမိနေသည့်အလား မနေနိုင်မထိုင်နိုင်ဖြစ်နေကြလေသည်။
ရှေးဟောင်းသားရဲချောက်နက်ကြီးထဲတွင် ကောင်းကင်ချိုမှင်ရည်နဂါးကြီးသည် မျက်လုံးများဖွင့်ကာ သားရဲမွေးမြူရေးခြံဘက်သို့ မျှော်လင့်တကြီးစူးစိုက်ကြည့်နေလေသည်။
ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့ထိတ်လန့်စွာဘေးသို့ရှောင်နေလိုက်ရင်းက ဘာများဆက်ဖြစ်လာမလဲဟု စိတ်ဝင်တစားကြည့်ရှုနေသည်။ တောင်ထိပ်သခင်များသည် ပိုင်ရှောင်ချန်း၏ဘေးနားတွင်ရပ်ကာ အသက်ပင်ဖြောင့်အောင်မရှူနိုင်ကြတော့ပေ။
သားရဲသန္ဓေတည်ပန်းပွင့်သည် တဖြည်းဖြည်းညှိုးနွမ်းလာပြီး အသက်ခွန်အားအငွေ့အသက်သည် ပို၍အားကောင်းလာလေသည်။ ပန်းပွင့်၏အတွင်းဘက်မှတစုံတခုပေါက်ကွဲထွက်လာတော့မည့်ဟန်ဖြစ်နေသည်။ ထိုအချိန်တွင် ပန်းပွင့်၏အပေါ်၌ရေဝဲတခုပေါ်လာပြီး ဖြည်းညင်းစွာလည်ပတ်နေသည်မှာ ကောင်းကင်မှမျက်လုံးများသည် မြေပြင်ပေါ်ရှိဖြစ်ရပ်အစုံကို ငုံ့ကြည့်နေသကဲ့သို့ရှိနေလေသည်။