ွှနှစ်နှစ်ဆိုသည့်အချိန်ကာလသည်....
်ဘယ်လိုကုန်ဆုံးလွန်မြောက်လာခဲ့မှန်းမသိအောင် မြန်ဆန်လွန်းလှသလို
သတိမထားမိဘဲမနေနိုင်လောက်အောင် ချောမောလာသော
hannie ၏ချစ်စရာကောင်းမှုများသည် နတ်ကြိမ်လုံးနဲ့တို့
လိုက်သလို ထူးခြားပြောင်းလဲလာခဲ့သည်။ဘယ်သွားသွား သမင်လည်ပြန်ရောကျားလည်ပြန်ပါ
ငေးတဲ့လူတွေများလွန်းလို့ hannieကိုတစ်ယောက်တည်း
စိတ်မချတော့ပေ။ အရင်ကဘယ်သွားသွား တကောက်ကောက်အတင်းလိုက်မယ်ဂျီကျတတ်တဲ့လူက hannie။ခုတော့ hannie ဘယ်သွားသွားရင်တမမသက်ပြင်းတချချနဲ့ ရောက်တဲ့အရပ်ကပြေးလိုက်သွားချင်မိတဲ့သူက
သူဖြစ်နေပြီ။အရင်က သူဘယ်ကောင်မလေးအနား
ရောက်သွားသွား ချက်ချင်းသိနေတတ်ပြီး မတွဲရဘူး
မချစ်ရဘူး တားတဲ့သူက hannie....။အခု hannie အနားကပ်သမျှယောက်ျားလေးတွေရော
မိန်းကလေးတွေပါ အစ်ကိုလိုလို ကိုယ်ရံတော်လိုလိုနှင့်
သဝန်တိုစွာ ဒေါသတကြီးပထုတ်နေမိတာ သူဖြစ်နေပြီ...တကယ်ဆို hannieနဲ့သူ အသက်၃နှစ်ကွာသည်။
ပြီးတော့ ညီအစ်ကိုတွေလို အတူတူနေထိုင်ကြီးပြင်းလာကြ
တာ။သူဒါမျိုး မဖြစ်သင့်ဘူးထင်သည်။
အရပ်ကြီးဖွံ့ဖွံထွားထွားရှည်လာသည်မှလွဲ၍ hannie က
ဘာမှမပြောင်းလဲ။မနက် နေ့ ည ထမင်းစားဝိုင်းမှာသူရှိမှ။
စာကျက်ရင် အိမ်စာလုပ်ရင်သူလိုက်ကျက်မှ သင်သင်ပေးမှ
ဘက်တံရိုက် ဘောလုံးကန် ရေကူးကန်သွား ဘယ်သွားသွား
သူနဲ့အတူတူ။ညဘက် အိပ်မရတိုင်း "ကိုကိုပုံပြောပြ"လို့
မကြီးမငယ်နှင့် ဂျီကျတတ်တုန်း။အရာရာမပြောင်းမလဲ ရွေ့လျားလာသည့်အထဲမှာ
ပြောင်းလဲလာသော hannie ၏ချောမောလာမှုများကြောင့်
အနေအထိုင်ခက်ရသူက သူပါ။