ဖြစ်လာသမျှရင်ဆိုင်ပစ်မယ်လို့ ဘယ်လိုပဲအားခဲထားပါစေ
စေ့စေ့တွေးကြည့်လေ ရင်ဆိုင်ရမှာသွေးနည်းလာလေပါပဲ
သိပ်မကြာခင်ကမှသားနဲ့စေ့စပ်ထားတဲ့ကလေးကို
သူဘယ်မျက်နှာနဲ့လက်ထပ်ရပါ့မလဲ...
သားသိပ်ချစ်တဲ့ကလေးကို သူဘယ်လိုအင်အားနဲ့လုယူရက်ပါ့
မလဲ...
ကံကြမ္မာသည် "မဟုတ်တာလုပ်ထားပြီးထွက်ပြေးချင်တဲ့
ကောင်" ဟုသူ့ကိုအမြင်ကတ်၍များ hannie ဆီမှာ
ရင်သွေးလေးရှိစေခဲ့တာလား...
ဒီအကြောင်းကြောင့် သူနဲ့ hannie မှားခဲ့တဲ့အဖြစ်အား
အားလုံးကိုထုတ်ပြောပြရတော့မည်။ ရှေ့ဆက်ဘာတွေဖြစ်လာမယ် မသိသေး။ သူသေချာသိတာ တစ်ခုက
Yoona သည် hannie ဗိုက်ထဲက ကလေးကို
လုံးဝလက်ခံမည်မဟုတ်သလို မွေးခွင့်လည်းပေးမည်
မဟုတ်ပေ။
ဒီကိစ္စမျိုးဖြစ်မှာစိုးလို့ပဲ သားနဲ့ hannie ကိုခွဲထားခဲ့ကြတာ
မို့ ကိုယ်ဝန်ကိစ္စသိသွားတာနဲ့ ကျိန်းသေကလေးကိုဖျက်ချပစ်
မှာပင်...
ဖြစ်မလာသေးတဲ့အနာဂတ်ကိုကြိုတွေးမိတိုင်း
သူစိတ်ပူမိတာ သားနဲ့မမွေးသေးတဲ့ သူ့ရင်သွေးလေးပါ။
နှစ်ယောက်စလုံး မနစ်နာအောင် ဘာလုပ်ရမလဲတွေးတိုင်း
ဘာလုပ်သင့်တယ်ဆိုတာထွက်မလာဘဲ ရူးချင်မိတဲ့အထိ
ခြောက်ခြားသည်။
ကြုံလာမည့်ဘေးကိုအမြန်ဆုံးရင်ဆိုင်ပစ်ချင်သည်ဆိုမှ
သားကအလုပ်ကိစ္စနဲ့ခရီးထပ်ထွက်နေရ၍ ပြန်မလာနိုင်ပေ။
ဒီပြဿနာကို သားကိုဖွင့်ပြောမရှင်းရမချင်း သူhannie
နဲ့ဝေးဝေးနေချင်သည်။
သို့သော် ကိုယ်ဝန်ကြောင့် hannie စားနေနေသွားနေနေ
အချိန်တိုင်းစိတ်မချဖြစ်နေမိပြန်၏ ကျောင်းမှာလည်း
ကျောင်းမှာအလျောက် အိမ်မှာလည်းအိမ်မှာမို့ hannie
ကိုယ်ဝန်ကိုမှ သတိရပါ့မလား...
အစားအသောက်အနေအထိုင် ဆင်ခြင်ရဲ့လား အမြဲတွေးပူ
မိ၏ ထို့ထက်ပိုဆိုးသည်က hannie သူ့ဆီကိုရောက်လာမှာစိုး၍ ရှောင်လွှဲနေရခြင်းပင်။
သူစောင့်ကြည့်ခိုင်းထားတဲ့လူက hannie ကိုအမြဲစောင့်
ကြည့်ပေးနေသည်။ ကျောင်းမှာသူငယ်ချင်းတွေနဲ့ရယ်မော
စကားပြောနေသည်ဟု လှမ်းပြောပြီးပြီးချင်း hannie
ဆီမှ message ရောက်လာသည်က....
:: ဦး...hannie ဦိးကိုလွမ်းတယ်
သူငယ်ချင်းတွေနဲ့ရယ်စရာပြောနေရင်းကကိုလွမ်းနေတာ::
တဲ့ အိမ်ချင်းနီးနီးကပ်ကပ်နေရပြီးမတွေ့ရတဲ့သူတို့အဖြစ်က
လွမ်းလည်းလွမ်းလောက်စရာပါ ။သူကတော့ hannie ကို
အချိန်တိုင်း သတိရနေတတ်ပေမယ့် hannie ကလွမ်း
တယ်ပြောတာတော့ သိပ်လက်မခံချင်။
ကျောင်းမှာဆို သူငယ်ချင်းဝိုင်းဝိုင်းလည်လို့ တစ်ချက်မှ
အားချိန်မရှိ။ အိမ်ပြန်ရောက်တာနဲ့သားနဲ့အချိန်တိုင်းဖုန်းပြော
Video call ခေါ်စကားပြောတာ ဆက်တိုက်..
သူ့ကိုသတိရတယ် လွမ်းတယ် ဘယ်အချိန်မှာလဲ...
ဘယ်ကဏ္ဍကလဲ...
"ဦးကိုချစ်တယ်..."
ဒီစကားလေးကြားတိုင်း ရင်ခုန်ကြည်နူးစိတ်တွေ
တသိမ့်သိမ့်ဖြစ်လာတတ်ပေမယ့် "ကိုယ်လည်းချစ်တယ်"
လို့ပြန်မပြောဖြစ်ခဲ့။
အတူတူနေလိုက်မိလို့ အထိအတွေ့ကြောင့် hannie
သူ့ပေါ်သံယောဇဉ်ဖြစ်သွားတာသူသိသည်။ hannie
သားအပေါ်ဘယ်လောက်ထိ သံယောဇဉ်ကြီးတယ်ဆိုတာ
လည်း သူသိနေသည်။
တကယ်ဆို ကိုယ်ဝန်ကြောင့်သာမဟုတ်ရင် သူက hannie နဲ့သားကြားမှာ ရှိကိုမရှိသင့်တဲ့လူပါ
ခုတော့ ရင်သွေးလေးကြောင့်နောက်ဆံငင်နေရသည်။
ထွက်သွားလို့လည်းမရ ဆက်နေတော့လည်းမတော်...
"ဦး....ဦး..."
ရုံးကတမင်နောက်ကျအောင်ပြန်လာခါမှ ခေါ်သံကြောင့်
သွားပြီလို့ စိတ်ပျက်သွားရသလို နောက်လှည့်ကြည့်လိုက်
တော့ ခြေဖျားထိပုံအိကျနေသည့် ညဝတ်အင်္ကျီဖဲသားပျော့
ပျော့လေးကိုဝတ်ဆင်ထားပြီး ရေချိုးပြီးစ ဆံပင်မခြောက်
တခြောက်နှင့် နုသစ်လတ်ဆက်ပြီး အလှကြီးလှနေသည့်
hannie ကြောင့် ငေးခနဲကြည့်မိရင်း ရင်ထဲမှာ
နွေးထွေးသွား၏
အမှတ်တမဲ့ငေးကြည့်နေပြီးမှ နောက်မှာ Yoona ရှိနေတာ
ကိုတွေ့ပြီး သူ့မျက်နှာထူအမ်းအမ်းဖြစ်သွားသည်။
သူခိုး လူမိဆိုတာမျိုး....။
"ဖေဖေက hannie မွေးနေ့လက်ဆောင်ကိုပြိုင်ကား
ဝယ်ပေးပါပြောတာကို မဝယ်ပေးဘူးတဲ့..ဦးဝယ်ပေး"
hannie မျက်နှာလေးစူပုတ်နေရခြင်းအကြောင်းအရင်းကို
အခုမှသဘောပေါက်သွား၏ အခုပဲ Siwon နဲ့ဖုန်းပြောနေ
တာဖြစ်ရမည်။ Yoona ကနောက်မှာဖုန်းကိုင်လျက်
"ကိုယ့်သား...Sehun ကိုထွက်တိုင်နေတာကိုရေ"
ဟုပြောပြီးဖုန်းချကာ hannie ရှိနေသည့်ခြံစည်းရိုးနားထိ
လျှောက်လာသည်။
"ဦး...hannie ပြောနေတာကြားလားလို့ hannie
ကိုပြိုင်ကားဝယ်ပေးပါဆိုမှ ဖရာနီအနီလေး"
hannie ကသူ့ကိုအတိအလင်းကြီးပူဆာနေတာမို့
Yoona ပင်အံ့သြနေသည်။ သူဘာပြန်ပြောရမှန်းမသိပေ။
စိတ်ထဲရှိတဲ့အတိုင်းဆို "hannie လိုချင်တာအကုန်ယူ"
လို့ပြောပြီး လက်ညိုးထိုးသမျှဝယ်ပေးလိုက်မိမှာ။
သူလေး၏မျက်နှာကြည်လင်လာဖို့ ဘာဖြစ်ဖြစ်လုပ်ပေးမိမှာ
"hannie မွေးနေ့ကရောက်တော့မှာလား..."
တကယ်လဲမသိလို့ hannie ကိုဘာပြန်ပြောရမှန်းလည်း
မသိသည်မို့ ပြောမိပြောရာပြောလိုက်မိမှ ပိုဆိုးသွား၏
"ဦးက hannie မွေးနေ့ကိုတောင်မသိဘူးပေါ့...
တော်ပြီ...ဘာမှဝယ်မပေးနဲ့တော့"
ခြေဆောင့်နှုတ်ခမ်းစူပြီး နေရာမှချာခနဲလှည့်ထွက်ပြေးသွား၏
"ဟော..ဟော.သား.."
ဆံပင်လေးတွေလေထဲဝဲ ပျံလွင်ခါနေသည်အထိ hannie
ပြေးသွားတာကို လှမ်းကြည့်ပြီး သူအသည်းယားသွား၏
ချော်လဲမှဖြင့်...။
"Sehun အဲ့ဒါနင့်အပြစ် Jeju ကပြန်လာမှ သားက
နင်မှနင် ၊ ဦးကိုဝယ်ခိုင်းမယ်၊ ဦးကိုလုပ်ခိုင်းမယ်
ဦးပြန်ရောက်နေပြီလား...ဦးရုံးထွက်သွားပြီလား
တစ်ဦးတည်းကို ဦးနေတော့တာပဲ အရင်တုန်းက ကိုကို
အခုနင်မှနင်...နင်ငါ့သားကိုဘာလုပ်လိုက်လဲမှန်မှန်ပြော..."
"ငါဘာမှမလုပ်ပါဘူး..ငါကဘာလုပ်ရမှာလဲ"
"နင်နဲ့ခင်သွားပြီတဲ့ အရင်လိုမဟုတ်တော့ဘူးတဲ့
ဦးက hannie ကိုချစ်သွားပြီတဲ့"
ပြဿနာပါလား...
သူအငွေ့ပျံပျောက်သွားချင်မိသည်။
သူ့ကိုယုံကြည်နေသည်မို့ Yoona ကနည်းနည်းမှ
မရိုးမသားတွေးမိပုံမပေါ်။ hannie ပြောသမျှအဖြူထည်အတိုင်း ရိုးရိုးသားသားဟုသာထင်နေသည်။
Yoona သူ့ကိုအဲ့လိုယုံကြည်နေတာတွေ့လေ
သူပိုပြီး အနေရခက်လေပါပဲ။
သူဘာစကားမပြောတော့ဘဲ Yoona ရှေ့ကခပ်သွက်သွက်
လျှောက်လာမိသည်။ အိမ်ထဲရောက်သည်နှင့် သူhannie
ကို ကားဝယ်ပေးမည့်အကြောင်း လှမ်းမှာပေးမည့်အကြောင်း
Message လှမ်းပို့လိုက်၏
hannie ဆီက message ချက်ချင်းပြန်ရောက်လာသည်။
' မယူဘူး ကားကိုရော ဦးကိုရော မယူတော့ဘူး' တဲ့။
☔☔☔☔☔☔☔
မိုးတဖြောက်ဖြောက်ရွာနေသည်။
ညတစ်နာရီကျော်တဲ့အထိ သူမအိပ်နိုင်သေးပေ။
ခုနက သားဆီဖုန်းဆက်တိုင်း ဖုန်းမအားဘူးချည်းပြောနေ
သည်။ hannie ဆီဆက်တော့လည်း မအားဘူးပြော
သည်။ သူတို့နှစ်ယောက်စကားပြောပြီဆို နှစ်နာရီသုံးနာရီ
ကြာ၏
hannie သူ့ကိုစိတ်ကောက်ပြီး ငိုနေမလား..
ဒါမှမဟုတ်သားနဲ့စကားပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီလား...
စောင့်ရင်းစောင့်ရင်း ဥာဥ့်နက်လာတော့ hannie
ဆီဖုန်းဆက်ဖို့စိတ်ကူးကို ဖျက်လိုက်ရသည်။
အိပ်ပျော်နေပြီထင်၍ပါ။
သူ ဆက်ထားတဲ့ phone call တွေ hannie တွေ့မှာ
ပဲ တွေ့လျက်နှင့်မဆက်တာကိုက သူနဲ့စကားမပြောချင်လို့ဖြစ်
မည်။
ဒါကြောင့်မို့ ကိုယ့်ချစ်သူစိတ်ကောက်ရင် ယောက်ျားလေးတွေ
ဘာလို့မနေနိုင် မထိုင်နိုင်အသည်းအသန်လိုက်ချော့ကြလဲ
သူခုမှသိသည်။
နေလို့မှမရဘဲ ထိုင်ရမလို ထကမလို အလိုလိုနေရင်း
ပူလောင်နေတာ....
အိပ်မရတိုင်းရေထသောက်ရင်း ည2 နာရီထိုးသွား၏
ရေသောက်နေစဉ် Phone message ဝင်သည့်အသံ
ကြောင့် သူဖုန်းဆီကမန်းကတန်းသွားကြည့်မိသည်။
'ဦး hannie နောက်ဖေးမှာ တံခါးလာဖွင့်ပေး'
သူ အံ့သြသွား၏ အပြင်မှာမိုးတွေရွာနေသည်။
မိုးရေစက်ဖွဲဖွဲနှင့် လေတစ်ချက်တစ်ချက်တိုက်တာကြမ်းသည်
ညကြီးအချိန်မတော် hannie ဘာလာလုပ်တာလဲ...
စိတ်လည်းပူသွားပြီး သူအောက်ထပ်ကို ကမန်းကတန်း
ပြေးဆင်းလာမိသည်။ နောက်ဖေးတံခါးသွားဖွင့်ပေးလိုက်သည်နှင့် ထီးအကြည်ရောင်လေးဆောင်းပြီး
မတ်တပ်ရပ်နေသည့် hannie ကိုတွေ့သည်။
hannie က ညနေကဝတ်စုံလေးနဲ့ပဲ
မလှုပ်မရှားတောင့်တောင့်လေး ရပ်နေသည်။
"hannie...."
မိုးထဲလေထဲမှာ ဒီကိုဘယ်လိုရောက်လာတာလဲ...
Yoona တို့အိပ်နေကြပြီလား...
hannie အိမ်တံခါးဖွင့်ထွက်လာတာလား...
ဘယ်လိုနည်းနဲ့ အပြင်ထွက်လာတာလဲ...
သူ့ရင်ထဲမှာမေးခွန်းတွေ ဗလောင်ဆူသွားပြီး
တစ်ဖက်အိမ်ကို ပြန်ကြည့်မိ၏
"hannie ကိုချစ်လား..."
ဟင်...။
"hannie ကိုချစ်လားလို့ဖြေလေ...
hannie ကိုကိုယ်ဝန်ကြောင့် မတတ်သာလို့လက်ထပ်ရမှာ
မဟုတ်လား...မချစ်ဖူးမဟုတ်လား"
သူ့ညာဘက်ပါးတင်းခနြဲဖစ်သွားအောင် အံကြိတ်မိသည်။
သူ hannie ကိုငေးစိုက်ကြည့်နေမိသည်။
hannie ကလည်း သူ့ဆီကအဖြေကိုစောင့်လျက်
စိုက်ကြည့်နေသည်။
ခဏတာတိတ်ဆိတ်ခြင်းအား ခပ်သွဲ့သွဲ့လေညင်းက
မိုးကိုခေါ်ဆောင် အသိပေးရင်းဖြောခနဲတိုက်၏
hannie ဆောင်းထားသည့်ထီးအနည်းငယ်ယိုင်သွားသလို
ညအိပ်ဝတ်စုံလေးမှာလည်း လေကြောင့်လွင့်နေ၏
hannie ချမ်းပြီးထီးကိုလက်နှစ်ဖက်နဲ့ကိုင်ထားလျက်
ကုတ်ကုတ်လေးဖြစ်သွားသည်။ သို့သော် hannie
သူ့ဆီမှအကြည့်မလွှဲ။ စကားပြန်မပြောသည့်သူ့ကိုငေးကြည့်
ရင်း မျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်သည်။
"ဦး...."
"ဟုတ်တယ်...ဦး hannie ကိုလက်မထပ်ချင်ဘူး
hannie ကကိုယ့်သားနဲ့လက်ထပ်ရမယ့်ကောင်လေး
ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ သား
ကိုယ်လုံးဝစိတ်ကူးမယဉ်သင့်တဲ့ ခေါင်းထဲတောင်မထည့်သင့်တဲ့ ကောင်လေးတစ်ယောက်....hannie နဲ့ဝေးဝေးရှောင်
သင့်တဲ့အကြောင်းပြချက်ပေါင်း ရေတွက်လို့တောင်
ကုန်မှာ မဟုတ်ဘူး....hannie ကိုလက်ထပ်လိုက်တာနဲ့
ကိုယ်က ကိုယ့်သားကိုတောင် စည်းမစောင့်တဲ့ကောင်ဖြစ်မှာ
ကိုယ့်သိက္ခာတစ်ပြားမှမကျန်အောင် လူတကာတံတွေးခွက်
မှာ ပက်လက်မျောရမှာ..."
သူ hannie ဆီလျှောက်သွားမိသည်။
မျက်နှာချင်းဆိုင်နီးနီးကပ်ကပ်ဖြစ်သွားပေမယ့် သူထီးအောက်
မဝင်ဘဲ မိုးရေထဲမှာရပ်လိုက်သည်။
"ဒါပေမယ့် အဲ့ဒါတွေအားလုံးထက် ကိုယ်ဆုပ်ကိုင်ထားတာ
hannie မှာကိုယ့်ရင်သွေးလေးရှိတယ်ဆိုတာပဲ...
အဲ့ဒီအကြောင်းပြချက်လေးကမှ hannie နဲ့ကိုယ့်ကို
နီးစပ်ခွင့်ပေးမှာမို့လို့ပဲ..."
သူ့ကိုယ်မှာ မိုးရေစိုရွှဲလာသည်။
hannie ရှေ့တိုးပြီး သူ့ကိုထီးဆောင်းပေး၏
သူ hannie လက်ကထီးကိုဘေးကိုပစ်ချပြီး
hannie လက်ကိုဆွဲပြီး အိမ်ထဲခေါ်လာမိသည်။
တံခါးပိတ်ပြီး ပြန်လှည့်ကြည့်လျှင် hannie လက်လေး
ပိုက်ပြီး ရပ်ကြည့်နေသည်။
"ချမ်းလို့လား..."
"အင်း..."
hannie ပြီးစလွယ်ခေါင်းညိတ်ပြလိုက်ရင်း ခုနက
ဦးပြောခဲ့သည့်စကားတွေကို ပြန်စဉ်းစားနေမိသည်။
hannie ကိုချစ်တယ်လို့ပြောချင်တာလား...
ဒါမှမဟုတ် hannie ကြောင့်ဒုက္ခရောက်ရတဲ့အဖြစ်တွေ
ကိုပြောပြနေတာလား...။
အဲ့လိုမှမဟုတ်ရင် ကလေးကြောင့် လက်ထပ်ရမှာပါလို့
ပြောနေတာလား...။
hannie ကိုချစ်တယ်ဆိုရင် ချစ်တယ်ဆိုတဲ့စကားလေး
ပြန်ဖြေဖို့ ဒီလောက်ခက်ခဲနေပါ့မလား...။
ဦးကမင်းကိုချစ်ပါ့မလား...hannieရယ်
ဦးကမင်းကို ဘယ်တုန်းကများဂရုစိုက်ခဲ့ဖူးလို့လဲ...။
ကိုယ်ဝန်ကိစ္စသာမပေါ်လာခဲ့ရင် ခုလောက်ဆိုမင်းအနား
မှာတောင် ရှိတော့မှာမဟုတ်ဘူး..။
"hannie..."
ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်နေလျက်ငြိမ်သက်နေမိစဉ်
Sehun hannie ကိုခေါ်ပြီး ခေါင်းမှာရေစိုနေသည့်
ဆံပင်နုနုလေးတွေကို ပဝါလေးဖြင့်တယုတယသုတ်ပေး
နေသည်။
"အင်္ကျီလဲပြီးခဏနေလိုက်လေ မိုးတိတ်မှပြန်တော့.."
"ဟင့်အင်း...hannie မနေချင်ဘူး ပြန်တော့မယ်"
hannie ဦးပိတ်ထားသည့်တံခါးကိုဆွဲဖွင့်လိုက်၏
ထိုအခါဖြန်းခနဲအိမ်ထဲထိပက်ဖြန်းလာသည့် မိုးရေများကြောင့်
ခြေလှမ်းတုံ့သွားသည်။ လှမ်းကြည့်လိုက်တော့ ခုနက
ဦးပစ်ချခဲ့သည့်ထီးက မိုးရေထဲမှာပဲလဲလျက်...။
ဦးက hannie ကိုဘာမှမပြောဘဲ ရပ်ကြည့်နေ၏
hannie နောက်ပြန်မလှည့်ချင်။ ပြန်လို့လည်းမရသဖြင့်
နေရာမှာတင် ထိုင်ချပစ်လိုက်၏
Sehun မိုးရေတွေစင်နေသည့် အိမ်ပေါက်ဝမှာထိုင်ချ
ပစ်လိုက်သော hannie ဘေးသို့လျှောက်လာပြီး
ဘေးမှာ ဝင်ထိုင်လိုက်၏
"hannie...မိုးပက်မယ်လေ ဒီမှာဘာထိုင်လုပ်နေတာလဲ
ထ...အထဲမှာဝင်စောင့်"
သူ hannie လက်လေးကိုလှမ်းကိုင်လိုက်လျှင်
hannie ကလက်ကိုစောင့်ရုန်းပစ်ပြီး သူထပ်ကိုင်လို့
မရအောင် ရင်ဘတ်နဲ့ဒူးကြားထဲမှာ လက်လေးတွေကိုဖွက်ထားပြီး ဆက်ထိုင်နေသည်။
"hannie..ဦးကိုစိတ်ဆိုးနေတာလား"
hannie ကမလှုပ်မယှက်...။
သူ့ကိုလည်း လှည့်မကြည့်။ ဘာမှလည်းပြန်မပြောပေ။
သူအားမလိုအားမရဖြစ်မိရင်း မျက်နှာကိုကွယ်ထားသည့်
ဆံပင်လေးတွေကို သိမ်းဖယ်ကြည့်မိသည်။
hannie ကသူ့လက်တွေကိုဖယ်ထုတ်ပစ်၏
သူ hannie လက်လေးကိုဖမ်းဆုပ်ထားမိသည်။
hannie သူ့လက်ကို အတင်းပြန်ရုန်းနေ၏
သူစိတ်မရှည်တော့ဘဲ hannie ကိုယ်လေးကိုအတင်း
သိမ်းဖက်ပစ်လိုက်၏ ရင်ခွင်ထဲရောက်နေသည့်မျက်နှာလေးကို လိုက်နမ်းမိလျှင် hannie ကအနမ်းမခံဘဲ
ရှောင်နေသည်။
"hannie ကွာ...ဘာဖြစ်နေတာလဲ"
သူ မချင့်မရဲပြောမိတော့ hannie ကသူ့ရင်ဘတ်နဲ့
မျက်နှာကိုကွယ်ထားရင်း ဂျစ်ကန်ကန်လေးပြန်ပြော၏
"ဦးကမှချစ်တယ်လို့ မပြောတာ..."
သူသဘောပေါက်သွား၏ ဂျစ်တူးလေးဒါကိုကောက်နေတာ
"hannie ပြောစေချင်ရင် ကိုယ်ပြောမှာပေါ့.."
ဒါကြတော့ မျက်နှာကွယ်ထားရာမှ သူ့ကိုမော့်ကြည့်လာသည်။
မီးရောင်တစ်ဝက်တစ်ပိုင်းသာ ကျနေသည့် မျက်လုံးလှလှလေးတွေ ပါးရောင်ပြေပါးမို့နုနုလေးနှင့် နမ်းလိုက်တိုင်း
သူ့ရင်ကိုလှုပ်ခတ်စေသော ချိုမြန်သောနှုတ်ခမ်းလေးအား
သူစိတ်ပြေနပြေ ချစ်မဝနိုင်စွာငေးကြည့်နေမိသည်။
တစ်သက်နဲ့တစ်ကိုယ် သူမြင်ဖူးသမျှ အလုံးစုံသောအလှ
အပေါင်းတို့သည် သူလေး၏အလှကိုမှီမည်မထင်။
သူချစ်လို့မဝ တစိမ့်စိမ့်ငေးကြည့်နေရင်းကကြည့်မဝပေ...
မိုးရေစက်ကလေးများကို သယ်ဆောင်လာသော
လေကြမ်းတစ်ချက်ဟူးခနဲတိုက်ခတ်သွားလျှင် hannie
ချမ်းသွားပြီး ကိုယ်လေးကျုံ့သွားသည်။
လက်ဖဝါးလေးတွေကို သူ့ရှပ်အင်္ကျီရင်ဘတ်အတွင်းသို့
ထည့်၍ ထွေးဆုတ်လာသည်။ hannie ငယ်ငယ်လေး
ကတည်းက သူ့အဖေရင်ခွင်ရောက်တိုင်း ပြုမူနေကျ
အပြုအမူလေးမို့ သူပြုံးမိ၏
လေစိမ်းတစ်ချက်မှ မထိလိုတဲ့စိတ်နဲ့ သူလေး၏ကိုယ်ကို
လုံခြုံအောင်ထွေးဖက်ထားမိသည်။
ရွှေအိုရောင် ဆံပင်နုနုလေးများအားခေါင်းတိုးနမ်းမိသည်။
ရှန်ပူနဲ့ရောသော ကိုယ်သင်းနံ့လေးကို ရှုရှိုက်မိစဉ်
သူ့စိတ်တွေထိန်းချုပ်မရအောင် ဖြစ်လာသည်။
သူ hannie ကိုယ်ကိုကောက်ပွေ့ချီလိုက်လျှင်
hannie သူ့လည်ပင်းကိုပြန်ဖက်ထားပြီး သူ့ကိုငေးကြည့်
ရင်း ပါလာသည်။
လမ်းလျှောက်တာ အိမ်အပေါ်ထပ်လှေခါး တစ်ထစ်ချင်း
လှမ်းတက်နေမိတာ စသဖြင့်လှုပ်ရှားမှုအဝဝသည်
သူ့ဘာသာ လှုပ်ရှားသွားခြင်းဖြစ်ပြီး သူ့စိတ်အာရုံသည်
hannie ဆီမှာသာနစ်ဝင်နေသည်။
ပွင့်လျက်သားရှိနေသည့်အခန်းထဲသို့ ကိုယ်ကိုစောင်းဝင်ပြိး
hannie ကိုမွေ့ယာပေါ်ချပေးလိုက်၏ ခေါင်းရင်းနံရံက
ညအိပ်မီးလေးပဲလင်းနေသည့်အခန်းထဲတွင် ခုတင်အနီး
တစ်ဝိုက်မှလွဲ၍ ခပ်မှောင်မှောင်ဖြစ်နေလျက် အပြင်က
တစ်ဖျောက်ဖျောက်မိုးသံမှလွဲပြီး တစ်ခန်းလုံးတိတ်ဆိတ်နေသည်။
ဖြူလွှသောမွေ့ရာခင်းပေါ်မှာ သူ့ကိုရီဝေဝေငေးကြည့်နေသည့်
hannie မျက်နှာလေးကိုတစိမ့်စိမ့်ငေးကြည့်မိရင်း
မျက်ခွံလေးတစ်ဖက်ကို ငုံ့နမ်းလိုက်သည်။
"ဦး...."
"ဟင်.."
"ဦးနမ်းရင်လေ...hannie ရင်တွေတအားခုန်တာပဲ..."